YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

When Life Gives You Tangerines 2025 E01 1080p NF WEB-DL [RMC].mp4

870.12 MB N/A video/mp4 11 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Cases of Mystery Lane
6.2

ဒီ ‘The Cases of Mystery Lane’ ရုပ်ရှင်လေးကတော့ ၂၀၂၃ အစောပိုင်းမှာတင် ထွက်ရှိခဲ့တဲ့Crime/Thriller/Detective/Murder Mystery အမျိုးအစားပဲ ဖြစ်ပါတယ်။ မှုခင်းဇာတ်လမ်းဆိုပေမယ့်လည်းလေးလေးပင်ပင်ရှိမနေပဲ အားလပ်ချိန်တွေမှာ ပေါ့ပေါ့ပါးပါး ကြည့်လို့ကောင်းတဲ့ TV Movie အမျိုးအစားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ - Birdie နဲ့ Alden လင်မယားနှစ်ယောက်ဟာ လျှို့ဝှက်ချက်တွေ ကိုယ်စီရှိနေကြပြီး တစ်ယောက်ကိုတစ်ယောက် ပွင့်ပွင့်လင်းလင်းလည်းမရှိကြတဲ့ လင်မယားတွေ ဖြစ်ကြပါတယ်။ Birdie ကတော့ အလုပ်ရှင်အမေဖြစ်သူရဲ့ ဖိအားတွေအောက်မှာ အိမ်ခြံမြေရှေ့နေလုပ်ငန်း လုပ်နေသူဖြစ်ပါတယ်။Alden ကလည်း အလွတ်စုံထောက်ဖြစ်သင်တန်းကို မိန်းမဖြစ်သူမသိအောင် ခိုးတက်နေခဲ့ရာမှ လူသတ်မှုတစ်ခုထဲမှာ ပါဝင်ပတ်သက်မိခဲ့တဲ့အခါမှာတော့… မိန်းမဖြစ်သူ Birdie ကလည်း ထိုလူသတ်မှုနဲ့ မကင်းမရှင်း ဖြစ်နေခဲ့တဲ့အခါမှာရော… ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ပေါ့ပေါ့ပါးပါး စိတ်ဝင်တစား ကြည့်ရှုခံစားရအောင် တင်ဆက်ပေးထားတဲ့ဇာတ်လမ်းလေးလည်း ဖြစ်ပါတယ်။ File size…(1.5 GB)/(700 MB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:24:00 Genre...Drama, Mystery, Romance, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Keith M

Comedy • Romance
6.2 2023 84 mins
The Cases of Mystery Lane
Accident Man: Hitman's Holiday
6.5

2018 ခုနှစ်က ထွက်ရှိခဲ့တဲ့ Accident Man ရဲ့ ဒုတိယမြောက်ကားထွက်လာပါပြီ။ ပထမကားကို မမှတ်မိဘူး ဒါမှမဟုတ် မကြည့်ရသေးသူတွေဆိုရင်လဲ ဒီဒုတိယကားကိုကြည့်လို့ဖြစ်ပါတယ်။ အက်ဆီးဒန့်မန်းကတော့ သူကကြေးစားလူသတ်သမားကိုမှ သူ သတ်ရင် မတော်တဆသေသွားသလိုဒီဇိုင်းနဲ့ သတ်လို့ အဲဒီနာမည်ကိုရထားတာပါ။ ပထမကားမှာအက်ဆီးဒန့်မန်းက လန်ဒန်မှာတော်တော်မွှေခဲ့ပြီး ဒီကားမှာတော့ လန်ဒန်နဲ့ဝေးရာကိုသူအားလပ်ရက်ခရီးထွက်လာခဲ့ပါပြီ။ သူက အာရှ ဥရောပ မြောက်အမေရိကတို့အားလုံးနဲ့နီးတဲ့ မောလ်တာကျွန်းမှာအေးအေးဆေးဆေးအနားယူခြေရာဖျောက်ရင်း ကြေးစားအလုပ်အနည်းငယ်ကိုလဲလုပ်တယ်ပေါ့။ ဒါပေမဲ့ သူ့အတိတ်က လူတစ်ယောက် ရောက်လာပြီးနောက်မှာ မာဖီးရားဂိုဏ်းကဘွားတော်ကြီးရဲ့ခပ်ပေါပေါခပ်ချာချာသားကို ကာကွယ်ပေးဖို့ဖြစ်လာပါလေရော။ အတိတ်ကနေလွတ်ရာပြေးလာတဲ့ အက်ဆီးဒန့်မန်းတစ်ယောက် ကြေးစားကနေ ဘော်ဒီဂတ်ဖြစ်လာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာဒီကားမှာကြည့်ရမှာပါ။ Comedy action ဇာတ်ကားဖြစ်တာကြောင့် ထေ့လုံးငေါ့လုံး အဆဲစုံဒိုင်ယာလော့ခ်လေးတွေပါတာရယ် အက်ရှင်နဲ့ဇာတ်လမ်းကလဲ မဆိုးတာရယ်ကြောင့် ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ခုပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre..... Action, Comedy, Crime Quality…. 1080p | 720p | 480p File size… 1.36GB | 766MB | 418MB Format… mp4 Duration…. 1h 36min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... August

Comedy • Crime • Drama • Thriller
6.5 2022 96 mins
Accident Man: Hitman's Holiday
One More Chance
5.4

