YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Who Rules the World E12 CM.mp4

303.27 MB N/A video/mp4 3585 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Witch: Part 2. The Other One
7.1

Kim Dami နဲ့ Choi Woo-Shik တို့ရဲ့ အောင်မြင်ခဲ့တဲ့ ရုပ်ရှင် The Witch:The Subversion ရဲ့ အဆက်အနေနဲ့ The Witch Part 2 ထွက်ရှိလာပါပြီ။ Part 2 မှာတော့ အားလုံးသိကြတဲ့ မင်းသား Lee Jong-Suk နဲ့ xtraordinary Attorney Woo ထဲက မင်းသမီး Park Eun Bin တို့ပါဝင်ထားသလို Part 1 က Casts တော်တော်များများလည်း ပြန်လည်ပါဝင်ထားကြပါတယ်။ ထူးခြားဆန်းသစ်တဲ့ လူသားမျိုးစိတ်တစ်ခု ဖန်တီးဖို့ ကြိုးစားကြရင်း ဖြစ်ပေါ်လာတဲ့ ပြဿနာတွေ ၊ အစမ်းသပ်ခံလူသားတွေ အားလုံးကို ရှင်းလိုက်ပေမဲ့ အဲဒီထဲကတစ်ယောက်ကတော့ လွတ်မြောက်သွားခဲ့ပါတယ်။ သွေးသံရဲရဲနဲ့ လျှောက်သွားနေတဲ့ မိန်းကလေးတစ်ယောက်နဲ့ KyungHee တို့ အမှတ်မထင် တွေ့ဆုံပြီးတဲ့နောက် ဒီမိန်းကလေးကို ကာကွယ်ဖို့အတွက် KyungHee (Park Eun Bin) တစ်ယောက် ကြိုးစားပုံကို သဲထိတ်ရင်ဖို ကြည့်ရှုခံစားရမယ့်အပြင် လူသားမျိုးစိတ်အသစ်တစ်ခုလိုဖြစ်နေတဲ့ ဒီမိန်းကလေးရဲ့ စွမ်းအားတွေက ဘာတွေဖြစ်မလဲ? ဘယ်သူတွေကများ ဘာရည်ရွယ်ချက်နဲ့ ဒီစမ်းသပ်မှုကြီးကို လုပ်ခဲ့ကြတာလဲ? Part 1 ထက်မလျော့တဲ့ သွေးသံတရဲရဲနဲ့ Horror Scenes တွေ ၊ သဘာဝလွန်ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ Action Scenes တွေပါဝင်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်လို့ အခုပဲ ကြည့်ရှုခံစားလိုက်ပါဦးနော်။ အညွှန်းကတော့ Hmwe Thet Winn ဖြစ်ပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe နဲ့ Joyz ပဲ ဖြစ်ပါတယ်။ Genre..... Mystery Quality…. 1080p | 720p | 480p File size… 2.3GB| 1GB | 365MB Format… mp4 Duration…. 2h 17min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hmwe and Joyz Encoder ..... August and Thit San Khant

7.1 2022 137 mins
The Witch: Part 2. The Other One
Mission: Impossible
7

IMDb Rating 7.1/10 1996 ခုနှစ်မှာ စတင်ထွက်ရှိခဲ့ပြီး Mission Impossible ဇာတ်ကားတွေရဲ့ ပထမဦးဆုံးကားဖြစ်ပါတယ်.. မင်းသားတွမ်ခရုရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ film စီးရီးပါပဲ... Brian De Palma ရိုက်ကူးတင်ဆက်ခဲ့ပြီး ဒီဇာတ်ကားဟာ IMDb Rate မှာလည်း 7.1 ရရှိခဲ့ ပါတယ်..မင်းသားတွမ်ခရုကိုလည်း ငယ်ငယ်ရွယ်ရွယ်နဲ့တွေ့မြင်နိုင်တဲ့ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့... IMF အဖွဲ့အစည်းရဲ့အစဖြစ်တဲ့ တကယ်တော်တဲ့အေးဂျင့်တွေနဲ့စုပေါင်းလှုပ်ရှားထားတဲ့ အဖွဲ့ဟာ ပရောဂျက်တခုကိုလုပ်ဆောင်နေရင်းနဲ့ အီသန်ဟန့် ကလွဲရင် ကျန်တဲ့အဖွဲ့ဝင်တွေအားလုံးအသတ်ခံလိုက် ရပါတယ်.. တကယ်တော့အဲ့ဒီပရောဂျက်ဟာ ဗဟိုအဖွဲ့အစည်းက သစ္စာဖောက်ကိုဖေါ်ထုတ်မယ့် ပရောဂျက်ပါ..အီသန်တစ်ဦးတည်းသာအသက်ရှင်ကျန်ခဲ့တာမို့ CIA ကနေ ဖမ်းဖို့ကြိုးစားပါတော့တယ် ထိပ်တန်းလျို့ဝှက်ချက်ဖိုင်ကြောင့် သစ္စာဖောက်တယ်ဆိုတာသိပေမယ့် အီသန်ဟန့်ဟာ တကယ့်သစ္စာ ဖောက်ခဲ့တဲ့သူကိုလိုက်ရှာဖို့ကြိုးစားပါတယ်..ဒီတော့ သူကိုယ်တိုင် သူလျိုအဖြစ်နဲ့ အဝယ်တော်ဘက်ကို ပူးပေါင်းကာ သစ္စာဖောက်အစစ်ကိုရှာဖို့အတွက် ထိပ်တန်းလျို့ဝှက်ချက်ကို စီအိုင်အေ ရုံးချုပ်ကနေ မရရအောင်ပြန်ခိုးပါတော့တယ်... အမိုက်စားအက်ရှင်ဇာတ်ကားဖြစ်တဲ့အဖြစ်..မင်းသားတွမ်ခရုရဲ့ သရုပ်ဆောင်ကောင်းမှု ...ဇာတ်လမ်းဇာတ်အိမ်စုဖွဲ့မှုကောင်းမှုတွေကြောင့် 1996 က ထွက်ရှိခဲ့ပေမယ့် ယခုထိတိုင်အသက်ဝင်နာမည်ကျော်ကြားဆဲဇာတ်ကားဖြစ်ပါတယ်။ Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.org/?s=mission+impossible   ကြည့်ပါ။ File size…(8.5 GB)/(1.3 GB)/(950 MB) Quality….BluRay 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….01:50:12 Subtitle….Myanmar Subtitle (Hardsub) Encoder….SWM, Nyeinsaeya Aung Translated by Myo Ko

