YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

W.Two.Worlds.2016.S01.E13.720p.WEB-DL(CM).mp4

449.92 MB N/A video/mp4 514 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Tokyo Story
8.2

~ IMDb - 8.2/10, RT - 100%, Meta - 100% ~ မျက်ရည်ဝိုင်းခဲ့တဲ့ ကမ္ဘာမှာ တစ်စင်းတည်းစီးနေရတော့ အဲဒီမြစ်ရဲ့ တစ်နေ့တစ်နေ့မှာ နေ့တာညတာတွေ သိပ်ရှည်ခဲ့ရသတဲ့။ သူ့ရဲ့မြစ်လက်တက်တွေကလည်း အဲဒီမြစ်ဆီ တစ်ကွေ့တစ်ကြုံထက်ပိုလို့ လည်ပြန်မစီးခဲ့ကြပါဘူး။ စိတ်ပျက်လက်ပျက် အကျိုးအပျက်နေ့တို့ကို ခဝါချလိုက်တဲ့အခါ အကြွင်းနတ္ထိဖြစ်လာခဲ့တဲ့ဘဝမှာ ငါတို့အတ္တတွေဟာ ကြီးပြီးရင်း ကြီးလာ နှလုံးသားတွေဟာ သေးပြီးရင်းသေးလာ... ။ ငါမမြင်နိုင်ခဲ့တဲ့နေ့တို့ထဲ ငါ့ရဲ့အကြီးဆုံးနောင်တကို မိုက်မဲစွာနဲ့ ငါပြန်တွေ့ရှိလိုက်ရချိန်... တစ်စစီခွဲခဲ့သူဟာ တစ်စစီကွဲခဲ့ရတာပါပဲ။ ကျန်ရစ်သူတို့နဲ့ ချန်ရစ်သူတို့ ဘယ်သူပိုကြေကွဲခဲ့ရစမြဲလဲ။ သံတုတ်နဲ့ရိုက်ရိုက် သစ်သားတုတ်နဲ့ရိုက်ရိုက် နာကျင်သူဟာ ခေါင်းပဲမို့ ထိုစဉ်မှာ လုံလောက်အောင် မချစ်နိုင်ခဲ့တဲ့လူကတော့ တစ်ချိန်မှာ ပိုကြေကွဲပေးရလိမ့်မယ်။ အချိန်တွေပိုကြာလာလေ ငါပိုသေချာလာနေတဲ့အရာက လူဟာ လောက်အောင် မချစ်ပေးနိုင်ခဲ့လို့တော့ နောင်တမရသင့်ပါဘူး။ သိပ်ရက်စက်လွန်းတယ်။ ချစ်တတ်ဖို့ သိပ်လွယ်ရင်း ချစ်တတ်ဖို့ သိပ်ခက်ရင်း ချစ်ခြင်းကိုသာ ပယ်ခဲ့ရင် လူဟာ ဘာမှမဟုတ်တော့တဲ့အခါ ငါဟာ လူမမည်နိုင်လေတော့ဘူး။ အနေကြာလာရင် မင်းသိမှာပါ ဘ၀ဟာ အခိုင်မာဆုံးစိတ်ဓာတ်တွေကိုတောင် ပြိုလဲစေနိုင်တယ်။ ဘာတွေဘယ်လိုပဲဖြစ်ဖြစ် ငါတို့ ဂရုမစိုက်ခဲ့ကြပါဘူး။ ဒီလိုနဲ့ အနေကြာလာတယ်... ငါလွမ်းမိလာတယ်... လူဖြစ်ခဲ့ဖူးတဲ့ ငါ့ကိုယ်ငါ။ ~ ~ ~ ~ အိုဇုရဲ့ တိုကျိုစတိုရီဟာ ဂျပန်ရွှေခေတ်ရဲ့ အထင်ကရရုပ်ရှင်တွေထဲ တစ်ကားဖြစ်သလို အိုဇုရဲ့မာစတာပိစ်လို့ သတ်မှတ်ထားကြတဲ့ ရုပ်ရှင်ဆိုလည်း မမှားဘူး။ ရုပ်ရှင်သမိုင်းရဲ့ အကြီးကျယ်ဆုံး ရုပ်ရှင်တွေထဲက တစ်ကားဆိုလည်းဟုတ်တယ်။ အိုဇုဟာ အသံတိတ်ရုပ်ရှင်ခေတ်နှောင်းလောက်ကတည်းက ရုပ်ရှင်ရိုက်လာတဲ့ ဒါရိုက်တာပေမဲ့ ကူရိုဆာဝါနဲ့ အိုဇုရဲ့ အတောက်ပဆုံးအချိန်တွေက အတူတူပဲဆိုတော့ ခေတ်ပြိုင်မဟုတ်ပေမဲ့ ခေတ်ပြိုင်လို့ပြောလို့ရပေမဲ့ သူတို့ဟန်တွေကတော့ ဆန့်ကျင်ဘက်စီပဲ။ တကယ့်ကို ဆန့်ကျင်ဘက်ဖြစ်လွန်းပါတယ်။ ကူရိုဆာဝါရုပ်ရှင်တွေဟာ အနောက်တိုင်းဆန်တယ်လို့ပြောကြပြီး အိုဇုကျ ဂျပန်အဆန်လွန်နေတယ်လို့ အပြောခံရတယ်။ အခုရုပ်ရှင် တိုကျိုစတိုရီဟာ အင်္ဂလိပ်ကားကို သူ့နည်းသူ့ဟန်နဲ့ မှီးပြီး ပြန်ရိုက်ထားတာပါပဲ။ ဒါပေမဲ့ မမှားပါဘူး။ အနောက်တိုင်းကားကို မှီးပြီးရိုက်ထားတဲ့ ရုပ်ရှင်မှာတောင် အိုဇုဟာ ဂျပန်အဆန်လွန်နေခဲ့တယ်။ အကောင်းဘက်ကပါပဲ။ နောက် ကူရိုဆာဝါရဲ့စတိုင်ဟာ Extrovert အလွန်ဆန်ပြီး အိုဇုကတော့ Introvert အလွန်ဆန်တယ်လို့လည်း နှိုင်းယှဉ်ခံခဲ့ရတယ်။ နောက် ကူရိုဆာဝါဟာ မြင်ကွင်းကျယ်ရိုက်ချက်လှိုင်လှိုင်သုံးပြီး အိုဇုကတော့ အနီးကပ်ရိုက်လှိုင်လှိုင်သုံးတတ်တယ်။ တကယ့် ဆန့်ကျင်ဘက်ပါပဲ။ ဒါပေမဲ့ ဒီနှစ်ယောက်စလုံးက ဂျပန်ရွှေခေတ်ရဲ့ အခရာဖြစ်ခဲ့သလို ဒီနေ့ထိ World Cinema ကို လွှမ်းမိုးထားနိုင်တုန်းလူတွေဆိုတာကတော့ မမှားပါဘူး။ ဂျပန်စီနီမာကို ကြည့်ရင်တော့ အိုဇုက ပိုလွှမ်းမိုးတယ်ပြောရမလားပါပဲ။ နောက်ပိုင်းဒါရိုက်တာတွေထဲ အိုဇုအငွေ့နဲ့ မကင်းတဲ့လူတွေ မနည်းဘူး။ လက်ရှိရဲ့ ထိပ်တန်းဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Kore-eda ဆို အိုဇုဟန်ကြီး လုံးလုံးသုံးတတ်ပြီး သူနဲ့ခေတ်သိပ်မကွာလှတဲ့ ဒါရိုက်တာဆိုလည်း တိုကျိုဖမ်မလီဆိုပြီး ဒီကားကိုပြန်ရိုက်ခဲ့ပါတယ်။ သူကတော့ အိုဇုလို ထိန်ကွက်တွေ မချန်သွားဘူး။ ဇာတ်တူပုံစံကွဲပေါ့။ သူ့ဟာနဲ့သူတော့ ကြည့်ကောင်းခဲ့တယ်။ ဘာပဲဖြစ်ဖြစ်ပါ... သိပ်တန်ဖိုးကြီးတဲ့ ရုပ်ရှင်တွေကို စာရင်းလုပ်ကြရင် အိုဇုရဲ့ တိုကျိုစတိုရီဟာ မဖြစ်မနေ ထည့်ရမယ့်ရုပ်ရှင်ပါပဲ။ နှစ်ပေါင်းလေးထောင်အတွင်းမှာတောင် လူသားတွေဟာ ဘာကိုမှ သင်ယူမရရှိခဲ့တဲ့နောက် အနုပညာကလည်း သူ့အတ္တနဲ့သူရှင်သန်နေတဲ့ လူတွေကို ဘာမှသင်ပေးနိုင်မှာတော့ မဟုတ်ဘူး။ ရုပ်ရှင်ကနေ ခံစားရုံသက်သက်ထက်ပိုပြီး တစ်စုံတရာ သေသေချာချာရခဲ့မယ်ဆိုရင်လည်း အဲဒီအရာဟာ ချစ်ခြင်းပဲလို့ ကျွန်တော်တော့ သေချာတယ်။ ရုပ်ရှင်ဟာ အသည်းကိုတစ်စစီခွဲပြီးမှ ပိုချစ်တတ်လာအောင် တစ်စချင်းပြန်ဆက်ပေးတတ်တဲ့ အရာပဲမို့လား။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 950MB Quality - 1080p, 720p IMDb Rating - 8.2/10 Format - mp4 Duration - 2H 16Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Romance
8.2 1953 137 mins
Tokyo Story
Eddie the Eagle
7.2

