YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Warrior.Nun.S02E05.1080p.CM.mp4

578.45 MB N/A video/mp4 638 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Suro
6.5

IMDb Rating - 6.5/10 ဒီSpain ဇာတ်လမ်းကို ဒါရိုက်တာ Mikel Gurrea ရိုက်ကူး ထားပြီး rating 6.5 ရထားတာပါ။ Helenaနဲ့ Ivanဆိုတဲ့ ညား ခါစ လင်မယားနှစ်ယောက် ဖော့ဆို့ပင်သစ်တောရှိတဲ့ နယ်ဘက် က အိမ်တစ်အိမ်ကို ပြောင်းလာကြတယ်။ အဲ့အိမ်က ဆုံးသွားတဲ့ Helena ရဲ့ အဒေါ်ပိုင်အိမ်ပါ။ Helena တို့လင်မယားနှစ်ယောက် အဲ့မြို့ကိုပြောင်းလာတော့ မြို့ခံလူတွေက နွေရာသီမိုးခေါင်တဲ့အတွက် မီးဘေးအန္တရာယ်ကို ကာကွယ်ဖို့ ပြောနေကြတယ်။ ဒါပေမဲ့ Helenaတို့ကတော့ သူတို့ ကလေးလေးမမွေးခင် ဖော့ဆို့ပင်တွေ အခေါက်ခွာပြီး ချမ်းသာဖို့ ကိုပဲ အာရုံစိုက်နေကြတယ်။ အဲ့နောက်ပိုင်း ဖော့ဆို့ပင်အကြောင်း ဘာမှမသိတဲ့ Ivanနဲ့ Helenaတို့ အလုပ်သမားတွေငှားပြီး စုပေါင်း အလုပ်လုပ်ကြတော့ ဘယ်လိုပြဿနာတွေဖြစ်မလဲဆိုတာတော့ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ ညားခါစလင်မယား အချင်းချင်း အမြင်မတူလို့ရန်ဖြစ်တာတွေ၊ ဖော့ဆို့အခေါက်ခွာတဲ့ လုပ်နည်းတွေ၊ ပိုက်ဆံရဖို့ ခေါင်းဘယ်လောက်တောင် အခြောက် ခံလိုက်ရလဲဆိုတာတွေကို Mystery ဆန်ဆန် ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size..........(2.11 GB) / (782 MB) / (524 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 56Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Thriller Translator.......Thwal Htoo Zin Encoder..........SWM

Drama • Horror • Mystery • Thriller
6.5 2022 116 mins
Suro
Heaven, Earth and Hell

အိုလီဗာစတုန်းရဲ့ Vietnam War Trilogy ဟာ နာမည်ကျော် Trilogyတွေထဲ တစ်ခုအပါအဝင်ဖြစ်ခဲ့ပြီး သူ့နာမည်အတိုင်းပဲ အဲဒီသုံးကားဟာ ဇာတ်လမ်းဇာတ်အိမ် ဇာတ်ကောင် လားလားမှမဆိုင်ဘဲ ဗီယက်နမ်စစ်ပွဲကို အခြေပြုထားတာခြင်းပဲ တူနေတဲ့ ၃ကားပါ။ ပထမကားဖြစ်တဲ့ Platoon (1986) ကတော့ အကောင်းဆုံးကားလို့‌ ပြောရမှာပါပဲ။ နောက်တွမ်ခရုစ်ပါတဲ့ Born on the Fourth of July ပါ။ အခုကား Heaven and Earth (1993) ကတော့ တွမ်မီလီဂျုန်းပါဝင်ထားပါတယ်။ အိုလီဗာစတုန်းဟာ သမိုင်းကားတွေ အရိုက်များတဲ့ ဒါရိုက်တာဖြစ်ပြီး ဂျွန်အက်ဖ်ကနေဒီတို့ နက်ဆွန်တို့အကြောင်းလည်း ရိုက်ခဲ့ပါသေးတယ်။ သူကိုယ်တိုင်လည်း ဗီယက်နမ်စစ်ပွဲမှာ တာဝန်ကျဖူးပြီး သူ့စစ်မှုထမ်းအတွေ့အကြုံတွေဟာ ဒီ Trilogy အတွက် ထောက်တိုင်တွေဖြစ်ခဲ့တာမို့ ဒီကားတွေဟာ နာမည်ကျော်တာပါပဲ။ Vietnam War Trilogy ရဲ့ ပထမကားနဲ့ တတိယကားကို တင်ထားပေးပြီးပြီဖြစ်ပြီး ဒုတိယကား တွမ်ခရုစ်ရဲ့ Born on the Fourth of July ကလည်း လာပါလိမ့်မယ်။ စစ်ကားကြိုက်တဲ့လူတွေ လက်မလွှတ်သင့်တဲ့ Trilogy ပါပဲ။ ဗီယက်နမ်စစ်ပွဲကြီးဟာ (၁၉၅၅) ခုနှစ်မှာ စတင်ဖြစ်ပွားခဲ့ပါတယ်။ စစ်ပွဲတစ်ပွဲဖြစ်ပြီဆိုတာနဲ့ စစ်ရဲ့ဆိုးကျိုးတွေက နောက်ကချက်ချင်းကပ်လိုက်လာပါတယ်။ အမြင်သာဆုံးတစ်ခုကတော့ စစ်ဖြစ်ပြီဆိုတာနဲ့ ပြည့်တန်ဆာတွေ ပေါလာတာပါ။ အားကောင်းမောင်းသန် ယောက်ျားသားတွေ စစ်ထဲလိုက်သွားရတဲ့အချိန် ကျန်ခဲ့တဲ့မိန်းမသားတွေအတွက် စီးပွားရှာရခက်ခဲတဲ့အပြင် ကိုယ့်စိုက်ခင်းလေး ဘယ်အချိန်မီးရှို့ခံရမလဲ ကိုယ့်ပစ္စည်းလေး ဘယ်တော့အခိုးခံရမလဲ ကျီးလန့်စာစားနေရတဲ့ဘဝမို့ ရှာဖွေစားသောက်ရတာ မလွယ်ကူပါဘူး။ "စစ်ကဖြစ်ချင်လို့ကိုဖြစ်တာ ဖာက စားစရာမရှိလို့ဖြစ်တာ" လို့ မမမယ်လီနာက သူ့ဇာတ်ကားထဲမှာ ပြောခဲ့ဖူးပါတယ်။ ဒီဇာတ်ကားလေးကလည်း စစ်ကြောင့်ဘဝပျက်ခဲ့ရတဲ့၊ စစ်ကြောင့် ချစ်တဲ့မြေနဲ့ဝေးခဲ့ရတဲ့၊ စစ်ကြောင့် ချစ်ရတဲ့အရာတွေနဲ့ ဝေးခဲ့ရတဲ့၊ စစ်ကြောင့် ချစ်တဲ့သူတွေနဲ့ ဆုံစည်းခဲ့ရတဲ့ ဗီယက်နမ်အမျိုးသမီးလေးတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းပါပဲ။ ဇာတ်ကားနာမည်က Heaven and Earth လို့အမည်ရပြီး IMDB rating - 6.8/10 ထိရရှိထားတဲ့ ကားဟောင်းတစ်ကားမို့ မခေဘူးဆိုတာတော့ အသေအချာပါပဲ။ ဇာတ်ကားထဲမှာ ဗီယက်နမ်လူမျိုးတွေနဲ့ အမေရိကန်စစ်သားတွေကြား Communication ကောင်းကောင်းမပေါက်တာကိုပြဖို့အတွက် စကားပြောတဲ့အချိန် Broken English တွေချည်း သုံးထားပေမဲ့ ဗီယက်နမ်လူမျိုးအချင်းချင်းစကားပြောတဲ့နေရာတွေ၊ Narrating လုပ်တဲ့နေရာတွေမှာ ဗီယက်နမ်စကားမသုံးဘဲ အင်္ဂလိပ်စကားကိုပဲပြန်သုံးထားတာကိုတော့ သိပ်သဘောမကျလှပေမဲ့ ဒါကလည်းဇာတ်လမ်းကို အနှောင့်အယှက်ဖြစ်လောက်တဲ့ထိ မဟုတ်တာမို့ War / Drama ကြိုက်သူတွေအနေနဲ့ လေလီရဲ့ဘဝအတက်အကျလေးကို အတူတူလိုက်ခံစားပေးကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mariposa မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.3GB, 1.1GB, 630MB Quality - 1080p, 720p, 480p IMDb Rating - 6.8/10 Format - mp4 Duration - 2H 20Min Genre - Action, Biography, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Mariposa Encoded by Y

