YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

we.were.the.lucky.ones.s01e05.1080p {CM}.mp4

660.16 MB N/A video/mp4 170 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The House Of No Man
4.5

The House Of No Man(2023) ************************** ငါမိဘမို့လို့ ငါသာအမှန်ဆိုတဲ့ မိဘမျိုးတွေကို မြင်ဖူးကြမယ်ထင်ပါတယ်... ဒီကားလေးထဲမှာလည်း ဒီလိုပါပဲ..Nu ဆိုတဲ့ အမျိုးသမီးဟာ အတ္တကြီးပြီး သမီးတွေအပေါ်မှာ ချုပ်ခြယ်လွန်းပါတယ်... အဲ့ဒီကြားက သမီးအကြီးက သူသဘောမကျတဲ့သူနဲ့ အိမ်ထောင်ကျသွားတဲ့အခါမှာ သမီးငယ်လေးကို ပိုလို့ချုပ်ခြယ်လာပါတယ်.. လူတွေဟာ ချုပ်ခြယ်ခံရလွန်းတဲ့အခါ ပိုရုန်းကြတယ်မလား .. ဒီလိုပါပဲ သူ့ရဲ့သမီးငယ်လေးဟာလည်း သူ့ရဲ့ကြိုးဆွဲကနေရတဲ့ ဘဝကိုငြီးငြူလာတဲ့တစ်နေ့မှာတော့ သူမထင်မှတ်ထားတာကို လုပ်လိုက်မိပါတယ်... ဒီကားလေးက သားသမီးနဲ့မိဘကြားဖြစ်တတ်တဲ့ ကတောက်ကဆလေးတွေကို ရိုက်ပြထားတာမို့ အိမ်နဲ့အဆင်မပြေသူလေးတွေကြည့်သင့်ပါတယ်.. သားသမီးနဲ့မိဘကြားတင်မကပါဘူး လူအချင်းချင်းထားရမယ့် respect... ကိုယ့်အိမ်ထောင်ဖက်ပေါ်ထားရမယ့် respect စတာတွေကိုလည်း ထည့်ရိုက်ထားတာမို့ ကြည့်သင့်ပါကြောင်း.... File Size :(1.5GB) and (713MB) Quality : WEB-DL1080p, 720p Format…mp4 Duration…01:42:00 Genre : Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae

Comedy • Crime • Romance
4.5 2023 103 mins
The House Of No Man
The Devil's Deal
5.6

ဂျွန်ဟယ်၀န်းဟာဆိုရင်တော့ ဘူဆန်မှ နိုင်ငံရေးသမားတစ်ယောက်ဖြစ်ပြီး ရွေးကောက်ပွဲမှာ ကိုးရီးယားဒီမိုကရက်တစ်ပါတီကနေတစ်ဆင့် ပါ၀င်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေသူလည်း ဖြစ်ပါတယ်... ဒါပေမဲ့ ကိုယ်စားလှယ်လောင်းဆန်ကာတင်စာရင်း ကြေညာဖို့ နှစ်ရက်အလိုမှာပဲ ပါတီကနေပြီး ဂျွန်ဟယ်၀န်းကို ဆန်ကာတင်စာရင်းကနေ ဖြုတ်ချလိုက်ပါတယ်... ပါတီရဲ့ စွန့်ပစ်ခြင်းကို ခံလိုက်ရတဲ့ ဂျွန်ဟယ်၀န်းတစ်ယောက် လူမိုက်ခေါင်းဆောင် ဂင်ဖီးလ်ဒိုဆီကနေ မဲဆွယ်ရန်ပုံ‌ငွေအတွက် ပိုက်ဆံချေးပြီး တစ်သီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲ၀င်ပြိုင်တဲ့အခါမှာတော့... Cast တွေအနေနဲ့ မင်းသားကြီးတွေဖြစ်ကြတဲ့ Cho Jin Woong , Lee Sung Min , Kim Moo Yul တို့က အဓိက ပါ၀င်သရုပ်ဆောင်ထားပြီး နိုင်ငံရေးအားပြိုင်ကြပုံ မဲမသမာမှုတွေကို ကွက်ကွက်ကွင်းကွင်း ရိုက်ပြထားတာမို့ နိုင်ငံရေးဇာတ်ကား ကြိုက်သူများအဖို့ must watch ပါလို့ ညွှန်းဆိုချင်ပါတယ်.... File Size :(1.7GB) and (713MB) Quality : Blu-Ray 1080p,720p Format…mp4 Duration…01:56:00 Genre : Thriller , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Miri & Hnin Wai Oo Encoded by Phyo Pyae

Drama
5.6 2023 116 mins
The Devil's Deal
The Pink Cloud
6

IMDb Rating - 6.0/10 ‌တစ်ညလောက်လေးပဲအတူနေခဲ့ရတဲ့ ‌ဂျိုဗားနားနှင့် ယာဂိုတို့ နှစ်ယောက်၊ ထိတွေ့မိတဲ့လူတိုင်းကိုသေစေတဲ့ အပန်းရောင် တိမ်ဆိုင်ကြီးတစ်ခု ကောင်းကင်ပေါ်မှာရုတ်တရက်ပေါ်လာ တဲ့အခါတော့ နှစ်ယောက်စလုံးတစ်အိမ်ထဲမှာပဲပိတ်မိသွား ကြပါတော့တယ်။ အနေနီးရင် သံယောဇဉ်ဖြစ်သွားတတ်တယ် ဆိုတဲ့အတိုင်း တိမ်ဆိုင်ကြီးပျောက်ကွယ်သွားမယ့်နေ့ရက်ကို စောင့်ဆိုင်းနေတဲ့ သူတို့နှစ်ယောက်။ တစ်ယောက်အကြောင်းတစ်ယောက်လေ့လာရင်း သူတို့မသိ လိုက်ခင်မှာပဲ သံယောဇဉ်ကြိုးလေးတစ်ခုဖြစ်ပေါ်လာခဲ့တယ်။ ဒါပေမဲ့ ပိတ်လှောင်ပြီးနေရတာကြာလာတဲ့အခါ စိတ်တွေထွေ ပြားပြီး အဆိုးဘက်ကိုဦးတည်လာတဲ့အခါမှာ ဘယ်လိုတွေဆက် ဖြစ်မလဲ၊ ဒီတိမ်ဆိုင်ကြီးက လူသားမျိုးနွယ်ကိုအဆုံးသတ်စေမှာ လားဆိုတာကို ဇာတ်ရှိန်ခပ်အေးအေးလေးနဲ့ကြည့်ရမယ့် ဇာတ် ကားလေးပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်) File Size..........(973 MB) / (370 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 45Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Sci-Fi Translator.......Khant Sett Naing Encoder..........SWM

