YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Vitalina.Varela.2019.PORTUGUESE.1080p.BluRay {CM}.mp4

1.31 GB N/A video/mp4 197 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
A Lonely Place to Die
6.2

စကော့တလန်ကတောင်တန်းတွေပေါ်တက်ကြတဲ့တောင်တက်သမား အုပ်စုတစ်ဖွဲ့ တောင်ကြားတစ်လျှောက်လမ်းလျှောက်နေရင်းနဲ့ တစ်နေရာအရောက်မှာ အော်သံတစ်ခုကြားလိုက်ရတဲ့အခါ အရဲစွန့်ပြီးတော့ အဲ့နေရာကိုသွားခဲ့ကြပါတယ်။ ရောက်တဲ့အခါမှာတော့ လေထွက်ပေါက်ပုံစံလိုပိုက်ခေါင်းထဲက အသံကြားရတာဖြစ်ပြီး အဲ့ဒီအပေါက်ကလဲမြေကြီးထဲကနေထွက်နေတာပါ. ကလေးမလေးတစ်ယောက်အသံလိုကြားနေရတာမလို့ ကယ်ဆယ်ဖို့ သူတို့တွေကူညီကြတဲ့အခါမှာ ဘာကြောင့် ဒီကလေးမလေးက ဒီထဲကိုရောက်နေတယ်ဆိုတာရယ် ဘာတွေဆက်ဖြစ်မယ်ဆိုတာ ရယ်ကိုတော့ ဇာတ်ကားထဲမှာဆက်လက်ပြီးတော့ကြည့်ရှုခံစားပေးကြပါဦးဗျာ ၁ နာရီခွဲနီးပါးကြာသလို ratingတွေလဲကောင်းတာကြောင့် Action, Mystery & thriller ကိုမှကြိုက်တဲ့သူတွေအတွက်တော့ ဇာတ်ကားကောင်းလေးဖြစ်စေမှာပါ File size…2.13GB / 998MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 39m Genre ..... Action , Adventure , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Charm

Drama • Horror • Mystery
6.2 2011 99 mins
A Lonely Place to Die
Planet of the Apes
7.6

ရုပ်ရှင်တွေထဲမှာ ကမ္ဘာကျော် သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းတွဲတွေအများကြီးရှိပါတယ်။ Star Wars, Star Treks စသည်ဖြင့်ပေါ့။ အဲဒီလိုပဲ အခုတင်ဆက်လိုက်တဲ့ Planet of the apes တွေကလည်း ဂန္ဓဝင်ပါပဲ။ စုစုပေါင်း ၅ ကား မူလထွက်ရှိခဲ့ပါတယ်။ နောက်ထပ် သုံးကားထွက်ရှိခဲ့ပါတယ်။ မူရင်း ၅ ကားကတော့ Planet of the Apes (1968) Beneath the Planet of the Apes (1970) Escape from the Planet of the Apes (1971) Conquest of the Planet of the Apes (1972) Battle for the Planet of the Apes (1973) တို့ဖြစ်ပြီး ချန်နယ်မြန်မာမှာ ငါးကားလုံးကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ Rise Of The Planet Of Apes ရဲ့ ပထမဆုံး ရုပ်ရှင်ကားကြီးပါပဲ တစ်ခေတ်တစ်ခါက အကောင်းဆုံး သိပ္ပံဇာတ်ကားတွေထဲကတစ်ကားပါ IMDP 8.0 ထိရရှိထားပြီး Tomato 86% ထိရရှိထားတဲ့ ဇာတ်ကားကောင်းလေးပါပဲ ဒီကားထဲမှာတော့ ကျွန်တော်တို့ နောက်ပိုင်း ကြည့်ခဲ့ကြတဲ့ Rise Of The Planet Of Apes Series ကားတွေကိုပြောင်းပြန် ပြန်ကြည့်ရသလိုပါပဲ ကျွန်တော်တို့လူသားတွေကို တိရိစ္ဆာန်လေးတွေရဲ့နေရာမှာ ခနပြောင်းထားကြည့်လိုက်ရင် ဘယ်လိုတွေဖြစ်နိုင်မလဲဆိုတာ သေချာတွေးကြည့်ပြီး အသေးစိတ်ရိုက်ပြထားတဲ့ကားကောင်းတစ်ကားပေါ့ ဇတ်လမ်းအကျဉ်း အာကာသယာဉ်မှူးတွေဖြစ်တဲ့ တေလာရယ် ဒေါ့ချ်ရယ် လန်ဒန်ရယ် စတီးဝပ်ရယ်ဟာ အလင်းရဲ့အမြန်နှုန်းနီးပါးနဲ့ ရွေ့လျားသွားလာနေတဲ့ အာကာသယာဉ်ကြီးနဲ့ အာကာသကြီးကိုစူးစမ်းနေခဲ့ကြတာပါ သူတို့အာကာသယာဉ်ပေါ်က အချိန်နဲ့တော့ ၁၈လလောက်ပဲကြာပေမဲ့ ကမ္ဘာမြေကြီးရဲ့အချိန်ကတော့ နှစ်ပေါင်း ၂၀၀၀လောက်နီးပါးကို ကြာသွားခဲ့တာပါ အဲဒီလိုနဲ့ သူတို့ဆင်းမယ်လို့သတ်မှတ်ထားတဲ့ နေရာက ကုန်းတွင်းပိုင်းပင်လယ်ကြီးဖြစ်နေပြီး ပတ်ဝန်းကျင်မှာလည်း ဘာသက်ရှိမှနေလို့မရအောင်အဆိပ်သင့်နေတော့ ရေကြည်ရာမြက်နုရာ ရှာရှင်း လူရိုင်းတွေနဲ့ဆုံမိတာပါပဲ အဲဒီအချိန်မှာပဲ လူရိုင်းတွေကို အမဲလိုက်နေတဲ့ သူတွေက မျောက်နေဖြစ်နေတာကို သိလိုက်ရပြီးနောက်မှာတော့ ဒေါ့ချ်ကသေပြီး တေလာနဲ့ လန်ဒန်က အဖမ်းခံလိုက်ရပါတယ် မျောက်တွေဟာ လူသားတွေကို တိရိစ္ဆာန်တစ်ကောင်လိုသတ်မှတ်ပြီး စမ်းသပ်မှုတွေလုပ်နေတဲ့ဆီကို ရောက်သွားတဲ့အချိန်မှာပဲ ဘာတွေဆက်ဖြစ်ကြမလဲ အသိပညာဥာဏ်မြင့်မားပါတယ်ဆိုတဲ့ လူသားတစ်ယောက်ဟာ အသိဥာဏ်မရှိတဲ့ တိရိစ္ဆာန်လေးတစ်ကောင်လိုဆက်ဆံခံရရင် ဘာတွေဖြစ်သွားမလဲ မျောက်တွေကရော အသိဥာဏ်ရှိသွားတဲ့အချိန်မှာဘယ်လိုပြုမူကြမလဲ မျောက်တွေလက်ကနေဘယ်လိုလွတ်အောင်ပြေးကြရမလဲဆိုတာ တစ်ခန်းချင်းစီကိုကြည့်ကောင်းတဲ့ကားကောင်းလေးပါပဲ လူသားတွေရဲ့ အကြောင်းကို တခြားသတ္တဝါကတွေဘယ်လိုတွေးပြီး ဘယ်လိုမှတ်သားကြလဲဆိုတာကိုပါ သေချာလေးရိုက်ပြသွားလို့ တကယ့်ကိုခံစားပြီးကြည့်လို့ကောင်းတဲ့ ကားကောင်းလေးလို့ပဲ ပြောလိုက်ပါရစေ File size…(1.9gb)/(1.11gB)/(575MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:52:00 Genre...Adventure / Sci-fic Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield

