YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Warm Meet You E14 CM.mp4

208.64 MB N/A video/mp4 104 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Rushmore
7.4

Rushmore (1998) ~ IMDb - 7.6/10, Rotten Tomatoes - 90% ~ ဒီဇာတ်ကားဟာ Moonrise Kingdom, The Grand Budapest Hotel, Fantastic Mr. Fox တို့နဲ့နာမည်ကြီးတဲ့ဒါရိုက်တာ Wes Anderson ရိုက်ကူးခဲ့တဲ့ ဒုတိယမြောက်ကားဖြစ်ပါတယ်။ Wes Anderson ရဲ့ဇာတ်ကားတွေက ခေါက်ချိုးညီရိုက်ချက်တွေ၊ လှပတဲ့အရောင်တွေအလှတွေထည့်သွင်းအသုံးပြုတာတွေ၊ ဇာတ်လမ်းဇာတ်ညွှန်းထူးဆန်းမှုတွေနဲ့ နာမည်ကြီးပါတယ်။ ဒီဇာတ်ကားက ၁၉၉၀ ကျော်ကကားလို့မထင်ရအောင်ကိုခေတ်မှီပြီး ပုံစံကလုံးဝကို Unique ဖြစ်ပါတယ်။ ဟာသကားလို့ Genre တပ်ထားပေမဲ့လို့ လုံးလုံးဟာသကားမျိုးဖြစ်နေတာမဟုတ်ဘဲ Deep တဲ့သဘောသဘာဝတွေကိုနှစ်မြှုပ်ထားပါသေးတယ်။ ဒီဇာတ်ကားရဲ့​ကျောရိုးကို ဇာတ်ဆောင်သုံးဦးနဲ့ဖွဲ့စည်းထားပါတယ်။ အဓိကဇာတ်ကောင်ဖြစ်တဲ့မက်စ်က အသက် ၁၅ နှစ်အရွယ် အထက်တန်းကျောင်းသားဖြစ်ပြီး ရက်ရှ်မိုးလို့ခေါ်တဲ့ ကိုယ်ပိုင်ကျောင်းမှာ စကောလားရှစ်နဲ့တက်ရောက်နေသူဖြစ်ပါတယ်။ စကောလားရှစ်ရထားတာဆိုပေမဲ့ အသင်းအဖွဲ့တွေ ဘာ Club ညာ Club ဖွဲ့တာတွေစတဲ့ Activity တွေမှာသာအားစိုက်ပြီး စာမှာညံ့ဖျင်းတဲ့ကျောင်းသားမျိုးဖြစ်နေပါတယ်။ အသင်းအဖွဲ့ပေါင်းများစွာဝင်ထားပြီး ပြဇာတ်ရေးတာကိုအားသန်သူပါ။ မက်စ်ဟာ ကျောင်းရဲ့ပင်တိုင်အလှူရှင် ဟာမန်ဘလူးမ်ကိုလေးစားအားကျနေသူဖြစ်ပြီး သွားစကားပြောရင်းကနေ ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်သွားကြပါတယ်။ မစ္စတာဘလူးမ်ဟာ အသက် ၅၀ အရွယ် ချမ်းသာတဲ့ ကိုယ်ထူကိုယ်ထ ပိုက်ကုမ္ပဏီပိုင်ရှင်ဖြစ်ပြီး ဇနီးမယားနဲ့အတူ အမြွှာသားနှစ်ယောက်ရှိပါတယ်။ တစ်နေ့မှာ ရက်ရှ်မိုးကျောင်းကို ရို့မေရီခရော့စ်လို့ခေါ်တဲ့ ငယ်ငယ်ခပ်ချောချောဆရာမလေးရောက်လာပါတယ်။ မက်စ်ဟာ စာကြည့်တိုက်ကနေစာအုပ် ငှားဖတ်ရင်း မစ္စခရော့စ်ငှားဖက်ထားတဲ့ စာအုပ်ကိုဖတ်မိပြီး ဆရာမလေးကိုစိတ်ဝင်စားသွားပါတော့တယ်။ ဆရာမလေးနဲ့ ရည်းစားဖြစ်နိုင်ဖို့အတွက် မစ္စတာဘလူးမ်ဆီအကြံဉာဏ်တောင်းခံရင်း မစ္စတာဘလူးမ်ပါ ဆရာမလေးကိုကြိုက်သွားပါတယ်။ မက်စ်တစ်ယောက် သူရယ် မစ္စတာဘလူးမ်ရယ် မစ္စခရော့စ်ဆိုတဲ့ဆရာမလေးတို့ကြားက သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ... ကျောင်းမှာအမှတ်တွေမကောင်းလို့ ကျောင်းထုတ်ခံရနီးပါးဖြစ်နေတာကကောဘယ်လိုဖြစ်သွားမလဲ... ပြင်ပ Activity တွေလုပ်တာနဲ့ ပြဇာတ်ရေးတာတွေကကောရပ်သွားမှာလား... စတာတွေကို Background Music ကောင်းကောင်းရယ် သူမတူတဲ့ရိုက်ချက်​တွေနဲ့ ရှုမြင်ခံစားရမှာပါ။ ဇာတ်ညွှန်းကို Wes Andersonနဲ့ Owen Wilson တို့ပေါင်းရေးထားတာဖြစ်လို့ သာမန်ဟာသကားတစ်ကားလိုမရိုးရှင်းဘဲ ရယ်ရမောရရင်း အနှစ်သာရတစ်ခုကိုသေချာပေါက်ရရှိခံစားရမှာလို့ပြောရင်း Rushmore ကိုကြည့်ဖြစ်အောင်ကြည့်​ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Dinesh မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.7GB, 730MB Quality - 1080p, 720p IMDb Rating - 7.6/10 Format - mp4 Duration - 1H 33Min Genre - Comedy, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Dinesh Encoded by Y

