YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Warm Meet You E08 (1080p) CM.mp4

289.83 MB N/A video/mp4 101 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Little Dixie
5.8

Doc Alexander ဟာ အမေရိကန်ရဲ့ Special Force က Superior Officer တစ်ယောက်ပါ။ Doc ရဲ့ နှစ်ပေါင်းများစွာလက်တွဲလုပ်ကိုင်လာသူကတော့ Billie Riggs ဆိုတဲ့ထက်မြက်တဲ့ လိင်တူချစ်ကြိုက်သူအမျိုးသမီး‌ Officer တစ်ယောက်ပေါ့။ Doc နဲ့ Billie ဟာ အမေရိကန်နဲ့ မက္ကဆီကိုမူးယစ်ဂိုဏ်း Cartel ကြားမှာ စီးပွားရေးဆက်သွယ်မှုတွေကိုအပေးအယူလေးတွေနဲ့ အဆင်ပြေအောင် handle လုပ်နေကြပါတယ်။ ဒါပေမယ့် သူတို့ထဲက အသိအကျွမ်းတစ်ဦးဖြစ်တဲ့ Richard Jeffs ဟာ မြို့တော်ဝန်ဖြစ်လာပြီးတဲ့နောက်မှာ ဒါတွေကိုမသိပဲနဲ့ Cartel ခေါင်းဆောင်ရဲ့ ညီဖြစ်သူကို ကွပ်မျက်လိုက်ပါတယ်။ အဲဒီနောက်မှာ Doc နဲ့ Billie ဟာ အခြေအနေတွေကို ထိန်းညှိဖို့ကြိုးစားကြပေမယ့် ကစဉ့်ကလျားတွေဖြစ်ကုန်ပြီးနောက်ပိုင်းမှာတော့ Doc ဟာ သမီးလေးဖြစ်တဲ့ Little Dixie လေးကိုကယ်တင်ဖို့အကြောင်းဖန်လာပါတော့တယ်။ Doc Alexander အဖြစ် မင်းသားကြီး Frank Grillo ရဲ့ ရင့်ကျက်တည်ငြိမ်တဲ့ ဇာတ်ရုပ်နဲ့ သရုပ်ဆောင်မှုတွေကို ရှုစားကြရမယ့် အသစ်စက်စက် Action ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Nyan Hlyan Chit မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.3GB, 500MB Quality - 1080p, 720p Format - mp4 Duration - 1H 45Min Genre - Action, Crime, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Nyan Hlyan Chit Encoded by Y

Horror • Science Fiction
5.8 2023 105 mins
Little Dixie
Beautiful Disaster
6.5

Disaster လို့ပြောလိုက်ရင် အားလုံးနားလည်ထားတာ ဒါအဆိုးထဲမှာမှ တော်တော့်ကိုဆိုးရွားတဲ့အရာပေါ့။ ဒါပေမဲ့ ဒါကို Beautiful နဲ့တွဲဖက်ပြီးမြင်ရတော့ အတော်လေးကို နားလည်ရခက်သွားစေမှာပါ။ ဒီတော့ ဒီ Beautiful Disaster ဆိုတဲ့ဒီကားလေးကရော ဘယ်လိုအချစ်မျိုးကိုသရုပ်ဖော်ထားလဲဆိုတာ ကြည့်ရှုခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါပြီ။ အက်ဘီဆိုတဲ့ကောင်မလေးဟာ ဖဲသမားအဖေရဲ့ ပျိုးထောင်မှုနဲ့ ကြီးပြင်းလာရတဲ့ မိန်းကလေးတစ်ယောက်ပါ။ အိမ်ထောင်ဦးစီးက လောင်းကစားသမားဖြစ်နေလေတော့ အမေကထားရစ်ခဲ့တဲ့ အက်ဘီရဲ့မိသားစုဘဝကလည်း သာယာနိုင်စရာအကြောင်းမရှိဘူးပေါ့။ ငယ်စဉ်ကတည်းက Pokerနဲ့ထိတွေ့ခဲ့တဲ့အက်ဘီဟာ Pokerမှာ အလွန်ပါရမီထူးသူဖြစ်ပေမဲ့ သူ့အဖေလိုမဟုတ်ဘဲ သာမန်ဘဝနဲ့ပဲရှင်သန်ချင်သူရယ်ပါ။ ဒါကပဲသူ့ကို အဖေဆီကနေထွက်ပြေးဖို့ တွန်းအားပေးခဲ့တဲ့အချက်ပါပဲ။ Poker Prodigy Lucky 13 ဘဝကိုထားရစ်ခဲ့ပြီး တည်ငြိမ်အေးချမ်းတဲ့ သာမန်ကောလိပ်ကျောင်းသူလေးဘဝကိုစဖို့ ရည်ရွယ်ထားတဲ့ အက်ဘီတစ်ယောက် သူငယ်ချင်းကောင်းမှုနဲ့ ဖိုက်တာလေးထရားဗစ်ရဲ့လက်ဝှေ့ပွဲကို ကြည့်ရဖို့ဖြစ်လာပြီးတော့ အက်ဘီဆိုတဲ့ကောင်မလေးရဲ့အလှမှာ ထရားဗစ်တစ်‌ယောက် ကြွေဆင်းသွားတဲ့အခါ... ဘဝကို တည်တည်ငြိမ်ငြိမ် ဖြတ်သန်းဖို့အတွေးနဲ့ ပလေးဘွိုင်းငပွေးလေးထရားဗစ်ကို အကြောက်အကန်ငြင်းရင်းနဲ့ ကိုတည်ကြည်ဆရာဝန်လေး ပါကာကို အတင်းတွေခေါင်းငြိမ့်နေတဲ့ အက်ဘီ၊ ဇွဲနပဲကြီးကြီးနဲ့ အက်ဘီကိုအရလိုက်မဲ့ထရားဗစ် သူတို့နှစ်ယောက်ကြားက လိုက်လို့ပြေးတာလား ပြေးလို့လိုက်တာလားဖြစ်နေတဲ့ ဘာရယ်လို့နာမည်တပ်မရတဲ့ပတ်သက်မှုကို ရုပ်လုံးပေါ်လာစေမဲ့ အလောင်းအစားတစ်ခု--- ကဲ အရှုပ်အထွေးတွေကနေ လွတ်မြောက်ချင်စိတ်ပြင်းပြနေတဲ့အက်ဘီတစ်ယောက် bad boyလေးကိုမှ တမ်းတမ်းစွဲမိလေတော့ ဘာတွေဆက်ဖြစ်ကြမလဲ။ လူမသိစေချင်တဲ့အတိတ်က တစ်ဖန်ပြန်လည်ဒုက္ခပေးလာချိန်မှာ အက်ဘီတစ်ယောက်ဘယ်လိုဖြေရှင်းသွားမလဲဆိုတာ အားလုံးအတူတူ ကြည့်ရှုရင်းအဖြေရှာလိုက်ရအောင်ပါ။ Serious love storyမဟုတ်ဘဲ ပေါ့ပေါးပါးပါး teen romanceလေးကို ကြိုက်နှစ်သက်သူတွေအတွက်တော့ ကြည့်သင့်တဲ့ စိတ်အပန်းဖြေစရာရုပ်ရှင်‌တစ်ကားအဖြစ် Recommendပေးပါတယ်နော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre..... Drama, Romance Quality…. 1080p | 720p | 480p File size… 1.4GB | 730MB | 355MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mary Christ Encoder ..... Aaron

