YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

War Horse 2011 WEB-DL 720p [CM].mp4

1.48 GB N/A video/mp4 159 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
In the Name of Love
7.5

In the name of love (2011) ၂၀၁၁ ခုနှစ်တုန်းက အောင်မြင်ခဲ့တဲ့ ဖိလစ်ပိုင် အချစ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအကျဉ်းလေးကတော့ အကသမား အမ်မန်ဆိုတဲ့ ကောင်လေးဟာ သူ့ရဲ့သားလေးပညာရေး အတွက် နိုင်ငံခြားမှာပိုက်ဆံရှာရင်းနဲ့ စီးဒီးစ် ဆိုတဲ့ချစ်စရာကောင်းတဲ့ ကောင်မလေးနဲ့ ဆုံတွေ့ခဲ့ရပါတယ်။ သူတို့ရဲ့အချစ်ခရီးလမ်းဟာ အိပ်မက်တွေနဲ့ အပြည့်ပေါ့။ ပြန်ရောက်ရင် လက်ထပ်ကြမယ် သူ့ရဲ့သားလေးကိုလဲ ကျောင်းကောင်းကောင်းမှာ ထားမယ်ဆိုပြီးပေါ့။ ဒီလိုနဲ့ ပျော်ရွှင်နေခဲ့ရတာကနေ လေဆိပ်မှာ အဖမ်းခံလိုက်ရတာကနေ သူ့ရဲ့ဘဝကြီး ပျက်စီးသွားခဲ့ရတယ်။ သူ့ရဲ့စွန့်ပစ်သွားတဲ့ ကောင်မလေးကို စိတ်နာရင်းနဲ့ပဲ ဖိလစ်ပိုင်ကို ပြန်ရောက်လာတဲ့အခါ ဇိမ်ခံကားကြီးပေါ်မှာ သူ့ကောင်မလေးကို ပြန်တွေ့လိုက်ရတော့ .... ။ မင်းသမီးလေးကြည့်ရင်ကို ဇာတ်လမ်းက တန်နေပြီ လို့ ပြောလို့ရတယ်။ ဒီထက်ပိုကာကတော့ ဇာတ်လမ်းကလည်းကောင်း ဆိုတော့ ပိုအဆင်ပြေတာပေါ့။ ၂၀၁၁ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ ဖိလစ်ပိုင် ကားဆိုပေမဲ့ အနုပညာကတော့ အရှေ့တောင်အာရှမှာ မခေဘူးဆိုတဲ့အထဲကပါ။ "အချစ်ဟူသော အမည်နာမအားဖြင့်" ဇာတ်ကာလေးကို ကြည့်ရှု အားပေးလိုက်ကြပါဦး .... အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 2.5Gb | 1.1GB | 512MB Format… mp4 Duration…. 2h 6min Subtitle…. Myanmar Subtitle (Hardsub) Translator ..... K.Hein Encoder ..... Aaron

Crime • Drama
7.5 2011 115 mins
In the Name of Love
Blaze
5

IMDb Rating - 6.6/10 ရုပ်ရှင်ပွဲတော်တွေမှာ အားပေးမှုနဲ့ Rating ကောင်းကောင်းတွေ ရထားတဲ့ ရုပ်ရှင်ကားကောင်းလေးဖြစ်ပါတယ်။ ၁၂ အရွယ် ဘလေ့ဇ် ဆိုတဲ့ ကလေးမလေး တစ်ယောက်ရဲ့ စိတ်ကူးယဉ်အတွေးတွေနဲ့ ဒုစရိုက်မှုတစ်ခုကိုဘယ်လိုဖြေရှင်းသွားလဲဆိုတာကို ကြည့်ရမှာပါ။ ဘလေ့ဇ်ဟာ တစ်နေ့ကျောင်းကနေအပြန် လမ်းကြားတစ်ခုမှာ ဟန်နာ ဆိုတဲ့အမျိုးသမီး တစ်ယောက်မုဒိမ်းကျင့် အသတ်ခံလိုက်ရတာကို မျက်မြင်တွေ့လိုက်ရပါတယ်။ အိမ်ရောက်တော့ အဖေဖြစ်သူ လုခ်ကို ပြန်ပြောပြီး...ရဲကိုဖုန်းဆက်လိုက်ပါတယ်။ ရဲတွေလည်း ဘလေ့ဇ်ပြောတဲ့ နေရာကိုရောက်သွားတဲ့အခါမှာတော့...ဟန်နာရဲ့ ရုပ်အလောင်းကို တွေ့လိုက်ရပါတယ်။ ဒါပေမယ့် မုဒိမ်းသမားဖြစ်သူ ဂျိတ်ကတော့ ချမ်းသာတဲ့အသိုင်းအဝိုင်းက လူဖြစ်တာကြောင့် ရှေ့နေကောင်းကောင်းတွေ ငှားပြီး တရားရင်ဆိုင် ခုခံဖို့ ပြင်ဆင်လိုက်ပါတယ်။ ၁၂ အရွယ်ကလေးမလေးဟာ စိတ်မတည်ငြိမ်တဲ့ ရောဂါအခြေအနေရှိတယ်ဆိုပြီး တရားခံရှေ့နေရဲ့ အလျှောက်ကောင်းမှုနဲ့ အတူ ဂျိတ်လည်း အပြစ်ကနေလွတ်မြောက်နေပါတယ်။ ဒါပေမယ့် ဘလေ့ဇ်ဟာ အရင်ကလို့ ကြောက်ရွံ့နေတဲ့ ကလေးမလေးတစ်ယောက်မဟုတ်တော့ဘဲ စိတ်ကုထုံးတွေခံယူရင်း ခွန်အားတွေနဲ့တူ ဂျိတ်ကိုဘယ်လိုဖမ်းဆီးသွားမလဲ ဆိုတာကို ဆက်လက်စောင့်ကြည့်ရှုစားလိုက်ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size..........(1.6 GB) / (590 MB) / (338 MB) Quality............Web-DL 1080p / 720p / 480p Duration.........1Hr 41mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Crime, Drama Translator.......Thiha Yan Naing Encoder..........SWM

