YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Vicky and Her Mystery (2021) WEB-DL,1080p HEVC (CM)MW.mkv

1.43 GB N/A video/x-matroska 53 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Paheli
6.2

တစ်ခါတလေ မိန်းကလေးများ အိပ်မက်ဆန်ဆန် တွေးဖူးကြပါသလား။ နတ်သားလေး နတ်သက်ကြွေပြီး ကိုယ့်ဆီ လှမ်းလာခဲ့တယ် လို့ပေါ့။ ဒါမှမဟုတ် တစ္ဆေတစ်ကောင် က ကိုယ့်ကို ချစ်တယ်လို့ ကော တွေးခဲ့ဖူးပါသလား။ ဒါပေမဲ့ ဒီမေးခွန်းဟာ အူကြောင်ကြောင် နိုင်လွန်းပါတယ်။ ဒီကားလေး ကို မညွှန်းခင်မှာတော့ ယုတ္တိ တန်သည် မတန်သည် ဝိ၀ါဒတွေ ချန်ထားခဲ့ဖို့လိုပါတယ်။ တကယ်တော့ ဒီကားလေးမှာ တစ္ဆေတစ်ကောင် ရဲ့ အချစ်ဇာတ်လမ်းကို ရိုက်ကူးထားတာမို့ပါ။ ဇာတ်လမ်းအစမှာဖြင့် ကုန်သည်လေး ကီရှန်နဲ့ အလွန်လှတဲ့ လက်ရ်ှချီ တို့ လက်ထပ်ပုံနဲ့ စတင်တင်ဆက်ခဲ့ပါတယ်။ ကီရှန်က ဖခင်ရဲ့အမိန့်အောက်ရိုကျိုးရတဲ့သားငယ် တစ်ယောက်။ လက်ရ်ှချီ ကလည်း မိသားစုရဲ့သဘောအတိုင်း အမြဲခေါင်းငြိမ့်ခဲ့တဲ့ သမီးတစ်ယောက်။ ဒီလိုနဲ့ ကီရှန်ဟာ သတို့သမီးလောင်းကို ခေါ်ပြီး အိမ်ကို ပြန်လာခဲ့ပါတယ်။ နေကလည်း ပြင်းသထက်ပြင်းတာမို့ အချို့နေရာတွေမှာ ခရီးတစ်ခေါက် နားကြရပါတယ်။ ဒီအချိန်မှာတော့ ဖြတ်သန်းရာ လမ်းမှာရှိတဲ့ ညောင်ပင်တစ္ဆေဟာ Luchchi ကိုမြင်ပြီး ကြွေသွားပါတော့တယ်။ ( စနှိုက်က စကျော်တော့မယ် ?) အဲ့ ဒီလို ခရီးဆက်ကြပြီးနောက် Kishan တို့ အိမ်ပြန်ရောက်ခဲ့တယ်။ ညရောက်တော့ Kishan ဟာ ကုန်စာရင်းစာအုပ်ကို တွက်ချက်နေခဲ့ပါတယ်။ ဖခင်ရဲ့ စကားအတိုင်း အလုပ်တွေကို သာ အာရုံစိုက်နေပြီး သတို့သမီးလောင်းကို မေ့နေခဲ့ပါတယ်။ ( တော်တော်ဆိုးတဲ့လူ ? ) ။ နောက်ပြီး Kishan ဟာ မနက်ဖြန် ကုန်သွယ်မှုတစ်ခုနှင့်ပတ်သက်ပြီး လေးနှစ်ကြာ ခရီးထွက်ရတော့မှာပါ။ ဒီအကြောင်း Luchchi သိတော့ သူမစိတ်ထဲ အထီးကျန်ဆန်မှုတွေ တစ်စတစ်စ ချဉ်းနင်းလာခဲ့ပါတယ်။ ဒါ့ပြင် မင်္ဂလာဦးညမှာတောင် အလုပ်ကိုပဲ အာရုံစိုက်လွန်းသူ ယောက်ျားဟာ သူမအတွက် ကြည်နူးစရာ စကားလုံးတွေ မရှိတတ်ကြောင်း သူမ ပိုမို သိမ်ငယ် တွေးလာခဲ့ပါတယ်။ နောက်နေ့မှာဖြင့် ကီရှန် ဟာ ခရီးထွက်သွားပါတော့တယ်။ ဒါ့ကြောင့် "အချစ် နဲ့ စစ် မှာ မတရားတာမရှိ" လို့ ယူဆထားတဲ့ ညောင်ပင်တစ္ဆေ ဟာ kishan ပုံဖန်ဆင်းပြီး အိမ်ကို ပြန်လာချင်ယောင် ဆောင်နေခဲ့ပါတယ်။ ထို့နောက် Luchchi ကို တစ္ဆေ အဖြစ်နဲ့ချစ်ရေးဆိုရန် ကြိုးစားချိန်မှာတော့ ………??? ဘာတွေ ဖြစ်လာခဲ့မလဲ။ Kishan / Luchchi နဲ့ ညောင်ပင်တစ္ဆေ တို့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းက ဘယ်လို အဆုံးသတ်ကြမလဲဆိုတာတော့ ကိုယ်တိုင်ကြည့်ပြီးမှ ရင်ခုန်လိုက်ပါဦးခင်ဗျ။ ဒီကားလေးဟာ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်သင့်တဲ့ကားပေမယ့် စကားလုံးရွေးချယ်တတ်မှု ; လှပမှု သေသပ်မှုနဲ့ ကြည်နူးတတ်မှုတွေက ရသမြောက်ခဲ့ပါတယ်။ တစ္ဆေတစ်ကောင်ရဲ့စွမ်းအင်နဲ့ ဖန်တီးချက်တွေက CGI effect သုံးထားခဲ့ပြီး ဒီဇာတ်၀င်ခန်းတွေက ဟာသဆန်ဆန်လေး ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် မိန်းမသား တနည်းအားဖြင့် အိမ်မှာကျန်ရစ်ခဲ့သူ မိန်းမသားတွေအနေနဲ့ အထီးကျန်ဆန်မှု / အချစ်စစ်ကိုတောင့်တမှုနဲ့ မေတ္တာတရား လွှမ်းထားတဲ့ အိမ်ထောင်ရေးကို မျှော်လင့်တတ်မှု ကိုလည်း အဓိက ပုံဖော်သွားခဲ့ပါတယ်။ ငွေကြေးရေတွက်သံတွေထက် နှစ်လိုဖွယ်ကောင်းတဲ့ လင်ယောက်ျားရယ်သံကိုသာ တမြတ်တနိုး တောင့်တတတ်တဲ့ မိန်းမသား တွေကိုလည်း ပိုမို နားလည်လာစေပါတယ်။ ယောက်ျားသားတွေအနေနဲ့လည်း အလုပ်ထက် မိသားစုချစ်ခြင်းမေတ္တာကို ပိုအလေးပေးသင့်ကြောင်း အလင်းပြခဲ့ပါသေးတယ်။ ဒီကားဟာ ဆုပေါင်း သုံးဆုရရှိခဲ့ပြီး ဆုပေါင်း ၁၇ ဆု အတွက်လည်း ဇကာတင်စာရင်း၀င်ခဲ့ပါသေးတယ်။ IMDB - 6.7 အထိ ရရှိခဲ့ပြီး ပေါ့ပေါ့ပါးပါးနဲ့ ကြည့်သင့်တဲ့ ကားကောင်းလေးပါ။ ဒီကားလေးရဲ့ စကားဝေါဟာရကြွယ်ပုံကလည်း ဂေါ်မစွံလူတွေအတွက် သင်ခန်းစာဖြစ်စေပါတယ်။ ? ဒါ့ပြင် ဒီ၀ယ် ဒီလောကမှာ ငွေကြေးတစ်ခုထက် ပိုမိုလေးနက်တဲ့ အရာတွေရှိနေသေးကြောင်းလည်း သတိပေးခဲ့ပါတယ်။ ဒါတင်မက ဖန်တီးထားတဲ့ ကန္တာရတွေ / CGI effect တွေနဲ့ စနစ်တကျရိုက်ကူးထားတဲ့ ဇာတ်အိမ်အဆန်းလေးမို့ ကြည့်သင့်တဲ့ကားအဖြစ် မှတ်ထားကြပါဦး လို့ သတိပေးပါရစေလား ခင်ဗျာ။ (ရုပ်ရှင်အညွှန်းကို ကိုလင်းခယံ FB မှ ကူးယူဖော်ပြပါသည်။) File size…(4.5 GB)/(1.7 GB) Quality….BluRay 1080p/720p Format…mp4 Duration….02:20:o0 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Thaik San & Intelligence