Comedy
0 1993 25 mins
Heaven, Earth and Hell
The Texas Chainsaw Massacre: The Beginning
6.1

အမေရိကန် တက္ကဆက်စ် ပြည်နယ်မှာ ၁၉၆၀ခုနှစ်တွေအတွင်း ချိန်းဆောနဲ့ လူတွေ အစုပြုံလိုက် သတ်ဖြတ်ပြီး စားသောက်ခဲ့ကြတဲ့ မိသားစုတစ်စုရှိခဲ့ပါတယ်။ အမေရိကန်ရဲ့ ခေါင်ခိုက်လှတဲ့ ပြည်နယ်ဖြစ်တဲ့ တက္ကဆက်စ်ဟာ ဒုတိယကမ္ဘာစစ်ပြီးကာလ‌မှာ စီးပွားရေးကျဆင်းမှု၊ ငတ်မွတ်ခေါင်းပါးမှုတွေ ဆိုးဆိုးဝါးဝါး ခံနေရလို့ နေထိုင်သူအများစု ပြောင်းရွှေ့ကုန်ကြပါပြီ။ ဒါပေမယ့် ဘယ်ကိုမှ မပြောင်းရွှေ့ပဲ တင်းခံနေခဲ့တဲ့ မိသားစုက‌တော့ တက္ကဆက်စ်ရဲ့ လူမနီးသူမနီး ကွင်းပြင်ကြီးမှ ာ စိုက်ပျိုးမွေးမြူရေးလုပ်ရင်း နေထိုင်ကြတဲ့ ဟီဝစ်မိသားစုပါ။ စစ်ဒဏ်၊ အစာရေစာ ငတ်မွတ်ခေါင်းပါးမှု ဒဏ်တွေကို အလူးလဲ ခံစားခဲ့ကြရတဲ့ ဟီဝစ် မိသားစုဝင်တွေဟာ စိတ်ပိုင်းဆိုင်ရာ ဆိုးဆိုးဝါးဝါး ထိခိုက်‌ထားပြီး ပုံမှန် မဟုတ်ကြတော့ပါဘူး။ တစ်နေ့မှာတော့ သူတို့ရဲ့ ညဏ်ရည်မဖွံ့ဖြိုးတဲ့ မွေးစားသား တွမ်မီက သူအလုပ်လုပ်တဲ့ သားသတ်ရုံက ပိုင်ရှင်ဖြစ်သူကို သတ်လိုက်ရာကစလို့ ၊ ဟီဝစ်မိသားစုဟာ အမေရိကန်သမိုင်းမှာ အရက်စက်အကြမ်းကြုတ်ဆုံး ရာဇဝတ်မှု တွေထဲက တစ်ခုဖြစ်တဲ့ တက္ကဆက်စ်ပြည်နယ်မှ ချိန်းဆောဖြင့် အစုလိုက်အပြုံလိုက် လူသတ်မှုကြီးကို စတင် ကျုးလွန်ဖို့ အကြောင်းဖန်လာပါတယ်။ Texas Chainsaw ရုပ်ရှင်တွေဟာ နာမည်ကြားတာနဲ့ကို ကျောချမ်းရတဲ့ ရုပ်ရှင်တွေပါ။ ဟော်ရာရုပ်ရှင်လောကမှာတော့ Texas Chainsaw ကားတွေရဲ့ လွှမ်းမိုးမှု တော်တော်ကြီးပြီး ၊ ကြမ်းတမ်းလွန်းတဲ့ ပြကွက်တွေကြောင့်လဲ တော်ရုံလူ မကြည့်ရဲတဲ့ ကားတွေပါ။ အခု Texas Chainsaw Massacre: The beginning ကတော့ ဟီဝစ်မိသားစုရဲ့ အစပြု orgin ဇာတ်လမ်းကို ရိုက်ထားတာပါ။ ဒီကားမှာဆိုရင် ဟီဝစ် စိတ္တဇလူသတ် မိသားစုဝင် တစ်ယောက်ဖြစ်တဲ့ လူ့အရေပြား မျက်နှာဖုံးကြီးနဲ့ ချိန်းဆောလူသတ်သမား Letharfaceကြီး ဘယ်လို စဖြစ်လာလဲ ဆိုတာနဲ့အတူ ကျန်တဲ့ ဆိုက်ကို မိသားစုဝင်တွေ အကြောင်းပါ မြင်ရမှာပါ။ ဇာတ်လမ်းကတော့ ဗီယက်နမ် စစ်ပွဲကို အလွှတ်ခံရတဲ့ အမေရိကန်စစ်သား ညီအစ်ကိုနဲ့ သူတို့ရဲ့ ကောင်မလေး နှစ်ယောက် ၊ Texasပြည်နယ်ကို ဖြတ်သွားချိန်မှာ ဧည့်ဝတ်ကျေပွန်လှတဲ့ နယ်ခံမိသားစုဖြစ်တဲ့ ဟီဝစ်မိသားစုနဲ့ လမ်းခရီးတစ်ထောက် ကြုံရဆုံရ ကြည်နူးစရာ အမှတ်တရ အခိုက်တန့်လေးတွေကို ကြည့်ရှုခံစား ရမှာပါ။ unratedကားမို့ ပြကွက်တွေ အသေကြမ်းပါတယ်။ underagesတွေ မကြည့်သင့်ပါဘူး။ File size…2.55GB / 1.3GB Quality…1080p Blu Rayx264 AAC 5.1CH / 720p Format…mp4 Duration….1h 38m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Kaung Khant Win

