YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Wedding Impossible 2024 - Episode 03 - 1080p [RMC].mp4

968.39 MB 1080p video/mp4 3 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Dead Shot

Imdb - 5.5 Rotten tomatoes - 78% Action, Mystery ကိုမှ သဘောကျပါတယ်ဆိုတဲ့ သူတွေအတွက် အသစ်သစ်စက်စက် ထွက်ရှိထားတဲ့ ၁၉၇၀ ခုနှစ်နောက်ခံ Dark thriller ဇာတ်ကား‌ကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။ အိုင်းရစ်ရှ်လူမျိုး ရာဇဝတ်ပြေး တစ်ယောက်ဖြစ်တဲ့ မိုက်ကယ် အိုဟာရာ၊ Irish Republican Army ကို စိတ်ကုန်ငြီးငွေ့လာလို့ နေ့စေ့လစေ့ ကိုယ်ဝန်သည် ဇနီးဖြစ်သူနဲ့ ထွက်ပြေးမယ်အလုပ် အိုင်ယာလန် နယ်စပ်တစ်နေရာမှာပဲ SAS အဖွဲ့ရဲ့ အငိုက်ဝင်ဖမ်းခြင်းကို ခံရပါတယ်။ အကင်းပါးတဲ့ မိုက်ကယ်တစ်ယောက် လက်မတင်လေး လွတ်မြောက်သွားပေမဲ့လည်း ဇနီးဖြစ်သူကတော့ တင်းမာနေတဲ့အခြေအနေတွေကြား မတော်တဆ ကျည်သင့်သေဆုံးသွားခဲ့ရပါတယ်။ အဆိုပါ စစ်ရာဇဝတ်မှုအတွက် ကံထူးရှင် လက်ဖြောင့်တပ်သားကတော့ SAS အရာရှိ ဟင်နရီပါတဲ့။ ဥပဒေဘောင်ထဲကဖြစ်နေတော့ အထက်အရာရှိတွေကိုလည်း အားကိုးမရဘဲ မရှူနိုင်မကယ်နိုင် ဖြစ်နေခိုက် ဘယ်ကမှန်းမသိတဲ့ ကယ်တင်ရှင်ကြီးတစ်ဦး ရောက်ချလာပါတယ်။ ထောင်ဒဏ်ကလွတ်မဲ့အပြင် စစ်မှုဆက်ထမ်းခွင့်လည်း ရဦးမယ်ဆိုပြီး ကမ်းလှမ်းလာတော့ ဟင်နရီခမျာ ဘာမှန်းမသိတဲ့အလုပ်တစ်ခုအတွက် မျက်စိစုံမှိတ်ပြီး တာဝန်ကျရာ လန်ဒန်မြို့ဆီ တက်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဒေါသအိုးကွဲနေတဲ့ မိုက်ကယ်တစ်ယောက် ဟင်နရီ့ကို ရေဆုံး‌မြေဆုံးလိုက်ဖို့ စိတ်ပိုင်းဖြတ်ပြီး IRA အမည်ခံ အိုင်းရစ်ရှ်တော်လှန်ရေးတပ်နဲ့ ပြန်ဆက်သွယ်ကာ လန်ဒန်မြို့ထိ လိုက်လာပါတော့တယ်။ SAS တပ်ဖွဲ့ဝင်ဟောင်း ဟင်နရီရဲ့ အသစ်စက်စက်အလုပ်... လန်ဒန်မြို့လမ်းမတွေပေါ် တစ်စထက်တစ်စ ကြီးစိုးလာတဲ့ IRA တွေ... အဲဒီအတွက် နောက်ဆက်တွဲ ရိုက်ခတ်လာတဲ့ဒဏ်ကို ခံလာရတဲ့ အိုင်းရစ်ရှ်လူမျိုးတွေ... လက်စားချေဖို့ စိုင်းပြင်းနေတဲ့ မိုက်ကယ်... သူတို့ကြားက ဆက်နွယ်မှုတွေကိုတော့ ကိုယ်တိုင်သာ ကြည့်ရှုခံစားလိုက်ကြပါခင်ဗျား။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hugo ပဲ ဖြစ်ပါတယ်။ Genre..... Mystery, Thriller Quality…. 1080p | 720p | 480p File size… 1.3GB | 587MB | 234MB Format… mp4 Duration…. 1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hugo Encoder ..... Aaron

Crime • Drama • TV Movie
0 2023 87 mins
Dead Shot
Animal Kingdom
6.8

IMDb..7.3.,,, Rt..95% ဒီကားဟာ အော်စကာ ဆန်ကာတင်တစ်ဆုစာရင်းဝင်ခဲ့သလို အခြားဆု ၃၉ ဆုလည်းရရှိခဲ့ပါတယ်... မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာမရှိဘူးဆိုတဲ့စကားရှိပါတယ်။ ဘယ်သူမှမသိတောင် ကိုယ်လုပ်တဲ့ မကောင်းမှုတွေဟာ အရိပ်မည်းကြီးလို ခြောက်လှန့်ပြီး ဘာကိုကြောက်နေရမှန်းမသိ ကြောက်နေရတာမျိုးပါပဲ။ ဒါပေမယ့် တချို့လူတွေကတော့ ကြောက်ရွံမှုတွေနဲ့အတူ မကောင်းမှုတွေကို ထပ်ပြီး လုပ်မိတတ်ကြပါတယ်။ အမေတစ်ခုသားတစ်ခုပဲရှိတဲ့ ဂျေဆိုတဲ့ အသက်မပြည့်သေးတဲ့ ကောင်လေးတစ်ယောက် သူ့အမေ ဆေးလွန်ပြီးဆုံးပါးသွားခဲ့လို့ သူ့အဖွားတွေ သူ့ဦးလေးတွေဆီ သွားနေရဖို့ဖြစ်လာပါတယ်။ သူမသိခဲ့တာက အဲ့ဒီလူတွေက ဒုစရိုက်မှုတွေကို ကျူးလွန် နေကြသူတွေဆိုတာပါပဲ။ ပြီးတော့ တစ်ချိန်လုံး ကြောက်နေရသူတွေပေါ့။ ဂျေတစ်ယောက် သူ့ရောက်သွားရတဲ့ ပတ်ဝန်းကျင်အသစ်မှ ာ ဘယ်လိုတွေ ကြုံတွေ့ရမလဲ။ ပတ်ဝန်းကျင်ဆိုတာက လူတစ်ယောက်ကို ဘယ်လောက်ထိလွှမ်းမိုးနိုင်လဲဆိုတာ ကြည့်ရှုကြရမှာဖြစ်ပါတယ်။ File Size : (1.6GB) (552MB) and (162 MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:53:00 Genre : Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Pyae Moe Han Encoded by Phyo Pyae

