YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

When.The.Stars.Gossip.2025.E08.720p.NF.Web-DL.[RMC].mp4

455.97 MB N/A video/mp4 5 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Full of Grace
6.6

ဒီရုပ်ရှင်ဟာ Real Madridအသင်းရဲ့ ကစားသမားဟောင်းဖြစ်တဲ့ Valdoအကြောင်း ငယ်ဘဝကို ရိုက်ကူးပြထားတဲ့ဇာတ်ကားလေးပါ။ တစ်နည်းပြောရရင် သီလရှင်တွေဦးစီးတဲ့မိဘမဲ့ကျောင်းတစ်ခုက ကောင်လေးတစ်သိုက်၊ ဆိုးကြပေကြတဲ့ ကောင်လေးတွေ၊ စနစ်ရဲ့အပယ်ခံဖြစ်ခဲ့ရတဲ့ကောင်လေးတွေရဲ့အကြောင်းကို ရိုက်ကူးထားတာပါပဲ။ ဒီကောင်လေးတွေဟာ ဆိုးကြပေကြတဲ့အတွက် သီလရှင်ဆရာမတွေကတောင် လက်မြောက်အရှုံးပေးထားကြပြီး မြို့ခံတွေနဲ့လည်းအမြဲပြဿနာတက်ကြတဲ့အဖွဲ့ပါ။ ဆရာမတွေကလည်း သူတို့ပြဿနာတွေပဲလိုက်ရှင်းနေရပြီး၊ ကျောင်းကအခြေအနေသိပ်မကောင်း၊ ပိတ်သိမ်းရနိုင်ခြေရှိလို့ ကောင်လေးတွေကို ပြည်နယ်မိဘမဲ့ကျောင်းကိုပို့ဖို့ဆုံးဖြတ်နေကြရပါတယ်။ ဒီလိုနဲ့နွေရာသီအားလပ်ရက်တစ်ခုမှာ သီလရှင်ဆရာမအသစ်ရောက်လာပြီး Valdoတို့ကလေးတစ်သိုက်ကို ထိန်းပေးဖို့တာဝန်ကျလေရော။ ကန့်လန့်တိုက်တတ်တဲ့ကောင်လေးတွေကိုထိန်းဖို့ ဆရာမအသစ်က နည်းလမ်းရှာရင်းနဲ့ ကလေးတွေဟာ ဘောလုံးကန်ရတာဝါသနာပါမှန်းသိသွားတဲ့အခါမှတော့....၊ File Size :(1.9GB) and (898MB) Quality :NF.WEB-DL1080P,720p Format…mp4 Duration…01:49:00 Genre : Comedy, Family Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

Crime • Drama • Thriller
6.6 2022 109 mins
Full of Grace
Oh! My Ghost
5

သရဲကားပရိသတ်ကြီးအတွက် အူတက်အောင်ရယ်ရင်း အာပြဲအောင်အော်ရမယ့် Horror/Comedy ဇာတ်ကားလေး လာပါပြီ ရိုက်ကူးရေးစတူဒီယိုတစ်ခုမှာ အခြေခံထားတဲ့ ဒီဇာတ်လမ်းလေးထဲမှာတော့ သရဲ‌တွေကိုမြင်နိုင်တဲ့ထယ်မင်းဟာ သူ့ရဲ့အကြွေးတွေကိုဆပ်ဖို့ အလုပ်ရှာရင်းနဲ့ ဂန်ဆယ်အာစတူဒီယိုမှာ အလုပ်ရသွားခဲ့ပါတယ် ဖြစ်ချင်တော့ အဲဒီစတူဒီယိုမှာ သရဲမလေးတစ်ယောက် သောင်းကျန်းနေခဲ့တာကြာပါပြီ ဘယ်သူမှညစောင့်မလုပ်ရဲလို့ ညဘက်ဆိုလွှတ်ထားရတဲ့စတူဒီယိုမှာ ထယ်မင်းကတော့ ငွေမျက်နှာတစ်ခုတည်းနဲ့ ညစောင့်ဝင်လုပ်ခဲ့ပါတော့တယ် တစ်ဖက်မှာလည်း စတူဒီယိုရဲ့ CEO က ဒီနေရာကို ဈေးကြီးပေးဝယ်ခဲ့ပြီး တစ်စုံတစ်ခုကို အသည်းအသန်ရှာဖွေနေပါတယ် အဲဒီလိုနဲ့ အရှာအဖွေသမား စတူဒီယို CEO အပါအဝင် ထယ်မင်းနဲ့သရဲမလေးတို့သုံးယောက်တို့ ဘယ်ကဘယ်လိုဆုံတွေ့မိကြပြီး အဖွဲ့ကျသွားကြမလဲ သုံးယောက်သား ဆုံပြီးကြတဲ့နောက်မှာ ဘယ်လိုပဟေဠိတွေကို ဖော်ထုတ်အဖြေရှာသွားကြမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုနိုင်မှာဖြစ်ပါတယ် Mystery အမျိုးအစား‌ဖြစ်လို့ မြှုပ်ကွက်တွေကတော့ အများကြီးပါ ဘာတွေမြှုပ်ထားလဲသိချင်ရင်တော့ အခုပဲကိုယ်တိုင်ရှုစားလိုက်ကြပါဦး မင်းသားမင်းသမီးတွေအနေနဲ့ကတော့ 2AM အဖွဲ့ဝင် Jung Jin-Woon နဲ့ ကလေးသရုပ်ဆောင်အဖြစ် နာမည်ကြီးတဲ့ မင်းသမီး Ahn Seo-Hyun တို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားကြပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe Thet Winn ပဲ ဖြစ်ပါတယ်။ Genre..... Mystery Quality…. 1080p | 720p | 480p File size… 1.5GB | 619MB | 259MB Format… mp4 Duration…. 1h 37min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hmwe Thet Winn Encoder ..... August

