YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

We Are S01E15 Uncut 720p CM.mp4

294.91 MB N/A video/mp4 38 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Social Distancing

ဒီတစ်ခါမှာတော့ Covidကာလအစောပိုင်းကိုအခြေခံပြီးရိုက်ထားတဲ့ ဟောင်ကောင်ဟော်ရာကားကောင်းလေးတင်ဆက်ပေးလိုက်ပါတယ်။ Covid pandemicမှာလူတွေအားလုံးအိမ်တွင်းအောင်းကြရတော့ စိတ်ထွက်ပေါက်အဖြစ်နဲ့ လက်ကိုဖုန်းတွေကိုပဲပိုသုံးမိကြတာပေါ့။ နိုင်ငံခြားကပြန်လာတဲ့ချူထုံဟာ Youtube ချန်နယ်ဖွင့်ပြီး ကြည့်ရှုနှုန်းများအောင်ကြိုးစားနေပါတယ်။ သရဲတစ္ဆေအကြောင်းစိတ်လှုပ်ရှားစရာတွေရိုက်ရင် လူကြည့်များတယ်ဆိုကြလို့ သေသွားတဲ့သူတစ်ယောက်ရဲ့ဖုန်းကို Live လွှင့်ပြီးဖွင့်ပြတာပေါ့..... အဲဒီအချိန်ကစပြီးသူ့ဘေးနားမှာထူးဆန်းတာတွေဖြစ်လာပါတော့...... Digital spiritသရဲရှိတယ်ဆိုတာကစပြီးယုံလာပါတော့တယ်...... ဒီကားလေးမှာ လူငယ်တွေလက်ကိုင်ဖုန်းကိုအရမ်းစွဲလမ်းလွန်းလို့ဖြစ်ရတဲ့ဆိုးကျိုးတွေ...... မိသားစုကိုလစ်လျူရှုခဲ့မိလို့နောင်တရခဲ့ရပြီး တကယ်နောက်ပြန်လှည့်ချိန်မှာ ပြန်ဆုပ်ကိုင်ဖို့ အချိန်မမီတော့တာတွေကိုပါဖော်ပြသွားပါတယ်..... ဟော်ရာတွေရဲ့ထုံးစံအတိုင်း တကယ်သရဲလား ဘယ်လိုထူးဆန်းတဲ့အရာတွေကြောင့်ဖြစ်လာတာလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမယ့် ကားကောင်းလေးဖြစ်ပါတယ်နော် Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Nu Mon Encoded by LK

Drama • Romance
0 2023 91 mins
Social Distancing
Emma.
7

ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ကားလေးကတော့ February လကမှထွက်ရှိထားတဲ့ ဇာတ်ကား အသစ်စက်စက်လေးပါ။ Emma 2020ဟာဆိုရင် IMDb rating 7 ရထား တဲ့ ကားလေးဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံ ဟိုက်ဘရေးမြို့ကိုအ​​ခြေခံပြီး ရိုက်ကူးထားတဲ့ Romance Comedy ဇာတ်ကား အမျိုးအစားပါဖြစ်ပါတယ်။ ဒီကားထဲမှာဆိုရင် အဓိကဇာတ်ဆောင်နှစ်ဦးဖြစ် တဲ့ အမ်မာနဲ့ နိုက်တလီတို့ရဲ့ သူငယ်ချင်းသံယောဇဥ် နဲ့ အချစ်ကြားဝေခွဲမရဖြစ်မှုတွေကို၁၈၁၅ခုနှစ် အင်္ဂလန်နိုင်ငံရဲ့အငွေ့အသက်နောက်ခံနဲ့မြင်တွေ့ရ မှာဖြစ်ပါတယ်။ လက်ထပ်ဖို့စိတ်ကူးမရှိတဲ့ အမ်မာနဲ့ နိုက်တလီတို့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာက စိတ်ဝင်စား စရာပါပဲ။ သူငယ်ချင်းဆိုတဲ့စည်းကိုကျော်ဖို့ ကြိုးစား​နေတဲ့ သူတွေ မဖြစ်မနေကြည့်သင့်တဲ့ဇာတ်ကားလေးပါ File Size : ( 710 MB , 328 MB) Quality : WEB-DL 720p Running Time : 2 hr 04 min Format : Mp4 Genre : Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by NuNu Phyoe Encoded by Moe Myint Lwin

Action & Adventure • Animation • Sci-Fi & Fantasy
7 2020 125 mins
Emma.
Paddington 2
7.5

