YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Whale Store Xoxo (2025) E06 720p NF WEB-DL [RMC].mp4

394.94 MB 720p video/mp4 5 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
My Blue Summer
6

" ကျွန်မဒိုင်ယာရီအထူးကြီးတစ်အုပ်ရေးခဲ့ဖူးတယ်။ ဒိုင်ယာရီထဲကစကားလုံးတိုင်းကဖော်ပြနေခဲ့တာ လူတစ်ယောက်ထဲရဲ့အကြောင်းကိုပဲ။ ဒီကမ္ဘာပေါ်မှာထိန်းသိမ်းဖို့အလွယ်ဆုံးနဲ့ ဖျက်ဆီးဖို့အလွယ်ဆုံးက တစ်ဖက်သတ်အချစ်ပဲ။ ကျွန်မအဆက်မပြတ်အလုပ်တွေရှုပ်အောင်လုပ်နေခဲ့တာ သူနဲ့ အဲဒီတုန်းကအချိန်တွေကိုမေ့ပစ်ဖို့ပဲ။ " (လော့ကျီ) "ငါတို့အတူတူနှစ်သက်ခဲ့တဲ့ မိုးရာသီက ငါ့အတွက်ခက်ခဲတဲ့နေ့ရက်တွေအဖြစ် ပြောင်းသွားခဲ့တယ်။ " (ရှန့်ဟွိုင်နန်) တစ်ခါတုန်းကစာတော်ပြီးထူးချွန်တဲ့ အထက်တန်းကျောင်းသူလေးလော့ကျီက ရှန့်ဟွိုင်နန်ဆိုတဲ့ကောင်လေးတစ်ယောက်ကို တစ်ဖက်သတ်ချစ်နေခဲ့တယ်။ ကောင်လေးကတော့ ဒါတွေကိုမသိခဲ့ပါဘူး။ အထက်တန်းပြီးသွားတော့ သူတို့နှစ်ယောက်က တက္ကသိုလ်တစ်ခုတည်းပဲဆိုတာ လော့ကျီသိလိုက်ရတယ်။ နှစ်ယောက်သားမထင်မှတ်ပဲပြန်ဆုံတွေ့ပြီး ရင်းနီးလာကြခဲ့တယ်။ ရင်ထဲကအချစ်တွေကိုတော့ဖော်မပြရဲခဲ့ပါဘူး၊ ကြီးပြင်းလာရင်း ဘဝရဲ့ဖိအားတွေနဲ့ သူတို့ရဲ့အချစ်တွေက ဘယ်လိုဖြစ်သွားမလဲဆိုတာကို ငယ်ရွယ်တဲ့ကျောင်းသားဘဝကို ပြန်လည်လွမ်းဆွတ်အမှတ်ရရင်း ချိုချိုမြိန်မြိန်ကြည့်လိုက်ပါဦးနော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Romance Runtime : 1h 42min Subtitle : Myanmar Subtitle ( hardsub ) Translated by Chu Chu , Moon , Nu Mon Encoded by LK

Crime • Drama • Mystery
6 2022 102 mins
My Blue Summer
Tyson’s Run
7

Tyson’s Run (2022) Wholesome ဖြစ်တဲ့ Family Friendly ဇာတ်ကားလေးဖြစ်ပါတယ်။ လောကမှာ ကိုယ်ရွေးချယ်လို့ရတဲ့အရာရယ် ကိုယ်ရွေးချယ်လို့မရတဲ့အရာရယ်ဆိုတာ ရှိစမြဲပါ။ ကိုယ့်ရဲ့ဖြစ်တည်မှုကို ရွေးချယ်လို့မရခဲ့ပေမဲ့ ကိုယ်ရထားတဲ့ဘဝကို ဘယ်လိုရှေ့ဆက်ရှင်သန်မယ်ဆိုတာကတော့ ရွေးချယ်လို့ရရဲ့မဟုတ်လား။ ဘော်ဘီဟိုလာမန်းက စတန်းဘရေ့ချ်မြို့ရဲ့ အထင်ကရပုဂ္ဂိုလ်တစ်ဦးပါ။ ဘယ်လိုအထင်ကရဖြစ်တာလဲဆိုတော့ စတန်းဘရေ့ချ်မြို့ ဂရေးဟောင်း အထက်တန်းကျောင်းရဲ့ ဘောလုံးအသင်းနည်းပြအနေနဲ့ ဂရေးဟောင်းအသင်းကို ခုနစ်နှစ်ဆက်တိုက် ရှုံးပွဲမရှိတဲ့အသင်းဖြစ်စေခဲ့ပြီး ပြည်နယ်ကိုယ်စားပြုချန်ပီယံဆုကို ငါးနှစ်ဆက်တိုက် ဆွတ်ခူးစေခဲ့လို့ပါပဲ။ ဒီလိုမြို့ခံလူထုက လေးစားရတဲ့သူ့မှာ တိုင်ဆန်ဆိုတဲ့ ၁၅ နှစ်အရွယ်သားလေးရှိပါတယ်။ ကံဆိုးရှာတာက တိုင်ဆန်ဟာ အော်တစ်ဇင်ဖြစ်နေရှာတာပါပဲ။ ဒါပေမဲ့လည်း တိုင်ဆန်ဟာ ဘောလုံးနည်းပြကြီး သူ့အဖေ ဂုဏ်ယူရတဲ့သူ ဖြစ်အောင် လုပ်ပြချင်ရှာတယ်။ တစ်နေ့ သူတို့မြို့မှာ မာရသွန်အပြေးပြိုင်ပွဲကြီး ကျင်းပမယ်ဆိုတော့ တိုင်ဆန်က သူလည်း ဝင်ပြိုင်ချင်တယ်ဆိုပြီး သူ့မိဘတွေကို ပူဆာရှာတာပေါ့။ ဒါပေမဲ့ စိတ်ပူတတ်တဲ့မိခင်နဲ့ မလုပ်နိုင်ဘူးထင်တဲ့ဖခင်က တားကြလေရဲ့။ ခေါင်းမာတဲ့ တိုင်ဆန်တစ်ယောက် ချန်ပီယံဟောင်းအာခလိလုနဲ့ အမှတ်မထင်ခင်မင်ရင်းနှီးသွားရာက သူ့အိပ်မက်တွေ တကယ်ဖြစ်လာပါ့မလားဆိုတာကတော့ .. ထူးခြားတာက တိုင်ဆန်အဖြစ် သရုပ်ဆောင်တဲ့မင်းသားက အပြင်မှာလည်း အော်တစ်ဇင်ဖြစ်နေတာပါတဲ့။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ။) File Size : 2.3GB, 982MB & 474MB Quality : 1080p WEB-DL, 720p WEB-DL & 480p Format : mp4 Duration : 1hr & 43mins Genre : Drama Translated by May Myat Thu Encoded by Kinnov

