YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Warm Meet You E11 (1080p) CM.mp4

272.31 MB N/A video/mp4 87 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Me Before You
7.9

Datshin Review : Me Before You (2016) Drama, Romance --- Plot --- . အသက် ၂၆ နှစ်အရွယ်ရှိ Louisa Clark ဟာ စားပွဲထိုးအလုပ်ကနေ ပြုတ်သွားပြီး အတူနေ မိဘနဲ့ ညီမသားအမိကို ထောက်ပံ့ဖို့ လိုတဲ့အတွက် အလုပ်သစ်တစ်ခု အသည်းအသန်ရှာရတဲ့အခါမှာ မသန်စွမ်းတစ်ယောက်ကို စောင့်ရှောက်ရမယ့် အလုပ်ကို လက်ခံခဲ့ပါတယ်။ သူစောင့်ရှောက်ရတဲ့သူက လွန်ခဲ့တဲ့ နှစ်နှစ်က မော်တော်ဆိုင်ကယ် မတော်တဆမှုမှာ တစ်ကိုယ်လုံးသေ (လက်ချောင်းတစ်ချောင်းနှစ်ချောင်းနဲ့ ခေါင်းလောက်ပဲ လှုပ်နိုင်တော့တဲ့) Will Traynor ပါ။ Will ဟာ မတော်တဆမှု မတိုင်ခင်က အောင်မြင်နေတဲ့ လူငယ် ဘဏ်လုပ်ငန်းရှင်လဲဖြစ်ပြီး ချမ်းသာတဲ့မိဘက ပေါက်ဖွားလာလို့ ရုပ်လဲချော ပညာလဲတတ် ကျားကျားယားယားလဲရှိနဲ့ အရာအားလုံး ပြည့်စုံနေတဲ့သူ ဖြစ်ခဲ့သူပေါ့။ ကို့ယို့ကားယား ကြောင်တောင်ကျားတား ဝတ်စားတတ်ပြီး ပေါ့ပေါ့ပါးပါးနေတတ်သူ Lou နဲ့ အရာရာကို စိတ်အချဉ်ပေါက်ပြီး တစ်ချိန်လုံးဒေါသထွက် လောကကြီးကို မကောင်းမြင်နေတဲ့ Will တို့နှစ်ယောက်ရဲ့ ကံကြမ္မာဟာ သူတို့ထင်ထားတာထက်ပိုပြီး ယှက်နွယ်လာခဲ့ကြပါတယ်။ . --- Review --- . Jojo Moyes ရဲ့ Best seller ဝတ္တုကို ပြန်ရိုက်ထားတဲ့ ဒီကားကို သေချာပေါက် ကြိုက်မယ့်လူ ၂မျိုးရှိပါလိမ့်မယ်။ ၁) The Fault in Our Stars လို မငိုငိုအောင် လုပ်ထားတဲ့ ဇာတ်လမ်းမျိုး ကြိုက်တဲ့သူတွေရယ် ၂) British accent ကို ကြိုက်ပြီး အင်္ဂလန်တောတောင်ရေမြေသဘာဝအလှကို ကြိုက်တဲ့သူတွေရယ်။ . ဘယ်နေရာကိုမဆို သွားနိုင်လာနိုင်တဲ့အခွင့်အရေးရှိနေပါရက်နဲ့ ဒီမြို့လေးကလွဲရင် ဘယ်ကိုမှ မသွားချင် မသွားဖူးတဲ့ မိန်းကလေးနဲ့ ကမ္ဘာကြီးရဲ့ အလှအပတွေကို ကိုယ်တိုင်မြင်ဖူးခဲ့ပြီးမှ ဘယ်မှ သွားလို့မရပဲ ဘီးတပ်ကုလားထိုင်ပေါ်မှာပဲ အချိန်ကုန်နေရတဲ့ အမျိုးသားတို့ဟာ တစ်ယောက်နဲ့တစ်ယောက် အားကျနေကြရတာပေါ့။ လူတိုင်းက သူ့ဆို ငပေါ ဉာဏ်ထိုင်းလို သဘောထားတဲ့အပေါ် အသားကျနေတဲ့ Lou ကို အမြဲတမ်းထိပ်ဆုံးမှာပဲ နေချင်တဲ့ Will က အားမရဖြစ်၊ ချမ်းသာပြီး အရာအားလုံးပြည့်စုံ (ကျန်းမာရေးကလွဲ)နေရဲ့သားနဲ့ အားလုံးကလဲ ဝိုင်း ဂရုစိုက်နေရဲ့သားနဲ့ ဂျစ်ကန်ကန်ဖြစ်နေရလားဆိုပြီး Lou က သိပ်သည်းမခံချင်။ ဒါပေမယ့် သံယောဇဉ်တွေ အပြန်အလှန်တွယ်ခဲ့ပြီး Lou ရဲ့ အမြင်တွေ တဖြည်းဖြည်း ပြောင်းလဲလာပြီးမှ ဘာကြောင့် သူ့ကို ခြောက်လပဲ ငှားရမ်းရလဲ ဆိုတာရဲ့ အကြောင်းပြချက်ကို သိသွားတဲ့အခါမှာ Lou ဘက်ကကော Will Traynor ရဲ့ စိတ်ကို ပြောင်းလဲနိုင်ပါ့မလားဆိုတာကတော့ ကိုယ်တိုင်ပဲ ကြည့်ကြည့်ပါတော့။ . အင်္ဂလိပ်ကားတို့ ထုံးစံအတိုင်း ရှုခင်းလှလှလေးတွေ မြင်ကွင်းလှလှလေးတွေနဲ့ လှတပတလေး ရိုက်ထားတာပါ။ နောက်တစ်ခုက မင်းသားမင်းသမီးတွေက မြင်ဖူးနေကြမျက်နှာတွေပါပဲ။ Louisa Clark အဖြစ် GOT ရဲ့ အသည်းကျော် နဂါးမေမေ Emilia Clarke ဖြစ်ပြီး Will Traynor အဖြစ် hottie လေး Sam Claflin တို့ပါ။ နောက် Harry Potter ထဲက Neville Longbottom ဖြစ်တဲ့ Matthew Lewis၊ နောက် Doctor Who series ထဲက Doctor’s Companion လေး Clara Oswald ဖြစ်တဲ့ Jenna Coleman တို့လဲ ပါဝင်ပါတယ်။ နဂါးမေမေပါတယ်ဆိုပြီး GOT ထဲကလိုတော့ မထင်ထားကြပါနဲ့ဦး။ Emilia Clarke တို့ ဒီကားထဲမှာ လုံခြုံချက်များ ဘာဆို ဘာမှ မပေါ်ပါဘူး။ . အချစ်ဇာတ်လမ်းလို့ပြောပေမယ့် ဖက်ရမ်းနမ်းရှုံ့အခန်းတွေတောင် မပါမဖြစ်နေရာလောက်လေးပဲ ပါတဲ့အတွက် ကလေးတွေကြည့်လို့ရပါတယ်။ တစ်ခုပဲ… British accent နဲ့ဆိုတော့ သူတို့ပြောတာတွေ ဖမ်းမိဖို့ တော်တော်မလွယ်။ စာတန်းထိုးနဲ့ ကြည့်မှပဲ ဇာတ်ကားအရသာကို ကောင်းကောင်း ဖမ်းမိမယ် ထင်ပါတယ်။ . အစမှာ ပြောခဲ့သလိုပဲ ဝမ်းနည်းလာတာ ဝမ်းနည်းလာတာဆိုတာ မျက်ရည် ဘူးသီးလုံးလောက်ကျရပါတယ်။ သရုပ်ဆောင်ကောင်းလွန်းလို့တော့ မဟုတ်လှဘူး။ မင်းသားကော မင်းသမီးကောက ကားစ ကားဆုံး ရုပ်သေနေသလိုပဲ။ မင်းသားကတော့ ထားပါတော့ သူ့ဇာတ်ကောင်ကိုက တစ်ကိုယ်လုံးသေနေတာဆိုတော့။ ဇာတ်လမ်းကပေးချင်တဲ့ message ကိုက ဝမ်းနည်းစရာကောင်းနေတာဆိုတော့ ဘာပဲဖြစ်ဖြစ် ငိုရမယ်ဆိုသလိုပါပဲ။ ဒီကားပြီးရင်တော့ စဉ်းစားစရာလေးတွေ ကျန်ခဲ့မှာပါ။ အသက်ရှင်နေထိုင်ဖို့ ဘာလိုလဲ။ ဘဝကို ဘယ်လိုနေမလဲဆိုတာ စိတ်ကြိုက်ရွေးချယ်ခွင့်ရှိရင် ဘယ်လိုသေမလဲဆိုကော ရွေးချယ်ခွင့် ရှိပါ့မလား။ စိတ်ဒဏ်ရာပေးခဲ့တဲ့ အတိတ်ရဲ့ အရိပ်ဆိုးတွေကို လက်မြှောက်အရှုံးပေးလိုက်တော့မှာလား။ Will ပြောသလို “Will you let this moment define you?”.. စသဖြင့် စသဖြင့် မေးခွန်းတွေ ကိုယ့်ကိုကိုယ်ပြန်မေးမိမှာပါ။ ဒဿနိကပိုင်းအရ အရမ်းနက်နဲလှတယ် မဆိုနိုင်ပေမယ့် အသက်ရှင်နေရခြင်းကို bite size စဉ်းစားစရာလေးတွေ ပေးမှာပါ။ စာအုပ်ဖတ်ပြီးသားလူတွေကတော့ ဖြစ်နေကြအတိုင်း သိပ် စိတ်တိုင်းကျမယ် မထင်ပါဘူး။ . --- Movie Info --- Director: Thea Sharrock Top-billed Cast: Emilia Clarke, Sam Claflin Runtime: 1 hour 50 min Screenplay: Jojo Moyes, Scott Neustadter, Michael H. Weber Distribution : Warner Bros. Budget : $20 Million Box Office : $157.8 Million --- Ratings --- Datshin: 3.5/5 IMDb: 7.6/10 Rotten Tomatoes: 43% -Jen (ရုပ်ရှင်အညွှန်းကို DatShin Facebook Page မှ ကူးယူဖော်ပြပါသည်။) File size…(3.2 GB)/(1.3 GB)/ (830 MB) Quality….WEB-DL 4K HEVC /1080p HEVC/720p Format…mkv/mp4 Duration….01:50:12 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by ^May^