ဟောင်ကောင် မင်းသားကြီး Chow Yun-fatရဲ့2023မှာ နောက်ဆုံးထွက်ထားတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် တစ်နေကုန် လောင်းကစားဝိုင်းမှာပဲ အချိန်ဖြုန်းလေ့ရှိပြီး အကြွေးပတ်လည်ဝိုင်းနေတဲ့ အားဟွေးဆီကို တစ်နေ့မှာတော့ သူ့ရည်းစားဟောင်းဖြစ်သူ လီရှီးဟာ သားဖြစ်သူ လီရန်ကို ခေါ်ပြီးရောက်လာခဲ့ပါတယ်။ အားဟွေးဟာ လီရန်ရဲ့ ဖခင်အရင်းဖြစ်ကြောင်း၊ လီရန်ကို တစ်လခေါ်ထားပြီး စောင့်ရှောက်ပေးထားဖို့နဲ့ တစ်လပြည့်ရင် ပြန်လာခေါ်မှာဖြစ်ကြောင်း၊ စောင့်ရှောက်စရိတ်အတွက် ဟောင်ကောင်ဒေါ်လာ တစ်သိန်းပေးမှာဖြစ်ကြောင်း လီရှီးက ပြောပြတဲ့အခါမှာတော့ အားဟွေးဟာ အကြွေးဆပ်ဖို့ ငွေလိုနေတာဖြစ်လို့ လီရန်ကို လက်ခံထားခဲ့ပါတယ်။ ဒီလိုနဲ့ လီရန်နဲ့ ပြောဆိုဆက်ဆံကြည့်တဲ့အခါ လီရန်ဟာ သာမန်ကလေးတစ်ယောက်မဟုတ်ဘဲ အော်တစ်ဇင်ကလေးတစ်ယောက်ဖြစ်ပြီး အထူးလိုအပ်ချက်တွေလည်း ရှိတာကြောင့် ပြုစုပျိုးထောင်ရာမှာ အခက်အခဲရှိကြောင်း သိသွားခဲ့ပါတယ် တစ်လပြည့်လို့ ချိန်းဆိုထားတဲ့နေ့မှာ လီရှီးပေါ်မလာတဲ့အခါကျမှ အားဟွေးတစ်ယောက် လီရှီးက လီရန်ကို သူ့ဆီမှာ ဘာဖြစ်လို့အပ်ခဲ့လဲဆိုတာ သဘောပေါက်သွားခဲ့ပါတယ် ဒီတော့ လီရှီးက ဘာဖြစ်လို့ သားဖြစ်သူကို အားဟွေးဆီမှာထားခဲ့ပြီး ပေါ်မလာတာလဲ အော်တစ်ဇင်သားလေးနဲ့ အားဟွေးတစ်ယောက် ဘဝကို ဘယ်လိုဆက်ပြီး ဖြတ်သန်းမှာလဲ ဒီအတိုင်းပဲ လောင်းကစားအလုပ်ကို စွဲလမ်းနေပြီး ဘဝကို ဖြစ်သလိုဖြတ်သန်းနေဦးမှာလားဆိုတာ...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Family , Drama Runtime : 1h 54 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Mee Mee Encoded by LK

Drama
5.4 2023 114 mins
One More Chance
The Kissing Booth 2
7.7

လာပါပြီ အကုန်လုံး​စောင့်​မျှော်​နေကြတဲ့ Kissing Booth 2 ..... အခု 2 မှာ​တော့ မင်းသမီးအယ်ဗန်စ်နဲ့သူ့​ဘော်ဒါလီတို့ ဖိုင်နယ်​ကျောင်းသား​တွေဖြစ်သွားကြပါပြီ မင်းသားနိုအာကလည်း ​​ကျောင်းဆက်တက်ဖို့အတွက် ​ ဘော်စတွန်ကိုထွက်သွားရပါတယ် လီမှာကလည်း ​ရေချယ်ဆိုတဲ့ကောင်မ​လေး နဲ့ ချစ်သူ​တွေဖြစ်​နေကြပါတယ် မင်းသမီးအ​နေနဲ့နိုအာ့ကိုလွမ်း​နေတုန်း နိုအာက​တော့ ​ဘော်စတွန်မှာသူငယ်ချင်း​ ကောင်မ​လေးအသစ်ရသွားပါတယ် မင်းသမီးကလည်း ​နောက်ထပ် ​ စော်ကြည်ဘဲကောင်​လေးတစ်​ယောက်နဲ့သူငယ်ချင်းဖြစ်သွားပါတယ် အမြဲတပူးပူးတတွဲတွဲဖြစ်​နေကြ မင်းသမီးနဲ့လီတို့သူငယ်ချင်းနှစ်​ယောက်ကြားမှာ ​ ရေချယ်​ရောက်လာ​တော့ဘယ်လိုပြဿနာ​တွေဖြစ်လာမလဲ မင်းသမီးနဲ့နိုအာကြားက အချစ်​ရေးက​ကော ပျက်စီးသွားမလား ပိုပြီးခိုင်မာလာမှာလားဆိုတာ ဆက်ပြီးကြည့်ရှုပါဦးလို့..... File Size -  1.8 gb Quality - web-dl 1080p Subtitle -  burmese Translator - Augsut , Pyae Shan Tun Wai , YK , Dolly Encoder - Thit San Khant