Comedy • Crime • Drama
5 2022 98 mins
Oh! My Ghost
Get Shorty
6.5

IMDb Rating (6.9) / Rotten Tomatoes (88%) သူ့နာမည် Chili Palmer ။ သူ့လုပ်က loanshark လို့ခေါ်တဲ့ တရားမဝင်ငွေတိုးချေးတဲ့လုပ်ငန်းတစ်ခုမှာ လုပ်နေတဲ့သူ။ အတိုးကြီးကြီးနဲ့ချေးထားတဲ့သူတွေဆီကနေ အကြွေးလိုက်တောင်းပေးရတဲ့အခါ ဂိုဏ်းစတားဆန်ဆန်လည်း လုပ်ရတာရှိတယ်။ ချီလီ တောင်းသမျှတော့ မရတဲ့အကြွေးမရှိပါဘူး။ သူက Look at me (ကျုပ်ကိုကြည့်စမ်းပါ) လို့ စပြောလိုက်ရင် သတိသာထားပေရော့။ သူလိုရာကိုလိုက်လျောမိတော့မှာ အသေအချာပဲ။ အဲဒီစကားတစ်ခွန်းက ဒီရုပ်ရှင်ရဲ့ catchphrase ပါပဲ။ သွေးအေး၊ သတ္တိကောင်းပြီး ရည်ရည်မွန်မွန်ဆဲတတ်တဲ့ ချီလီဟာ ရုပ်ရှင်ဝါသနာအိုးတစ်ယောက်လည်းဖြစ်နေလေရဲ့။ တစ်နေ့တော့ အကြွေးမဆပ်ဘဲပြေးတဲ့သူတစ်ယောက်နောက်ကို ရေဆုံးရေဖျားလိုက်ရှာရင်း ချီလီတစ်ယောက် ရုပ်ရှင်မြို့တော်လို့ခေါ်ရမယ့် Los Angeles ထိရောက်သွားပါလေရော။ သူစိတ်မပါတော့တဲ့ ငွေချေး၊ကြွေးတောင်းအလုပ်ကို မလုပ်ချင်တော့တဲ့ချီလီဟာ ဇာတ်ကားတစ်ကားလောက် ထုတ်လုပ်သူလုပ်ရင်ကောင်းမလား လို့ စိတ်ကူးပေါက်ရာကနေ ဟောလီးဝုဒ်လောကသားတွေနဲ့ လုံးထွေးသွားတော့တာပဲ။ အဲဒီမှာဗျာ။ လေယာဉ်ပျက်ကျရာမှာမပါဘဲ ပါသွားချင်ယောင်ဆောင်ပြီး လေကြောင်းလိုင်းကပေးတဲ့အာမခံငွေကို လိမ်ပြေးတဲ့ လီယို ဆိုတဲ့ ငတုံးတစ်ကောင်။ သူက ချီလီတို့ဆီကအကြွေးယူထားတာ။ အဲဒါကို မဆပ်ဘဲပြေးတာ။ ဇာတ်ညွှန်းကောင်းကောင်းတစ်ပုဒ် တွေ့ထားပေမယ့် မဝယ်နိုင်တာနဲ့ ထုတ်လုပ်သူတွေပေးထားတဲ့ငွေတွေကို ဘောပွဲလောင်းပြီးအပွကြံမိမှ ရှူံးပြီး တိုင်ပတ်နေတဲ့ ဟယ်ရီ ဆိုတဲ့ ဒါရိုက်တာကြီးတစ်ယောက်။ ဇိမ်ခံကားအငှားလုပ်ငန်းကို ဗန်းပြပြီး မူးယစ်ဆေးရောင်းနေတဲ့၊ ရုပ်ရှင်လုပ်ငန်းထဲကိုပါ ဝင်ပါချင်နေတဲ့ လူဆိုးတစ်စုရယ်။ အရည်အချင်းရှိရဲ့သားနဲ့ သရဲကားတွေထဲမှာပဲ ပါနေရလို့ စိတ်ကုန်နေတဲ့ မင်းသမီး‌ချောလေးတစ်ယောက်ရယ်။ အဲဒီမင်းသမီးရဲ့ခင်ပွန်းဟောင်း အရပ်အလွန်ပုပေမယ့် သရုပ်ဆောင်ကောင်းလှတဲ့ စူပါမင်းသားကြီးတစ်ယောက်ရယ်။ ဇာတ်လမ်းအစမှာကတည်းက ချီလီ့ကို ဩဇာပြချင်လှတဲ့ (ပြီးတော့လည်း ချီလီဗျင်းတာချည်း လှိမ့်ခံနေရတဲ့) ဘာဘိုနီ ဆိုတဲ့ ငွေချေးသမားကြီးရယ်။ ရဲတွေက ဘယ်သူလာဖွင့်မလဲလို့ အချိန်ပြည့်စောင့်ကြည့်နေကြတဲ့ လေဆိပ် အာမခံသေတ္တာ လော့ကာခန်းတစ်ခုထဲက အိတ်တစ်လုံးရယ်။ အရာရာနဲ့အကြောင်းကြောင်းတွေစုသွားတဲ့အခါ အမျိုးမျိုးနဲ့အဖုံဖုံတွေဖြစ်လာတော့တာပါပဲ။ (ဂိုဏ်းစတားကရုပ်ရှင်ပိုးဝင်လာချိန်မှာ ရုပ်ရှင်သမားတွေက ဂိုဏ်းစတားစိတ်ပေါက်ပြီး အကုန်လျှောက်လုပ်ကြတော့တာမျိုးပေါ့။ 1995ခုနှစ်မှာထွက်ရှိခဲ့တဲ့ Action-comedyဇာတ်ကားတစ်ကားဖြစ်တဲ့ "Get Shorty" ဟာ ratingတွေမှာ IMDb 6.9/10 ၊ Rotten Tomatoesမှာ 88% နဲ့ Metacritic မှာ 82%ထိ ရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အဓိကဇာတ်ဆောင် ချီလီအနေနဲ့ပါဝင်ထားသူကတော့ နာမည်ကျော် John Travolta ဂျွန်ထရာဗိုလ်လ်တာ ပဲဖြစ်ပါတယ်။ (Face-offဇာတ်ကားမှာ မြန်မာပရိသတ်တွေ သတိအထားမိဆုံး အကြိုက်ကြီးကြိုက်ခဲ့ကြတဲ့ မင်းသားကြီးပါ။ ) သူ့ရဲ့ဂန္ဓဝင်ဇာတ်ကားကောင်းတွေလည်း အများကြီးရှိပါတယ်။ ဒီဇာတ်ကားရဲ့အောင်မြင်မှုကြောင့် နောက်ဆက်တွဲအနေနဲ့ "Be Cool" ဆိုတဲ့ ဇာတ်ကားကို 2005ခုနှစ်မှာ ဂျွန်ထရာဗိုလ်လ်တာ ကပဲ ခေါင်းဆောင်မင်းသားအနေနဲ့ ဆက်လက်ရိုက်ကူး ထွက်ရှိခဲ့ပါသေးတယ်။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားတာပါ။) File size…(1.8 GB)/(950 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:44:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Arr Khun Winchester