Action • Drama • Mystery
7.6 1968 112 mins
Planet of the Apes
Black Mirror: Bandersnatch
6.8

ဒီဇာတ်လမ်းပုံစံဟာလုံးဝအသစ်ပါ Netflixကတော့အဓိကဇာတ်သိမ်းငါးခုရှိတယ်လို့ပြောထားပါတယ် တကယ်တော့အဲ့ထက်များပါတယ် ကျွန်တော်တို့ငယ်ငယ်ကဖတ်ခဲ့ဖူးတဲ့ ကိုယ့်ဇာတ်လမ်းကိုယ်ရွေးရတဲ့ဝတ္ထုကို ရုပ်ရှင်အဖြစ်အသက်သွင်းပေးထားတဲ့Netflixရဲ့ပထမဆုံးကားပါ ဇာတ်ကောင်ကရွေးချယ်မှုတစ်ခုလုပ်တာနဲ့အဲ့တာကပါကြည့်ရှု့သူအပေါ်သက်ရောက်အောင်စွမ်းဆောင်နိုင်ပါတယ် Basic storylineက1984ခုနှစ်ကလူငယ်ပရိုဂရမ်မာတစ်ယောက်ကိုအခြေခံထားတာဖြစ်ပြီး Bamdersnatchလို့ခေါ်တဲ့ရွေးချယ်မှုတွေနဲ့ဖတ်ရတဲ့စာအုပ်ပုံစံမျိုးကို ဂိမ်းအဖြစ်လုပ်ချင်တဲ့အိပ်မက်လေးတစ်ခုပဲသူ့တစ်ဘဝလုံးမှာရှိပါတယ် ဒါပေမယ့်အဲ့လောက်မရိုးစင်းခဲ့ပါဘူး ကျွန်တော်တို့ကိုယ်တိုင်ခံစားပြီးဇာတ်လမ်းကိုရွေးပေးရမှာပါ Spoilerမပါမှအရသာအပြည့်ကိုခံစားနိုင်မှာမို့ဒီလောက်ပဲပြောပြပါရစေ တစ်ခေါက်ထဲကြည့်ပြီးရိုးသွားမယ့်ကားမဟုတ်တဲ့အပြင် တစ်ခေါက်နဲ့တစ်ခေါက်ရတဲ့ခံစားချက်ကလည်းမတူစေရပါဘူး Bird boxလိုပုံမှန်sci-fiကားကြည့်ပြီးအချိန်ကုန်တာထက်တော့ဒီကားကအများကြီးပေးစွမ်းနိုင်ပါလိမ့်မယ် ဘာသာပြန်ပေးထားတာတော့ Aye Chansu ဖြစ်ပြီး Encodeပေးတာကတော့ကျွန်တော် sithu ပဲဖြစ်ပါတယ်

Action & Adventure • Animation • Comedy
6.8 2018 90 mins
Black Mirror: Bandersnatch
Zero Avenue

Zero Avenue (2021) ဇာတ်လမ်းကတော့ ဒီလိုဗျာ။ နှစ်ပေါင်းလေးရာကျော် ရှင်သန်နေခဲ့တဲ့ မသေမျိုးတစ်ကောင်ရှိတယ်။ သူ့မသေခြင်းဟာ ကျိန်စာတစ်မျိုးပါပဲ။ ဒီမသေခြင်းကနေ လွတ်မြောက်ဖို့ သူလုပ်ရမှာက သူ့အမေဝင်စားတဲ့ အမျိုးသမီးကိုရှာဖို့ပါပဲ။ ဒီတော့ သူရှာတယ်ပေါ့၊ သူ့အမေဝင်စားတဲ့ အမျိုးသမီးလို့ သူထင်လိုက်တဲ့ အမျိုးသမီးကတော့ ပခြုပ်သည်မလေးပါပဲ။ ဒီတော့ သူက အဲဒီအမျိုးသမီးကို ငွေပေးပြီး BDSM ကစားတယ်။ ဒီတော့ လိင်ဆက်ဆံခန်းတွေတော့ ပါတဲ့အပြင် အတော်ခပ်ဆိုးဆိုး ဒိုင်ယာလော့တွေလည်းပါတာမို့ မိသားစုနဲ့ မကြည့်ကြစေချင်ပါဘူး။ ဒီဇာတ်လမ်းရဲ့နောက်ထပ်ထူးခြားချက်ကတော့ တစ်ချိန်လုံး စကားပဲပြောနေတာပါပဲ။ ပြောနေတဲ့ စကားတွေက စိတ်ဝင်စားဖို့ကောင်းတာတွေလည်း ပါသလို လလေးလုံးတွေလည်းပါပါတယ်။ Plot Twist လိုလို ဘာညာတွေလည်း သုံးပြီး နိုလန်ရဲ့ Following ဆန်တယ်လို့တောင် ဆိုလို့ရပါတယ်။ သူ့ဇာတ်က ဘာတွေမှန်းမသိ မလည်ရှုပ်ဖြစ်နေတာကတော့ တစ်ပိုင်းပေါ့။ ဘာပဲဖြစ်ဖြစ်ပါ၊ တော်တော်ထူးဆန်းပြီး မကြုံစဖူး ဇာတ်လမ်းအသစ်အဆန်းတွေကို သဘောကျတဲ့သူတွေတော့ သဘောကျကြမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.37GB, 606MB Quality – 1080p, 720p Format – mp4 Duration – 1H 34Min Genre – Horror, Romance Subtitle – Myanmar Subtitle (Hardsub) Translated by “___” Encoded by Y