Comedy • Drama
6 2021 105 mins
The Pink Cloud
Smile
6.8

IMDb Rating - 6.9/10 ဒီဇာတ်ကားကတော့ ဒီနှစ်ထဲမှာ အတော်နာမည်ကြီးတဲ့ ဟော်ရာကားထဲ ပါပါတယ်။ သရဲကားစစ်စစ်ကြီးပါ။ ဝုန်းခနဲခြောက်တဲ့အကွက်တွေကလည်း အတော်ကိုကြမ်းလို့ ရုံမှာကြည့်တဲ့သူတွေ အတော်ကိုကြောက်ကြတယ် ပြောပါတယ်။ ဇာတ်လမ်းကလည်း ပဟေဠိဆန်ဆန်ဆိုတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဟော်ရာတို့ရဲ့ ကောင်းခြင်းနဲ့ပြည့်စုံတယ်ပြောရမှာပေါ့။ ဇာတ်လမ်းအကျဉ်း -------------------- ဒေါက်တာ ရို့စ် ကော်တာဟာ စိတ်ရောဂါကုဆရာဝန်တစ်ယောက်ဖြစ်ပြီး အရေးပေါ်စိတ်ရောဂါကုသရေးဌာနမှာ တာဝန်ကျပါတယ်။ အရေးပေါ်ဆိုတဲ့ အတိုင်း အသည်းအသန်စိတ်ဖောက်နေတဲ့သူတွေပဲ ရောက်လာတာများပါတယ်။ ထူးဆန်းတာတွေလည်းအများကြီးပါပဲ။ တစ်နေ့မှာတော့ သူ့ဆီကို အရမ်းကြောက် လန့်ပြီး ရောက်လာတဲ့လူနာတစ်ယောက်က သူ့ရှေ့မှာတင်ပဲ ရက်ရက်စက်စက် ဆူဆိုက်လုပ်သွားပြီး သူ့ကို ပြုံးပြသွားပါတယ်။ အဲဒီနောက်မှာတော့ သူကိုယ် တိုင်လည်း ကြောက်စရာကောင်းတာတွေနဲ့ ရင်ဆိုင်လာရတဲ့အခါ အဲဒီလူနာသေဆုံး တာဟာ သွေးရိုးသားရိုးမဟုတ်နိုင်ဘူးဆိုပြီး လိုက်စုံစမ်းကြည့်လိုက်တဲ့အခါ ကြောက်စရာပေါ် ကြောက်စရာဆင့်စရာတွေ တွေ့လာရပါတော့တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size..........(1.5 GB) / (500 MB) / (200 MB) Quality............Web-DL 1080p / 720p / 360p Duration.........1Hr 55mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror Translator.......Mr.Anderson Encoder..........SWM

