YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Warrior Baek Dong Soo(2011)EP4 WEB-DL 720P(CM).mp4

319.37 MB 720p video/mp4 282 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Reality
6.3

Reality (2023) ~ IMDb - 6.6/10, Rotten Tomatoes - 97% ~ ခရမ်းချဉ်သီးပုပ် 97% ရရှိထားတဲ့ ဖြစ်ရပ်မှန်မှုခင်းရုပ်ရှင်ဖြစ်ပါတယ်။ ထူးခြားတာကတော့ FBI အေးဂျင့်တွေ လက်တွေ့မှာ အဲဒီအမှုကိုစစ်မေးထားတဲ့ အသံဖမ်းစက်ထဲက စကားတွေအတိုင်း ဒိုင်ယာလော့တွေကို တစ်သဝေမတိမ်း သုံးထားတာပါပဲ။ အစိုးရရဲ့ လျှို့ဝှက်ချက်တွေကို ပြည်သူတွေဆီဖွင့်ချတဲ့လူတွေကို Whistleblower လို့ခေါ်ပါတယ်။ Snowden ကိစ္စဖြစ်ပြီးကတည်းက အမေရိကန်တွေဟာ Whistleblower တွေကို အတော်လေးကြပ်ကြပ်မတ်မတ် ကိုင်တွယ်လာကြတာပါ။ အခု ဒီရုပ်ရှင်ထဲက လေတပ်ဘာသာပြန်သမားဟောင်း Reality Winner (နာမည်ရင်း) ကလည်း အဲဒီအမှုအတွက် သမိုင်းတစ်လျှောက်အရှည်ကြာဆုံးပြစ်ဒဏ် ထောင်ဒဏ် ၅ နှစ်ချမှတ်ခံခဲ့ရပါတယ်။ 2016 တုန်းကဖြစ်သွားတဲ့ အချက်အလက်ပေါက်ကြားမှုအပေါ်အခြေခံရိုက်ကူးထားတာဖြစ်ပြီး အဲဒီအချိန်က ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာ‌တဲ့အချိန်မှာ ရွေးကောက်ပွဲကို ရုရှဟက်ကာတွေ ဝင်စွက်ဖက်တယ်ဆိုတဲ့သတင်းတွေကြောင့် ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့တာ မှတ်မိကြမှာပါ။ တကယ်တမ်းလည်း ရုရှဟက်ကာတွေက စွက်ဖက်ခဲ့တာဖြစ်ပြီး Reality က အဲဒီသက်သေတွေကိုလူထုဆီဖွင့်ချဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ တကယ့် FBI အေးဂျင့်တွေရဲ့ စစ်မေးပုံကိုတွေ့ရမှာဖြစ်ပြီး ဒီမိုကရေစီဘိုးအေဆိုတဲ့နိုင်ငံကြီးမှာတောင် သတင်းအမှောင်ချတဲ့ကိစ္စတွေရှိသေးတာကိုတွေ့ရမှာဖြစ်ပါတယ်။ Reality Winner နေရာကနေ သရုပ်ဆောင်ထားတာကတော့ Euphoria နဲ့ The White Lotus စီးရီးတွေမှာ အရေးပါတဲ့နေရာတွေကနေပါဝင်ထားတဲ့ Sydney Sweeney ဖြစ်ပါတယ်။ ဒီဖြစ်ရပ်မှန်ရုပ်ရှင်ဟာ ဘာလင်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ဆု ၂ နေရာအတွက် ဆန်ကာတင်စာရင်းဝင်ထားပြီး ဝေဖန်ရေးဆရာတွေရဲ့ မှတ်ချက်ကောင်းတွေရထားတာကြောင့် ဖြစ်ရပ်မှန်ဇာတ်လမ်းတွေကိုကြိုက်နှစ်သက်ရင် လက်မလွှတ်သင့်တဲ့ရုပ်ရှင်တစ်ခုပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.15GB, 620MB Quality - 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration - 1H 23Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Comedy • Drama
6.3 2023 83 mins
Reality
Spinning Gold
5.2

Spinning Gold (2023) ဒါကတော့ မှတ်သားလောက်ဖွယ်ရာ လူတစ်ယောက်ရဲ့အတ္ထုပ္ပတ္ထိဇာတ်လမ်းပါ။ ဒီဇာတ်လမ်းကို သူ့ဘဝအကြောင်းသူပြန်ပြောနေပုံနဲ့ရိုက်ကူးထားပြီး ဒီဇာတ်လမ်းမှာ သူကလူတိုင်းကို စိန်ခေါ်ထားပါတယ်။ "မင်းတို့ ငါ့နာမည်ကိုမမှတ်မိဘူးဆိုတာ မင်းတို့တစ်ယောက်ချင်းကို ဒေါ်လာတစ်ရာစီလောင်းရဲတယ် ဒါပေမဲ့ ငါက မင်းတို့ကို ကခုန်စေခဲ့တယ်တဲ့" သူ့ကိုမမှတ်မိရင်တောင် သူနဲ့ပတ်သက်ခဲ့သူတွေကိုတော့ ဂီတချစ်သူတွေဆို သေချာပေါက်သိကြမှာပါ။ Kiss, The Village People, George, Donna Summer, Bill Withers, Isley Brothers, Parliament နဲ့တခြားအဆိုရှင်ပေါင်းများစွာပါပဲ။ Donna Summer ရဲ့ Orgasmic moan တွေပါဝင်ပြီး ၁၇ မိနစ်တာကြာတဲ့ Love to Love You သီချင်းကိုလဲ ပရိသတ်ကစွဲစွဲထင်ထင်ရှိနေဦးမယ်လို့ထင်ပါတယ်။ ဒီအဆိုကျော်ကြီးတွေက သိပ်ကိိုထူးခြားပြည့်စုံသူတွေဖြစ်ကြပေမယ့် သူတို့ရဲ့ထူးခြားမှုကိုပရိသတ်တွေလက်ခံနိုင်ဖို့ သူတို့ဂီတတွေကိုလက်ခံနိုင်ဖို့ သူတို့အိပ်မက်တွေကိုအသက်သွင်းပေးခဲ့သူကတော့ ဒီဇာတ်လမ်းရဲ့ဇာတ်ကောင် ကာဆာဘလန်ကာဓာတ်ပြားခွေထုတ်လုပ်ရေးရဲ့တည်ထောင်သူ နီးလ်ဘိုးဂတ်ပါပဲ။ ဒီဇာတ်လမ်းကသိပ်ပြည့်စုံလွန်းနေတာကြောင့် ဘာမှထပ်မညွှန်းလိုတော့ပါဘူး။ ဒီဇာတ်လမ်းကို နီးလ်ရဲ့သားဖြစ်သူကရိုက်ကူးထားတာပါ။ နီးလ်ကသူ့သားငယ်စဥ်မှာပဲဆုံးပါးသွားခဲ့တော့ အဖေ့ကိုသေချာ သိခွင့်မရခဲ့တဲ့သားက အဖေ့မိတ်ဆွေတွေကိုလိုက်မေးမြန်းပြီး ဒီဇာတ်လမ်းကိုရေးဖွဲ့ထားပါတယ်။ လူတွေရဲ့မှတ်ဥာဏ်ကထူးဆန်းတယ်တဲ့။ လူတွေကလဲသူတို့မှတ်မိချင်ရာကိုမှတ်မိကြပြီး မေ့ချင်ရာကိုမေ့ပစ်တတ်ကြတယ်။ အဲ့တော့ဒါအားလုံးကအမှန်လားဆိုရင်တော့ မဟုတ်ပါဘူး။ နီးလ်ဘိုးဂတ်လို ဘဝကတိုတောင်းခဲ့ပေမယ့် အဲ့ဒီဘဝတိုလေးမှာပဲ သူ့ရဲ့ကိုယ်ပိုင်အိပ်မက်တွေအပြင် သူများတွေရဲ့အိပ်မက်တွေအများကြီးကိုပါ အသက်သွင်းပေးခဲ့တဲ့လူတစ်ယောက်ရဲ့ဘဝဇာတ်လမ်းကို ဘယ်လိုလုပ်အတိအကျပြောနိုင်မလဲ။ နည်းနည်းလျှော့ပြောတာလေးတွေရှိမယ် ချဲ့ကားပြောထားတာလေးတွေရှိမယ် ဇာတ်လမ်းသွားကောင်းအောင်ပြင်ဆင်ထားတာလေးတွေရှိမယ်။ ဒါပေမဲ့သားတစ်ယောက် အဖေတစ်ယောက်အတွက်အမှတ်တရဖန်တီးထားတဲ့ အမှန်တွေမဟုတ်ရင်တောင် အမှန်တွေပဲဖြစ်တဲ့ဒီဇာတ်လမ်းကိုကြည့်ရှုရင်း တစ်ခေတ်တစ်ခါကအဆိုကျော်ကြီးတွေ သူတို့သီချင်းတွေနဲ့လဲရင်းနှီးခွင့်ရမယ့်ဇာတ်လမ်းကောင်းပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre..... Biography, Drama, Music Quality…. 1080p | 720p | 480p File size… 2GB | 1.1GB | 538MB Format… mp4 Duration…. 2h 17min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... Aaron