Action & Adventure • Animation • Comedy • Sci-Fi & Fantasy
7.9 2016 110 mins
Me Before You
Beans
6.6

Beans (2020) ========== IMDb Rating - 6.9/10 “ကမ္ဘာပေါ်မှာ မျိုးနွယ်တစ်ခုပဲရှိတယ် လူသားမျိုးနွယ်ပါ” တဲ့။ ဒီဇာတ်ကားက တကယ့်သမိုင်းဝင်အဖြစ်အပျက်ပေါ် အခြေခံ ပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းပါ။ ၁၉၉၀ခုနှစ်မှာ Oka မြို့က သူတို့ဂေါက်ကွင်းကိုချဲ့ဖို့အတွက် Mohawk တိုင်းရင်းသားတွေ အထွတ်အမြတ်ထားတဲ့မြေကို ထိဖို့ကြိုးစားပါတယ်။ အဲဒီမှာပဲ ၇၈ရက်ကြာ အရေးအခင်း ဖြစ်ပွားခဲ့တာပါ။ အဲဒီအချိန်တုန်းက ဒီဇာတ်ကားရဲ့ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေး ဆရာဖြစ်တဲ့ Tracey Deer က ၁၂နှစ်အရွယ် Mohawk သူ လေးပါ။ Tracey Deer က ဒီဇာတ်လမ်းကို Meredith Vuch- nich နဲ့အတူ ၂၀၁၂မှာ စရေးခဲ့ပေမဲ့ အရေးအခင်းကာလရဲ့အချိန် တွေကို ပြန်စဉ်းစားရတာက သူ့အတွက် ခက်ခဲလို့ ၇နှစ်တိတိ ကြာပြီးမှ ဒီဇာတ်လမ်းကိုအဆုံးသတ်နိုင်သွားတာပါတဲ့။ ပင်ပန်း ခဲ့ရတာနဲ့တန်အောင်ပဲ ဒီဇာတ်ကားက ဆုပေါင်း၁၅ဆုရရှိထား ပါတယ်။ Oka အရေးအခင်းကာလ အဖြစ်အပျက်တွေ၊ Mohawk တွေရဲ့ တိုက်ပွဲ နဲ့ ဇာတ်လိုက်ဖြစ်တဲ့ ဘင်းစ်ဆိုတဲ့ ဆယ်ကျော်သက်ကောင် မလေးရဲ့ စိတ်ထား၊အကျင့်စရိုက်ပြောင်းလဲမှုတွေကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်) File Size..........(1.52 GB) / (640 MB) / (365 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 32Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......EL Encoder..........SWM

