YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

When.Are.You.Moving.Out.2022.480p(CM).mp4

369.13 MB N/A video/mp4 13 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Emigrants
6.1

ဒီကားလေးကတော့ ၂၀၂၁ မှာ ထွက်ရှိတဲ့ ဆွီဒင် ဥရောပ ဇာတ်ကားလေးပါ။ 1970 မှာ ရိုက်ခဲ့တဲ့ နာမည်တူ ဆွီဒင်ဇာတ်ကားကိုပဲ remake ပြန်ရိုက်ထားတာပါ။ သမိုင်းနောက်ခံ အချက်အလက်မှန်မှန်နဲ့ ရင်ထဲထိအောင် ရိုက်ပြနိုင်တဲ့ ဥရောပ ဒရာမာကား ကောင်းကောင်းကို ကြည့်ချင်ရင်တော့ ဒီဇာတ်ကားလေးကို ကြည့်သင့်ပါတယ်။ ပထမကမ္ဘာစစ်မဖြစ်ခင် 1840 ဝန်းကျင်တဝိုက် ဆွီဒင်မှာ သီးပင်စားပင်စိုက်ရခက်ပြီး စားနပ်ရိက္ခာရှားပါး ငတ်ပြတ်နေချိန် အော်စကာနဲ့ ခရစ္စတီးနားတို့ လင်မယား ကလေးတွေရှေ့ရေးအတွက် အမေရိကကို လှေနဲ့သွားပြီး ပြောင်းရွှေ့အချေချဖို့ လုပ်ကြတယ်။ အဲ့အချိန်က အမေရိကန်ဟာ နိုင်ငံစတည်ကာစ ဖြစ်ပြီး လူ့အခွင့်အရေးအပြည့်အဝရတဲ့ လွတ်လပ်သောနိုင်ငံ တစ်ခုဖြစ်နေတဲ့အချိန်ပေါ့။ ခင်ပွန်းဖြစ်သူက မိသားစုရှေ့ရေးအတွက် အမေရိကမှာ အခြေချဖို့ မကြောက်ပေမယ့် ခရစ္စတီးနားကတော့ သမားရိုးကျဆန်တဲ့ ဘာသာရေး ကိုးကွယ်သူ ပီပီယဥ်ကျေးမှု မတူတဲ့ အရပ်ဟာ သူ့အတွက်နေပျော်မယ့် အရပ်ဖြစ်ပါ့မလားတွေးရင်း ခင်ပွန်းဖြစ်သူနဲ့အတူ အမေရိကားကို ပြောင်းရွှေ့အခြေချဖိို့ လိုက်ခဲ့တာပေါ။ ဒီကားထဲမှာ ဘာသာရေးအယူဝါဒကွဲပြားမှုကြေင့် ချစ်ခင်ကြသူတွေ သွေးကွဲကြတယ်ဆိုတဲ့ သဘောကို တွေ့ရပါတယ်။ ရှေးရိုးဆန်တဲ့ အယူဝါဒတွေနဲ့ လူကိုလူလိုမြင်တတ်မှု လူသားဆန်မှုတွေကြား ခရစ္စတီးနားတစ်ယောက် လမ်းမှန်ကို ရွေးလျှောက်နိုင်ပါ့မလားဆိုတာကို ရင်ထဲ တနင့်နင့် ခံစားကြည့်ရှုရမှာပါ။ ကိုယ်ချစ်တဲ့ မွေးရပ်​မြေနဲ့ ဝေးပြီး ရေခြားမြေခြားမှာ လာအ​ခြေချရတဲ့ အမေတစ်ယောက် ဇနီးမယားတစ်ယောက်ရဲ့ အတွေးလွန်ဆွဲမှု ၊ ခံစားချက်ပုံပြင်လေးကို တေးသီချင်းတစ်ပုဒ်လို အနုပညာမြောက် လှပစွာ သရုပ်ဖော်ထားတဲ့ ဇာတ်ကားတစ်ကောင်းတစ်ခုပါ။ ဥရောပ က တစ်ကားဆိုတစ်ကား အဆင့်ရှိ အနှစ်မိတဲ့ ဇာတ်ကားတွေ ထွက်ထွက်လာတတ်တာမို့ မကြည့်မဖြစ် ကြည့်သင့်တဲ့ ဥရောပ ဒရာမာကားကောင်းပါ File size…2.34Gb / 1GB Quality…1080p BluRay AAC5.1Ch / 720p Format…mp4 Duration….2h 28m Subtitle….Myanmar SUbtitle (Hard Sub) Encoder….YK Translated by V

Action • Adventure • Crime • Thriller
6.1 2021 148 mins
The Emigrants
The Good, the Bad, the Weird
7.2

IMDb Rating (7.2) / Rotten Tomatoes (82%) ကိုရီးယားရဲ့ ဒိတ်ဒိတ်ကြဲမင်းသားတွေဖြစ်ကြတဲ့ လီဗျောင်ဟွန်း , Jung Woo-sung , Song Kang-Ho တို့ ပါဝင်ထားပြီး နာမည်ကျော်ဂန္တဝင်ရုပ်ရှင်ကားကြီး The Good,The Bad and The Ugly (1966) ကို အခြေခံရိုက်ကူးထားတာပါ။ ထူးခြားတာကတော့ သာမန်ကောင်းဘွိုင်ကားတွေလိုမဟုတ်ဘဲ ခွီနေရမယ့် Comedy အမျိုးအစားလဲ ဖြစ်ပါတယ်။ ရှုခင်းကောင်းကောင်းတွေမှာ အက်ရှင်စွန့်စားခန်းတွေနဲ့ ခွီနေရမယ့် အနောက်တိုင်းစတိုင်ကောင်းဘွိုင်အမျိုးအစား ကိုရီးယားရုပ်ရှင်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ နာမည်နဲ့လိုက်အောင် စရိုက်စုံတဲ့ လူရှုပ် ၃ ယောက် ဂျပန်စစ်တပ် တရုတ်ဓားပြတွေကြားထဲက ရတနာမြေပုံကို လုကြမှာပါ။ 2008 ခုနှစ်ရဲ့ ဆုပေးပွဲတွေမှာလဲ အောင်ပွဲခံခဲ့တဲ့ဇာတ်ကားဖြစ်ပြီး Rating တွေလဲ ကောင်းသလို သရုပ်ဆောင်တွေလဲ အလန်းတွေမို့ BluRay 1080p Quality နဲ့ ပြန်လည်ခံစားဖို့ တင်ဆက်လိုက်ပါတယ်။ File size…(3.8 GB)/(1.5 GB) Quality….BluRay (Korean Cut) 1080p/720p Format…mp4 Duration….02:15:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by WeWe