Comedy • Family
7.7 2020 132 mins
The Kissing Booth 2
Eat Drink Man Woman
7.8

Eat Drink Man Woman (1994) ~ IMDb – 7.8/10, Rotten Tomatoes – 88% ~ Directed by “ Ang Lee ” ” Taiwanese Cinema “ ပြည်မ၊ ဟောင်ကောင်၊ ထိုင်ဝမ် တရုတ်သုံးခြမ်းက ရုပ်ရှင်တွေထဲ ကျွန်တော်တို့ဆီ လူကြည့်အနည်းဆုံးက ထိုင်ဝမ်ပဲဖြစ်မယ်လို့ထင်ပါတယ်။ ဘာလို့ဆို ပြည်မက ခုနောက်ပိုင်း သိုင်းကားတွေ လော်ဘီကားတွေ ဘတ်ဂျက်ကောင်းကောင်းနဲ့ လှိုင်လှိုင်ထုတ်နေသလို ကောင်းသည်မကောင်းသည်က တကဏ္ဍထား၊ ကြည့်တဲ့ပရိသတ်အင်အားကတော့ မနည်းပါဘူး။ ကြည့်ပြီးမှသာ ဆဲချင်ဆဲပါလိမ့်မယ်။ ဟောင်ကောင်ကတော့ သူ့ရွှေခေတ်တုန်းက Mainstream ဆန်ဆန်လိုင်းမှာ John Woo, Johnnie To, Andrew Lau, Tsui Hark, Ringo Lam, Gordon Chan, ချောင်ကားတွေရဲ့ ဒါရိုက်တာတွေဖြစ်တဲ့ Jeffrey Lau တို့၊ Wong Jing တို့နဲ့ တော်တော်ပေါက်ရောက်ခဲ့သလို ကျွန်တော်တို့အားလုံးလည်း ငယ်ငယ်ကတည်းက ဟောင်ကောင်ကားတွေနဲ့ပဲ ကြီးလာကြတာမို့လား။ နှစ်ခုလုံးမှာလည်း Art Film သမားတွေ ရှိပေမဲ့ အခုက အများစုနဲ့ ရင်းနှီးခြင်းမရင်းနှီးခြင်းအကြောင်းကိုပြောနေတာဆိုတော့ သူတို့ကို ခဏတော့ဖယ်ထားလိုက်ပါမယ်။ ထိုင်ဝမ်ကားတွေက ကျွန်တော်တို့အကြည့်အနည်းဆုံးထဲပါပါလိမ့်မယ်။ ဒါပေမဲ့ သိပ်မသိခဲ့ရင်တောင် ကျွန်တော်တို့အရင်ခေတ်မှာတော့ ကင်းဟူရဲ့ ထိုင်ဝမ် သိုင်းကားတွေ Wuxia ကားတွေက ပေါက်ခဲ့တယ်ပြောရမယ်။ ဒီနေ့ထိ King Hu ကို မသိတဲ့လူမရှိသလို သူ့ထိုင်ဝမ်ကား Dragon Gate Inn ဟာလည်း ဒီနေ့ထက်ထိ ဂန္တဝင်ကားဖြစ်နေတုန်းပါပဲ။ဒါပေမဲ့ ကင်းဟူဟာ ဒီမတိုင်ခင်က ရှောဘရားသားနဲ့ နာမည်ကျော်ကားတွေအများကြီးရိုက်ခဲ့ပြီး ၁၉၆၆မှ ရှောဘရားသားက ထွက်ပြီး ထိုင်ဝမ်မှာ သွားရိုက်ခဲ့တာဆိုတော့ သူ့ကို ထိုင်ဝမ်ဒါရိုက်တာစစ်စစ်လို့ ပြောလို့မရပေမဲ့ ထိုင်ဝမ်စီနီမာအပေါ်ကျေးဇူးကြီးခဲ့တဲ့သူပါပဲ။ အန်းလီရဲ့ အော်စကာတွေရထားတဲ့ Crouching Tiger, Hidden Dragon ဆိုလည်း ကင်းဟူရဲ့ ထိုင်ဝမ်မှာ ပထမဆုံးရိုက်ခဲ့တဲ့ မာစတာပိစ်ကား Dragon Inn ကနေ Inspiration ရထားတဲ့ ရုပ်ရှင်ပါပဲ။ Tsai Ming-liang ဆိုလည်း Goodbye, Dragon Inn ဆိုပြီး Dragon Inn ကားပြတဲ့ရုံတစ်ရုံနဲ့ ကြည့်တဲ့လူတွေအကြောင်းသက်သက်နဲ့ကို ဇာတ်ကားကောင်းတစ်ကားရိုက်ထားခဲ့တာပါပဲ။ New Taiwanese Cinema ခေါ် ထိုင်ဝမ် New Wave ခေတ်မှာတော့ Edward Yang နဲ့ Te-Chen Tao တို့နဲ့အတူ In Our Time (1982) နဲ့ ထိုင်ဝမ်စီနီမာလှိုင်းသစ်စခဲ့ပြီး Hou Hsiao-Hsien ကလည်း 83မှာ A Summer at Grandpa တို့လိုကားမျိုးတွေ ရိုက်ခဲ့ပါတယ်။ အတ်ဒဝတ်ယန်းလည်း နောက်ပိုင်းဆက်တိုက်ရိုက်ပါတယ်။ A City of Sadness နဲ့ A Brighter Summer Day တို့ကတော့ သူတို့ရဲ့အကျော်ကြားဆုံးကားတွေ ဖြစ်ပါလိမ့်မယ်။ တခြား ဒါရိုက်တာတစ်ချို့လည်းရှိသေးပေမဲ့ သူတို့ကတော့နာမည်အကျော်ဆုံးတွေပါပဲ။ Second New Wave မှာတော့ Tsai Ming-liang တို့ Ang Lee တို့ ရဲ့ကားတွေကလည်း ကိန်းတို့ဘာတို့ထိ ပေါက်ရောက်ခဲ့သလို အော်စကာဆန်ခါတင်တွေလည်းဖြစ်ခဲ့ပါတယ်။ အန်းလီကတော့ ဟောလိဝုဒ်ကားတွေပဲ အရိုက်များသွားပါတယ်။ Mainstream မဆန်နေတဲ့ သူတို့ရိုက်တဲ့ပုံစံတွေကြောင့်လားတော့မသိ အဲဒီကာလတွေမှာ ဟောလိဝုဒ်ဘလော့ဘတ်စတာကားတွေကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ဘဲ ထိုင်ဝမ်ကားတွေဟာ တော်တော်တိုင်ပတ်ခဲ့ပေမဲ့ ၂၀၁၀နှောင်းပိုင်းမှာတော့ ပေါက်ကားတစ်ချို့နဲ့အတူ မျှော်လင့်ချက်ပြန်ရှိလာခဲ့တယ်ပြောကြပါတယ်။ သူ့ပြည်မှာတောင် သူ့ဘာသာပရိသတ်နည်းနေတဲ့ ထိုင်ဝမ်ကားတွေက ဒီမှာလည်း ပရိသတ်နည်းတာ အံ့ဩစရာတော့မရှိပါဘူး။ ဒါပေမဲ့ ထိုင်ဝမ်နယူးဝေ့တွေကို စခဲ့တဲ့ အကျော်အမော်ဒါရိုက်တာတွေထဲက ထင်ရှားတဲ့လူတွေရဲ့ကားတွေကို ကျွန်တော်ကြည့်ဖူးသလောက်ကတော့ အကုန်လုံး အနပညာအရအဆင့်မြင့်တဲ့ကားတွေများပါတယ်။ ကြည့်စမရှိရင် ပျင်းဖို့တော့နည်းနည်းကောင်းနေမှာဖြစ်လို့လည်း လူကြည့်သိပ်မများခဲ့တာပဲနေပါမယ်။ Channel Myanmar မှာတော့ Yang ၃ကား၊ Hou ၅ကားလောက်၊ Tsai Ming-liang ၅ကားလောက်နဲ့ Ang Lee ကားတော်တော်များများရှိပါတယ်။ ဒါပေမဲ့ အန်းလီဟာ အင်တာမှာ ပေါက်ရောက်နှုန်းနဲ့ ဆုရနှုန်းအရတော့ ဒီအုပ်ထဲက အပေါက်မြောက်ဆုံးလူလို့ပြောရပါမယ်။ ကျွန်တော်တို့ဆီမှာ သူ့ဟောလိဝုဒ်ကားအကုန်နီးပါးရှိပြီး တရုတ်ကားထဲကတော့ ၅ကားထဲက ၂ကားရှိပါမယ်။ ဒီတစ်ကားနဲ့ဆို ၃ကားပေါ့။ အန်းလီအကြောင်းနဲ့ သူ့ပထမဆုံး ရုပ်ရှင်၃ကားဖြစ်တဲ့ ” Father Knows Best Trilogy ” အကြောင်းကိုတော့ အောက်မှာ ဆက်ဖတ်နိုင်ပါတယ်။ ~~~~~~~~~~~~~~ ” Ang Lee “ အန်းလီဟာ ထိုင်ဝမ် Second New Wave Cinema ဒါရိုက်တာတွေထဲ နာမည်အကျော်ဆုံးလို့ ပြောလည်းရပါတယ်။ ” Father Knows Best ” Trilogy နဲ့ Second Wave မှာ ဒါရိုက်တာဘဝအစပြုခဲ့ပြီး ဒီသုံးကားလုံးဟာ ထိုင်ဝမ်ပြည်တွင်းတင်မက နိုင်ငံတကာမှာပါ အနုပညာအရရော အောင်မြင်ခဲ့သလို သူ့ပထမဆုံးသုံးကားဖြစ်တဲ့ ဒီ Trilogy ဟာ သူ့အတွက်မှတ်ကျောက်ကောင်းကောင်းတင်နိုင်ခဲ့တဲ့ကားတွေလည်း ဖြစ်ခဲ့ပါတယ်။ ဒီသုံးကားရိုက်ပြီးနောက်မှာတင် သူ Sense and Sensibility (1995) ကို Emma Thompson တို့ Kate Winslet တို့ Hugh Grant တို့နဲ့ ရိုက်နိုင်နေပါပြီ။ သူ့ပထမဆုံး ဟောလိဝုဒ်ကားမှာတင် Oscar မှာ Emma Thompson က Best Writing ဆုရခဲ့ပါတယ်။ Golden Globe Award for Best Motion Picture – Drama ဆုလည်း ရခဲ့ပါတယ်။ နောက် ၉၇နဲ့ ၉၉မှာ တိုဘီမက်ဂွိုင်းယားနဲ့အတူ The Ice Storm နဲ့ Ride with the Devil ဆက်ရိုက်ပါတယ်။ နှစ်ကားလုံးအလိုက်အထိုက် အောင်မြင်ခဲ့တယ်။ ၂၀၀၀မှာတော့ သူ့ရဲ့နာမည်အကြီးဆုံး တရုတ်အခြေစိုက်ကားလို့ ပြောရမယ့် Crouching Tiger, Hidden Dragon ကို ရိုက်ခဲ့ပါတယ်။ ထိုင်ဝမ်တရုတ်ကားပေမဲ့လည်း Best Picture