YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Vikings.Valhalla.S01E01-E08.720p.NF.WEB-DL[CM].zip

3.2 GB N/A application/x-zip-compressed 1069 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
V/H/S/99
6

အင်တာနက် နဲ့ Youtube တွေမှာတွေ့နေကြ ဖြစ်ရပ်မှန်ပုံစံမျိုး ဝိဉာဉ်သရဲဇာတ်လမ်း ၅ ပုဒ်ကို ကင်မရာနဲ့ မှတ်တမ်းတင်ထားတဲ့ Horror ကားကောင်းတစ်ကားဖြစ်ပါတယ်... ထူးခြားချက်တာကတော့ တစ်ကားလုံးကို Vlog လုပ်နေတဲ့  POV ပုံစံမျိုး ရိုက်ကူးထားတာဖြစ်ပြီး တကယ် ဖြစ်ရပ်မှန်ကိုရိုက်ထားသလိုမျိုး ကြည့်ရတာအတော်လေး သွေးပျက်ဖို့ကောင်းပါတယ်... ကြောက်တတ်တဲ့ သူတွေ တစ်ယောက်ထဲမကြည့်ကြဖို့ ကြိုသတိပေးပါရစေ... ဇာတ်လမ်းက ၅ ပုဒ်ပါမှာဖြစ်တဲ့အတွက် ဇာတ်ညွှန်းကတော့ ဘယ်လိုလဲ ပြောလို့မရပါဘူး ၅ ပုဒ်ရဲ့ ခေါင်းစဉ်ကို အကြမ်းဖျင်းပြောရရင်.... ၁. မကျွတ်လွတ်သေးတဲ့ တီးဝိုင်းအဖွဲ့ ၂. ဂူတီလီ ဒဏ္ဍာရီ ၃. သေမင်းကစားပွဲ ၄. ဘေးအိမ်က မက်ဒူဆာ ၅, ငရဲသို့ အလည်တစ်ခေါက်...တို့ဖြစ်ပါတယ် ကိုယ်တိုင်ပဲ ကြည့်ရှုခံစားကြည့်ပါ။ (အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်) File size…(2.34GB) / (1.24GB) / (719MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:45:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thiha Yan Naing

Action • Adventure • Comedy
6 2022 109 mins
V/H/S/99
Pretty Problems
7

Pretty Problems ( 2022 ) ငွေမရှိတဲ့လူတွေကတော့ ငွေရှိလာရင် သူတို့ပြဿနာတွေ ပြေလည်သွားလိမ့်မယ် ထင်တတ်ကြတယ်။ တကယ်တမ်းကျ သုံးမကုန်အောင် ငွေပေါနေတဲ့လူတွေမှာလည်း ပြဿနာတွေက ရှိနေတုန်းပါပဲ။ ငွေဟာ ပြဿနာတွေကို ပြေလည်စေတဲ့ အရာတော့မဟုတ်ဘူးတဲ့။ ငွေဟာ ပြဿနာတွေကို အကျည်းတန်နှုန်းလျော့ပါးစေရုံပါပဲတဲ့။ ဒီရုပ်ရှင်မှာ ငွေရှိရင်ပြဿနာတွေ ပြေလည်သွားပြီလို့ထင်နေတဲ့ လင်မယားနဲ့ ငွေနဲ့ သူတို့ ပြဿနာတွေရဲ့ အကျည်းတန်မှုကို ဖုံးထားတဲ့ လင်မယား အားလပ်ရက်တစ်ခုမှာ အတူဖြတ်သန်းကြရင်း ကြုံလာဆုံလာရတဲ့ အဖြစ်တွေကို ရိုက်ပြထားပါတယ်။ ဒုတိယဘုရားသခင်လို့ဆိုကြတဲ့အရာဟာ တကယ်တမ်း လူတွေအတွက် အပျော်တွေကို ယူဆောင်လာပေးနိုင်လားဆိုတဲ့အကြောင်းကို ဝိုင်တွေမြည်းရင်း ကျေးလက်ဘက်က ဇိမ်ခံအိမ်ကြီးမှာ အပန်းဖြေရင်း ပုံဖော်သွားတဲ့ ရုပ်ရှင်ကောင်းတစ်ကားပါပဲ။ File Size__(2.1GB) / (1.1GB) Quality__WEB-DL_1080p, 720p IMDb Rating__7.0/10 Format__mp4 Duration__01:45:00 Type__Comedy, Drama Subtitle__Myanmar Subtitle (Hardsub) Translated by — Encoded by Naing Aung Latt

Action • Thriller
7 2022
Pretty Problems
Making Wolf’s Path

Making Wolf’s Path (2022) Independent Film ဆန်ဆန် အမေရိကန်မှာထုတ်တဲ့ အီတလီစကားပြော ရုပ်ရှင်လေးပါ။ ရုပ်ရှင်ပွဲတော် တစ်ချို့မှာလည်း ဆုရထားပါတယ်။ အင်ဒီဖလင်လိုဖြစ်နေတယ်ဆိုတော့ ကြည့်ရတာတော့ ပဒေသာမဖြစ်ပေမဲ့ ဇာတ်လမ်းကတော့ တော်တော်လေး အချိုးအကွေ့တွေနဲ့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ သူ့နာမည်နဲ့ဆက်စပ်ပြီး ခေါင်းစွပ်နီမလေးနဲ့ မြေခွေးပုံပြင်ကို ထည့်သုံးသွားတာလေးလည်း မဆိုးပါဘူး။ စစချင်း သူက ကလေးတစ်ယောက် ပြန်ပေးဆွဲခံရတဲ့အမှုအတွက် မှားယွင်းစွပ်စွဲခံရတဲ့သူနဲ့ အဲဒီအမှုကိုကိုင်ခဲ့တဲ့ရဲအကြောင်း ဒိုကူမန်ထရီရိုက်ပြတဲ့ ရုပ်ရှင်သက်သက်လိုမျိုး ခံစားရအောင်ပြတယ်။ တဖြည်းဖြည်းနဲ့ ဇာတ်ကရုပ်လုံးပေါ်လာပြီးတဲ့နောက် ဒိုကူလိုလို တကယ့်အဖြစ်လိုလို အခန်းဖြတ်လေးတွေထည့်၊ ပြီးမှ ၂ခုကိုပေါင်းပြီး ဟာခနဲဖြစ်အောင်လုပ်သွားတဲ့ ဇာတ်ကြောင်းပြောပုံလေးနဲ့ ဇာတ်လမ်းလေးက တော်တော်တော့မဆိုးပါဘူး။ စုံထောက်ကားလိုလို အငွေ့အသက်လည်းရပါတယ်။ ကြည့်ပျော်တဲ့ အင်ဒီကားကောင်းလေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.65GB, 710MB Quality – 1080p, 720p Format – mp4 Duration – 1H 19Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by “___“ Encoded by Y

