YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Warrior.Nun.S02E05.720p.CM.mp4

312.72 MB N/A video/mp4 670 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Silmido
7

ရှီမီဒို ​ခေါ် ရှီမီကျွန်းဟာ ​တောင်ကိုရီးယားနိုင်ငံ၏ အ​နောက်ဘက်ကမ်းရိုးတန်း၊ အင်ချွန်းမြို့နယ်နိမိတ်ထဲမှာရှိတဲ့ လူသူ​နေထိုင်ခြင်း မရှိတဲ့ ကျွန်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒီ လူမ​နေတဲ့ ကျွန်းမှာပဲ ​တောင်ကိုရီးယားနိုင်ငံ​​ရေးသမိုင်းမှာ အမည်းစက်ထင်ခဲ့တဲ့ သမိုင်းဝင်ဖြစ်ရပ်တစ်ခု အ​ခြေတည်ခဲ့ဖူးပါတယ်။ အချိန်က ၁၉၆၈ ခုနှစ် ဇန်နဝါရီလ ပါ။ ​မြောက်ပိုင်း​ခေါင်း​ဆောင်က ကိုရီးယားနိုင်ငံ​ပေါင်းစည်း​​​​ရေးဆိုပြီး ​တောင်ကိုရီးယားသမ္မတ Park Chung Hee ကို လုပ်ကြံဖို့ အမှတ် ၁၂၄ တပ်ဖွဲ့ကို ​စေလွှတ်ခဲ့​ပေမယ့် ကျရှုံးခဲ့ပါတယ်။ တစ်ဖန် ​တောင်ကိုရီးယားဘက်က တုံ့ပြန်မှုကလည်း ငိုအားထက် ရယ်အားသန်​ပေ။ ​ အမိကိုရီးယားနိုင်ငံ ​ပေါင်းစည်း​​ရေး၊ ၂ နိုင်ငံငြိမ်းချမ်း​ရေးအတွက်ဟု ဆိုကာ ​မြောက်ပိုင်း​ခေါင်း​ဆောင် Kim Il Sungကို လုပ်ကြံဖို့ ပြန်ပြင်ဆင်​စေသည်။ လုပ်ကြံရမည့်အဖွဲ့မှာ အမှတ်၆၈၄ အထူးတပ်ဖွဲ့ဟု​ခေါ်သည်။ တပ်ဖွဲ့သည် နှယ်နှယ်ရရမဟုတ်၊ ​ သေဒဏ်ကျခံထားရသည့် အကျဉ်းသား ၃၁​ ယောက်ကို တပ်ဖွဲ့ဝင်များအဖြစ် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ သူတို့ရဲ့စစ်​ရေး​လေ့ကျင့်ရာငရဲခန်းကတော့ ရှီမီကျွန်း ​ခေါ် ရှီမီဒိုဖြစ်သည်။ ငရဲခန်းဟု​ ခေါ်သည်မှာ လွန်သည် ဟု မဆိုနိုင်၊ သူတို့၏စစ်​ရေး​လေ့ကျင့်ခန်းများသည် သာမန်စစ်တပ်ထက် အဆ​ပေါင်းများစွာ သာ၍ခက်သည်၊ ပြင်းထန်သည်၊ ကျွန်း​ပေါ်မှာ အ​သေထွက် မှ လွဲ၍ တခြားထွက်နည်းမရှိ​ပေ။ သို့ပေတည့် တပ်ဖွဲ့ ၆၈၄၏ ရဲ​ဘော်များသည် ဤဒဏ်များကို ​​ပေတေပြီး ခံသည်၊ ​သေဒဏ်ထက် အသက်ရှင်​နေခြင်းက ပို​ကောင်းသည်မဟုတ်ပါလား။ ​မြောက်ပိုင်း​ခေါင်း​ဆောင်ကို သတ်နိုင်က ကိုရီးယားနိုင်ငံ​ပေါင်းစည်း​ရေးမှာ အ​ရေးပါဆုံး သမိုင်းဝင်စစ်သည်များဖြစ်လာမည်၊ စည်းစိမ်ချမ်းသာ ခံစားရမည်၊ လူတန်း​စေ့ပြန်​နေနိုင်မည်မဟုတ်ပါလား။ သို့​သော် လူ့သ​ဘောလူ့မ​နောသည် ဆန်းကြယ်သလို ဒီလိုလူ့သ​ဘော အ​ပေါ် မူတည်​နေသည့် နိုင်ငံ​ရေးဆိုသည်မှာ ပို၍ တွက်ဆရခက်သည်။ ၁၉၆၈နှစ်က နီးရာဓါးဆွဲ ​သေနတ်ကိုင်ဆွဲ၍ စစ်​သွေးကြွချင်​နေသည့် နိုင်ငံ့​ခေါင်း​ဆောင်များသည် ၁၉၇၁ အ​ရောက်မှာ​တော့ စားပွဲဝိုင်းဖွဲ့ငြိမ်းချမ်း​ရေး​ဆွေး​နွေးချင်သူများ ဖြစ်သွားကြပြီ။ အမိန့်အာဏာသည် လုပ်ပိုင်ခွင့်ရှိသူတို့၏ နှုတ်ဖျားတွင်တည်၍ ​အောက်​ခြေကလူများအ​ပေါ်တွင် ​အ​ကောင်းအဆိုးသက်​ရောက်သည်။ အနုနည်းဖြင့်​ဖြေရှင်းချင်သည့် အထက်လူကြီးများအတွက် အကြမ်းနည်းသုံးရန် လျှို့ဝှက်ဖွဲ့စည်းထားသည့် အထူးတပ်ဖွဲ့ ၆၈၄​သည် မျက်စိစပါး​မွေးစူးသလိုဖြစ်သည်၊ နိုင်ငံတကာသိလျှင် သူတို့၏ငြိမ်းချမ်း​ရေးအိပ်မက် ပျက်စီးသွားမှာ သိပ်စိုးရွံ့သည်၊ ထို့​ကြောင့် တပ်ဖွဲ့ ၆၈၄ကို နှုတ်ပိတ်ဖို့ ဆုံးဖြတ်လိုက်ကြသည်။ ​မျှော်လင့်ချက်​တွေ တနင့်တပိုးထားခဲ့တဲ့ဘဝက သဲတစ်မှုန်​လောက်မှ တန်ဖိုးမရှိ​တဲ့ဘဝက သိပ်နာကျင်ရသည်၊ ရှင်လျက်နဲ့ ​သေစာရင်းကို အလိုလိုမှတ်ခံလိုက်ရသလိုဖြစ်သည်။ တပ်ဖွဲ့ ၆၈၄အတွက်လည်း ထို့အတူခံစားရသည်။ တိုင်းပြည်ငြိမ်းချမ်း​​ရေးအတွက် အားကိုးရာ ဟူ​သော ဘဝမှသည် ​သေဒဏ်ကျအကျဉ်းသားဘဝသို့ ပြန်​ရောက်သွားသည်။ မိမိရဲ့နိုင်ငံ​တော်က မိမိကိုစွန့်ပစ်လိုက်ပြီ။ တပ်ဖွဲ့ ၆၈၄ အဖို့ ​ပေါက်သည့်နဖူး မထူး​တော့ပြီ၊ တပ်ဖွဲ့ ၆၈၄ တို့ မိုက်လုံးကြီးပြရ​တော့မည်။ ဘယ်​လောက်ထိ လုပ်ပြနိုင်မလဲဆိုတာ​တော့ ဘုရားသခင်သာ အသိဆုံးဖြစ်သည်။ ၁၉၆၈ မှ ၁၉၇၁ အထိ ၃နှစ်ကြာရှိခဲ့​သော တပ်ဖွဲ့ ၆၈၄အ​ကြောင်း ဖြစ်ရပ်မှန်ကို ရိုက်ကူးထားခြင်းဖြစ်ပြီး ဆု​ပေါင်း၈ဆုအထိ ရထားတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ IMDb 7.1အထိ ရရှိထားပြီး သရုပ်​ဆောင်များမှာလည်း လက်ရှိမှာ ဒိတ်ဒိတ်ကြဲ​အောင်မြင်​နေသည့် ဇာတ်ပို့မင်းသားကြီးများနဲ့ ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်။ လူလူချင်းစာနာသနားမှု၊ အမိန့်နဲ့ လူ့ကျင့်ဝတ်ကြားက မျဉ်းပါးလေးတစ်​ကြောင်း၊ စစ်သား​ကောင်းတို့ရဲ့ သူရဲသတ္တိနဲ့ ရဲ​ဘော်ရဲဖက် စိတ်ဓါတ်တို့ကိုပီပြင်​အောင် ရိုက်ပြသထားသည့် ဒီစစ်ကားကို စစ်ကားမဟုတ်​သော စစ်ကားလို့ပဲ ​ခေါ်လို့ရနိုင်မယ်ထင်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre.....Action, Drama Quality….WEB-DL 1080p and 720p File size…1.9GB and 980MB and 324MB Format…mp4 Duration….2h 15min Subtitle….Myanmar Subtitle (Hardsub) Translator ..... JimX Encoder ..... August