Drama
5.2 2023 137 mins
Spinning Gold
Satan's Slaves
6.8

သည်းထိတ်ရင်ဖို အင်ဒိုနီးရှား သရဲကား Satan’s Slaves(စေတန်နတ်ဆိုး၏ ကျွန်များ) (ခ) Pengabdi Setan ဒီကားလေးဟာ 1983 ကာလကို အခြေခံရိုက်ကူးထားတာ ဖြစ်ပြီး Spoiler မပါတဲ့ ဇာတ်လမ်း အကျဉ်း အနေနဲ ့ကတော့ Rini ရဲ့ မိခင်ဟာ တစ်ချိန်က နာမည်ရ အဆိုတော် တစ်ယောက်ပါ။ သူမတို ့ မိသားစုလေးဟာ မြို ့ပြနဲ ့အလှမ်းဝေးတဲ့ မြို ့စွန် တစ်နေရာက အဖွားအိမ်မှာနေကြရင်း မကျန်းမာတဲ့ မိခင်ကို ပြုစုနေထိုင်ကြပါတယ်။ 21 နှစ်အရွယ် Rini ဟာ အကြီးပီပီ ကောလိပ် မှ ရပ်နားပြီး အိမ်မှာ မောင်ငယ် ၃ ယောက်နဲ ့မိခင်ကို ပြုစုရင်း မိသားစုအတွက် အနစ်နာ ခံခဲ့ပါတယ်။ သူမ မိခင်ဟာ ဖျားနာ နေတာ ၃ နှစ်ကျော် ကြာပြီဖြစ်ပြီး မည်သည့် ရောဂါ ကြောင့်ဆိုတာကိုလည်း ဆရာဝန်များက ရှာဖွေလို ့မတွေ ့နိုင်ကြပါဘူး။ မိခင် မသေဆုံးမီအချိန်မှာ သူမ မိခင် ရဲ့ ကြောက်ရွ ံ ့နေတဲ့ ထူးဆန်းတဲ့ အပြုအမူတွေကို Rini တို ့တွေ ့ခဲ့ရပါတယ်။ ဒီလို နဲ့ တစ်ညမှာ သူမ မိခင်ဟာ ထူးဆန်းဖွယ်ရာ ရုတ်တရက် ဆုံးပါးသွားပြီးနောက် သူမ ဖခင်ဟာလည်း မိသားစု အကြွေးတွေအတွက် အလုပ်လုပ်ဖို ့မြို ့ပြကို ထွက်ခွာသွားပါတယ်။ ဒီလိုနဲ ့နောက်ရက်တွေမှာ အိမ်မှာ ထူးဆန်းကြောက်ရွ ံ့ဘွယ်ရာ တွေ တစ်ဖြေးဖြေး ဖြစ်လာပြီး ရွာက ဆရာတော် ရဲ့ သားကလည်း သူမ တို ့အိမ်အပေါ်မှာ ဆုံးသွားပြီ ဖြစ်တဲ့ Rini ရဲ့ မိခင်ကို ဂါဝန်ဖြူ ခေါင်းပေါင်းဖြူတွေနဲ ့ (ပုံပါ) တွေ ့ရလို ့ဒီအိမ်ကနေ ထွက်သွားကြဖို ့ သတိပေးခဲ့ပေမယ့် မိသားစု ပြဿနာများနဲ ့ Rini က မဖြစ်နိုင်ကြောင်း ငြင်းဆိုခဲ့ ပါတယ်။ ဒီလို နဲ ့ ထိုနေ ့မှာဘဲ Rini စကားပြောအပြီး ပြန်အရောက်မှာ ရေတွင်းထဲမှာ သေဆုံးနေတဲ့ သူမရဲ့ အဖွားကို တွေ ့ခဲ့ရပြီး သူမ အဖွားမသေဆုံးမီအချိန်မှာ အဖွားရဲ့ အသိ လူတစ်ယောက်ဆီကို စာရေးထားခဲ့ပါတယ်။ ထိုစာကို Rini ကိုယ်တိုင် အိမ်တိုင်ရာရောက် သွားပို ့စဉ်မှာ မထင်မှတ်ထားတဲ့ သူမ မိခင် အကြောင်း နဲ ့ သူမ တို ့ကို သေရွာကို နတ်ဆိုးမှ လာခေါ်မယ်ဆိုတာကို ထို လူဆီမှ Rini ကြားလိုက်ရတဲ့ အချိန်မှာ ရုတ်တရက် သူမ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားခဲ့ ပါတယ်။ အံ့သြသင့်မှ ု ့တွေနဲ ့မယုံနိုင်တဲ့ Rini တစ်ယောက် ထို ကိစ္စကို ကြားအပြီး သူမရဲ့ အိမ်မှာ အရင်ကထက် ပိုဆိုးတဲ့ အရာတွေ ဖြစ်လာပါတော့တယ်။ ထို လူပြောတာတွေက အမှန်တွေလား။ ညတိုင်း သူမ တို ့ကို လာခြောက်လှန် ့နေတာကရော သူမ မိခင် ရဲ့ တစ္ဆေလား။ သူမမိခင်ဆိုရင် ဒီလောက်ထိ ဆိုးရွားတဲ့အရာကို သူမ သားသမီးတွေဆီမှာ ဘာကြောင့် လုပ်ရတာလဲ။ ထူးဆန်းတဲ့ လူကြီးပြောတာတွေက အမှန်တွေဆိုရင် သူမ တို ့ဘယ်လို အသက်လွတ်ကြမလဲ။ ••••••••••••••••••••••••••••••••••••••••••••••••••••• ဒီကားလေးဟာ IMDb မှာ 8.2/10 ရထားတဲ့အထိ Rating များတဲ့ အင်ဒိုနီးရှားကားဖြစ်ပြီး ရိုက်ကူးချက်တွေဟာလည်း အင်မတန် လှပပြီး ဆွဲဆောင်မှ ု ့ရှိပါတယ်။ ခေတ်ဟောင်းကားပုံစံလေးတွေ ကြိုက်တဲ့သူတွေအတွက် မဖြစ်မနေကြည့်သင့်တဲ့ ကားလေးပါ။ တစ်ခန်းမှ အနားမနေရဘဲ ရင်တထိတ်ထိတ်ကြည့်နေရတဲ့ ကားပါ။ ကျွန်တော်ရေးသွားတဲ့အထဲမှာ ကားရဲ့ Spoiler က 100 မှာ ၃ ခုလောက်သာဖြစ်ပြီးအင်မတန် ကြောက်ရွံ ့ဖို ့ကောင်းတဲ့ သင် မမျှော်လင့်ထားတာတွေနဲ ့ပြည့်နေတဲ ့ကားပါ။ ဒီကားရဲ့ အားသာချက် တစ်ခုက တခြားသရဲ တစ္ဆေကားများလို အိပ်မက်ယောင်ယောင် ဖြစ်သွားသလို မလုပ်ထားဘဲ အဖြစ်အပျက်တစ်ခုလုံးကို တကယ့်ဖြစ်ရပ်အမှန်အဖြစ် ပုံဖော်ထားခြင်းပါ။ ထို ့အပြင် အာရှဓလေ့ ပါဝင်တဲ့အတွက် အာရှသားများအတွက် ဒီဓလေ့ ထုံးစံတွေနဲ ့ပိုရင်းနှီးပြီး ပိုကြောက်စရာ ကောင်းနေတာပါ။ ဘယ်လောက်တောင်အောင်မြင်သလဲဆိုရင် အင်ဒိုနီးရှားမှာတင် ဝင်ငွေ ငါးသန်းကျော်ရတဲ့အထိ ပါ။ စင်ကာပူ နဲ ့မလေးရှားမှာတော့ လက်ရှိ ရုံတင်လျှက်ရှိပြီး မြန်မာ ထိုင်းနိုင်ငံ တွေမှာတော့ ရုံတင်မှာ မဟုတ်ပေမယ့် online ပေါ် ဒီကားလေးထွက်လာရင် မဖြစ်မနေကြည့်ကြည့်ကြဖို ့တိုက်တွန်းအပ်ပါတယ်။ (ဇာတ်လမ်းအညွှန်း Credit ပါ ဘယ်သူရေးထားမှန်းမသိလို့ပါ ဘာသာပြန်သူကတော့ မေမြတ်သူပါ) File Size : (800 MB) and (350 MB) Quality : WEB-DL 720p Running Time : 1hr 47min Format : Mp4 Genre : Drama, Horror, Mystery Subtitle : Myanmar Subtitle (Hard Sub) Source : 1080p WEB-DL MP3 H.264 Translated by May Myat Thu Encoded by Thanhtike Zaw

