YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Warrior Baek Dong Soo(2011)EP12 WEB-DL 1080P(CM).mp4

914.41 MB 1080p video/mp4 135 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Terminal
7.3

ဒါရိုက်တာကြီး Steven Spielberg  ရဲ့လက်ရာဖြစ်ပြီး မင်းသားတွမ်ဟန့်နဲ့ မင်းသမီးကက်သရင်းဇီတာဂျုံးတို့လို ဝါရင့်သရုပ်ဆောင်တွေနဲ့ ဒီရုပ်ရှင်က Life is waiting ပါတဲ့...။ ဇာတ်လမ်းကျောရိုးကတော့ ...အမေရိကားကိုတစ်ခါမှမရောက်ဖူးတဲ့ ခရာကိုရှားဆိုတဲ့ နိုင်ငံငယ်လေးက ခရီးသည်တစ်ယောက် အမေရိကားကို ရောက်တဲ့နေ့မှာပဲ ကံကဆိုးပြီး သူ့နိုင်ငံမှာပြသနာတက်နေလို့ အမေရိကန်ထဲကို ပြည်ဝင်ခွင့်ဆိုင်းငံ့ခံလိုက်ရပါတယ်... ဒီတော့ ဘာသာစကားက မကျွမ်းကျင်၊ တိုင်ပင်အကူအညီတောင်းရမယ့်သူက မရှိ၊ အမေရိကရဲ့အထာတွေကိုလည်း နားမလည်ဘဲ လေဆိပ်မှာတင် ယောင်ချာချာ ဖြစ်နေရတဲ့ အကြောင်းနဲ့ သူဘာကြောင့်အမေရိကန်ထဲကို ဝင်ဖို့ကြိုးစားနေရတာလဲဆိုတဲ့အကြောင်းကို ဟာသနှော၊ အသောခပ်များများနဲ့ ဝမ်းနည်းစရာလေးတွေလဲ ဖြစ်ပျက်၊ ချစ်ခြင်းတရားအကြောင်းလည်း ရောစွက်ပြီး ရသစုံအောင် တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးပါပဲ။ ဒါကတော့ ဇာတ်ကြောင်းပါ…ဒါပေမယ့် ကျွန်တော်ကတော့အဲ့ဒီထက်ပိုပြီးစဉ်းစားမိနေပါတယ်။ ဇာတ်ကားထဲမှာ သရုပ်ဆောင်ထားတဲ့ Tom Hanks ရဲ့သရုပ်ဆောင်မှုတွေကောင်းလို့ ဟာသဇာတ်ကားလို့ယေဘုယျထင်ရပေမယ့် အဲ့ဒီထက်ပိုတဲ့ ရသတွေ..အမြင်တွေ..ရှိနေတယ်လို့ခံစားမိပါတယ်။ လေဆိပ်ဆိုတဲ့ နေရာမှာ ကျွန်တော်တို့ရဲ့ဘဝတွေလို့စဉ်းစားလိုက်လို့ရပါတယ်… ပိတ်ပင်မှုတွေ..တိုက်ခိုက်မှုတွေ..နားမလည်မှုတွေ…ချောက်တွန်းချင်တဲ့သူတွေ…ကူညီချင်တဲ့လူတွေ… အမုန်းတွေ..မေတ္တာတွေ…တာဝန်တွေ..ကံကြမ္မာဆိုးတွေ…သူငယ်ချင်းတွေ…ကြည့်မရသူတွေ… ဒီလိုမျိုးတွေထဲမှာ Tom Hanks တစ်ယောက် ပျော်ရွှင်နိုင်အောင်ကြိုးစားတယ်..ရုန်းကန်တယ်။ သူရည်မှန်းထားတဲ့ ပန်းတိုင်ကို မဆုတ်မနှစ် သွားနေတဲ့လမ်းကြောင်းမှာ ဘာကြောင့်မှနောက်မတွန့်နေဘဲ ရိုးသားစွာ ကြိုးစားနေတဲ့ လူတစ်ယောက်အဖြစ် ဇာတ်လမ်းကျဉ်းကျဉ်းထဲမှာ ရအောင်ပုံဖော်ပြသွားပါတယ်။ အကြိုက်ဆုံးမင်းသားကို ဒီလိုဇာတ်လမ်းကောင်းမျိုးမှာ တွေ့ရတာ ကျွန်တော်အတွက်တော့ အချိုပေါ်သကာလောင်းထားတဲ့ ဇာတ်ကားလို့ပဲဆိုချင်ပါတယ်။ IMDb Rating (7.4/10) ထိရရှိထားပြီး သိမ်းထားချင်သူများအတွက် 4K နဲ့ထပ်မံတင်ဆက်လိုက်ပါတယ်။ File size…(11 GB )/ (2.9 GB)/ (1.5 GB) Quality….WEB-DL 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….02:08:45 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung

Comedy • Drama
7.3 2004 128 mins
The Terminal
Playing for Keeps
5.6

ဇာတ်လမ်းအကျဥ်းကတော့ ‌ဂျော့ဒရိုင်ယာဆိုတာ ဘောလုံးလောကမှအနားယူပြီး စီးပွားရေးအဆင်မပြေ၊အိမ်ထောင်လည်းကွဲ၊ သားဖြစ်သူအတွက်ပါ အချိန်ပြည့်ရှိနေမပေးနိုင်တဲ့ နာမည်ကြီးဘောလုံးကစားသမားပေါ့။ အလုပ်ရှာနေရင်းနဲ့ပဲ သားဖြစ်သူနဲ့တွေ့ဖို့ နယ်မြို့လေးရောက်လာရင်းက အခြေအနေအရ သားဖြစ်သူရဲ့ဘောလုံးနည်းပြ ဖြစ်သွားပါတယ်။ ဘောလုံးသမားပီပီ ရောက်လေရာမှာနာမည်ကြီး လူကြိုက်များပြီး ခုလည်း ကလေးအမေသုံးယောက်ကိုလိမ်ရင်းခေါက်ရင်း ဖခင်တစ်ယောက်တာဝန်ကျေအောင်ဘယ်လိုစွမ်းဆောင်သွားမလဲ ဆိုတာကို မိသားစုရသလေး ခံစားရင်း ပေါ့ပေါ့ပါးပါးကြည့်လို့‌ရမယ့် ဇာတ်ကားကောင်းလေးပါပဲ။ File Size :(2GB),(901.5 MB) Quality : Blu-Ray 1080P,720p Format :mp4 Duration : 01:45:00 Genre : Romance , Comedy , Sports Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by HYAN

