YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Walker.Independence.S01E08.1080p.CM.mp4

443.98 MB N/A video/mp4 121 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Superman III
5.5

စူပါမန်း ရုပ်ရှင်တွေမှာ အဓိကကျတာကတော့ သူနဲ့ရင်ဆိုင်ရတဲ့ Villain တွေပါပဲ။ ဒီ၁၉၈၃ ခုနှစ်ကထွက်ခဲ့တဲ့ အပိုင်း ၃ မှာလည်း စူပါမန်းရဲ့ villain က တစ်ခြားကမ္ဘာက စွမ်းအားမြင့် ဂြိုလ်သား တွေ နတ်ဘုရားတွေမဟုတ်ဘဲ သာမန် လူတွေပါပဲ။ ၁၉၈၀ နောက်ပိုင်း ကွန်ပြူတာတွေ စခေတ်စားလာတဲ့အခါမှာ ကွန်ပြူတာကို အထူးကျွမ်းကျင်တဲ့ ဂက်စ်ဂေါ်မန်ဆိုတဲ့ လူတစ် ယောက်က သူ့ရဲ့ မဟာအကြံစည်ကြီးမှာ စူပါမန်းက အနှောင့် ယှက်အတားဆီးဖြစ်နေမှာသိတဲ့အတွက် စူပါမန်းရဲ့အားနည်း ချက်ဖြစ်တဲ့ ခရစ်ပတွန်ကျောက်ကို ပုံတူပွားပြီး Evil Superman ဖြစ်အောင် လှည့်ကွက်နဲ့အသုံးချလိုက်ပြီး လူတွေရဲ့ ယုံကြည်အား ကိုးမှုကိုပျက်ပြားအောင်လုပ်ပြီးသွေးခွဲလိုက်ပါတယ်။ ဒီဒုစရိုက် သမား ဉာဏ်ကြီးရှင်ကိုလည်း စူပါမန်းဘယ်လိုအနိုင်ယူသွားမလဲ ဆိုတာကို ကြည့်ရမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ #Christopher Reeve (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size..........(3.0 GB) / (1.0 GB) / (500 MB) Quality............BLU-RAY 1080p / 720p / 480p Duration.........2Hr 05Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Adventure, Sci-Fi Translator.......Thiha Yan Naing Encoder..........SWM

Animation • Family
5.5 1983 125 mins
Superman III
Aśoka
6.4

IMDb Rating (6.6) / Rotten Tomatoes (100%) သမိုင်းမှတ်တမ်းဝင်ဘုရင်တွေထဲမှာ အောင်ပွဲရပြီးနောက် စစ်ကိုစွန့်ပယ်ခဲ့တဲ့ တစ်ဦးတည်းသော စစ်ဘုရင်ဖြစ်သလို ဗုဒ္ဓသာသနာတော်ကို ပြန့်ပွားအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ သီရိဓမ္မာသောကမင်းတဖြစ်လဲ အာသောကမင်းကြီး အကြောင်းကိုရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်လမ်းကြီးဖြစ်ပါတယ်။ မင်းသားကြီး ရှာရွတ်ခန်းနဲ့ မင်းသမီး ကာရီနာကပူးတို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ အချိန်က ခရစ်တော်မပေါ်မီ BC 260 ဝန်းကျင်ကာလတွေဖြစ်ပါတယ်။ အာသောကမင်းဟာ ဗိန္ဓုသာရမင်းနဲ့ ဓမ္မာမိဖုရားတို့ရဲ့သားတော်ဖြစ်ပြီး အိန္ဒိယနိုင်ငံသမိုင်းမှာ ပထမဆုံးသောအင်ပါယာ မောရိယနိုင်ငံတော်ကြီးကိုတည်ထောင်နိုင်ခဲ့တဲ့ စန္ဒဂုတ္တမောရိယ၏ မြေးတော်ဖြစ်ပါတယ်။ဘိုးတော်ရဲ့အင်ပါယာမှာ မသိမ်းပိုက်နိုင်ဘဲ ကျန်ရှိခဲ့တဲ့ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းနဲ့ တောင်ပိုင်းတို့ကို သူ့လက်ထက်မှာ ဆက်လက်သိမ်းပိုက်ဖို့ ကြိုးပမ်းအားထုတ်ခဲ့ပါတယ်... တိုက်ပွဲတိုင်းကို အောင်နိုင်ခဲ့ပေမယ့် အိန္ဒိယအရှေ့ဖက်ကမ်းရှိ ကလိင်္ဂတိုင်း(ယခု အိုရစ်ဆာပြည်နယ်)ကိုဝင်ရောက်တိုက်ခိုက်ရာမှာ ကလိင်္ဂကတိုင်းသားတို့က ရဲရဲဝံ့ဝံ့ပြန်လည်ခုခံတာကြောင့် ခက်ခက်ခဲခဲရင်ဆိုင်ခဲ့ရပြီး လူပေါင်းများစွာ သေကြေပျက်ဆီးပြီးမှ အောင်နိုင်ခဲ့ပါတယ်။အရာအားလုံးပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ အာသောကမင်းကြီးအနေနဲ့ သူ့ရဲ့အောင်နိုင်မှုတွေဟာ လူသေအလောင်းတွေအပေါ်မှာသာရှိတယ်လို့ ကလိင်္ဂကတိုက်ပွဲမှာ ထိတ်လန့်တကြားမြင်တွေ့သွားတဲ့အခါမှာတော့....ချစ်ခြင်းမေတ္တာနဲ့ လူတွေကိုထွေးပွေ့ဖိုအတွက် စစ်ကိုစွန့်လွှတ်ခဲ့ပါတော့တယ်။ ဒီ့နောက်မှာတော့ သူဟာ ဗုဒ္ဓရဲ့ ဓမ္မဖက်မှာပဲ စိတ်ကိုမြုပ်နှံခဲ့ပြီး လူ့လောကကောင်းကျိုးတွေကို တစိုက်မတ်မတ်ဆောင်ရွက်ခဲ့ပါတယ်.... လူမဆန်တဲ့ တင်းကျပ်လွန်းတဲ့ဥပဒေများကို ဖြေလျှော့ပေးခြင်း..တိရိစ္ဆာန်ဘေးမဲ့ဂေဟာများ ဆောက်လုပ်ပေးခြင်း...လမ်းများဖေါက်ပေးခြင်း.. ဆည်မြောင်းတာတမံများ ဆောက်လုပ်ပေးခြင်း စတဲ့ကောင်းမှုတွေကို တိုင်းသူပြည်သားတို့အတွက် ဆောင်ရွက်ပေးခဲ့ပါတယ်... အထူးခြားဆုံးကတော့ တခြားဘာသာများကိုလည်း လွတ်လပ်စွာကိုးကွယ်ခွင့်ပေးခဲ့ခြင်းဖြစ်ပါတယ်။ နိုင်ငံခြားသို့ ဗုဒ္ဓသာသနာပြုများ စေလွှတ်ခဲ့ပြီး သီဟိုဠ်ကျွန်းမှာဆိုရင် ဗုဒ္ဓသာသနာ အထူးပင် စည်ပင်ဖွံ့ဖြိုးခဲ့ပါတယ်။ ဒါကြောင့်လဲ အသောကမင်းကြီးကို ဗုဒ္ဓမှလွဲလျှင် ဗုဒ္ဓသာသနာကို ကမ္ဘာ့ဘာသာကြီးတစ်ခုဖြစ်အောင် အထိရောက်ဆုံးဆောင်ရွက်နိုင်ခဲ့သူလို့ဆိုကြတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားက အာသောကမင်းကြီးရဲ့ဘဝဇာတ်ကြောင်းကိုတင်ဆက်ထားတာမျိုးမဟုတ်ဘဲ သူ့ရဲ့လမ်း သူ့ရဲ့ဓမ္မကိုသာ နှောင်းလူတို့လျှောက်လှမ်းဖို့အတွက် ဖော်ပြတင်ဆက်ထားတာဖြစ်ပါတယ်။ အာသောကမင်းကြီးရဲ့ ဓမ္မဆိုတာကတော့ မန္တန်ရွတ်ဖတ်ပူဇော်ခြင်းနဲ့ ဘာသာရေးဓလေ့ထုံးတမ်းများကို လိုက်နာခြင်းမျိုးထက် လူ့လောက..လူ့အဖွဲ့အစည်းကို မြှင့်တင်ပေးခြင်းနဲ့လူ့လောကကောင်းကျိုးကိုသာ ဆောင်ရွက်ခြင်းမျိုးဖြစ်ပါတယ်...ဒီအယူအဆတွေကို နေရာအနှံ့နှံ့က သူ့ရဲ့ကျောက်စာတွေမှာ ဖော်ကျူးထားခဲ့တာဖြစ်ပါတယ်။ ကဲ..အာသောကမင်းကြီးရဲ့ဖြစ်တည်မှုကို ဒီရုပ်ရှင်လေးနဲ့ခံစားကြည့်ကြပါစို့။ File size…(3.9 GB)/(1.6 GB) Quality….BluRay 1080p/720p Format…mp4 Duration….02:55:45 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Taylor