Horror • Mystery • Thriller
7 2003 135 mins
Silmido
The Exit Row
2

သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကို သဘောကျတတ်တဲ့ Thriller ပရိသတ်ကြီးအတွက် (၂၀၂၃) ထွက် The Exist Row ဆိုတဲ့ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းရဲ့အဓိကဇာတ်ဆောင် ဆာရှာဒေ့ဒ်က ခင်ပွန်းသည်ရယ် သားတစ်ယောက်ရယ်နဲ့အတူ သာယာတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး စီးပွားရေးလောကမှာလည်း အောင်မြင်တဲ့ ကြော်ငြာလုပ်ငန်းရှင်တစ်ယောက် ဖြစ်ပါတယ်။ ကလင့်ထ်မိုင်ရာကတော့ နာမည်ကြီးအိမ်ခြံမြေအကျိုးတော်ဆောင်တစ်ယောက်ဖြစ်ပြီး ဘဝကိုအေးအေးဆေးဆေး တစ်ယောက်တည်းဖြတ်သန်းနေသူဖြစ်ပါတယ်။ သီးခြားစီဖြစ်တည်နေတဲ့ သူတို့နှစ်ယောက်ရဲ့ကမ္ဘာနှစ်ခုဟာ လေယာဉ်ခရီးစဥ်တစ်ခုမှာ ဝင်ရောက်တိုက်မိခဲ့ပြီး ကလင့်ထ်က ဆာရှာ့ကို ရူးရူးမူးမူးစွဲလမ်းသွားခဲ့ပါတယ်။ ဆာရှာကတော့ အဆင်မချောခဲ့တဲ့ ဒီလေယာဉ်ခရီးစဉ်အပြီးမှာ စိတ်ဒဏ်ရာရသွားခဲ့ပြီး စိတ်ဖိစီးမှုလျော့ကျဆေးတွေ သောက်ရတဲ့အပြင် သူ့နောက်ကိုလူတစ်ယောက်က လိုက်နေပါတယ်ဆိုတဲ့ ခြောက်ခြားစရာစကားတွေကိုလည်း ပြောလာခဲ့ပါတယ်။ အိမ်ထောင်ရေးအဆင်မပြေမှုတွေလည်း ဖြစ်လာခဲ့ပြီး အရာရာအဆင်ပြေနေခဲ့တဲ့သူ့ဘဝလေးက ကမောက်ကမဖြစ်လာပါတော့တယ်။ ဆာရှာကြုံနေရတဲ့ ခြောက်ခြားစရာဖြစ်ရပ်တွေက ကလင့်ထ်ရဲ့စွဲလမ်းမှုနဲ့ ဘယ်လိုသက်ဆိုင်နေမလဲ။ ဆာရှာကပဲ စိတ်ကယောင်ခြောက်ချားဖြစ်နေခဲ့တာလား။ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုခံစားပေးပါဦးခင်ဗျာ။

Comedy • Drama • Sci-Fi & Fantasy
2 2023 91 mins
The Exit Row
Willy's Wonderland
6

