YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Wayne.S01E05.1080p.RED.WEB-DL.AAC5.1.H.264-RTN(CM).mp4

518.28 MB 1080p video/mp4 98 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Invisible Guard

ဆန်းဆန်းပြားပြားမိစ္ဆာအတတ်တွေနဲ့ သိုင်းကားလေးတစ်ကားလာပါပြီ။ ထန်ခေတ်ကာလမှာ ကိုယ်ပျောက်ကိုယ်ရံတော်ဆိုတဲ့ အထူးအဖွဲ့အစည်းတစ်ခုရှိခဲ့တယ်။ တရားရေးဌာနအတွက်အမှုထမ်းရပေမယ့် အပယ်ခံအပြစ်သားတွေနဲ့ဖွဲ့ထားတဲ့ အဖွဲ့အစည်းတစ်ခုပါပဲ။ ပိုးမိစ္ဆာတွေကိုကြိုးကိုင်ထိန်းချုပ်ပြီး လူသတ်မှုတွေဖြစ်ပွားလာတော့ အပယ်ခံကိုယ်ပျောက်ကိုယ်ရံတော်အဖွဲ့ရဲ့တပ်မှူးPeiဟာ အမှုကိုအဖြေရှာရင်း သပွတ်အူလိုရှုပ်ထွေးတဲ့ မှုခင်းဖြစ်စဉ်ထဲကိုရောက်သွားပါတော့တယ်။ တစ်ချိန်တည်းမှာပဲ အဖေကိုသတ်သွားတဲ့တရားခံကိုလိုက်ရှာနေတဲ့ မိန်းကလေး Han chu yiဟာ တရားခံကိုခြေရာမခံမိပဲ ရန်သူလိုက်သတ်တာခံရလို့ပြေးရင်းနဲ့ Pei တွေ့ဆုံဖို့အကြောင်းဖန်ပြီး သူတို့ဟာပူးပေါင်းပြီး ဖြစ်လာတဲ့အခက်အခဲတွေကိုရင်ဆိုင်ကြပါတယ်။ သူတို့မသိတာကတော့ သူတို့ကိုစောင့်နေခဲ့တာ ပိုပြီးဆိုးရွားတဲ့ စုန်းဘုရင်ကြီးဆိုတာပါပဲ။ Pei ဟာ စုန်းဘုရင်ကြီးကိုဘယ်လိုရင်ဆိုင်ပြီး ပြည်သူတွေကိုဘယ်လိုကယ်မလဲဆိုတာတော့ အဆုံးထိကြည့်ရှုအားပေးလိုက်ပါနော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller  , Mystery Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Horror • Thriller
0 2022 70 mins
Invisible Guard
13 Minutes
6.1

သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်တဲ့ လေဆင်နှာမောင်းကျရောက်တဲ့အခါ ပြည်သူတွေဘယ်လောက်အထိဒုက္ခရောက်နိုင်သလဲဆိုတာ အဓိကဇာတ်အိမ်တည်ထားပါတယ်။ လေဆင်နှာမောင်းမဖြစ်ခင်ကတော့ ဒါကိုပေါ့ပေါ့တန်တန်သဘောထားပြီး ရေဒီယိုနဲ့တီဗီက သတိပေးချက်တွေကို အလေးမထားတတ်ကြတာ လူတွေရဲ့ထုံးစံပါပဲ။ တကယ်တမ်းလေဆင်နှာမောင်းကြီးတိုက်ခိုက်လာတော့ အကာအကွယ်တွေရှာဖွေပြင်ဆင်ဖို့က ၁၃မိနစ်ဆိုတဲ့အချိန်အတွင်းမှာ ဖြစ်နိုင်ပါ့မလားဆိုတာ ရှုစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းသဘောမှာတော့ အဓိက မိသားစု(၄)ခုကို အခြေခံထားပြီး ဒီမိသားစု(၄)ခုရဲ့ အိမ်ထောင်ရေးအခက်အခဲတွေကိုပါတင်ဆက်ထားတာမို့ ပညာပေးဇာတ်ကားကောင်းတစ်ကားဖြစ်မယ်လို့ ယုံကြည်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Seiji က ရေးပေးထားပါတယ်) File Size          :  (1.8GB), (913MB) & (459MB) Quality            : 1080p BluRay, 720p BluRay & 480p Format            : mp4 Duration         : 1hr & 48mins Genre              : Action, Drama, Thriller Translated by  Seiji Encoded by Kinnov