1988 အိုလံပစ်က ဖြစ်ရပ်မှန် Eddie အကြောင်းကိုရိုက်ထားတဲ့ မင်းသားကြီး Hugh Jackman ပါတဲ့  Sport, Drama ကားလေးပါ Eddie က ငယ်ငယ်တည်းက အိုလံပစ်မှာ ဝင်ပြိုင်ပြီး ချန်ပီယံဖြစ်ချင်ခဲ့တာပါ ဒါနဲ့ သူ တစ်သက်လုံး အားကစားတွေ တမျိုးပြီးတစ်မျိုးလုပ်လာခဲ့တယ်... နောက်တော့ နှင်းတောင်ပေါ် စကီးစီးတာကို Eddie ကြိုက်သွားပါတယ်... Eddie က ဒီအားကစားနဲ့ ပါရမီလည်း ပါတယ် ဒါပေမဲ့ အဖွဲ့မှာ အရွေးမခံရတော့ စကီးစီးရင်း တောင်ပေါ်က ခုန်တဲ့အားကစားကို ထပ်ရွေးပါတယ်... ဒီအားကစားက အသက်အန္တရာယ်အရမ်းများပြီး Eddie လိုလူသစ်က ဘယ်လို အိုလံပစ်ထိရောက်အောင်သွားမလဲ ကြည့်ရအောင်.... File Size : (1.4GB)(712MB) and (186MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:46:00 Genre : Adventure, Biography  , Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Marie Encoded by Phyo Pyae

Drama
7.2 2016 106 mins
Eddie the Eagle
Yahoo+

ဒီတစ်ခါမှာတော့ Thriller movie လေးတစ်ခုဖြစ်တဲ့ Yahoo+ ကိုတင်ဆက်ပေးမှာဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ ဆင်းရဲတဲ့နိုင်ငံကနေ ရုန်းထွက်‌နိုင်အောင်ကြိုးစားကြတဲ့ ဇာတ်ကားလေးဖြစ်ပါတယ် Yahoo ဆိုတာ internet scam လုပ်တာဖြစ်ပြီးတော့ Yahoo+ ဆိုတာကတော့ ပိုဆိုးတဲ့ ပုံစံပေါ့ ဒီဇာတ်ကားလေးမှာတော့ ဘယ်လောက်ကြိုးစားကြိုးစား မအောင်မြင်နိုင်ဖြစ်နေတဲ့ အဘာချာနဲ့ အိုစီဆိုတဲ့ ကောင်လေးနှစ်ယောက်ဟာ ဟောင်ကောင်က အသိနဲ့ Yahoo+ ဆိုတာကြီးကို ဘာမှ မသိဘဲ စလုပ်ကြပါတော့တယ် သူတို့တာဝန်ကတော့ ပြည့်တန်ဆာနှစ်ယောက်ခေါ်ပြီး အိပ်ဆေးခတ်ဖို့ပဲဖြစ်ပါတယ် ဒါပေမဲ့ သူတို့ခေါ်လိုက်တဲ့ ပြည့်တန်ဆာနှစ်ယောက်ထဲမှာ တစ်ယောက်က အဘာချာရဲ့ ကောင်မလေးဖြစ်နေပါတော့တယ် ဒီလိုနဲ့ အဘာချာ တစ်‌ယောက် နောက်ပြန်လှည့်လို့မရတဲ့အခြေအနေမှာ ဆက်လည်းမလုပ်ချင်ဖြစ်နေပါတော့တယ် သူတို့လုပ်မယ့် Yahoo+ ဆိုတာကရော တကယ်က ဘာများဖြစ်မလဲ အဘာချာ တစ်ယောက်ရော ဘယ်လိုတွေ ဆက်လုပ်သွားမှာလဲဆိုတာကိုတော့ ကြည့်ရှူလိုက်ကြပါဦးခင်ဗျာ File size…(897 Mb)/(405 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban

Adventure • Fantasy • Romance
0 2022 84 mins
Yahoo+
Taxi 2
6.5

Taxi 2 (2000) IMdb Rating (6.5) / Rotten Tomatoes (70%) Taxi ဇာတ်ကားလို့ ဆိုလိုက်တာနဲ့ ပြင်သစ်က အူကြောင်ကြားရဲနဲ့ မာဆေးလမ်းမတွေပေါ်က မြန်နှုန်းမြင့် လန်ပျံနေတဲ့ တက္ကစီသမားတို့ကို ပြေးမြင်ကြမှာပါ။ Taxi ဇာတ်ကားတွေဟာ အက်ရှင်ဟာသရုပ်ရှင်ကားတွေထဲ Rating မြင့်ပြီး တကယ်လဲရယ်ရတဲ့ဇာတ်ကားတွေပါ… ပြင်သစ်က ရိုက်ကူးထားတဲ့ Taxi ဇာတ်ကား ၅ ကားရှိပြီး ၁ ကနေ ၄ ထိကတော့ မင်းသား၊မင်းသမီး၊ဇာတ်ပို့တွေက အတူတူပါပဲ။ ပြင်သစ်မင်းသားတွေဖြစ်ကြတဲ့ Samy Naceri,Frédéric Diefenthal,Bernard Farcy ၊ မင်းသမီး Marion Cotillard,Emma Wiklund တို့ပါဝင်ထားပြီး တခါတလေ နာမည်ကြီးဧည့်သည်သရုပ်ဆောင်တချို့ ပါလာတတ်ပါတယ်။ Taxi-5 မှာတော့ လူတွေပြောင်းရိုက်ထားပြီး Theme လောက်ပဲ တူတော့သလိုဖြစ်တာကြောင့် သိပ်မကြိုက်ကြပါဘူး။ ၁ ကနေ ၄ ထိကတော့ တကယ်ကိုရယ်ရတဲ့ ဗရုတ်သုတ်ခဇာတ်ကားတွေဖြစ်ပြီး တစ်ကားနဲ့တစ်ကားဆက်စပ်မှုရှိပါတယ်… ဇာတ်လမ်းက ပေါ့ပေါ့ပါးပါးနဲ့ သွက်သွက်လက်လက်တင်ဆက်ထားမှုကြောင့် ကြည့်ရှုနေသူတွေ ချက်ချင်းလိုက်ပါစီးမျောသွားမှာပါ။ ပါသမျှသရုပ်ဆောင်တွေရဲ့ ရုပ်တည်ကြီးနဲ့ လုပ်လိုက်ရင် လွဲသမျှကလဲ ပါးစပ်မစေ့ရအောင် ရယ်နေရမှာပါ။ ပိတ်ရက်မှာ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ရှုခံစား အနားယူဖို့ အသင့်တော်ဆုံး Comedy ဇာတ်ကားတွေဖြစ်ပါတယ်။ (Taxi ဇာတ်ကားအားလုံးကို https://channelmyanmar.to/?s=taxi မှာ ကြည့်လို့ရပါတယ်။ )

6.5 2000
Taxi 2
[18+] Graphic Desires
4.4

ဇာတ်လမ်းအညွှန်းမစခင် ၁၈ယောက်စုပြီးကြည့်ရမဲ့ကားဖြစ်ကြောင်း ကြိုတင် အသိပေးပါတယ်ခင်ဗျာ။ ဇာတ်လမ်းကတော့ ဒီလိုဗျ။ ရုံးမှာ တစ်နေကုန်ထိုင်အလုပ်လုပ်ရတာကိုမကြိုက်ဘဲ အိမ်မှာပဲ WFH လုပ်ချင်တဲ့ အိမ်တွင်းပုန်း IT သမား ဖရန်ကလင်ဟာ ကောင်မလေး လည်းရှိ၊ အချစ်ဆုံးဘော်ဒါကြီးလည်းရှိ၊ အလုပ်လည်းရှိဆိုတော့ သူ့ဘဝကြီးက အိုကေစိုပြေတယ်လို့ပြောလို့ရပါတယ်။ တစ်နေ့ကျ သူငယ်ချင်းလမ်းညွှန်ကောင်းမှုနဲ့ သူ့ရည်းစား ခရီးသွားခိုက်မှာ Dating app တစ်ခုကနေ အတ္တလန်တာဆိုတဲ့ စော်လေးတစ်ပွေနဲ့ သွားဒိတ်ပါတယ်။ အစ ကတော့ သူ့ကောင်မလေးအပေါ်သစ္စာမဖောက်ဘူးဆိုပြီး တကယ်တမ်းကျ ဒိတ်ရုံ မကလို့ တွေ့တဲ့ညမှာပဲ ရေနံတူးမိကြတဲ့အပြင် ရေနံတူးမှတ်တမ်းဗီဒီယိုပါ ရိုက်ထား လိုက်သေးတယ်တဲ့ဗျာ။ နောက်နေ့လည်းရောက်ရော အတ္တလန်တာက အကောင့် ဘာညာအကုန်ဖျက်ပြီး ပျောက်ချင်းမလှပျောက်သွားလေတယ်။ သကောင့်သားခမျာ တစ်ညပဲတွေ့ဖူးတဲ့ ကောင်မလေးကို အရမ်းတွေစွဲလမ်းသွားပြီး တစ်ခုခုများဖြစ်သ လားဆိုတဲ့စိတ်နဲ့ ရေတဆုံးမြေတဆုံးလိုက်ရှာပါလေရော။ သူ့ဘော်ဒါကြီးပါလိုက်စုံစမ်းပေးပြီးတဲ့နောက် သိလိုက်ရတာက အဲဒီအတ္တလန်တာ ဆိုတဲ့ကောင်မလေးဟာ ဘယ်တုန်းကမှ မရှိဖူးတဲ့လူတစ်ယောက်ဆိုတာပါပဲ။ သူ့ဘော် ဒါက တကယ်မရှိကြောင်းရှင်းပြလိုက်၊ သူကလည်း ဒါဆို ဒီဗီယိုကဘာလဲဆိုပြီး သက် သေပြလိုက်နဲ့ ဇာတ်ကားတစ်ခုလုံးက အတ္တလန်တာရှာပုံတော်ဖွင့်ခန်းကြီးပါပေါ့။ နောက်ဆုံးမှာတော့ အတ္တလန်တာဆိုတာ တကယ်ရှိလား မရှိဘူးလား၊ မရှိရင် သူရိုက် ထားတဲ့ ဗီဒီယိုကရော ဘာလဲ၊ အတ္တလန်တာဆိုတဲ့ ဘာမှန်းမသိတဲ့ အမျိုးသမီးရယ်၊ ရိုးသားကြိုးစားဖိုးသခွား အိုင်တီသမားလေးကနေ အရူးအမူးစွဲလမ်းတတ်သွားတဲ့ ဖရန် ကလင်ရယ်၊ ဒါ့အပြင်ကိုယ့်ချစ်သူရဲ့bffနဲ့မှ ငြိစွန်းနေမိတဲ့ ကောင်မ‌လေးရယ် သူတို့ ၃ယောက်ရဲ့အရှုပ်တော်ပုံကြီး ဘယ်လိုအဆုံးသတ်မလဲဆိုတာ ကြည့်ရှုလိုက်ကြပါဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ NZT ဖြစ်ပါတယ်) File Size……….(1.1 GB) / (440 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 30Min Subtitle………..Myanmar Hardsub Format…………MP4 Translator……NZT Encoder……….Admin X