Adventure • Family
7.2 2008 130 mins
The Good, the Bad, the Weird
Deadly Cuts
5.9

ရာဇတ်ဝတ်မှုနဲ့ လူမိုက်ဂိုဏ်းတွေများပြားတဲ့ အိုင်ယာလန်နိုင်ငံ ပစ်ဂင်စတန်မြို့လေးမှာ Deadly Cuts ဆိုတဲ့ အလှပြင် ဆံပင်ညှပ်ဆိုင်ဖွင့်ထားတဲ့ အမျိုးသမီးတစ်စုရှိပါတယ်။ မြို့ကောင်စီကလည်း ဒီနယ်မြေကို လုံးဝမထိန်းနိုင်ဖြစ်ပြီး လူမိုက်ဂိုဏ်းတွေလည်း ဆတ်ကြေးကောက်နေတာလည်း ပျောက်သွားအောင် ဖွင့်ထားတဲ့ ဆိုင်တွေအကုန်လုံးကို ပိတ်သိမ်းလိုက်ဖို့ စီစဉ်လိုက်ပါတယ်… ဒီအခက်အခဲတွေကြားကနေ မီချဲ၊ စတေစီ၊ ဂျန်မာ နဲ့ ချန်တေဆိုတဲ့ အမျိုးသမီး ၄ ယောက်ဟာ အိုင်ယာလန်ရဲ့ ထိပ်တန်းအလှပြင်ဆိုင် ပြိုင်ပွဲမှာ ဝင်ပြိုင်ရင်း ပစ်ဂင်စတန်မြို့ရဲ့ Community ကို အဖက်ဆယ်ဖို့ ကြိုးစားကြပုံကို ရိုက်ကူးထားတဲ့ Comedy ကားကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်) File size…(1.59GB)/(963MB)/(506MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by …Thiha Yan Naing

Drama • Horror • Thriller
5.9 2021 90 mins
Deadly Cuts
Perfect Creature
5.4

ကျွန်တော်တို့နဲ့ ဆင်တူတဲ့ အခြားကမ္ဘာတခုမှာတော့ Vampiresတွေဟာ လူသားမျိုးနွယ်နဲ့ အတူတကွ ငြိမ်းချမ်းစွာနေထိုင်ကြတယ်။ ခရစ်ယာန်ကျောင်းတော်ကြီးရဲ့ အရိပ်အာ၀ါသအောက်မှာ ဘုရားသခင်က လူသားမျိုးနွယ်တွေကို ကာကွယ်စောင့်ရှောက်ဖို့သူတို့ကိုဖန်တီးခဲ့တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့အတူ ဘရားသားဟုဒ်ဆိုတဲ့အမည်နဲ့ တာ၀န်ထမ်းဆောင်ကြတယ်။ ဘရားသား ဆိုင်းလက်စ်ကတော့ ဒီထဲကတယောက်ပါ။ ကျောင်းတော်မှာအမြင့်ဆုံးကာဒီနယ်ဖြစ်လာတော့မယ့်သူ။ ဒါပေမယ့် ညီဖြစ်သူ ဘရားသား အက်ဒ်ဂါက လူသားတွေကို စတင်သတ်ဖြတ်လာခဲ့တော့ လူသား ရဲအရာရှိ လစ်လီဆိုတဲ့ အမျိုးသမီးနဲ့အတူ သူ့ကိုတားဆီးဖို့ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့်အက်ဒ်ဂါက ဘာဖြစ်လို့ ဒီလိုတွေလုပ်နေရတာလဲ။ ကျောင်းတော်ကြီးကလည်း နောက်ကွယ်မှာဘာတွေဖြစ်နေတာလဲ။ အက်ဒ်ဂါရဲ့ ကမ္ဘာကြီးကိုပြောင်းလဲမယ့်အကြံအစည်ကိုရော တားဆီးနိုင်ပါ့မလား။ လစ်လီနဲ့ ဆိုင်းလက်စ်တို့ကြား ဘာတွေဖြစ်လာဦးမလဲဆိုတာကို ဒီPerfect creature ဆိုတဲ့ဇာတ်ကားလေးမှာရှုစားအားပေးကြပါဦး File size… 1.5GB / 500MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 28m Genre ….. Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Brackman