Action • Drama
6.6 2021 92 mins
Beans
Legions
7

Horror ဇာတ်ကားကောင်း ကြိုက်သူများအတွက် ၂၀၂၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ စပိန်စကားပြော ဇာတ်ကားတစ်ကား တင်ဆက်ပေး လိုက်ပါတယ်။ အန်တိုနီယို ပိုဟူ ဟာ စွမ်းအားကြီးတဲ့ နတ်ဆရာတစ်ယောက်ဖြစ် ပါတယ်။ အာဂျင်တီးနားတောအုပ်ထဲမှာ အပနှင်ရင်း အင်အားကြီး နတ်ဆိုးတစ်ကောင်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အမန်ဒါဆိုတဲ့ အမျိုးသမီးနဲ့ ချစ်ကြိုက်ကာ အယ်လေနာဆိုတဲ့ သမီးလေးတစ်ယောက် မွေးဖွားခဲ့ ပါတယ်။ အဆိုပါ နတ်ဆိုးကြောင့်ပဲ အမန်ဒါ့ကို ဆုံးရှုံးလိုက်ရပြီး သမီး လေးကို တစ်ယောက်တည်း စောင့်ရှောက်လာခဲ့ပါတယ်။ တောထဲကနေ မြို့ပေါ်ကို ပြောင်းရွှေ့နေထိုင်ခဲ့ကြသလို သူ့ရဲ့ အလုပ် အကိုင်ကြောင့် သမီးဖြစ်သူနဲ့လည်း အဆင်မပြေဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ အပနှင်ရာမှ အမှားအယွင်းဖြစ်သွားပြီး လူသေသွားခဲ့တာမို့ အန်တို နီယိုလည်း အရူးထောင်ထဲ ရောက်သွားပါတော့တယ်။ အန်တိုနီယို အရူး ထောင်ထဲ ရောက်နေတုန်းပဲ အဆိုပါ နတ်ဆိုးက တစ်ကျော့ပြန်လာပြီး အယ်လေနာ့ကို ဒုက္ခပေးကာ အသက်ကိုပါ ဆုံးရှုံးအောင်လုပ်ဖို့ ကြိုးစား လာပါတော့တယ်။ အဆိုပါကိစ္စကို အန်တိုနီယိုတစ်ယောက် ဘယ်လို တားဆီးမလဲဆိုတာ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှု့လိုက်ပါဦး။ ဒီဇာတ်ကားက မိစ္ဆာတွေ နတ်ဆိုးတွေ အပနှင်တာတွေပါတဲ့ Horror ကားမျိုးကြိုက်နှစ်သက်တွေအတွက် ကြည့်သင့်တဲ့ ဇာတ်ကားပါပဲ။ Constantine တို့လို vibe မျိုးပေးနိုင်ပြီး အသုံးပြုထားတဲ့ practical effect တွေကလည်း ကောင်းမွန်တာကြောင့် ကြည့်လို့ကောင်းတဲ့ ရုပ် ရှင်အဖြစ် recommend ပေးချင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size..........(1.4 GB) / (523 MB) / (293 MB) Quality............WEB-Rip 1080p / 720p / 480p Duration.........1Hr 28Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Fantasy, Horror Translator.......Leonard Lin Encoder..........SWM

Comedy • Drama • Fantasy
7 2022 88 mins
Legions
Spy-type Model
4.5

ဗျူဟာရှင် ရှေ့နေဂွမ်မင်ဝူးကိုခဏမေ့ထားလိုက်ပါ ... လူရိုးသားလေး ဟျောင်းဝူလာပါပြီ အလုပ်ဝင်ဖို့ကြိုးစားနေတဲ့ ဟျောင်းဝူဟာ ပိုက်ဆံအိတ်ကောက်ရတာကနေ သံသယစိတ်များလို့ လိုက်ချောင်းရင်း လူတစ်စုနဲ့ပတ်သက်မိပါတော့တယ် တကယ်တော့ အဲလူတွေဟာလည်း သူထင်သလိုမဟုတ်ဘဲ စိတ်စွမ်းအားပိုင်ဆိုင်ကြတဲ့ Master တွေဖြစ်နေကြတာကိုသိလိုက်ရပါတယ် အဲလိုနဲ့ ဟျောင်းဝူဟာလည်း သူတို့အကြောင်းကို တစ်စတစ်စပိုပြီး သိလာသလို သူကိုယ်တိုင်ကလည်း Master တစ်ယောက်ဖြစ်အောင် လေ့ကျင့်ပါတော့တယ် ဒါပေမဲ့ Master တွေကိုသတ်ဖို့ မစ်ရှင်ရှိထားတဲ့ စပိုင်အမျိုးအစားမော်ဒယ်လည်းရှိနေပြန်တော့ ဘယ်လိုမျိုးတွေထပ်ကြုံတွေ့ကြရဦးမလဲ ဘယ်လိုစွန့်စားခန်းတွေရှိမလဲဆိုတာကို ကြည့်ရဦးမှာပါ ဇာတ်လမ်းအမျိုးအစားကတော့ Sci-fi ဖြစ်ပြီး ရှေ့နေဂွမ်မင်ဝူး တဖြစ်လဲ Joo Jong Hyuk ကနေ အဓိကဇာတ်ကောင်အဖြစ် သရုပ်ဆောင်ထားပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။ Genre..... Drama, Sci-Fi Quality…. 1080p | 720p | 480p File size… 1.17GB | 452MB | 197MB Format… mp4 Duration…. 1h 26min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz Encoder ..... August