Comedy • Drama • Horror • Romance
7 1996 110 mins
Mission: Impossible
Anek
6.2

ခုတစ်ခါထွက်ရှိလာတဲ့ မင်းသားချော အရွရ်ှမန်းရဲ့ဇာတ်ကားလေးကလည်း စိတ်ဝင်စားဖို့ကောင်းသလို ဗဟုသုတတွေလည်း အများကြီးရပါတယ် နယ်စပ်ဒေသတွေမှာ ဖြစ်ပွားနေတဲ့ အငြင်းပွားမှုတွေနဲ့အကြမ်းဖက်မှုတွေ ဒေသခံပြည်သူတွေရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရရဲ့ကြား မြေစာပင်ဖြစ်ရမှုတွေကို ကွက်ကွက်ကွင်းကွင်းရိုက်ပြထားလို့ မှတ်သားလောက်ပါပေတယ်.. ထောက်လှမ်းရေးအရာရှိလေး အမန်းက အငြင်းပွားဖွယ်ဖြစ်နေတဲ့ နယ်စပ်ဒေသတစ်ခုရဲ့ အကြမ်းဖက်မှုတွေ ပြေငြိမ်းဖို့ အစိုးရနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စစ်ပြေငြိမ်းရေးစာချုပ်ချုပ်ဆိုတဲ့ နေရာမှာ ကူညီပေးဖို့ တာဝန်ကျလာတယ်... သူ အဲ့ဒီဒေသကို ရောက်သွားတဲ့အခါ ဒေသခံတွေ ညှင်းပန်းနှိပ်စက်ခံရမှုတွေ မစွမ်းသာတဲ့အဆုံး လူငယ်လေးတွေ ကြမ္မာနွံထဲ နစ်ခဲ့ရပုံတွေကို မြင်တွေ့ခဲ့ရပါတယ်... တကယ်တော့ ငြိမ်းချမ်းရေးဆိုတာကို လူတိုင်းက မလိုလားကြပါဘူး... တချို့လူတွေက သူတို့ကိုယ်ကျိုးအတွက် ငြိမ်းချမ်းရေးဖေါ်ဆောင်သယောင်နဲ့ အကြမ်းဖက်နေတာတွေကို မြင်တွေ့လာရတဲ့အခါ... မှန်တယ်ထင်တာကို လုပ်မယ့် ဒီအရာရှိလေးရဲ့ စစ်ဆင်ရေးခရီးလမ်းက ဘယ်လိုဖြစ်လာမလဲဆိုတာတော့...။ အစိုးရတစ်ရပ်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ကြား တကယ်တမ်း အေးချမ်းမှုလိုအပ်နေသူနဲ့ ပြေလည်မှုလိုလားသူကြား ကွာဟချက်ကိုလည်း ဒီဇာတ်ကားမှာ ကောင်းကောင်းကြီး မြင်တွေ့ရမှာဖြစ်လို့ ရှုစားပေးကြပါဦးရှင့်... File size…3.05GB / 1.38GB Quality…720p Format…mp4 Duration….2h 27m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by T.A.Y.L.O.R

Action • Science Fiction • Thriller
6.2 2022 146 mins
Anek
Sharmaji Namkeen
6.6

အခုတစ်ခါမှာတော့ Channel Myanmar ကနေ Sharmaji Namkee လို့အမည်ရတဲ့ ဘောလိဝုဒ်ရုပ်ရှင်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ ဒီရုပ်ရှင်ကတော့ ဘောလီဝုဒ်ရုပ်ရှင်လောကအတွက် စိတ်မကောင်းဖွယ်ရာဖြစ်ရပ်နဲ့ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်ဆိုလည်း မမှားပါဘူး ရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ B.G. Sharma နေရာကို မူလပထမက ဘောလီဝုဒ်ရဲ့နာမည်ကြီး မင်းသား Ranbir Kapoor တို့ရဲ့ဖခင် မင်းသားကြီး Rishi Kapoor ကနေ ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ် စိတ်မကောင်းစွာနဲ့ပဲ မင်းသားကြီး Rishi ဟာ ရုပ်ရှင်ရိုက်ကူးနေဆဲအချိန်မှာပဲ ဘဝတစ်ပါးကို ကူးပြောင်းသွားတဲ့အတွက် အခြားမင်းသားကြီးတစ်လက်နဲ့ အစားထိုးကာပြန်လည်ရိုက်ကူးခဲ့ရတာပဲ ဖြစ်ပါတယ် အစားထိုးရိုက်ကူးမဲ့မင်းသားကြီးကလည်း အခြားသူမဟုတ်ပါဘူး နာမည်ကြီး Oh My God ရုပ်ရှင်မှာ ဘုရားသခင်ကိုတရားစွဲခဲ့တဲ့ မင်းသားကြီး Paresh Rawal ပဲဖြစ်ပါတယ် ဒီတော့ ဇာတ်လမ်းအညွှန်းလေးကို သွားလိုက်ကြရအောင် B.G.Sharmaji ဟာ အိမ်သုံးပစ္စည်းအရောင်းဆိုင်ကနေ အနားယူပြီးတဲ့နောက် အိမ်မှာ ဟိုနားမတ်တပ် ဒီနားငုတ်တုတ်နဲ့ ယောင်ခြောက်ဆယ်ဖြစ်နေတဲ့ဘဝကို အားမလိုအားမရဖြစ်ပြီး သူဝါသနာပါရာ ဟင်းချက်အလုပ်ကို တစိုက်မတ်မတ် စပြီး လုပ်ဆောင်ပါတော့တယ် မီးဖိုချောင်ထဲက မထွက်စတမ်းဟင်းချက်နေတဲ့ Sharma ရဲ့လက်ရာတွေကလည်း စားဖူးသူတိုင်း လျှာလည်သွားလောက်အောင် အင်မတန်ကောင်းမွန်လှပါတယ် ဒီလိုနဲ့ တစ်နေ့ Sharma ရဲ့သူငယ်ချင်းဖြစ်သူ Chadda က ဘာသာရေးပွဲတစ်ခုမှာဟင်းချက်ရမယ်ပြောပြီး Sharma ကို အမျိုးသမီးတစ်ဖွဲ့ရဲ့ ရန်ပုံငွေပါတီပွဲမှာ ချက်ဖို့ခေါ်သွားရာကနေ အဲ့ဒီအမျိုးသမီးတွေက Sharma ရဲ့ဟင်းချက်လက်ရာတွေကို အကြိုက်တွေ့ပြီး သူတို့ရဲ့ ရန်ပုံငွေပါတီပွဲတွေမှာ Sharma တစ်ယောက် ပင်တိုင်စားဖိုမှူးဖြစ်လာခဲ့ပါတယ် ဒါပေမဲ့ အခုလိုတွေ ပါတီပွဲတွေမှာ ဟင်းလိုက်ချက်နေတာကို Sharma က သူ့သားတွေကိုမပြောပြဘဲဖုံးကွယ်ထားတဲ့အခါ.... သူ့သားတွေက အဲ့ဒီလျှို့ဝှက်ချက်ကို သိရှိသွားတဲ့အခါ.... သားဖြစ်သူရဲ့ ကန့်ကွက်မှုနဲ့ ပတ်ဝန်းကျင်အမြင်တွေကို Sharma တစ်ယောက် ဘယ်လိုကျော်လွှားမလဲ.... သူ့ရဲ့ဝါသနာပါရာ ဟင်းချက်တာကိုရော ဆက်လုပ်နိုင်ဦးပါ့မလား... မင်းသားကြီး Rishi ရဲ့သရုပ်ဆောင်လက်ရာကို နှမြောစွာနဲ့ မခံစားလိုက်ရပေမဲ့လည်း မင်းသားကြီး Paresh ရဲ့ ဟန်ပန်တွေက ပရိသတ်အားလုံးရဲ့အကြိုက်ကို ကျေနပ်စေမှာမလို့ ဒီရုပ်ရှင်လေးမှာ လိုက်ပါခံစားရင်း အားပေးကြည့်ရှုပေးကြပါဦးနော် File size…2.62GB / 1Gb Quality…1080p WEB RIP AAC 5.1CH / 720p Format…mp4 Duration….1h 59min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Shwe Pyae & Shwe Pwint & Poe & Jerrica