Animation • Comedy • Family
7 2021
Tyson’s Run
To Leslie
7

ပယင်းရောင် ယစ်ရွှေရည်၊ စူးရှရှ ပြင်းပြပြ၊ မူးယစ်ရီဝေခိုက်မှာ အသူရာတို့ရဲ့ဘုံမှာ ပျော်ဝင်နစ်မြုပ်သွားသလို။ တစ်ခွက်ပြီးရင် နောက်တစ်ခွက်၊ နောက်တစ်ခွက်နောက်မှာ နောက်တစ်ခွက်၊ ပြန်ဖို့အိမ်အသင့်၊ အိပ်ကပ်ထဲမှာ ပိုက်ဆံအပြည့်၊ ကားထဲမ‌ှာ ဆီအပြည့်။ သူရာရည်ရဲ့ မဲဆွယ်ကာလ ယစ်မူးချိုမြိန်မှုတွေကုန်ချိန်၊ သူဟာ လမ်းဘေးက အိမ်ယာမဲ့။ စားစရာမရှိ၊ ခေါင်းချစရာမရှိ၊ ခိုလှုံရာနတ္ထိ။ ချစ်လှပါတယ်ဆိုတဲ့ အခြွေအရံတွေရဲ့ ခါးသီးတဲ့စွန့်ပစ်မှုတွေနောက်၊ ဘဝက အောက်ကျခဲ့ပြီလား။ လက်စလီ ဟာ တစ်ကိုယ်တည်းသမား သားသည်မိခင်။ ဒေါ်လာနှစ်သိန်းနီးပါး ထီဆုကြေးငွေတွေ အပြည့်အသိပ်နဲ့။ ဘာတဲ့၊ ဘဝပြောင်းမယ့် ပိုက်ဆံတွေတဲ့လား။ တကယ်ပဲ ဘဝပြောင်းသွားတယ်။ လူ့အမှိုက်တစ်ယောက်အဖြစ်ကိုပေါ့။ ပိုက်ဆံတွေကို ယစ်ရွှေရည်နောက် တကောက်ကောက်လိုက်ရင်း ချွတ်ခြုံ မွဲပြာကျ၊ လှလှကြီးဒုက္ခရောက်ရသူ။ ၁၃ နှစ်သားလေးကိုစွန့်ပစ်လို့ လောကဒဏ်ရိုက်ချက်တွေကြား အရက်သမားအဖြစ်နဲ့ ဘဝဇာတ်ခုံမှာ ဇာတ်နာလိုက်ပုံများ။ ကိုယ့်ကိုဖျက်ခဲ့တဲ့ အရက်ကိုပဲ တမ်းတမ်းတ စွဲလမ်းရသူ လက်စလီ တစ်ယောက်၊ သားဆီကို အပြန်လမ်း၊ သူရာနတ်မင်းရဲ့ ကလိထိုးကျီစားမှု ကြောင့် သားဖြစ်သူရဲ့ စွန့်ပစ်ခြင်းနဲ့ ဝဋ်တစ်ဖန်ပြန်လည်၊ ပလက်ဖောင်းမင်းသမီး အရင့်စားကြီးပေါ့။ မွေးရပ်မြေကို ပြန်ရောက်၊ တစ်အူထုံဆင်း အစ်မရင်းကပါ အိမ်ကနေနှင်ထုတ်ရလောက်အောင် ဘဝဆိုးရသူ။ လက်စလီ ဘယ်လဲ၊ ဘာလဲ။ ဘာတွေဆက်ဖြစ်မလဲ။ ဘာတေ‌ွကြုံရဦးမလဲ။ ဒီ ၂၀၂၂ နှစ်ထွက် မိသားစုဇာတ်ကားလေးက သင့်ကို တွေးစရာတွေတပုံတပင်နဲ့ အရောင်စုံခံစားချက်တွေ ပေးစွမ်းနိုင်တာမို့ ကြည့်ရှု့ရအောင် တင်ဆက်ပေးလိုက်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူက‌တော့ Arr Khun Winchester ပါ ) File Size__(2.7GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__7.0/10 Format__mp4 Duration__02:00:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Naing Aung Latt

Drama • History • Music
7 2022 119 mins
To Leslie
Empire of Light
7

Empire of Light(2022) ********************* “အင်ပါယာ” ဆိုတဲ့ ပင်လယ်နားကရုပ်ရှင်ရုံကြီး။ အဲဒီမှာအလုပ်လုပ်နေကြတဲ့ဝန်ထမ်းတွေလည်း မိသားစုလိုချစ်ချစ်ခင်ခင်နဲ့ပါ။ ထူးခြားနေတာကတော့ ဟီလာရီဆိုတဲ့အမျိုးသမီးပဲ။ သူက စိတ်ကစဉ့်ကလျားရောဂါကြောင့် ဆေးရုံပြပြနေရသူ.. တစ်နေ့မှာတော့ စတီဖင်ဆိုတဲ့ လူမည်းကောင်လေးတစ်ယောက် ဝန်ထမ်းအသစ်အနေနဲ့ သူတို့ဆီရောက်လာခဲ့ပါတယ်.. စိတ်ဓါတ်ကျနေတတ်တဲ့ဟီလာရီ့ဘဝထဲဝင်လာတဲ့ စတီဖင်၊ လူမည်းလို့အမြဲခွဲခြားခံနေရပြီး အိပ်မက်တွေလက်လျှော့ခဲ့ရတဲ့ စတီဖင့်ဘဝထဲဝင်လာတဲ့ ဟီလာရီ.. သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ဘယ်လိုတွေအကူအညီဖြစ်သွားစေမလဲဆိုတာကတော့….. File Size :(1.4 GB) and (554 MB) Quality : WEB-DL 1080P,720p Format…mp4 Duration…01:55:00 Genre : Romance , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Shin Rina Encoded by Phyo Pyae