Drama
5.6 2012 106 mins
Playing for Keeps
Brotherhood
5

ငယ်ငယ်က ကြားဖူးတဲ့ ကျေးညီနောင်ပုံပြင်လေးကို မှတ်မိကြသေးရဲ့လား.. မုန်တိုင်းကြောင့် အသိုက်ကနေလွင့်ပြီး တစ်နေရာစီ ရောက်သွားကြတဲ့ ကျေးညီနောင်လေးဟာ တစ်ကောင်ကအဖြူဘက် တစ်ကောင်က အမည်းဘက် ဒုစရိုက်ခြမ်းနဲ့ သုစရိုက်ခြမ်း တစ်ကွဲတစ်ပြားစီ ရောက်သွားခဲ့ကြရတာလေ... ဒီ IMDB 8.1/10 ရရှိထားတဲ့ နိုင်ဂျီးရီးယား crime-action thrillerကားလေး Brotherhood (2022)ကလည်း အလားတူ အခြေအနေမျိုးကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်.. "ဇာတ်လမ်းအကျဉ်း" ငယ်စဉ်က နှစ်သစ်ကူးညမှာ ဓားပြတိုက်ခံခဲ့ပြီး မိဘနှစ်ပါးလုံး ဆုံးပါးသွားခဲ့တာကြောင့် ဝါလေ နဲ့ အာကင်းတို့ အမြွှာညီအစ်ကိုနှစ်ယောက်ဟာ နေ့ချင်းညချင်း မိဘမဲ့အဖြစ်ကိုရောက်ရှိသွားခဲ့ရပါတယ်.. မိဘမဲ့ဂေဟာရောက်သွားတဲ့ အမြွှာညီအစ်ကိုနှစ်ယောက်မှာတော့ လီဂိုပြည်နယ်ရဲ့ လမ်းမများပေါ်မှာ အသက်ရှင်ရပ်တည်ဖို့ကြိုးစားရင်း အရွယ်ကြီးရင့်လာတဲ့အခါမှာတော့ တစ်ယောက်တစ်လမ်းစီ လျှောက်ဖြစ်ခဲ့ကြပါတော့တယ်.. အဖြူ အမည်း လားလားကြီးကို ဆန့်ကျင်နေတဲ့ ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်စွာ ဝါလေက ရဲအရာရှိဖြစ်၊ အာကင်းက ထောင်ကို အိမ်ဦးနဲ့ ကြမ်းပြင်လိုကူးနေတဲ့ ဒုစရိုက်သမားဖြစ်ခဲ့တာကြောင့် တဇောင်းစေးနဲ့ မျက်ချေးလို တစ်ယောက်နဲ့တစ်ယောက်ကြည့်မရ ဖြစ်နေကြတော့တာပေါ့.. ဒီလိုနဲ့ တစ်နေ့မှာတော့ ဝါလေလိုက်နေတဲ့ ရာဇဝတ်မှုထဲ အာကင်းက တရားခံတွေထဲကတစ်ယောက်ဖြစ်နေတာကို သိလိုက်ရတဲ့အခါမှာတော့... အလုပ်နဲ့ ညီအစ်ကိုသံယောဇဉ်ကြား ဝါလေတစ်ယောက် ဘယ်အရာကိုရွေးချယ်မှာလဲ.. အာကင်းကရော ဘယ်လိုဖြစ်ပြီး အဲဒီရာဇဝတ်မှုကြီးထဲ ပါသွားခဲ့တာလဲ.. နှစ်ယောက်သား ထိပ်တိုက်တွေ့ကြတဲ့အခါ ခါတိုင်းလို အသေအလဲ သတ်ကြမလား.. သွေးက ရေထက်ပျစ်တယ်ဆိုတဲ့ စကားအတိုင်းပဲ အလျှော့ပေး လက်နက်ချကြမလား.. ဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Emilyပဲဖြစ်ပါတယ်) File size…(3.14GB)  / (1.29GB) / (974MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….02:00:00 Genre...Action / Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

Horror
5 2022 120 mins
Brotherhood
Babli Bouncer
6

အိန္ဒိယမြို့အစွန်က ဘောက်ဆာရွာလေးမှာ လူငယ်တိုင်း ဘောက်ဆာလေ့ကျင့်ကျွမ်းကျင်ကြတယ် ဒီထဲကမှ ဘောက်ဆာဆရာရဲ့ သမီးဖြစ်တဲ့ ဘာဘလီကတော့ ရွာမှာ ဘောက်ဆာကျွမ်းကျင်တဲ့ မိန်းကလေး အတန်းပညာမှာအာရုံမစိုက်ခဲ့တာကြောင့် 10 တန်း တဖုန်းဖုန်းကျပြီး ကျောင်းထွက်ခဲ့ရပေမယ့် ဘောက်ဆာမှာတော့ အမျိုးသားထဲမှာတောင် သူ့ကိုနိုင်သူမရှိဘူး မင်္ဂလာဆောင်တစ်ခုမှာ ကျောင်းတုန်းကဆရာမနဲ့တွေ့ပြီး ဆရာမသားကို သဘောကျမိသွားရာကနေ သူ့ဘ၀မှာ အပြောင်းအလဲတွေ စဖြစ်တော့တာပဲ.... ဒေလီက ညကလပ်တစ်ခုကိုလာတဲ့ မိန်းကလေးတွေ အန်တီကြီးတွေရဲ့ ရစ်ဒဏ်ညစ်ဒဏ်ကို အမျိုးသားဘောက်ဆာ‌၀န်ထမ်းတွေ ဖြေရှင်းဖို့ အခက်တွေ့ရာကနေ အမျိုးသမီး ဘောက်ဆာ၀န်ထမ်းတွေ ခန့်ဖို့ ဖြစ်လာခဲ့တယ် ပညာတတ် လူရည်သန့်လေးဗီရာ့ဂျ်က အမှီအခိုကင်းတဲ့ မိန်းကလေးသဘောကျတယ်ဆိုတာနဲ့ အမှီအခိုကင်း နေထိုင်ပြချင်လို့ ညကလပ်မှာ အမျိုးသမီး ဘောက်ဆာအလုပ်လျှောက်ရင်း ရခဲ့တယ် ဗီရာ့ဂ်ျရဲ့ ‌မွေးနေ့မှာ အမူးလွန်ပြီး ဖွင့်ပြောမိရာကနေ ဗီရာ့ဂ်ျဆီက ခါးခါးသီးသီး ငြင်းခံရလိုက်တဲ့အခါမှာတော့..... ပျော်ပျော်နေတတ်ပြီး ခေတ်လူငယ်တွေကြားအသုံးအနှုန်း အပြုအမူတစ်ခုမှမသိတဲ့ ရိုးသားတဲ့ တောသူမလေးနဲ့ ပညာတတ် ဥစ္စာပေါ ရုပ်ချောလေးတို့ရဲ့ အချစ်ဇာတ်လမ်းက ရှေ့ဆက်နိုင်မှာလား ဒီလိုနဲ့ပဲ ဇာတ်သိမ်းသွားမလားဆိုတာကို ခံစားကြည့်ပါဦး အပန်းပြေကြည့်ချင်တဲ့ကားကောင်းလေး ရှာနေတဲ့ ပရိသတ်တွေအကြိုက်တွေ့မယ့် အချစ်ဇာတ်မြူးလေးပါ File size…2.45GB / 1.1GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 52m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL & Shwe Pyae &  Lai Laii