Horror • Thriller
6.8 2010 113 mins
Animal Kingdom
The Irishman
7.6

ဒီရုပ်ရှင်ကတော့ မာတင်စကော်ဆက်ဆီရဲ့ ရုပ်ရှင်တွေထဲမှာ အရှည်ဆုံး ရုပ်ရှင်ကားပါ။ ၃ နာရီ ၂၉ မိနစ်ရှိပါတယ်။ ဒါရိုက်တာနဲ့ သရုပ်ဆောင်အားလုံးက တကယ့် legend တွေပါပဲ။ ဒါရိုက်တာ မာတင်စကော်ဆက်ဆီးက Goodfells, Taxi driver, Departed နဲ့ Raging bull လို ရုပ်ရှင်တွေကြောင့် နာမည်ကြီးပါတယ်။ သူက အခု အဓိက မင်းသား ၃ ယောက်ကို ခေါ်ထားလိုက်ပါတယ်။ အဓိကသရုပ်ဆောင် Robert De Niro ကိုတော့ Taxi Driver, Goodfellas, The Untouchables, Jackie Brown, Casino တို့လိုကားတွေနဲ့ သိကြမှာပါ။ Al Pacio ဆိုတာနဲ့ Godfather ကို ပြေးမြင်ကြပါလိမ့်မယ်။ Joe Pesci ကလည်း Goodfellas, Casino, Raging bull နဲ့ ကမ္ဘာကျော်ပါပဲ။ ဇာတ်လမ်းကတော့ ကမ္ဘာကျော်ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုကို အခြေခံထားပါတယ်။ သမ္မတ နစ်ဆွန် နဲ့ ဂျေအက်ဖ် ကနေဒီတို့ခေတ်မှာ သမ္မတတွေပြီးရင် အင်အားအကြီးဆုံး၊ အထင်ရှားဆုံးလူတစ်ယောက်ရှိပါတယ်။ သူ့နာမည်ကတော့ ဂျင်မီဟော့ဖာ ပါတဲ့။ သူဟာ ကုန်ကားမောင်းသူများအဖွဲ့ ဥက္ကဌဖြစ်ပြီး သူ့အဖွဲ့မှာ အဖွဲ့ဝင်ပေါင်း သန်းချီပြီးကို ရှိခဲ့ပါတယ်။ သူဟာ အလုပ်သမားအခွင့်အရေးအတွက် အများကြီးတိုက်ခိုက်ပေးခဲ့ အဆင်ပြေအောင်လုပ်ပေးခဲ့လို့ နိုင်ငံကျော်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေတာပါပဲ။ သူ့အဖွဲ့ရဲ့ ပင်စင်ရံပုံငွေဟာ ဒေါ်လာ ဘီလီယံနဲ့ချီပြီးရှိနေတော့ တရားမဝင်လုပ်ငန်းတွေအတွက် ငွေလိုနေတဲ့ မာဖီးယားဂိုဏ်းတိုင်းဟာ ဘဏ်ကချေးလို့မရဘဲ ဂျင်မီဆီမှာပဲ ချေးကြရတာပါ။ လက်စ်ဗီးဂတ်ကို မာဖီးယားတွေ စတည်ဆောက်တာ ဂျင်မီရဲ့ ငွေတွေအများကြီးပဲလို့ ပြောလို့ရတာပါပဲ။ သူဟာ ထူးဆန်းစွာပျောက်ဆုံးသွားခဲ့ပြီး ကာလအတော်ကြာမှပဲ နိုင်ငံတော်က သေဆုံးကြောင်းအတည်ပြုနိုင်ခဲ့တာပါ။ သူပျောက်ဆုံးသွားခဲ့ပုံ၊ သေဆုံးပုံနဲ့ မာဖီးယားဂိုဏ်းများစွာနဲ့ အရှုပ်အရှင်းတွေကိုတော့ သူ့ရဲ့ လူယုံ ဖရန့်ခ် ရှီရန်က လူထုကို ဖွင့်ချပြခဲ့ပြီး နောက်မှ ာ စာရေးဆရာ Charles Bandt က I heard you paint houses ဆိုတဲ့ ကမ္ဘာကျော်စာအုပ်တစ်အုပ်လည်း ရေးသားခဲ့ပါတယ်။ အဲဒီစာအုပ်ကို အခြေခံရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ရဲ့ အဓိက ဇာတ်ကောင်ကတော့ ဖရန့်ခ်ရှီရန် (Robert De Niro) ပဲ ဖြစ်ပါတယ်။ God father, Good fellas တို့လို epic crime drama အမျိုးအစားပဲဖြစ်ပါတယ်။ နှစ်အတော်ကြာမှပဲ ဒီလိုရုပ်ရှင်မျိုး ပြန်ကြည့်ခွင့်ရကြတာပါပဲ။ မာဖီးယားစတိုင်အစစ်တွေကို ပြန်မြင်ရပါပြီ။ ဥပမာ ဖရန့်ခ် နဲ့ သူ့ရဲ့ ဆရာသမား မာဖီးယားဘော့စ် ရပ်ဆဲ တို့ စားသောက်ဆိုင်ထိုင်နေတယ်။ အခြားမာဖီးယားတစ်ယောက်က ရန်လာစတော့ အေးအေးဆေးဆေးလေးပဲ တောင်းပန်လိုက်တယ်။ ပြီးရင် တစ်ယောက်ကိုတစ်ယောက်ဘာမှမပြောဘဲ ကြည့်လိုက်တယ်။ ခဏနေ အိမ်ပြန်ပြီး သေနတ်ယူ သွားပစ်သတ်လိုက်တယ်။ ရှင်းပါတယ်။ ဒီလိုဖီလင်မျိုးတွေ မရတာ ကြာပြီမို့ အားရပါးရ ထိုင်ကြည့်လို့ရမယ့် ရုပ်ရှင်ပါပဲ။