Drama • History
6.2 2005 141 mins
Paheli
Happening
7.2

ဒီဇာတ်ကားလေးဟာ Annie Ernaux ရဲ့ "Happening" ဆိုတဲ့ ဝတ္ထုလေးကို အခြေခံ ရိုက်ကူးထားတာဖြစ်ပြီး IMDb 7.4 အထိရရှိခဲ့တဲ့အပြင် BAFTA Award တွေအတွက် ဆန်ခါတင်စာရင်းမှာ ပါခဲ့သလို အခြား ဆုတွေလည်း ၁၃ ခုလောက် ရရှိထားခဲ့တဲ့ ဒရမ်မာ ဇာတ်ကားကောင်းလေး တစ်ကားပါ။ ကိုယ်ဝန်ဖျက်ချတာဟာ တရားဝင်တယ် တရားမဝင်ဘူး ဆိုတာ အခု ၂၂ ရာစုအထိ နိုင်ငံအချို့မှာ debate လုပ်နေကြဆဲဖြစ်ပါတယ်။ 1960 ခုနှစ်တွေတုန်းက ပြင်သစ်နိုင်ငံမှာ ကိုယ်ဝန်ဖျက်ချတာဟာ တရားမဝင်ပါဘူး။ ကိုယ်ဝန်ဖျက်ချရင် ဖျက်ပေးတဲ့ ဆရာဝန်ရော ကိုယ်ဝန်ရှိသူပါ ထောင်ချခံရတဲ့ အခြေအနေပေါ့။ ဇာတ်လမ်းအကျဉ်းကတော့ ... အန်းဆိုတဲ့ စာပေ မေဂျာ ကျောင်းသူလေးက ပညာရေးမှာ ပါရမီပါပြီး ထူးချွန်တယ်။ လူဆိုတာကတော့ အမှားနဲ့ မကင်းကြပါဘူး။ အမှားနဲ့မကင်းတဲ့ထဲမှာမှ ကံဆိုးသွားသူက အန်း ပေါ့။ တစ်ညတာလေး မှားမိခဲ့တာဟာ အန်း ဘဝကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားစေခဲ့တယ်။ ဟုတ်ပါတယ် အန်းတစ်ယောက် ကိုယ်ဝန်ရသွားခဲ့တယ်။ အန်းက ဘဝရှေ့ရေး ရှိသေးတာမို့ ကလေးယူဖို့ တာဝန်မယူနိုင်သေးတဲ့အတွက် ကိုယ်ဝန်ဖျက်ချဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်ဆရာဝန်မှ မကူညီပေးခဲ့ဘူး။ ဥပဒေကလည်း လက်မခံခဲ့ဘူး။ မိဘတွေကိုလည်း ဖွင့်မပြောရဲ၊ သူငယ်ချင်းတွေကိုလည်း ဖွင့်မပြောရဲတဲ့ အန်းတစ်ယောက် ဒီအခက်အခဲကို တစ်ယောက်တည်း ဘယ်လို ကျော်လွှားနိုင်မလဲ? ဆိုတာကိုတော့ စိတ်ဝင်စားဖွယ်၊ ရင်နင့်ဖွယ် ကြည့်ရှုခံစားကြရမှာပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Kit ပါ။) File Size : 2.2GB, 1.1GB, 463MB Quality : 1080p WEB-DL, 720p WEB-DL, 480p Format : mp4 Duration : 1hr & 40mins Genre : Drama Translated by Kit Encoded by Kinnov

Action • Mystery • Thriller
7.2 2021 100 mins
Happening
I'm Charlie Walker
7.5

ဖြစ်ရပ်မှန် ဇာတ်လမ်း ဖြစ်တဲ့ ဒီ ဇာတ်လမ်းကတော့ စီးပွားရေး စွန့်ဦးတီထွင်မယ့် လူငယ်‌‌ တွေ ကြည့်သင့်တဲ့ Motivation ရမယ့် drama ဇာတ်ကားကောင်း ဖြစ်ပါတယ် ၁၉၇၁ လူမျိုးရေး တင်းမာမှု လူမျိုးရေး ခွဲခြားမှုတွေ ကြားမှာ ချာလီ ဝေါ်ကာ လို့ ခေါ်တဲ့ လူမည်း အမျိုးသား ကုန်တင်ကားသမားလေးက ရလာတယ့် အခွင့်အရေးကို သုံးပြီး ဘယ်လို လျမ်းသာ အောင် တက်လှမ်းသွားမလဲ အသားအရောင် ခွဲခြားမှုကြောင့် ဘယ်လို အခက်အခဲ ပြဿနာ တွေ ကြုံရမလဲ ရှုပ်ထွေးလွန်းတဲ့ ရေနံသူဋ္ဌေး တွေ ရဲ့ စီးပွားရေးလှည့်ကွက် တွေ နောက်ကျော ဓါးထိုးမှုတွေကို ချာလီ ဘယ်လို ရင်ဆိုင် ဖြေရှင်းသွားမလဲ စီးပွားရေး လုပ်တဲ့ နေရာ မှာ သူများတကာ ထက် ဘယ်လို အကွက် ကြိုမြင်ရသလဲ ဆိုတာ ချာလီ ဝေါ်ကာ ဇာတ်ကား ထဲမှာ အပြည့်အဝ မြင်တွေ့ရမှာပါ ဆင်းရဲသား ချာလီဝေါ်ကာ ဘဝ ကနေ ဆောက်လုပ်ရေး စွန့်ဦးတီထွင် လုပ်ငန်းရှင် ချာလီဝေါ်ကာ ရဲ့ ဘဝ အကြောင်း ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာကြောင့် ရသ မျိုးစုံ ခံစားရမှာပါ အဓိက ဇာတ်ဆောင် ချာလီ ဝေါ်ကာ အနေနဲ့လည်း marvel စီးရီး မင်းသား Mike Colter က ပီပြင်အောင် သရုပ်ဆောင်ထားပါသေးတယ် File size…(1.46GB/(765MB)/(427MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:53:00 Genre...Drama / Biography Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Kevin