Crime • Drama • Mystery
7.4 1998 93 mins
Rushmore
Killer Design
7.5

“ခြေနှစ်ချောင်း မကယ်ကောင်း” ဆိုတဲ့ဆိုရိုးစကားတစ်ခု ကြားဖူးကြ မှာပေါ့။ ကယ်လိုက်တဲ့ ခြေနှစ်ချောင်းက ကိုယ့်ကိုပြန်ဒုက္ခပေးမိတာလည်း ဒုနဲ့ဒေးပေါ့။ အဲ့ဒီလိုပုံစံကို ရင်သပ်ရှုမောဖွယ်ဖြစ်အောင် လှလှပပလေး ဒီကားလေးမှာရိုက်ကူးထားပါတယ်။ ဂျိုဒီ့ကိုဓါးပြတိုက်တာကို ဝင်ဒီကဝယ်ကယ်ရင်းနဲ့ သူတို့နှစ်ယောက်စတင် သိကျွမ်းခဲ့ပါတယ်။ “လူတစ်ယောက်ရဲ့ဘဝကို တစ်ခါကယ်ပြီးရင် တစ်သက် လုံးတာဝန်ယူရတယ်”တဲ့... အဲ့ဒီစကားပုံကိုလက်ကိုင်ထားပြီး ဝင်ဒီတစ်ယောက် ဂျိုဒီကိုအဖက်ဖက်ကနေ ကူညီပေးခဲ့ပါတယ်။ ဂျိုဒီကလည်း ကျေးဇူးပြန်ဆပ်တဲ့ အနေနဲ့ အလုပ်လည်းပေးခဲ့တဲ့အပြင် နေစရာလည်းရှာပေးခဲ့ပါတယ်။ ဝင်ဒီကာကွယ်ပေးချင်တဲ့ ဂျိုဒီရဲ့သတို့သားလောင်းက ဖောက်ပြန်နေတာရယ်၊ ဂျိုဒီ့ရဲ့သူငယ်ချင်းက ပေါ့ပေါ့ပါးပါးနေတတ်သူမို့ ဂျိုဒီ့အတွက်ကောင်းကျိုးမပေး နိုင်ဘူးဆိုတာ သိသွားတဲ့အခါ... ဝင်ဒီက ဂျိုဒီ့ကိုဘယ်လိုကာကွယ်ပေးမလဲ ? ဂျိုဒီက ဝင်ဒီ့ကိုကယ်ခဲ့တာလား ? ဝင်ဒီက ဂျိုဒီ့ကိုကယ်ခဲ့တာလားဆိုတာတွေကို လှည့်ကွက်တွေနဲ့ကြည့်ရမှာမို့  တင်ဆက်ပေးလိုက်ပါပြီ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size..........(1.44 GB) / (464 MB) / (291 MB) Quality............WEB-DL 1080p /  720p / 480p Duration.........1Hr 30mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Jo Jo Va Encoder..........SWM

Drama
7.5 2022
Killer Design
Plebs: Soldiers of Rome
5.7

~ IMDb rating - 6.5/10 ~ ဒီကားကို ညွှန်းရမယ်ဆိုရင်တော့... - ရယ်ရမယ် - ရယ်ရမယ် - ရယ်ရမယ်ဆိုတဲ့ သူငယ်ချင်းသံယောဇဉ် အခြေတည်တဲ့ ရောမခေတ်နောက်ခံ စစ်ထွက်ကားလေးပေါ့။ တစ်ရံရောအခါက ရောမမှာ စစ်ပြန်သူရဲကောင်းတွေကို စားသောက်ဆိုင်တွေမှာ အခမဲ့စားသောက်ခွင့်ပေးဖို့ အမိန့်ထုတ်လိုက်ပါသတဲ့...။ ဒါကို မခံမရပ်နိုင်တဲ့ ဇာတ်လိုက်ကျော် စားသောက်ဆိုင်ပိုင်ရှင်လေးဟာ အဲဒီအမိန့်ကို ကလန်ကဆန်ပြုမိလို့ သူတို့ဆိုင်ဟာ လုံးလုံးပျက်စီးသွားပါတော့တယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ အမိန့်စာအကပ်ခံရတဲ့ အိုးအိမ်တွေကို စစ်ပြန်တွေဆီ ရောင်းရမယ်ဆိုတဲ့ အမိန့်ကြောင့် အိမ်ရှင်ကပါ သူ့ကို အိမ်ပေါ်ကနှင်ချလိုက်တဲ့အခါမှာတော့… သူရဲကောင်းတွေကို အပစားပေးပြီး စစ်သားတွေဟာ ရေပေါ်ဆီလိုဖြစ်နေတဲ့ ကာလမှာ စစ်ပွဲတွေအပြီးတိုင်ရပ်စဲပြီး ထာဝရငြိမ်းချမ်းရေးကာလဆီ ဦးတည်ဖို့ အမိန့်တစ်ရပ်ထုတ်ပြန်လိုက်တဲ့အခါမှာတော့ ဇာတ်လိုက်ကျော်နဲ့ သူငယ်ချင်းတစ်စုဟာ တပ်ထဲဝင်ဖို့ ဆုံးဖြတ်လိုက်ပါသတဲ့။ ကဲ… စစ်ပွဲတွေကော အပြီးတိုင်ရပ်နားရဲ့လား စစ်ပွဲတွေက ရပ်နားလို့ရော ရရဲ့လား..။ ဟာသကားပါနော် ဟာသကား။ ဒေါင်းလို့ကြည့်ရှုကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 830MB Quality - 1080p, 720p IMDb Rating - 6.5/10 Format - mp4 Duration - 1H 26Min Genre - Adventure, Comedy, War Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Action • Science Fiction • Thriller
5.7 2022 86 mins
Plebs: Soldiers of Rome
Ramarao On Duty
6.7