Drama • Music
6.6 2022 119 mins
Sharmaji Namkeen
Escape from Alcatraz
7.5

အပြင်လောကမှာလူမိုက်တွေက "ထောင်အပြင်မှာ တန်းမရှိဘူးကွ"လို့ ကြွေးကြော်ရင်း မိုက်ဂုဏ်ပြလေ့ရှိပါတယ်။ ဟုတ်ကဲ့၊ ထောင်အပြင်မှာသာတန်းမရှိတာပါ။ ထောင်ထဲမှာတော့ တန်းလည်းရှိတယ်၊ တိုက်လည်းရှိတယ်၊ မိုက်ပေ့ဆိုတဲ့ငနဲတွေအထဲရောက်လာရင် ဦးကျိုးသွားအောင်ချိုးပြမယ့်သူတွေကလည်းအသင့်စောင့်နေတာပါ။ ဆရာကျော်မြသန်းတို့၊ ဆရာရန်အောင်မောင်မောင်တို့ရဲ့ဝတ္ထုတွေကိုဖတ်ရင်း ထောင်လောကအကြောင်း မြည်းစမ်းကြည့်ဖူးသူတွေအတွက်တော့ အခုတင်ပြမယ့်ဇာတ်ကားဟာ စွဲမက်ဖွယ်ရသအပြည့်ပေးပါလိမ့်မယ်။ ထောင်ဆိုတာဘာလဲ မသိသေးသူတွေအတွက်လည်း မြည်းစမ်းကြည့်သင့်ပါတယ်။ အလ်ကာထရက်ဇ်ဆိုတာ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုပင်လယ်အော်နားက ကျောက်ဆောင်တွေပြည့်နေတဲ့ကျွန်းတစ်ခုပါ။ အစက စပိန်တွေပိုင်ခဲ့တယ်၊ သူ့နာမည်ကိုက ငှက်ကြီးဝန်ပိုကျွန်းလို့ စပိန်လိုခေါ်ရာကနေအမည်တွင်လာတာပါ။ အမေရိကန်ပိုင်ကျွန်းတစ်ခုဖြစ်လာပြီးတဲ့နောက် ၁၈၆၁ခုနှစ်မှာ အဲဒီကျွန်းကို စစ်ပြေးတွေ၊ သူပုန်တွေကိုအကျဉ်းချတဲ့နေရာအဖြစ်စအသုံးပြုခဲ့ပါတယ်။ ၁၉၃၄မှာတော့ ခေတ်မီအဆောက်အဦတွေနဲ့အတူ တစ်နိုင်ငံလုံးမှာ လုံခြုံရေးအတင်းကျပ်ဆုံးထောင်အဖြစ်နဲ့စတင်ခဲ့ပါတယ်။ အလ်ကာထရက်ဇ်ကို အဆိုးဆုံး၊ အကြမ်းဆုံးရာဇဝတ်ကောင်တွေထားတယ်ဆိုတာထက် စည်းကမ်းအဖောက်ဆုံးထောင်သားတွေပို့လေ့ရှိတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ သူတို့ကို တစ်ယောက်တစ်ခန်းစီခွဲပြီးချုပ်ထားတယ်။ အဲဒီနေရတဲ့အခန်းကလည်း အလျားဆယ်ပေ၊ အနံလေးပေခွဲသာကျယ်ပါသတဲ့။ တစ်နေ့ကို ၁၂ကြိမ်လူစစ်သတဲ့။ ထောင်ဝန်ထမ်းဦးရေကလည်း တခြားထောင်တွေမှာရှိတာထက် နှစ်ဆကျော်ကျော်ခန့်ထားတာပါ။ ဘယ်ထောင်သားမှ အလ်ကာထရက်ဇ်ထောင်ကို ဖောက်မပြေးနိုင်ဘူးလို့အဆိုရှိခဲ့ပါတယ်။ အဲဒီထောင်ထဲကို ၁၉၆၀ခုနှစ်မှာ ဖရန့်ခ်မောရစ်ဆိုတဲ့ ဦးနှောက်ကောင်းကောင်းရှိတဲ့ အကျဉ်းသားတယောက် ထောင်ပြောင်းလာပါတယ်။ လွတ်မြောက်ရာလမ်းကိုကြံစည်ရင်း သူရလာတဲ့ ရန်သူတွေ၊ ဖွဲ့မိတဲ့မိတ်ဆွေတွေအကြောင်း၊ အဲဒီကာလမှာ အားကောင်းနေဆဲဖြစ်ခဲ့တဲ့အသားအရောင်ခွဲခြားမှုအငွေ့အသက်တွေအပါအဝင် မဖြစ်နိုင်တာကိုဖြစ်အောင်လုပ်ပြဖို့ ခဲခဲယဉ်းယဉ်း အားထုတ်ရပုံအကြောင်းတွေကို ဇာတ်ကားကြည့်ရင်းနဲ့ ခံစားနိုင်ကြမှာပါ။ ဖရန့်ခ်တို့တစ်စု တကယ်ပဲလွတ်မြောက်သွားကြသလားဆိုတာကတော့ မေးခွန်းထုတ်စရာပါပဲ။ ကလင့်အိစ်ဝုဒ်ရဲ့ သရုပ်ဆောင်ပုံကိုအသည်းစွဲခဲ့ကြတဲ့ လူကြီးပိုင်းပရိသတ်တွေအကြိုက်တွေ့မှာသေချာပါတယ်။ လူငယ်တွေအတွက်လည်း Rating ကောင်းတွေရထားတဲ့ ဂန္တဝင်ဇာတ်ကားတစ်ခုကိုကြည့်ရတာထိုက်တန်မှာပါ။ - " Some men are destined never to leave Alcatraz... alive. " - "တချို့က အလ်ကာထရက်ဇ်ကနေဘယ်တော့မှမလွတ်မယ့်ကံပါလာတတ်တယ်၊ အသေထွက်ပဲထွက်ရတာပေါ့" (ဇာတ်ကားနဲ့အညွှန်းကို Thaman Myint မှ ပြန်ဆိုရေးသားပေးထားပါတယ်) Size - 2.7GB, 1.34GB, 620MB Quality - Bluray 1080p, 720p, 480p IMDb Rating - 7.6/10 Duration - 1hr 52mins Subtitles - Myanmar Hardsub Format - MP4 Genre - Action, Biography, Crime Translated by Thaman Myint Encoded by Y