Action • Drama • Thriller
6.4 2001 175 mins
Aśoka
(18+) Bambola
4.2

Erotic Thriller ပုံစံနဲ့ ဒီအီတလီဇာတ်ကားက နာမည်ကြီးသလို နိုင်ငံတချို့မှာ ပြန်ရိုက်ထားကြတဲ့ Version တွေရှိပါတယ်... 'ကျွန်မ နာမည်က မီနာ ဒါပေမယ့် အားလုံးက ကျွန်မကို ဘမ်ဘိုလာ (အရုပ်ကလေး)လို့ခေါ်ကြတယ်' ဘမ်ဘိုလာက နယ်မြို့လေးတစ်မြို့မှာ စားသောက်ဆိုင်သေးသေးလေးဖွင့်ထားတဲ့ မိခင်နဲ့အတူနေပြီး လိင်တူစိတ်ဝင်စားတဲ့မောင်တစ်ယောက်ရှိတယ်၊ သူ့ရဲ့ငယ်ငယ်လေးကတည်းက အိမ်မက်ကတော့ နယ်မြို့လေးတွေမှာရှိတတ်တဲ့လူငယ်အတော်များများနဲ့ထပ်တူပါပဲ၊ ဒီမြို့လေးကိုစွန့်ခွာပြီး အဝေးတစ်နေရာမြို့ကြီးပြကြီးမှာ အခြေချအောင်မြင်ဖို့ပေါ့။ ဘမ်ဘိုလာဟာ နာမည်နဲ့လိုက်အောင် ချောတယ်၊ အရုပ်ကလေးတစ်ရုပ်လိုလှလွန်းတယ်။ ယောက်ျားတကာကိုဆွဲဆောင်နိုင်ရုံတင်မက ရူးသွပ်သွားအောင်ဖမ်းစားနိုင်တယ်။ အဲ့ဒီအလှအပကပဲ သူ့အတွက် အားသာချက်ဖြစ်သလို အဲ့ဒီအလှအပကပဲသူ့အတွက် အန္တရာယ်ဖြစ်လာပြန်တယ်၊ အဲ့ဒါကတော့ ထောင်ထဲက စရိုက်ကြမ်းတမ်းလှတဲ့လူဆိုးလူမိုက်တစ်ယောက်က သူ့ကိုအရူးအမူးချစ်မိသွားတာဖြစ်ပြီး ပိုဆိုးတာကတော့ ဘမ်ဘိုလာကိုယ်တိုင်အဲ့ဒီလူဆိုးရဲ့ သူ့အပေါ်နိုင်ထက်စီးနင်းအဓမ္မတွေကို စွဲလန်းမိသွားခဲ့တာပါပဲ။ ဒါပေမယ့်..။ Bámbola က ဘာမျှော်လင့်ချက်မထားပဲကြည့်ရမယ့် ပေါ့ပေါ့ပါးပါး cheesy ဖြစ်တဲ့ erotic melodrama ကားလေးတစ်ကားပါ၊ အီတလီနယ်မြို့လေးတစ်မြို့ရဲ့ သာယာလှပတဲ့ရှုမျှော်ခင်းတွေပါမယ်၊ ပီပြင်ကြမ်းတမ်းတဲ့ လိင်ဆက်ဆံခန်းတွေများမယ်၊ ဇာတ်ရုပ်နဲ့လိုက်အောင် မင်းသမီးလေးအရမ်းလှတယ်။ အဲ့ဒီလောက်ဆိုလုံလောက်တာထက်ပိုနေပါပြီ။ File Size : (1.3 GB) Quality : DVDRip 720p Running Time : 01:32:00 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by ALS Encoded by RGB

Action • Adventure • Drama • Romance
4.2 1996 95 mins
(18+) Bambola
The Lodge
6.1

ဟော်ရာ ရုပ်ရှင်အသစ်လေး ကြည့်ရအောင်။ IT ရုပ်ရှင်ထဲက ကလေးသရုပ်ဆောင်လေးလည်း ပါပါတယ်။ ဇာတ်လမ်းအကျဉ်း - သားတစ်ယောက် သမီး ၁ ယောက် ရှိတဲ့ လင်မယား ၂ ယောက်ဟာ ကွာရှင်းဖို့အကြောင်းဖန်လာပါတယ်။ ခင်ပွန်းဖြစ်သူက နောက်မိန်းမလည်း ယူတော့မယ့် အခြေအနေမှာ မိန်းမဖြစ်သူဟာ သူ့ကိုယ်သူ သတ်သေသွားခဲ့တယ်။ နောက်မိန်းမကလည်း ငယ်ငယ်တုန်းက တစ်မိသားစုလုံး ဘာသာရေးအစွန်းရောက်ပြီး သတ်သေသွားခဲ့တဲ့ မိသားစုရဲ့ တစ်ဦးတည်းကျန်ခဲ့တဲ့သူပါ။ အဲဒီနောက်မှာတော့ ခရစ္စမတ်အတွက် တောင်ကုန်းတွေပေါ်က အိမ်ကလေးတစ်လုံးမှာ ကလေး ၂ ယောက်ရယ် မိထွေးလောင်းရယ် အချိန်အတူကုန်ဆုံးဖို့ ကြုံလာခဲ့တယ်။ အဲဒီနောက်မှာတော့ သရဲလေလား၊ လူလေလား၊ ဘယ်သူက သေပြီးဘယ်သူက ရှင်နေတာလဲဆိုတော့ ပဟေဠိတွေနဲ့ ကြောက်စရာတွေ ကြုံလာရပါတော့တယ်။ File Size : ( 1 GB , 314 MB) Quality : WEBRip 720p Running Time : 1 hr 48 min Format : Mp4 Genre : Drama , Horror , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Little Neo Encoded by Moe Myint Lwin

