YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Werewolf Game (2025) 1080p HEVC WEB-DL 5.1 [RMC].mp4

1.74 GB N/A video/mp4 4 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Ancestral
6.4

ဒီတစ်ခါမိတ်ဆက်ပေးသွားမယ့် ဇာတ်ကားလေးကတော့ The Ancestral ဆိုတဲ့ သဲထိတ်ရင်ဖို ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Horror ဇာတ်လမ်းလေးဆိုပေမဲ့ ယန်းတို့မိသားစုဝင်တွေကြားက ချစ်ခြင်းမေတ္တာတွေကို အများကြီး ဖော်ပြထားတဲ့ drama ဆန်ဆန်ကားလေးပါ။ ဇာတ်လမ်းအညွှန်းကတော့ ... အိပ်ရင် ဘီလူးစီးတဲ့ ရောဂါကို ခံစားနေရတဲ့ယန်း၊ ယန်းဆိုတာကတော့ ဗီယက်နမ်လူမျိုး မိသားစုလေးတစ်ခုက သမီးလေးပါ။ သူခံစားနေရတဲ့ ဝေဒနာနဲ့ပတ်သက်ပြီး အဖြေရှာဖို့ သူတို့တစ်မိသားစုလုံးက ရှေးဟောင်းအိမ်ကြီးတစ်ခုကို ပြောင်းလာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ယန်းတစ်ယောက်တည်းမဟုတ်တော့ဘဲ အဲ့ဒီ မိသားစုက သမီးငယ်လေးနှစ်ယောက်လုံး ဘယ်သူမှ မမြင်ရတာတွေကို မြင်လာရပါတယ်။ ဒီကိစ္စကိုဖြေရှင်းဖို့ အဖေဖြစ်သူက စိတ်ကျန်းမာရေး အထူးကု နဲ့ ကြိုးစား ကုသပေးပေမဲ့ ကိစ္စတွေက ထင်ထားတာထက်ပိုပြီး နက်နဲနေတဲ့ အခါ ... ဘာတွေဆက်ဖြစ်မလဲ ရုပ်ရှင်ထဲ ကြည့်ရှုရင်း အဖြေရှာလိုက်ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Eric ပါ။) File Size : 1.7GB, 731MB & 350MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL & 480p Format : mp4 Duration : 1hr & 41mins Genre : Horror Translated by Eric Encoded by Kinnov

6.4 2022 101 mins
The Ancestral
[18+]Enter the Void
7.4

(အဖော်အချွတ်နဲ့ SEX အခန်းများပါရှိတာကြောင့်မိသားစုနဲ့အတူမကြည့်သင့်ပါဘူး.) ၂၀၀၉ ခုနှစ်က ထွက်ရှိထားတဲ့ Fantasy/ Drama ဆန်ဆန်ဇာတ်ကားဖြစ်ပြီး after-death သီအိုရီတွေကို visual ပြကွက်အလန်းတွေနဲ့ ပြင်သစ်ဒါရိုက်တာ Gaspar Noe ကတင်ဆက်ပေးထားတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကို base ထားတာတော့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာဖြစ်ပါတယ်။ အော်စကာက ဂျပန်မှာ နေနေတဲ့ နိုင်ငံခြားသားလူငယ်တစ်ယောက်ပေါ့။ သူ့အလုပ်က မူးယစ်ဆေးမှောင်ခိုရောင်းတာပါ။ သူ့သူငယ်ချင်းဖြစ်သူ အဲလက်စ်က တခြားအလုပ်ရှာခိုင်းပေမယ့် ကိုယ်တိုင်သုံးရတာကြိုက်တဲ့ အော်စကာက ဆက်ရောင်းမြဲရောင်းနေခဲ့တာပေါ့။ သူ့မှာ လင်ဒါဆိုတဲ့ ညီမတစ်ယောက်ရှိပြီး လင်ဒါက နိုက်ကလပ်မှာ အဖော်ချွတ် အကမယ်လုပ်ပါတယ်။ တစ်နေ့ လက်ထောက်ချခံရပြီး အော်စကာတစ်ယောက် ရဲတွေလက်ကပြေးရင်း သေနတ်နဲ့ပစ်ခံလိုက်ရတဲ့အခါ…. သူတကယ်သေသွားတာလား ဒီလောကထဲမှာ ထပ်ကျင်လည်ရဦးမှာလားဆိုတာကတော့ File Size : (3.6GB)(1.1 GB) and (386 MB) Quality : Blu-Ray1080p5.1CH, 720p Format…mp4 Duration…02:41:00 Genre : Drama , Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by May May Encoded by XYZ