Drama • Romance
5 2022 101 mins
Blaze
Jogi
6.6

Netflix မှ Rating အကြမ်းစားနဲ့ အဆိုတော်၊ မင်းသားကြီး Diljit Dosanjh ရဲ့ ဇာတ်ကားလေးထွက်ရှိလို့လာပါပြီ ဒီကားက ၁၉၈၀ ခုနှစ်ဒေလီမြို့မှာဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်မှန်သမိုင်းကြောင်းကိုအခြေခံရိုက်ကူးထားပြီး အကမပါ အိုဗာမပါ မိတ်ကပ်ခြယ်သမှုမပါဘဲ ရင်တစ်နင့်နင့်နဲ့ ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် ထိုခေတ်ထိုအခါကအသက်ရှင်ကျန်ရစ်ခဲ့တဲ့လူတွေရဲ့ အင်တာဗျူးတွေမှာလည်း ကိုယ်စီကိုယ်စီ ရင်နင့်စရာဇာတ်လမ်းတွေကြောင့် အိ န္ဒိယသမိုင်းဝင်ဖြစ်ရပ်ကို Netflix မှ ပြန်လည်ပုံဖော်တင်ဆက်ထားခြင်းပဲဖြစ်ပါတယ် ----------- ဒေလီမြို့မှာ ငြိမ်းချမ်းတဲ့ဆစ်ခ်ဘာသာဝင်လူမျိုးတွေနေထိုင်တဲ့မြို့တစ်မြို့ရှိပါတယ် တွေ့သူတိုင်းနှုတ်ဆက်ပျုငှာတတ်ကြပြီး အုပ်စုဖွဲ့ဆော့ကစားတတ်ကြတဲ့ကလေးတွေကလည်း မြို့ရဲ့ဆည်းလည်းသံအလား သာယာနေတတ်ပါတယ် ဒီမြို့မှာဆို ဂျိုဂီက မသိသူမရှိ ဖော်ရွေတတ်သူကြီးပေါ့ အစ်မဖြစ်သူရဲ့သားလေး ပရက်ရဲ့မွေးနေ့ပွဲအတွက် တစ်အိမ်လုံးပြင်ဆင်စရာရှိတာပြင်ဆင် တစ်ရပ်ကွက်လုံးပတ်ဖိတ်ထားပြီး ညနေခြောက်နာရီမှာမွေးနေ့ပွဲကျင်းပဖို့ တာစူနေကြပါတယ် ခြောက်နာရီမတိုင်ခင်တော့ ကျောင်းတက်တဲ့လူကတက် |အလုပ်သွားတဲ့လူကသွားပေါ့ ဒါပေမယ့် အဲဒီနေ့မှာပဲ သူတို့ပျော်ရွှင်စရာတွေအဆုံးသတ်သွားမယ်ဆိုတာ ဘယ်သူမှမသိခဲ့ကြပါဘူး အကြောင်းကတော့ အိန္ဒိယနိုင်ငံရဲ့မိခင်အဖြစ်သတ်မှတ်ခံထားရတဲ့ ဝန်ကြီးချုပ်ကလုပ်ကြံခံလိုက်ရလို့ပါပဲ လုပ်ကြံတဲ့လူတွေကလည်း ဆစ်ခ်လူမျိုးနှစ်ယောက်ဆိုတော့ တစ်မြို့လုံးက ဆစ်ခ်လူမျိုးတွေအပေါ် အမုန်းတရားတွေစုပြုံပြီး မြင်သမျှသတ်ဖြတ် မီးရှို့ရင်း ပျော်ရွှင်စရာဒေလီမြို့လေးက မီးလောင်ပြင်တွေ အော်ဟစ်ငိုယိုသံတွေနဲ့တစ်မဟုတ်ချင်း ပြည့်နှက်သွားခဲ့ရပါတယ် ထုံးစံအတိုင်း နိုင်ငံရေးရဲ့နောက်ကွယ်မှာဖုံးကွယ်မှုတွေ ရှုပ်ထွေးမှုတွေရှိနေတတ်တော့ ရာနဲ့ချီပြီးပြေးပေါက်ပိတ်နေတဲ့ဆစ်ခ်လူမျိုးတွေကို လူမျိုးဘာသာမတူတဲ့ လူသုံးယောက်က ကယ်တင်သွားမယ့်ပုံတွေကို အသည်းတစ်ယားယားကြည့်ရှုရမှာပဲဖြစ်ပါတယ် သူတို့တွေလွတ်မြောက်သွားကြမှာလား အရင်လို ပျော်ရွှင်စရာဒေလီမြို့လေးကိုပြန်ရနိုင်မလား ဆိုတာတော့ လက်မလွှတ်တမ်းကြည့်ရှုလိုက်ကြပါရှင် File size…1.8GB / 819MB Quality…1080p NF WEB DL / 720p Format…mp4 Duration….1h 56m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL & Allena & Yunni

Action • Thriller
6.6 2022 116 mins
Jogi
Pure Japanese
7.6

ဒီရုပ်ရှင်က ဂျပန်ရဲ့ကပြားယဉ်ကျေးမှုတွေနဲ့ မျက်မှောက်ခေတ်ရဲ့ပြဿနာတွေကို မေးခွန်းထုတ် ဆန်းစစ်ထားတယ်လို့ ဆိုကြပါတယ်။ ဂျပန်စစ်စစ်တစ်ယောက်ဖြစ်ဖို့ ဘယ်လိုအရာတွေနဲ့တိုင်းတာကြမှာလဲ။ ဒီလို လူမျိုးစစ်စစ် ဖြစ်ခြင်း မဖြစ်ခြင်းက ပုဂ္ဂိုလ်ရေးဘဝနဲ့ စိတ်အခြေအနေတွေအပေါ် သက်ရောက်မှုတွေရှိနေတဲ့အကြောင်းအရာတွေ ပါဝင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့... စတန့်မင်းသား "တတေးရှိ"က ဟောလိဝုဒ်မှာ ရုပ်ရှင်ရိုက်ကူးရင်း ရိုက်ကွင်းမှာ မတော်တဆမှုတစ်ခုနဲ့ ကြုံခဲ့ရပါတယ်။ သူ့ရဲ့ရှေ့မှာ လူတစ်ယောက်သေဆုံးသွားတာကိုမြင်ပြီး စိတ်ဒဏ်ရာရကာ ရိုက်ကူးရေးဆက်မလုပ်နိုင်ဘဲ ဂျပန်ကိုပြန်လာခဲ့ပါတယ်။ ဂျပန်မှာတော့ စတိတ်နဲ့ဖျော်ဖြေလေ့ရှိတဲ့ ဖျော်ဖြေရေးအဖွဲ့ထဲဝင်ပြီး တိုက်ခိုက်ရေးကကွက် ဟန်ရေးပြအလုပ်ကို လုပ်နိုင်ဖို့ကြိုးစားနေတာ ၆လရှိပါပြီ။ ဒါပေမဲ့ အတိတ်ကစိတ်ဒဏ်ရာကြောင့် ပြကွက်ကို ပိုင်ပိုင်နိုင်နိုင်မလုပ်နိုင်သေးပါဘူး။ တစ်နေ့တော့ ဘားတစ်ခုမှာ အထက်တန်းကျောင်းသူ အယုမိကို ရာကူဇာဂိုဏ်းကလူက နှိပ်စက်နေတာကို ဝင်ကယ်တင်ရာကနေ သိကျွမ်းသွားခဲ့ပါတယ်။ ရာကူဇာတွေက အယုမရဲ့ ခြံကွက်ကို ရေပူစမ်းစီမံကိန်းအတွက် လိုချင်နေခဲ့တာပါ။ အတိတ်က အနိဌာရုံတွေဆီကနေ ရုန်းထွက်ပြီး စိတ်တည်ငြိမ်အောင်ကြိုးစားနေရတဲ့ တတေးရှိတစ်ယောက် အယုမိကို ရာကူဇာတွေရန်ကနေ ကာကွယ်ဖို့ဖြစ်လာတဲ့အခါမှာတော့... ခွန်အားသုံးပြီး ကြမ်းတမ်းရက်စက်တဲ့နည်းနဲ့ လူတစ်ယောက်ကို ကာကွယ်ပေးတာက တခြားသူတွေကိုယ့်ကိုလက်ခံလာစေမဲ့နည်းလမ်းလို့မြင်လာတဲ့ တတေးရှိတစ်ယောက် ဘာတွေဆက်ဖြစ်မှာလဲ ဆက်လက်ရှူစားကြပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Ingyin San မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.41GB, 654MB Quality - 1080p, 720p IMDb Rating - 5.9/10 Format - mp4 Duration - 1H 28Min Genre - Action, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Chuck