Comedy
7.5 2022 90 mins
I'm Charlie Walker
Love and Love Not
5.7

Love and Love Not (2022) ~ IMDb rating - 7.2/10 ~ "ကိုယ်အိမ်ပြန်လာပေးရမယ့်သူ ကိုယ့်ကိုဂရုစိုက်ပေးမယ့်သူတစ်စုံတစ်ယောက်ရှိတာ သိပ်ကောင်းတဲ့ကိစ္စတစ်ခုပဲ..." လမ်းခွဲပြီး ရည်းစားဟောင်းကို Move on မလုပ်နိုင်သေးတဲ့သူတစ်ယောက်ရဲ့ အထီးကျန်မှုကိုမြင်လိုက်ရတဲ့ Dialogue ပေါ့။ 2022 တုန်းကထွက်ခဲ့တဲ့ Romance ဇာတ်ကားသစ်ပါ။ ဒါရိုက်တာ Anthony Cally ရဲ့တက်သစ်စသရုပ်ဆောင် Francesco D'Onofrio, Makenna Perkal တို့နဲ့ရိုက်ကူးထားတဲ့ဒီဇာတ်ကားက Romance ဆိုတာထက် Move on Story ဆန်ပါတယ်။ နစ်ကီဆိုတဲ့ နယူးယောက်က ရုပ်ရှင်တည်းဖြတ်ရေးဌာနမှ ာအလုပ်လုပ်နေတဲ့ အသက် ၂၀ ဝန်းကျင်ကောင်လေးဟာ မွေးရပ်မြေ လော့စ်အိန်ဂျလိစ်က ရည်းစားဟောင်းလီလီကို မေ့မရသေးတဲ့သူပေါ့။ သူနဲ့လီလီရဲ့ဇာတ်ကြောင်းကိုတော့ အကျယ်တဝင့်မဖော်ပြထားပါဘူး။ နစ်ကီတို့ရဲ့ နွေရာသီအားလပ်ရက်သူငယ်ချင်းဟောင်းတွေ့ဆုံပွဲက Conversation အရ နစ်ကီနဲ့လီလီတို့ တွဲခဲ့ကြဖူးတယ်။ နစ်ကီရဲ့သူငယ်ချင်းတစ်ယောက်နဲ့ လီလီအတူအိပ်ခဲ့တဲ့ကိစ္စက နစ်ကီကိုအသဲကွဲစေခဲ့တယ်။ နစ်ကီရဲ့မကောင်းတဲ့အချက်တစ်ခုက လိင်ကိစ္စကိုစွဲလမ်းနေတာပါ။ မိသားစုနဲ့ ရင်းနှီးနွေးထွေးတဲ့ဆက်ဆံရေးမရှိတာရဲ့ သက်ရောက်မှုလည်းဖြစ်နိုင်ပါတယ်။ တခြားတဖက်မှာလည်း နစ်ကီဟာ လီလီနဲ့အတူတူ Commitment ရှိတဲ့ဆက်ဆံရေးတစ်ခုကို တည်ဆောက်ချင်တယ်။ သူ့ရဲ့ အားလပ်ရက်အိမ်ပြန်ခရီးဟာ သူမျှော်လင့်သလိုတော့မဖြစ်ခဲ့ပါဘူး.... အနှစ်ချုပ်ရရင် တစ်ခါတလေမှာ Move On လိုက်တာက ကိုယ့်အတွက်ရော ရည်းစားဟောင်းအတွက်ပါ အကောင်းဆုံးအဖြေတစ်ခုဖြစ်နေနိုင်တယ်ဆိုတာပါပဲ။ နစ်ကီ ညတိုင်းအိမ်ပြန်လာဖြစ်မယ့်အကြောင်းရင်းက ဘယ်သူဖြစ်လာမလဲဆိုတာကိုလည်း ဆက်ပြီးကြည့်ရှုလိုက်ပါဦး... (ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 830MB Quality - 1080p, 720p IMDb Rating - 7.2/10 Format - mp4 Duration - 1H 44Min Genre - Comedy, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Y