5.4 2006
Perfect Creature
Anatomy of Time
6.4

Anatomy of Time (2021) နာမည်နဲ့လိုက်အောင်ကိုပဲ ဒီကားရဲ့ အချိန်စဉ်တွေက ဟိုတစ်စ ဒီတစ်စဆိုသလိုဖြစ်နေတယ်။ အဖြစ်အပျက်စဉ်အလိုက်တော့မဟုတ်ဘူး ဒါပေမဲ့ အချိန်ကာလအားဖြင့်တော့ ၂ခုကို သုံးထားတယ်။ မိန်းမတစ်ယောက်ရဲ့ အပျိုဘဝနဲ့ အဘွားကြီးဖြစ်သွားတဲ့အချိန်ပေါ့။ ဒီနေရာမှာ သူက ဒီအမျိုးသမီးရဲ့ ငယ်ဘဝကို ပုံဖော်တဲ့နေရာမှာ အရောင်တွေစိုစိုပြည်ပြည်သုံးထားသလို ခန္ဓာလှုပ်ရှားပုံဖော်မှုတွေကအစ ရမ္မက်နဲ့သိချင်စိတ်ကို မြင်နေရတယ်။ တော်တော်လေးသိသိသာသာပါပဲ။ ဒါတော့ ဒီထိုင်းဒါရိုက်တာရဲ့ အားသာချက်လို့ပြောရမလား မင်းသမီးရဲ့သရုပ်ဆောင်စွမ်းကိုပဲ ချီးကျူးရမလားပါပဲ။ နောက် သူ့အဖေက နာရီပြင်ဆရာဖြစ်သလို ဒီကားရဲ့ အပြတွေရဲ့ ဖြည့်စွက်မှုတစ်ခုလိုဖြစ်နေတဲ့ အရှေ့တိုင်းဖလော်တွေကို ပြောသွားတဲ့လူပေါ့။ ဒီဇာတ်ကောင်ကို တည်ဆောက်ထားတာ တော်တော်ဝေဝါးပေမဲ့ သူ့ထည့်ချင်တဲ့အဖြည့်တစ်ခုနဲ့ ပဟေဠိတစ်ခုကို ထည့်ပေးနိုင်တဲ့ ဇာတ်ကောင်လို့မြင်ရတယ်။ နောက်ထပ်မြင်ရတဲ့ ဇာတ်ကောင်က မင်းသမီးရဲ့ ယောက်ျားဖြစ်လာမယ့်သူတစ်ဖြစ်လဲ ဖြစ်နေတဲ့သူတစ်ဖြစ်လဲ စစ်ခေါင်းဆောင်တစ်ယောက်။ သူလည်းမထူးဘူးပြောရမလိုလိုပဲ ။ သူ့မကောင်းမှုတွေများတာကို သိရပေမဲ့ အဲဒီမကောင်းမှုတွေက ဘယ်လောက်ထိတာသွားသလဲတော့ ရေရေရာရာပြမသွားဘူး။ ဒါတော့ သူ့အပြအပိုင်းပေါ့။ သူ့ခေတ်က ထိုင်းနိုင်ငံရဲ့ အာဏာရှင်စနစ်နဲ့ ကွန်မြူနစ်သူပုန်တွေကြားက တင်းမာမှုတွေရှိခဲ့တဲ့ ဆိုးဆိုးရွားရွားခေတ်တစ်ခုမှာတည်ထားတယ်။ တိုင်းပြည် ဒုက္ခဝေတဲ့ခေတ်ပေါ့။ ဒီကားရဲ့ အဓိကပုံဖော်မှုဟာ ခေတ်ရယ် သူ့ဖလော်အတိုင်း အကျိုးအဆက်ရယ်လို့တော့ ထင်သာမြင်သာရှိနေတယ်။ ခုနဇာတ်ကောင်တွေအားလုံးဟာလည်း အချိန် နိုင်ငံနဲ့ လူတွေကို ကိုယ်စားပြုထားတဲ့ ဇာတ်ကောင်တွေလို့လည်း မသိမသာတော့ ပုံပေါ်နေတယ်။ ဘာအကြောင်းလဲမေးလာရင်တော့ ခေတ်ပျက်ကြီးတစ်ခုပေါ့ အဲဒီထဲကလူတွေပေါ့။ အဲဒီထဲက အမိနိုင်ငံတစ်ခုပေါ့။ နောက်ပြီးတော့ အဲဒီအရာတွေအားလုံးကို တိုက်စားသွားတဲ့အချိန်ပေါ့။ အဲဒီလူတွေရဲ့မကောင်းမှုတွေကိုလည်း အချိန်အဆက်ဆက်ကိုဖြတ်ပြီး အဲဒီနိုင်ငံကြီးက မစွန့်မပစ် ထွေးပိုက်ထားတုန်းပဲ။ Genre….. Drama Quality…. 1080p | 720p | 480p File size… 1.9GB | 946MB | 468MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Sandaku Encoder ….. Aaron

Comedy
6.4 2021
Anatomy of Time
Tale of the Night
5.6

အခုတစ်ခေါက် CM က ဘာသာပြန်တင်ဆက်ပေးမဲ့ရုပ်ရှင်ကတော့ တရုတ်နိုင်ငံက ချန်ရှားဆိုတဲ့ မြို့ကြီးတစ်မြို့ရဲ့ ညအချိန် စည်ကားသိုက်မြိုက်မှုတွေကို ပုံဖော်ထားတဲ့ Tale of The Night ဆိုတဲ့ ရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ချန်ရှားရဲ့ ထူးခြားလှတဲ့ ညတစ်ညမှာ ညဇီးကွက် ကျင်ဝေဝေက စာအုပ်ဆိုင်မှာ နောက်နေ့မနက်မှာ ဇာတိက ထွက်ခွါသွားတော့မဲ့ ဟယ်ရှီးရှီးနဲ့ တွေ့ဆုံခဲ့ပြီး သူတို့နှစ်ယောက် အတူတကွ ချန်ရှားညကို အလည်သွားဖို့ သဘောတူခဲ့ကြတယ်။ တစ်ဖက်က ချန်ရှင်းကျစ်၊ လျန်ပေါင်ချီ၊ လောင်ရှဲ့တို့တစ်တွေဟာ ကစားကွင်းမှ ဝန်ထမ်းများဖြစ်ကြပါတယ်။ သူတို့က ညရှုခင်းကို ရှုစားရင်း အလုပ်လုပ်ရတဲ့ အခက်အခဲတွေကို ရင်ဖွင့်နေကြတယ်။ ညလယ်စာအဓိကရောင်းတဲ့ စားသောက်ဆိုင်ပိုင်ရှင် အစ်မလိအတွက် ဒီညဟာ သူမရဲ့ နောက်ဆုံးအကြိမ် ခေါက်ဆွဲချက်ခြင်းဖြစ်ပါတယ်။ သူမက သူမတပည့်ကို စားသောက်ဆိုင်ကို ဆက်ခံခိုင်းဖို့ ဆုံးဖြတ်ထားခဲ့တယ်။ Talk show ဖျော်ဖြေသူ ဟယ်အန့်ရဲ့ ဒီနေ့ည ဖျော်ဖြေပွဲမှ ာ အဖေဖြစ်သူက လာရောက် ကြည့်ရှုခဲ့တယ်။ သူ့ရဲ့ အလုပ်ကို မိသားစုက မထောက်ခံတဲ့အတွက် အမြဲတမ်းရန်ဖြစ်နေရတယ်။ ဒါပေမဲ့ မိဘရဲ့ သားသမီးအပေါ်ထားတဲ့ မေတ္တာနဲ့ သူ့ကို အမြဲတမ်း ခွင့်လွှတ်ပေးခဲ့ကြတယ်။ ညအချိန်လည်း ကုန်ဆုံးတော့မယ် လူအများက စားသောက်ဆိုင်မှာ ခေါက်ဆွဲစားနေကြတယ်။ တွေ့ဆုံခြင်း၊ နှစ်သက်ခြင်း၊ နေခဲ့ခြင်း၊ ထွက်ခွါခြင်း၊ နားလည်မှုရခြင်း၊ ပြန်လည်ဆုံတွေ့ခြင်း တွေဟာ ဒီမြို့ထဲမှာပဲ ဖြစ်ပျက်နေပြီး လူတိုင်းက ဒီမြို့ကို နှစ်သက်ဖို့ အကြောင်းပြချက် ကိုယ်စီ ရှိနေကြပါတယ်။