ဒီတစ်ခေါက်မှာတော့ ရူပီး ၅၀နဲအမှုဖော်တဲ့ဘဲရီး ရာဗီး တီဂျာရဲ့ အမှု့ဖော်ပုံတွေကိုဆက်လက်ရှု့စားရမှာပါ။ ဒီကားက Main Cast တင်မကပဲ အရံတွေပါလုပ်ကွက်ထွက်တဲ့ကားပေါ့ ဇာတ်လမ်းအကျဥ်း ================ အကောက်ခွန်မှူး ရာမာရာအိုဟာ အမှန်အတိုင်းသာဖြစ်ပါစေ ဘယ်လိုကိစ္စမဆို အဆုံးထိ လိုက်သူပါ နူကလီးယားဓါတ်ပေါင်းဖိုဆောက်တဲ့ကိစ္စတစ်ခုမှာ သူမသိပဲ အကျိုးဆောင်ခဲ့တာကစပြီး ရည်းစားဟောင်းကောင်မလေးရဲ့ ယောကျာ်းပျောက်မှုကိုရှာရင်းဖွေရင်းနဲ့ မထင်မှတ်ဘဲ မဖော်ထုတ်ဘဲထားတဲ့လူပျောက်မှုတွေအပြင် မှောင်ခိုမှုတွေပါတန်းစီတွေ့လာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲ ပြန်ဆုတ်ရိုးထုံးစံမရှိတဲ့ ရာမာရာအိုတစ်ယောက်အစတွေဆွဲထုတ်လွန်းလို့ ကြည့်မရဖြစ်နေတဲ့ရဲမှူးကရော ဘယ်လိုတွေပါဝင်ပတ်သက်နေမလဲ ဆိုတာရုပ်ရှင်ထဲမှာ လိုက်ပါစီးမျောခံစားလိုက်ပါဦး File size…2.6GB / 1.3GB Quality…1080p HQ AVC / 720p Format…mp4 Duration….2h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL & Kham Mon & Lwin Htoo & Kevin &  Yunni & Sora

6.7 2022 150 mins
Ramarao On Duty
The Twin
5.9

၂၀၂၂ ခုနှစ်ထွက် Horror ကားသစ်လေး တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားထဲမှာ အဓိကသရုပ်ဆောင် မင်းသမီးကတော့ I am Number 4, Warm Bodies, Lights Out နဲ့ Hacksaw Ridge မှာ ပါဝင်ခဲ့တဲ့ မင်းသမီးချော Teresa Palmer ပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ သူ့ရဲ့ သရုပ်ဆောင်စွမ်းရည် ဘယ်လောက်ကောင်းကြောင်း မြင်တွေ့ရမှာပါ။ ဇာတ်လမ်းအကျဥ်းကတော့ ဆိုးရွားတဲ့ ကားမတော်တဆမှု တစ်ခုမှာ အမြွှာထဲက တစ်ယောက်ဖြစ်တဲ့ နေသန်ကို ဆုံးရှုံးလိုက်ရတဲ့ ရေချယ်နဲ့ အန်တိုနီတို့ဟာ အမြွှာထဲက နောက်တစ်ယောက် အယ်လီရက်နဲ့အတူ ဘဝအသစ်ပြန်စဖို့ နေရာသစ်တစ်ခုကို ပြောင်းရွေ့လာခဲ့ပါတယ်။ သားတစ်ယောက်ကို ဆုံးရှုံးခဲ့ရတဲ့ ‌ရေချယ်ဟာ အယ်လီရက်ကို မျက်စိရှေ့က အပျောက်မခံဘဲ အရိပ်တကြည့်ကြည့်နဲ့ ဖြစ်နေပါတော့တယ်။ နေရာသစ်ကို ရောက်ပြီး မကြာခင်မှာပဲ အယ်လီရက်ရဲ့ အပြုအမူတွေဟာ ထူးဆန်းလာပါတော့တယ်။ ထို့နောက် ရေချယ်ဟာ ပါတီတစ်ခုမှာ ထူးဆန်းတဲ့မိန်းမကြီးတစ်ယောက်နဲ့ ဆုံဖြစ်ခဲ့ပါတယ်။ ထိုမိန်းမကြီးက အယ်လီရက်နဲ့ ပတ်သတ်ပြီး အထူးအဆန်းတွေ ပြောသွားခဲ့လို့ ရေချယ်တစ်ယောက် စိတ်ခုလာပါတော့တယ်။ နောက်တော့ အယ်လီရက်ရဲ့ အပြုအမူတွေဟာ တဖြည်းဖြည်းနဲ့ ပိုပိုဆိုးလာပါတော့တယ်။ ရေချယ် တစ်ယောက် နေရာအသစ်တစ်ခုမှာ ဘယ်လို ထိတ်လန့်ဖွယ်ရာတွေ ကြုံတွေ့ရမလဲဆိုတာ ကြည့်ရှု့ရမယ့် Psychological Horror ကား တစ်ကားဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre.....Horror, Thriller Quality….1080p | 720p| 480p File size…1.5GB and 788MB and 291MB Format…mp4 Duration….1h 48min Subtitle….Myanmar Subtitle (Hardsub) Translator ..... Leonard Lin Encoder ..... August

Drama • Romance
5.9 2022 109 mins
The Twin
Strange Way of Life
6.6

Strange Way of Life (2023) ~ IMDb – 6.6/10, Rotten Tomatoes – 78% ~ The Skin I Live In တို့၊ Pain and Glory တို့လို အော်စကာတန်းဝင်ကားတွေကို ရိုက်ခဲ့တဲ့ စပိန်ဒါရိုက်တာ Pedro Almodóvarရဲ့ Short film အသစ်ပါ။ Pedro Pascal နဲ့ Ethan Hawke တို့လို ထိတ်ထိတ်ကြဲ မင်းသားတွေကို သုံးထားတယ်။ Almodóvar ရိုက်ခဲ့တဲ့ ဒုတိယမြောက် အင်္ဂလိပ်စကားပြော ရုပ်ရှင်ဆိုလည်းဟုတ်တယ်။ Western Drama ပေမဲ့ ပုံမှန်မြင်နေကျ Western Drama တွေနဲ့မတူဘဲ ဇာတ်အိမ်ကို မထင်ထားတဲ့ပုံစံမျိုး သုံးပြထားတယ်။ ဒီဇာတ်လမ်းဟာ နာရီဝက်သာသာပဲရှိတဲ့ ဇာတ်လမ်းပေမဲ့ Western Drama အရသာကို ပေးသင့်သလောက်ပေးနိုင်ခဲ့သလို ကျွန်တော်တို့ ပုံမှန်မြင်နေကျ Western Drama တွေနဲ့မတူတဲ့ အငွေ့အသက်လည်း လွှမ်းထားတယ်။ နောက်တစ်ခုထူးတာကတော့ ဒီရုပ်ရှင်တိုကို Western ရုပ်ရှင်တွေရဲ့ ဆရာတစ်ဆူဖြစ်တဲ့ Sergio Leone က သူ့ရဲ့နာမည်ကျော် Dollars Trilogy ကို ရိုက်ခဲ့တဲ့ စပိန်တောင်ပိုင်းမှာပဲ ရိုက်ထားခဲ့တာပါ။ Pedro နဲ့ Ethan ပရိသတ်တွေတော့ အတိုင်းအတာတစ်ခုထိတော့ ကျေနပ်ကြလောက်မယ့် ရုပ်ရှင်ပါပဲ။ (ဒီဇာတ်လမ်းတိုနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 755MB Quality – 1080p IMDb Rating – 6.6/10 Format – mp4 Duration – 31Min Genre – Short, Drama, Western Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