Drama • Mystery
6.5 2023 96 mins
Beautiful Disaster
An Action Hero
6.6

အခုတစ်ခါတက်ဆက်ပေးမယ့်ကားလေးကတော့ Vicky Donor...Andhadhun ဇာတ်ကားများနဲ့ ပရိသတ်အသည်းကိုဖမ်းစားခဲ့တဲ့ ဘောလီဝုဒ်မင်းသားချောလေး အာရွတ်ရှမန်းခူရာနာရဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ကားနာမည်က အက်ရှင်ဟီးရိုးဆိုတော့ မြင်သာပါတယ် အက်ရှင်ခန်းတွေ ပါမယ်ဆိုတာ...။ ဇာတ်လမ်းအကျဥ်းကို ပြောရမယ်ဆိုရင် မင်းသားက အောင်မြင်ကျော်ကြားတဲ့ အက်ရှင်မင်းသားတစ်ယောက်ပေါ့နော်။ ရိုက်ကွင်းလေးရှိလို့ မြို့တစ်မြို့ကိုရောက်လာရင်းနဲ့ အဲ့ဒီမြို့က နိုင်ငံရေးသမားကြီးတစ်ဦးရဲ့ညီဖြစ်သူဟာ မင်းသားနဲ့ဓာတ်ပုံတွဲရိုက်ဖို့ ရောက်လာခဲ့တယ်။ အခြေအနေတွေဟာ တင်းမာခဲ့ပြီးနောက်မှာ မင်းသားဟာ သူ့ကို မရည်ရွယ်ဘဲ သတ်လိုက်မိပါတယ်။ ဒီတော့ မင်းသားဟာ ပြေးဖို့ဖြစ်လာပါပြီ။ သူအနှစ်နှစ်အလလ ကြိုးစားလာခဲ့တဲ့ အနုပညာအလုပ်ကြီးထိခိုက်မယ့် ဘဝပါပျက်မယ့်အရေးကကနေ လွတ်မြောက်အောင် မင်းသားပြေးနေပါပြီ။ တစ်ဖက်ကလည်း နိုင်ငံရေးသမားကြီးက သူ့ညီအတွက် လက်စားချေဖို့ မင်းသားကို လိုက်နေပါပြီ။ ဆိုတော့ ဘာဆက်လုပ်ရမလဲ သိတယ်မလား ဆက်ကြည့်ကြတော့နော်...။ File size…1.86GB / 831MB Quality…1080p NF WEB DL / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ Yunni ~ Nyein Aye

Romance
6.6 2022 128 mins
An Action Hero
LEGO Disney Princess: The Castle Quest
7.7

သားသားမီးမီးတို့တင်မက လူကြီးတွေပါ စိတ်ပါရင် ကြည့်လို့ရမယ့် ၂၀၂၃ ခုနှစ် အသစ်ထွက် Lego ရုပ်လေးတွေနဲ့ ပုံဖော်တင်ဆက်ထားတဲ့ Disney မင်းသမီးလေးတွေရဲ့ စွန့်စားခန်း ကာတွန်းလေး ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးထဲမှာ အဓိက လူဆိုးက Beauty and the Beast ထဲက ဂတ်စတွန် ဖြစ်ပြီး မင်းသမီးလေးတွေကတော့ Snow White က စနိုးဝှိုက်တို့ Moana ထဲက မိုအာနာတို့ The Little Mermaid ထဲက အေရီရယ်တို့ Rapunzel ထဲက ရာပန်ဇယ်တို့နဲ့ The Princess and the Frog ထဲက တီအာနာတို့က ပါဝင်ထားကြတာပါ။ ဇာတ်လမ်းလေးကတော့ ဂတ်စတွန်ဟာ မှော်ကြေးမုံနဲ့အတူ မှော်ဝင်ပစ္စည်းတွေကို လိုက်သိမ်းပိုက်နေပြီး ကုန်းမြေတွေကို အပိုင်စားရနေတော့ အေရီရယ်ရဲ့အဖေဖြစ်သူ ထရစ်တွန်ရဲ့ သုံးခွမှိန်းကြီးကို လာယူပြီး ပင်လယ်ကိုပါ အုပ်စိုးဖို့ ကြံစည်နေတာပါ။ ဒီမှာတင် တစ်ကမ္ဘာလုံး လူယုတ်မာလက်အောက် မကျရောက်ရအောင် ပင်လယ်ဘုရင်ကြီးက ရဲရင့်တဲ့စစ်သည်တော် ၅ ပါးကို ဆင့်ခေါ်လိုက်တဲ့အခါမှာတော့ စနိုးဝှိုက်၊ မိုအာနာ၊ အေရီရယ်၊ ရာပန်ဇယ်နဲ့ တီအာနာတို့ ရောက်လာပါတယ်။ ဆိုတော့ ဂတ်စတွန်တစ်ယောက် ဒီ သူရဲကောင်း ၅ ယောက်ကို မှော်ကြေးမုံရဲ့ အကူအညီနဲ့အတူ စိန်ခေါ်မှု ၃ ရပ်ကို တာဝန်ပေးလိုက်ပါတယ်။ ဒီ စိန်ခေါ်မှုတွေကို အချိန်မှီလုပ်နိုင်မယ်ဆို ထရစ်တွန်မသေတဲ့အပြင် သူ လက်လျှော့မယ်ဆိုတာဖြစ်ပြီး မအောင်မြင်ရင်တော့ ကုန်းမြေရော ပင်လယ်ပါ သိမ်းပိုက်မယ်လို့ ဆိုလာပါတယ်။ အဲဒါကြောင့် ဒီ မင်းသမီးလေး ၅ ပါးက ဒီအရာတွေကို ကယ်တင်ဖို့အတွက် ရဲတိုက်ထဲမှာ စိန်ခေါ်မှုတွေကို ဖြတ်သန်းရင်း စွန့်စားခန်း ထွက်ရပါတော့တယ်။ LEGO ရုပ်လေးတွေဆိုတော့ ချစ်စရာကောင်းနေပြီး ပျော်ပျော်ပါးပါး စွန့်စားခန်းထွက်ကြတာကို မိသားစုဆန်ဆန် ကြည့်ရှုခံစားရမယ့် Animation ကားလေးပဲ ဖြစ်ပါတယ်။