Action • Thriller
6.8 2022 115 mins
Smile
Suicide Squad
5.9

Hype တွေများလွန်းလို့ တကယ့်ဇာတ်ကားထွက်လာတော့ထင်သလောက်ခရီးမရောက်ဖြစ်ခဲ့ရတဲ့ ဇာတ်ကားကိုဘယ်လိုဘယ်ပုံတွေကောင်းကြောင်း ဆိုးကြောင်းထပ်ပြီး မညွှန်းချင်တော့ပါဘူး။ မျှော်လင့်ထားသလောက် ဖြစ်မလာပေမယ့်မကောင်းဘူးလို့တော့လဲလုံးဝပြောလို့မရတာတော့အမှန်ပါ ဒါ့ကြောင့် ဇာတ်လမ်းသွားလေးပဲ နည်းနည်းညွှန်းပေးပါရစေ။ ဇာတ်ကားကို Batman နဲ့ Supermanရဲ့တိုက်ပွဲအပြီးSuperman သေဆုံးသွားတဲ့နောက်ပိုင်းကာလမှာဇာတ်အိမ်တည်ထားပါတယ်။ အစိုးရအဖွဲ့အနေနဲ့ Supermanလို လူစွမ်းကောင်းမျိုးသာ ဆိုးသွမ်းတဲ့ဘက်ကနေ လူသားတွေကိုဒုက္ခပေးမယ့်Villainတစ်ဦးဖြစ်နေမယ်ဆိုရင် ဆိုတဲ့စိုးရိမ်စိတ်တွေဖြစ်လာကြတဲ့အတွက်Amanda Waller ဆိုတဲ့အမေရိကန်အစိုးရအဖွဲ့မှ အမျိုးသမီးကြီးရဲ့အကြံအစည်ကDC ရဲ့နာမည်ကျော် Villainsကြီးများနဲ့အဖွဲ့တစ်ခုထူထောင်ပြီး အစိုးရအနေနဲ့မဖြေရှင်းနိုင်တဲ့ကိစ္စများကိုသူ့ရဲ့Task Force X ခေါ် Suicide Squad အဖွဲ့ကိုလွှတိပြီးဖြေရှင်းစေဖို့ပဲဖြစ်ပါတယ်။ Amanda ရဲ့ အကြံအစည်အောင်မြင်မလား ဒီvillainsကြီးတွေကိုရောသူထိန်းချုပ်နိုင်ပါ့မလား Suicide Squadအဖွဲ့သားတွေကရောဘယ်လိုအန္တရာယ်တွေကိုရင်ဆိုင်ဖြေရှင်း ရမလဲဆိုတာကိုတော့ဇာတ်ကားထဲမှာပဲဆက်လက်ကြည့်ရှုခံစားပေးပါခင်ဗျာ။ မညွှန်းတော့ဘူးဆိုပေမယ့် တစ်ခုလေးပြောပြစရာရှိပါသေးတယ် :-P ဇာတ်ကားရဲ့ အဓိက အားသာချက်တစ်ခုကတော့ characters ကိုက်ညီမှုရှိတာပါပဲ အထူးသဖြင့်Deadshot အဖြစ်သရုပ်ဆောင်တဲ့ Will Smith နဲ့ရေပန်းစားနေတဲ့ Harley Quinn အဖြစ်Margot Rubbie တို့ရဲ့ သရုပ်ဆောင်ပီပြင်မှုတွေကတော့ ပရိတ်သတ်အထူးကြိုက်နှစ်သက်ကြလိမ့်မယ်ဆိုတာကျိန်းသေပေါက် အာမခံရဲပါတယ် ။ Joker အဖြစ် အများစိတ်ဝင်စားနေတဲ့ Jared Letoကိုလဲ သူပါသမျှဇာတ်ဝင်ခန်း များအရသုံးသပ်ဖို့ခက်ခဲနေသေးပေမယ့် မဆိုးဘူးလို့တော့မြင်မိပါတယ်။ ဒါ့ကြောင့် rating တွေ Review တွေ ဘေးခဏချိတ်Hype ခဲ့သမျှတွေကိုခဏမေ့ပြီး မိမိအမြင်နဲ့ သာကြည့်ရှုခံစားကြပြီး မိမိအမြင်နဲ့သာဝေဖန်သုံးသပ်ကြည့်ကြပါလို့ပဲတိုက်တွန်းပါရစေခင်ဗျာ/ အော် ဒါနဲ့ .... နောက်ဆုံးမှာ နောက်လာမယ့် Justice League ဇာတ်ကားအတွက်အစပျိုးထားတဲ့ post credits sceneပါပါ တယ် မကြည့်ဖြစ်လိုက်မှာစိုးလို့ ကြိုပြီးသတိလေးပေးထားပါရစေ။ (ဘာသာပြန်သူကတော့ ဟန်ထူးဇော် ဖြစ်ပါတယ်) File Size : (2.18 GB) and (950 MB) Quality : EXTENDED Blu-Ray (1080p 5.1, 720p) Running Time : 2hr 15min Format : Mkv and Mp4 Genre : Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Source : .EXTENDED.1080p.BluRay.x264-SPARKS Translated by Han Htoo Zaw Encode by Thanhtike Zaw

Crime • Thriller
5.9 2016 123 mins
Suicide Squad
Estranged
5.7

Estranged(2015) ============== ဒီဇာတ်ကားလေးကတော့ 2015 တုန်းက ထွက်ရှိခဲ့တဲ့ horror movie လေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ အဓိကဇာတ်ဆောင်ဖြစ်တဲ့ ဇန်နဝါရီလို့ ခေါ်တဲ့ မိန်းကလေးတစ်ယောက်ဟာ 6 နှစ်အကြာမှာ မိသားစုအိမ်ကို ပြန်ရောက်လာပါတယ်။ ဒါပေမယ့် တစ်ခုခု လွဲနေပြီဆိုတာ သူ သတိထားမိသွားပါတယ်။ ကွဲကွာတာကြာပြီဖြစ်တဲ့မိသားစုနဲ့ ပြန်လည် နေထိုင်ရင်းနဲ့မှ ကြောက်စရာကောင်းတဲ့ အဖြစ်ဆန်းတွေကို တစ်စတစ်စ ကြုံတွေ့လာရပါတယ်။ ဒီအဖြစ်အဆန်းတွေက ဘာတွေလဲ။ နောက်ကွယ်မှာ ဘယ်သူတွေရှိနေတာလဲ။ ဘယ်လိုတွေ ဆက်ဖြစ်မလဲ ဆိုတာ သည်းထိတ်ရင်ဖိုစွာ ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။ Horror genre တွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီကား‌‌လေးက သင့်အကြိုက်ဖြစ်မှာ သေချာပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Kelvin ပဲ ဖြစ်ပါတယ်) File size…1.21GB / 598MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 32m Genre ….. Mystery , Thriller , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kelvin