Fantasy • Thriller
6 2022 118 mins
Babli Bouncer
Slumber Party Massacre
5.6

(1982)ကထွက်ရှိခဲ့တဲ့ အထက်တန်းကျောင်းသူလေးတွေအပန်းဖြေခရီးထွက်ရင်း လွန်ပူတစ်လက်နဲ့လူလိုက်သတ်တဲ့ လူသတ်သမားနဲ့ကြုံခဲ့ရတဲ့ The Slumber Party Massacreကို အသစ်ပြန်လည်ဖန်တီးရိုက်ကူးထားတဲ့ကားပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ လွန်ပူလူသတ်သမားရဲ့လက်ချက်ကနေ တစ်ဦးတည်း သောအသက်ရှင်ကျန်ခဲ့တဲ့သူဖြစ်တဲ့မိခင်အတွက် သမီးဖြစ်သူဒန်နာက ဒီလိုအတိတ်ဆိုးက မိခင်ကိုလွတ်အောင်လုပ်ဖို့စီစဉ်ခဲ့ပါတယ်။ အဲ့ဒါကတော့ မိခင်ကြုံတွေ့ခဲ့ရတဲ့နေရာကို သူငယ်ချင်းတစ်သိုက်နဲ့ခရီးထွက်တာပါပဲ။ သူတို့တွေကအစီအစဉ်ဆွဲပြီးလာခဲ့ပေမယ့် မထင်မှတ်ထားတဲ့အရာတွေနဲ့ကြုံခဲ့ပြီးတော့ အသက်ဘေးတွေနဲ့ရင်ဆိုင်လာခဲ့ရပါတယ်။ ဒီလိုအသက်ဘေးတွေကနေ ဆယ်ကျော်သက်ကောင်မလေးတွေ ဘယ်လိုလွတ်အောင် ရုန်းထွက်မလဲဆိုတာကိုကြည့်ရမယ့် horror ကားလေးပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Chit Tee ဖြစ်ပါတယ်) File Size - (1.52 GB) / (674 MB) / (439 MB) Quality – BluRay 1080p / 720p/480p Duration - 1h 26mins Subtitle – Myanmar Hardsub Format – MP4 Genre : Horror, Thriller Translator – Chit Tee Encoder – SWM

Action • Adventure • Fantasy
5.6 2021 86 mins
Slumber Party Massacre
Rescued by Ruby
7.5

K9 ဆိုတဲ့ အနံ့ခံခွေးတပ်ဖွဲ့ကို အရမ်းကိုဝင်ချင်နေတဲ့ ဒန်နီရယ် ဘယ်အိမ်ကမှာမမွေးစားနိုင်အောင်ဆိုးလို့ ဂေဟာမှာ သောင်တင်နေတဲ့ ရူဘီဆိုတဲ့ ခွေးမလေးအကြောင်းဖြစ်ရပ်မှန်ရိုက်ထားတဲ့ကားလေးပါပဲ ဟော့ဒေါဆိုရင် မနေနိုင်မထိုင်နိုင် အရမ်းကြိုက်တဲ့ ခွေးမလေးရူဘီဟာ သူ့ရဲ့သခင်အမှန်ကိုမတွေ့ရသေးခင်အထိ မွေးစားတဲ့အိမ်တွေမှာ စကားနားမထောင်ဘဲ လုပ်ချင်တာတွေလုပ်လို့ ဂေဟာမှာသောင်တင်နေတာပါ ဒန်နီရယ်ကလည်း K9ကိုဝင်ချင်လွန်းလို့ စာမေးပွဲ ၈ကြိမ်ဖြေပြီးတဲ့အထိ မအောင်သေးတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ယောက်ပါ တစ်နေ့တော့ ဘယ်သူမှ မမွေးစားတဲ့ ရူဘီကို ဂေဟာက လက်စသတ်ဖို့လုပ်နေတုန်း အကြောင်းအရာတိုက်ဆိုင်ပြီး ဒန်နီရယ်တဲ့တွေ့သွားကြတဲ့အခါ ဘာတွေဖြစ်လာမလဲ ရူဘီ့ကို ဒန်နီရယ်က သူများတွေနဲ့မတူဘဲ လေ့ကျင့်ပေးနိုင်မလား ရူဘီကရောဘယ်လောက်ထိလုပ်ပြနိုင်မလဲဆိုတာ ကြည်နူးမှုလေးနဲ့ ကြည့်လို့ကောင်းမယ့်ကားကောင်းလေးတစ်ကားပါ တချို့ကားတွေလို့ ခွေးလိမ္မာလေးက အစစအရာရာလိမ္မာတာမဟုတ်ဘဲ ခက်ခက်ခဲခဲသင်ကြားပေးရတဲ့ကားဆိုတော့ ကြည့်ရတာတန်မှန်လို့ မျှော်လင့်ပါတယ် File size…(1.88 GB)/(904.61 MB )/(519.19 MB ) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Drama, Biography, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield

Action • Drama • Thriller
7.5 2022 93 mins
Rescued by Ruby
Dorm
6.5

Horror ဆိုပေမယ့် ကြောက်ရလန့်ရတာချည်းမဟုတ်ဘဲ ဇာတ်လမ်းဦးစားပေးရိုက်ထားတဲ့ ဇာတ်ကားကိုမှကြည့်ချင်သူတွေအတွက် Best Director ဆုအပါအ၀င် ဆု၇ဆု ရထားတဲ့ ဒီကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ။ ဇာတ်လမ်းအကျဥ်း ချာဒရီဆိုတဲ့ကလေးက မိဘဖိအားပေးမှုကြောင့် ဒုတိယနှစ်ဝက်မှာ ကျောင်းပြောင်းခဲ့ရပါတယ် သူပြောင်းလာတဲ့ကျောင်းမှာအဖြစ်အပျက်တွေအများကြီးရှိခဲ့ပြီး အဲ့ထဲမှာမှ အဲ့ဒီကျောင်းကရေကူးကန်ဟောင်းမှာ ရေထဲခုန်ချသေသွားတဲ့ကျောင်းသားတစ်ယောက်ရှိခဲ့ဖူးတယ်လို့လည်းပြောနေကြပါတယ် ယခုလက်ရှိအချိန်မှာတော့ အဲ့ဒီရေကူးကန်ကိုပိတ်ထားလိုက်ပါပြီ ချာဒရီဟာ ကျောင်းရောက်ရောက်ချင်း သူငယ်ချင်းတွေသိပ်မရှိခဲ့ပါဘူး သူ့မှာခင်ရတဲ့သူငယ်ချင်းဆိုလို့ တစ်ယောက်ပဲရှိတယ်...အတူသွား အတူကစားရင်း နောက်မှ သူသိလိုက်ရတာကတော့ သူ့သူငယ်ချင်းက... ကဲ ဇာတ်လမ်းကတော့အဲ့မှာစတာပါပဲ ဘယ်လိုစိတ်ခြောက်ခြားစရာတွေလာဦးမလဲဆိုတာ ဇာတ်ကားထဲမှာကြည့်ရှူလိုက်ရအောင်နော် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Nang Mwe Kham ပါ ) File Size__(2GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__6.8/10 Format__mp4 Duration__01:50:00 Type__Drama, Horror, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Nang Mwe Kham Encoded by Naing Aung Latt