7 2022
Empire of Light
Gooische Vrouwen 2
5.9

Gooische Vrouwen 2 (2014) ==================== IMDb Rating – 5.9/10 (ဒီရုပ်ရှင်ကိုမကြည့်ခင် Gooische Vrouwen (2011) ကိုအရင် ကြည့်ထားရင်ကြည့်ရတာပိုကောင်းပါလိမ့်မယ်။ ရုပ်ရှင်နှစ်ခုကြား ဆက်စပ်မှုလေးတွေရှိပါတယ်။ အဆိုပါဆက်စပ်မှုလေးတွေကို သိထားရင် ပိုပြီးရယ်စရာကောင်းပါလိမ့်မယ်။ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးလေးမှတမင်ကြည့်ချင်တယ်ဆိုရင် ဒီရုပ်ရှင်ဟာ သင့်အတွက်ဖြစ်ပါလိမ့်မယ်) ဇာတ်လမ်းက နယ်သာလန်နိုင်ငံ ဟတ်ဂွိုင်မြို့မှ သက်လတ်ပိုင်း အရွယ်အမျိုးသမီးသူငယ်ချင်း ၄ယောက် အကြောင်းပဲဖြစ်ပါတယ်။ အာဖရိကသို့နှစ်ရှည်ခရီးအလည်ပတ်သွားရာမှပြန်ရောက်လာပြီး ဟတ်ဂွိုင်နဲ့ အသားပြန်မကျသေးတဲ့ ကလယ်ရာ၊ ရည်းစားတွေရှုပ်မြဲ ရှုပ်နေဆဲဖြစ်တဲ့ အာနု၊ အိမ်ထောင်ရေးပြဿနာတွေနဲ့ လုံးပန်းနေရ ပြန်တဲ့ ရှရယ်၊ သဘာဝတရားကြီးနဲ့တိရစ္ဆာ‌န်လေးတွေအပေါ်သံယော ဇဉ်ကြီးလွန်းတဲ့ ရိုလီယန်။ အဆိုပါ သူငယ်ချင်း ၄ယောက် တစ်ယောက်ဒုက္ခတစ်ယောက်ဖေးမရင်း အသက်တွေကြီးသည်အထိ ဘဝကို အတူတကွနေထိုင်ဖြတ်သန်းကြပုံ များကို ရယ်မောရင်းပေါ့ပေါ့ပါးပါးကြည့်ရှုခံစားရမယ့် ရုပ်ရှင်ပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Kaung Paing ဖြစ်ပါတယ်) File Size……….(1.74 GB) / (765 MB) / (452 MB) Quality…………Blu-Ray 1080p / 720p / 480p Duration………1Hr 46Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama, Romance Translator…….Kaung Paing Encoder……….SWM

Thriller • TV Movie
5.9 2014
Gooische Vrouwen 2
Maboroshi
6.4

Maboroshi (2023) ~ IMDb – 6.4/10, RT – 62%, MyDramaList – 7.3/10 ~ အဲဒီမြို့ကလေးမှာ လူတွေဟာ ဘယ်တော့မှ ရုပ်ရော နာမ်ရောပြောင်းလဲမလာကြဘူး။ ဒီအဖြစ်တွေဟာ မြို့ကလေးရဲ့ကောင်းကင်မှာ အက်ကွဲကြောင်းတွေပေါ်လာပြီး ဒီမြို့ကလေးရဲ့ အချက်အချာ စတီးစက်ရုံကြီးကို နတ်ဘုရားတွေ ဝင်စီးရာက စတယ်။ ဒီစတီးစက်ရုံကြီးက တစ်မြို့လုံးက လူတွေအားလုံးကို အလုပ်ပေးထားတဲ့နေရာတစ်ခု။ ကောင်းကင်မှာ အက်ကွဲကြောင်းတွေပေါ်လာပြီး တစ်ခုသောမနက်မှာ စတီးစက်ရုံကြီးဟာ ဘယ်သူမှ ဝင်လည်ပတ်ပေးစရာမလိုဘဲ သူ့ဘာသာ လည်ပတ်နေတော့တယ်။ စက်ရုံက အဓိကထုတ်ပေးတာက ဝံပုလွေလို သဏ္ဍာန်ရှိတဲ့ မီးခိုးတွေပေါ့။ အဲဒီမီးခိုးတွေက အလုပ်၂ခုလုပ်တယ်။ တစ်ခုက ကောင်းကင်က အက်ကွဲကြောင်းကိုဖာတာ၊ တစ်ခုက လူတွေကို ပျောက်ကွယ်အောင်လုပ်တာ။ ဘယ်လိုလူတွေကိုပျောက်ကွယ်အောင် လုပ်သလဲဆိုရင်တော့ ခံစားချက်ရှိတဲ့လူတွေကို…။ အဲဒီမြို့ကလေးက လူတွေဟာ ခံစားချက်ရှိနေလို့မရဘူး။ ခံစားချက်မရှိအောင်လည်းနေရတယ်။ ခံစားချက်တစ်ခုရှိလာပြီဆိုတာနဲ့ မီးခိုးဝံပုလွေတွေဟာ အဲဒီလူကို ဝါးမြိုသွားတတ်တယ်။ ခံစားချက်ရှိလာလေ လူတွေရဲ့ နှလုံးသားမှာ အက်ကွဲကြောင်းတွေပေါ်လာလေ မြို့ကလေးရဲ့ ကောင်းကင်က အက်ကွဲကြောင်းတွေကလည်း ပိုအက်ကွဲလာပြီး မြို့ဟာ ပိုပျက်လာတတ်တယ်။ မြို့က လူကြီးတွေက အဲဒီမြို့ကလေးကလူတွေကို အပြောင်းအလဲမရှိအောင်ရော ခံစားချက်မရှိအောင်ရော ထိန်းချုပ်ထားတယ်။ သူတို့ခံစားချက်တွေ မပြောင်းလဲကြသလိုပဲ အဖြစ်တွေ ရာသီတွေကလည်း မပြောင်းလဲဘူး။ အမြဲတမ်း ဆောင်းကျနေတဲ့ မြို့ကလေးမှာ သူတို့အသက်တွေကလည်း ကြီးမလာကြသလို မြို့ကလေးကလူတွေမှာ ဘယ်လိုဒဏ်ရာမျိုးပဲရရ နာကျင်မှုဆိုတာလည်း မရှိဘူး။ ရုပ်ရဲ့အထိအခိုက်နဲ့ နာကျင်မှုကို သူတို့တွေရှာကြည့်ကြပေမဲ့လည်း နာကျင်မှုက သူတို့ဆီ ရောက်မလာခဲ့ဘူး။ သူတို့ကိုနာကျင်စေနိုင်တဲ့ တစ်ခုတည်းသောအရာက ချစ်မိခြင်းပဲရှိခဲ့တယ်။ ချစ်မိသူတွေများလာရင်လည်း မြို့ကလေးရဲ့ကောင်းကင်မှာ အက်ကွဲကြောင်း‌တွေ တိုးသည်ထက်တိုးလာရင်း မြို့ကလေးရဲ့ပျက်ကပ်ဟာ ဆိုက်ရောက်လာလိမ့်မယ်။ တချို့ကတော့ ဒီမြို့ကလေးဟာ နတ်ဘုရားတွေရဲ့ အမျက်တော်ရှခံနေရတာလို့ ဆိုကြတယ်။ တစ်ချို့ကတော့ ဒီမြို့ကလေးဟာ နတ်ဘုရားတွေရဲ့ ကရုဏာလို့ဆိုကြတယ်။ မြို့ကလေးကလူတွေကို ရှိခဲ့ဖူးတဲ့ အလှပဆုံးအချိန်တစ်ခုမှာ သိမ်းဆည်းထားပေးချင်တာလို့ ဆိုကြတယ်။ အလှပဆုံးအချိန်တွေမှာ ခံစားချက်မဲ့စွာရှင်သန်မလား… ခံစားချက်တစ်ခုရဲ့ အရွေ့မှာ မြို့ကလေးရဲ့ ကောင်းကင်အက်ကွဲကြောင်းတစ်ခုတိုးစေမလား… ကတော့ မြို့ကလေးက လူတွေရဲ့ ရွေးချယ်မှုပေါ့။ Maboroshi မှာ အဲဒီရွေးချယ်မှုတွေ ဘယ်လောက်ခက်ခဲပြီး အဲဒီရွေးချယ်မှုတွေ ဘယ်လောက်လှပလဲ မြင်ရလိမ့်မယ်။ အခုပြောနေတဲ့ဇာတ်ကြောင်းဟာ စတိသဘောပါပဲ။ Maboroshi ရဲ့ ဇာတ်ကြောင်းဟာ ဒီထက်အများကြီးပိုရှုပ်ထွေးတယ်။ Maboroshiဟာ ဘယ်လိုကားမျိုးလဲပြောရရင် ကျွန်တော့်အတွက်တော့ Fragmentation တစ်ကြောင်းကို ပြန်အမှတ်ရစေခဲ့တယ်။ “ပြောင်းလဲမရနိုင်တဲ့ရင်နာစရာတွေအတွက် ချစ်စရာ အနုပညာထွက်ပေါက်ဟာ အိမ်နီးချင်းတိုတိုရိုကလေးမှာ ရှိနေတယ်” ဆိုတဲ့ စာသားတစ်ကြောင်းပေါ့။ တိုတိုရိုနဲ့ မတူတာက ဒီရုပ်ရှင်ကတော့ အရှိတရားကို လက်ခံပြီး ဒီထွက်ပေါက်တွေကနေ ကျွန်တော်တို့ရွေ့ပြီး ပိုလှတဲ့နေ့တွေအတွက် ရှေ့ဆက်မလား။ ဒီထွက်ပေါက်ကလေးကိုပဲ မက်မောပြီးနေလိုက်မလားဆိုတာကို ပြသွားခဲ့တယ်။ Maboroshi ဟာ အန်နမဲကြည့်နေကျမဟုတ်တဲ့လူတွေအတွက်တော့ အဆင်ပြေဖို့မသေချာပေမဲ့ အန်နမဲဖန်တွေအတွက်တော့ ကားကောင်းတစ်ကားဖြစ်နေလိမ့်မယ်။ Perfect Blue, Paprika, The Prestige, Inception, Shutter Island နဲ့ Predestionation တို့လို ရုပ်ရှင်တွေကြိုက်တဲ့လူတွေလည်း ကြိုက်ကောင်းကြိုက်ကြပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.4GB, 720MB Quality – 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 1H 51Min Genre – Animation, Drama, Fantasy Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.4 2023
Maboroshi
Kung Fu Ping Pong
5.8