Crime • Drama
4.5 2022 86 mins
Spy-type Model
[21+] Frivolous Lola (1998) Monella
5.1

အီတလီဒါရိုက်တာ Tinto Brass ဇာတ်ကားဆိုရင်တော့ သဘောပေါက်လိုက်ပါတော့။ လိုလာဆိုတာ အီတလီနယ်မြို့လေးတစ်မြို့ရဲ့ဆယ်ကျော်သက်မိန်းမငယ်လေးတစ်ယောက်ဖြစ်ပြီး၊ သူ့ချစ်သူနဲ့ စေ့စပ်ထားတဲ့ သတို့သမီးလောင်းလေးတစ်ယောက်လဲဖြစ်ပါတယ်။ ဒါပေမယ့် လင်ကောင်မပေါ်ပဲ သူ့ကိုမွေးတယ်လို့ လူတွေဆိုကြတဲ့ သူ့မိခင်၊ မိန်းမရှုပ်တယ်လို့နာမည်ကျော်တဲ့အမည်ခံဖခင်တို့ကြောင့်ရော သူကိုယ်တိုင်ရဲ့လော်လည်တဲ့အနေအထိုင်တွေကြောင့်ပါ မြို့နေမိန်းမသားတွေကြားမှာ နာမည်ဆိုးနဲ့ကျော်ကြားပါတယ်။ လိုလာဟာ သူ့ချစ်သူနဲ့လက်မထပ်ခင်မှာအပျိုစင်ဘဝကိုအသည်းအသန်ပေးအပ်ချင်နေခဲ့ပေမယ့် သူ့ကိုတန်ဖိုးထားချစ်တယ်လို့ဆိုတဲ့ ရှေးရိုးစွဲသူ့ချစ်သူကတော့ လက်မခံပါဘူး။ ဒီတော့ လိုလာဟာ သူ့ချစ်သူကိုအတင်းဝင်လုံးတယ်၊ အထိအတွေ့နဲ့ဖြားယောင်းတယ်၊ တစ်ပါးသူတွေနဲ့ပရောပရည်လုပ်ပြီးဝန်တိုအောင်ဆွတယ်။ ဒီလိုကနေ တစ်ဖြည်းဖြည်းမချင့်မရဲဖြစ်လာတဲ့လိုလာဟာပတ်ဝန်းကျင်ကလူမှန်သမျှကို အလွတ်မပေးစတမ်းဖြစ်လာပါတော့တယ်။အဲ့ဒီထဲမှာမှ သူ့ဖခင်လို့ အများသိထားတဲ့ မိန်းမရှုပ်တဲ့နေရာမှာနာမည်ကျော်တဲ့ အန်ဒရေးလဲ မလွတ်ပါဘူး။ ဆရာကြီး Tinto Brass ရဲ့ထုံးစံအတိုင်း မိန်းမလှလေးလိုလာရဲ့ စူးစမ်းရှာဖွေမှုစွန့်စားခန်းတွေကို ပွင့်လင်းတဲ့ အပြောအပြတွေနဲ့တွေ့မြင်ရမှာဖြစ်တဲ့အတွက် 21 plus ပါပဲ။ Frivolous Lola နာမည်နဲ့လူသိပြီး မူရင်း နာမည်က Monella ဖြစ်ပါတယ်။ပိုစတာကိုတော့အများရင်းနှီးနေမှာဖြစ်ပေမယ့် ကြည့်ပြီးသားလို့အထင်မရောက်စေချင်ပါဘူး။ သူ့ဇာတ်ကားတွေထဲမှာ ဒီလိုပုံစံမျိုးဆင်တူတွေ မနည်းမနောရှိလို့ပါပဲ။ File Size : (2.3 GB) & (950 MB) Quality : BluRay 1080p & 720p Running Time : 01:45:00 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by ALS Encoded by RGB

Action & Adventure • Crime • Drama
5.1 1900
[21+] Frivolous Lola (1998) Monella
Sky of Love
6.8

Sky of Love(2007) …………………….. ဆိုရှယ်မီဒီယာတွေ မတွင်ကျယ်သေးတဲ့ ၂၀၀၀ ခုနှစ်တွေမှာ ဖုန်းထဲကအသံလေးကြားပြီး ရင်ခုန်သဘောကျမိခဲ့ဖူးတဲ့အချစ်ဦး ရှိခဲ့ဖူးရင် ဒီကားလေးကြည့်သင့်ပါတယ်။ ဝတ္ထုကိုအခြေခံရိုက်ကူးထားတဲ့ ဒီကားဟောင်းလေးမှာတော့ ခေတ်ဟောင်းအငွေ့အသက်တွေနဲ့အတူ အချစ်ဦးကြောင့် ပျော်ရွှင်ခဲ့ရသလို ကြေကွဲခံစားခဲ့ရတဲ့ ကောင်မလေးရဲ့ အမှတ်တရဇာတ်လမ်းတွေကို ပြန်​ပြောပြနေဟန်နဲ့ စတင်ထားပါတယ်။ ရှင်ကွဲမကွဲရင် သေကွဲကွဲတဲ့ Sad Ending ကိုမှ ကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့ ပေါ့ပေါ့ပါးပါးနဲ့ကြည့်ဖို့ သင့်တော်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moe Pwint Phyu ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p | 480p File size…1.8GB | 935MB | 487MB Format… mp4 Duration…. 2h Subtitle…. Myanmar Subtitle (Hardsub) Translator ….. Moe Pwint Phyu Encoder ….. August