5.6 2023
Tale of the Night
Revolver
6.3

ဒီဇာတ်လမ်းကတော့ ဒါရိုက်တာ Guy Ritchie ရိုက်ကူးခဲ့ပြီး Action၊ Crime၊ Drama၊ Mystery၊ Thriller အကုန်ခံစားရမယ့် ရှုပ်ထွေးနက်နဲတဲ့ movieတစ်ခုဗျ…။ တချို့ကျလည်း နားလည်ဖို့ခက်လို့ သုံးခေါက်လောက်ကြည့်သင့်တဲ့ကားလို့ ဆိုကြပါသတဲ့…။ ဒါကြောင့် ခေါင်းကိုကောင်းကောင်းစားမယ့် ရုပ်ရှင်မျိုးပါ…။ မင်းသားကလည်း အားလုံးသိပြီးသား Transporter မင်းသား ဂျေဆင် စတက်သန်ပါ…။ ဇာတ်လမ်းအကျဥ်းကတော့ မစ္စတာဂရင်းဟာ ဂန်းစတား ခေါင်းဆောင် အလောင်းအစားဘုရင် မစ္စတာဒီရဲ့ အကွက်ဆင်ကောင်းမှုကြောင့် ထောင်ထဲမှာ ၇ နှစ်လောက်အောင်းလိုက်ရပါတယ်…။ ကံကောင်းတယ်ပဲဆိုရမလား ထောင်ထဲမှာ တိုက်ပိတ်ခံရရင်း ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားနှစ်ယောက်နဲ့ ကြုံဆုံခွင့်ရခဲ့ပါတယ်…။ တစ်ယောက်က စစ်တုရင်ဆရာကြီး…နောက်တစ်ယောက်က အယုံသွင်း လှည့်ဖြားတတ်တဲ့လူလိမ်ဆရာကြီး…။ ထောင်ထဲမှာ ၇နှစ်လုံးလုံး အဲ့ဆရာကြီးနှစ်ယောက်ဆီက ပညာတွေ အခွင့်သင့် သလိုသင်ယူရင်း၊ လက်စားချေနိုင်မယ့်နေ့ကို စောင့်မျှော်ရင်း ၇ နှစ်တာ ကုန်ဆုံးပြီး ထောင်ကထွက်လာခဲ့ပါတယ်…။ စစ်တုရင်ပညာနဲ့ လှည့်စားမှုအတတ်ပေါင်းလိုက်တော့ အတော်အစွမ်းထက်သွားပါလေရော…။ ထောင်ကအထွက် ထောင်ထဲမှာသင်ယူခဲ့တဲ့ပညာတွေနဲ့ နှစ်နှစ်လောက် လောင်းကစား လုပ်ရင်းငွေကိုရှာ၊ ကြွယ်ဝချမ်းသာလာပြီးတဲ့နောက် ဂန်စတားခေါင်းဆောင် မစ္စတာဒီနဲ့ ပညာချင်းပြန်ပြိုင်ပါတော့တယ်….။ ဒီဇာတ်လမ်းက တွေ့နေကျ action၊ crime တွေနဲ့မတူဘဲ သူ့ထက်ငါဆရာ ပညာချင်းပြိုင်တဲ့ပုံစံအပြင် plot twist ခပ်ဆန်းဆန်းကိုမြင်တွေ့ရမှာပါ….။ တွေးတောရင်းကြည့်ရမယ့်ကားမို့ အများကြီးမညွှန်းတော့ပါဘူးဗျာ…။ ဒါရိုက်တာ Guy Ritchieနဲ့ မင်းသား ဂျေဆင် စတက်သန်တို့ လက်တွဲထားတဲ့ကားမို့ ကြည့်ကိုကြည့်သင့်တဲ့ကားလေးပါပဲ။ File size…1.86GB / 598MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 51m Genre ….. Action , Crime ,Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