Action • Drama • Thriller
6.5 2006 111 mins
Dorm
Choyleefut: Speed of Light
5

တရုတ်ပြည်မှာ ကိုယ်ခံသိုင်းပညာရပ်တွေ အများကြီးရှိတဲ့အထဲကမှ ချွိုင်လီဖတ်ဆိုတဲ့ ကိုယ်ခံပညာအကြောင်းကို ရိုက်ပြထားတာပဲဖြစ်ပါတယ်။ ဒီသိုင်းပညာဟာ တရုတ်ပြည်မှာ အအောင်မြင်ဆုံးဖြစ်ပြီး ကမ္ဘာမှာပါ လူသိများတဲ့ကွန်ဖူးပညာ တစ်ရပ်လည်းဖြစ်ပါတယ်။ ချွိုင်လီဖတ်အကျော်အမော်ညီနောင်နှစ်ပါးထဲက အစ်ကိုဖြစ်သူချန်တိန်းလိုင်ဟာ ကမ္ဘာတစ်လွှားမှာကျောင်းပေါင်းများစွာ ဖွင့်လှစ်ပြီး သိုင်းပညာကို ဖြန့်ဝေလျက်ရှိပါတယ်။ ဒီလိုနဲ့ တရုတ်ပြည်က ပင်မကျောင်းတော်ကြီးကို နိုင်ငံခြားကုမ္ပဏီတစ်ခုက အုပ်စိုးဖို့ကြိုးစားလာပါတော့တယ်။ ဒီမှာတင် အစ်ကိုဖြစ်သူက သဘောတူထားပြီးပေမယ့် သူရဲ့သား ဂီက လက်သင့်မခံဘဲ ပြန်လှန်တွန်းလှန်ဖို့ ကြိုးစားရင်းက ကျောင်းတော်ကြီးရဲ့ကံကြမ္မာကို ပြိုင်ပွဲအဆုံးအဖြတ်နဲ့ စီရင်ဖို့ ဖြစ်လာရပါတော့တယ်…. ကျောင်းကို စီးပွားရေး ကုမ္ပဏီကြီးကပဲ အုပ်စိုးသွားမလား… ဂီနဲ့အတူ အပေါင်းအပါတွေကပဲ ကယ်တင်သွားနိုင်မလား ရှုစားရမှာပဲဖြစ်ပါတယ် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ ) File Size__(2GB) / (1GB) Quality__BluRay_1080p, 720p IMDb Rating__5.0/10 Format__mp4 Duration__01:33:00 Type__Action, Comedy, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing Aung Latt

5 2011
Choyleefut: Speed of Light
Night Moves
6

IMDb – 6/10 Rotten Tomatoes – 86% အော်ရဂွန်မြစ်ကိုမှီခိုကာလုပ်ကိုင်စားသောက်နေကြတဲ့ လယ်သမားတွေ။ စွမ်းအင်အရင်းမြစ်အတွက် မြစ်ပေါ်မှာ အထပ်ထပ်ဆောက်ထားတဲ့ရေကာတာတွေဟာ သဘာဝ ပတ်ဝန်းကျင်နဲ့ တောရိုင်းတိရိစ္ဆာန် ရေနေသတ္တဝါအပေါ်ဆိုး ကျိုးများသက်ရောက်နေလျှက်။ ဇာတ်ကြောင်းကသဘာဝပတ်ဝန်းကျင် အရေးလှုပ်ရှားသူ သုံဦးဟာ အချိန်ယူပြီး စနစ်တကျစီစဉ်ကာ ရေကာတာ တွေထဲမှတစ်ခုကို ဖောက်ခွဲဖို့ ကြံစည်ကြတဲ့အကြောင်းပါ။ လိုအပ်တဲ့အချိန်၊ငွေကြေးအင်အား၊ လူအင်အားတွေစိုက်ထုတ်ပြီး ဖောက်ခွဲရေးကိစ္စကိုအကောင်ထည်ဖော်လိုက်တဲ့အခါ ဖြစ်လာတဲ့အကျိုးသက်ရောက်မှုတွေက ထင်သလိုမဟုတ်ဘဲ ကပြောင်းကပြန်တွေဖြစ်ကုန်တယ်။ ဒီကြားထဲ လုပ်ဖော်ကိုင်ဖက်ထဲက တစ်ယောက်က အကျိုးဆက်တွေကို မခံနိုင်ဘဲ ဂဂျောင်ဖတ်ပြီး မလုပ်သင့်တာတွေဆက်လုပ်မိတယ်။ အဲဒီနောက် မီးခိုးကြွက် လျှောက်ဖြစ်ပြီး ရှောင်ရတိမ်းရတယ်။ ဇာတ်လမ်းက စကားပြော ခန်းတွေများပြီး ခပ်အေးအေးတန်ပိုနဲ့ပဲသွားပါတယ်။ ကင်မရာရိုက်ချက်တွေကလည်း ငြိမ်လွန်းပြီး ကြီးမားတဲ့ နိုင်ငံတော်ပုန်ကန်မှုတစ်ခုကိုခပ်ဝေးဝေးကနေအံကြိတ်ပြီး လှမ်းကြည့်နေရတဲ့ ခံစားချက်မျိုးရပါလိမ့်မယ်။ ဘာမှမလုပ်ချင်မကိုင်ချင်တဲ့ ခြေခင်းလက်ခင်းသာတဲ့တစ်နေ့မှာ အေးအေးလူလူထိုင်ကြည့်လို့ ကောင်းမယ့်ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ File size…1.62GB / 619MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kaung Paing