Crime • Drama • Mystery
7.6 2019 209 mins
The Irishman
Paddington 2
7.5

ဘရောင်းမိသားစုနဲ့အတူ လန်ဒန်မှာ အခြေချနေထိုင်တဲ့ ဝက်ဝံလေးပက်ဒင်တန်ဟာ ဘာ လုပ်လုပ် အလွဲလွဲအချော်ချော် ဖြစ်ပေမယ်လို့ လူတိုင်းကိုကူညီလို စိတ်ရှိတဲ့အတွက် ချစ်ခင်သူများပါ တယ်။ ဘရောင်းမိသားစုမှာလည်း အိုလံပစ်ယာဉ်မောင်းဖြစ်ဖို့ ကြိုး ပမ်းနေတဲ့ မေရီ၊ ရာထူးမတိုးသေး တဲ့ ဟင်နရီ၊ ချစ်သူနဲ့လမ်းခွဲလိုက် တဲ့ ဂျူဒီ၊ အရွယ်ရောက်လာတဲ့ ဂျိုနသန်စတဲ့ အပြောင်းအလဲ များစွာနဲ့ပါ။ တစ်ရက်မှာတော့ အန်တီ လူစီရဲ့ အသက်ရာပြည့်မွေးနေ့မှာ အမှတ်တရ လက်ဆောင်အဖြစ် ဆင်မြူရယ်ဂရူဘာရဲ့ ရှေး ဟောင်းပစ္စည်းဆိုင်က Pop Up စာအုပ်လေးဝယ်ပေးဖို့ စိတ်ကူး ထားတာကြောင့် ပက်ဒင်တန်ဟာ အလုပ်မျိုးစုံလုပ်ရင်း ငွေစုခဲ့ပါ တယ်။ ပိုက်ဆံပြည့်တဲ့နေ့မှာ စာ အုပ်သွားဝယ်ရင်း သူဝယ်မယ့် စာအုပ်သူခိုးခိုးသွားတာ တွေ့ပေ မယ့်လို့ ပက်ဒင်တန်ဟာ စာအုပ် သူခိုးအဖြစ် မှားယွင်းစွပ်စွဲခံရပြီး သက်သေမပြနိုင်တဲ့အတွက် အ ဖမ်းခံခဲ့ရပါတယ်။ ဘရောင်းမိသားစုကလည်း ပက်ဒင်တန် မလုပ်ဘူးဆိုတာကို သက်သေပြနိုင်ဖို့အတွက် ကြိုး ပမ်းရင်း ရှေ့ဖြစ်ဟောသူ တစ် ယောက်နဲ့ ဆုံခဲ့ပြီး ပျောက်သွား တဲ့ Pop Up စာအုပ်ရဲ့ နောက် ကွယ်မှာ ဆန်းကြယ်တဲ့ဖြစ်ရပ် ရှိတဲ့အကြောင်း ပြောပြခဲ့ပါတယ်။ တကယ်တော့ စာအုပ်ကို ဘရောင်းမိသားစု အိမ်နားမှာနေ တဲ့ ဖီးနစ်ဘက်ချနန်ဆိုတဲ့ သူက ခိုးယူထားတာဖြစ်ပြီး ဟင်နရီနဲ့ မေရီက အဲဒီလူရဲ့ အိမ်ထဲခိုးဝင် ရှာဖွေကြတဲ့အခါ ပျောက်နေတဲ့ စာအုပ်ကိုတွေ့ခဲ့ပေမယ့် ဘက်ချနန် အိမ်ပြန်ရောက်လာတဲ့အတွက် ဘာသက်သေမှ မယူလာနိုင်ခဲ့ပါဘူး။ ပက်ဒင်တန်ဟာလည်း ထောင်ထဲမှာဆုံတဲ့ မိတ်ဆွေတွေနဲ့အတူ ထောင်ဖောက်ထွက်ပြေးခဲ့ပြီး ဘရောင်းမိသားစုနဲ့ ပြန် ချိတ်ဆက်မိခဲ့ပါတယ်။ Pop Up စာအုပ်ရဲ့ နောက်ကွယ်မှာ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေလဲ။ ဘက်ချနန်ဟာ စာအုပ်သူခိုးအစစ်ဖြစ်တယ်ဆိုတာ ဘယ်လိုဖော်ထုတ်မလဲဆိုတာတော့ ဆက်ကြည့်ဖို့ ဖော်ပြပေးလိုက်ပါတယ်။ ဒီဇာတ်ကားလေးမှာ ဟျူဘွန်နဗီလ်၊ ဆယ်လီဟော့ကင်း၊ ဘရန်ဒန်ဂလီဆန်၊ ဂျူလီဝေါ်လ်တာ၊ ဂျင်မ်ဘရော့ဘန့်၊ ပီ တာကက်ပယ်ဒီ၊ ဟျူဂရန့် စသူတွေရဲ့ သရုပ်ဆောင်မှုတွေနဲ့အတူ ရယ်ရယ်မောမော ကြည့်လိုက်ပါဦးလို့ ...။ (ဇာတ်လမ်းအညွှန်းကို 7Daily Website မှ ကူးယူဖော်ပြပါသည်) File Size : (900 MB) and (350 MB) Quality : Blu-Ray 720p Running Time : 1h 44min Format : Mp4 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-SPARKS Translated by Arkar Phyo & Wai Yan Maung Encoded by Thanhtike Zaw

Drama
7.5 2017 104 mins
Paddington 2
Warcraft
6.4

ဒီဇာတ်လမ်းလေးကို လူအတော်များမျာ မျှော်လင့်နေကြမယ်ထင်ပါတယ်။ သာမန်ရုပ်ရှင်ပရိသတ်တွေလဲ ကောင်းကောင်းကြိုက်ကြပြီး WOW ကစားသမားတွေအတွက်တော့ ရွှေပါပဲ။ လက်ရှိမှာတော့ IMDb 6.8 နဲ့ ရပ်တည်နေပါတယ်။ ဇာတ်လမ်းလေးကို အကျဉ်းပြောပြရရင် မူလအစမှာ Human တွေနဲ့ Orc တွေဟာအချင်းချင်းမသိကြ မဆုံဖူးကြသေးပါဘူး။ ဒါပေမယ့် Orc တွေရဲ့ ကမ္ဘာကြီး ပျက်စီးသွားတော့မယ့်အချိန်မှာ Orc မှော်ဆရာ Gul'dan ဟာ ဆိုးညစ်တဲ့အစိမ်းရောင်မှော်ပညာ(Fel) ကို သုံးပြီး မှော်မုခ်ဝ(Portal) ကို ဖွင့်လှစ်ပြီးAzeroth ကမ္ဘာ ကို Orc တွေ အားလုံးစုစည်းပြီး မျိုးနွယ်စု(The Horde) ကြီးတစ်ခုလုံးကို ခေါ်လာဖို့ကြိုးပမ်းပါတော့တယ်။ အဲဒီ Azeroth ကမ္ဘာမှာတော့ Human တွေလူပု(Dwarf) တွေ နတ်သူငယ်(Elf) တွေဟာ တစ်ယောက်ကိုတစ်ယောက်ယုံကြည်မှုမရှိသေး ကြည့်မရကြပေမယ့် ငြိမ်းချမ်းစွာနေထိုင်နေခဲ့တာကြာခဲ့ပါပြီ။ ဒါပေမယ့် အခု ကမ္ဘာနှစ်ခုက မျိုးနွယ်တွေ တွေ့ဆုံလာပြီး ကိုယ့်ကိုကိုယ် ရှင်သန်နိုင်ဖို့ တိုက်ခိုက်ကြရတော့မယ်အခြေအနေကိုရောက်လာတဲ့အခါ...... Human ဘုရင်ကြီး Llane နဲ့ သူရဲကောင်း Lothar တို့ပူးပေါင်းပြီး မှော်ဆရာ(archmage) Khadgar ရဲ့အကူအညီနဲ့ဘယ်လိုရင်ဆိုင်ကြမလဲ.... Orc တွေထဲက တကယ့် အမှန်တရားကို မြင်နိုင်တဲ့ နှင်းဝံပုလွေမျိုးနွယ်ခေါင်းဆောင်(Frostwolf) ဂျူရိုတန် နဲ့ သွေးနှောနေတဲ့ Orc မိန်းကလေး Garona တို့ကရောဘယ်လိုဆက်လှုပ်ရှားကြမလဲဆိုတာ ဒီ Warcraft The Beginning ထဲမှာကြည့်ရှုရင်း နောက်ထွက်မဲ့အပိုင်းတွေကို အတူတူစောင့်ကြတာပေ့ါဗျာ။ File Size : (6.3GB )(3.65 GB) and (1.43GB) Quality : 4K-Blu-Ray.HEVC, 1080P5.1Ch,720p Running Time :2hr  3min Format : Mp4e Genre    : Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Myo Myint Maung Encoded by Phyo Pyae