နစ်ကိုလပ်ကေ့ဂ်ဟာ ဟိုးတုန်းက National Treasure တို့ Lord Of War တို့ The Rock တို့လို ရုပ်ရှင်ကားကောင်းအများကြီးရိုက်ခဲ့တဲ့အပြင် Leaving Las Vegas တို့ City Of Angels တို့ Wild at Heart တို့လို အနုပညာရည်မနိမ့်တဲ့ကားကောင်းတွေလည်း ရိုက်ခဲ့တဲ့သူပါ။ ဟိုးတုန်းက သူရိုက်သမျှ မကောင်းတဲ့ကားမရှိပါဘူး။ နောက်ပိုင်းမှာတော့ တစ်နှစ်ငါးကားလောက် ပေါပေါလာလောရိုက်ခဲ့လို့ ဇာတ်ညွှန်းချာတဲ့ ကားတွေများလာပါတယ်။ ဒါပေမဲ့ နစ်ကေ့ရဲ့ ဇာတ်ကောင်အပေါ် စိတ်နှစ်ကြိုးစားမှုကတော့ မလျော့ခဲ့ပါဘူး။ အင်တာဖန်အများစုကလည်း ကားတွေညံ့ပေမဲ့ နစ်ကေ့ကတော့ အစွမ်းကုန်ကြိုးစားခဲ့တယ်ဆိုပါတယ်။ နစ်ကေ့ကိုယ်တိုင်လည်း ဒီလိုပဲပြောထားပါတယ်။ သူ့ကိုချစ်တဲ့သူတွေ ချစ်သေးတာပါပဲ။ 2021 မှာတော့ နစ်ကေ့ဟာ ဘရုစ်ဝီလီစ်တို့ မယ်ဂစ်ဆွန်တို့ စုံးစုံးမနစ်သွားဘဲ ကားကောင်းတွေချည်း ပြန်ရွေးရိုက်လာပါတယ်။ ဝီလီ၀န်းဒါးလန်းလို သရဲကားအနေနဲ့မဆိုးတဲ့ကားကနေ စလိုက်တာပြောရမယ်။ နောက် Pig ရိုက်ပါတယ်။ အတော်ကောင်းပြီး ဝေဖန်ရေးသမားတွေ သဘောကျခဲ့ပါတယ်။ နောက်ကျ Prisoners of the Ghostland ရိုက်ခဲ့ပါတယ်။ ဒီကားကို အင်္ဂလိပ်ရုပ်ရှင်ဖန်တွေ ကြိုက်ချင်မှကြိုက်ကြမှာပေမဲ့ ကားကောင်းပါပဲ။ ရိုက်တဲ့ဒါရိုက်တာကလည်း ဂျပန်ရဲ့ ဆရာတစ်ပါးဖြစ်တဲ့ Sion Sono ပါ။ သူ့ဟန်ကိုကထူးနေတော့ လူတိုင်းတော့ မကြိုက်ဘူးပေါ့။ ခု ဝေဖန်ရေးသမားတွေကြားရေပန်းစားနေတာက နစ်ကေ့ရဲ့ ကားအသစ် The Unbearable Weight of Massive Talent ပါပဲ။ ခရမ်းချဉ်သီး ၁၀၀ပထမဆုံးရထားတဲ့ နစ်ကေ့ကားပါ။ ဟိုးတုန်းက ကောင်းလှပါရဲ့ဆိုတဲ့ ကားတွေတောင် မရခဲ့ပါဘူး။ နစ်ကေ့ဟာ စစကတည်းက သူ့ဦးလေး ဖရန်စစ်ဖို့ဒ်ကော်ပိုလာရဲ့ နာမည်နဲ့လုပ်စားဖို့ မရွေးခဲ့သလို တွင်းဆုံးကျပြီးနောက်မှာလည်း ရအောင်ပြန်ကုတ်တက်နိုင်ခဲ့တဲ့ သရုပ်ဆောင်ပညာကို တကယ်ချစ်တဲ့သူပါပဲ။ ပေါကားတွေရိုက်ခဲ့ရပေမဲ့ ပေါကားမှာတောင် အစွမ်းကုန်ကြိုးစားခဲ့တဲ့သူပါပဲ။ ဒီရုပ်ရှင် ၂၀၂၁မှာ အဲဒီတွင်းထဲက ပြန်စတက်ခဲ့တဲ့ ကနဦးရုပ်ရှင်တွေထဲက တစ်ကားပါပဲ။ တစ်ခါက နစ်ကေ့ကို ချစ်ဖူးရင် ခင်ဗျားကြည့်သင့်တဲ့ကားပါပဲ။ ဟိုးတုန်းက ကေ့စ်ရဲ့ဟန်တွေပြန်မြင်ရမှာပါ။ ဝီလီ၀န်းဒါးလန်းဟာ Rating မမြင့်ပါဘူး။ ဒါပေမဲ့ Horror ကားပါ။ Horror ကားအနေနဲ့ဆို ဒီ rating က ပုံမှန်ပဲလို့ဆိုလို့ရပါတယ်။ ဗမာပြည်ထွက် Horror ကားထဲက အတော်ကောင်းတဲ့ သူစိမ်းအိမ်နဲ့ တစ်ချို့နေရာလေးတွေ ဆင်ပါတယ်။ သူ့ဘာသာကောင်းပေမဲ့ ဇာတ်လမ်းကတော့ သူစိမ်းအိမ်မမီဘူးပေါ့။ ဒါပေမဲ့ နစ်ကေ့ကြီးမို့ ကြည့်ရတန်မှာပါ။ ပြီးခဲ့တဲ့ရာစုနှစ်ရဲ့ အဆိုးဆုံး ကွင်းဆက်လူသတ်သမားဖြစ်ခဲ့တဲ့ ဝီလီဟာ ကစားကွင်းတစ်ခုထောင်ပြီး အဲဒီကစားကွင်းထဲမှာတင် ကလေးတွေ မိဘတွေကို သူ့အဖွဲ့နဲ့အတူသတ်ခဲ့ပါတယ်။ လူပျောက်တာတွေများလာလို့ ရဲတွေက လာစစ်ဆေးတဲ့အချိန်မှာ စေတန်ကိုပူဇော်တဲ့ အစီအရင်လုပ်ပြီး လူသတ်သမားတွေက သူတို့စိတ်နဲ့ဝိညာဉ်ကို ကစားကွင်းက အရုပ်တွေထဲထည့်လိုက်ပါတယ်။ အဲဒီအရုပ်ကို မြို့ခံလူတွေဟာ သူတို့ကိုမသတ်အောင် ခရီးသွားတွေပို့ပေးမယ်လို့ ညှိထားကြပါတယ်။ ခရီးသွားတွေ အဲဒီကိုမသွားသွားရအောင်လည်း မြို့ခံတွေက ကြံပြီးရအောင်ပို့ခဲ့ကြပါတယ်။ တစ်‌နေ့မှာ နစ်ကေ့က အဲဒီမြို့ကို ကားတစ်စီးနဲ့ရောက်လာတဲ့အခါမှာတော့...... (ဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.3GB, 605MB Quality - 1080p, 720p IMDb Rating - 5.5/10 Format - mp4 Duration - 1H 28Min Genre - Action, Comedy, Horror Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Drama • Sci-Fi & Fantasy
6 2021 88 mins
Willy's Wonderland
A Tribute to Her Majesty – the Queen
5.3

A Tribute to Her Majesty – The Queen (2022) ဒီ Documentary လေးကိုထွေထွေထူးထူးညွှန်းနေစရာတော့လိုမယ်မထင်ပါဘူး။ မကြာသေးခင်ကမှ နတ်ရွာစံသွားတဲ့ အင်္ဂလန်ပြည့်ရှင် ဘုရင်မကြီး အဲလိဇဘက် ၂ အကြောင်း BBC ကနေ ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ပါ။ ဘုရင်မကြီးရဲ့ ကလေးဘဝ၊ ဒုတိယကမ္ဘာစစ်ကို ၁၃နှစ်အရွယ် မိန်းကလေးတစ်ဦးအနေနဲ့ ဖြတ်သန်းခဲ့ပုံတွေ၊ ထီးနန်းဆက်ခံရမယ့် မျိုးဆက်မဟုတ်ပေမယ့် ကံကြမ္မာကြောင့် ထီးနန်းဆက်ခံဖို့ဖြစ်လာတာတွေ၊ မိသားစုကိုချစ်ခင်ပုံတွေ၊ ထီးနန်းဆက်ခံပြီးနောက်မှာ တာဝန်နဲ့မိသားစုကို ဦးထိပ်ပဓာနထားခဲ့တာတွေကို ဒီ မှတ်တမ်းရုပ်ရှင်လေးမှာတွေ့နိုင်ပါတယ်။ ရှေးခေတ်ဗီဒီယိုမှတ်တမ်းတွေ အများအပြားထည့်သွင်းရိုက်ကူးထားတဲ့အပြင် ဘုရင်မကြီးရဲ့ မိသားစုဝင်တွေ၊ ဗြိတိန်ဝန်ကြီးချုပ်ဟောင်းတွေ၊ မင်းမှုထမ်းတွေလည်း ပါဝင်အားဖြည့်ပေးထားလို့ ကြည့်ရအဆင်ပြေတဲ့ Documentary လေးပါပဲ။ တော်ဝင်မိသားစုဖက်အမြင်ကနေပဲရိုက်ကူးထားပြီး သွားလေသူကိုအမှတ်တရဖြစ်အောင် တင်ပြထားတဲ့အတွက် တစ်ချို့တစ်ချို့သော ကိစ္စလေးတွေမှာ အငြင်းပွါးစရာလေးတွေတော့ရှိနိုင်ပါတယ်။ ဒါလေးကို သည်းခံနိုင်ရင်တော့ ကြည့်ရတာတန်တဲ့ Documentary လေးပါပဲလို့ တတ်နိုင်သလောက်လေး ညွှန်းခဲ့ပါရစေခင်ဗျား… (ဒီဇာတ်ကားနဲ့အညွှန်းကို Htet Kyaw Myo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.83GB, 823MB Quality – 1080p, 720p Format – mp4 Duration – 1H 33Min Genre – Documentary Subtitle – Myanmar Subtitle (Hardsub) Translated by Htet Kyaw Myo Encoded by Y