Action • Crime • Drama • Thriller • Western
7.5 1979 113 mins
Escape from Alcatraz
The Predator
5.6

အတော်ကြာကြာ စောင့်လိုက်ရတဲ့ ရုပ်ရှင်ကားလေး အခုတော့ ထွက်လာပါပြီ။ Predator တွေကိုတော့ ရုပ်ရှင်ချစ်သူအတော်များများ ရင်းနှီးပြီးဖြစ်မှာပါ။ ကိုယ်ပျောက်နိုင်စွမ်းတွေ လက်နက်ဆန်းတွေနဲ့ လူတွေကို အားကစားတစ်ခုလို အမဲလိုက်တတ်ကြတဲ့ ဂြိုလ်သားတွေပါပဲ။ ဒီကားအကျဉ်းကတော့ စစ်တပ်က လက်ဖြောင့်စနိုက်ပါတစ်ဦးဟာ ယာဉ်နဲ့ကျလာတဲ့ ပရက်ဒေတာဂြိုလ်သားဆီကနေ ပစ္စည်းတွေ ရလာခဲ့ပါတယ်။ သူ့အတွက် သက်သေဖြစ်အောင်လို့ ဒါတွေကို သူ့ရဲ့မိသားစုဆီကို ခိုးပြီးပို့လိုက်ခဲ့တယ်ပေါ့။ ဒါပေမယ့် ဒီဂြိုလ်သားနည်းပညာကိုလိုချင်တဲ့အဖွဲ့ နဲ့ သူ့ပစ္စည်းတွေကို ပြန်လိုက်ရှာမယ့် ပရက်ဒေတာ နဲ့ အခြားပြဿနာကြီးတွေ ရင်ဆိုင်လာရပါတော့တယ်။ Predator ဇာတ်ကားအကုန်လုံးကို ဒီမှာ https://channelmyanmar.org/category/special-package/predator/  ကြည့်ပါ။ File size…(7 GB)/(1.9 GB)/(900 MB) Quality…BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:48:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung,THZ Translated by Little Neo

Comedy
5.6 2018 107 mins
The Predator
Spectral
6.4

စစ်ကားရုပ်ရှင်တွေ ကြိုက်နှစ်သူတွေရော Horror Movie ကြိုက်သူများအတွက်ပါ အဆင်ပြေစေမယ့် ရုပ်ရှင်ကားကောင်း တစ်ခုပါ.... ကြည့်ရှုရင်း နဲ့ လိုက်ပါရင်ခုန်စေမိမယ့် ရုပ်ရှင်ကားကောင်း တစ်ကား ဆိုလဲ မမှားပါဘူး... ဇတ်လမ်းပုံစံကတော့ ဒေါက်တာ Clyne ဟာ စစ်ဖက်သုံး ကင်မရာတွေကို တီထွင်ပေးရတဲ့သူပါ... တစ်နေ့မှာတော့ စစ်ပွဲထဲတွင် စစ်သားတွေ အကြောင်းအရာမသိသော အရာဝတ္တု တစ်ခုရဲ့ သတ်ဖြတ်ချင်းကို ခံရပြီး သေဆုံးခဲ့ကြပြီး ထိုအရာကိုလဲ ဒေါက်တာ Clyne တီထွင်ပေးသော ကင်မရာဖြင့်သာ မြင်နိုင်ခဲ့တာကြောင့် ဒေါက်တာ Clyne ကို စစ်ဘက် အဖွဲ့အစည်းက ပြန်လည် ခေါ်ယူပြီး စစ်ဆေးခဲ့ပါတယ်... သူတို့ မြင်ခဲ့တာအရာသည် ဘယ်လိုအရာမျိုး ဖြစ်တယ်ဆိုတာ သေချာသိရဖို့ အတွက် ဒေါက်တာ Clyne နှင့် စစ်တပ် တပ်ဖွဲ့ တစ်ခု ဖွဲ့ကာ စစ်မြေပြင်ကို သွားရောက်လေ့လာခဲ့ပါတယ် ထိုလေ့လာတဲ့ ခရီးတွင်ပဲ ကံဆိုးစွာ ထပ်မံ သတ်ဖြတ်ခံရပြီး ထိုအရာများသည် လူသား ပုံစံ ရှိပြီး ဝိဉာဉ်များသဖွယ် နံရံများကို ဖြတ်သွားနိုင်ကာ ထိတွေ့မိသူတိုင်း အေးခဲအသက်ပျောက်သွားပါတယ် မည်သည့် လက်နက်ဖြင့်မှ တိုးမပေါက် သက်၍ မရနိုင်ပါ ထိုအရာများ မှာ မကောင်းဆိုးဝါး များလော စစ်ဘက်ဆိုင်ရာ လျို့ဝှတ်ချက်များလားဆိုတာ ဘာသာပြန် Bro Chan နှင့် Bro Kaung တို့၏ ဘာသာပြန် လက်ရာကောင်းများဖြင့် ပြန်ပေးထားသော Spectral ရုပ်ရှင်ကားကို Download ဆွဲပြီး ကြည့်ရှုခံစားလိုက်ကြပါ ခင်ဗျာ.... (သစ်ဆန်းခန့်)