Comedy • Drama
5.7 2022 104 mins
Love and Love Not
Logan Lucky
6.7

အခုမိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ ၂၀၁၇ မှာ အသစ်စက်စက် ထွက်လာတဲ့ Logan Lucky ဆိုတဲ့ဟာသဆန်ဆန် ဇာတ်ကားကောင်းလေးပါ။ ရယ်ရယ်မောမောပေါ့ပေါ့ပါးပါးနဲ့ညီအစ်ကိုတွေကြားကသံယာဇဉ်လေးတွေကိုမိသားစုစိတ်ဓာတ်လေးတွေကိုရိုက်ပြသွားတာပါ။ ဒီထဲမှာတော့ ဂျင်မီလိုဂန်နဲ့ စလိုက်လိုဂန်တို့ ညီအစ်ကို ၂ ယောက်အဖြစ် Channing Tatum နဲ့ Adam Driver တို့ကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ အစ်ကိုဖြစ်သူဂျင်မီက ခြေဆာနေပြီး ညီဖြစ်သူ စလိုက်ကတော့ လက်ပြတ်နေသူပါ သူတို့ဟာ မွေးရာပါမဟုတ်ဘဲ လိုဂန်မိသားစုရဲ့ကံဆိုးခြင်းကျိန်စာကြောင့် ဖြစ်ရတယ်လို့ ထင်နေတာပါ တစ်နေ့တော့ ဂျင်မီအလုပ်ပြုတ်သွားတဲ့အခါ သူက ဓားပြတိုက်ဖို့ အစီအစဉ်တွေ ဆွဲပြီး သူ့ညီကို ပါအောင်ဆွဲဆောင်ပါတော့တယ် သူတို့ ၂ ဦးသဘောတူသွားချိန်မှာတော့ ဘဏ်မီးခံသေတ္တာကို ဖောက်နိုင်တဲ့ တစ်ဦးတည်းသော သူဖြစ်တဲ့ ဂျိုးဘန်းကို လိုအပ်လာပါတယ် ဂျိုးဘန်းနေရာမှာတော့ ဂျိန်းစဘွန်းမင်းသားကြီး Daniel Craig ကသရုပ်ဆောင်ပေးထားတာပါ။ ဒီနေရာမှာဂျိန်းစ်ဘွန်းမင်းသားဟောင်းကြီးရဲ့သရုပ်ဆောင်ဟန်တွေကိုပီပီပြင်ပြင်တွေ့ရမှာဖြစ်ပါတယ်။ သူ့ရဲ့ပေါ့ပေါ့ပါးပါးနဲ့ကျရာဇာတ်ကိုသရုပ်ဆောင်ထားပုံကကြည့်ရသူကိုအားရကျေနပ်စေမှာပါ။ ထောင်ကျနေပေမယ့်သူ့ရဲ့geniusအတွေးအခေါ်တွေသိပ္ပံပညာတွေသုံးပြီး ထောင်ကျနေချိန်ဖြစ်နေတာတောင် သူတို့ ဘယ်လိုအစီအစဉ်တွေ ချပြီး ဓားပြတိုက်မလဲ ဆိုတာတော့တကယ်စိတ်ဝင်စားဖွယ်နဲ့ဟာသလေးနှောပဲရိုက်ကူးထားတာလေးတွေကို ကြည့်ရှုကြပါဦး IMDb rating 7.3 ထိရထားတာဆိုတော့Action/Comedyကားအကောင်းစားဆိုတာကတော့လုံးဝသေချာတာမို့ဂျိန်းစဘွန်းမင်းသားကြီးကိုအားပေးရင်း လက်လွတ်မခံဘဲ ကြည့်သင့်တဲ့ ဇာတ်ကားလေးဖြစ်ကြောင်းပြောပါရစေဗျာ။ (ဘာသာပြန်သူတွေကတော့ သူရသရဖီပါ) File Size : (950 MB) and (380 MB) Quality : Blu-Ray 720p Running Time : 1hr 58min Format : Mp4 Genre :Comedy, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thura Tharaphi Encoded by Thanhtike Zaw

Drama • Romance • Thriller
6.7 2017 118 mins
Logan Lucky
Harry Brown
7.2

Harry Brown (2009) ================ တော်ဝင်ရေတပ်သားဟောင်းကြီး ဟယ်ရီဘရောင်းဟာ မုဆိုးဖိုတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အထီးကျန်လှတဲ့ဘဝကို ပင်စင်ယူထားတဲ့ သူငယ်ချင်းလီယိုနာ့အက်ဝယ်လ်နဲ့ပဲ အချိန်ကုန်ဆုံးလေ့ရှိပါတယ်။ ဟယ်ရီတို့နေထိုင်တဲ့ ပတ်ဝန်းကျင်မှာလည်း အရမ်းသောင်းကျန်းပြီး ဆိုးသွမ်းတဲ့ လူငယ်လေးတွေအုပ်စုရှိပါတယ်။ လူ့အသက်တွေကို ကစားစရာလိုသတ်မှတ်ပြီး သေနတ်တစ်လက်နဲ့ ဆေးမူးပြီးလုပ်ချင်တာလုပ် ထင်ရာစိုင်းနေတဲ့လူငယ်လေးတွေပါ။ ဒီလိုမျိုး ပြဿနာပဲရှာချင်နေတဲ့ ကောင်လေးတွေက ပင်စင်စားဖြစ်ပြီး အင်အားနည်းတဲ့ မစ္စတာအက်ဝယ်လ်ကိုလည်း အနိုင်ကျင့်နှောင့်ယှက်ကြပါတယ်။ တစ်ရက်မှာတော့ ဟယ်ရီဆီကို စုံထောက်နဲ့ စုံစမ်းရေးအရာရှိတို့က မိတ်ဆွေမစ္စတာအက်ဝယ်လ်သေဆုံးသွားကြောင်းလာအကြောင်းကြားပါတယ်။ ဟယ်ရီတစ်ယောက် တစ်ဦးတည်းသောမိတ်ဆွေကိုဆုံးရှုံးလိုက်ရတဲ့အချိန်ကနေစပြီး ဘယ်လိုတွေပြောင်းလဲမလဲ.. မိတ်ဆွေအတွက်ရော ရေတပ်သားဟောင်းကြီးအနေနဲ့ ဘယ်လိုအကွက်ကျကျလက်တုံ့ပြန်မလဲဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်… File size…0.99GB / 330.9MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 43m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kyawt Kay Zin