Drama • Thriller
7.7 2023 47 mins
LEGO Disney Princess: The Castle Quest
Abulele
5.8

Abulele (2015) =========== “တကယ်လည်းမရှိ၊ ရှိခဲ့ရင်လည်း ခင်ဗျားတို့ ကျွန်တော်တို့ မမြင်နိုင်မယ့် ဖြစ်တည်မှုတစ်ခုအကြောင်းပေါ့ဗျာ”။ အစ္စရေးနိုင်ငံ ဂျေရုဆလင်မြို့တော်မှာ ကျောရိုးခံထားတဲ့ လျှို့ ဝှက်ဆန်းကြယ်ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ မြေထဲ ပင်လယ်ဒေသမှာ ကလေးနဲ့ခွေးပဲ အယုံအကြည်ရှိကြတယ်ဆို ပြီး အိပ်ရာဝင်ပုံပြင်တစ်ခုမျှသာ သမုတ်ခံထားရတာကတော့ Abulele ဆိုတဲ့ ရှေးဒဏ္ဍာရီလာသတ္တဝါကြီးတွေပဲဖြစ်ပါတယ်။ အစ်ကိုဖြစ်သူကို ဆုံးရှုံးလိုက်ရပြီးနောက် အိမ်မှာရော ကျောင်း မှာပါအဆင်မပြေဖြစ်ပြီး မဝင်ဆံ့နိုင်သလိုခံစားနေရတဲ့ အာဒမ်နဲ့ ဗုံးခိုကျင်းထဲကသတ္တဝါကြီးတို့ သူငယ်ချင်း​တွေဖြစ်လာကြတဲ့ အခါမှာတော့….. (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi ဖြစ်ပါတယ်) File Size……….(1.2 GB) / (436 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 30Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Adventure, Family Translator…….Hnin Wut Yi Encoder……….SWM

5.8 2015 90 mins
Abulele
To Kill a Stepfather

နစ်ကိုးလ်ရေးဟာ ကယ်လီဖိုးနီးယားက ထိပ်တန်းဥပဒေရုံးကြီးမှာ လုပ်ကိုင်နေတဲ့ အောင်မြင်တဲ့ ရှေ့နေတစ်ယောက်ဖြစ်ပါတယ်၊ တစ်နေ့မှာတော့ သူမဟာ သူမရဲ့မွေးစားအဖေဖြစ်သူ လှေကားပေါ်ကနေ တွန်းချခံလိုက်ရပြီး သေဆုံးသွားတဲ့အပေါ် သူမရဲ့အမေဖြစ်သူကို လူသတ်မှုနဲ့ဖမ်းဆီးခံလိုက်ရတာကို သိလိုက်ရပြီးတဲ့နောက်မှာ သူမရဲ့အမေဘက်ကနေ ရှေ့နေလိုက်ပေးဖို့နှင့် ဘာဖြစ်ခဲ့လဲဆိုတာက စုံစမ်းဖို့ ပြန်လာခဲ့ပါတော့တယ်၊ ဒီလိုနဲ့ အမှုအတွက် စတင်စုံစမ်းတဲ့အခါမှာ အဖြစ်အပျက်တွေက သူမထင်သလို မရိုးရှင်းနေဘူးဆိုတာ သူမသိလာရပါတော့တယ်။ သူမရဲ့အမေက တစ်ကယ်ပဲ သူ့မရဲ့မွေးစားအဖေကို သတ်ခဲ့တာလား၊ အပြင်မှာရော တစ်ကယ့်လူသတ်သမားရှိနေတာလား၊ သူမအနေနဲ့ရော ဒီအမှုကို ဘယ်လိုဖြေရှင်းမလဲ၊ အမှန်တရားကိုရောရှာဖွေတွေ့ရှိနိုင်ပါ့မလား ဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.5 GB)/(659 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre…Drama, Tv Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo

0 2023
To Kill a Stepfather
Winners & Sinners
6.8

ပေါကားမဟုတ်တဲ့ ဟောင်ကောင်အက်ရှင်ဇာတ်ကားလေးတွေပြန်တင်ပေးလိုက်ပါတယ် 5 lucky stars seriesထဲက ပထမဆုံးကားလေးဖြစ်တဲ့ Winners and Sinners ပါ။ အဓိကသရုပ်ဆောင်အဖြစ် ကျွန်တော်တို့အကြိုက်ဇာတ်လိုက်မင်းသားကြီး Jackie Chan ကတော့သူ့ရဲ့ပုံစံအတိုင်းပဲလုပ်သမျှအလွဲတွေကြည့်ဖြစ်နေတတ်တဲ့ရဲတစ်ယောက် အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဉ်းလေးဟာဆိုရင်တော့ဖြင့် ခိုးမှု , လုယက်မှု , ပြည့်တန်ဆာခေါင်းလုပ်မှု စသဖြင့် ရာဇတ်မှု အမျိုးမျိုးနဲ့ထောင်ကျသွားတဲ့၅ယောက်ထောင်ထဲမှာတွေ့ကြပါတယ်တကယ်တော့သူတို့ကလည်းပေါတောတော အူတူတူတွေကြည့်စုထားပြီးမမိုက်ရဲ မိုက်ရဲနဲ့၅ယောက်ပေါင်းလောင်းကျော်နေတဲ့သူတွေပါ တစ်ခုရှိတာက သူတို့ထောင်ကလွတ်တဲ့အချိန်မှာသူတို့၅ယောက်နဲ့တစ်ချိန်တည်းလွတ်သွားတဲ့သူတစ်ယောက်ရှိပါတယ်သူကတော့ဖိုက်တာလိုလို ဘာလိုလိုညာလိုလိုနဲ့အထာပေးကြမ်းတဲ့ဘဲကြီးတစ်ကောင်လည်းရက်စေ့ပြီးလွတ်သွားပါတယ်။ ဟို ၅ ယောက်ကရော ထောင်ကလွတ်ပြီးဘယ်တွေသွားကြမလဲ ဘာတွေလုပ်ကြမလဲ ပြီးတော့စီအိုင်ဒီကအလွဲတွေကြည့်လုပ်တတ်တဲ့ စုံထောက်ကျော်ကြီးကိုဂျက်ကီရယ် ၅ယောက်ပေါင်းလောင်းကျော်နေတဲ့ အူတိအူကြောင်ကောင်တွေရယ် ပိုက်ဆံအတုတွေထုတ်ပြီး ဘာညာသာဒကာ လျှောက်လုပ်နေတဲ့ဘဲကြီးရယ်ဘာတွေဆက်ဖြစ်ကြမလဲ ကြည့်ကြပါစို့ဗျာ ဇာတ်လမ်း အညွန်းကိုတော့ Pyae Xein Sett ကရေးသားပေးတာပါ File size…(2.5 GB)/(1.6 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre…Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Shoon Thu Thu Chain