Drama
6.1 2021 109 mins
13 Minutes
Watching the Detectives
6.2

Batman franchise နဲ့ Peaky Blinders ဇာတ်ကားတွေနဲ့ နာမည်ကြီးတဲ့ မင်းသား Cilian Murphy ရဲ့ 2007 ထွက် Watching The Detectivesဆိုတဲ့ အချစ်ဟာသကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ နီးလ်က ဗီဒီယိုခွေအငှားဆိုင်သေးသေးလေးရဲ့ ပိုင်ရှင်တစ်ယောက်ဖြစ်ပြီး သူ့တစ်ဘဝလုံးကို ဇာတ်ကားတွေကြည့်ရင်း ကုန်ဆုံးလာခဲ့သလို သူ့ရဲ့ထူးဆန်းတဲ့ဝါသနာနဲ့အမြင်ကြောင့် ဘယ်စော်နဲ့မှမမြဲတဲ့ လူပျိုကြီးတစ်ယောက်ဖြစ်ပါတယ်။ ဇာတ်ကားကြည့်မလား စော်နဲ့လည်မလားဆိုရင်တောင် ဇာတ်ကားပဲကြည့်မဲ့သူမျိုးမို့ စော်မမြဲတာလည်း မဆန်းဘူးပေါ့ဗျာ။ ဗိုင်အိုလက်ကတော့ တစ်ရက်မှာ သူ့ဆိုင်ကိုခွေလာငှားရင်း သိကျွမ်းခွင့်ရခဲ့တဲ့ ထူးခြားတဲ့မိန်းကလေးတစ်‌ယောက် ဖြစ်ပါတယ်။ ငြိမ်ငြိမ်လေးမနေတတ်ဘဲ စွန့်စားခန်းတွေဖွင့်ရတာကိုနှစ်သက်ပြီး သူနဲ့ဝါသနာတစ်စက်ကလေးမှမတူတဲ့ ဗိုင်အိုလက်က သူ့ရဲ့ကိုယ်ရေးကိုယ်တာတွေကိုလည်း ဘာမှပေးမသိထားတာကြောင့် ‌နီးလ်အတွက်တော့ ပဟေဠိတစ်ပုဒ်လိုပါပဲ။ ပဟေဠိဆန်တာတွေကိုမှ စွဲလမ်းတတ်တဲ့လူ့သဘာဝအရ နီးလ်ဟာ ဗိုင်အိုလက်အပေါ်မှာ ထူးထူးခြားခြားငြိတွယ်သွားခဲ့ပါတယ်။ IMDB rating 6.2 အထိရရှိထားပြီး ငယ်ငယ်ကခွေအငှားဆိုင်မှာ ဗီဒီယိုအခွေတွေငှားပြီး အိမ်မှာကြည့်ခဲ့ရတဲ့ငယ်ဘဝကို ပြန်လွမ်းဆွတ်သွားစေမဲ့ ကြည့်လို့ကောင်းတဲ့ကားလေးတစ်ကားပါပဲ။ File size…(1.9 GB)/(960 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mariposa

6.2 2007
Watching the Detectives
Apaches
5.4

Apaches (2023) “Apache” ဆိုတဲ့ စကားလုံးကတော့ ဇူနီဘာသာစကားမှာ ရန်သူ ဒါမှမဟုတ် လူမိုက်ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ ဇာတ်ကားရဲ့ နာမည်အတိုင်း ပြင်သစ်လူမိုက်တွေအကြောင်းကို ဇာတ်အိမ်တည်ပြီးတော့ သရုပ်ဖော် ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ အဲလစ်၊ ပေါလ်နဲ့ ထရစ်ကီဆိုတဲ့ မိဘမဲ့ကလေးသုံးယောက်ရှိပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး တစ်ကမ္ဘာလုံးငတ်မွတ်ခေါင်းပါးပြီး ပြန်လည်ထူထောင်နေကြရတဲ့အချိန်ပေါ့။ အဲလစ်တို့ကလည်း ဒီလိုအခြေအနေတွေမှာ လစ်ရင်လစ်သလို သူများပစ္စည်းတွေကိုလိုက်သုတ်တဲ့ သူခိုးလေးတစ်ဖွဲ့ဖြစ်ပါတယ်။ သူတို့နောက်ကွယ်မှာတော့ အပါချီလို့ခေါ်တဲ့ နယ်ခံဂိုဏ်းတစ်ခုရှိပါတယ်။ သူတို့က အဲလစ်တို့သုံး​ယောက်ကို ခြိမ်းခြောက်ပြီး ပစ္စည်းတွေလိုက်ခိုးခိုင်းတာပေါ့။ တစ်နေ့မှာတော့ အဲလစ်ရဲ့အစ်ကို ပေါလ်က သူဌေးမကြီးတစ်ယောက်ဆီကနေ သူ့ညီမ ပစ္စည်းကို ဂိုဏ်းဆီသွားမပေးဘဲ မလှိမ့်တပတ်လုပ်ပြီး တခြားပွဲစားဆီမှာသွားရောင်းစားပြီးတော့ အဲဒီကာလက ရွှေသီးသီးနေတဲ့ အမေရိကားကို ထွက်ပြေးဖို့လုပ်ခဲ့တာပေါ့။ ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ အဲလစ်တို့သုံးယောက်ကို ဂိုဏ်းကမိသွားပြီး ပေါလ်ကအသတ်ခံရ၊ အဲလစ်လည်း ထောင်ထဲမှာတိုက်ပိတ်ခံလိုက်ရပါတယ်။ အဲလစ်ဟာ ထောင်ထဲနေခဲ့ရတဲ့တစ်လျှောက်လုံး သူ့အစ်ကိုကို့လက်စားချေဖို့ ငြိုးတေးထားခဲ့ပါတယ်။ ၁၅ နှစ်အကြာ အဲလစ်တစ်ယောက် ထောင်ထဲကအထွက်မှာ သူ့အစ်ကိုသတ်ခဲ့တဲ့ “အပါချီ”လို့ခေါ်တဲ့ လူမိုက်ဂိုဏ်းကို အမြစ်ဖြုတ်လက်စားချေဖို့ သူတို့နေခဲ့တဲ့မြို့လေးကို ပြန်လာခဲ့ပါတော့တယ်။ အဲလစ်တစ်ယောက် အပါချီဂိုဏ်းကို ဘယ်လိုလက်စားပြန်ချေမလဲ… သူ့ရဲ့ပျောက်သွားတဲ့ညီ ပေါလ်ကရော ဘယ်တွေရောက်နေလဲ… နောက်ဆုံးမှာ ဘယ်လိုရလဒ်တွေထွက်လာမလဲ… ဆိုတာကို ဒီဇာတ်ကားထဲမှာ ရှုမြင်ခံစားရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာဆိုရင်တော့ အမျိုးသမီးဇာတ်ကောင်ကို ဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်လို့ သမားရိုးကျ မင်းသမီးမင်းသားဇာတ်ကားတွေလို အီဆိမ့်နေမှာမဟုတ်ပါဘူး။ ဒါ့အပြင် စာရိတ္တပိုင်းဆိုင်ရာသင်ခန်းစာတွေကို များစွာထည့်သွင်းပေးထားတာဖြစ်လို့ ယူရင်ယူတတ်သလို သုတကော ရသပါပေးစွမ်းနိုင်တဲ့ အက်ရှင်၊ ဒရာမာဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 751MB Quality – 1080p, 720p IMDb Rating – 5.4/10 Format – mp4 Duration – 1H 33Min Genre – Action, Drama, History Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