ဘရောင်းမိသားစုနဲ့အတူ လန်ဒန်မှာ အခြေချနေထိုင်တဲ့ ဝက်ဝံလေးပက်ဒင်တန်ဟာ ဘာ လုပ်လုပ် အလွဲလွဲအချော်ချော် ဖြစ်ပေမယ်လို့ လူတိုင်းကိုကူညီလို စိတ်ရှိတဲ့အတွက် ချစ်ခင်သူများပါ တယ်။ ဘရောင်းမိသားစုမှာလည်း အိုလံပစ်ယာဉ်မောင်းဖြစ်ဖို့ ကြိုး ပမ်းနေတဲ့ မေရီ၊ ရာထူးမတိုးသေး တဲ့ ဟင်နရီ၊ ချစ်သူနဲ့လမ်းခွဲလိုက် တဲ့ ဂျူဒီ၊ အရွယ်ရောက်လာတဲ့ ဂျိုနသန်စတဲ့ အပြောင်းအလဲ များစွာနဲ့ပါ။ တစ်ရက်မှာတော့ အန်တီ လူစီရဲ့ အသက်ရာပြည့်မွေးနေ့မှာ အမှတ်တရ လက်ဆောင်အဖြစ် ဆင်မြူရယ်ဂရူဘာရဲ့ ရှေး ဟောင်းပစ္စည်းဆိုင်က Pop Up စာအုပ်လေးဝယ်ပေးဖို့ စိတ်ကူး ထားတာကြောင့် ပက်ဒင်တန်ဟာ အလုပ်မျိုးစုံလုပ်ရင်း ငွေစုခဲ့ပါ တယ်။ ပိုက်ဆံပြည့်တဲ့နေ့မှာ စာ အုပ်သွားဝယ်ရင်း သူဝယ်မယ့် စာအုပ်သူခိုးခိုးသွားတာ တွေ့ပေ မယ့်လို့ ပက်ဒင်တန်ဟာ စာအုပ် သူခိုးအဖြစ် မှားယွင်းစွပ်စွဲခံရပြီး သက်သေမပြနိုင်တဲ့အတွက် အ ဖမ်းခံခဲ့ရပါတယ်။ ဘရောင်းမိသားစုကလည်း ပက်ဒင်တန် မလုပ်ဘူးဆိုတာကို သက်သေပြနိုင်ဖို့အတွက် ကြိုး ပမ်းရင်း ရှေ့ဖြစ်ဟောသူ တစ် ယောက်နဲ့ ဆုံခဲ့ပြီး ပျောက်သွား တဲ့ Pop Up စာအုပ်ရဲ့ နောက် ကွယ်မှာ ဆန်းကြယ်တဲ့ဖြစ်ရပ် ရှိတဲ့အကြောင်း ပြောပြခဲ့ပါတယ်။ တကယ်တော့ စာအုပ်ကို ဘရောင်းမိသားစု အိမ်နားမှာနေ တဲ့ ဖီးနစ်ဘက်ချနန်ဆိုတဲ့ သူက ခိုးယူထားတာဖြစ်ပြီး ဟင်နရီနဲ့ မေရီက အဲဒီလူရဲ့ အိမ်ထဲခိုးဝင် ရှာဖွေကြတဲ့အခါ ပျောက်နေတဲ့ စာအုပ်ကိုတွေ့ခဲ့ပေမယ့် ဘက်ချနန် အိမ်ပြန်ရောက်လာတဲ့အတွက် ဘာသက်သေမှ မယူလာနိုင်ခဲ့ပါဘူး။ ပက်ဒင်တန်ဟာလည်း ထောင်ထဲမှာဆုံတဲ့ မိတ်ဆွေတွေနဲ့အတူ ထောင်ဖောက်ထွက်ပြေးခဲ့ပြီး ဘရောင်းမိသားစုနဲ့ ပြန် ချိတ်ဆက်မိခဲ့ပါတယ်။ Pop Up စာအုပ်ရဲ့ နောက်ကွယ်မှာ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေလဲ။ ဘက်ချနန်ဟာ စာအုပ်သူခိုးအစစ်ဖြစ်တယ်ဆိုတာ ဘယ်လိုဖော်ထုတ်မလဲဆိုတာတော့ ဆက်ကြည့်ဖို့ ဖော်ပြပေးလိုက်ပါတယ်။ ဒီဇာတ်ကားလေးမှာ ဟျူဘွန်နဗီလ်၊ ဆယ်လီဟော့ကင်း၊ ဘရန်ဒန်ဂလီဆန်၊ ဂျူလီဝေါ်လ်တာ၊ ဂျင်မ်ဘရော့ဘန့်၊ ပီ တာကက်ပယ်ဒီ၊ ဟျူဂရန့် စသူတွေရဲ့ သရုပ်ဆောင်မှုတွေနဲ့အတူ ရယ်ရယ်မောမော ကြည့်လိုက်ပါဦးလို့ ...။ (ဇာတ်လမ်းအညွှန်းကို 7Daily Website မှ ကူးယူဖော်ပြပါသည်) File Size : (900 MB) and (350 MB) Quality : Blu-Ray 720p Running Time : 1h 44min Format : Mp4 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-SPARKS Translated by Arkar Phyo & Wai Yan Maung Encoded by Thanhtike Zaw

Drama
7.5 2017 104 mins
Paddington 2
The Lost King
6.6

The Lost King (2022) The Shape of Water မင်းသမီးကြီး Sally Hawkins ရဲ့ ဖြစ်ရပ်မှန် Historical Comedy ရုပ်ရှင်ကားသစ်ကို တင်ဆက်​ပေးလိုက်ပါတယ်။ IMDb 6.6/10, RT – 66% ရရှိထားတာဖြစ်ပြီး ၁၅ရာစုနှစ်တုန်းက ဗြိတိန်ဘုရင်ဖြစ်ခဲ့တဲ့ King Richard III အ​ကြောင်းကို ဖြစ်ရပ်မှန်ပေါ်အခြေတည် ဇာတ်လမ်းဆင် ရိုက်ကူးထားတာဖြစ်ပါတယ်။ အ​ပျော်တမ်းသမိုင်း​​လေ့လာသူ၊ အိမ်​ထောင်ရှင်၊ အလုပ်သမားဖြစ်တဲ့ Phillipa Langley ဟာ အထက်လူကြီးနဲ့ အဆင်မ​​ပြေမှု​တွေ​ကြောင့် အလုပ်မှာ ထိုက်သင့်တဲ့​နေရာကို မရသလို အိမ်​ထောင်​​ရေးကံလည်း မ​ကောင်းလို့ စိတ်​ထောင်းကိုယ်​ကြေ ဖြစ်​နေသူပါ။ တစ်ညမှာ​တော့ သားဖြစ်သူနဲ့ ရှိတ်စပီးယားပြဇာတ်သွားကြည့်ရင်း ပြဇာတ်မှာပါတဲ့ King Richard III အ​​ကြောင်း စိတ်ဝင်စားသွားခဲ့ပါတယ်။ King Richard III ဆိုတာ အင်္ဂလန်သမိုင်း​ကြောင်းမှာ နှယ်နှယ်ရရ မဟုတ်ဘဲ အစ်ကို​တော် Edward IV ရဲ့သား သူ့ရဲ့တူ​​တော်တွေကို လုပ်ကြံပြီး နန်းလုခဲ့သူ၊ ခါးမှာ ဘို့ကြီးနဲ့ ဆိုးရွားတဲ့ရုပ်အဆင်းရှိသူ ရက်စက်တဲ့ဘုရင်အဖြစ် သမိုင်းစာအုပ်​တွေထဲမှာ အာ​ဘော်တူတူပဲ ​ဖော်ညွှန်းထားတာပါ။ ရှိတ်စပီးယားပြဇာတ်ထဲမှာလည်း အလားတူ ပုံ​ဖော်​ရေးသားထားတာပါ။ Phillipa က အဆိုပါသမိုင်းကို​ရော ပြဇာတ်ကို​ရော အစစ်အမှန်လို့ မယုံကြည်ဘဲ Tudor မင်းဆက်ရဲ့ Richard III အ​ပေါ် ဂုဏ်သိက္ခာချတာလို့ တရား​သေစွဲမှတ်ရင်း သူနဲ့အမြင်တူတဲ့ သမိုင်း​လေ့လာသူ ဝါသနာရှင်‌တွေနဲ့ပေါင်းပြီး သမိုင်း​ကြောင်းအမှန်ကို သိ​​အောင်​လေ့လာရင်း Richard III ရဲ့ရုပ်အ​လောင်းနဲ့ပတ်သက်ပြီး တိတိကျကျသိထားတာမရှိခဲ့သလို မြုပ်နှံထားတဲ့​နေရာကိုပါ မသိလို့ Phillipa တစ်​ယောက် ရုပ်အ​လောင်းကိုရှာဖို့ စတင်ကြိုးစားပါ​တော့တယ်။ အလယ်ခေတ်နှောင်းပိုင်း၊ ရီနေးဆန့်ခေတ်အစဖြစ်ခဲ့တဲ့ ၁၅ ရာစုရဲ့ သမိုင်းဝင်ဘုရင်တစ်ပါးဖြစ်ခဲ့တဲ့ Richard III ကို ခုခေတ်ကြီးမှာ ပြန်ရှာဖွေ တူးဖော်ဖို့ဆိုတာ တကယ်ကို မလွယ်တဲ့ကိစ္စပါ။ အဲဒါကို Phillipa က တကယ်ကြီး လုပ်ပြနိုင်ခဲ့ပါတယ်။ သူ့ရဲ့ စွမ်း‌ဆောင်ခဲ့မှုအတွက်လည်း အင်္ဂလန်ဘုရင်မကြီးက သူ့ကို MBE ဘွဲ့ ချီးမြှင့်ခဲ့ပါတယ်။ အဲဒီလို အင်္ဂလန်ရဲ့ တကယ့်သမိုင်းဝင်အခိုက်အတံ့တစ်ခုကို ဖော်ထုတ်ခဲ့တဲ့အကြောင်းတွေကို ပြန်ရိုက်ကူးထားတဲ့ ကားကောင်းတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို JimX နဲ့ Htet Kyaw Myo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 1GB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 48Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by JimX & Htet Kyaw Myo Encoded by Y