6.6 2023 31 mins
Strange Way of Life
Open Season
6.1

သစ်တော နဲ့ နီးစပ်တဲ့ မြို့ငယ်လေး တစ်ခုမှာ ဘတ်ဂ် လို့ ခေါ်တဲ့ တောခေါင်း အမျိုးသမီးငယ်လေးဟာ ဘုဂ် လို့ နာမည်ပေးထားတဲ့ ဝက်ဝံကြီးတစ်ကောင်ကို ငယ်စဉ်ကတည်းက မွေးစားထားပါတယ် ဘုဂ် ဟာ သင်ရပြုရလွယ်ပြီး လိမ္မာရေးခြားရှိတဲ့ ဝက်ဝံကြီးတစ်ကောင် ဖြစ်လာပြီး သူ့သခင်မ နဲ့ အတူ နယ်မြိုကလေးမှာ လာလည်တဲ့ ဧည့်သည်တွေကို ဖျော်ဖြေလေ့ ရှိပါတယ်… တစ်ရက်မှာတော့ စည်းကမ်းမရှိတဲ့ မုဆိုးတစ်ယောက်ဟာ အမဲလိုက်ရာသီမစခင်မှာ သမင်လေးတစ်ကောင်ကို ကားနဲ့ တိုက်လာပြီး ဘုဂ် တို့ ရှိတဲ့ မြို့လေးထဲ ရောက်အလာ သနားတက်တဲ့ ဘုဂ် က သမင်လေး အီလီယော့ ကို ကယ်တင်ပေးလိုက်ပါတယ် ဒါပေမဲ့ ဘုဂ် ကယ်တင်ပေးလိုက်တဲ့ အီလီယော့ က တကယ့်ငမွေထိုးဖြစ်ပြီး တည်ငြိမ်နေတဲ့ ဝက်ဝံကြီး ဘုဂ် ရဲ့ ဘ၀ ကိုပါ ငါးပါးမှောက်အောင်လုပ်လိုက်တဲ့အခါ ဝက်ဝံကြီး ဘုဂ် ကို သခင်ဖြစ်သူက ရင်နာနာနဲ့ပဲ တောတွင်းထဲကို ပြန်လွှတ်ပေးလိုက်ရပါတော့တယ် လူယဉ်နေတဲ့ ဝက်ဝံကြီး ဘုဂ် တစ်ယောက် တောတွင်းထဲမှာ ဘယ်လို ကမောက်ကမတွေ ဆက်ဖြစ်မလဲ ဆိုတာတော့ ရုပ်ရှင်ချစ်သူများ ကြည့်ရှုလိုက်ကြပါဦး ရုပ်ရှင်အညွှန်းကို Thit San Khant မှ ရေးပေးထားပြီး Fio မှ ဘာသာပြန်ပေးထားပါတယ် File size… 2.09 GB / 923 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 26m Genre ….. Animation , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Fio

6.1 2006
Open Season
Christmas at the Golden Dragon
6.6

Christmas at the Golden Dragon (2022) ============================= ဒီဇာတ်ကားကလေးကတော့ ခရစ်စမတ်ဟာသ ကားလေးပဲ ဖြစ်ပါတယ်။ Romy နဲ့ Rick ဆိုတဲ့ မောင်နှမနှစ်ယောက်နဲ့ သူ တို့မိသားစုဟာ ခရစ်စမတ်တိုင်း မပိတ်ပဲဖွင့်တဲ့ Golden Dragon ဆိုတဲ့စားသောက်ဆိုင်ကြီးရဲ့ ပိုင်ရှင်တွေပဲ ဖြစ်ပါတယ်။ ခရစ် စမတ်ဆိုရင် Wichita ကအခြားဆိုင်တွေက ပိတ်ထားတော့ လူတွေက Golden Dragon ကိုပဲလာကြတော့ သူတို့အတွက် ခရစ်စမတ်ဟာ အလုပ်အရှုပ်ဆုံးအပတ်ဆိုတာအသေချာပါပဲ။ ဒါပေမယ့် တစ်နေ့ Romy သူ့ကောင်လေးမိဘတွေနဲ့ သွားတွေ့ဖို့ ရပ်ခြားကိုရောက်နေတဲ့ အချိန် မထင်မှတ်ထားတဲ့ သတင်းတစ်ခု ကို ကြားလိုက်တဲ့အခါ ဘာတွေ ဖြစ်လာမလဲ၊ ဘာအလွဲလေးတွေ ဖြစ်မလဲဆိုတာကို ဟာသဆန်ဆန်လေး‌ ဖော်ပြထားပါတယ်။ မိသား စုနှင့်အတူကြည့်သင့်တဲ့ကားလေးဖြစ်ပြီးတော့ ကြည့်ရတာ ပျော်စရာ ကောင်းသလို Wichita မြို့လေးကလူတွေ ဖော်ရွေကြပုံ တစ်ယောက် ကို တစ်ယောက် ဘယ်လောက်ရိုင်းပင်းကြပုံက ရင်ကိုနွေးထွေးစေ မှာပါ။ IMDBအနေနဲ့လဲ 6.6/10 ရထားတာမလို့ မဆိုးလှပါဘူး။ ပိတ်ရက်မှာ မိသားစုနဲ့အတူ ကြည့်ဖို့သိပ်ကိုကောင်းတဲ့ ဇာတ်ကား‌ လေးတစ်ခုဖြစ်လို့ ကြည့်ကြည့်ကြပါလို့ပဲ တိုက်တွန်းလိုက်ပါတယ် ခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Dr Zac ဖြစ်ပါတယ်) File Size……….(1.5 GB) / (660MB) Quality…………WEB-DL 1080p / 720p Duration………1Hr 24Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama, Romance Translator…….Dr Zac Encoder……….SWM