Action & Adventure • Crime • Drama
6.4 2016 123 mins
Warcraft
Department Q: A Conspiracy of Faith
7

IMDB – 7.0/10 Q ဌာနရဲ့ တတိယအမှုတွဲကား စောင့်မျှော်နေသူတွေအတွက် ပြန်လာခဲ့ပါပြီ။ ဒီအမှုမှာတော့ ဘာသာရေးတွေ ယုံကြည်မှုတွေရဲ့ အစွန်းရောက်ခြင်းရဲ့ ဆိုးကျိုးတွေကို မေးခွန်းထုတ် ပညာပေးထားတဲ့ ကားလေးပဲဖြစ်ပါတယ်။ ပင်လယ်ထဲမှာ ၈ နှစ်ကြာ မျောလာတဲ့ ပုလင်းလေးတစ်လုံး အထဲမှာ စာတစ်စောင်ပါတယ် ဘယ်သူကမှ မတွေ့ခဲ့ကြဘူး ခုချိန်က လွဲလို့ပေါ့။ အထဲက စာလေးကလည်း ကလေးတစ်ယောက် ရေးသားထားတဲ့စာ သူအဖမ်းရလို့ လာကယ်ပါဆိုပြီး အကူအညီ တောင်းတဲ့စာလေး ဒီစာလေးဟာ ၈ နှစ်အကြာမှာ Q ဌာနကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတော့တယ်။ အဲဒါနဲ့ Q ဌာန ဇာတ်လိုက်ကျော်တွေ ဒီစာလေးကို အဖြေလိုက်ရှာ နေတဲ့အချိန်မှာပဲ နယ်ဖက်က ဘာသာရေးကိုင်းရှိုင်းတဲ့ လယ်သမား မိသားစုရဲ့မိသားစု ပြဿနာကလည်း တစ်ချိန်တည်းမှာ ကြုံတွေ့ လာရပါတော့တယ်။ ဒီအမှုနှစ်ခုဟာ ဆက်စပ်နေမလား နောက်ထပ် အမှုတွေရှိနိုင်သေးလား ဘာလို့ ဘာသာရေးကိုင်းရှိုင်းတဲ့ကလေးတွေကို ဖမ်းဆီးပြီး ဘာတွေလုပ်ခဲ့တာလဲ ဒီလိုလုပ်ရခြင်းရဲ့နောက်ကွယ်ကရော ဘယ်လိုအတိတ်ဆိုးက ရှိနေမလဲ စသဖြင့် Q ဌာနရဲ့ ထုံးစံအတိုင်း ပဟေဠိတွေ အဖြေရှာပြီး ဉာဏ်ကြီးရှင် လူဆိုးနဲ့ သူတင်ကိုယ်တင် နွဲရတဲ့အမှု ဖြစ်ခဲ့ပါတယ်။ ဒီကားထဲမှာတော့ ကျွန်တော်တို့ စုံထောက်ကြီးကားလ်က ခါတိုင်းထက် အခြေအနေဆိုးနေတဲ့ပုံစံပါ ဘာယုံကြည်မှုမှ မရှိတဲ့ စုံထောက်တစ်ယောက် အာဆတ်နဲ့ ယုံကြည်မှုကိစ္စတွေ ရိုးရာမပြတ် ရန်သတ်ပြီး ဘယ်လိုဖော်ထုတ် ကြမလဲ ရှုစားရမှာပဲ ဖြစ်ပါတယ်။ ဒီကားမှာပါဝင်လာတဲ့ အဓိကနောက် ဇာတ်ကောင်ကတော့ ကျွန်တော် CM မှာ ပြန်ဆိုထားတဲ့ ပင်လယ်ထဲကို ဖောင်နဲ့ စွန့်စွန့်စားစား အပြင်မှာ တကယ်သွားခဲ့တဲ့ Kon Tiki ရုပ်ရှင်ထဲ သော်ရ်နေရာ သရုပ်ဆောင်ထားတဲ့ မင်းသားလည်း အထူးသရုပ်ဆောင်ထားပါသေးတယ်။ File size…1.74GB / 674.8MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 52m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Comedy • Drama
7 2016 108 mins
Department Q: A Conspiracy of Faith
Burning Betrayal

ဒီရုပ်ရှင်ကတော့ 365 Days နဲ့တူပါတယ်။ မင်းသား မင်းသမီးအလန်းတွေကိုရွေး အဖော်အချွတ် အိပ်ရာခန်းတွေကို ဇာတ်လမ်းနဲ့ အံဝင်ခွင်ကျ ဖောဖောသီသီထည့်ထားတဲ့ ရုပ်ရှင်အမျိုးအစားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ လှည့်ကွက်လေးတွေနဲ့ Crime, Drama အမျိုးအစားပါပဲ။ ဘာဘီဟာ သူ့ရဲ့ချစ်သူ ကိုင်အိုနဲ့လက်ထပ်ဖို့ ပြင်နေပါပြီ။ လက်မထပ်ခင် အပျိုညမှာပဲ သူ့ဆီကို ကိုင်အိုဖောက်ပြန်နေတဲ့ ဓာတ်ပုံတွေရောက်လာလို့ အရမ်းဒေါသထွက်သွားပြီး ပြတ်စဲလိုက်ပါတယ်။ သူ့ အချစ်ဆုံးသူငယ်ချင်း နှစ်ယောက်ဖြစ်တဲ့ ပက်တီ နဲ့ သီရာဂို တို့အကူအညီနဲ့လည်း သူ့ကို လက်စားချေဖို့ ကြိုးစားပါတယ်။ အဲဒီမှာ တရားသူကြီးတစ်ယောက်နဲ့ ထပ်ညှိသွားပါတယ်။ သူ့ရည်းစားကို ရိုးရိုးလက်စားချေဖို့ ကြိုးစားရာကနေ ရာဇဝတ်မှုတွေနဲ့ပါ ဆက်နွယ်လာတဲ့အခါ…. File size…(1.3GB) / (707 MB) Quality….1080p / 720p Format…mp4 Duration….01:39:00 Genre…Romance, Mystery, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Andreson