0 2022
Making Wolf’s Path
When You Finish Saving the World
5.9

When You Finish Saving the World (2022) ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်ခဲ့တဲ့ အေဘရာဟမ်လင်ကွန်းကို သူ့မိန်းမကတော့ အထင်မကြီဲးနိုင်ခဲ့ဘူးတဲ့။ ကမ္ဘာကြီးကို ပြောင်းလဲပစ်ချင်ကြတဲ့ လူငယ်လေးတွေဟာလည်း ပန်းကန်ဆေးရမှာ သိပ်ပျင်းတတ်ကြတယ်။ အချစ်ထက် ကမ္ဘာကြီးကို ဦးစားပေးခဲ့တဲ့လူတွေလည်း ရှိကောင်းရှိခဲ့မှာပေါ့။ ကိုယ့်အနားကအရာတွေကို ပျောက်ရှသွားရင် ကမ္ဘာကြီးကရော ရှိပါ့ဦးမလား။ အားလုံးရဲ့ကမ္ဘာကို ကယ်တင်ပြီး ကိုယ့်ကမ္ဘာကိုယ် ပျောက်ရှခဲ့ဖူးသူတွေ ရှိလိမ့်မယ်။ ကမ္ဘာကြီးကိုလည်း မကယ်တင်နိုင်၊ ချစ်ခြင်းတရားကိုလည်း မကယ်တင်နိုင်ဖြစ်သွားကြတဲ့ လူတွေလည်းဒုနဲ့ဒေး ရှိနေမလားပဲ။ ကမ္ဘာကြီးကို ကယ်တင်ပြီးတဲ့အခါ ပုံထားတဲ့ ထမင်းပန်းကန်တွေကိုဆေးဖို့ ကမ္ဘာကြီးကို ကယ်တင်ပြီးတဲ့အခါ မွေးထားတဲ့ ကြောင်ကလေးကို ခေါင်းပွတ်ပေးဖို့ ကမ္ဘာကြီးကို ကယ်တင်ပြီးတဲ့အခါ စိုက်ထားတဲ့ သစ်ပင်လေးကို ရေလောင်းပေးဖို့ ကမ္ဘာကြီးကို ကယ်တင်ပြီးတဲ့အခါ ပျိုးထားတဲ့ ငါတို့အတ္တတွေကို ပြန်ငြိမ်းသတ်ဖို့ မတတ်နိုင်တဲ့ ကမ္ဘာကြီးကို ကယ်တင်ပြီးတဲ့အခါ မေ့ထားတဲ့ ငါတို့အနားကအရာတွေကို ပြန်သတိရဖို့အရာ ကမ္ဘာကြီးကို ပြောင်းလဲရင်း ကမ္ဘာကြီးက ငါတို့ကိုပြန်ပြောင်းလဲပစ်နိုင်တာ မမေ့ပစ်သင့်တဲ့ ကမ္ဘာ… A24 ကနေ ဖြန့်ပေးထားတဲ့ အမေရိကန် Coming-of-Age Comedy Drama ကားအသစ်ပါပဲ။ ဘယ် Coming-of-Age ကားနဲ့မှမတူတာတော့ သေချာတယ်။ မူးနောက်လောက်အောင် ပြောတတ်တဲ့ နာမည်ကျော်မင်းသား Jesse Eisenberg ရဲ့ ဒါရိုက်တာအနေနဲ့ ပွဲဦးထွက်တဲ့ ဒီရုပ်ရှင်ဟာ တစ်စိတ်တစ်ပိုင်းအနေနဲ့ ကမ္ဘာကြီးကို ပြောင်းလဲပစ်ချင်ကြသူတွေကို သရော်ထားတဲ့ ရုပ်ရှင်လည်း ဟုတ်တယ်။ Emma Stone ကိုယ်တိုင်လည်း ပရိုဂျူဆာလုပ်ထားပြီး ဂန္ထဝင်မင်းသမီးကြီး Julianne Moore ရဲ့ Acting အလန်းတွေအပြင် Stranger Things ကနေပြီး ဖောက်ထွက်လာခဲ့တဲ့ Finn Wolfhard ကိုလည်း မြင်နေကျပုံစံမဟုတ်တဲ့‌ပုံစံသစ်တစ်မျိုးနဲ့ မြင်ကြရပါဦးမယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 870MB Quality – 1080p, 720p IMDb Rating – 5.9/10 Format – mp4 Duration – 1H 28Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

5.9 2022
When You Finish Saving the World
The Irish Mob

IMDb – 5.3/10 အိုင်ယာလန်နိုင်ငံမှာရှိတဲ့ ဒပ်ဗလင်မြို့ကြီးကို ဗယ်လန်တီနို ဖေဂန် / ဗယ်လ် လို့ခေါ်တဲ့ မူးယစ်ရာဇာဂိုဏ်းခေါင်းဆောင်တစ်ယောက်က အုပ်စိုးနေပါတယ်။ ရာဇဝတ်ဂိုဏ်းကြီးဖြစ်တဲ့အတွက်ကြောင့်လည်း ဂါဒါ လို့ခေါ်တဲ့ အိုင်းရစ်ရဲတပ်ဖွဲ့က သူတို့ခြေလှမ်းမှားမဲ့အချိန်ကို အမြဲတစေစောင့်ကြည့်နေကြတာပါ။ ဒီလိုနဲ့တစ်နေ့မှာတော့ ဗယ်လ်ဆီကိုရောက်လာရမဲ့ မူးယစ်ဆေးတွေကို လမ်းမှာအသိမ်းခံလိုက်ရပြီး ဈေးကွက်ထဲမှာ ပစ္စည်းပျက်မသွားဖို့လိုတဲ့အတွက် ယူရိုငွေ တစ်သန်းနဲ့ ပစ္စည်းအသစ်တွေထပ်မှာဖို့လိုလာခဲ့ပါပြီ။ ဒီလောက်ပိုက်ဆံအများကြီးကို တစုတစည်းထဲ ရနိုင်မဲ့နေရာကို ဗယ်လ်ရဲ့ လက်ရုံးဖြစ်တဲ့ ရေးနိုးကလမ်းပြပေးလိုက်ပြီး၊ အဲဒီနေရာကို ဓားပြတိုက်ကြဖို့အစီအစဉ်တွေချကြပါတော့တယ်။ ဒီလိုနဲ့ သေချာစီစဉ်ပြီးတိုက်ခဲ့တဲ့ ဓားပြမှုကနေ ယူရို ၅.၅ သန်းကိုရရှိခဲ့ပြီးနောက်မှာတော့ ဗယ်လ်တစ်ယောက်အာဏာအရှိဆုံးနဲ့ ချမ်းသာဆုံးဂိုဏ်းခေါင်းဆောင်် တစ်ယောက်ဖြစ်လာခဲ့ပြီး ဂါဒါရဲတွေရဲ့ နောက်ယောင်ခံစစ်ဆေးမှုတွေကလည်း ပိုပ်ုကြီးမားလာခဲ့ပါတော့တယ်။ ဒီလိုနဲ့ သူ့ရဲ့ ပလ္လုင်နေရာကို ဘယ်လိုကောင်မျိုးမှမလုယူနိုင်ဘူးလို့ထင်နေတဲ့ ‌မူးယစ်ရာဇာ ဗယ်လ်တစ်ယောက် တကယ်ပဲသူ့နေရာကို ဆက်ထိန်းထားနိုင်မလား ရာဇဝတ်လောကမှာဖြစ်တတ်တဲ့အလှည့်အပြောင်းတွေနဲ့ လူတွေရဲ့သဘောသဘာဝကို သေချရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်တာမလို့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ ကြမ်းတမ်းတဲ့အသုံးအနှုံးတွေပါဝင်တဲ့အပြင် သွေးထွက်သံယိုပြကွက်အချို့ပါပါဝင်တာကြောင့် ကလေးသူငယ်များကြည့်ရှုရန်မသင့်တော်ပါဘူးဗျ။ Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:19:00 Genre…Drama, Crime, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Tun Myat Win