Adventure • Fantasy
6.5 1995 105 mins
Get Shorty
The Invisible Thread
6.7

ဒီရုပ်ရှင်လေးကတော့ မကြာခင်ကမှ Netflix ကနေ ထွက်ရှိထားတဲ့ LGBT based Drama/Comedy ဇာတ်လမ်းကောင်းလေးပါပဲ။ ဇာတ်အိမ်တည်ရာဒေသကတော့ ဥရောပတောင်ဘက်ပိုင်းက အီတလီနိုင်ငံရောမမြို့လေးပါ။ အားလုံးသိကြတဲ့အတိုင်း ကမ္ဘာ့အနောက်ခြမ်းဆိုတာက လူ့အခွင့်အရေးလှုပ်ရှားမှုတို့၊ ကျားမတန်းတူညီမျှမှု၊ LGBTQ Rights တွေအတွက်လှုပ်ရှားမှုတွေဆိုတာ အမြဲလိုလိုတွေ့နေခဲ့ရပြီး အဲ့ဒါတွေအတွက် အမှန်တကယ်လည်း ဥပဒေတွေချမှတ်နိုင်ခဲ့ကြတယ်။ တကယ်တမ်း တခြားနိုင်ငံတွေနဲ့ယှဉ်ကြည့်ရင်တော့ အီတလီက LGBT Rights နဲ့ပတ်သက်ပြီး တရားဝင်အသိအမှတ်ပြုခံရတာနောက်ကျပါတယ်။ 2000 ခုနှစ်ဝန်းကျင်အတွင်းမှာ အနောက်နိုင်ငံအတော်များများက Civil Union ရခဲ့ပေမယ့် အီတလီနိုင်ငံမှာတော့ 2016 June လမှာမှ Civil Union လို့ခေါ်တဲ့ လိင်တူပေါင်းဖက်ခွင့်ကို တရားဝင်အသိအမှတ်ပြုကြောင်း ဥပဒေက အသက်ဝင်လာခဲ့တယ်။ လိင်ကွဲပေါင်းဖက်မှု‌‌တွေနည်းတူ အခွင့်အရေးအားလုံးနီးပါး ရရှိနိုင်တယ်လို့ဆိုထားပေမယ့် တကယ်တမ်းမှာ child adoption နဲ့ပတ်သက်ပြီး ကန့်သတ်ထားတာတွေရှိနေဆဲပါ။ နောက်ပြီး လိင်တူပေါင်းစည်းခွင့်နဲ့ အတူပေါင်းသင်းနေထိုင်မှုကို ခွင့်ပြုထားပေမယ့် လက်ထပ်ထိမ်းမြားခွင့်ကိုကျတော့ တရားဝင်အသိအမှတ်မပြုထားတာ ယနေ့အထိပါပဲ။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့... လီယိုဆိုတဲ့ ဆယ်ကျော်သက်အရွယ်‌ကောင်လေးဟာ ကျောင်းနှစ်ကုန်ပရောဂျက်အဖြစ် ဗီဒီယိုမှတ်တမ်းတစ်ပုဒ်ရိုက်ကူးရမယ်ဆိုတဲ့အခါ သူ့မိသားစုအကြောင်း မှတ်တမ်းရုပ်ရှင်ရိုက်ဖို့ဆုံးဖြတ်ခဲ့တယ်။ ဖခင်နှစ်ယောက်အကြောင်း၊ သူဘယ်လိုမွေးဖွားလာခဲ့တဲ့အကြောင်း၊ တခြားကလေးတွေလို ပုံမှန်ကြီးပြင်းလာခဲ့တဲ့အကြောင်း၊ မွေးစာရင်းမှာ ဖခင်နာမည်နှစ်ခုလုံးထည့်ချင်တဲ့အတွက် ကြိုးပမ်းခဲ့တာတွေ စသဖြင့်ရိုက်ကူးထားတယ်။ သို့ပေမဲ့ ထူးဆန်းတာတစ်ခုက လီယိုနဲ့‌ေသွးသား‌‌ တော်စပ်တဲ့အဖေရင်းကို လီယိုကိုယ်တိုင်အပြင် သူ့ဖခင်နှစ်ယောက်လုံးကပါမသိပါဘူး။ ဘာလို့လဲဆိုတော့ ..... အဖေနှစ်ယောက်လုံးရဲ့သုက်ပိုးကို စမ်းသပ်ဖန်ပြွန်ထဲရောထည့်ပြီးမှ အလှူရှင်မမျိုးဥနဲ့ပေါင်း၊ သန္ဓေသားဖြစ်တည်လာမှ အငှားကိုယ်ဝန်ဆောင်သူရဲ့သားအိမ်ထဲထည့်ခဲ့တာကြောင့်ပါတဲ့။ အဲ့လိုနဲ့ပဲ ဖခင်နှစ်ယောက်ရဲ့ 20th anniversary ကိုရောက်လာတဲ့အခါမှာတော့ မထင်မှတ်ထားတဲ့သူတစ်ယောက်ရောက်လာတဲ့အခါမှာ ... အရောင်အသွေးစုံလင်ခဲ့တဲ့မိသားစုလေးရဲ့ချစ်ခြင်းတရားတွေ အဆုံးသတ်သွားတော့မှာလား??? လီယိုရဲ့ အဖေရင်း ဘယ်သူဆိုတာကိုရော ဖော်ထုတ်သိသွားမှာလား ဆိုတာတွေကို ပေါ့ပေါ့ပါးပါး တလွဲတချော်ဟာသတွေနဲ့ပေါင်းစပ်ပြီးကြည့်ရှုရမယ့် family drama လေးပဲဖြစ်ပါတယ်။ ( အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Yadi ဖြစ်ပါတယ်) Genre.....Comdedy, Drama, Family Quality….WEB-DL 1080p and 720p File size…1.6GB, 822MB and 300MB Format…mp4 Duration….1h 49min Subtitle….Myanmar Subtitle (Hardsub) Translator .....Thwal Yadi Encoder ..... August

Action • Adventure • Thriller
6.7 2022 109 mins
The Invisible Thread
The Falls
6.7