Crime • Drama
6.6 2022
The Lost King
Eden
6.6

Eden (2012) ဒီဇာတ်လမ်းဟာ လူကုန်ကူးမှုအကြောင်းပါ။ လူကုန်ကူးတယ်ဆိုပေမဲ့ နိုင်ငံရပ်ခြားတွေကို ရောင်းစားပစ်တာမျိုးမဟုတ်ဘဲ ဖမ်းထားပြီး ခိုင်းချင်တဲ့နေရာခိုင်း သုံးချင်တဲ့နေရာသုံး လူမဆန်စွာ ရက်ရက်စက်စက်ခိုင်းစားတာမျိုးပေါ့။ မြန်မာနိုင်ငံမှာလည်း ဒီလိုအဖြစ်မျိုး ခပ်ဆင်ဆင်တွေ သိပ်မကြာသေးခင် နှစ်တွေတုန်းကရှိခဲ့ဖူးတာပါပဲ။ မလှိမ့်တပတ်နဲ့ခေါ်သွားပြီး ကျားဖောင်ပေါ် ရောင်းစားတယ်ဆိုတာမျိုးတွေပေါ့။ ဒီရုပ်ရှင်က အဲဒီလိုဖြစ်သွားတဲ့ ဘဝတွေကို ကွက်ကွက်ကွင်းကွင်းမြင်ရအောင် ရိုက်ပြထားတဲ့ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်ကို ၉၀ခုနှစ်အလယ်လောက်မှာ တကယ်ဖြစ်ခဲ့တဲ့ လူကုန်ကူးမှုအကြောင်းကို ဇာတ်လမ်းဆင်ရိုက်ထားတယ်။ အမေရိကန်က ပြည်ပဝင်တွေ လူကုန်ကူးခံရတဲ့အကြောင်းတွေကိုလည်း အူမချေးခါးမကျန်ပြထားတယ်။ ဇာတ်လမ်းအစမှာတော့ ကိုရီးယား-အမေရိကန်သူလေးဟာ သူ့အမေကို ဆိုင်စောင့်ပေးနေရင်း ညဘက်တစ်ခေါက်လောက် နိုက်အောက်ထွက်ဖို့ကြံပါတယ်။ ကံမကောင်းချင်တော့ အဲဒီညမှာပဲ သူပြန်ပေးဆွဲခံလိုက်ရတယ်။ ဒီလိုနဲ့ သူနိဗ္ဗာန်လို့ထင်ထားခဲ့တဲ့ ကမ္ဘာကြီးရဲ့ ဟိုဘက်ခြမ်းငရဲကိုရောက်သွားတယ်။ ဒီကမ္ဘာမှာဖြစ်နေတာတွေက ကောင်းတာတော့တစ်ခုမှမရှိဘူး။ စစချင်း သူတို့တွေကိုဖမ်းထားတဲ့လူတွေက အမိန့်နာခံလာအောင် ခိုင်းသမျှလုပ်အောင် နှိပ်စက်ညဉ်းပန်းတယ်။ ခိုင်းစားလို့ရပြီထင်တော့မှ သူတို့ရဲ့ဈေးကွက်ထဲပို့တယ်။ ဈေးကွက်ထဲပို့တယ်ဆိုတော့ အပြင်ရောက်သွားတာပါပဲ။ အပြင်ရောက်သွားတာတောင် မလွတ်နိုင်ဘူးလားဆိုတဲ့ အမေးတော့ရှိမယ်။ လွတ်ဖို့ကြိုးစားကြပါတယ်။ ထွက်ပြေးကြတယ်။ ဒါပေမဲ့ သူတို့ဟာ လူကောင်းသူကောင်းလို့ထင်ရတဲ့လူတွေနဲ့ သွားတိုးရင်တောင် မလွတ်နိုင်ဘူး။ ဘာလို့ဆို လူတွေက ကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေမှာ ဝင်မပါချင်ကြသလို လူကုန်ကူးတဲ့ကောင်တွေကလည်း လူတွေအထာနပ်ကြလို့ပါပဲ။ ခင်ဗျားဆီက စုတ်ပြတ်သတ်နေတဲ့ လူတစ်ယောက် အကူအညီလာတောင်းတယ်ထား။ ခင်ဗျားလည်း ဒီလူဘာတုန်းလို့ အရင်တွေးမိကြမှာပဲ။ ဘာမဟုတ်တဲ့ကိစ္စလေးတွေအတွက် သူစိမ်းဆီ အကူအညီတောင်းမိရင်တောင် သံသယနဲ့အကြည့်ခံရတဲ့ကမ္ဘာပဲမလား။ လူကုန်ကူးတဲ့ကောင်တွေက ဒီအထာတွေနပ်တော့ အရလိုက်ဖမ်း ခင်ဗျားတို့ဝင်ပါရင် ခင်ဗျားတို့ပါ ဒုက္ခရောက်သွားမယ် ဘာညာ ပြောပြီး ခြောက်လိုက်ရင် ကြောက်သွားကြတာချည်းပါပဲ။ ဒီတော့ မလွတ်နိုင်တဲ့ ကောင်မလေးဟာ ဒီသံသရာကြီးထဲ ရှင်သန်ခဲ့ရတယ်။ လိင်ကိစ္စအတွက်ရောင်းစားတာ , ဆေးရောင်းတာ , ကလေးရောင်းတာ စစသဖြင့် မကောင်းမှုမျိုးစုံကို တစ်စထက်တစ်စ ခရေစေ့တွင်းကျ သူမြင်လာခဲ့ရတယ်။ လူကုန်ကူးတဲ့လူတွေက သူတို့လို လူကုန်ကူးခံရတဲ့လူအချင်းချင်းကြားမှာ အချစ်တော်လေးမွေး ဒလန်လေးထည့်ပေးထားတတ်တယ်။ သူတို့မလွတ်နိုင်တာ သေချာအောင် ထပ်ပြီးကစားလိုက်တာပေါ့။ အဖမ်းခံရတဲ့ကောင်မလေးဟာ သူရှင်သန်ဖို့အတွက် လိုက်လျောညီထွေနေရင်း ဒီထက်ပိုနက်နဲတဲ့ မကောင်းမှုတွေကြားရောက်လာတယ်။ သူကိုယ်တိုင်လည်း သူတို့ထဲကတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်လာတယ်။ ဒီလိုနဲ့ အခြေအနေတစ်ခုကိုရောက်လာခဲ့တဲ့အခါ သူ့အသိစိတ်နဲ့ရှင်သန်ချင်စိတ် ဘယ်ဟာက ပိုတာသွားမလဲ ကြည့်ရမယ့် ဝမ်းနည်းစရာဇာတ်လမ်းပါပဲ။ အညွန်း နဲ့ ဘာသာပြန်ကတော့ W ပဲ ဖြစ်ပါတယ်။ Genre….. Crime, Drama, Thriller Quality…. 1080p | 720p | 480p File size… 1.29GB | 602MB | 303MB Format… mp4 Duration…. 1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ….. W Encoder ….. Aaron

