YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

We Are S01E02 720p CM.mp4

213.32 MB N/A video/mp4 77 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Gardens of Stone
6.3

မင်းသားကြီး James Caan ရဲ့ Misery မထွက်ခင် ၁၉၈၇ ခုနှစ်ကထွက်ရှိထားတဲ့ကားပါ။ ဗီယက်နမ်စစ်ပွဲကာလ အမေရိကန်စစ်သားငယ်လေးတွေ စစ်မြေပြင်ကိုအပို့ခံရပြီး အများစုဟာ အသက်ရှင်လျက်ပြန်မလာနိုင်ကြတဲ့အခါ သူတို့တွေကို တပ်မတော်သုသာန် အာလင်တန်မှာမြေချပေးရတဲ့တာဝန်ကို ကင်းတပ်ကြီးမှာတာဝန်ထမ်းဆောင်ကြရတဲ့အရာရှိတွေက စစ်ရေးပြဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပပေးရပါတယ်။ ဒီကားက စစ်နောက်ခံထားပြီး စစ်မြေပြင်တိုက်ပွဲတွေအကြောင်းမဟုတ်ဘဲ စစ်ပွဲကာလ တိုက်ပွဲဝင်စစ်သားတွေရဲ့ ကျန်ရစ်ခဲ့တဲ့ မိသားစု၊ဆွေမျိုး၊မိတ်ဆွေတွေရဲ့ခံစားချက်ကို ပိုအလေးပေးဖော်ပြထားတာပါ ... အမေရိကန်ကင်းတပ်ကြီးရဲ့ ဗီယက်နမ်စစ်ပြန် ဂုဏ်ထူးဆောင်တပ်ကြပ်ကြီးကလဲဟာဇက်ဟာ ဗီယက်နမ်စစ်မြေပြင်ကို အပို့ခံနေရတဲ့စစ်သားငယ်လေးတွေကို စစ်‌မြေပြင်မှာဦးဆောင်လမ်းပြပေးပြီး အသက်မသေအောင်ကယ်တင်နိုင်အောင်လို့ ဗီယက်နမ်အခြေစိုက် ဘန်းနင်းခံတပ်ကို တာဝန်ပြောင်းပေးဖို့လျှောက်တဲ့အခါ အထက်လူကြီးက ပယ်ချလိုက်ပါတယ် အဲ့ဒီအချိန်မှာ ဆာဂျင်ဟာဇက်ရဲ့ ကိုရီးယားစစ်ပွဲကာလမှာတုန်းက ရဲဘော်ရဲဘက်တွေဖြစ်ခဲ့တဲ့မိတ်ဆွေဟောင်းတစ်ယောက်ရဲ့သား ဂျက်ကီဝီလ်လိုတစ်ယောက် ကင်းတပ်ကြီးကိုရောက်လာပါတယ် သူ့သားလေးကို အစစအရာရာသင်ပြပေးဖို့အတွက်လည်း ဆာဂျင်ဟာဇက်ဆီကို စာပါးပေးခဲ့ပါတယ် အဲ့‌ဒီကောင်လေးက စစ်သားတစ်ယောက်ဟာ စစ်‌ဖြစ်နေရင် စစ်မြေပြင်မှာတာဝန်ထမ်းဆောင်ရမယ် ဆိုတဲ့အစွဲနဲ့ သူက ဗီယက်နမ်စစ်မြေပြင်ကို အပြောင်းလျှောက်ချင်နေတဲ့သူပါ ဆာဂျင်ဟာဇက်က ဒါကိုသိတော့ နားချဖို့ကြိုးစားရင်း စစ်သားတစ်ယောက်သိသင့်သိထိုက် တတ်သင့်တတ်ထိုက်တဲ့အရာတွေကို သင်ပြပေးပါတယ် ဒီတော့ဆာဂျင်ဟာဇက်ရဲ့အကြံ အောင်မလား မအောင်ဘူးလားဆိုတာကတော့ ကိုယ်တိုင်ဆက်လက်ခံစားကြည့်ရှုလိုက်ပါဦး File size…(1.8 GB)/(1.2 GB)/(660 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:51:00 Genre...Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Aye Thida Kyaw (rivn)

6.3 1987 111 mins
Gardens of Stone
Epic Tails
6.4

Epic Tails (2022) Yolcos ဆိုတာ ရှေးခေတ်ဂရိနိုင်ငံမှာ သာယာဝပြောတဲ့ ဆိပ်ကမ်းမြို့လေးတစ်မြို့ဖြစ်ပါတယ်။ အဲဒီမြို့လေးမှာ သူရဲကောင်း Jason ရယ် သူ့ရဲ့နောက်လိုက်အဖွဲ့ Argonauts ရယ်က စွန့်စားခန်းတွေ များစွာထွက်ပြီး နောက်ဆုံးမှာ မြို့ကို သာယာဝပြောအောင်လုပ်ပေးနိုင်တဲ့ Zeus နတ်ဘုရားရဲ့ အစွမ်းရှိတဲ့ ရွှေရောင်သိုးမွှေးတောင်လေးကို ယူလာပေးနိုင်ခဲ့ပါတယ်။ အဲဒီသိုးမွှေးတောင်အစွမ်းကြောင့် လူတွေတင်မကဘူး တိရစ္ဆာန်တွေပါ အချင်းချင်းအဆင်ပြေသင့်မြတ်နေကြတဲ့မြို့လေးပါ။ ကြွက်ကလေး ပက်တီကတော့ သူ့ကိုမွေးစားထားတဲ့ ကြောင်ကြီး ဆမ်နဲ့အတူတူနေနေပေမယ့် သူရဲကောင်း Jason ကို အရမ်းအားကျပြီး စွန့်စားခန်းတွေ ထွက်ချင်နေတဲ့သူပေါ့။ တစ်နေ့မှာတော့ သူတို့မြို့လေးကို Poseidon နတ်ဘုရားက အမျက်ဒေါသထွက်ပြီး တောင်းဆိုချက်တစ်ခုကို တစ်ပတ်အတွင်းအပြီးလုပ်ဖို့ အမိန့်ပေးလိုက်ပါတယ်။ ရွှေရောင်သိုးမွှေးတောင်ကို သိမ်းသွားတဲ့အပြင် တစ်ပတ်အတွင်း တောင်းဆိုချက်ကို လုပ်မပေးနိုင်ရင် မြို့ကို ဖျက်ဆီးပစ်တော့မှာမို့ မြို့သူမြို့သားတွေသာမက တိရစ္ဆာန်လေးတွေပါ ထိတ်လန့်ကုန်ကြပါတယ်။ သူရဲကောင်း Jason ကလည်း အဖိုးကြီးဖြစ်နေပြီးတော့ Argonauts အဖွဲ့သားတွေကလည်း သေဆုံးကုန်ပါပြီ။ အဲဒီအခြေအနေမှာ ပက်တီနဲ့ တိရစ္ဆာန်လေးတွေက ဘယ်လိုဝင်ကူညီပြီး မြို့ကိုကယ်တင်ပေးမလဲဆိုတာ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါနော်။ IMDb 5.9 ရရှိထားပြီးတော့ Animation ပရိတ်သတ်တွေ အကြိုက်တွေ့စေမယ့်ကားလေးပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။