0 2023
Burning Betrayal
Eat Pray Love
5.8

Eat, Pray, Love (2010) 2010 တုန်းကထွက်ရှိထားပြီး မင်းသမီး Julia Roberts ခေါင်းဆာင်မင်းသမီးအဖြစ် ပါဝင်ထားတဲ့ Eat Pray Love ဆိုတဲ့ Romantic drama ဇာတ်ကားတင်ဆက်ပေးလိုက်ပါတယ်။ ဘဝမှာ ကိုယ်တကယ်တမ်းဘာလိုချင်မှန်းမသိပဲ သေသွားခဲ့ကြတဲ့သူတွေအများကြီးပါ။ ငါမသေခင်လေး ဒါလေးစားဖူးချင်လိုက်တာ၊ ဒီနေရာလေးရောက်ဖူးချင်လိုက်တာ၊ သူနဲ့သာစကားပြောဖြစ်ခဲ့ရင် ဆိုတဲ့ အရာတွေအများကြီးကို နောင်တရ မနေချင်ရင်‌တော့ ကိုယ်တကယ်တမ်း ဘာကိုလိုချင်လဲ ကိုယ့်ကိုကိုယ် ဘယ်သူလဲဆိုတာ အဖြေရှာရမှာပဲဖြစ်ပါတယ်။ ယခုဇာတ်ကားလေးကလဲ ကိုယ်တကယ်အလိုရှိတာဘာလဲ ကိုယ်ကဘယ်လိုလူလဲဆိုတာ အဖြေရှာနေတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ အယ်လိဇဘတ် လစ်ဇ် ‌ဂေးလ်ဘတ် ဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ အောင်မြင်တဲ့ စာရေးဆရာမတစ်ယောက်ဖြစ်တဲ့အပြင် အိမ်ထောင်သက် ၈ နှစ်ရှိပြီဖြစ်တဲ့ အမျိုးသမီးတစ်ယောက်ပါ။ ဒါပေမဲ့ သူ့ဘဝဟာလမ်းပျောက်နေခဲ့ပြီး သူတကယ်တမ်း ဘာလိုချင်လဲ သူ့ရဲ့စိတ်ဆန္ဒက ဘာကိုအလိုရှိလဲဆိုတာ အမြဲရှာဖွေနေတဲ့သူတစ်ယောက်။ ဒါပေမဲ့ သူဟာအမြဲကိုယ်လိုချင်တာကိုရှာမတွေ့ခဲ့ပါဘူး။ ဒါနဲ့ပဲ သူရဲ့‌အေးစက်နေတဲ့အိမ်ထောင်ရေးကို ကျောခိုင်းခဲ့ပြီး သူတကယ်တမ်းအလိုရှိတာ ဘဝမှာဖြစ်ချင်တာတွေကို ရှာဖွေဖို့ နေရာ ၃ နေရာကိုခရီးထွက်ပြီး ရှာဖွေပါတော့တယ်။ အီတလီ၊ အိန္ဒိယနဲ့ ဘာလီ ဆိုတဲ့ နေရာ ၃ ခုမှာ သူလိုချင်တဲ့ အရာတွေကို ရှာဖွေပါတော့တယ်။ ဒီနေရာ ၃ ခုကနေ ဘာတွေရှာဖွေတွေ့ရှိမယ်ဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ အညွှန်းနဲ့ဘာသာပြန်ကတော့ Khant Zaw Hein ပဲ ဖြစ်ပါတယ်။ Genre….. Biography, Dram, Romance Quality…. 1080p | 720p File size… 2.2GB | 1.2GB Format… mp4 Duration…. 2h 13min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Khant Zaw Hein Encoder ….. Aaron