Horror • Thriller
5.3 2022 91 mins
A Tribute to Her Majesty – the Queen
Waiting for Bojangles
6.5

Waiting for Bojangles (2022) ==================== IMDb Rating – 6.5/10 လူသားနှစ်ယောက်ရဲ့ တွေ့ဆုံမှုကလည်း ထူးဆန်းခဲ့ပါရဲ့ ၊ စတွေ့ကတည်းက နှစ်ယောက်ဆုံဆည်းမှုဟာ ပျော်စရာတွေ ယူဆောင်လာပေးမယ်ဆိုတာကို ကိုယ်စီ သိခဲ့ကြသလိုပါပဲ။ ဘဝရဲ့ လက်တွဲဖော်အစစ်နဲ့ ဆုံလာတဲ့အခါ နှလုံးသားကလည်း အလိုလို သိသည် ထင်ပါရဲ့ ၊ ဘယ်အရာတွေက တားတား အချစ် ခရီးက ခိုင်မာခဲ့တယ်။ မိသားစုဆိုတဲ့ အရာလေးကို ဖန်တီးနိုင်ခဲ့တယ်။ ဒါပေမဲ့ ဘဝဆိုတာ သာယာလှပလွန်းနေရင် ပျင်းစရာကောင်း မယ်လို့ ယူဆပုံရတဲ့ ဘုရားသခင်က ကံကြမ္မာနဲ့ ပူးပေါင်းကြံစည်ပြီး ဒီမိသားစုလေးအပေါ် မိုးသက်လေပြင်းတို့ ကျရောက်စေခဲ့တဲ့အခါ၊ ဒီဒုက္ခတွေကို ရုန်းထွက်ရမှာ ဒီမိသားစုလေးရဲ့ တာဝန်ဖြစ်လာပါ တော့တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Yoon Sandi Aungမှ ရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများကတော့ Yoon Sandi Aung, Khant Sett Naing တို့ဖြစ်ပါတယ်) File Size……….(2.02 GB) / (842 MB) / (476 MB) Quality…………BluRay 1080p / 720p / 480p Duration………2Hrs 4mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Romance Translator…….Yoon Sandi Aung, Khant Sett Naing Encoder……….SWM

Horror • Mystery • Thriller
6.5 2022 124 mins
Waiting for Bojangles
The Slumber Party
5.8

ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ Disney ရဲ့ Comedy, Family အမျိုးအစား The Slumber Party ဆိုတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ဒီဇာတ်လမ်းအကျဉ်းလေးကတော့ မက်ဂန်နဲ့ သူ့ရဲ့သူငယ်ချင်းတစ်စု အန်နာမာရီယာရဲ့မွေးနေ့မှာ ပါတီကျင်းပရင်းဖြစ်ပေါ်လာတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် စိတ်ရောဂါဆရာဝန် အဖေနှစ်ယောက်ရှိတဲ့ LGBTမိသားစုကနေ မွေးဖွားလာတဲ့ မက်ဂန်၊ အမြဲတက်တက်ကြွကြွနေတတ်ပြီး သတ္တိရှိတဲ့ မက်ဂန်ရဲ့ ငယ်သူငယ်ချင်း ပေ့ခ်ျ၊ သူ့ရဲ့မွေးနေ့မှာ အဖေက နောက်အိမ်ထောင်ပြုတော့မှာကြောင့် စိတ်ရှုပ်နေတဲ့ အန်နာမာရီယာ၊ အန်နာမာရီယာရဲ့ညီအစ်မတော်ဖို့ ဖြစ်လာတဲ့ ဗရော်နီကာ၊ အဖေနှစ်ယောက်ရဲ့ စိုးရိမ်ပူပန်မှုတွေကြောင့် လူငယ်သဘာဝအတိုင်း လွတ်လွတ်လပ်လပ်မနေတတ်ဘဲ အမြဲထိန်းချုပ်ပြီး‌နေတတ်တဲ့ မက်ဂန်ဟာ အန်နာမာရီယာ့မွေးနေ့မှာတော့ သူရဲ့ထိန်းချုပ်မှုတွေ ပူပန်မှု‌တွေကိုမေ့ပစ်ပြီး သူငယ်ချင်းတွေနဲ့အတူတူ အသစ်အဆန်းတွေလုပ်ကြည့်မယ်လို့ ဆုံးဖြတ်လိုက်ရင်း….. အစ်မရဲ့မွေးနေ့အတွက် အမှတ်တရဖြစ်အောင် ဗရော်နီကာ ဖိတ်ပေးထားတဲ့ မှော်ဆရာကလည်း သူတို့ကို စိုးရိမ်ပူပန်မှုအကုန်မေ့ပျောက်ပြီး စိတ်လွတ်လက်လွတ် ပျော်ပျော်နေကြဖို့ စိတ်ညှို့‌ပေးလိုက်တဲ့ အခါမှာတော့…. သူတို့သူငယ်ချင်းတစ်စု ဘာတွေဆက်ဖြစ်မလဲဆိုတာ…. အခုပဲကြည့်ကြည့်လိုက်ရအောင် File size…(840 MB) Quality….Webrip 720p Format…mp4 Duration….01:23:00 Genre…Comedy,Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phoo Myat Thwe