6.6 2012 98 mins
Eden
The Fury of a Patient Man
6.7

နောက်ပိုင်းထွက်တဲ့ ဇာတ်ကားသစ်တွေကောင်းတာရှားလို့ Old but Gold ဇာတ်ကားဟောင်းတွေကိုပြန်ကြည့်ချင်တဲ့လူတွေအတွက် ၂၀၁၆ ကထွက်ရှိခဲ့တဲ့ The Fury of a Patient Man ဆိုတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ IMDb Rating 6.7 ရရှိထားပြီး ဇာတ်ကားနာမည်အတိုင်းပဲ သည်းခံစိတ်ရှိတဲ့ လူတွေ ဒေါသထွက်လာရင်တကယ်မလွယ်ဘူးဆိုတဲ့ အကြောင်းကို အဓိက တွေ့ရမှာဖြစ်ပါတယ်။ဟိုဆေးဆိုတဲ့ လူတစ်ယောက်က မကြာခင်လက်ထပ်ရတော့မဲ့ သူ့ရဲ့ချစ်သူကို ဆုံးရှုံးထားရတဲ့ လူဖြစ်ပြီး သူ့ရဲ့ချစ်သူက ဘဏ်ဓားပြတိုက်ခဲ့တဲ့ လူတွေကြောင့် အသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။သူ့ချစ်သူကို သတ်ခဲ့တဲ့ အဲ့ဒီ လူတွေထဲက တစ်ယောက်ဖြစ်တဲ့ ကူရိုဆိုတဲ့ လူတစ်ယောက် ထောင်ထဲက ထွက်လာပြီးနောက်မှာ ဟိုဆေးကကူရို့ကို အသုံးချပြီးဘယ်လိုတွေ ပြန်လက်စားချေသွားမလဲဆိုတာကို ကြည့်ရမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ File size…1.89GB/ 769MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 32m Genre ….. Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.7 2016 92 mins
The Fury of a Patient Man
Z for Zachariah
6

ဒီဇာတ်ကားဟာ နျူကလီးယားကပ်ဘေးဆိုက်ပြီးတဲ့နောက် အသက်ရှင်ကျန်ရစ်ခဲ့တဲ့ လူသုံးယောက်တို့ရှင်သန်ရပ်တည်ဖို့ရုန်းကန်ကြိုးစားကြပုံကိုဇာတ်အိမ်တည်ထားပြီး ဒါရိုက်တာCraig Zobel ရိုက်ကူးပုံဖော်ထားတဲ့ Black Wheel Awards ,Phoenix Film Critics Society Awards ဆုတွေရရှိထားပြီး rating 6/10 အထိရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် ဒီဇာတ်ကားမှာ ရုပ်ရှင်သရုပ်ဆောင်ကော စာရေးဆရာကော ဒါရိုက်တာအဖြစ်ကော အသက်မွေးပြီးအကယ်ဒမီဆုပေါင်းများစွာ ရရှိထားတဲ့ မင်းသားChiwetel Ejioforအပြင် အခြားအကျော်အမော်တွေဖြစ်ကြတဲ့ မင်းသားChristopher Whitelaw Pine နဲ့ ဟာလေကွင်းလိုလူသိများတဲ မင်းသမီး Margot Elise Roobie တို့ကပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ်.. ဇာတ်လမ်းအစမှာ နျူကလီးယားကပ်ဘေးသင့်ပြီးတဲ့နောက် ဖာရိုဆိုတဲ့ ခွေးလေးတစ်ကောင်ကို အဖော်ပြုပြီး တစ်ကိုယ်တည်းရှင်သန်ရပ်တည်နေတဲ့ အန်ဆန်ဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ အစပျိုးထားပါတယ် အဲ့ဒီနောက်အန်ဆန်ဆိုတဲ့ ကောင်မလေးရဲ့ဘဝထဲကို မစ္စတာလူးမစ်နဲ့ ကေလမ်ဆိုတဲ့ အမျိုးသားနှစ်ဦးရောက်ရှိလာတဲ့ အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမှာလဲ သူတို့တွေ အသက်ရှင်သန်ဖို့ဘယ်လိုတွေရုန်းကန်ကြိုးစားကြမှာလဲ သူတို့သုံးယောက်ကြားမှာကော အချစ်ဆိုတဲ့ အရာပေါက်ဖွားလာတဲ့အခါမှာကော ဘယ်လိုတွေဆက်ဖြစ်ကြမှာလဲ ဆိုတာကို ဒီဇာတ်ကားလေးထဲမှာ ကိုယ်တိုင်ပါဝင်စီးမျှောကြည့်ရှုလိုက်ပါဦး ဒီဇာတ်ကားထဲမှာ ဒုက္ခရောက်နေတဲ့ အချိန် အသက်ရှင်ဖို့ကြိုးစားတဲ့အခါမှာ တွေ့ရှိရတဲ့ လူတွေရဲ့စိတ်ထားကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ် ဒီဇာတ်ကားက romance ဇာတ်ကားကောင်းတစ်ကားလို့ပြောရင်လည်းမှားမယ် မထင်ပါဘူး ဒီတော့Drama,Romantic,Sci-Fi,Thriller အမျိုးအစားကိုမှ ကြိုက်နှစ်သက်တွေ ပရိတ်သတ်တွေ မလွတ်စတမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် File size…1.41GB / 678MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 38m Genre ….. Drama , Romance , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eh Phaw

