YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Welcome.to.Waikiki.S01E16.720p.CM.mp4

549.33 MB N/A video/mp4 4133 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
What If
6.7

“သူငယ်ချင်းလေးပါပဲ သူငယ်ချင်းလေးပဲတဲ့ကွယ် ဒီလိုအကြိမ်ကြိမ်အခါခါ ပြောပါတယ် ချစ်ရသူရယ်” ဘာရယ်မဟုတ်ဘူး ဒီကားလေး ကြည့်မိတော့ အရင်ဆုံးပြေးမြင်မိတာက ဒီသီချင်းလေး ဖြစ်နေလို့။ အကယ်၍များ ခင်ဗျားတို့ တကယ်အဆင်ပြေနေတဲ့လူတစ်ယောက်ကို တွေ့ပြီဆိုပေမယ့် ရှေ့ဆက်တိုးလို့ မဖြစ်နိုင်တော့ရင် ဘယ်လိုတွေဆက်လုပ်ကြမလဲ... လောကဝတ်ကျင့်ထုံးတွေကို လိုက်နာမလား... မျက်စိမှိတ် ခြေစုံဇွတ်ဝင်တိုးပစ်လိုက်ချင်မလား… ဝေခွဲမရဖြစ်မှာ သေချာပါတယ်။ တစ်လောကလုံးမှာ ကိုယ်ဘယ်လောက်ပဲ ကြောင်တောင်တောင်စကားတွေပြော တလွဲတွေလုပ်ပေမယ့် ဒါမျိုး အတူတူလိုက်ပြော/လိုက်လုပ်နိုင်စွမ်းရှိတဲ့ တခြားဆန့်ကျင်ဖက်လိင်တစ်ယောက်ကို တွေ့ရတာကလည်း ကံကောင်းမှုတစ်ခုပေလား ကံဆိုးမှုများပဲလား…။ ကိုယ်က ဒီလူတစ်ယောက်ကို ဆိုးတူကောင်းဖက် တိုင်ပင်လို့ရတယ် ရင်ဖွင့်လို့ရတယ် အထီးကျန်ချိန် အဖော်လုပ်ပေးနိုင်တယ် ဖေးမကူညီတယ် ဒါပေမဲ့ လူ့စည်း ဘီလူစည်းဆိုတာလေးလည်း ရှိနေတော့ အခက်သားမဟုတ်လား…။ သူငယ်ချင်းကလည်းပြောတယ် မင်း Do or Die လုပ်ပေါ့ မပြတ်မသားဆိုတာ ပိုပြီး ခံရခက်စေတယ်တဲ့ တစ်ဖက်ကလည်း ရေရှည်တွဲလာတဲ့ လက်တွဲဖော်ဆိုတာက ရှိတယ် ပြဿနာဖြစ်ဖို့မပြောနဲ့ အစစအရာရာ ပြေလည်နေတဲ့ စုံတွဲဆိုတော့က မျှော်လင့်ချက်မီးက ခပ်မှိန်မှန်သာ… ဘာဆက်လုပ်ရမလဲ…။ ကိုယ့်မှာကလည်း ငယ်ဘဝက ဒဏ်ရာဒဏ်ချက်ရော ကြီးမှရတဲ့ စိတ်ထိခိုက်စရာရောက ဒီကိစ္စနဲ့လာပတ်သက်နေပြီး ဆုပ်လည်းစူး စားလည်းရူးမယ့်ဘဝဖြစ်နေတော့ ဘာလုပ်ရမလဲ ခင်ဗျားတို့သာ အကြံပေးကြပါတော့လားလို့…။ ချစ်သူကဖောက်ပြန် အထီးကျန်တစ်ယောက်တည်းနေရာမှ ကောင်မလေးကိုတွေ့ခဲ့သူက ဟယ်ရီပေါ်တာမင်းသားဖြစ်တဲ့ ဒယ်နီရယ်ရတ်ကလစ်ဖ် သရုပ်ဆောင်ထားတာပါ၊ ဆရာသမားက ဆရာဆိုသလိုပဲ အကောင်းဆုံး သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။ ကောင်မလေးနေရာကတော့ မျက်နှာဝိုင်းဝိုင်း ချစ်စရာသရုပ်ဆောင်တတ်လေ့ရှိတဲ့ ဇိုးကာဇန်ပါ Ruby Spark တို့ Big Sick တို့ ကြည့်ဖူးရင် သိပါလိမ့်မယ်။ ဇာတ်ပို့တွေကလည်း အဒမ်ဒရိုက်ဘာတို့လိုမျိုး မခေသူတွေလည်းပါတဲ့ မော်ဒန်အချစ်ဟာသကားကောင်းလေးပါ၊ ငယ်ငယ်တုန်းက တာရာမင်းဝေတို့ မင်းခိုက်စိုးစန်တို့ရေးတဲ့ မော်ဒန်ဝတ္ထုလေးတွေ သဘောကျခဲ့မယ်ဆို အဲဒီလိုမျိုးကိုမှ ရုပ်လုံးကြွလာစေမယ့် ဇာတ်ကားကောင်းလေးဖြစ်ကြောင်း ညွန်းပေးလိုက်ပါရစေဗျာ။ File size…  1.42 GB /  605 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 38m Genre .....  Romance , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