Horror • Thriller
7.6 2022 88 mins
Pure Japanese
Three Times
7.1

Directed by Hou Hsiao-Hsien တမြေ့မြေ့အောက်မြေ့ခြင်းကြားက ငါတို့ရဲ့ အခါခါလွဲခဲ့ကြခြင်းတွေ။ ပထမဆုံးရက်‌စွဲတစ်ဖြစ်လည်း နောက်ဆုံးရက်စွဲမှာ တို့ရဲ့အနက်ရောင်ဖဲထီးကလေးပေါ်မှာ မိုးရိပ်တွေလည်းဖြာလို့။ တစ်ခါတလေကျ နဖူးစာဟာ ကံကြမ္မာဆိုတာထက် ပိုပါတယ်။ ဆန္ဒ‌ပေါ့။ မနီးစပ်ခြင်းတွေကို အနီးဆုံးဆွဲကပ်ပစ်လိုက်နိုင်တာ လူနှစ်ယောက်ရဲ့ နီးစပ်ချင်စိတ်ပဲမို့လား။ သုံးခေတ်သုံးဖန် သုံးကြိမ်သုံးလီ နီးလာခြင်း‌ ဝေးသွားခြင်း မျက်ရည် မိုးစက်များ တိုင်ပေရဲ့ နီယွန်ည နှုတ်ခမ်းဖျားမှာ ခေတ်အဆက်ဆက်ဟာ စုထုံးလို့။ စီးကရက်နဲ့မိုးစက်တွေကို တစ်သားတည်းအဖြစ် မှတ်ယူလိုက်ကြတာပေါ့။ ဘောလုံးနဲ့ ၀င်ကျင်းဟာ ကျူတံရဲ့အတွေ့မှာ ဆုံစည်းကြရမှာပဲမလား။ ငါတို့သာသေချာခဲ့ရင် အရာရာဟာ သေချာနေပြီးသား။ Three Timesဟာ world cinemaရဲ့ leading figure တစ်ယောက်ဖြစ်သလို ထိုင်၀မ် New Wave Cinemaရဲ့ ပဲ့ကိုင်ရှင်တစ်ယောက်ဖြစ်တဲ့ Hou Hsiao-Hsienရဲ့ Second New Waveခေတ်‌အလွန်မှာ ရိုက်ခဲ့တဲ့ကားပါပဲ။ Houဟာ the assassin (2015)နဲ့ ကိန်းမှာ Best Directorဆုရထားတဲ့သူလည်းဖြစ်ပြီး ထိုင်၀မ်ရဲ့ နာမည်ကျော် Artဒါရိုက်တာ စာရင်း၀င်တစ်ယောက်ပါ။ cinematographer ကတော့ In the mood for loveကို ရိုက်ခဲ့တဲ့၃ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ Houနဲ့ ရိုက်နေကျ Mark Lee Ping-bingဆိုတော့ ပြောစမရှိအောင် လှပါတယ်။ Actor Actressတွေကတော့ ကလေးပေါက်စနကတည်းက Edward Yangရဲ့ A brighter Summer Dayမှာ သရုပ်ဆောင်ခဲ့ပြီး ဟောင်ကောင်နာမည်ကျော် ဒါရိုက်တာတွေဖြစ်တဲ့ ဝေါင်ကာဝေးတို့လူတွေရဲ့ လက်စွဲလည်းဟုတ်တဲ့ အန်းလီတို့ ဂျွန်ဝူးတို့လိုလူတွေပါ မကြာမကြာသုံးတဲ့ Chan Chenပါပဲ။ မင်းသမီးကတော့ houရဲ့ လက်စွဲတော် ပုရိသတွေရဲ့ အသည်းစွဲ ရှုကြည်ပါ။ Three Timesဟာ စီနီမာတို ၊ ပါဖောမင့်န် ဘာမှပြောစရာမရှိအောင်လှပြီး ခေတ်သုံးခေတ်ကို Hou စတိုင်နဲ့ အပြိုင်ပြသွားတဲ့ ထိုင်၀မ် Art Fillmအချစ်ကားကောင်းပါပဲ။ 2005မှာ ကိန်းရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ Palme d'Or ဆန်ခါတင်၀င်ခဲ့တဲ့ ရုပ်ရှင်လည်းဟုတ်ပါတယ်။ နယူးယောက်တိုင်းမ်က စာရင်းလုပ် တင်ပြခဲ့တဲ့ ၂၁ရာစုရဲ့အကောင်းဆုံး ရုပ်ရှင် ၂၅ထဲက တစ်ကားလည်းဟုတ်ပါတယ်။ ဟောင်ရဲ့ဟန်ဟာ ၀က၀လိုစတိုင်နဲ့ခပ်ဆင်ဆင်မျိုးကိုမှ ပိုရိုးရှင်းပြီး Realistic ပိုဖြစ်တာမို့ ၀က၀ ပရိသတ်တွေလည်း သဘောကျလောက်မယ့် ထိုင်၀မ် မာစတာပိစ်အချစ်ကားတစ်ကားပါပဲ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(1.3GB) Quality__DVDRip IMDb Rating__6.9/10 Format__mp4 Duration__02:00:00 Type__Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Drama • Mystery • Science Fiction • Thriller
7.1 2005 130 mins
Three Times
Aline
6.8