Action • Adventure • Animation • Family • Fantasy
6.4 2016 109 mins
Spectral
True Spirit

ကိုယ့်ဘဝမှာဖြစ်ချင်နေတဲ့ အိပ်မက်တွေရှိနေပြီး အဲ့ဒီအိပ်မက်တွေနောက်ကို အကြောင်းအမျိုးမျိုးကြောင့် မလိုက်နိုင်ဖြစ်နေကြတဲ့ လူတွေအများကြီးရှိမှာပါ။ အဲ့ဒီလို အိပ်မက်တွေဖြစ်လာဖို့က ကိုယ့်ရဲ့အိပ်မက်ကိုကိုယ်ယုံကြည်ပြီး အပြင်းအထန်ကြိုးစားရင် ဖြစ်နိုင်တယ်ဆိုတာကို ဒီဖြစ်ရပ်မှန်ဇာတ်ကားလေးနဲ့ သက်သေပြသွားတာပဲဖြစ်ပါတယ်။ မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့ ဂျက်ဆီကာလို့ခေါ်တဲ့ သြစတေးလျကမ်းခြေမှာကြီးပြင်းလာခဲ့တဲ့ ကောင်မလေးတစ်ယောက်က ငယ်ငယ်လေးကတည်းက ပင်လယ်နဲ့ အကျွမ်းတဝင်ရှိခဲ့ပြီး ရွက်လွှင့်ရတာကို အရမ်းနှစ်သက်သဘောကျတဲ့ ကောင်မလေးပဲဖြစ်ပါတယ်။သူကအသက် ၁၇ နှစ်နဲ့ကမ္ဘာတစ်ပတ်ကို အကူအညီမပါပဲ ဆက်တိုက်ရွက်လွှင့်ခဲ့တဲ့ဂျက်ဆီမာတင်ဆိုတဲ့ အသက်အငယ် ဆုံးရွက်လွှင့်သူကို အရမ်းအားကျပြီးသူကိုယ်တိုင်လဲအဲ့လိုမျိုးဖြစ်ချင်ခဲ့ပါတယ်။ ဒါကြောင့်ဂျက်ဆီကငယ်ငယ်လေးကတည်းက ဘန်ဆိုတဲ့နည်းပြနဲ့ လေ့ကျင့်ခဲ့ပြီးအသက် ၁၆ နှစ်ပြည့်တဲ့အခါမှာတော့ ကိုယ်တိုင်သူသွားချင်တဲ့ ပန်းတိုင်ကို ခရီးနှင်ဖို့စတင်ခဲ့ပါတော့တယ်။ ဒါပေမယ့်စစချင်းမှာတော့ မီဒီယာတွေနဲ့ အစိုးရက သူ့ကိုအရမ်းတိုက်ခိုက်ကြပေမဲ့ လုံးဝလက်မလျှော့ပဲ မိသားစုနဲ့ နည်းပြရဲ့ အကူအညီနဲ့ သူ့ရဲ့ကမ္ဘာပတ်ခရီးစဉ်ကိုစတင်ခဲ့ပါတော့တယ်။ ဒီခရီးတစ်လျှောက်မှာ တွေ့ကြုံရမဲ့အခက်အခဲတွေမုန်တိုင်းတွေကို ဘယ်လိုတွေဖြစ်ကျော်ပြီးရက်ပေါင်း ၂၁၀ (ခုနှစ်လ) ကြာမြင့်တဲ့အခါမှာ အောင်မြင်စွာပြန်လာနိုင်ခဲ့ပုံတွေကို ရင်ထိတ်ဖွယ်ရာ စိတ်ဝင်စားစရာ ဒရာမာတွေနဲ့ လူ့ဘဝရဲ့အတွေ့အကြုံတွေကိုပေါင်းစပ်ပြီး ရိုက်ကူးထားနိုင်တဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size… 2.70GB / 800MB Quality… NF WEB-DL1080p 5.1CH / 720p Format…mp4 Duration….1h 49m Genre ….. Adventure , Biography , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Drama • Family • Fantasy
0 2023
True Spirit
A Really Haunted Loud House
6.4

A Really Haunted Loud House (2023) =========================== October လလည်း ရောက်နေပြီဆိုတော့ ရာသီစာဖြစ်တဲ့ ဟောလိုးဝင်း ကားအသစ်စက်စက်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ The Loud House မိသားစုဆိုရင်တော့ Family comedy ကို ကြိုက်ကြတဲ့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ စရိုက်တစ်မျိုးစီရှိတဲ့ ညီအစ်မဆယ်ယောက်ကြား ကြီးပြင်းလာတဲ့ တစ်ဦးတည်းသော ပုရိသလေး လင်ကွန်း နဲ့ သူ့ရဲ့ဘော်ဒါ ကလိုက်ဒ်တို့ ဟောလိုးဝင်းတော်လှန်ရေးလေးတစ်ခု လုပ်ကြတော့မဲ့ အကြောင်းလေးပေါ့။ The Loud House မိသားစုက ရွိုက်ရယ်ဝုစ်မြို့လေးရဲ့ ဟောလိုးဝင်းပါတီကို အကြီးကျယ်အခမ်းနားဆုံး ကျင်းပတတ်ကြတဲ့ မိသားစုတစ်ခုပါ။ အံ့ဩဘနန်း ခြောက်လှန့်မှုတွေနဲ့ မြို့သူမြို့သားတွေကို ဆွဲဆောင်တတ်ပြီး နံပါတ်တစ်ကြောက် စရာအကောင်းဆုံးစံအိမ်ဆိုတဲ့ ဘွဲ့ကို ထိုက်ထိုက်တန်တန် ရရှိထားတဲ့အိမ်ပေါ့ လေ။ ဒီနှစ်မှာလည်း ရာဇဝင်တွေကို ဆက်လက်ထိန်းသိမ်းဖို့အတွက် သူတို့တွေ စပြီးပြင်ဆင်နေကြပါပြီ။ အဲဒီအချိန်မှာ ကျောင်းက ဆယ်လီဇိုးဘဲလေးတစ်ယောက်ရဲ့ ပါတီကို သွားဖို့ အကြောင်းဖန်လာတဲ့ လင်ကွန်းနဲ့ ကလိုက်ဒ်တို့ အခက်တွေ့လာကြပါတော့တယ်။ ဆယ်လီဇိုးဘဲလေးရဲ့ ပါတီကိုသွားပြီးပဲ ကဲကြမလား၊ မိသားစုရဲ့ စံချိန်ကို ဆက် ထိန်းဖို့အတွက် ရွေးချယ်ကြမလား ဆိုတဲ့ရင်ခုန်စရာလေးတွေ အပြင် ဆယ်ယောက် ပေါင်းလောင်းကျော်တတ်တဲ့ ညီအစ်မတစ်သိုက်ကလည်း ပါဝင်အားဖြည့်ကူညီ ပေးထားပါသေးတယ်။ ပိတ်ရက်ကို အိမ်မှာ အေးဆေးအနားယူရင်း မိသားစုနဲ့အတူ ကြည့်ရှုဖို့ သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ခုပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size……….(1.51 GB) / (629 MB) Quality………..WEB-DL 1080p / 720p Duration……..1Hr 12Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Comedy, Family Translator……May Thet Khine Soe Encoder……….SWM