Action • Fantasy
6.8 2017 107 mins
Satan's Slaves
Road House
6.6

ဒီတစ်ခေါက်မှာတော့ old but gold အက်ရှင် ဇာတ်ကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားမှာ ဒေါလ်တန်ဆိုတဲ့ လုံခြုံရေးသမားဟာ အကောင်းဆုံးစွမ်းရည်ရှိတဲ့ လုံခြုံရေးသမားဖြစ်ပါတယ်။ ဒါကြောင့် သူဟာ တစ်နေ့မှာ မစ်ဆိုရီက ဒါဘယ်ဒုစ်ဆိုတဲ့ ဘားတစ်ခုမှာ အလုပ်လုပ်ဖို့ ကမ်းလှမ်းခံရပါတယ်။ ဒါဘယ်ဒုစ်ဟာ သာမာန်နေရာလို လူဆိုးတွေ၊ အရက်သမားတွေ သောင်းကျန်းရုံနေရာမဟုတ်ဘဲ မြို့ကိုလက်ဝါးကြီးအုပ်ထားတဲ့ ဘရတ်၀က်စ်လေ နဲ့ သူ့လူတွေ သောင်းကျန်းချင်တိုင်း သောင်းကျန်းနေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ သူတို့အကုန်လုံးကို ဒေါလ်တန်က ရှင်းထုတ်လိုက်တဲ့အခါ သူ့စီးပွားရေးကို ကာကွယ်ဖို့ ဘရတ်လည်း အစွမ်းကုန်ယုတ်မာ ပါတော့တယ်။ တစ်မြို့လုံးကလည်း ဘရတ်လက်အောက် ရောက်နေပြီး ဘရတ်မထင်ရင်မထင်သလို အနှိပ်စက်ခံရတာကြောင့် မတော်လှန်ရဲတဲ့အနေ အထားမှာ ဒေါ်လ်တန်တစ်ယောက်တည်း ဘရတ်ကို ရင်ဆိုင်ရပါတော့တယ်။ ဒီတွေ့ဆုံမှုမှာ ဒေါလ်တန်ကပဲ အနိုင်ရရှိပြီး မြို့သားတွေကိုကယ်တင်နိုင်မလား။ ဒါမှမဟုတ် ရှူံးနိမ့်ပြီး မြို့ထဲကထွက်သွားရမလား ဆိုတာကို စိတ်၀င်တစားကြည့်ရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…1.70GB / 764MB Quality…Blu-Ray 1080p5.1CH  / 720p Format…mp4 Duration….1h 54m Genre .....Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka

Horror
6.6 1989 114 mins
Road House
WWII: The Long Road Home
5

ဒီဇာတ်လမ်းက ဆယ်ကျော်သက်ဒါရိုက်တာတစ်ယောက်ရဲ့ သူ့အဘိုး ဒုတိယကမ္ဘာစစ်မှာ ထွက်ပြေးလွတ်မြောက်တာကို ရိုက်ထူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ ချာလီတို့တပ်ဖွဲ့ကို ကပ္ပတိန်တစ်ယောက်နဲ့အတူ ဂျာမနီစစ်တပ် ကိုစုံစမ်းဖို့အတွက် ဂျာမနီနိုင်ငံကိုသွားရမယ်လို့အထက်ကအမိန့် ချလာပါတယ်။ စုံစမ်းဖို့သွားနေရင်းနဲ့ လမ်းတစ်ဝက်မှာအဖမ်းလိုက် ခံရပါတယ်။ နောက်တော့ ကပ္ပတိန်နဲ့အတူ မဟာမိတ်တပ်တွေ လာကယ်တာကိုစောင့်ဆိုင်းကြတာပေါ့။ဒါပေမယ့် ချာလီဟာ ရန်သူ့နယ်မြေမှာဖြစ်တဲ့အတွက် စောင့်နေရင် ပိုဆိုးလာမယ့် အန္တရာယ် များကိုသိတဲ့အတွက် သူတစ်ယောက်တည်း မဟာမိတ်နယ်မြေကို ရောက်အောင်သွားရင်းနဲ့လမ်းမှာ ကြုံရတဲ့အခက်အခဲတွေကိုရိုက် ကူးထားတာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်) File Size..........(1.7 GB) / (822 MB) / (530 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 20Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, History Translator.......Tin Myo Lwin Encoder..........SWM

Drama • History • Romance
5 2019 90 mins
WWII: The Long Road Home
Frankie and Johnny
6.7

Frankie and Johnny ဆိုတာကတော့ အမေရိကန်ရဲ့ နာမည်ကျော် ရှေးသီချင်းတစ်ပုဒ်ဖြစ်ပြီး လွန်လေပြီးသော King of Rock & Roll ကြီး Elvis Presley တောင် သူ့ရုပ်ရှင်မှာ ထည့်သွင်းသီဆိုခဲ့ပါသေးတယ်။ မူရင်းသီချင်း‌က‌တော့ ဖရန်ကီဆိုတဲ့ မိန်းမတစ်ယောက်နဲ့ ဂျွန်နီဆိုတဲ့ ယောက်ျားတစ်ယောက်ကြားက ဇာတ်လမ်းတစ်ပုဒ်ကို သီဆိုထားတာပါ။ ဒီကားကလည်း ဖရန်ကီဆိုတဲ့ စားပွဲထိုးမလေးနဲ့ ဂျွန်နီဆိုတဲ့ သက်လတ်နှောင်းပိုင်းစားဖိုမှူးတို့ကြားက ချစ်ခြင်းမေတ္တာပါ။ သီချင်းထဲမှာတော့ တခြားမိန်းမတစ်ယောက်နဲ့ဖောက်ပြန်နေတဲ့ ဂျွန်နီ့ကို ဖရန်ကီက သေနတ်တစ်လက်နဲ့ အဆုံးသတ်ပေးလိုက်ပါတယ်။ တကယ့်လူသတ်မှုတချို့ကိုအခြေခံထားတယ်လို့လည်း ပြောကြပါတယ်။ အခုဒီရုပ်ရှင်ကားဟာလည်း ဒီသီချင်းနာမည်ပေါ် လုံးလုံးအခြေခံထားပေမယ့် သီချင်းထဲကအကြောင်းအရာနဲ့တော့ လားလားမှ မဆိုင်ပါဘူး။ ဇာတ်လမ်းအကျဉ်းလေးကို စလိုက်မယ်နော်... ထောင်ကလွတ်လာကစ ဂျွန်နီဟာ နယူး‌ယော့ခ်မြို့ကြီးကိုသွား၊ ထောင်တွင်းမှာတုန်းက တတ်ကျွမ်းခဲ့တဲ့ အချက်အပြုတ်ပညာနဲ့ အလုပ်တစ်ခု စ,ရှာပါတော့တယ်။ ရုပ်ကလေးလှသလောက် ဘဝရဲ့ ပျော်စရာကို ရှာမတွေ့တော့တဲ့ ဖရန်ကီကတော့ ဂျွန်နီအလုပ်လာလျှောက်ဖြစ်သွားတဲ့ စားသောက်ဆိုင်လေးရဲ့ စားပွဲထိုးပါ။ တစ်ခါတလေ တိုက်ဆိုင်မှုဆိုတာ တိုက်ဆိုင်မှုသက်သက်မဟုတ်ဘဲ လူ၂ဦးကြားက မြှားနတ်မောင်ပါပဲ။ သီချင်းခေါင်းစဉ်မှာပါတဲ့ နာမည်ပိုင်ရှင်၂ဦးလုံးဟာ နေရာလေးတစ်ခုမှာ လာတွေ့ဖြစ်ကြတယ်ဆိုတာကိုက ကံကြမ္မာပါ။ ဒီလိုနဲ့ ဖရန်ကီ့ကို ချစ်မိသွားတဲ့ ဂျွန်နီနဲ့ နှလုံးသားကို ဖွင့်ပြဖို့ လူတွေကို ယုံကြည်ဖို့ခက်ခဲနေတဲ့ ဖရန်ကီဆိုတဲ့ မိန်းကလေးတို့ရဲ့ ဇာတ်လမ်းလေးကို တွေ့ရမှာဖြစ်ပါတယ်။ တခြားရှည်ရှည်ဝေးဝေး မစဉ်းစားတောင် ပါတဲ့သရုပ်ဆောင်တွေစာရင်း ကြည့်လိုက်ရင်ကို ဒီကားကြည့်ရတာ တန်နေမှာအမှန်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.15GB, 930MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 58Min Genre - Comedy, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Action • Adventure • Thriller
6.7 1991 118 mins
Frankie and Johnny
Unforgivable
5.2

Unforgivable (2023) Crime, Thriller ဇာတ်လမ်းကောင်းကောင်းလေးတွေကို ကြိုက်တတ်တဲ့သူတွေအတွက် Kim Jung Hyun ရဲ့ဇာတ်လမ်းအသစ်လေးကို တင်ဆက်ပါဦးမယ်နော် ဇာတ်လမ်းအကျဉ်းကိုပြောရရင် အများသုံးသန့်စင်ခန်းမှာ လူသတ်မှုတစ်ခုဖြစ်ခဲ့ပါတယ်.. အဲဒီအလောင်းရဲ့ပါးစပ်ထဲကနေ လွန်ခဲ့တဲ့ ၁၀ နှစ်က ရက်စွဲနဲ့ စာတိုတစ်ခုထွက်လာခဲ့ပါတယ် အဲဒီအမှုရဲ့ အရင်တုန်းကဆက်စပ်တဲ့ ကိစ္စတွေကိုပါ လိုက်စုံစမ်းရင်းနဲ့ စုံထောက်အီဒုံဂွန်းဟာ ဆန်းကြယ်တဲ့အမှုရဲ့ နောက်ဆက်တွဲကို ဖော်ထုတ်နိုင်မလား… ဒီအမှုက ထင်ထားသလို ရိုးရှင်းမနေဘဲ နောက်ကွယ်မှာ လျှို့ဝှက်ချက်ကြီးရှိနေတာကို စုံထောက်အီသိသွားတဲ့အခါမှာ ဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်လိုက်ကြပါဦးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။ Genre….. Crime, Trhiller Quality…. 1080p | 720p File size… 1.4GB | 471MB Format… mp4 Duration…. 1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Joyz Encoder ….. Aaron