ဒီတစ်ခါမှာလည်း Netflix ကတင်ဆက်ထားတဲ့ Psycho ဆန်ဆန် Chinese Drama လေးနဲ့မိတ်ဆက်ပေးပါရစေဗျာ။ ဇာတ်လမ်းအကျဉ်း ကိုဗစ်ကာလမှာ Broken Family တစ်ခုက မွေးဖွားပြီး မိခင်နဲ့နှစ်‌ေယာက်ထည်းအတူနေ နေတဲ့ ရှောင်ကျင့်ဆိုတဲ့ကောင်မလေးဟာ ဆယ်တန်းကျောင်းသူတစ်ယောက်ပါ။ လစာ လျော့ချခံရလို့ စိတ်ဖိအားများနေတဲ့မိခင်၊ ကူးစက်ရောဂါကြားမှာ ကျောင်းတက်နေရတဲ့ ရှောင်ကျင့်တို့ တစ်နေ့မှာတော့ ရှောင်ကျင့်ရဲ့အတန်းဖော်မှာ ကိုဗစ်တွေ့တာကြောင့် အိမ်ထဲမှာပဲ Quarantine ၀င်ရဖို့ ဖြစ်လာတဲ့အခါ ဘာတွေကြုံတွေရမှာလဲ။ ဘ၀မှာလဲကျတိုင်း လှဲနေလိုက်လို့မရတာကြောင့် ဘယ်လိုများကြိုးစားမလဲဆိုတာကိုတော့ Psycho Drama အပြင်ကိုမှ မထင်မှတ်တဲ့ဇာတ်သိမ်းလေးပါ ဖြည့်စွက်ပေးထားတာကြောင့် Drama ကြိုက်တတ်တဲ့သူတွေအတွက် အငြိမ့်ကြီးကြည့်ရမယ့်ကားကောင်းတစ်ကားပါပဲလို့ ညွှန်းဆိုလိုက်ပါတယ်ခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Lwin Htoo Aung မှရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများကတော့ Lwin Htoo Aung, SST တို့ဖြစ်ပါတယ်) File Size - (1.43 GB) /(694.2 MB) / (432.39 MB) Quality – WebRip 1080p / 720p/480p Duration - 2h 09 mins Subtitle – Myanmar Hardsub Format – MP4 Genre : Horror, Thriller Translator – Lwin Htoo Aung, SST Encoder – SWM

Action • Fantasy • Horror • Thriller
6.7 2021 129 mins
The Falls
Married by Mistake
5.9

Married by Mistake (2023) IMDb - 5.8 ပူပူနွေးနွေး MBAဘွဲ့ရထားတဲ့ ရိုင်လီတစ်ယောက် ငယ်ငယ်တည်းက မျှော်မှန်းခဲ့ရာအလုပ်ကို လက်မတင်လေး ဆုံးရှုံးလိုက်ရပါတယ်။ စိတ်ညစ်ညစ်နဲ့ နိတ်လို့ခေါ်တဲ့ ကျောင်းနေဖက်သူငယ်ချင်းနဲ့အတူ မူးကွဲနေအောင်သောက်မိရာက မနက်လင်းတော့ ဘုရားတရပါပြီ။ ဝတ်လစ်စလစ်နဲ့ တစ်ကုတင်တည်းအတူ တက်အိပ်နေကြတဲ့အဖြစ်ကို တွေ့‌လိုက်ရတာပါ။ လက်သန်းကြွယ်မှာလည်း လက်စွပ်ကိုယ်စီနဲ့ပါပဲ။ ဆိုတော့ မည်သို့မည်ပုံဖြစ်သွားသည် မသိသော်ငြားလည်း နိတ်နဲ့ ခေါင်းချင်းရိုက်တိုင်ပင်ကြတော့ အကြံတစ်ခုထွက်လာပါတယ်။ စီးပွားရေးဘွဲ့လက်မှတ်ကြီးကိုင်ပြီး အလုပ်မရှိလို့ အနာဂတ်ပျောက်နေတဲ့ ရိုင်လီကတစ်ဖက်၊ မိသားစုစီးပွားရေးလုပ်ငန်းမှာ အရှုံးပေါပြီး ဒေဝါလီခံရလုနီးနီးဖြစ်နေတဲ့ နိတ်ကတစ်ဖက်မို့ နှစ်ဦးနှစ်ဖက် အကျိုးမယုတ်အောင် လက်ထပ်လျက်သား ဆက်နေပြီး နိတ်တို့စီးပွားရေးလုပ်ငန်းကိုပဲ ကူညီလုပ်ကိုင်ပေးဖို့ ဆုံးဖြတ်လိုက်ရပါတယ်။ Romanceနဲ့ Comedy ပေါင်းထားပြီး ခေတ်ဆန်တဲ့ စကားအသုံးအနှုန်းတွေ ပါတာကြောင့် ဇာတ်လေးကြီးတွေ ကြည့်ရတာ ငြီးငွေ့လာသူတွေအဖို့ စိတ်ပြေလက်ပျောက် ပေါ့ပေါ့ပါးပါးကြည့်သင့်တဲ့ ဇာတ်လမ်းမျိုးပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hugo ပဲဖြစ်ပါတယ်။ Genre..... Comedy, Drama, Romance Quality…. 1080p | 720p | 480p File size… 1.6GB | 642MB | 305MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hugo Encoder ..... August

Drama • Romance
5.9 2023 88 mins
Married by Mistake
Night School
6.2

၀၁၉ နှစ်သစ်အချိန်အခါသမယလေးမှာ မျှော်လင့်ချက်အသစ်တွေယူဆောင်လာပေးမယ့် ပျော်ရွှင်စရာ ရယ်မောစရာ ဇာတ်ကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်… Kevin Hart , Tiffany Haddish စတဲ့ နာမည်ကြီး ဟာသသရုပ်ဆောင်တွေပါဝင်တဲ့အတွက် ပျော်ရွှင်ရယ်မောရမယ်ဆိုတာကိုတော့ ကြိုပြောထားချင်ပါတယ်။…. တက်ဒီ ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ စာမကြိုးစားချင်ဘဲ အထက်တန်းကျောင်းကထွက်လာတဲ့ လူတစ်ယောက်ဖြစ်ပြီး အပြင်လောကကြီးကို စာသင်ကျောင်းသဖွယ်မှတ်ယူထားသူပေါ့… အထက်တန်းကျောင်းကနေထွက်ပြီး ၁၅ နှစ်ကြာတဲ့အချိန်မှာ အောင်မြင်တဲ့အရောင်းသမားတစ်ဦးအဖြစ်ရှိနေစဉ်ကာလမှာ သူအလုပ်လုပ်ရာဆိုင်မှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပြီး အလုပ်ကနေပြုတ်ခဲ့ပါတယ်… အထက်တန်းလွှာက အင်ဂျင်နီယာတစ်ယောက်ကို ရည်းစားတော်ထားတဲ့ တက်ဒီဟာ သူ့ရည်းစားစိတ်မပျက်ရလေအောင် အလုပ်ရှာဖို့ကြိုးစားပါသော်လည်း အထက်တန်းမအောင်တဲ့သူ့အတွက် လစာကောင်းတဲ့အလုပ်တွေ မရနိုင်လို့ အထက်တန်းအောင်လက်မှတ်ရဖို့ ဘယ်လိုတွေကြိုးစားအားထုတ်ခဲ့တယ်ဆိုတာ မြင်တွေ့ရမှာပါ..။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ) File Size : (900 MB) and (400 MB) Quality : WEB-DL 720p Running Time : 1h 51min Format : Mp4 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.DD5.1.H264-CMRG Translated by Zuel Khant Thwin Encoded by Thanhtike Zaw