Crime
7.4 2009 161 mins
[18+]Enter the Void
The Corpse of Anna Fritz
6.9

ဒီတခေါက် တင်ဆက်ပေးမယ့် ရုပ်ရှင်ကားကတော့ 2015ခုနှစ်က ထွက်ရှိထားတဲ့ drama,thriller ဇာတ်လမ်းတပုဒ်ဖြစ်ပြီး ထိတ်လန့်ခြောက်ခြားဖွယ်ခံစားချက်ကို အပြည့်ဝရရှိစေမယ့် ဇာတ်လမ်းတပုဒ်ဆိုလဲ မမှားပါဘူး အန်နာဖရစ်ဆိုတာ နာမည်ကျော်မင်းသမီးတဦးဖြစ်ပြီး ခန္ဓာကိုယ်အချိုးအစားနဲ့ မျက်နှာလေးက ဆွဲဆောင်နိုင်လွန်းသူလေးပါ... တနေ့မှာတော့ သူမရဲ့အောင်မြင်မှုတွေ အလှအပတွေကို ကျောခိုင်းပြီး လူ့ဘဝကနေ အပြီးပိုင်ထွက်ခွာခဲ့ရပါတယ်.....ဒီလိုနဲ့သူ့မရဲ့ခန္ဓာကိုယ်ကို ရေခဲတိုက်မှာ ထားချိန် ရေခဲတိုက်ထဲခိုးဝင်လာတဲ့ လူငယ်သုံးယောက်က တွေ့ရှိသွားပြီး သူမရဲ့အလှအပကိုယစ်မူးကာ သွေးသားဆန္ဒအရမှားမိသွားပါတယ်.... မထင်မှတ်ထားမိတာကတော့ အန်နာဟာ တကယ်ကိုသေဆုံးသွားတာမဟုတ်ပဲ ခဏတာမျောနေတာကြောင့် ပြန်လည်ရှင်သန်လာချိန်မှာတော့...... File size…1GB / 500MB Quality…1080p BR RIP / 720p Format…mp4  Duration….1h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Nana Yuni

Drama • Horror • Mystery
6.9 2015 76 mins
The Corpse of Anna Fritz
Fatal Love
5.8