Romance • Drama
5.8 2023
The Slumber Party
Ready or Not 2

မြို့ပြမှာ နေထိုင်နေတဲ့ စုံတွဲတွေရဲ့ မတူညီတဲ့အဆင့်အသီးသီးမှာ ဖြစ်ပျက်လေ့ရှိတဲ့ အဖြစ်အပျက်လေးတွေကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ အားကျားနဲ့ ခယ်ရီးတို့ရဲ့ ဘဝဟာ အားကျားရဲ့ အမေကြောင့် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ မင်္ဂလာပွဲအတွက်ပြင်ဆင်ဖို့၊ အိမ်ဝယ်ဖို့၊ အလုပ်ကိစ္စတွေကြောင့် အရင်က ပျော်စရာဘဝကြီးက တဖြည်းဖြည်းနဲ့ တာဝန်တွေ ဝတ္တရားတွေနဲ့ ပြည့်နှက်လာခဲ့ပါတယ်။ ဟွေးရှုံကလည်း အိမ်ထောင်ရှင်ကောင်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေပေမယ့် သူ့ဇနီးဖြစ်သူ ဂျင်းနီကတော့ သူ့အပေါ် စိတ်ဝင်စားမှုတွေ လျော့နည်းလာပြီး အပြောင်းအလဲတွေရှိနေပါတယ်။ အားကျန့်နဲ့ ဂျက်ဆီကာကတော့ မိုးနတ်မင်းရဲ့ ဆုလာဘ် (ကိုယ်ဝန်)ကို လက်ခံရရှိခဲ့ပါတယ်။ အပြည့်အဝ ကာကွယ်ခဲ့ပေမယ့်လည်း 0.01% ဖြစ်နိုင်ချေက သူတို့ဆီကို ရောက်လာပြီး မပြင်ဆင်ရသေးခင် မိဘဖြစ်လာဖို့ ဖြစ်ခဲ့ရပါတယ်။ သူတို့တစ်တွေ ကိုယ်စီအခက်အခဲကို ဘယ်လို ကျော်ဖြတ်ကြမလဲ…… သူတို့ ၆ ယောက်ရဲ့ ဘဝလမ်းကြောင်းကရော ဘယ်လို အပြောင်းအလဲတွေရှိနေမလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ လိုက်ပါ ခံစားကြည့်ရှုလိုက်ရအောင်နော်။

Drama • Thriller • Crime
0 2023
Ready or Not 2
Nightmare Man

အယ်လင်ဟာ သူနဲ့ခင်ပွန်းဖြစ်သူ ဝီလီယမ်တို့ကြား သားသမီးမထွန်းကားတဲ့ ပြဿနာကိုဖြေရှင်းရာမှာ အထောက်အကူရစေဖို့အတွက် ရောမကနေ အာဖရိကဖြစ် မျက်နှာဖုံးတစ်ခု မှာယူခဲ့ပါတယ်။ ဖြစ်ချင်တော့ မှာလိုက်တဲ့ မျက်နှာဖုံးမဟုတ်ဘဲ မိစ္ဆာရုပ်မျက်နှာဖုံးကြီးဖြစ်နေရာက အယ်လင့်ကိုဝင်ပူးပြီး အိပ်မက်ဆိုးများနဲ့ ခြောက်လှန့်ပါတော့တယ်။ နေ့စဉ်အမျှ ထင်ယောင်ထင်မှားဖြစ်တဲ့ အာရုံတွေကြောင့် အယ်လင့်ခင်ပွန်းဝီလီယမ်ဟာ စိတ်ကျန်းမာရေးဆရာဝန်များနဲ့ အယ်လင့်ကိုပြသခဲ့ပြီး စိတ်ကစဉ့်ကလျားဝေဒနာခံစားနေရကြောင်း ရောဂါအမည် တပ်ခဲ့ပါတယ်။ နေ့စဉ်ဆေးပုံမှန်သောက်နေရတဲ့ အယ်လင်ဟာ ရောဂါသက်သာ လာသလိုရှိပေမယ့် အလျှင်းမပျောက်သေးတာကြောင့် စိတ်ကျန်းမာရေးဆေးရုံ တင်ကုသဖို့ ဝီလီယမ်နဲ့ အယ်လင်တို့ ဇနီးမောင်နှံနှစ်ဦးတည်း တောလမ်းခရီး ထွက်လာခဲ့ကြပါတယ်။ လူသူဝေးတဲ့နေရာရောက်မှ ဆီကုန်လို့ကားထိုးရပ်သွားပြီး ဝီလီယံက ဆီသွား ရှာတာကြောင့် တောနက်ကြီးအလယ်မှာအယ်လင်ဟာ ကားထဲမှာမျက်နှာဖုံးနှင့် နှစ်ယောက်တည်း ကျန်ခဲ့ချိန်ကစပြီး လျှို့ဝှက်သည်းဖိုအဖြစ်အပျက်များ ဆက်တိုက် ကြုံတွေ့ရပါတော့တယ်။ အယ်လင့်ရဲ့အိပ်ဆက်ဆိုးတွေထဲက မိစ္ဆာကောင်ဟာ မျက်နှာဖုံးကြောင့်ဖြစ်မလား.. အယ်လင်ဟာတကယ်ပဲ စိတ်ကစဉ့်ကလျားဝေဒနာကြောင့် ထင်ယောင်ထင်မှားဖြစ်နေတာလား.. စိတ်ကစဉ့်ကလျားဝေဒနာသည်နှင့် ကြာရှည်ပေါင်းသင်းလာရတဲ့ ဝီလီယံဟာ အယ်လင့်ဝေဒနာကို ပျောက်ကင်းအောင်လုပ်နိုင်ပါ့မလား…ဆိုတာ Nightmare Man ဇာတ်ကားမှာရှုစားကြရမှာဖြစ်ပါတယ်။ Horror Thriller အမျိုးအစားဖြစ်ပြီး R အဆင့်သတ်မှတ်ချက်အရ သွေးထွက်သံယိုနှင့် ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းများပါဝင်တာကြောင့် ကလေးသူငယ်များနှင့် မိသားစုအလိုက်ကြည့်ရှုရန် မသင့်ကြောင်းတင်ပြလိုက်ရပါတယ်။ File size…1.62GB / 688MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 29m Genre ….. Comedy , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Miyamoto

