YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Wheres.Rose.2021.1080p.AMZN.WEBRip.DDP2.0.(CM).mp4

1.05 GB N/A video/mp4 60 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Harsh Times
6.4

Christian Bale ကိုယ်တိုင် ပရိုဂျူဆာအနေနဲ့ရော အဓိကဇာတ်ကောင် ဂျင်မ်အဖြစ်နဲ့ပါ ပါဝင်သရုပ်ဆောင်ထားပြီး သူ့သရုပ်ဆောင်ချက်တွေဟာ လက်ဖျားခါလောက်တယ်ဆိုတဲ့ မှတ်ချက်တွေ တပုံတပင်ရရှိထားတဲ့ကားပါ။ ဂျင်မ်နဲ့ မိုက်ခ်က သိပ်ကိုချစ်ကြတဲ့ သူငယ်ချင်းတွေပါ။ ညီအစ်ကိုတွေလိုတောင်ဖြစ်နေကြပါပြီ။ မိုက်ခ်က လက်ရှိမှာ အလုပ်လက်မဲ့၊ သူ့ဇနီးဖြစ်သူက ငြိုငြင်လာပြီး အလုပ်ထွက်ရှာဖို့ပဲ တတွတ်တွတ်တိုက်တွန်းနေတော့ စိတ်ညစ်နေတဲ့သူ။ ဂျင်မ်က စစ်ပြန်ရိန်းဂျားတစ်ယောက်ပေါ့။ သူတာဝန်ထမ်းဆောင်ခဲ့တာက အာဖရန်နစ္စကန်မှာ။ စစ်ပွဲဆိုတော့ သိတဲ့အတိုင်း သေကြကြေကြ သတ်ကြဖြတ်ကြပါပဲ။ လူသတ်ရတာ ဘယ်လိုနေလဲလို့ မိုက်ခ်က မေးတိုင်း ဂျင်မ် အဲဒီမှာဖြစ်ခဲ့သမျှဟာ သူ့အတွက် ဘာသက်ရောက်မှုမှမရှိပါဘူးလို့ ကြွေးကြော်တတ်တယ်။ အခုဆို သူ့မှာ ချစ်ရတဲ့မက်ဆီကန်မလေး မာတာလည်းရှိနေပြီလေ။ သူ အယ်လ်အေရဲတပ်ဖွဲ့မှာ အလုပ်ရတာနဲ့ အမေရိကားကိုခေါ်ပြီး သူတို့ယူကြတော့မှာ မဟုတ်လား။ ဒီလိုသာမန်အေးချမ်းတဲ့ဘဝမျိုးရခါနီး ဂျင်မ်နောက်ကို သူ့အတိတ်ဆိုးက လိုက်လာတဲ့အခါမှာ သူဘာတွေကြုံရမှာလဲ? မိုက်ခ်ကရော သူ့အချစ်ဆုံးသူငယ်ချင်း ဂျင်မ်နောက်ကိုလိုက်ရင်း ဘာတွေဘယ်လိုကြားညပ်မိမလဲ? ကိုယ်တိုင်ပဲ ကြည့်ရှူခံစားလိုက်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ။) File Size : 3.8GB, 1.3GB & 528MB Quality : 1080p Blu-ray AC3 5.1CH, 720p Blu-ray & 480p Format : mp4 Duration : 1hr & 56mins Genre : Action, Crime, Drama Translated by May Myat Thu Encoded by Kinnov