ဂရိတ်ဗြိတိန်မှာ တစ်နှစ်ပတ်လုံးမိုးတွေအရမ်းရွာသွန်းခဲ့တဲ့အချိန်မှာ တင်းနစ်ကစားရတာကိုအရမ်းကြိုက်တဲ့ တော်ဝင်မျိုးနွယ်ဝင်တစ်ယောက်က အပြင်ထွက်စရာမလိုဘဲကစားလို့ရတဲ့ တင်းနစ်ကစားနည်းနဲ့တူတဲ့ကစားနည်းတစ်မျိုးကိုတီထွင်ခဲ့ပါတယ်။ အဲဒီကစားနည်းကို စားပွဲတင်တင်းနစ်လို့ခေါ်ပါတယ် ။ ချင်းမြို့တော်ကိုနိုင်ငံခြားသားတွေနဲ့ဂျပန်တွေရောက်လာပြီးတော့ စားပွဲတင်တင်းနစ်ကစားပွဲလာရောက်ကျင်းပတဲ့အချိန်မှာ တရုတ်ပြည်က ဝင်ပြိုင်တဲ့သူမရှိတဲ့အတွက် ဂျပန်တွေကတရုတ်ပြည်သူပြည်သားတွေကို နှိမ်ခဲ့ပါတယ် ။ အဲဒီလိုနဲ့ အဲဒီလိုနှိမ်တဲ့စကားတွေကိုမခံချင်တဲ့ မမလေးရုန်ကနေအစပြုပြီး စားပွဲတင်းနစ်ဆော့ဖို့ ကစားသူတွေလိုက်လံစုဆောင်းတဲ့အခါမှာ ခေါက်ဆွဲဆိုင်က စာပေသမားတစ်ယောက်ရယ် ၊ မီးဖိုးချောင်ကခေါက်ဆွဲချက်တဲ့ စားဖိုမှူး‌တစ်ယောက်ရယ် ၊ သူခိုးလေးတစ်ယောက်ရယ် ၊ ဓားပြစုံတွဲ၂ယောက်ရယ်စားပွဲတင်တင်းနစ်လေ့ကျင့်ဖို့ဖြစ်လာပါတော့တယ် ။ သူတို့တွေပေါင်းပြီး ဂျပန်တွေကို ပြိုင်ပွဲမှာ ဘယ်လိုတွေအနိုင်ယူသွားမလဲ ? သူတို့လိုအခုမှ စလေ့ကျင့်တဲ့ အသစ်လေးတွေက လက်ရွေးစင်ကစားသမားတွေကိုအနိုင်ယူသွားမလားဆိုတာ စိတ်ဝင်စားစွာဖြင့်လိုက်ပါကြည့်ရှုလိုက်ကြပါဦး