5.2 2023
Unforgivable
[18+] Zillion
7.4

IMDb 7.4 အထိရရှိပြီး ၂ နာရီ ၁၈ မိနစ်ကြာတဲ့ Crime/Drama အမျိုးအစားရုပ်ရှင်ပါ။ ဒီရုပ်ရှင်က Nightlife အကြောင်းကိုရိုက်ပြထားတဲ့ရုပ်ရှင်ပါ။ အချိန်ကာလအားဖြင့် ၁၉၉၇ခုနှစ်ပါ။ ဘယ်လ်ဂျီယံနိုင်ငံရဲ့ အကြီးဆုံး ဒစ်စကိုနိုက်ကလပ်ကြီးရဲ့ ပိုင်ရှင်သူဌေး၊ ဘယ်လ်ဂျီယံရဲ့အလှဆုံး အမျိုးသမီး မစ္စဘယ်လ်ဂျီယံ ၁၉၉၇ ရဲ့ဘေးမှာ မနက်တိုင်းနိုးထခွင့်ရတဲ့သူ အသက် ၂၇ နှစ်အရွယ် ခရန့်ခ်ဟာ မူလအစမှာတော့ အီလက်ထရောနစ်ပစ္စည်းတွေကို မှောင်ခိုတင်သွင်းတဲ့ ကွန်ပျူတာဉာဏ်ကြီးရှင်လေးတစ်ယောက်ပါ။ ဒါပေမဲ့ တစ်ခုခုကိုလိုချင်ပြီဟေ့ဆိုရင် ရအောင်ယူတတ်တဲ့ ဉာဏ်ကြီးရှင်ဖရန့်ခ်ဟာ မှောင်ခိုပစ္စည်းရောင်းတဲ့အလုပ်နဲ့ပဲ မတင်းတိမ်နေဘဲ ဘယ်လ်ဂျီယံမှာ တစ်ခါကမှမရှိခဲ့ဖူးတဲ့ နည်းပညာတွေ ၀န်ဆောင်မှုတွေနဲ့ ဒစ်စကိုကလပ်ကြီးကိုတည်ဆောက်ဖို့အတွက် မဟာဗျူဟာမြောက်စီမံကိန်းကြီးကို အကောင်အထည်‌ဖော်လိုက်တဲ့နောက်မှာတော့ Nightlife ဘုရင် ဖရန့်ခ်ရဲ့ အောင်မြင်မှုတွေ၊ ဘ၀ အနိမ့်အမြင့်အတက်အကျတွေ နဲ့ ဒစ်စကိုခရီးစဉ်ကြီးကို ဆက်လက်ကြည့်ရှုရမှာပါ။ ဒီရုပ်ရှင်ထဲမှာ ၉၀ နှစ်တွေတုန်းက Nightlife ကို ဒစ်စကိုမီးတွေ Techno သီချင်းတွေနဲ့ တစ်ကားလုံး မြိုင်မြိုင်ဆိုင်ဆိုင်ကို ပုံဖော်ရိုက်ပြထားပါတယ်။ သရုပ်ဆောင်ချက်တွေကလည်း ပြောစရာမ‌ရှိအောင်ကောင်းသလို ပေးချင်တဲ့မက်ဆေ့ခ်ျတွေလည်းပါတာမလို့ သေချာပေါက်မြည်းစမ်း ကြည့်ရှုကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်။ Nudeရိုက်ချက်တွေ၊ Sex scene တွေပါတာကြောင့် ၁၈ နှစ်အောက် ကြည့်ရှုဖို့မသင့်ပါဘူး။ File size…(2.6 GB)/(1.5 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:18:00 Genre…Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

Mystery
7.4 2022 138 mins
[18+] Zillion
Star Wars: Episode VI – Return of the Jedi
8.3

Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ခွန်အားတွေကို Force ဆိုတဲ့ အရာကနေ ယူငင်သုံးစွဲကြပါတယ်။ Force ဆိုတာကတော့ သက်ရှိသက်မဲ့တွေ အားလုံး အတွင်းထဲ အပြင်ထဲမှာ ဝိုင်းရံနေတဲ့ စွမ်းအင်တစ်မျိုးဖြစ်ပြီး Jedi တွေသာ ခံစားနိုင် သုံးစွဲနိုင်ကြပါတယ်။ အဲဒီ Jedi တွေရဲ့ လုံးဝဆန့်ကျင်ဖက်လမ်းစဉ်ကို လိုက်တဲ့သူတွေကိုတော့ Sith တွေလို့ခေါ်ပြီး သူတို့က ဒေါသနဲ့အမုန်းတွေကို အခြေခံတဲ့ အမှောင်ခြမ်းစွမ်းအင် Dark Side of the Force ကို သုံးစွဲကြပါတယ်။ ဒီ star wars ရုပ်ရှင်တွေအတွင်းမှာ Jedi နဲ့ sith တွေရဲ့ အပြန်အလှန်အားပြိုင်မှုတွေ တော်လှန်ရေးအဖွဲ့တွေနဲ့ အင်ပါယာတပ်တွေရဲ့ တိုက်ပွဲတွေအကြောင်းတွေ ခံစားကြည့်ရှုနိုင်ပါလိမ့်မယ်။ စတားဝါးရုပ်ရှင်တွေကို ထုတ်လုပ်ခဲ့တဲ့ခုနှစ်အတိုင်း အစဉ်လိုက်ကြည့်ရှုမယ်ဆိုရင်အောက်ပါအတိုင်းကြည့်ရှုလို့ရပါတယ်။ 1. Star Wars IV : A New Hope (1977) 2. Star Wars V : The Empire strikes back (1980) 3. Star Wars VI : Return of the Jedi (1983) 4. Star Wars I : Phantom Menace (1999) 5. Star Wars II : Attack of The Clones (2002) 6. Star Wars III : Revenge of The Sith (2005) 7. Star Wars VII: The Force Awakens (2015) 8. Rogue One : A Star Wars Story (2016) 9. Star Wars VIII : The Return of the Jedi (2017) 10. Solo : A Star Wars Story (2018) 11. Star Wars IX : The Rise of the Skywalker (2019) တကယ်လို့ Star Wars Timeline အတိုင်းကြည့်မယ်ဆိုရင်တော့ အောက်ပါအတိုင်းကြည့်ရှုလို့ရပါတယ်။ 1. Star Wars I : Phantom Menace (1999) 2. Star Wars II : Attack of The Clones (2002) 3. Star Wars III : Revenge of The Sith (2005) 4. Solo : A Star Wars Story (2018) 5. Rogue One : A Star Wars Story (2016) 6. Star Wars IV : A New Hope (1977) 7. Star Wars V : The Empire strikes back (1980) 8. Star Wars VI : Return of the Jedi (1983) 9. Star Wars VII: The Force Awakens (2015) 10. Star Wars VIII : The Return of the Jedi (2017) 11. Star Wars IX : The Rise of the Skywalker (2019) ( Littleneo မှ ဘာသာပြန်တင်ဆက်ထားပါတယ်။) Star Wars ရုပ်ရှင်အားလုံးကို https://channelmyanmar.to/category/special-package/star-wars/ မှာကြည့်ရှုနိုင်ပါတယ်။ 4K ကိုတော့ www.cmapp.tv မှာ မန်ဘာဝင်ပြီး CM App ကနေ လွယ်ကူစွာတိုက်ရိုက်ကြည့်ရှုနိုင်သလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။ +++++++++++++++++++++++++++++ Star Wars: Episode VI – Return of the Jedi (1983) ဒီဇာတ်ကားဟာ မူလ စတားဝါးစ် ၃ ကားတွဲရဲ့ နောက်ဆုံးကားပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ဟန်ဆိုလို ကို တက်တူးအင်းမှာ ဂျားဗားသယ်ဟက်က ဖမ်းထားတာကို လုခ် စကိုင်းဝေါ်ကာက လိုက်ကယ်တင်ဖို့ကြိုးစားနေချိန်….အင်ပါယာနဲ့ ဒါ့သ်ဗိတ်ဒါတို့က မူလဖျက်စီးခံလိုက်ရတဲ့ သေမင်းကြယ်ထက် ပိုအစွမ်းထက်တဲ့ စစ်စခန်းအသစ်ကို တည်ဆောက်နေချိန်ပါပဲ…. လုခ် စကိုင်းဝေါ်ကာ ဟာ ဒါ့သ်ဗိတ်ဒါနဲ့ အင်ပါယာတို့ကို ရင်ဆိုင်ရတော့မှာ ဖြစ်ပြီး တော်လှန်ရေးတပ်တွေဟာလည်း အင်ပါယာတပ်တွေနဲ့ သေမင်းကြယ်ကို အချိန်မှီဖျက်ဆီးဖို့ အင်အားကုန် တိုက်ခိုက်ကြတဲ့အခါ….