Fatal Love (1988) မနေ့က စက်တင်ဘာ ၁၂ဟာ တိုနီလျောင်ချူဝေ၊ Takeshi Kaneshiro, ချန်းချန်၊ အန်ဒီလောင်၊ ချောင်ယွန်ဖတ်၊ စတီဖင်ချောင်၊ ဂျက်လီ၊ ဂျက်ကီချမ်း စသဖြင့် သူနဲ့ခေတ်ပြိုင်တွေ မတိမ်းမယိမ်းတွေ သရုပ်ဆောင်ဖော် သရုပ်ဆောင်ဖက်တွေ အကုန်လုံးသက်ရှိထင်ရှားရှိကြသေးပေမဲ့ တစ်ယောက်တည်းကွက်ပြီး အရွယ်မတိုင်မီ ရွေ့လျော အခါနှောင်းသွားခဲ့တဲ့ လတ်စလီချောင်ရဲ့ မွေးနေ့ပါပဲ။ တစ်ရက်နှောင်းသွားပေမဲ့လည်း လတ်စလီကိုချစ်တဲ့သူတွေအတွက် သူ့ရဲ့အစောပိုင်းရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ‌နောက် သူ့အကြောင်းနည်းနည်းပါးပါးရောပေါ့။ ဇာတ်ကားအကြောင်းကတော့ လတ်စလီကိုချစ်တဲ့သူတွေ သဘောကျမယ့်ကားလို့ပဲ ပြောချင်ပါတယ်။ လတ်စလီချောင်ဟာ သူ့နာမည် လတ်စလီကို Gone With The Wind ထဲက သူ့အကြိုက်ဆုံးသရုပ်ဆောင်ဖြစ်တဲ့ အက်ရှလေနေရာက သရုပ်ဆောင်ခဲ့တဲ့ Leslie Howard နာမည်ကိုယူပြီးပေးထားတာပါ။ CNN’s Icon Gallery (Music) စာရင်းမှာပါတဲ့ တစ်ဦးတည်းသောအဆိုတော်ဖြစ်ပြီး No.3 လည်းချိတ်ခဲ့တယ်ဆိုပါတယ်။ တခြား ၁ကနေ ၅စာရင်းဝင်တဲ့ အဆိုတော်တွေကတော့ Michael Jackson, The Beatles, Elvis Presley နဲ့ Bob Marley တို့ပါပဲ။ လတ်စလီဟာ အလယ်အလတ်တန်းစား မိသားစုကပေါက်ဖွားလာတာပေမဲ့ တော်တော်အလှူအတန်းရက်ရောတဲ့လူပါ။ ထမင်းကြော်တစ်ပွဲကို အရသာမြည်းပြီး US$32,250 ပေးဖူးပါတယ်။ အလှူအနေနဲ့ပါ။ လတ်စလီဟာ မိသားစုကြီးတစ်ခုက ဆယ်ယောက်မြောက် အငယ်ဆုံးသားဖြစ်ပြီး။ သူ့အဖေက နာမည်ကြီး အပ်ချုပ်သမားပါ။ မာလွန်ဘရန်ဒို ကာရီဂရန့်နဲ့ အဲဖရက်ဟစ်ကော့တို့အတွက် စုစ်တွေ ဒီဇိုင်းဆွဲပေးဖူးပါတယ်။ လတ်စလီဟာ ရုပ်ရှင်ပေါင်းများစွာ သရုပ်ဆောင်ဖူးပေမဲ့ ဒါရိုက်တာအနေနဲ့ တစ်ကားပဲရိုက်ဖူးခဲ့ပါတယ်။ အစိုးရက သူ့ကို Anti-Smoking Ambassador ခန့်အပ်ခံရပြီးနောက် ရိုက်ခဲ့တဲ့ From Ashes to Ashes ဆိုတဲ့ Non-Profit Anti-Smoking video ပါ။ ဒီအဖြစ်ဟာ ဝေါင်ကာဝေးကားတွေမှာရော တခြားကားတွေမှာပါ သူဆေးလိပ်သောက်ပုံကို ခိုက်ခဲ့ရတဲ့ ကျွန်တော့်လို လူတွေအတွက်တော့ တကယ့်ဟာသပါပဲ။ ဟက်ပီးတူဂဲသားရိုက်ပြီးတဲ့နောက်မှာ လတ်စလီဟာ ဝေါင်ကာဝေးနဲ့ ဘယ်တော့မှ ကားထပ်မရိုက်တော့ဘူးလို့ ကြေညာခဲ့ပါတယ်။ ဟက်ပီးတူဂဲသားရိုက်ကူးရာမှာ ဝေါင်ကာဝေးနဲ့ လတ်စလီချောင်ကြား ပြဿနာတော်တော်များခဲ့ပါတယ်။ တိုနီလျောင်ခဖိုင်ကလည်း ဝေါင်ကာဝေးဟာ တိုနီလျောင်ချူဝေ အာဂျင်တီးနားကိုသွားအောင် လတ်စလီကို အသုံးချခဲ့တယ်လို့ သေသေချာချာကို ခံစားရတယ်ပြောပါတယ်။ လတ်စလီချောင် စိတ်ဓာတ်ကျခဲ့ရတဲ့အကြောင်းရင်းတွေထဲက တစ်ချက်ဟာ ဝေါင်ကာဝေးသူ့အပေါ် အမြတ်ထုတ်ခဲ့တာလည်းပါမယ်လို့ ဝေဖန်ရေးသမားနဲ့ ဒါရိုက်တာ Shu Kei က ပြောခဲ့ဖူးပါတယ်။ လတ်စလီဟာ အကောင်းမြင်တဲ့ဘက်ကရိုက်တဲ့ ဟောင်ကောင်ဂေးကားမို့ ပြီးအောင်ရိုက်ချင်ခဲ့ပေမဲ့လည်း ဝကဝဟာ အဆုံးမှာ ထိုင်ဝမ်က ချန်းချန်ကို ခေါ်သုံးခဲ့တယ်ဆိုပါတယ်။ နောက်ပိုင်းမှာတော့ လတ်စလီချောင်ဟာ သတင်းထောက်တွေကို ဇာတ်ညွှန်းသာကောင်းရင် ဝေါင်ကာဝေးနဲ့ ထပ်တွဲရိုက်ဖို့ စဉ်းစာပေးဖြစ်မယ်လို့ ပြောခဲ့ပါတယ်။ ပြဿနာကတော့ အားလုံးသိသလို ဝေါင်ကာဝေးကားတွေမှာ ဇာတ်ညွှန်းရေးပြီးရိုက်ထားတာ တစ်ကားမှမရှိပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 930MB Quality – Blu-ray 1080p, 720p IMDb Rating – 5.8/10 Format – mp4 Duration – 1H 32Min Genre – Romance, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Horror • Mystery • Thriller
5.8 1988
Fatal Love
Escape from the Planet of the Apes
6.1