Adventure • Science Fiction
6.1 2006 91 mins
The Texas Chainsaw Massacre: The Beginning
The Twilight Saga: Eclipse
6.2

စာရေးဆရာ Stephenie Meyer ရဲ့ Twilight ဝတ္ထုကိုရုပ်ရှင်ပြန်ရိုက်ထားတဲ့ The Twilight Saga ရုပ်ရှင်ကားတွေဟာ သူ့ခေတ်အခါမှာ ပရိသတ်အားပေးမှုကို သောက်သောက်လဲ ရရှိခဲ့ပြီး လူငယ်တွေကြားမှာ အတော်ကိုအောင်မြင်ခဲ့တဲ့ ရုပ်ရှင် franchise တစ်ခု ဖြစ်ပါတယ်။ မင်းသား Robert Pattinson နဲ့ Taylor Lautner ၊ မင်းသမီး Kristen Stewart တို့ ဦးဆောင်ပါဝင်ခဲ့ပြီး Twilight Saga ရဲ့ ပထမဆုံးရုပ်ရှင် Twilight ရုပ်ရှင်ကားကို ၂၀၀၈မှာ စတင်ရိုက်ကူးခဲ့ပါတယ်... Twilight Saga: New Moon(2009), Twilight Saga: Eclipse(2010),Twilight Saga: Breaking Dawn Part 1 (2011) နဲ့ Twilight Saga: Breaking Dawn Part 2 (2012) ဆိုပြီး စုစုပေါင်း ၅ ကားထုတ်လုပ်ရိုက်ကူးခဲ့ပါတယ်။ သွေးစုတ်ဖုတ်ကောင်၊ သမန်းဝံပုလွေ၊ လူသား စတဲ့ မတူညီတဲ့ လောကတွေအကြားက ချစ်ခြင်းမေတ္တာအကြောင်းကို ရိုမန့်တစ်ဆန်ဆန်တင်ဆက်ထားပြီး သရုပ်ဆောင်တွေရော ဇာတ်လမ်းရော ဒိုင်ယာလော့ခ်တွေရော ထိမိလှတာကြောင့် ပရိတ်သတ်တွေရဲ့ အသည်းစွဲ အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ File size…(2 GB) /(1.1 GB) Quality….BluRay 1080p HEVC/720p Format…mkv/mp4 Duration….02:03:59 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung

Comedy • Drama • Romance
6.2 2010 124 mins
The Twilight Saga: Eclipse
Pet Sematary
5.7

စတီဖန်ကင်းရဲ့ နာမည်ကျော်ဝတ္ထုတစ်ပုဒ်ကို ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ၁၉၈၉ တုန်းက တစ်ခေါက်ရိုက်ကူးဖူးခဲ့ပြီး အခုကတော့ ဇာတ်ညွှန်းအနည်းငယ်ပြောင်းပြီး ထပ်မံရိုက်ကူးထားတာမို့ အရသာအသစ်ခံစားရမှာပါပဲ။ ဒီဝတ္ထုဟာ စာရေးဆရာကိုယ်တိုင်ကြောက်မိတယ်လို့ ဝန်ခံခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။ စာရေးဆရာကိုယ်တိုင်က ဇာတ်လမ်းထဲက အိမ်မျိုးမှာနေမိပြီး သူ့ရဲ့ ကလေးတွေသာ ဒီလိုဖြစ်သွားရင်ဆိုတဲ့ အတွေးနဲ့ ရေးခဲ့တာမို့ တွေးကြည့်ပြီး စိမ့်ကြောက်ရမယ့် ဇာတ်လမ်းမျိုးပါပဲ။ ဇာတ်လမ်းခေါင်းစဉ်ရဲ့ အဓိပ္ပါယ်ကတော့ အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ သချႋုင်း လို့ ဖြစ်ပါတယ်။ စာလုံးပေါင်းအမှန်ကတော့ (Pet Cemetery) ပါ။ ဒါပေမယ့် အဲဒီသချႋုင်းကို ပြုလုပ်ခဲ့တဲ့သူတွေက စာလုံးပေါင်းအမှန်ကို မပေါင်းတတ်ဘဲ အသံထွက်အတိုင်း အမှားကြီးရေးခဲ့လို့ ခေါင်းစဉ်မှာကို စာလုံးပေါင်းအမှားဖြစ်နေတာပါ။ (မြန်မာလူမျိုးအများစု ပဲ နဲ့ ဘဲ၊ လဲ နဲ့ လည်း၊ ကျ နဲ့ ကြ၊ တတ် နဲ့ တက်လောက်ကို မကွဲသလို သူတို့တွေလည်း C နဲ့ S မှားတာမျိုး ရှိတတ်ပါတယ်။ ဒါပေမယ့် ကလေးတွေမို့ မှားခဲ့တာဖြစ်ဖို့များပါတယ်) ဇာတ်လမ်းအကျဉ်း ============ မြို့လေးကို အသစ်ပြောင်းလာတဲ့ ဆရာဝန်မိသားစုမှာ သမီးတစ်ယောက်၊ သားတစ်ယောက် နဲ့ ကြောင်လေးတစ်ကောင် ပါလာပါတယ်။ သူတို့ ပြောင်းလာရတဲ့အိမ်က ကားတွေမပြတ်သွားနေတဲ့ အဝေးပြေးလမ်းမရဲ့ လမ်းဘေးလေးတင်ဖြစ်တဲ့အတွက် ကလေးတွေအတွက်ရော ကြောင်လေးအတွက်ပါ အန္တရာယ်များတဲ့ နေရာတစ်ခု ဖြစ်နေပါတယ်။ သူတို့အိမ်နားက လမ်းသွယ်လေးမှာတော့ အဲဒီမြို့လေးရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကို သင်္ဂြိုလ်တဲ့ နေရာလေးတစ်ခု ရှိနေပါတယ်။ အဲဒီနေရာရဲ့ ကြောက်စရာကောင်းတဲ့ ထူးခြားမှုကို မူတည်ပြီး ဒီဇာတ်လမ်းဖြစ်ပေါ်လာတာမို့ နောက်ထပ်ဘာမှ မပြောပြတော့ပါဘူး။ ကိုယ်တိုင်ကြည့်ပြီး ခံစားလိုက်ပါ။ Littleneo ဘာသာပြန်သည် File Size : 740MB Quality : Blu-Ray --720p Running Time : 1hr 41min Format : Mp4 Genre : Horror, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-GECKOS Translated by Littleneo Encoded by THZ