Action • Thriller
6.4 2005 116 mins
Harsh Times
A Heidelberg Holiday
6.9

ခရစ္စမတ် ရောက်ခါနီးပြီဆိုတော့ ခရစ္စမတ်လို သေချာပေါက် ခံစားစေရမယ့် IMDb 6.9အထိ ရရှိထားတဲ့ ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ A Christmas Spectacularနဲ့ Broadway Risingတို့လို့ Christmas ရုပ်ရှင်တွေကို သရုပ်ဆောင်ရာမှာ ပိုင်နိုင်လှတဲ့ မင်းသမီး Ginna Claire Masonက All you need နဲ့ The Cruise Doctorလိုမျိုး ရုပ်ရှင်ကောင်းတွေထဲက မင်းသား Frédéric Brossierနဲ့ အတူ လိုက်ဖက်စွာ ပွဲထွက်လာပါတယ်။ ဂျာမနီနိုင်ငံက ဟိုက်ဒယ်လ်ဘာ့ဂ်ဆိုတဲ့ မြို့လေးက ခရစ္စမတ်ရောက်တိုင်း စျေးပွဲတော် ကျင်းပလေ့ရှိပါတယ်။ အဲဒီစျေးပွဲတော်က ခရစ္စမတ်ကာလရဲ့ ပြရုပ်တစ်ခုလို အင်မတန်မှ ​ကျော်ကြားပါတယ်။ ဒါပေမယ့် အဲဒီ ခရစ္စမတ် စျေးပွဲတော်က တော်ရုံနဲ့ ဝင်ခွင့် မရပါဘူး။ ဟိုက်ဒယ်လ်ဘာ့ဂ်မြို့ကို အစွဲပြုပြီး နာမည်ပေးထားတဲ့ ဟိုင်ဒီ ဟိုက်ဒယ်လ်ဘာ့ဂ်လို့ခေါ်တဲ့ ကောင်မလေးက အမေရိကန်-ဂျာမနီသူလေးပါ။ သူက Snow balls ဖန်လုံးလေးတွေကို ဒီဇိုင်းဖော်တဲ့ အနုပညာသည်လေးပါ။ ဟိုင်ဒီက ဟိုက်ဒယ်လ်ဘာ့ဂ်က စျေးကွက်ထဲကို ဝင်ခွင့်ရဖို့ နှစ်တိုင်း ကြိုးစားနေပေမယ့် အငြင်းခံနေရသူပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်တော့ ကံကောင်းစွာနဲ့ပဲ ဟိုင်ဒီတစ်ယောက် ဟိုက်ဒယ်လ်ဘာ့ဂ် စျေးထဲ ဝင်ခွင့်ရသွားပါတော့တယ်။ အနီးကပ်မှ ဝင်ခွင့်ရတော့ ပစ္စည်းပို့ဖို့ နေဖို့ထိုင်ဖို့ အကုန်လုံးကို ကမောက်ကမနဲ့ အဆင်ပြေသလို စီစဥ်ရပါတော့တယ်။ အကုန်လုံးကို စီစဉ်ပြီး အခက်ခဲတွေကြားကနေ ဟိုက်ဒယ်လ်ဘာ့ဂ်ကို ရောက်သွားတဲ့အခါမှာတော့ လူးကတ်စ်နဲ့ တွေ့ဆုံဖို့ ကံကြမ္မာဖန်လာပါတော့တယ်။ ဟိုက်ဒယ်လ်ဘာ့ဂ်မြို့မှာ လူးကတ်စ်နဲ့အတူတူ ကြုံတွေလာရတဲ့ အခက်ခဲတွေကို ဖြေရှင်းကြပုံတွေ၊ ဟိုက်ဒယ်လ်ဘာ့ဂ်မြို့ရဲ့ ခရစ္စမတ်ကာလ အလှတရားတွေ၊ အေးချမ်းလှတဲ့ ဆောင်းရာသီမှာ နွေးထွေးလှတဲ့ အချစ်ဓာတ်လေးကို ခံစားရစေမယ့် ရုပ်ရှင်လေး ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုကြည့်မယ်ဆိုရင် သင့်ရဲ့ဘေးနားမှာ ချောကလက်ပူပူလေးတစ်ခွက်နဲ့ လက်မှာ ကိုင်ထားစရာ ရည်းစားရဲ့လက်ကလေး၊ မှီစရာ ရည်းစားရဲ့ ရင်ခွင်လေး ရှိနေရင်တော့ ရုပ်ရှင်ကို အပြည့်ဝခံစားနိုင်မှာဖြစ်ပါတယ်။ ရည်းစား မရှိတဲ့လူတွေကတော့ ဖက်လုံးလေးပိုက်ရင်းနဲ့ ဟိုက်ဒယ်လ်ဘာ့ဂ်မြို့က အလှတရားတွေနဲ့ ချစ်ခြင်းမေတ္တာရယ်ကို အတူတူ အားကျလိုက်ရအောင်လို့ ပြောရင်း နိဂုန်းချုပ်အပ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Family, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Minn Khant Kyi Win

6.9 2023 84 mins
A Heidelberg Holiday
Diary of a Wimpy Kid Christmas: Cabin Fever
5.8

ခရစ္စမတ်ချိန်ခါနီးပြီဆိုတော့ Disneyက အသစ်ထွက်ထားတဲ့ ဟာသကာတွန်းကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ Christmas ရဲ့ ထုံးစံအတိုင်း Santaဟာ လိမ္မာတဲ့ကလေးတွေကို လက်ဆောင်တွေအများကြီး ပေးတယ်လို့ မိဘတွေကပြောကြပါတယ်။ ဒီတော့ ကလေးတွေမှာ ကိုယ်လိုချင်တဲ့ လက်ဆောင်ရဖို့အရေး Christmasရောက်ဖို့တစ်လလုံး လိမ္မာပြရပါတယ်။ Santaကြားသွားရင် လက်ဆောင်မပေးတော့မှာဆိုးလို့ ယောင်လို့တောင် စကားအမှား မထွက်ရဲကြပါဘူး။ ဒီကလေးတွေထဲကမှ Gregဆိုတဲ့ကောင်လေးဟာ ဂိမ်းစက် အသစ်လိုချင်နေပါတယ်။ လိမ္မာမှလိုချင်တာရမယ်ဆိုပေမဲ့ Christmasမရောက်ခင် တစ်ပတ်လောက်အလိုမှာ သူ့သူငယ်ချင်းနဲ့အတူ အပြစ်ကြီးကြီးမားမားတစ်ခုလုပ်မိ သွားပါတယ်။ ဒီအချိန်မှာ ဂိမ်းစက်ကိုလည်းဂရုမစိုက်နိုင်တော့ဘဲ ‌ဒီကိစ္စကိုဘယ်သူမှ မသိဖို့အရေး လူတကာပျော်နေချိန်မှာ အပူအပင်တွေနဲ့လုံးပမ်းနေရပါတယ်။ Greg တို့သူငယ်ချင်း၂ယောက် ဘယ်လိုဆက်ဖြစ်မလဲဆိုတာ ဆက်ကြည့်လိုက်ပါဦးနော်။ File size…1 GB / 478 MB Quality…DSNP WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 2m Genre ….. Animation , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane

5.8 2023 64 mins
Diary of a Wimpy Kid Christmas: Cabin Fever
Basic
6.4

Basic (2003) ဒီ Basic ဆိုတဲ့ ရုပ်ရှင်ကတော့ မိတ်ဆက်ပေးစရာမလိုဘဲ အားလုံးသိပြီးကြပြီဖြစ်တဲ့ မေမေ့အချစ်တော် မင်းသားကြီး Samuel Jackson နဲ့အတူ သူ့ရဲ့ခေတ်ပြိုင်ဆိုသလို သူငယ်ချင်းလည်းဖြစ်တဲ့ ဝါရင့်မင်းသားကြီး John Travolta တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၀၃ ခုနှစ်ထွက် အက်ရှင် ဒရာမာဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာဆိုရင် မင်းသားကြီး John Travolta က ဇာတ်ဆောင်တွမ်ဟာဒီ၊ မင်းသားကြီး Samuel ကတော့ ဇာတ်ပို့ တပ်ကြပ်ဝက်စ်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ တွမ်ဟာဒီဆိုသူဟာ အရင်က စစ်တပ်ရဲ့ရိန်းဂျားဟောင်းတစ်ယောက်ဖြစ်ပြီး လက်ရှိမှာ သူဟာ ဒီအီးအေလို့ခေါ်တဲ့ မူးယစ်တိုက်ဖျက်ရေးအဖွဲ့မှာ သူလျှိုအဖြစ်လုပ်ကိုင်နေပါတယ်။ တစ်နေ့မှာ သူတာဝန်ထမ်းဆောင်ခဲ့တဲ့ အခြေစိုက်စခန်းမှာ ညွှန်းကြားရေးမှူးအဖြစ်လုပ်ကိုင်နေတဲ့ သူ့ရဲ့ရိန်းဂျားတပ်ဖွဲ့ဝင်ဟောင်း သူငယ်ချင်းတစ်ယောက်က အတော်လေးရှုပ်ထွေးတဲ့အမှုတစ်ခုကို ကူညီဖြေရှင်းပေးဖို့ အကူအညီတောင်းလာခဲ့ပါတယ်။ မုန်တိုင်းပြင်းထန်နေတဲ့တစ်နေ့မှာ တပ်ကြပ်ကြီးဝက်စ်ဟာ သူ့ရဲ့တပ်သားတွေနဲ့အတူ လေ့ကျင့်ရေးခရီးစဉ်ထွက်ခဲ့ပါတယ်။ ဒါပေမဲ့ မုန်တိုင်းကြောင့် ဝက်စ်တို့တပ်ဖွဲ့ပြန်လာရမယ့်အချိန်က နောက်ကျသွားပြီး အခြေစိုက်စခန်းကနေသွားပြန်ခေါ်တဲ့အချိန်မှာ ထွက်သွားခဲ့တဲ့တပ်ကြပ်ကြီးဝက်စ်အပြင် ပါသွားတဲ့ရိန်းဂျားခြောက်ယောက်ထဲက သုံး ယောက်ပါ အသေပျောက်ပျောက်သွားပါတယ်။ ကျန်ခဲ့တဲ့သုံးယောက်ထဲမှာ နှစ်ယောက်က အချင်းချင်းပစ်နေပြီးတော့ တစ်ယောက်ကသေ တစ်ယောက်က သေနတ်ဒဏ်ရာရပြီး နောက်ဆုံးကျန်တဲ့ ဒန်ဘာဆိုတဲ့ရိန်းဂျားကနေ သေနတ်ပစ်ခံထားရတဲ့တစ်ယောက်ကို ပြန်ခေါ်လာခဲ့ရပါတယ်။ ဒါပေမဲ့ အခြေစိုက်စခန်းကိုပြန်ရောက်တဲ့အချိန် ဒန်ဘာ့ကို မေးမြန်းတဲ့အခါမှာ ဘာတစ်ခွန်းမှပြန်ဖြေဘဲ အခုစစ်ဆင်ရေးထဲမပါသွားတဲ့ ရိန်းဂျားဟောင်းတစ်ယောက်ကိုခေါ်ပေးမှပဲ မေးတာတွေဖြေပေးမယ်ဆိုပြီးဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ တွမ်ဟာဒီရဲ့ဇာတ်ဝင်ခန်းရောက်ရှိလာခဲ့ပြီး ဟာဒီတစ်ယောက် ရှုပ်ထွေးမှုပေါင်းများစွာပြည့်နှက်နေတဲ့ လူသတ်မှု၊ သေကြေပျောက်ဆုံးမှုတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.65GB, 830MB Quality – 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 1H 38Min Genre – Action, Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

6.4 2003 98 mins
Basic
Take Me Home Tonight
6.3

ဒီတစ်ခါ ပေါ့ပေါ့ပါးပါး ပျော်စရာ လူငယ်ဇာတ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်… ဘဝမှာ လူရယ်လို့ ဖြစ်လာရင် ရွေးချယ်မှုတွေ လုပ်ကြရစမြဲပါ ကလေးဘဝတည်းကစ… အသက်တွေကြီးလာတဲ့အထိ.. ကိုယ့်အတွက် ကောင်းမယ်ထင်တဲ့ဟာကို ရွေးချယ် ကြတာပါပဲ။ မှားမှာကို ကြောက်ပြီး ဘာမှမရွေးခဲ့ရင်တော့ မမှားဘူးပေါ့လေ.. သေချာတာကတော့ ဘာမှလည်း ဖြစ်မလာဘူးဆိုတာပါပဲ။ ဒီ လူငယ်ဖန်စီဇတ်လမ်းလေးမှာ မတ်ဖရန့်ကလင်းဆိုတဲ့ ကောင်လေးက ငယ်ငယ်ကတည်းက မှားမှာကို ကြောက်တတ်တဲ့သူပါ..MIT ကျောင်းလိုမျိုးကနေ ဘွဲ့ရပြီးတာတောင် မအောင်မြင်မှာကြောက်ပြီး ဘာအလုပ်မှ လုပ်ဖို့ မရွေးချယ်ရဲဘဲ ကုန်တိုက်တစ်ခုက ဗီဒီယိုဆိုင်မှာ အလုပ်ဝင်လုပ်နေပါတယ်… တစ်နေ့မှာ ကျောင်းတုန်းက သူကြိတ်ကြွေခဲ့ရတဲ့ တိုရီ ဆိုတဲ့ ကောင်မလေးကို ပြန်ဆုံမိပါတယ်။ မတ် တစ်ယောက် တိုရီကို ဘယ်လိုတွေ ပြောပြီး ပါတီအတူတက်ရဖို့ ကြံဖန်မလဲဆိုတာ..။ File size…2.26GB / 915MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 37m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Horror • Thriller
6.3 2011
Take Me Home Tonight
Triple Tap
6.2

ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးတို့ကို ၂၀၁၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဟောင်ကောင်ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Triple Tap လို့ခေါ်ပြီးတော့ One Night in Mongkok နဲ့ Double Tap အစရှိတဲ့ ဇာတ်ကားတွေရဲ့ sequel ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ Louis Koo နဲ့ Daniel Wu တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ သေနတ်ပြိုင်ပွဲချန်ပီယံရဲ့ မစ္စတာကန်ကွမ် (Louis Koo) က IPSC ပြိုင်ပွဲမှာ အနိုင်ရခဲ့ပြီးတော့ အိမ်ကိုပြန်လာခဲ့တယ်။ အိမ်ပြန်လမ်းမှာ ဓားပြတိုက်မှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရတယ်။ ဓားပြတိုက်သူတွေဟာ ကျည်ကာကားပေါ်မှာပါတဲ့ သန်းရာချီတန်တဲ့ ပိုင်ဆိုင်မှုစာချုပ်ကို လိုချင်ကြတာပါ။ ဓားပြတိုက်သူတွေက ကားပေါ်မှာ လိုက်ပါလာသူတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ရင်း သေနတ်ပစ်ဖောက်ခဲ့ကြတယ်။ ဒါတွေကို ကန်ကွမ်က အစအဆုံးမြင်လိုက်ရပါတယ်။ ခဏကြာပြီးနောက်မှာ ယာဉ်ထိန်းရဲ ရောက်လာခဲ့တယ်။ ယာဉ်ထိန်းရဲကိုလည်း သေနတ်နဲ့ ပစ်တော့မှာကို မြင်သွားတဲ့အခါ ကန်ကွမ်ဟာ ဓားပြတွေကို သူ့မှာပါလာတဲ့သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ကန်ကွမ် လူသတ်လိုက်တာ မှန်တယ် မမှန်ဘူးဆိုပြီး တရားရုံးရောက်တဲ့အထိ အငြင်းပွားကြပါတော့တယ်။ စာချုပ်ဓားပြတိုက်တဲ့ အမှုကို စုံစမ်းမယ့် ရဲအရာရှိ ဂျယ်ရီချုံက ကန်ကွမ်နဲ့ ပြိုင်ပွဲမှာ ရှေ့ဆင့်နောက်ဆင့် ဆုရသူတွေပါ။ မျက်မြင်သက်သေတွေလည်းအကုန်သေ သံသယတရားခံတစ်ယောက်ကလည်းလွတ်သွား ဘာသက်သေမှမကျန်ခဲ့တဲ့ ဒီအမှုကို ဂျယ်ရီချုံတစ်ယောက် ဘယ်လိုစုံစမ်းဖော်ထုတ်မလဲ။ အခင်းဖြစ်ပုံကို အစအဆုံးမြင်ခဲ့တဲ့ ကန်ကွမ်ကရော အားလုံးထင်သလို အရာရှိကို ကယ်တင်ခဲ့တဲ့ သူရဲကောင်းတစ်ယောက် ဟုတ်ရဲ့လား၊ နောက်ကွယ်မှာ ဘာဇာတ်လမ်းတွေရှိနေဦးမလဲဆိုတာကိုတော့ ပရိသတ်ကြီးတို့ကိုယ်တိုင် ဒီကားထဲမှာ ကြည့်ရှုလိုက်ကြပါနော်။ File size… 2.6 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 58m Genre ….. Action/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Elizabeth Khant

6.2 2010
Triple Tap
The Whistleblower
6.8

The Whistleblower 2014 သုတေသနဓါတ်ခွဲခန်းတစ်ခုကနေ အလုပ်ထွက်လာတဲ့ သုတေသီတစ်ဦးက သတင်းသမားတစ်ယောက်ကို ဒီစကားပြောခဲ့ပါတယ်။ “ကျွန်တော့်မှာ ဘာသက်သေမှ မရှိပါဘူး ဒီလိုဆိုရင်တောင် ကျွန်တော့်စကားကို ယုံပေးမလား” 2005 ခုနှစ်တုန်းက တောင်ကိုရီးယား သုတေသနပညာရှင်တစ်ဦးနဲ့ သူ့ရဲ့ လုပ်ကြံဖန်တီးမှုတွေအပြင် ဖော်ထုတ်ခံလိုက်ရတဲ့ အမှန်တရားဇာတ်ကွက်အားလုံးကို တစ်ပုံစံတည်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးကို တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်မှာ ဇီဝနည်းပညာဘာဘာသာရပ်နဲ့ သက်ဆိုင်တဲ့ အသိပညာဗဟုတုတတွေကို ထည့်သွင်းထားတဲ့အပြင် မျက်မှောက်ခေတ်မှာ တွေ့နေရတဲ့ ဆေးပညာသစ်တွေနဲ့ လက်တွေ့စမ်းသပ်မှု ပြုလုပ်လာကြတဲ့အပေါ် အမှားနဲ့အမှန်ကို သေချာပိုင်းခြားတတ်ဖို့ ပညာပေးထားတာကိုပါ ခံစားမိမှာပါ။ ပင်မဆဲလ်ပုံတူပွားယူခြင်းဆိုင်ရာ စာတမ်းတစ်ခုကို ပြင်ဆင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းလုံးရဲ့ စိတ်ဝင်စားမှုကို ရရှိထားတဲ့ ပါမောက္ခတစ်ဦး။ ကုသလို့မရနိုင်တဲ့ ရောဂါကိုခံစား‌နေရတဲ့ လူနာတွေအတွက် ပင်မဆဲလ်အစားထိုးကုသမှုက မျှော်လင့်ချက်လိုဖြစ်နေတဲ့အတွက် နိုဘယ်ဆုရှင်အဖြစ်ပါ သတင်းထွက်နေတဲ့ ပါမောက္ခပါ။ ဒိတ်ဒိတ်ကြဲ ပါမောက္ခကြီးရဲ့ ဒီဇီဝနည်းပညာဟာ ထင်ထားသလောက် မရိုးရှင်းပါဘူး။ နောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ အမှန်တရားတွေက ရှိနေပါတယ်။ ဒါကို လက်မခံနိုင်တဲ့ သုတေသီတစ်ဦးက သက်သေအခိုင်အမာမရှိတဲ့အတွက် မတတ်နိုင်တဲ့အဆုံး အမှန်တရားမှန်သမျှကို အတွင်းကျကျ ဖော်ထုတ်တဲ့ ပရိုဂရမ်တစ်ခုရဲ့ ပီဒီဆီကို ဆက်သွယ်လာပါတော့တယ်။ နိုင်ငံတကာကပါ ဩချရတဲ့ ပါမောက္ခအီဂျန်ဟွမ်ရဲ့ စာတမ်းနောက်ကွယ်က အမှန်တရားတွေကို တစ်ခုချင်း ဖော်ထုတ်အဖြေရှာသွားမယ့် စိတ်ဝင်စားစရာဇာတ်လမ်းကောင်းလေးပါ။ ပါဝင်သရုပ်ဆောင်ထားကြတဲ့ သရုပ်ဆောင်တွေကတော့ လူတိုင်းနဲ့ မစိမ်းတဲ့ နာမည်ကြီးတွေပါပဲ။ – ဂုဏ်သိက္ခာကျဆင်းစေတဲ့ လုပ်ရပ်ကို ဆက်မလုပ်နိုင်လို့ ထွက်လာခဲ့တဲ့ ရှင်းမင်ဟိုအဖြစ် မင်းသား Yoo Yeon Seok – အမှန်တရားကို ပိုက်စိပ်တိုက်ရှာရင်း ဖော်ထုတ်မယ့် ပီဒီယွန်းမင်ချောလ်အဖြစ် မင်းသားPark Hae Il – ဇာတ်ကို ကြိုးကိုင်ချယ်လှယ်မယ့် ပါမောက္ခအီဂျန်ဟွမ်အဖြစ် မင်းသားကြီး Lee Kyung Young တို့အပြင် ထူးချွန်တဲ့သရုပ်ဆောင်တွေနဲ့ အားဖြည့် ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Milkeux ပဲ ဖြစ်ပါတယ်။ Genre….. Crime, Drama, Mystery Quality…. 1080p | 720p File size… 1.3GB | 649MB Format… mp4 Duration…. 1h 53min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Milkeux Encoder ….. Aaron