Comedy • Romance
6.7 2013 93 mins
What If
Prison 77
7.4

ထောင်ဖောက်တဲ့ရုပ်ရှင်ပေမဲ့ ထောင်ဖောက်တဲ့ရုပ်ရှင်မဟုတ်တဲ့ ရုပ်ရှင်ပေါ့။ ၁၉၇၆ကနေ ၁၉၇၈ကြားမှာဖြစ်ခဲ့တာတွေကို ဇာတ်အိမ်တည်ထားတဲ့ ဒီရုပ်ရှင်နာမည်က ထောင်, ၁၉၇၇။ ဒီခုနှစ်တွေက စပိန်သမိုင်းမှာ တော်တော်အရေးပါတဲ့ နှစ်တွေလို့ပြောရမယ်။ ဘာလို့ဆို ၁၉၃၉ကနေ ၁၉၇၅ အထိ စပိန်ကို စစ်အာဏာရှင်စနစ်နဲ့ အုပ်ချုပ်သွားတဲ့ ဂျန်နရယ် Francisco Franco ဟာ ၁၉၇၅မှာ သေသွားတယ်။ ဒီနောက် စပိန်ဟာ ဒီမိုကရေစီစနစ်ကို ကူးပြောင်းပြီး တိုင်းပြည်ကို အသစ်က ပြန်တည်ဆောက်ခဲ့တယ်။ ဆိုတော့ ဒီကာလတွေဟာ စပိန် ဒီမိုကရေစီရဲ့ အရေးအပါဆုံး ကာလတွေလို့ပြောရင် မမှားဘူး။ တိုင်းပြည်ကြီးက အကြီးအကျယ်ပြောင်းလဲနေတဲ့ကာလမှာ ထောင်ထဲမှာ ဖိနှိပ်ချုပ်ချယ်ခံနေရတဲ့ လူတွေကလည်း တိုင်းပြည်ကြီး အသစ်ကပြန်စသလို သူတို့ကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး အသစ်က ပြန်စခွင့်ပြုသင့်တယ်လို့ အဆိုပြုကြတယ်။ အကျဉ်းသားအခွင့်အရေး အင်မတန်နည်းပါးတဲ့ စပိန်ထောင်ထဲက ထောင်သားတွေဟာ အကျဉ်းသားအခွင့်အရေးအစည်းအရုံးတွေ ထောင်ပြီး အကျဉ်းသားတွေရဲ့ ရပိုင်ခွင့်အတွက် ဆန္ဒပြခဲ့ကြတယ်။ ရာဇဝတ်သားတွေကို ဘာလို့အကုန်လွှတ်ပေးရမှာလဲလို့တော့ မေးချင်စရာရှိပေမဲ့ ဒီလူထဲက ထက်ဝက်လောက်နီးပါးဟာ တိုင်းပြည်ရဲ့ ကမောက်ကမအခြေအနေနဲ့ မတရားတဲ့ဥပဒေကြောင့် မမျှတတဲ့ တရားစီရင်ခြင်းခံခဲ့ရတဲ့လူတွေဖြစ်နေတယ်။ ငွေလေး ၅၀၀၀ခိုးပြီး ၈နှစ်လောက်ကျတဲ့လူတွေလည်း ပါချင်ပါတယ်။ အသက်မပြည့်သေးတဲ့ ကလေးတွေလည်း ပါချင်ပါတယ်။ စုံပလုံနေတာပါပဲ။ ဒီတော့ တိုင်းပြည်မကောင်းလို့ ဥပဒေမကောင်းလို့ ရောယောင်ရောက်သွားရတဲ့ သူတို့အတွက် ဒီလိုလွတ်ငြိမ်းခွင့်ပေးဖို့က တရားတယ်။ ပြဿနာက တကယ့်ဒုစရိုက်သမားတွေကလည်း ရှိနေလေတော့ ဒီပွဲဟာ ဘယ်လိုဆက်ဖြစ်မလဲ တော်တော်တော့ပြောရခက်လာပါတယ်။ ဒီရုပ်ရှင်ဟာ သူယုံကြည်တဲ့ တရားမျှတမှုအတွက် တိုက်ပွဲဝင်ခဲ့တဲ့ လူငယ်လေးတစ်ယောက်အကြောင်းပေါ့။ နောက် အလံတလူလူလွှင့်ခဲ့တဲ့‌ မျှော်လင့်ချက်တွေအကြောင်းပေါ့။ ပြောရရင် ရှောရှန့်ထက် ပိုသဘာဝကျတဲ့ ရှောရှန့်လိုကားမျိုးပေါ့။ ပိုသဘာဝကျတယ်ဆိုတာ သူ့ထက်ကောင်းတယ်လို့တော့ ဆိုလိုတာမဟုတ်ဘူးပေါ့။ ဒါပေမဲ့ တကယ်ဖြစ်ခဲ့တဲ့ သမိုင်းဒရာမာ ကားကောင်းပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 1GB Quality - 1080p, 720p IMDb Rating - 7.1/10 Format - mp4 Duration - 2H 5Min Genre - Thriller Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Adventure • Horror • Thriller
7.4 2022 125 mins
Prison 77
RRR (2022) R.R.R
8.4