Comedy • Drama
6.1 2020 108 mins
The Lodge
Tokyo!
7

Tokyo! ( 2008 ) တိုကျိုလို့ နာမည်ပေးထားပြီး တိုကျိုမှာပဲ ဇာတ်အိမ်တည် ဂျပန်သရုပ်ဆောင်တွေချည်းသုံးထားတဲ့ ဒီရုပ်ရှင်ကို ဂျပန်မဟုတ်တဲ့ ဒါရိုက်တာသုံးယောက်က ရိုက်ကူးထားတယ်။ ပထမဇာတ်လမ်းတို “Interior Design”ကို ရိုက်တဲ့သူက ပြင်သစ်ဒါရိုက်တာ Michel Gondry, သူ့ကိုနာမည်နဲ့ရုပ်ရှင် တွဲသိချင်သိမှာပေမဲ့ သူက Eternal Sunshine of the Spotless Mind လို မာစတာပိစ်ရုပ်ရှင်ကားရဲ့ ဒါရိုက်တာ။ ဒုတိယဇာတ်လမ်း ” Merde”ကို ရိုက်တာက Leos Carax, သူလည်းပြင်သစ်ပဲ။ ကိန်းကနေ best directorဆုရဖူးတဲ့သူဆိုတော့ မခေတာသိသာပါတယ်။ နောက်ဆုံးတစ်ယောက်ကတော့ အောက်စကာမှာ သမိုင်းတွင်အောင်လုပ်ခဲ့သလို ကိန်းမှာလည်း အမြင့်ဆုံးဆုရခဲ့တဲ့ တောင်ကိုရီးယား ဒါရိုက်တာ ဘွန်းဂျွန်းဟို။ ဒိတ်ဒိတ်ကြဲ၃ယောက် စုထားတယ်ပေါ့။ သူတို့ဟန်တွေက မရိုးရှင်းသလို ဒီထဲက ဇာတ်လမ်းတို၃ပုဒ်ကလည်း တော်တော်ဆန်းတယ်။ ဇာတ်လမ်းအရဆိုရင်တော့ “Interior Design”ဟာ တော်တော်လေးလှတယ်။ ဒါရိုက်တာဖြစ်ဖို့ကြိုးစားနေတဲ့ ယောက်ျားတစ်ယောက်နဲ့ သူ့အတွက် အရာရာစွန့်ထားတဲ့ မိန်းမတစ်ယောက်အကြောင်းပေါ့။ သူ့ကိုယ်သူတစ်ခါမှ အသုံးဝင်တယ်လို့ မခံစားရဖူးတဲ့ မိန်းမတစ်ယောက်ရဲ့အဖြစ်ပေါ့။ လူကနေ ခုံကြီးပြောင်းသွားတာလို အဆန်းကြီးတွေပြပေမဲ့ သူပြချင်တဲ့ အချက်ကို နိမိတ်ပုံနဲ့ပြတယ်လို့ ယူဆလို့ရပါတယ်။ အင်းနားလော့ဂျစ်မပျက်ဘူးပြောရမှာပဲ။ တခြားတစ်နည်းပြောရရင် ငါဘာအတွက်ဖြစ်တည်နေလဲ ရှာဖွေတဲ့ကားပေါ့။ နာမည်ကြီးသရုပ်ဆောင်တွေလည်း ပါသလို Shunji Iwaiလည်း ဝင်သရုပ်ဆောင်ထားတယ်။ Shunji Iwaiက သူ့ရုပ်ရှင်တွေဟာ လူ့ပြည်က နိဗ္ဗာန်တွေလို့ တင်စားရတဲ့အထိ လှပနေတတ်တဲ့ ဂျပန်ရဲ့အတော်ဆုံး ဒါရိုက်တာတွေထဲက တစ်ယောက်။ သူ့ရဲ့ All About Lily Chou-Chouကို မသိတဲ့ အာရှဖန် ရှားတယ်။ ဒုတိယဇာတ်လမ်းက Merde , တိုကျိုရဲ့ရေဆိုးမြောင်းတွေကြားနေတဲ့ လူပေမဲ့ လူမပီတော့တဲ့ သတ္တဝါတစ်ကောင်အကြောင်း။ ဒီဇာတ်လမ်းကတော့ တစ်ခုခုကို မေးခွန်းထုတ်ထားတဲ့ မေးခွန်းလို့ ပြောလို့ရတယ်။ ခြွင်းချက်က ဒီဇာတ်လမ်းထဲက အဓိကဇာတ်ကောင်၂ကောင်က ဂျပန်တွေဟုတ်မနေဘူး။ တတိယဇာတ်လမ်းက ဘွန်းဂျွန်းဟိုရဲ့ “Shaking Tokyo”။ ဘွန်းဂျွန်းဟိုကားလို့ ပြောဖို့ သူက နည်းနည်းနူးညံ့လွန်းနေတယ်။ အချစ်ကားလို့ သွားပြောရင်တောင် ရတယ်။ ဇာတ်လမ်းက ၁၁နှစ်လုံး အိမ်ပြင်မထွက်တဲ့ အိမ်တွင်းပုန်းလူတစ်ယောက်ရဲ့ အိမ်ပြင်ထွက်ဖြစ်သွားတဲ့ ဇာတ်လမ်း။ ဘွန်းဂျွန်းဟိုပီသစွာပဲ ဇာတ်က ခပ်ဆန်းဆန်းလေးဖြစ်နေတယ်။ ဒီဇာတ်လမ်းရဲ့အလှကို အားဖြည့်ပေးထားတာက Yū Aoi။ ချစ်စရာမျက်နှာလေးနဲ့ ဂျပန်အကယ်ဒမီ ဆုအပါအဝင် ဆုပေါင်းများစွာရထားတဲ့ မင်းသမီး။ Art Filmတွေ မနည်းမှာ ပါဝင်သရုပ်ဆောင်ဖူးသလို လက်ရှိထိပ်တန်းမင်းသမီးတွေထဲ အပါအဝင်လည်းဟုတ်တယ်။ ကျွန်တော်တော့ ဂျပန်မင်းသမီးတွေထဲ သူ့သဘောအကျဆုံးပဲ။ ဒီထဲလည်း သူ့ကြောင့် ဘွန်းဂျွန်းဟိုရဲ့ ဇာတ်လမ်းကို သဘောအကျဆုံးဖြစ်သွားတယ်။ Tokyoဟာ အချိန်တိုလေးအတွင်းမှာ ဒါရိုက်တာဆရာကြီး၃ယောက်ရဲ့ တော်တော်လေးဆန်းတဲ့ဇာတ်လမ်းတွေကို မြည်းစမ်းရမယ့် ရှားရှားပါးပါး ရုပ်ရှင်တွေထဲက တစ်ကားပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama, Fantasy Quality…. 1080p | 720p | 480p File size… 2.92GB | 1.08GB | 518MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. August