6.8 1983
Winners & Sinners
Honey, I Blew Up the Kid
4.9

Honey, I Blew Up the Kid (1992) ======================= ဒုတိယ ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း နည်းနည်းလေးတော့ fail နေမယ်။ fail fail လေးပဲ ကောင်းပါတယ် ဆိုသလိုပါပဲ။ Honey I Shrunk the Kids ရဲ့ အောင်မြင်မှုနဲ့ဝင်ငွေကိုတော့ မမီခဲ့ပေမဲ့ အခုကားလည်း ဆက်လက်အောင်မြင် ခဲ့ပါတယ်လေ။ ပြောရရင် မိသားစုကား သိပ္ပံစိတ်ကူးယဉ်ကားတွေ ရလေ့ရှိတဲ့ အောင်မြင်မှုကိုတော့ တင်းပြည့်ကျပ်ပြည့် ရခဲ့တယ်ပေါ့ဗျာ။ ပထမကားကို မမီရကောင်းလားလို့တော့ အပြစ်တင်မစောလိုက်ပါနဲ့။ သူက တစ်ခေတ်တစ် ကားဆိုသလို ထူးခြားဆန်းပြား မမျှော်လင့်ဘဲ ပေါက်သွားတာမလို့ ဘေးမဲ့ပေး လိုက်ကြပါ။ ဒီဇာတ်ကားမှာတော့ သိပ္ပံပညာရှင် စလင်စကီ ရဲ့ နည်းပညာကိုယူပြီး နိုင်ငံတော် အဆင့်အနေနဲ့ ထပ်မံမွန်းမံဖို့ လုပ်နေတာပေါ့လေ။ ဒီတစ်ခါကတော့ မချုံ့တော့ ဘူးဗျ။ ကြီးအောင်လုပ်မှာ။ ဒီမှာလည်း သူက အပယ်ခံ သိပ္ပံပညာရှင်‌ပါပဲ။ ဒီလိုနဲ့ စလင်စကီ သားအဖနှစ်ယောက် သားငယ်လေး အာဒမ် ကိုခေါ် ပြီး ဓာတ်ခွဲ ခန်းကို လာပြီးစမ်းသပ်စဉ်မှာ ထုံးစံအတိုင်း အလွဲလွဲအချော်ချော်တွေနဲ့ ကလေး ငယ် အာဒမ် လေးကို ကြီးအောင်လုပ်မိသွားကြတယ်။ လျှပ်စစ်ဓာတ်တွေရတိုင်း အတိုင်းအဆမဲ့ ကြီးနေတာမလို့ ဂေါ်ဇီလာလောက် ကြီး ဖြစ်သွားပါလေရော။ ကလေးအသိဉာဏ်နဲ့ဆိုတော့ တွေ့ကရာ အကုန်ဆွဲ လွှင့်ပစ်နေတော့ မြို့ဖျက်ဂေါ်ဇီလာကြီးလို့ပဲ ပြောပါတော့လေ။ ဒီတော့ စလင် စကီတို့မိသားစု သားငယ်လေးကို ဘယ်လိုပြန်ပြီး သေးအောင်လုပ်မလဲဆိုတာ စိတ်ဝင်ဝစား ကြည့်ရပါဦးမယ်။ ဒီဇာတ်ကားကတော့ ပထမကားလိုမဟုတ်ဘဲ ဗီလိန်ပါလာတယ်ပေါ့လေ။ ဒီတော့ ဗီလိန်ကောင်ကို ကျော်လွန်ပြီး သားငယ်လေး အာဒမ်ကို အန္တရာယ်ကင်းကင်း ဘယ်လိုပြန်ချုံ့ကြမလဲဆိုတာ ကြည့်လိုက်ကြ ရအောင်လားဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Arr Khun Winchester ဖြစ်ပါတယ်) File Size……….(1.85 GB) / (856 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 29Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Adventure, Comedy, Family Translator…….Arr Khun Winchester Encoder……….SWM