Drama
0 2023
The Irish Mob
Detachment
7.7

Detachment (2011) ~ IMDb – 7.7/10, Rotten Tomatoes – 59% ~ Detachment ရဲ့ အဓိကဇာတ်ကောင်က Adrien Brody သရုပ်ဆောင်တဲ့ အစားထိုးဆရာ ဟင်နရီဘတ်ပဲ။ သူ့အလုပ်က အမြဲတမ်းဆရာလစ်လပ်နေတဲ့ ကျောင်းတွေမှာ အစားထိုးဆရာ ခဏဝင်လုပ်၊ ကျောင်းက အမြဲတမ်းဆရာရသွားတဲ့အချိန် နောက်တစ်ကျောင်းကိုကူး။ ဒီလိုပဲရှင်သန်လာခဲ့တဲ့သူ။ သူ့မှာ တွယ်ငြိရမယ့်သူ သူနဲ့သက်ဆိုင်နေတဲ့သူဆိုလို့လည်း သူ့အဘိုးတစ်ယောက်ပဲရှိတယ်။ သူ့အဖေက သူမွေးကင်းစကတည်းက သူတို့သားအမိကို ပစ်သွားခဲ့ပြီး သူ့အမေကလည်း သူရှစ်နှစ်လောက်မှာတင် ဆုံးသွားသကိုး။ ဆိုတော့ အလုပ်လုပ်လိုက် သူ့အဘိုးရှိတဲ့ လူအိုရုံကိုသွားလိုက် သူ့ဘဝက ဒါပဲ။ ဒီတစ်ခါ သူအစားထိုးဆရာ ဝင်လုပ်ပေးရမယ့်ကျောင်းက တစ်နယ်လုံးမှာ နာမည်အပျက်ဆုံးကျောင်း။ ကျောင်းသူကျောင်းသားတွေကလည်း ဆရာကိုထဆဲတဲ့ကောင်နဲ့ ဆရာမကို Gang Bang မယ်ပြောတဲ့သူနဲ့ တကယ့်အလိမ္မာတုံးလေးတွေချည်းပဲ။ ဒီလိုကျောင်းကို ဟင်နရီဘတ်ရောက်သွားတယ်။ ဒီကျောင်းသားဆိုးတွေကြားမှာ သိပ်မဆိုးတဲ့ ကျောင်းသူတစ်ယောက်ရှိတယ်။ ဒီကားရဲ့ ဒါရိုက်တာ Tony Kaye ရဲ့သမီး Betty Kaye သရုပ်ဆောင်တဲ့ မာရီဒစ်လို့ခေါ်တဲ့ ကျောင်းသူ။ သူက ကျန်တဲ့ကလေးတွေ စကားနဲ့အနိုင်ကျင့်တာကို ခံနေရတဲ့သူလည်းဟုတ်တယ်။ ကျောင်းသားတွေစော်ကားတာခံနေရတာကို ဘာမှမတုံ့ပြန်တဲ့ ဘတ်ကို မာရီဒစ်က ကျွန်မရှင့်လိုသန်မာချင်လိုက်တာလို့ပြောတော့ “သန်မာတာနဲ့ မဆိုင်ဘူး… မင်းကို အခုလိုဖိနှိပ်မယ့်လူတွေကို ဘယ်အရွယ်ပဲရောက်ရောက်တွေ့နေရဦးမှာပဲ… မင်းစိတ်ကို ဒုတိယကမ္ဘာစစ်က ကတုတ်ကျင်းလို ခိုင်မာနေအောင်လုပ်ထားဖို့လိုတယ်… ” လို့ ဘတ်က ပြန်ပြောခဲ့တယ်။ နောက်ဇာတ်ကောင်က အဲရစ်ကာလို့ခေါ်တဲ့ ကလေးမလေး။ ငယ်ပေမဲ့ အားကိုးအားထားမရှိတော့‌ ပြည့်တန်ဆာလုပ်စားနေတာ။ ဘတ်က ဒီကလေးမလေးကို ဘတ်စ်ကားပေါ်မှာ စတွေ့တာ။ လုပ်ပြီး ပိုက်ဆံမပေးဘဲ အထိုးခံ အနိုင်ကျင့်ခံနေရတာကို သူစတွေ့ခဲ့တယ်။ သူက ဒီကလေးမကို ဒီဘဝက ရုန်းထွက်နိုင်အောင် ကူညီပေးချင်ခဲ့တယ်။ ဒီအချက်တွေကို ကြည့်ရင် ဘတ်ဟာ လူကောင်းလို့ ကျွန်တာ်တို့ ယူဆလို့ရတယ်။ နောက်တစ်ခြမ်းကို ဆက်သွားရရင် ဘတ်ဟာ ဖိနှိပ်ခံတစ်ယောက်လို့ ကျွန်တော်တို့ ယူဆလို့ရလို့ သူဟာ ဖိနှိပ်ခံလူတန်းစားတွေကို ကောင်းကောင်းနားလည်တာလို့ ပြောလို့ရတယ်။ ဒါပေမဲ့ သူ့အဘိုး အိမ်သာထဲ လော့ချထားပြီး ထွက်မလာလို့ ဘယ်လိုမှခေါ်မရလို့ ဂေဟာက မိန်းမက သူ့ကိုဖုန်းဆက်တော့ သူညကြီးမင်းကြီးဂေဟာကို လိုက်သွားလိုက်ရတယ်။ ဒီလိုလိုက်သွားလိုက်တဲ့အချိန်မှာ ဂေဟာက အမျိုးသမီးကို သူ့ကိုအလုပ်ရှုပ်အောင်လုပ်လို့ဆိုပြီး ရစရာမရှိအောင်ကိုပြောခဲ့တယ်။ အောက်ဆုံးထိုးကျနေတဲ့ မျက်လုံးတွေနဲ့ အမျိုးသမီးကို သူနည်းနည်းမှမညာခဲ့ဘူး။ ရှေ့မှာ ဘတ်ဟာ စိတ်ကို ကတုတ်ကျင်းလို ခိုင်မာနေအောင်ထားဖို့လိုတယ်လို့ပြောခဲ့ပေမဲ့ တကယ်တမ်း ဘတ်ဟာ စာသင်ချိန်ပြင်ပ သူ့ဘဝမှာ အမြဲတမ်း ရီဝေနေတဲ့မျက်လုံးတွေနဲ့ မှုန်ရီနေတဲ့သူပဲ။ နောက်ပိုင်း ဘတ်ဟာ မာရီဒစ်အတွက် မိတ်ဆွေအဖြစ် ရှိနေပေးခဲ့တဲ့ သူ့ဖြစ်တည်မှုကို ကျောခိုင်းခဲ့သလို အဲရစ်ကာအတွက် ဒိုင်းသဖွယ်ဖြစ်နေပေးတဲ့ သူဖြစ်တည်မှုကိုလည်း‌ ကျောခိုင်းခဲ့တယ်။ ဒီမှာ ဘတ်ဟာ လူကောင်းမဟုတ်ဘူးလို့ ကျွန်တော်တို့ ယူဆလိုက်လို့ရပြန်တယ်။ ဒါက အကုန်တော့ မဟုတ်သေးတဲ့ ဟင်နရီဘတ်ကာရိုက်တာကို ပုံဖော်ထားတဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။ ဘာလို့ သူ့ကောင်းခြင်းမကောင်းခြင်းနဲ့ သူ့အကြောင်းပြောနေရသလဲဆို ဒီဇာတ်တစ်ခုလုံးက ဟင်နရီဘတ်စ် အဲဒီကျောင်းမှာ အစားထိုးဆရာဝင်လုပ်ခဲ့တဲ့တစ်လမှာ သူမြင်နေရတဲ့ဆရာတွေ ကျောင်းသားတွေရဲ့ ဖြစ်တည်မှုတွေကနေ သူ့ဖြစ်တည်မှုကို လာထင်ဟပ်သွားတဲ့အကြောင်းမလို့ပဲ။ အဲဒီလိုထပ်ဟပ်တာကို ပိုအသက်ဝင်အောင်လည်း ဇာတ်ဝင်ခန်းသိပ်မပါလှပေမဲ့ သူ့ဘေးကလူတွေကို သရုပ်ဆောင်ကောင်းတဲ့ လူတွေချည်းသုံးပေးထားတယ်။ James Caan, Bryan Cranston, Lucy Liu, Christina Hendricks နဲ့ Maricia Gay Harden တို့လို လူတွေပေါ့။ ဒီလူတွေရဲ့ ရိုက်ခတ်မှုနဲ့ ဟင်နရီဘတ်ဟာ သူ့ဖြစ်တည်မှုကနေ သူရွေ့လျောသွားတယ်။ ဇာတ်ရဲ့အစမှာ သုံးထားတဲ့ ကမြူးရဲ့ စာအတိုင်းပဲ ဟင်နရီဘတ်ဟာ ဒီအရာအားလုံးဟာ သူနဲ့ဆိုင်နေသလို ခံစားရရင်းမှာပဲ အရာအားလုံးဟာ သူနဲ့မဆိုင်နေသလိုပါ ခံစားလာရတယ်။ Attachment တွေအားလုံး Detachment ဖြစ်သွားတယ်။ အဲဒီအကျိုးဆက်တွေကိုလည်း သူကြုံခဲ့ရတယ်။ သူ့ကိုယ်သူ ပျောက်ဆုံးသွားခဲ့တယ်။ ဒီလိုဆိုလို့ ဒီရုပ်ရှင်မှာ အဖြေတစ်ခုခုရှိနေမယ် မက်ဆေ့တစ်ခုခုရှိနေမယ်ထင်ရင်လည်း မှားမှာပဲ။ ဘာအဖြေမှမပါတဲ့ တင်ပြသွားခြင်းသက်သက်ပဲ။ သူပြောခဲ့သလိုပဲ ဒါတွေက အခုမှရှိနေတဲ့အရာတွေလည်း မဟုတ်ဘူး။ ခန်းမထဲမှာပဲဖြစ်ဖြစ် အတန်းထဲမှာပဲဖြစ်ဖြစ် လမ်းလျှောက်နေရင်း မင်းတို့ထဲက ဘယ်သူတွေ မင်းတို့ကို ဖိနှိပ်ထားတဲ့ အလေးချိန်ကို ခံစားမိကြလဲလို့ အတန်းထဲ သူပြောခဲ့တုန်းကလိုပဲ အားလုံးလက်ထောင်တယ်။ သူကိုယ်တိုင်လည်း လက်ထောင်တယ်။ ကျွန်တော်တို့လည်း လက်ထောင်ရမှာပဲ။ ကိုယ့်ဖြစ်တည်မှုကိုကိုယ်မတွေ့ဘဲ မမြင်နိုင်တဲ့အလေးချိန်တစ်ခုကသာ ဖိနှိပ်ထားတဲ့ ခံစားချက်မျိုး လူတိုင်းနီးပါး ခံစားဖူးကြမှာပဲ။ သူ့စကားအတိုင်းပေါ့။ အဂ္ဂါအယ်လန်ပိုးက ဒီအကြောင်းတွေကို လွန်ခဲ့တဲ့အနှစ်တစ်ရာကတည်းက ရေးပြီးသား။ ပိုးရဲ့ ဝတ္တုတိုထဲက အက်ရှာအိမ်တော်ကြီးဟာ ရဲတိုက်ဟောင်းကြီးသက်သက်မဟုတ်ဘူး။ ဖြစ်တည်မှုရဲ့ နိမိတ်ပုံတစ်ခု။ အက်ရှာအိမ်တော်ကြီးအကြောင်းဟာ တစ်စစီပြိုလဲနေတဲ့ ဖြစ်တည်မှုတစ်ခုအကြောင်း ဖြစ်ကောင်းဖြစ်လိမ့်မယ်။ Detachment ဟာလည်း တစ်စစီပြိုလဲနေတဲ့ ဖြစ်တည်မှုတစ်ခုအကြောင်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒီဇာတ်လမ်းရဲ့အဆုံးမှာတော့ တူညီတဲ့နှလုံးသားတစ်ခုဟာ တဆစ်ဆစ်ကိုက်နေမှာပဲ။ “တိမ်တွေ ကောင်းကင်နံရံမှာ နိမ့်ပါးစွာတွဲလျောင်းကျနေတဲ့ ဆောင်းဦးရဲ့ မှောင်မဲတိတ်ဆိတ် မှုန်မှိုင်းတဲ့နေ့တစ်နေ့မှာ မြင်းတစ်ကောင်ကိုစီးရင်း ကျေးလက်ရဲ့ မသာမယာလမ်းကြောတစ်ခုပေါ် တစ်ကိုယ်ရေတည်း ဖြတ်လာခဲ့တယ်။ ညနေခင်းရဲ့ ဆည်းဆာမှာ အရိပ်ထင်လာတဲ့အခါ လွမ်းညှို့ဖွယ်အက်ရှာအိမ်တော်ရဲ့ မြင်ကွင်းကို ငါမြင်နေရတယ်။ ဘာကြောင့်လဲ ငါမသိပေမဲ့ အက်ရှာအိမ်တော်ကြီးကို ပထမဆုံးရိပ်ခနဲမြင်လိုက်တဲ့အချိန် မခံရပ်နိုင်စရာ အဆွေးဓာတ်က ငါ့သန္တာန်မှာ လွှမ်းသွားတယ်။ အရောင်အဆင်းမရှိတော့တဲ့နံရံတွေကို… ဆွေးမြေ့ပြီးတဲ့သစ်ပင်တွေရဲ့ ပင်စည်ဖြူဖြူတွေကို… အက်ရှာအိမ်တော်ကြီးရဲ့မြင်ကွင်းကို… အကြွင်းမဲ့ပြိုလဲနေတဲ့ စိတ်နဲ့ သုန်မှုန်ရီ ငါငေးကြည့်မိတယ်။ အဲဒီမှာ နှလုံးသားတစ်ခုဟာ စက်ဆုပ်စဖွယ် အေးစက်သိမ်ငယ်နေတယ်…” စာကြွင်း။ ။ ဒါရိုက်တာ Tony Kaye ဟာ American History X ဆိုတဲ့ ပွဲဦးထွက်ရုပ်ရှင်နဲ့ ဟောလိဝုဒ်မှာ အောင်မြင်မှုရပြီးတဲ့နောက် ၂၀၀၆မှာမှ Lake of Fire ဆိုတဲ့ ဒိုကူမန်ထရီကို ပြန်ရိုက်ခဲ့တယ်။ အဲဒီနောက် American History X နောက်ပိုင်း ၁၅နှစ်နီးနီးကြာပြီး ၂၀၁၁မှာမှ သူရဲ့ ဒုတိယရုပ်ရှင် Detachment ကို ရိုက်ခဲ့တယ်။ အခု ၂၀၂၄အထိတော့ ဘာဆိုဘာမှ ထွက်မလာသေးဘူး။ ဒါပေမဲ့လည်း Tony Kaye ဟာ အတော်ဆုံး ဒါရိုက်တာတွေထဲက တစ်ယောက်လို့ပြောရမယ်။ သူရိုက်ခဲ့တဲ့ အနုပညာ ၃ခုလုံးက ပြစ်ချက်ပြောစရာမရှိလောက်အောင် ကောင်းလွန်းနေခဲ့တယ်။ နှမြောစရာကောင်းတာကတော့ အခု သူ့အသက်၇၁ထိမှာမှ သူ့ရုပ်ရှင်ဆိုလို့ ၂ကားပဲ တွေ့ရသေးတာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 1.05GB Quality – 1080p, 720p IMDb Rating – 7.7/10 Format – mp4 Duration – 1H 38Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.7 2011
Detachment
I Heard Sarah