6.6 2022 84 mins
Christmas at the Golden Dragon
Calamity Jane

ရှေးခေတ်ကောင်းဘွိုင်ကားတွေကြည့်လိုက်ရင် Cowboy ဆိုတဲ့ အတိုင်း အမျိုးသားတွေကပဲကြမ်းပြနေပြီး အမျိုးသမီးတွေ ကြမ်းပြတယ်ဆိုတာ ခပ်ရှားရှားပါပဲ။ အဲ့ဒါကြောင့် သာမန်ကောင်းဘွိုင်ကားတွေနဲ့မတူပဲ အမျိုးသမီး တစ်ယောက် ကြမ်းပြတဲ့ကားကိုကြည့်ချင်ရင်တော့ အခုတင်ဆက်ပေးမဲ့ Calamity Jane ဆိုတဲ့ ကားက ရှယ်ပဲ ဖြစ်ပါလိမ့်မယ်။ဘာလို့လဲဆိုတော့ ဇာတ်ကားနာမည်ထဲက ကလမ်မတီဂျိန်းဆိုတာက ကောင်းဘွိုင်သမိုင်းကြောင်းမှာ တကယ် ရှိခဲ့တဲ့ ခပ်ကြမ်းကြမ်းအမျိုးသမီးတစ်ယောက်ဖြစ်နေလို့ပါပဲ။ သေနတ်ပစ်ရာမှာ ယောက်ျားတွေထက်ပိုကြမ်းသလို လုပ်ခဲ့တဲ့ ရာဇဝတ်မှုတွေကြောင့် သူ့နာမည်ကြားရုံနဲ့ကို ရှိန်နေရတဲ့ အမျိုးသမီး တစ်ယောက်ဖြစ်ခဲ့ပါတယ်။၁၉၅၃ ခုနှစ်တုန်းကလည်း ဒီနာမည်နဲ့ပဲ ဇာတ်ကားတစ်ကားထွက်ခဲ့ပြီး အခုကတော့ခေတ်သစ်မှာပြန်လည် ဆန်းသစ်ရိုက်ကူးထားတယ်လို့ပြောရမှာပါပဲ။အထက်မှာပြောခဲ့တဲ့ အတိုင်းပဲ အဲ့လိုကြမ်းပေ့ရမ်းပေ့ဆိုတဲ့ ကလမ်မတီဂျိန်းဆိုတဲ့ အမျိုးသမီးရဲ့ ယောက်ျားကို ဖဲဝိုင်းတစ်ဝိုင်းမှာစကားများပြီး လူတစ်ယောက်က သတ်လိုက်တာကိုသိလိုက်ရတဲ့အခါမှာတော့ ရေဆုံးမြေဆုံးထိ လိုက်ပြီးပြန်လည်လက်စားချေပုံတွေ သူ့ဘ၀ရဲ့ ဘ၀ဇာတ်ကြောင်းအစုံအလင်ကို သေနတ်ပစ်ခန်းတွေအများအပြားနဲ့ ကြည့်ရှုရမဲ့အက်ရှင်ဖြစ်ရပ်မှန်ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…1.69GB / 716 MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 35m Genre ….. Western Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Drama
0 2024
Calamity Jane
Yojimbo
8.2