4.4 2022 90 mins
[18+] Graphic Desires
Breakwater
5

Breakwater (2023) Mystery နဲ့ Thriller ပေါင်းစပ်ထားတဲ့ Plot ဆန်းဆန်းနဲ့ ဇာတ်ကားဖြစ်ပါတယ်။ အဓိကဇာတ်လိုက်ဖြစ်တဲ့ ရေးနဲ့ ဒက်ဗီဆိုတဲ့လူငယ်တို့က အကျဉ်းသားတွေဖြစ်ပြီး ထောင်ထဲမှာ ရင်းနှီးခဲ့တာပါ။ ဒက်ဗီက သူ့ပြစ်မှုအတွက် ထောင်သုံးနှစ်ကျတာဖြစ်ပြီး မကြာခင် ပြန်လွတ်တော့မှာဖြစ်တဲ့အတွက် ရေးက အကူအညီတစ်ခုတောင်းရာကနေ စပါတယ်။ ရေးက သူ့မှာသမီးရှိကြောင်း၊ သူက ကင်ဆာဖြစ်နေလို့ မနေရတော့တဲ့အတွက် သူ့သမီးရှိတဲ့မြို့ကိုသွားပေးပြီး သူ့သမီး ပျော်နေလား ကြည့်ခိုင်းပါတယ်။ သူ့သမီးနာမည်က မာရီနာပါတဲ့။ အဘိုးကြီးရေးကို စာနာပြီး ထောင်ကလွတ်တဲ့အချိန် ဒက်ဗီက နယ်မကျော်ရတဲ့စည်းကမ်းကိုပါ ချိုးဖောက်ပြီး မာရီနာရှိတဲ့ ကမ်းရိုးတန်းမြို့လေးကို သွားခဲ့ပါတယ်။ အဲဒီမှာ မာရီနာအမည်နဲ့မဟုတ်ဘဲ အိဖ်‌ဆိုတဲ့ ကလေးတစ်ယောက်အမေနဲ့ တွေ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ကင်ဆာရောဂါသည် သနားစရာအဘိုးကြီးလို့ ဒက်ဗီထင်နေတဲ့ရေးက သွေးအေးလူသတ်သမားဖြစ်ပြီး ထောင်ကထွက်ပြေးလာတဲ့အခါ… ရေးနဲ့မာရီနာက တကယ်ပဲ သားအဖလား… အိဖ်နဲ့ရော ဘယ်လိုပတ်သက်နေတာလဲ… သူတို့နှစ်ဦးပြောပြတဲ့ အဖြစ်တွေနောက်မှာ ဘယ်လိုအကြောင်းအရာတွေရှိနေတာလဲ… ဘုမသိဘမသိကူညီမိတဲ့ ဒက်ဗီရော ဘယ်လိုကိစ္စတွေ ကြုံရမလဲဆိုတာ… ဆက်လက်ရှုစားနိုင်ပါပြီ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 790MB Quality – 1080p, 720p IMDb Rating – 5/10 Format – mp4 Duration – 1H 37Min Genre – Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