4.9 1992
Honey, I Blew Up the Kid
Freud’s Last Session
6

Freud’s Last Session (2023) ~ IMDb – 6/10, RT – 45%, Meta – 49% ~ စိတ်ပညာအကြောင်းပြောတာဖြစ်ဖြစ် စိတ်ပညာကို ကိုးကားပြောတာဖြစ်ဖြစ် သူမပါရင်မပြီးတဲ့ ဆစ်ဂမန်ဖရွိုက်အကြောင်း နောက်ဆုံးအချိန်ကို ရိုက်ပြထားတဲ့ ရုပ်ရှင်ပါပဲ။ တိတိကျကျပြောရရင် ဒုတိယကမ္ဘာစစ်ဦးအစကာလမှာ ခံတွင်းကင်ဆာဝေဒနာကြောင့် သူ့ကိုယ်သူသတ်မသေခင် သုံးပတ်လောက်အလိုမှာ ဆစ်ဂမန်ဖရွိုက်ဟာ အောက်စ်ဖို့က ဒွန်တစ်ယောက်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့အ‌ကြောင်းကိုရိုက်ပြထားတာ‌ပေါ့။ သူနဲ့ အဲဒီလိုတွေ့ခဲ့တဲ့သူကို The Chronicles of Narnia စာအုပ်တွေကိုရေးခဲ့တဲ့ စီအက်စ်လူးဝစ်လို့ ဒီရုပ်ရှင်ထဲတော့ ပြထားပေမဲ့ တကယ်တမ်း သူနောက်ဆုံးတွေ့ခဲ့တဲ့သူက အောက်စ်ဖို့ဒွန်ဆိုတာကလွဲ ဘာမှမသိခဲ့ရဘူး။ ဘာအကြောင်းဆွေးနွေးကြသလဲဆို သမိုင်းရဲ့အကြီးကျယ်ဆုံးပဟေဠိအကြောင်း။ ဘုရားသခင် ဘယ်လော ဘာလောပေါ့။ ဖရွိုက်က မယုံကြည်သူအမြင်ဘက်က ဆွေးနွေးပြီး လူးဝစ်ကတော့ ယုံကြည်သူအမြင်ဘက်က ဆွေးနွေးတယ်။ ဘုရားသခင်ကို ယုံတဲ့ယုံကြည်ခြင်းနဲ့ ဘုရားသခင်ကိုမယုံတဲ့ ယုံကြည်ခြင်းကြားက စကားရည်လုပွဲလို့ပြောလည်းရတယ်။ ဒီရုပ်ရှင်က 12 Angry Men တို့ The Man from Earth တို့လို တစ်ကားလုံး အခန်းတစ်ခန်းတည်း စကားထိုင်ပြောနေရင်းနဲ့ကို ပြီးသွားတဲ့ ရုပ်ရှင်မျိုးပဲ။ ဗုံးကြဲမယ့်ကြေညာချက်ထွက်လာလို့ ဗုံးခိုကျင်းကို သွားရှောင်တာတို့ သူတို့အတိတ်က အဖြစ်တွေကို Flashback ပြန်ပြတာတို့တော့ နည်းနည်းပါတယ်။ အဲဒါကလွဲ တစ်ကားလုံးစကားများရင်းနဲ့ကိုပြီးသွားတော့ ဒီလိုကားမျိုးကို ကြိုက်တဲ့လူတွေအတွက်ပဲ အဆင်ပြေလိမ့်မယ်။ တစ်ခုရှိတာက သူတို့ပြောနေတဲ့ အဓိက Topic က ဘုရားသခင်ကို ဦးတည်နေတာပေမဲ့ တကယ်တမ်း သူတို့ဆွဲထည့်ရတော့ နတ်ဘုရားတွေ ဘာတွေအထိပါပါလာသလို လူးဝစ်က ခရစ်ယာန်ဖြစ်နေလို့သာ ဒီ Topic က ဘုရားသခင်ကို ယုံခြင်းမယုံခြင်းဘက်သွားနေပေမဲ့ စကားလုံးအများစုကတော့ ဘာသာတရားအားလုံးနဲ့ ချိတ်ဆက်လို့ရနေတာများတယ်။ ဒါပေမဲ့ ဒီဇာတ်လမ်းရဲ့၂နာရီလုံး သူတို့ဒီအကြောင်းပြောနေကြပေမဲ့ တကယ်တမ်း အဖြေမထွက်သွားသလို ဖရွိုက်ကိုယ်တိုင်လည်း သမိုင်းရဲ့အကြီးကျယ်ဆုံး ပဟေဠိကို အဖြေထွက်မယ်ထင်နေခဲ့တဲ့ ငမိုက်သားတွေလို့ သူ့ကိုယ်သူပြန်ပြောသွားခဲ့တယ်။ ဒါပေမဲ့လည်း ဘာသာတရားတွေနဲ့ ပတ်သက်တဲ့ အမြင်တွေကို ပြောသွားတာတော့ ဘယ်သူ့အတွက်ပဲဖြစ်ဖြစ် စိတ်ဝင်စားဖို့ကောင်းနေလောက်မယ်။ ဒါအပြင်တော့ လူးဝစ်ရဲ့ နာနီယာရဲ့ ဖြစ်တည်ခြင်းကို စေ့ဆော်ပေးခဲ့တယ်လို့ ယူဆရတဲ့ ဇာတ်ဝင်ခန်းတွေ၊ သူ့သမီးနဲ့သူနဲ့ကြားက ဆက်ဆံရေး၊ ဖရွိုက်နဲ့ ဂျာမန်အသိုင်းအဝိုင်းရဲ့ဆက်ဆံရေး၊ သူ့သမီးရဲ့ စိတ်ရောဂါ၊ နောက် လူးဝစ်ဘက်ကဆို Lord of the Rings စာရေးဆရာ J. R. R. Tolkien နဲ့ လူးဝစ်တို့ရဲ့ စာပေဆွေးနွေးတဲ့အဖွဲ့ The Inklings အကြောင်းတို့ J. R. R. Tolkien အကြောင်းနည်းနည်းတို့ ထည့်သွားတယ်။ ဖရွိုက်ကိုယ်တိုင်ကလည်း Tolkien ကို ဉာဏ်ကြီးရှင်ဆိုပြီး ချီးးကျူးသွားခဲ့တယ်။ ဒီရုပ်ရှင်နဲ့ ပတ်သက်ပြီး ပုဂ္ဂလိကအမြင်အရ သဘောအကျဆုံးအချက်ကတော့ ဆစ်ဂမန်ဖရွိုက်ဆိုတဲ့ ကြီးကျယ်မြင့်မြတ်တဲ့ စိတ်ပညာရှင်ကြီးကို သာမန်လူထက်ပိုတာဆိုလို့ စိတ်ပိုင်းဆိုင်ရာသီအိုရီတွေကိုသိနေပြီး ကောင်းကောင်းပြောတတ်ဆိုတတ်တာကလွဲလို့ သာမန်လူတစ်ယောက်ပဲ ဖြစ်နေတယ်ဆိုတဲ့ ပုံစံနဲ့ပြသွားတာကိုပါပဲ။ ဖရွိုက် ခံတွင်းကင်ဆာကျွမ်းနေတဲ့ နောက်ဆုံးအချိန်မို့ သူ့စိတ်က ပိုပြီးမြင်သာနေတာလားတော့ မပြောတတ်ဘူး။ ဘာပြောပြော ဖရွိုက်ကို ခင်ဗျားတို့ ကျွန်တော်တို့လို ကြောက်တတ် ဒွိဟဖြစ်တတ် အတ္တကြီးတတ်တဲ့ လူတစ်ယောက်အနေနဲ့ပဲပြသွားတယ်။ ဖရွိုက်ကိုယ်တိုင်ကလည်း သူ့ကိုယ်သူ အမှားတွေရှိတဲ့ အားနည်းချက်တွေရှိတဲ့ လူထဲကလူလို့ပဲ ပြောသွားခဲ့တာပါပဲ။ ဒီရုပ်ရှင်ကို လက်ရှိဟောလိဝုဒ်ရဲ့ ခေါင်းဆောင်မင်းသားနေရာက သရုပ်ဆောင်ကြသူတွေထဲ သမ္ဘာအရင့်ဆုံး အခုထိလည်း အစွမ်းပြနေတုန်းဖြစ်တဲ့ Anthony Hopkins နဲ့ ဒီမှာတော့ လူသိသိပ်မများပေမဲ့ သရုပ်ဆောင်တော်တော်ကောင်းတဲ့ Matthew Goode က အဓိကသရုပ်ဆောင်ထားတယ်။ မက်သရူးဟာ Leap Year, The Imitation Game, Watchmen တို့လို ရုပ်ရှင်တွေမှာ သရုပ်ဆောင်ဖူးပြီး မနှစ်ကတော့ The Offer ထဲက Bob Evans ဇာတ်ကောင်နဲ့ ကျွန်တော်တို့ သိပ်ကြိုက်ခဲ့ရတဲ့ဘဲပေါ့။ Armand Nicholi ရဲ့ Question of God ကို အခြေတည်ထားတဲ့ ပြဇာတ်တစ်ပုဒ်ကို ပြန်ရိုက်ထားတာဖြစ်ပြီး ဖရွိုက်ကို စိတ်ပညာကို ဘာသာရေးတွေကို စိတ်ဝင်စားတဲ့လူတွေအတွက်တော့ ဒီရုပ်ရှင်ဟာ ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ ဒါပေမဲ့လည်း ဇာတ်ဟာ ဘယ်မှမရောက်သလို တုံးတိကြီးဖြစ်နေတဲ့အပြင် သူပြောခဲ့သလို သူတို့ဆွေးနွေးခန်းကလည်း ဘယ်ကိုမှမရောက်သွားတော့ ရုပ်ရှင်တစ်ကားအနေနဲ့တော့ ဇာတ်အိမ်တော်တော်ချာတယ်ပြောရမှာပါပဲ။ ဒါကြောင့်လည်း ဝေဖန်ရေးသမားတွေတော့ သဘောမကျခဲ့ကြဘူး။ ဘာနေနေ ဒီရုပ်ရှင်ဟာ စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေနဲ့ ဆစ်ဂမန်ဖရွိုက်အကြောင်း ဖစ်ရှင်တစ်ပုဒ်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 880MB Quality – 1080p, 720p IMDb Rating – 6/10 Format – mp4 Duration – 1H 48Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6 2023 109 mins
Freud’s Last Session
Aranmanai
5.3