" My Heart Will Go On " ဆိုတဲ့ တိုက်တန်းနစ်သီချင်းလို့ လူသိများတဲ့ ကမ္ဘာကျော်သီချင်းရဲ့ သီချင်းရှင် Celine Dion ကို မိတ်ဆက်ပေးစရာ မလိုလောက်အောင် လူတိုင်းနီးပါး သိကြပြီးသား ဖြစ်မှာပါ။ နှုတ်ခမ်းဖျားလေးနဲ့တင် High Note တွေကို သီဆိုနိုင်တဲ့ ဒီအမျိုးသမီးကို ကျွန်တော်တို့တွေ ချီးကျူးကြတယ်၊ သဘောကျကြတယ်၊ အားကျကြတယ်။ သူ့ရဲ့ သီချင်းတွေကိုလည်း မြတ်နိုးကြတယ်။ အခုတော့ ဒီအမျိုးသမီးဟာ သူ့ရဲ့ ဘ၀ဇာတ်ကြောင်းကို ရုပ်ရှင်တစ်ခုနဲ့ မှတ်တမ်းအတင်ခံရလောက်တဲ့အထိ အောင်မြင်တဲ့ အကျော်ဇေယျတစ်ယောက် ဖြစ်လာခဲ့ပါပြီ။ ဇရာအိုပြီဖြစ်တဲ့ မိခင်ကြီးရဲ့ မွေးဖွားဖို့ ချီတုံချတုံ ဖြစ်ခဲ့ရာကနေ ဘုရားသခင်ရဲ့ကျေးဇူးတော်နဲ့ မွေးချင်း ၁၄ ယောက်မှာ အထွေးဆုံးလေး အယ်လင်းအဖြစ် မွေးဖွားအမည်တွင်လာခဲ့တယ်။ တစ်ခါကြားရုံနဲ့ စွဲမက်စေနိုင်လောက်တဲ့ အသံပါရမီကလည်း ပါလာခဲ့ပြန်တယ်။ " ကလေးမလေး သီချင်းမဆိုရင် ငါတို့ မလာဘူး " လို့ ပြောယူရလောက်တဲ့အထိ ငယ်စဉ်ကတိုင် လူအများရဲ့ အသိအမှတ်ပြုမှု ချီးကျူးမှုတွေကို ခံယူခဲ့ရသူဖြစ်တဲ့ အယ်လင်းဟာ " အဆိုတော်ကောင်း တစ်ယောက် ဖြစ်ချင်တယ် " လို့ မိခင်ဖြစ်သူကို တစ်နေ့တော့ ပြောလာတယ်။ မိခင်ကိုယ်တိုင် အနီရောင် ဖဲကြိုးလေး ချည်ပေးလိုက်တဲ့ မန်နေဂျာ ဂီကလော့ဒ်ကမာဆီ ပို့လိုက်တဲ့ ကတ်ဆက်ခွေလေးဟာ တစ်ချိန်မှာ ကျော်ကြားလာမယ့် ၁၂ နှစ် အရွယ် အယ်လင်းဆိုတဲ့ ကောင်မလေးရဲ့ ပဏာမခြေလှမ်းတစ်ခုဖြစ်ခဲ့ပါတယ်။ မန်နေဂျာကြီးရဲ့ လမ်းပြကောင်းမှု၊ ကာယကံရှင်ရဲ့ ပါရမီနဲ့ ကြိုးစားမှုတို့ကြောင့် နိုင်ငံကျော်အဆိုတော်ဘ၀ကနေ နိုင်ငံတကာထိ ထိုးဖောက်ဖို့ အခြေအနေတွေ ဖြစ်လာပါတော့တယ် ကနေဒါ အဆိုရှင် အယ်လင်းကနေ ကမ္ဘာကျော်အဆိုတော် စီလင်း ဖြစ်လာပုံ အဆင့်ဆင့်ကို တွေ့မြင်ရမှာဖြစ်ပြီး သူ့ရဲ့ ငယ်ဘ၀နဲ့ အနုပညာလမ်းကြောင်းတစ်လျှောက် ကြိုးစားခဲ့ပုံတွေ အခက်အခဲတွေကိုလည်း ကြည့်ရှုနိုင်မှာဖြစ်လို့ ဒီဇာတ်လမ်းဟာ " Get to know Célin Dion " ဆိုလည်း မမှားပါဘူး။ ဒါ့အပြင် ဝါသနာကြီးသူတို့အတွက်လည်း ခွန်အားပေးမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်လို့ ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ရပါတယ် အညွှန်းကိုတော့ Yoon Sandi Aung က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ JYJ ပဲ ဖြစ်ပါတယ်။ Genre.....Biography, Comedy, Drama Quality….WEB-DL 1080p and 720p and 480p File size…1.5GB and 700MB and 300MB Format…mp4 Duration….2h 8min Subtitle….Myanmar Subtitle (Hardsub) Translator ..... JYJ Encoder ..... August