ရုပ်ရှင်တွေထဲမှာ ကမ္ဘာကျော် သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းတွဲတွေအများကြီးရှိပါတယ်။ Star Wars, Star Treks စသည်ဖြင့်ပေါ့။ အဲဒီလိုပဲ အခုတင်ဆက်လိုက်တဲ့ Planet of the apes တွေကလည်း ဂန္ဓဝင်ပါပဲ။ စုစုပေါင်း ၅ ကား မူလထွက်ရှိခဲ့ပါတယ်။ နောက်ထပ် သုံးကားထွက်ရှိခဲ့ပါတယ်။ မူရင်း ၅ ကားကတော့ Planet of the Apes (1968) Beneath the Planet of the Apes (1970) Escape from the Planet of the Apes (1971) Conquest of the Planet of the Apes (1972) Battle for the Planet of the Apes (1973) တို့ဖြစ်ပြီး ချန်နယ်မြန်မာမှာ ငါးကားလုံးကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။ အခုကတော့ Beneath Of The Planet Of Apes ရဲ့နောက်ဆက်တွဲ ကားကောင်းလေးတစ်ကားဖြစ်ပါတယ် အရင်ကားထဲမှာ ကမ္ဘာကြီးဟာ အကုမြူဗုံးကြီးပေါက်ကွဲသွားပြီး ပျက်ဆီးသွားခဲ့တာပါ အဲဒီကနေပြီးတော့ တေလာရဲ့ အာကာသယာဉ်ကို ပြင်ဆင်ပြီး ကော်နီးလီယပ်စ်ရယ် ဇီရာရယ် မိုင်လိုရယ်တို့ ၃ယောက်သားဟာ ထွက်ပြေးခဲ့ကြတာပေါ့ အဲဒီလိုပေါက်ကွဲတဲ့အချိန်မှာပဲ သူတို့ရဲ့ ယာဉ်ကြီးဟာ အချိန်နောက်ပြန်ရောက်သွားပြီးတော့ အမေရိကန်နိုင်ငံရဲ့ ကယ်လီဖိုးနီးယား ကမ်းလွန်ပြင်တစ်ခုမှာ ဆင်းသက်ခဲ့ကြပါတယ် အဲဒါကို ကင်းပတ်နေတဲ့ရဟတ်ယာဉ်ကတွေ့သွားပြီး ဆည်ယူလိုက်တာကနေ ယာဉ်ပေါ်မှာမျောက်တွေပါလာတာကို သိသွားခဲ့ကြတာပါ အဲဒီလိုနဲ့ ခေတ်တစ်ပတ်ပြောင်းပြန်လည်ပြီး မျောက်တွေစကားမပြောတတ်တဲ့ နေရာကိုပြန်ရောက်သွားတဲ့ သူတို့၃ယောက်ဟာ ဘာတွေဆက်ဖြစ်ကြမလဲ လူတွေကသူတို့ကိုဘယ်လိုဆက်ဆံကြမလဲ ပထမဆုံးကားမှာပါတဲ့ ဒေါက်တာ ဟတ်စလန်ဆိုတာဘယ်လိုလူမျိုးလဲ ဇီရာတို့ကိုရော ကူညီပေးတဲ့သူရှိပါ့မလား တစ်ခုထူးခြားတာက ဇီရာဟာ ဒီကားထဲမှာကိုယ်ဝန်ရှိနေခဲ့တာပါပဲ အဲဒီတော့ သူတို့ကလေးလေး ကိုရော ကောင်းကောင်းမွန်မွန်မွေးရပါ့လား လူတွေကဘယ်လောက်ထိရက်စက်နိုင်မလဲဆိုတာကို တဝကြီးကြည့်ရှုခံစားရဦးမှာပါ File size…(1.63gb)/(970gB)/(481MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:38:00 Genre…Action / Sci-fic Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield Planet of the Apes (1968) download link Beneath the Planet of the Apes (1970) download link Escape from the Planet of the Apes (1971) download link Conquest of the Planet of the Apes (1972) download link Battle for the Planet of the Apes (1973) download link

Action • Adventure • Science Fiction
6.1 1971
Escape from the Planet of the Apes
Songjiang God Father
5.9

SongJiang GodFather ဆိုတဲ့ Action ရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- 1930 ခုနှစ် အစောပိုင်းလောက်မှာ ဂျပန်က တရုတ်ပြည်မထဲက ဟယ်နန်ပတ်ဝန်းကျင်မှာ စီးပွားရေးတိုးချဲ့ရန် ကြိုးစားနေပါတယ်။ ထိုအချိန်မှာ ဂျပန်မှ ရင်းနှီးမြှုပ်နှံမှုတွေ များစွာဝင်လာခဲ့ပါတယ်။ ဂျပန်လျှို့ဝှက်တပ်ဖွဲ့တွေကလဲ ကျန့်ကျိုးတစ်ဝိုက်မှာ လျှို့ဝှက်စွာ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။ ဂျပန်တွေ ဖက်ကလဲ ဂျပန်တုန်းယန်ကုမ္ပဏီတည်ထောင်ပြီး စီးပွားရေး ဆိပ်ကမ်းတည်ဆောက်ရန်အတွက် ပြည်မအတွင်းမှ ကုန်သည်များအဖွဲ့နဲ့ ပူးပေါင်းရန် လိုအပ်နေပါတယ်။ ဒါကို ကုန်သည်များအဖွဲ့ဥက္ကဌကြီးကုက လက်မခံခဲ့ပါဘူး။ သို့သော် ဥက္ကဋ္ဌကြီးရဲ့ သားအရင်းဖြစ်သူ ကုရှီးကွမ်းကတော့ ဂျပန်တွေနဲ့ ပူးပေါင်းပြီး အကျိုးအမြတ်ရချင်တဲ့အတွက် အ ဖေဖြစ်သူကို သတ်ခဲ့ပြီး သူ့ရဲ့မွေးစားညီဖြစ်သူ ကုယန့်ချိုးကို စွပ်စွဲခဲ့ပါတယ်။ လူသတ်သမားအဖြစ် စွပ်စွဲခံထားရတဲ့ ကုယန့်ချိုးတစ်ယောက် သူအပြစ်ကင်းကြောင်းကို သက်သေပြဖို့ ဘယ်လို ကြိုးစားရမလဲ…… သူ့အဖေကို သတ်ခဲ့တဲ့လူကိုရော ကလဲ့စားပြန်ချေနိုင်ပါ့မလား ဆိုတာကို ရုပ်ရှင်လေးကိုပဲ ကြည့်ရှုခံစားလိုက်ပါနော်။