6.8 2014
The Whistleblower
Maborosi
7.5

Maborosi (1995) ~ IMDb – 7.5/10, Rotten Tomatoes – 100% ~ Maborosi ဟာ Hirokazu Kore-eda ရဲ့ ပထမဆုံးပွဲဦးထွက်ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်မှာ Kore-edaနဲ့ ပတ်သက်ပြီး တော်တော်လေးသိသာတာက Kore-edaဟာ သူ့ရုပ်ရှင်သက်တမ်း အစကတည်းကို အိုဇုရဲ့လွှမ်းမိုးမှု တော်တော်ကြီးခဲ့တယ်ဆိုတဲ့အချက်ပေါ့။ ဇာတ်ကတော့ ယုမိခိုဆိုတဲ့ အမျိုးသမီးဇာတ်ကောင်ကို ဗဟိုပြုထားတယ်။ သူ့ဘဝနဲ့ သူဆုံးရှုံးခဲ့ရသူတွေ၊ သူ့ဘဝကို သူရှေ့ဆက်ပုံတွေကို တင်ပြထားတယ်။ ဇာတ်လမ်းသွားက တကယ်ဆို ဒီလောက်ပဲလို့ပြောလို့ရတယ်။ ဒါပေမဲ့ ဒါကို Kore-eda က ဘယ်လိုလှည့်ကွက်တွေနဲ့ တင်ပြသွားလဲဆိုတာက ဒီရုပ်ရှင်ရဲ့အသက်ပဲ။ ဒီကားနာမည်က Maboroshi no Hikari သူ့ရဲ့ အကောင်းဆုံးဘာသာပြန်ကတော့ Trick of The Light အလင်းရဲ့ပရိယာယ်တဲ့။ သူ့ဆိုလိုရင်းက တံလျှပ်တော့မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တော့ တံလျှပ်လို့ပဲ လှလိုက်ချင်ပါတယ်။ Kore-eda က ဒီရုပ်ရှင်ကို တင်ဆက်ရာမှာ အဲဒီအလင်းကို တော်တော်သုံးသွားတယ်။ ကားကမှိုင်းပေမဲ့ ဇာတ်ဆောင်ရဲ့ စိတ်ခံစားချက်တွေကို အလင်းရောင်ကိုသုံးပြီး ပုံဖော်ထားသလို ကားတစ်ခုလုံးရဲ့ အသက်ကလည်း အဲဒီအလင်းရဲ့ပရိယာယ်နောက်ပါသွားတဲ့ ဇာတ်ဆောင်ချစ်ရတဲ့ လူတစ်ချို့ဖြစ်ခဲ့တယ်။ ၁၉၉၅ ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ စီနီမာတိုဂရပ်ဖီဆုလည်းရထားတော့ စီနီမာတိုဂရပ်ဖီကို Kore-eda က အလင်းနဲ့ရောပြီး ဒီကားကို ဘယ်လိုလှပစေခဲ့လဲလည်း မြင်ရလိမ့်မယ်။ ဇာတ်နဲ့ပတ်သက်ပြီး ပြောနိုင်တာကတော့ ဒီလောက်ပါပဲ။ ပုံမှန်ဆို Kore-eda ရုပ်ရှင်တွေမှာ ကျွန်တော်တို့ အိုဇုကို မြင်ရတဲ့ပုံက ဇာတ်အိမ်နဲ့ဇာတ်လမ်းမှာပဲ အမြင်ရများပေမဲ့ ဒီမှာတော့ အိုဇုရဲ့ Tatami Shot ကိုပဲ တော်တော်သုံးသွားတယ်။ နောက် အိုဇုရဲ့ Pillow Shot ဆိုတဲ့ တင်ဆက်ပုံကိုလည်း သုံးသွားတယ်။ Pillow Shot ကို အိုဇုကိုယ်တိုင်ကလည်း ဂျပန်ကဗျာက Pillow Word Makurakaotoba ဆိုတဲ့ဟန်ကနေ ယူသုံးထားတယ်။ ကဗျာရဲ့တစ်ထောက်နားနေရာဆိုတဲ့ သဘောပဲ။ အဲဒီနေရာမှာ သုံးတဲ့စကားလုံးတွေက ကျန်တဲ့ကဗျာတစ်ပုဒ်လုံးနဲ့ ဝေးလည်းဝေးကွာမသွားသလို တိုက်ရိုက်လည်းမဆက်စပ်နေတဲ့ ကဗျာကနေ တစ်ထောက်နားလိုက်တဲ့စကားလုံးတွေတဲ့။ ဆိုတော့ Maborosi မှာ Kore-eda ဟာ ဇာတ်လမ်းအမျိုးအစား၊ တင်ဆက်ပုံ၊ ရိုက်ပုံ အကုန်လုံး အိုဇုကို Homage အပြည့်ပေးထားခဲ့တယ်။ အိုဇုအငွေ့အသက်ကိုအမြင်ရဆုံး