Drama
0 2021
Zero Avenue
The Sky Coffin in Qinling Town

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ကြယ်အပိုင်းအစတစ်ခုဟာ ကမ္ဘာမြေပြင်ပေါ်ကျရောက်လာပြီး ချင်းလင်တောင်တန်းတွေကြားက ရှေးဟောင်းသင်္ချိုင်းထဲကို ကျသွားခဲ့ပါတယ် ကျရောက်လာစဉ်က ဖြာထွက်ခဲ့တဲ့အလင်းတန်းတွေက ထွန်းလင်းလွန်းတာကြောင့် ချင်းလင်တောင်က ရှေးဟောင်းဂူသင်္ချိုင်းထဲမှာ တစ္ဆေတံဆိပ်တော်ဆိုတဲ့ ရတနာရှိတယ်ဆိုတဲ့သတင်းဟာ ချက်ချင်းပဲ သတင်းပျံ့နှံ့သွားခဲ့ပါတယ် သင်္ချိုင်းဖောက်ရမှာ ကျွမ်းကျင်တဲ့ ချင်ထျန်းဟာ အန္တရာယ်များတဲ့အလုပ်ကို စွန့်လွှတ်ပြီး သာမန်အသက်‌မွေး၀မ်းကြောင်းပဲ ပြုလုပ်တော့မယ်လို့ စဉ်းစားထားသူပါ ဒါပေမဲ့ တစ်ရက်မှာ ဂျပန်ဗိုလ်မှူးရှန်ဟာ ချန်ထျန်းအိမ်ကို အရောက်လာကာ နာမည်ကြီးနေတဲ့ ချင်းလင်တောင်က ရှေးဟောင်းသင်္ချိုင်းကို သွားဖောက်ဖို့ လမ်းပြခိုင်းခဲ့ပါတယ် စွန့်စားရတဲ့အလုပ်တွေမလုပ်ဖို့ဆုံးဖြတ်ထားတဲ့ ချင်ထျန်းက ငြင်းပေမဲ့ ဗိုလ်မှူးရှန်က သူ့ဆရာနဲ့ ဆရာတူညီမကို အကျပ်ကိုင်လာတာကြောင့် ချင်းလင်သင်္ချိုင်းဆီ သွားခဲ့ရပါတော့တယ် – ဒီလိုနဲ့ ချင်ထျန်းနဲ့ ဂျပန်ဗိုလ်မှူးရှန်တို့ ဂူသင်္ချိုင်းဆီအရောက်သွားပြီး ရတနာကို အရယူနိုင်ပါ့မလား ?? – နောက်ဆုံးမှာတော့ အသက်ရှင်လျက်ပြန်ထွက်နိုင်မလား ဒါမှမဟုတ် ဘာတွေဆက်ဖြစ်ကြမလဲ ဆိုတာကို အခုပဲ ကြည့်ရှုလိုက်ကြရအောင်

Drama • Horror • Mystery • Thriller
0 2023
The Sky Coffin in Qinling Town
Love, Sex and 30 Candles
4.9

Love, Sex and 30 Candles (2023) ======================== ဒီခယ်လီဒီ၊ နော်လာဇီ၊ လင်ဒါနဲ့ ရှာဒေးတို့ဟာ တက္ကသိုလ်ကျောင်းသူ ဘဝကတည်းကစသိလာကြပြီး အခု အသက် ၃၀ ပြည့်တော့မယ့်အချိန် ထိ အင်မတန်ကိုရင်းနှီးခင်မင်နေကြတဲ့သူငယ်ချင်းလေးယောက်ပဲဖြစ် ပါတယ်။ ဒီခယ်လီဒီက တယ်ဘိုဂိုဆိုတဲ့သူနဲ့ ဆယ်နှစ်ကျော်လောက်ချစ်ကြိုက်ခဲ့ပြီး သမီးလေးတစ်ယောက်တောင်ရှိနေပေမယ့်လို့ အခုချိန်ထိ လက်မထပ်ရ သေးပါဘူး။ နော်လာဇီကတော့ Single တစ်ယောက်ပါ၊ Single ဆိုပေမယ့် လည်း သူ့အသက် ၃၀ ပြည့်မွေးနေ့ရက်မှာတင်ပဲ သူ့မှာကိုယ်ဝန်ရှိနေတာကို သိလိုက်ရပါတယ်။ လင်ဒါကတော့ ချစ်သူ၊ ရည်းစားတွေသာ ဗလပွများပြား နေပေမယ့် ငယ်ဘဝက ဖခင်နဲ့ဝေးကွာခဲ့ရမှုတွေ၊ မိခင်မကျန်းမမာဖြစ်မှုတွေ ကြောင့် commitment issues တွေရှိနေပြီး Relationship က ဒီထက်ပိုလေး နက်ပြီး လက်ထပ်မယ့်အဆင့်ရောက်လာပြီဆိုတာနဲ့ ချက်ချင်းကိုပဲ အဆက် ဖြတ်ပစ်လေ့ရှိတဲ့သူတစ်ယောက်ပေါ့။ ရှာဒေးဆိုတဲ့မိန်းကလေးကတော့ မိန်းကလေးအများစုစိတ်ကူးယဉ်တတ်သလို အိပ်မက်ထဲကမင်းသားလေးနဲ့တွေ့ ပြီးလက်ထပ်ရဖို့ကို ငယ်စဉ်ကတည်းကစိတ်ကူးယဉ်ခဲ့သူတစ်ယောက်ပါ။ သူ စိတ်ကူးယဉ်ခဲ့ရသလိုပဲ လက်တွေ့မှာလည်း Perfect ဖြစ်တယ်ဆိုတဲ့ယောကျ်ား နဲ့ မကြာခင်မှာ လက်ထပ်တော့မှာဖြစ်ပေမယ့်လို့ ခင်ပွန်းလောင်းဖြစ်သူက ထင် ထားသလောက်လည်း Perfect ဖြစ်နေတာမဟုတ်ပါဘူး။ ဒီတော့ မကြာခင် အသက် ၃၀ ဆိုပြီး ထိပ်စီးပြောင်းကြတော့မယ့် ဒီသူငယ်ချင်း လေးယောက်ရဲ့ဘဝဟာ အခုလက်ရှိဖြစ်နေကြတဲ့ အခြေအနေတွေအတိုင်းပဲ ရှေ့ဆက်သွားမလား၊ ဘာတွေ ထူးထူးခြားခြားတွေ ဆက်ဖြစ်သွားဦးမယ်ဆိုတာ ကိုတော့ ဒီ “Love, Sex and 30 Candles” လေးကိုကြည့်ပြီးပဲအဖြေရှာကြည့် လိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်) File Size……….(1.6 GB) / (666 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 46Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Romance Translator……Fiona Gillen Encoder……….SWM