5.4 2023
Apaches
The Wind Rises in Luoyang
5.5

လော့ယန်မြို့မှာဖြစ်ပွားခဲ့တဲ့ ဧကရာဇ်ကိုလုပ်ကြံမှုကနေစပြီး ဒီဇာတ်လမ်းလေးအစပြုလာခဲ့ပါတယ် ဧကရာဇ်ကိုယ်တိုင်ကျင်းပတဲ့ဆောင်းဦးရာသီအမဲလိုက်ပွဲမှာ လုပ်ကြံသူတစ်စုဟာ ဧကရာဇ်ကိုဦးတည်ကာ တိုက်ခိုက်သတ်ဖြတ်လာခဲ့ပါတယ် ။ ဖြစ်ကြောင်းကုန်စင်ကို စုံစမ်းကြည့်တဲ့အခါမှာ လူသတ်သမားတွေသုံးတဲ့လက်နက်ဟာ ထူယွိဟွင်းပြည်သားတွေသုံးတဲ့လက်နက်နဲ့တူညီလို့နေတာကိုတွေ့ရှိခဲ့ပါတယ် ။ တိုက်တိုက်ဆိုင်ဆိုင်ထိုနေ့မှာ ထူယွိဟွင်းပြည်ရဲ့ ဓားစာခံမင်းသား ‌ မုရုန်ကျိကလည်း အဲဒီအမဲလိုက်ပွဲမှာရောက်ရှိနေပါတယ် ။ အဲဒီလိုနဲ့ ပြဿနာရဲ့မြားဦးက မုရုန်ကျိဆီအလှည့်ခံရပြီး လုပ်ကြံသူအဖြစ်ခေါင်းစဉ်တပ်ခံရပါတော့တယ် ။ သူ့ကိုကူညီဖို့ ဘယ်သူပေါ်လာမလဲ ? တာ့ထန်နဲ့ ထူယွိဟွင်းရဲ့ စစ်ဖြစ်ခါနီးအခြေကရောဘယ်လိုဆက်ဖြစ်မလဲ ? ဒီလုပ်ကြံမှုရဲ့နောက်ကွယ်က တရားခံနဲ့ သူ့ရဲ့ရည်ရွယ်ချက်က ဘာလဲဆိုတာကို ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှု့ကြဖို့ တိုက်တွန်းလိုက်ပါရစေ

5.5 2023
The Wind Rises in Luoyang
Hellraiser: Bloodline
5.1

Hellraiser: Bloodline (1996) သေတ္တာတွေရဲ့ အစနဲ့ အဆုံးအကြောင်းကိုတွေ့ရမှာပါ။ Pinhead ရဲ့ ရုပ်ထွက်ကတော့ တစ်ကားထက်တစ်ကား ပိုကောင်းလာပါတယ်။ ဒီဇာတ်ကားမှာတော့ မင်းသမီးကိုမငမ်းရဘဲ နတ်ဆိုးမကို ငမ်းရမှာပါ။ Hellraiser ရဲ့ အစောပိုင်းဇာတ်လမ်းတွေနဲ့တော့ ဒီဇာတ်လမ်းက တော်တော်လေးကွဲပါတယ်။ Cenobite လို့ တစ်လုံးမှ သုံးမသွားဘဲ Demon လို့ပဲ သုံးသွားတာက တော်တော်လေးထင်ရှားပါတယ်။ လူဆိုးကျော်ကြီး လဗိုင်ယာသန်လုံးဝမပါပါဘူး။ ဒီထဲမှာတော့ Pinhead က ဆရာအကျဆုံးပါ။ ငရဲက ကမ္ဘာပေါ်ရောက်လာတာထက်ကြမ်းပါတယ်။ အာကာသထဲထိရောက်လာတာပါ။ ဇာတ်လမ်းအကျဥ်းကတော့ Toymaker ဆိုတဲ့ အရုပ်ဖန်တီးသူတစ်ယောက်က သေတ္တာကို အောက်လမ်းဆရာတစ်ယောက်အတွက် ဖန်တီးပေးမိပြီး သူ့ရဲ့အမှားကို ပြန်ပြင်ဆင်နိုင်ဖို့ မျိုးဆက်တွေ တစ်ဆက်ပြီးတစ်ဆက် တာဝန်ကို လက်ဆင့်ကမ်းရင်း ကြိုးစားသွားတာကို အချိန်သုံးခုနဲ့ ပြသွားပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.75GB, 730MB Quality – 1080p, 720p IMDb Rating – 5.1/10 Format – mp4 Duration – 1H 25Min Genre – Horror, Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

5.1 1996 86 mins
Hellraiser: Bloodline
Five Blind Dates

Five Blind Dates (2024) ဒီကားလေးကတော့ အခုလကမှထွက်ရှိလာပြီး ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် ဟာသရိုမန့်အမျိုးအစားဇာတ်ကားလေးဖြစ်ပါတယ်။ လီရာက မွေးရပ်မြေ တောင်းဗေးလ်စ်ကထွက်ပြီး အဖွားဆီက အမွေရထားတဲ့ပိုက်ဆံတွေနဲ့ ဆစ်ဒနေးကိုတက်လာပြီး တရုတ်လက်ဖက်ရည်ဆိုင်ဖွင့်ထားပြီး အရှုံးပေါ်မလိုဖြစ်နေတာပါ။ တစ်နေ့ကျတော့ အစ်မဖြစ်သူအဲလစ်ရဲ့ စေ့စပ်ပွဲပါတီကြောင့် တောင်းဗေးလ်စ်ကိုပြန်ရင်း အဲဒီမှာရှိတဲ့ ဗေဒင်ဆရာမက စီးပွားရေးလမ်းကြောင်းနဲ့နှလုံးသားလမ်းကြောင်းက ရစ်နွယ်နေတာမလို့ စီးပွားရေးတက်ချင်ရင် ဘလိုင်းဒိတ်ငါးခုလုပ်ပြီး စစ်မှန်တဲ့လက်တွဲဖော်ရှာရမယ်လို့ဟောလိုက်ပါတယ်။ လက်ဖက်ရည်ဆိုင် အရှုံးပေါ်ပြီး ပိတ်ရတော့မလိုဖြစ်နေတဲ့ လီရာတစ်ယောက် တွေ့ရာကောက်ရိုးမျှင်ဆွဲပြီး ဘလိုင်းဒိတ်လုပ်ရာကနေ ဘယ်လိုလူမျိုးတွေနဲ့တွေ့မလဲ… လက်တွဲဖော်ရောရှာတွေ့ပါ့မလား… လက်ဖက်ရည်ဆိုင်ရော အဆင်ပြေသွားပါ့မလား… ဆိုတာတွေကို ရယ်ရင်းမောရင်း ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်မှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 5.2GB, 1.6GB, 850MB Quality – 4K HEVC, 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 23Min Genre – Comedy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