7.2 2009 103 mins
Harry Brown
OMG 2
8

OMG 2 (Oh MyGod) အက်ရှေးကူးမားရ်ရဲ့ သောက်သောက်လဲ အောင်မြင်ခဲ့တဲ့ OMG အဆက် ဒုတိယကားထွက်ရှိလာပြီပဲဖြစ်ပါတယ် ကုဋေ ၅၀ ရင်းထားတဲ့ ဒီကားမှာ ရုံဝင်ငွေ ကုဋေ ၂၂၀ ထိပြန်လည်ရရှိခဲ့တာမို့ ခုနှစ်ပိုင်းအတွင်း အက်ရှေးတစ်ယောက် ပြန်လည်အောင်မြင်ခဲ့တဲ့ ဇာတ်ကားလို့ပြောလို့ရပါတယ် အက်ရှေးကူးမားအပြင် ဝါရင့်မင်းသားကြီး ပန်ကတ်ချ် သရီပသီနဲ့ မင်းသမီးချောလေး ယမ်မီဂေါ်သမ်တို့က အဓိကဇာတ်ဆောင်တွေအဖြစ်နဲ့လည်း ပါဝင်ထားပါသေးတယ် OMG 1 မှာ ဘုရားကိုမယုံတဲ့သူက သူ့အိမ်ကိုပဲရွေးငလျင်လှုပ်လို့ ဘုရားကိုတရားစွဲခဲ့တာကနေ တစ်လောကလုံးနဲ့ တစ်ယောက်ရင်ဆိုင်ခဲ့ရပုံကို ဘာသာရေးအကြောင်းတွေနဲ့ ရောသမမွှေ တင်ဆက်ပေးခဲ့ပေမဲ့ ဒုတိယကားမှာတော့ ဇာတ်ကောင်စရိုက်တွေ ဇာတ်လမ်းသဘာဝတွေ ပြောင်းလဲပေးထားပါတယ် အဓိကဇာတ်ဆောင် ကန်တီဟာ ဘာသာရေးကိုင်းရှိုင်း လူအများချစ်ခင်ရတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ပါ သူ့ရဲ့ဆယ်ကျော်သက်အရွယ်သားလေး ဗီဗက်ဟာ လူငယ်တို့သဘာဝ လိင်ကိစ္စကို အရမ်းစိတ်ဝင်စား လက်တည့်စမ်းချင်ပြီး ဗိုင်ယာဂရာကို သုံးလုံးလောက်ပစ်သောက်ပြီး အာသာဖြေရင်းမေ့လဲလို့ အဖေကဆေးရုံလိုက်ခေါ်ရတဲ့ ကောင်ဆိုးလေးပါ အဲ့ဒါနဲ့တင်မရပ်ပဲ ကာမသျှတ္တရကျမ်းတွေဖတ်ပြီး ကျောင်းအိမ်သာထဲမှာပါ ထပ်ကမြင်းတာကို ကျောင်းကသူ့သူငယ်ချင်း bully ကောင်တွေက ဗီဒီယိုရိုက်ဖြန့်လိုက်တဲ့အခါ ဗီဗက်ကို ကျောင်းလဲထုတ် အကုန်လုံးက ဝိုင်းအပြစ်တင်ကြတဲ့အပြင် သူ့မိသားစုရော သူရော လုပုံအလယ်မှာ ခေါင်းမဖော်နိုင်အောင် ဖြစ်ပါတော့တယ် ဒါနဲ့ပဲသူ့အဖေကန်တီလည်း အာသာဖြေမိတာ အပြစ်မဟုတ် လိင်ပညာပေးသေချာမလုပ်ပဲ ကျောင်းသားကိုအပြစ်တင်တဲ့ ကျောင်းနဲ့တခြားလူတွေကသာ အပြစ်ရှိတယ်ဆိုပြီး တရားရုံးမှာ တရားထစွဲပါတော့တယ် ဇာတ်လမ်းပုံစံ ဦးတည်ချက်ကပြောင်းသွားပေမဲ့ ပထမကားလိုပဲ လူ့ဘောင်လောကစံနှုန်းတွေကို မေးခွန်းထုတ်တာတွေ တရားခွင်မှာ အပြိုင်လျှောက်လဲကြတာတွေ စသဖြင့် ပထမကားထက်မလျော့တဲ့ရသတွေ ခံစားရမှပါ ဒါ့အပြင် အရှင်သျှီဝတစ်ဖြစ်လဲ အက်ရှေးကူးမားက ဘယ်အခန်းမှာပေါ်လာပြီး ဘယ်လိုတရားပြမလဲဆိုတာ ကြည့်ရမဲ့အပြင် ဒီတစ်ခါ တရားရင်ဆိုင်ရတဲ့ အမှုပြိုင်ရှေ့နေ့မလေးက ကိုယ်ပါပြသနာရှာပြီး အမှုဖွင့်ချင်ရလောက်အောင် ချောတာမို့ CM ပရိသတ်ကြီးအတွက် လက်မနှေးစေဖို့ အပြေးလေးတင်ဆက်ပေးလိုက်ရပါတယ် CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>Click Here )

8 2023
OMG 2
Nomad
6.8

Nomad (1982) ၁၉၇၉ မှာ ဟောင်ကောင် New Wave စတင်ခဲ့ပြီး ၁၉၈၀မှာတော့ ဒီနယူးဝေ့ရဲ့အရှိန်နဲ့ ဟောင်ကောင်ရုပ်ရှင်လောက တစ်ချိုးတကွေ့ပြောင်းလဲခဲ့တယ်။ အဲဒီအပြောင်းအလဲရဲ့နောက်မှာ ခင်ဗျားတို့ ကျွန်တော်တို့ သိပ်ကြိုက်ပါတယ်ဆိုတဲ့ ဟောင်ကောင်ရုပ်ရှင်တွေအများကြီးထွက်လာခဲ့တယ်။ First New Wave မှာတော့ Ann Hui, Tsui Hark, Patrick Tam, Allen Fong တို့ရဲ့ ရုပ်ရှင်တွေထွက်ရှိခဲ့တယ်။ Ann Hui နဲ့ Tsui Hark ကိုတော့ အားလုံးကောင်းကောင်းသိကြမှာပါ။ Tsui Hark ကတော့ A Chinese Ghost Story ကိုရိုက်ခဲ့တဲ့၊ A Better Tomorrow ကို ပရိုဂျူဆာလုပ်ခဲ့တဲ့ဘဲပါပဲ။ ဟောင်ကောင်ရုပ်ရှင်ရဲ့ Second New Wave ကတော့ 1984 မှာစတင်ခဲ့ပြီး လက်ရှိကာလအထိအကျုံးဝင်နေပါသေးတယ်။ ပထမနယူးဝေ့ကနေ အားယူပြီး ထွက်ပေါ်လာတဲ့ ဒုတိယနယူးဝေ့မှာတော့ ကျွန်တော်တို့သိပ်ခိုက်ရတဲ့ ဒါရိုက်တာတွေပေါ်လာပါတယ်။ Mabel Cheung ရဲ့ The Illegal Immigrant နဲ့ An Autumn’s Tale, John Woo ရဲ့ A Better Tomorrow, Stanley Kwan ရဲ့ Rouge, ဝေါင်ကာဝေးရဲ့ As Tears Go By, Days of Being Wild နဲ့ Chungking Express, Fruit Chan ရဲ့ Made in Hong Kong, နောက် မာတင်စကောဆေးစိကြီးပါ မှီးခဲ့ရ ပြန်ရိုက်ခဲ့ရတဲ့ Infernal Affairs တို့ပါပဲ။ ဝေါင်ကာဝေးရဲ့ As Tears Go By က နောက်ဆုံးအခန်းကို မာတင်ကြီးက Gangs of New York မှာပြန်သုံးခဲ့ပေမဲ့ As Tears Go by ကလည်း မာတင်ကြီးရဲ့ Mean Streets ကို မှီးခဲ့ဖူးတော့ ကျွန်းကိုင်မှီ ကိုင်းကျွန်းမှီပါပဲ။ ဟောင်ကောင် နယူးဝေ့ဟာ မာတင်စကောဆေးစိလို ခေါင်တကော့ခေါင် ဒါရိုက်တာကြီးတွေကိုပါ သက်ရောက်မှုရှိခဲ့ဖူးတယ်။ ဟောင်ကောင်နယူးဝေ့ဟာ နိုင်ငံခြားရုပ်ရှင်တွေကနေ ဖြစ်တည်လာခဲ့သလို နိုင်ငံခြားရုပ်ရှင်တွေဟာလည်း ဟောင်ကောင်နယူးဝေ့ကနေ ပြန်မှီးခဲ့ရဖူးတာပါပဲ။ ဘာလို့ ကားအကြောင်းမပြောဘဲ ဒါတွေပြောနေသလဲဆို ဒီကားက သိပ်မကောင်းလို့ပါပဲ။ သိပ်မကောင်းဆို ဒီကားက ၁၉၇၉မှာစခဲ့တဲ့ ဟောင်ကောင် ပထမနယူးဝေ့ရဲ့ အစောပိုင်း ကားဆယ်ဂဏန်းလောက်ထဲက တစ်ကားပါပဲ။ အရွေ့တစ်ခုရဲ့အစကို ပျိုးခဲ့တဲ့ကားဖြစ်နေတော့ ခေတ်ဟောင်းနဲ့ခေတ်သစ်ရဲ့ အကူးအပြောင်းကာလမှာ လက်ခံခြင်းမခံခြင်းစည်းနှစ်ခုခြားရပ်ခဲ့ရတဲ့ ရုပ်ရှင်တွေထဲက တစ်ကားဆိုတော့ ဟိုမကျ ဒီမကျတော့ ဖြစ်နေပါတယ်။ Nomad ရဲ့ ဒါရိုက်တာ ပက်ထရစ်ထန်းဟာ ဟောင်ကောင်ပထမနယူးဝေ့ရဲ့အစ ၁၉၈၀မှာလည်း The Sword ဆိုတဲ့ကားတစ်ကားထွက်ဖူးတယ်။ ဒီကားက ဟောင်ကောင်ပထမနယူးဝေ့ထဲက သူ့ရဲ့ဒုတိယကားပေါ့။ ပထမကားကတော့ ခေတ်ဟောင်းရဲ့အငွေ့ပိုသင်းပေမဲ့ ဒီကားမှာတော့ ခေတ်သစ်ရဲ့အငွေ့တော့ ပိုသင်းလာခဲ့တယ်။ ဒီလိုပိုသင်းလာတာနဲ့အမျှပဲ အရွေ့ကြားထဲက ဒီကားကပိုဂွမ်းသွားတယ်။ ဒါပေမဲ့ ဒီကားကျေးဇူးနဲ့ နောက်ပိုင်းမှာ မာစတာပိစ်လို့ ကျွန်တော်တို့ ခေါ်ကြတဲ့ ရုပ်ရှင်တွေထွက်လာခဲ့လေတော့ ဒီကားကို ကျွန်တော်တို့ ပစ်ပယ်ထားလို့မရပြန်ဘူး။ ဒီ Nomad ကို ဟောင်ကောင်နယူးဝေ့ကို ကိုယ်စားပြုနေတဲ့ ရုပ်ရှင်တွေထဲကတစ်ကားလို့လည်း ဆိုကြတယ်။ လတ်စလီချောင်အနေနဲ့လည်း ဝေါင်ကာဝေးလက်ထဲမရောက်ခင် Farewell My Concubine တို့ မတိုင်ခင် ၁၀စုနှစ်တစ်ခု အစောပိုင်းက ကားဆိုတော့ လတ်စလီချောင်ရဲ့ သရုပ်ဆောင်စွမ်းရည်လည်း အရောင်မထွက်သေးဘူး။ ဇာတ်ကလည်း ဖွယ်တယ်တယ်နဲ့ စိတ်ပျက်စရာတော့ကောင်းနေတယ်။ ဒါပေမဲ့လည်း ဟောင်ကောင်ပထမနယူးဝေ့ရဲ့ အမှတ်သညာရုပ်ရှင်တစ်ခုအဖြစ် တစ်ခုတ်တရကြည့်ကြတဲ့ ရုပ်ရှင်ဆိုတော့လည်း ဟောင်ကောင်ရုပ်ရှင်တွေကို ချစ်ရင် ကြည့်သင့်ပြန်တာပါပဲ။ ဟောင်ကောင်ရုပ်ရှင်တွေနဲ့ စိမ်းတဲ့သူတွေတော့ ဘယ်လိုမှမကြည့်သင့်ပါဘူး။ အခန့်မသင့်ရင် ဟောင်ကောင်ကားတွေကိုပါ မုန်းသွားနိုင်တယ်။ Nomad (1982) ဟာ ဇာတ်လမ်းတည်ဆောက်မှု မခိုင်မာသလို သရုပ်ဆောင်တွေလည်း မကောင်းလှပေမဲ့ ဒီလိုရဲတင်းတဲ့တင်ပြမှုပုံစံကနေ ဒီလိုဇာတ်လမ်းပုံစံမျိုးကနေမှ ကျွန်တော်တို့ကြိုက်လှပါတယ်ဆိုတဲ့ ရုပ်ရှင်တွေဖြစ်လာတာကိုတော့ အသိအမှတ်ပြုရမှာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 820MB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 36Min Genre – Drama, Romance, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