Fantasy • Horror • Thriller
7 2008 112 mins
Tokyo!
[18+] A Friend’s Wife Sold in Debt
5

(18+) My friend’s wife sold in debt (2022) ဇာတ်လမ်းကတော့ ခေါင်းစဉ်အတိုင်း သူငယ်ချင်း ပေးရမယိ့အကြွေးအစား မိန်းမဖြစ်သူနဲ့ လဲပြီး ပေးလိုက်တာပါ ငွေခဏခဏလိုနေတဲ့ ကောင်လေးက ငွေရှိတဲ့ သူ့သူငယ်ချင်းဆီက ပိုက်ဆံချေးပြီး မပေးနိုင်တော့ သူမိန်းမကို ပေးဖို့လုပ်တာပါ အစကတော့ သူငယ်ချင်းအိမ်မှာ အိမ်အကူ အလုပ်လုပ်ပေးရင်းကနေပဲ သူငယ်ချင်းရဲ့ တဏှာအောက်မှာ မြောပါသွားတဲ့ ဇာတ်ကားလေးပါ ဒါတင်မကသေးဘဲ ပိုက်ဆံချေးတဲ့သူက သူ့ကို ‌ပိုက်ဆံထုတ်ပေးတဲ့ သူ့သူငယ်ချင်းရဲ့ မိန်းမကိုပါ ပြန်စားရင်း အဆုံးပါ မင်းမိန်းမလည်းငါ့မိန်းမ ငါ့မိန်းမလည်း မင်းမိန်းမ ဆိုသလို ဖြစ်သွားတဲ့ ဇာတ်ကားလေးပါ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ရမယ့် ဒီကားလေးကိုတော့ တစ်ယောက်တည်း ကြည့်ဖို့တော့လိုပါမယ်နော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Rookie ပဲ ဖြစ်ပါတယ်။ Genre….. Adult, Drama Quality…. 1080p | 720p | 480p File size… 971MB | 411MB | 184MB Format… mp4 Duration…. 1h 12min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Rookie Encoder ….. Blank

Action • Crime • Thriller
5 2022
[18+] A Friend’s Wife Sold in Debt
Diabolik – Ginko Attacks
5.5

Diabolik – Ginko Attacks (2022) ၂၀၂၁ ခုနှစ်မှာထွက်ခဲ့တဲ့ Diabolik ရုပ်ရှင်ရဲ့ အဆက်ပါ။ ဇာတ်လမ်းကတော့ ဖောက်ထွင်းဝိဇ္ဇာ Diabolik ဟာ အာမန်သရဖူကိုခိုးပြီး အာမန်‌ကျောက်မျက်အားလုံးကို ခိုးဖို့ ကြံစည်တာကနေ စတင်ထားပါတယ်။ ဒါပေမဲ့လည်း ရတနာတွေဟာ စုံထောက်ဂျင်ကိုရဲ့ ငါးစာတွေဖြစ်နေတဲ့အခါ Diabolik တစ်ယောက် ဒုက္ခရောက်ပါတော့တယ်။ ဒုက္ခရောက်ရတဲ့အထဲ ချစ်ရသူဖြစ်တဲ့ အေဗာကပါ ကျောခိုင်းသွားပြီး Diabolik ရဲ့ ပိုင်ဆိုင်မှုအားလုံးကို ရဲတပ်ဖွဲ့က သိမ်းယူသွားခဲ့ပါတယ်။ Diabolik ဟာ ပြေးပေါက်ပိတ်နေပါပြီ။ ဒီလိုခက်ခဲတဲ့အခြေ‌အနေတွေကြားထဲမှာ စုံထောက်ကြီးဂျင်ကိုကပဲ အနိုင်ရပြီး Diabolik ကိုဖမ်းမိသွားမလား။ Diabolik ကပဲ လက်မတင်လေး လွတ်သွားဦးမလားဆိုတာကို စုံထောက်ကားပီပီ လှည့်ကွက်တွေနဲ့ ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားမှာတော့ ပုရိသတွေအားလုံးရဲ့ အသည်းစွဲ ဂန္ထဝင်မမကြီး Monica Bellucci ကလည်း ပါဝင်အားဖြည့်ပေးထားပါသေးတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.15GB, 930MB Quality – 1080p, 720p IMDb Rating – 5.5/10 Format – mp4 Duration – 1H 56Min Genre – Action, Crime Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Adventure • Comedy • War
5.5 2022
Diabolik – Ginko Attacks
My Precious
7.4