Family • Animation • Adventure • Comedy
0 2024
Five Blind Dates
The Preparation
8.1

The Preparation (2017) အညွှန်း ပုံမှန်အားဖြင့် ကင်ဆာနောက်ဆုံးအဆင့်နဲ့ သေရတော့မယ့် လူတစ်ယောက်အနေနဲ့ ဘာကိုအကြောက်ဆုံး၊ စိတ်အပူဆုံးဖြစ်မယ်လို့ ထင်ပါသလဲ? ကိုယ့်ကိုယ်ကိုသာအချစ်ဆုံးဆိုတဲ့ ယေဘုယျလူသားသဘာဝအလျောက် ကိုယ်သေရမယ့်အရေးကိုပဲ ခေါင်းထဲထည့်ကြမှာပါပဲ။ ဒါပေမယ့် ဒီသဘောတရားက ကာယကံရှင်အတွက် ချန်ခဲ့ရမယ့် ချစ်ရသူတွေဆိုတာ ရှိခဲ့ရင်တော့ အနည်းငယ်တိမ်းစောင်းသွားနိုင်ပါတယ်။ စိတ်မနှံ့တဲ့သားဖြစ်သူရဲ့ မိခင်တစ်ယောက်အနေနဲ့ရော ဘယ်လိုစိုးရိမ်ပူပန်ကြောက်ရွံ့မှုမျိုးတွေ ဖြစ်မယ်ထင်ပါသလဲ? အရင်ဆုံး ” ငါသေရင် ” ၊ ” ငါသာသေသွားခဲ့ရင် ” ဆိုတာရဲ့ နောက်ကွယ်မှာ ဖြစ်လာနိုင်တဲ့ အကောင်းအဆိုးအားလုံးကို ကြိုတင်ခန့်မှန်းဖို့ ကြိုးစားတာပါပဲ။ ဒီနေရာမှာ ကိုယ်ချန်ခဲ့ရမယ့် မိသားစုဝင်က ဉာဏ်ရည်နိမ့်ပါးသူတစ်ယောက်ဖြစ်နေမယ်ဆိုရင်တော့ ကောင်းကျိုးဆိုတာ ရှားသလောက်ကို မရှိ၊ အဆိုးတွေပဲ ဆက်တိုက်ဖြစ်လာနိုင်တယ်ဆိုတာကို ကောင်းကောင်းနားလည်တဲ့ အင်ဂယူ့အမေကတော့ အရုပ်ကြိုးပြတ်စိတ်ဓာတ်ကျနေမယ့်အစား စွန့်စားရာကျသလို လုပ်သင့်လုပ်ထိုက်တဲ့ အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်ပါတော့တယ်။ ထမင်းချက်၊ ဟင်းချက်၊ အိမ်မှုကိစ္စ‌တွေအပါအဝင် ကိုယ့်အားကိုယ်ကိုးတတ်ဖို့ကအစ လုပ်ငန်းခွင်ဝင်နိုင်ဖို့အထိ မြေတောင်မြှောက်ပေးဖို့ ၆လ၊ တစ်နှစ်သာ အချိန်ရတဲ့အခါမှာတော့ … IMDb 8.1 ရထားတဲ့ကားမို့လို့ ဇာတ်လမ်းကောင်းမကောင်းကတော့ အထွေအထူးအာမခံစရာလိုမယ်မထင်ပါဘူး။ သရုပ်ဆောင်တွေအနေနဲ့လည်း Kdrama fan တွေနဲ့မစိမ်းတဲ့ Reply 1988, Moon Lovers, Moving, High Kick 2 တို့လို နာမည်ကြီး Kdrama တွေရဲ့ Kim Sung Kyun နဲ့ Shin Se Kyung ဆိုတာနဲ့တင် ကြည့်ရတာ အသားကျမယ့် Movie တစ်ကားမို့လို့ Highly recommended ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hnin Wutyi Myaing ပဲ ဖြစ်ပါတယ်။ Genre….. Drama, Family Quality…. 1080p | 720p File size… 1.5GB | 707MB Format… mp4 Duration…. 1h 54min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hnin Wutyi Myaing Encoder ….. Aaron