TV Movie • Romance • Comedy
6.8 1982 96 mins
Nomad
The Boondock Saints II: All Saints Day

ဇာတ်ကားလေးကတော့ The Boondock Saints ဒုတိယမြောက်ကားပဲဖြစ်ပါတယ် ဒီဇာတ်ကားထဲမှာတော့ ကော်နာနဲ့မာဖီတို့ညီအစ်ကိုနှစ်ဦးဟာ အိုင်ယာလန်မှာပဲ ဘဝကိုအေးအေးဆေးဆေးဖြတ်သန်းနေတုန်း ဘော်စတွန်မှာ အပြစ်မရှိတဲ့ဘုန်းတော်ကြီးတစ်ပါးအသတ်ခံရပါတယ် သတ်တဲ့ပုံစံဟာလည်း သူတို့သတ်တဲ့ပုံစံကိုတုပပြီးသတ်ထားတာကြောင့် ပြည်သူလူထုအကြားမှာ ဒီလူသတ်မှုဟာ သူတော်စင်တွေလုပ်တာလို့ထင်တဲ့သူနဲ့ သူတော်စင်တွေလုပ်တာမဟုတ်ဘူးလို့ထင်တဲ့သူနှစ်ခြမ်းကွဲသွားပါတယ် သူတို့နှစ်ယောက်ဟာ ထိုဘုန်းတော်ကြီးကိုသတ်တဲ့လူသတ်မှုကို ပြန်စုံစမ်းပြီးလက်စားချေဖို့ ဘော်စတွန်ကိုပြန်လာပြီး ရှင်းလင်းသုတ်သင်မှုတွေဆက်လုပ်ပါတယ် ကဲတပ်ဖွဲ့မှာလည်း အရင်က အထူးအေးဂျင့်ပေါ်လ်စမက်ကာနေရာမှာ ယူးနစ်ဘလွန်းဆိုတဲ့အမျိုးသမီးအေးဂျင့်ရောက်လာတဲ့အခါ ဘုန်းတော်ကြီးကိုသတ်တဲ့တရားခံအစစ်ကရောဘယ်သူလဲ ဘာကြောင့်သတ်ခဲ့တာလဲဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ် ဒီဇာတ်ကားလေးမကြည့်ခင်မှာ The Boondock Sanints(1999) ကိုအရင်ကြည့်သင့်ပါတယ် File size…(1.7 GB)/(877 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:58:00 Genre…Action, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane

0 2009
The Boondock Saints II: All Saints Day
A Whole Life / Ein Ganzes leben

ယခုအခါတက်ဆက်ပေးလိုက်တာကတော့ ၂၀၂၃ ခုနှစ်ထွက် ဂျာမနီဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်….ဆုတစ်ခုရရှိထားပြီးဇကာတင် ၁၀ ခုရရှိထားပါတယ် ဇာတ်ကားရဲ့နာမည်ကတော့ ဘဝတစ်ခု(A Whole Life) လို့အမည်ရပါတယ်….အမည်အတိုင်းပဲ ဒီဇာတ်ကားဟာ လူတစ်ယောက်ရဲ့ဘဝဇာတ်ကြောင်းကိုရိုက်ပြထားတာပါ…. ဇာတ်လမ်းရဲ့အစကတော့ ၂၀ ရာစုနှစ်လောက်မှာစပါတယ်….အဓိကဇာတ်ကောင်ဖြစ်တဲ့ အန်ဒရီယာစ်အက်ဂါလို့အမည်ရတဲ့ မိဘမဲ့ကလေးလေးဟာ သူရဲ့ဦးလေးဖြစ်သူဆီကိုရောက်ရှိလာခဲပါတယ်….ဦးလေးဖြစ်သူဟာသူ့ကိုမိသားစုဝင်လို့မသတ်မှတ်ပဲ အလုပ်သမားတစ်ယောက်အနေနဲ့သာခိုင်းစေပါတယ်….တခါတလေရိုက်နှက်တာမျိုးလည်းရှိပါတယ်….သူအရွယ်ရောက်လာတဲ့အခါမှာတော့ဦးလေးဖြစ်သူဆီကနေထွက်ခွာသွားပြီး သူ့ခြေထောက်ပေါ်သူရပ်တည်ခဲ့ပါတယ်… ဇာတ်လမ်းဟာ အန်ဒရီယာစ်အက်ဂါရဲ့ဘဝဖြတ်သန်းရပုံ….လောကဓံအနိမ့်အမြင်‌ကြုံတွေ့ရပုံကို ငယ်စဥ်ကနေသေဆုံးတဲ့အထိရိုက်ပြထားပါတယ်….ခံစားကြည့်ကြပါခင်ဗျာ…. File size…(1.8 GB)/(897 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:56:00 Genre… Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM

0 2023
A Whole Life / Ein Ganzes leben
Summer Solstice

လိင်ပြောင်းခွဲစိတ်ထားတဲ့ လီယိုဆိုတဲ့ကောင်လေးနဲ့ သူ့ရဲ့သူငယ်ချင်း အဖြောင့်မလေး အယ်လန်နောတို့ဟာ မတွေ့ဖြစ် မဆုံဖြစ်တာကြာပြီဖြစ်တဲ့အတွက် နွေရာသီအားလပ်ရက်ခရီးစဉ်တစ်ခုကို အတူတူထွက်လာခဲ့ကြပါတော့တယ်။ ဒီခရီးစဉ်တစ်လျှောက်မှာပဲ သူတို့ရဲ့ လျှို့ဝှက်ချက်ဟောင်းတွေ ပေါ်ထွက်လာကြပြီး ရင်ဆိုင်မှုအသစ်တွေ တွေ့ကြုံရကာ သူတို့ရင်ထဲက ခံစားချက်တွေ ပေါ်ထွက်လာကြပြီး ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရှုရမယ့် LGBT ဟာသဒရာမာကားလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ဖြစ်ပါတယ်) File size…(1.5 GB)/(760 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:21:00 Genre… Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sakura

0 2024
Summer Solstice
Revu
7

Revu 2024 “ရီဗူ” ကြီးစိုးရတဲ့အာဏာကို တပ်မက်တဲ့စိတ်ဖြစ်လာတဲ့နေရာတိုင်းမှာ အနည်းနဲ့အများတော့ တိုက်ပွဲဆိုတာ ဖြစ်လာတတ်တာပဲတဲ့ ။ အခုတစ်ခါတင်ဆက်ပေးမယ့် တေလဂူရုပ်ရှင်လေးကတော့ အမှိုက်ကစပြဿာဒ်မီးလောင်ဆိုငလိုပဲ ဘာရယ်မဟုတ်တဲ့ပြဿနာလေးက သွေးချောင်းစီးရတဲ့အဖြစ်ရောက်သွားတဲ့ ပါလာရီဗူဆိုတဲ့ ကမ်းရိုးတန်းရွာငယ်လေးက အဖြစ်ဆိုးတစ်ခုပေါ့။ အန်ဒရာပရာဒတ်ရှ်နားမှာ ဝေးလံခေါင်ဖျားကမ်းရိုးတန်းပေါ်က ရီဗူဆိုတဲ့ရွာငယ်လေးရှိပါသတဲ့။ ပင်လယ်နဲ့နီးတဲ့ရွာဆိုတော့ စိတ်ကြမ်းလူကြမ်း တံငါသည်‌တွေ မုဆိုးတွေများတဲ့ရွာငယ်လေးဖြစ်ပြီး ခိုက်ရန်ဖြစ်ပွားမှုတွေရှိတတ်တာကတော့ အဆန်းမဟုတ်ဘူးပေါ့။ ဘာရယ်မဟုတ်တဲ့ ပြိုင်ဆိုင်မှုတွေနဲ့ ထစ်ခနဲဆို တုတ်ဆွဲဓားဆွဲကြတဲ့ဒီရွာလေးမှာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သွေးချောင်းစီးရတဲ့အထိ ဖြစ်ဖူးပါသတဲ့။ ရန်ပွဲတွေနဲ့ အသားကျနေတဲ့ ရီဗူရွာသားတွေတောင် ပြန်ကြားရင်ထိတ်လန့်ရတဲ့ ဒီအဖြစ်ဆိုးက ဘယ်ကနေစခဲ့တာလဲ။ တစ်ယောက်စကားတစ်ယောက်နားနဲ့ ပျံ့နှံ့နေတဲ့ဒီဖြစ်ရပ်ဆိုးအကြောင်းမှာ ဘယ်ဟာကအမှန်လဲ။ ဘာမဟုတ်တဲ့အကြောင်းကိစ္စတစ်ခုမှာ ဒေါသဆိုတာဖက်တွယ်လာချိန်မှာ ဘယ်လောက်ထိ ပျက်စီးခြင်းတွေသယ်ဆောင်လာမလဲဆိုတာ ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)