5.8 2010
Eat Pray Love
Silenced
8.1

မနက်က ဒီရုပ်ရှင်လေးအကြောင်းကို M-MDB Page မှာ ဆရာမနိုင်းနိုင်းစနေရဲ့ post ကနေ credit ပေးတင်ပေးထားတာကို ဖတ်မိတော့ ကြည့်လိုက်မိတယ်။ တကယ်ပဲ အောက်မှာ ဆရာမညွှန်းခဲ့သလိုပါပဲ ခံစားချက်အပြည့်ပေးပါတယ်။ ဒီနေ့လည်း group ထဲမှာ လူတွေအများကြီး လာတောင်းနေတော့ ဘာသာပြန်ပြီး တင်ပေးထားလိုက်ပါတယ်။ ဒီဇာတ်ကားဟာ ကြည့်ဖူးနေကြကားတွေလို တရားမျှတမှုက အနိုင်ရတာကို မပြပါဘူး၊ ပရိသတ်တွေကို မပျော်စေချင်ပါဘူး။ ဒီဇာတ်ကားမှာ အမှန်တရားရှုံးပါတယ်။ ဒါပေမယ့် ဒီအဖြစ်မှန်ကို ရေးခဲ့၊ရိုက်ပြခဲ့တဲ့ အနုပညာသမားတွေကြောင့် အပြင်လောကမှာ တရားမျှတမှုအနိုင်ရသွားခဲ့တယ်လို့ ပြောရမယ်ထင်ပါတယ်။ ဇာတ်လမ်းအောင်မြင်မှုနဲ့ အညွှန်းကိုတော့ အောက်က မူရင်းပို့စ်မှာပဲ ဖတ်ကြည့်ကြပါ။ ဖြစ်ရပ်မှန်ကို ရိုက်ထားတဲ့ဒီကားမှာ နှစ်သက်မိတာတစ်ခုထပ်ပြောရမယ်ဆိုရင် ကြီးကြီးကျယ်ကျယ်စကားလုံးတွေ ပြောရတော့မယ်လို့ ထင်မိတဲ့အခန်းတွေမှာ အရိုးရှင်းဆုံး စကားလုံးတွေကိုပဲ သုံးသွားပြီး ခံစားချက်ပေါ်အောင်ပြသွားနိုင်တဲ့ အချက်လေးကိုလည်း ချီးကျူးရမှာပါပဲ။ ရုပ်ရှင်ကားတစ်ကား ဘယ်လောက်ထိသြဇာလွှမ်းမိုးနိုင်သလဲ —————————————————————– မနေ့ညနေက ကျွန်မ ကိုးရီးယားကားတစ်ကားကြည့်ဖြစ်တယ်။ အဲဒီကားကို ခုထိကြည့်လို့ မပြီးသေးဘူး။ ရုပ်ရှင်က ရှည်လို့မဟုတ်ဘူး.. တစ်ကားပြီးပါပဲ။ ဒါပေမယ့် အဲဒီရုပ်ရှင်ကို ကျွန်မကြည့်လိုက် ဆက်မကြည့်ရက်လို့ နားထားလိုက်၊ ပြန်ကြည့်လိုက် ဆက်မကြည့်ရက်လို့ နားထားလိုက် လုပ်နေခဲ့လို့ပါ။ . အဲဒီရုပ်ရှင်ကားက “Silenced” (သို့) “The Crucible” လို့နာမည်ရတဲ့ကားဖြစ်တယ်။ ဇာတ်ကားပါ အကြောင်းအရာက ဆွံ့အ နားမကြားကျောင်းတစ်ကျောင်းမှာ နှစ်ကာလကြာရှည်စွာ မုဒိမ်းကျင့်၊ မတရားအနိုင်ကျင့်ခံနေရတဲ့ ကျောင်းသူကျောင်းသားတွေဟာ အဲဒီကိုပြောင်းလာတဲ့ ဆရာအသစ်တစ်ဦးရဲ့အကူအညီနဲ့ အဖြစ်ဆိုးကလွတ်မြောက်ပြီး ကျောင်းအုပ်ကြီးအပါအဝင် ဆရာအချိုု့ကို တရားဥပဒေအတိုင်း အရေးယူနိုင်ခဲ့တဲ့အကြောင်းဖြစ်တယ်။ ဒါပေမယ့် ရေများရေနိုင်၊ မီးများမီးနိုင်ဆိုသလို တရားခံတွေဟာ ကြေးရတတ်၊ အာဏာရှိသူတွေဖြစ်တာကြောင့် ထိုက်သင့်တဲ့ပြစ်ဒဏ်ကို မခံခဲ့ကြရပါဘူး။ . ကျွန်မ အဲဒီကားကြည့်နေရင်းနဲ့ စိတ်နှလုံးမခိုင်လို့ ခဏရပ်လိုက် ဆက်ကြည့်လိုက်လုပ်ဖြစ်ခဲ့တယ်။ သရုပ်ဆောင်တွေရဲ့ ပီပြင်တဲ့သရုပ်ဆောင်ချက်ကြောင့် ဒါဟာ တကယ့်အဖြစ်အပျက်ကို ရုပ်ရှင်ပြန်ရိုက်ထားတာများလားဆိုပြီး စိတ်ထဲသံသယရှိလာတာနဲ့ ရုပ်ရှင်ကိုဆက်မကြည့်တော့ဘဲ အဲဒီရုပ်ရှင်အကြောင်းကို ဝီကီမှာ ကျွန်မ အရင်ရှာကြည့်လိုက်တယ်။ . ဒီဇာတ်ကားက ကိုးရီးယားနာမည်ကြီး စာရေးဆရာမ Gong Ji-young ရဲ့ နာမည်တူဝတ္ထုကို ရိုက်ကူးထားတာဖြစ်တယ်။ အဲဒီဝတ္ထုက ၂ဝဝဝခုနှစ် တောင်ကိုးရီးယားနိုင်ငံ Gwangjuမှာ တကယ်ဖြစ်ပျက်ခဲ့ဖူးတဲ့ ဆွံအနားမကြားကျောင်းတစ်ကျောင်းက အဖြစ်ကို အခြေခံထားတာဖြစ်တယ်။ ၂ဝဝ၈ ခုနှစ်မှာ စာရေးဆရာက အဲဒီအဖြစ်ကို တီဗွီသတင်းတိုတိုထွာထွာမှာ အမှတ်မထင်ကြည့်လိုက်မိပြီး စိတ်ဝင်စားသွားခဲ့တယ်။ Gwangju က ဆိုးလ်မြို့နဲ့ လေးနာရီလောက်ပဲ ကားမောင်းရတဲ့နေရာပါ။ ဒါပေမယ့် ဆွံ့အနားမကြားကျောင်းသူတွေ အနိုင်ကျင့်ခံရတာ၊ မုဒိမ်းကျင့်ခံရတာတွေအတွက် အဲဒီမှာ လူတွေဆန္ဒပြနေတာ ၆နှစ်ရှိခဲ့ပါပြီ။ သတင်းမီဒီယာကလည်း ကျယ်ကျယ်ပြန့်ပြန့်မလွှင့်ခဲ့တော့ အဲဒီအကြောင်းကို လူသိနည်းခဲ့ပါတယ်။ စစချင်းမှာ တရားခံလေးဦးကို ဖမ်းဆီးခဲ့ပေမယ့် ထိရောက်တဲ့ပြစ်ဒဏ်မပေးခဲ့တဲ့အပြင် တချို့တရားခံကို တရားသေလွှတ်ပေးခဲ့တယ်။ ဒါကို စာရေးဆရာက စိတ်ဝင်စားပြီး မတရားခံရတဲ့ ကျောင်းသူတွေနဲ့ ၁ဝ ရက်တာအတူသွားနေပြီး တွေ့ဆုံမေးမြန်းခဲ့တယ်။ အဲဒီနောက် အဲဒီဝတ္ထုကို ရေးသားခဲ့တယ်။ . အဲဒီဝတ္ထုထုတ်ဝေလိုက်တာနဲ့ လူအများရဲ့ အားပေးဖတ်ရှုခြင်းကို ခံခဲ့ရတယ်။ စာအုပ်ထွက်ပြီး သိပ်မကြာခင်မှာပဲ အဲဒီဇာတ်လမ်းကို ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းခံခဲ့ရတယ်။ . ၂ဝ၁၁ ခုနှစ်မှာ အဲဒီရုပ်ရှင်ကားကို ရုံတင်ခဲ့ပါတယ်။ ရုံတင်လိုက်တာနဲ့တစ်ပြိုင်နက် ကိုးရီးယားတစ်နိုင်ငံလုံး အုံးအုံးကြွက်ကြွက်ဆူညံသွားခဲ့တယ်။ အဲဒီရုပ်ရှင်ဟာ လက်မှတ်အရောင်းရဆုံး ကားတစ်ကားအဖြစ် စံချိန်တင်ခဲ့ပါတယ်။ ရုံတင်ပြီး ၃ပတ်အတွင်း ၁၉နှစ်အထက်ကြည့်ကားအဖြစ် လက်မှတ်စောင်ရေ ၃သန်းကျော်ရောင်းချခဲ့ရတယ်။ ၁ဝ ပတ်အတွင်းမှာ လက်မှတ်ရောင်းရငွေ ကိုးရီးယားငွေ ၃၅ ဘီလီယံ ရှိခဲ့ပါတယ်။ . အဲဒီရုပ်ရှင်ကြောင့် ဆွံ့အ နားမကြား ကျောင်းသူကျောင်းသားတွေ မတရားခံနေရတဲ့အဖြစ်ကို ကိုးရီးယားတစ်နိုင်ငံလုံး သိသွားခဲ့တယ်။ လူ့အခွင့်အရေးအဖွဲ့အစည်းနဲ့ ပြည်သူတွေပူးပေါင်းပြီး တရားသေလွတ်လိုက်တဲ့ တရားခံကို ပြန်စစ်ဆေး၊ စီရင်ချက်ပြန်ချဖို့ သောင်းချီလက်မှတ်ရေးထိုး တောင်းဆိုမှုတွေ ရှိလာခဲ့တယ်။ . နဂိုရှိတဲ့ ပေါ့လျော့တဲ့သက်ငယ်မုဒိမ်းမှုဥပဒေကို ကြီးလေးတဲ့ပြစ်ဒဏ်ပေးဖို့ ဥပဒေပြင်ဆင်ရေးဆွဲဖို့အထိ ဖြစ်လာခဲ့တယ်။ နောက်ဆုံးမှာ လူတွေလျစ်လျူရှု့ခဲ့မိတဲ့ မတရားမှုဟာ အမှန်တရားရုပ်လုံးပေါ်လာခဲ့ပါတယ်။ နဂို တရားခံလေးယောက်ကနေ ကျောင်းအုပ်အပါအဝင် တရားခံဆယ်ယောက်အထိ ဖမ်းဆီး အပြစ်ပေးနိုင်ခဲ့တယ်။ . ရုပ်ရှင်ကားရုံတင်ပြီး ၃၅ရက်နေ့မြောက်မှာ ကိုးရီးယားလွှတ်တော်က မဲ၂ဝ၇ မဲ နဲ့ နဂို ၇နှစ်သက်တမ်းအထက်ပြစ်ဒဏ်ဆိုတဲ့ မသန်စွမ်းသူနဲ့ သက်ငယ်မုဒိမ်းမှုဥပဒေကို ပြောင်းလဲပြင်ဆင်နိုင်ခဲ့တယ်။ အသစ်ပြင်ဆင်လိုက်တဲ့ ဥပဒေက မသန်စွမ်းအမျိုးသမီးကိုလည်းကောင်း၊ အသက် ၁၃နှစ်အောက် ကလေးသူငယ်ကိုလည်းကောင်း အဓမ္မပြုလုပ် အနိုင်ကျင့်ရင် ကြီးလေးတဲ့ပြစ်ဒဏ် တစ်သက်တစ်ကျွန်းအဖြစ် ပြောင်းလဲပြင်ဆင်လိုက်ပါတယ်။ . အဲဒီရုပ်ရှင်ဟာ ကိုးရီးယားနိုင်ငံရဲ့ တရားဥပဒေမမျှတမှု၊ လာဘ်စားမှုတွေကို မီးမောင်းထိုးပြနိုင်ခဲ့သလို မသန်စွမ်းသူတွေ တန်းတူအခွင့်အရေး၊ ကူညီစောင့်ရှောက်မှုရရှိရေးအတွက်လည်း ဆော်သြပေးနိုင်ခဲ့ပါတယ်။ . (အခွင့်ရရင်တော့ ကြည့်ဖြစ်အောင် ကြည့်ဖို့ ညွှန်းလိုက်ပါတယ်။ အဲဒီကားမှာ ဘာနည်းပညာ၊ ဘာထူးဆန်းတဲ့ သရုပ်ဆောင်ကွက်တွေမှ မပါပါဘူး။ ဒါပေမယ့် ကိုးရီးယားတစ်မျိုးသားလုံးကို နိုးထစေနိုင်ခဲ့ပါတယ်) Credit – Nine Nine Sanay @ နိုင်းနိုင်းစနေ