RRR (2022) IMDb Rating -8.4/10 (ခုဗားရှင်းကတော့ အကြည်ဆုံး WEB DL ဗားရှင်းကို Audio 5.1CHနဲ့ 4k Qualityထိ တင်ဆက်ပေးထားပါတယ်) ဘိုင်ယာဘာမင်းသား Konidela Ram Charan Teja နဲ့ ဂမ်ဂုဘိုင် မင်းသမီး Alia Bhatt တို့ရဲ့ ပါဝင်ထားပြီး မင်းသားကြီးအာဂျေးလို ဝါရင့်သမ္ဘာရင့် သရုပ်ဆောင်ကြီးကပါ ပါဝင်အားဖြည့်ပေးထားပါတယ်) 1920 ခုနှစ် အိန္ဒိယနိုင်ငံကို ဗြိတိသျှအစိုးရ အုပ်ချုပ်နေစဥ်အခါက မြို့စားမင်း စကော့နဲ့ အမျိုးသမီးဖြစ်သူ ကတ်သရင်းတို့ဟာ အာသီလာဘတ်တောအုပ်ထဲကိုသွားရင်း မာလီဆိုတဲ့ ကလေးလေးတစ်ယောက်ကို အဆိုကောင်းတာကြောင့် မတရား ဖမ်းဆီးခေါ်ဆောင်သွားကြပါတယ် မာလီရဲ့ အစ်ကိုဖြစ်တဲ့ ဘင်းတစ်ယောက်ကတော့ သူ့ညီမလေးကို ကယ်ဖို့ အစွမ်းကုန်ကြိုးစားနေရင်း တစ်နေ့ ရာမာ(ရမ်) နဲ့ ဆုံခဲ့ပါတယ် သူတို့နှစ်ယောက် အလုပ်အတူတူလုပ်ရင်းနဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေဖြစ်သွားခဲ့ကြတာပေါ့ သို့သော် ဘင်းမသိခဲ့တဲ့ ရမ်ရဲ့အကြောင်းကတော့ ရမ်ဟာ အင်္ဂလိပ်တွေအတွက် အလုပ်လုပ်ပေးနေတဲ့ ရဲအရာရှိတစ်ယောက် ဖြစ်နေခဲ့တာပါ ရမ်က ရဲသားတစ်ယောက်ဖြစ်တဲ့အပြင် ကိုယ့်လူမျိုးတွေကိုပါ ညှာတာခြင်းမရှိ နှိပ်စက်သတ်ဖြတ်နိုင်တဲ့သူတစ်ယောက်ပါ ဒါပေမဲ့ သူ့မှာလည်း လျှို့ဝှက်ချက်တွေအများကြီးရှိနေခဲ့ပါတယ် ဘင်းနဲ့ ရမ်ရဲ့ ဆက်ဆံရေးက ဘယ်လိုဆက်ဖြစ်မှာလဲ… ရမ်နဲ့ စီသာ (မင်းသမီး Alia Bhatt) ကကော ဘယ်လိုဆက်နွယ်မှုရှိနေတာလဲ…. IMDb 8.4/10 ရရှိထားပြီး ဗြိတိသျှအစိုးရရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့အတူ အဖိနှိပ်ခံပြည်သူတွေရဲ့ ဇာတ်ကြောင်းနဲ့ ဘဝတွေကို အကောင်းဆုံးရိုက်ပြထားတဲ့ ဇာတ်ကားကောင်းတစ်ကောင်းဖြစ်တာကြောင့် အခုပဲ ကြည့်ဖို့ ညွှန်းပေးလိုက်ရပါတယ်ဗျာ (4k Quality ထွက်လာရင်လဲ အမြန်ဆုံး Updateပေးသွားပါမယ်)

Drama • Horror • Mystery
8.4 1900
RRR (2022) R.R.R
A Turtle’s Tale: Sammy’s Adventures
6

A turtle’s tale: Sammy’s adventures (2010) ==================================================== လူတွေရဲ့ ကျူးကျော်မှုတွေ၊ တစ်ကိုယ်ကောင်းဆန်မှုတွေကြောင့် တိရစ္ဆာန်လေးတွေရဲ့ ပိုင်နက်မြေက တစ်နေ့ထက်တစ်နေ့ ကျဉ်းမြောင်းလာပါတယ်။ အဲဒီလိုပဲ စက်ရုံတွေတည်ဆောက်တာ၊ အမှိုက်တွေ စွန့်ပစ်တာကြောင့် Global warming ဖြစ်လာပြီး ကုန်းနေ၊ ရေနေတိရစ္ဆာန်လေးတွေရဲ့ဘဝကို ထိခိုက်နေပြန်ပါတယ်။ အဲဒီလိုနဲ့ နောက်ပိုင်းမှာ လူသားတွေက ကိုယ့်လုပ်ရပ်ကိုယ် သိရှိလာပြီး ပြုပြင်ထိန်းသိမ်းမှုတွေလုပ်တာလည်း ရှိလာပါတယ်။ “လူသားတွေက ထူးဆန်းတယ်။ တချိုက ရှင်းလင်းသုတ်သင်နေချိန်မှာ တချိုကတော့ အမှိုက်ဖွနေတုန်းပဲ”တဲ့။ ဘယ်လိုပဲဆိုပါစေ လူသားနဲ့တိရစ္ဆာန် အတူယှဉ်တွဲနေထိုင်ရတဲ့လောကကြီးမှာ အချင်းချင်း ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပါပဲ။ ဒီကားလေးမှာတော့ ပင်လယ်လိပ်ကလေးတစ်ကောင် ဥကနေ အကောင်ပေါက်တဲ့အချိန်ကစလို့ လောကဓံတရားတွေကို ရင်ဆိုင်ရတာတွေ၊ သူငယ်ချင်း ချစ်မေတ္တာအပြင် ဘဝရဲ့အဓိပ္ပာယ်ကို ဘယ်လိုရှာဖွေတွေ့ရှိမလဲဆိုတာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ထူးခြားတာကတော့ ဇာတ်ဝင်တေးတွေအဖြစ် Bruno Mars ရဲ့ “Count on me” နဲ့ “Talking to the moon”, Michael Jackson cover ဆိုထားတဲ့ “Ain’t no sunshine” အပြင် “California dreamin”, “Love will find a way” တို့လို နာမည်ကြီးသီချင်းတွေ ပါဝင်မှာဖြစ်လို့ ကြည့်ရှုရတန်စေမှာပါ။ 2010 ခုနှစ်က ထွက်ရှိခဲ့တာဆိုပေမဲ့ animation တွေက လန်းနေဆဲဖြစ်ပြီးတော့ plot ကလည်း အရိုးလေး အဆန်းဆုံးလေးဖြစ်လို့ ခံစားကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါ‌ရစေနော်။ File size…2.1GB / 1GB Quality…1080p BluRay AAC5.1CH / 720p Format…mp4 Duration….1h 28mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Myo Myo Htet