5.7 2015 92 mins
Estranged
I Now Pronounce You Chuck & Larry
5.9

I Now Pronounce You Chuck & Larry (2007) ဒီတစ်ခါ မိတ်ဆက်​​ပေးမှာက​တော့ နာမည်ကြီး ဟာသသရုပ်​ဆောင် Adam Sandler နဲ့ ကားတိုင်းပါနေကျ သူ့ဘော်ဒါ Kevin James ပါဝင်သရုပ်​​ဆောင်ထားပြီး 2007 မှာထွက်ရှိထားတဲ့ I Now Pronounce You Chuck & Larry ဆိုတဲ့ဟာသကား​​လေးပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ မိန်းမဆိုရင် ခဲတံမှာဂါဝန်ဝတ်ထား​​ပေးရင်​တောင် ဖွက်ထားရမယ်ဆိုပြီး လုပ်​ဖော်ကိုင်ဖက်​တွေက​ပြောရ​လောက်​အောင် ဖွန်​ကြောင်တတ်တဲ့ ချာ့ တစ်​ယောက် အိမ်​ထောင်သည် မုဆိုးဖိုသူငယ်ချင်း လယ်ရီရဲ့ ​ငွေ​ကြေးပြသနာ​ကြောင့် နှစ်​ယောက်အတူ ​ဂေးစုံတွဲအဖြစ် ​နေကြဖို့ သ​ဘောတူလိုက်ကြပါတယ်။ တစ်ဖက်မှာလည်း ပြည်နယ်ဘက်က လိမ်လည်တာဟုတ်မဟုတ် လာ​ရောက်စစ်​ဆေးရင်းနဲ့မှ တဖြည်းဖြည်း သူတို့​လက်ထပ်ထားတာကို တစ်ပြည်နယ်လုံး သိသွား​လောက်တဲ့အထိ နာမည်ကြီးသွားတဲ့အခါ ဘယ်လိုအကွက်​တွေ​ရွေ့မလဲ… ဘယ်လို​တွေလွဲကုန်မလဲ… ဆိုတာကို ရယ်ရင်း​မောရင်းကြည့်ရှုရမယ့်ကား​လေးပဲဖြစ်ပါတယ်။ ​ဂေး​တွေကို အရမ်းလက်သင့်ခံထားခြင်းမရှိ​သေးတဲ့ အချိန်ကာလကိုအခြေတည်ထားတာ​ကြောင့် အဲဒီအချိန်က ​​​​ဂေး​တွေရဲ့ ဖိနှိပ်ခံရမှု၊ ​စော်ကားခံရမှု​တွေကိုပါ ထည့်သွင်း​ရိုက်ပြထားပါသေးတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 930MB Quality – 1080p, 720p IMDb Rating – 5.9/10 Format – mp4 Duration – 1H 55Min Genre – Comedy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

Family • Animation
5.9 2007 115 mins
I Now Pronounce You Chuck & Larry
Lord of War
7.6