My Precious (2023) ကျောင်းတော်ကြီးနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဝေးကွာနေသူတွေ အလွမ်းပြေစေဖို့အတွက် Teen dramaထဲမှာ လျှမ်းလျှမ်းတောက်‌ အောင်မြင်ခဲ့တဲ့ You are the apple of my eyes ရဲ့ thai remake version ‌ဖြစ်တဲ့ My Precious ဆိုတဲ့ ထိုင်းရုပ်ရှင်ကားအသစ်စက်စက်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ Bad Buddy ထဲက Ohm နဲ့ Nanon အပြင် Dangerous romance ထဲက ဟိုက်ပါလေး Chimon နဲ့ Only friendsထဲက စားဘဲလေး Neo ကိုပါ ဗရုတ်သုတ်ခသူငယ်ချင်းတစ်စုအဖြစ် မြင်တွေ့ရမှာပါ။ အတန်းထဲမှာ စာအတော်ဆုံးကျောင်းသားဆိုတာကို ငယ်စဉ်က‌တော့ အားကျတတ်ကြ‌ပေမဲ့ အချိန်တွေကြာတဲ့အထိ အတန်း‌ဖော်တွေ ဆရာ ဆရာမတွေအားလုံး ရင်မှာစွဲကျန်တတ်တဲ့ကျောင်းသားတွေကတော့ အတန်းထဲမှာ ဆိုးပေ့ဆိုတဲ့ ရွှတ်နောက်နောက်ဇိုးတစ်သိုက်ပါပဲ။ တုန် ဒုံ မိုင် ပေါင်နဲ့ ဘန့်ဆို‌တဲ့ သူငယ်ချင်း ၅ ယောက်ဟာ အတန်းထဲမှာ ဆရာဆရာမမှန်သမျှ လက်ရောခြေပါမြှောက်ထားရတဲ့ ဗရုတ်တစ်သိုက်ပါ။ ဒီထဲမှာမှ မနိုင်စိန်ကတော့ ခေါင်းဆောင်ကြီးတုန်ပေါ့။ တစ်နေ့မှာ တုန်တို့အဖွဲ့က ထုံးစံအတိုင်း နတ်ပူးချင်‌ယောင်ဆောင်ပြီး ဆရာမကိုမျက်နှာပြောင်ရာကနေ ကြိမ်စာကျွေးခံရပြီး တုန်တစ်ယောက် အတန်းထဲမှာ အတော်ဆုံးလည်းဖြစ် အတန်းခေါင်းဆောင်လည်းဖြစ်တဲ့လင်ရဲ့ရှေ့မှာ ထိုင်ရဖို့ ဖြစ်လာပါတော့တယ်။ အတန်းရဲ့နံပါတ် ၁ ကျောင်းသူလင်နဲ့ နောက်ကရေရင်နံပါတ် ၁ ချိတ်နေတဲ့ကျောင်းသားတုန်တို့ကတော့ မြင်တာနဲ့တကျက်ကျက်ဖြစ်နေတဲ့ ကြောင်နဲ့ကြွက်ပေါ့။ ဒါပေမဲ့ ကိုယ့်မှာသူ့ကိုမြင်ပါများတော့ စိတ်မှာချစ်ကျွမ်းဝင်ဆိုတဲ့အတိုင်းပဲ ဇိုး ၅ ကောင်တစ်ဖွဲ့လုံးဟာ လင်ကိုမှCrushမိကြတဲ့အခါ…. တစ်ချိန်က ပျော်ခဲ့ဖူးတဲ့ ကျောင်းသားဘဝအမှတ်တရတွေကို ပြန်တွေးတဲ့အခါမှာ ပထမဆုံး နှလုံးသားထဲကို နေရာဝင်ယူခဲ့ဖူးတဲ့ ချစ်ဦးသူအကြောင်းကတော့ မပါမဖြစ်ပါပဲ။ အခုဒီကားလေးထဲမှာလည်း ငယ်ချစ်ဦးမို့ အနှစ်တစ်ရာမမေ့သာဆိုတဲ့အတိုင်း Y2K ခေတ် ထချိန်တစ်ခါက သူငယ်ချင်း ၅ ယောက် ဘယ်လိုစော်လိုက်ကြမလဲဆိုတာကို ကြည့်ရှုခံစားရင်း ကျောင်းသားဘဝရဲ့ကြည်နူးစရာတွေကို ပြန်တွေးရင်း ရင်ခုန်လိုက်ကြပါစို့လား။ အညွန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Moh, Kppks တို့ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama, Romance Quality…. 1080p | 720p File size… 1.6GB | 658MB Format… mp4 Duration…. 2h Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary, Moh Moh, Kppks Encoder ….. Aaron

War • Action • History
7.4 2023 120 mins
My Precious
Out of The Darkness
6.5

ဒီဇာတ်ကားဟာ 2020 ကထွက်ခဲ့တဲ့ Into the Darkness ဇာတ်ကားရဲ့ နောက်ဆက်တွဲ ဇာတ်ကားပဲ ဖြစ်ပါတယ်။ ၂ ကားလုံးက ဒုတိယကမ္ဘာစစ်ကို အခြေခံထားတဲ့ မိသားစုဒရမ်မာဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ဒီ ဒုတိယကားဖြစ်တဲ့ Out of the Darkness ကို ပြောရမယ်ဆိုရင် ပထမကားမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ချို့ကို ပြောပြရပါလိမ့်မယ်။ ဒုတိယကမ္ဘာစစ်စဖြစ်တော့ ဒိန်းမတ်နိုင်ငံကို ဟစ်တလာဦးဆောင်တဲ့ နာဇီတွေ ကျူးကျော် အပ်ချုပ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ စီးပွားရေးလုပ်ငန်းရှင် ကားလ်က မိသားစုအကျိူး အလုပ်သမားတွေရဲ့ အကျိူးအတွက် သစ္စာဖောက်ဆိုတဲ့ နာမည်ဆိုးခံကာ ဂျာမန်တွေနဲ့ အလုပ်တွဲလုပ်ခဲ့ပါတယ်။ အဲ့ဒါအတွက်လည်း သူ့ရဲ့ သားသမီးတွေက တကွဲတပြားစီ ဖြစ်ခဲ့ကြပါတယ်။ ဒီ ဒုတိယဇာတ်ကားမှာတော့ အဲ့ဒီလို တကွဲတပြားဖြစ်နေတဲ့ သားသမီးတွေက အဖိုးကြီးတို့ လင်မယားကို ဘာတွေ ယူဆောင်လာပေးမလဲ စစ်ရဲ့ပြောင်းလဲလာတဲ့ ရေစီးကြောင်းအောက်မှာ ဒီမိသားစုတစ်သိုက် ဘယ်လို ရုန်းကန်ရမလဲ ကျော်ဖြတ်နိုင်မှာလား စတာတွေကို တစ်ကားလုံး စိတ်ဝင်စားဖွယ် ရင်တမမနဲ့ ကြည့်နေရမှာ ဖြစ်ပြီး ဒုတိယကမ္ဘာစစ် ကာလ ရောက်သွားသလိုမျိူး ခံစားရမှာဖြစ်လို့ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေး တစ်ခုဖြစ်ကြောင်း ပြောပါရစေ…. File size…2.22GB / 947MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….2h 32m Genre ….. Drama , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

6.5 2022
Out of The Darkness
Rahel Makan Kora
7.9

Rahel Makan Kora (2024) “ချစ်ခြင်းတရားမှာ သက်သေတည်” IMDb – 8.1/10 ရင်ကိုနွေးစေမဲ့ မလေယာလမ်းစကားပြော မိသားစုဒရာမာ အိန္ဒိယရုပ်ရှင်လေးတစ်ကားကို တင်ဆက်ပေးပါရစေ။ ဂါတမီဆိုတာ ဇွဲကောင်းမှု စိတ်အားထက်သန်မှုနဲ့အတူ စိတ်ဓာတ်မာကျောတဲ့ အမျိုးသမီးလေးတစ်ယောက်။ မိသားစုကြီးရဲ့တာဝန်ကို အပြည့်အ၀ယူထားပြီး အခက်အခဲတွေအများကြီးနဲ့ ရင်ဆိုင်နေရပေမဲ့ မှန်တာကို ရဲရဲဝင့်၀င့်ထောက်ပြရဲတဲ့ အာဂသတ္တိခဲမလေး။ အသားယူတတ်တဲ့ အလုပ်ရှင်တွေကို ငြိမ်ခံမနေဘဲ တုံ့ပြန်တာကြောင့် အလုပ်အမျိုးမျိုးပြောင်းလုပ်နေရတဲ့သူ။ ကိုရာကတော့ မိခင်နဲ့အတူ သားမိနှစ်ယောက် အေးချမ်းတဲ့ဘ၀လေးကို ဖြတ်သန်းနေတဲ့ လူတစ်ယောက်။ မိခင်ဖြစ်သူကတော့ ရပ်ကွက်ရဲ့ အော်ကြောလန် အမှန်တရားဘက်တော်သားကြီးပေါ့။ မိခင်ဖြစ်သူက ဂါတမီလေးကိုတွေ့တော့ သဘောအကျကြီးကျပြီး စိတ်ထဲမှာ သားတော်မောင်နဲ့ကြိတ်ပြီး သဘောတူနေလေရဲ့။ ဒါပေမဲ့ ဂါတမီနဲ့ ကိုရာတို့မှာကလည်း အရင်ဆုံဖူးသား ဇာတ်လမ်းလေးရှိနေတဲ့အခါမှာတော့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