Action • Adventure
6.8 2020 126 mins
Aline
Operation Mincemeat
6.5

ကင်းစ်မန်းရဲ့ မင်းသားကြီး ကိုလင်ဖာ့သ် နဲ့ Price and Prejudice တို့ Three Musketeers တို့လိုရုပ်ရှင်ကြီးတွေရဲ့ မင်းသား မက်သရူး မစ်ဖက်ဒီရန်တို့ ပါတဲ့ ဒုတိယကမ္ဘာစစ် ဖြစ်ရပ်မှန်ရုပ်ရှင်အသစ်ပါ။ စစ်ပွဲကြီးတွေမှာ လူတွေလက်နက်တွေနဲ့ ရှေ့တန်းမှာ အပြိုင်တိုက်ကြသလို နောက်တန်းမှာလည်း သူလျိုတွေ ထောက်လှမ်းရေးတွေ ဉာဏ်ချင်းပြိုင်ပြီး အပြိုင်ကျဲကြတာလည်း စစ်ပွဲအဆုံးအဖြတ်ဖြစ်လာစေတာကို သိကြမှာပါ။ ဒီရုပ်ရှင်ထဲက အဖြစ်ကတော့ ကမ္ဘာစစ်အတွင်း အကြီးဆုံးအောင်မြင်ခဲ့တဲ့ လှည့်ကွက်ကြီးတစ်ခုဖြစ်ပြီး အင်အားသိန်းချီတဲ့ စစ်ဆင်ရေးကြီးတစ်ခုရဲ့ အသက်လည်း ဖြစ်ခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေးနာမည်က အော်ပရေးရှင်း မင့်စ်မိထ် တဲ့။ မင့်စ်မိထ် ဆိုတာ အသားစင်းကောတွေ အကြာကြီးခံအောင် ထိန်းသိမ်းထားတဲ့အသားတွေကို ပြောတာပါ။ မဟာမိတ်တပ်တွေဟာ ဥရောပစစ်မြေပြင်မှာ နာဇီတွေနဲ့တိုက်ပွဲအတွက် အဆုံးအဖြတ်ဖြစ်စေမယ့် နေရာတစ်ခုဖြစ်တဲ့ စစ္စလီကို ဧရာမထိုးစစ်ကြီး ဆင်နွှဲဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမဲ့ စစ္စလီဟာ ဗြူဟာအရ အရေးပါတာကို ဟစ်တလာလည်း သိထားပြီးဖြစ်လို့ ခံစစ်ကို အကြီးအကျယ်ပြင်ဆင်နေပါပြီ။ ခံစစ်တိုက်စစ်သဘောအရ အင်အားမကွာရင် တိုက်စစ်ဘက်က အကြီးအကျယ်ကျဆုံးတတ်တာမို့ တိုက်ဖို့မဖြစ်နိုင်သလောက်ဖြစ်နေပါတယ်။ ဒီတော့ ထောက်လှမ်းရေးအဖွဲ့က မဟာမိတ်တွေဟာ ဂရိကို တိုက်မယ်လို့ ယုံအောင် လုပ်နိုင်ရင် ဟစ်တလာရဲ့တပ်တွေ စစ္စလီကနေ ဂရိကု ရွှေ့သွားခဲ့ရင်တော့ စစ္စလီတိုက်ပွဲကို အကျအဆုံးနည်းနည်းနဲ့ အနိုင်ရလိမ့်မယ်လို့ အကြံပြုလာပါတယ်။ ဒါပေမဲ့ မဟာမိတ်တွေဘက်က လှည့်စားမှာကိုလည်း ဂျာမနီက မျှော်လင့်ပြီးသားဖြစ်တော့ လှည့်စားတာကို လှည့်စားမှန်းမသိအောင်ဘယ်လိုလှည့်စားမလဲဆိုတာက အကြီးအကျယ်ပြဿနာဖြစ်လာပါတယ်။ ဗြိတိန်ထောက်လှမ်းရေးအဖွဲ့ခွဲရဲ့ အကြံကတော့ ဗြိတိန်တပ်သားအလောင်းတစ်ခုကို ဂျာမန်သူလျိုတွေအများကြီးလည်းရှိတဲ့ ကြားနေနိုင်ငံလည်းဖြစ်နေတဲ့ စပိန်မှာ မျောပြီးရောက်သွားအောင်လုပ်မယ်၊ အဲဒီအလောင်းထဲမှာ မဟာမိတ်တွေ ဂရိကိုတိုက်မယ့် အကြံအစည်တွေ မှတ်တမ်းတွေ အတုထည့်ပေးလိုက်မယ်ဆိုတာပါပဲ။ အဲဒီမှာ ဒီဇာတ်လမ်းရဲ့အဓိက ဇာတ်ကွက်တွေစလာတာပါပဲ။ အလောင်းဟာ ဘယ်လိုအလောင်းဖြစ်ရမလဲ၊ ရင်ခွဲစစ်ဆေးခံရရင် အလိမ်မပေါ်အောင် ဘာတွေပြင်ဆင်မလဲ၊ အလောင်းရဲ့ ရာဇဝင်ကိုလိုက်လာရင် ခိုင် မာအောင်ဘာတွေလုပ်မလဲ၊ အလောင်းမှာပါတဲ့ မှတ်တမ်းတွေဟာ အစစ်ဖြစ်ကြောင်း ယုံအောင်ဘယ်လိုလှည့်စားမလဲ စတာတွေအားလုံးကို တဆင့်ချင်းအသေးစိတ်ပြင်ဆင်ရပါတော့တယ်။ ကျန်တာကိုတော့ ရုပ်ရှင်ထဲမှာ ဆက်ခံစားကြည့်လိုက်ပါဦး။ တစ်ကားလုံး စိတ်ဝင်စားစရာတွေ ရယ်စရာလေးတွေ ရင်ခုန်စရာတွေနဲ့ ပြည့်နေတာမို့ အားလုံးကြိုက်ကြမှာပါ။ File size…(1.4GB)/(830MB)/(323MB) Quality…. 1080p/720p / 480p Webdl Format…mp4 Duration….02:08:00 Genre...Drama/WAR Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....Mr. Anderson

Comedy • Drama
6.5 2022 128 mins
Operation Mincemeat
Martial Universe

အားလုံးသိကြတဲ့ Yang Yang(ယန်ယန်)ရဲ့2018ကထွက်ရှိခဲ့တဲ့ movieလေးကို တင်ဆက်ပေးလိုက်ပါပြီနော် လွန်ခဲ့တဲ့နှစ်ရာကျော်တုန်းက တာအိုသခင်ကြီးက နတ်ဝိညာဉ်စွမ်းအားကျင့်စဉ်ကို ကျင့်ကြံနိုင်ခဲ့ပေမဲ့ အမှတ်မထင် လောကတံခါးကို ဖွင့်ချမိခဲ့တယ်၊ ဒီလိုနဲ့ တစ်ခြားကမ္ဘာခြား မှော်မိစ္ဆာက ရောက်ရှိလာခဲ့ပြီး ကမ္ဘာကြီးကို ကပ်ဘေးစိုက်စေခဲ့တယ်။ ဒီလိုနဲ့ တာအိုသခင်ကြီးက တပည့်ရှစ်ဦးကိုဦးဆောင်ပြီး မှော်မိစ္ဆာကို တိုက်ခိုက်ချိတ်ပိတ်ခဲ့တယ်၊ဒါပေမဲ့ နှစ်ရာချီကျော်လွန်ပြီးနောက်မှာတော့ မှော်မိစ္ဆာက သွေးဆူလာခဲ့တော့တယ်။ မှော်မိစ္ဆာပြန်လည်ထကြွလာတဲ့အခါ ကမ္ဘာကြီးပျက်သုန်းခြင်းကပ်ဘေးဆိုက်ရောက်မှာဖြစ်ပါတယ်။ တစ်ဖန် မှော်မိစ္ဆာကိုသုတ်သင်ရှင်းလင်းဖို့ လူ့ပြည်ဆင်းသက်လာကြတဲ့ တာအိုဆရာအဖွဲ့အစည်းနဲ့ လင်သုန်းဆိုတဲ့ ပေါ့ပျက်ပျက်ကောင်လေးတို့ တွေ့ဆုံခဲ့ကြတယ်၊ အဲ့ဒီအချိန် တာအိုသခင်ကြီးက လင်သုန်းကို အဖွဲ့အစည်းဂိုဏ်းထဲဝင်ပြီး ဂိုဏ်းအကြီးအကဲရာထူးဆက်ခံဖို့ ကမ်းလှမ်းခဲ့ပြီးနောက်မှာတော့ ... -မှော်မိစ္ဆာကိုဘယ်သူကဇီဝိန်ခြွေနိုင်မလဲ -လင်သုန်းကရော ဘယ်လိုရဲစွမ်းသတ္တိလမ်းကိုခင်းမလဲဆိုတာ အသေးစိတ်ကို ဆက်လက်ကြည့်ရှုခံစားပါ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Fantasy Runtime : 1h 21 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Clytie Encoded by LK