6 2015
Z for Zachariah
JFK: What The Doctors Saw
7.5

JFK: What The Doctors Saw (2023) ~ IMDb – 7.5/10, Rotten Tomatoes – 83% ~ Q: “ကနေဒီ” ကို ဘယ်သူသတ်သလဲ။ Me: “ကနေဒီ” ကို အမေရိကန်အစိုးရက သတ်လိုက်ပါတယ်။ ကျွန်တော်တို့တတွေ ဇာတ်ကားတွေတိုင်းမှာ ကမ္ဘာပျက်လုနီးအဖြစ်တွေကို ကယ်တင်နေကျ FBI အေးဂျင့်တွေ လျှို့ဝှက်ထောက်လှမ်းရေးသမားတွေက နိုင်ငံတော်အဆင့် လုပ်ကြံမှုကြီးကို စစ်တပ်နဲ့ တွဲဖက်ပြီး လုပ်ဆောင်ခဲ့တယ်ဆိုတော့ အဖြစ်မှန်က ဇာတ်ကားနဲ့ မတူဘူးလို့ပဲ ပြောရမလား။ ကနေဒီ ကို ပစ်သတ်ခဲ့တဲ့ သေနတ်သမား “လီ ဟာဗေး အောက်စ်ဝဲလ်” ဆိုတာ နယ်ရုပ်လေးတစ်ခုပဲလား။ သေနတ်သမားတစ်ယောက်တည်းပါဆိုပြီး ကျားကျားမီးယပ်ပြောနေတဲ့ အစိုးရအဖွဲ့ဝင်တွေ ရင်ခွဲစစ်ဆေးခဲ့တဲ့ ရေတပ်က ဆရာဝန်တွေဟာ သမိုင်းတွင်လောက်တဲ့ အမှားအယွင်းကြီးကို ရိုးရိုးသားသားလုပ်မိတာလား၊ ဆန်းဆန်းပြားပြားလုပ်ခဲ့တာလား။ ယုတ်စွအဆုံး လုပ်ကြံမှုစုံစမ်းရေးအတွက် ဖွဲ့စည်းခဲ့တဲ့ ဩဇာတိက္ကိမရှိသူတွေပါဝင်တဲ့ ဝါရန် ကော်မရှင်ကလည်း ဒီပုတ်ထဲကဒီပဲ အရသာပဲထွက်လာတဲ့ ဟင်းတစ်ခွက်ပဲလား။ သမ္မတ ကနေဒီက သေနတ်ဒဏ်ရာ သုံးခုနဲ့ သေဆုံးခဲ့တယ်။ နောက်ကျော ပုခုံးညပ်ရိုးပေါ်မှာတစ်ခု၊ လည်ပင်းအရှေ့ဘက် လေပြွန်နားမှာတစ်ခု၊ ဦးခေါင်းညာဘက် ပွင့်ထွက်ဒဏ်ရာတစ်ခု။ ဒါပေမဲ့ လုပ်ကြံမှုစုံစမ်းရေးသမားတွေက ဦးခေါင်းကို ပြန်ချုပ်ပြီး အကောင်းပတိဟန်ပန်လုပ်၊ နောက်ကျောက ကျည်ဆံဝင် လည်ပင်းက ပြန်ထွက်ပါတယ်ဆိုပြီး ကျည်တစ်တောင့်တည်းသီအိုရီတွေပါ တွက်ပြလာတော့ အမှန်ကို သိတဲ့၊ ကနေဒီ မသေခင်မှာ ပြုစုကုသခွင့်ရလိုက်တဲ့ ပါ့ခ်လန်းဒ်ဆေးရုံက ဆရာဝန်တွေ ခေါင်းတစ်ခါခါဖြစ်ရတာပေါ့။ ဒါပေမဲ့ ဘယ်သူမှ တစ်ခွန်းမှ မဟရဲပါဘူးလေ။ ထောက်လှမ်းရေးသမားတစ်ယောက် အနားကပ်လာပြီး “ကိုယ့်လူ မဆိုင်တာတွေ ထင်ရာမြင်ရာ လျှောက်ပြောမနေနဲ့၊ ခင်ဗျားအကျိုးအတွက်ပြောတာ” ဆိုပြီး စေတနာဗရပွနဲ့ သတိပေးသွားတော့ အခုလက်ရှိအချိန်အထိ ရေငုံနှုတ်ပိတ်ကြပေါ့လေ။ ဒီတော့ ဒါဟာ လူကြီးမင်းတို့အနေနဲ့ သမ္မတကနေဒီ ဘယ်လိုဆုံးပါးခဲ့သလဲ… ဘယ်သူလုပ်ကြံခဲ့သလဲ… လုပ်ကြံသူကို ဖုံးဖိဖို့ အစိုးရအဖွဲ့ဝင်တွေ ဘယ်လောက် ကြိုးစားခဲ့ကြသလဲ… ဒီကြားထဲကမှ အဖြစ်မှန်က မလူးသာ မလွန့်သာ ရိုးတိုးရိပ်တိပ် ပေါ်လာပုံတွေကို ဗဟုသုတရဖွယ် ကြည့်ရှုရမယ့် ရုပ်သံမှတ်တမ်းတစ်ခုဖြစ်ပါကြောင်း။ (ဒီမှတ်တမ်းရုပ်ရှင်နဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 770MB Quality – 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 1H 32Min Genre – Documentary, History Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