Lord of War (မရဏကုန်သည်) မင်းသားကြီး နီကလက်ကေ့ရဲ့ ရွှေခေတ်က ရွှေရုပ်ရှင်တစ်ခုကို ဘာသာပြန်ကောင်းကောင်း ကွာလတီကောင်းကောင်းနဲ့ ပြန်တင်ဆက်ပေးထားပါတယ်။ အရင်သိမ်းထားတဲ့ဖိုင်တွေရှိရင် ဖျက်လိုက်ပြီး ပြန်သာသိမ်းလိုက်ကြပါ။ Nicolas Cage, Jared Leto, Bridget Moynahan နဲ့ Ethan Hawke တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ယူရီအော်လော့ (N Cage) တို့မိသားစုက ယူကရိန်းကနေ ဂျူးယောင်ဆောင်ပြီး အမေရိကန်ကို ပြောင်းလာတာပါ။ ဇာတ်လမ်းထဲမှာ မင်းသားပြောသလိုပါပဲ သမိုင်းမှာ ဂျူးဖြစ်ရလို့ ကံကောင်းတယ်ဆိုတဲ့အချိန်က ရှားပါတယ်။ ဒါပေမဲ့ ဂျူးဖြစ်လို့ ယူကရိန်းကနေ အမေရိကန်ကို ရောက်လာနိုင်တာလေးတစ်ခုကတော့ ကံကောင်းတယ်ပြောရမှာပေါ့။ နာဇီတွေက ဂျူးတွေကို ယူကရိန်းမှာ အပြုံလိုက်ရှင်းပစ်ခဲ့သလို၊ ဒုတိယကမ္ဘာစစ်အပြီး ဆိုဗီယက်မှာလည်း ဂျူးတွေ နေရာမရကြပါဘူး။ အမေရိကန်ရောက် ယူကရိန်းသား ညီအစ်ကိုဟာ လက်နက်အရောင်းအဝယ်လောကထဲကိုဝင်မိခဲ့ကြပါတယ်။ နယ်ခံလူဆိုးဂိုဏ်းကို ဈေးဦးပေါက် အူဇီလေးရောင်းမိတာကနေ လုပ်ငန်းစခဲ့ပြီး ပထမဆုံး သူဌေးဖြစ်ကွက်ကိုတော့ ၁၉၈၂ လစ်ဘနွန်စစ်ပွဲမှာ ရသွားခဲ့ကြတာပါ။ အစ္စရေးတွေက လစ်ဘနွန်ကိုကျူးကျော်တာကနေ ပါလက်စတိုင်းနဲ့စစ်ဖြစ်ချိန်မှာ ညီအစ်ကိုနှစ်ယောက်က နှစ်ဘက်လုံးကို လက်နက်ရောင်းစားပြီး သူဌေးဖြစ်သွားပါတော့တယ်။ အဲဒီနောက်မှာ ယူရီတစ်ယောက် အချီကြီးမိတာကတော့ စစ်အေးတိုက်ပွဲအဆုံး ဆိုဗီယက်ယူနီယံ ပြိုကွဲချိန် ၁၉၉၁ ပါပဲ။ ဆိုဗီယက်ပြည်ထောင်စုဝင် (ရုရှား၊ ဘီလာရု၊ ကာဇက်စတန်၊ လက်ဗီးရား၊ ကာဂျစ်စတန်၊ အဇာဘိုင်ဂျန်၊ ဂျော်ဂျီယာ၊ မော်ဒိုဗာ၊ အက်စ်တိုးနီးယား၊ တာဂျစ်ကစ္စတန်၊ ယူကရိန်း၊ လစ်သူရေးနီးယား၊ အာမဲနီးယား၊ ဥဇဘက်ကစ္စတန်၊ တာမန်နစ္စတန် နှင့် အခြားခွဲထွက်နိုင်ငံအချို့) နိုင်ငံတွေကနေ ဖရိုဖရဲဖြစ်နေတဲ့ လက်နက်ဂိုထောင်တွေကို အောက်ဈေးလိုက်နှိုက်ပါတော့တယ်။ အဲဒီကနေမှ လိုက်ဘီးရီးယားနိုင်ငံရဲ့ စစ်အာဏာရှင်ကို သေနတ်တွေရောင်းမိပြီး အာဖရိကရဲ့သွေးစိန်တွေနဲ့ ပိုချမ်းသာလာပါတော့တယ်။ အဲဒီချမ်းသာမှုကနေ တရားကျစရာတွေ ဘယ်လိုရမလဲဆိုတာ ကြည့်မယ်ဆိုရင်တော့မကြည့်ပါနဲ့။ ချမ်းသာတာဟာ ချမ်းသာတာပါပဲ။ ချမ်းသာပြီးပဲ ပြီးသွားမှာပါ။ သမိုင်းတလျှောက် လက်နက်အရောင်းအဝယ်တွေနဲ့ နိုင်ငံရေးတွေကိုတော့ တရားကျလို့ရပါလိမ့်မယ်။ မကြည့်ရသေးရင်တော့ ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ စစ်အေးတိုက်ပွဲ ဒါကတော့ ရုပ်ရှင်တွေမှာ အသုံးများပြီး လူတိုင်းသိနေတာပေမဲ့ မသိသေးတဲ့သူတွေ ဇာတ်လမ်းကြည့်ရင် နည်းနည်းပိုနားလည်‌အောင် ရေးပေးတာပါ။ စစ်အေးတိုက်ပွဲ (1945 မှ1991)ဆိုတာ ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်နဲ့ဆိုဗီယက်ယူနီယံ စစ်မဖြစ်ပေမဲ့ အရာရာအားပြိုင်ကြ၊စစ်ဖြစ်မလို ခြိမ်းခြောက်ကြ လက်နက်စုကြ၊ သူလျိုတွေအပြိုင်အဆိုင်သုံးကြ ဖြစ်နေတဲ့ကာလပါ၊ အဏုမြူလက်နက်တွေအထိန်းအကွပ်မရှိစုစည်းထားပြီး တကယ်သာ စစ်ဖြစ်ခဲ့ရင်သေချာပေါက် ကမ္ဘာပျက်မဲ့ပွဲမို့ ကမ္ဘာတစ်ဝှမ်းလုံး ရင်တမမနဲ့ နေခဲ့ရတဲ့ကာလပါပဲ။ ဇာတ်လမ်းတွေလည်း မရေတွက်နိုင်အောင်ထွက်ထားပြီးပါပြီ။ စစ်အေးတိုက်ပွဲနဲ့ဆိုင်တဲ့နာမည်ကြီးကားတွေကို ကြည့်ချင်ရင်တော့ Charlie Wilson’s War (2007) Oppenheimer (2023) Watchmen ( 2009) The Tunnel (2001) Miracle (2004) Miracle (2004) First Man (2018) Thirteen Days (2000) Spacewalk (2017) Cold War (2018) The Death Of Stalin (2017) The Lives Of Others (2006) Good Night, And Good Luck (2005) Tinker Tailor Soldier Spy (2011) Bridge Of Spies (2015) The Shape Of Water (2017) A Beautiful Mind (2001) The Hunt For Red October (1990) Searching for Bobby Fischer 1993 Pawn Sacrifice (2014) The Queen’s Gambit (2020) Chernobyl (2019) တို့မှာလည်း ကြည့်ရှုလို့ရပါတယ် စစ်အေးကာလတိုက်ပွဲအတွက် ဆိုဗီယက်နဲ့ အမေရိကန်တင်မကဘဲ သက်ဆိုင်ရာမဟာမိတ်တွေလည်း ဝါဒရေးရာနဲ့ နယ်မြေအတွက် စစ်ပွဲတွေအများကြီးဖြစ်ခဲ့တာမို့ နာမည်ကြီးစစ်ကားအတော်များများကလည်း ဒီကာလထဲမှာဖြစ်ခဲ့တာပါပဲ။ ဥပမာ ဘာလင်တံတိုင်းတည်ဆောက်ခြင်း (၁၃ ဩဂုတ် ၁၉၆၁ – ၉ နိုဝင်ဘာ ၁၉၈၉) တရုတ်ကွန်မြူနစ်တော်လှန်ရေး ( ၁၉၂၇ – ၁၉၄၉) ကွန်မြူနစ်အစိုးရ ပြည်မကြီးကိုရသွားပြီး ရီပက်ဘလစ်အစိုးရ ထိုင်ဝမ်ကိုရှောင်တိမ်းရတဲ့အကြောင်း၊ မြန်မာပြည်ရဲ့ကွန်မြူနစ်တိုက်ပွဲတွေဟာ ဒီကနေ ဆက်စပ်လာခဲ့တာပါ ကိုရီးယားစစ်ပွဲ (၁၉၅၀-၁၉၅၃) ၁၉၅၆ ဟန်ဂေရီယန် တော်လှန်ရေး နဲ့ စူးအက်တူးမြောင်းအရေးအခင်း ၁၉၆၂ ကျူးဘားဒုံးအရေးအခင်း ဗီယက်နမ်စစ်ပွဲ (၁၉၆၄ – ၁၉၇၅) တွေဟာလည်း စစ်အေးတိုက်ပွဲရဲ့အစိတ်အပိုင်းတွေပဲဖြစ်ပါတယ်။ စစ်အေးတိုက်ပွဲအဆုံးသတ်မှာတော့ ဘာလင်တံတိုင်းပြိုကျခြင်း၊ ဥရောပအရှေ့ခြမ်းကွန်မြူနစ်တိုက်ထုတ်ခံရခြင်း နဲ့ ဆိုဗီယက်ယူနီယံပြိုကွဲခြင်းတို့နဲ့အဆုံးသတ်ခဲ့ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mr.Anderson မှ တင်ဆက်ထားပါတယ်။)