သူ့ရုပ်ရှင်လည်း ဖြစ်နေခဲ့တယ်။ အိုဇုရဲ့ Floating Weeds အဖွင့်က လှေရဲ့အသံကိုလည်း ဒီမှာ Kore-eda က ယူသုံးထားခဲ့တယ်။ တစ်ချက်ရှိတာက အိုဇုရုပ်ရှင်တွေမှာ ပါတတ်တဲ့ Kore-eda ရဲ့ ခုနောက်ပိုင်းရုပ်ရှင်တွေအထိ ပါတတ်တဲ့ ရေခဲတုံးကြီးရဲ့ အောက်ဘက်လို့ခေါ်မလား။ ဒါမှမဟုတ် ဇာတ်လမ်းရဲ့ မပြောသွားတဲ့ အပိုင်းတွေလို့ ခေါ်မလား။ အဲဒီဟာတွေပါတာက သူတို့ရုပ်ရှင်တွေကြည့်ရတာ ကျွန်တော့်အတွက် အရသာအရှိဆုံးအချက်တစ်ချက်ပါပဲ။ Maborosi မှာတော့ အဲဒီမပြောသွားတဲ့ဇာတ်လမ်းက သိသိသာသာကို ရှိနေပြီး မပြောသွားတာဖြစ်နေတယ်။ ဒီမှာ ကျွန်တော်ဝေဝါးသွားတာက ဘယ်ဟာက ပိုအားကောင်းလဲဆိုတာပါပဲ။ ဇာတ်လမ်းထဲ ပေါ့ပေါ့ပါးပါးနဲ့ ဒီတိုင်းရှိနေတဲ့ မပြောသွားတဲ့ဇာတ်လမ်းက ပိုအားကောင်းလား။ ဇာတ်လမ်းထဲ သိသိသာသာနဲ့ ဇာတ်လမ်းတစ်ခုလုံးကို သက်ရောက်သွားတဲ့ မပြောသွားတဲ့ဇာတ်လမ်းက ပိုအားကောင်းလား။ နောက်ပိုင်းမှာတော့ Kore-eda ကိုယ်တိုင်လည်း ပထမလမ်းကိုပဲ ရွေးခဲ့ပါတယ်။ သူ့ဟာနဲ့သူတော့ ကောင်းကြပေမဲ့ မဖြစ်မနေဆိုရင်တော့ ကျွန်တော်တော့ ပထမလမ်းကိုပဲ ရွေးမိပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.4GB, 440MB Quality – BluRay 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 1H 50Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.5 1995 110 mins
Maborosi
Scooby-Doo! in Where’s My Mummy?
6.6

အီဂျစ်က ပြန်လည်ထူထောင်ရေးစခန်းမှာ မထင်မှတ်ထားဘဲ ဘုရင်မကလီယိုပတ်ထရာရဲ့ ရှေးဟောင်းလိုဏ်ဂူကို ‌တစ်နေ့မှာ ရှာဖွေတွေ့ရှိခဲ့ကြပါတယ် ထူးဆန်းထွေလာဖြေရှင်းကြတဲ့ စကူဘီတို့ဟာလည်း အခင်းဖြစ်ရာနေရာကို တစ်လက်စတည်း ရောက်ရှိသွားကြပါတော့တယ် ကျိန်စာတွေအထပ်ထပ်ခတ်ပြီး ထောင်ချောက်တွေနဲ့ စနစ်တကျစီမံထားတဲ့မသေမျိုးမံမီစစ်သည်တွေရှိနေတဲ့ဂူထဲမှာ ဘယ်လိုဖြစ်ရပ်ဆန်းတွေဖြစ်နေတာလဲ အဲဒီဖြစ်ရပ်ဆန်းတွေကို စကူဘီတို့အုပ်စု ဘယ်လိုဖြေရှင်းသွားကြမလဲဆိုတာကို သမိုင်းကြောင်းတွေ ဒဏ္ဍာရီတွေနဲ့ စပ်လျဉ်းပြီး စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ movie တစ်ခုပဲဖြစ်ပါတယ် File Size : 1.8 GB, 868 MB Quality : WEB-DL 1080p / 720p Running Time : 1hr 15min Format : Mp4 Genre : Adventure, Comedy, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by : SO Encode by : Thit San Khant

Comedy • Drama
6.6 2005 75 mins
Scooby-Doo! in Where’s My Mummy?
Five Friends Sekawan Limo
7.5