Drama • Mystery
6.4 2023 95 mins
Epic Tails
Starship Troopers
7

ကျွန်တော်တို့ ၉၀ ခုနှစ်ကျော်က Sci-fi ကားကောင်းတွေအကြောင်း ပြောမယ်ဆိုရင် Star Wars တွေ Star Trek တွေ Alien တို့လောက်နဲ့ မပြီးဘူးဗျ ဒီ Starship Trooper ကို ဇာတ်ကားနာမည်သာ မသိမယ် ဓားခုတ်ကောင်ကြီးတွေနဲ့ ချတယ်ဆိုပြီး လူတိုင်းငယ်ဘဝက ကြည့်ခဲ့ဖူးကြမယ် ထင်ပါတယ် (တချို့အခန်းတွေအကြောင်းလည်း ပါမယ်ပေါ့လေ)။ ထားပါ ပြောချင်တာက သူကတော့ Franchise အနေနဲ့ ၃ ကားထိ ထွက်ရှိထားတာ ဖြစ်ပါတယ် အကုန်လုံး တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ဒါရိုက်တာဖြစ်တဲ့ Paul Verhoeven ဆိုရင်လည်း တခြား Robocop တို့ Hollow Man တို့ကို ရိုက်ကူးထားတဲ့လူပါ။ နောက်ပြီး ၁၉၉၈ ခုနှစ် အော်စကာဆုပေးပွဲမှာ Best Visual Effect စကာတင်လည်း ဝင်ခဲ့ပါသေးတယ် (Titanic နဲ့ Jurassic World ဆိုတော့ ယှဉ်မရဘူးပေါ့လေ) ဇာတ်လမ်းအကျဉ်းကတော့ နောင်အနာဂတ်တွေမှာ ကမ္ဘာကြီးတစ်ခုလုံးက နိုင်ငံတွေအနေနဲ့ ရှိမနေတော့ပဲ ဖက်ဒရယ်အစိုးရနဲ့ ဖက်ဒရယ် ပြည်ထောင်စုလိုက်ကြီး ဖြစ်နေပါပြီ။ ရန်စွယ်အနေနဲ့ကလည်း ကလန်ဒတ်သူဂြိုလ်က အယ်ရာခနစ်ဆိုတဲ့ ပိုးကောင်တွေဖြစ်ပြီး သူတို့ကလည်း ဥက္ကာခဲတွေ လွှတ်ပြီး တိုက်ခိုက်တယ်ပေါ့လေ။ အဲဒီအချိန် ဖက်ဒရယ်ပညာရေးကျောင်းမှာ သူငယ်ချင်း ၃ ယောက်ရှိကြတယ် ရီကိုရယ် ကားလ်ရယ် ကာမန်ရယ်ပေါ့၊ ရီကိုနဲ့ ကာမန်က အတွဲ၊ ရီကို့ကို ခိုးကြိုက်နေတဲ့ ကောင်မလေး ဒစ်ဇီဆိုတာလည်းရှိတယ်။ ကားလ်နဲ့ ကာမန်ကတော့ ဖက်ဒရယ်စစ်တာဝန် ထမ်းဆောင်ချင်ကြသူတွေပေါ့၊ ရီကိုကတော့ သူဌေးသား စိတ်ကသိပ်မပါပေမယ့် ကောင်မလေး ကာမန်သဘောကျအောင် မိဘတွေ တားနေရက်နဲ့ စစ်ထဲဝင်ချင်တဲ့ကောင်ပေါ့လေ။ ဖြစ်ချင်တော့ ဖက်ဒရယ်စနစ်မှာ အမျိုးအစားက ၃ နေရာရှိတယ် ပထမ ဉာဏ်အတော်ဆုံး ဆရာကြီးဌာနက ထောက်လှမ်းရေးပေါ့လေ (စိတ်စွမ်းအားရှိတဲ့လူတွေကို ပျိုးထောင်ပေးတဲ့နေရာ) အဲဒီကို ကားလ်က ရောက်သွားခဲ့တယ်၊ ဒုတိယကတော့ ယာဉ်တန်းစု တပ်ဖွဲ့ကြီး၊ ယာဉ်အမျိုးအစားပေါင်းစုံ မောင်းနှင်ရတာပေါ့၊ အဲဒီမှာက ပိုင်းလော့ဖြစ်ချင်တဲ့ ကာမန်ရောက်သွားတယ်၊ တတိယအနေနဲ့ကတော့ သချာၤနဲ့ အမျိုးအစားခွဲပါတယ်ဆိုမှ အမှတ်အနည်းဆုံးရရင် သွားရတဲ့ ခြေလျင်တပ်ရင်း ဖြစ်ပါတယ် ရီကိုတစ်ကောင် ဒီကိုရောက်သွားတာပေါ့၊ သူ့ကို ကြိုက်နေတဲ့ ဒစ်ဇီကလည်း ဒီကိုရောက်လာပါတယ်။ ဒီလိုနဲ့ ကိုယ်စီ ကြိုးစားလေ့ကျင့်နေကြတုန်း ရန်သူတွေဖြစ်တဲ့ အယ်ရာခနစ်တွေ ခြေလှမ်းစလှမ်းလိုက်တဲ့အခါမှာတော့……….။ ရုပ်ရှင်တစ်ကားများ ကောင်းပြီဆို ဘယ်နှခုနှစ်ကထွက်တာဖြစ်ဖြစ် ကြည့်လို့ကောင်းနေဆဲပဲ။ တစ်ခုရှိတာက အပေါ်ပိုင်းတွေ လွတ်လပ်စွာ တင်ဆက်ထားတဲ့ R Rated ကားဖြစ်တဲ့အတွက် ကြည့်ရှုမယ်ဆို သတိပြုစေလိုပါတယ် သွေးသံရဲရဲ သတ်ဖြတ်မှုတွေလည်း ပါဝင်ပါတယ်။ ကဲ Old School တွေ ပြန်ခံစားလိုက်ကြရအောင်ဗျာ