5.8 2024
Kung Fu Ping Pong
The Girl Who Leapt Through Time
7.7

The Girl Who Leapt Through Time (2006) Genre – Adventure, Animation, Comedy IMDB – 7.7/10 ဒီဇာတ်ကားလေးက အချိန်ခုန်ကူးနိုင်တဲ့ အထက်တန်းကျောင်းသူလေး မာကိုတိုရဲ့ အကြောင်းကိုပြောပြထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ စစချင်းတော့ ကျွန်တော်တော့ရဲ့ အဓိကဇာတ်ကောင် မာကိုတိုဟာ သူမရဲ့ အချိန်ခုန်ကူးနိုင်စွမ်းအသစ်ကိုအသုံးချပြီး သူမရဲ့ပြဿနာအသေးလေးတွေကိုပြင်ရင်ပျော်နေပါတယ်။ ဒါပေမဲ့ သူမဒီအစွမ်းကိုဆက်သုံးရင်းနဲ့ သူမရဲ့အပြုအမူတွေဟာ သူမအပြင် သူမရဲ့ပတ်ဝန်းကျင်ကလူတွေကိုပါထိခိုက်စေနိုင်ကြောင်း နားလည်သဘောပေါက်လာပါတယ်။ မာကိုတို ရဲ့ဒီအချိန်ခုန်ကူးနိုင်တဲ့ အစွမ်းဟာ သူမကို ခင်မင်မှုကြောင်း၊ အချစ်အကြောင်းနဲ့ တာဝန်ယူမှု စတဲ့ သင်ခန်းစာတွေကို သင်ပေးသွားတာတွေ့ရမှာပါ။ ဇာတ်လမ်းထဲမှာ သူမှာဟာ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကောင်တွေနဲ့တွေ့ဆုံပြီးတော့ ဆုံးဖြတ်ချက်မချခင်ဘယ်လို သေချာတွေးတောသလဲဆိုတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာ အရောင်အသွေးစုံပြီးတော့ ကြည့်ပျော်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကဘာကောင်းသလဲဆိုတော့ အချိန်ခရီးသွားတဲ့ အကြောင်းတစ်ခုကိုပဲ ပြသထားတာမဟုတ်ပဲနဲ့ သင့်ရဲ့ရွေးချယ်မှုတွေဟာ အနာဂါတ်ကိုဘယ်လို အကျိုးသက်ရောက်မှုရှိတယ်၊ ဘဝမှာ အတက်အကျတွေဆိုတာရှိတယ် စတဲ့အကြောင်းအရာတွေကိုပါ ပြသထားတာဖြစ်ပါတယ်။ Anime ဇာတ်ကား တစ်ကားဆိုပေမဲ့ လူတိုင်း အသက်အရွယ် မရွေး ကြည့်ရှူ့ခံစားနိုင်တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ အကုန်လုံး ချုံပြောရရင် ဒီဇာတ်လမ်းလေးက နှလုံးသားကိုနွေးထွေးမှုပေးတဲ့အပြင် အတွေးအခေါ်တွေကိုပါ လှုံ့စော်မှုပေးနိုင်တဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size… 1 GB / 537 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 38m Genre ….. Animation/Adventure/Comdey Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Hein Tayza Translated by Jack Senpai

Romance • Drama
7.7 2006
The Girl Who Leapt Through Time
From Italy with Amore
5.8

Romanceကားကြည့်ချင်သူတွေအတွက်လာပါပြီ။ IMDb 5.8/10ရထားပြီး ပေါ့ပေါ့ပါးပါးကြည့်ရမယ့် romance, comedyဇာတ်ကားလေးပါ။ ဇာတ်လမ်းအညွှန်းကတော့ အေရီရယ်ဟာ သူမရဲ့ဘဝကို သူစိတ်ကူးထားသလိုပြည့်စုံတဲ့သူ‌တစ်ယောက်နဲ့ အတူတူကုန်ဆုံးချင်နေတာပါ။ တစ်ရက်မှာတော့ စားသောက်ဆိုင်တစ်ဆိုင်မှာ နေ့လည်စာစားနေတုန်း သူမစိတ်ကူးထားတဲ့အတိုင်းအားလုံးတူပြီး ပြည့်စုံနေတဲ့သူတစ်ယောက်ကို မတော်တဆတွေ့လိုက်ရပါတယ်။ အဲဒီမှာ သူမလဲတစ်ခါတည်းကြွေသွားပြီး ဇာတ်လမ်းစဖို့ကြိုးစားတာပေါ့။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ စကားပြောနေတုန်းဟိုဖက်ကအလုပ်ကိစ္စကြောင့်ပြန်သွားပါတယ်။ အဲဒီနေ့ကစပြီး ဒီဆိုင်မှာပဲပြန်တွေ့မလားဆိုပြီး အေရီရယ်ကနေ့တိုင်းကိုသွားစောင့်နေပါတော့တယ်။ အဲဒီလိုနဲ့ နေ့တိုင်းသွားစောင့်ရာကနေ စားသောက်ဆိုင်ပိုင်ရှင်ဒန်နီရယ်နဲ့ တဖြည်းဖြည်းသံယောဇဉ်တွယ်သွားကာ ဘာတွေဖြစ်သွားမလဲ? သူမစောင့်နေတဲ့သူနဲ့ရောဘယ်တော့မှပြန်တွေ့မလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး။ File size…(1.8 GB)/(930 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:24:00 Genre… Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Maestro

Science Fiction • Action • Adventure • Animation
5.8 2022 85 mins
From Italy with Amore
Bina Band Chal England
6.3

Bina Band Chal England (2023) “အင်္ဂလန်မှဖူးစာ” ဒီတစ်ခါမှာတော့ ပန်ချာပီ အချစ်ဟာသဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ် ဂူမန်က ဂူလင်းဆိုတဲ့ကောင်မလေးနဲ့ UK မှာ စတွေ့ကာ ချစ်သူတွေ ဖြစ်လာကြတာဖြစ်ပြီး ကောင်မလေးမိဘတွေက UK မှာနေတဲ့ အရာရှိမျိုးရိုးဖြစ်ကာ ဂူမန့်မိဘတွေကတော့ ပန်ဂျာ့ဘ်ပြည်က ကျေးလက်တောင်သူတွေပါ ဂူမန်က သူ့မိဘတွေဟာ စာမတတ်တဲ့ကျေးလက်နေသူတွေ ဖြစ်တယ်ဆိုတာကို ယောက္ခမလောင်းကိုမပြောဘဲ ဖုံးကွယ်ထားပြီး ရွာကမိဘနှစ်ပါးကို သူလက်ထပ်တော့မယ့်အကြောင်း ဖုန်းဆက်လှမ်းပြောလိုက်တဲ့အခါမှာ ရွာကမိဘတွေက UK က သားဖြစ်သူ ပြန်မလာခင်မှာပဲ ဆွေမျိုးတွေအကုန်လိုက်ဖိတ်ပြီး အိမ်ကိုခေါ်ထားပြီးသားဖြစ်နေတော့ ဘယ်လိုအလွဲတွေဆက်ကြုံရမှာလဲ ကြည့်ရှုလိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ Star ~ ToMo ~ Cym မှ ဖြစ်ပါတယ်