8.1 2017
The Preparation
Police Story : Lock Down
5.9

2013 ခုနှစ်က ထွက်ထားတဲ့ Police Story ဇာတ်ကားပဲဖြစ်ပါတယ် မင်းသားကြီးဂျက်ကီချန်း ပါဝင်သရုပ်ဆောင်ထားပြီး Imdb 6.1 ရရှိထားပါတယ် အက်ရှင်ကြိုက်ပရိတ်သတ်တို့အတွက် နှစ်သက်မယ့်ကားကောင်းပါပဲ ဇာတ်လမ်းအညွှန်းလေးကတော့ သမီးဖြစ်သူနဲ့တွေ့ဆုံရန်ဘားကိုရောက်လာတဲ့ ရဲအရာရှိ ကျုံးဝမ်တစ်ယောက် ဘားကိုရောက်တဲ့အချိန်မှာ..မမျှော်လင့်ဘဲပြန်ပေးဆွဲခံလိုက်ရတယ်..တခြားသောပြန်ပေးဆွဲခံရတဲ့သူတွေလည်း ရှိပြီးသားပဲဖြစ်ပါတယ်..ဒီအမှုရဲ့နောက်ကွယ်မှာဘာတွေရှိမှာလဲ ကျုံးဝမ်နဲ့ဘယ်လိုတွေပတ်သတ်နေတာလဲဆိုတာတော့Spoil မဖြစ် အောင် အညွှန်းကိုလျှော့လိုက်ရပါတယ် ဂျက်ကီချမ်းကားဖြစ်တဲ့အညီ ထွေထွေထူးထူးညွှန်းစရာမလိုတဲ့ အက်ရှင် ဒရာမာ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် File size…(2.5 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre…Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ei Pyae

5.9 2013 110 mins
Police Story : Lock Down
Valiant

ဒုတိယကမ္ဘာစစ်အတွင်း တိရစ္ဆာန်လေးတွေက လူ့အသက်ပေါင်းများစွာကယ်တင်ပေးနိုင်ခဲ့ပါတယ်။ သူတို့ရဲ့ ရဲစွမ်းသတ္တိရှိမှုအတွက် အမြင့်ဆုံးဆုတံဆိပ်ကတော့ Dickin Medal ဖြစ်ပြီး စစ်ပွဲအတွက် ယင်းဆုတံဆိပ်ပေါင်း ၅၄ ဆုချီးမြှင့်ခံရတဲ့အထဲမှာ ၁၈ ဆုကို တော့ ခွေးလေးတွေကရရှိခဲ့ပြီး၊ မြင်းလေးတွေက ၃ ဆု၊ ကြောင်လေးတစ်ကောင်က ၁ ဆုနှင့် ခိုလေးတွေက ဆုပေါင်း ၃၂ ဆု ရရှိခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးက ဒုတိယကမ္ဘာစစ်အတွင်း စစ်သားတွေကို ကူညီပေးခဲ့တဲ့ ရာနဲ့ချီတဲ့ ခိုလေးတွေရဲ့အကြောင်းကို Inspire ယူပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းမှာ ၁၉၄၄ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားစဉ်ကာလကို အခြေတည်ထားပြီး ဇာတ်လမ်းအစပိုင်းတွင် Royal Homing Pigeon Service က ခိုလေး ၃ ကောင်ဟာ အလွန်အရေးပါတဲ့စာတစ်စောင်ကို သယ်ကာ အင်္ဂလိပ်ရေလက်ကြားကိုဖြတ်ပျံရင်း ဗြိတိန်နိုင်ငံထံသို့ အရောက်ပြန်နေကြပါတယ်။ ညဖက်အချိန် ဆိုးဝါးလှသည့်ရာသီဥတုကြားမှ အားတင်းကာ ပျံသန်းကြရင်း ဒိုဗာ အဖြူရောင်ကမ်းပါးကိုမြင်နေရပြီဖြစ်တဲ့အတွက် သူတို့ရဲ့ ဦးတည်သည့်နေရာ သို့မဟုတ် သူတို့ရဲ့ အိမ်ကိုရောက်ရှိတော့မှာဖြစ် ပါတယ်။ သို့သော် ရုတ်တရတ် နာဇီဂျာမန်များဘက်မှ ရန်သူသိမ်းငှက်ကြီးတစ်ကောင်က သူတို့ကို ခြုံခိုတိုက်ခိုက်ပါတော့တယ်။ ခိုလေးနှစ်ကောင်မှာ ထိုနေရာတွင်ပင်သတ်ဖြတ်ခံလိုက်ရပြီး ကျန်တစ်ကောင်ကိုတော့သိမ်းငှက်ကြီးက ဖမ်းခေါ်သွားပါတော့တယ်။ အခြားတစ်နေရာမှာတော့ ဗားလီယန့်လို့ခေါ်တဲ့ သေးငယ်ပြီးရဲရင့်တဲ့ ခိုငှက်ငယ်လေးက မဟာမိတ်တပ်များဘက်မှ ပါဝင်ပြီး တိုက်ပွဲဝင်ပေးချင်သည့်အတွက် သူ့အမေတားနေတဲ့ကြားက စာပို့ခိုလေးအဖြစ် တာဝန်ထမ်းဆောင်ရန်စာရင်းပေးလိုက်ပါတော့ တယ်။ စစ်ပွဲအတွင်းစာပို့ခိုတစ်ကောင် ဖြစ်လာနိုင်ရန် လေ့ကျင့်နေစဉ်ပင် စာပို့ခိုတပ်စုများတစ်ခုပြီးတစ်ခု သုတ်သင်ရှင်းလင်းခံ နေရတဲ့အတွက် သူတို့အဖွဲ့ကအရေးကြီးပြီးအန္တရာယ်များတဲ့စစ်ဆင်ရေးတစ်ခုကို ဖော်ဆောင်ဖို့အကြောင်းဖန်လာပါတော့တယ်။ ဗားလီယန့်နဲ့သူတို့အဖွဲ့ စစ်ဆင်ရေးကို အောင်မြင်သည်အထိဖော်ဆောင်နိုင်ပါ့မလား? နာဇီဘက်က သိမ်းငှက်ကြီးကရော သူတို့ကို ဘယ်လိုမျိုးတိုက်ခိုက်မှာလဲ? ဒါတွေကိုကြည့်ရှုရမှာပဲဖြစ်တယ်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(1.4 GB)/(864 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:16:00 Genre…Animation, Adventure, Comedy, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Nway Oo K Zaw