Crime • Drama
7.6 2005 122 mins
Lord of War
The Seventh Day
4.5

The Seventh Day (2021) ================= ဖာသာပီတာဟာ ဂုဏ်သတင်းကြီးတဲ့အပနှင်သူတစ်ဦးဖြစ်ပြီး ကျောင်းဆင်းကာစ လူငယ်လက်သင်တစ်ယောက်ဖြစ်တဲ့ ဖာသာ ဒင်နီယယ်ကိုလေ့ကျင့်ပေးဖို့အကြောင်းဖန်လာပါတယ်။ သူတို့ရဲ့ ပထမဆုံးနေ့မှာပဲ မကောင်းဆိုးဝါးပူးပြီး တစ်မိသားစုလုံးကို သတ် လိုက်တဲ့ ချာလီဆိုတဲ့ ကလေးငယ်တစ်ယောက်ကိုအပနှင်ပေးရမယ့် အမှုနဲ့ကြုံရပါတယ်။ ဖာသာဒင်နီယယ်က ဒီအမှုတစ်ခုလုံးကို သူ့လက်ထဲပုံအပ်ပြီးဘေး ကနေလမ်းကြောင်းပေးတာလောက်ပဲလုပ်ဆောင်ပေးတဲ့အတွက် ဒင်နီယယ်တစ်ယောက်တည်း အစအဆုံးဖြေရှင်းဖို့ကြိုးစားရာကနေ ဒီအမှုရဲ့ထူးခြားချက်တွေကိုတွေ့မြင်လာတဲ့အခါမှာတော့။ အပနှင်တဲ့ ကားဆိုပေမယ့် စုံထောက်ကားတစ်ကားလို သဲလွန်စရှာပုံ ထောက်လှမ်း ပုံတွေလှည့်ကွက်တွေနဲ့စိတ်ဝင်တစားကြည့်ရှုရမယ့် horror ကား ကောင်းတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(973 MB) / (342 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 27Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror, Mystery Translator…….Alias Encoder……….SWM

Horror
4.5 2021 87 mins
The Seventh Day
ClearMind

ClearMind (2024) ~ Rotten Tomatoes – 100% ~ ဒီဇာတ်လမ်းတစ်ခုလုံးရဲ့ ရင်ထိတ်သည်းဖိုအဖြစ်ကတော့ ကလေးတစ်ယောက် ရေကူးကန်ပါတီမှာ ရေထဲပြုတ်ကျသေသွားရာကနေ စတင်ပါတယ်။ ကလေးမနာမည်က ဟန်နာဖြစ်ပြီး သူ့မိဘတွေဖြစ်တဲ့ မိုက်ကယ်နဲ့နိုရာတို့ သူငယ်ချင်းတွေနဲ့အတူ ပါတီလုပ်ရာကနေ မတော်တဆသေသွားတာပါ။ အဲဒီကိစ္စကြီးဖြစ်ပြီး နိုရာကတော့ အလဲလဲအပြိုပြိုဖြစ်လို့ သူငယ်ချင်း Therapist လီလီနဲ့ ပြနေရပါတယ်။ တစ်နှစ်လောက်အကြာမှာ မိုက်ကယ်က ဘ၀အသစ်စပြီး ချစ်သူအသစ်ပါရသွားပါတယ်။ ကျန်တဲ့သူငယ်ချင်းတွေကလည်း ကိုယ့်ကိစ္စမဟုတ်တော့ အရမ်းမခံစားရဘဲ ပုံမှန် ပြန်ဖြစ်သွားတာပေါ့။ ပိတ်ရက်ကို တောထဲက အိမ်မှာ အားလုံးစုပြီး ပါတီလုပ်ဖို့တောင် စီစဉ်နေပါတယ်။ ပူဆွေးနေဆဲဖြစ်တဲ့ နိုရာက Therapist လီလီရဲ့ ClearMind ဆိုတဲ့ Simulation Program ကတစ်ဆင့် သူတို့ပါတီလုပ်တဲ့နေရာထဲ ဝင်သွားတဲ့အခါ… အစက ကုထုံးအတွက် ရည်ရွယ်ပေမဲ့ နိုရာရဲ့ လက်စားချေတဲ့ဂိမ်းဖြစ်သွားတဲ့အခါ… ဒီပရိုဂရမ်ထဲမှာ သူ့သူငယ်ချင်းတွေကို လက်စားချေတာအောင်မြင်မလား… နိုရာပဲ ဘ၀အသစ်စဖို့ အသင့်ဖြစ်သွားမလားဆိုတာ ကိုယ်တိုင်ရှုစားလိုက်ကြပါ။ သူတို့ကြုံတွေ့ရတဲ့ဘဝကို ကျမ်းစာတွေ ဆိုရိုးတွေ ကိုးကားပြောသွားပြီး ဆန်းသစ်ထူးခြားတဲ့ တင်ဆက်ပုံနဲ့ ရိုက်ထားတာမို့ ရသတစ်ခုခုခံစားရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.65GB, 740MB Quality – 1080p, 720p Format – mp4 Duration – 1H 25Min Genre – Comedy, Mystery, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

0 2024
ClearMind
White Building
6.5

White Building ( 2021 ) Rotten Tomatoes 95ရာခိုင်နှုန်းရထားတဲ့ ကမ္ဘောဒီးယားကားပါ။ ဖနွမ်းပင်က လူငယ်တွေ။ သူတို့ကြုံခဲ့ရတဲ့ မြို့ပြရဲ့ရက်စက်ခြင်းတွေအကြောင်းကို ရိုက်ပြထားတယ်။ ဇာတ်ကတော့ ဖနွမ်းပင်မှာ ပြန်လည်ထူထောင်ရေးတွေ လုပ်နေတဲ့အချိန်မှာ ဇာတ်အိမ်တည်ထားတယ်။ ဟောင်းနွမ်းဖြူလျော်နေတဲ့ အဆောက်အဦးကြီးတစ်ခုကို ဖျက်သိမ်းပြီး ဒီနေရာမှာ စီမံကိန်းအသစ်တွေပြန်လုပ်ချင်ကြတယ်။ နေထိုင်သူတွေကို မစို့မပို့နစ်နာကြေးပေးပြီး မြို့ပြပြန်လည်ထူထောင်ရေး လုပ်တဲ့နောက်ကွယ်မှာ အဲဒီအဆောက်အဦးမှာနေတဲ့ဘဝပေါင်းများစွာ ပြန်လည်ထူထောင်ရခက်သွားပုံတွေကို ရိုက်ပြထားတယ်။ ဇာတ်ကတော့ ကျယ်ကျယ်ပြောပြောမဟုတ်ဘူး။ ဒီကာလတစ်ခု ဒီအကြောင်းအရာတစ်ခုကိုပဲ ဦးတည်ရိုက်ပြထားတယ်။ ဘဝတစ်ချို့အကြောင်း ရိုက်ပြထားတယ်။ ဒါပါပဲ။ ကမ္ဘောဒီးယားကားအနေနဲ့ ဒီလောက်Rt Ratingရထားတော့ မြည်းစမ်းကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ် Genre….. Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 1.27GB | 654MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. Aaron