5.9 2023
Songjiang God Father
The Wrong Son
5.6

The Wrong Son (2018) ================= ဒီဇာတ်ကားလေးကတော့ ဒါရိုက်တာ Nick Everhart ရိုက်ကူး ထားတဲ့ Thriller အမျိုးအစားဇာတ်လမ်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂျိတ် နဲ့ ဆာရာ တို့မိသားစုဟာ တစ်ခု ကမ်းခြေမှာပျော်ပွဲစားထွက်လာခဲ့ပါတယ်။ သူတို့ရဲ့သားနှစ်ယောက် ဖြစ်တဲ့ အီအာ နဲ့ မတ် တို့ညီအစ်ကိုဟာ ရေထဲမှာကစားနေရင်း ရုတ်တရက် မတ် ကပျောက်သွားပါတော့တယ်။ နောက်ဆယ်နှစ် အကြာမှာတော့ ယာဉ်မတော်တဆမှုကြောင့် ဂျိတ် ဆုံးသွားပြီး အမွေခွဲနေတဲ့အချိန်မှာ မတ် ကတိုက်တိုက်ဆိုင်ဆိုင်ပြန်ပေါ်လာ ပါတယ်။ အဲဒီလိုနဲ့ မိသားစုကြားမှာ သဘောထားကွဲလွဲမှုတွေရှိ လာပြီး မတ်ကိုသံသယတွေစ၀င်လာပါတော့တယ်။ အဲဒီနောက် ဆယ်နှစ်အကြာမှပြန်ပေါ်လာတဲ့ မတ် က ဆာရာ တို့ရဲ့သားအစစ်လား၊ ဂျိတ် ရဲ့ယာဉ်တိုက်မှုကရော တကယ်ပဲမတော် တဆမှုဟုတ်ရဲ့လားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရမယ့် Thriller ဇာတ်ကားကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Kat ဖြစ်ပါတယ်) File Size……….(1.9 GB) / (616 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 27Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….Theo Kat Encoder……….SWM

5.6 2018 85 mins
The Wrong Son
Last Night of Amore

ရဲအရာရှိ ဖရန်ကို အမိုရီ တစ်ယောက် သူ့ရဲ့ အငြိမ်းစားယူမိန့်ခွန်းကို အသေအချာပြင်ဆင်နေခဲ့ပါတယ်။ ဒီနေ့ညမှာ သူရဲအရာရှိတာဝန်ထမ်းဆောင်တာ ၃၅ နှစ်ပြည့်ပြီဖြစ်တဲ့အပြင် သူ့ရဲ့ရဲအရာရှိဘဝရဲ့နောက်ဆုံးညပါ။ ရဲအရာရှိအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ၃၅ နှစ်လုံး လူတစ်ယောက်ကိုမှ သေနတ်နဲ့ မပ(စ်) ခဲ့ဖူးသလို အရိုးသားဆုံးနေထိုင်လာခဲ့သူလည်းဖြစ်ပါတယ်။ သူမသိခဲ့တာကတော့ အဲဒီနေ့ညဟာ သူ့ရဲ့ဘဝခံယူချက်‌တွေ၊ သူချစ်ရတဲ့ ဇနီးချော ဗီဗီယန်နာနဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ဒီနိုတို့ရဲ့ဘဝကို ပြောင်းလဲပေးသွားမဲ့ ညတာအရှည်ကြီးတစ်ညဖြစ်‌နေမယ်ဆိုတာပါပဲ။ 2023 ထွက် အီတလီစကားပြော အက်ရှင် ဒရာမာ ကားကောင်းလေးတစ်ကားဖြစ်တဲ့အပြင် မီလန်မြို့ရဲ့ အလှအပတွေကိုကြည့်ရှုပြီး မြေအောက်ရာဇဝတ်ဂိုဏ်း တွေရဲ့ အရှုပ်အထွေးတွေကို အရာရှိ ဖရန်ကိုနဲ့အတူဖြေရှင်းရင်း လိုက်ပါစီးမျောကြည့်ရှုလိုက်ကြပါဦးဗျ။ File size…(1.7 GB)/(859 MB) Quality….Webrip 1080p / 720p Format…mp4 Duration….02:04:00 Genre…Thriler, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT

0 2023
Last Night of Amore
[18+] Sukdulan
6.7

Sukdulan (2003) အီလိန်းနဲ့အော်လေတို့ဟာ ချစ်ခင်လို့ယူခဲ့ကြတဲ့လင်မယားဖြစ်ပေမဲ့ နောက်ပိုင်းမှာတော့ အော်လေရဲ့အိပ်ယာပေါ်က စွမ်းဆောင်ရည်ကြောင့် အကြိတ်အခဲတစ်ချို့ဖြစ်နေခဲ့ပါတယ်။ အော်လေဟာ ဇနီးချောဇနီးလှလေးကိုရထားပေမယ့်လည်း အပြာကားကြည့်မှပဲ စိတ်ထပြီးယောက်ျားကိစ္စ စွမ်းဆောင်နိုင်တဲ့အနေအထားဖြစ်နေတာပါ။ ခင်ပွန်းသည်ကိုချစ်ခင်ပေမဲ့ မျိုသိပ်ထားရတဲ့ အီလိန်းရဲ့ဆန္ဒတွေဟာ သူ့ကို အိမ်ထောင်ရှိမှန်းသိရက်လာကြောင်တဲ့ သူဌေးသားလူလည် မီဂယ်နဲ့အတွေ့မှာ ပေါက်ကွဲထွက်ကုန်တော့တာပါပဲ။ မဖြစ်သင့်မှန်းသိပေမယ့် ရှေ့ဆက်တိုးရင်း တဖြည်းဖြည်းရုန်းမထွက်နိုင်ဖြစ်လာတဲ့အခါမှာတော့…။ အခုချိန်မှာအမေခန်းရိုက်နေပြီဖြစ်ပေမဲ့ လှသွေးကြွယ်တုန်းဖြစ်တဲ့ Katya Santos ရဲ့ငယ်မူငယ်သွေးအလှအပတွေကိုတွေ့မြင်ရမယ့် ဂန္ထဝင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.85GB, 790MB Quality – 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 1H 43Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Drama • Crime • Thriller
6.7 2003
[18+] Sukdulan
One Bad Apple: A Hannah Swensen Mystery
6.6

Mystery နဲ့ Thriller အမျိုးအစားဖြစ်တဲ့ One Bad Apple: A Hannah Swensen Mystery ရုပ်ရှင်ကတော့ ၂၀၂၄ ခုနှစ်မှာမှထွက်ရှိထားတာဖြစ်ပြီး ဟန်နာရဲ့စိတ်ဝင်စားစရာမုန့်လုပ်နည်းတွေကို ဟန်နာနဲ့အတူလူသတ်မှုကိုလိုက်ပါစုံစမ်းရင်း စိတ်ဝင်စားစရာကောင်းအောင် ကြည့်ရှု့ခံစားရမှာဖြစ်ပါတယ်။ ဒါရိုက်တာ Shannon Kohli က ရိုက်ကူးပေးထားပြီး ရုပ်ရှင်ကိုရေးသားခဲ့သူတစ်ဦးဖြစ်တဲ့ Alison Sweeney က ဟန်နာအဖြစ် အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်း *************** ဟန်နာဆွမ်ဆင်ဟာ မြို့ကကောလိပ်မှာ မုန့်ဖုတ်သင်တန်းတစ်ခု သင်ပြပေးဖို့ဖြစ်လာခဲ့ပြီး တစ်ရက်မှာတော့ သူ့အတန်းမှာသုံးတဲ့ ပစ္စည်းကိရိယာတစ်ခုကနေ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ မီးသတ်ဌာနက မတော်တဆမှုလို့ကောက်ချက်ချခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ ဟန်နာရဲ့လုပ်ဖော်ကိုင်ဖက်ကျောင်းဆရာ တစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုနဲ့ဆက်စပ်နေတယ်လို့ ယူဆစရာဖြစ်လာခဲ့ပါတယ်။ အဲဒီအခါမှာတော့ မိတ်ဆွေတွေ၊ မိသားစုဝင်တွေရဲ့အကူအညီနဲ့ ဟန်နာတစ်ယောက် မှုခင်းရဲ့ သဲလွန်စလေးတွေကို လိုက်လံဆက်စပ်စုံစမ်းရပါတော့တယ်။ File size…1.65GB / 722MB Quality…WEB-DL 1080p 5.1CH/ 720p Format…mp4 Duration….1h 24m Genre ….. Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

6.6 2024 84 mins
One Bad Apple: A Hannah Swensen Mystery
Justice League: Throne of Atlantis
6.6

IMDB 6.3 နဲ့ Rotten Tomatoes 63% ရရှိထားပါတယ်။ Aquaman ရဲ့နောက်ခံဇာတ်လမ်းကို ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ Justice League: War အပြီးမှာ အရာအားလုံးငြိမ်းချမ်းသွားပြီလို့ထင်ရပေမဲ့ ဒဏ္ဍာရီလာကျွန်းမြို့တစ်မြို့ဖြစ်တဲ့ အတ္တလန်တစ်ရဲ့ပြဿနာတွေက ကုန်းမြေပြင်ပေါ်ကို ရောက်ဖို့အကြောင်းဖန်လာပါတယ်။ အဲဒီပြဿနာတွေထဲကတစ်ခုကတော့ လူနဲ့အတ္တလန်တစ်သူနဲ့စပ်ပြီး မွေးလာတဲ့ အာသာကာရီကိုမုန်းတဲ့ သူ့ရဲ့ညီဖြစ်သူ မင်းမျိုးမင်းနွယ်သွေးအပြည့်ပါတဲ့ မင်းသားအော်မ်ပါပဲ။ အာသာရဲ့အမေဖြစ်တဲ့ ဘုရင်မအတ္တလာနာဟာ ငြိမ်းချမ်းရေးကိုလိုလားပေမဲ့ ကုန်းမြေပြင်သားတွေကြောင့် ဘုရင်ဖြစ်သူသေရတယ်လို့ယုံကြည်ထားတဲ့ မင်းသားအော်မ်ကတော့ သူ့အမေနဲ့ဆန့်ကျင်ဘက်ပါ။ ဒါကိုဘုရင်မအတ္တလာနာကသိတာကြောင့် ကမ္ဘာနှစ်ခုလုံးမှာနေဖူးတဲ့သူကို ခေါင်းဆောင်အဖြစ်ထားချင်ခဲ့တယ်။ ဒါကြောင့်ပဲ အာသာကာရီကိုခေါ်ဖို့ စေလွှတ်လိုက်ပေမဲ့ မင်းသားအော်မ်ရဲ့ အကြံအစည်တွေကြောင့် အခြေအနေတွေက ပြောင်းပြန်ဖြစ်ကုန်ပါတော့တယ်။ File size… 1.1 GB / 462 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 12m Genre ….. Action/Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi

Drama
6.6 2015
Justice League: Throne of Atlantis
Gyeongju

Gyeongju 2014 ************* မင်းသား Park Hae Ilနဲ့ မင်းသမီး Shin Min Ah တို့ပါဝင်သရုပ်​ဆောင်ထားတဲ့… Romance & Drama ရုပ်ရှင်ကား​လေးတစ်ခုကို တင်ဆက်​ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်း ————- ချွဲဟျွန်းက ​​ပေကျင်းတက္ကသိုလ်က ပါ​မောက္ခတစ်​ယောက်ဖြစ်ပြီး… တရုတ်​ကောင်မ​လေးတစ်​ယောက်နဲ့လက်ထပ်ထားတာပါ။ တစ်​နေ့မှာ​တော့ သူ့သူငယ်ချင်းတစ်​ယောက်ရဲ့ နာ​ရေးကိုတက်​ရောက်ဖို့ ​… ကိုရီးယားကိုပြန်လာခဲ့ပါတယ်။ ကိုရီးယားကို ပြန်​ရောက်​တာနဲ့… ဂ​ယောင်းဂျူမြို့​လေးဆီကိုပါ သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ လွန်ခဲ့တဲ့ ၇နှစ်ဂ​ယောင်းဂျူမှာရှိတဲ့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်က.. ပန်းချီကားတစ်ချပ်ကို မ​မေ့နိုင်တာ​ကြောင့် ပြန်ကြည့်ဖို့သွားခဲ့တာပါ။ လက်ဖက်ရည်ဆိုင်ကို​ရောက်တဲ့အခါမှာ​တော့ ဆိုင်ပိုင်ရှင် အသစ်ဖြစ်တဲ့… မိန်းမ​လှ​​လေးဂုံးယွန်းဟီးနဲ့ ​တွေ့ပါ​တော့တယ်။ ယွန်းဟီးကိုပန်းချီကားအ​ကြောင်း​မေးရင်း… နှစ်​ယောက်ရင်းနှီးသွားကြပြီး ဘယ်လို​ဆက်ဖြစ်မလဲဆိုတာကို ငြိမ့်ငြိမ့်​လေးနဲ့ ကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။ File size… 1.77GB / 755MB Quality…WEB-DL 1080p 720p Genres: Adventure, Romance, Drama Duration: 2 hr 25 mins Subtitle….Myanmar Subtitle (Hard Sub) Translated By Phyu Sin Encoded By Heather Oo

Drama • Mystery
0 2014 145 mins
Gyeongju
I Am The King
6.4

I Am The King (2012) ********************* IMDb….. 6.4 I am the King ရုပ်ရှင်ဇာတ်ကားဟာ ၂၀၁၂ခုနှစ်မှာ ပြသခဲ့တဲ့ သမိုင်း​နောက်ခံ ဟာသရုပ်ရှင်ကားဖြစ်ပြီး သရုပ်​ဆောင်​တွေက​တော့ Ju Ji-hoon, Park Yeong-gyu, Baek Yoon-sik, Byun Hee-bong, Kim Soo-ro နဲ့ Lee Haneeတို့ အဓိကပါဝင်ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဥ်းက​တော့ အိမ်​ရှေ့စံအဖြစ် တင်မြှောက်ခံထားရတဲ့ သားအကြီး မင်းသားယန်း​​ညောက ​ သောက်စားမူးယစ်ပြီး ​ပျော်​ပါး​နေတာ​ကြောင့် ရာထူးချပြီး ဘုရင်ထယ်ဂျုံးက တတိယ​မြောက်သား​တော် မင်းသားချွန်း​ညောကို အိမ်​ရှေ့စံအဖြစ် တင်​မြှောက်လိုက်ပါ​တော့တယ်။ ဒါပေမဲ့လည်း မင်းသားချွန်း​​ညောဟာ တိုင်းပြည်​ရေးကို စိတ်မဝင်စားဘဲ စာ​​ပေ​ကိုပဲ လေ့လာလိုက်စားချင်တဲ့သူဖြစ်တယ်။ ဘုရင်ဖြစ်ချင်တဲ့ဆန္ဒမရှိတာ​ကြောင့် နန်း​တော်ထဲက ထွက်​ပြေးသွားတဲ့အချိန်မှာ မင်းသားချွန်း​​ညောနဲ့ တစ်ပုံစံတည်းတူတဲ့ အ​စေခံ​ဒေါ့ချီဆိုသူကလည်း နန်း​တော်ထဲ ခိုးဝင်လာတာနဲ့ ကွက်တိဖြစ်ပြီး နှစ်ယောက်သား လူလဲကာ ​ဒေါ့ချီက အိမ်​ရှေ့စံအစား နန်း​တော်ထဲက ဖိအား​တွေခံစားရပြီး မင်းသားချွန်း​​ညောက အ​စေခံအစား နှိပ်စက်ခံရတဲ့အချိန်…. တိုင်းပြည်ရဲ့ ပကတိအ​ခြေအ​နေကို မျက်ဝါးထင်ထင် သိမြင်လိုက်တဲ့အခါ ဘုရင်မဖြစ်ချင်တဲ့ မင်းသားချွန်း​ညောအ​နေနဲ့ ပြည်သူလူထုကို မျက်ကွယ်ပြုသွားမလား ဒါမှမဟုတ် ပြည်သူလူထုအတွက် မားမားမတ်မတ် ရပ်တည်သွားမလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ရှုစားလိုက်ပါဦးရှင်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Stary ပဲ ဖြစ်ပါတယ်။) File Size : 2.11GB/ 0.98GB Quality : Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration…02:01:00 Genre : Comedy, Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated by Stary Encoded by Tiff