Drama
5.7 2019 101 mins
Pet Sematary
The Boss Baby
6.5

မိဘနှစ်ပါးရဲ့ အလိုလိုက်ချင်းကိုခံထားရတဲ့ တင်ဆိုတဲ့ကလေးလေးဘဝထဲကို ညီလေးတစ်ယောက် ယောက်လာခဲ့တယ်။ အဲဒီကလေးပေါက်စကို မနာလိုလည်းဖြစ် မသင်္ကာတဲ့အစ်ကိုဖြစ်သူ တင်မ် ဟာ လျို့ဝှက်ထောက်လှမ်းရင်းဘော့စ်ဘေဘီလေးရဲ့ လျိုှုဝှက်ချက်ကို သိသွားခဲ့ပါတယ်။ သူ့ညီမြန်မြန်ထွက်သွားစေဖို့အတွက် သူ့ညီရဲ့လျို့ဝှက်စစ်ဆင်ရေးကို လိုက်ကူညီရင်း ကမ္ဘာပေါ်က ကလေးတွေရဲ့ ချစ်ခြင်းကို လုယူမယ့် ဗီလိန်ကြီးတစ်ယောက်နဲ့ ရင်ဆိုင်လာရတဲ့အခါ.....။ဒါရိုက်တာ Tom McGrath က ရိုက်ကူးပြီး ဇာတ်ညွှန်းရေးသူကတော့ Michael McCullers ပါကာတွန်းဇာတ်ကောင်တွေရဲ့ နောက်ခံစကားပြောသူတွေအနေနဲ့ကတော့ Boss Baby အဖြစ် Alec Baldwin နဲ့ Older Tim အဖြစ်Patton Wswalt တို့က အဓိကပါဝင်အားဖြည့်ပေးထားပါတယ်။ 20th Century Foxကုမ္ပဏီက ရိုက်ကူးပြီး မတ် ၃၁ ရက်မှာ ထွက်ရှိထားတဲ့ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဘာသာပြန်ကတော့ ဝေယံမောင် နဲ့ မျိုးမြင့်မောင်ဖြစ်ပါတယ် File Size - 765 MB Translated By - Wai Yan Maung & Myo Myint Maung Encoded By - Littleneo

Action & Adventure • Comedy • Drama • Sci-Fi & Fantasy
6.5 2017 97 mins
The Boss Baby
Poolhall Junkies

ဒီ ဇာတ်ကားကတော့ ပေါ့ပေါ့ပါးပါးကြည့်ကောင်းတဲ့ ကားတစ်ကားပဲဖြစ်ပါတယ်။ Poolhall junkiesဆိုတဲ့အတိုင်း ဘိလိယက်အားကစားကိုရူးသွပ်ကြတဲ့ လူငယ်တွေရဲ့ဇာတ်ကြောင်းကို အခြေခံပြီးရိုက်ကူးထားတာပါ။ ဇာတ်အရမ်းနာတဲ့ဇာတ်ကွက်တွေမပါတာကြောင့် စိတ်အပန်းပြေချင်တဲ့အခါ ကြည့်လို့သင့်တော်တဲ့ကားတစ်ကားပါ။ ရယ်ရတဲ့အခန်းတွေ အများကြီးပါပါတယ်။ ၁၂နှစ်သားဘဝကတည်းက ဘိလိယက်အားကစားကိုချစ်မြတ်နိုးတဲ့ဂျွန်နီဟာ ဂျိုးလက်ထဲမှာ ၁၅နှစ်ကြာတဲ့ထိ လောင်းကြေးနဲ့ဆော့တဲ့ ဘိလိယက်ဆရာတစ်ယောက်အဖြစ်ရပ်တည်ခဲ့တယ်။ ဒါပေမဲ့ ဂျွန်နီကတော့ပြိုင်ပွဲဝင်ကစားသမားတစ်ယောက် ဖြစ်ချင်ခဲ့တာပါ။ ဂျိုးရဲ့လက်ချက်ကြောင့် ဂျွန်နီက သူဖြစ်ချင်ခဲ့သလိုမျိုး သိက္ခာရှိရှိပြိုင်ပွဲဝင်ကစားသမားအနေနဲ့မဟုတ်ပဲ လောင်းကြေးနဲ့ဆော့တဲ့ရိုက်စားသမားဖြစ်ခဲ့ရတယ်။ ဂျွန်နီရဲ့ ညီနဲ့ သူငယ်ချင်းသုံးယောက်ကလည်း အမြဲတမ်း နယ်ခံဘိလိယက်ရုံထဲမှာ ဗရုတ်ကျနေကျသူတွေပေါ့။ သူငယ်ချင်းတွေက တစ်ယောက်ကိုတစ်ယောက်ချစ်ကြတဲ့အပြင် စကားပြောရင်လည်းအဆဲမပါရင်မပြီးကြပါဘူး။ တစ်နေ့ ဂျိုးရဲ့လုပ်ရပ်ကိုသိသွားတဲ့ဂျွန်နီက ဂျိုးကိုနစ်ဂါတွေဆီထိုးကျွေးပြီး ကိုယ့်နယ်ကိုပဲပြန်လာခဲ့တယ်။ အဲဒီနောက်ပိုင်းမှာတော့ ဂျွန်နီနဲ့ သူငယ်ချင်းတွေပေါင်းပြီး အခက်အခဲတွေကိုအတူတူရင်ဆိုင်ကြပုံကို ရိုက်ကူးထားပါတယ်။ သူငယ်ချင်းစိတ်ဓာတ်ကို အခြေခံပြီးလည်းရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ File size…(2.7 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre…Drama,Comedy,Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra

Drama • Music • Romance
0 2002
Poolhall Junkies
Journey with Tarsilinha
7.3

ဘရာဇီး adventure animation ဇာတ်ကားလေးတစ်ကား တင်ဆက်လိုက်ပါတယ်။ ပေါ်တူဂီဘာသာစကားနဲ့ တင်ဆက်ထားတဲ့ ဘရာဇီးဇာတ်ကားဖြစ်ပြီး ဒါရိုက်တာကတော့ Celia Catunda နဲ့ Kiko Mistrorigo ဖြစ်ပါတယ်။ အသံသရုပ်ဆောင်တွေအနေနဲ့ Marisa Orth၊ Alice Barion၊ Maira Chasseroux၊ Ando Camargo၊ Skowa နဲ့ Rodolfo Dameglio တို့ကဆောင်ရွက်ပေးထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ အသက်ရှစ်နှစ်အရွယ်ခန့် တာဆီလီညာဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိပါတယ်။ သူမအမေနဲ့ ခြံထဲမှာသစ်သီးခူးပြီးပြန်အလာ၊ အမေဖြစ်သူက သေတ္တာလေးတစ်လုံးဖွင့်ပြပြီး သူငယ်ငယ်ကအကြောင်းတွေ သမီးဖြစ်သူကိုပြောပြရင်း သေတ္တာထဲက အမှတ်တရပစ္စည်းလေးတွေ ထုတ်ပြတယ်။ အဲ့အချိန်မှာပဲ လေပြင်းကြီးရုတ်တရက်ကျရောက်လာပြီး သေတ္တာထဲကပစ္စည်းတွေပါ ပါသွားပါတယ်။ လေပြန်အငြိမ်မှာ ထူးဆန်းတဲ့အရိပ်အယောင်တစ်ခု တွေ့မိလို့ နောက်ကလိုက်ဖို့လုပ်နေတဲ့ တာဆီလီညာလေးတစ်ယောက် သူ့အမေရဲ့အဖြစ်ကိုတွေ့ရတော့ ပိုအံ့ဩမိရပြန်ပါတယ်။ အကြောင်းကတော့ သူ့အမေဟာ အရင်ကမှတ်ဉာဏ်တွေကို ထူးထူးခြားခြားဘာတစ်ခုမှ မမှတ်မိတော့တာပါ။ ဒီအဖြစ်ဟာ စောစောကထူးဆန်းတဲ့အရာနဲ့ပတ်သက်မှုရှိမယ်လို့ ယူဆပြီး တာဆီလီညာတစ်ယောက် သူ့အမေရဲ့အမှတ်တရပစ္စည်းတွေကို ယူသွားသူလို့ယူဆရတဲ့ အဆိုပါအရာနောက်ကို စွန့်စားခန်းဖွင့်ပြီးလိုက်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ တာဆီလီညာတစ်ယောက် အမေဖြစ်သူရဲ့အမှတ်တရတွေယူသွားတဲ့ ထူးခြားတဲ့အရာကိုတွေ့ပါ့မလား… သူ့အမေရဲ့အမှတ်တရပစ္စည်းတွေရော ပြန်ရပါ့မလား… သူ့အမေရဲ့မှတ်ဉာဏ်တွေ အရင်အတိုင်း အကောင်းပကတိပြန်ဖြစ်ပါ့မလား… သူ့ရဲ့စွန်းစားခန်းခရီးတစ်လျှောက် ဘာထူးထူးဆန်းဆန်းတွေကြုံရဦးမှာလဲ… ဒါတွေကတော့ ဇာတ်ကားလေးကိုဆက်လက်ရှုစားရင်းနဲ့ တွေ့ရမယ့်အရာတွေပဲဖြစ်ပါတယ်။ ဘရာဇီးဇာတ်ကားဖြစ်လို့ ဒိတ်ဒိတ်ကြဲ ဟောလိဝုဒ် Animation Studio ကြီးတွေလောက် ဘတ်ဂျက်ပိုင်း၊ လက်ရာပိုင်း၊ သေသပ်မှုပိုင်း မယှဥ်သာပေမယ့် ပေါ့ပေါ့ပါးပါးအပျင်းပြေ entertainment ထက်ပိုတဲ့ ဆင့်ပွားတွေးစရာဒသနလေးတချို့ပါ ပါနေတာတွေ့မိလို့ စာရေးသူအနေနဲ့တော့ သဘောတွေ့မိတဲ့ဇာတ်ကားလေး ဖြစ်ပါတယ်။ IMDb rating လည်း 7.3 ရထားတာဖြစ်လို့ မဆိုးဘူးလို့ပဲ ညွှန်းဆိုလိုက်ပါတယ်။ File size…(1.7 GB)/(881 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre…Animation, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ninja