အီရမ်ဆိုတဲ့ရော့ခ်စတားတစ်ယောက်ဟာ တရားရုံးကချမှတ်ဝင်ခိုင်းထားတဲ့ ပြန်လည်ထူထောင်ရေးစခန်းကနေ ခိုးထွက်လာခဲ့ပြီးတော့ သူ့မွေးရပ်မြေမှာရှိတဲ့ အချစ်ဆုံးသူငယ်ချင်းဟောင်းလည်းဖြစ်သလို အရင်က bandmate ဟောင်းလည်းဖြစ်တဲ့ ဂျော့ရှ်ဆီကိုသွားခဲ့ပါတယ်… အီရမ်က နာမည်ကျော်ကြားအောင်မြင်နေခဲ့ပေမယ့် တစ်နေ့တစ်နေ့အသက်ရှင်ရတာကို စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့သူပေါ့… သူ့သူငယ်ချင်းဟောင်းဖြစ်သူ ဂျော့ရှ်ကတော့ သူနဲ့ဆန့်ကျင်ဘက်ပါ… တစ်ချိန်ကအိပ်မက်အတူတူမက်ခဲ့ကြတဲ့ အဆိုတော်ဘဝကိုလက်လျှော့ခဲ့ပြီးတော့ မွေးရပ်မြေလေးမှာ သူချစ်တဲ့မိန်းကလေးတစ်ယောက်နဲ့အတူတူ လက်ထပ်ပြီး ဘဝကိုပျော်ရွှင်စွာနဲ့နေနေတဲ့သူပါ… ဒါပေမယ့် ဂျော့ရှ်ရဲ့သာယာတဲ့ဘဝလေးဟာ အိမ်ကိုမထင်မှတ်ဘဲရောက်ချလာခဲ့တဲ့ အီရမ်ကြောင့် ပျက်စီးတော့မလိုဖြစ်လို့လာပါတယ်… ဘာအကြောင်းကြောင့်များ ဒီလိုပျက်စီးလုနီးပါးဖြစ်လာရတာလဲ… အရင်ကအရမ်းခင်မင်ခဲ့ကြပေမယ့် ခုချိန်မှာတော့ ဂျော့ရှ်က အီရမ့်ကိုဆို ခါးခါးသီးသီးနဲ့ဖြစ်နေရတာကရော အတိတ်ကအကြောင်းတစ်ခုခုနဲ့ သက်ဆိုင်နေတာကြောင့်လား… သူတို့နှစ်ယောက်ရဲ့ဘဝနောက်ပိုင်း ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ဒီ “I Heard Sarah” ဆိုတဲ့ဇာတ်ကားလေးကိုကြည့်ပြီးတော့ပဲ အဖြေရှာလိုက်ပါ File size…(1.4 GB)/(739 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:13:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Fiona Gillen