0 2005
Valiant
Weekend in Taipei
6

ကားတွေမောင်း သေနတ်တွေပစ်ပြီး အသေအကြေချတဲ့ အက်ရှင် ရုပ်ရှင်ကောင်းကောင်းမျိုး ကြည့်ချင်ရင် ဒီကားကို ကြည့်ရမှာပါ။ Fast & Furious မှာ Han အဖြစ် အသိများကြတဲ့ Sung Kang က ဗီလိန်အဖြစ် သရုပ်ဆောင်ထားပါတယ်။ မင်းသားကတော့ Dracula Untold ထဲက Luke Evans ပါပဲ။ ဇာတ်လမ်းအကျဉ်း ************* မူးယစ်နှိမ်နင်းရေးအေးဂျင့် ဂျွန် လောလော်ဟာ လွန်ခဲ့တဲ့ ၁၅ နှစ်က တိုင်ပေက ဘိန်းရာဇာ ခွမ်းကို ဖမ်းဖို့ လာထောက်လှမ်းခဲ့ပေမဲ့ မအောင်မြင်ဘဲ ဆုတ်ခွာခဲ့ရပါတယ်။ နောက် ၁၅ နှစ်ကြာချိန်မှာမှ ခွမ်းကို ဖမ်းနိုင်ဖို့ အရေးကြီးတဲ့ စာရင်းစာအုပ်တစ်အုပ်ကို တိုင်ပေမှာ စွန့်စားပြီး သွားယူဖို့ကြုံလိုပါတယ်။ အဲဒီအချိန်မှာပဲ အတိတ်က အချစ်ဟောင်းနဲ့ သူမသိခဲ့တဲ့ သားတစ်ယောက်ရှိနေတာကို သိလာပြီး မိသားစု ၃ ယောက် ခွမ်း ရဲ့လက်ထက်ကနေ အသက်ရှင်ဖို့နဲ့ ခွမ်းကို ဖမ်းနိုင်ဖို့ ကြိုးစားကြရပါတော့တယ်။ အက်ရှင်အသားပေးဖြစ်သလို မိသားစုဒရာမာလည်းဖြစ်တာကြောင့် အတော်ကြည့်ကောင်းတဲ့ ဖျော်ဖြေရေးရုပ်ရှင်ထဲမှာ ထည့်ရမှာပဲ ဖြစ်ပါတယ်။ File size… ( 4K ) /(1.98GB) / (996MB ) Quality… WEB-DL 4K HEVC / 1080p / 720p Format…mkv / mp4 Duration….1h 40m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai , Thit San Khnat Translated by Mr.Anderson

6 2024 101 mins
Weekend in Taipei
Paternal
6.3

ပြင်သစ်နိုင်ငံရဲ့ ကက်သလစ်ဘာသာရေးဆိုင်ရာ အယူအဆအကြောင်း၊ ကက်သလစ်ဘုန်းတော်ကြီးတွေလိုက်နာရတဲ့ ဝိနည်းစည်းမျဉ်း‌တွေအကြောင်း၊ လူ‌သားတွေရဲ့ ဖြူစင်တဲ့သံယောဇဉ်အနှောင်အဖွဲ့အကြောင်းကို ခံစားကြည့်ရှုရမယ့် မေတ္တာဘွဲ့ဒရာမာအမျိုးအစားဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း Simonဆိုတဲ့အမျိုးသားတစ်ဦးဟာ ဘုရားသခင်ရဲ့အမှုတော်ကို ထမ်းဆောင်ဖို့ ကက်သလစ်ဘုန်းတော်ကြီးဘဝကို ရွေးချယ်ခဲ့တဲ့သူဖြစ်ပြီးအသင်းတော်ရဲ့ ယုံကြည်သူတွေကလည်း အင်မတန်လေးစားအားကိုးကြတယ် အဲဒီအချိန် ပြင်သစ်မှာ ကလေးတွေအပေါ် ဘုန်းတော်ကြီးတွေက လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှု‌တွေပေါ်ပေါက်လာခဲ့ပြီး ဘုရားကျောင်းတွေကို လူတွေက ယုံကြည်မှုကျဆင်းလာခဲ့တယ် တစ်နေ့မှာတော့ Simonတို့ဘုရားကျောင်းက ကလေးမလေးတစ်ယောက် ရုတ်တရက်ကိုယ်ဝန်ရှိလာတဲ့အခါ ဘာကြောင့်ဒီလိုတွေဖြစ်လာရတာလဲဆိုတာ‌ ဖြေရှင်းဖို့ကြိုးစားနေရင်း Simon လူဝတ်ကြောင်ဘဝက ရည်းစားဟောင်းဖြစ်ခဲ့တဲ့ Louise Fisher ဆိုတဲ့အမျိုးသမီးဟာ Aloe ဆိုတဲ့ကလေးတစ်ယောက်နဲ့အတူ Simon ကိုလာ‌တွေ့ပြီးနောက် ပြဿနာတွေစတင်လာခဲ့တယ် ဘုန်းတော်ကြီးမဖြစ်ခင်က ဇာတ်လမ်းတစ်ခုကြောင့် Simon ရဲ့ ဘုန်းတော်ကြီးဘဝကို သက်ရောက်မှုရှိတွေခဲ့လာတဲ့အခါ Simon တစ်ယောက်ဘယ်လိုတွေဖြေရှင်းမလဲ ဖခင်တစ်ယောက်ရဲ့တာဝန်ကို‌ရောယူနိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမယ့် ပြင်သစ်ဒရာမာဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် File size…(1 GB)/(450 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:33:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Vivien