8.1 2011
Silenced
Paradise Is Burning
6.9

ဒီတစ်ခါမှာ‌တော့ Paradise is Burning ဆိုတဲ့ ဆွီဒင်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဓိက ဇာတ်ဆောင်ဖြစ်တဲ့ လော်ရာ၊ မီရာ နဲ့ စတက်ဖီဆိုတဲ့ ညီအမသုံးယောက် တစ်ယောက်ကိုတစ်ယောက်မှီခိုရင်း အတူတကွနေထိုင်ကြပါတယ်။ သူတို့ရဲ့ အမေကတော့ အိမ်ကနေထွက်သွားပြီး ပျောက်ချင်းမလှပျောက်သွားလိုက်တာ ပြန်ကိုမလာတော့ပါဘူး။ ‌တစ်ရက်တော့ လူမှုကူညီရေးအသင်းက သူတို့အမေနဲ့တွေ့ဆုံဖို့ အကြောင်းကြားလာတဲ့အခါမှာတော့ အစ်မအကြီးဆုံးဖြစ်တဲ့ လော်ရာဟာ သူတို့အမေအဖြစ်ဟန်ဆောင်ပေးဖို့ လူတစ်ယောက်ကို ရှာရဖို့ အကြောင်းဖန်လာပါတော့တယ်။ ကလေးတုန်းကဆို ငါမြန်မြန်လူကြီးဖြစ်ချင်ပြီ ဆိုတာမျိုးကို ကိုယ်တိုင်လည်းပြောဖူးကြမှာပါ။ သူတို့ဆီမှာတော့ ပါတီနဲ့တောင် ဒါမျိုးကို ဂုဏ်ပြုကြတာမျိုးတွေ နောက်ပြီး ကလေး တစ်ယောက်ရဲ့အပြုအမူ အမူအကျင့်တွေ က ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်နဲ့လူတွေအပေါ်မှာ ဘယ်လောက်မူတည်သလဲဆိုတာကိုလည်း မြင်တွေ့နိုင်မှာပါ။ ဒီဇာတ်ကားက ‌ပျိုဖော်ဝင်ချိန်မှာ ကြုံတွေ့ရတဲ့ ပြဿနာလေးတွေ၊ ညီအစ်မတွေကြားမှာ ဖြစ်တတ်တဲ့ ကတောက်ကဆလေးတွေ နဲ့ ချစ်ခြင်းမေတ္တာတရားတွေ ကို ဖော်ပြထားတဲ့အပြင် အခက်အခဲတွေကြားမှာမှ ထားမိတဲ့ မျှော်လင့်ချက်နဲ့ ခံနိုင်ရည်ရှိမှုတို့ကို လက်တွေ့ဆန်ဆန် တင်ပြထားပါတယ်။ ခြုံပြောရမယ်ဆိုရင်တော့ ဒီရုပ်ရှင်လေးက ခက်ခဲလွန်းတဲ့ အခြေအနေတွေအောက်မှာမှ ကြီးပြင်းလာရတဲ့ ရုန်းကန်မှုတွေနဲ့ အသက်ကြီးလာရတဲ့ ပျော်ရွင်မှုအရသာလေးကို ပုံဖော်ဖန်တီးထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်ဗျာ။ File size…(2.3 GB)/(980 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min