Aranmanai (2014) “ကျိန်စာသင့်ကလဲ့စား” IMDb 5.3 ရုံတင်ငွေ သန်း ၂၂၀ ရခဲ့တဲ့ နာမည်ကြီး တမီးလ် ဟာသသရဲကား လေးကားမှ ပထမဆုံးရုပ်ရှင်ကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် မြို့စွန်တစ်နေရာက ခမ်းနားလှတဲ့ ဘိုးဘွားပိုင်စံအိမ်ကြီးတစ်လုံးရှိတယ် ဘယ်သူမှမနေတာကြာပြီဖြစ်တဲ့ ဒီအိမ်ကြီးကို အိုက်ယာနာ ဆိုသူက ဝယ်ဖို့လုပ်လာတော့ စံအိမ်ကြီးရဲ့ အမွေခံသားသမီးသုံးယောက်ရဲ့ သဘောတူလက်မှတ်ရဖို့ လူလိုက်စုရတယ် တစ်ချိန်က မခေါ်မပြောတဲ့ မောင်နှမတွေလည်း အိမ်ကြီးကို ပြန်လာရတာရှိသလို ဘယ်ကမှန်းမသိတဲ့ စံအိမ်ပိုင်ရှင်အဘိုးကြီးရဲ့ မယားငယ်ရဲ့ မြေးဆိုသူကလည်း ပေါ်လာပါလေရော အမျိုးတွေစုံစုံလင်လင် စုဝေးနေတဲ့ အိမ်ကြီးမှာ ထူးဆန်းတဲ့ သဘာဝလွန်ခြောက်လှန့်မှုတွေ ဆက်တိုက် ကြုံလာရတဲ့အခါမှာ အိမ်ကိုရောင်းဖို့အရေး တစ္ဆေမရဲ့ အတိတ်ဇာတ်လမ်းကို အားလုံးပြန်လည်တူးဖော်ဖို့လုပ်ရင်းက … ဘယ်လိုတွေဆက်ဖြစ်မှာလဲ တမီးလ်သရဲကားတို့ရဲ့ ထုံးစံအတိုင်း အကြောက်တစ်ခါ အဖောက်တစ်လှည့်တင်ဆက်ထားတဲ့ ဇာတ်လမ်းလေးကို အားပေးကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ V ~ ToMo ~ Yunni ~ Zwe Yan ~ KKKZ တို့ ဖြစ်ပါတယ်

5.3 2014
Aranmanai
The Sin

The Sin (2024) ************** ဒီရုပ်ရှင်ဇာတ်ကားလေးကတော့ inter ဘက်မှာ‌ Exhuma ထက် ပိုကောင်းတယ်ဆိုပြီးတော့ Review ပေးခြင်းခံနေရတဲ့ ကားလေးပဲ ဖြစ်ပါတယ်။ Cast တွေအနေနဲ့ကတော့ Kim Yoon Hye, Song Yi-jae, Park Ji-hoon, Lee Sang-ah တို့က အဓိကပါဝင်ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအညွှန်း- သရုပ်ဆောင်ဖြစ်ချင်တဲ့ Shi Young က ‌audition တစ်ခုမှာ အောင်သွားပြီး အကရုပ်ရှင်တစ်ခုရဲ့ အဓိက ဇာတ်ကောင်နေရာကို ရသွားပြီးနောက် ရိုက်ကူးရေးအတွက် ဟိုးတောထဲက စွန့်ပစ်ထားတဲ့ ကျောင်းတစ်ခုဆီကို တစ်ယောက်တည်း သွားဖို့ဖြစ်လာပါတော့တယ်။ ကျောင်းကို ‌‌ရောက်ရောက်ချင်းမှာတင် မကောင်းတဲ့ စွမ်းအင်ကို ခံစားမိပြီး စိတ်မသန့်သလိုဖြစ်ပေမဲ့လည်း အဲဒါကို လျစ်လျူရှုပြီး ရုပ်ရှင်ကို ရိုက်ကူးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီကျောင်းကြီးထဲက မနှိုးလိုက်သင့်တဲ့ အရာတွေရှိနေတာကို မသိလိုက်ဘဲ မတော်တဆ သွားထိမိလိုက်တဲ့ အခါမှာတော့…. အခြေအနေတွေက ရုတ်ချည်းဆိုသလို ပြောင်းလဲ သွားပါတော့တယ် ။ ဒီကားလေးက ရိုးရိုး horror ပုံစံမျိုးမဟုတ်ဘဲ ရိုးရာကျိန်စာတွေ ဖုတ်ကောင်တွေ လူဆိုးဂိုဏ်းတွေ အကျင့်ပျက်ခြစားရဲတွေစသဖြင့် genre မျိုးစုံကိုရောယှက်ပြီး အချိတ်အဆက်မိမိနဲ့ ရိုက်ကူးထားတဲ့ ကားလေးဖြစ်တာကြောင့် အခန်းတိုင်း အခန်းတိုင်းက စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ Low budget ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့အတွက် ရိုက်ချက်တွေက သိပ်မမိုက်ပေမဲ့လည်း Plot twist တွေက အရမ်းမိုက်သလို Interက သူတွေကလည်း အတော်ကို ညွှန်းကြတဲ့အတွက် Exhuma ထက် တကယ်ကောင်းရဲ့လား ကြည့်ရတာတန်ရဲ့လားဆိုတာကိုတော့ ကိုယ်တိုင်ကြည့်ပြီး ဆုံးဖြတ်ဖို့ အကြံပြုချင်ပါတယ်။ (အညွှန်းကိုတော့ Miri မှ ရေးသားထားပေးပါတယ်။) File size…1.6GB / 660MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 40m Genre ….. Thriller, Mystery, Horror, Supernatural Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Miri Stary, Hnin Wai, Treasure Htet & Phyu Sin