Comedy • Drama
6 2010
A Turtle’s Tale: Sammy’s Adventures
Love According to Dalva
7.5

IMDb – 7.5/10 Rotten Tomatoes – 95% ဒီရုပ်ရှင်က စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာနဲ့ အဲ့ဒီကနေဆက်ဖြစ်လာတဲ့ ကြေကွဲစရာ အကျိုးဆက်တွေအကြောင်းပါပဲ။ ရုပ်ရှင်ရဲ့ ဒါရိုက်တာ Emmanulle Nicotက ဒီလိုထိတ်လန့်စရာကောင်းတဲ့အကြောင်းအရာကို ဆွေးမြေ့စရာကောင်းအောင် ရိုးသားသိမ်မွေ့စွာ ရိုက်ကူးပြခဲ့ပါတယ်။ Dalvaက ၁၂နှစ်အရွယ် ကလေးတစ်ယောက်ဖြစ်ပြီး သူမအဖေနဲ့ အတူနှစ်ယောက်ထဲနေပါတယ်။ ကလေးဆိုပေမယ့် အရွယ်ရောက်ပြီးသားမိန်းမတစ်ယောက်တစ်ယောက်လို ဝတ်စားပြင်ဆင်ခြယ်သပြီး အနေအထိုင်ကလည်း လူကြီးတစ်ယောက်လိုပါပဲ။တစ်နေ့မှာ ရဲတွေက သူတို့အိမ်ထဲအတင်းဝင်လာပြီး သူ့ကို လူငယ်တွေကိုစောင့်ရှောက်ပေးတဲ့ ဂေဟာတစ်ခုကိုပို့ခဲ့ပါတယ်။အဲ့ဒီမှာ သူမရဲ့အခန်းဖော်အသစ် Samiaနဲ့ ဝန်ထမ်းဖြစ်တဲ့ Jaydenတို့နှစ်ယောက်နဲ့ မိတ်ဆွေဖြစ်လာပါတယ်။သူတဖြည်းဖြည်းနားလည်လာတာက သူ့အဖေနဲ့ဝေမျှခဲ့တဲ့အချစ်တွေက သူထင်ခဲ့သလိုမျိုးမဟုတ်ဘူးဆိုတာပါပဲ။သူ့မိတ်ဆွေတွေရဲ့ အကူအညီနဲ့ Dalvaက သူ့childhoodကိုပြန်ယူနိုင်ခဲ့ပါတယ်။ ဒီရုပ်ရှင်က စိတ်ကူးယဥ်ဖန်တီးချက်ဆိုပေမယ့် ဒီလိုအဖြစ်အပျက်မျိုးတွေရဲ့ real-life victimsတွေအပြင်မှာ အများကြီး ရှိပါတယ်။ ကြည့်ရတာ တစ်ချက်တစ်ချက် မသက်မသာဖြစ်ရပါတယ်။ ကလေးတစ်ယောက်နဲ့မလိုက်အောင် မှန်သလား မှားနေသလားတောင်မစဥ်းစားနိုင်အောင် အဖေဖြစ်သူဆီက brain-washedခံထားရတဲ့ Dalvaရဲ့ လုပ်ရပ်တွေကတစ်ခါတလေလန့်စရာလည်းကောင်းနေပါတယ်။ ရုပ်ရှင်က ရဲတွေဝင်ဖမ်းတဲ့အချိန်နဲ့စထားပြီး Dalvaရဲ့ အော်သံက “Jacques!” ဖြစ်ပြီး “Dad”မဟုတ်ပါဘူး။သူ့အဖေရဲ့ fantasyထဲက အမျိုးသမီးပုံစံအတိုင်း 1987ခုနှစ်ကလိုမျိုး ပုလဲနားကပ်တွေဇာအင်္ကျီတွေ တောက်လျှောက်ဝတ်လာခဲ့တဲ့ Dalvaလေးက ရုပ်ရှင်အဆုံးမှာရိုးရိုး တီရှပ် hoodieဝတ်ထားတဲ့အခါ တကယ့်ကလေးရုပ်လေးနဲ့ပြန်လိုက်ဖက်သွားပါတယ်။ ရုပ်ရှင်ရဲ့ main castတွေက professionalတွေ မဟုတ်တော့ တကယ့်လူအစစ်တွေရဲ့အဖြစ်အပျက်ကိုကြည့်နေရတာနဲ့တူပါတယ်။ ဒီရုပ်ရှင်ကို ကြည့်လို့ခံသာတာတစ်ခုက ဒါရိုက်တာရဲ့ abuserက victimအပေါ် အာရုံစိုက်တဲ့အပိုင်းတွေထည့်မရိုက်ထားလို့ လို့ပြောနိုင်ပါတယ်။အစကနေ အဆုံးထိတစ်ထိုင်တည်း မထတမ်းကြည့်ချင်နေမယ့်ရုပ်ရှင်မျိုးပါပဲ။ File size…(1.3 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:23:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Hsu Hlyun