0 2006
Nightmare Man
Saltburn
7.5

Saltburn (2023) ~ IMDb – 7.5/10, RT – 72%, Meta – 60% ~ ပွဲဦးထွက်အနေနဲ့ Promising Young Woman (2020) ကို ဇာတ်ညွှန်းရေး ဒါရိုက်တာလုပ်ရိုက်ပြီး ပွဲဦးထွက်ကားနဲ့တင် Academy Award for Best Original Screenplay ဆုရသွားတဲ့ Emerald Fennell ထပ်ရိုက်လိုက်တဲ့ ရုပ်ရှင်ပေါ့။ ပွဲဦးထွက်ကားမှာလည်း ဇာတ်ညွှန်းရေးပြီး အော်စကာရထားသလို ဒီဒုတိယကားမှာလည်း သူ့ဘာသာဇာတ်ညွှန်းရေးပြီး ရိုက်ထားပြန်တာပါပဲ။ သုံးထားတဲ့ သရုပ်ဆောင်တွေကလည်း အော်စကာဆန်ခါတင် ဝင်ခဲ့တဲ့သူတွေအများသားပါ။ The Banshees of Inisherin နဲ့ မနှစ်က ဆန်ခါတင်ဝင်ခဲ့တဲ့ Barry Keoghan, ဖန်နဲလ်ရိုက်ခဲ့တဲ့ Promising Young Woman နဲ့ပဲ ဆန်ခါတင်ဝင်ခဲ့တဲ့ Carey Mulligan, Gone Girl နဲ့ ဆန်ခါတင်ဝင်ဖူးတဲ့ Rosamund Pike, Best Supporting Actor ဆန်ခါတင်ဝင်ဖူးတဲ့ Richard E. Grant စတဲ့ အော်စကာတန်းဝင်ဖူးတဲ့ သရုပ်ဆောင်တွေချည်း။ တစ်ယောက်မှတော့ မရကြသေးဘူးပေါ့။ ဒီကားနဲ့လည်း Rosamund Pike နဲ့ Barry Keoghan တို့ ဆန်ခါတင်ဝင်ကောင်းဝင်လောက်တယ်။ နောက် The Kissing Booth နဲ့ လူသိများတဲ့ Jacob Elordi လည်း အဆစ်ပါထားတယ်။ ဒီဇာတ်ရဲ့အဓိကဇာတ်ကောင်တစ်ကောင်ကိုပဲ ဦးတည်ထားတဲ့ဇာတ်ဖြစ်သလို အဲဒီဇာတ်ကောင်ကလည်း Barry Keoghan ဖြစ်နေတော့ စစချင်းကြည့်ရင် သူရိုက်နေကျပုံစံကနေ ကွဲထွက်သွားပြီလို့ထင်ရတယ်။ အောက်စ်ဖို့က ရိုးရိုအေးအေး စာကြမ်းပိုးကျောင်းသားလေးရဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်လိုလိုပဲ။ အပေါင်းအသင်းမဲ့နေတဲ့ စာကြမ်းပိုးလေးက ကျောင်းက မင်းသားလေးနဲ့ တွေ့ရာက ဇာတ်လမ်းစတယ်ပေါ့။ သနားစရာကောင်းတဲ့ သူ့ဘဝအကြောင်းသိသွားတော့ မင်းသားလေးက သူ့အိမ်မှာ နွေပိတ်ရက်လိုက်နေဖို့ခေါ်တယ်။ မင်းသားလေးအိမ်ကလည်း တကယ့်နန်းတော်ကြီးပဲ။ ဒီလိုနဲ့ စာကြမ်းပိုးကျောင်းသားလေးဟာ အထက်တန်းလွှာလူတွေရဲ့ မျက်နှာဖုံးတွေနဲ့ ရင်ဆိုင်ရမယ့် နွေရာသီတစ်ခု ဆိုက်ရောက်လာခဲ့တယ်။ တချို့ကတော့ ဘယ်ရီက ဒီဇာတ်ကောင်အတွက် အသက်ကြီးလွန်းနေသလို Rosamund ကို အမေဇာတ်နေရာ ပို့ထားတာက သူ့အလှကို စော်ကားရာရောက်တယ်လို့ ဝေဖန်ကြတယ်။ ဒါပေမဲ့လည်း ဒီဇာတ်ရဲ့အချိုးအကွေ့ကို ဘယ်ရီလို သရုပ်ဆောင်မျိုးကပဲ သရုပ်ဆောင်နိုင်မှာဖြစ်တဲ့အတွက် သူ့ထက်အငယ်တန်းမှာလည်း ဒီလိုမျိုးမမြင်မိတော့ မှားတော့မမှားဘူး ထင်တာပဲ။ ဒါပေမဲ့ ပြောကြတာလည်း မှားတော့မှားမနေဘူး။ Barry Keoghan ရဲ့ အပြည့်အဝကွဲထွက်လာတဲ့သရုပ်ဆောင်ပုံကိုတော့ မြင်ရဦးမှာမဟုတ်ပေမဲ့ ကွဲထွက်စပြုလာတဲ့ ပုံစံကိုတော့ မြင်ရလိမ့်မယ်။ ဒီနှစ်ထဲ ထွက်ထားတဲ့ ထွက်တော့မယ့် ကားကောင်းတွေ တော်တော်များပါတယ်။ ဒီထဲမှာမှ Saltburn ဟာ ၁ကနေ ၂၀အထိစာရင်းလုပ်ရင် တစ်နေရာရာမှာ ပါနေလောက်တဲ့ ကားကောင်းတစ်ကားဖြစ်တယ်။ ဇာတ်လမ်းကတော့ တခြားအော်စကာဆန်ခါတင်ဝင်နိုင်တဲ့ ကားအများစုလိုမဟုတ်ဘဲ ပေါ့ပေါ့ပါးပါးနဲ့ ဇာတ်အိမ်သွက်သွက်နဲ့ပဲ သွားထားတယ်။ ဘာဖြစ်ဖြစ် ဒီနှစ်ရဲ့ မဖြစ်မနေကြည့်ရမယ့်စာရင်းထဲတော့ ဝင်နေတာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 9.04GB, 2.25GB, 1.1GB Quality – 4K HEVC, 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 2H 11Min Genre – Comedy, Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y, Ka Naung

Comedy • Romance
7.5 2023 131 mins
Saltburn
Justice League: Gods and Monsters
7

IMDB 7 နဲ့ Rotten Tomatoes 88% ရထားတဲ့ ဒီဇာတ်ကားကတော့ ကျွန်တော်တို့မြင်တွေ့နေကျ Justice League မဟုတ်ဘဲ တခြားစကြာဝဠာက Justice League အကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဒီစကြာဝဠာမှာ Superman က Jor-El နဲ့ Lara တို့ရဲ့သားမဟုတ်ဘဲ General Zod က အဖေဖြစ်နေပါတယ်။ Batman ဟာလည်း လမ်းကြားထဲမှာအသတ်ခံလိုက်ရတဲ့ မိဘနှစ်ပါးရဲ့သားမဟုတ်ဘဲ သွေးစုပ်ဖုတ်ကောင်ဆရာဝန်ဖြစ်နေသလို Wonder Woman ဟာလည်း အမေဇုန်ကျွန်းပေါ်က စစ်သည်တစ်ယောက်မဟုတ်ဘဲ မုဆိုးမဘုရင်မတစ်ယောက်ဖြစ်နေပါတယ်။ Lex Luthor ကလည်း Justice League ကိုအမြဲဒုက္ခပေးဖို့ ကြိုးစားနေတဲ့လူတစ်ယောက်မဟုတ်တာကြောင့် တစ်ယောက်ချင်းစီမှာ မတူညီတဲ့စရိုက်နဲ့ နောက်ခံဇာတ်လမ်းတွေရှိနေပါတယ်။ Superman, Batman နဲ့ Wonder Woman ဟာ Luthor နဲ့ပြည်သူတွေဆန္ဒပြနေတဲ့ကြားက Justice League ကိုဖွဲ့လိုက်ကြပြီး စစ်ဆင်ရေးလုပ်တဲ့အခါမှာ တရားဥပဒေဘောင်ကိုကျော်ပြီး လူဆိုးတွေကို သတ်ပစ်ကြတတ်တယ်ဆိုပေမဲ့ သူတို့တွေက ပြည်သူတွေကို မသတ်ကြတာကြောင့် အမေရိကန်အစိုးရက သတင်းဖုံးပေးခဲ့တယ်။ ဒါပေမဲ့ သူတို့ရဲ့လုပ်ထုံးလုပ်နည်းကိုသဘောမကျလို့ ဆန္ဒပြတာတွေများလာသလို ပိုဆိုးချင်တော့ အစိုးရအတွက် အလုပ်လုပ်ပေးနေတဲ့ အတော်ဆုံးသိပ္ပံပညာရှင်တွေကို သတ်တာကို Justice League ကလုပ်တယ်ဆိုပြီး ချောက်ချခံရပါတယ်။ ဒါကြောင့်ပဲ သမ္မတကြီးက သူတို့ကိုဖမ်းဖို့အမိန့်ချမှတ်လိုက်တဲ့အချိန်မှာ သူတို့သုံးယောက်က အဖမ်းမခံရအောင်ကြိုးစားကြရင်း တရားခံအစစ်ကိုဖော်ထုတ်ကြတာကို တခြား Justice League ဇာတ်ကားတွေနဲ့မတူတဲ့ အရသာနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။ File size… 1 GB / 508 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 16m Genre ….. Action/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi

7 2015 76 mins
Justice League: Gods and Monsters
Antigang : La Releve

ပေါ့ပေါ့ပါးပါးကြည့်ရမယ့် ပြစ်သစ် ရဲကားလေး တင်ဆက်ပေးလိုက်ပါတယ်… ရဲနှစ်ယောက် ရုပ်ရှင်တွေလိုမျိုး ဆိုပေမယ့် ဒီတစ်ခါက အဖေဖြစ်သူရယ် မျက်နှာကြောမတည့်တဲ့ ၁၄ နှစ်အရွယ်သမီးလေးရယ် ဇာတ်လမ်းပါ နီးလ်က အကြမ်းဖက်သမားတွေကြောင့် သူ့ရဲ့မိန်းမကို ဆုံးရှုံးလိုက်ရပြီး ရဲဝန်ထမ်းဘဝကနေပါ အနားယူခဲ့ရပါတယ်… ၁၄ နှစ်အရွယ် သမီးဖြစ်သူ ရှားလော့က ဆရာမနိုင်၊ထိန်းကျောင်းရခက်တဲ့ ကလေးမလေးဖြစ်ပြီး တစ်နေ့မှာတော့ တစ်ချိန်က ရှားလော့ရဲ့ အမေကို သတ်သွားတဲ့ အကြမ်းဖက်အဖွဲ့ ပြန်ပေါ်လာတာကြောင့် နီးလ်က ရဲတပ်ဖွဲ့ရဲ့ အကူအညီမပါဘဲ ပြန်စုံစမ်းရဖို့ ဖြစ်လာကာ… သမီးလေးကလည်း အမေ့အတွက်် လက်စားချေမယ်လို့ ဆုံးဖြတ်လိုက်တဲ့အခါမှာတော့ … ဒရာမာတွေ ခပ်ပါးပါးသာပါပြီး စိတ်ပြေလက်ပျောက်ကြည့်လို့ရမယ့် ဇာတ်လမ်းလေးကို အားပေးကြပါဦးလို့ … File size…(1.4 GB)/(825 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre… Action, Drama, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan

0 2023
Antigang : La Releve
Remember
7.5

black and white ခေတ်ကမင်းသားကြီးChristopher Plummerပါဝင်သရုပ်ဆောင်ထားတဲ့ 2015မှာထွက်ရှိခဲ့တဲ့ ဇာတ်ကားကောင်းလေးပါ ဒုတိယကမ္ဘာစစ်တုန်းက ဟစ်တလာခေါင်းဆောင်တဲ့နာဇီတွေက ‘ခရစ်စတယ်ည’နာမည်တွင်ခဲ့တဲ့ ၁၉၃၈ ခုနှစ် နိုဝင်ဘာ ၉-၁၀ ရက်နေ့တွေမှာ ဂျူးတွေနဲ့ဂျူးတွေပိုင်ဆိုင်တဲ့ ပစ္စည်းတွေဆိုင်ခန်းတွေကို အကြမ်းဖက်ဖျက်ဆီးခဲ့ကြပါတယ် ဒီဖြစ်စဉ်မှာ ဂျူးလူမျိုး၃သောင်းခန့် အဖမ်းခံရကာစစ်အကျဉ်းစခန်းကို ပို့ခံခဲ့ရပြီး ဂျူး၁၀၀ထက်မနည်းသေဆုံးခဲ့ပါတယ် ဒီဖြစ်ရပ်ဟာ Holocaust Genocide ကိုဦးတည်စေခဲ့ပါတယ် Holocaust မှာ ဂျူးများအပြင်LGBTတွေ, လူမည်းတွေ, ဂျစ်ပစီတွေ, မသန်စွမ်းတွေပါ နာဇီတွေရဲ့သားကောင်ဖြစ်ခဲ့ရပါတယ် Auschwitzလိုစစ်အကျဉ်းစခန်းတွေမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု, အဆိပ်ဓာတ်ငွေ့ပေးနှိပ်စက်မှုတွေပါပြုလုပ်ခဲ့ကြပါတယ် ဒီဖြစ်ရပ်တွေကိုအခြေတည်ထားတဲ့ ဇာတ်လမ်းလေးဖြစ်တာကြောင့် သမိုင်းကြောင်းစိတ်ဝင်စားသူတွေအကြိုက်တွေ့စေမှာပါ ဇာတ်လမ်းအကျဉ်းကတော့ သူငယ်ပြန်ရောဂါရှိနေတဲ့ဇက်ဖ်က သူ့မိန်းမဆုံးသွားပြီးနောက်ပိုင်းမှ ာ နာဇီလက်ထက်က သူ့ရဲ့မိသားစုကိုသတ်ခဲ့တဲ့ တရားခံဖြစ်တဲ့ စစ်အကျဉ်းစခန်းက ခေါင်းဆောင်ပိုင်းတစ်ယောက်ကိုလိုက်ရှာဖို့အကြောင်းဖန်လာပါတယ် ဘိုးဘွားရိပ်သာက သူ့သူငယ်ချင်းမက်စ်ရဲ့အကူအညီနဲ့ ဘယ်လိုစိတ်ဝင်စားစရာ ရှာပုံတော်ဖွင့်မလဲ ဘယ်လို ဇာတ်လမ်းလှည့်ကွက်တွေ ကြုံရဦးမလဲဆိုတာ နာဇီနဲ့ဂျူးတွေကြားကပဋိပက္ခ သမိုင်းကြောင်းတွေကို ပြန်လည်ခံစားရင်း ရှုစားကြပါဦး File size… 1.6 GB / 794 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 35m Genre ….. Drama/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Na Ei