8.3 1983 132 mins
Star Wars: Episode VI – Return of the Jedi
Boat Trip
5

Boat Trip (2002) ============== ဂေးပေါင်းငါးထောင်မကပါတဲ့ သင်္ဘောကြီးလာပါပြီ။ ဂျယ်ရီက ချစ်သူကို လက်ထပ်ခွင့်တောင်းလိုက်ကာမှအငြင်းခံရလို့ လတ်တလောအသည်းကွဲ နေတဲ့သူပါ။ သူ့သူငယ်ချင်းဖြစ်သူနစ်ခ်ဆိုတဲ့ငနဲကလည်း ချိန်ပါတစ်ယောက် ဖြစ်ပြီး အခုချိန်မှာတော့ ဘော်ဒါနှစ်ယောက်လုံးရည်းစားလက်မဲ့ဘ၀နဲ့ငုတ် တုတ်မေ့နေပါတယ်။တစ်နေ့တော့ကျောင်းတုန်းက ဂေါ်မစွံဖြစ်ခဲ့တဲ့ သူငယ် ချင်းတစ်ယောက်နဲ့နစ်ခ် ပြန်ဆုံချိန်မှာ အဲ့ဒီငနဲက အမိုက်စားအမျိုးသမီးတစ် ယောက်ကိုရထားတာတွေ့လိုက်ပါတယ်။ အရမ်းစိတ်ဝင်စားသွားတဲ့ နစ်ခ်က မေးမြန်းစုံစမ်းရင်း FA တွေချည်းပါတဲ့ အပျော်သင်္ဘောခရီးစဉ်တစ်ခုမှာ အဲ့ဒီအမျိုးသမီးနဲ့ ဖူးစာဆုံခဲ့ကြောင်းသိလိုက် ရတဲ့နောက်မှာ သင်္ဘောစီးခရီးထွက်ဖို့ချက်ချင်းပဲစုံစမ်းပါတော့တယ်။ ဒါပေမယ့် လည်း အလွဲလွဲအချော်ချော်နမော်နမဲ့နဲ့ သူတို့နှစ်ယောက်လိုက်ပါလာတဲ့ သင်္ဘော ကြီးဟာ ဂေးသင်္ဘောကြီးဆိုတာ ကမ်းကခွာမှပဲသိလိုက်ရတဲ့အခါမှာတော့..။ သင်္ဘောပေါ်မှာပါလာတဲ့ ဂေးတစ်သိုက်နဲ့ မိန်းမငမ်းငမ်းတက်လိုချင်နေတဲ့ Straight နှစ်ယောက်ဘယ်လိုစခန်းသွားကြမလဲဆိုတာ ကိုယ်တိုင်ပဲဆက်လက်ရှုစားလိုက် ကြပါ။Roselyn Sanchez တို့ Vivica A. Fox တို့လိုအမိုက်စားမင်းသမီးတွေခေါင်း ဆောင်ပါဝင်ထားပြီး Insidious ဇာတ်ကားတွဲတွေထဲက နတ်ဝင်သည်အဘွားကြီး Lin Shaye ကိုဒီဇာတ်ကားမှာ စရိုက်တစ်မျိုးနဲ့တွေ့မြင်ရမယ့်အပြင် ဂျိမ်းစ်ဘွန်း မင်းသားဟောင်းကြီး Roger moore ကိုလည်း ဂျိမ်းစ်ဘွန်းအငြိမ်းစားဂေးဗားရှင်းနဲ့ တွေ့မြင်ရမှာပါ။ Euro Trip, Road trip တို့ထက်မလျော့တဲ့ Boat Trip ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(2.11 GB) / (1.11 GB) Quality…………WEB-DL 1080p / 720p Duration………1Hr 34Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy Translator…….Alias Encoder……….SWM