6.4 2023 72 mins
A Really Haunted Loud House
Piranha 3DD

၂၀၁၀ မှာ ထွက်ရှိထားတဲ့ Piranha ကားအပြီးမှာတော့ Sequel အနေနဲ့ နောက်တစ်ကားထွက်ရှိလို့လာပါပြီ။ အရင်ကားမှာ အသားစားငါးတွေ စထွက်လာခဲ့တဲ့ ဗစ်တိုးရီးယားရေကန်ကြီးကတော့ စွန့်ပစ်ရေကန်ကြီးအဖြစ် ပိတ်ထားလိုက်ပါပြီ။ အရင်ကားနဲ့မတူတာက ဒီကားမှာကတော့ Water park မှာ အသားစားငါးတွေ ပေါ်လာကြတာပဲဖြစ်ပါတယ်။ အသားစားငါးတွေနဲ့ လုံးဝအဆက်အစပ်မရှိနေတဲ့ ဒီနေရာမှာမှ ပေါ်လာတယ်ဆိုတာ စဉ်းတော့စဉ်းစားစရာပါပဲ။ အရင်ကားမှာ ငါးတွေရဲ့ ပေါက်ဖွားရာနေရာနဲ့ က မ္ဘာမြေမျက်နှာပြင်ပေါ် ရောက်လာတာတွေကို အသားပေးရိုက်ပြထားခဲ့ပါတယ်။ ဒီကားမှာကတော့ တစ်နှစ်ကျော်ကြာပြီးနောက်ပိုင်း Timeline မှာ တည်ထားတဲ့ ဇာတ်အိမ်ဖြစ်တဲ့အလျောက် င ါးတွေနဲ့ပတ်သတ်ပြီး ပိုများတဲ့အချက်အလက်တွေပါဝင်လာပါတယ်။ ပြင်ပရေနဲ့ထိတွေ့ခြင်းမရှိတဲ့ ရေကူးကန်မှာမှ တည်ထားတဲ့ ဇာတ်အိမ်ဖြစ်တဲ့အတွက် ဒီငါးတွေ ဘယ်လို၊ ဘယ်က ရောက်လာတယ် ဆိုတာတွေကို ပိုပြီး စိတ်ဝင်တစားကြည့်ရမှာပါ။ ဒီနေရာမှာ သတိပေးချင်တာကတော့ အရင်ကားထက်လည်း ပိုပြီးအမြင်မသင့်တော်တဲ့ဇာတ်ကွက်တွေ ပါဝင်လာတယ်ဆိုတာပါပဲ။ အရင်ကားလောက်တော့ သွေးထွက်သံယိုမများပေမဲ့ အဖော်အချွတ်ခန်းတွေ အမြောက်အများပါဝင်လာတာမို့ နှလုံးရောဂါရှိသူ၊ အသက်မပြည့်သေးသူများ မကြည့်ဖို့တိုက်တွန်းရင်း ဘာသာပြန် တင်ဆက်ပေးလိုက်ရပါတယ်။ File size… 2.8 GB / 1.4 GB Quality… BluRay Unrated 1080p / 720p Format… mp4 Duration…. 1h 23 m Genre ….. Horror /Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Aditi

Action • Comedy • Crime
0 2012 83 mins
Piranha 3DD
Santocielo
5.7

Santocielo (2023) Genre – Comedy အီတလီ ဟာသမင်းသားကြီးနှစ်ယောက် ကိုယ်တိုင်ဇာတ်လမ်းရေးပြီး ကိုယ်တိုင် သရုပ်ဆောင်ထားကြတဲ့ ဘာသာရေးဆိုင်ရာ ဟာသရုပ်ရှင်လေး ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ဘုရားသခင်ဆီကို ရောက်လာတဲ့ ဆုတောင်းစာတွေကို အမျိုးအစားခွဲခြားပြီး ဖိုင်စီရတဲ့ တမန်တော်တစ်ယောက် ကိုယ့်အလုပ်ကိုယ် ငြီးငွေ့စပြုနေပါပြီ။ တစ်ရက်ကျ နတ်သဘင်အစည်းအဝေး ကျင်းပကြပါတော့တယ်။ အဓိကအကြောင်းအရာ Agenda ကတော့ လူသားမျိုးနွယ်ကို သောက်မြင်ကပ်နေကြတဲ့ အဖွဲ့က တစ်မျိုးလုံး အပျောက်ဖျောက်ကြဖို့ တောင်းဆိုကြပြီး ကျန်တဲ့တစ်ဖက်ကတော့ အရင်ခေတ်တုန်းက ကယ်တင်ရှင်ယေရှုခရစ်တော် လွှတ်ခဲ့သလိုမျိုး စေလွှတ်ပြီး ကယ်တင်ဖို့ တောင်းဆိုကြပါတယ်။ ဘုရားသခင်လည်း ကြားထဲက ဗျာများနေတာကြောင့် Voting စနစ်နဲ့ မဲပေးခိုင်းတဲ့အခါမှာတော့ ကယ်တင်ဖို့ တစ်မဲတည်းနဲ့ အသာရပြီး လူသားအမျိုးသမီးဗိုက်ထဲကို ဘုရားသခင်ရဲ့သားတော် သန္ဓေတည်စေဖို့ တမန်တော်တစ်ယောက် စေလွှတ်ရမယ်ပေါ့လေ။ အဲဒီမှာ သူ့အလုပ်သူ ပျင်းရိနေတဲ့ ဆရာသမားက သူသွားမယ်ဆိုပြီး ကမ္ဘာပေါ်ကိုရောက်လာကာ Mission တွေလုပ်ထည့်တာ လူသားတွေကောင်းမှုနဲ့ အရက်မူး သောက်ပရမ်းပတာတွေဖြစ် ပစ်မှတ်လွဲချော်ပြီး အမျိုးသမီးဗိုက်ထဲ မထည့်နိုင်တော့ပဲ ယောက်ျားကြီးတစ်ယောက်ရဲ့ ဗိုက်ထဲ ဖြစ်သွားတဲ့အခါမှာတော့…..။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Team ဖြစ်ပါတယ်)