IMDb rating – 8.2 ဒီ​ရုပ်ရှင်​ကတော့ ဂျပန်​ဂန္တဝင်​ဒါရိုက်တာ​ Kurosawa Akira ရဲ့ နာမည်​ကျော်လက်ရာဖြစ်တဲ့ Yojimbo​ ဖြစ်ပါတယ်။ Rashomon (1950) Ikiru (1952) Seven Samurai (1954) နဲ့ Ran (1985) တို့လို​ရုပ်​ရှင်​တွေကို ရိုက်ကူး​ခဲ့​တဲ့​Kurosawa ရဲ့ ၂၁ ကားမြောက်​ဇာတ်ကား​ဖြစ်​ပါတယ်။ ဟောလီးဝုဒ်ဂန္တဝင်ရုပ်ရှင်များ ဖြစ်တဲ့ Dollars Trilogy ရဲ့ ပထမဆုံး​ရုပ်ရှင် A Fistful of Dollars က ဒီဇာတ်ကားကို Remake ပြုလုပ်ထားတာဖြစ်ပါတယ်။ အဖြူ​အမည်းရုပ်ရှင်ဖြစ်တဲ့ Yojimbo​ ဟာ ၁၉၆၁ ကထွက်ရှိခဲ့ပြီး အနောက်​တိုင်း​ရုပ်ရှင်​တွေအပေါ်မှာ လွှမ်း​မိုးမှုကြီးခဲ့ပါတယ်။ Clint Eastwood ရဲ့ နာမည်​ကျော်​ကောင်းဘွိုင်ဇာတ်ကောင် The​ Man with No Name ကနေ Star Wars နဲ့ Last Man Standing ရုပ်ရှင်​တွေအထိ ဒီဇာတ်ကားရဲ့သြဇာမကင်းတာ တွေ့နိုင်ပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့ Edo ခေတ်နှောင်းပိုင်းလောက်မှာ အမည်​မသိရတဲ့ လေလွင့်​ Ronin တစ်ဦး မြို့​လေးတစ်မြို့ကိုရောက်လာရာကနေ အစပြုပါတယ်။ ရိုနင်ဆိုတာ ခစားတဲ့သခင်မရှိဘဲ ခြေဦးတည့်ရာကိုလေလွင့်သွားလာနေတဲ့ ဆာမူရိုင်း​ကိုဆိုလိုပါတယ်။ မြို့​ရောက်​ပြီးမကြာခင် ဒီမြို့​လေးမှာ ရာကူဇာဂိုဏ်းနှစ်ဂိုဏ်း အပြိုင်ကြီးစိုးပြီး သောင်းကျန်းနေတာကြောင့် မြို့​လည်းကပ်ဆိုက်လုမတတ် ပျက်စီး​ယိုယွင်း​နေတာကိုသိလိုက်ရပါတယ်။ လောင်း​ကစားလုပ်ငန်းအတွက် နယ်​မြေလုရင်း တစ်ဂိုဏ်းနဲ့တစ်ဂိုဏ်း အပြတ်ချေမှုန်းဖို့ ရန်​စောင်နေကြတာကို ဆာမူရိုင်းသိလိုက်ချိန်မှာတော့ နှစ်ဂိုဏ်းလုံးကိုအပြတ်ရှင်းဖို့ ဆုံးဖြတ်​လိုက်​ပါတော့တယ်။ Edo ခေတ်​အဆုံး​ Meiji ခေတ်မတိုင်ခင်မှာ ဇာတ်​အိမ်​တည်ထား​တဲ့ ဒီရုပ်ရှင်​ဟာ မြေရှင်​ပဒေသရာဇ်​ခေတ် ဂျပန်​နိုင်ငံ​ကိုအခြေပြုထားပေမဲ့ Cinematography​ ကိုတော့​ ဟောလီးဝုဒ် Western ရုပ်ရှင်​ဆန်​ဆန် မြင်​ကွင်း​ကျယ်​များနဲ့​ရိုက်​ကူး​ထားပြီး​ မူလဇာတ်​လမ်း​ကလည်း အနောက်​တိုင်း​ဝတ္ထု​တစ်ပုဒ်ကို မှီတည်ထားတာဖြစ်ပါတယ်။ ဒါကြောင့်​လည်း ဆာမူရိုင်း​နေရာမှာ မြင်းစီးကောင်း​ဘွိုင်၊ Katana ဓား​နေရာ​မှာ သေနတ်​ပြောင်းပြီး ဟောလီးဝုဒ်​က Remake​ရိုက်ကူး​အောင်မြင်​သွားခဲ့တာဖြစ်နိုင်ပါတယ်။ ဂန္တဝင်​ဇာတ်ကား​ဖြစ်တာမလို့ အကျယ်ပြောနေစရာမလိုဘဲ Kurosawa ရဲ့​ရုပ်ရှင်​တွေကို မြည်း​စမ်း​ချင်သူတွေအတွက် ပထမဆုံး​ကြည့်ရှုသင့်တဲ့ ဇာတ်ကား​တွေထဲက တစ်ကားဖြစ်ပါတယ်။ File size…(1.8 GB)/(870 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:50:00 Genre…Action, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenhein

8.2 1961
Yojimbo
Hello!
7.3

Hello (2017) IMDb: 7.3/10 Genre: Action/Romance ဒီရုပ်ရှင်ကို “ငယ်ကချစ်နှစ်တစ်ရာ” လို့ပဲဆိုမလား၊ “နဖူးစာရွာလည်တယ်” လို့ပဲဆိုမလားမသိတော့ပါဘူး။ တော်တော်လေးကို ရင်ထဲကလိကလိဖြစ်စေတဲ့ အချစ်ဇာတ်လမ်းလေးတစ်ခုဆိုရင်လည်းမမှားပါဘူး။ Serendipity ကိုကြည့်ဖူးတဲ့လူတွေဆိုရင်တော့ ဒီဇာတ်လမ်းလေးက ဆင်သယောင်ယောင်ဖြစ်နိုင်ပေမယ့် ပြန်တွေးကြည့်တော့လည်း သိပ်မဆင်ပြန်ပါဘူး။ ပြောချင်တာကတော့ ရင်ထဲမှာနွေးကနဲဖြစ်သွားစေမယ့် ဇာတ်လမ်းလေးပါ။ အတော်လေးလည်း ကြည်နူးဖို့ကောင်းပါတယ်။ ဇာတ်ညွှန်း ဂျန်နူးဆိုတာကတော့ အနေအထားကြီးတဲ့ မိသားစုက တစ်ဦးတည်းသောသမီးလေးဖြစ်ပါတယ်။ ဆီနူးဆိုတာကတော့ မိဘမဲ့လမ်းဘေးက ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ နောက်တစ်နေ့မှာဘာဆက်ဖြစ်မလဲတောင်မသိတဲ့ ဆီနူးဆိုတဲ့ကောင်လေးနဲ့ ဂျန်နူးလိုကောင်မလေးမျိုးက ဖူးစာပါတယ်လို့ပြောရင် ယုံချင်စရာတောင်မရှိပါဘူး။ သူတို့နှစ်ယောက်ဟာ ငယ်ဘဝမှာ အတော်လေးကို ခင်တဲ့သူငယ်ချင်းနှစ်ယောက်ဖြစ်ခဲ့ပြီး ကံအကောင်းအကြောကင်းမလှတော့ နှစ်ယောက်ဝေးကွာခဲ့ရပါတယ်။ အချစ်တွေများစစ်လာရင် လမ်းက မဖြောင့်ဖြူးတတ်ပါဘူး။ ဝေးကွာလိုက်တာမှမဖြစ်နိုင်လောက်တဲ့အထိပါပဲ။ လမ်းမရှိတဲ့အမှောင်ထုထဲမှာ အပ်ပျောက်ရှာပုံတော်ဖွင့်နေရသလိုပါပဲ။ ကိုဗဒင် ရဲ့ နေရာ(၂)သီချင်းထဲကလိုပဲပေါ့ “ရောက်လာချိန်မှာတော့ အဆင်သင့်ဖြစ်အောင်အမြဲတမ်းပဲရှင်းလင်းထားပါတယ်” တဲ့။ ဒီစာသားလေးထဲကလိုပဲ အချိန်တွေဘယ်လောက်ကြာကြာ တစ်ဦးတည်းသောသူအတွက် ပြန်လာလို့ ရအောင် နှလုံးသားတစ်ခါးကိုဖွင့်ထားတတ်ကြပါတယ်။ ကမ္ဘာကြီးကကျဉ်းကျဉ်းလေးဆိုပေမယ့် တကယ့်တကယ် ချစ်သောသူနှစ်ယောက်ဝေးကွာတဲ့အခါမှာတော့ ကမ္ဘာကြီးကထင်သဘောလည်း ကျဉ်းမနေပါဘူး။ဂျန်နူးနဲ့ဆီနူးတို့နှစ်ယောက်ရဲ့ ကံတရားကဘယ်လိုများအကြောင်းဖန်လာမှာလဲ။ ကျွန်တော်ကတော့ တော်တော်လေးကိုသဘောကျဖို့ကောင်းတယ်လို့ပဲပြောပါရစေခင်ဗျာ။ File size… 2.7 GB / 1.3 GB Quality… WEBRip 1080p / 720p Format… mp4 Duration…. 2h 11m Genre ….. Action/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Lucifer Maximoff