7.9 2023
Rahel Makan Kora
I Miss You
5.9

ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် လူငယ်အချစ်ဇာတ်လမ်းလေးတပုဒ်ဖြစ်တဲ့ I Miss you ဇာတ်လမ်းနဲ့ တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးကတော့ ဘဝကိုရိုးရှင်းစွာနဲ့ အပူအပင်ကင်းမဲ့ဖြတ်သန်းနေတဲ့ ပိုင်ရှောင်ယွီဆိုတဲ့ ကောင်လေးတစ်ယောက်။ ငယ်စဉ်တည်းကမိဘတွေစကားများမှုကြောင့် စိတ်ဒဏ်ရာရထားတဲ့ ဝမ်ကျင်းကျင်းဆိုတဲ့မိန်းကလေး။ ငယ်စဉ်တည်းက Edgar Allan Poe ဆိုတဲ့ သရဲပုံပြင်ကိုရေးတဲ့စာရေးဆရာကို အရူးအမူးကြိုက်နှစ်သက်ကြတယ်။ တနေ့အထက်တန်းစာမေးပွဲဖြေတဲ့နေ့မှာ ကံကြမ္မာဖန်တီးပေးမှုကြောင့်နှစ်ဦးသားတွေ့ဆုံခဲ့တယ်။ နှစ်ဦးသားရဲ့ တွေ့ဆုံမှုအစက အလွဲလွဲအချော်ချော် ဖြစ်သွားခဲ့ပေမဲ့ပိုင်ရှောင်ယွီကတော့ ဝမ်ကျင်းကျင်းကို မြင်မြင်ချင်းချစ်မိသွားတာပေါ့။ တက္ကသိုလ်လေးနှစ်လုံးသူတစ်ယောက်တည်း အတွက် နှလုံးသားတံခါးကိုသော့ခတ်ထားပြီး နေလာခဲ့ရင်းတနေ့မှာ သူမနဲ့ပြန်လည်တွေ့ဆုံခဲ့ကြတယ်။ ဒီလိုနဲ့ ပြန်တွေ့ဆုံကြတဲ့အခါနှစ်ယောက်သား အကြိုက်တူနေတာတွေဝေမျှပြီး ပိုပိုနီးစပ်လာတဲ့အခါမှာ သူငယ်ချင်းကနေ ရည်စားအဖြစ်တက်လှမ်းကြတဲ့အချိန် ဘယ်လိုမျိုးလေးတွေတွေ့ကြုံလာရမလဲ။ ပိုင်ရှောင်ယွီကောင်လေးက ပုံဆွဲဝါသနာပါပေမဲ့ ငယ်စဉ်တည်းကမျက်လုံးရောဂါဖြစ်နေတာကြောင့် ပုံဆက်မဆွဲနိုင်တဲ့ ကောင်လေး။ဝမ်ကျင်းကျင်းက စာရေးရတာဝါသနာပါတာကြောင့် စာရေးဆရာမဖြစ်ချင်တဲ့အိပ်မက်ကို ပိုင်ဆိုင်ထားတဲ့ကောင်မလေး။ဒီလူနှစ်ဦးကြားမှာ ကံကြမ္မာက ဘယ်လိုတွေဖန်တီးပေးဦးမလဲ။ ဘယ်လိုအခက်အခဲစိန်ခေါ်မှုတွေကြုံတွေ့မလဲစတာတွေကိုတော့ ဒီဇာတ်လမ်းလေးကို ကြည့်ရူလိုက်ကြရအောင်

5.9 2024
I Miss You
A Most Atrocious Thing

ဒီ indie ရုပ်ရှင်ကားကို ရုပ်ရှင်ထဲမှာ ပါတဲ့ cast တွေကပဲ ဇာတ်ညွှန်းရေး Direct လုပ်ထားတာပါ။ ဒေါ်လာ ၅၀၀၀ ပဲ သုံးထားတဲ့ ဘက်ဂျက်ကားပေမယ့် ပြီးစလွယ် အဖြစ်ရိုက်ထားတာမဟုတ်ဘဲ သပ်သပ်ရပ်ရပ် ရှိပါတယ်။ Plotကလည်း Colorado တောထဲက အပန်းဖြေအိမ်ကို ဘွဲ့ခရီး သွားကြတဲ့ လူငယ်တစ်စု အကြောင်း ရိုက်ထားတာပါ။ သမင် လိုက်ထွက်ကြရင်းနဲ့ ရလာတဲ့ သမင်သားကို ချက်စားကြရင်း ဘာဆက်ဖြစ်ကြမလဲဆိုတာ ရင် တမမနဲ့ ကြည့်ရမှာဖြစ်ပါတယ်။ horror ဆိုပေမယ့်လည်း ပေါ့ပေါ့ပါးပါးနဲ့ ဟာသတွေနှောထားတာမို့လို့ ကြည့်ပျော်စေမယ့် ရုပ်ရှင်ကားဖြစ်ပါတယ်။ File size…(1.1 GB)/(585 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre… Comedy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leonie

0 2024
A Most Atrocious Thing
Hellraiser: Judgment
4.3

Hellraiser: Judgement (2018) ခေတ်တွေပြောင်းပြီး အရမ်းတိုးတက်လာတော့ အပ်ခေါင်းတစ်ယောက် ရှေးနည်းအတိုင်း သစ်သားတုံးတစ်တုံးကို လိုက်လက်ဆင့်ကမ်းနေရုံနဲ့ အလုပ်မဖြစ်တော့လို့ နည်းသစ်တွေ ကြံစည်ရပါတော့တယ်။ လုပ်ထုံးလုပ်နည်းတွေလည်း အသစ်ဖြစ်လာတာကိုတွေ့ရမှာပါ။ ဇာတ်လမ်းကတော့ စုံထောက်ညီနောင် ပညတ်တော်ဆယ်ပါးအတိုင်း လူလိုက်သတ်နေတဲ့ ကွင်းဆက်လူသတ်သမားကို စုံထောက်နေရာကစပါတယ်။ သူတို့နှစ်ယောက်အဖွဲ့ကို စုံထောက်မအသစ်တစ်ယောက် ဝင်လာပြီး သုံးယောက်သားစုံထောက်ကြပါတယ်။ နောက်တော့ အစ်ကိုဖြစ်သူက သဲလွန်စတစ်ခုရပြီး လိုက်သွားကြည့်ရင်း Cenobite တွေနဲ့ Pinhead တို့နဲ့ ကြုံလာရပါတော့တယ်။ စုံထောက်ဇာတ်လမ်းတစ်ဖြတ် Horror တစ်ဖြတ်ဆိုတော့ ရင်ထိတ်ရသလို စိတ်ဝင်စားဖို့လည်း ကောင်းတာပေါ့။ ပြီးတော့ Cenobite တွေရဲ့ ဘုရင် Pinhead ထက် မြင့်တဲ့သူတွေလည်း ဇာတ်လမ်းထဲမှာပါလာပါတယ်။ အသည်းမကောင်းတဲ့သူတွေ မကြည့်ကြဖို့တော့မှာချင်ပါတယ်။ Hellraiser ပရိသတ်တချို့တောင် မျက်နှာလွှဲချင်လောက်မယ့် အခန်းတွေလို့ပြောလို့ရမယ်ထင်တဲ့ အော်ဂလီဆန်စရာ အခန်းတချို့တွေပါလို့ပါ။ ကျွန်တော့်အမြင်အရ Hellraiser Franchise ထဲမှာတော့ ၅ /၁၀ ပဲအမှတ်ပေးလို့ရမယ့်ကားလို့ ထင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.4GB, 635MB Quality – 1080p, 720p Format – mp4 Duration – 1H 21Min Genre – Drama, Horror Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