Comedy • Romance
7 1997 129 mins
Starship Troopers
Raya and the Last Dragon
7.9

IMDb Rating - 7.8 ဟိုးရှေးရှေးတုန်းကပေါ့ဗျာ ..... ပုံပြင်ဆိုတော့ ဒီလိုပဲ စရမယ်လေနော့။ ကူမန်ဒြာ ဆိုတဲ့ တိုင်းပြည်မှာ လူတွေရယ် နဂါးတွေ ရယ် အတူတူ နေကြသတဲ့။ တစ်နေ့မှာတော့ ဒရွန်း ဆိုတဲ့ ကျောက်ရုပ်ဖြစ်စေနိုင်တဲ့ မိစ္ဆာတွေက လာရောက်အနိုင် ကျင့်ကြတဲ့အခါမှတော့ ...... နဂါးတွေက လူတွေကို ကူညီတိုက်ခိုက်ပေးကြပါတယ်။ နဂါးတွေရဲ့ အစွမ်းတွေ စုထားတဲ့ ရတနာနဲ့ ဒရွန်း မိစ္ဆာတွေကို အနိုင်တိုက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကူညီတဲ့ နဂါးတွေအားလုံး ကျောက်ရုပ်တွေ ဖြစ်သွားကြပြီး နဂါးတစ်ကောင်ကတော့ ရှင်ကျန်နေရစ်ခဲ့ပါတယ်။ ကူမန်ဒြာ တိုင်းပြည်ကြီးလည်း လူမျိုးစု ၅ စု ကွဲသွားသလို ရတနာကလည်း ၅ ပိုင်း ကွဲသွားခဲ့ပါတယ်။ နောက် နှစ် ၅၀၀ အကြာမှာတော့ ဒရွန်းတွေ ပြန်ပေါ်လာခဲ့ပါတယ်။ နှလုံးသားမျိုးနွယ်စု ခေါင်းဆောင်ရဲ့ သမီးလေး ရာယာ က နောက်ဆုံးကျန်ခဲ့တဲ့ နဂါး ကို ရှာဖွေပြီး ဒရွန်းတွေကို နှိမ်နင်းဖို့ ကြိုးစားတဲ့အခါမှာတော့ ..... IMDb - 7.8/10 ရထားတဲ့ Animation ကားကောင်း တစ်ကားလည်း ဖြစ်ပါတယ်။ ဝေါ့ဒစ္စနေး ရဲ့ အခင်းအကျင်းတွေအတိုင်း နောက်ခံတေးဂီတကောင်းကောင်း၊ အထူးပြုလုပ်ချက်ကောင်းတွေနဲ့ ဆိုတော့ ကြည့်ရတာ အတော်ကောင်းတဲ့ ကာတွန်းကားပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို August မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူကတော့ Littleneo ပဲဖြစ်ပါတယ်။) File size…(3.4 GB) / (1.9 GB) / (1.8 GB) / (900 MB) Quality….BluRay 4K HEVC / HEVC 1080p / WEBRip 1080p / 720p Format…mkv/mp4 Duration….01:47:29 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Littelneo

7.9 2021 107 mins
Raya and the Last Dragon
A Star Is Born
7.5

စင်ပေါ်မှာ မြူးကြွသံစဉ်တွေနဲ့ တစ်ပွဲပြီးတစ်ပွဲ ပရိတ်သတ်တွေကိုဖျော်ဖြေလာတဲ့ ဂျက်ဆန်မိန်း စင်ပေါ်မတက်ခင် backstage မှာ တစ်ပတ်လောက်ကလဲ ကစ်တတ်သေး ပိုင်ဆိုင်မှုမြောက်မြားစွာရှိပေမယ့် ဘဝမှာ အဓိပ္ပာယ်ရှိတဲ့တစ်စုံတစ်ရာကို မေ့ပျောက်နေခဲ့ တဲ့ဂျက်ဆန်မိန်း သူ့အတွက် အိမ်ဆိုတာ မရှိဘူး စွဲလန်းမက်မောမှု ဆိုတာလဲ မရှိဘူး သူ့မှာရှိတာ ဂစ်တာ သူသိတဲ့ သူ့အပေါ်သစ္စာရှိတဲ့ ဒီဂစ်တာတွေပေါ်မှာပဲ သွယ်လျတဲ့ လက်ချောင်းလေးတွေတင်ပြီး ဂီတကို ကွန့်မြူးလာခဲ့တဲ့ဂီတဂုရုတစ်ယောက် လောကကြီးက တရားပါတယ် သင်မသိလိုက်တဲ့ အချိန်လေးတွင်းမှာ သင့်အတွက် ရွေးချယ်စရာတွေ ပေးနှင့်ပြီးသားပါ ကံကြမ္မာ အလှည့်အပြောင်းကြောင့် သာမည ဘားလေးတစ်ခု မှာ သိပ်လှတဲ့ စွမ်းအင်တစ်ခု သူသွားတွေ့မိတယ် ကိုယ်တိုင်က အံ့မခန်းသြချရတဲ့ သီချင်းတွေ ဆိုလာတဲ့ မုတ်ဆိတ်ထူလပျစ်နဲ့ ဂျက်ဆန်မိန်းကြီး အခုကျစကားတစ်ခွန်းတောင် မဟနိုင်တော့ပါလား သူ့ဘဝမှာဒီလိုဖြစ်တာ ဒါပထမဆုံးလို့တောင်ပြောရမယ် သူ့ကိုစီးမြောအောင် လုပ်သွားတဲ့ အဲ့စွမ်းအင်နုနုလေးက အယ်လီ လေ ပါရမီရှိပေမယ့် ယုံကြည်မှုမရှိလို့ ဘားမှာအဆိုကျော် လုပ်ရတဲ့အယ်လီလေး ဂျက် စိတ်ထဲမှာဆွဲခေါ်ချင်စိတ်တွေ တဖွားဖွားဖြစ်လာတယ် ပတ္တမြားမှန်ရင်တော့ နွံမနစ်စတမ်းပါ အယ်လီ့ကို ယုံကြည်မှုလေးထားတတ်ဖို့ သူလုပ်လိုက်နိုင်ခဲ့တယ် တချိန်က အဖော်မဲ့နေတဲ့ သူ့ဂစ်တာနဲ့ စင်ထက်ကမိုက်လေးမှာ အခုတော့ နတ်မိမယ်လေးကအဖော်အဖြစ်နေပေးပြီလေ ဂျက်ဘဝမှာ အဓိပ္ပာယ်ရှိတဲ့ဝန်းကျင်လေးတစ်ခု တဖန်ပြန်ခံစားလိုက်ရတယ် စွမ်းအားပြင်းတဲ့ ဂီတအသံလှိုင်းလေးတွေကပဲ သူတို့နှစ်ယောက်အတွက် အချစ်ဆိုတဲ့ ရင်သွေးလေးကိုမွေးဖွားပေးလိုက်ပြီလေ ဂျက်ဆန်အသဲနင့်အောင်ချစ်မိသွားပြီ အယ်လီဆိုသူ့ထက်တောင်ပိုမလားပဲ အပွဲပွဲနွှဲခဲ့တဲ့ ရလဒ်ကြောင့် ဂျက်ဆန်  ဆေးရော အရက်ပါဆွဲနေခဲ့ပြီ တဖက်မှာ လဲ အယ်လီက လေသလပ်လိုက်တဲ့ မီးခဲလို သူမအောင်မြင်မှုကလဲဟုန်းဟုန်းတောက်ပဲ မထင်မှတ်တာတွေက ကိုယ်မထင်ထားတဲ့ အချိန်မှ ဖြစ်တတ်စမြဲပဲလေ အချစ်ဆိုတဲ့ရသ ဂီတရဲ့ ဝိညာဉ်ကို အကောင်းဆုံးဖော်ကျူး ထားတဲ့ ကားလေးလို့ မြင်မိပါတယ် ဂျက်ဆန်မိန်းတဖြစ်လဲ Bradley Cooper အယ်လီတဖြစ်လဲ Lady Ga Ga ကသရုပ် ဆောင်ပေးထားပါတယ် အခွီကားတွေပဲအရိုက်များတဲ့ Cooper တစ်ယောက် အခုတော့ အဆွေးသီချင်းတွေ ဆိုတဲ့ဂစ်တာသမားကြီးကိုဖြစ်လို့ Lady Ga Ga ကတော့ ပြောစရာလိုမယ်မထင် ဒီကားလေးမှာ အထွေထူးပြောချင်တာတော့ တစ်ခုပဲရှိပါတယ် အဲ့ဒါက သီချင်းတွေပါ သူတို့နှစ်ယောက်ရဲ့ သံယောဇဉ် သူတို့ နှစ်ယောက်ရဲ့ တွယ်တာမှု အတိမ်အနက် ဘယ်လောက်ရှိလဲ ဆိုတာ သီချင်းတွေကပဲ ဖော်ကျူးထားတာပါ သီချင်းတွေကအပုဒ် တိုင်းကိုကောင်းပါတယ် အခုလိုကားမျိုးတွေ ကျနော်အကြည့်နည်းလို့လားတော့မသိဘူး သီချင်းနဲ့ပေးချင်တဲ့ message သရုပ်ဆောင် နှစ်ယောက်ရဲ့ acting ပိုင်း အံဝင်ခွင်ကျ အတော်လေး ဖြစ်တယ်လို့ မြင်မိပါတယ် တစ်ယောက်တည်း နားကြပ်တပ်အသံကုန်ဖွင့် ကြည့်မယ်ဆို ကျက်သီးပါ ထအောင်ကောင်း တဲ့ ကားမျိုးပါ ဒီရုပ်ရှင်ကားကို ဟိန်းသက်နိုင် က ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ် စာသား အမှားများ ဘာသာပြန်အမှားများ ရှိပါက နားလည် ဖြည့်စွတ် ကြည့်ပေးကြပါလို့