Science Fiction • Action • Drama • Thriller
7.5 2022 83 mins
Love According to Dalva
Amour
7.9

ဇာတ်ကားနာမည်လေးကတော့ အချစ်ပါတဲ့၊ ပြင်သစ်လိုဆိုရင်တော့ Amour ပေါ့။ စကားလေးရှိတယ်မလား၊ ကျွန်တော်တို့က ၂၀ ရာစုမှာ ၉၀ ပြည့်နှစ်ဝန်းကျင်က အချစ်မျိုးကို ရှာဖွေနေကြတယ်ဆိုတာလေ။ ဒီဇာတ်ကားလေးကတော့ ကျွန်တော်တို့ ကြုံတွေ့ပိုင်ဆိုင်ဖူးချင်တဲ့ အချစ်ရဲ့ အလှတရားကို ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးပါ။ ဇာတ်လမ်းအကျဉ်း ဂျော့နှင့် အန်းဟာ ဇရာရလာပြီဖြစ်ပြီးတော့ သားသမီးတွေလည်း အတောင်စုံလို့ အမြင့်ပျံသွားကြပြီဖြစ်လို့ နှစ်ယောက်တည်း အိမ်ကလေးမှာ တစ်ယောက်နှင့်တစ်ယောက် အမှီသဟဲပြုရင်း ကျန်ရစ်ခဲ့တဲ့ ဇနီးမောင်နှံပါ။ တစ်နေ့မှာတော့ အန်းဟာ အသက်အရွယ်ရလာတာကြောင့် အောက်ပိုင်းအကြောသေသွားခဲ့ပါတယ်။ ဂျော့က အန်းကို ဆေးရုံတက်စေခဲ့ပေမယ့် အန်းတစ်ယောက် ဆေးရုံကြောက်တာသိတဲ့အတွက် အိမ်ကိုပဲခေါ်ပြန်လာပြီး သူကိုယ်တိုင် ပြုစုပါတော့တယ်၊ သားသမီးတွေကလည်း ဆေးရုံပို့တာဖြစ်ဖြစ် သက်ကြီးရွယ်အို စောင့်ရှောက်ပေးတဲ့ဆီ ပို့တာဖြစ်ဖြစ် လုပ်ခိုင်းကြပေမယ့် တအားချစ်ကြရှာတဲ့ ဇနီးမောင်နှံ နှစ်ယောက်သားကတော့ အိမ်လေးမှာပဲ သူနာပြုတွေငှား ဆရာဝန်တွေခေါ်ပြီး နှစ်ပါးသွားပါတော့တယ်။ ဒီဇာတ်ကားလေးမှာတော့ ဂျော့နှင့်အန်းကြားထဲက မပြောင်းလဲသွားတဲ့ ချစ်ခြင်းမေတ္တာနှင့် ရှေ့ဆက်ကြပုံကို ကြည့်နူးဆွတ်ပျံ့ဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.8 GB)/(730 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:07:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

Horror • Action • Science Fiction • Thriller
7.9 2012
Amour
Barton Fink
7.6

တမူထူးခြားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ကို တင်ဆက်ပေးမှာ ဖြစ်ပါတယ် ဒါရိုက်တာက နာမည်ကြီး Coen ညီနောင်ဖြစ်တဲ့အပြင် ကိန်းရုပ်ရှင်ပွဲတော်က Palme d’Or လို ဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ရုပ်ရှင်ပါ Writers Block ဆိုတဲ့ စာရေးဆရာတွေ အကြံဉာဏ်မထွက်တဲ့ အကြောင်းကို psychological comedy ဆန်ဆန်ပုံဖော်ထားပြီး ဒိုင်ယာလော့ခ်တွေကလည်း စိတ်ဝင်စားစရာကောင်းပါတယ် ဘာတွန်ဖင့်န်က နာမည်ကြီးပြဇာတ်ရေးဆရာဖြစ်ပြီး ဝေဖန်ရေးဆရာတွေ ချီးကျူးခံရတာကို မနှစ်မြို့ပဲ သူ့ရင်ဘတ်ခံစားချက်အတိုင်း လူလတ်တန်းစားတွေရဲ့ စိတ်ခံစားချက်ကို တင်ပြဖို့ကသာ အိပ်မက်ပါ ဒါပေမဲ့ မိတ်ဆွေတစ်ယောက်ညွှန်းမှုနဲ့ ဟောလိဝုဒ်ကိုရောက်သွားပြီး ရုပ်ရှင်ဇာတ်ညွှန်းရေးရဖို့ ဖြစ်လာပါတယ် သူ့အတွေးအခေါ်နဲ့ လုံးဝမကိုက်ညီတဲ့ ပရိုဂျူဆာတွေရဲ့ ဖိအားပေးမှုတွေ ကြုံရတဲ့အခါ……. စာရေးဖို့ အကြံက တစ်နေပြီး သူနေတဲ့ ဟိုတယ်မှာပါ ထူးထူးဆန်းဆန်းတွေ ကြုံလာရတဲ့အခါမှာ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရမှာပါ File size…(2.5 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:56:00 Genre… Comedy, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan

7.6 1991
Barton Fink
Maximum Overdrive
5.4

Maximum Overdrive (1982) Genre – Action, Comedy, Horror IT တို့ The Shining တို့ Carrie တို့အပြင် တခြားနာမည်ကြီး စိတ်ဝင်စားစရာ ထိတ်လန့်ခြောက်ခြားဖွယ် အကြောင်းအရာတွေကို ရေးသားခဲ့ပြီး King of Horror လို့ ဂုဏ်ဘွဲ့ရထားတဲ့ စာရေးဆရာ Stephen King ဆို မသိသူ မရှိလောက်ပါဘူး။ ဒီရုပ်ရှင်ကိုတော့ Stephen King ကိုယ်တိုင် သူ့ဝတ္ထုတို ဖြစ်တဲ့ Truck ဆိုတာကို အခြေခံပြီး ကိုယ်တိုင်ဒါရိုက်တာလုပ် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ် (သူ့ဘဝမှာ ဒီကားတစ်ကားပဲ ဒါရိုက်တာ လုပ်ခဲ့တာပါ) ဒါ့အပြင် လာလာချင်းခန်းမှာတောင် Cameo အနေနဲ့ ဝင်ပါထားပါသေးတယ်။ နောက်ထပ် ထူးခြားတဲ့အချက်ကတော့ ဇာတ်ကားရဲ့ ဇာတ်ဝင်တေးတစ်ခုလုံးကို နာမည်ကျော် ရော့ခ်အဖွဲ့ဖြစ်တဲ့ AC/DC က တီးခတ်ပြီး သူတို့သီချင်းတွေချည်းပဲ ရွေး အသုံးပြုထားတာပါ။ ဇာတ်လမ်းအကြောင်းပြောရမယ်ဆိုရင်တော့ သူ့ခေတ်သူ့ဟာနဲ့သူ ခပ်ဆန်းဆန်း ပြောရပါမယ်။ ကမ္ဘာဂြိုလ်ဟာ သင်းကွဲကြယ်တံခွန်တစ်ခုရဲ့ အမြီးနားကို ၈ ရက်လောက် ကပ်မိသွားတာဖြစ်လို့ ကမ္ဘာပေါ်က လျှပ်စစ်ပိုင်းဆိုင်ရာ မော်တာပါ စက်ပစ္စည်းမှန်သမျှဟာ သူ့ဘာသာ အသက်တွေဝင်လာပြီး လူသားတွေကို သတ်ဖြတ်တာမျိုး ဖြစ်သွားတာပါ။ ဒီလို စက်ယန္တရားရန်စွယ်တွေကနေ ဒစ်ဆီဘွိုင်းဆိုတဲ့ ဆီဆိုင် စားသောက်ဆိုင်လေးတစ်ဆိုင်ထဲမှာ ရဲရင့်ဖြတ်လတ်တဲ့ ဝိတ်တာလေးရယ် လမ်းကြုံလေလွင့်လာတဲ့ ကောင်မလေးတစ်ယောက်ရယ် ကြင်စဦး ဇနီးမောင်နှံတို့ရယ် အဖေဖြစ်သူကို လိုက်ရှာနေတဲ့ ကလေးတစ်ယောက်ရယ်နဲ့ ဆိုင်ထဲက တခြားလူတွေရယ် အကုန်စုပေါင်းပြီး ဘယ်လိုတွေ ကာကွယ်တိုက်ခိုက် စွန့်စားကြမလဲဆိုတာကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။ File size… 3.6 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 38m Genre ….. Action/Comedy/Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Thura Aung

5.4 1986 97 mins
Maximum Overdrive
The Lost Cave of the Arctic Sea
5.8

အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် တရုတ်သင်္ချိုင်းဖောက်တဲ့ ရုပ်ရှင်ကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့…… ပင်လယ်ကျွန်းတစ်ကျွန်းပေါ်မှာ နန်ယွဲ့ရှေးဟောင်းသမိုင်းဝင် နေရာဟောင်းကို ရှာတွေ့ခဲ့ပါတယ်။ ဒီနေရာက နန်ယွဲ့အမတ်ချုပ်ကြီး လွီကြားတဲ့ ရတနာတွေ ဖွက်ထားတဲ့ နေရာဖြစ်တယ်လို့ ပြောနေကြပါတယ်…… တိုက်ဖွန်မုန်တိုင်းကြီး ကျရောက်ခါနီးမှာ ထူးခြားတဲ့ နားကြားစွမ်းရည်ရှိတဲ့ ဝူဟိန်ကို နန်ယွဲ့သမိုင်းလေ့လာနေတဲ့ ကုလင်က အကူအညီတောင်းခဲ့တဲ့အတွက် ကျွန်းပေါ်ကို ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီမှာ လွီကျားတို့ခေတ်ထက် ပိုဝေးတဲ့ သမိုင်းဝင်ဂူကြီးတစ်ခုကို တွေ့သွားတဲ့အခါ စွန့်စားရေးခရီးစဉ်တစ်ခုကို စတင်ခဲ့ပါတော့တယ်…… တရုတ်သင်္ချိုင်းဖောက်ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း ပုံရိပ်ယောင်တွေ တစ္ဆေတွေ မိစ္ဆာတွေ သင်္ချိုင်းထဲက ထူးဆန်းတဲ့အကောင်ကြီးတွေ မျိုးစုံကို မြင်တွေ့ရမှာဖြစ်တဲ့အတွက် အသည်းငယ်သူတွေတော့ သတိလေးနဲ့ ကြည့်ကြပါလို့……