အပါအဝင် အော်စကာ၁၀ခု ဆန်ခါတင်ဝင်ခဲ့ပြီး Best Cinematography, Best Music , Best Art Direction နဲ့ Best Foreign Language Film လေးဆုရခဲ့ပါတယ်။ အဲဒီနောက် Hulk (2003) ရိုက်ပါတယ်။ ဒါတော့မျက်နှာပျက်ချင်စရာကောင်းပေမဲ့ နောက်တစ်ကားမှာ မာစတာပိစ် ထပ်ထုတ်လိုက်ပါတယ်။ Brokeback Mountain (2005) ပါ။ ထိတ်ထိတ်ကြဲသရုပ်ဆောင်တွေနဲ့ ထိတ်ထိတ်ကြဲစာအုပ်ကို ပြန်ရိုက်တဲ့ကားပါပဲ။ တော်တော်လည်းအောင်မြင်ခဲ့ပါတယ်။ တော်တော်လည်းကောင်းခဲ့ပါတယ်။ ဒါရိုက်တာအနေနဲ့ အော်စကာရခဲ့သလို ရွှေကမ္ဘာလုံးမှာလည်း ဒါရိုက်တာအနေနဲ့ရော BP ရော ရခဲ့ပါတယ်။ အော်စကာဆန်ခါတင်၈ဆုဝင်ပြီး ၃ဆုရခဲ့တယ်။ Lust, Caution (2007) ကိုတော့ တရုတ်မှာပြန်ရိုက်ခဲ့ပြီး ထိုင်ဝမ်ဒါရိုက်တာဟာ ဟောင်ကောင်မင်းသားနဲ့ တရုတ်မင်းသမီးကို သုံးပြီး ရိုက်ခဲ့ပါတယ်။ ထျန်းဝေအတွက် ကံကောင်းတယ်လို့ပြောရမလား ကံဆိုးတယ်လို့ပြောရမလားမသိတဲ့ရုပ်ရှင်ပေါ့။ ၂၀၁၂မှာတော့ Life of Pi ကို ထပ်ရိုက်ခဲ့ပြီး ဆန်ခါတင် ၁၂ဆုဝင်ပြီး ၄ဆုရခဲ့ပါတယ်။ ဒါရိုက်တာဆုလည်းပါပါတယ်။ အော်စကာမှာတင် Best Director ၂ခါရထားပြီး ကိန်းနဲ့ ရွှေကမ္ဘာလုံးမှာလည်းရဖူးပါတယ်။ အန်းလီဟာ ၉၀နောက်ပိုင်း တရုတ်ဒါရိုက်တာတွေထဲတော့ ဟောလိဝုဒ်မှာ အပေါက်မြောက်ဆုံး အော်စကာမှာ အပေါက်အမြောက်ဆုံး ဒါရိုက်တာလို့ ပြောရပါမယ်။ ဂျွန်ဝူးလို ဟောလိဝုဒ်အက်ရှင်ကားတွေကို သွားလွှမ်းမိုးနိုင်တာမျိုးတော့ မဟုတ်ဘူးပေါ့။ နောက်ဆုံး ၂ကားကတော့ Billy Lynn’s Long Halftime Walk (2016) နဲ့ Gemini Man (2019) ပါ။ ဒီ၂ကားနဲ့ Hulk (2003) ကလွဲ သူဟာ တခြား တရုတ်ကားနဲ့ပေါက်ပြီးမှ ကန်ကားသွားရိုက်တဲ့ ဒါရိုက်တာတွေလို ဘာမှမဆိုင်လောက်အောင် ကွာလတီမကျသွားခဲ့ပါဘူး။ မာစတာပိစ်တွေချည်းလို့တောင် ပြောလို့ရပါတယ်။ ဝေါင်ကာဝေးတို့ ဂျွန်ဝူးတို့ နောက် ကိုရီးယားက ဆရာပတ်တို့တောင် ဟောလိဝုဒ်ကားသွားရိုက်ရင် ရေမြေမတူတာကြောင့် ဘာမှမဆိုင်လောက်အောင် ကွာလတီကွာခြားသွားတတ်ပေမဲ့ သူကတော့ ဟောလိဝုဒ်မှာပါ အောင်မြင်ခဲ့ပါတယ်။ လက်ရှိမှာတော့ သူ့သား မေဆန်လီနဲ့ ဘရုစ်လီဘိုင်အိုကား ရိုက်မယ်လို့ ကြေညာထားပါတယ်။ ဘယ်လိုထွက်လာမလဲတော့ စောင့်ကြည့်ရမှာပါပဲ။ ~~~~~~~~~~~~~~ ” Father Knows Best Trilogy “ အန်းလီမှာ တရုတ်ကား၅ကားပဲရှိပြီး သူ့ပွဲဦးထွက် ၃ကားကိုပဲ သူကိုယ်တိုင်ဇာတ်ညွှန်းရေးထားခဲ့တာပါ။ အဲဒီသုံးကားကိုတော့ ‘Father Knows Best’ Trilogy လို့ခေါ်ပါတယ်။ အန်းလီရဲ့ ‘Father Knows Best’ Trilogy ထဲမှာ Pushing Hands (1991) နဲ့ The Wedding Banquet (1993) နဲ့ Eat Drink Man Woman (1994) ဆိုတဲ့ သုံးကားပါပြီး ရှေ့နှစ်ကားကတော့ အမေရိကန်တရုတ်တွေရဲ့ အခြေအနေကိုပုံဖော်ထားတာဖြစ်ပြီး တတိယကား Eat Drink Man Woman ကတော့ ထိုင်ဝမ်မှာချည်း ရိုက်ခဲ့တဲ့ သူ့ရဲ့တစ်ကားတည်းသောကားလည်းဟုတ်ပါတယ်။ ‘Father Knows Best’ ဟာ အဖေတစ်ယောက်နဲ့ သားသမီးတွေကြားက ခေတ်ဟောင်းနဲ့ခေတ်သစ်၊ ရိုးရာနဲ့ တိုးတက်မှု၊ အရှေ့နဲ့အနောက်ယဉ်ကျေးမှု ပဋိပက္ခတွေကို ပုံဖော်ထားတဲ့ ဇာတ်လမ်းတွေဖြစ်ပြီး မိသားစုဒရာမာကားတွေလို့ ပြောလည်းမမှားပါဘူး။ ~~~~~~~~~~~~~~ ” Eat Drink Man Woman (1994) “ သူ့နာမည်ကတော့ ကွန်ဖြူးရှပ်ဝါဒ ဂန္ထဝင်စာအုပ်တွေထဲက တစ်အုပ်မှာပါတဲ့ လူတွေရှောင်လွှဲလို့မရနိုင်တဲ့ လူ့သဘာဝ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ စား သောက် ကာမဆိုတဲ့ အချက်တွေကို ဆိုလိုတာပါ။ အန်းလီကတော့ ပိုဖျော့အောင်လို့လား ကာမသက်သက်မဟုတ်ဘဲ ချစ်ခြင်းကိုပါသက်ရောက်စေချင်လို့လားတော့မသိ Man Woman ဆိုပြီး သုံးသွားပါတယ်။ ပြောရရင် ဒီတစ်ဇာတ်လုံးဟာ အဖေတစ်ယောက်နဲ့သမီး၃ယောက်ကို အခြေတည်ပြီး သူတို့ရဲ့ စားသောက်နေထိုင်ခြင်းတွေ၊ အိမ်ထောင်ရေး အချစ်ရေးတွေ၊ သူတို့ကြားက ဆက်ဆံရေးတွေအကြောင်း ပုံဖော်ရိုက်ကူးထားတဲ့ ကားသက်သက်ပါပဲ။ ပြောရရင် လူတွေတစ်ယောက်နဲ့တစ်ယောက်ကြားက ချစ်ခြင်းတွေဟာ ဖြစ်တည်မှုရဲ့ အဓိပ္ပာယ်၊ ဘဝရဲ့ အဓိပ္ပာယ်အဖြစ်ဆောင်နေတဲ့အကြောင်း သွယ်ဝိုက်ရိုက်ပြထားတယ်ပေါ့။ အန်းလီရဲ့ ‘Father Knows Best’ Trilogy သုံးကားလုံးမှာ အဖေအဖြစ်သရုပ်ဆောင်ထားတဲ့ ထိုင်ဝမ်ဂန္တဝင်မင်းသား Sihung Lung ကပဲ အဖေအဖြစ်သရုပ်ဆောင်ထားတယ်။ အန်းလီငယ်ငယ်ကတည်းက သူ့ကားတွေကို သဘောကျခဲ့လို့ သုံးထားတယ်လို့ဆိုတယ်။ မင်းသမီးတွေကတော့ ထိုင်ဝမ်မင်းသမီးတွေချည်းဆိုတော့ ဟောင်ကောင်ပရိသတ်တွေ ရင်းနှီးလောက်မှာ တစ်ယောက်တော့ပါတယ်။ Wu Chien Lien ပါ။ ဘန်နီချန်းရိုက်ပြီး အန်ဒီလောင်နဲ့သူ တွဲဖက်သရုပ်ဆောင်ထားတဲ့ A Moment of Romance ကြည့်ဖူးရင် သူ့ကို မချစ်မိဘဲမနေလောက်ပါဘူး။ နှစ်သိပ်မကွာလှပေမဲ့ ဒီထဲတော့ A Moment of Romance ထဲကလို အင်နိုးဆန့်ပုံစံနဲ့ အရမ်းငယ်တဲ့ဟန်မရှိတော့ဘဲ သူ့ဇာတ်ကောင်နဲ့လိုက်ဖက်စွာဘဲ ရင့်ကျက်တဲ့ပုံစံဘက်ရောက်သွားပါတယ်။ နောက်နှစ်ယောက်ကိုတော့ ထိုင်ဝမ်ဒါရိုက်တာ Tsai Ming-liang ဖန်တွေသိပါလိမ့်မယ်။ Rebels of the Neon God နဲ့ Vive L’Amour ထဲက အဓိကမင်းသမီးတွေကို သုံးထားတာပါ။ အန်းလီဟာ ထိုင်၀မ်ဒါရိုက်တာပေမဲ့ အန်းလီရဲ့ ထိုင်၀မ်ကားစစ်စစ်ကို ပြပါဆိုလည်း ဒီတစ်ကားပဲပြစရာရှိပါတယ်။ အန်းလီရဲ့ Timeless Masterpiece ထိုင်၀မ်ကားစစ်စစ်ကိုမှ ရင်းနီးပြီးသား မင်းသမီးတွေနဲ့ဆိုတော့ ကြည့်ရလည်းမစိမ်းသလို Edward Yang တို့ Hou Hsiao-hsien တို့ရဲ့ New Taiwanese Cinema အလွန်မှာ ထိုင်ဝမ် Second New Wave ရုပ်ရှင်တွေ ဘယ်လိုအသွင်ပြောင်းလာလဲ ကြည့်ကြည့်ချင်တဲ့လူတွေအတွက်လည်း အဆင်ပြေပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 980MB Quality – 1080p, 720p IMDb Rating – 7.8/10 Format – mp4 Duration – 2H 4Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.8 1994 123 mins
Eat Drink Man Woman
Solar Flower