6 2013
Night Moves
Chinatown Cha Cha

တရုတ်တန်း ဒိုင်ယာရီ(၂၀၂၄) ဂျိုင်ဖိဆွတ်အပြီးမှာလာမယ့် ထည်ဝါခမ်းနားချစ်ပုံပြင်များအတွဲ ၂ ရဲ့ လေးတွဲမြောက်က မင်းသမီးချောလေး Mint ရဲ့ ဒုတိယ movie ခြေလှမ်းဖြစ်တဲ့ Chinatown Cha Cha ဝါရင့်သရုပ်ဆောင်တွေနဲ့ တွဲဖက်သရုပ်ဆောင်ထားတဲ့ ဒီဟာသဇာတ်မြူးလေးကရော ဘယ်လိုတွေခွီရမလဲ ရှုစားကြပါဦး။ တစ်မိသားစုလုံး တစ်မျိုးမဟုတ်တစ်မျိုး ချွတ်ချော်ကံဆိုးနေတဲ့မိသားစုရဲ့သမီးဖြစ်တဲ့ကီး သူ့ရဲ့ကံကောင်းပုံကိုပြောရမယ်ဆို မွေးမွေးချင်းမှာပဲ ဆရာဝန်လက်ထဲကချောပြီးပြုတ်ကျလို့ အူဝဲပေါက်စထဲက ကံတွေ မဟားတရား ဆိုးတဲ့ ကီးတစ်ယောက် ခုချိန်မှာလည်း စာတမ်းအတွက်အကြံမထွက်လို့ တိုင်ပတ်နေပြန်ပါပြီ။ ဒီလိုနဲ့ ဘုရားကျောင်းမှာ ဝတ်သွားပြုရင်း သူ့အကြောင်းအကုန်သိနေတဲ့ ထူးဆန်းတဲ့အဘိုးကြီးနဲ့တွေ့ပြီး အတိတ်က ကျိန်စာဆိုတဲ့အရာကို သိလိုက်ရတဲ့အခါ… ကျိန်စာရဲ့အရင်းအမြစ် သူ့ရဲ့အဘေးဖြစ်တဲ့ခွန်၊ တစ်ချိန်ကနာမည်ဆိုးထွက်တဲ့ ဘိုင်ဆွန်ဂိုဏ်းခေါင်းဆောင်ဖြစ်နေပါသတဲ့။ ဒီကံဆိုးမှုတွေကနေ လွတ်ကင်းဖို့ ‌ကီးတစ်‌ယောက် အခေါင်းထဲဝင်အိပ်ရင်းကနေ အဘေးခွန်သက်ရှိထင်ရှားရှိနေတဲ့အတိတ်ကာလက ထိုင်ဆိုတဲ့လူရဲ့ခန္ဓာကိုယ်ထဲရောက်သွားပါတော့တယ်။ ကံဆိုးမှုတွေပပျောက်ဖို့ သူ့ရဲ့ဘဝပေးမစ်ရှင်ကို ကီးတစ်ယောက်ထမ်းဆောင်နိုင်ပါ့မလားဆိုတာ အခွီအလွဲလေးတွေနဲ့ရောစပ်လို့ ရှုစားလိုက်ရအောင်ပါ။ အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary & Char Ou ပဲ ဖြစ်ပါတယ်. Genre….. Action, Comedy, Drama Quality…. 1080p | 720p File size… 1.4GB | 628MB Format… mp4 Duration…. 2h Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary & Char Ou Encoder ….. Aaron

0 2024
Chinatown Cha Cha
What Happens in Miami

IMDb 6.3 ရရှိထားတဲ့ Thriller ရုပ်ရှင်တစ်ကားပါ။ ဇာတ်လမ်းအကျဉ်းကတော့ ကောလိပ်ကျောင်းသူသူငယ်ချင်းတစ်စုက ကျောင်းပိတ်ရက်မှာ မိုင်ယာမီကမ်းခြေကို နွေရာသီအပန်းဖြေခရီးထွက်လာကြပါတယ်။ ဒီအချိန်မှာ သူငယ်ချင်းတွေထဲကတစ်ယောက်ဖြစ်တဲ့ ရိုင်ယန်ဆိုတဲ့ ‌ဆယ်လီမိန်းကလေးဟာ ပျောက်ဆုံးသွားခဲ့တဲ့ပါတယ်။ ရိုင်ယန်မပျောက်ဆုံးခင်မှာ သူမဟာ မိုင်ယာမီက ‌မူးယစ်ဆေးရောင်းသမားတစ်ယောက်နဲ့တွဲသွားတွဲလာလုပ်ခဲ့ပါတယ်။ ဒီလိုနဲ့ ရိုင်ယန်ပျောက်ဆုံးသွားပြီးနောက်မှာတော့ ကျန်သူငယ်ချင်းတွေဟာ အဓိကသံသယရှိသူတွေအဖြစ် စုံစမ်းစစ်ဆေးတာကို ခံကြရပါတော့တယ်။ ရိုင်ယန်ရဲ့အမှုနောက်ကွယ်မှာ ဘယ်လိုအရှုပ်တော်ပုံတွေရှိနေတာလဲ၊ ရိုင်ယန်ကရော ဘာကြောင့်ပျောက်ဆုံးသွားခဲ့တာလဲ၊ နောက်ဆုံးမှာရော ရိုင်ယန်ကိုရှာတွေ့သွားပါ့မလား၊ အဓိကတရားခံကရော ဘယ်သူဖြစ်မလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(939 MB) Quality…. 720p Format…mp4 Duration….01:47:00 Genre… TV Movie, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

Fantasy • Comedy • Family • Adventure
0 2024
What Happens in Miami
Detained
5

Plot twistသဘောကျတဲ့ ပရိသတ်ကြီးတို့အတွက် mysteryဆန်ဆန် crime thriller ကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ ကြမ်းကြမ်းရမ်းရမ်း အက်ရှင်ကားဆိုတာထက် mind game တွေ ပိုများတဲ့ရုပ်ရှင်လေးဆိုတော့ ဒီလိုgenre မျိုး နှစ်သက်သူများရှိရင်တော့ အကြိုက်တွေ့မှာပါ။ ရေဗက်ကာတစ်ယောက် နိုးထလာချိန်မှာ အရက်မူးပြီး ကားမောင်းပြီးတော့ စက်ဘီးသမားကိုတိုက်မိလို့ အချုပ်ထဲရောက်နေလေရဲ့။ ကံကဆိုးချင်တော့ မနေ့ညကဘာဖြစ်ခဲ့လဲဆိုတဲ့မှတ်ဉာဏ်က သူ့မှာခေါင်းထဲမှာဗလာဖြစ်နေတော့ ရဲတွေပြောသမျှပဲမှန်နေသလိုလိုပေါ့။ ဒါပေမဲ့ ရဲတွေဘက်က သူ့ကိုမရမကအမှုဆင်နေသလိုဖြစ်နေပြီး ရှေ့နေခေါ်တော့လည်း အမှုကရှေ့မရောက်တဲ့အပြင် သူ့ကိုဖမ်းခေါ်လာတဲ့ ရဲအရာရှိကပါ မသင်္ကာစရာဖြစ်လာတဲ့အခါ….. မနေ့ညက ဘာတွေဖြစ်ခဲ့တာလဲ။ ရေဗက်ကာကရော တကယ်ပဲDUIနဲ့လူသေမှုဖြစ်ခဲ့တာလား။ သံသယဝင်စရာ ရဲအရာရှိရဲ့နောက်ကွယ်မှာ ဘာတွေရှိနေမလဲဆိုတာ ဆက်လက်ရှုစားကြပါဦး။ File size…1.51GB / 754MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 37m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TD