Thriller • Crime • Drama • Action
4.9 2023
Love, Sex and 30 Candles
Blood on the Nameless River
5.8

ကိုရီးယားအမေရိကန်စစ်ပွဲကိုအခြေခံထားတဲ့ သွေးနဲ့ရေးတဲ့စစ်ပွဲဇာတ်လမ်းတစ်ပုဒ်ကိုတင်ဆက်ပေးလိုက်ပါတယ်။ ရန်သူအမေရိကန်စစ်တပ်တွေကိုတားဆီးနိုင်ဖို့အတွက်ဆိုရင် သူတို့ရဲ့ရိက္ခာအထောက်အပံ့တွေကိုဖြတ်ပစ်လိုက်တာဟာ ခြေထောက်နှစ်ချောင်းကိုဖြတ်ပစ်သလိုပဲထိရောက်ပါလိမ့်မယ်။ အဲဒါကြောင့် တုချွမ်းတို့တပ်စုဟာရိက္ခာဖြည့်တဲ့ထောက်ပို့စခန်းတစ်ခုကိုဝင်စီးကြပါတယ်။ အဲဒီထောက်ပို့စခန်းကိုဝင်စီးလိုက်တဲ့အချိန်မှာ မထင်မှတ်ပဲ ရန်သူရဲ့စစ်ကြောင်းကိုသိလိုက်ရပါတယ်။ တရုတ်ပင်မစခန်းကြီးကို အမေရိကန်တွေရဲ့အမြှောက်တပ်ကြီးရောက်မသွားအောင် တုချွမ်းတို့တပ်စုဟာအစွမ်းကုန်ကြိုးစားရဖို့တာဝန်ဖြစ်လာပါတယ်။ ရန်သူနဲ့အင်အားမမျှတဲ့အတွက် သူတို့တပ်စုလေးဟာ ဘယ်လိုနည်းဗျူဟာတွေသုံးပြီး အမေရိကန်တွေကိုတားမလဲဆိုတာ စိတ်ဝင်စားဖို့အရမ်းကောင်းပါတယ်။ ပီပြင်တဲ့ဆက်တင်နဲ့သရုပ်ဆောင်ချက်တွေကြောင့် စစ်ကားကြိုက်တတ်တဲ့သူတွေရဲ့ ကျေနပ်စရာကောင်းတဲ့ကားလေးတစ်ကားဖြစ်မှာသေချာပါတယ်။

Drama
5.8 2023
Blood on the Nameless River
Pippa

Pippa (2023) “စစ်သည်တော် ပစ်ပ်ပါ” Amazon Prime Videoကနေ ထုတ်လွှင့်လိုက်တဲ့ အိန္ဒိယစစ်ကားကောင်းလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ အမေရိကန်ဒေါ်လာ ခုနစ်သန်းကျော်အကုန်ကျခံ ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ ဒီကားဟာဆိုရင် အရှေးကူးမားသရုပ်ဆောင်တဲ့ Airlift(2016)ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကြီး ရာဂျာခရစ်ရှ်နာမီနွန် ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ Airlift(2016)ကို ကြည့်ဖူးရင် သူ့ရဲ့ရိုက်ကူးတင်ဆက်မှုကို ခန့်မှန်းကြည့်လို့ရမှာပါ။ Fury(2014)တို့ T-34(2019)တို့ကရတဲ့ Vibeကို အိန္ဒိယဗားရှင်းနဲ့ခံစားရတာမျိုးဗျ။ “စစ်သည်တော် ပစ်ပ်ပါ”ဆိုလို့ ပစ်ပ်ပါဟာ စစ်သည်တော်တစ်ဦးတော့မဟုတ်။ “ပစ်ပ်ပါ”ဆိုတဲ့ အိန္ဒိယရဲ့ ကုန်း‌ရောရေပါသုံးလို့ရတဲ့ ပထမဆုံးတင့်ကား PT-76ကြီးပေါ့။ အိန္ဒိယစစ်ကားဆိုတာနဲ့ အားလုံးလည်းသိတဲ့အတိုင်း ဘယ်နဲ့ဖြစ်မလဲဆို မြေကြီးလက်ခတ်မလွဲ ဖန်တရာထပ်‌နေတဲ့ အင်ဒို-ပါကစ္စတန်စစ်ပွဲပဲပေါ့။ ဘာလ်ရမ်ဟာ ခပ်နောက်နောက်စစ်သားတစ်ယောက်ဆိုပေမဲ့ မျိုးနဲ့ရိုးနဲ့ စစ်သားလုပ်နေကြတဲ့ နိုင်ငံ့သစ္စာတော်ခံမိသားစုကပါ။ အရည်အချင်းရှိသူဆို‌ပေမဲ့ စစ်ရေးလေ့ကျင့်တာကိုတောင် အမိန့်ကို မသိမသာလေးဖီဆန်ပြီး စွန့်စားတတ်လွန်းလို့ အထက်အရာရှိတွေကပါ တော်ရုံဆို မျက်ကွယ်ပြုပေးထားရသူပါ။ ဒီလိုနဲ့ တစ်နေ့မှာ ပါကစ္စတန်ဘက်က တင့်ကားတပ်ဟာအိန္ဒိယနယ်စပ်ဘက်ကို ဦးတည်လာနေတယ်ဆိုတဲ့သတင်းပေါက်ကြားလာခဲ့တယ်။ အရှေ့ပါကစ္စတန်နဲ့အနောက်ပါကစ္စတန် အင်အားပြိုင်ဆိုင်မှုကြားမှာ အိန္ဒိယနယ်စပ်ကို ပြုံပြီးရောက်ရှိလာတဲ့ ဘင်္ဂလီစစ်ဘေးရှောင်ဒုက္ခသည်တွေ၊ စီးပွားရေးဝန်ပိနေတဲ့ကြားက လူသားချင်းစာနာမှုကို ရွေးချယ်လိုက်ခါမှ စစ်မီးကူးစက်လာဖို့ ဖြစ်လာတဲ့အခါ၊ အေးချမ်းသာယာနေတဲ့ ဘာလ်ရမ်တို့ရဲ့မိသားစုဘဝလေးဟာလည်း စစ်သားမိသားစုပီပီ ရှေ့တန်းကနေထွက်ဖို့ဖြစ်လာလေတော့… တင့်ကားမောင်းတဲ့တပ်သားတစ်ယောက်ဖြစ်တဲ့ ဘာလ်ရမ်တစ်ယောက် သူ့ရဲ့စီးတော်ယာဉ်ကြီးပစ်ပ်ပါနဲ့အတူ ရှေ့တန်းကနေ တိုက်စစ်ဆင်တဲ့အကြောင်း ရှေ့တန်းထွက်စစ်သည်တစ်ယောက်ရဲ့ရှုထောင့်နဲ့ တင်ဆက်ထားတဲ့ရုပ်ရှင်လေးကို ရှုစားပေးကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex – ToMo – Zwe – V – BpL – Yunniတို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