Drama
6.8 2007 129 mins
Sky of Love
The Astronaut
6.7

The Astronaut (2022) ~ IMDb rating – 6.7/10 ~ ဒီကားလေးက ပြင်သစ်စကားပြော ဒရာမာအမျိုးအစားဖြစ်ပြီး Nomination နှစ်ခုလည်း၀င်ထားလောက်အောင်ကို အာကာသအကြောင်းရယ်၊ အိပ်မက်တွေကို အကောင်အထည်ဖော်တဲ့လူတစ်စုအကြောင်းရယ်ကို အချိုးညီညီပေါင်းစပ်ထားတဲ့ကားပါပဲ။ ဂျမ်ဆိုတဲ့ လေကြောင်းအင်ဂျင်နီယာတစ်ယောက်ရဲ့အိပ်မက်က အာကာသယာဉ်မှူးဖြစ်ဖို့ပါ။ ဥရောပအာကာသအေဂျင်စီမှာ ၀င်ခွင့်ဖြေဖူးပေမဲ့ ကျခဲ့တာကြောင့် ကိုယ်ထူကိုယ်ထ ဒုံးပျံယာဉ်ဆောက်ပြီး ဂြိုဟ်ပတ်လမ်းထဲမှာ လမ်းလျှောက်ဖို့ကြံနေတာပါ။ သူနဲ့အတူ လောင်စာအတွက် ကူညီပေးတဲ့ ဓာတုပညာရှင်တစ်ယောက်ရှိပါတယ်။ နောက်ပိုင်းကျ ခရီးလမ်းကြောင်းကိုတွက်ချက်ဖို့ သင်္ချာပညာရှင်တစ်ယောက် အာကာယာဉ်မှူးဟောင်းတစ်ယောက်ပါလာပြီး သူတို့လူတစ်စု ကမ္ဘာ့ပထမဆုံး အပျော်တမ်း ခရီးသည်ပါအာကာသယာဉ်ကြီးတည်ဆောက်ပြီး ဂြိုဟ်ပတ်လမ်းထဲအာကာသလမ်းလျှောက်ဖို့လုပ်ကြပါတယ်။ သူတို့ရဲ့အိပ်မက်တွေ အနှောင့်အယှက်မျိုးစုံကြားထဲမှာ အောင်မြင်သွားရဲ့လားဆိုတာ အားလုံးပဲကြည့်ရှုခံစားကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 870MB Quality – 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 1H 50Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

Comedy • Romance
6.7 2022
The Astronaut
Kandasamys: The Baby
6

Kandasamys The Baby (2023) “ကန်ဒါဆာမီတို့ရဲ့ အရှုပ်တော်ပုံ” CM ပရိသတ်ကြီးအတွက် Netflix မှာ အသစ်ထွက်ရှိထားတဲ့ ဟာသကားတစ်ကား တင်ပေးလိုက်ပါတယ် IMDb 6 လည်းရထားတာမို့ နောင်တမရစေရပါဘူးနော် ကန်ဒါဆာမီ franchise ဆိုပြီးအရှေ့မှာလည်း “Trippin’ with Kandasamys”, “Keeping up with Kandasamys” နဲ့ “Kandasamys : The Wedding” ဆိုပြီး ထွက်ထားတဲ့နောက်မှာ အခု ကလေးလေးတစ်ယောက် ထပ်ပါလာတဲ့ ဇာတ်ကားသစ်ပါ ပရီရှန်နဲ့ ဂျိုဒီတို့ ဇနီးမောင်နှံက ကိုယ်ဝန်လစေ့ခါနီးမို့ မာရီရှက်စ်ဆိုတဲ့ နေရာလေးမှာ အေးဆေး လာနေကြရင်း ကလေးမွေးတော့မှာကို သိတဲ့ နှစ်ဖက် ကန်ဒါဆာမီ မိသားစု ဘိုးဘိုးဘွားဘွား ဦးလေး ဒေါ်ဒေါ်တို့က အုပ်လိုက်လူစုပြီး ရောက်လာကြပါတယ် တစ်ဖွဲ့လုံးမှာ တစ်ဖက်နဲ့တစ်ဖက် အစေးမကပ်တာလေးတွေ ရှိပေမယ့် မွေးတော့မယ့် မြေးမလေး (သို့) မြေးထီးလေးကို တွေ့ချင်ဇော နဲ့ ရောက်ချလာတာဖြစ်ပါတယ် စိတ်မနှံ့ပဲ ဘုပြောပြောတဲ့ အဘွားကြီးတစ်ယောက်လည်း ပါပါသေးတယ် စိတ်မနှံ့ဆိုလို့ သူသုံးတဲ့ အင်္ဂလိပ်ဗန်းစကား အသုံးအနှုန်းကတော့ ရှိတ်စပီးယားတောင် ထိုင်ငိုသွားလောက်တယ်ဗျ အဲဒီကနေ အထည်ကြီးဂွကျကျ ကန်ဒါဆာမီ မိသားစု ဘယ်လိုတွေ ပြဿနာတွေ တက်ကြမလဲဆိုတာကို အားလပ်ချိန်လေး အပန်းပြေ ကြည့်ရှုခံစားပေးကြပါဦး အိန္ဒိယကားဆိုပေမယ့် ဒီကားက အသက် ၈၀ အရွယ် အဘွားကြီးကအစ အီးလိုပဲ slang တွေ အထိ ထိုင်မှုတ်နေတာကြောင့် အီးစကေး တက်ချင်တဲ့သူတွေလည်း ပညာယူစရာရှိကြောင်းပါ (ဤကား စကားချပ်) အညွှန်းနဲ့ ဘာသာပြန်ကတော့ BpL ~ V ~ KKKZ ~ ToMo ~ Dee တို့ပဲဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