Adventure • Fantasy
7.5 2018 136 mins
A Star Is Born
Spider-Man: Homecoming
7.3

Tobey Maguire နဲ့ Andrew Garfield တို့ပြီးတဲ့နောက်မှာ သုံးကြိမ်မြောက် Reboot လုပ်ခဲ့တဲ့Tom Holland ရဲ့ တကယ့်ကို လူငယ်ဆန်တဲ့ အငွေ့အသက်တွေလွှမ်းခြုံနေတဲ့Spider Man Homecoming ဟာ ၂၀၁၆နှစ်ကုန်ပိုင်းမှာ ထွက်လာတဲ့ Marvel Comic ဖန်တွေ အကြိုက်လောက်ဆုံး Spider Man Reboot Movie တစ်ခုဖြစ်ခဲ့ရပါတော့တယ် Tobey နဲ့ Andrew အလွန် ၂၀၁၆မှာတော့ ကျွန်တော်တို့လို Comic Fan တွေအတွက် Cilvil War မှာ လူငယ်မင်းသား Tom Holland က ဆန္ဒတွေ ဖြည့်ဆည်းပေးလိုက်တော့တယ်။ သူ့ကို စတင် Cast လုပ်လိုက်လိုက်ချင်း ဝေဖန်သံတွေ ပေါ်ထွက်ခဲ့ပေမယ့်အဲဒီ ဝေဖန်သံတွေကို Civil War မှာ Tony Stark ရဲ့ Underoses ဆိုတဲ့ စကားနဲ့ Spidey လက်သစ်ရဲ့ Hello Everyone ဆိုတဲ့တစ်ခွန်းတည်းနဲ့ ပယ်ဖျက်ခဲ့တယ်။ " တခြားစူပါဟီးရိုးတွေလို ရင့်ကျက်မှုမရှိသေးမယ့် CW ကဖြစ်ရပ်တွေထဲ ဝင်ပါခဲ့ရပြီးတဲ့နောက် Peter Parker ဟာ သူ့ကိုအချိန်ပြည့် စောင့် ကြည့်ထိန်းမတ်ပေးနေတဲ့ Tony Starkရဲ့ အုပ်ချုပ်မှုအောက်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ဝတ်စုံအသစ်နဲ့အတူ နေ့တိုင်း မှုခင်းတိုက်ဖျက်နေခဲ့ပါတယ်။ Parker ဟာ သူ့ရဲ့ အခင်ဆုံး သူငယ်ချင်း Ned နဲ့အတူ သာမန်ရိုးရှင်းတဲ့ အထက်တန်းကျောင်းသား ဘဝကို အတွဲညီညီဖြတ်သန်းနေသလို Lizဆိုတဲ့ ကောင်မလေးတစ်ယောက်ကိုပါ ခွက်ရှ်နေခဲ့ပါတယ်။ သို့သော်လည်းပဲ Tony Stark ရဲ့ လက်နက်ထိန်းချုပ်ရေး ပရိုဂရမ်ကြောင့် အမြစ်တည်ပျံ့ပွားလာတဲ့ အမုန်းတရားတွေရဲ့သားကောင် Vulture ဆိုတဲ့ Villain တစ်ယောက်ပေါ်လာချိန်မှာတော့ အတွေ့အကြုံအကြီးကြီး မရှိသေးတဲ့ Spidey လေးခင်မျာ အားကုန်သုံးပြီး ပြန်တွန်းလှန်ရပါတော့တယ်.... ။ " ‌ဒီကားဟာ Tomရဲ့ Solo Film ဖြစ်တဲ့အတွက် သူအတွက် လုပ်ပိုင်ခွင့်တွေ ပိုရလာခဲ့သလို Comic ထဲကလို ပျော်ပျော်နေတတ်တဲ့ Friendly Neighborhood Spidey လေးကို မြင်တွေ့ခဲ့ရတယ်။ သူ့ရဲ့ စိတ်ဓာတ်၊ သူ့ရဲ့ စွမ်းအား၊ သူ့ရဲ့ လုပ်နိုင်စွမ်းတွေဟာ ဒီကားနဲ့အတူ နောင်လာမယ့် ကားတွေမှာပါ ကျွန်တော်တို့ အချစ်တော် Spidey လေးဖြစ်လာမယ်ဆိုတာတော့ ဘယ်လိုမှ လွဲမယ်မထင်ပါဘူး...။ (ဇာတ်လမ်းအညွှန်းကိုတော့ Y မှရေးပေးထားတာဖြစ်ပြီး ဘာသာပြန်သူကတော့ Little Neo ပါ) ++++++++++++++++++++++++++++++++++++++++++++++++++++++ Marvel Cinematic Universe Intro ======================= Marvel ထုတ်လုပ်ရေးမှ Marvel Cinematic Universe(MCU) ကို လွန်ခဲ့တဲ့ ၁၀ နှစ်က စပြီးတည်ဆောက်ခဲ့ပါတယ်။ ပထမဆုံး ဇာတ်လမ်းဖြစ်တဲ့ Iron Man-1 နဲ့ဖြစ်ပါတယ်။ နောက်ဆုံးအပိတ်ကတော့ Endgame (2019) ဖြစ်ပါတယ်။ Marvel Universe မှာ Infinity Stone လို့ ခေါ်တဲ့ စွမ်းအား အကြီးဆုံး ကျောက်တုံး(၆) လုံးရှိပါတယ်။ အဲဒီကျောက်တုံးတွေဟာ စကြဝဠာအနှံ့မှာ ပြန့်ကျဲနေတယ် ဆိုပါတော့။ ကျောက်တုံးတစ်တုံးချင်းစီမှာ သီးခြားအစွမ်းတွေ ရှိပြီး သာမာန်လူတွေ ကိုင်တွယ်သုံးစွဲဖို့ မဖြစ်နိုင်သလောက်ပါပဲ။ Infinity War ရဲ့ အဓိက ဗီလိန်ဖြစ်တဲ့ Mad titan လို့ခေါ်ကြတဲ့ Thanos က ဒီကျောက်တုံးတွေကို စုစည်းပြီး စကြဝဠာကို သူ့သဘောအတိုင်းဖန်တီးဖို့ကြိုးစားပါလိမ့်မယ်။ ဒါကို Avengers( Captain America, Iron Man, Hulk, Thor, Black Widow, Hawkeye, Vision,Scarlet Witch,Antman,Falcon) တို့နဲ့ Spiderman, Doctor Strange, Black Panther, Guardians of the Galaxy အဖွဲ့တို့ ပူးပေါင်းတားဆီးကြရင်း ဖြစ်လာတဲ့ စစ်ပွဲပါ။ Infinity Stones 6 လုံးရဲ့ တည်နေရာတွေကတော့ ၁. Space Stone aka Tesseract (Blue) (Captain America: the first avenger ဇာတ်ကားမှာ နာဇီတွေဆီက လုယူရတဲ့ ကျောက်တုံးဖြစ်ပြီး Avengers ဇာတ်ကားမှာ လိုကီက ဂြိုလ်သားတွေကို ကမ္ဘာကိုခေါ်ဖို့ ဝင်ပေါက်ဖွင့်တဲ့နေရာမှာ အသုံးပြုခဲ့ပါတယ်၊ လက်ရှိကတော့ Asgard ဂြိုလ်ပေါ်မှာ သိမ်းဆည်းခဲ့ရင်း Thor: Ragnarok ကားအဆုံးမှာ လိုကီ ခိုးယူခဲ့တာကို တွေ့ရမှာပါ) ၂။ Reality Stone aka Aether (Red) ( စကြဝဠာကို Big Bang မတိုင်ခင်အထိတောင် ပြန်ပြောင်းပစ်နိုင်ပါတယ်။ Thor 2: The Dark World မှာ ပါလာခဲ့ပြီး နောက်ဆုံး credit scene မှာ Collector ဆိုသူဆီမှာ သိမ်းဆည်းထားပါတယ်) ၃။ Power Stone (Purple Orb) ( ဂြိုလ်တစ်ခုလုံးကို အသာလေးဖျက်ပစ်လို့ရတဲ့ raw power တွေပါပါတယ်။ Guardian of the Galaxy 1 မှာ ပါဝင်ခဲ့ပြီး Xander က Nova Corps စစ်တပ်လက်ထဲမှာ သိမ်းဆည်းထားပါတယ်။) ၄။ The Time Stone ( The Eye of Agomotto, Green) ( အချိန်ကို လိုသလိုအသုံးချနိုင်ပါတယ်။ Doctor Starnge ဇာတ်လမ်းမှာ ပါဝင်လာပြီး လက်ရှိ ဒေါက်တာ စထ်ရိန့်က စောင့်ရှောက်ထားပါတယ်) ၅။ Mind Stone (Yellow) ( ဉာဏ်ရည်ကို မြှင့်တင်ခြင်းနဲ့ စိတ်ညို့ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ Avengers 1 မှာ ပါဝင်ခဲ့ပြီး လက်ရှိ Vision ရဲ့ နဖူးထဲမှာ မြှပ်ထားတာပါ) ၆။ Soul Stone (Orange) ( သက်ရှိ သက်မဲ့ အခြေအနေတွေကို ထိန်းချုပ်နိုင်ပါတယ်။ Planet Vormir မှာရှိပါတယ်။ ) အဆိုပါ ကျောက်တုံး ၆ တုံးကို သုံးနိုင်ဖို့ Infinity Gauntlet ဆိုတဲ့ လက်အိတ်ကို လိုပါတယ်။ အဲဒီလက်အိတ်ကိုတော့ Thanos ပိုင်ဆိုင်ထားပါတယ်။ ဒီလောက်ဆို Marvel Universe ကိုကြည့်ဖို့ အကြမ်းဖျဉ်းလုံလောက်ပြီ ထင်ပါတယ်။ File size…(6.3 GB)/(1.6 GB)/(850 MB) Quality….BluRay 4K HEVC/ DS4K 1080p / 720p Format…mkv/mp4 Duration….02:13:28 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Little Neo