Crime • Drama • Thriller
0 2022 72 mins
I Heard Sarah
MR-9: Do or Die
5.5

MR9 Do or Die ဇာတ်ကားဟာ 2023 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အမေရိကန်-ဘင်္ဂလားဒေ့ရှ် သူလျှိုအက်ရှင် သည်းထိတ်ရင်ဖို ဇာတ်လမ်းကောင်းတခုဖြစ်ပြီး ဒါရိုက်တာ Asif Akbar က ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ၁၉၆၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် စာရေးဆရာ Qazi Anwar Hussain ရဲ့ ဝတ္ထုဖြစ်တဲ့ Dhongsho Pahar ကို အခြေခံထားထားဖြစ်ပြီး မင်းသား ABM Sumon က MR9 ဆိုတဲ့ သူလျှို Masud Rana နေရာကနေ အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ R&R စက်ရုပ်ကုမ္ပဏီက ဘီလျံနာ ညီအကိုနှစ်ဦးဟာ နည်းပညာကိုအသုံးချပြီး ညီဖြစ်သူရဲ့ အမြင်အာရုံကို အကောင်းအတိုင်းဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့အခါ နည်းပညာမြင့် တိုက်ခိုက်ရေးပစ္စည်းတွေကို ကမ္ဘာအနှံ့ ဖြန်ချိတင်သွင်းဖို့ ကြံစည်ခဲ့ပါတော့တယ်။ လူမြင်ကောင်းအောင် နည်းပညာကုမ္ပဏီကြီးကို ဗန်းပြပြီး ကန့်လန့်ကာနောက်ကွယ်မှာတော့ ပါဘလို အက်စ်ကိုးဘားလို မြေအောက်ဒုစရိုက်မှုတွေကို တသီတတန်းကြီး ‌ လုပ်ဆောင်တော့တဲ့ ဘီလျံနာညီအကိုနှစ်ဦးကို MR9 ဆိုတဲ့ ထိပ်သီးဘင်္ဂလားဒေ့ရှ် သူလျှိုတဦးဟာ CIA နှင့် ပူးပေါင်းပြီး နိုင်ငံတကာ ရာဇ၀တ်မှုအဖွဲ့အစည်းကို ဘယ်လိုဖြိုခွင်းသွားမလဲဆိုတာ အက်ရှင်ဇာတ်ဝင်ခန်းတွေနဲ့အတူ သည်းထိတ်ရင်ဖို စောင့်ကြည့်ကြရမှာဖြစ်ပါတယ်။ File size…1.48GB / 717MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 46m Genre ….. Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint

5.5 2023
MR-9: Do or Die
Mutant
5.8

ဒီဇာတ်ကားလေးကတော့ အပြင်လောက လက်ရှိ ၂၁ရာစုမှာ ကြောက်စရာ ကောင်းလောက်အောင် အရမ်းကိုဖွံ့ဖြိုးတတ်တက်လာပြီးတော့ အနာဂတ်မှာ လူသားမျိုးနွယ်ကိုပါ အန္တာယ်ပေးလာနိုင်တယ်ဆိုတဲ့ လူလုပ်ဉာဏ်ရည်တု AI နဲ့ လူသားတွေကြားက စစ်ပွဲအကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်းလေးကတော့ လူသားမျိုးနွယ်အတွက် အထောက်အကူဖြစ်စေဖို့အတွက် လက်ရှိ AI ထက် တစ်ဆင့်မြင့်တဲ့ ခံစားချက်ပါထည့်သွင်းထားပြီး ကိုယ်ပိုင်အသိစိတ်ရှိစေတဲ့ပရိုဂရမ်ပါ ထျန်းရုန်ချစ်ပ်ပြားကို အင်ဂျင်နီယာကြီး ကျူးရုန်ကတီထွင်ခဲ့ပါတယ် ။ မူလရည်ရွယ်ချက်က လူသားအထောက်အကူပြုနည်းပညာဆိုပေမဲ့ ကိုယ်ပိုင်အသိစိတ်ရသွားတဲ့ ပင်မကိုယ်ထည် AI ဟာ လူသားမျိုးနွယ်ကို မျိုးသုဉ်းသွားသည်အထိ သတ်ဖြတ်ပြီး စက်ရုပ်တွေကို ကမ္ဘာမြေပေါ်မှာ အစားထိုးနေရာရဖို့ ကြိုးစားပါတော့တယ် ။ အဲဒါကြောင့်ပဲ AI စက်ရုပ်စစ်တပ်ကြီးရဲ့ လူသားမျိုးနွယ်တွေကို မျိုးသုဉ်းသတ်ဖြတ်ခြင်းအစီအစဉ်ကြီးစတင်လာပြီး လူသားတွေဘက်ကလည်း ခုခံစစ်အနေနဲ့ပြန်လည်တိုက်ခိုက်ကြတဲ့အခါမှာတော့ လူသားတွေနဲ့ AI ကြားစစ်ပွဲကြီးပေါ်ပေါက်လာပါတော့တယ် ။ လူသားတွေထက်နည်းပညာတစ်ဆင့်မြင့်တဲ့အပြင် ဦးနှောက်ကပါ အဆ၃၀ အဆင့်မြင့်နေတဲ့ AI ကိုလူသားတွေဘယ်လိုပြန်တိုက်ခိုက်မလဲ ? အနိုင်ရောတိုက်နိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းလေးထဲစိတ်ဝင်စားစွာကြည့်ရှုလိုက်ပါအုံးနော် ။