5 2023 97 mins
Breakwater
Billy Lynn’s Long Halftime Walk
7.1

Billy Lynn’s ကို မတင်ခင် အညွှန်းရေးဖို့ အများကြီး စဉ်းစားမိတယ်… ရုပ်ရှင်က အညွှန်းထပ် အများကြီး ပိုလေးနက် နေတယ်… Lynn ဆိုတဲ့ စစ်သားလေးဟာ အီရတ် က စစ်မြေပြင်မှာ သူ့ အရာရှိ တပ်ကြပ်ကြီးကို အသက်စွန့်ပြီးဝင်ကယ်နေစဉ် မီဒီယာ သတင်းထောက်တွေ ရဲ့ ကင်မရာမှာ ရိုက်ကူးမိပြီး နာမည်ကြီးသွားခဲ့ပါတယ်… သူနဲ့ အတူ သူတို့ တပ်ဖွဲ့ ကို ဘရာဗို လို့ နာမည်ပေးခဲ့ပြီး နားရက် ၂ ပတ်ပေးခဲ့ကာ သူတို့ မြို့တွင် အခန်းအနားဖြင့် ကြိုဆိုခဲ့ကြပါတယ်…. ဒီအခန်း ရောက်တဲ့ အထိ ကျနော် မရှင်းသေးပါဘူး ဇတ်လမ်းသဘောကိုလဲ နားမလည်နိုင်သေးဘူး အမြဲတမ်း ရိုးရိုးကုတ်ကုတ် နေထိုင်နေတဲ့ Lynn ဟာလဲ ဘယ်လိုမျိုးလဲ မသိသေးပါဘူး… အဲ့ဒီအချိန်မှာပဲ ကြိုဆိုပွဲ အခန်းအနားကို လာခေါ်တဲ့ ဇိမ်ခံကားပေါ်မှာပဲ Lynn ဟာ သူ့နောက်ကြောင်းကို ပြန်တွေးမိတဲ့ အခါ သူ့ရဲ့ အကြောင်း သူ့မိသားစု သူ စစ်တပ်ထဲ ဘာကြောင့်ဝင်ခဲ့ရတယ်ဆိုတာတွေ ပါလာပါတယ်… ဒီဇတ်ကားကို ဒီလောက်နဲ့ပဲ ပြောပြတာ ရပ်နားပါရစေ ဒီစာကို ဖတ်တာ ရပ်ပြီး Download ဆွဲကြည့်စေချင်ပါတယ်… စစ်ပွဲ ရဲ့ သဘောသဘာ၀ တွေ တပ်ရဲ့ အမိန့်အာဏာ တွေ နဲ့ စစ်သားဆိုရင် တာဝန်အရ စစ်တိုက်နေရတယ်လို့ ထင်နေတဲ့ အပြင်လူတွေ ရဲ့ အမြင် စစ်သား ဘ၀ ကို မခံစားတက်တဲ့ အပြင်လူတွေ နဲ့ အတော်များများဟာ ဆန့်ကျင်ဘက်တွေ ရယ်… အပြင်လူတွေ ထင်နေတာ တစ်မျိုး အသက်ကို ဖက်နဲ့ ထုပ်ထားရတဲ့ စစ်သားတွေက ဘ၀ တစ်မျိုး ဟာ နှိုင်းယှဉ်ပြထားတာတွေက ရင်ထဲထိ ရောက်စေတဲ့ ဇတ်လမ်းပါပဲ… . ဘာပဲ ဖြစ်ဖြစ် စစ်ကား မကြိုက်တဲ့ ကျနော်တောင် ကြိုက်မိတဲ့ ရုပ်ရှင်တစ်ခု အဖြစ်အမွှန်းတင်ပါရစေ… ဒီဇတ်ကားမှာ နာမည်ကျော်မင်းသားကြီး Vin Diesel ပါဝင်သလို အခြား နာမည်ကြီးများဖြစ်တဲ့ Twilight ဇတ်ကား နှင့် နာမည်ကြီးခဲ့တဲ့ မင်းသမီးချော Kristen Stewart က Lynn ရဲ့ အစ်မ အနေဖြင့် ပါဝင်သရုပ်ဆောင်ထားသလို ဟာသမင်းသား လို့ လူတိုင်းသိတဲ့ Chris Tucker နှင့် Pink Panther ကားတွေ ရဲ့ စုံထောက်သရုပ်ဆောင် မင်းသားကြီး Steve Martin တို့ ပါဝင်ပါတယ်.. ကဲ ပိတ်ကားထက်မှာ ဆက်ကြည့်လိုက်ရအောင်…. ရုပ်ရှင်ကား Review ကို Thit San Khant မှ ရေးထားပြီး Htet Aung Lwin မှ ဘာသာပြန်ပေးထားပါတယ်။ File size… 1.7 GB / 765 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 53m Genre ….. War/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Htet Aung Lwin

Animation • Family • Fantasy
7.1 2016
Billy Lynn’s Long Halftime Walk
Infested
6.4

Infested (2023) ============= ကယ်လတ်ဘ်က ကြုံရာကျပမ်းလုပ်စားနေတဲ့လူငယ်တစ်ယောက် ဖြစ်ပြီး သူတို့လိုလူဆင်းရဲတွေ စုပေါင်းနေထိုင်ကြတဲ့ တိုက်ခန်းတွဲ ကြီးတစ်ခုမှာနေပါတယ်။ ဆင်းရဲသားအများစုနေထိုင်ရာဖြစ်တဲ့အ တိုင်း လူ့အလွှာရဲ့တေလေကြမ်းပိုးတွေ ဆေးသမားတွေ သူခိုးတွေ ကျက်စားရာနေရာတစ်ခုလည်းဖြစ်ပါတယ်။ ကယ်လတ်ဘ်ရဲ့ဝါသနာကတော့ တွားသွားသတ္တဝါတွေ မွေးမြူခြင်း ဖြစ်ပြီး သူ့အခန်းထဲမှာ နည်းအမျိုးမျိုးနဲ့စုဆောင်းထားတဲ့ သတ္တဝါ တွေရှိပါတယ်။တစ်နေ့မှာတော့ ရှားပါးမျိုးစိတ် အဆိပ်ပြင်း ပင့်ကူ တစ်ကောင်ကိုခေါ်လာမိရာကနေ အဲ့ဒီပင့်ကူက လွတ်ထွက်ပီး အ ဆောက်အအုံကြီးတစ်ခုလုံးမှာ ဥတွေပွား၊အကောင်တွေပေါက်၊ အဆမတန်ကြီးထွားလာပြီးအားလုံးကိုဒုက္ခပေးပါတော့တယ်။ အဲ့ဒီကောင်တွေရန်ကနေ လွတ်အောင်ရုန်းထွက်ဖို့ ကယ်လတ်ဘ်နဲ့ သူ့သူငယ်ချင်းတစ်စု၊ တိုက်ခန်းနေလူထုရဲ့စွန့်စားခန်းတွေကို အသဲ တယားယားရင်တဖိုဖိုကြည့်ရှုရမယ့် တန်းမြင့် creatures feature ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(1.44 GB) / (680 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 46Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror Translator…….Alias Encoder……….SWM

Mystery • Thriller • Drama
6.4 2023
Infested
Father & Son
6.1

Father & Son (2023) =============== အကြောဆွဲပြီး အိပ်ရာပေါ်လဲနေတဲ့ အဖေကိုပြုစုရလို့ 12တန်းကျောင်းသားလေးအီမန်က အမြဲတမ်းကျောင်းမှာနောက်ကျပြီး မြောက်ကြွကြွကျောင်းသားတွေရဲ့ အနိုင်ကျင့်တာကို နေ့တိုင်းခံနေရလေ့ရှိတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ အီမန့်အဖေဆုံးသွားပြီး အီမန် အတန်းထဲမှာ သူ့အဖေဆုံးတဲ့စိတ်ကြောင့် စိတ်တိုရာကနေ ဆရာ့ကိုထိုးမိသွားလို့ ကျောင်းနှစ်ပတ် ရပ်နားခံလိုက်ရတယ်။ အဲဒီအချိန်မှာပဲ သူ့အဖေရဲ့ဝိဉာဥ်က အီမန့်ဆီကိုရောက်လာပြီး သူ့သားကို ကောင်မလေးရဖို့၊ ကျောင်းက အနိုင်ကျင့်သမားတွေကို ပြန်တိုက်ဖို့နဲ့ ဘဝမှာ ကိုယ့်ကိုယ်ကိုယ် နောင်တမရှိအောင်ရှင်သန်ဖို့ ဘယ်လိုတွေလမ်းညွှန်သွားမလဲဆိုတာကိုတော့ ဒီဇာတ်လမ်းလေးထဲမှာ စိတ်ဝင်စားစွာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ ) File size_(1GB)/(500MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:18:00 Genre_Drama, Fantasy Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thwal Htoo Zin