Drama • Romance
0 2018 81 mins
Martial Universe
The English Teacher
5.6

ဇာတ်လမ်းအညွှန်း ဒီဇာတ်လမ်းမှာ အဓိကဇာတ်ဆောင်က ကင်းစတန်မြို့ အထက်တန်းကျောင်းက အင်္ဂလိပ်စာဆရာမ လင်ဒါစင်ကလဲရား ဖြစ်ပါတယ်။ သူကတော့ လက်မထပ်ရသေးတဲ့ တစ်ကိုယ်တည်း အပျိုကြီးမမဖြစ်ပါတယ်။ စာပေကိုချစ်မြတ်နိုးပြီး သူသဘောကျတဲ့စာရေးဆရာတွေရဲ့ စာအုပ်တွေ ဇာတ်လမ်းကြောင်းတွေကို သူ့ဘဝရဲ့ အဖော်မွန်အဖြစ် သ‌ဘောထားတဲ့သူပါ။ ပကာသနတွေမလိုဘဲ သူ့ဘဝလေးကို ရိုးရိုးရှင်းရှင်းသာမန်လေးပဲ နေထိုင်နေပါတယ်။ ဒီလိုနေရင်းနဲ့ပဲ သူ သဘောကျတဲ့ယောကျ်ားလည်း မတွေ့သေးဘဲ ရွေးရင်းရွေးရင်း အပျိုကြီးဖြစ်နေတာပေါ့လေ။ ဒီလိုနဲ့ တစ်နေ့မှာ သူ့ရဲ့ကျောင်းသားဟောင်းတစ်ယောက်ဖြစ်တဲ့ ဂျေဆင်ရှာဝုဒ်နဲ့ ပြန်လည်တွေ့ဆုံပါတယ်။ ဂျေဆင်က နယူးရော့ခ်က ပြဇာတ်ရေးစာရေးဆရာတစ်ယောက်ဖြစ်ပြီး စာရေးဆရာတစ်ယောက်အဖြစ်ရပ်တည်ဖို့ လက်လျှော့တော့မယ်ဆိုပြီး ဒီမြို့ကို ပြန်လာခဲ့ပါတယ်။ တစ်ဖက်မှာ ဂျေဆင်ရဲ့ဖခင်ဖြစ်သူ ဒေါက်တာရှာဝုဒ်က ဂျေဆင်ကို ဥပဒေကျောင်းတက်ဖို့ တွန်းအားပေးနေပါတယ်။ ဒီလိုအခြေအနေမှာ လင်ဒါက စာရေးဖို့ လက်လျှော့မယ်ဆိုတဲ့ ဂျေဆင်ရဲ့ အတွေးကို အားပေးဖို့ ဂျေဆင်ရေးထားတဲ့ ပြဇာတ်ကို အထက်တန်းကျောင်းပြဇာတ်ရုံမှာ တင်ဆက်ဖို့ စီစဉ်ပေးပါတော့တယ်။ ဒီလိုနဲ့ လင်ဒါတစ်ယောက်ကတော့ သူ့ရဲ့ comfort zoneလေးကနေ ထွက်ခါမှ သူ့ဘဝမှာ အရှက်ရစရာ ရှုပ်ထွေးတဲ့ကိစ္စလေးတွေဖြစ်လာပါတော့တယ်။ သူစာသင်ပေးဖူးတဲ့ ကျောင်းသားဟောင်းလေးနဲ့ ညှိမိတဲ့ကိစ္စပါ။ ဒီကိစ္စတင်ပဲလား... ကဲ ပြီးပြည့်စုံတဲ့လူရယ်လို့ မရှိလေတော့ လင်ဒါတစ်ယောက် ဘယ်လိုအရှုပ်တွေလုပ်မိတာလဲ ဆိုတာတော့ ဇာတ်လမ်းလေးကြည့်ရှုလိုက်ကြပါဦး။

Drama • Romance • Thriller
5.6 2013 91 mins
The English Teacher
VII XII (Tujuh-Dua Belas)

ဒီတစ်ခါမှာတော့ Action, Adventure, Crime movie လေးတစ်ခု တင်ဆက်ပေးမှာဖြစ်ပါတယ် ဒီဇာတ်ကားလေးကဝောာ့ မလေးရှားမှာ ကလေး ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ရောင်းဝယ်တဲ့အဖွဲ့ သောင်းကျန်းနေတဲ့အချိန်ကို ရိုက်ကူးထားတာဖြစ်ပါတယ် အဒမ်ဆိုတဲ့ကောင်လေးဟာ အဖေရော အမေရော တစ်ခါတည်း ဆုံးရှုံးလိုက်ရပါတယ် သူ့အဖေရဲ့ သေတမ်းစာအရ သူဟာ အ‌မွေတွေအကုန်လုံးကိုရရှိသွားပြီး သူ 18 နှစ်မပြည့်ခင်အထိ သူ့ဒေါ်လေး ဆာဖီယာရဲ့ အစောင့်အရှောက်အောက်မှာနေရမှာပါ တစ်ရက်မှာတော့ အဒမ်တစ်ယောက် လမ်းမှာ လူဆိုးတွေပြန်ပေးဆွဲခံလိုက်ရတဲ့အပြင် ဆာဖီယာကိုလည်း ရဲတိုင်ရင် အဒမ်သေမယ်လို့ ခြိမ်းခြောက်သွားပါသေးတယ် သူ့အဒေါ် ဆာဖီယာဟာဆိုရင်လည်း သာမာန်လူတစ်ယောက်တော့မဟုတ်ပါဘူး ကိုယ်ခံပညာရှင် အားကစားသမားတစ်ယောက်ပါ ဒီလိုနဲ့ ဆာဖီယာတစ်ယောက် ပြန်ပေးဆွဲသမားတွေလက်ထဲက တူလေး အဒမ်ကို လိုက်ကယ်ပါတော့တယ် သူ့ရဲ့တူလေးကို ကယ်တင်နိုင်သွားမှာလား ဆာဖီယာတစ်ယောက် ဘယ်လို‌အခက်အခဲတွေကြုံလာရမလဲဆိုတာကတော့ ကြည့်ရှုပေးကြပါဦးခင်ဗျာ File size…(1.3 GB)/(726 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban

0 2023
VII XII (Tujuh-Dua Belas)
Handsome

Handsome (2023) မီနမ်(လူချောလေး)ဆိုတဲ့ စုံထောက်ဟာ နာမည်ချောပေမဲ့ လူကတော့ မချောနိုင်လို့ တော်တော်အခက်တွေ့နေသူပါ အဲဒါတင်မကဘဲ လုပ်တဲ့ အလုပ်တိုင်းမှာ တော်တော်ကိုးရိုးကားယားနိုင်ပြီး ပြဿနာချည်းဖြစ်နေလို့ အဖွဲ့က မစ်ရှင်တွေမှာ သူ့ကိုချန်ထားချင်ကြပါတယ် တစ်နေ့ယာဉ်တိုက်မှုဖြစ်ပြီး လုံးဝတခြားတစ်ယောက်လူလို ပြောင်းသွားတဲ့အခါမှာ ပြဿနာကပိုကြီးလာပါတော့တယ် အဲဒါကြောင့် အဖွဲ့က အထူးတာဝန်ပေးတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ သူ့ကို အသွင်ယူ စုံစမ်းခိုင်းရင်းကနေ အဲဒီရာဇဝတ်မှုကို ဖမ်းနိုင်မလား အလုပ်မှာ ယုံကြည်မှုပြန်ရမလားဆိုတာ ကြည့်လိုက်ကြပါဦးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။ Genre…..Comedy Quality…. 1080p | 720p File size… 1.1GB | 406MB Format… mp4 Duration….1h 43min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Joyz Encoder …..Aaron

0 2023
Handsome
Leave Her to Heaven
7.6

Leave Her to Heaven(1945) IMDb: 7.6/10 Rotten Tomatoes: 85% Genre: Drama/Film-Noir/Romance သဝန်တိုတယ်ဆိုတာ လုံးဝကိုမကောင်းပါဘူး။ ကိုယ်ကချစ်ဖို့သဝန်တိုပေမယ့် တဖက်လူကိုချုပ်ချယ်သလိုဖြစ်တတ်ပါတယ်။ ဒါတင်မကသေးပဲ သဝန်တိုတဲ့အချိန်မှာ ချလိုက်တဲ့ ဆုံးဖြတ်ချက်တွေဟာလည်း အတ္တဝါဒီအပေါ်ကိုပဲအခြေခံနေပါတယ်။ ဒီရုပ်ရှင်ဟာ ဒါကိုအကောင်းဆုံးပြသသွားတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်ဒီကားကိုဘာသာမပြန်ခင် ဇာတ်ကားအကြောင်း YouTube မှာအရင်ရှာကြည့်လိုက်တော့ကွန်မန့်တစ်ခုမှာ”မင်းသမီး Gene Tierney သတင်းစာကိုချပြီး ပထမဦးဆုံးသူ့မျက်နှာကိုပြလိုက်တဲ့အချိန်အဖေရော၊ တစ်ရုံလုံးရော သူ့အလှမှာ နစ်မြောသွားတယ်” ဆိုပြီး ရေးထားတဲ့ကွန်မန့်လေးတစ်ခုကိုတွေ့လိုက်ပါတယ်။ တကယ်လည်း Gene Tierney ရဲ့အလှကအတော်လေးကိုမှင်သက်ဖို့ကောင်းလှပါတယ်။ ဒီရုပ်ရှင်နဲ့ မင်းသမီးဟာအကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်အကယ်ဒမီဆုကိုဇကာတင်ဝင်ခဲ့ပါသေးတယ်။ သရုပ်ဆောင်မကောင်းမှာတော့ပြောစရာကိုမလိုပါဘူး။ ဇာတ်ညွှန်း အဲလန် ဘီရန့်တ် ဆိုတဲ့အမျိုးသမီးဟာသူလိုချင်တာ ဘာကိုမဆိုရအောင်ယူတတ်တဲ့မိန်းမမျိုးဖြစ်ပါတယ်။ သူဟာရထားပေါ်မှာ စာရေးဆရာ ရစ်ချက်ဒ်ဟာလန်းဒ် နဲ့တွေ့ဆုံခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ နယူးမက္ကစီကိုမြို့က လယ်တောခြံမှာ အနားယူဖို့ဖိတ်ခေါ်ခြင်းခံထားရတဲ့လူတွေဖြစ်ပါတယ်။ အဲလန်ဟာ ကွင်တန် ဆိုတဲ့လူတစ်ယောက်နဲ့စေ့စပ်ပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် အဲလန်ဟာ ရစ်ချက်ဒ်ကိုချစ်မိသွားပြီး ၂ ရက်ထဲနဲ့လက်ထပ်ယူခဲ့ပါတယ်။ ခက်တာက အဲလန်ဟာ ရစ်ချက်ဒ်ဘေးမှာ သူ(မ)ကလွဲပြီး ဘယ်သူမှရှိနေတာမျိုးမကြိုက်ပါဘူး။ သူတို့နှစ်ယောက်ဟာ ရစ်ချက်ဒ်ရဲ့ ညီလေး ဒန်နီရှိတဲ့ ရေကန်ဘေးကတဲအိမ်လေးကို သွားလည်ခဲ့ပါတယ်။ အချစ်ကြီးလွန်းတဲ့ အဲလန် ရဲ့ဒဏ်ကိုရစ်ချက်ဒ်ခံနိုင်ပါ့မလား။ ဘာတွေဆက်ဖြစ်မှာလဲ။သဝန်တိုတတ်တဲ့လူ၊ အတွေးလွန်တတ်တဲ့လူဆိုရင် ဒီရုပ်ရှင်ကိုသဘောကျမှာသေချာပါတယ်။ File size… 2.4 GB / 1.5 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 50m Genre ….. Drama/Film-Noir/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Lucifer Maximoff