Drama
7.3 2017 133 mins
Spider-Man: Homecoming
Seththumaan
6.4

ဘောလိ၀ုဒ် ပရိသတ်များအတွက် မြင်ဖူးကြည့်ဖူးနေကြ ဇာတ်အိမ်လေးမဟုတ်ဘဲ တမူထူးခြားနေတဲ့ ဇာတ်အိမ်ကို ဖွဲ့စည်းတင်ဆက်ရိုက်ကူးထားတဲ့ Sethuthumaan မြန်မာလို ” ဝက် ” လို့ အမည်ရတဲ့ ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါရစေ ။ အိန္ဒိယနိုင်ငံ ရွာလေးတစ်ရွာကို အခြေပြုရိုက်ကူးထားပြီး ခြင်းတောင်းလေးတွေကို ရက်လုပ်ရောင်းချပြီး ရိုးသားကြင်နာတတ်တဲ့အဘိုးအို ပူချီပါး ….. သူတို့ရွာရဲ့ ဟိန္ဒူအမျိုးဇာတ် ခွဲခြားမှုကြောင့် ဖြစ်ပွားခဲ့အဓိကရုဏ်းမှာ မိဘနှစ်ပါးလုံးဆုံးပါးပြီး လောကကြီးအလယ်မှာ တစ်ဦးတည်း အဘိုး ပူချီနဲ့ ကျန်ရစ်ခဲ့ရှာတဲ့ မြေးလေး ကူမရီဆန် ….. အဘိုး ပူချီကတော့ မြေးလေးကို ကျောင်းကောင်းကောင်းမှာထား ပညာတွေသင်ပြီး ဘ၀ကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းစေချင်ခဲ့တဲ့ အိပ်မက်အကြီးကြီးကို လွယ်ထားရတဲ့ မြေးချစ်အဘိုးပေါ့ …. အဘိုးပူချီရဲ့ မြေရှင် ဒေါသအိုး ဗယ်လရမ်က အဘိုးပူချီ့ကို ဒေသခံအစားကြူးတဲ့သူတွေ ကြိုက်ကြတဲ့အသားဖြစ်ပြီး အမျိုးဇာတ်ထိန်းသိမ်းသူတွေ ရှုံ့ချတဲ့ အသားဖြစ်တဲ့ ” ဝက်သား “ကို စားချင်လို့ ဝက်ရှာခိုင်းတဲ့အခါ ပူချီတို့ မြေးအဘိုးနှစ်ယောက် အလုပ်ရှုပ်ကြပါတော့တယ်။ ဒါပေမယ့်လည်း ဝက်ကိုပေါ်ပြီးချိန်မှာတော့ ဒေါသအိုးမြေရှင် ဗယ်လရမ်လိုပဲ ဝက်သားကြိုက်သူ ရွာသားတို့စုစည်းလာပါတော့တယ် …. အဲဒီထဲမှာမှ ဝက်သားလေးနဲ့ အရက်လေးကို မြည်းပြီး သောက်ရင်းစားရင်း မူးလာကြတဲ့အခါမှာ နဂိုကမှ မာနကြီးပြီး ဒေါသကြီးကြတဲ့ မြေရှင်တို့ ဘာဆက်ဖြစ်ကြမလဲ ….. ပြီးတော့ အဘိုး ပူချီနဲ့ မြေးလေးကရော ဒီလို တင်းမာမှုတွေကြားထဲကနေ ဘယ်လိုရှေ့ဆက်သွားမလဲ ဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦးနော်