6 2023 93 mins
Kandasamys: The Baby
Mercy Falls

Thriller suspense vibeအပြည့်နဲ့ တောနက်ထဲလမ်းပျောက်တဲ့ လူသတ်ကားမျိုး ကြည့်ချင်သူတွေအတွက် Mercy Falls ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ထုံးစံအတိုင်းပဲ လူသူမရှိတဲ့တောအုပ်ထဲကို စပ်စပ်စုစုနဲ့သွားမယ့် သူငယ်ချင်းတစ်စုနဲ့ ဇာတ်လမ်းလေးကို အစပျိုးထားပါတယ်။ တစ်ချိန်ကဖြစ်ရပ်တစ်ခုကြောင့် အဖေနဲ့ဝေးကွာခဲ့ရတဲ့ ရိုနာဆီကို ရောက်လာတာကတော့ အဖေကအမွေပေးခဲ့တယ်ဆိုတဲ့ မာစီရေတံခွန်ရှိတဲ့ တောထဲက သစ်လုံးအိမ်တစ်လုံး၊ အဖေနဲ့ပတ်သက်တဲ့အမှတ်တရတွေရှိခဲ့တဲ့ တောအုပ်လေးလည်းဖြစ်၊ အဖေ့ရဲ့တစ်ခုတည်းသောအမွေလေးဆိုတော့ ရိုနာတစ်ယောက် ဒီသစ်လုံးအိမ်လေးကို သွားကြည့်ချင်စိတ်တွေ တဖွားဖွားပေါ့။ ဒီလိုနဲ့ပဲ ရိုနာတို့သူငယ်ချင်းတစ်စု မာစီရေတံခွန်နဲ့ မိုင် ၂၀ အကွာ တောအုပ်ထဲက သစ်လုံးအိမ်ကိုရှာဖို့ ခရီးစထွက်ဖြစ်ကြတာပေါ့။ ဒါပေမဲ့ ရိုနာတစ်ယောက် ဒီတောအုပ်လေးကိုစွန့်ခွာခဲ့တာ နှစ်တွေကြာပြီဆိုတော့ သစ်လုံးအိမ်ဆီမရောက်ဘဲ ထုံးစံအတိုင်းပဲ တောထဲလမ်းပျောက်ကြပါတော့တယ်။ ဒီလိုဒုက္ခရောက်နေချိန်မှာ ကယ်တင်ရှင်ကာလာဆိုတဲ့မိန်းကလေးပေါ်လာပြီး သူတို့ကို သစ်လုံးအိမ်ကို လမ်းပြခေါ်ဆောင်ပေးမယ်လို့ ပြောလာပါတယ်။ ဘယ်နေရာမှန်းမသိတဲ့နေရာမှာပေါ်လာတဲ့ ဘယ်သူမှန်းမသိတဲ့သူဖြစ်ပေမဲ့ လမ်းပျောက်နေတဲ့သူတစ်စုအတွက်တော့ ကန္တာရထဲ တံလျှပ်ပေါ်သလို အပျော်ကြီးပျော်ကြတာပေါ့။ ဒါပေမဲ့ ပြဿနာကိုယ်စီနဲ့ အချိတ်အကောက်လေးတွေနဲ့ ဘုရားစူးသူငယ်ချင်းလေးတွေဆိုတော့ ကတောက်ကဆဖြစ်ရင်း စတော့တ်တစ်ယောက် အန်ဒီကို ပြင်းပြင်းထန်ထန်ဒဏ်ရာရအောင် လုပ်မိသွားတဲ့အခါ… အကူအညီလည်းတောင်းမရ ဖုန်းလိုင်းကမမိ ဘယ်ရောက်လို့ရောက်နေမှန်းမသိရတဲ့ထဲ မချိမဆံ့ဝေဒနာခံစားနေရတဲ့အန်ဒီကို ကာလာတစ်ယောက် ဘယ်သူမှမထင်ထားတဲ့လုပ်ရပ်တစ်ခု လုပ်ချလိုက်တဲ့အခါမှာတော့…. အတော်လေးနောက်ကျမှပဲ သံသယဝင်ဖို့သတိရသွားတဲ့ ဒီလူတစ်စု ယုံမှားလို့ပုံအပ်မိတဲ့တန်ကြေးကို ဘယ်လိုပေးဆပ်ရမလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။ File size…(1.7 GB)/(825 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre…Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Darcy

0 2023
Mercy Falls
Borderlands
5.8

ဂိမ်းလောကရဲ့လူကြိုက်အများဆုံး ဂိမ်းတွေထဲက တစ်ခုဖြစ်တဲ့ ဘော်ဒါလန်းကို ရုပ်ရှင်အဖြစ် ရိုက်ကူးထားတာဖြစ်ပါတယ်။ Knock Knock ရဲ့ ဒါရိုက်တာ Eli Roth ရိုက်ကူးထားပြီး၊ ကိတ်ဘလန့်ချက် နဲ့ ကယ်ဗင်ဟာ့တို့ ပါဝင်ထားပါတယ်။ စက်ရုပ်လေး ကလပ်ထရပ် နေရာမှာတော့ ဂျက်ဘလက်က အသံသရုပ်ဆောင်ပေးထားတာပါ။ သိပ္ပံစိတ်ကူးယဉ် အက်ရှင် ဟာသ အမျိုးအစားမို့ အပန်းဖြေလို့ ကောင်းမှာပါ။ ဇာတ်လမ်းအကျဉ်း *************** ပန်ဒါရာဂြိုလ်ပေါ်က အီရီဒီရန်မျိုးနွယ်တွေဟာ ဂလက်ဆီတစ်ခုလုံးကို အုပ်စိုးနိုင်ခဲ့တဲ့ အသိဉာဏ်မြင့် နည်းပညာမြင့် မျိုးနွယ်စုတွေ ဖြစ်ပါတယ်။ သူတို့တွေ မျိုးတုံးပျောက်ကွယ်သွားပြီးတဲ့နောက်မှာ ပန်ဒိုရာဂြိုလ်ကြီးတစ်ခုလုံးမှာ အီရီဒီရန်နည်းပညာလက်ကျန်လေး တွေကို ရှာနေတဲ့မုဆိုးတွေ၊ ဓားပြတွေ၊ အဖွဲ့အစည်းကြီးတွေ ခြေရှုပ် နေကြပါပြီ။ အားလုံးရဲ့ အကြီးဆုံးရည်မှန်းချက်ကတော့ အီရီဒီရန်တွေရဲ့ လျှို့ဝှက်အလုံခန်းပါပဲ။ အဲဒီအလုံခန်းထဲမှာအဆင့်အမြင့်ဆုံး နည်းပညာ လျှို့ဝှက်ချက်တွေရှိနေပြီး ပိုင်ဆိုင်တဲ့သူဟာ တန်ဖိုးမဖြတ် နိုင်လောက်အောင် ချမ်းသာပြီး စွမ်းအားကြီးသွားမှာပါ။ အဲဒီ အလုံခန်းရှာတဲ့အရှုပ်တော်ပုံကြီးထဲကိုမှ စစ်သားဟောင်းတစ်ယောက် ၊ ကြေးစားမုဆိုးတစ်ယောက်၊ ကော်ပိုရိတ်ကြီးတစ်ခုရဲ့ ခေါင်းဆောင်ရဲ့ သမီးတစ်ယောက်၊ စိတ္တဇဂိုဏ်းဝင်တစ်ယောက် ကြားညပ်ပြီး ပူးပေါင်းမိ ကြတဲ့ခါ အလုံခန်းခန်းကို မသမာသူတွေလက်ထဲမရောက်ဖို့ တိုက်ခိုက်ကြရ ပါတော့တယ်။ File size…4.33GB / 2.06GB / 1.08GB Quality…WEB-DL 4K HEVC 1080p / 720p Format…mkv / mp4 Duration….1h 41m Genre ….. Action , Adventure, Sci-Fi , Comedy , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