6.1 2023 76 mins
Father & Son
Maid in Manhattan

ဒီဇာတ်ကားလေးကတော့ 2002 ခုနှစ်ကထွက်ရှိထားတဲ့ Romance Drama အချစ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Jennifer Lopez, Ralph Fiennes စတဲ့ နာမည်‌ကျော်သရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်း‌လေးကတော့ ဟိုတယ်အကူအမျိုးသမီးလေးတစ်ယောက်ကို လွှတ်တော်အမတ်လောင်းတစ်ယောက်က ချစ်ကြိုက်မိသွားတဲ့ ခေတ်သစ်စင်ဒရဲလားကားလို့ပြောရပါလိမ့်မယ်။ မာရီဆာဗန်တျူရာဆိုတဲ့ Single Mom တစ်ယောက်ဟာ နယူးရော့ခ်မြို့ရဲ့ဆင်ခြေဖုံးရပ်ကွက်မှာနေထိုင်ပြီး အဆင့်မြင့်ဟိုတယ်တစ်ခုမှာ အကူလုပ်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ခရစ်မာရှယ်လို့ခေါ်တဲ့ ဆွေကြီးမျိုးကြီး နိုင်ငံရေးသမားတစ်ယောက်ဟာ ဟိုတယ်မှာအလုပ်လုပ်‌နေတဲ့မာရီဆာကို ဧည့်သည်အမှတ်နဲ့ သဘောကျနှစ်သက်သွားပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ သူတို့နှစ်ယောက်ရဲ့ ရင်ခုံစရာအချစ်ဇာတ်လမ်းကို ကြည်နူးဆွတ်ပျံ့ဖွယ် တင်ဆက်ပြသထားပါတယ်။ Romance ချစ်သူတို့အနေနဲ့ ကြည့်သင့်တဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.7 GB)/(919 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre… Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Moon

0 2002
Maid in Manhattan
Witness
7.4

ဒီရုပ်ရှင်ကတော့ စိတ်လှုပ်ရှားစရာ၊ လွမ်းမောစရာတွေနဲ့ ပြည့်နေတဲ့ သည်းထိတ်ရင်ဖိုအချစ်ဇာတ်လမ်းလေးလို့ ပြောရမှာပဲ ရိုက်ထားတာ ၁၉၈၅ ခုနှစ်တုန်းကတည်းကဆိုပေမယ့် အခုအချိန်အထိ တော်တော်လေး ကြည့်လို့ကောင်းတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားထဲမှာပါပါတယ် ဒီရုပ်ရှင်က ဒါရိုက်တာပီတာရေးရဲ့ အကောင်းဆုံး ဇာတ်ကားတွေထဲက တစ်ခုဆိုလည်း မမှားဘူး အကယ်ဒမီဇကာတင်စာရင်းမှာတောင် စာရင်းသွင်းတာခံထားရတဲ့ ကားတစ်ကားပါ ဇာတ်ကားထဲမှာ အားမစ်ရှ်လို့ခေါ်တဲ့ မိမိမှာရှိတာလေးနဲ့ တင်းတိမ်ရောင့်ရဲပြီး နေတတ်ကြတဲ့ လူ့အဖွဲ့အစည်းတစ်ခုနဲ့ သူတို့ရဲ့ ယဉ်ကျေးမှုတွေကို ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ ခေတ်ပေါ်နည်းပညာတွေအပေါ် အရမ်း မှီခိုနေကြတဲ့ အမေရိကန်တွေအကြောင်း ယှဉ်တွဲပြထားတယ် အားမစ်ရှ်တွေဟာ သူတို့အသိုင်းအဝိုင်းရဲ့ပြင်ပက လူတွေကို သံသယမျက်လုံးနဲ့ကြည့်လေ့ရှိပြီး သူတို့ပတ်ဝန်းကျင်မှာ ဘယ်လောက်ပဲတိုးတက်နေနေ သူတို့ကတော့ မြင်းတွေ ရထားတွေနဲ့ သွားလာကြတုန်း လျှပ်စစ်မီးအစား မီးအိမ်တွေ သုံးကြတုန်းပါပဲ ဇာတ်လမ်းအစမှာ အဓိကဇာတ်ကောင်မင်းသမီးရဲ့ ယောကျာ်း အားမစ်ရှ်တစ်ယောက်သေသွားတယ် မင်းသမီးနဲ့ သူ့သားငယ်လေးတို့က ရထားနဲ့ သူ့ညီမဆီကို ခရီးထွက်လာကြတယ် ရထားဘူတာရုံမှာ ကလေးလေးက လူသတ်မှုတစ်ခုရဲ့ မျက်မြင်သက်သေဖြစ်သွားတယ် ဒီမှာ အားလုံးသိကြတဲ့ မင်းသား ဟယ်ရီဆင်ဖို့ဒ်က ဒီအမှုကို ကိုင်တွယ်ရတဲ့ ရဲအရာရှိပေါ့ ဒါပေမယ့် ရိုးရိုးသာမန် လူသတ်မှုတစ်ခုကနေ ရဲဌာနက အကြီးအကဲပါ ပါဝင်ပတ်သက်နေတဲ့ အမှုတစ်ခုဖြစ်လာတဲ့အခါမှာတော့ မင်းသားအတွက်ရော မင်းသမီးအတွက်ရော အဓိကမျက်မြင်သက်သေဖြစ်နေတဲ့ ကလေးလေးအတွက်ပါ အရမ်းအန္တရာယ်ရှိလာပါတော့တယ် ဇာတ်ကားလေးမှာ ထူးခြားတဲ့ အချက်က ပုံမှန်သည်းထိတ်ရင်ဖိုရုပ်ရှင်တွေမှာ မြင်နေကျလိုမျိုး မင်းသားနဲ့မင်းသမီး ချစ်သွားကြလေသတည်းဆိုတာမျိုး လုံးဝမဟုတ်ပဲ ကိုယ့်စံနှုန်းတွေနဲ့ကိုယ် နေထိုင်ခဲ့ကြတဲ့ မတူညီတဲ့ ကမ္ဘာက လူနှစ်ယောက်၊ အန္တရာယ်တောကြီးကို အတူကျော်ဖြတ်ကြရင်း တစ်ယောက်အပေါ် တစ်ယောက်ခံစားချက်တွေရှိလာတဲ့ အကြောင်းလေးပါ ကဲ ကြည့်ရှုခံစားကြည့်လိုက်ပါဦး File size…(2.6 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:52:00 Genre… Drama, Romance, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Bunny