Drama
7.3 2021 93 mins
Journey with Tarsilinha
American Dreamer
5.7

GoT ထဲက အကျော်အမော် တိုင်ရီယွန်လန်နစ်စတာသရုပ်ဆောင် Peter Dinklageရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုကို ထပ်မံမြင်တွေ့ရမယ့်ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းလေးကလည်း ရိုးရှင်းရှင်းလေးကိုမှ cinematography တွေလည်းလှ ကြည့်ရင်းကြည့်ရင်း စီးမျှောခံစားလို့ကောင်းဦးမှာပါပဲ။ ဇာတ်လမ်းအကျဥ်းကိုပြောပြရရင် ဖီးလစ်ဟာ စီးပွားရေးပညာ၊ ဘောဂဗေဒကို သင်ကြားပေးတဲ့ ပရော်ဖက်ဆာတစ်ယောက် ဖြစ်ပေမယ့် သူ့ရဲ့ ကြွယ်ဝချမ်းသာမှုကတော့ ထင်သလောက် မကောင်းရှာပါဘူး။ တက္ကသိုလ်မှာ ပရော်ဖက်ဆာတစ်ယောက်ဖြစ်နေပေမယ့် အိမ်လေးတစ်လုံးဝယ်နိုင်ဖို့တောင် အနိုင်အနိုင်စုဆောင်း နေရတဲ့ဘဝ၊ စိတ်ကူးယဥ်နေရတဲ့ဘဝပေါ့။ သို့ပေမယ့် ဖီးလစ်ဟာ အိပ်မက်ဆိုတာ တကယ်ဖြစ်လာ နိုင်ကြောင်းယုံကြည်သူ၊ ဇွဲမလျှော့သူပါ။သူလိုချင်တဲ့ အိမ်လေးကိုလည်းရကိုရရမယ်ဆိုတဲ့စိတ်ကူးလည်းအပြည့်ပေါ့။ ကံကောင်းချင်တော့ သူ့အိပ်မက်ထဲက အိမ်လေးတစ်လုံး စျေးချိုချိုနဲ့သွားတွေ့ပါတယ်… ဒါကြောင့် ရှိသမျှစုဆောင်းငွေတွေအကုန်ထုတ်၊ ပစ္စည်းတွေကားတွေ အကုန်ထုခွဲရောင်းချပြီး ဒီအိမ်လေးကို ဝယ်လိုက်ပါတော့တယ်။ ဝယ်ပြီးခါကျမှ အိမ်ပိုင်ရှင်ရဲ့ အရှုပ်အရှင်းတွေပေါ်လာပြီး တစ်သက်လုံး စုဆောင်းလာသမျှ အကုန်ဆုံးမယ့်ကိန်းကို ဆိုက်လာပါလေရော။ ဖီးလစ်တစ်ယောက် ဖွတ်မရ ဓါးမ ဆုံးဖြစ်မယ့်အရေးကနေ ဘယ်လိုရှင်သန်နေထိုင်သွားမလဲဆိုတာကို comedyလေးတွေနဲ့ ကြည်ကြည်နူးနူးကြည့်လို့ကောင်းမယ့်ကားလေးဖြစ်ပါတယ်။ File size…1.27GB / 549MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 38m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

5.7 2022
American Dreamer
Horrible Bosses 2
6.3

Horrible Bosses 2 (2014) IMDb Rating (6.3) / Rotten Tomatoes (35%) အလုပ်ရှင်သူဌေးကို လုပ်ကြံမယ့် ဝန်ထမ်းတွေလာပါပြီ…. သရုပ်ဆောင်ကလဲ နာမည်ကြီးတွေဖြစ်သလို တကယ်လဲရယ်နေရတဲ့ Dark Comedy ရုပ်ရှင်ကားတွေပါ။ ဇာတ်လမ်းကတော့……. နစ်ခ် ကာ့တ် နဲ့ ဒေးလ် ဆိုတဲ့ သူငယ်ချင်း သုံးယောက်ရှိကြပါတယ်… သူတို့က မတူညီတဲ့ ပတ်ဝန်းကျင်း တစ်ခုစီမှာ ကိုယ်ပိုင်ရာထူးတစ်ခုစီနဲ့အလုပ်လုပ်နေကြပြီး သက်ဆိုင်ရာ သူတို့ရဲ့ အလုပ်မှာ အလုပ်ကြိုးစားကြပေမယ့် အဆင်မပြေကြတဲ့ သူတွေပေါ့ အဓိကအကြောင်းကတော့ ဆိုးရွားတဲ့ အလုပ်ရှင်သဌေးတွေကြောင့်ပါပဲ နစ်ခ် ကတော့ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေပြီးတော့ သူအလုပ်ကြိုးစားပေမယ့် အကျင့်မကောင်းတဲ့ အလုပ်ရှင်ကြောင့် အမြဲတမ်း အညစ်ခံနေရသူပါ ကာ့တ် ကတော့ အလုပ်ရှင်ရ ကံကောင်းခဲ့ပေမယ့် ကံမကောင်းစွာပဲ သဘောကောင်းတဲ့ အလုပ်ရှင် သေဆုံးခဲ့ပြီး အလုပ်ရှင်သား ဆေးသမားက သူ့အထက်လူကြီး ဖြစ်လာခဲ့ပါတယ် ဒေးလ် ဆိုတဲ့ သွားဆရာဝန်လက်ထောက်ကလေးကတော့ သူအလုပ်လုပ်နေတဲ့ သွားဆေးခန်းမှာ သွားဆရာဝန်မရဲ့ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုကို ခံနေရတဲ့သူပေါ့.. သူကတော့ ချစ်သူအပေါ် သစ္စာရှိချင်သူဆိုတော့ သူ့အတွက် ဒုက္ခဖြစ်လာခဲ့တယ် ပြဿနာပေါင်းစုံနဲ့ သူငယ်ချင်းသုံးယောက်ဟာ သည်းမခံနိုင်တော့တဲ့အဆုံး သူတို့အလုပ်ရှင်တွေကို သတ်ဖို့ ကြိုးစားကြပါတော့တယ်… ရယ်မောစရာနဲ့ ရင်ထိတ်စရာ မှုခင်းဟာသကားဖြစ်ပြီး ညစ်ညမ်းတဲ့ဟာသစကားလုံးတွေပါလို့ မိသားစုနဲ့တော့ ကြည့်လို့မပြေလောက်ပါဘူး။ Horrible Bosses (2011) နဲ့ Horrible Bosses 2 (2014) ၂ ကားရှိပြီး ၂ ကားလုံးကို CM မှာ တင်ဆက်ထားပါတယ်။