Solar Flower (2023) “နေမထွက်တဲ့ ကမ္ဘာမှာဆိုရင်တောင် ကျွန်တော့်ဘဝမှာ သိမ်းထားချင်မိတဲ့ အိပ်မက်တစ်ခုရှိတယ်” သိပ်မကြာခင်ကမှ ထောင်ကလွတ်လာပြီး လူမိုက်ခေါင်းဆောင်နမ်ဂယူရဲ့လက်အောက်မှာ မိုတယ်အလုပ်ကို ကြိုးစားသင်ယူရင်း ဘဝကို ခက်ခက်ခဲခဲဖြတ်သန်းနေရတဲ့ ဆွန်းယော့ဟာ နေမထွက်တဲ့ကမ္ဘာက ပန်းလေးတစ်ပွင့်လိုပါပဲ ဘယ်လောက်ပဲ ပင်ပန်းခက်ခဲနေပါစေ တစ်ဦးတည်းသော ညီမလေးအတွက်ဆိုပြီး ကြိုးစားရုန်းကန်နေခဲ့ပေမဲ့ တစ်ဖက်မှာ သူကိုယ်တိုင်သတိမထားမိတဲ့ ရင်နင့်စရာအမှန်တရားတစ်ခု ရှိနေပါတယ် အဲဒီလိုနဲ့ အနှိပ်စက်ခံ အဖိနှိပ်ခံရင်း ဘဝကိုကြိုးစားရုန်းကန်နေတဲ့ ဆွန်းယော့တစ်ယောက် ဆွန်းဂျူဆိုတဲ့ကောင်မလေးနဲ့ တွေ့ဆုံပြီးတဲ့အခါမှာတော့ သူ့ရဲ့ဘဝက တစ်ဆစ်ချိုးပြောင်းလဲဖို့ အကြောင်းဖန်လာပါတော့တယ် ဆွန်းယော့ရဲ့ဘဝတစ်ဆစ်ချိုးဟာ ပိုကောင်းတဲ့အရာတွေနဲ့စောင့်ကြိုနေမလား ဒါမှမဟုတ် မှောင်မိုက်နေပြီးသားဘဝကို ပိုပြီးကံဆိုးမိုးမှောင်ကျစေမလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe Thet Winn ပဲ ဖြစ်ပါတယ် Genre….. Drama, Romance Quality…. 1080p | 720p | 480p File size… 1GB | 501 MB | 247MB Format… mp4 Duration…. 2h Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hmwe Thet Winn Encoder ….. Aaron