6.3 2005
Revolver
How to Deal with a Heartbreak

How to Deal with a Heartbreak (2023) အေးအေးငြိမ်ငြိမ်နဲ့ လက်တွေ့ဘ၀နဲ့ဆက်စပ်ပြီး မိသားစုနဲ့ Friendship ကို အဓိက ပုံဖော်ထားတဲ့ ကားလေး လာပါပြီ။ အဓိက ဇာတ်ကောင် မာဖေးက စာရေးဆရာလုပ်ရင်းကနေ Influencer လိုင်း‌ ပြောင်းသွားပြီး Blog လေးတွေတင်ကာ ပီရူးမှာ မိဘတွေနဲ့အတူ နေပါတယ်။ သူ့အမေကတော့ စာဆက်ရေးစေချင်ပေမယ့် မာဖေးက စာအုပ်တစ်အုပ်ထုတ်ပြီး ဆက်မလုပ်နိုင်သေးတာပါ။ နောက်တော့ စိတ်အပြောင်းအလဲဖြစ်အောင် ဒုတိယစာအုပ်လည်း ဆက်လုပ်နိုင်အောင် သူငယ်ချင်းတွေဆီ အလည်သွားခဲ့ပါတယ်။ သူ့သူငယ်ချင်း ၂ယောက်ကတော့ ဘ၀စီမံကိန်းတွေချပြီး အဆင်ပြေနေကြပါတယ်။ စိတ်ဓာတ်ကျနေတဲ့ မာဖေးအတွက် တစ်ပူပေါ်နှစ်ပူဆင့်ပြီး သူ့အဖေကပါ နှလုံးရောဂါနဲ့ ရုတ်တရက်ဆုံးသွားတဲ့အခါ… နာကျင်မှုတွေ ပူဆွေးမှုတွေကို သူငယ်ချင်း မိတ်ဆွေတွေ အကူအညီနဲ့ ကျော်ဖြတ်ပြီး အချစ်သစ်ရှာဖွေတဲ့ပုံ… စာအုပ်အသစ်ထုတ်နိုင်ဖို့ ကြိုးပမ်းပုံတွေကို ရိုးရိုးရှင်းရှင်း သရုပ်ဖော်ထားတာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 810MB Quality – 1080p, 720p Format – mp4 Duration – 1H 50Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