7.4 1985
Witness
Blood Promise Janji Darah
5.3

Janji Darah (2024) IMDb Rating (5.3) ဒီတစ်ခါမှာတော့ suspenseကောင်းကောင်းနဲ့ ကြည့်လိုကောင်းတဲ့ အင်ဒိုနီးရှားသရဲကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ပထမဆုံးကိုယ်ဝန်ရလို ပျော်နေတဲ့ လင်မယားနှစ်ယောက် Sheren နဲ့ Rayhan က ကလေးရပြီးမကြာခင်မှာပဲ သူတိုအိမ်ကို သရဲခြောက်လှန့်တာတွေ ကြုံလာရတယ်။ ခင်ပွန်းဖြစ်သူ Rayhan က ငယ်ငယ်က သရဲတွေမြင်နိုင်တဲ့သူဖြစ်ပြီး အခုအချိန်မှာတော့ အဲဒီစွမ်းအင်ပျောက်သွားတာမို သူတိုအိမ်ကို ခြောက်လှန့်တဲ့သရဲကဘယ်သူလဲ သိရအောင်ကြိုးစားခဲ့တယ်။ အစပိုင်းမှာ သာမန်သရဲခြောက်ရုံလောက်ပါဆိုပြီး ငြိမ်နေခဲ့ပေမဲ့ နောက်ပိုင်းမှာ သူတိုအိမ်က ဇနီး Sheren ကို အဓိကလိုက်ခြောက်နေတဲ့သရဲက Rayhan ရဲ့အရင်က အဆက်ဟောင်းဖြစ်နေပြီး Rayhan ပေးခဲ့တဲ့ အတိတ်ကကတိတည်ဖို လာခေါ်ဖိုလုပ်နေတာကို သိပြီးနောက်မှာတော့ Rayhan ဘယ်လိုတွေ ဖြေရှင်းရမလဲ၊ သူ့မိန်းမနဲ့ကလေးကို ကာကွယ်နိုင်ပါ့မလားဆိုတာကို ကျောချမ်းချမ်းနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.5 GB) / (730 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Horror, Thriller Duration….01:44:27 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thwal Htoo Zin

5.3 2024 104 mins
Blood Promise Janji Darah
Valley Girl

Valley Girl (2020) ****************** ဒီဇာတ်ကားလေးကတော့ Musical Romantic Comedy ဇာတ်ကားအမျိုးအစားလေးပါ… အရမ်း Sweet ဖြစ်ပြီးတော့ ရိုထားတဲ့ ကားလေးပါ။ ရယ်လည်းရယ်ရသလို တစ်ကားလုံးမှာလည်း… သီချင်းလေးတွေနဲ့ တကယ် နားထောင်ပြီး ကြည့်ရတာ ပျော်ဖို့ကောင်းတယ်။ တောင်ကြားမြို့လေးထဲမှာရှိတဲ့… ဆယ်ကျော်သက်ကောင်မလေးတွေက ဖက်ရှင်ဆိုလည်းဆင်တူ ဝတ်ကြတယ်။ ဘဝကိုလည်း… ပျော်ပျော်ပဲဖြတ်သန်းကြပေမဲ့ အိမ်ထောင်ဘက်ရွေးချယ်တဲ့အခါမှာတော့ အထက်တန်းစားယောက်ကျားမှ… ဖြစ်ရမယ်ပေါ့။ အဲဒီအထဲမှာမှ ဂျူလီ ဆိုတဲ့ ကောင်မလေးက တစ်မူထူးခြားလှပါတယ်။ ရှေးရိုးစွဲ မဆန်ချင်ဘူး။ အချစ်ကို ကိုးကွယ်သလို ဘယ်လိုအတန်းအစားပဲနေနေ ချစ်ခဲ့မယ်ဆိုရင် ဘဝလက်တွဲဖော်အဖြစ်ရွေးချယ်ဖို့… အသင့်ဖြစ်နေသူလေးပါ။ အဲဒီလို ကောင်မလေးနဲ့ မိဘမရှိ လေလွင့်နေတဲ့ ရမ်ဒမ် ဆိုတဲ့ ကောင်လေးတို့ … ကမ်းခြေမှာ ဆုံတွေ့ခဲ့ကြတယ်။ မတူညီတဲ့ပတ်ဝန်းကျင်က မွေးဖွားခဲ့ကြသလို…အယူအဆတွေမှာလည်း… ကိုယ်စီကွဲပြားကြလေတော့ ရေရှည်မှာ အချစ်ကိုအရင်းတည်တဲ့သူတို့နှစ်ယောက်ဟာ ဟန်ချက်ညီစွာလျှောက်လမ်းဖို့ … အတော်ခက်တယ်ပြောရမှာပေါ့…ကိုင်းသူတို့ ဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ ဆက်လက်ခံစားကြည့်ကြပါဦး။ ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Theint Theint ပဲဖြစ်ပါတယ်…. File Size : 2.84GB / 1.33GB Quality : 1080p 5.1ch / 720p Duration : 01:42:00 Genre : Comedy ,Romance , Music Subtitle : Myanmar Subtitle (Hard Sub) Translated by Theint Theint Encoded by Heather Oo