Comedy • Crime
6.5 2021
White Building
Phulrani
5.8

Phulrani (2023)”ပန်းဘုရင်မလေး” ============================= ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုခံစားလို့ရမယ့် ၂၀၂၃ ခုနှစ်ထွက် မာရသီစကားပြော အချစ်ဟာသရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်လေးဟာဆိုရင် နာမည်ကြီး အိုင်းရစ်ရှ်လူမျိုး ပြဇာတ်ရေးဆရာ ဂျော့ဂျ်ဘားနတ်ရှောကို အော်စကာဆုရစေခဲ့တဲ့ Pygmalion ဆိုတဲ့ ဂန္တဝင်ပြဇာတ်ကို အိန္ဒိယမှုပြုပြီး တမူဆန်းသစ်ရိုက်ကူးထားတာပါ။ ဇာတ်လမ်းကတော့.. Pretty Princess ဆိုတဲ့ အလှမယ်ပြိုင်ပွဲတစ်ခုမှာ အကယ်ဒမီတစ်ခုတည်းက အလှမယ်တွေဟာ ၅ နှစ်ဆက်တိုက် အနိုင်ရနေပါတယ်။ အဲဒီအကယ်ဒမီကို ဦးစီးလေ့ကျင့်ပေးနေတာကတော့ ဗစ်ကရမ်ဆိုတဲ့ စိတ်မြန်လက်မြန် သင်တန်းဆရာပါ။ သူဟာ ပြိုင်ပွဲဆုပေးပွဲ့နေ့မှာ အရက်မူးပြီး သူငယ်ချင်းဖြစ်သူနဲ့ ငြင်းခုန်ရင်း သူတို့နားကိုရောက်လာတဲ့ အခြေခံလူတန်းစား ဆတ်ဆတ်ကြဲ ပန်းသည်မလေးကို အလှဘုရင်မဖြစ်အောင် လုပ်ပေးပြမယ်လို့ လူသိရှင်ကြားစိန်ခေါ်မိသွားပါတယ်။ သူဟာ အဲဒီအလောင်းစားကို အနိုင်ရမှာလား၊ ရပ်ကွက်ထဲက အော်ကြောလန်ကောင်မလေးကို အလှမယ်ဖြစ်အောင်ဘယ်လိုလုပ်ပေးမှာလဲ၊ သူတို့နှစ်ယောက် ဘယ်လိုဇာတ်လမ်းဆက်ကြမလဲဆိုတာကို လူတန်းစားခွဲခြားမှုတွေကို ဆန့်ကျင်ပြထားတဲ့ ဒီရုပ်ရှင်လေးထဲမှာ ချစ်စဖွယ်မြင်တွေ့ကြရမှာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Romance • Comedy
5.8 2023
Phulrani
Angels of Sex El sexo de los ángeles
6.4

Angels of Sex (2012) Original title: El sexo de los ángeles IMDb Rating (6.4) *အဖော်အချွတ်အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ ကြည့်ရှုဖို့မသင့်တော်ပါ* အခုနောက်ပိုင်းခေတ်စားလာတဲ့ Throuple Relationship ကိုပုံဖော်တဲ့ဇာတ်ကားတစ်ကား (၂၀၁၀) အစောပိုင်းဆီက ထွက်ခဲ့ဖူးပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ဘရူနိုနဲ့ကာလာဆိုတဲ့ ကောလိပ်ကျောင်းသား စုံတွဲတစ်တွဲရှိပါတယ်။ သူတို့ဟာ ငယ်စဉ်ကတည်းကချစ်သူတွေဖြစ်ခဲ့ကြပေမယ့် ဘရူနို့ကိုတော့ ကာလာ့မိဘတွေက သိပ်ကြည့်မရပါဘူး။ တစ်နေ့တော့ ဘရူနိုဟာ ကာလာ့ဆီကိုလာရင်း လမ်းဘေးက Underground ကပွဲတစ်ခုကိုရပ်ငေးရင်း လုယက်ခံရရာကနေသူ့ကိုကူညီပေးတဲ့ ရိုင်း ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ဆုံပြီး သူကိုယ်တိုင်မသိခဲ့တဲ့ သူ့လိင်စိတ်တိမ်းညွတ်မှုရဲ့တစ်ခြားဘက်ကိုရှာတွေ့ခဲ့ပါတယ်။ ရိုင်းနဲ့အချစ်နယ်ကျွံမိသွားပေမယ့် ဘရူနိုဟာ ကာလာကို မစွန့်လွှတ်နိုင်ပြန်ပါဘူး။ ကာလာကိုယ်တိုင်ကလည်း အကြောင်းစုံသိသွားပေမယ့် နားလည်မှုပေးထားရာကနေ ဘရူနိုဟာ သူ့ချစ်သူနှစ်ယောက်ဖြစ်တဲ့ ရိုင်းနဲ့ ကာလာတို့ကို မိတ်ဖြစ်ဆွေဖြစ်စေ့စပ်ပေးရာကနေ သူတို့နှစ်ယောက်ကပါ မိတ်ဆွေအဖြစ်ထက်ပိုသွားတဲ့အခါမှာတော့..။ ထူးခြားဆန်းကြယ်တဲ့ အချစ်ကို ရိုးရှင်းစွာပေါ့ပေါ့ပါးပါးပုံဖော်ထားတဲ့ Rom/com ဇာတ်ကားကောင်းလေးတစ်ကားပါ။ ဒါပေမယ့် ဥရောပကားပီပီ ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းတွေ ခပ်များများပါဝင်ထားတဲ့အတွက် မိသားစုနဲ့ကြည့်ဖို့တော့မသင့်တော်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ပဲဖြစ်ပါတယ်။) File size…(2.1 GB) / (1.1 GB) Quality….BLU-RAY 1080P HEVC / 720p Format…. mkv/mp4 Duration….01:43:46 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Alias