5 2002
Boat Trip
Bride Wars
5.5

IMDB: 5.5 Rotten Tomatoes: 10% Genre: Comedy/Romance ဇာတ်ကားကောင်းကြည့်ချင်တယ်ဆိုရင် Rating အပေါ်ကိုပဲမမှီခိုနဲ့ဆိုပြီးကြားဖူးတယ်။ တကယ်လည်း မှန်တယ်လို့ကျွန်တော်လက်ခံပါတယ်။ Bride Wars (2009) ကသက်သေပါပဲ။ တော်တော်လေးကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းတစ်ခုဖြစ်ပြီး မင်းသား၊ မင်းသမီးတွေကလည်း ပရိသတ်အချစ်တော်တွေမလို့ ကြည့်ရတာ တော်တော်လေးကိုတန်ပါတယ်။ ဇာတ်ညွှန်း သူငယ်ချင်းနှစ်ယောက် “အမ်မာ နဲ့ လစ်ဗ်” ဆိုပြီးရှိတယ်။ နှစ်ယောက်လုံးရဲ့ အိမ်မက်လည်း ဇွန်လထဲ ပလာဇာဟိုတယ်ကြီးမှာ မင်္ဂလာဆောင်ဖို့ အမ်မာရဲ့ကောင်လေးက လဖက်ချ်ချာ၊ လစ်ဗ်ရဲ့ကောင်လေးက ဒန်နီယယ်။ သူတို့နှစ်ယောက်ရဲ့ ခင်မင်မှုသက်တမ်းကလည်း နှစ် ၂၀ တောင်ရှိနေပြီမလို့ သူတို့နှစ်ယောက်ရဲ့ခင်မင်မှုကို ဘာနဲ့မှဖျက်လို့မရခဲ့ပါဘူး။ ဒါကတော့ အထင်ပေါ့လေ။ ဒီလိုနဲ့ နှစ်ယောက်ဟာရှေ့ဆင့်နောက်ဆင့်ပဲ ကောင်လေးတွေရဲ့ လက်ထပ်ခွင့်တောင်းခြင်းကိုခံရပြီး မင်္ဂလာဆောင်ဖို့ဖြစ်လာခဲ့ပါတယ်။ သူတို့ရဲ့အိမ်မက်ဖြစ်တဲ့ ဇွန်လထဲ ပလာဇာဟိုတယ်မှာပဲဆောင်ဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ဒါပေမယ့်လည်း ဇွန်လအတွက် ပွဲချိန် သုံးခုစာပဲကျန်ပါတော့တယ်။ ကံဇာတ်ဆရာ ရွဲ့တော့ နှစ်ယောက်ရဲ့ မင်္ဂလာပွဲက တိုက်တိုက်ဆိုင်ဆိုင် ရက်သွားတူနေပါတော့မယ်။ ကဲ အဲဒီမှာ အချစ်ဆုံးသူငယ်ချင်းကနေ၊ အမုန်းဆုံးသူငယ်ချင်းတွေ ဘယ်လိုများဖြစ်သွားမလဲဆိုတာကို ခံစားကြည့်လိုက်ကြပါဦး။ အမ်မာ အဖြစ်မင်းသမီး Anne Hathaway (မကြာနု) လစ်ဗ်အဖြစ် မင်းသမီး Kate Hudson ဒန်နီယယ်အဖြစ် မင်းသား Steve Howey ဖလက်ချ်ဂျာအဖြစ် မင်းသား Chris Pratt တို့က သရုပ်ဆောင်ထားပါတယ်။ File size… 2.3 GB / 1 GB Quality… WEB-DL 1080p / 720p Format… mkv / mp4 Duration…. 1h 29m Genre ….. Comedy / Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Lucifer Maximoff

5.5 2009 89 mins
Bride Wars
Mr Bachchan
4.5

Mr. Bachchan (2024) “ငါ့နာမည် မစ္စတာဘဂျမ်း” Genre – Action, Crime, Drama အိန္ဒိယ စက်မှုလုပ်ငန်းရှင် Sardar Inder Singh ကို ငွေမည်းကိစ္စနဲ့ တကယ့်အပြင်မှာ ဝင်ရောက်စီးနင်းမှုအပေါ်ကို အခြေခံပြီး ရိုက်ထားတဲ့ ဇာတ်ကားသစ်လေး ဖြစ်ပါတယ်။ ဒီအကြောင်းကိုပဲ ၂၀၁၈ ခုနှစ်တုန်းက မင်းသား Ajay Devgn က Raid ဆိုတဲ့နာမည်နဲ့ ရိုက်ကူးခဲ့ပါသေးတယ်။ အခု ဒီ Mr. Bachchan မှာတော့ မင်းသားကြီး Ravi Teja ပါဝင်သရုပ်ဆောင် အားဖြည့်ထားပါတယ်။ ဘဂျမ်းဆိုတာ ဝင်ငွေခွန်ဌာနက မဟုတ်မခံ အမှန်တရားလက်ကိုင်ထားပြီး အကောင်ကြီးတွေကို လိုက်ဖြုတ်နေကြ အရာရှိဆရာကြီးပေါ့။ ဘဂျမ်းနာမည်ရလာတာလည်း ဖအေဖြစ်သူက မင်းသားကြီး အမီတာဘဂျမ်းကို အကြိုက်လွန်ရာကနေ သားဖြစ်သူကိုပါ နာမည်ပြောင်းပေးရတဲ့အထိပဲ ဒီလိုနဲ့ သူလည်း ဘဂျမ်း ဖြစ်လာခဲ့ရတာပေါ့။ တစ်ရက်ကျ အကောင်ကြီးတစ်ကောင်ကို အလုပ်လွန်ပြီး ဟိုက အာဏာရှိတဲ့လူဖြစ်နေလို့ ဘဂျမ်းတစ်ယောက် တာဝန်ဆိုင်းငံ့ခံရပြီး မွေးရပ်မြေကို ပြန်လာရခဲ့တယ်။ အဲဒီမှာ ချစ်တဲ့ကောင်မလေးနဲ့တွေ့ပြီး အေးဆေးနေတော့မယ်ဆိုကာမှ မြို့ပေါ်က တကယ့်ဆိုးသွမ်းလာတဲ့ဆရာကြီးတစ်ပါးကို တာဝန်ယူဖို့အတွက် ဘဂျမ်းမှလွဲပြီး တခြားအရာရှိတွေ မရှိကြတော့တဲ့အခါမှာတော့…။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)