0 2023
Pippa
The Persian Version

ဒီတစ်ခေါက်မှာတော့ IMDB 6.5/10 ရရှိထားတဲ့ Romance/Comedy ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပါရှန်း(အီရန်)-အမေရိကန်မလေးဖြစ်သူ လေလာက ငယ်ငယ်ကတည်းက မိခင်နဲ့ ဖခင်ရဲ့ နိုင်ငံနှစ်နိုင်ငံကြား ဗျာများခဲ့ရသူပါ။ အစ်ကိုတွေ မောင်တွေ ကိုးယောက်တောင်ရှိတဲ့ မိသားစုထဲမှာ တစ်ဦးတည်းသော သမီးမိန်းကလေးဖြစ်သူ သူမကို သူ့အမေ ရှီယင်က အများကြီးမျှော်လင့်ထားခဲ့ပေမဲ့ တကယ်တမ်း အရွယ်ရောက်လာတဲ့အခါမှာတော့ လေလာက lesbian တစ်ယောက်ဖြစ်ခဲ့ပြီး အယ်လီနာဆိုတဲ့ မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်လိုက်ပါတော့တယ်။ သူမအပေါ် အမျှော်လင့်ကြီးမျှော်လင့်ခဲ့တဲ့ အမေဖြစ်သူရဲ့ မျှော်လင့်ချက်တွေ ရေစုန်မျောခဲ့ရပြီး သူမတို့ကြားမှာလည်း ပဋိပက္ခတွေ များစွာဖြစ်ခဲ့တာပေါ့လေ။ ဒီလိုနဲ့ “အမေ့ကိုနားလည်ချင်ရင် အမေ့အကြောင်း စာရေးကြည့်ပါလား”ဆိုတဲ့ အဘွားဖြစ်သူ မာမာဂျွန်ရဲ့ အားပေးချက်ကြောင့် သူ့အမေရဲ့အကြောင်းကို သူသိသလောက် ရေးဖို့ကြိုးစားခဲ့ရာမှာတော့ သူ အရင်ကမသိခဲ့တဲ့ သူ့အမေနဲ့ အဖေရဲ့ အတိတ်က ဖြစ်ရပ်တစ်ခုကို သိလိုက်ရပါတော့တယ်။ “နာကျင်မှုကို မထိတွေ့ဘူးဆိုရင် နာကျင်မှုက ထိတွေ့မှာကိုလည်း မခံစားရဘူး”တဲ့။ တကယ်နာကျင်ရတဲ့အရာကို မေ့ထားဖို့၊ မနာကျင်သယောာင် ဟန်ဆောင်နေတတ်ကြတဲ့လူတွေက နာကျင်မှုကို တကယ်ရောမေ့ဖျောက်ထားနိုင်တာလား။ သူမ မသိခဲ့တဲ့အတိတ်ကဖြစ်ရပ်က သူမအမေရဲ့ဘဝကို ဘယ်လောက်တောင် ပြောင်းလဲစေခဲ့တာလဲ။ ပညာရေးဆုံးခန်းမတိုင်ခဲ့ပေမဲ့ ထက်မြက်တဲ့ သူ့အမေက သူတို့မိသားစုအတွက် ဘယ်လိုဖြစ်တည်မှုမျိုးလဲ။ အဆင်မပြေမှုတွေရဲ့ကြားထဲ မထင်မှတ်တဲ့ညတစ်ညမှာ မိန်းမလိုဝတ်တဲ့ယောက်ျားတစ်ယောက်နဲ့ အတူနေမိရာက ကိုယ်ဝန်ရသွားခဲ့တဲ့ လေလာတစ်ယောက်ရော သူ့အမေနဲ့ဘယ်လိုတွေဆက်ဖြေရှင်းကြမလဲ။ lesbian ဖြစ်တဲ့ လေလာကရော ဒီကိုယ်ဝန်ကိုရော မွေးဖြစ်ပါ့မလား။ သူ့အမေနဲ့ လေလာရော ပြေလည်မှုရနိုင်ပါ့မလား ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre…Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

0 2023
The Persian Version
Foxter and Max
6.1

ဒီတစ်ခါမှာတော့ ခွေးချစ်သူတွေအတွက် ရင်ထဲနွေးသွားရမယ့် ဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ရပါတယ် ။ ဇာတ်လမ်းလေးကိုတော့ ခွေးအရမ်းမွေးချင်ပေမယ့် အိမ်က မွေးခွင့်မပြုတဲ့ ကောင်ကလေး Max နဲ့ စတင်ထားပါတယ် ။ Max ဟာ ကာတွန်းရုပ်ဆွဲရတာ ဝါသနာပါပြီး ခပ်အေးအေးနေတတ်တဲ့ ကောင်လေး ဖြစ်တာကြောင့် အတန်းဖော်တွေဆီကလည်း အနိုင်ကျင့် ခံရလေ့ ရှိပါတယ်။ အဲဒီလို Max ဆီကို တံတားအောက်က ထူးဆန်းတဲ့မှုတ်ဆေးတစ်ဘူး အကြောင်းပြုပြီး Foxter လို့ ခေါ်တဲ့ စက်ရုပ်ခွေးလေးတစ်ကောင်ရောက်လာတဲ့ အခါမှာတော့ Max ရဲ့ ဘဝကြီးက တစ်ဆစ်ချိုးပြောင်းလဲ သွားတော့တာပါပဲ ။ ဒါပေမယ့် စက်ရုပ်ခွေးလေး Foxter ကို မကောင်းတဲ့ရည်ရွယ်ချက်တွေနဲ့ အသုံးချဖို့ ကြံစည်နေတဲ့ လူမိုက်တွေကလည်း ရှိနေပါသေးတယ် ။ Max ဟာ ခွေးလေး Foxter ကို လူမိုက်တွေလက်ထဲ ပါမသွားအောင် ကာကွယ် နိုင်ပါ့မလား ။ ဒါမှမဟုတ် Foxter ကပဲ Max ကို ပြန်ကာကွယ် ရမလားဆိုတာတော့ 2019 ခုနှစ်တုန်းက ထွက်ရှိထားတဲ့ ယူကရိန်းရုပ်ရှင် Foxter and Max မှာ ဆက်လက်ကြည့်ရှု ပေးကြပါဦးနော် ။ စက်ရုပ်ခွေးတစ်ကောင် နဲ့ ခပ်တုံးတုံး ကောင်လေးတစ်ယောက်ကြားက ပဋိပက္ခတွေ ၊ အခက်အခဲတွေ ၊ သံယောဇဥ်တွေကို ကြည့်ပြီးရင်တော့ ကိုယ့်အိမ်က ခွေးကလေးတွေကို ပိုချစ်ပေးဖို့လည်း မမေ့ပါနဲ့ဦးနော် ။ File size…1.78GB / 958MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 30m Genre ….. Adventure , Family , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Hazelle