6.3 2014 108 mins
Horrible Bosses 2
The Successor Le successeur
6.9

The Successor (2023) / Original title: Le successeur IMDb Rating (6.9) / Rotten Tomatoes (75%) ဒီကားလေးဟာဆိုရင်တော့ Alexandre Postel ရဲ့ L’Ascendant novel ကိုပြန်ရိုက်ထားတဲ့ ပြင်သစ် Thriller ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအသွားအလာနှေးပေမယ့် နာရီ၀က်လောက်ပြီးသွားရင်တော့ စိတ်၀င်စားစရာကောင်းလာမှာ သေချာပါတယ်။ မထင်မှတ်ထားတဲ့ plot twist လည်းပါတဲ့အတွက် ပြင်သစ်ကားငတ်နေတဲ့သူတွေအတွက်ရော အေးအေးလေးနဲ့ ကြည့်ရအဆင်ပြေတဲ့ ဇာက်ကားကောင်းတစ်‌ကားကြည့်ချင်နေတဲ့သူတွေအတွက်ပါ အဆင်ပြေစေမှာပါ။ ဇာတ်လမ်းကတော့ မင်းသားက နာမည်ရနေတဲ့ fashion designer တစ်ယောက်ဖြစ်ပြီးတော့ သူ့နှလုံးနဲ့ပတ်သတ်ပြီး သံသယ၀င်လာပါတယ်။ သံသယ၀င်လာလို့ ဆရာ၀န်နဲ့တိုင်ပင်တဲ့အခါမှာ သူ့အဖေနဲ့ဆက်သွယ်ဖို့အကြောင်းဖန်လာခဲ့ပါတယ်။ ဆက်သွယ်ဖို့လုပ်နေတဲ့အချိန်အတွင်းမှာ သူ့အဖေဟာဆုံးပါးသွားခဲ့ပြီး သူ့အဖေရဲ့ အမွေတွေကို ဆက်ခံဖို့ဖြစ်လာတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကိုယ်တိုင်ပဲဆက်ကြည့်လိုက်ကြပါ…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Wai Hylan ဖြစ်ပါတယ်။) File size…(1.5 GB) / (650 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Thriller Duration….01:52:32 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Wai Hylan

6.9 2023
The Successor Le successeur
Psycho-Pass: Providence
7

နာမည်ကျော် Psycho-Pass စီးရီးရဲ့ Stand Alone ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ Psycho-Pass ၁၀ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ IG Production ကနေ ထုတ်လုပ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ ဒီရုပ်ရှင်က Psycho-Pass 3 စီးရီးနဲ့ ဆက်စပ်နေတယ် ဆိုပေမဲ့ ဇာတ်လမ်းက တစ်ခုသက်သက်လို ဖြစ်နေတာကြောင့် Sci-fi, Action ကြည့်ချင်နေတဲ့ Anime ဖန်တွေအတွက်တော့ အဆင်ပြေပါလိမ့်မယ်။ ဇာတ်လမ်းကတော့ ခေတ်လွန်ကာလကို အခြေခံထားပါတယ် တစ်ကမ္ဘာလုံးက စစ်တွေဖြစ် ပျက်သုန်းကြနဲ့ ဂျပန်တစ်နိုင်ငံတည်းပဲ ထိန်းထိန်းသိမ်းသိမ်း ကျန်ရှိတော့တဲ့ ခေတ်လွန်လိုမျိုး။ လူတွေကိုလည်း သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ Psycho-Pass ဆိုပြီး ပြစ်မှုကျူးလွန်နိုင်ခြေ ရှိလား ဘာလားဆိုတာကို Sibyl System နဲ့ အလိုအလျောက် တွက်ချက်သုံးသပ်ပေးပြီး အဲဒီလူကို တရားစီရင်ပေးရတာမျိုးပဲ။ အဲဒီကမ္ဘာက ပြည်သူ့လုံခြုံရေးတပ်အဖွဲ့အကြောင်းကို ဦးတည်ထားတာပေါ့။ ဒီကားဇာတ်လမ်းမှာကျ လျှို့ဝှက်သင်္ဘောတစ်ခုနဲ့ ဂျပန်ကိုလာတဲ့ နိုင်ငံခြားပရော်ဖက်ဆာတစ်ယောက် အသတ်ခံလိုက်ရတယ်။ အသတ်ခံလိုက်ရတဲ့ အကြောင်းကလည်း သူ့ဆီက တန်ဖိုးကြီးတဲ့ သတင်းအချက်အလက်တစ်ခုကို လိုချင်နေလို့။ အဲဒီ လုပ်ကြံသွားတဲ့ အဖွဲ့အစည်းဆိုတာကလည်း ရှိလို့ ရှိမှန်းတောင် မသိရတဲ့ လျှို့ဝှက်အဖွဲ့အစည်းကြီးတစ်ခု။ အဲဒီ ပြဿနာတွေကို မင်းသမီးဖြစ်တဲ့ Tsunemori Akane တစ်ယောက် သူ့အဖွဲ့နဲ့အတူ တချိန်က ဇာတ်လမ်းတွေရှိခဲ့ဖူးတဲ့ မင်းသား Kougami Shinya နဲ့အတူတူ ဘယ်လိုတွေ ဖြေရှင်းကြမလဲဆိုတာ Animation ကောင်းကောင်းနဲ့ တင်ဆက်ထားတာပဲ ဖြစ်ပါတယ်။ File Size : 2 GB, 930 MB Quality : WEB-DL 1080p / 720p Running Time : 2hr Format : Mp4 Genre : Action, Crime, Mystery, Sci-fi Subtitle : Myanmar Subtitle (Hard Sub) Translated by : Thura Aung Encode by : Thit San Khant

Comedy • Action • Science Fiction • Fantasy
7 2023 121 mins
Psycho-Pass: Providence
Iron Man
7.9

Marvel Cinematic Universe: Phase One ဆိုတာ MCU ရဲ့အစဖြစ်ပြီး စူပါဟီးရိုးရုပ်ရှင်သမိုင်းမှာ ကြီးမားကျယ်ပြန့်တဲ့ Universe ကို အောင်မြင်စွာမိတ်ဆက်နိုင်ခဲ့ပါတယ်။ ဒီ Phase 1 ထဲမှာတော့ MCU ဇာတ်ကောင်တွေကို Solo တွေအနေနဲ့ ပရိတ်သတ်တွေ စတင်ထိတွေ့ခွင့်ရခဲ့ပြီး ဇာတ်ကောင်တိုင်း ပရိတ်သတ်ရင်ထဲ ကိုယ်စီရောက်ရှိခဲ့ကြပါတယ်။ MCU Phase 1/2/3 ကို The Infinity Saga လို့ပေါင်းခေါ်ပြီးတော့ MCU Phase 4/5/6 ကိုတော့ The Multiverse Saga လို့ ပေါင်းခေါ်ကြပါတယ်။ Phase 1 မှာတော့ ရုပ်ရှင် ၆ ကားရှိပြီး အောက်ပါအတိုင်း အစဉ်လိုက် ကြည့်ရှုကြရမှာပါ။ Iron Man (2008) The Incredible Hulk (2008) Iron Man 2 (2010) Thor (2011) Captain America: The First Avenger (2011) The Avengers (2012) Marvel Cinematic Universe ဇာတ်ကားအားလုံးကို CM App>>>https://www.cmapp.tv/?share=15957066C1681DF နဲ့ https://www.channelmyanmar.to/category/special-package/mcu/ ဒီလင့်တွေမှာ ကြည့်လို့ရပါတယ်။ ++++++++++++++ Iron Man (2008) IMDb Rating (7.9) / Rotten Tomatoes (94 %) MCU ရဲ့ အရေးအပါဆုံးဇာတ်ကောင်ဖြစ်တဲ့ မင်းသားကြီး Robert Downey Jr. ရဲ့ Iron Man ကို ပထမဆုံး မိတ်ဆက်ခဲ့တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ Budget $130–140 million ကုန်ကျခဲ့ပြီး Box office ဝင်ငွေ $585.8 million ထိပြန်လည်ရရှိခဲ့သလို အောင်မြင်မှုလဲကြီးမားခဲ့ပါတယ်။ Marvel Studios အနေနဲ့ ဒီလို Cinematic Universe ကြီး အစတည် ဖြစ်တည်လာဖို့အတွက် ၁၇ နှစ်တာအချိန်ယူပြင်ဆင်ခဲ့ရပါတယ်။