5.8 2024
Mutant
(2017)
6.3

1922 (2017) IMDb Rating (6.2) / Rotten Tomatoes (91%) Stephen King ရဲ့ ဝတ္ထု​ကို အသက်​သွင်း​ထားတဲ့ Horror​/Drama​ အမျိုး​အစား​ရုပ်ရှင်​ ဖြစ်ပါ​တယ်။ 2017 အောက်​တို​ဘာ​ ၂၀ ရက်​မှာ Netflix​ ကနေ ထုတ်​လွှင့်​ခဲ့ပါတယ်။ The​ Punisher နဲ့ The Mist ရုပ်ရှင်​တွေရဲ့ မင်းသား​ကြီး Thomas Jane က အဓိက​ ပါဝင်​သရုပ်ဆောင်​ထား​ပါတယ်။ ဇာတ်လမ်း​အကျဥ်းကတော့ Wilfred James ဆိုတဲ့​ လယ်သမား​တစ်ဦး​ဟာ ဇနီး​ဖြစ်သူ​ Arlette နဲ့ သား​ဖြစ်သူ​ Henry တို့​နဲ့အတူ​ နီဘရားစကားပြည်နယ်မှာ နေထိုင်​ပါတယ်။ ဇနီး​ဖြစ်သူ​ Arlette က အမွေရထားတဲ့ လယ်​ဧကတစ်ရာကို ရောင်း​ပြီး မြို့​ပြောင်း​ချင်​ပေမဲ့ James နဲ့ Henry တို့သားအဖကတော့ မပြောင်း​ချင်တဲ့အတွက် စကား​များ​ရန်​ဖြစ်​ကြကာ သား​အဖနှစ်ဦးပေါင်းပြီး Arlette​ ကို အပျောက်​ရှင်း​ပါတော့တယ်။ ဒီကိစ္စ​ ဒီမှာ​တင်ပြီးပြီလို့ James ထင်​ခဲ့မိပေမဲ့ နောက်​ဆက်​တွဲ​ ခြောက်​ချား​ဖွယ် ဖြစ်​ရပ်​တွေ ဆက်​ဖြစ်​လာ​တဲ့အခါမှာ​ James​ တစ်ယောက်​ ဘယ်​လို​တုံ့ပြန်​မလဲ​ဆိုတာ​ကို ကြည့်​ရှု​ရမှာ​ဖြစ်ပါတယ်။ Stephen King​ ရဲ့ ဝတ္ထု​ဆိုတော့​ Horror​ ရသကို ပေးစွမ်းနိုင်သလို Drama​ နဲ့လည်း ရောထားတဲ့အတွက် ဇာတ်​လမ်း​ဇာတ်​အိမ်​လည်း ကောင်း​မွန်​တယ်လို့ သတ်​မှတ်​နိုင်​ပါတယ်​။ ဇနီး​ဖြစ်သူ​ကို အ​ပြတ်​ရှင်း​တဲ့နေရာမှာ သားဖြစ်​သူကို ဆွဲထည့်ခဲ့တဲ့ James​ ရဲ့လုပ်ရပ်ကြောင့် ဘယ်လို​အဖြစ်​မျိုး​တွေ ရင်ဆိုင်​ရမလဲ​ဆိုတာ​ကို စိတ်ဝင်စား​ဖွယ်၊ သနား​ဖွယ်​ ကြည့်​ရှု​ရမှာပါ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Wolfenheim မှ တင်ဆက်ထားပါတယ်။)

Horror • Thriller
6.3 1922
(2017)
Hellraiser: Hellworld

Hellraiser: Hellworld (2005) ဒီဇာတ်ကားမှာတော့ Hellraiser တွေ နာမည်ကြီးကုန်ကြပါပြီ။ ဆီနိုဘိုက်တွေအကြောင်း ကြားဖူးထားတဲ့ လူတစ်ယောက်က လက်ကမြင်းပြီး Hellworld ဆိုတဲ့ ဂိမ်းကိုထွင်လိုက်ပါတယ်။ သေတ္တာကိုဖွင့်တယ် ဆီနိုဘိုက်တွေ ရောက်လာတယ် အဲဒါတွေပါတဲ့ဂိမ်းပေါ့။ အဲဒီတော့ Hellworld ကို ကစားတဲ့ Hardcore Gamer တွေရှိလာရော။ အဲဒီထဲက အဒမ်ဆိုတဲ့တစ်ယောက်ကတော့ ဂိမ်းကို အရူးအမူးဖြစ်ပြီး ကိုယ့်ဘာသာသတ်သေတဲ့ထိဖြစ်လာပါတော့တယ်။ သူနဲ့အတူတွဲနေတဲ့ သူငယ်ချင်းအုပ်စုကလည်း Hellworld ကစားတာကြိုက်တဲ့သူတွေ၊ Hellworld Geek တွေပါ ပါပါတယ်။ သူသေသွားပြီး နောက်နှစ်နှစ်ကြာတော့ သူ့သူငယ်ချင်းအုပ်စုကို Hellworld ဂိမ်းကစားသူတွေ စုကြတဲ့ ပါတီကို ဖိတ်ခံရတယ်။ သူတို့အုပ်စု ပါတီကျင်းပတဲ့ လဗိုင်ယာသန်အိမ်တော်ကို ရောက်တဲ့အချိန်မှာ ဇာတ်လမ်းက စတော့တာပါပဲ။ မင်းသမီးကတော့ Vikings Series ထဲက မင်းသမီးချော Katheryn Winnick ဖြစ်ပြီးတော့ စူပါမန်းကြီး Henry Cavill လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 965MB Quality – 1080p, 720p Format – mp4 Duration – 1H 31Min Genre – Slasher Horror, Teen Horror, Horror Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Comedy • Horror
0 2005
Hellraiser: Hellworld
Appudo Ippudo Eppudo
6

Appudo Ippudo Eppudo (2024) “တာရာနှင့်စသော ဇာတ်လမ်းတစ်ပုဒ်” အသစ်ထွက်ရှိလာတဲ့ တေလဂူး မှုခင်းဒရာမာ ဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ် မင်းသမီးအချောအလှလေးဖြစ်တဲ့ Rukmini Vasant ပါဝင်ထားပြီး ဇာတ်လမ်းအကျဉ်းကတော့ ပြိုင်ကားမောင်းချင်တဲ့ အိပ်မက်တွေနဲ့ ပျော်ပျော်နေတတ်တဲ့ ရီရှီက တစ်နေ့မှာ ဆွဲကြိုးဖြတ်လုတဲ့ သူခိုးတစ်ယောက်ကို လိုက်ဖမ်းပေးရာကနေ တာရာဆိုတဲ့ အချောအလှလေးနဲ့ စတင်သိကျွမ်းခဲ့ပါတယ် မြင်မြင်ချင်းချစ်မိသွားခဲ့ပြီး ဖွင့်ပြောဖို့ တုံ့ဆိုင်းနေခဲ့တယ် နောက်တော့ သူ့မှာရည်းစားရှိနှင့်နေတာ သိသွားတဲ့အခါ လက်လျှော့လိုက်ပြီး အိပ်မက်တွေနောက်လိုက်ဖို့ ဘော်ဒါတစ်ယောက်နဲ့အတူ လန်ဒန်ကိုထွက်သွားခဲ့တယ် နှစ်နှစ်အကြာမှ တာရာ့ကိုမထင်မှတ်ထားဘဲ ပြန်တွေ့တဲ့အခါမှာတော့ … အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Horror • Thriller • Crime
6 2024 122 mins
Appudo Ippudo Eppudo
The Price of Money: A Largo Winch Adventure
6