6.1 2019
Foxter and Max
Social Media 101

Social Media 101 (2019) လူကြီးမင်းတို့ဘဝမှာ Hollywood Bollywood Tollywood BBC တို့ဆိုတဲ့ ဖျော်ဖြေရေးမီဒီယာကြီးတွေကို ကြားဖူးကြမယ်ထင်ပါတယ်။ ဒါပေမဲ့ Nollywood ကိုတော့ တစ်ယောက်မှကြားဖူးကြမယ်မထင်ပါဘူး။ ဟုတ်ပါတယ် Nollywood ပါ။ ကျွန်တော်လဲ ပြောရရင် ခုမှကြားဖူးတာပါ။ နိုင်ဂျီးရီးယား နိုင်ငံက သူတို့ ဖျော်ဖြေရေးမီဒီယာကို Nollywood လို့နာမည်ပေးထားတာဗျ။ Hollywood ကဇာတ်ကားတွေက ကမ္ဘာကျော်တွေ ပိုပြီးကြည့်ကောင်းတယ်တို့ Bollywood ကားတွေကမှာ ဇာတ်ရှင်ခန်းတွေကလွဲရင် ကျန်တာတွေက ကြည့်ကောင်းတယ်တို့ Tollywood ကဇာတ်ကားတွေကမှာ လူ့သဘာဝနဲ့နီးစပ်တာတို့ ငြင်းခုန်နေမဲ့အစား Nollywood ကားတွေကို ကြည့်ကြည့်ပါလို့ အကြံပေးချင်ပါတယ်။ ကြည့်မယ်ဆိုလဲ ဘေးနားမှာ လူကိုအန္တရာယ်ဖြစ်စေတဲ့ ပစ္စည်းတွေ မထားပါနဲ့ တီဗီကို ဒါမှမဟုတ် ကိုယ့်ကိုကိုယ် ထိခိုက်အောင်လုပ်မိမှာစိုးလို့ပါ။ မကြည့်ခင်သေသွားသင့်တဲ့ ကားကောင်းလေးတွေမို့ပါ။ မြန်မာပေါကေားတွေရပ်ဆိုတဲ့ သူတွေကိုပြကြည့်ပါ အကယ်ဒမီပေးပွဲကို တန်ဖိုးထားတတ်သွားပါလိမ့်မယ်။ မြန်မာအနုပညာရှင်တွေကိုတော့ သွားမပြနဲ့ ကြံဖန်ပြီးဂုဏ်ဆာနေမှာစိုးလို့။ ကဲဒီလောက်ညွှန်းပြီးသွားပြီဆိုတော့ ဇာတ်လမ်းအကျဉ်းလေး ပြောကြလိုက်ရအောင်။ ဇာတ်လမ်းလေးကတော့ ပညာပေးပုံစံလေးပေါ့။ ဆိုရှယ်မီဒီယာကို ကိုယ့်အတွေးနဲ့ကိုယ် သုံးစွဲနေကြတဲ့ မိန်းမပျိုလေးသုံးယောက်ပေါ့ဗျာ။ တစ်ယောက်က လာရှင်ဖို့အတွက် သုံးတယ်။ တစ်ယောက်က ကြွားဖို့အတွက်သုံးတယ်။ တစ်ယောက်က အလုပ်အတွက်သုံးတယ်။ ဒါပေမဲ့ ဆိုရှယ်မီဒီယာဆိုတာ ဘယ်တော့မှယုံကြည်ရတဲ့ အရာမဟုတ်ဘူးဆိုတာ ပညာပေးသဘောလေးနဲ့ တင်ဆက်ထားတဲ့ကားလေးပေါ့ဗျာ။ ကဲကြည့်ရှုအားပေးလိုက်ကြပါဦး … (အညွှန်းနဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်) Genre….. Comedy, Drama Quality…. 1080p | 720p File size… 1.5GB | 763MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

Action • Adventure • Comedy • Romance
0 2019
Social Media 101
Skiptrace
5.6

ဝါရင့်ဟောင်ကောင်ရဲတစ်ယောက်ဖြစ်တဲ့ ဘန်နီချန်းဟာ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်သလိုပါတနာလည်းဖြစ်တဲ့ ယန်းရဲ့ သေဆုံးမှုကိုအခုတိုင်မေ့မရသေးပါဘူး။ယန်းရဲ့သမီးငယ် ဆမန်သာကို သမီးရင်းလိုစောင့်ရှောက်ရင်း တစ်ဖက်ကလည်း မက်တဒေါ်ဆိုတဲ့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင်ကိုဖော်ထုတ်ဖို့ကြိုးစားနေခဲ့ပါတယ်။ တစ်နေ့တော့ သူ့သမီးလိုစောင့်ရှောက်ထားတဲ့ ဆမန်သာဟာ ကတ်စီနိုပိုင်ရှင်လူဆိုးတွေနဲ့ပြဿနာတစ်ခုထဲမှာ ဝင်ပါမိပြီး အဲဒီပြဿနာအတွက် အမေရိကန်လောင်းကစားသမားတစ်ယောက်ဖြစ်တဲ့ ကွန်နာဝပ်ကိုချန်းကလိုက်ရှာပေးဖို့ဖြစ်လာပါတယ်။ကွန်နာဝပ်ကိုယ်တိုင်ကလည်း ရုရှားမာဖီးယားတွေနဲ့အကြီးအကျယ်ရန်စရှိနေတဲ့သူပါ။ အဲဒီလိုနဲ့ ဘန်နီချန်းနဲ့ကွန်နာဝပ်တို့နှစ်ယောက် ဟောင်ကောင်အပြန်လမ်းမှာ ရုရှားမာဖီးယားတွေ၊ဟောင်ကောင်ဂန်းစတားတွေနဲ့အပြိုင်စွန့်စားခန်းတွေဖွင့်ရပါတော့တယ်။ ဂျက်ကီရဲ့ Shanghai noon တို့ Rush Hour တို့လိုပဲ အရွှန်းဖောက်ထားတဲ့ အက်ရှင်ပြကွက်တွေ သွက်လက်တဲ့ဇာတ်အိမ်တို့နဲ့ ပေါ့ပေါ့ပါးပါးကြည့်ရမယ့် Buddy cop action comedy တစ်ကားပါပဲ။ File size…(2.6 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:47:00 Genre… Action, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alias