0 2024 102 mins
The Sin
The Canterville Ghost
6.1

ကန်တာဗေးလ်ချေ့စ်ဆိုတဲ့ အင်္ဂလန်က အိမ်တော်ဟောင်းကြီးမှာ နှစ်ပေါင်း ၃၀၀ ကျော်ကြာတဲ့အထိ မကျွတ်မလွတ်နိုင်ဘဲ လာနေသမျှလူတိုင်းကို ခြောက်လှန့်နေတဲ့ ယခင်အိမ်ပိုင်ရှင်ရဲ့ ဝိညာဉ် ဆရာဆိုင်မွန် ဆိုတဲ့ သရဲတစ်ကောင်ရှိပါတယ်… နှစ်တွေတော်တော်ကြာသည့်တိုင်အောင် သူ့အစွမ်းအစနဲ့ ခြောက်လှန့်လို့ရနေပြီး ခေတ်အဆက်ဆက်က အိမ်ပိုင်ရှင်တွေ အကုန် အိမ်ပြောင်းပြေးရင်ပြေး မပြေးရင် ရူးသွားကြတဲ့အထိ ရာဇဝင်ရှိခဲ့ပါတယ်… ဒါပေမဲ့ တစ်နေ့ အိမ်ကြီးကိုဝယ်ယူပြီး ပြောင်းရွှေ့လာတဲ့ အမေရိကန်မိသားစုတစ်စုကို ခြောက်လှန့်ဖို့ကြိုးစားတဲ့ အခါမှာတော့ ဘယ်လိုမှအလုပ်မဖြစ်ဘဲ သရဲကိုမကြောက် ကြတဲ့အပြင် သရဲကပါ ပြန်ကြောက်နေရလို့ ဘယ်လိုခြောက်ရင် ကြောက်မလဲဆိုတာ သရဲခေါင်းခြောက်ရတဲ့ အထိပါပဲ… အမေရိကန်မိသားစုက ဘာကြောင့်ဒီသရဲကို မကြောက်ကြတာလဲ… ဒီသရဲကရော ဘာလို့ နှစ်ပေါင်း ၃၀၀ ကျော်ကြာတဲ့အထိ ဒီအိမ်ကြီးမှာ စွဲကပ်ပြီး လာနေသမျှသူတိုင်းကို ခြောက်လှန့် မောင်းထုတ်နေရတာလဲ… နောက်ဆုံးမှာ အမေရိကန်မိသားစုကပဲ အိမ်ပြောင်းပြေးရမလား… သရဲကပဲ လက်မှိုင်ချသွားရမလားဆိုတာကို ဇာတ်ကားလေးဆုံးတဲ့ အထိ ကြည့်ပြီး အဖြေရှာကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်…. File size…1.95GB / 895MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 29m Genre ….. Animation , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chothet_mlmt

Drama • Thriller
6.1 2023
The Canterville Ghost
The Silent Planet
5.5

ယခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Sci-fi/ Thriller အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ် ဒီကားလေးမှာဆိုရင် အခြားသောဂြိုဟ်ပေါ်သို့ အကျဉ်းသားအဖြစ် ပို့ဆောင်ခံရသူ နှစ်ဦးရဲ့ အကြောင်းကို ရှုစားရမှာဖြစ်ပါတယ်.. Niyya ဟာ အိုဝီယန်ဂြိုဟ်သားအမျိုးသမီးတစ်ဦးက ကောက်ယူ မွေးစားထားတဲ့ ကမ္ဘာဂြိုဟ်သားတစ်ဦးဖြစ်ပါတယ် အိုဝီယန်တွေဟာ ကမ္ဘာဂြိုဟ်ပေါ်ကို စစ်ဘေးဒုက္ခသည်အနေနဲ့ ရောက်လာကြသူတွေဖြစ်ပြီး ကမ္ဘာဂြိုဟ်သားများဟာ လိုလို လားလားကြိုဆိုမှုမရှိခဲ့ပါဘူး စစ်ဘေးရှောင်စခန်းများမှာ ကမ္ဘာဂြိုဟ်သားများရဲ့ နှိပ်စက်ကလူပြုမှု ညှင်းပန်းနှိပ်စက်မှုကိုများ ခံစားကြရတဲ့ အိုဝီယန်တွေကို နေ့စဉ်မြင်တွေ့ပြီး ကြီးပြင်းလာသော Niyya ထံသို့ အလားတူအဖြစ်အပျက်မျိုးဟာ မလွဲမရှောင်သာ ကျရောက်လာခဲ့ပါတော့တယ်. ထိုညှင်းပန်းနှိပ်စက်မှုအတွင်း Niyya ကို မွေးစားခဲ့သူ အိုဝီယန် ဂြိုဟ်သားမိသားစုတို့ အသတ်ဖြတ်ခံခဲ့ရပြီး Niyya ဟာ ကမ္ဘာ ဂြိုဟ်သားမိသားစုအိမ်သို့ ပို့ဆောင်ခံရကာ မွေးစားခံခဲ့ရပါတယ် အိုဝီယန်တွေဟာ ကမ္ဘာဂြိုဟ်သားတွေရဲ့ နှိပ်စက်ကလူပြုမှုကို နေ့စဉ်ခံစားနေရပြီး ၎င်းတို့အားသတ်ဖြတ်မှုကို အစိုးရကလည်း မျက်ကွယ်ပြုပေးထားခဲ့ပါတယ် တစ်ဖက်မှာလည်း အစိုးရဟာ တန်းတူညီတူဆက်ဆံရေးအတွက် တက်ကြွလှုပ်ရှားပေးသူများကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးနှိပ်ကွပ်နေခဲ့ပါတယ် ကလေးဘဝကတည်းက စိတ်ဒဏ်ရာနဲ့ ကြီးပြင်းခဲ့သူ Niyya ဟာ အစိုးရအဖွဲ့ဝင်တစ်ယောက်ကို လုပ်ကြံကာ လက်စားချေဖို့ကြိုးစား နေစဉ်မှာပဲ အသွင်ယူရဲတစ်ယောက်ရဲ့ ဖမ်းဆီးခြင်းကို ခံရကာ တစ်သက်တစ်ဂြိုဟ်ပြစ်ဒဏ်ကျခံရပါတော့တယ် ဂြိုဟ်တစ်လုံးကို တစ်ယောက်သာပို့ဆောင် ပြစ်ဒဏ်ပေးသော စနစ်မှာ အလွဲအချော်တစ်ခုဖြစ်ခဲ့ပြီး Niyya ရောက်ရတဲ့ဂြိုဟ်မှာ ရှေ့က ပို့ဆောင်ထားပြီးသား သေလူအဖြစ်သတ်မှတ်ထားတဲ့ Theodore တစ်ယောက်နဲ့ အသက်မသေသေးဘဲ တွေ့ရတဲ့အခါမှာတော့… ဒီဇာတ်ကားလေးဟာဆိုရင် နိုင်ငံပျောက်သူ နေရာပျောက်သူ စစ်ဘေးဒုက္ခသည်တွေရဲ့ ဒုက္ခကို အရိပ်အယောင်ပြ တင်ဆက်ပုံ ဖော်ထားပြီး အကျယ်လောင်ဆုံးသောအသံဖြစ်တဲ့ တိတ်ဆိတ်မှုရဲ့ ကြောက်မက်ဖွယ်ရာအသွင်ကို ရုပ်လုံးဖော်ပြထားလို့ သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်ကြိုက်နှစ်သက်သူ ရုပ်ရှင်ပရိသတ်များ အာသာပြေမြည်းစမ်း ကြည့်ရှုနိုင်ဖို့ ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ…. File size… (1.18 GB) / ( 597 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 35m Genre ….. Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