Action • Animation • Science Fiction
5 2024 97 mins
Detained
Lost Horizon
7.6

Lost Horizon (1937) ~ IMDb – 7.6/10, Rotten Tomatoes – 93% ~ James Hilton ရဲ့ Lost Horizon ဟာ စာသမားတွေနဲ့ တော်တော်ရင်းနှီးပြီးသား ပဟေဠိဆန်တဲ့နေရာတစ်ခုအဖြစ် သတ်မှတ်ထားကြတဲ့ ရှန်ဂရီလာ ခေါ် ရှမ်ဘဲလားရဲ့ ရင်းမြစ်စာအုပ်ပါပဲ။ James Hilton ဟာ ဒီစာအုပ်မှာ ရှန်ဂရီလာဆိုတဲ့ တိဘက်က လျှို့ဝှက် လားမားကျောင်းတော်တစ်ခုကို ဖန်တီးခဲ့တယ်။ ဒီစာအုပ်ကိုပဲ မောင်ထွန်းသူက ရှန်ဂရီလာဆိုတဲ့ နာမည်နဲ့ ဘာသာပြန်ခဲ့ဖူးတယ်။ မင်းသိင်္ခကလည်း စနေမောင်မောင်တို့ မဟာမြိုင်ခရီးသည်တို့ထဲ ခဏခဏယူသုံးခဲ့ဖူးတယ်။ ဘယ်တစ်အုပ်ထဲလဲတော့ မမှတ်မိပေမဲ့ ဒီ Lost Horizon ရဲ့ ဇာတ်ကို တစ်ထပ်တည်းနီးပါးတူအောင် ဦးကျော်ဒွန်း ဘုရားရှိခိုးစာအုပ်ရေးနည်းနဲ့ ရေးထားတာလည်းရှိတယ်။ တခြားရေးတဲ့သူတွေလည်း များပါတယ်။ ဆိုတော့ ရှမ်ဘဲလား ရှန်ဂရီလာဘာညာက ကျွန်တော်တို့နဲ့ တော်တော်ရင်းနှီးပြီးသားအရာပါပဲ။ Lost Horizon ကတော့ အဲဒီရှန်ဂရီလာရဲ့ မူလဇစ်မြစ်ပေါ့။ ငယ်ငယ်ကတော့ မောင်ထွန်းသူ ဘာသာပြန်တဲ့ ရှန်ဂရီလာက ကျွန်တော့်အကြိုက်ဆုံးဘာသာပြန်စာအုပ်တွေထဲပါဖူးတယ်။ အခုပြန်ဖတ်တော့လည်း အရင်တုန်းက မတွေးမိတဲ့အတွေးတွေတွေးမိပြီး ပိုတောင်ကြိုက်နေမိပြန်တာပါပဲ။ အရင်က အဓိကကြိုက်တာကတော့ ဇာတ်ကောင် ကွန်ဝေးရဲ့ စိတ်နေစရိုက်ကိုပဲ။ အဲဒီတုန်းကတော့ ကျွန်တော့်မှတ်စုစာအုပ်ထဲ ကွန်ဝေးပြောခဲ့တဲ့စကားကို မှတ်ထားခဲ့ဖူးတယ်။ ဒီစာအုပ်မှာ ထင်နေတဲ့ ကွန်ဝေးရဲ့ စိတ်နေစရိုက်ကို ပေါ်လွင်တဲ့ စကားပေါ့။ “တကယ်လို့ပေါ့လေ ငါ့အတွေ့အကြုံမျိုးသာ မင်းမှာရှိနေမယ်ဆို လူ့ဘဝမှာ အသက်သာဆုံးဖြစ်အောင် ဘာမှမလုပ်ဘဲနေမှဖြစ်မယ့် အချိန်အခါမျိုးတွေ ရှိတတ်တယ်ဆိုတဲ့ သဘောကို မင်းနားလည်မှာပါ။ ဖြစ်ချိန်တန်တဲ့အခါမှာ ဖြစ်စရာ အကြောင်းတွေဟာ ဖြစ်လာတတ်တယ်။ မင်းကြိုက်ကြိုက် မကြိုက်ကြိုက် ဖြစ်မှာပဲ။ မင်းဘာမှလုပ်လို့မရဘူး။ အဲဒီလိုအခါမျိုးကတော့ သူ့ဘာသာသူ ဖြစ်ချင်တာဖြစ်ပါစေ‌တော့ ဆိုပြီး လွှတ်ပေးထားရတယ်။ ကမ္ဘာစစ်ကြီးရဲ့ အဖြစ်ဟာ ဒီသဘောပဲ။ အေး တစ်ခုတော့ရှိတယ်။ တို့ အခုကြုံနေရသလိုပေါ့။ ကိုယ်ကြုံနေရတဲ့ အဖြစ်အပျက်အသစ်အဆန်းနဲ့ထိတွေ့မှုက မသာယာမှုကို အထိုက်အလျောက် သက်သာအောင်လုပ်ပေးတယ် ဆိုရင်တော့ ဒါကံကောင်းတယ်လို့ပြောရမှာပဲ” တဲ့။ ရုပ်ရှင်မှာတော့ ဒီဒိုင်ယာလော့ကိုတော့ ထည့်မပြောသွားပေမဲ့ လေယာဉ်ပြန်ပေးဆွဲခံရတဲ့အချိန်မှာ ကွန်ဝေးက ဘာမှမှလုပ်မရတာ ဆက်အိပ်ကြတာပေါ့ ဆင်းမှနှိုးဆိုပြီး ပြောသွားပြီး ကွန်ဝေးကို ဒီလိုအမြင်စရိုက်မျိုး ရှိတဲ့သူဆိုတာကိုတော့ ပုံဖော်သွားခဲ့တယ်။ ကွန်ဝေးရဲ့ စိတ်နေစရိုက်ကိုတော့ စာအုပ်က စကားလုံးတွေမသုံးဘဲ အပြုအမူတွေနဲ့ ပုံဖော်သွားလို့ စာအုပ်နဲ့မကွဲလွဲသွားဘူး။ သူ့စိတ်နေစရိုက်ကလည်း ဒီဇာတ်ရဲ့ အဓိကကျတဲ့အရာပဲမို့ ကွဲလွဲလို့လည်း မဖြစ်နေဘူး။ ဒါပေမဲ့ ရုပ်ရှင်နဲ့ဝတ္တုရဲ့ကွဲလွဲချက်က တော်တော်တော့များတယ်။ ရှန်ဂရီလာကိုရောက်သွားတဲ့ သူတို့အုပ်ကလည်း ၄ယောက်မဟုတ်ဘဲ ၅ယောက်ဖြစ်သွားသလို ကွန်ဝေးရဲ့ အရေးပါပုံကိုလည်း ပိုထင်ရှားအောင်လုပ်ပြသွားတယ်။ နောက် စာအုပ်ထဲ ကွန်ဝေးနဲ့အတူတူ ရှန်ဂရီလာက ပြန်သွားခဲ့တဲ့လူနေရာမှာ စာအုပ်ထဲတော့ သူ့လုပ်ဖော်ကိုင်ဖက်သက်သက်ပေမဲ့ ဒီမှာတော့ သူမပြန်ချင်ပေမဲ့ သူ့ညီကို စိတ်မချလို့ လိုက်ပြန်လိုက်တဲ့ပုံဖြစ်အောင်လုပ်ချင်တဲ့ အချက်ကြောင့်လားမသိ သူ့ညီ ဂျော့ကွန်ဝေးဆိုပြီး ပြောင်းပစ်ခဲ့တယ်။ ပြောရရင် ရှန်ဂရီလာကိုရောက်သွားတဲ့လူတွေက စာအုပ်ထဲရော ဒီကားရော ၁၉၇၃ကားမှာရော မတူဘူး။ စာအုပ်ထဲမှာ သူတို့ရှန်ဂရီလာက