7.5 2023
JFK: What The Doctors Saw
All the Names of God

အကြမ်းဖက်ဝါဒ (terrorism) တစ်ကမ္ဘာလုံးက အစိုးရတွေရော၊ သာမန်လက်နက်မဲ့ပြည်သူတွေကိုပါ အနုနည်း၊ အကြမ်းနည်းနဲ့ ဒုက္ခပေးနေတဲ့ အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက်သမားတွေအကြောင်းကို နိုင်ငံတကာက ဇာတ်လမ်းအမျိုးမျိုး၊ ဝတ္တုအမျိုးမျိုးနဲ့ မရိုးနိုင်အောင်ရိုက်ကူးရေးသား ဖော်ပြခဲ့ကြ၊ ဖော်ပြနေကြဆဲပါ။ အခုတင်ဆက်မယ့်ဇာတ်ကားလေးကလည်း အဲ့ထဲကတစ်ခုအပါအဝင်ဖြစ်ပါတယ်။ အကြမ်းဖက်သမားတွေရဲ့ အကျင့်အတိုင်း ဘာသာရေး၊ နိုင်ငံရေး၊ လူမျိုးစုကောင်းစားရေး စတဲ့မြင့်မြတ်သန့်စင်တဲ့အကြောင်းအရာတွေကို မစားရဝခမန်းပြောပြီး သူတို့လိုချင်တဲ့အရာကို သူရဲဘောနည်းစွာသူတို့ကိုယ်တိုင်မလုပ်ဘဲ အသိဉာဏ်နည်းပါးတဲ့ အူကြောင်ကြားတွေ၊ ဂေါက်သီးတွေ၊ စိတ်မူမမှန်သူတွေ၊ အစွန်းရောက်တွေကို ချကျွေးပြီး ယုတ်မာတာဟာ အကြမ်းဖက်ဝါဒပါပဲ။ ဒီဇာတ်ကားထဲမှာလည်း ဘာသာရေးအကြောင်းပြပြီး လူငယ်သုံးယောက်ကို လေဆိပ်မှာ အသေခံဗုံးခွဲခိုင်းပါတယ်။ နှစ်ယောက်က အောင်မြင်စွာခွဲနိုင်ခဲ့ပေမယ့် တစ်ယောက်ကတော့ မအောင်မြင်ဘဲ လေဆိပ်ကနေ တက္ကစီသမားတစ်ယောက်ကိုတားစီးပြီး ကိုယ်လွတ်ရုန်းထွက်ပြေးတာနဲ့ ဇာတ်လမ်းစဖွင့်ပါတယ်။ ဒဏ်ရာရသူထင်ပြီး ဆေးရုံပို့ပေးဖို့ စေတနာနဲ့တင်ခေါ်ခဲ့တဲ့ တက္ကစီသမားခမျာ သူ့နားထင်ကိုသေနတ်နဲ့အထောက်ခံပြီး ပြန်ပေးဆွဲခံရမှ အဖြစ်မှန်သိလိုက်ရပါတော့တယ်။ အဲ့ကတဆင့် တက္ကစီသမားနဲ့ မအောင်မြင်ခဲ့တဲ့အကြမ်းဖက်သမား ဘယ်လိုနှစ်ပါးသွားကြမလဲ၊ ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေကရော ဗုံးခွဲတရားခံတွေနဲ့ တက္ကစီသမားကိုဓားစာခံလုပ်ထားတဲ့ အကြမ်းဖက်သမားကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ရင်တမမနဲ့ ကြည့်ရှူကြရမှာပါ။ Rating အများကြီးရမထားပေမယ့် ကျွန်တော့်အနေနဲ့ကတော့ ဇာတ်လမ်းအစမှအဆုံးထိ ဇာတ်အိမ်ခိုင်ခိုင်နဲ့ တောက်လျှောက်မလွတ်တမ်း ကြည့်ဖြစ်အောင် ဆွဲခေါ်သွားနိုင်တဲ့ ဇာတ်လမ်း၊ အခက်အခဲကြုံရချိန်မှာ ရှိလာတတ်တဲ့ မိသားစုသံယောဇဥ်စိတ်ကိုဖော်ကျူးနိုင်တဲ့ ဇာတ်လမ်းအဖြစ် အသိအမှတ်ပြုမိပါတယ်။ ဥရောပရုပ်ရှင်ဇာတ်ကားတွေထဲကမှ စပိန်ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း dialouge နည်းနည်း၊ idea များများ ပုံစံမျိုးနဲ့ လေးနက်တဲ့ရသတစ်မျိုး ခံစားမိမှာပါ။ စပိန်ဒါရိုက်တာ Daniel Calparsoro ကရိုက်ကူးပေးထားပြီး Luis Tosar၊ Inma Cuesta၊ Nourdin Batan၊ Patricia Vico၊ Lucas Nabor၊ Antonio Buil စတဲ့စပိန်သရုပ်ဆောင်များ ပါဝင်သရုပ်ဆောင်ထားပါတယ်။ IMDb rating 5.7 ရရှိထားပါတယ်။ File size…(1.7 GB)/(960 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:45:00 Genre…Action, Adventure, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ninja

0 2023 105 mins
All the Names of God
In the Blind Spot Im toten Winkel
6.8

In the Blind Spot (Aka) Im toten Winkel (2023) IMDb Rating (6.8) တူရကီနိုင်ငံမှာ ပြန်ပေးဆွဲခံလိုက်ရပြီး အသတ်ခံလိုက်ရတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်အကြောင်း ဂျာမဏီက ရိုက်ကူးရေးအဖွဲ့နေ ရုပ်သံမှတ်တမ်းလာရောက်ရိုက်ကူးရာကစတဲ့ ဇာတ်လမ်းပဲပြောပါတော့လေ။ ၇ နှစ်အရွယ် မလိခ် ဆိုတဲ့ ကလေးမလေးတစ်ယောက်က ကွယ်လွန်သူ ဝိညာဉ်တစ်ဦးနဲ့ ဆက်သွယ်မိနေပေမဲ့ သူ့ကို စိတ်ကူးယဉ်သူငယ်ချင်းလို့ပဲ ထင်နေပါတယ်။ ကလေးမလေး မလိခ် ရဲ့ ပြောကြားချက်တွေက ကွယ်လွန်သူရဲ့အကြောင်းတွေ၊ မိတ်ဆွေတွေ၊ သူ့ကိုသတ်သွားတဲ့သူတွေရဲ့ မိသားစုတွေအကြောင်းတွေ ဖြစ်နေခဲ့ပေမဲ့ စကားနည်းလွန်းတဲ့ ကောင်မလေးရဲ့အကျင့်ကြောင့် လူ‌ကြီးတွေက သိပ်သတိမထားမိပါဘူး။ ဒါပေမဲ့ မလိခ် က လူသတ်မှုကို ဘယ်သူက ဘယ်လိုကျူးလွန်ခဲ့တယ်ဆိုတဲ့အကြောင်း ထုတ်ပြောလာတဲ့အချိန်မှာ လူသတ်သမားရော၊ သူ့ဖခင်ရော ပြဿနာကြီးကြားထဲရောက်သွားခဲ့ပါတယ်။ ဒီတော့ လူသတ်သမားကြီးကရော၊ လူသတ်သမားကိုသိတဲ့ ဖခင်အနေနဲ့ရော ကိုယ့်ဘက်အမှုမပတ်ရအောင် ကြိုးစားကြပုံတွေကို ဟောဒီတူရကီဇာတ်ကားထဲမှာ ကြည့်ကြရပါမယ်။ ဇာတ်လမ်းကြောင်းက သိပ်ကိုရိုးရှင်းလွန်းလို့ မွှေနှောက်ပြီး ရှုပ်ထွေးအောင်လုပ်ထားတဲ့ တည်းဖြတ်မှုကို ခေါင်းရှုပ်ရှုပ်နဲ့ကြည့်ရမယ့်ဇာတ်ကားပါ။ အင်္ဂလိပ်စကားပြောတချို့ကို စာတမ်းမထိုးထားဘဲ မူရင်းတူရကီစကားကိုပဲ စာတန်းထိုးထား‌ပေမဲ့ ဇာတ်လမ်းကိုမထိခိုက်တဲ့အတွက် ဒီအတိုင်းပဲတင်ဆက်ပေးလိုက်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။)