TV Movie • Thriller
0 2023
How to Deal with a Heartbreak
Priscilla
7

Priscilla (2023) ~ IMDb – 7/10, RT – 82%, Meta – 78% ~ ဖရန်စစ်ဖို့ဒ်ကော်ပိုလာကြီးကတော့ ၂၀၁၁ကတည်းက ဘာကားမှမထွက်ဘဲ ၂၀၁၉လောက်ကမှ Megalopolis ဆိုတဲ့ ရုပ်ရှင်အသစ်အကြောင်းထအော် သူဒီကားအတွက် ဇာတ်ညွှန်းရေးနေတာ ၁၉၈၀ကတည်းက ဖြစ်ကြောင်း ထအော်ပြီး ပျောက်သွားလောက်တာ အခု ၂၀၂၄ စတော့မယ့်အထိ ပြန်ကိုပေါ်မလာသေးပါဘူး။ Megalopolis ဆိုလည်း ရိုက်ကူးပြီးစီးပြီတော့ကြားပေမဲ့ အခုထိ ပိုစတာတောင် မလာသေးပါဘူး။ ရိုက်ကွင်းမှာလည်း ကော်ပိုလာထုံးစံအတိုင်း တော်တော်ကသောင်းကနင်းဖြစ်ခဲ့တယ်တော့ ကြားထားတာပါပဲ။ သူ့သမီး ဆိုဖီယာကော်ပိုလာကတော့ ၃နှစ်တစ်ကားဆိုသလို ပုံမှန်ရိုက်နေကျအတိုင်း ဒီနှစ်မှာ Priscilla နဲ့ ပြန်ပေါ်လာပြန်ပါပြီ။ ဒီတစ်ခါတော့ A24 က ဖြန့်ဝေပေးထားပါတယ်။ ၁၉၈၅မှာ Elvis Presley ရဲ့မိန်းမ Priscilla Presley က “Elvis and Me” ဆိုတဲ့ စာအုပ်ကို ထုတ်ခဲ့ပြီး အဲဗစ်နဲ့ သူ့အကြောင်းကို ရေးသားခဲ့ဖူးတယ်။ ၂၀၂၂ မှာတော့ ဆိုဖီယာကော်ပိုလာက ဒါကို ရုပ်ရှင်အဖြစ်အသက်သွင်းဖို့ ကြေညာခဲ့တယ်။ ဆိုဖီကာကော်ပိုလာဟာ ဒီစာအုပ်ကို ဖတ်ပြီး တော်တော်လေးထိသွားခဲ့တယ်တော့ ဆိုပါတယ်။ ဘယ်လိုထိသွားသလဲတော့ မသိဘူးပေါ့။ ဒီကားဟာ ပရက်စလေ ဘိုင်အိုဂရပ်ဖီကားတစ်ကားလို့ပြောလို့ရပေမဲ့ Baz Luhrmann ရဲ့ Elvis (2022) နဲ့ ဆန့်ကျင်စွာပဲ ဒီရုပ်ရှင်မှာ အဲဗစ်ရဲ့အောင်မြင်ခဲ့တဲ့ဘဝအကြောင်း သေချာထည့်သွင်းပြသသွားတာမျိုးမရှိဘူး။ အဲဗစ်ရဲ့ စိတ်အမှောင်ဘက်ခြမ်းကို ပိုအသားပေးပြသွားတယ်။ ဆိုဖီကာကော်ပိုလာဟာ သူတို့၂ယောက်ဆက်ဆံရေးထဲကမှ Priscilla ရဲ့ဘက်ကို ပိုပြသချင်ခဲ့ပြီး Priscilla ကို အဲဗစ်က ရုပ်ပိုင်း စိတ်ပိုင်း အနိုင်ကျင့်ခဲ့တာတွေကို ပေါ်လွင်အောင် ပြသချင်ခဲ့တယ်။ ကျွန်တော့်အမြင်အရတော့ ဆိုဖီယာဟာ အဲဗစ်ကို အရမ်းဆိုးဆိုးရွားရွားကြီးတော့ ပြမထားဘူး။ ဒါပေမဲ့လည်း အဲဗစ်ရဲ့သမီးကတော့ သူ့အဖေအကြောင်း ဒီလိုပြသတဲ့ရုပ်ရှင်ကို သဘောမကျခဲ့သလို သူ့အမေဘက်ကမြင်တဲ့ သူ့အဖေအပေါ်အမြင်အကြောင်းလည်း သူစိတ်မဝင်စားဘူးလို့ဆိုခဲ့တယ်။ ဇာတ်ကတော့ အဲဗစ်ကို အမေရိကန်စစ်တပ်က ဂျာမနီမှာ မထမ်းမနေရ စစ်မှုထမ်းခိုင်းတဲ့အချိန်မှာစထားတယ်။ ဒီအချိန်မှာ သူအဆိုတော်အနေနဲ့ တော်တော်လေး အောင်မြင်ပြီးနေပြီ။ တစ်ရပ်တကျေးမှာပဲ ဂျာမနီကို တာဝန်ကျတဲ့ ဗိုလ်မှူးတစ်ယောက်ရဲ့သမီး Priscilla နဲ့တွေ့ပြီး သူချစ်ကျွမ်းဝင်မိခဲ့တယ်။ ပြဿနာကတော့ သူတို့စတွေ့တဲ့အချိန်မှာ Priscilla အသက်က ၁၅နှစ်ပဲရှိသေးတယ်။ ကလေးမလေးကို အဲဗစ်က ကြွေဆင်းသွားခဲ့သလို သျှမ်းသျှမ်းတောက်အောင်မြင်နေတဲ့ အဲဗစ်ရဲ့ အရှိန်အဝါကိုလည်း ကလေးမလေးက မလွန်ဆန်နိုင်ခဲ့ဘူး။ ဒီလိုနဲ့ ၁၅နှစ်ကလေးနဲ့ နာမည်ကျော်အဆိုတော်ကြီးတို့ရဲ့ ဇာတ်လမ်းလေးစခဲ့တယ်။ အဲဒီဇာတ်လမ်းကနေမှ Priscilla အတွက် အဲဗစ်နဲ့ပတ်သက်ပြီး ကြုံခဲ့ရတာတွေကို ဆိုဖီယာကော်ပိုလာက ဆက်တင်ပြသွားတယ်။ ပြောရရင် ဒီရုပ်ရှင်မှာ အဲဗစ် နဲ့ Priscilla တို့ရဲ့ အိမ်ထောင်ရေး ဇာတ်လမ်းကို စဆုံးတင်ပြထားတယ်။ အဲဗစ်အဖြစ် ဆိုဖီယာရွေးထားတာက Jacob Elordi… သူ့အဆိုအရတော့ အဲဗစ်နဲ့ တူတဲ့ သရုပ်ဆောင်မျိုးရှိမှာမဟုတ်ပေမဲ့ ဂျက်ကော့ကလည်း အဲဗစ်လို ညှို့ဓာတ်ရှိပြီး မိန်းကလေးတွေသည်းသည်းလှုပ်သဘောကျခံရတဲ့သူမို့ သူရွေးခဲ့တာဆိုတယ်။ Priscilla ရဲ့ ၁၅နှစ်ကနေ ၂၇နှစ်အထိအပိုင်းအခြားကို သရုပ်ဆောင်ရမှာက Cailee Spaeny… သူလည်း ကောင်းခဲ့ပါတယ်။ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ သူ မင်းသမီးဆုဆန်ခါတင်ဝင်ထားသေးတယ်။ ဝေဖန်ရေးသမားတစ်ချို့ကတော့ Priscilla ဟာ “Lost in Translation” နောက်ပိုင်း ဆိုဖီယာကော်ပိုလာရဲ့အကောင်းဆုံးကားလို့ ဆိုကြတယ်။ ဘာပဲဖြစ်ဖြစ်ပါ။ သူ့အဖေကြီး ဖရန်စစ်ရဲ့ကား ဘယ်တော့ဘယ်ဆီမှ ထွက်မယ်မှန်းလည်းမသိနိုင်တော့ ဘာမှမဆိုင်ပေမဲ့ အဆာပြေ ဆိုဖီယာကော်ပိုလာရဲ့ကားလေးကြည့်ရင်းပဲ စောင့်လိုက်ကြတာပေါ့။ ဆိုဖီယာကော်ပိုလာဟာ ဒီရုပ်ရှင်ကို သူ့ဝသီအတိုင်း အမျိုးသမီးဆန်တဲ့ အမြင်နဲ့ အသက်သွင်းသွားခဲ့တယ်။ ထူးတာကတော့ အဲဗစ်ပရက်စလေရဲ့ ဘိုင်အိုကားလို့ပြောလို့ရပေမဲ့ အဲဗစ်သီချင်းတွေမပါဘဲ ဆိုဖီယာ့ယောက်ျားနဲ့ သူ့ဝိုင်းတော်သားတွေက ဒီရုပ်ရှင်ရဲ့ သီချင်းတွေကို ဖန်တီးပေးထားတယ်။ အောင်မြင်တဲ့ယောက်ျားတွေအကြောင်း ကျွန်တော်တို့ အလုံအလောက်နီးပါးကြည့်ပြီးပါပြီ။ ဆိုဖီယာကော်ပိုလာကတော့ အဲဒီအောင်မြင်တဲ့ယောက်ျားတွေထဲက တစ်ယောက်ဒဏ်ကိုခံခဲ့ရတဲ့ မိန်းမတစ်ယောက်အကြောင်းကို ကျွန်တော်တို့ကို ပြသသွားခဲ့တယ်။ Priscilla ကို ဆိုဖီယာကော်ပိုလာရဲ့ လျှပ်ပြေးဖော်ပြတဲ့ပုံစံအတိုင်းပဲ တင်ပြထားတာမို့ သူ့တင်ဆက်ဟန်ကို သဘောကျတဲ့လူတွေ‌တော့ ကြိုက်ကြမှာပေမဲ့ အားလုံးတော့ ကြိုက်ကြမယ်မထင်ဘူး။ ဒါပေမဲ့လည်း အော်စကာမှာ တစ်နေရာရာက ဝင်ကောင်းဝင်နိုင်တဲ့ ရုပ်ရှင်ပါပဲ။ ကျွန်တော့်အမြင်တော့ အဲဗစ်ကို ဆိုဖီယာ ပုံဖော်သွားတဲ့ပုံစံက နားလည်ပေးလို့ရသလို သိပ်အဆိုးကြီးတော့လည်း မဟုတ်တာမို့ အဲဗစ်ဖန်တွေလည်း ကြည့်လို့အဆင်ပြေမှာပါပဲ။ Priscilla ရဲ့ တစ်ထောင့်မှာ အချစ်နဲ့အောင်မြင်ခြင်းဟာ ဘယ်တော့မှ ထပ်တူမကျနိုင်တဲ့အကြောင်းတွေကိုလည်း ကျွန်တော်တို့ မြင်ရပါလိမ့်မယ်။ Priscilla Presley အချစ်ဆိုတာ နတ်ပြည်နဲ့ငရဲလက်တွဲထားတဲ့ ကမ္ဘာပဲ Priscilla ရေ မင်းရင်ခုန်ခဲ့တဲ့အချစ်ဟာ မင်းကိုနာကျင်စေခဲ့ပြီ အသက်ရှင်ခြင်းကလည်း ဘယ်လောက်ချစ်နိုင်ခဲ့သလဲ ဘုရားသခင်ပေးတဲ့ ကဗျာပဲ။ ။ ~ သုခမိန်လှိုင် P.S – Special thanks to Sayar Thukhamein Hlaing who wrote this poem exclusively for Channel Myanmar… (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 4.06GB, 2.15GB, 810MB Quality – 4K HEVC, 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 53Min Genre – Biography, Drama, Music Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y, Ka Naung