Comedy • Crime • Action • Mystery
6.3 2023 123 mins
Bina Band Chal England
Furious 7 Fast and Furious 7
7.1

Fast and Furious ရုပ်ရှင်ကားတွေအကုန်လုံးကို 4K DD.5.1 Quality နဲ့ Extended Version တွေချည်း တင်ဆက်လိုက်ပါတယ်… ဒီမှာ https://www.channelmyanmar.to/category/special-package/fast-and-furious/ ကြည့်ပါ။ +++++++++++++++++++ Furious 7 (2015) IMDb Rating (7.1) / Rotten Tomatoes (82%) Review မလုပ်ခင် တစ်ခုပြောချင်တာက ဒီကားက ၂ပတ်အတွင်းမှာတင် US မှာ သန်း ၂၆၀ ကျော်သွားပြီဖြစ်သလို၊ World Wide မှာ အပို သန်း ၇၀၀ နဲ့ စုစုပေါင်း သန်း ၁ထောင်ကျော်သွားပါပြီ။ ၂ပတ်အတွင်းမှာ မှာတင် All Time ဝင်ငွေအကောင်းဆုံးစာရင်းမှာ နံပါတ် ၂၀ ဖြစ်သွားပြီး၊ ဒီအတိုင်း ဆက်သွားရင် ထိပ်ဆုံး ၅ ကားစာရင်းဝင်မှာဖြစ်ပါတယ်။ ဒီကားက မင်းသား Paul Walker ရဲ့ နောက်ဆုံး ဇာတ်ကားဖြစ်ပြီး၊ Fast & Furious ဇာတ်လမ်းတွဲရဲ့ ၇ကားမြောက်ဖြစ်ပါတယ်။ ဒီစီးရီးက Fast 5 ကနေစပြီး ဇာတ်လမ်း ပုံစံပြောင်းလိုက် ပြီးတဲ့နောက်မှာမှ လူတွေပိုစိတ်ဝင်စားလာတာ တွေ့ရပါတယ်။ ပထမသုံးကားက ကားပြိုင်တဲ့ ဇာတ်လမ်းတွေပဲဖြစ်ပြီး နံပါတ်လေးမှာ Tokyo Drift ဒါရိုက်တာ Justin Lin က နေ လူစိတ်ဝင်စားလာအောင် ပုံစံပြောင်း ရိုက်ကူးခဲ့ပြီး Fast Five က ဒီစီးရီးရဲ့ အကောင်းဆုံး ဇာတ်ကား အဖြစ် ပရိတ်သတ်တွေ လက်ခံထားကြပါတယ်။ ဒီ Fast & Furious ကားတွေ က Birdman တို့ American Sniper တို့လို ဇာတ်လမ်းပိုင်း ကောင်းမကောင်း ဝေဖန်ဖို့ မလွယ်ပါဘူး။ ဘာလို့လည်းဆိုတော့ ဒီကားက ဇာတ်လမ်းကောင်းလို့ပြောဖို့ထက်၊ Action ကားကောင်းလို့ပဲ ပြောလို့ရပါတယ်။ အခု Furious 7 ကလည်း အက်ရှင်တွေ၊ ပြိုင်ကားတွေ၊ သေနတ်၊ ဗုံး စတာတွေ အများအပြားပါသလို၊ ကြည့်လို့လည်း ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒါပေမယ့် Visual Effect နဲ့ Action ကိုပဲ အားကိုးထားတာတော့မဟုတ်ပါဘူး။ သူ့မှာ စိတ်ဝင်စားစရာ ဇာတ်ကွက်၊ လူရှိန်လောက်တဲ့ ဗီလိန် တွေပါသလို ဗီလိန်တွေရဲ့ ဇာတ်ကောင်ကလည်း အဓိပ္ပာယ်ရှိပါတယ်။ Transformer ကားတွေလို လုံးဝယုတ္တိမရှိတာမျိုးမဟုတ်ပါဘူး။ ဇာတ်လမ်းမပြောခင် Fast & Furious ဇာတ်ကားတွေရဲ့ အစီစဉ်က The Fast & the Furious, 2 Fast 2 Furious, Fast & Furious (2009) နံပါတ်လေးကားမြောက်ပါ ပြီးတော့မှ Fast Five, Fast & Furious 6, Tokyo Drift (2003), နဲ့ အခု Furious 7 တို့ဖြစ်ပါတယ်။ နံပါတ်ခြောက်မှာ သူတို့ နှိမ်နင်းပေးခဲ့တဲ့ Owen Shaw ရဲ့ အကို Deckard Shaw (Jason Statham) က သူ့ညီအတွက် လက်စားချေဖို့ သူတို့အဖွဲကို တစ်ယောက်ပြီးတစ်ယောက် လိုက် နှိမ်နင်းပါတယ်။ ပထမဆုံးအနေနဲ့ Han ကို Tokyo မှာ သတ်လိုက်ပြီးနောက် Dom ရဲ့ အိမ်ကို ဗုံးခွဲခဲ့ပါတယ်။ ဒါကြောင့် Dom က Deckard Shaw ကို လက်တုန့်ပြန်ရမှာဖြစ်သလို သူတို့ ကို လိုက်သတ်နေတာကိုလည်း ကာကွယ်ရမှာဖြစ်ပါတယ်။Deckard Shaw က British Special Forces က Black Ops Assassin တစ်ဦးဖြစ်ပါတယ်။ သူ့ကို အစိုးရကလည်း လိုချင်နေပြီး အခုထိရှာလို့မတွေ့သေးပါဘူး။ ဒီနေရာမှာ U.S အစိုးရဘက်က လူတစ်ယောက် (Kurt Russell)က Dom ကို အလုပ်တစ်ခု ခိုင်းလာပါတယ်။ British Hacker တစ်ယောက်က တစ်ကမ္ဘာလုံးမှာ ရှိသမျှ ကင်မရာ ဆဲလ်ဖုန်းတွေ ကို ဟက်လုပ်နိုင်တဲ့ Chipset လေးတစ်ခု ထွင်ထားပြီး အဲ့ဒီ ဟက်ကာကို လူဆိုးလက်က ပြန်ကယ်ပေးရမှာ ဖြစ်ပါတယ်။ တကယ်လို့ ကယ်နိုင်ရင် Shaw ကို ဒီ Chipset ရဲ့ အကူအညီနဲ့ ရှာပေးမှာဖြစ်တယ်လို့ ကတိပေးပါတယ်။ ဇာတ်လမ်းက တော့ ထုံးစံအတိုင်း ကားတွေ၊ ထွေလာထဲမှာပါသလို စတန့်တွေနဲ့ ပဲ ပြီးသွားတာဖြစ်ပါတယ်။ Action Scene တွေက ကောင်းပေမယ့် ဇာတ်လမ်းက တော့ Fast Five လောက်မကောင်းလှပါဘူး။ တစ်ခု ထူးထူးခြားခြားကောင်းတာက၊ ဇာတ်လမ်းအစကတည်းက Brian (Paul