History • Romance • War
6.2 2018 111 mins
Night School
[18+] Hotel Iris
5.4

Hotel Iris (2021) အိုဆာကာ အာရှရုပ်ရှင်ပွဲတော်မှာ ပြသခဲ့တဲ့ ဟိုတယ် အိုင်းရစ်လို့ခေါ်တဲ့ Hiroshi Okuhara ရဲ့ ရုပ်ရှင်အသစ်ဟာ တော်တော်ကို ဆန်းဆန်းပြားပြားနဲ့ Adult ကားဆန်ဆန် သရုပ်ဖော်ထားတဲ့ ရုပ်ရှင်ပါပဲ။ Mystery ကားတစ်ကားရဲ့ လျှို့ဝှက်မှုတွေ အသားစိုင်တွေကို ပေါင်းစပ်ပြီး ပုံဖော်ထားတယ်လို့ ပြောလည်းမမှားပါဘူး။ ဒီကားက တစ်နေ့ကတင် ကျွန်တော်ကြည့်ခဲ့တဲ့ A Quiet Family လို့ခေါ်တဲ့ ရယ်လည်းမရယ်ရ ဘာပြလို့ပြချင်မှန်းမသိတဲ့ ကိုရီးယားကားနဲ့တောင် ခပ်ဆင်ဆင်ပါပဲ။ သို့ပေမဲ့ ဒီကားကတော့ သူ့ဘာသာ Mystery လိုင်းကို အပြည့်အဝသွားထားတဲ့၊ အများကြီးပိုကောင်းတဲ့ကားပါ။ သရုပ်ဆောင်တွေကလည်း တော်တော်လေး မိုက်တယ်လို့ပြောလို့ရပါတယ်။ ကားကောင်းသိပ်မရှိတဲ့ ဂျပန်ကထုတ်တဲ့ကားအနေနဲ့ဆို တော်တော်ကောင်းတဲ့ ရှားပါးကားလေးပါပဲ။ ဒီလို လျှို့ဝှက်ဆန်းကြယ်ပြီး အသားစိုင်တွေရဲ့ လှပခြင်းနဲ့ ဝင်းဝါတောက်ပနေတဲ့ကားမျိုးကို တစ်ကိုယ်ရေအနေနဲ့ပဲ ကြည့်ကြစေချင်ပါတယ်။ သိကြမယ်မို့လား… ဒီကားဟာ ကိုယ်မြင်ချင်ပေမဲ့ ကိုယ်မြင်ချင်တာ သူများမမြင်စေချင်တဲ့ အရာမျိုးတွေနဲ့ တည်ဆောက်ထားတဲ့ ရုပ်ရှင်ပဲလေ။ (ဒီဇာတ်ကားနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.82GB, 740MB Quality – 1080p, 720p IMDb Rating – 5.4/10 Format – mp4 Duration – 1H 40Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by “___“ Encoded by Y

5.4 2021
[18+] Hotel Iris
Goodbye I
6

CM Chinese Fanလေးတွေအတွက် ဆန်းဆန်းပြားပြားခမ်းနားကြီးကျယ်တဲ့ အသုဘတစ်ခုဖြစ်လာအောင်စီမံတဲ့ဇာတ်ကားလေးတစ်ပုဒ်တင်ဆက်ပေးလိုက်ပါတယ်။ ဖန့်တမင်ပိုင်ဟာတုံးပေမှာအဖြူရောင်လုပ်ငန်း(သုဘရာဇာလုပ်ငန်း) လုပ်ငန်းလုပ်ကိုင်တဲ့သူတစ်ယောက်ဖြစ်တယ်။ သူများနဲ့မတူတာက ထောင်ကထွက်လာတဲ့သူတွေကိုအလုပ်အကိုင်ပေးလက်ခံပေးခဲ့တယ်။ တစ်နေ့မှာတော့ နျိုရင့်လန်ဆိုတဲ့လူတစ်ယောက်ရောက်ချလာပြီး အသုဘတစ်ခုအတွက် ယွမ်သိန်း၃၀သုံးမယ်လို့ဆိုပါတယ်။ ဖန့်တမင်ပိုင်တို့အဖွဲ့ကအရမ်းကိုအံ့ဩခဲ့ရတာပေါ့….. ဒီလိုနဲ့အသုဘအခမ်းအနားပြင်ဆင်နေတဲ့အချိန်မှာ ကျောက်တမင်ပိုင်နဲ့နျိုရင့်လန်က သူတို့နှစ်ယောက်ကြားက ရေစက်ဟာဒီလောက်ပဲမဟုတ်ဘူးဆိုတာသိလိုက်ရတယ်…… သူတို့နှစ်ယောက်ကြားမှာရောဘယ်လိုဆက်စပ်မှုတွေရှိနေသေးလဲ…… ယွမ်သိန်း၃၀တန်အသုဘအခမ်းအနားကြီးဟာဘယ်လိုဖြစ်လာမလဲ…… ဒီဇာတ်ကားလေးရဲ့အတွဲ ၂ ကြည့်မယ်ဆိုရင် အောက်ကလင့်မှာဝင်ကြည့်ပါ Goodbye 2 ( 2023 ) – Channel Myanmar