4.3 2018 81 mins
Hellraiser: Judgment
Shutter Island
8.2

Shutter Island (2010) IMDb Rating (8.1) / Rotten Tomatoes (69 %) Shutter Island က ဒါရိုက်တာ Martin Scorsese အကောင်းဆုံးကားတွေထဲက တစ်ကားပါ။ Shutter Island လို့ခေါ်တဲ့ကျွန်းတစ်ကျွန်းက အရူးဆေးရုံကို Teddy ( Leonardo ) နဲ့ Chuck ( Mark Ruffalo ) အရာရှိ ၂ ယောက် ရောက်လာတယ်။ သူတို့အလုပ်က Rachel Solando လို့ခေါ်တဲ့ လူနာပျောက်သွားတဲ့အမှုကို လာစစ်ဆေးဖို့။ အဲဒီအရုးဆေးရုံ တစ်နည်းအားဖြင့် စိတ်ဝေဒနာရှင်အပြင်းစားတွေကို ကုတဲ့ဆေးရုံမှာ Dr. John Cawley စိတ်ရောဂါအထူးကု ဆရာ၀န်ခေါင်းဆောင်။ သူ့အထက်မှာ ဆေးရုံအုပ်နဲ့ ဘုတ်အဖွဲ့ပဲ ရှိတော့တယ်။ မာရှယ်အရာရှိဖြစ်တဲ့ Teddy ( Leo ) က ပျောက်သွားတဲ့လူနာ Rachel Solando ကို ရှာဖွေဖို့ Chuck က သူ့လက်ထောက်အဖြစ် အနီးကပ်လိုက်ပါ ကူညီပေးရတယ်။ Spoiler Alert* ဒီကားဟာ Plot Twist နဲ့ ကြည့်တဲ့သူကို ရှုတ်ထွေးသွားစေတယ်။ သေချာမကြည့်ရင် နားလည်မှာမဟုတ်ဘူး။ ဒီကားမှာ Teddy ( Leo ) က ရူးနေတာပါ။ သူရူးသွားတဲ့အကြောင်းရင်းလည်း ရှိတယ်။ အဲဒီရူးသွားတဲ့အကြောင်းကိုပဲ Plot Twist လုပ်ထားတာဖြစ်ပါတယ်။ Teddy ရူးနေတဲ့အကြောင်းကို သူ မီးပြတိုက်သွားပြီး Dr. John Cawley နဲ့ တွေ့သွားချိန်မှာ အားလုံးရှင်းရှင်း လင်းလင်း ပြောပြသွားပြီးပါပြီ။ ဇတ်ကားက အဲမှာတင် ရှင်းနေပြီးပါပြီ။ Teddy ( Leo ) ဘာကြောင့်ရူးသွားလဲ။ Teddy ( Leo ) ရဲ့ နာမည်အရင်းက Andrew Laeddis ပါ။ သူ့မှာ Dolores Chanal လို့ခေါ်တဲ့ မိန်းမနဲ့ သားသမီး ၃ ယောက်ရှိတယ်။ သူ မရူးခင်ကတည်းက သူ့မိန်းမ Dolores Chanal က စိတ်ဖောက်ပြီးအရင်ရူးနေတာပါ။ ရူးသွားတဲ့ သူ့မိန်းမဟာ တစ်နေ့မှာ သူ့တို့အိမ်၀င်းထဲက ကန်ထဲမှာ သူ့သားသမီး ၃ ယောက်လုံးကို ရေနစ်သတ်လိုက်ပါတယ်။ သူပြန်လာချိန်မှာ သူ့ကလေးတွေ ရေထဲနစ်သေနေတာတွေ့ပြီး ဒေါသနဲ့ သူ့မိန်းမကိုပါ ပစ်သတ်လိုက်တယ်။ သူကိုယ်တိုင်လည်း စိတ်အကြီးအကျယ်ထိခိုက်၊ စ်ိတ်ဒဏ်ရာရ Trauma ဖြစ်ပြီး ရူးသွားပါတယ်။ သူ့နာမည်ရင်းနဲ့ သူ့မိန်းမ၊ သူ့သားသမီး အားလုံးကိုလည်း မေ့သွားပါတယ်။ တစ်ခါတခါတော့သတိရတတ်ပါတယ်။ သူရူးတာက အများနဲ့မတူ အန္တရာယ်ရှိတဲ့အတွက် Shutter ကျွန်းပေါ်က Ashecliffe လို့ခေါ်တဲ့ အရူးဆေးရုံ၊ စိတ္တဇဆေးရုံကို ပို့ခံရတာပါ။ ဒါပေမယ့် သူ့ကို ဒီအတိုင်းတန်းပို့လို့မရပါဘူး။ ဇတ်လမ်းတစ်ခုထွင်ပြီး သူ့ကိုယ်သူ ဘယ်သူဆိုတာ သိလာအောင် ပြန်ရှာခိုင်းတာပါ။ သူ့အတွက် ဆရာ၀န်တွေ ထွင်လိုက်တဲ့လုပ်ဇတ်(ဇတ်လမ်း) ကိုလည်း ကြည့်ပါဦး။ ဆေးရုံက ပျောက်သွားတဲ့လူနာရဲ့ နာမည်က Rachel Solando တဲ့ Rachel ဆိုတာ သူ့သမီးရဲ့ နာမည် ဖြစ်နေတယ်။ Leonardo ရဲ့ စိတ်ကူးယဉ်ကမ္ဘာ Leonardo ဟာ သူ့ရဲ့ စိတ်ကူးယဉ်ကမ္ဘာ Fantasy World မှာ အသက်ရှင်နေတာပါ။ ဒါကို ဆ၇ာ၀န်တွေက သူပြန်အမှတ်ရလာအောင် Reality လက်တွေ့ကမ္ဘာထဲရောက်လာအောင် ကူညီပေးနေတာပါ။ စိတ်ကူးယဉ်ကမ္ဘာထဲကလူတွေနဲ့ စကားပြောမယ် လက်တွေ့ဘ၀ကလူတွေနဲ့လည်း ပေါင်းမယ်ဆိုတဲ့ စ်ိတ်ဝေဒနာရှင်တစ်မျိုးပါ။ ကြုံလို့ ပြောရရင် ပြီးခဲ့တဲ့ သူစိမ်းအိမ် ဇတ်ကားကြည့်နေုတုန်းက လူသတ်မိသားစု ဖြစ်ပျက်နေပုံကို ကြည့်ပြီး ချက်ချင်းသွားသတိရတာ Shutter Island နဲ့ A Beautiful Mind ဇတ်ကားကပါ။ မရှိတာ ( စိတ်ကူးကမ္ဘာ )ကို အရှိ ( reality ) ဆိုပြီး ယုံကြည်နေတဲ့ psycho