4.5 2024 160 mins
Mr Bachchan
Family Drama
6.5

Family Drama (2024) ဒရာမာမိသားစု IMDb-6.6/10 အိန္ဒိယရဲ့ များပြားလှသော မိသားစုတွေလိုပဲ ဖခင်တစ်‌ယောက်တည်းရဲ့ ကြပ်တည်းတဲ့ ဝင်ငွေနဲ့ ရပ်တည်နေကြတဲ့မိသားစု ၊ ကျန်မိသားစုဝင်တွေကလည်း မိသားစုအဆင်ပြေရေး အနာဂတ်စိုပြေရေးအတွက် အိပ်မက်တွေအသီးသီးရှိကြတဲ့သူတွေပါပဲ ၊ ဒါပေမဲ့ အိပ်မက် နဲ့ ခံယူချက်ကို အရာအားလုံးထက် ဦးစားပေးလွန်းတဲ့သူတွေများတော့ ဒီမိသားစုကြားမှာ ဟန်ချက်မညီတာတွေဖြစ်လာတယ် ။ အမေဖြစ်သူကလည်း အိမ်အလုပ်တွေအကုန်လုပ်ရတယ် သူသာအိမ်ရဲ့ကျွန်မကြီးဆိုပြီး မြည်တွန်တောက်တီးရင်း အိမ်အလုပ်တွေစိတ်ကုန်ပြီး ကုန်စုံဆိုင်လေးပဲဖွင့်ချင်နေတဲ့သူ ၊ သမီးဖြစ်သူက အိမ်အလုပ်နဲ့ တခြားအရာတွေထက် ဖုန်းတစ်လုံးနဲ့ အလုပ်ရှာ စာလုပ်ဖို့ပဲစိတ်ဝင်စားတဲ့သူ ၊ သားဖြစ်သူကတော့ ကောင်မလေးဆီက အထင်ကြီးခံရဖို့ လူမိုက်အဖွဲ့မှာ ဝင်ငွေအလွယ်ရဖို့ဝင်လုပ်နေတဲ့ ဆယ်ကျော်သက်လေးတစ်ယောက် ၊ ဒီလိုမိသားစုရဲ့ အဓိကဝင်ငွေရှာပေးနေတဲ့ အဖေဖြစ်သူဆုံးသွားတဲ့အချိန်မှာ အပြောင်းအလဲ ၊ အတိမ်းအစောင်းတွေစဖြစ်လာတော့တာပဲ ဒီမိသားစုဝင်တွေရဲ့ ပင်ကိုယ်စိတ်ခံယူချက်တွေနဲ့ ‌ရှေ့ဆက်ကြုံရမဲ့အခက်အခဲတွေ အငယ်ဆုံးသားဝင်လုပ်နေတဲ့ လူမိုက်အဖွဲ့ကနေ နွှယ်ပါလာမဲ့ပြဿနာတွေ ၊ ဒီပြဿနာတွေကြား သူတို့မိသားစု ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာ ပရိသတ်ကြီးပဲရှုစားကြည့်ပါဦး အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်

6.5 2024
Family Drama
Action U.S.A.
6

Actionကြိုက် CMပရိတ်သတ်တွေအတွက် Action USAဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားမှာတော့ 90s action ဇာတ်ကားတို့ရဲ့ ရသနဲ့ညီစွာ ရင်ထိတ်စရာ စတန့်ပြကွက်တွေ ပစ်ခတ်ခန်းတွေ ပေါက်ကွဲခန်းတွေကို အားရပါးရကြည့်ရှုကြမှာပဲဖြစ်ပါတယ်။ ကလေးတွန် အော့ဇ်ဘွန်းနဲ့ အဲလ် မက်ကင်နွန်တို့ဆိုတာကတော့ FBI အေးဂျင့်နှစ်ယောက်ပါ။ တစ်နေ့မှာတော့ သူတို့လိုက်နေကြတဲ့ ဖရန့်ကီ နာဗာရိုရဲ့ စိန်သူခိုး ဘီလီ ရေးက အသတ်ခံလိုက်ရတဲ့အပြင် သူ့ရဲ့ ကောင်မလေး ကာမန်ကိုပါ အစိုးရမျက်မြင်သက်သေအနေနဲ့ ကြေးစားလူသတ်သမားတွေဆီကနေ ကာကွယ်ပေးဖို့ ဖြစ်လာခဲ့ပါတယ်။ သူလုပ်ချင်ရာလုပ်ပြီး အမြဲပြဿနာအိုးထဲကျနေတဲ့ ကာမန်တစ်‌ယောက်ကို ကလေးနဲ့ အဲလ်တို့နှစ်ယောက် ဘယ်လိုမျိုး ကယ်တင် ကာကွယ်သွားကြမလဲ။ ဘုနဲ့ဘောက် အော့ဇ်ဘွန်းနဲ့ ကာမန်တို့ကြားမှာ‌ရော ဘယ်လိုဇာတ်လမ်းမျိုးလေးတွေ ဖြစ်လာကြမလဲ။ အဆုံးမှာ ကလေးတွန်နဲ့ အဲလ်တို့ သူတို့ရဲ့တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်သွားနိုင်ကြမလားဆိုတာကို ကြည့်ရှုခံစားပေးကြပါဦးခင်ဗျ။ File Size : 2.6 GB, 1.6 GB Quality : Blu-Ray 1080p / 720p Running Time : 1hr 37min Format : Mp4 Genre : Action, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by : Brackman Encode by : Thit San Khant

Romance • Comedy
6 1989
Action U.S.A.
Ballerina From the World of John Wick: Ballerina
7.3

From the World of John Wick: Ballerina (2025) IMDb Rating (7.3) / Rotten Tomatoes (76%) ဂျွန်ဝစ်ရုပ်ရှင်တွေက ခွဲထွက်လာတဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ဒါရိုက်တာကတော့ Underworld ရုပ်ရှင်တွေရဲ့ ဒါရိုက်တာ Len Wiseman ဖြစ်ပါတယ်။ မင်းသမီး အန်နာဒဲအာမက်စ် အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ကာလကတော့ John Wick 4 မတိုင်မီ အချိန်ပဲ ဖြစ်ပါတယ်။ အရင်ဂျွန်ဝစ်ကားတွေနဲ့တန်းတူ အသားကုန်ကျုံးတဲ့ကားမို့ သေချာပေါက် ကြည့်ရမှာပါပဲ။ ဇာတ်လမ်းအကျဉ်း.. အိဗ်ဟာ ကလေးဘဝမှာ သူ့ရဲ့အဖေ လုပ်ကြံခံရပြီးနောက် ဂျွန်ဝစ်ရဲ့ ဂိုဏ်းဟောင်း ရူစကားရိုးမားထဲကို ရောက်သွားပါတယ်။ အဲဒီမှာ ကြီးပြင်းလာပြီး လေ့ကျင့်ရင်းနဲ့ အရမ်းလှလာပါတယ်။ ဒီလိုနဲ့ ကြေးစားကန်ထရိုက်တွေလုပ်ရင်း အရမ်းလှနေပါတယ်။ တစ်နေ့မှာတော့ သူ့အဖေကို လာလုပ်ကြံသွားတဲ့ ဂိုဏ်းကို ခြေရာခံမိပြီး အရမ်းလှ အရမ်းချဖို့ပြင်ပါတော့တယ်။ အဲဒီမှာပဲ အင်အားအပြည့်နဲ့ ဂိုဏ်းကြီးတစ်ခုကို လက်စားချေဖို့ အရမ်းလှပါတော့တယ်။ အဆုံးထိ ဘယ်လိုလှသွားမလဲဆိုတော့တော့ ရုပ်ရှင်ထဲမှာသာ ဆက်ကြည့်လိုက်ပါတော့။ ဧည့်သည်သရုပ်ဆောင်အဖြစ် ဂျွန်ဝစ်ကြီး Keanu Reeves နဲ့ Girls’ Generation အဖွဲ့က Choi Soo-young တို့ပါဝင်ထားပါတယ်။

Thriller • Comedy
7.3 2025 125 mins
Ballerina From the World of John Wick: Ballerina