6 2022
Goodbye I
Cascade
4.9

Cascade (2023) ============ Honest review ပေးရရင် Survival movies တွေကို စွဲလမ်းကြတဲ့ သူတွေတဲ့အတွက် ကြည့်သင့်တဲ့ကားမျိုးထဲမှာ ပါတယ်ဗျ။ အရမ်းကြီး သွေးပျက်စရာကောင်းလောက်တဲ့ထိ မဟုတ်ပေမဲ့ ငြိမ့်ငြိမ့်လေးနဲ့ ဆွဲ ခေါ်သွားမဲ့ဇာတ်လမ်းမျိုးပါ။ ဒါပေမဲ့ လျှော့တွက်လိုက်လို့တော့ မရဘူးပေါ့။ ဘယ်နေရာမှာမဆို တစ်ဇွတ်ထိုးလုပ်တတ်တဲ့ ဗင့်စ်၊ ဗင့်စ် လုပ်သမျှ အကုန်လိုက်အားပေးတတ်တဲ့ချစ်သူ အမ်မလီ၊ ကြောက်တတ်ပြီး ဘဝကို ရိုးရိုးလေးပဲ နေချင်တဲ့ ဂျက်ဆီ၊ လူမိုက်ခေါင်းဆောင်ရဲ့ သမီးတစ်ဖြစ်လဲ ဂျက်ဆီရဲ့ ချစ်သူဖြစ်သူ အဲလက်စ်။ ဒီဆယ်ကျော်သက်သူငယ်ချင်းလေးယောက် နာမည်ကျော်ရေတံခွန် တစ်ခုဆီ တောင်တက်ခရီးနှင်ခဲ့ကြပါတယ်။ ဒီလိုနဲ့ ရေတံခွန်ဆီကို ရောက်တဲ့အချိန်မှာပဲ ဗင့်စ်တစ်ယောက် ရုတ်တရက် တောင်ပေါ်က နေ ခုန်ချသွားခဲ့တယ်။ ဗင့်စ်ကို ရှာဖို့အတွက် ကျန်တဲ့သုံးယောက်က အပြေးဆင်းခဲ့ကြချိန်မှာတော့ အလောင်းတစ်လောင်းနဲ့ မူးယစ်ဆေးတွေ အပြည့်တင်ထားတဲ့ ပျက်ကျနေတဲ့ လေယာဉ်တစ်စီးကိုပါ တွေ့လိုက် ရပါတယ်။ အဲဒီအချိန်မှာ မူးယစ်ဂိုဏ်းတစ်ခုက ဂိုဏ်းသားတွေ ရောက် လာပြီး အားလုံးကို လိုက်သတ်ဖို့ ကြံစည်ကြချိန်မှာတော့ Survival movie တစ်ပုဒ် စတင်လာပါတော့တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size……….(1.22 GB) / (585 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 35Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….May Thet Khine Soe Encoder……….SWM

Thriller
4.9 2023
Cascade
Cape Fear
7.3

သေသောသူကြာလျှင်မေ့ဆိုသလို ဟိုးအရင်တုန်းကတကယ်ကောင်းခဲ့တဲ့ ဇာတ်ကားဟောင်းလေးတွေကို အခုအချိန်မှာမေ့နေကြလောက်မှာပါ။ အဲ့ဒါကြောင့်မလို့ သည်းထိတ်ရင်ဖိုကြိုက်တဲ့လူတွေအတွက် 1991 ခုနှစ်က ထွက်ရှိခဲ့တဲ့ Cape Fear ဆိုတဲ့ ဇာတ်ကားဟောင်းလေးတစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ IMDb Rating 7.3 ရရှိထားပြီး သူ့ခေတ်သူ့အခါကအတိုင်းအတာနဲ့ဆိုရင် တော်တော်အောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ်ကားလို့ပြောရပါမယ်။ တရားဥပဒေလောကမှာ တကယ်တမ်းတရားမျှတမှုကိုရရှိနိုင်ဖို့အတွက် ဥပဒေဘောင်အပြင်က လုပ်လိုက်ရတဲ့အခိုက်အတန့်တွေရှိကြပါတယ်။ ဒီကားထဲက ဆမ်ဘိုဒန်ဆိုတဲ့ရှေ့နေတစ်ယောက်ကလည်း သူ့ရဲ့အမှုသည် အတွက် တရားမျှတမှုစစ်စစ်ကိုရရှိနိုင်အောင် အချက်အလက်ထိမ်ချန်ပြီး ဥပဒေဘောင်အပြင်ကနေ လုပ်ခဲ့ပါတော့တယ်။သူ့အမှုသည်ကတော့ မုဒိမ်းမှု ကိုယ်ထိလက်ရောက် ရိုက်နှက်မှုတို့နဲ့ တရားစွဲခံခဲ့ရတာဖြစ်ပြီး အမှုကနေ လွတ်အောင်လုပ်ပေးချင်ရင် လုပ်ပေးလို့ရတယ်ဆိုပေမဲ့ ရက်စက်လွန်းတဲ့ အမှုသည်အတွက် မထိုက်တန်ဘူးလို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ဒီလိုနဲ့ အဲ့ဒီ အမှုသည်ဖြစ်တဲ့ကေဒီက ၁၄ နှစ်အကြာမှာတော့ ထောင်ထဲကနေလွတ်လာ ပါတော့တယ်။ထောင်ထဲက လွတ်လာတာနဲ့ရှေ့နေဆမ်ဆီကို လက်စားချေဖို့ ပြန်လာခဲ့ပါတော့တယ်။ဒါပေမယ့် သူ့ရဲ့လက်စားချေပုံက သတ်ဖြတ်တာမျိုး မဟုတ်ဘဲ တဖြည်းဖြည်းနဲ့ ဆမ်ရဲ့မိသားစုကို လုံးပါးပါးအောင်ဉာဏ်သုံးပြီး လက်စားချေနေတာပဲဖြစ်ပါတယ်။ဒီတော့ ဆမ်တစ်ယောက် ကိုယ်လုပ်ခဲ့တဲ့ အတိတ်က ကိုယ့်နောက်ကိုပြန်လိုက်လာတဲ့ အချိန်မှာတော့ ဘာတွေဘယ်လို လုပ်ပြီး ဖြေရှင်းမလဲ။ကေဒီကရောဘယ်လိုနည်းလမ်းတွေသုံးပြီး သူတို့မိသားစု အပေါ်မှာ လက်စားချေမလဲဆိုတာကိုကြည့်ရမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ File size… 2.05 GB / 988 MB Quality… Blu-Ray 1080p / 720p Format…mp4 Duration….2h 8m Genre ….. Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