ဒီကားလေးကတော့ ၂၀၀၈ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Largo Winch ရုပ်ရှင်ကားရဲ့နောက်ဆက်တွဲ တတိယမြောက် Thriller/ Actionကားလေးပဲဖြစ်ပါတယ်… Thriller ကားချစ်သူတွေအနေနဲ့ အသည်းတအေးအေး ကြည့်ရမယ့် သည်းထိတ်ရင်ဖိုအခန်းတွေလုံလုံလောက်လောက် ပါသလို Action ကားချစ်သူတွေအနေနဲ့လည်း အသည်းတယားယား Fight Scene တွေကို ခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်… Drama ဆန်ဆန်ဇာတ်အိမ်တွေလည်း ထည့်သွင်းရိုက်ကူးထားတဲ့ အတွက်ကြောင့် ရသစုံတဲ့ ဒီရုပ်ရှင်ကားလေးကို ပရိသတ်တွေ နှစ်သက်ကြမှာ အမှန်ပါပဲ… ပြန်ပေးဆွဲခံရတဲ့သားငယ်နဲ့ နောက်ကွယ်ကအကြောင်းအရင်းကို ကနေဒါသစ်တောကနေ ဘန်ကောက်မြို့နဲ့မြန်မာပြည်သတ္တုတူးဖော်ရေး လုပ်ကွက်တွေထိ ရှာဖွေဖော်ထုတ်ဖို့ ကြိုးစားရတဲ့ ယခု Largo Winch အကြောင်းရုပ်ရှင်မှာ ကျယ်ပြန့်တဲ့နောက်ခံ ရှုခင်းတွေနဲ့ လူနေမှုပတ်ဝန်းကျင်ကိုလည်း ရင်သပ်ရှုမောဖွယ် မြင်တွေ့ရမှာဖြစ်ပါတယ်… Largo Winch ရုပ်ရှင်များရဲ့ အဓိကဇာတ်ဆောင်မင်းသား Tomer Sisley အပြင် ယခုတတိယကားလေးမှာတော့ နာမည်ကျော် မင်းသား James Franco လည်း ဇာတ်ပြိုင်အနေနဲ့ ပါဝင်သရုပ်ဆောင် ထားတာဖြစ်လို့ James Franco ပရိသတ်များအနေနဲ့လည်း အချိန်ပေးပျော်တဲ့ရုပ်ရှင်တစ်ကားဖြစ်မှာ အသေအချာပါပဲ… Largo Winch တစ်ယောက် ဘယ်လိုစွန့်စားခန်းတွေကို ကြုံတွေ့ရမလဲ James Franco သရုပ်ဆောင်ထားတဲ့ Ezio Burntwood ဇာတ်ကောင်တစ်ယောက် ဘယ်လိုဇာတ်ရှိန်မြင့်အောင် ဆွဲခေါ် သွားမလဲဆိုတာတော့ ဒီရုပ်ရှင်လေးထဲမှာပဲ ကြည့်လိုက်ကြဖို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်… ( ရုပ်ရှင် အညွှန်းနဲ့ ဘာသာပြန်ကတော့ Ye Thiha Htet ပဲ ဖြစ်ပါတယ် ) File size… (1.70GB) / (985MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 40m Genre ….. Action , Adventure , Thriller , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

6 2024 100 mins
The Price of Money: A Largo Winch Adventure
The Interview

ဒီတစ်ခါမှာတော့ IMDB rating7/10 အထိရရှိထားတဲ့ Thriller Crime ရုပ်ရှင်တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် Hugo Weaving နဲ့ Tony Martin တို့ကအဓိကဦးဆောင်ပါဝင်ထားပါတယ် ဇာတ်လမ်းအကျဥ်း မနက် 5နာရီအချိန်ကြီးမှာ ရဲတွေက ရုတ်တရက်ကြီး ဖလန်းမင်းရဲ့အိမ်ထဲကို တံခါးဖျက်ဝင်လာပြီး သူ့ကိုထုထောင်းရိုက်နှက်ကာဖမ်းဆီးသွားပါတယ် စခန်းကိုခေါ်သွားပြီး စစ်ဆေးမေးမြန်းတဲ့အင်တာဗျူးအခန်းထဲမှာ အတွေ့အကြုံရင့်ပြီး အဖြေရအောင်ဖော်ထုတ်တတ်တဲ့ စုံထောက်ကြီးစတီးရယ်လ်ကမေးမြန်းပါတယ် စတီးရယ်လ်က တစ်ဆက်တည်းမေးမြန်းတာမျိုးမဟုတ်ဘဲ အချိန်ခဏရပ်နားလိုက် ပြန်မေးလိုက်လုပ်ပါတယ် သူ့ကိုဖမ်းခေါ်သွားရတဲ့အဓိကအကြောင်းအရင်းက”ကားခိုးမှု”အတွက်ပါ ဒါပေမဲ့ လူသတ်မှုအတွက်လည်းသံသယရှိခံနေရပါတယ် ပြဿနာက စုံထောက်စတီးရယ်လ်တို့ဘက်မှာ လုံလောက်တဲ့သက်သေမရှိတာမလို့ ဖလန်းမင်းပါးစပ်ကနေပြောထွက်လာအောင် အစ်အောက်မေးမြန်းရပါတယ် ဖလန်းမင်းကလည်းခေသူမဟုတ်တာကြောင့် ထင်သလောက်မလွယ်ကူခဲ့ပါဘူး ဖလန်းမင်းကသာလူသတ်မှုရော ကားခိုးမှုရောရဲ့တရားခံအစစ်လို့ယုံကြည်နေတဲ့စုံထောက်စတီးရယ်လ်ရဲ့ထင်မြင်ချက်က တကယ်မှန်ပါ့မလား ဖလန်းမင်းက တကယ်ပဲတရားခံအစစ်လား ဒါမှမဟုတ်မှားယွင်းပြီးစွပ်စွဲခံရတာလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ File size…(1.3 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Crime, Mystery, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Ruby jane

Drama • Romance
0 1998
The Interview