5.8 2024
Borderlands
Sex Tape
5.1

Sex Tape (2014) မင်းသမီး Cameron Diaz နဲ့ မင်းသား Jason Segel တို့ပါဝင်ပြီး ပွဲကြမ်းထားတဲ့ ဟာသဇာတ်ကားလေးပါ။ ဇာတ်လမ်းကတော့ လင်မယားတွေဖြစ်ကြတဲ့ Jay နဲ့ Annie တို့ဟာ ကလေးတွေမရှိတုန်း ငယ်မူပြန် ပွဲကြမ်းကြတာကို Video ရိုက်ထားမိကြပါတယ်… ဒီ Video ကြီးကို အမှတ်မထင်ဘဲ iPad တွေကို Sync လုပ်မိရာကတစ်ဆင့် Cloud ကနေ တခြားလူတွေဆီ ရောက်သွားပါတော့တယ်။ အစက ဒါကို သတိမထားမိသေးပဲ Jay ဖုန်းကို တစ်စုံတစ်ယောက်က အဲ့ဒါနဲ့ပတ်သတ်ပြီး စာပို့တော့မှ သတိထားမိတာပါ။ ဘယ်သူပို့လည်းတော့ မသိပါဘူး။ ဒါကြောင့် Annie နဲ့ Jay တို့ နှစ်ယောက် iPad ပေးထားတဲ့သူတွေဆီသွားပြီး အဲ့ဒီ ဗီဒီယိုဖိုင်ကို ဖျက်ဖို့ကြိုးစားကြရင်း message ကို ဘယ်သူပို့လည်းဆိုတာ စုံစမ်းပါတော့တယ်။ သူတို့နှစ်ယောက် iPad တွေ ပြန်ယူဖို့ကြိုးစားကြပုံကို ဟာသရောနှောကာ ရိုက်ကူးတင်ဆက်ထားပြီး အဲ့ဒီ စာပို့သူဟာ သူတို့ မထင်ထားတဲ့သူတစ်ယောက်ဖြစ်ပြီး ဘယ်လိုတွေဖြစ်ပျက်မလည်းဆိုတာကို ရယ်ကာမောကာကြည့်ကြရမှာပါ။ (R Rated ဇာတ်ကားမလို့ မိသားစုနဲ့ကြည့်ဖို့တော့ အဆင်မပြေလောက်ပါဘူး။)

5.1 2014 94 mins
Sex Tape
Ex Ex Lovers
7.6

Ex Ex Lovers (2025) ********************* ဖိလစ်ပိုင်မင်းသမီးချောလေး Loisa Andalio ပါဝင်တဲ့ ရယ်ရယ်မောမော ဘဝ အမောပြေမယ့် ဖိလစ်ပိုင် rom com ဇာတ်လမ်းလေးကို ပိတ်ရက်မှာ ရှုစားနိုင်ဖို့ ခုပဲတင်ဆက်ပေးလိုက်ပါပြီ။ ဒီကားလေးမှာတော့ ပြဿနာတွေကြောင့် ဆယ်စုနှစ်ကြာဝေးကွာခဲ့ရပေမဲ့ ပြန်လည် ဆုံဆည်းတဲ့အခါမှာ အရင်လို အချစ်တွေ ပြန်လည်ရှင်သန်လာနိုင်မလား ဆိုတဲ့ အကြောင်းလေးကို သရုပ်ဖော်ထားတာပါ။ ဂျွိုင်းက သမီးလေးအက်စ်စီကို တစ်ယောက်တည်း ဆယ်စုနှစ်တစ်ခုကျော် ရုန်းကန် ပျိုး‌ထောင်ခဲ့ရတဲ့ single mother တစ်ယောက်ပါ။ ဒါပေမဲ့ တစ်နေ့ ဗယ်လင်တိုင်း‌ဒေးမှာ သမီးနဲ့ဒိတ်လုပ်ဖို့ချိန်းထားရင်း ချစ်လှစွာသော သမီးတော်လေးဆီက စပရိုက်အကြီးစားနဲ့ ဂျွိုင်းတစ်ယောက် ရှော့ခ်ရသွားပါတော့တယ်။ အဲဒါကတော့ သမီးရဲ့ချစ်သူ ဂျိုဝီက အက်စ်စီကို ဂျွိုင်းရှေ့မှာ လက်ထပ်ခွင့်တောင်းလိုက်ပြီး သမီးက မကြာခင်လက်ထပ်တော့မယ်ဆိုတာပါပဲ။ သမီးအရွယ်ကငယ်သေးတာကတစ်ကြောင်း ကိုယ်တိုင်လည်း ငယ်ငယ်နဲ့အိမ်ထောင်ကျပြီး အိမ်ထောင်ရေးအဆင်မပြေ ရုန်းကန်ခဲ့ရတာကြောင့် သမီးကို လက်မထပ်စေချင်ပေမဲ့ စိတ်အားထက်သန်နေတဲ့သမီးဖြစ်သူက ဘယ်လိုတားတား တားမရပါဘူး။ ဒီလိုနဲ့သမီးက မင်္ဂလာလျှောက်လမ်းမှာ အဖေ့လက်ကိုတွဲပြီး သွားချင်တယ်ဆိုပြီး တောင်းဆိုလာလို့ သမီးရဲ့တောင်းဆိုချက်ကို ဖြည့်ဆည်းရာလည်းရောက် မင်္ဂလာပွဲကို ဆန့်ကျင်ဖို့ စစ်ကူလည်းရအောင် တစ်ချိန်က အနေဝေးခဲ့ရတဲ့ ခင်ပွန်းဖြစ်သူ ဆက်ဒရစ်ကို သွားရှာဖို့ဖြစ်လာချိန်မှာတော့…. သမီးရဲ့မင်္ဂလာပွဲကို အရင်းခံပြီးဖြစ်လာတဲ့ ဖေဖေနဲ့မေမေတို့ရဲ့ ပြန်လည်ဆုံဆည်းမှုကနေ အချစ်ပန်းတွေ ပြန်လည်ပွင့်လန်းလာနိုင်မလား ရှုစားလိုက်ရအောင်ပါ။ (အညွှန်းကို Mary Christ မှ ရေးသားထားပါတယ်) File size…1.17GB / 602MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 44m Genre ….. Romance, Comedy, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Char Ou & Mary Christ Encoded by AHtet