Family • Comedy
5.6 2016
Skiptrace
Monday
5.7

Genre – Drama,Romance IMDb – 5.7/10 ဂရိ ကမ်းခြေတစ်ခုမှာ ဖင်တုံးလုံးနဲ့ အဖမ်းခံလိုက်ရတဲ့ လူငယ်နှစ်ယောက်ကနေ ဇာတ်လမ်းစတယ်။ အေသင်ကို ခဏတာ လာရောက်တဲ့ ခလိုဝီနဲ့ ဂရိမြေမှာကုန်ဆုံးတာ ခုနစ်နှစ်ကြာပြီ ဖြစ်တဲ့ မစ်ကီ တို့ အမေရိကန် နှစ်ယောက် ဖူးစာဆုံကြတယ်။ နှစ်ယောက်ချင်း ရေမြေသင့်ပြီး အပျော်ကြီး ပျော်လိုက်ကြတာကနေ တကယ် ချစ်မိသွားရော ဇာတ်လမ်းလေးက စလာရော။ မစ်ကီကတော့ ပေါ့ပေါ့ပါးပါး အလေးအနက် မထားချင်တဲ့ သူမျိုး။ တစ်ဖက်မှာတော့ ထိုအရာတွေကို ညှိပေးနိုင်ပေမဲ့ အရက်ကလေးဝင်လာရင် ဂြိုဟ်ကြွလာတတ်တဲ့ ခလိုဝီ နှစ်ယောက်ပေါင်း ရည်းစားဘဝကို တက်လှမ်းကြပါလေရော။ နှစ်ယောက်သား ဘဝတည်ထောင်တော့ အခြေအနေတွေက မတူတော့ဘူး။ မစ်ကီမှာက ၆ နှစ်သား ကလေးလေး ရှိနေတယ်။ သူ့ဟာနဲ့သူ အလေးအနက် မနေတတ်တဲ့သူက ကလေးအ‌ဖေဘဝနဲ့လည်း အဆင်မပြေပါ။ ဒါတွေကို အသက်ကြီးတဲ့ ခလိုဝီက လိုက်စီမံ ပေးပြန်တော့ သူ့ဘက်က ရည်းစားဟောင်း ပြဿနာက ဝင် သရုပ်ဆောင်ပြန်လေရော။ ဒီလိုနဲ့ နှစ်ယောက်သား ကိုယ်ဖောက်တစ်လှည့် သူဖောက်တစ်လှည့် သမီးရည်းစား ဘဝကို ထူထောင်ကြတာကို မြင်တွေ့ရမှာပါ။ အမေရိကန်တွေရဲ့ နေထိုင်မှု ပုံစံနဲ့ စိတ်သဘောထား စတာတွေကို မြင်ရမှာပါ။ Body Positivity လို့ဆိုရမလား လိင်မှုပွင့်လင်းတဲ့ သဘောကိုလည်း သေချာရိုက်ပြထားတာကို တွေ့ရပါတယ်။ ကလေးကြည့်ဖို့တော့ မသင့်တော်ပါဘူး။ MONDAY ဆိုတဲ့ ဇာတ်လမ်းနာမည်နဲ့ ပတ်သက်ရင်တော့ စဉ်းစားရရင် ဇာတ်ကားထဲမှာ တောက်လျှောက်ပြသမျှက FRIDAY ပဲ ဖြစ်နေပြီး နှစ်ယောက်သား ပျော်ပါး လွတ်လပ်ချိန် ဘာမှ ပူပင်မှု မရှိတဲ့ ကာလကို ပြချင်တယ်။ အတည်တကျ ရည်းစားဘဝ ကိုလည်းရောက်ရော အရင်လို ဟေးလားဝါးလား လုပ်မနေနိုင်တော့ဘူး။တနင်္လာမှာ တာဝန်ယူမှုတွေရှိလာပြီ။ FRIDAY လို Carefree မနေနိုင်တော့တဲ့ သဘောကို ဆောင်တယ်။ ဒါကို‌ တော့ MONDAY အဖြစ် တင်စားပြီး ဆက်ဆံရေးဘဝ အပြောင်းအလဲကို ရက်သတ္တပတ်တွေအမည်နဲ့ ဥပမာကြွယ်ထားတယ်လို့ အတွေး ပေါက်မိပါတယ်။ File size… 2.3 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 56m Genre ….. Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Nwe Hnin Thazin