ထွက်လာပြီးနောက်ပိုင်း ကြုံခဲ့ရတဲ့လမ်းခရီးကို မပြောပြထားပေမဲ့ ရုပ်ရှင်ထဲတော့ အဲဒီလမ်းခရီးကို သရုပ်ဖော်ထားခဲ့တယ်။ ကွဲလွဲသွားတာတွေ များပေမဲ့ သူ့အနှစ်သာရတော့ မပျက်သလို ရုပ်ရှင်အနေနဲ့လည်း တော်တော်ကြည့်လို့ကောင်းတဲ့ထဲပါနေတယ်။ စာအုပ်မှာမပါတာတွေကိုတောင် ဖြည့်စွက်ပေးထားတယ်။ ဒီလိုဇာတ်မျိုးကို ရိုက်ရတာက တော်တော်အန္တရာယ်များမှာပေမဲ့လည်း ၁၉၃၇ဗားရှင်းကို ရိုက်တဲ့လူက It’s a Wonderful Life တို့၊ It Happened One Night တို့ကို ရိုက်ခဲ့တဲ့ Frank Capraဆိုတော့လည်း ဒီလောက်ကောင်းနေတာ မဆန်းသလိုလိုပါပဲ။ Best Picture အထိပါ အော်စကာဆန်ခါတင်ဝင်ခဲ့သလို Academy Award for Best Film Editing နဲ့ Academy Award for Best Art Direction ဆုတွေကို ရရှိခဲ့တယ်။ တခြား၅ဆုလည်း ဆန်ခါတင်ဝင်ခဲ့တယ်။ ဇာတ်ကတော့ အားလုံးသိပြီးသားဖြစ်တဲ့အတိုင်း ရှန်ဂရီလာဆိုတဲ့ တိဘက်က တောင်တွေပတ်လည်ဝိုင်းနေတဲ့ ကမ္ဘာကြီးကနေ ကွယ်ဝှက်ထားတဲ့နေရာကို ရောက်သွားတဲ့လူတွေအကြောင်းပါပဲ။ ဗမာဝတ္တုတွေမှာတော့ ရှန်ဂရီလာကို အထက်လမ်းပညာတွေနဲ့ ချိတ်ဆက်ပြတတ်ပေမဲ့ ဒီမူရင်း ရှန်ဂရီလာရဲ့ ရည်ရွယ်ချက်ကတော့ တော်တော်လေး လှပတယ်။ ဒီထဲမှာ ရှန်ဂရီလာကိုတည်ထောင်ခဲ့တဲ့ ဖာသာပါးရော့က ရှန်ဂရီလာကို သူဘာလို့ တည်ဆောက်ခဲ့လဲ ရှင်းပြသွားခဲ့တာမှာ ငြိမ်းချမ်းရေးနဲ့ အနုပညာဆီကိုပဲ ဦးတည်နေခဲ့တယ်။ ရုပ်ရှင်ရော စာအုပ်ရောထွက်တဲ့အချိန်တွေမှာ ဒုတိယကမ္ဘာစစ်မစသေးသလို နျူလည်းမပေါ်သေးပေမဲ့ ဖာသာပါးရော့ပြောတဲ့စကားတွေမှာ ဒဲ့တော့ မဟုတ်ပေမဲ့ နျူလိုလက်နက်အထိ ပေါ်လာပြီး ကမ္ဘာကြီးစုတ်ပြတ်သတ်သွားနိုင်၊ စာအုပ်တွေ အနုပညာလက်ရာတွေ ယဉ်ကျေးမှုတွေ ပျက်စီးသွားနိုင်တဲ့ အကြောင်းပါခဲ့တယ်။ (စာအုပ်ထဲတော့ ရှေးက ပျက်စီးသွားခဲ့ဖူးတဲ့ စာအုပ်တစ်ချို့ကို ထည့်ပြောထားပေမဲ့ ရုပ်ရှင်ထဲတော့ ဘာရယ်လို့ထည့်မပြောထားဘူး) ပထမကမ္ဘာစစ်နဲ့ မဝေးတဲ့ကာလဆိုတော့ ပထမကမ္ဘာစစ်အခြေအနေကိုကြည့်ပြီး စာရေးဆရာမှန်းချလိုက်တာလည်း ဖြစ်ရင်ဖြစ်ပါလိမ့်မယ်။ ဖာသာပါးရော့က ကမ္ဘာကြီးစုတ်ပြတ်သတ်သွားပြီးတဲ့နောက် အချိန်တန်လို့ အာဏာရှင်တွေ သူ့ဇာတ်နဲ့သူသိမ်းသွားတဲ့အခါ ကမ္ဘာကြီးက လောကအသစ်ကိုစရှာတဲ့အခါ ပျက်စီးသွားတဲ့ အနုပညာလက်ရာတွေ ယဉ်ကျေးမှုတွေဟာ ကမ္ဘာကြီးကနေဝှက်ထားတဲ့ သူတို့ရှန်ဂရီလာမှာ ကျန်နေအောင် လုပ်ချင်ခဲ့တယ်။ အဲဒီလိုရှန်ဂရီလာရဲ့ ရည်ရွယ်ချက်ဟာ တော်တော်လေးလှပခဲ့တယ်။ နောက် ရှန်ဂရီလာက လူတွေက တရားဆိုတာထက် မဇ္စိုမပဋိပဋာကို ကျင့်ကြံကြပုံကို ပြောပြထားတာလည်း သဘောကျချင်စရာပါပဲ။ ကွန်ဝေးရဲ့ စိတ်နေစရိုက်နဲ့ ရှန်ဂရီလာရဲ့ အတွေးအခေါ်က ထပ်တူနီးပါးဖြစ်နေတယ်။ ဒါပေမဲ့ အေးချမ်းမှုနဲ့ အနုပညာပဲရှိတဲ့နေရာဆိုတာ လူတိုင်းအတွက် သည်းခြေကြိုက်မဟုတ်လောက်တော့ ကွဲလွဲကြတာတွေကို ပြထားတယ်။ ရုပ်ရှင်ရဲ့အဆုံးသတ်မှာ ဆာဂိုင်းစဖို့ဒ်က ကျုပ်တို့အားလုံး ကျုပ်တို့ရှန်ဂရီလာကို ရှာတွေ့ဖို့ မျှော်လင့်တယ် လို့ ပြောရင်း အဆုံးသတ်သွားခဲ့တယ်။ ဖာသာပါးရော့ပြောသလိုဆို အားကြီးတဲ့လူတွေ အချင်းချင်းဝါးမျိုပြီးတဲ့အခါ လူတွေရဲ့ ကျင့်ဝတ်တရားက ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်လာတဲ့အခါ လူကောင်းတွေက ကမ္ဘာကြီးကို အမွေခံကြလိမ့်မယ်တဲ့။ အဲဒီအခါမှာတော့ ကျွန်တော်တို့ ရှန်ဂရီလာကို ကျွန်တော်တို့ရောက်ကြပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.7GB, 1.45GB Quality – BluRay 1080p, 720p IMDb Rating – 7.6/10 Format – mp4 Duration – 2H 12Min Genre – Adventure, Drama, Fantasy, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.6 1937
Lost Horizon
Fargo
8.1