Comedy • Drama • Family
6.4 2021
Seththumaan
[21+] Frivolous Lola (1998) Monella
5.1

အီတလီဒါရိုက်တာ Tinto Brass ဇာတ်ကားဆိုရင်တော့ သဘောပေါက်လိုက်ပါတော့။ လိုလာဆိုတာ အီတလီနယ်မြို့လေးတစ်မြို့ရဲ့ဆယ်ကျော်သက်မိန်းမငယ်လေးတစ်ယောက်ဖြစ်ပြီး၊ သူ့ချစ်သူနဲ့ စေ့စပ်ထားတဲ့ သတို့သမီးလောင်းလေးတစ်ယောက်လဲဖြစ်ပါတယ်။ ဒါပေမယ့် လင်ကောင်မပေါ်ပဲ သူ့ကိုမွေးတယ်လို့ လူတွေဆိုကြတဲ့ သူ့မိခင်၊ မိန်းမရှုပ်တယ်လို့နာမည်ကျော်တဲ့အမည်ခံဖခင်တို့ကြောင့်ရော သူကိုယ်တိုင်ရဲ့လော်လည်တဲ့အနေအထိုင်တွေကြောင့်ပါ မြို့နေမိန်းမသားတွေကြားမှာ နာမည်ဆိုးနဲ့ကျော်ကြားပါတယ်။ လိုလာဟာ သူ့ချစ်သူနဲ့လက်မထပ်ခင်မှာအပျိုစင်ဘဝကိုအသည်းအသန်ပေးအပ်ချင်နေခဲ့ပေမယ့် သူ့ကိုတန်ဖိုးထားချစ်တယ်လို့ဆိုတဲ့ ရှေးရိုးစွဲသူ့ချစ်သူကတော့ လက်မခံပါဘူး။ ဒီတော့ လိုလာဟာ သူ့ချစ်သူကိုအတင်းဝင်လုံးတယ်၊ အထိအတွေ့နဲ့ဖြားယောင်းတယ်၊ တစ်ပါးသူတွေနဲ့ပရောပရည်လုပ်ပြီးဝန်တိုအောင်ဆွတယ်။ ဒီလိုကနေ တစ်ဖြည်းဖြည်းမချင့်မရဲဖြစ်လာတဲ့လိုလာဟာပတ်ဝန်းကျင်ကလူမှန်သမျှကို အလွတ်မပေးစတမ်းဖြစ်လာပါတော့တယ်။အဲ့ဒီထဲမှာမှ သူ့ဖခင်လို့ အများသိထားတဲ့ မိန်းမရှုပ်တဲ့နေရာမှာနာမည်ကျော်တဲ့ အန်ဒရေးလဲ မလွတ်ပါဘူး။ ဆရာကြီး Tinto Brass ရဲ့ထုံးစံအတိုင်း မိန်းမလှလေးလိုလာရဲ့ စူးစမ်းရှာဖွေမှုစွန့်စားခန်းတွေကို ပွင့်လင်းတဲ့ အပြောအပြတွေနဲ့တွေ့မြင်ရမှာဖြစ်တဲ့အတွက် 21 plus ပါပဲ။ Frivolous Lola နာမည်နဲ့လူသိပြီး မူရင်း နာမည်က Monella ဖြစ်ပါတယ်။ပိုစတာကိုတော့အများရင်းနှီးနေမှာဖြစ်ပေမယ့် ကြည့်ပြီးသားလို့အထင်မရောက်စေချင်ပါဘူး။ သူ့ဇာတ်ကားတွေထဲမှာ ဒီလိုပုံစံမျိုးဆင်တူတွေ မနည်းမနောရှိလို့ပါပဲ။ File Size : (2.3 GB) & (950 MB) Quality : BluRay 1080p & 720p Running Time : 01:45:00 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by ALS Encoded by RGB

Action & Adventure • Crime • Drama
5.1 1900
[21+] Frivolous Lola (1998) Monella
Rabid
6.3

အဘိုးတို့ခေတ်က အမေရိကန်အပြာသရုပ်ဆောင် မင်းသမီးကြီးမာရီလင်ချိန်းဘားစ်ရဲ့ ခေတ်ဟောင်းဇွန်ဘီးရုပ်ရှပ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဆုတွေအများကြီးရထားပြီး ဟော်ရာရုပ်ရှင်တွေအရိုက်များတဲ့ ကနေဒါလူမျိုးဒါရိုက်တာကြီး ဒေးဗစ်ခရိုနန်ဘာ့ချ်လက်ရာမို့ ခေတ်ဟောင်းကရုပ်ရှင်ဆိုပေမဲ့ အရည်အသွေးကတော့ ထိပ်တန်းပါပဲ။ လမ်းလယ်မှာရပ်ထားတဲ့ ကားတစ်စီးကြောင့် ဆိုင်ကယ်စီးလာတဲ့ စုံတွဲတစ်တွဲဟာ အတော်လေးဆိုးဝါးတဲ့ မတော်တဆမှုတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။အမျိုးသားဖြစ်သူက ကျိုးပဲ့ပြီး သတိလစ်တာလောက် ဖြစ်သွားပေမဲ့ အမျိုးသမီးလေးကတော့ ဆိုင်ကယ်မီးလောင်တာနဲ့အတူ ခန္ဓာကိုယ်နေရာအတော်များများမှာ မီးလောင်သွားခဲ့ပါတယ်။ အနားမှာ ပလတ်စတစ်ဆာဂျရီလုပ်ပေးတဲ့ ဆေးခန်းရှိနေတဲ့အတွက် အမျိုးသမီးဖြစ်သူကို ဘယ်မှာမှမစမ်းသပ်ရသေးတဲ့ အရေပြားအစားထိုးနည်းနဲ့ မလွှဲရှောင်သာပဲ ကုပေးလိုက်ရပါတယ်။ ဒီမှာပဲ ကုသမှုရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ ထူးဆန်းတာတွေဖြစ်လာပြီး တစ်မြို့လုံးရောဂါကူးစက်ဖို့ ဖြစ်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(2 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:31:00 Genre…Horror, Sci-fi Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo

Comedy • Drama
6.3 1977 91 mins
Rabid
Till Death Do Us Part
7

Till Death Do Us Part 2024 ( ‌ပြစ်ဒဏ်) Imdb 7.6 အိမ်တွင်းအကြမ်းဖက်မှုပုံစံများ survival များပါဝင်လို သတိပေးချက်ထုတ်ပြန်ထားတဲ့ဇာတ်ကားတစ်ကားပါ မိန်းမတစ်ယောက်က အိမ်ထောင်ပြုပြီဆို လင်ယောကျာ်းလက်အောက်ခံ လင်ယောကျာ်းဘာခိုင်းခိုင်း ဘာလုပ်လုပ် နာခံရမယ်ဆိုတဲ့ ရှေးရိုးစွဲသဘောထားတွေကနေ မလွတ်ထွက်နိုင်သေးတဲ့ရီနာတာဆိုတဲ့ မိန်းကလေးတစ်‌ယောက်ရှိတယ် သေခြင်းကသာခွဲနိုင်တယ်လို ကတိသစ္စာဆို ယူခဲ့ကြပေမဲ့ ကြာကြာပေါင်းမှအကြောင်းသိလာခဲ့ရတဲ့ ရီနာတာလေးမှာတော့ ဒဏ်ရာအနာတရတွေနဲ့ပေါ့ ယောကျာ်းကိုကြောက်ရတော့ ယောကျာ်းဖြစ်သူအလုပ်သွားတာနဲ့ ဘယ်သူနဲ့မှမဆက်သွယ်ဘဲ အိမ်တံခါးပိတ်ပြီး အိမ်ထဲမှာပဲအချိန်တွေကိုကုန်လွန်ခဲ့ရတယ် ဒီလိုနဲ့တစ်နေ့ဖုန်းတစ်လုံးဝင်လာခဲ့ပါတယ် ယောကျာ်းအလုပ်လုပ်တဲ့ရုံးကပါ အလုပ်မလာဖုန်းလည်းမကိုင်လို နေမကောင်းဘူးလားဆိုတဲ့အကြောင်းလှမ်းမေးကြတာပါ အချိန်ပိုနေ့တိုင်းဆင်းလို နောက်ကျမှပြန်ပြန်လာတဲ့ ယောကျာ်းဖြစ်သူက အလုပ်မလာဘူးဆိုတော့ ရီနာတာစုံစမ်းရမဲ့ကိစ္စတစ်ခုဖြစ်လာခဲ့ပါတယ် ချောင်ပိတ်ခံရတဲ့ကြောင်က ကျားဖြစ်လာတတ်သလို ရီနာတာတစ်ယောက်ဘာတွေများပြောင်းလဲသွားမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါဦး ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ Alex ~ ToMo ~ V တိုပဲဖြစ်ပါတယ် )

7 2024 108 mins
Till Death Do Us Part
Lock-On Love

Lock-On Love (2018) IMDb: 6.1/10 Genre: Comedy, Romance ပေါ့ပေါ့ပါးပါးပေမဲ့ နွေးနွေးထွေးထွေးနဲ့ ချစ်ဖို့ကောင်းတဲ့ ဂျပန်လူငယ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လိုက်ကတော့ ပင်ကိုယ်ရူပကာ သနားကမားနဲ့ ကောင်မလေးတွေ ဝိုင်းသဘောကျကြတဲ့ အထက်တန်းကျောင်းသားလေးတစ်ဦးပဲဖြစ်ပါတယ်။ မွေးကတည်းကနေ အခုထက်ထိ ဘာမှထွေထွေထူးထူးမလုပ်ရပါဘဲ မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ဆုနဲ့ အော်တိုပြည့်နေသူမျိုးပေါ့။ မိန်းကလေးတွေကြားရည်ပန်းစားနေတော့ သူ့ကိုယ်သူလည်း အချစ်ခံရတယ်ဆိုပြီး ဘဝင်လေဟပ်နေပေမဲ့ တစ်ရက်မှာ သူတို့အဖွဲ့ထဲက သာမန်ရုပ်ရည်နဲ့ သူငယ်ချင်းတစ်ယောက် ရည်းစားရသွားတော့မှ သူ့မှာ တကယ်တမ်း ချစ်သူရည်းစားကောင်မလေး တစ်ခါဆိုတစ်ခါမှ မရှိဖူးသေးဘူးဆိုတဲ့ အမှန်တရားကို သွားသတိထားမိလိုက်ပါတယ်။ ဟုတ်ပါတယ်၊ သူဟာ မိန်းကလေးတွေအဖို့ ချစ်စရာလေးဆိုပြီး ဝိုင်းဝိုင်းလည်နေပေမဲ့ အဲ့ဒီထက်မပိုတဲ့၊ ရည်းစားတော်ဖို့ကျ ဘယ်သူမှ မတွေးထားတဲ့ အလှကြည့်ယောကျ်ားသပ်သပ်သာဖြစ်နေခဲ့တာပါ။ အဲ့ဒီလိုနဲ့ သူဟာ ရည်းစားတစ်ယောက်တော့မဖြစ်မနေရှာမယ်လို့ အပိုင်ခဲပြီး ဘော်ဒါတွေအကူအညီနဲ့ သူကြိုက်တဲ့မိန်းကလေးကို လိုက်ရှာရင်းကနေ လှလည်းလှ တော်လည်းတော် သွေးလည်းကြီးတယ်လို့ နာမည်ကြီးတဲ့ မိန်းကလေးတစ်ယောက်ကို မျက်စိကျပြီး ဖွင့်ပြောလိုက်ရာက ချက်ချင်းအငြင်းခံလိုက်ရပြီး သူ့ရဲ့ ရှိစုမဲ့စု မာနလေးပါ ကုန်သွားပါတော့တယ်။ သူ့လိုလူကိုမှ ငြင်းရလားဆိုတဲ့ စိတ်နဲ့ ထပ်ဖန်ကြိုးစားရင်းက အဲ့ဒီမိန်းကလေးကို အတည်ချစ်မိသွားတဲ့နောက်မှာတော့… ကျောင်းသားအချစ်ကား ပေါ့ပေါ့ပါးပါးလေးလို့အလွယ်လေးပြောရင် ရပေမဲ့ အဲ့ဒီ့ထက်လည်းပိုပါတယ်၊ တစ်ဖက်က တံတိုင်းကြီးကာချိန် တစ်ဖက်က တံတားထိုးနေခဲ့သလိုပေါ့.. ။ လူသား ၂ယောက်ကြား တူညီတဲ့ မေတ္တာပေါက်ဖွားဖို့ဆိုတာ လွယ်တဲ့ကိစ္စမှလည်း မဟုတ်တာ။ လူတစ်ယောက်ဟာ ကိုယ်မဟုတ်တဲ့ တခြားလူတစ်ယောက်ကို အလုံးစုံနားလည်နိုင်ဖို့မဖြစ်နိုင်ဦးတောင် အကောင်းဆုံးလုပ်ပေးနိုင်တာတွေဟာတော့ လက်လှမ်းမီတဲ့နေရာတွေမှာ အမြဲရှိပါတယ်။ သူ့အတွက်ဆိုပြီး တွေးပေးနေသ၍ အားထုတ်မှုတိုင်းဟာ သေးငယ်တယ်ရယ်လို့ မရှိပါဘူး။ ချစ်ခြင်းမေတ္တာဟာ ကြာကြာနှပ်ထားတဲ့ ဟင်းတစ်ခွက်လိုပါပဲ.. အချိန်နဲ့ အားစိုက်မှုပေးလေလေ အရသာရှိတဲ့ အမယ်တစ်ခွက် ရလေလေပေါ့။ အညွှန်းရေးသူကတော့ Zပါ။ File size… 1.4 GB / 677 MB Quality… WEBRip 1080p / 720p Format… mp4 Duration…. 1h 35m Genre ….. Comedy/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Z