Horror
5.8 2024
The Lost Cave of the Arctic Sea
Unruly (or) Ustyrlig
7.2

Unruly (or) Ustyrlig (2023) IMDb Rating (7.2) ဒီကားလေးကတော့ ဒိန်းမတ်နိုင်ငံရဲ့ ၁၉၃၃ခုနှစ်လွန်ကာလက စပရော့ဒ်ကျွန်းပေါ်က ဖိနှိပ်ခံခဲ့ရတဲ့အမျိုးသမီးငယ်လေးများအကြောင်းကို ဖြစ်ရပ်မှန်ရိုက်ကူးထားပြီး IMDB 7.2ရရှိထားပါတယ်။ ဒိန်းမတ်နိုင်ငံရဲ့ ၁၉၃၃ခုနှစ်လွန်ကာလတွေမှာ အမျိုးသမီးအပေါ် မကောင်းတဲ့အမြင်တစ်မျိုးရှိခဲ့ကြပါတယ်။ အသက်၁၇နှစ်အရွယ်ရှိတဲ့ မာရန်ကတော့ အရိုင်းဆန်ပြီး လွတ်လပ်တဲ့သဘောရှိတဲ့သူဖြစ်တာကြောင့် ပတ်ဝန်းကျင်နဲ့သဟဇာတမဖြစ်တဲ့သူတစ်ယောက်ပါ။ အဲဒီလိုနဲ့ကြာလာတဲ့အခါမှာ မာရန်ဟာ စိတ်မမှန်တဲ့သူတစ်ယောက်အဖြစ် သတ်မှတ်ခံရပြီး ထိန်းကျောင်းသွန်သင်နိုင်ဖို့အတွက် စပရော့ဒ်ကျွန်းမှာရှိတဲ့ အမျိုးသမီးများခိုလှုံရာဂေဟာကို အပို့ခံလိုက်ရပါတယ်။ အဲဒီစပရော့ဒ်ကျွန်းပေါ်မှာလည်း မာရန့်လို အမျိုးသမီးငယ်လေးပေါင်းများစွာ ရှိနေပါတယ်။ နဂိုကတည်းကမှ ချုပ်ချယ်ခံရတာကို မကြိုက်တဲ့မာရန်က ဂေဟာကနေ ထွက်ပြေးလွတ်မြောက်နိုင်မလား ဒါမှမဟုတ် လူမှုပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် သင်ယူနိုင်မလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Kar Lotte ပဲဖြစ်ပါတယ်) File size…(3.1 GB) / (1.1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….02:09:52 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Kar Lotte

7.2 2023
Unruly (or) Ustyrlig
Valley of the Gods
5

Valley of the Gods (2019) ************************* နတ်ဘုရားတို့၏တောင်ကြား ဒီတစ်ခေါက်မှာတော့ Channel Myanmar ရဲ့ ပရိသတ်တို့ကို Black Hawk Down, Pearl Harbor, Trap, Oppenheimer စတဲ့ နာမည်ကျော်ဇာတ်ကားများထဲမှ မင်းသား တစ်လက်ဖြစ်သူ Josh Hartnett နဲ့ အတူ The man in the iron mask, Transformers, Warm bodies, In the line of fire စတဲ့ဇာတ်ကားများရဲ့ မင်းသားကြီး John Malkovich တို့ရဲ့ ဇာတ်ကားကောင်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် .. ဇာတ်လမ်းအကျဥ်း *************** စာရေးဆရာတစ်ဦးဖြစ်တဲ့ ဂျွန် ဟာအိမ်ထောင်ရေးပြိုကွဲပြီးနောက် နဗားဟိုးလူမျိုးတို့ရဲ့ မြင့်မြတ်သော နတ်ဘုရားတို့၏တောင်ကြားကို ရောက်လာပြီး စွန့်စားခန်း၊ လူထူးဆန်းတွေနဲ့ နဗားဟိုးလူမျိုးတို့ရဲ့ ကိုးကွယ်မှုတွေ အကြောင်း စာတစ်အုပ်ရေးနေသူဖြစ်ပါတယ် .. ကမ္ဘာ့အချမ်းသာဆုံးသူဌေးလို့ တင်စားခံရတဲ့ ဝက်စ်တော့ရို့စ်က နဗားဟိုးတစ်ခွင် ယူရေနီယမ်တူးရင်း ကျိကျိတက်ချမ်းသာလာသူပါ .. သူကလည်း ဇနီးသည်နဲ့ သမီးလေးကို ဆုံးရှုံးထားရသူတစ်ဦးဖြစ်ပြီး လျှို့ဝှက်ချက်များနဲ့ လူတစ်ယောက်ဖြစ်ပါတယ် .. ဒီလူနှစ်ဦး ဆုံတွေ့ကြတဲ့အခါ သူတို့ကို ဆက်သွယ်ထားတဲ့ ကြိုးမျှင်တွေရဲ့ ရှုပ်ထွေးမှုနဲ့အတူ နဗားဟိုးလူမျိုးတို့ရဲ့ ရိုးရာကိုးကွယ်မှုတွေကို မြင်တွေ့လာရတဲ့နောက် သူတို့တွေအားလုံး ဒီအဖြစ်မှန်ထဲက ရုန်းထွက်နိုင်မလား။ ဒီအဖြစ်မှန်ဆိုတာကရော ပုံရိပ်ယောင်တစ်ခုလား စသဖြင့် စိတ်ဝင်စားဖွယ်တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ် .. (အညွှန်းကို Su_LiRong မှ ရေးသားထားပါတယ်) File size…1.95GB / 1GB Quality… BluRay 1080p/ 720p Format…mp4 Duration….2h 07m Genre ….. Sci-Fi, Adventure, Thriller, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Su_LiRong Encoded by AHtet

Science Fiction • Thriller • Drama
5 2019 131 mins
Valley of the Gods
Telekinesis
7.5