Adventure • Comedy • Drama
0 2020 102 mins
Valley Girl
Não Tem Volta
5

Não Tem Volta (2023) IMDb Rating (5.0) ဘရာဇီးအချစ်ဟာသကားဖြစ်တဲ့ ဒီကားရဲ့ ဇာတ်အိမ်က ထူးလည်းထူးတယ် ရူးလည်းရူးတယ်လို့ပြောရမယ်။ ကောင်လေးတစ်ယောက်ရှိတယ်။ သူက သူ့ကောင်မလေးက သူ့ကိုထားသွားတာကို ခံခဲ့ရတယ်။ မင်းမရှိရင် အသက်မရှင်ဘူးဆိုတာ ဒီကောင်အစစ်ပဲ။ တစ်နှစ်လောက်တော့ စောင့်မယ်လို့ စိတ်ပိုင်းဖြတ်ပြီး တစ်နှစ်စောင့်ခဲ့ပေမဲ့ သူ့ကောင်မလေးက ပြန်မလာခဲ့ဘူး။ ဒီတော့ သူက လူသတ်သမားငှားပြီး သူ့ကိုယ်သူပြန်သတ်ခိုင်းလိုက်တယ်။ ကိုယ့်ကိုယ်ကိုယ်ပြန်သတ်ခိုင်းမိတဲ့ ဇာတ်ကတော့ ရှေ့မှာလည်းရှိခဲ့ပေမဲ့ ဒီကားကတော့ ကျန်တဲ့အဲလီးမန့်တွေကပါ စားနေတာမျိုးပေါ့။ သူ့ကိုယ်သူသတ်ဖို့ အလုပ်အပ်တဲ့အချိန် လူသတ်သမားငှားပေးမယ့်ပွဲစားက သူ့ကို တစ်ခါတည်းမှာထားတယ်။ အလုပ်အပ်ပြီးရင် ပြတ်ရုတ်သိမ်းလို့မရဘူး။ နောက်ပြန်ဆုတ်လို့မရဘူးတဲ့။ မင်းမရှိရင်အသက်မရှင်ချင်တဲ့ကောင်ကလည်း ပျော်ပျော်ကြီးလက်ခံလိုက်တာပေါ့။ အလုပ်အပ်ပြီး အိမ်ပြန်လာတော့ သူ့ကောင်မလေး ပြန်လာတာနဲ့ တိုးတယ်။ သူ့ကိုချစ်ကြောင်းတွေပါပြောတော့ ဒီကောင်နားကားရော။ ဒီတော့ သူပြန်ဆုတ်လို့မရတဲ့ အပေးအယူလုပ်ထားတဲ့ကိစ္စကို ပြန်ဆုတ်ဖို့ သူဘယ်လိုလုပ်လဲ တလွဲတွေနဲ့ချည်းကြည့်ရမယ့် ရုပ်ရှင်ပါ။ တစ်ခုရှိတာက ဒီဘရာဇီးကားက ဘောင်ဝင်တန်းဝင်ကားမဟုတ်လေတော့ အင်္ဂလိပ်စာဖိုင်က ဘောင်ဝင်တန်းဝင်စာဖိုင်မျိုးတော့ မထွက်ထားဘူး။ နားလည်လွယ်အောင် ဖြည့်ပြန်ထားပေမဲ့‌ ခြောက်ပြစ်တော့မကင်းတာတော့ သည်းခံကြည့်စေချင်ပါတယ်။ ဇာတ်လမ်းကို နားလည်မှုလွဲစေမှာမျိုးတော့ မရှိပါဘူး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(2.3 GB) / (960 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Action,Comedy Duration….01:30:05 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Romance • Drama
5 2023 90 mins
Não Tem Volta
Mad Hairdressers
5.5

ဒီတစ်ခါမှာ CM ကနေဟာသဇာတ်လမ်းတိုတစ်ပုဒ်လေးနဲ့မိတ်ဆက်ချင်ပါတယ်။ လျိုကန့်ရှန်းလို့ခေါ်တဲ့လူကတော့ရပ်ကွက်ထဲမှာ အသံကောင်းဟစ်နိုင်ဆုံးဖြစ်ပြီး တကယ်တမ်းမှာအဖြစ်မရှိတာကြောင့် ပတ်ဝန်းကျင်အသိုင်းအဝိုင်းကသူ့ကို ဆန်ကုန်မြေလေးကိုခေါ်ကြတာပေါ့။သူ့မှာ သူအရမ်းချစ်ရတဲ့ဇနီးတစ်ယောက်ရှိပြီး အဲ့ဇနီးကရင်သားကင်ဆာကြောင့်ဆုံးပါးသွားခဲ့တယ်။ ဇနီးသည်ဆုံးပါးသွားတာတောင်မှ ဘာလုပ်ရမှန်းမသိ ဘာမှမလုပ်တတ်တဲ့လျိုကန့်ရှန်းတစ်ယောက် အကြွားလုံးတစက်မှမရှိပဲ ဇနီးသည်နဲ့အတူဖွင့်ထားတဲ့ ကန့်ရှန်းလက်ရာဆံပင်ညှပ်ဆိုင်ကိုပြန်သွားခဲ့တာပေါ့။ ဒါပေမဲ့ဘာမှမလုပ်တတ်တဲ့အပြင် ဇနီးသည်ရှိစဉ်တုန်းကတချက်မှဝင်မကူပေးခဲ့တဲ့ လျိုကန့်ရှန်းတစ်ယောက်ပြဿနာတွေနဲ့ရင်ဆိုင်ရတော့ပါတယ်။ ဆိုင်ဌားခမပေးနိုင်လို့ အကြွေးတင်နေရပြီး ဇနီးသည်ရှိစဉ်ကပူးပေါင်းခဲ့တဲ့ ဆံပင်ထုတ်ကုန်ကုမ္ပဏီနဲ့လည်း စာချုပ်ဖောက်ဖျက်မှုကြောင့် လျော်ကြေးပေးရတာတွေ ရင်ဆိုင်ရတဲ့အပြင် ဇနီးသည်ကဓါတ်ကင်ဖို့ ပိုက်ဆံမရှိတာကြောင့် အိမ်ကိုပါအပေါင်ထားခဲ့တာတွေပါ ဆက်တိုက်ကြုံတွေ့ခဲ့ရပါတော့တယ်။ဒီလိုနဲ့တနေ့မှာတော့ အလှဆုံးဆံပင်ညှပ်ဆိုင်ပြိုင်ပွဲရွေးချယ်ပွဲကြီးကိုကျင်းပပြီးတော့ သူ့ ဆံပင်ညှပ်ဆိုင်ဖြစ်တဲ့ကန့်ရှန်းဆံပင်ညှပ်ဆိုင်လည်း ရွေးချယ်ပွဲထဲပါဝင်ခဲ့တာပေါ့။ ဒါပေမဲ့လည်း ကတ်ကြေးတောင်မကိုင်ရဲတဲ့လျိုကန့်ရှန်းတစ်ယောက်က သူအရင်ကြွားထားတဲ့ ဆံပင်ညှပ်ဆရာရဲ့ခေါင်းဆောင်ဆိုတဲ့ကြွားလုံးနဲ့ ပိတ်မိပြီးအဲ့ရွေးချယ်ပွဲမှာ ဆိုင်ကိုယ်စားပြုဝင်ပြိုင်ဖို့ရာအကြောင်းဖန်လာပါတော့တယ်

5.5 2025
Mad Hairdressers