7 2024 134 mins
Revu
Stella. A Life. Stella. Ein leben.
6.2

Stella. A Life. (2023) IMDb Rating (6.2) ဒုတိယကမ္ဘာစစ်ကာလ ဂျာမနီမှာ ဂျူးတွေအသတ်မခံရခင်ကနေ စပြီးဇာတ်အိမ်တည်ထားတဲ့ ဒုတိယကမ္ဘာစစ်နောက်ခံရုပ်ရှင်ပါ။ ဒါပေမဲ့ ဒီရုပ်ရှင်မှာတော့ စစ်ကို အရိပ်တောင်မြင်ရမှာမဟုတ်ဘဲ ဂျူးတွေရဲ့ အဖြစ်ဆိုးတွေကိုပဲ အခြေတည်ထားပါတယ်။ ဆိုပေမဲ့လည်း ဂျူးတွေအသတ်ခံရတာက အဓိကပေမဲ့ အဲဒါကိုလည်းမပြထားပါဘူး။ တကယ်တမ်း ဒီရုပ်ရှင်က ဒုတိယကမ္ဘာစစ်ကာလ ဂျူးခြောက်သန်းအသတ်ခံရခြင်းမှာ ဂျူးတွေကို သစ္စာဖောက်ခဲ့တဲ့ ဂျူးတွေကိုယ်တိုင်လည်း တရားခံအဖြစ်ပါနေတာ ကို ပြထားတဲ့ရုပ်ရှင်ပါပဲ။ စတယ်လာဆိုတဲ့ အမျိုးသမီးရဲ့ စစ်ကြီးမတိုင်ခင်ကနေ သစ္စာဖောက်ပုံတွေကနေ ဒီစစ်ကြီးအပြီး သူပြန်ခံခဲ့ရတဲ့ဒဏ်တွေကိုပါ ပြထားတယ်။ ဖြစ်ရပ်မှန်ပေါ် အခြေတည်ထားတဲ့ ဂျူးတွေရဲ့သမိုင်းတစ်ထောင့်ရုပ်ရှင်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(2.4 GB) / (1.2 GB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Drama,History,war Duration….02:01:15 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Science Fiction
6.2 2023 121 mins
Stella. A Life. Stella. Ein leben.
Rosario
4.7

Rosario (2025) IMDb Rating (4.7) / Rotten Tomatoes (69%) ရိုဆာရီယိုဆိုတဲ့ အမျိုးသမီးဟာ ဘဝရဲ့ ရည်မှန်းချက်တွေ ပြည့်စုံပြီး တင့်တင့်တယ်တယ်နေထိုင်နေသူတစ်ဦးပါ။ ဒါပေမဲ့ သူ့ရဲ့ အားနည်းချက်ကတော့ မိဘနှစ်ပါးကွာရှင်းပြီးတဲ့နောက်မှာ အဖေဖြစ်သူနဲ့သာ လိုက်နေခဲ့ပြီး အဘွားနဲ့ ဆုံးသွားပြီဖြစ်တဲ့ မိခင်တို့ကို မျက်ကွယ်ပြုထားမိတဲ့ အပြစ်စိတ်တစ်ခုတော့ ရှိနေပါတယ်။ တစ်နေ့မှာ အဆက်သွယ်ပြတ်နေတာ ကြာပြီဖြစ်တဲ့ အဘွားဆီက ဖုန်းဝင်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း အဘွားရဲ့ နာရေးသတင်းဖြစ်နေပါတယ်။ တစ်‌ယောက်တည်း နေထိုင်တဲ့ အဘွားဖြစ်သူနဲ့ အနီးစပ်ဆုံးအမျိုးက သူဖြစ်နေတာကြောင့် ရိုဆာရီယိုဟာ အဘွားဖြစ်သူရဲ့ အိမ်ကို သွားခဲ့ရပါတယ်။ တိုက်ခန်းကို ရောက်ချိန်မှာ ရိုဆာရီယိုဟာ အဘွားဖြစ်သူရဲ့ ပစ္စည်းတွေကို ရှာရင်းဖွေရင်း အောက်လမ်းနည်းနဲ့ဆိုင်တဲ့ ပစ္စည်းတွေပေါင်းစုံနဲ့ နတ်စင်တစ်ခုကို တွေ့လိုက်ရပါတယ်။ အဲဒီနေရာမှာ ရိုဆာရီယို ငယ်ငယ်က အသုံးပြုခဲ့တဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်း‌တွေနဲ့ သွားတွေပါ ရှိနေတော့ သူအတော်‌လေး ထိတ်လန့်သွားပြီး သူ့ကို ပစ်ထားခဲ့တဲ့အတွက် ရိုဆာရဲ့အဘွားက သူ့ကို ‌ကျိန်စာတိုက်ခဲ့တာဖြစ်ကြောင်း သိလိုက်ရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Act Molemy ဖြစ်ပါတယ်။) File size… (1.1 GB) / (660 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror Duration…. 01:29:48 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Act Molemy

4.7 2025 88 mins
Rosario
Instinct

နာမည်ကြီးသရုပ်ဆောင် Anthony Hopkins ပါဝင်ထားတဲ့ Psychological Thriller အမျိုးအစားရုပ်ရှင် Instinct… နှစ်အနည်းငယ်လောက်ပျောက်ဆုံးသွားပြီး လူတွေနဲ့ဝေးရာ အာဖရိကတောနက်ထဲမှာ ဂေါရီလာမျောက်တွေနဲ့အတူသွားရောက်နေထိုင်ခဲ့တဲ့ မနုဿဗေဒပညာရှင် Ethan Powell လူသတ်မှုတွေနဲ့ တရားစွဲဆိုခံရပြီးနောက် စကားလုံးဝမပြောတော့တဲ့အခါ… စိတ်ရောဂါကုဆရာဝန် Dr. Theo Caulder တစ်ယောက်ကတော့ Powell ရဲ့အမှုကို အကဲဖြတ်ဆန်းစစ်မှုတွေပြုလုပ်ဖို့ အကြောင်းဖန်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံရာကတော့ Harmony Bay အကျဉ်းထောင်ထဲမှာ ဖြစ်လာပါတယ်။ Powell ကရော ဘာကြောင့် လူတွေကိုတိုက်ခိုက်ပြီး သတ်ဖြတ်ခဲ့ရတာလဲ။ အမှုရဲ့နောက်ကွယ်မှာ ဘယ်လိုစိတ်ဝင်စားစရာတွေရှိနေလဲ။ Dr. Theo ကရော Powell ကို ကူညီပေးနိုင်မှာလား။ Harmony Bay က စိတ်ရောဂါလူနာအကျဉ်းသားတွေကို ဘယ်လိုထိန်းချုပ်ထားလဲ။ စိတ်လှုပ်ရှားရတာကိုသဘောကျပြီး စိတ်ပညာနဲ့ပတ်သက်တာကို စိတ်ဝင်စားတဲ့လူတွေအတွက် သဘောကျလောက်စရာ ဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ စဉ်းစားစရာတွေအများကြီးပါဝင်ပြီး ခင်မင်မှုနဲ့ သံယောဇဉ်တွေအကြောင်းကိုလည်း မီးမောင်းထိုးပြထားပါသေးတယ်။ Ethan Powell နေရာမှာ သရုပ်ဆောင်တဲ့ Anthony Hopkins ကတော့ ဆရာကြီးပီပီ ဇာတ်တစ်ခုလုံးကို ခံစားမှုရသအစုံရအောင် ဆွဲခေါ်သွားပါတယ်။ အဆုံးမှာ ဘယ်လိုဖြစ်သွားမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးမှာစီးမျောရင်း ခန့်မှန်းကြည့်လိုက်ဖို့ အကြံပြုချင်ပါတယ်။ File size… (1.8 GB) / (1 GB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre..Drama , Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Theint Waddy Lynn

Horror
0 1999
Instinct