Fargo(1996) ************* IMDb – 8.1/10_____Rotten – 94% Won 2 Oscars. Another 81 wins & 57 nominations ဒီကားက အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆု နဲ့ အကောင်းဆုံးဇာတ်ညွှန်းဆု ရရှိထားပါတယ်…အခြားဆု(၈၁)ဆုရရှိခဲ့ပြီး ဆန်ကာတင် (၅၇)ဆုလည်းဝင်ခဲ့တယ်… မင်းသမီးကတော့ Three Billboards Outside မှာ အော်စကာထပ်ရခဲ့တဲ့ Frances McDormand ပါပဲ… ဒီကားက ၁၉၈၇ ခုနှစ် မီနီဆွန်တာမှာဖြစ်ခဲ့တဲ့ တကယ့်မှုခင်းကြီးကို အခြေခံပြီးပြန်လည်ရိုက်ကူးထားတာပါ…. သိပ်ချမ်းသာတဲ့မိသားစုတစ်စုရှိတယ်…..ယောက္ခမက စည်းကမ်းကြီးသလို တိလည်းတိကျတယ်… ဒီမိသားစုမှာ သားမက်ကတော့ စီးပွားရေးပိုင်းရော လူမှုရေးပိုင်းရော အားနည်းတယ်… ဒါ့အပြင် အသုံးအစွဲကလည်းမတတ်ဆိုတော့ ကြာတော့ ငွေကအရမ်းလိုလာတယ်.. ဒီတော့ ပြန်ပေးသမားတွေနဲ့ပေါင်းပြီး ကိုယ့်မိန်းမကိုယ် ပြန်ပေးဆွဲဖို့စီစဉ်တယ်.. ယောက္ခမဆီကနေ ငွေညှစ်မယ်ပေါ့… သို့သော်လည်း သူထင်သလောက်ရိုးရိုးရှင်းရှင်းလေးဖြစ်မသွားဘူး…. ကိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတော့ ခံစားကြည့်လိုက်ဦးဗျို့… ကားသစ်တွေကို တစ်ခါတစ်ရံစိတ်တိုင်းမကျတဲ့သူတွေအဖို့ ဒီလိုကားမျိုးကို နင်းကန်ကြည့်ဖို့ပြောပါရစေ… ဇတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Ye Pye Sone ဖြစ်ပါတယ်…. File Size : 2.8 GB, 783 MB Quality : Blu-Ray 1080p, 720p Format…mp4 Duration…01:38:00 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Ye Pye Sone Encoded by AHtet

Drama • Thriller
8.1 1996 98 mins
Fargo
Eldritch, USA

Eldritch USA ကတော့ zombie ဇာတ်လမ်းကိုမှ musical comedy ဇာတ်လမ်းပုံစံမျိုးဖန်တီးရိုက်ကူးထားတဲ့ ထူးထူးခြားခြားဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဂျက်လို့ခေါ်တဲ့ကောင်လေးတစ်ယောက်ဟာ အမြဲတမ်းသူ့အကိုရဲ့အနိုင်ကျင့်မှုကိုခံရပြီး သူရသင့်ရထိုက်တဲ့အခွင့်အရေးတွေကိုအမြဲတမ်းလုယူခံရလေ့ရှိပါတယ်။ တစ်နေ့မှာတော့ သူလုပ်လိုက်တဲ့မတော်တဆမှုတစ်ခုကြောင့် သူ့အကိုရဲ့အသက်ဆုံးရှုံးသွားခဲ့ရတယ်။ အရမ်းထိတ်လန့်သွားတဲ့ဂျက်ဟာ သူ့အမှားကိုဖုံးကွယ်ဖို့ကြိုးစားရင်း သူ့အကိုကိုအသက်ပြန်သွင်းဖို့ကြိုးစားပါတော့တယ်။ အလွဲပေါင်းများစွာနဲ့ ရင်ဆိုင်ပြီးနောက် ပြန်ရောက်လာတာဟာသူ့အစ်ကိုလား တခြားတစ်ယောက်လား။ အဲဒီအလွဲတွေရဲ့နောက်ဆက်တွဲကဘာတွေဖြစ်မလဲ။ ဒီအရာတွေကိုဂျက်နဲ့သူ့အချစ်ဆုံးသူငယ်ချင်းတို့ ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ထူးထူးခြားခြားတင်ဆက်ရိုက်ကူးထားတဲ့ musical ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုခံစားကြည့်လိုက်ကြပါဦး။ File size… (1.3 GB) / (837 MB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre…Comedy, Horror, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Senju

Drama
0 2024
Eldritch, USA