7.3 2017 131 mins
Hello!
Coco Farm
6.9

ချစ်စရာ ကနေဒါ-ပြင်သစ် ကျေးလက်ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် ၁၂ နှစ်အရွယ်ကောင်လေး မက်စ်တို့သားအဖက မွန်ထရီရယ်မြို့ကြီးကနေ ငွေကြေးအခက်အခဲကြောင့် နယ်မြို့လေးကို ပြောင်းခဲ့ရပါတယ် စွန့်ဦးထီထွင်လိုစိတ်ရှိသူ မက်စ်က နယ်မှာ ဘာမှလုပ်စရာမရှိဘဲ အကြံအိုက်နေချိန်မှာ သူ့ဝမ်းကွဲအစ်ကို ချားစ်တို့အိမ်မှာ ကျွေးတဲ့ ကြက်ဥကို အရသာတွေ့သွားပါတယ် အလုံးအရင်းနဲ့ မွေးမြူရေးလုပ်ငန်းစုကြီးတွေရဲ့ ကြက်ဥနဲ့ အရသာကွာခြားချက်ကို အဖြေရှာပြီး တစ်နိုင်တစ်ပိုင် ကြက်မွေးမြူရေးလုပ်ငန်းကို မက်စ်၊ ချားစ်၊ youtuber ကောင်မလေးနဲ့ အလုပ်မရှိတဲ့ ဘီယာဗိုက် ဦးလေးကြီးတို့နဲ့ စထောင်လိုက်တယ် စထောင်ဖို့ကလည်း ပိုက်ဆံတွေ လိုက်ချေးထားရပြီး ရောင်းချဖို့ကျတော့လည်း ကြက်ဥလုပ်ငန်းအကြီးစားတွေကို မယှဥ်သာတာတွေ တခြားတခြားသော အခက်အခဲပေါင်းစုံတို့ကို ဘယ်လို ဝိုင်းဝန်းအဖြေရှာကြမလဲ ဆိုတာကတော့ …. File size…(1.2 GB)/(580 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:27:00 Genre… Family Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan

Drama • Romance • Crime
6.9 2023 87 mins
Coco Farm
Misery
7.8

စာရေးဆရာကြီး Stephen Kingရဲ့ Miseryဝတ္ထုကိုပြန်ရိုက်ထားတဒီရုပ်ရှင်ဟာ Horrorရုပ်ရှင်တွေထဲမှာတော့ပြောစမှတ်တွင်ခဲ့တဲ့ရုပ်ရှင်ပါ။ ဒီဇာတ်ကားထဲက စိတ္တဇအမျိုးသမီးကြီးနေရာကသရုပ်ဆောင်တဲ့မင်းသမီးကြီး Kathy Batesလဲ ဒီဇာတ်ကားနဲ့ပဲ အော်စကာဆု၊ရွှေကမ္ဘာလုံးဆုတွေ ရခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း စာရေးဆရာ ပေါလ်ရှယ်ဒန်က မစ္စရီဆိုတဲ့အမျိုးသမီးဇာတ်ကောင်အကြောင်း အသားပေးရေးထားတဲ့လုံးချင်းဝတ္ထုတွဲတွေနဲ့ လူကြိုက်များအောင်မြင်တဲ့ စာရေးဆရာကြီးတစ်ယောက်ပေါ့။ ဒါပေမယ့် ကြာလာတော့ မစ္စရီအကြောင်းရေးရတာငြီးငွေ့လာလို့ ပေါလ်ရှယ်ဒန်က သူ့ရဲ့နောက်ဆုံးထွက် မစ္စရီဝတ္ထုမှာ မစ္စရီဇာတ်ကောင်ကို သတ်ပစ်လိုက်တယ်။ ပြီးတော့သူ့ရဲ့ ဝတ္ထုအသစ်ကို လူသူမနီးတဲ့ဟိုတယ်လေးမှာသွားရေးနေတုန်း သူ့သမီးလေးမွေးနေ့အတွက် နယူးယောက်ကိုပြန်အလာမှာ နှင်းမုန်တိုင်းမိပြီးကားမှောက်သွားခဲ့တယ်။ ခြေတွေလက်တွေနံရိုးတွေကျိုးပြီး နှင်းမုန်တိုင်းထဲမှာသတိလစ်ပြီးသေစစဖြစ်နေတဲ့ သူ့ကို အန်နီဝစ်ဆိုတဲ့ မိန်းမကြီးကကယ်ဆယ်ပေးခဲ့ပါတယ်။ သတိရလာတော့ သူ့ကိုကယ်ခဲ့တဲ့အန်နီဝစ်ကသူနာပြုဟောင်းတစ်ယောက်ဖြစ်တဲ့အပြင်သူ့ရဲ့မစ္စရီဝတ္ထုတွေကိုအရူးအမူးစွဲလမ်းအားပေးတဲ့ အကြီးစားပရိတ်သတ်တစ်ယောက် ဖြစ်နေတာကြောင့်စိတ်သက်သာရာရခဲ့ပေမယ့်လဲ…. စာရေးဆရာဟာ တဖြေးဖြေးနဲ့ဆိုသလိုအန်နီဝစ်ရဲ့ပုံမှန်မဟုတ်တဲ့အပြုအမူတွေကို သတိထားမိလာပါတယ်။ ဒါ့အပြင် အန်နီဝစ်ဟာ မစ္စရီဇာတ်ကောင်ကိုပုံမှန်ထက်ပိုပြီးချစ်ခင်စွဲလမ်းနေတာကိုလဲသတိထားမိလာပြီး… နောက်ဆုံးထွက်မစ္စရီစာအုပ်မှာ မစ္စရီသေသွားတာကို အန်နီဝစ်တစ်ယောက်သိသွားချိန်မှာ… ဒီဇာတ်ကားဟာ သွေးသံရဲရဲအခန်းတွေကြမ်းတမ်းတဲ့အသုံးအနှုံးတွေ ပါဝင်တာကြောင့်R ratedသတ်မှတ်ထားပါတယ်။ Horrorရုပ်ရှင်တွေ မကြိုက်ရင်တောင်ဒီကားက Horror,Drama,psycho thrillerအချိုးကျကျပေါင်းစပ်ထားပြီး Kathy Batesရဲ့ လက်ဖျားခါလောက်တဲ့ သရုပ်ဆောင်ပီပြင်မှုတွေကြောင့်ကြည့်ကိုကြည့်သင့်ပါတယ်။ ယုတ္တိမရှိ ပေါပေါပဲပဲ jump scareတွေတစ်ကွက်မှမပါပဲ ကြည့်ရတဲ့သူကို ရင်တလှပ်လှပ်ဖြစ်စေမှာပါ။ ဒါကြောင့် Horrorရုပ်ရှင်တွေကိုမြတ်နိူးသူတွေအဖို့Miseryဟာလုံးဝစိတ်ပျက်စေရမှာမဟုတ်ကြောင်း ကတိပေးလိုက်ရပါတယ် File Size : 14 GB, 3.3 GB, 1.5 GB Quality : WEB-DL HEVC 4K / 1080p / 720p Running Time : 1hr 47min Format : Mkv and Mp4 Audio : AAC and E-AC-3 Genre : Drama, Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by : Kaung Khant Win Encode by : Thit San Khant