character ချင်း အတူတူပါပဲ။ ဇတ်ကားအကြောင်း ပြန်ဆက်မယ်။ Leo ရဲ့ စိတ်ကူးယဉ်ကမ္ဘာထဲမှာ သူ့ကိုယ်သူ Teddy Daniels အဖြစ် ခံယူထားပြီး သူန့ တတွဲတွဲ သွားလာနေတဲ့ ( သူ့ကို အနီးကပ်စောင့်ကြည့်ဖို့ထားတဲ့ ) ဆရာ၀န် Sheehan ကိုတော့ Chuck အဖြစ်ပဲ သိထားတယ်။ သူ့မိန်းမဟာ သူ့အိမ်မက်မှာဖြစ်စေ၊ သူ့စိတ်ကူးကမ္ဘာမှာ ဖြစ်စေ တစ်ခါတရံပေါ်လာတတ်ပြီး သူ့မိန်းမနာမည် ဘယ်သူဆိုတော့ မေ့နေတယ်။ သူ့စိတ်ကူးမ္ဘာမှာ သူ့မိန်းမက အသတ်ခံရတယ်လို့ ပုံဖော်ထားပြီး သတ်လိုက်တဲ့သူက Andrew Laeddis ( သူမဟုတ်ဘူး တစ်ခြားတစ်ယောက် ) လို့ မှတ်ယူထားပြန်တယ်။ သူ့စိတ်ကူးမှာ သူ့မိန်းမကို မီးတောက်လောင်နေတဲ့ ပုံစံနဲ့ တွေ့တွေ့နေရတာက သူ့မိန်းမ Dolores Chanal က သူတို့နေအိမ်ကို စိတ်ဖောက်ပြီး မီးရှို့ခဲ့တဲ့အတွက်ကြောင့်ပါ။ ဒီအကြောင်းကို မီးပြတိုက်မှာ Chuck က ပြောသွားပါတယ်။ ဇတ်အိမ်အရ ဆက်စပ်၊ ဆီလျော်မှုလည်း ရှိပါတယ်။ Teddy ( Leo ) ရူးနေကြောင်း အခန်းတော်တော်များမှာ သတိထားကြည့်ရင် သိနိုင်ပါတယ်။ ဆရာ၀န် John Cawley နဲ့ ပထမဆုံး တွေ့တော့ ပျောက်သွားတဲ့ Rachel Solando အကြောင်းရှင်းပြချိန်မှာ Teddy က သူ့စိတ်ကူးထဲ ပုံဖော်ပြီး ခေါင်းကိုက်သွားလို့ အက်စ်ပရင် တောင်းပါတယ်။ နောက်ဒါရိုက်တာက အရိပ်အမွက်တစ်ခု ထပ်ပြပါတယ်။ Solando အခန်းထဲရှာတော့ “The law of 4; who is 67? ဆိုတဲ့စာတွေ့တယ်။ ဆေးရုံမှာ စိတ္တဇ လူနာ ၆၆ ယောက်ရှိတယ်။ Who is 67? တဲ့။ ၆၇ ယောက်မြောက်လူနာက သူ့ကိုယ်သူ Andrew Laeddis လို့မသိဘဲ Teddy ထင်နေတဲ့ Leo ကိုယ်တိုင်ပါပဲ။ သူရူးနေကြောင်း ပိုသိသာတာက မီးပြတိုက်မှာ Dr. John Cawley ကို သေနတ်နဲ့ ပစ်လိုက်တဲ့အခန်းပါ။ သူကတော့ သူ့စ်ိတ်ကူးနဲ့ သေနတ်အစစ်ထင်ပြီး ပစ်လိုက်တာ သွေးတွေတောင်ထွက်သွားတယ်။ တကယ်တမ်းက သေနတ်က ကလေးကစားစရာ သေနတ်ဖြစ်နေတာ သိသွားမှ Reality ကို ပြန်ရောက်လာတယ်။ နောက်ပြီး မီးပြတိုက်မသွားခင် ကားအနီကို မီးရှို့လိုက်တာလည်း သူရူးနေတယ်ဆိုတာကို ဖော်ပြနေတာပဲ။ မီးပြတိုက်မှာ ဟိုဒေါက်တာ John Cawley က စိတ်မရှည်တော့ဘဲ Leo ကို White Board က နာမည်တွေသေချာကြည့်လို့ပြောပြီး သေချာရှင်းပြလိုက်တော့မှ သူ့စိတ်ဖောက်နေတာ နားလည်သွားတော့တယ်။ ဒါပေမယ့် သိပ်မကြာဘူး။ နောက်နေ့ရောက်တော့ ဒုံရင်းပြန်ဆိုက်သွားတာပဲ။ ဘာလို့အဲလိုပြောရတာလဲဆိုရင် Leo က ဒေါက်တာ Sheehan ကို chuck လို့ခေါ်လိုက်တာကြောင့် ဒေါက်တာ Sheehan က အခြေအနေ မထူးဘူးဆိုတဲ့အထာနဲ့ ခေါင်းခါပြပါတယ်။ဒါပေမယ် နောက်ဆုံး Leo ပြောသွားတဲ့ စကားတစ်ခွန်းကြောင့် ဒေါက်တာ Sheehan ရော ကြည့်နေတဲ့ပရိတ်သတ်ရော ခေါင်းစားသွားပါတယ်။ သူပြောသွားတာက “Which would be worse to live as a monster or to die as a good man.” စိတ်တ္တဇလူသတ်ကောင် မကောင်းဆိုးဝါလို အသက်ရှင်နေတာနဲ့ လူကောင်းတစ်ယောက်လို သေသွားတာ ဘယ်ဟာက ပိုဆိုးမလဲ။ တဲ့။ သူဆက်ရူးနေတာဆိုရင် သူ့ကို Lobotomized လုပ်တော့မှာပါ။ သူ့ကို ၂ နှစ်တာ အချိန်ပေးပြီး အနီးကပ်စောင့်ကြည့်ပြီးခဲ့ပြီးပြီလေ။ IMDb 8.1 , Rotten Tomatoes 68% Metacritic 63% Mind Fuck Level 6/10 ( Cinemanto ) Written by TMA #Shutter_island #Mind_Blowing_movie #Cinemanto (ရုပ်ရှင်အညွှန်းကို Cinemanto FB Page မှ ကူးယူဖော်ပြပါသည်။)

Crime • Drama • Thriller
8.2 2010 138 mins
Shutter Island