6.9 2023
Paradise Is Burning
Jessie
7

2019 မှာထွက်ခဲ့တဲ့ Horror | Thriller အမျိုးအစားဇာတ်လမ်းလေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ စိတ်ဝင်စားစရာပါပဲ ပရော်ဖက်ရှင်သရဲတစ္ဆေလိုက်သူအဖွဲ့ဟာ ညီအမ ၂ယောက်မှာဖြစ်ပျက်နေတဲ့ သဘာဝလွန်ကိစ္စတွေကိုသတိထားမိခဲ့ကြပါတယ် ဒါကြောင့် သူတို့တွေဟာ ညီမ၂ယောက်ရဲ့ ဆန်းကြယ်မှုကို အဖြေထုတ်ဖို့ကြိုးစားကြပါတယ် ကြိုးစားနေတဲ့နေရာကတော့ စွန့်ပစ်ခံထားရတဲ့ အိမ်တလုံးမှာပေါ့ အဲ့အိမ်မှာပဲ သရဲလိုက်သူ အဖွဲ့ဟာ အေမီနဲ့ ဂျက်ဆီတို့၂ယောက်ကို မှတ်တမ်းရုပ်ရှင်ရိုက်ရင်း ထူးဆန်းတဲ့အဖြစ်အပျက်တွေကို ခြေရာခံတဲ့နောက်မှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင် Genre….. Horror, Drama, Thriller Quality…. 1080p WEB-DL | 720p WEB-DL File size… 1.33GB | 689MB Format… mp4 Duration…. 1h 46min Subtitle…. Myanmar Subtitle (Hardsub) Encoder ….. Aaron

Science Fiction • Action • Thriller • Mystery
7 2019 106 mins
Jessie
Pottel
8

Pottel 2024 ရွာသူကြီး မင်းသမီးချောလေး ananya nagalla ပါဝင်ထားတဲ့ဒီကားလေးမှာတော့ ပညာရေးရဲ့အရေးပါပုံ ပညာမတတ်ခင် အမှောင်ဖုံးခဲ့တဲ့ကာလတွေမှာ ဘယ်လိုဖိနှိပ်ခံရပုံတွေနဲ့ တွန်းလှန်ပုံတွေကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ် စာမတတ်တဲ့ရွာလေးတစ်ရွာ ဒီရွာကို စာတတ်တဲ့ရွာသူကြီးမျိုးရိုးစဉ်ဆက်အုပ်ချုပ်လာခဲ့တာပါ ဒီရွာမှာက လုပ်ကိုင်တဲ့အလုပ်ကိုကြည့်ပြီး ရာထူးသတ်မှတ်ပေးပါတယ် ဒီထဲမှာ ဂန်ဂါဒါရီကြီးတို့လည်းပါတာပေါ့ နာမည်က ဘာလို့ဒီလိုဖြစ်ရလဲဆိုရင် သူ့ကိုမွေးတုန်းက အမြွှာလေးမွေးတာပါ ဂန်ဂါဒါရီကြီးနဲ့ ဂန်ဂါဒါရီငယ်ပေါ့ ဒါပေမဲ့ အဖေရော ကလေးတွေပါ စာမတတ်ကြလို့ ရေတွင်းဘေးမှာရေးထားတဲ့ သတိပေးဆိုင်းဘုတ်ကို မဖတ်တတ်ကြလို့ ရေထဲဆင်းကူးရင်း အငယ်ကောင်လေးက ရေနစ်သေခဲ့ရတယ် ဒီလိုနဲ့ သူ့သားသေတာက စာမတတ်လို့ဆိုပြီး ကျန်ခဲ့တဲ့သားကြီးကို စာတတ်အောင်ကြိုးပမ်းပါတော့တယ် ဒါပေမဲ့လည်း လူတန်းစားခွဲခြားတဲ့ရွာဖြစ်တော့ သိုးထိန်းရဲ့သားဖြစ်တဲ့ ဂန်ဂါဒါရီကြီးအဖို့ ဘယ်လိုဒုက္ခတွေကြုံလာရမလဲ ဖိနှိပ်ခံဘဝကနေ ပညာတတ်ပြီးလွတ်မြောက်နိုင်မှာလားဆိုတာကိုတော့ … ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ Cym ~ Eaint ~ Star ~ ToMo ~ KKKZ တို့ပဲဖြစ်ပါတယ် )

8 2024 136 mins
Pottel
Bhool Bhulaiyaa 3
5.1

Bhool Bhulaiyaa 3 (2024) “၀င်္ကပါ” IMDb – 5.1/10 အရှေးကူးမားစခဲ့တဲ့ ထိတ်လန့်ခြောက်ခြားဖွယ်ရာ ဟာသရုပ်ရှင်ကြီးရဲ့ သုံးကားမြောက်အသစ်စက်စက်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်မှာတော့ နှစ်ကားမြောက်ရုပ်ရှင်က မင်းသားချောကာသစ်နဲ့ မင်းသမီးတရီပတီဒင်မ်ရီတို့ ပါဝင်ထားပါတယ်။ အပနှင်တဲ့ ပယောဂဆရာကြီးဘာဘာအဖြစ် လူတွေကို လိမ်စားနေတဲ့ ရူဟန်တစ်ယောက် ဒီတစ်ခါကြုံရမှာက ရော့တ်ခတ်တိုင်းပြည်က နန်းတော်ကြီးမှာရှိတဲ့ သရဲပါ။ ငြင်းလို့မရတဲ့ အကြောင်းပြချက်တွေနဲ့ နန်းတော်ကြီးဆီလိုက်သွားတဲ့အခါမှာ သွားတိုက်ဆေးတစ်ဘူးကို တစ်နှစ်သုံး၊ နွားကို နို့ပြန်တိုက်ပြီး ကိုယ်ရံတော်ကို ပြန်စောင့်ရှောက်နေကြတဲ့ တော်ဝင်မိသားစုကြီးနဲ့ ကြုံရဆုံရပါတယ်။ ဘယ်လိုအလွဲတွေနဲ့ ရယ်ရမောရပြီး ဘယ်လိုတွေ ခြောက်လှန့်မလဲဆိုတာကို ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်။)

5.1 2024 158 mins
Bhool Bhulaiyaa 3