Romance • Drama
6.3 2024 93 mins
Paternal
Anora
8.1

Anora (2024) ========= IMDb Rating (8.1) Rotten Tomatoes (96 %) 2024 ရဲ့အော်စကာဆုကိုမှန်းထားကြတဲ့ ဒါရိုက်တာ Sean Baker ရဲ့ Anora ရုပ်ရှင်ကားကြီးထွက်ရှိလာပါပြီ။ NEON ကုမ္ပဏီက ဖြန့်ချိထားတဲ့ ဒီရုပ်ရှင်နဲ့ ဆရာကြီး Sean Baker ကတော့ Cannes Film Festival ရဲ့ အမြင့်ဆုံးဆု Palme d’Or ကို လောလောလတ်လတ်ရရှိခဲ့ပြီးပါပြီ… ထပ်ပြီးတော့ အော်စကာနဲ့ Golden Globe ဆုပေးပွဲကြီးတွေမှာ တစ်ပြေးနေမယ်လို့ခန့်မှန်းထားကြတဲ့ ၂၀၂၄ တစ်နှစ်တာရဲ့ အကောင်းဆုံး ရုပ်ရှင်တွေထဲက တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့…. အဖော်အချွတ်ကလပ်မှာ အဖော်ချွတ် ဒန်ဆာမယ်အဖြစ် လုပ်တဲ့ အန်နိုရာ(ခေါ်)အန်နီဟာ တစ်နေ့တော့ သူ့ကလပ်ကို လူချမ်းသား ရုရှားက RK လေး အီဗန်နဲ့ဆုံဖြစ်ကြပါတယ်။ အန်နီကလည်း အဖွားဖြစ်သူက ရုရှားဖြစ်တဲ့အတွက် ရုရှားစကား တတ်တာကြောင့် ၂ ယောက်သားအတိုင်အဖောက်ညီပြီး နောက်နေ့မှာ အန်နီကို အီဗန်က သူ့အိမ်မှာ သီးသန့်ခေါပြီး အသုံးတော်ခံဖို့ ဖိတ်လိုက်ပါတယ်.. ဒီလိုနဲ့ အဖော်အချွတ်မယ်လေးကို စွဲလန်းသွားတဲ့ အီဗန်က သူနဲ့အတူ တစ်ပတ်လောက် ရည်းစားအဖြစ်နေပေးဖို့ တောင်းဆိုရာကနေ လက်စ်ဗီးဂက်မှာ လက်ထပ်ဖို့အထိဖြစ်သွားတဲ့အခါမှာတော့…. ရုရှားက ဆွေကြီးမျိုးကြီး အသိုင်းအဝိုင်းကြီး အီဗန်ရဲ့ မိဘတွေက သူတို့ရဲ့ရွှေပေါ်မြတင် သားလေးနဲ့ အဖော်အချွတ်မယ်ကိုသဘောတူပါ့မလား… ဘာတွေဆက်ဖြစ်လာကြမလဲဆိုတာ….။ ဇာတ်လမ်းက ရိုးရိုးလေးဖြစ်ပေမယ့်… ဇာတ်ကားက ဘာလို့ နာမည်ကြီးပြီး ဆုဝင်တန်းဝင်ကားဖြစ်နေလဲ ဆိုတာကတော့ ကိုယ်တိုင်ခံစားကြည့်မှ သိနိုင်မှာပါ… Screams ရုပ်ရှင်တွေနဲ့နာမည်ကြီးခဲ့တဲ့မင်းသမီးချော Mikey Madison ရဲ့ ခန္တာကိုယ် အလှအပတွေကို ဘွင်းဘွင်းကြီး မြင်ရမယ့်ကားပါ။ အဖော်အချွတ်အခန်းတွေ စကားအသုံးအနှုန်းတွေကြမ်းတာတွေကြောင့် မိသားစုနဲ့ ကြည့်ရှုဖို့တော့ မသင့်တော်ပါဘူး။ မင်းသားကတော့ ရုရှားက တက်သစ်စမင်းသားချောလေး Mark Alexandrovich Eidelstein ဖြစ်ပြီး ရူးရူးမိုက်မိုက်နဲ့ အချစ်ကြမ်းတဲ့ သူဌေးသားလေးနေရာကနေ အထာကျစွာပါဝင်ထားပါတယ်။ File size… (11GB) / (2.66GB) / (1.08GB ) Quality… WEB-DL 4K HEVC 1080p / 720p Format…mkv / mp4 Duration….2h 19m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Cyberboy

Crime • Thriller • Drama • TV Movie
8.1 2024 139 mins
Anora
The Woman in Black
6.4