7.9 2008 126 mins
Iron Man
Eungyo (or) A Muse
6.6

Eungyo (2012) ************** IMDb… 6.6 (မိသားစုနဲ့ကြည့်ရှုဖို့ မသင့်လျော်တဲ့ ဇာတ်ဝင်ခန်းတချို့ ပါဝင်ကြောင်း ကြိုတင်သတိပေးပါ‌ရစေ။) မင်းသမီး Kim Go Eun ရဲ့ ပွဲဦးထွက်ရုပ်ရှင်ကားဖြစ်ပြီး တက်သစ်စမင်းသမီးဆုပေါင်းများစွာကို သိမ်းယူနိုင်ခဲ့တဲ့ ကားဟောင်းလေးကို ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်။ Kim Go Eun နဲ့အတူ Decision To Leave မှ မင်းသား Park Hae Il, Juvenile Justice မှ မင်းသား Kim Moo Yul တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ – ဇာတ်လမ်းအကျဉ်း – လူအများ လေးစားအားကျရတဲ့ နာမည်‌ကျော် ကဗျာဆရာတစ်ဖြစ်လဲ တက္ကသိုလ်‌ပါမောက္ခကြီး အီဂျော့ရို (Park Hae Il)… တစ်နေ့ သူအိမ်ပြန်ရောက်လာတော့ အိမ်ရှေ့တံခါးဝက ခုံလေးမှာ သူစိမ်းကောင်မလေးတစ်ယောက် ထိုင်နေတာကို မြင်တွေ့လိုက်ရတယ်.. သူ့နာမည်လေးက “အွန်းဂယို”တဲ့.. အွန်းဂယို (Kim Go Eun) နဲ့ အနေနီးလာတာနဲ့အမျှ ဂျော့ရိုလည်း အွန်းဂယိုရဲ့ စွဲမက်ဖွယ် ရနံ့လေးတွေ၊ အထိအတွေ့တွေ၊ ရယ်သံလေးတွေမှာ မလွန်ဆန်နိုင်တော့ဘဲ ရင်ဘတ်ထဲက စည်းတစ်ခုကို ကျော်မိသွားခဲ့တာပေါ့။ ဒါကြောင့်လည်း သူ့အကြောင်း စာတိုတစ်ပုဒ်ပါ ချရေးဖြစ်ခဲ့တယ် ခေါင်းစဉ်လေးကတော့ သူ့ရဲ့နာမည်လေးဖြစ်တဲ့ “အွန်းဂယို”… တစ်ဖက်မှာလည်း အီဂျော့ရိုရဲ့ တပည့်ဖြစ်သူ (Kim Moo Yul) က ဂျော့ရိုရေးထားတဲ့ စာတို “အွန်းဂယို” ကို မြင်သွားပြီး သူရေးတဲ့စာတိုအဖြစ် နာမည်တပ်ပြီး ထုတ်ဝေလိုက်တဲ့အခါမှာတော့….. ဆရာတပည့် နှစ်ဦးကြားမှာ သွေးကွဲမှုတွေ စတင်ဖြစ်ပေါ်လာမှာလား.. မစုံမက်သင့်သူကိုမှ စုံမက်မိတဲ့ ဂျော့ရိုရဲ့ ဇာတ်သိမ်းကရော ဘယ်လိုဖြစ်မလဲဆိုတာ ဇာတ်လမ်းလေးထဲမှာ ဆက်လက် ကြည့်ရှုခံစားပေးကြပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Hnin Wai Oo ပဲ ဖြစ်ပါတယ်။) File Size : 1.81GB/ 840MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…02:09:20 Genre : Romance, Drama, Melodrama Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Wai Oo Encoded by Tiff

6.6 2012 129 mins
Eungyo (or) A Muse
Hebbuli Cut

Hebbuli Cut (2025) “ဆံသ” လောကမှာ စည်းစိမ်ဥစ္စာ၊ ကိုယ်ကျင့်တရားပေါ်မူတည်ပြီး လူမှုအဖွဲ့အစည်းတွေဆိုတာကလည်းတစ်ခုနဲ့တခုမတူညီကြ။ ချမ်းသာခြင်း၊ ဆင်းရဲခြင်းက ကိုယ်ကျင့်တရားအပေါ်မှာ မသက်ရောက်လှဘူးဆိုပေမဲ့၊ ဆင်းရဲလွန်းတဲ့ နင်းပြားတွေဘ၀ကတော့ အနှိမ်ခံရရင်း၊ လောကဓံရဲ့အထုအထောင်းကိုခံရင်း ပျော်ရွှင်မှုဆိုတာကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှာဖွေကြရတာပေါ့။ ဒီရုပ်ရှင်မှာတော့ မြို့ပေါ်က စျေးကြီးတဲ့ဆံသဆိုင်မှာ ဆံပင်ညှပ်ချင်တဲ့ ကောင်လေးတစ်ယောက်။ အဖေဖြစ်သူက စားဖို့တောင်မရှာနိုင်တဲ့အချိန်၊ ဆံပင်ညှပ်ခမပြောနဲ့ မြို့တက်ဖို့စရိတ်တောင်မရှိတဲ့ ကောင်လေးတစ်ယောက်ရဲ့ အိပ်မက်၊ ဆင်းရဲခြင်းရဲ့ အထုအထောင်းတွေကို ဟာသနှောလို့ရိုက်ကူးတင်ဆက်ထားတာမို့ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)

Drama • Romance
0 2025
Hebbuli Cut