7.3 1991
Cape Fear
Sevappi
6.7

Sevappi (2024) ငါ့ကြက်မဥ ငါ့ဥ IMDb _6.7/10 ဆွံ့ပျံ့ကြည်နူးဖွယ်ကောင်းတဲ့ မိသားစုသံယောဇဉ်တွေနဲ့ ကလေးတယောက်ရဲ့မေတ္တာကို ပုံဖော်ထားတဲ့ တမီလ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ “ငါ့ခြံထဲမှာ ဥတဲ့ဥ ငါ့ကြက်မရဲ့ ဥ”ဆိုတဲ့ အရိုးရဲ့သီချင်းလေးလိုပဲ။ ဒီဇာတ်လမ်းလေးထဲမှာတော့ ငါ့ကြက်မရဲ့ဥကို ငါ့သမီးလေးအထင်နဲ့ ပြုစုစောင့်ရှောက်နေတဲ့ ကလေးငယ်လေးတစ်ယောက်ရဲ့ဇာတ်လမ်း။ ကိုယ့်ကိုယ်ကိုယ်ထက် တူတူမတွေကို ပိုပိုပြီးချစ်ကြတဲ့ ဦးလေးဖြစ်သူတွေရဲ့ဇာတ်လမ်း။ ကလေးတစ်ယောက် ဘယ်လိုမွေး။ အနမ်းတစ်ပွင့်ကနေ မွေးပါသတဲ့။ ဒါက သွားတူလာတူနေနေကြတဲ့ ကလေးနှစ်ယောက် ထိုင်ပြောနေတဲ့စကားတွေ။ ဒီကနေပဲ ဦးလေးဖြစ်သူပေးတဲ့ ကြက်မလေးကို ချစ်လွန်းလို့ နမ်းလိုက်မိရာကစ ဘော်ဒါဘော်ကျွတ်ပြောထားတဲ့ အနမ်းကြောင့် ရင်သွေးလေးရတယ်ဆိုတဲ့စကားကိုသတိရပြီး ကြက်မလေးကနေ သူ့ကလေးမွေးမယ်လို့ထင်ပါလေရော။ အဲဒါအပြင် ရွာပြင်မှာရှိတဲ့ ကျောက်တုံးအကြီးကြီးအောက်မှာက ရတနာသိုက်ရှိပါတယ်ဆိုတဲ့ ကောလဟာလလိုလို ဘာလိုလိုကလည်း ရှိပြန်ရော။ ဒီလိုအရှုပ်ထုတ်တွေကြားထဲမှာမှ ဘယ်လိုတွေစခန်းသွားကြမလဲဆိုတာ ပြုံးရွှင်စွာနဲ့ခံစားကြည့်ရှုကြပါဦးလို့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

6.7 2024 113 mins
Sevappi
His Secret Life (aka) The Ignorant Fairies
7.3

ဒီ​ရုပ်ရှင်​ကတော့ အီတလီ​စကားပြောရုပ်ရှင်ဖြစ်ပြီး ၂၀၀၁ ခုနှစ်​ကထွက်ရှိခဲ့ပါတယ်။ Family Drama အမျိုး​အစားဖြစ်ပြီး အီတလီ​နာမည်​က Le fate ignoranti ဖြစ်ပါတယ်။ ဒီ​ရုပ်ရှင်​ရဲ့ နောက်​ထပ်​ အင်္ဂလိပ် title က His Other Life ဖြစ်​ပါတယ်။ သိပ်​မကြာ​သေးခင်ကပဲ ဒီဇာတ်ကားကို Remake ပြန်​လည်ရိုက်ကူးခဲ့ပါသေးတယ်။ ဇာတ်လမ်း​အကျဥ်းကတော့ Antonia က ရောမမြို့ပြင်က ရပ်ကွက်​တစ်ခုမှာနေတဲ့ အထက်​တန်း​လွှာ​အမျိုး​သမီး​တစ်ဦး​ဖြစ်ပြီး​ Massimo ဆိုသူ​နဲ့ အိမ်​ထောင်​ကျတာ ၁၅ နှစ်ရှိပြီဖြစ်ပါတယ်။ ၁၅ နှစ်​လုံး​လုံး​ Massimo​ ရဲ့အရိပ်အောက်မှာပဲနေရင်း ခင်​ပွန်း​ဖြစ်သူလိုအပ်တာကို ဖြည့်ဆည်း​ပေးခဲ့တဲ့​ဇနီး​ကောင်းဖြစ်ပါတယ်။ Massimo ကလည်း သူ့အတွက်​ခင်ပွန်း​ကောင်းဖြစ်တဲ့အတွက် နှစ်ယောက်​အတူပျော်ရွှင်စွာ နေထိုင်​လာရာကနေ တစ်နေ့မှာ Massimo တစ်ယောက်​ ယာဥ်​မတော်တဆ​မှုနဲ့ ကွယ်လွန်​သွားခဲ့ပါတယ်။ ခင်​ပွန်း​ဖြစ်သူ​ကွယ်လွန်ပြီး သူ့ရုံးခန်းထဲက ပစ္စည်း​တွေကို အိမ်​ပြန်​ပို့​ရာကနေ အဲဒီ​ပစ္စည်း​တွေထဲမှာ ပန်း​ချီ​ကားတစ်ချပ်ပါလာပါတယ်။ ပန်းချီ​ကားနာမည်က The Ignorant Fairies ဖြစ်ပြီး ဒီပန်းချီကနေတဆင့် Massimo က အိမ်​ထောင်​ရေးဖောက်ပြန်နေတဲ့အပြင် သူနဲ့​ဖောက်ပြန်​နေတဲ့လူက အမျိုးသား​တစ်ဦးဖြစ်နေတာကိုသိလိုက်ရပါတော့တယ်။ ဇာတ်လမ်း​ဇာတ်​အိမ်​က ရိုး​ရှင်း​ပြီး Character-driven ဇာတ်လမ်း​မျိုး​ဖြစ်​တာနဲ့အညီ အချိန်​ယူပြီးကြည့်ရှုသင့်တဲ့ ရုပ်ရှင်​မျိုး​ဖြစ်​ပါတယ်။ Massimo ရဲ့ နောက်​ကြောင်း​ကိုစုံစမ်းရင်းနဲ့ Antonio တစ်ယောက်​ သူ့ခင်ပွန်းဖြစ်သူမှာ အမျိုးသား​ချစ်သူအပြင် နောက်ထပ်ဘဝတစ်ခုရှိနေတာကိုပါ သိလိုက်ရပြီး သူကိုယ်တိုင် အဲဒီကမ္ဘာထဲ တဖြည်းဖြည်း​ရောက်​ရှိသွားပြီး ကိုယ့်ရဲ့ဖြစ်တည်မှုကို ပြန်​လည်​ရှာဖွေ​တဲ့ theme မျိုးကို​ဖော်ညွှန်း​ထားပါတယ်။ ဥရောပ​ရုပ်ရှင်​တွေ​ကိုနှစ်သက်သူများဆိုရင် ၂၀၀၀ ခုနှစ်​ကျော်က ဒီရုပ်ရှင်လေးကိုကြည့်ရှုသင့်ပါတယ်။ စိတ်​အနှောက်​အယှက်​ဖြစ်​စရာ​ 18+ ဇာတ်​ဝင်​ခန်း​တွေမပါဝင်တဲ့အတွက်လည်း စိတ်​ချလက်ချကြည့်ရှုနိုင်ပါတယ်။ File size…(2.3GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim

Animation • Family • Comedy • Fantasy • Mystery
7.3 2001 106 mins
His Secret Life (aka) The Ignorant Fairies
The Eye
5.4

Horror ကားလည်း ကြည့်ချင်တယ် .. သိပ်ပြီးတော့လည်း မကြောက်ချင်ဘူး .. ဒါပေမယ့် ဇာတ်ကားကလည်း ကြည့်ရတာ စိတ်ဝင်တစားဖြစ်ချင်တယ်ဆိုရင်တော့ နာမည်ကြီး မင်းသမီး Jessica Alba သရုပ်ဆောင်ထားတဲ့ The Eye ဆိုတဲ့ ဇာတ်ကားကို ကြည့်ပါ။ ဒီဇာတ်ကားထဲမှာ ဆစ်ဒနီဝဲလ်ဆိုတဲ့ မျက်မမြင် ကောင်မလေးနေရာမှာ Jessica Alba က အထူး သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဆစ်ဒနီဝဲလ်က အသက်ငါးနှစ် အရွယ်တုန်းက မျက်စိကို ထိမှန်ပြီး ဗျောက်အိုးထိမှန်ပြီး မျက်စိကွယ်ခဲ့တဲ့သူ။ နောက် ဆယ့်ငါးနှစ် အကြာမှာ သူ့ရဲ့ မျက်စိကို မျက်ကြည်လွှာ အစားထိုးကုသခဲ့တယ်။ ဇာတ်လမ်းက ဒီမှာ စတာပါ။ မျက်စိက ကုသပြီးလို့ စစချင်း ဘာမှ သိပ်မမြင် ရသေးပေမယ့် ခက်တာက ကြောက်စရာကောင်းတဲ့ ပုံရိပ်တွေ .. မီးလောင်နေတာတွေ .. လူသေတွေ အဲဒါတွေကို သူ့အနေနဲ့ မြင်လာရတယ်။ သေမယ့် လူတွေကို ကြိုတင်ပြီး ပုံရိပ်တွေ မြင်နေရသလို ဖြစ်လာတယ် .. ဒီလိုတွေ မြင်လာရတာက ဘာကြောင့်လဲ? ဆစ်ဒနီအနေနဲ့ ဒါကို ဘယ်လိုမျိုး ကျော်ဖြတ်သွားမလဲ? ဆေးပညာနဲ့ ဒီကိစ္စက ဘယ်လိုမျိုး ဆက်သွယ်မှုတွေ ရှိနေသလဲ စတဲ့ စိတ်ဝင်စားစရာ အချက်တွေကို ဒီဇာတ်ကားထဲမှာ ဆက်လက်ပြီး ကြည့်ရှုသွားရမှာ ဖြစ်လို့ မလွှတ်တမ်း ကြည့်သင့်တဲ့ ဇာတ်ကားလေး တစ်ကားပါလို့ ပြောလိုက်ပါရစေ။ File size…1.6GB , 656MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 38m Genre …..Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW

5.4 2008 98 mins
The Eye
MAL·MO·E: The Secret Mission
6.9

MAL·MO·E: The Secret Mission (2019) *********************************** အရင်ဆုံး ဇာတ်ကားထဲက သရုပ်ဆောင်တွေအကြောင်းပြောရရင် ယောကျ်ားလေးပရိသတ်တွေ အရမ်းကြွေတဲ့ The Outlaws ထဲက ဆံရှည်ဘဲကြီးက အဓိကသရုပ်ဆောင်တစ်ဦးအနေနဲ့ပါဝင်ထားပါတယ် ဒီထဲမှာတော့ တာဝန်ယူမှုအပြည့်နဲ့ ထက်မြက်တဲ့ စာပေအဖွဲ့အစည်းကိုယ်စားလှယ်အဖြစ် မြင်တွေ့ရမှာပါ….. တခြားဇာတ်ဆောင်နဲ့ဇာတ်ပို့တွေကလည်း ကျရာဇာတ်ရုပ်ကိုပိုင်နိုင်တဲ့ ခပ်မိုက်မိုက် သရုပ်ဆောင်တွေဖြစ်တာမလို့ ဇာတ်ကောင်အတွက် နောက်ဆံတင်းစရာမလိုဘဲ စိတ်ချလက်ချကြည့်ရှုနိုင်ပါတယ်… ဇာတ်ကားနောက်ခံကတော့ ဂျပန်ကိုလိုနီခေတ်ကို အခြေတည်ပြီးရိုက်ထားတယ် ငါတို့အမိန့်အတိုင်းလိုက်နာရမယ် ဂျပန်ဘာသာစကားကိုပဲသုံးရမယ် မလုပ်ရင်ဖမ်းပြီးထောင်ချမယ် ဒီလိုကျွန်ပြုမှုတွေအောက်မှာ ကိုယ့်နိုင်ငံရဲ့ဘာသာစာပေမပျောက်ကွယ်ဖို့ နည်းမျိုးစုံနဲ့ကြိုးစားပုံကို ကွင်းကွင်းကွက်ကွက်မြင်အောင်ရိုက်ပြထားတယ် .. ဂျပန်ခေတ်ဖိနှိပ်ချုပ်ခြယ်မှုတွေအောက်မှာ ကိုယ့်နိုင်ငံရဲ့ စိတ်ဝိဉာဉ်မပျောက်ကွယ်အောင် တကယ်တမ်းလုပ်ဆောင်ကြတဲ့အခါ ဘယ်လောက်ထိခက်ခဲခဲ့တယ် .. ဘယ်လိုတွေပေးဆပ်ပြီး ဘာသာစာပေကို ဘယ်လိုပုံစံနဲ့ကာကွယ်ခဲ့ရတယ်ဆိုတာတွေ ရင်ထဲထိအောင် ကြည့်နေရင်းနားလည်ပေးနိုင်အောင် ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တာမလို့ လက်လွှတ်မခံသင့်ကြောင်းပြောချင်ပါတယ် (ကိုရီးယားလူမျိုးတွေ ဂျပန်ကိုလိုနီနဲ့ပတ်သတ်ရင် ဘာကြောင့်ဆတ်ဆတ်ထိမခံဖြစ်ရလဲ ဒီဇာတ်ကားထဲမှာ အသေအချာမြင်နိုင်ပါလိမ့်မယ် ) (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Phu Nge Nge Thein ပဲဖြစ်ပါတယ်…..) File size…1.77GB / 949MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 2 hr. 15 min. Genre ….. Historical, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Phu Nge Nge Thein Encoded by AHtet

Comedy • Adventure
6.9 2019
MAL·MO·E: The Secret Mission