Drama • History • War • Action
5.7 2023
Santocielo
Kill ’em All 2
5.5

ဒီဇာတ်ကားလေးကတော့ 2017 ခုနစ်မှာ ထွက်ရှိခဲ့တဲ့ Kill ‘Em All ဇာတ်ကားရဲ့ နောက်ဆက်တွဲ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ယခင်အပိုင်းမှာ ဆားဘီးယားဂိုဏ်းခေါင်းဆောင် ဒမီထရီပက်ထရိုဗစ်ကို ရှင်းလင်းခဲ့တဲ့ အေးဂျင့် ဖိလစ် က လက်ရှိမှာတော့ သမီးဖြစ်သူ ဗန်နက်ဆာနဲ့အတူ အေးချမ်းတဲ့ ဘဝလေးမှာ ဇာတ်မြုပ်ပြီး အခြေချနေပါတယ်။ ဒါပေမဲ့ အစ်ကိုဖြစ်သူသေဆုံးမှုမပေါ် မကျေနပ်ပဲ လက်စားချေလိုတဲ့ ညီဖြစ်သူဂိုဏ်းခေါင်းဆောင် ဗလက်ဒီမာပက်ထရိုဗစ်က ဖိလစ်တို့ကို လိုက်ရှာပြီး လက်စားချေဖို့ကြိုးစားလာတဲ့အခါမှာတော့ ဖိလစ်တို့ နှစ်ယောက်ထွက်ပြေးရင်းနဲ့ စ ခဲ့တဲ့ ဇာတ်လမ်းကို အဆုံးသတ်ရဖို့ ဖြစ်လာပါတော့တယ်။ ဒီဇာတ်ကားမှာတော့ အေးချမ်းတဲ့ဘဝလေးမှာ နေထိုင်ရင်းကနေ သည်းထိတ်ရင်ဖို စွန့်စားရတဲ့ဘဝထဲ ပြန်ရောက်သွားတဲ့ဖိလစ် တစ်ယောက် ဗလက်ဒီမာပက်ထရိုဗစ်ကို ဘယ်လိုရင်ဆိုင်သွားမလဲ ဆိုတာကို အက်ရှင်အခန်းတွေအပြည့်နဲ့ စိတ်လှုပ်ရှားစွာ ရှုစားကြရမှာ ဖြစ်ပါတယ်။ File size…1.79GB / 844MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 25m Genre ….. Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

5.5 2024 85 mins
Kill ’em All 2
Enjoy Yourself
6

ဒီနေ့မှာတော့ ဇာတ်ကားဆန်းဆန်းလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဖန်ပြွန်သန္ဓေသားဆိုတာကို ကြားဖူးမှာပါ…မျိုးအောင်ပြီးသား ဖန်ပြွန်သန္ဓေသားကို ဆေးရုံရဲ့ ပိုးသတ်အအေးခန်းထဲမှာ သိမ်းထားတဲ့အချိန်မှာပဲ… သန္ဓေသားပိုင်ရှင်လင်မယားက ယာဉ်မတော်တဆဖြစ်သွားပြီး… ယောက်ျားကသေ မိန်းမက ကုတင်ပေါ်မှာ ကိုမာဝင်သွားတယ်ဆိုရင်…. ဆေးရုံကလည်း သတ်မှတ်သက်တမ်း ၃ နှစ်ပြည့်တာနဲ့ သန္ဓေသားကို ဖျက်စီးမှာတဲ့…. ယောက်ျားလေးရှင်ဖက်က ပိုင်သင့်လား… မိန်းကလေးရှင်ဖက်က ပိုင်သင့်လား… တွေးကြည့်ရင် အဖြေအမျိုးမျိုးထွက်လာတယ်မလား… ဒီစဉ်းစားစရာကိစ္စက ဒီဇာတ်လမ်းလေးကို ဖန်တီးပေးလိုက်ပါပဲ… နှစ်ဖက်မိဘ ညှိနှိုင်းမရတော့လည်း တရားရုံးရင်ဆိုင်ဖို့အထိဖြစ်ခဲ့တာပေါ့… တိုက်ဆိုင်စွာနဲ့ပဲ… ဒီသန္ဓေသားကို တာဝန်ယူ ဖန်တီးပေးခဲ့တဲ့ ဆရာဝန်မနဲ့ ဒီအမှုကို တိုင်ကြားတဲ့ အမျိုးသားရှင်ဖက်က မိဘနှစ်ပါးရဲ့ ရှေ့နေက ၁၀ နှစ်တာ အိမ်ထောင်သက်တမ်းကိုမထောက် ကွာရှင်းဖို့ ကြိုးစားနေတဲ့ လင်မယားတွေတဲ့… ကဲ… ဇာတ်လမ်းအဆုံးမှာ ဒီသန္ဓေသားကို ဘယ်သူပိုင်မှာလဲ… ၁၀ နှစ်တာ အိမ်ထောက်သက်တမ်းကို မငဲ့ကွက်ဘဲ ကွာရှင်းဖို့ထိ စိတ်ပြတ်သားစေခဲ့တဲ့ အကြောင်းအရင်းကရောဘာလဲ… စိတ်ဝင်စားတယ်ဆို CM နဲ့အတူ ကြည့်လိုက်ကြရအောင်နော်…