Telekinesis (2024) IMDb Rating (7.5) ရှားရှားပါးပါးထွက်ရှိလာတဲ့ မလေးရှားစွမ်းအားရှင်ဇာတ်ကားသစ်ဖြစ်ပါတယ်။ စွမ်းအားရှင်ဆိုပေမယ့် လူတစ်ယောက်စီမှာ စွမ်းအားတစ်မျိုးဆီရှိနေတာမဟုတ်ပဲ တစ်ချို့လူတွေဟာ အရာ၀တ္ထုတွေကို စိတ်နဲ့ထိန်းချုပ်နိုင်တဲ့စွမ်းအားနဲ့ မွေးဖွားလာကြတဲ့ ကမ္ဘာကြီးကိုအခြေခံထားတာပါ။ နိုင်ငံတိုင်းမှာ အဲ့ဒီလိုလူသားတွေရှိနေပြီး သူတို့ဟာ သူတို့အသိုင်းအဝိုင်းနဲ့ သူတို့ သိုသိုသိပ်သိပ်နေထိုင်ကြပြီး ဦးဆောင်တဲ့အဖွဲ့တစ်ဖွဲ့က သူတို့ကိုဥပဒေနဲ့ထိန်းချုပ်ထားပါတယ်။ မလေးရှားနိုင်ငံမှာတော့ NTSF ဆိုတဲ့အဖွဲ့က အာဏာရရှိနေပြီး သူတို့ဆီကခေါင်းဆောင်ပိုင်းချင်း အကွဲအပြဲဖြစ်ကြရာက TLM ဆိုတဲ့အဖွဲ့တစ်ဖွဲ့ထပ်မံပေါ်ပေါက်လာပြီး အချင်းချင်းဦးသူဆော်စတမ်းလုပ်ကြံသတ်ဖြတ်နေတဲ့အချိန်ပါ။ ဖက်ဒ်လီကတော့ NTSF အဖွဲ့ရဲ့အလားအလာအကောင်းဆုံး လူငယ်အရာရှိတစ်ယောက်ဖြစ်ပြီး TLM အဖွဲ့သားတွေကိုဖမ်းမိတဲ့အခါကိုယ်ရေးကိုယ်တာအငြိုးတစ်ခုကြောင့် အသေသတ်ပစ်လေ့ရှိပါတယ်။ အဲ့ဒီအငြိုးကတော့ သူငယ်စဉ်တုန်းက TLM အဖွဲ့ခေါင်းဆောင်ဟာ သူ့ဖခင်ကိုသတ်ပြီး သူ့ညီဖြစ်သူကိုဖမ်းခေါ်သွားခဲ့ဖူးတဲ့ အတိတ်ကြောင့်ပါ။ NTSF နဲ့ TLM ကြားထဲက ဝိရောဓိတွေ အချင်းချင်းသစ္စာဖောက်မှုတွေ လှည့်ကွက်တွေကို တမူထူးခြားတဲ့ဇာတ်အိမ်နဲ့ စိတ်ဝင်စားစရာတွေ့မြင်ရမယ့် ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.7 GB) / (800 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Crime, Sci-Fi, Thriller Duration….01:46:35 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

7.5 2024 106 mins
Telekinesis
Jupiter Ascending
5.3

Jupiter Ascending (2015) ဒီဇာတ်ကားကတော့ အကာသသိပ္ပံအက်ရှင်ဇာတ်ကားတစ်ကားဖြစ်ပြီး ဒါရိုက်တာ Wachowskis ကရိုက်ကူးထားတာပါ။ သရုပ်ဆောင်တွေအဖြစ် Mila Kunis, Channing Tatun, Sean Bean, Eddie Redmayne, Douglas Booth တို့ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း လူသားတွေကို နတ်ဘုရားတွေကအုပ်စိုးတဲ့အနာဂါတ်ကာလမှာဖြစ်ပါတယ်။ Jupiter Jones ဟာကံမကောင်းတဲ့ ရုရှားပြောင်းရွှေ့အခြေချနေထိုင်သူတစ်ဦးဖြစ်ပြီး အလုပ်အကိုင်အဖြစ် အိမ်သာတွေကိုသန့်ရှင်းရေးလုပ်ပြီး အသက်မွေးပါတယ်။ ဂျူပီတာဟာ နက္ခတ်တာရာကြည့်မှန်ပြောင်းဝယ်ဖို့ ငွေလိုသဖြင့် သူ၏အစ်ကိုဝမ်းကွဲ အကြံပေးချက်ကြောင့် မမျိုးဥကို ဆေးခန်းတစ်ခုမှာသွားရောင်းပါတော့တယ်။ ဆေးခန်းမှာ မထင်မှတ်ထားတဲ့တိုက်ခိုက်ခံရမှုတွေကြားမှ ကယ်တင်ရှင်တစ်ဦးပေါ်လာကာ သူမသည် တော်ဝင်သွေးဖြစ်ကြောင်း သိလိုက်ရပါတော့တယ်။ သူမ၏ ဇစ်မြစ်က သူမကို ဘယ်လိုအန္တရယ်ဖြစ်စေနိုင်မလဲ၊ သူမကို ဘာကြောင့်အန္တရာယ်ပြုချင်နေရတာလဲ စသည်တို့ကို ကြည့်ရှုခံစားရမည့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eunice ဖြစ်ပါတယ်။) File size…(1.7 GB) / (1 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Adventure, Sci-Fi Duration….02:08:26 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Eunice

5.3 2015
Jupiter Ascending