Comedy • Music
5.7 2020
Monday
The House of the Spirits
6.9

IMDb – 6.9/10 ရရှိထားတဲ့ Romance/Drama ဇာတ်ကားကောင်းလေးတစ်ကား ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ၁၉၈၂ ခုနှစ်ထုတ် လက်တင်ဝတ္ထုတစ်ပုဒ်ကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတာပါ။ ထွက်ထွက်ချင်းမှာပဲ တစ်နှစ်တာအကောင်းဆုံးဆုရရှိခဲ့တဲ့ အဆိုပါဝတ္ထုဟာ ဘာသာစကားပေါင်း ၂၀ ကျော်အထိ ပြန်ဆိုထုတ်ဝေခဲ့ရပြီး နေ့ချင်းညချင်း ရောင်းအားအကောင်းဆုံးအဖြစ် စံချိန်တင်ခဲ့ပါတယ်။ ရုပ်ရှင်အနေနဲ့လည်း Jeremy Irons, Antonio Banderas တို့အပါအဝင် အခြားဟောလိဝုဒ်ဂန္ထဝင်သရုပ်ဆောင်များကို အသုံးပြုထားပြီး ဆုပေါင်း ၁၂ ဆုထိရရှိခဲ့ကာ ဥရောပတစ်လွှားမှာ အတော်လေးအောင်မြင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ • ဇာတ်လမ်းအကျဉ်း • ဇာတ်အိမ်က ၁၉၂၀ – ၁၉၇၀ ဝန်းကျင်ကာလ ချီလီနိုင်ငံမှာ တည်ပါတယ်။ “ကလယ်ရာ” ဆိုတဲ့ သူဋ္ဌေးသမီးလေးဟာ မွေးရာပါအကြားအမြင်စွမ်းအားတစ်မျိုး ရထားသူပါ။ အရွယ်ရောက်လာတော့ “အက်စ်တဘန်” ဆိုတဲ့ ရိုးသားကြိုးစားလူငယ်တစ်ယောက်နဲ့ အကြောင်းပါပြီး “ဘလန်ကာ” ဆိုတဲ့ သမီးလေးတစ်ဦးထွန်းကား‌လေရဲ့။ “အက်စ်တဘန်” ဟာလည်း မိန်းမ မရခင်ရော ရပြီးနောက်ပိုင်းရော အလုပ်ကိုကြိုးစားပြီးရင်းကြိုးစားလိုက်တာ တစ်စထက်တစ်စ ပိုပိုချမ်းသာလာပြီး နောက်ဆုံးမှာ ကွန်‌ဆာဗေးတစ်လွှတ်တော်အမတ်ပါ ဖြစ်သွားပါတယ်။ အဲဒီအချိန်မှာ သမီးဖြစ်သူက သူ့အိမ်က သူရင်းငှားတစ်ဖြစ်လည်း နောင်မှာ အတိုက်အခံပါတီ‌ခေါင်းဆောင်ဖြစ်လာမယ့် “ပီဒရို” ဆိုတဲ့သူငယ်နဲ့ ကြိုက်ပါလေရော။ ဆိုတော့ကာ ထုံးစံအတိုင်း “အက်စ်တဘန်” မှာ သူ့သမီး “ဘလန်ကာ” နဲ့ ဆင်းရဲသားနိုင်ငံရေးသမား “ပီဒရို” တို့ရဲ့ချစ်ခြင်းကို နည်းလမ်းမျိုးစုံသုံးပြီး အသည်းအသန်လိုက်ခွဲပါတယ်။ ဒါပေမယ့် သမီးရည်းစားနှစ်ယောက်ကလည်း ဘယ်လိုခွဲခွဲ မကွဲတဲ့အပြင် “ဘလန်ကာ” က ဗိုက်ကြီးပြီး ကလေးပါမွေးသွားတဲ့အခါ… ကွန်ဆာဗေးတစ်ပါတီနဲ့ဆက်နွယ်နေတဲ့ ချီလီစစ်တပ်ကလည်း အာဏာ ထ သိမ်းပြီး အတိုက်အခံပါတီဝင် “ပီဒရို” ကို အ‌ေ-သရရ အရှင်ရရ လိုက်ဖမ်းတဲ့အခါ… ခေါင်းမာလွန်းတဲ့ “အက်စ်တဘန်” တစ်ယောက် အခက်အခဲတွေကြားမှာ နိုင်ငံရေးကိုရွေးမလား မိသားစုကိုရွေးမလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုပေးကြပါဦးခင်ဗျာ။ ဝတ္ထုကို ပြန်အသက်သွင်းထားတဲ့ရုပ်ရှင်ဖြစ်တာမို့ ကြည့်ရတာ “လေထန်ကုန်း” ၊ “မျှော်တလင့်လင့်” အစရှိတဲ့ ဂန္ထဝင်ဝတ္ထုတစ်ပုဒ်ကို ဖတ်နေရသလိုခံစားမှုမျိုး ရစေမှာပါ။ ဝုန်းဒိုင်းကြဲအက်ရှင်ကားတွေကနေ ခဏရုန်းထွက်ပြီး ရသစုံ drama ကားကောင်းလေးတွေကို ငြိမ့်ငြိမ့်လေးဇိမ်ခံကြည့်ချင်သူတွေအတွက်တော့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်ခင်ဗျာ။ (အညွှန်းနဲ့ဘာသာပြန် Random Guy ပါ) File size…(2 GB)/(950 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:25:00 Genre… Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Random Guy

6.9 1993 140 mins
The House of the Spirits
The Ash Lad: In Search of the Golden Castle Askeladden i Soria Moria slott
6.3

The Ash Lad: In Search of the Golden Castle (2019) Askeladden i Soria Moria slott IMDb Rating (6.3) ဒါကတော့ Lord of the ring တို့ Hobbit တို့လို စိတ်ကူးယဉ် Fantasy အမျိုးအစားကိုမှ နော်ဝေးရုပ်ရှင်ကားလေးပါ။ ဒီထဲမှာ မျှင်စာတွေ မှော်တွေ ဘုရင်နိုင်ငံတွေနဲ့စိတ်ကူးယဉ်ဆန်ဆန်လေး ရိုက်ထားပါတယ်။ ဇာတ်လမ်းအစမှာ မင်းသားက မင်းသမီးကို မျှင်စာလက်ကနေကယ်ဖူးတဲ့အတွက် အစေခံ မင်းသားညီအကိုတွေကို ဘုရင့်မင်းသမီးက သူ့ရဲ့ ၁၉ နှစ်မွေးနေ့မှာ နန်းတော်ကိုဖိတ်လိုက်ပါတယ်။က ကံဆိုးစွာနဲ့ပဲ အဲ့နေ့မှာပဲ ဘုရင်ကြီးက အဆိပ်ခပ်ခံလိုက်ရပြီး မနိုးသောအိပ်ခြင်းနဲ့ အိပ်စက်သွားပါတယ်။ မင်းသားရဲ့ ညီအစ်ကိုတွေကလည်း ဘုရင်ကြီးကို အဆိပ်ခပ်မှုနဲ့ စွပ်စွဲခံရပြီး ဒီဟာကိုဖြေရှင်းဖို့ ဆော်ရီယာမော်ရီယာဆိုတဲ့ စိတ်ကူးယဉ်နန်းတော်ကြီး ထဲက အသက်ရေစင်ကိုသွားယူပါတယ်။ ဒီလမ်းကိုသွားတဲ့ စွန့်စားခန်းတွေကို ရင်တမမနဲ့ ကြည့်ရှူရမှာပါ။ ဒီကားက ဒုတိယမြောက်ကားဖြစ်ပြီး ပထမကားကို ဒီမှာ https://www.channelmyanmar.to/the-ash-lad-in-the-hall-of-the-mountain-king2017/ ကြည့်လို့ရပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Linn Myat မှ တင်ဆက်ထားပါတယ်။)

6.3 2019 99 mins
The Ash Lad: In Search of the Golden Castle Askeladden i Soria Moria slott