Walker) က မိသားစုဘ၀ ကို ပျင်းရိနေတဲ့ ပုံစံပြထားသလို၊ ဇာတ်လမ်းတစ်လျှောက်မှာလည်း မိန်းမနဲ့ ခွဲသွားရတော့ မယ်ဆိုတဲ့ အရိပ်အယောင်လေးတွေပြထားပါတယ်။ ဒီနေရာမှာ ဒါရိုက်တာ James Wan နဲ့ Justin Lin ကွဲသွားတာ သိသာပါတယ်။ Justin Lin က အက်ရှင်ကို ဦးစားပေး ပြီး အက်ရှင်ကားကောင်းတွေ နဲ့ လိုက်ဖက်တဲ့ ဇာတ်လမ်း မျိုးရွေးချယ်ပေမယ့်၊ James Wan ကတော့ ဒီကားမတိုင်ခင်အထိမှာ Horror ကားတွေပဲ ရိုက်ကူးထားပါတယ်။ Saw, Conjuring, Insidious စတဲ့ ဇာတ်ကားကောင်းတွေ ရိုက်ကူးထားဖူးလို့ ဇာတ်ကားမှာ ဗီလိန်ကောင်းကောင်း ကို ဇာတ်လမ်းနဲ့ကိုက်အောင် အသုံးချတတ်ပါတယ်။ ဒီကားမှာပါတဲ့ Vin Diesel နဲ့ The Rock တို့ လို ဇာတ်ကောင်မျိုးတွေ အတွက် လောက်လောက်လားလား ဗီလိန် ဆိုတာရှားပါးလှပါတယ်။ သူတို့နှစ်ယောက်ကို ယှဉ်ပြီး ချနိုင်ဖို့ ဒုက္ခပေးနိုင်ဖို့ အတွက် အဓိက ဗီလိန် Jason Statham ကို ရွေးထားတာ မှန်ကန်ပြီး ဇာတ်လမ်းအရလည်း အံဝင်ပါတယ်။ Jason ကလည်း ဒီလို ဇာတ်ရုပ်မျိုးတွေပဲ သရုပ်ဆောင် လေ့ရှိတာဖြစ်ပြီး၊ သူရဲ့ Martial Art Skill ကို သူနဲ့တွဲရိုက်သမျှထဲမှာ ယှဉ်နိုင်တာ Jet Li တစ်ယောက်ပဲရှိပါတယ်။ ဒီကားမှာဆိုလည်း သူက Vin Diesel တို့ The Rock တို့ ကိုအသာလေး အနိုင်ယူနိုင်ပေမယ့်၊ ဇာတ်လမ်းအရ သူက တော်တော်နှေးပေးထားရပါတယ်။ နောက်ထပ်တစ်ဦးဖြစ်တဲ့ Ong Bak မင်းသား Tony Jaa ကတော့ ဇာတ်လမ်းမှာသိပ်မပါရပေမယ့် ပါရတဲ့အခန်းမှာတော့ သရုပ်ဆောင်မဆိုးဘူးလို့ဆိုရပါမယ်။ ဇာတ်လမ်းက သာမန်ပဲဖြစ်ပေမယ့် ဇာတ်လမ်း တစ်ခုလုံးမှာ နောက်ဆုံး Scene လေးက ပရိတ်သတ်ရင်ကို ထိမှန်စေတဲ့ အခန်းလေး တစ်ခန်းပါပြီး၊ ဒီတစ်ခန်းထဲနဲ့တင် ဇာတ်ကားရဲ့ ဟာကွက်တွေကို ခွင့်လွှတ်ပေးလို့ရပါတယ်။ ဒီဇာတ်ဝင်ခန်းအကြောင်း ပြောရင်တော့ Spoiler လို့ပြောလို့ရပေမယ့်၊ ရုပ်ရှင် မထွက်ခင်ကတည်းက ဒါရိုက်တာ James Wan က Paul Walker ရဲ့ ဇာတ်ကောင်ကို ဇာတ်လမ်းထဲမှာ သေခိုင်းမှာ မဟုတ်ဘူးလို့ဆိုထားပါတယ်။ Studio က ဇာတ်လမ်းထဲမှာပါ ဇာတ်ကောင်ကို သေခိုင်းဖို့ လုပ်ထားပေမယ့်၊ James Wan ရဲ့ ဇာတ်သိမ်းလေးက ပိုကောင်းပါတယ်။ ဟုတ်ပါတယ် Brian O’Conner (Paul Walker) က နောက်ဆုံးမှာ မိသားစုနဲ့အတူ ကမ်းစပ်မှာ ရေကစားနေပြီး၊ သူတို့နှစ်ယောက်ကို Dom (Vin Diesel), Letty (Michelle Rodriguez), Roman (Tyrese Gibson), Tej (Ludacris) နဲ့ Ramsy တို့က နောက်ကနေ ကြည့်နေကြပြီး၊ ဒါနောက်ဆုံးပဲဆိုတဲ့ ခံစားချက်တွေ သူတို့မျက်နှာ်မှာပေါ်လွင်ပါတယ်။ အပြင်မှာ တကယ်သေသွားပြီဖြစ်တဲ့ Paul က နောက်ထပ်ဇာတ်ကားတွေမှာ ပါဝင်နိုင်တော့မှာမဟုတ်သလို၊ ဒီ ဇာတ်ဝင်ခန်းလေးက သူတို့ နောက်ဆုံး နုတ်ဆက်တဲ့ဇာတ်ဝင် ခန်းလေးဖြစ်တာနဲ့အညီ Vin Diesel နဲ့ Tyrese Gibson တို့ရဲ့ မျက်နှာ်မှာ ဝမ်းနည်းနေတာ၊ အရမ်းသိတာသလို၊ တကယ့် ဝမ်းနည်းဖို့လည်းကောင်းပါတယ်။ ကျွန်တော်ပြောတာနဲ့တင်မလုံလောက်ပဲ ဇာတ်ကားကို ရုံမှာသွားကြည့်သင့်ပါတယ်။ No Sex, No Nudity ဆိုပေမယ့် ထုံးစံအတိုင်း ဘီကီနီ နဲ့မိန်းကလေးတွေ တော့ ပါပါတယ်။ မိသားစုတူတူ ကြည့်နိုင်ပါတယ်။ ဒီကားထဲမှာ နောက်ဆုံး ဇာတ်ဝင်ခန်းက အကောင်းဆုံး လို့ပြောလို့ရသလို၊ ပထမဆုံး Jason Statham နဲ့ The Rock ရဲ့ Fight Scene ကလည်း တစ်ကားလုံးမှာ အကောင်းဆုံး Fight Scene လို့ပြောလို့ရပါတယ်။ အဲ့ဒီအခန်းမှာ The Rock က Jason ကို Smack Down သုံးပြီး ချတာ လည်းပါပြီး၊ ရုံမှာကြည့်ရတာပိုမိုက်ပါတယ်။ (ရုပ်ရှင်အညွှန်းကို Movies For Myanmar ရုပ်ရှင်မိတ်ဆက် Facebook Page မှ ကူးယူတင်ပြပါသည်။) File Size : (8.4 GB) /(2.6 GB) / (1.4 GB) Quality : BluRay 4K HEVC/ 1080p HEVC/ 720p Running Time : 2hr 17 min Format : Mkv/Mp4 Genre :Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Thar Htet Encoded by Phyo Pyae/Ka Naung