0 2023
Solar Flower
Annabelle
5.4

2013 တုန်းက ထွက်ရှိထားခဲ့တဲ့ The Conjuring နောက်ကနေ 2014 မှာဒီဇာတ်ကားထွက်လာပါတယ်.. သရဲကားမို့လို့ထူးထူးခြားခြားအညွှန်းတွေပေးမနေတော့ပါဘူး CM ပရိတ်သတ်လည်းဒီ အရုပ်နဲ့ပတ်သတ်တဲ့ ဇာတ်ကားကိုမစိမ်းဘူးလို့ထင်ပါတယ်.. မကြည့်ဖူးဘူးဆိုရင်လည်းသေချာကြည့်လိုက်ပါ. အတော်ကြောက်ဖို့ကောင်းတဲ့သရဲဇာတ်လမ်းဖြစ်ပြီး သရဲကားကောင်းကောင်းတွေကိုမှကြည့်ချင်တဲ့သူတွေ အတွက်တော့အထူးအကြိုက်တွေ့စေမယ့်ဇာတ်ကားမျိုးပါ.. .ကြောက်တတ်သူများ.. နှလုံးရောဂါရှိသူများ နှင့် ကလေးသူငယ်များ.. တစ်ဦးတစ်ယောက်တည်းကြည့်ချင်းလုံးဝမသင့်တော်ပါ File size… 2.41 GB / 1.06 GB / 534 MB Quality… Web-DL 4K / 1080p / 720p Format… mp4 Duration…. 1h 39m Genre ….. Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Hein Thet Naing

5.4 2014
Annabelle
End of the World
5.7

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကစပြီးတော့ Auroras ဥတ္တရအလင်းတန်းတွေကို ဝင်ရိုးစွန်းဒေသတွေတင်မှာမကဘူး ဥရောပအလယ်ပိုင်း အမေရိကန်နိုင်ငံအလယ်ပိုင်းဒေသနဲ့ ဩစတေးလျတိုက်နဲ့ နယူးဇီလန်တို့မှာပါမြင်ရလာတဲ့ Trendလေးအမီ (၂၀၁၈)ကထွက်ထားတဲ့ဒီကားလေးကိုတင်ပေးလိုက်ပါတယ်။ ဒီ Auroras တွေဟာ နေပေါ်မှာဖြစ်ပေါ်တဲ့ အလွန်ပြင်းထန်တဲ့မုန်တိုင်းကြောင့်ဖြစ်လာတာဖြစ်တယ်။ ယခု (၂၀၂၄)ခုနှစ်ဟာ နှစ်(၂၀)အတွင်း အပြင်းထန်ဆုံး နေမုန်တိုင်း ကမ္ဘာကိုရိုက်ခတ်တာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ နေမုန်တိုင်းပေါက်ကွဲမှုကြောင့် ဖြစ်လာတဲ့ Corona Mass Ejection (CME)ရဲ့အားဟာအရမ်းပြင်းတဲ့အခါ ကမ္ဘာလေထုကိုပါသက်ရောက်သွားပြီး ရာသီဥတုတွေဖောက်ပြန်ကာ သဘာဝကပ်ဘေးတွေကျရောက်လာတဲ့အကြောင်းကိုရိုက်ထားတာပဲဖြစ်ပါတယ်။ သိပ္ပံပညာရှင်အမေနဲ့ စစ်တပ်ထွက်အဖေတို့ဟာ သားနဲ့သမီးကို သဘာဝကပ်ဘေးကနေအစွမ်းကုန်ကြိုးစားပြီး သူရဲကောင်းဆန်ဆန်ကာကွယ်သွားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ Low Budget ကားဖြစ်လို့Effectတွေသိပ်မကောင်းလှပေမယ့် solar flares တွေ solar storms တွေအကြောင်း ဗဟုသုတတွေရပါတယ်။

5.7 2018
End of the World
Wolves
5.3

ဒီနေ့တော့ . 2014ခုနှစ်မှာ ထွက်ရှိထားပြီး IMDb Rating 5.3/10 ရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားကို တင်ပေးပါရစေ။ အဒမ်ဘက်ချာ ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ . ကျောင်းမှာစာတော်ပြီး ကျောင်းအားကစားမှာလည်း ထူးချွန်သူတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ အားကစားပွဲတစ်ခုမှာ သူ့ရဲ့ပြိုင်ဘက်အတန်းဖော်က သူ့ကို ကြမ်းတမ်းစွာဆက်ဆံခဲ့တာကိုခံရပြီး စိတ်မထိန်းနိုင်ဘဲ ပြန်လည်တုံ့ပြန်မှုဟာ ကြောက်မက်ဖွယ်ကောင်းလောက်အောင်ဖြစ်ခဲ့ရပြီး သေမလောက်ထိဖြစ်ခဲ့ပါတယ်။ ထိုကိစ္စအပြီးမှာ သူဟာအိမ်မက်ဆိုးတွေလည်းမက်သလို . သူ့ရဲ့စိတ်တွေဟာလည်း အရင်ကထက်ကြမ်းတမ်းရိုင်းစိုင်းလာပါတယ်။ အဲ့လိုဖြစ်ပျက်နေတာကို သူ့ရဲ့ချစ်သူကို ပြောပြရင်းကနေ ဝံပုလွေစိတ်တွေဝင်လာကာ သူ့ရဲ့ဘဝအမှန်ပေါ်လာပြီး စိတ်ဝင်စား ဖွယ်ရာ အဖြစ်အပျက်တွေအများကြီးဖြစ်လာခဲ့ပါတယ်။ ဇာတ်ကားကောင်းလေးဖြစ်ပြီး ကြည့်ရှုဖို့လက်မလွှတ်သင့်တဲ့ကားလေးပါ။ File size… 2 GB / 980 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 31m Genre ….. Action / Fantasy / Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by San Win Maung