0 2018
Lock-On Love
When Romance Meets Destiny
6.3

When Romance Meets Destiny (2005) ********************************** ဒီတစ်ခါမှာတော့ ၂၀၁၅ တုန်းက ထွက်ရှိခဲ့တဲ့ .. အကျင့်စရိုက်လည်း မတူ အချစ်ပေါ်ထားရှိတဲ့ သဘောထားလည်း ကွဲပြားတဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ အချစ်ဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ်နော် .. ဒီကားလေးထဲမှာတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Kim Joo Hyuk, Bong Tae Gyu, Lee Yo Won, Kim Ah Joon, Jung Kyung Ho အစရှိတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားပါတယ် .. ဇာတ်လမ်းအညွှန်း *************** အစ်ကိုဖြစ်သူ ဂွမ်ရှစ်ကတော့ တအားအရှက်အကြောက်ကြီးပြီး မိန်းကလေးတွေနဲ့ဆို စကားသေချာမပြောရဲတဲ့ လူ‌ရိုးလူအေးကြီးပါ .. ညီဖြစ်သူ ဂွမ်ထယ်ကတော့ အစ်ကိုဖြစ်သူနဲ့ မတူဘဲ ရည်းစားထည်လဲတွဲနေတဲ့ လူရှုပ်လူပွေတစ်ယောက်ပေါ့ .. တစ်နေ့မှာတော့ ဂွမ်ရှစ်က တက္ကသိုလ်တက်တုန်းက သူတစ်ဖက်သတ်ကြိုက်ခဲ့ဖူးတဲ့ ဂျူနီယာမလေး ယွန်းဂယောင်းနဲ့ ၇ နှစ်နေမှ ပြန်တွေ့လိုက်ရပါတော့တယ် .. တစ်ချိန်တည်းမှာပဲ ညီဖြစ်သူ ဂွမ်ထယ်ကလည်း မာရသွန်ပြေးပွဲမှာ ဂယောင်းဂျယ်ဆိုတဲ့ ကောင်မလေးနဲ့ ဆုံတွေ့ခဲ့ပါတယ် .. လွန်ခဲ့တဲ့ ၇ နှစ်တုန်းက သူ့ရဲ့ ခံစားချက်‌တွေကို ဖွင့်ပြောခွင့်မရခဲ့တဲ့ ဂွမ်ရှစ်တစ်ယောက် ဒီတစ်ခါမှာရော ယွန်းဂယောင်းကို ဖွင့်ပြောခွင့်ရသွားမလား…. မိန်းကလေးတွေကို အတည်မတွဲဘဲ ပွေရှုပ်ဖို့လောက်ပဲ တွေးနေတတ်တဲ့ ဂွမ်ထယ်ကရော ဂယောင်းဂျယ်နဲ့ တွေ့ပြီးနောက်ပိုင်းမှာ ဘယ်လိုတွေ ပြောင်းလဲသွားမှာလဲ အစရှိတဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ ကံကြမ္မာ အလှည့်အပြောင်းကို ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုရမယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ် .. (အညွှန်းကို May Thet Khaing မှ ရေးသားထားပါတယ်) File size…1.4GB / 663MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 44 min. Genre ….. Comedy, Romance Subtitle….Myanmar Subtitle (Hard Sub) Translated by May Thet Khaing Encoded by AHtet

6.3 2005 104 mins
When Romance Meets Destiny
Rob1n
4

Rob1n (2025) ဒီဇာတ်ကားလေး ကတော့ 2025 ခုနှစ်ထွက် Horror ဇာတ်ကား တစ်ကားပဲ ဖြစ်ပါတယ်။ အရုပ်သရဲလို့ လူသိများတဲ့ Chucky ဇာတ်ကားပုံစံမျိုးကို ဒီကားကတာ့ စက်ရုပ် သရဲ ပုံစံ ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ရယ်သာဖော့ဒ် ဆိုတဲ့ စစ်တပ်အတွက် ခေတ်မှီလက်နက် တွေ တီထွင်ပေးနေတဲ့ လူတစ်ယောက်ဟာ သူ့ရဲ့ ၁၁ နှစ်သားလေး သေဆုံးမှုကို သတိရလွမ်းဆွတ်ပြီးတော့ စက်ရုပ် တစ်ရုပ်ကို ဖန်တီးလိုက်ပါတယ်။ အဲ့ဒီစက်ရုပ်မှာပဲ သူ့သားလေးရဲ့ ဝိညာဉ်စွဲကပ်နေပြီးတော့ ဘယ်လိုမျိုး တွေ ဆက်ဖြစ်သွားသလဲ ဆိုတာနဲ့ သူ့သားလေး ဘာကြောင့် သေသွားတာလဲဆိုတာကိုတာ့ ဇာတ်လမ်းထဲမှာ ကြည့်ရှု့ ခံစားလိုက်ပါခင်ဗျာ.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Ko Dee ဖြစ်ပါတယ်။) File size… (890 MB) / (540 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror, Sci-Fi, Thriller Duration…. 01:33:00 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Ko Dee

Action • Comedy • Drama • Family • Thriller
4 2025 91 mins
Rob1n
Lucky Louie
6.7

ဒီဇာတ်ကားမှာ အငြိမ်းစားရဲအရာရှိ ဝီလ်ဘတ်မိုဆာဟာ နှစ် ၅၀ ကြာ မဖြေရှင်းနိုင်ခဲ့တဲ့ ‘ဒေါ်နယ်ဒပ်ခ် ဓားပြမှု’ လို့ နာမည်ကြီးတဲ့ ဘဏ်ဓားပြမှုကို စွဲလမ်းနေသူပါ။ တစ်နေ့မှာ မမျှော်လင့်ဘဲ မှုခင်းစိတ်ပညာကျောင်းသူ အဲလက်စ်နဲ့ သူဖမ်းခဲ့ဖူးတဲ့ ဘုရားကျောင်းက သူငယ်ချင်း လူဆိုးဟောင်းလေးယောက် (တို့နဲ့အတူ ဒီအမှုကို ပြန်လည်ပြသရင်း ဖြေရှင်းဖို့ ကြိုးစားပါတယ်။ ဒီဇာတ်လမ်းဟာ ရယ်မောဖွယ် အလွဲအချော်တွေ၊ ခွင့်လွှတ်ခြင်းနဲ့ ပြန်လည်ပြုပြင်ခြင်းရဲ့ အဓိပ္ပါယ်ကို ဖော်ညွှန်းထားတယ်။ ဘာသာရေးယုံကြည်မှုကို နူးညံ့စွာ ထည့်သွင်းထားပြီး မိသားစုနဲ့အတူ ကြည့်ရှုဖို့ သင့်တော်တဲ့ဇာတ်ကားဖြစ်လို့ ကြည့်ရှုလိုက်ကြပါဦး။ File Size… (1.41 GB) / ( 805 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 49m Genre ….. Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ZWT

Drama • Comedy
6.7 2024 108 mins
Lucky Louie