7.6 1945
Leave Her to Heaven
Never to Lose
6

Never to Lose (2005) ********************** အက်ရှင် ဖိုက်တင် စုံထောက်ဇာတ်လမ်းတွေကိုမှ ခုံမင်တတ်တဲ့ပရိသတ်ကြီးအတွက် ဒီတစ်ခါမှာတော့ ၂၀၀၅ ခုနစ်ကထွက်ခဲ့တဲ့ နာမည်ကြီး ဝါရင့်မင်းသားကြီးတွေဖြစ်တဲ့ Noryang: Deadly Sea မှ Heo Joon Ho၊ Exhuma, Tazza ထဲမှာ Kim Min-Jun တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဥ်းလေးကတော့.. စုံထောက်ဂင်ဟုံးဂျူဟာ လူသတ်မှုစုံစမ်းစစ်ဆေးရဲဌာနမှာ တာဝန်ထမ်းဆောင်နေပြီး စုံထောက်ဂင်ပါဝင်တဲ့အဖွဲ့ဟာ စွမ်းရည်ဆောင်လျော့ပါးမှုကြောင့် ဌာနတွင်းမှာ မျက်နှာပန်းမလှတဲ့အဖွဲ့ဖြစ်သလို စုံထောက်ဂင်ကိုယ်တိုင်ဟာလည်း အချစ်ရေးမပြေလည်တဲ့အတွက် စုံထောက်အလုပ်ကနေ နှုတ်ထွက်ချင်နေသူပါ။ အဖွဲ့ခေါင်းဆောင်ကလည်း ဌာနတွင်း သတ်မှတ်ထားတဲ့ လုပ်ဆောင်ချက်ရမှတ်ပြည့်မှ အလုပ်ပေးထွက်မယ်ဆိုတဲ့ စကားကြောင့် စုံထောက်ဂင်ခမျာ ဘေးကျပ်နံကျပ်ဖြစ်နေတဲ့အချိန် ကံအကြောင်းထောက်မပြီး မူးယစ်ဆေး အရောင်းအဝယ်သမားတစ်ယောက်ကို ဖမ်းမိရင်း မူးယစ်ဆေး အကြီးအကျယ်ဖြန့် တဲ့ ဂေါင်ကြီးအကြောင်းကို သိလိုက်ရချိန်မှာတော့ စုံထောက်ဂင်တစ်ယောက် လုပ်ဆောင်ချက်ရမှတ်ပြည့်ဖို့ အားသွန်ခွန်စိုက် အမှုလိုက်ပါတော့တယ်။ စုံထောက်ဂင်ရဲ့ ကြိုးစားမှုအရာထင်သွားမလား..။ နောက်ဆက်တွဲ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ အခုပဲ ဇာတ်ကားထဲမှာ ခံစားကြည့်ရှုလိုက်ရအောင်နော်။ (ဇာတ်လမ်းအကျဉ်းကို Thinn မှ ရေးသားပေးထားပါတယ်။) File size…2.65GB / 1.01GB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 53m Genre ….. Action, Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Thinn

6 2005
Never to Lose
The Price Of Happiness Cai Gia Cua Hanh Phuc
6.7

The Price Of Happiness (2024) IMDb Rating (6.7) 2024 ရဲ့ နှစ်ကုန်ပိုင်းမှာ အသစ်ထွက်ရှိထားတဲ့ ဗီယက်နမ်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ လူကုထံအသိုင်းအဝိုင်းကြား လူကုထံမိသားစုကြားထဲက အရှုပ်အရှင်းတွေကို ထုံးစံအတိုင်းတွေ့ရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ မိသားစုတစ်စုကြောင်းကို အခြေခံပြီးရိုက်ကူးထားတာပါ။ မိသားစုဝင်တွေထဲမှာဆိုရင် မိဘနှစ်ဦးဖြစ်သူ လင်မယား၊ သားဖြစ်သူတစ်ယောက်၊ သမီးဖြစ်သူတစ်ယောက်နဲ့ မိခင်ဖြစ်သူရဲ့ အဖေ အဘိုးတစ်ယောက်ပါပါတယ်။ ဇာတ်လမ်းအကျဉ်း ဖခင်ဖြစ်သူ ဒင်ခုံးသွာဟာ ယောက္ခထီးရဲ့ ဗိုမျိုးဆက်ပိုင် လုပ်ငန်းစုကြီးကိုအမွေခံဖို့ အလားအလာရှိနေတဲ့သူတစ်ယောက်ပါ။ နောက်ကွယ်က ဇနီးဖြစ်သူကလည်း သူအသက်ငယ်စဉ်က ချွတ်ခြုံခဲ့တဲ့အမျိုးသားကို ဒီကနေ့ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင် ပံ့ပိုးပေးခဲ့သူပါ။ သားဖြစ်သူကလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ပညာတတ်ပြီး အပျော်အပါးခုံမင်သူပါ။ သမီးဖြစ်သူကတော့ အိမ်ရဲ့အဝေးမှာ ပညာတော်သင်ဖို့အတွက်ထွက်သွားတာ ၆ နှစ်တောင်ရှိပါပြီ။ လူထုအမြင်အပေါ်ယံမှတော့ အားလုံးပြီးပြည့်စုံ​နေပေမယ့်လည်း လေထဲကအိမ်၊ ဖန်နဲ့ဆောက်ထားတဲ့အိမ် ဆိုသလိုပဲ နောက်ကွယ်မှာ ရိုက်ခတ်မှုအကြီးစားတွေပြည့်နှက်နေခဲ့ပါတယ်။ တစ်ချိန်က ပြီးပြည့်စုံတဲ့အိမ်အထောင်အတွက် အစွမ်းကုန်ကြိုးပမ်းခဲ့တဲ့ ဇနီးအတွက် ခင်ပွန်းဖြစ်သူမှာ သစ္စာတရားပျက်ပြားမှုရှိခဲ့ပါတယ်။ ဒါ့အပြင် ဖခင်ဖြစ်သူရဲ့ ကျန်းမာရေးကပိုဆိုးလာပြီး ဆုံးလုနီးနီးဖြစ်သွား၊ သားဖြစ်သူမှာလည်း ဒီကနေ့ခေတ်မှု woke mindset လို့ခေါ်တဲ့ ကိုယ့်ရဲ့မျိုးရိုးဗီဇကိုဆန့်ကျင်တဲ့ identity crisis ဖြစ်ပြီး လိင်တူအမျိုးသားသူငယ်ချင်းကိုချစ်နေ၊ သမီးဖြစ်သူကလည်း တကယ်တမ်တော့ ဖခင်ရဲ့ ရမ္မက်မြူထူမှုတွေကို နာကျည်းပြီး အိမ်ကနေဝေးနိုင်သထက်ဝေးအောင်ထွက်ပြေးသွားတာကို သိလိုက်ရတဲ့အခါမှာတော့… (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size…(1.4 GB) / (800 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:55:24 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

Thriller • Drama
6.7 2024
The Price Of Happiness Cai Gia Cua Hanh Phuc