5.3 2014
Wolves
One Fast Move

ဝက်စ်ဆိုတဲ့လူငယ်လေးဟာ မိခင်ဆုံးပြီးနောက်မှာ ဆိုင်ကယ်မောင်းသမားဖြစ်ချင်တဲ့ သူ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ဆိုင်ကယ်မောင်းသမားတစ်ယောက်ဖြစ်တဲ့ သူ့ကို ငယ်စဉ်ကတည်းက စွန့်ပစ်သွားခဲ့တဲ့ ဖခင်ဖြစ်သူဆီကို ထွက်လာခဲ့ပါတော့တယ်။ ဒီလိုနဲ့ ဆိုင်ကယ်ဆိုင်ပိုင်ရှင် အေဘယ်လ်နဲ့ ဖခင်ဖြစ်သူ ဒင်းန်တို့ရဲ့ ပံ့ပိုးပေးမှုနဲ့ အတူတူ ဝက်စ်တစ်ယောက် ဆိုင်ကယ်ပြိုင်သမားတစ်ယောက်ရဲ့ လမ်းကြောင်းပေါ်ကို ဘယ်လိုတက်လှမ်းနိုင်သွားမလဲဆိုတာကို ကြည့်ရှုရမယ့် လူငယ်ကြိုက်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ဖြစ်ပါတယ်) File size…(1.9 GB)/(996 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre… Action, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sakura

Comedy • Drama • Romance
0 2024
One Fast Move
Pechi
8.4

Pechi (2024) “တောကြီးမျက်မည်း” IMDb 8.4 အသစ်ထွက်ရှိထားတဲ့ တမီးလ် သဘာဝလွန် horror ရုပ်ရှင်​လေးပဲ ဖြစ်ပါတယ် ဇာတ်လမ်းအစမှာ စုံတွဲနှစ်ဦးက တောထဲကို ခရီးထွက်လာတာနဲ့ စတင်ထားပါတယ် အုံ့မှိုင်းမှိုင်းရှိတဲ့ တောထဲမှာ ခေတ္တစခန်းချဖို့ ယောကျ်ားလုပ်သူက ထင်းသွားရှာပါတယ် အဲဒီမှာပဲ ထူးထူးဆန်းဆန်း ခက်ရင်းခွတစ်ချောင်းကိုတွေ့ပြီး သစ်ကိုင်းတစ်ကိုင်းကို ခုတ်လိုက်တဲ့တစ်ခါမှာ ထူးဆန်းစွာနဲ့ စုန်းအရုပ်တစ်ရုပ်ထွက်လာပါတယ် ကြောက်အားလန့်အားလှမ်းအော်ပေမယ့် အသံထွက်လို့မရတော့ဘဲ နှစ်ယောက်လုံး နိဂုံးချုပ်သွားတဲ့ နောက်မှာ တစ်ခါထပ်ပြီး … လူငယ်တစ်စုက သစ်တောစောင့် မာရီကို ဂိုက်ငှားကာ အဲဒီတောထဲကို သွားကြတဲ့အခါ ဘယ်လိုသဘာဝလွန်ဖြစ်ရပ်တွေ ကြုံရဦးမှာလဲ သစ်တောထဲမှာ ဘယ်လိုစွမ်းအားတွေ ရှိနေမှာလဲ ပရိသတ်ကြီးကပဲ ဆက်လက်ကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ V ~ ToMo ~ Zwe ~ KKKZ ~ Alex တို့ပဲ ဖြစ်ပါတယ်

8.4 2024
Pechi
The Life List
7

The Life List (2025) IMDb Rating (7.0) / Rotten Tomatoes (47%) အဲလက်စ်ဟာ မွေးချင်းသုံးယောက်တည်းမှာ အငယ်ဆုံးနဲ့ တစ်ဦးတည်းသော သမီးလေးဖြစ်ပြီး သူမအထက်မှာ အစ်ကိုနှစ်ယောက်ရှိပါတယ်။ သူ့အစ်ကိုနှစ်ယောက်လုံးကလည်း အရမ်းတော်ကြပြီး သူ့နေရာနဲ့သူ ပေါက်ပေါက်မြောက်မြောက် ရှိကြတဲ့သူတွေပါ။ တစ်ဖက်မှာတော့ အဲလက်စ်ဟာ သူ့အမေရဲ့ ကုမ္မဏီဖြစ်တဲ့ ရို့အလှကုန်မှာပဲ မားကတ်တင်းမန်နေဂျာအနေနဲ့ ပြန်လုပ်ပြီး ကိုယ့်ပန်းတိုင်က ဘာမှန်းမသိ ဖြစ်ချင်တာ ဘာမှန်းမသိတဲ့ ထုံပေပေ သိုးမည်းလေး ဖြစ်လို့နေပါတယ်။ ဒီလိုနဲ့ မကြာခင်မှာ သူမရဲ့အမေဟာ ရောဂါနဲ့ ဆုံးပါးသွားခဲ့ပြီး သူတို့မောင်နှမအတွက် သေတမ်းစာမှာ အမွေချန်ပေးခဲ့တဲ့အခါမှာ အဲလက်စ်အတွက် ဒီဗွီဒီခွေလေး တစ်ခွေကလွဲရင် ဘာမှ မခွဲပေးခဲ့ပါဘူး။ သူက မခံမရပ်နိုင်ဖြစ် ဒေါသတွေ ထွက်ရပေမဲ့လည်း အိမ်ကိုပြန်လာပြီး အဲခွေလေးကို ဖွင့်ကြည့်လိုက်တဲ့အခါမှာ သူ့အမေ မသေခင် ရိုက်ကူးထားတဲ့ဗွီဒီယိုလေးကို တွေ့လိုက်ရပါတော့တယ်။ သူ့အမေက သူသမီး ဒီလို ဖြစ်ချင်ရာဖြစ် ပျော်ရွှင်မှုမရှိ ဝမ်းနည်းမှုမရှိ ဘဝကို ဖြတ်သန်းနေတာမျိုး မဖြစ်စေချင်ခဲ့ပါဘူး။ ဒါကြောင့် သူမအမေက သူမ ၁၃ နှစ်အရွယ်က ရေးထားခဲ့တဲ့ သူကြီးလာရင် ဖြစ်ချင်တဲ့ ဆုတောင်းစာရင်းလေးကို တွေ့လိုက်ရတဲ့အခါမှာ မသေခင် သမီးအတွက် ဗွီဒီယိုချန်ထားပေးခဲ့ဖို့ တွေးမိသွားပါတော့တယ်။ ဒီတော့ အဲလက်စ်ရဲ့အမေဟာ အဲလက်စ် ငယ်ငယ်က ရေးထားခဲ့တဲ့ ဆုတောင်းတွေအတိုင်း အကုန်လိုက်လုပ်ပြီးမှပဲ အမွေရမယ်လို့ ဗွီဒီယိုကနေတစ်ဆင့် မှာကြားခဲ့ပါတယ်။ ဒီတော့ ဘဝကို အလိုက်သင့်မျောပါနေတဲ့ အဲလက်စ်တစ်ယောက် သူငယ်ငယ်ကဖြစ်ချင်ခဲ့တဲ့ ဆုတောင်းစာရင်းအတိုင်း ဘယ်လိုလိုက်လုပ်မလဲ၊ သူ့ရဲ့ အဖြူအမဲလောကကြီးကရော တကယ်ပဲ အရောင်အသွေးပြန်စုံလင်လာမှာလားဆိုတာကို ဆွတ်ပျံ့ကြည်နူးဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Matteo ဖြစ်ပါတယ်။) File size…(6.5 GB) / (1.5 GB) / (870 MB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama,Romance Duration….02:05:25 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Matteo