6 2024
Enjoy Yourself
Goodrich

IMDb – 6.3/10 RT – 78% (6.2/10) ဇာတ်လမ်းအကျဉ်း အန်ဒီဂွတ်ရစ်ချ် (Michael Keaton) ဟာ ပန်းချီပြခန်းလေးတစ်ခုကို ဦးစီးနေတဲ့ အလုပ်စွဲနေသူတစ်ဦးဖြစ်ပါတယ်။မိသားစုကိုလဲ ဂရုမစိုက်သလို အငြင်းလဲ အင်မတန်သန်သူဖြစ်ပါတယ်။ အဲဒါတွေကြောင့်ပဲ ပထမအိမ်ထောင်နဲ့ကွဲကွာခဲ့ရပြီး ဒုတိယလက်ရှိအိမ်ထောင်နဲ့လဲ အဆင်မပြေလှပါ။ တစ်ညမှာတော့ လက်ရှိဇနီးက ဆေးဖြတ်စခန်း (ရုပ်ရှင်ထဲကအသုံးအနှုန်းကတော့ ပြန်လည်ထူထောင်ရေးစခန်း)ကနေ ဖုန်းလှမ်းဆက်ပြီး ရက်ပေါင်း ၉၀ စခန်းဝင်မယ့်အကြောင်းကို ပြောပြချိန်မှာတော့ သူတစ်သက်နဲ့တစ်ကိုယ် မလုပ်ဖူးတာတွေ စလုပ်ရပါတော့တယ်။ တစ်ချိန်တည်းလိုလိုမှာပဲ နဂိုကတည်းက ယိုင်နဲ့နေတဲ့ ပန်းချီပြခန်းကလည်း အကျပ်အတည်းတွေ ရင်ဆိုင်နေရပြီး ရုန်းကန်နေရပါတယ်။ လက်ရှိအိမ်ထောင်နဲ့မွေးထားတဲ့ အမွှာနှစ်ယောက်ကို ကြည့်ပေးဖို့ ပထမအိမ်ထောင်နဲ့ရထားတဲ့ လက်ရှိကိုယ်ဝန်ဆောင်နေတဲ့သမီး ဂ‌ရေ့စ် (Mila Kunis) ကို အကူအညီတောင်းရပါတော့တယ်။ နောက်ဆုံးမှာတော့ဇာတ်လိုက်ကြီး အန်ဒီတစ်ယောက် သမီးဂ‌ရေ့စ် တစ်သက်လုံးမရဘူးတဲ့ အဖေအဖြစ် ပြောင်းလဲသွားနိုင်မလား ၊ ပန်းချီပြခန်းလုပ်ငန်းလေးကို အသက်ပြန်ဆက်နိုင်မလား၊ ဆေးစွဲနေတဲ့ ဇနီးကကော အိမ်ပြန်လာပါ့မလားဆိုတာတွေကို ရှုစားကြည့်ပါ။ မသိသူမရှိလောက်တဲ့ ဝါရင့်မင်းသားကြီး Michael Keaton ဦးးဆောင်ပါဝင်ထားပြီး Mila Kunis, Carmen Ejogo တို့က ဇာတ်ရံပေးထားပါတယ်။ အညွှန်းနဲ့ ဘာသာပြန် Tlone ဖြစ်ပါတယ် File size…(1.2 GB)/(773 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by T Lone

0 2024
Goodrich
Kalashnikov
6.6

ကမ္ဘာပေါ်မှာ လူတွေရဲ့အသက်ကို အများဆုံးချွေခဲ့တဲ့ သေနတ်ကို ပြောပါဆိုရင် အေကေ-ဖော်တီဆဲဗန်း (AK-47) မောင်းပြန်ရိုင်ဖယ်ကိုပဲ ပြောရမှာပါပဲ။ အဲဒီလက်နက်ဟာ လက်နက်ငယ်လောကကို တစ်ခေတ်ဆန်းစေခဲ့ပြီး ကမ္ဘာအနှံ့မှာ အသုံးပြုတာခံခဲ့ရသလို လက်နက်ငယ်ပေါင်းများစွာဟာလည်း ဒီသေနတ်ကို အခြေခံပြီး တီထွင်ခဲ့ရတာပါ။ ဒီသေနတ်ကို official အနေနဲ့ ကာလရှညိကော့ဖ် ရိုင်ဖယ်လို့ ခေါ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရုရှားရဲ့ လက်နက်တီထွင်သူ ဉာဏ်ကြီးရှင် မီခေး ကာလရှညိကော့ဖ် ဆိုသူက တီထွင်ခဲ့လို့ပါပဲ။ ကာလရှညိကော့ဖ်ဟာ အတန်းပညာ ဆုံးခန်းမတိုင်ခဲ့သလို တပ်ကြပ်အဆင့်နဲ့ တီထွင်သူဖြစ်လာခဲ့တာပါ။ ဒီသေနတ်ကို မတီထွင်ခင်မှာ ဒုတိယကမ္ဘာစစ်ရှေ့တန်းစစ်မျက်နှာမှာ တင့်တပ်သားအနေနဲ့ အကြီးအကျယ် တိုက်ပွဲဝင်ခဲ့ဖူးတဲ့သူ ဖြစ်ပါတယ်။ အဲဒီတုန်းက ဆိုဗီယက်တပ်တွေနဲ့ ဂျာမန်တပ်တွေ ဘတပြန် ကျားတပြန် တိုက်ခိုက်နေကြချိန်မှာ ဆိုဗီယက်တွေရဲ့ ရိုင်ဖယ်ဟာ ဂျာမန်တွေရဲ့ Sturmgewehr 44 rifle တွေကို မယှဉ်နိုင်ဘဲ အတော်အထိနာကြတဲ့ အခြေအနေမှာ ရှိပါတယ်။ ဆိုဗီယက်ဘက်မှာလည်း လက်နက်တွေကို ဆက်တိုက်စမ်းသပ်ထုတ်လုပ်နေပေမယ့် လက်နက်တစ်ခေတ်ဆန်းသွားလောက်စေမယ့် လက်နက်မျိုး ပေါ်မလာခဲ့သေးပါဘူး။ ဒီရုပ်ရှင်မှာတော့ ကာလရှညိကော့ဖ်ရဲ့ ဘဝဇာတ်ကြောင်းရယ် ဆိုဗီယက်ရဲ့ စတာလင်ဆုရ တီထွင်သူ သူရဲကောင်း ဖြစ်လာတဲ့အထိ အခက်အခဲတွေ ကျော်ဖြတ်ခဲ့ရပုံကို ပြသထားတာပဲ ဖြစ်ပါတယ်။ အတ္ထုပ္ပတိရုပ်ရှင် အမျိုးအစားကို ကြိုက်တတ်တဲ့သူတွေအတွက်တော့ ရုပ်ရှင်ကောင်းတစ်ကားပါပဲ။ ဒီဇာတ်ကားကိုတော့ ရုရှားဘာသာကနေ Kay Z L က ဘာသာပြန်ပေးထားပါတယ်။ File size…(5.25 GB)/(2.2 GB)/(1 GB) Quality….Webrip 4K HEVC/Blu-Ray 1080p / 720p Format… mp4 Duration…. 01:50:00 Genre… Biography, Drama, History, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by KZL

Comedy • Drama
6.6 2020 105 mins
Kalashnikov