The Woman in Black (2012) IMDb Rating (6.4) / Rotten Tomatoes (66 %) ဟယ်ရီပေါ်တာမင်းသား Daniel Radcliffe ဦးဆောင်ပါဝင်ထားတဲ့ ဂေါ့သစ်ဟော်ရာဇာတ်ကားပါ။ ဇာတ်လမ်းကတော့… အာသာက လန်ဒန်အခြေစိုက်ရှေ့နေတစ်ဦးဖြစ်ပြီး လွန်ခဲ့တဲ့လေးနှစ်တုန်းက သူ့ဇနီးသည်ကိုမီးတွင်းထဲမှာဆုံးရှုံးခဲ့ရပါတယ်။ အခုချိန်မှာတော့ သားဖြစ်သူကိုအဖော်ပြုနေထိုင်ပေမယ့် အာသာအတွက် သူ့ဇနီးဟာ အနားမှာရှိနေသေးပြီး သူ့ကိုဆက်သွယ်ဖို့ကြိုးစားနေတယ်လို့ခံစားမိတုန်းပါပဲ။ တစ်နေ့တော့ သူအလုပ်လုပ်တဲ့ ဥပဒေအဖွဲ့ရဲ့တာဝန်ပေးချက်နဲ့ဝေးလံတဲ့နယ်မြို့လေးတစ်မြို့မှာ ဆုံးပါးသွားတဲ့ အဘွားကြီးတစ်ယောက်ရဲ့စာရွက်စာတမ်းတွေကိုသွားရောက်သိမ်းဆည်းရဖို့ဖြစ်လာခဲ့ပါတယ်။ အာသာရောက်သွားချိန်မှာ တည်းခိုဖို့နေရာအခက်အခဲနဲ့တွေ့ရသလို၊ သူနဲ့ဆက်သွယ်ဖို့ချိတ်ဆက်ပေးထားတဲ့ မြို့ခံလူကလည်း ဖိုင်တစ်ခုလက်ထဲထိုးပေးပြီး မှီရာရထားနဲ့ချက်ချင်းပြန်ဖို့ပြောပါတယ်။ ဒါပေမယ့်လည်း သူ့အဖွဲ့ကပေးထားတဲ့ တာဝန်ကို ကျေအောင်မလုပ်နိုင်ရင် အလုပ်ကိုထိခိုက်ဖို့ရှိတဲ့အတွက် ခေါင်းမာမာနဲ့ အဲ့ဒီအိမ်ကြီးဆီကိုသွားဖို့ဖြစ်လာပါတော့တယ်။ အိမ်ကြီးကလူသူမနီးတဲ့ အစွန်အဖျားတောအုပ်တစ်ခုမှာရှိပြီး အိမ်ကြီးနဲ့ပင်မနယ်မြေကို တာရိုးလမ်းတစ်ခုနဲ့ဆက်သွယ်ထားပါတယ်။ အဲ့ဒီတာရိုးလမ်းဟာ ဒီရေတက်ချိန်ဆိုရင် ရေလွှမ်းနေတဲ့အတွက် အသွားအလာလုပ်လို့မရပါဘူး။ အခုသူကြုံတွေ့နေရတဲ့ အဆင်မပြေမှုတွေဟာ အစပိုင်းသာရှိသေးပြီး ဒီထက်ပိုပြီး ခြောက်ခြားစရာတွေ၊အန္တရာယ်တွေနဲ့ ပဟေဠိတွေကအိမ်ကြီးထဲမှာ သူ့ကိုစောင့်ကြိုနေမယ်ဆိုတာ အာသာ မသိခဲ့ပါဘူး။ ဒီရုပ်ရှင်ကားက အောင်မြင်ခဲ့တဲ့ နာမည်ကျော်၀တ္ထု The Woman in Black ကိုပဲအခြေခံဖန်တီးထားတာဖြစ်ပြီး ဝေဖန်ရေးဆရာတွေရော ပရိသတ်တွေပါ အကြိုက်တွေ့ခဲ့တဲ့ ဇာတ်ကားပါ။ ဇာတ်လမ်းဇာတ်အိမ်ရော ခြောက်လှန့်တဲ့အခန်းတွေပါ အတော်မိုက်ပါတယ်။ အဆက်အနေနဲ့ The Woman in Black 2: Angel of Death (2014) ဆိုတဲ့ကား ဆက်ထွက်ခဲ့ပြီး CM မှာ တပြိုင်တည်းတင်ပေးထားပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Alias မှ တင်ဆက်ထားပါတယ်။)

6.4 2012 95 mins
The Woman in Black
Albert Nobbs
6.7

IMDb 6.7/10 ဒီတစ်ခါ တင်ဆက်ပေးလိုက်တာကတော့ Period Drama ကောင်းတစ်ခုဖြစ်တဲ့ Albert Nobbs ပဲ ဖြစ်ပါတယ် ။ အဓိက ဇာတ်ကောင်ဖြစ်တဲ့ albert nobbs ဟာ ဟိုတယ် တစ်ခုမှာ အလုပ်လုပ်တဲ့ စားပွဲထိုးတစ်ယောက်ပါ ။ ရှက်တတ်ပြီး စကားသိပ်မပြောတဲ့ Albert မှာ လျှိဝှက်ချက် အကြီးကြီး တစ်ခုရှိပါတယ် ။ တစ်ရက်မှာတော့ ဟိုတယ်ကို ဆေးသုတ်ဖို ငှါးထားတဲ့ ဆေးသုတ်သမားတစ်ယောက် ရောက်လာတဲ့အခါ Albert နဲ့ တစ်ခန်းတည်း အတူနေဖို ဖြစ်လာပါတော့တယ် ။ တစ်ခန်းတည်း အတူနေရင်းနဲ့ Albert ရဲ့ လျှိဝှက်ချက်ကို ဆေးသုတ်သမား Hubert က သိသွားပေမဲ့ ဖြစ်ချင်တော့ သူတိုနှစ်ယောက်ဟာ ဘဝတူတွေ ဖြစ်နေခဲ့ ကြပြန်ပါတယ် ။ ငယ်ငယ်တည်းက ရည်ရွယ်ချက်ကြီးတဲ့ Albert ဟာ ဘဝတူ Hubert ကို ကြည့်ရင် ဘယ်လိုစိတ်ကူး အိပ်မက်လေးတွေ ဖြစ်လာမလဲ ။ အဲဒီ စိတ်ကူးအိပ်မက်တွေကိုရော ဘယ်လိုအကောင် အထည်ဖော်မလဲ ။ အရေးအကြီးဆုံးကတော့ သူ့တစ်ဘဝ လုံးစာ အိပ်မက်ကလေးက ဖြစ်မြောက်သွားမှာလား ။ သေချာတာတော့ ဒီရုပ်ရှင်ဟာ slice of life မှာ romance ကို ပါးပါးလေး သုတ်ထားတဲ့ ရုပ်ရှင်မျိုးပါပဲ ။ Romance က နည်းနည်းလေးရယ်ဆိုပေမဲ့ ရင်ထဲမှာ နက်နက် နဲနဲခံစားရတာမျိုးဆိုရင်လည်း မမှားပါဘူး ။ ဒါဆိုရင်တော့ ကြမ်းတမ်းတဲ့ ၁၉ ရာစု လောကဓံမှာ သူမတူတဲ့ ဘဝနဲ့ ကြိုးစားရုန်းကန်နေတဲ့ albert nobbs ရဲ့ ဘဝဇာတ်ကြောင်းကို အတူတူခံစားလိုက်ရအောင်ပါနော် ။ File size… (1.47 GB) / (839 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 53m Genre …..Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Hazelle

Animation • Music • Comedy • Fantasy • Family
6.7 2011 113 mins
Albert Nobbs