6.4 2012
Angels of Sex El sexo de los ángeles
Scooby-Doo 2: Monsters Unleashed

ဒီတစ်ခါမှာတော့ CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးမယ့်ကားလေးကတော့ ငယ်ငယ်တုန်းကနေ အခုထိ လူကြိုက်များဆဲဖြစ်တဲ့ Scooby Doo ရဲ့ Live action movie 2 လေးပဲဖြစ်ပါတယ်… ဖရက်၊ ဒက်ဖ်နီ၊ ဗဲလ်မာ၊ ရှက်ဂီနဲ့ စကူဘီတို့က လျှို့ဝှက်ဆန်းကြယ်တဲ့အမှုတွေကို ဖြေရှင်းရင်းနဲ့ နာမည်ကျော် လူသိများလာကြတဲ့ လူငယ်အဖွဲ့လေးတစ်ခုပဲဖြစ်ပါတယ်။ ဒီလိုနဲ့ သူတို့နှိမ်နင်းလာခဲ့သမျှ လူဆိုးတွေရဲ့ ဝတ်စုံတွေကို ပြတိုက်တစ်ခုမှ လှူဒါန်းခင်းကျင်းပြသဖို့ ဖြစ်လာပါတယ်။ ဒါပေမဲ့ ပြတိုက်ဖွင့်ပွဲရက်မှာပဲ ဖရက်တို့ရဲ့ ရန်သူဟောင်းကြီး တာရိုဒက်တိုင်လ်သရဲဟာ ပြန်ပေါ်လာပြီး ဝတ်စုံနှစ်ခုကို မျက်စိရှေ့တင် ခိုးသွားပါတော့တယ်။ နာမည်ကျော်စုံစမ်းရေးအဖွဲ့ဖြစ်တဲ့ ဖရက်တို့ရှေ့မှာပဲ ဖြစ်ပွါးသွားတဲ့အတွက် သတင်းထောက်တွေက ဖရက်တွေရဲ့ အမှုဖြေရှင်းနိုင်စွမ်းကို မေးခွန်းထုတ်လာပါတော့တယ်။ ဖရက်တို့အပေါ် ပြည်သူတွေရဲ့အားပေးမှုကကျဆင်းလာတဲ့အတွက် နာမည်ပြန်ရအောင် တရားခံဖမ်းဖို့ စုံစမ်းနေချိန်မှာပဲ ပြတိုက်ဟာ ဓားပြအတိုက်ခံရပြန်ပါတော့တယ်။ ဒီလိုနဲ့ နာမည်ပျက်ပြီးရင်း ပျက်လာတဲ့ဖရက်တို့အုပ်စုဟာ အရင်လို တရားခံကို တကယ်ပဲဖမ်းဆီးဖော်ထုတ်နိုင်ပါဦးမလား… တရားခံကရော ဘယ်လောက်အတိုင်းအတာအထိ ဆိုးသွမ်းဦးမလဲ… မြို့နေပြည်သူတွေရဲ့ ယုံကြည်မှုကို ပြန်လည်အရယူနိုင်ဖို့ ဖရက်တို့ငါးယောက်ရဲ့ ကြိုးပမ်းမှုတွေ အလွဲတွေကို ရယ်မောရင်း ဆက်လက်ကြည့်ရှုလိုက်ကြပါစို့ File Size : 1.9 GB, 1.1 GB Quality : Blu-Ray 1080p / 720p Running Time : 1hr 33min Format : Mp4 Genre : Adventure, Comedy, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by : Benni Encode by : Thit San Khant

0 2004
Scooby-Doo 2: Monsters Unleashed
Wag the Dog
7.1

ဘာလင်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ Special Jury Prize ဆုကို ရရှိထားတဲ့ နာမည်ကျော် ဒါရိုက်တာ ဘယ်ရီလီဗစ်ဆန် ရိုက်ကူးထားတဲ့ နိုင်ငံရေးဟာသရုပ်ရှင် Wag the dog… ရွေးကောက်ပွဲမတိုင်မီ နှစ်ပတ်အလိုမှာ ထွက်ရှိလာခဲ့တဲ့ အမေရိကန်သမ္မတရဲ့ လိင်အကြမ်းဖက်မှု သတင်းတစ်ခု ဒီသတင်းကို တားဆီးဖို့ သမ္မတရဲ့ လက်ထောက် ဝင်နီဖရတ်အေမီနဲ့ နိုင်ငံရေးကျွမ်းကျင်သူ ကောနတ်ဘာရန်တို့ ပူးပေါင်းပြီး စစ်ပွဲအတုတစ်ခု ဖန်တီးဖို့ ဆုံးဖြတ်ခဲ့ရာကနေ ဟောလိဝုဒ်ပရိုဂျူဆာ စတန်လေမို့စ်နဲ့ တွေ့ဆုံပြီး အယ်ဘေးနီးယားမှာ စစ်ပွဲတစ်ခုဖန်တီးခဲ့ရာ ဘယ်လိုအလွဲတွေဖြစ်ပြီး ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရှုရမယ့် စိတ်ဝင်စားစရာဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ် File size…(1.8 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:57:00 Genre… Dark Comedy, Satire, Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Mon

Action • Thriller • Horror
7.1 1997
Wag the Dog