Romance • Comedy • Drama
7.5 2015 94 mins
Remember
Avengers: Age of Ultron
7.4

Marvel Cinematic Universe: Phase Two ကတော့ Phase One ရဲ့ အောင်မြင်မှုကြောင့် ပရိတ်သတ်အများအပြားရဲ့ယုံကြည်မှုနဲ့ အားပေးမှုကို အရံသင့်ရရှိခဲ့ပြီး ခန့်ညားထည်ဝယ်စွာဆက်လက်တင်ဆက်နိုင်ခဲ့ပါတယ်။Phase 2 မှာတော့ Infinity Stone ခေါ် စကြာဝဠာကျောက်တုံး(၆) တုံးနဲ့ စကြာဝဠာလူကြမ်းကြီး သားနို့စ်အကြောင်းတွေ ပိုမိုပါဝင်လာခဲ့ပါပြီ။ Phase 1 တုန်းက Solo မိတ်ဆက်ခဲ့တဲ့ လူစွမ်းကောင်းတွေကို Phase 2 မှာ ပိုမိုစုစည်းမြင်တွေ့လာရပြီး MCU ရဲ့ ကြီးမားကျယ်ပြန့်တဲ့ Universe ကို ထပ်မံချပြနိုင်ခဲ့ပါတယ်။ MCU Phase 1/2/3 ကို The Infinity Saga လို့ပေါင်းခေါ်ပြီးတော့ MCU Phase 4/5/6 ကိုတော့ The Multiverse Saga လို့ ပေါင်းခေါ်ကြပါတယ်။ Phase 2 မှာတော့ ရုပ်ရှင် ၆ ကားရှိပြီး အောက်ပါအတိုင်း အစဉ်လိုက် ကြည့်ရှုကြရမှာပါ။ Iron Man 3 (2013) Thor: The Dark World (2013) Captain America: The Winter Soldier (2014) Guardians of the Galaxy (2014) Avengers: Age of Ultron (2015) Ant-Man (2015) Marvel Cinematic Universe ဇာတ်ကားအားလုံးကို CM App>>>https://www.cmapp.tv/?share=15957066C1681DF နဲ့ https://www.channelmyanmar.to/category/special-package/mcu/ ဒီလင့်တွေမှာ ကြည့်လို့ရပါတယ်။ ++++++++++++++ Avengers: Age of Ultron (2015) IMDb Rating (7.3 ) / Rotten Tomatoes (76 %) “Avengers: Age of Ultron” (2015) သည် Marvel Cinematic Universe (MCU) Phase 2 ရဲ့ ပဉ္စမမြောက် ဇာတ်ကားဖြစ်ပြီး၊ Avengers အဖွဲ့ရဲ့ စုပေါင်းစွမ်းအားကို ဒုတိယအကြိမ်ချပြခဲ့တဲ့ရုပ်ရှင်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Tony Stark (Iron Man) နဲ့ Bruce Banner (Hulk) တို့ရဲ့ ကြိုးပမ်းမှုကြောင့် Ultron လို့ခေါ်တဲ့ ဉာဏ်ရည်တု AI စနစ်ကို ဖန်တီးမိပြီး၊ ဒီ AI စနစ်ဟာ လူသားတွေကို ဖျက်ဆီးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Ultron ဟာ သူ့ရဲ့ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဖို့အတွက် Vision နဲ့ Scarlet Witch တို့လို စွမ်းအားရှိသူတွေကို ဖန်တီးပါတယ်။ Avengers အဖွဲ့ဟာ Ultron ရဲ့ ခြိမ်းခြောက်မှုကို တားဆီးဖို့အတွက် ပြန်လည်စုစည်းခုခံဖို့ဖြစ်လာတဲ့အခါမှာတော့….။ Vision ရဲ့ နဖူးမှာ တပ်ဆင်ထားတဲ့ Mind Stone ဟာ Infinity Stones တွေထဲက တစ်ခုဖြစ်ပြီး၊ MCU ရဲ့ နောက်ကားတွေအတွက် စကြာဝဠာကျောက်တုံးတွေကို တခုပြီးတခုမိတ်ဆက်နေခဲ့ပါတယ်၊ Budget $444–495.2 million ကုန်ကျခဲ့ပြီး Box office ဝင်ငွေ $1.405 billion ထိပြန်လည်ရရှိခဲ့ပါတယ်။

7.4 2015 141 mins
Avengers: Age of Ultron
Eungyo (or) A Muse
6.6

Eungyo (2012) ************** IMDb… 6.6 (မိသားစုနဲ့ကြည့်ရှုဖို့ မသင့်လျော်တဲ့ ဇာတ်ဝင်ခန်းတချို့ ပါဝင်ကြောင်း ကြိုတင်သတိပေးပါ‌ရစေ။) မင်းသမီး Kim Go Eun ရဲ့ ပွဲဦးထွက်ရုပ်ရှင်ကားဖြစ်ပြီး တက်သစ်စမင်းသမီးဆုပေါင်းများစွာကို သိမ်းယူနိုင်ခဲ့တဲ့ ကားဟောင်းလေးကို ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်။ Kim Go Eun နဲ့အတူ Decision To Leave မှ မင်းသား Park Hae Il, Juvenile Justice မှ မင်းသား Kim Moo Yul တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ – ဇာတ်လမ်းအကျဉ်း – လူအများ လေးစားအားကျရတဲ့ နာမည်‌ကျော် ကဗျာဆရာတစ်ဖြစ်လဲ တက္ကသိုလ်‌ပါမောက္ခကြီး အီဂျော့ရို (Park Hae Il)… တစ်နေ့ သူအိမ်ပြန်ရောက်လာတော့ အိမ်ရှေ့တံခါးဝက ခုံလေးမှာ သူစိမ်းကောင်မလေးတစ်ယောက် ထိုင်နေတာကို မြင်တွေ့လိုက်ရတယ်.. သူ့နာမည်လေးက “အွန်းဂယို”တဲ့.. အွန်းဂယို (Kim Go Eun) နဲ့ အနေနီးလာတာနဲ့အမျှ ဂျော့ရိုလည်း အွန်းဂယိုရဲ့ စွဲမက်ဖွယ် ရနံ့လေးတွေ၊ အထိအတွေ့တွေ၊ ရယ်သံလေးတွေမှာ မလွန်ဆန်နိုင်တော့ဘဲ ရင်ဘတ်ထဲက စည်းတစ်ခုကို ကျော်မိသွားခဲ့တာပေါ့။ ဒါကြောင့်လည်း သူ့အကြောင်း စာတိုတစ်ပုဒ်ပါ ချရေးဖြစ်ခဲ့တယ် ခေါင်းစဉ်လေးကတော့ သူ့ရဲ့နာမည်လေးဖြစ်တဲ့ “အွန်းဂယို”… တစ်ဖက်မှာလည်း အီဂျော့ရိုရဲ့ တပည့်ဖြစ်သူ (Kim Moo Yul) က ဂျော့ရိုရေးထားတဲ့ စာတို “အွန်းဂယို” ကို မြင်သွားပြီး သူရေးတဲ့စာတိုအဖြစ် နာမည်တပ်ပြီး ထုတ်ဝေလိုက်တဲ့အခါမှာတော့….. ဆရာတပည့် နှစ်ဦးကြားမှာ သွေးကွဲမှုတွေ စတင်ဖြစ်ပေါ်လာမှာလား.. မစုံမက်သင့်သူကိုမှ စုံမက်မိတဲ့ ဂျော့ရိုရဲ့ ဇာတ်သိမ်းကရော ဘယ်လိုဖြစ်မလဲဆိုတာ ဇာတ်လမ်းလေးထဲမှာ ဆက်လက် ကြည့်ရှုခံစားပေးကြပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Hnin Wai Oo ပဲ ဖြစ်ပါတယ်။) File Size : 1.81GB/ 840MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…02:09:20 Genre : Romance, Drama, Melodrama Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Wai Oo Encoded by Tiff

6.6 2012 129 mins
Eungyo (or) A Muse