7.1 2015 139 mins
Furious 7 Fast and Furious 7
The Patriot

ဒီဇာတ်ကားကတော့Steven Seagalပါဝင်သရုပ်ဆောင်ထားပြီး အမေရိကန်နိုင်ငံရဲ့ ရောဂါဖြစ်ပွားမှုနဲ့ တိုင်းပြည်အရေးအခင်းတွေအကြောင်းရိုက်ကူးထားတဲ့ Action, Drama ဇာတ်လမ်းတစ်ပုဒ်ပါ။ ဇာတ်လမ်းအညွှန်း ဒေါက်တာ ဝက်စ်လေက သိပ်ကိုတော်ပြီး အစိုးရရဲ့ ထိပ်တန်းလျို့ဝှက်ချက်လုပ်ငန်းတွေကို အရင်ကပူးပေါင်းဆောင်ရွက်ပေးခဲ့သူပါ။ ဒါပေမယ့်အကြောင်းကြောင်းကြောင့် အဲဒီကနေထွက်ခဲ့ပြီး မြို့သေးသေးလေးတစ်မြို့မှာ ပြည်သူ့ဆရာဝန်အဖြစ်နေနေခဲ့ပါတယ်။ တစ်နေ့မှာတော့ အစွန်းရောက်လူတစ်ချို့က လေထဲကကူးနိုင်တဲ့ဗိုင်းရပ်စ်တစ်မျိုးကို မြို့ထဲမှာဖြန့်ခဲ့ပြီး သူတို့ကိုယ်တိုင်ပါမထိန်းတတ်တော့ပဲ သူတို့အပါအဝင်တစ်မြို့လုံးကလူတွေတစ်ယောက်ပြီး‌တစ်ယောက်သေကုန်တော့ပါတယ်။ အဲဒါနဲ့ ဝက်စ်လေလဲ သူ့မိတ်ဆွေဟောင်းတစ်ယောက်ကိုအကူအညီတောင်းပြီး ဖြေဆေးရှာဖို့ကြိုးစားတော့တာ‌ပေါ့။ အဲဒီလိုကြိုးစားရင်းနဲ့သူ့သမီးဟာ ထိုဗိုင်းရပ်စ်ကိုခံနိုင်တဲ့တစ်ယောက်ထဲသောသူဖြစ်ကြောင်းကိုသိလိုက်ရပါတယ်။ ဒါပေမဲ့ အဲဒါကိုသိလိုက်ရတာက သူတစ်ယောက်ထဲမဟုတ်ပဲ အစွန်းရောက်အဖွဲ့ကပါသိသွားပြီးနောက်မှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုခံစားပေးကြပါဦး။ File size…(1.9 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Thriller, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Mastero

Action • Crime • Comedy
0 1998
The Patriot
Humanité L’humanité
6.8

Humanité (1999) IMDb Rating (6.8) / Rotten Tomatoes (69%) ရဲအရာရှိ ဖာရွန်ဒီ၀င်းတားဆိုသူတစ်ဦးဟာ ဆယ့်တစ်နှစ်အရွယ်ကလေးငယ်တစ်ဦး မတရားပြုကျင့်၊ ရက်ရက်စက်စက် အသတ်ခံလိုက်ရမှုကို လိုက်ရင်းကနေ လူနေမှုအသိုင်းအဝိုင်းကြားက ပုံမှန်လိုဖြစ်နေတဲ့ အကြမ်းဖက်မှုတွေ၊ ဖြစ်ရိုးဖြစ်စဉ်တွေကို မတူညီတဲ့ ရှု့ထောင့်ကနေ စမြင်တတ်လာတယ်။ ရည်းစားကောင်မလေးရော ဗိုက်ထဲက သူတို့ကလေးကိုပါ ဆုံးရှုံးလိုက်ပြီးနောက်မှာ ပုံမှန်မဟုတ်တော့တဲ့ ဒီ၀င်းတားတစ်‌ယောက် လူသားဆန်မှုဆိုတာက ဒီကမ္ဘာမှာ တကယ်ရောရှိနေလားဆိုတဲ့မေးခွန်းတွေကို အဖြေရှာရင်း ဇာတ်ကိုဖြည်းဖြည်းချင်းဆွဲခေါ်ပေးသွားမှာပါ ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Serenity ဖြစ်ပါတယ်။) File size…(2.1 GB) / (800 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Mystery Duration….02:29:10 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Serenity

6.8 1999 149 mins
Humanité L’humanité