Thriller
6.4 2012 120 mins
I Am The King
Moonwalk
6.4

Moonwalk (2025) (လပေါ်လမ်းလျှောက်ခြင်း) IMDb rating: 7.5/10 လပေါ်လမ်းလျှောက်ခြင်းဇာတ်ကားကို ဒါရိုက်တာ ဗီနွိုက်အေကေ ရဲ့ ပထမဆုံး ဇာတ်ကားဖြစ်ပြီး ၁၉၈၀ ပြည့်နှစ်နှင့် ထရီဝန္နန္သူပါမြို့တွင် အခြေခံထားတဲ့လူငယ်တွေကြား ဘယ်လ်ကစားနည်းအနုပညာပေါ်အခြေခံထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းတွင် မိုက်ကယ်ဂျက်ဆင်၏ နာမည်ကြီး မွန်ဝေါ့ အကစတိုင်က လူငယ်များအတွက် ဘယ်လ်ကစားကို စိတ်ဝင်စားစေခဲ့ပြီး သူတို့၏ အနုပညာဖန်တီးမှုနှင့် ကိုယ့်ကိုယ်ကို ထင်ဟပ်ဖော်ပြမှုတွင် အရေးပါသော အခန်းကဏ္ဍတစ်ခုကို ဦးတည်ရိုက်ကူးထားပါတယ်။ အသစ်စက်စက် အနုပညာရှင်အသင်းဖြစ်တဲ့ ပရှန့်ပီလိုင် ရဲ့ စိတ်လှုပ်ရှားဖွယ်ဂီတနှင့် အန်ဇာရှက်တို့ ရဲ့ ရိုက်ကူးပုံများက ၈၀s ခေတ်က အမှတ်တရများကို နောက်ခံထားသဖြင့် ရုပ်ရှင်အတွင်း ပိုမိုထင်ရှားစေပါတယ်။ ဒီဇာတ်ကားဟာ လူငယ်တွေရဲ့ ခင်မင်မှု၊ အိပ်မက်တွေ၊ ယုံကြည်မှုနှင့် ပတ်ဝန်းကျင်ရဲ့ဖိအားတို့ကို ပြသထားပြီးတော့ ပြိုင်ပွဲတစ်ခုအဖြစ် ခံစား‌စေရပါတယ်။ လပေါ်လမ်းလျှောက်ခြင်း ဇာတ်ကားကတာ့ ပျော်ရွှင်စရာလည်းဖြစ်သလို ပညာပေးမှုများပါပါရှိပြီး သူငယ်ချင်းတွေရဲ့ ခင်မင်မှု၊ စိတ်အားထက်သန်မှုနှင့် ဆိုရင်အားလုံးကိုရင်ဆိုင်နိုင်ကြောင်းပြသထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ လပေါ်လမ်းလျှောက်ခြင်း ဟာ ၈၀s ခေတ်ရဲ့ ယောက်ျားလေးတွေရဲ့ စိတ်ဓာတ်၊ အိပ်မက်များကို တောက်ပစွာဖော်ပြထားတာကြောင့် ကြည့်ရတာ အရမ်းကောင်းပါတယ်။ ကလေးငယ်များနှင့် လူငယ်များအတွက် ခင်မင်မှု၊ စိတ်အားထက်သန်မှုနဲ့ အနုပညာဆန်ဆန်ပြုလုပ်ထားတဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်ကိုတော့ CM Bollywood Teamမှတင်ဆက်ထားတာပဲဖြစ်ပါတယ်ခင်ဗျာ။

Mystery • Thriller
6.4 2025
Moonwalk