Action
7 2023
Priscilla
Heaven and Earth Are Righteous
5.8

နတ်တွေသရဲတွေက သူရဲကောင်းကိုမတားကြဘူး၊ တောင်တန်းပေါ်ကနေရာတိုင်းမှာ သစ္စာရှိအရိုးတွေ မြှုပ်ထားတယ်တဲ့။ ဒီသည်းထိတ်ရင်ဖိုရုပ်ရှင်လေးက ၁၉၃၉ ခုနှစ်က ခေတ်ပြောင်းလဲချိန်ကို အခြေခံ ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။ ၁၉၃၉ ခုနှစ်မှာ အခေါင်းသယ်သူ စုန့်ကျုံးယိကို မုဆိုးမယန်ထောင်က အခေါင်းသယ်ပေးဖို့ တောင်းဆိုလာပါတယ်။ သူ့ရဲ့ ဆုံးပါးသွားတဲ့ ခင်ပွန်းရဲ့ အခေါင်းကို လဲ့ရှန်းတောင် အန်းဂူမြို့မှာ မြှုပ်နှံသင်္ဂြိုလ်ဖို့တဲ့။ ဒါပေမဲ့ အဲ့ဒါဟာ လိမ်နေကြောင်း စုန့်ကျုံးယိက သိတဲ့အတွက် ငြင်းခဲ့ပါတယ်။ အဲ့ဒီအခါ ယန့်ထောင်တစ်ယောက် အခေါင်းကို ဂိတ်ဖြတ်ခွင့်ပေးဖို့ ဝမ့်ဖူရွာက ဌာနမှူးကျန်းကို ခွင်းတောင်းရပါတယ်။ ယန်ထောင်တစ်ယောက် ဂိတ်ဖြတ်ခွင့်တောင်းတဲ့ ညမှာပဲ ဌာနမှူးကျန်းရဲ့ အကောက်ကြံသတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး စုန့်ကျုံးယိဆီကို ရောက်လာတဲ့ အခေါင်း ၂ခေါင်း ဖြစ်သွားပါတယ်။ အဲ့လို အဖြစ်အပျက်တွေ ဖြစ်ပြီးနောက်မှာပဲ ဌာနမှူးကျန်းတို့အိမ်မှာ နိမိတ်ဆိုးတွေ စပြလာပါတော့တယ်။ လည်ပင်းမှာ အခေါင်းကွင်းလို့ခေါ်တဲ့ ယားနာဖုလို အဝိုင်းကြီးပေါ်လာတဲ့အခါ…… သေသွားတဲ့ မိန်းကလေးယန်ထောင်ရဲ့ မျက်နှာမူရာအရပ်အတိုင်း သွားရှာလိုက်တဲ့အခါ…… စုန့်ကျုံးယိတစ်ယောက် ဘယ်လို လျှို့ဝှက်ချက်တွေကို ရှာဖွေတွေရှိသွားမလဲဆိုတာကို ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။

5.8 2024
Heaven and Earth Are Righteous
Radhaamadhavam
7

Radha Madhavam 2024 အတ္တကြားကစတေးခံနှလုံးသား IMDb – 8.7/10 Bollywood အချစ်ဇာတ်လမ်းကောင်းတစ်ပုဒ်ကို မျှော်လင့်နေတဲ့ချစ်ပရိသတ်တို့အတွက် သာမန်ချစ်ကြိုက်ညား romanceနဲ့မတူဘဲ မေတ္တာနဲ့သစ္စာကို အလေးပေးရိုက်ကူးထားတဲ့ တေလဂူဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းလေးကတော့ ကျေးရွာဇနပုဒ်လေးတစ်ခုက MCCဆိုတဲ့ ပြန်လည်ထူထောင်ရေးစင်တာတည်ထောင်သူ ရာဒါဆိုတဲ့မိန်းကလေးရဲ့ အချစ်ဇာတ်လမ်းလေးပေါ့။ ပရဟိတသမားတစ်ယောက်ရဲ့ နှလုံးသားကိုနားလည်ချင်ရင် တစ်စုံတစ်ယောက်ကို ကိုယ့်ဘဝထက်ပိုပြီး ချစ်ကြည့်လိုက်စမ်းပါတဲ့။ ဒါဆို မိသားစုရဲ့ အိမ်ထောင်ဦးစီးနေရာကို လျစ်လျူရှုလို့ လမ်းဘေးမှာမူးရူးနေတဲ့ ယမကာလုလင်တစ်စုကို လိုလေသေးမရှိကူညီနေတဲ့MCCစင်တာ၊ ယောက်ျားဖြစ်သူ သားဖြစ်သူတွေ အသိတရားပြန်ဝင်သွားလို့ အဆင်ပြေအောင် ကူညီပေးခဲ့တဲ့ ရာဒါတစ်‌ယောက် ဒီMCCစင်တာကို စထောင်ဖြစ်ခဲ့တဲ့အကြောင်းရင်း တစ်နည်း ရာဒါနဲ့မာဒါဗာတို့ရဲ့အချစ်ဇာတ်လမ်းက ဘယ်လိုစခဲ့လဲဆိုတာကို ဒီဇာတ်ကားလေးမှာ ရှုစားရမှာပါ။ ရာဒါနဲ့မာဒါဗာဟာ ငယ်စဉ်ကျောင်းသားအရွယ်ကတည်းက ခင်မင်ရင်းနှီးကြတဲ့ သူငယ်ချင်းနှစ်ယောက်၊ ရာဒါကတော့ ခင်မင်ရုံပဲဆိုပေမဲ့ အဲဒီအချိန်ကတည်းကတော့ မာဒါဗာကတော့ တိတ်တခိုးချစ်နေခဲ့ရသူပါ။ ဒါပေမဲ့ ရာဒါရဲ့အဖေဖြစ်သူရဲ့ အမျိုးဇာတ်ကွာခြားမှု မူဝါဒတွေ ရိုက်သွင်းခံရပြီးမှာတော့ ရာဒါတစ်ယောက် ပြောင်းလဲပြီး မာဒါဗာနဲ့လည်း ဝေးကွာသွားခဲ့ရတာပေါ့။ ဖူးစာပါရင် ဘယ်သူခွဲခွဲ တစ်ချိန်ချိန်တော့ ပြန်ဆုံရသလိုပဲ ရာဒါနဲ့မာဒါဗာတို့ ပြန်ဆုံချိန်မှာတော့ မာဒါဗာရဲ့အချစ်တွေ မပြောင်းလဲခဲ့သလို ရာဒါလည်း သူတောင်မသိလိုက်ဘဲ အချစ်တွေ စတင်ပေါက်ဖွားလာခဲ့ပေမဲ့ အဆင့်အတန်းဆိုတဲ့ အတ္တမာနကြားက သူတို့ရဲ့အချစ်က ဘယ်လိုတွေဆက်ဖြစ်မှာလဲ။ ဘယ်လိုကြောင့်များ ထက်မြက်တဲ့ရာဒါကနေ ပရဟိတသမားရာဒါအဖြစ် ပြောင်းလဲဖို့ဖြစ်လာရတာလဲဆိုတာကို ဒီဇာတ်လမ်းလေးမှာပဲ ဆက်လက်ရှုစားလိုက်ရအောင်ပါ။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Alex ~ V ~ ToMo ~ Yunni တို့ပဲဖြစ်ပါတယ်။)