TV Movie • Comedy • Romance
5.5 2024 95 mins
The Silent Planet
To Me, the One Who Loved You
6.9

To Me, the One Who Loved You (2022) IMDB – 6.9/10, MyAnimeList – 7.4/10 ဒီကားကို မကြည့်ခင် ပထမဦးဆုံးပြောချင်တာကတော့ သူနဲ့အတူတူ တွဲထွက်လာတဲ့ အမွှာရုပ်ရှင် “To Every You I’ve Loved Before” ကို ပစ်ပယ်ထားလို့မရပါဘူး ဘာလို့လဲဆိုတော့ သူတို့နှစ်ကားက အလင်းနဲ့အမှောင်လို ဟန်ချက်ညီစွာ ယှဉ်တွဲနေလို့ပဲ ဖြစ်ပါတယ်။ ဒီတော့ တစ်ခုမေးစရာရှိတာက ဒီနှစ်ကားကို ဘယ်ကားအရင်စကြည့်ရမလဲဆိုရင် ကြက်ဥနဲ့ ကြက်ပြဿနာလို ဖြစ်နေမှာပါ။ ဆိုတော့ကား ပရိသတ်တို့ စိတ်ကြိုက်သာ ကြည့်ကြပါ ဘယ်လိုနေနေအဆင်ပြေပါတယ်။ ဒီ Anime နှစ်ကားတွဲရုပ်ရှင်လေးကတော့ ဂျပန်ရိုးရာမူမပြတ် Multiverse လိုအပြိုင်ကမ္ဘာနဲ့သက်ဆိုင်တဲ့ ထူးဆန်းထွေလာ အယူအဆအကြောင်းအရာတွေကို လူလိုနားမလည်နိုင်အောင် ထည့်ထားပြီး ကြီးမြတ်တဲ့ ချစ်ခြင်းမေတ္တာတရားကို ဖော်ကျူးထားတာပါ။ ဒီကားလေးတွေကို ကြည့်မိတော့ တစ်ခုပြေးမြင်မိတာ အဆိုတော်မင်းသား Jared Leto သရုပ်ဆောင်ထားတဲ့ Mr. Nobody ဆိုတဲ့ ရုပ်ရှင်ကိုပဲ။ အဲဒီကားမှာဆို လူသားတစ်ယောက်ရဲ့ဘဝတစ်ခုမှာ ရွေးချယ်မှုလေးတစ်ခုပြောင်းသွားတာနဲ့ နောက်ဆက်တွဲအကျိုးဆက်က မတူညီတော့တဲ့အကြောင်းကို မော်ဒန်ဆန်ဆန် တင်ပြထားတာပါ။ ဒီကားမှာလည်း ထိုနည်း၎င်းပေါ့လေ… ယခုဒီကားမှာဆို မင်းသားက ကွာရှင်းထားတဲ့ မိဘနှစ်ယောက်ကြား အဖေဘက်ကို လိုက်သွားတဲ့ဇာတ်ကြောင်းဖြစ်ပြီး သူ့အမွှာဖြစ်တဲ့ ဟိုကားမှာကျ အမေဘက်ပါသွားတဲ့ကားလို့ အကျဉ်းချုံးယူဆလို့ရပါမယ်။ သူ့အယူအဆ သီအိုရီသဘောတွေကတော့ ကျွန်တော်တို့အနားမှာတင် သိပ်ပြီး ကွာခြားချက်မကြီးမားတဲ့ အပြိုင်ကမ္ဘာလေးတွေ များစွာရှိနေတယ်ပေါ့လေ။ ဥပမာဆို မနက်စာကို ဒီဘက်ကမ္ဘာမှာ ရှမ်းခေါက်ဆွဲစားပြီး ဟိုဘက်မှာကျ မြီးရှည်စားတယ်ဆိုတာမျိုး။ ကဲ ဒါဆို ဇာတ်လမ်းအကျဉ်းလေးက မင်းသားဖြစ်တဲ့ Koyomi ဆိုတဲ့ကောင်လေးက ငယ်စဉ်ကတည်းက အဖေဖြစ်သူရဲ့ အပြိုင်ကမ္ဘာနဲ့ ပတ်သက်တဲ့ သိပ္ပံသုတေသနဌာနမှာနေရင်း တခြားပညာရှင်တစ်ယောက်ရဲ့သမီးဖြစ်သူ Shiori နဲ့ နဖူးစာရွာလည်ပြီး ဆုံတွေ့ခဲ့ကြတာ။ ဒီလိုနဲ့ နှစ်ဦးသား ငယ်စဉ်ကလေးဘဝကတည်းကနေ နှစ်တွေကြာပြီး သံယောဇဉ်တွေ တိုးပွားပေါက်ဖွားလာချိန်ကျမှ သူတို့ Single မိဘနှစ်ပါးက အချင်းချင်း လက်ထပ်တော့မယ်လို့ ဆုံးဖြတ်လိုက်တဲ့အချိန်ကျ Koyomi တို့နှစ်ယောက်က ဒါဆိုရင်တော့ မဖြစ်ဘူး သူတို့ မူရင်းမိဘတွေ ကွာမရှင်းထားတဲ့ အပြိုင်ကမ္ဘာတွေဆီသွားပြီး နှစ်ဦးသား လက်ထပ်ပေါင်းဖက်ကြမယ်ဆိုပြီး ဉာဏ်ကောင်းပြီး လူကြီးတွေမသိအောင် Parallel World ကို ခိုးသွားကြတဲ့အချိန်မှာ ဘာတွေဆက်ဖြစ်ကြရမလဲဆိုတာကို ကြည့်ရမှာပါ။ တချို့ သိပ္ပံသီအိုရီ ရှင်းပြချက်တွေကို လျစ်လျူရှုပြီး Animation ကောင်းကောင်းနဲ့ပဲ ဇာတ်လမ်းကို ခံစားစီးမျောကြည့်မယ်ဆို ဆွတ်ပျံကြည်နူးလွမ်းမောစရာ မေတ္တာဘွဲ့တေးတစ်ပုဒ်ကို နားဆင်ရသလို ဖြစ်နေမှာတော့ အမှန်ပါပဲဗျာ…။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်) File size… 1.1 GB / 462 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 38m Genre ….. Animation, Romance, Fantasy, Sci-fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Thura Aung

Animation • Adventure • Comedy • Family • Fantasy • Music
6.9 2022 98 mins
To Me, the One Who Loved You