Thriller • Horror
7.6 2025 108 mins
Ex Ex Lovers
28 Years Later
7.1

28 Years Later (2025) IMDb Rating (7.1) / Rotten Tomatoes (88%) ထရေလာထွက်ထဲက iPhone နဲ့ရိုက်တဲ့ကားဆိုပြီး နာမည်ထွက်နေတဲ့ 28 Triology ရဲ့ 3 ကားမြောက် 28 Years later ထွက်လာပါပြီ… Aaron Taylor Johnson , Ralph Fiennes တို့လို နာမည်ကြီတွေပါဝင်ထားတယ် 28 Years Later ကို 28 Days Later တုန်းကလိုပဲ ဒါရိုက်တာ Danny Boyle က ဆက်လက်ရိုက်ကူးထားတယ်။ Danny Boyle ဆိုတာ Trainspotting, Slumdog Millionaire, The Beach နဲ့ 127 Hours တို့လို နာမည်ကျော်ရုပ်ရှင်တွေကို ဖန်တီးထားတဲ့ ဒါရိုက်တာကြီးတစ်ယောက်။ iPhone နဲ့ တကယ်ရိုက်မရိုက်မသိပေမဲ့ Cinematography ရိုက်ချက်တွေ / Scene တွေက လှအရမ်းကြည့်ကောင်းပါတယ် ဇွန်ဘီတွေ နောက်က လိုက်တဲ့ အခန်းတွေဆို အသည်းယားစရာပဲ.. လွန်ခဲ့တဲ့ ၂၂ နှစ်ကျော်က Danny Boyle ရိုက်ကူးတဲ့ 28 Days Later ဆိုတဲ့ Post-Apocalyptic Horror ကား ထွက်ရှိခဲ့တယ် London မှာ Rage Virus လို့ခေါ်တဲ့ ကူးစက်မြန်ပြင်းထန်တဲ့ ရောဂါပိုး စတင်ပြန့်နှံ့ပြီး ၂၈ ရက်အကြာမှာ ဆေးရုံမှာ ရုတ်တရက်နိုးထလာတဲ့ Jim ဆိုတဲ့ လူတစ်ယောက် ဒီပျက်စီးပြိုယွင်းနေတဲ့ မြို့ခွံသာသာကျန်တော့တဲ့ London မှာ အသက်ရှင်ဖို့ ရုန်းကန်ရတဲ့အကြောင်းကို ရိုက်ပြထားတယ်…. ၄ နှစ်လောက်အကြာမှာ Juan Carlos Fresnadillo ရဲ့ 28 Weeks Later ဆိုတာ ထပ်ထွက်တယ်။ ရောဂါပြန့်နှံ့ပြီး ၂၈ ပတ်အကြာ၊ ကူးစက်ခံတွေကင်းရှင်းသွားပြီဖြစ်တဲ့ Britain မှာ NATO တပ်တွေက ပြန်လည်ထူထောင်ရေးတွေ လုပ်နေတဲ့အချိန် မထင်ထားဘဲ ရောဂါပြန်ပြန့်တဲ့အကြောင်းကို ရိုက်ပြထားတယ် လျှင်မြန်ဖြတ်လတ်လွန်းပြီး ကြောက်စရာကောင်းတဲ့ ဇွန်ဘီ တွေကို 28 Weeks Later စမြင်ခဲ့ရတာပဲ…. အခု ၁၈ နှစ်လောက်အကြာမှာတော့ အနှစ်နှစ်အလလ စောင့်ခဲ့ရတဲ့ 28 Years Later ဆိုတာ လာပါပြီ ၂၈ နှစ်အကြာ လူတစ်စုစီသီးသန့်နေထိုင်နေကြတဲ့ ကမ္ဘာကြီးထဲမှာ ကူးစက်ခံကောင်တွေက ကြီးစိုးနေဆဲ.. အဲ့ဒီထဲမှာမှ ကျွန်းလေးတစ်ကျွန်းပေါ်က လူ့အဖွဲ့အစည်းတစ်ခုအကြောင်းကို မြင်ရမယ်. 28 Years Later ဟာ Sinner, Final Destination တို့ကိုကျော်ပြီး ၂၀၂၅ ရဲ့ အကောင်းဆုံးနဲ့ အခြောက်ခြားရဆုံး Horror ကားတစ်ကားလို့သတ်မှတ်ချင်ပါတယ်။ 28 Days Later (2002), 28 Weeks Later (2007),28 Years Later (2025) ၃ ကားစလုံးကို CM App နဲ့ Web မှာ တင်ထားပါပြီ။

Comedy • Drama
7.1 2025 115 mins
28 Years Later