Action • Drama • Thriller • War
7 2025 123 mins
The Life List
The Ruck March

The Ruck March ဆိုတာကတော့ ကန္တာရထဲမှာ 16 နာရီကြာ အလေးတွေသယ်ပြီး ခက်ခက်ခဲခဲခြေကျင်လမ်းလျှောက်ရတဲ့ပြိုင်ပွဲဖြစ်ပါတယ်။ မြို့ထဲမှာ ဒီပြိုင်ပွဲအကြောင်းလက်ကမ်းစာစောင်ဝေနေတာကိုတွေ့ခဲ့တဲ့ Alanah တစ်ယောက် စိတ်ဝင်စားသွားပြီး သူ့သူငယ်ချင်း Emily ကိုပါဝင်ပါဖို့ အဖော်ဆွယ်ပါတော့တယ်။ ဒီလိုနဲ့အချစ်ဆုံးသူငယ်ချင်းနှစ်ယောက် ဒီပွဲအတွက်အတူတူလေ့ကျင့်ကြပါတော့တယ်။ ဒါပေမဲ့ ဒီပြိုင်ပွဲက ထင်ထားသလိုရိုးရိုးရှင်းရှင်းစိတ်နဲ့ခန္ဓာရဲ့ ခံနိုင်စွမ်းကိုစစ်ဆေးရုံသက်သက်မဟုတ်ဘဲ နောက်ကွယ်မှာကြောက်စရာလျှို့ဝှက်ချက်ရှိနေတဲ့အခါ… အဲ့ဒီကြောက်စရာလျှို့ဝှက်ချက်ကဘာလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာပဲအဖြေရှာကြည့်လိုက်ပါတော့… Found footage horror ကြိုက်သူတွေအတွက် ဇာတ်အိမ်ဆန်းဆန်းလေးနဲ့ကြည့်လို့ကောင်းမယ့်ဇာတ်ကားလေးဖြစ်ပါတယ် File size…(1.3 GB)/(759 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by S4L

0 2025
The Ruck March
Wall to Wall
7.3

Wall to Wall (2025) ******************* **4K in CM App** ဇာတ်ရုပ်မှန်သမျှ ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ မင်းသား Kang Ha-Neul နဲ့ The Glory, When Life Gives You Tangerines ထဲမှ မင်းသမီးကြီး Yeom Hye Ran, A Shop for Killers, Seoul Busters ထဲမှ Seo Hyeon Woo နဲ့အတူ တခြားသရုပ်ဆောင်ပေါင်းများစွာရဲ့ Thriller ဆန်ဆန် ခပ်မိုက်မိုက်ဇာတ်ကားအသစ်လေး ထွက်ရှိလာပါပြီ။ ဇာတ်လမ်းအညွှန်း **************** သာမန် ရုံးဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ အူဆောင်း (Kang Ha-Neul) ဟာ ဘဝတစ်လျှောက်လုံး အိပ်မက်မက်ခဲ့ရတဲ့ ကိုယ်ပိုင်တိုက်ခန်းတစ်ခန်းကို သူ့အသက် ၃၀ ကျော်အရွယ်မှာ ဝယ်ယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဝမရှိဘဲ ဝိလုပ်ချင်သူ အူဆောင်းတစ်ယောက် တိုက်ခန်းဝယ်နိုင်ဖို့ ချေးငွေတွေ အများကြီးယူခဲ့တာကြောင့် အခုအချိန်မှာတော့ အတိုးပြန်ဆပ်နိုင်ဖို့ကိုတောင် မနည်းရုန်းကန်နေရရှာပါတော့တယ်။ တစ်နေ့မှာတော့ သူဝယ်ထားတဲ့တိုက်ခန်းရဲ့ အပေါ်ထပ်နဲ့ အောက်ထပ်ကနေ အမည်မသိတဲ့ ဆူညံသံတွေ တရစပ်ကြားလာရပြီး ဘယ်လိုမှ အိပ်မရအောင်အထိ နေ့စဥ်ရက်ဆက် ဖြစ်လာလို့ သည်းမခံနိုင်တော့တဲ့အဆုံး တိတ်တိတ်နေပေးဖို့ ကိုယ်တိုင်သွားပြောလိုက်ပေမဲ့ အဲဒီဆူညံသံတွေက သူ့တိုက်ခန်းကနေ ထွက်လာတာဖြစ်ကြောင်း နေထိုင်သူအားလုံးဆီကနေ ရုတ်တရက်ကြီး ဝိုင်းစွပ်စွဲခံလိုက်ရတဲ့အခါမှာတော့… အူ​ဆောင်းတစ်ယောက် သူမဟုတ်ကြောင်း သက်သေပြဖို့အတွက် အပေါ်ထပ်က ဂျင်ဟို (Seo Hyun-Woo) ဆိုသူနဲ့ ပူးပေါင်းပြီး ဆူညံသံရဲ့အရင်းအမြစ်ကို ရှာဖွေဖော်ထုတ်ရင်း ဘယ်လိုဆန်းကြယ်တဲ့ဖြစ်ရပ်တွေဖြစ်ပေါ်လာမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ရှုလိုက်ရအောင်ပါနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Hsu Pyae မှ ရေးသားပေးထားပါတယ်ပါတယ်။) File Size… 4.84GB/ 1.52GB/ 680MB Quality… NF WEB-DL 4K HEVC/ 1080p/ 720p Format…mkv / mp4 Duration…1h 59m Genre …..Thriller, Mystery, Psychological, Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff, Min Wai Translated by Theint, Thinn, Su Sandi, Phyo & M

Drama • Music
7.3 2025 118 mins
Wall to Wall