6.8 2023
In the Blind Spot Im toten Winkel
Genius
6.5

Maxwell Perkins ဟာ နာမည်ကျော် အမေရိကန်စာရေးဆရာကြီးများဖြစ်တဲ့ The Great Gatsby ကို ရေးသားခဲ့သူ F. Scott Fitzgerald နဲ့ စာပေနိုဘယ်ဆုရှင် Ernest Hemingway တို့ကို တွေ့ရှိစင်တင်ပေးခဲ့သူ အယ်ဒီတာတစ်ဦးဖြစ်ပြီး ၁၉၂၉ ရဲ့ တစ်ခုသောနေ့မှာ သူ့ဆီကို စာမျက်နှာပေါင်း တစ်ထောင်ကျော်တဲ့ စာမူတစ်ထပ်ကြီး ရောက်လာပါတယ်။ အဲဒီစာမူပိုင်ရှင်က Thomas Wolfe ဆိုတဲ့ မထင်မရှား လူငယ်စာရေးဆရာတစ်ဦးဖြစ်ပြီး Maxwell ကလည်း စာမူကို အကြမ်းသဘော ဖတ်မိရာကနေ တစ်ပတ်တာလုံးလုံး ဇနီးနဲ့သမီးတွေကိုတောင် ဂရုမစိုက်အားဘဲ စာမူကို လက်ကမချစတမ်း ဖတ်ရှူမိပါတော့တယ်။ နောက်ဆုံးမှာ Maxwell ဟာ Thomas Wolfe နဲ့ တွေ့ဆုံပြီး ဒီစာမူကို စာအုပ်အဖြစ်ထုတ်ဝေဖို့ စာချုပ်ချုပ်လိုက်ရာကနေ “Look Homeward, Angel” ဆိုတဲ့ စာအုပ်ဖြစ်လာပြီး Thomas Wolfe ဟာလည်း အမေရိကန်စာပေသမိုင်းမှာ အရေးပါဆုံး စာရေးဆရာတစ်ဦး ဖြစ်လာခဲ့ပါတယ်။ တစ်ချိန်တည်းမှာလည်း Maxwell နဲ့ Thomas တို့အကြားမှာလည်း ထူးခြားလေးနက်တဲ့ ဆက်ဆံရေးမျိုးနဲ့ မမေ့နိုင်စရာ အဖြစ်သနစ်တွေ ပေါ်ပေါက်လာပါတော့တယ်။ ဒီဇာတ်ကားကို တိုနီဆုရ ဒါရိုက်တာ Michael Grandage ရိုက်ကူးထားပြီး ဉာဏ်ကြီးရှင် အယ်ဒီတာလို့ လူသိများတဲ့ Maxwell Perkins နဲ့ ဉာဏ်ကြီးရှင် စာရေးဆရာလို့ ထင်ရှားတဲ့ Thomas Wolfe တို့နှစ်ဦးအကြားက မတူကွဲပြားတဲ့ အယူအဆတွေနဲ့ လေးနက်တဲ့ ဆက်ဆံရေးအပြင် သူတို့မိသားစုတွေအပေါ် သက်ရောက်လာတဲ့ အကျိုးဆက်တွေကို ဖွဲ့ဆိုတင်ဆက်ထားတဲ့ Drama/History ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ အက်ဖ်စကော့ ဖစ်ဂျရယ်နဲ့ အားနက်စ်ဟဲမင်းဝေးတို့နဲ့ အဲဒီခေတ် အမေရိကန်စာပေလောကကိုလည်း တစေ့တစောင်း မြင်တွေ့နိုင်ပါသေးတယ်။ Maxwell အဖြစ် Collin Firth ၊ Thomas Wolfe အဖြစ် Jude Law ၊ Thomas ရဲ့ အတူနေချစ်သူအဖြစ် Nicole Kidman ၊ Scott Fitzgerald အဖြစ် Guy Pearce ၊ Ernest Hemingway အဖြစ် Dominic West တို့လို နာမည်ကျော် သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။ ဒရာမာ နှစ်သက်သူတွေ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ File size…(1.6 GB)/(750 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:44:00 Genre… Biography, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim

6.5 2016 104 mins
Genius
Mother
7.7

Missing You (2016) ******************* IMDb….7.7 ဒီရုပ်ရှင်ကတော့ Parasite ဒါရိုက်တာ Bong Joon Ho ရဲ့ နောက်ထပ် လက်ရာကောင်းလေးတစ်ခုဖြစ်တဲ့ Thriller Mystery genre လေးဖြစ်တဲ့ Mother ဆိုတဲ့ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ အဓိကသရုပ်ဆောင်တွေအနေနဲ့ တစ်ခေတ်တစ်ခါ မြန်မာပရိတ်သတ်တွေကြားမှာ ထယ်ဆောက်လို့နာမည်ကြီးခဲ့တဲ့ မင်းသား Won Bin, Nation’s mother လို့တောင် တင်စားလို့ရတဲ့ မင်းသမီးကြီး Kim Hye Ja, DOTS ကားထဲမှာ ဆောဒယ်ယောင်းအနေနဲ့ သရုပ်ဆောင်ထားတဲ့ မင်းသား Jin Goo တို့ပဲ ဖြစ်ပါတယ်။ -ဇာတ်လမ်းအညွှန်း- ၂၈ နှစ်အရွယ် ဉာဏ်ရည်မမှီတဲ့ သားဖြစ်သူ ယွန်းဒိုဂျွန်း (Won Bin) နဲ့အတူနေတဲ့ အမေ (Kim Hye Ja) ဟာ ဆေးဖက်ဝင်ဆေးပင်တွေနဲ့ တရားမဝင် အပ်စိုက်ကုထုံးကို ကုသပေးကာ နေထိုင်စရိတ်ရှာဖွေနေသူပဲဖြစ်ပါတယ်။ တစ်နေ့မှာတော့ ရပ်ကွက်ထဲက အထက်တန်းကျောင်းသူလေးတစ်ယောက် ရက်ရက်စက်စက်အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ရဲတွေဟာ ယွန်းဒိုဂျွန်းကိုစွပ်စွဲထိန်းသိမ်းထားလိုက်တဲ့အခါ ယွန်းဒိုဂျွန်းရဲ့အမေတစ်ယောက် သားဖြစ်သူအပြစ်မရှိကြောင်းကို သက်သေပြဖို့ သက်သေတွေကို ကိုယ်တိုင်ကြိုးစားရှာဖွေကာ ဘယ်လိုတွေ လုပ်ကိုင်သွားမလဲ… ထိုခက်ခဲလှတဲ့အခြေအနေတွေကြား သားဖြစ်သူအပေါ် ထားရှိတဲ့ အမေတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ဒါရိုက်တာ Bong Joon Ho ရဲ့ လက်ရာဖြစ်တဲ့အလျောက် လှည့်ကွက်ပေါင်းများစွာနဲ့ လှလှပပလေး ဖော်ပြထားတာမို့လို့ ကြည့်ရှုပေးကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Theint ပဲဖြစ်ပါတယ်…) File Size : 2,21GB/ 880MB Quality : Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…01:50:00 Genre : Crime, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Theint Encoded by Tiff