7.8 1990 107 mins
Misery
Squad 36
5.5

Squad 36 (2025) IMDb Rating (5.5) စိတ်ဝင်စားစရာကောင်းတဲ့ ဒီ ပြင်သစ်စကားပြော ရုပ်ရှင်က ၂၀၂၅ ခုနှစ်ကမှ ထွက်ရှိထားတဲ့ Crime/Thriller ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ Netflix ကနေ ထုတ်လွှင့်ထားတာ ဖြစ်ပြီး ရုပ်ရှင်ရဲ့ ပြင်သစ်အမည်က Bastion 36 ဖြစ်ပါတယ်။ ပြင်သစ်ရဲတပ်ဖွဲ့ရဲ့ ထိပ်ပိုင်းတချို့နဲ့ အထူးရဲတပ်ဖွဲ့ ယူနစ်တွေရဲ့ အကျင့်ပျက်မှု၊ ဥပဒေချိုးဖောက်မှုတွေကို မီးမောင်းထိုးပြထားတာပါ။ ဇာတ်လမ်းအကျဥ်း Antoine Sada ဟာ ထူးချွန်ပေမဲ့ ပုန်ကန်တတ်တဲ့ စရိုက်ရှိလို့ အထက်လူကြီးတွေ မျက်မုန်းကျိုးတဲ့ အထူးရဲအရာရှိတစ်ဦးဖြစ်ပြီး ထိပ်တန်း အထူးရဲ Squad တစ်ခုမှာ တာဝန်ထမ်းဆောင်ပါတယ်။ တစ်နေ့မှာ ရဲကျင့်ဝတ််တစ်ခုကို ချိုးဖောက်မိခဲ့တဲ့အတွက် အဲဒီ Squad ကနေ ထုတ်ပယ်ခံရပြီး နယ်ပြောင်းခံလိုက်ရပါတယ်။ ခြောက်လကြာပြီးတဲ့အနောက်မှာ Squad ထဲက သူ့ရဲ့မိတ်ဆွေနှစ်ယောက် လုပ်ကြံခံလိုက်ရသလို တစ်ယောက်ကလည်း ရုတ်တရက် ပျောက်ဆုံးသွားပါတယ်။ ဒီလိုနဲ့ Antoine တစ်ယောက် တစ်ကိုယ်တော် စုံစမ်းထောက်လှမ်းပြီး အဖြစ်မှန်ကို ဖော်ထုတ်ဖို့ ကြိုးစားတဲ့အခါမှာ ဒီဖြစ်စဥ်တွေဟာ သူထင်ထားတာထက် နက်ရှိုင်းနေပြီး ရဲတပ်ဖွဲ့ဝင်တွေအကြား အကျင့်ပျက်ခြစားမှုတွေ၊ အတွင်းပဋိပက္ခတွေနဲ့ ပြင်သစ်ရဲတပ်ဖွဲ့ ထိပ်သီးအကြီးအကဲတွေ အဆင့်ထိ ပတ်သက်ဆက်နွယ်နေတဲ့ အဖြစ်မှန်တွေကို သိလိုက်ရတဲ့အခါ Antoine တစ်ယောက် ဘယ်လိုဘယ်ပုံ ရင်ဆိုင်မလဲ ဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။ ဟောလီးဝုဒ်မှုခင်းရုပ်ရှင်တွေ ငြီးငွေ့နေသူတွေအတွက် ဒီပြင်သစ်မှုခင်းရုပ်ရှင်က အတိုင်းအတာတစ်ခုထိ ဆွဲဆောင်နိုင်လိမ့်မယ်၊ အက်ရှင်ခန်းတွေ ဖောချင်းသောချင်း မပါပေမဲ့ ပါဝင်တဲ့အခန်းတွေကလည်း ပီပြင်ကြမ်းတမ်းတဲ့အပြင် ဇာတ်လမ်းတင်ပြပုံ ကလည်း သဘာဝကျတဲ့အတွက် ကြည့်ရှုလို့မဆိုးတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Wolfenheim ဖြစ်ပါတယ်။) File size… (1.8 GB) / (990 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Crime, Drama, Thriller Duration….02:05:24 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Wolfenheim

Horror • Thriller
5.5 2025 124 mins
Squad 36