Five Friends (2024) IMDb Rating (7.5) Five Friends ဒါမှမဟုတ် Sekawan Limo လို့ နာမည်ရတဲ့ ရုပ်ရှင်က အင်ဒိုနီးရှားနိုင်ငံက ဒါရိုက်တာ Baya Skak ကိုယ်တိုင် ရိုက်ကူး တည်းဖြတ်ပြီးတော့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီရိုက်တာ Bayu က ၂၀၁၈ မှ စတင်ပြီး တည်းဖြတ်လောက ရိုက်လာခဲ့ပေမယ့် အင်ဒိုနီးရှားအတွက် နာမည်ကြီး YouTube Influencer တစ်ယောက်ပါ။ ရိုက်ထားခဲ့တဲ့ ဇာတ်ကားတွေ အကုန်လုံးကလည်း IMDB 6 ဒါမှမဟုတ် 7 အထက်ရှိတဲ့ကားတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ဇူလိုင် ၂၀၂၄ က ထွက်ရှိထားတဲ့ ဒီ ဇာတ်ကားဟာဆိုရင်လည်း IMDB 7.5 အထိရရှိထားတဲ့ ဟာသသရဲဇာတ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း အင်ဒိုနီးရားက တောင်တွေတိုင်းမှာ သူ့အစဉ်အလာနဲ့သူ ဒဏ္ဍာရီများစွာရှိပါတယ်။ မာဒိုပူရိုလိုခေါ်တဲ့တောင်ရဲ့ ဒဏ္ဍာရီလာ စကားတော့ “​အနောက်ကိုလှည့်မကြည့်နဲ့၊ မင်းနောက် တစ်ခုခုလိုက်လာလိမ့်မယ်”ပေါ့။ တစ်နေ့မှာ ဘာဂါ့စ်လို့ခေါ်တဲ့ သက်လတ်ပိုင်းယောက်ျားလေးတစ်ယောက်က သူတက္ကသိုလ်ကျောင်းသားဘဝက ကျောင်းနေဖက်ဖြစ်ပြီး ကြိတ်ကြွေနေခဲ့ရတဲ့ လန်နီနဲ့အတူ မာဒိုပူရိုကတောင်ကို ခရီးထွက်ဖို့ဖြစ်လာပါတယ်။ ဒါပေမဲ့ လန်နီက သူတောင်တက်ဖို့ ချိန်းထားတဲ့ရက်က အင်ဒိုနီးရှားမှာ ပြဿဒါနေ့အကြီးစားဖြစ်နေတာကို မသိခဲ့ပါဘူး။ ဒီလိုနဲ့ တောင်တက်ဖို့သွားရင်းတောင်ခြေက မှတ်ပုံတင်စခန်းမှာ အစောင့်တွေကတောင်ကို လူအရေအတွက် မဂဏာန်းနဲ့မတက်ရဘူးလို့ မှာခဲ့ပါတယ်။ ဒီလိုနဲ့ လမ်းပြတစ်ယောက်ဖြစ်တဲ့ ဒစ်ကီနဲ့ ဘာဂါ့စ်တို့ သူငယ်ချင်းနှစ်ယောက် တောင်စတက်ဖို့ဖြစ်လာပါတယ်။ အမှတ်မထင်ဘဲ လမ်းမှာလည်း ဂျူနာဆိုတဲ့ သူငယ်ချင်းတွေက ချန်ခဲ့လို့ တစ်ယောက်ထဲကျန်ခဲ့တဲ့ ခရီးသွား ဂျူနာဆိုတဲ့ အမျိုးသားနဲ့ထပ်ဆုံခဲ့ပါတယ်။ လမ်းမှာကျပြန်တော့လည်း မေ့လဲနေတဲ့ အန်ဒရူးဆိုတဲ့လူတစ်ယောက်နဲ့ ဘာဂါ့စ်တို့အဖွဲ့ ထပ်တိုးခဲ့ပါသေးတယ်။ ဒီလိုနဲ့ လူကလည်းငါယောက်ဖြစ်သွားတဲ့အပြင် တောင်ရဲ့ ဒဏ္ဍာရီကိုပါချိုးဖောက်လာတဲ့အခါ ကံဆိုးမိုးမှောင်တွေ စပြီးကျလာပါတော့တယ်။ ဒီလိုဆက်သွားရင် ဘာဂါ့စ်က သူတို့ရဲ့ လူငါးယောက်အဖွဲ့ထဲက တစ်ယောက်က လူမဟုတ်ဘူးဆိုတာကို သတိထားမိသွားတဲ့အခါမှာတော့… (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size…(1.5 GB) / (920 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Adventure, Comedy, Horror Duration….01:54:10 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

7.5 2024 112 mins
Five Friends Sekawan Limo
Alice in Wonderland
7.4

Alice in Wonderland (1951) IMDB: 7.3 Rotten Tomatoes : 84% Genre :Animation/Fantasy Alice in Wonderland (1951) ကတော့ စာရေးဆရာ Lewis Carroll ရဲ့ မူရင်း Alice in Wonderland ကို Animation အဖြစ် Walt Disney ကထုတ်ထားတဲ့ ဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ်။ အဲလစ်စ် အကြောင်းကိုလည်း သိနေပြီးသားမလို့ ထွေထွေထူးထူးညွှန်းစရာမလိုဘူးထင်ပါတယ်။ ဇာတ်ညွှန်း အဲလစ်စ်ဆိုတဲ့ ကောင်မလေးဟာ စပ်စုတတ်တဲ့ကောင်မလေးဖြစ်ပါတယ်။ ဒီလိုနဲ့တစ်နေ့မှာ စပ်အစုလွန်ပြီးတော့ ယုန်ကျင်းတစ်ခုထဲပြုတ်ကျကာ အံ့ဖွယ်ကမ္ဘာကြီးကိုရောက်သွားပါတော့တယ်။ သူဟာအဲဒီမှာ ဝစ်စ်ကုတ်ဝတ်ထားတဲ့ယုန်တစ်ကောင်၊ ဒိုဒိုငှက်ကြီးတစ်ကောင်၊ ပြုံးနေတဲ့ကြောင်ကြီးတစ်ကောင်အစရှိသဖြင့် ထူးဆန်းတဲ့အရာတွေကိုမြင်ခဲ့ရပါတယ်။ ဒီလိုနဲ့အဲလစ်စ်လေးတစ်ယောက် အံ့ဖွယ်ကမ္ဘာကြီးကနေ ဘယ်လိုမျိုး အပြင်လောကကိုပြန်ထွက်သွားမလဲဆိုတာကိုတော့ စိတ်ဝင်စားဖွယ်ရာကြည့်ရှုရမှာဖြစ်ပါတယ်။ File size… 3.4 GB / 1.2 GB / 750 MB Quality… Web-DL 4k/ 1080p / 720p Format… mp4,mkv Audio… AAC,EAC 3 Duration…. 1h 13m Genre ….. Family/Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Lucifer Maximoff