Drama • Fantasy • Mystery
7.7 2009 129 mins
Mother
Café Noir
7.5

Café Noir (2009) ************************** IMDb – 7.5 ဒီတစ်ခါမှာတော့ Extreme Job, Beyond Evil, The Auditors အစရှိတဲ့ ဇာတ်ကားတွေနဲ့ ပရိသတ်တွေ သိလာကြတဲ့ မင်းသားကြီး Shin Ha Kyun နဲ့ မင်းသမီး Moon Jeong Hee, Jung Yu Mi တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Cafe Noir ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါ့မယ်။ ရုရှားစာရေးဆရာ Fyodor Dostoyevsky ရဲ့ “White Nights” နဲ့ ဂျာမန်စာရေးဆရာ Johann Wolfgang von Goethe ရဲ့ “The Sorrows of Young Werther” စာအုပ်ကို အခြေခံထားပြီး အချစ်နဲ့အလွမ်းအဆွေးကို တစ်ပြိုင်နက်တည်း ခံစားရနိုင်တဲ့ ရုပ်ရှင်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ******************** ယောင်းဆူ (Shin Ha Kyun) ဟာ ဂီတဆရာတစ်ဦးဖြစ်ပြီး ကျောင်းသားမိဘဖြစ်တဲ့ မီယွန်း (Moon Jeong Hee) နဲ့ ချစ်ကျွမ်းဝင်ခဲ့ကြပါတယ်။ ဒါပေမဲ့ မီယွန်းရဲ့ ခင်ပွန်းဖြစ်သူ ပြန်လာတဲ့အခါမှာ မီယွန်းက လမ်းခွဲသွားခဲ့တဲ့အတွက် မီယွန်းရဲ့ ခင်ပွန်းကို သတ်ဖို့ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘဲ နောက်ဆုံးမှာတော့ သူချစ်ရတဲ့အမျိုးသမီးကို ပျော်ရွှင်စေဖို့အတွက် ထွက်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလိုမျိုး စိတ်ဒဏ်ရာတွေနဲ့ ယောင်းဆူဟာ တစ်နေ့မှာ ဆွန်းဟွာ (Jung Yu Mi) ဆိုတဲ့ အမျိုးသမီးနဲ့ တွေ့ဆုံပြီးနောက် ဆွန်းဟွာရဲ့ ဇာတ်ကြောင်းတွေကို နားထောင်ပေးရင် ချစ်မြတ်နိုးမိလာပါတော့တယ်။ ဒါပေမဲ့ ဆွန်းဟွာနဲ့ ပတ်သက်ပြီးတော့လည်း ထပ်တူညီတဲ့ စိတ်ဒဏ်ရာကိုပဲ ထပ်ရလာတဲ့အခါမှာတော့…. ဇာတ်အိမ်က ရုတ်တရက်ကြည့်ရင်တော့ ရိုးရှင်းတယ်ထင်ရပေမဲ့ ဇာတ်သိမ်းပြီးသွားတဲ့အခါမှာတော့ တွေးစရာတစ်ခု ချန်ထားပေးနိုင်တဲ့ ရုပ်ရှင်လို့ပဲ ပြောရပါလိမ့်မယ်။ ချစ်ခြင်းမေတ္တာနဲ့ အလွမ်းအဆွေးတွေအကြောင်းကို အနုပညာဆန်ဆန် ကြည့်ရှုခံစားလို့ရနိုင်တဲ့ ရုပ်ရှင်ကောင်းလေးဖြစ်တာကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Nyein Sandiက ရေးသားထားပါတယ်) File Size – 3.68 GB/ 1.31 GB Quality – WEB-DL 1080p/ 720p Duration – 3h 41m Format – mp4 Genre – Romance, Drama Subtitle – Myanmar Subtitle (Hard Sub) Translated by – Nyein Sandi Encoded by – Treasure Htet

7.5 2009 198 mins
Café Noir
Highway 65
5.9

Highway 65 (2024) IMDb Rating (5.9) ဒီဇာတ်ကားလေးကတော့ ၂၀၂၄ ခုနှစ်မှာ အစ္စရေး-ပြင်သစ် ပူးတွဲထုတ်လုပ်ခဲ့တဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ ကျေးရွာအသေးလေးမှာနေထိုင်တဲ့ ဒက်ဖနာဆိုတဲ့ ရဲက အမှုငယ်သေးလေးတွေကို နေ့စဉ်ဖြေရှင်းကနေ ရုတ်တရတ် အော်လီ ဆိုတဲ့ အမျိုးသမီး ပျောက်ဆုံးမှုကို ရင်ဆိုင်ရပါတော့တယ်။ ဒီအမျိုးသမီးကို ဘာလို့ဘယ်သူကမှ မရှာကြလဲဆိုတာ သူ့ စိတ်ထဲ တွေးနေခဲ့ပါတယ်။ ဒီပျောက်ဆုံးမှုကို ဒက်ဖနာ ဘယ်လိုကိုင်တွယ်ဖြေရှင်းပြီး ဘာတွေဖြစ်လာမလဲဆိုတာကို ဇာတ်ကားထဲမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားက Ophir award အတွက် ၉ကြိမ်တိုင် စာရင်းတင်သွင်းခံရပြီး ဆုပေါင်းများစွာ ရရှိခဲ့တဲ့ ဇာတ်လမ်းကောင်းလေးပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eaint Phu Khin ဖြစ်ပါတယ်။) File size… (1.5 GB) / (730 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Thriller Duration…. 01:43:10 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Double K Translated by Eaint Phu Khin

Action • Drama
5.9 2024 109 mins
Highway 65