History • War • Drama
7 2024
Radhaamadhavam
This Train
5.6

ရစ်ကီဟာ အဖြစ်ဆိုးအချို့ကို ကြုံတွေ့ပြီးချိန်မှာ မြို့ကနေ ထွက်သွားပြီး လျှောက်သွားနေခဲ့တဲ့သူ ဖြစ်ပါတယ်။ ဒီလိုနဲ့ သုံးနှစ်အကြာမှာတော့ သူ့ရဲ့ ဇာတိမြို့ကို ပြန်ရောက်လာခဲ့ပါတယ်။ ဒီလိုနဲ့ပဲ သူ့ရဲ့သူငယ်ချင်းဟောင်းနဲ့ ပြန်တွေ့ရင်း သူငယ်ချင်းက သူ့ကို တိုင်လာဆိုတဲ့ လူငယ်တစ်ယောက်နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ တိုင်လာ ဟာ အရက်သောက် ဆေးသုံးနဲ့ ကလေးအကျဉ်းထောင်ကျပြီး ပြန်လွတ်လာခဲ့သူပါ။ ဒါ့အပြင် တိုင်လာဟာ ရစ်ကီ လွတ်မြောက်ဖို့ကြိုးစားနေတဲ့ အတိတ်ဆိုးနဲ့လည်း ပါတ်သတ်မှုရှိနေပါတယ်။ ရစ်ကီ တစ်ယောက် ရှောင်ပြေးနေတဲ့အရာကဘာလဲ။ သူ ဒီအရာတွေကို ဘယ်လိုရင်ဆိုင်မလဲ။ တိုင်လာ နဲ့ ရစ်ကီရဲ့ ဆက်ဆံရေးကရော ဘယ်လိုဖြစ်လာမလဲဆိုတာ ကြည့်ရှုပေးကြပါဦး။ File size…(1.4 GB)/(700 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:41:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro

5.6 2023 101 mins
This Train
Dan Hawk Psychic Detective
4.7

Dan Hawk Psychic Detective (2024) ၂၀၂၄ ခုနှစ်ကမှ ထွက်ရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး Crime/Thriller မှုခင်း သည်းထိတ်ရင်ဖို ဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်။ ဒါရိုက်တာ Ben Shockley ရိုက်ကူးထားတာဖြစ်ပြီး ဗြိတိသျှစကားပြော ဇာတ်ကားတစ်ကားပါ။ ဇာတ်လမ်းအကျဥ်းကတော့ Dan Hawk ဟာ ရဲဝန်ထမ်းအဖြစ်ကနေ အနားယူပြီး စာရေးဆရာတစ်ဦးအဖြစ် အသက်မွေးနေပါတယ်။ အဲဒီအချိန်မှာ သူ့ရဲ့စာအုပ်စီးရီးဖြစ်တဲ့ Pumpkin Head ဝတ္ထုတွေထဲက ဇာတ်ကောင်အတိုင်း ဖရုံသီးကြီးခေါင်းစွပ်ထားတဲ့ serial killer တစ်ဦး ပေါ်ပေါက်လာချိန်မှာတော့ Dan Hawk တစ်ယောက် တရားခံဘယ်သူလဲဆိုတာကို ဖော်ထုတ်ဖို့ ကြိုးစားရပါတော့တယ်။ ဗြိတိသျှစကားပြောဇာတ်လမ်းဖြစ်ပြီး ဘတ်ဂျက်ဇာတ်ကား တစ်ခုဖြစ်တဲ့ ဒီဇာတ်လမ်းလေးက ကြာချိန်တိုပြီး ဇာတ်အိမ်ရိုးရှင်းတဲ့အတွက် အပျင်းပြေ ကြည့်ရှုလို့ကောင်းမဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Wilfenheim ဖြစ်ပါတယ်။) File size…(630 MB) / (350 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Thriller Duration….01:09:26 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Wilfenheim

Action • Crime
4.7 2024 68 mins
Dan Hawk Psychic Detective