Horror
7.4 1951 75 mins
Alice in Wonderland
Pale Horse
5.8

မအောင်မြင်ချင်တဲ့သူဆိုတာ မရှိသလောက်ပါပဲ။ ဒါပေမယ့် ဒီမေးခွန်းတွေကိုကျတော့ ကိုယ့်ကိုကိုယ် မေးကြည့်ဖူးတဲ့သူဆိုတာလည်း မရှိသလောက်ပဲနေမယ်။ ကိုယ့်အတွက် အောင်မြင်ကျော်ကြားမှုဆိုတာကဘာလဲ။ အောင်မြင်မှုနောက်ကိုလူတွေဘာလိုလိုက်ကြလဲ။ ဘယ်လိုမျိုးနည်းနဲ့အောင်မြင်ချင်တာလဲ။ ဒီဇာတ်လမ်းမှာတော့ အောင်မြင်မှုနောက်ကိုလိုက်နေတဲ့ ခပ်ချောချော တက်သစ်စ လူငယ်ပန်းချီဆရာတစ်ဦး..။ သူ့ရဲ့ ပန်းချီတွေကို ပြခန်းတစ်ခုမှာ လာပြဖို ကမ်းလှမ်းလာတယ်။ အဲ့ဒီပြခန်းမှာအလုပ်လုပ်တဲ့ ပြခန်းတာဝန်ခံကောင်မလေးက သူ့ပန်းချီတွေကိုမြင်သွားတဲ့အချိန်မှာ သူတိုပြခန်းမှာပြပေးဖိုကို စိတ်ဝင်စားသွားတယ်။ အဲ့အပြင် ပန်းချီကားတွေရဲ့ နောက်ကွယ်က ပန်းချီဆရာကိုပါ မမြင်ဖူးခင်ကတည်းက စိတ်ဝင်စားမိသွားတော့တယ်။ အဲ့လိုနဲ့ ဒီပန်းချီဆရာလေးရဲ့ ပန်းချီပြပွဲကို စီစဉ်ပေးရဖိုဖြစ်လာတယ်။ အဲ့ဒီ ပထမဆုံးပွဲမှာပဲ တစ်နေ့တည်းနဲ့ ပန်းချီကားအားလုံးရောင်းထွက်သွားရော။ တာဝန်ခံကောင်မလေးလည်း ပန်းချီဆရာနဲ့ အဲ့ဒီပန်းချီပြပွဲ ညမှာပဲ ဆုံမိကြတယ်။ ထူးဆန်းတဲ့ပန်းချီကားတွေအကြောင်းပြောပေးဖြစ်ကြတယ်။ ဒီလိုနဲ့ သူတိုနှစ်ယောက်ရင်းနှီးသွားတယ်။ သူနောက်နှစ်ယောက်ရင်းနှီးလာလေလေ.. အန္တရာယ်ပိုနီးလာလေလေ ဆိုတာကိုတော့ သူတိုမသိခဲ့ကြဘူး။ သူတိုသတိမထားမိခဲ့ကြဘူး။ အောက်လမ်းတွေမှော်တွေနဲ့ အစီအရင်တွေလုပ်ပြီး အောင်မြင်လုပ်တာမျိုး အဖြစ်အပျက်တွေ ကြားဖူးကြမှာပါ။ ဒီဇာတ်လမ်းက သူတိုအနောက်တိုင်းရဲ့ ဝိညာဉ်.. ပရလောက.. ကဝေအအတ်ပညာ.. အောက်လမ်း စတဲ့အခန်းကဏ္ဍတွေအကြောင်းကို သေသေချာချာ ပြောပြသွားတယ်။ နောက်ပြီး အမှောင်စွမ်းအင်ကိုတိုက်ဖျက်နိုင်တဲ့ အလင်းစွမ်းအင်ဟာ စစ်မှန်တဲ့ ဖြူစင်တဲ့ ချစ်ခြင်းသာ ဖြစ်တယ်ဆိုတဲ့ အကြောင်းကိုလည်းချပြသွားတယ်။ မပတ်သက်အပ်တဲ့အရာတွေနဲ့ နှောင်ကြိုးတွေသွားချည်မိရင် ကိုယ့်အတွက်ဆိုးကျိုးကြီးပဲရလာလိမ့်မယ်ဆိုတဲ့ အချက်ကိုလည်းတွေ့ရလိမ့်မယ်။ ဒီဇာတ်ကားကို ဝေဖန်သူတွေများခဲ့ပေမယ့် ကြည့်တတ်ရင် အတွေးစများစွာပေးနိုင်တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ( ပြခန်းတာဝန်ခံ မင်းသမီးချောရဲ့ အမှောင်ထဲက ဇာတ်ကြမ်းတွေကိုလည်း Bonus အဖြစ်တွေ့မြင်ခံစားနိုင်ပါတယ် ) ဇာတ်လမ်းနဲ့အညွှန်းကိုတော့ Pyae Hein Kyaw ရေးသားထားပါတယ်။ File Size… (624 MB) / ( 375 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 27m Genre …..Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Pyae Hein Kyaw

Crime • Mystery • Thriller
5.8 2024 88 mins
Pale Horse