YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Velma.S01E07.1080p.CM.mp4

343.4 MB N/A video/mp4 106 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Sachertorte
7

ဗီယင်နာမြို့က ဆာဟာ ဆိုတဲ့ ကဖေးဆိုင်လေးမှာ နေ့လယ် ၃ နာရီရောက်တိုင်း ချစ်ရသူကို ထိုင်စောင့်နေတတ်တဲ့ ကောင်လေး တစ်ယောက်ရှိပါတယ် ကားလ်နဲ့နီနီဟာ ဘာလင်မှာ ခဏတာ တွေ့ဆုံခဲ့ကြပြီး အကြောင်းကြောင်းတွေကြောင့် ဆက်သွယ်လို့မရ ဖြစ်သွားခဲ့ပါတယ် နီနီက ဗီယင်နာမြို့သူဆိုတာရယ် မွေးနေ့မှာ ဗီယင်နာမြို့က ဆာဟာကဖေးဆိုင်ကို နေ့လယ် ၃ နာရီတိတိမှာ အရောက်လာပြီး ဆာဟာတိုတာ(ဩစတြီးယား ချောကလက်ကိတ်) စားလေ့ရှိတယ်ဆိုတာရယ်ကိုပဲ သိတဲ့ ကားလ်အတွက်ကတော့ နေ့တိုင်း ဆာဟာဆိုင်ကို နေ့လယ် ၃ နာရီအရောက် ချီတက်ရပါတော့တယ် ဒါပေမဲ့လည်း အချစ်ဆိုတာမျိုးက နက်နဲသိမ်မွေ့ပြီး ရှုပ်ထွေးလွန်းတဲ့ အရာဖြစ်လေတော့..... ရိုမန့်တစ်ဆန်လှတဲ့ ဒီအချစ်ဇာတ်လမ်းလေးထဲမှာ အချစ်ရဲ့သိမ်မွေ့မှု နက်နဲမှုတွေကို ခံစားကြည့်ရှုရမှာပါ အညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Drama, Romance Quality…. 1080p | 720p | 480p File size…1.6GB| 852MB | 480MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Roman NoX Encoder ..... August

Horror
7 2022 112 mins
Sachertorte
The Labyrinth
4

ဒီတစ်ခါမှတော့ သည်းထိတ်ရင်ဖို Horror Thriller ရုပ်ရှင်လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအမည်ကတော့ "ဝင်္ကပါ" ဖြစ်ပြီး ဘာဝင်္ကပါလဲဆိုတာတော့ ဇာတ်လမ်းအကျဥ်းမှာဖတ်ကြည့်ရအောင်။ ဇာတ်လမ်းအစမှာ ရထားတစ်စီးဟာ အေးအေးလူလူခုတ်မောင်းနေလေရဲ့။ ရထားပေါ်မှာ လူတန်းစားအမျိုးမျိုး၊ လူအမျိုးမျိုးက လိုက်ပါစီးနင်းနေကြတာပေါ့။ ရှေ့မှာကြုံလာမယ့်အန္တရာယ်ကိုသတိမထားမိစွာဘဲ အေးအေးလူလူ စကားတပြောပြောနဲ့ပေါ့။ တစ်နေရာအရောက်မှာတော့ ဘာဖြစ်မှန်းမသိဘဲ ရထားဟာရပ်တန့်သွားပါတော့တယ်။ ရထားထဲကထွက်ဖို့ကြိုးစားကြရင်း ရုန်းရင်းဆန်ခတ်ဖြစ်နေကြပြီးနောက်မှာတော့ ရထားလမ်းမြေပြိုနေတာဖြစ်ကြောင်းသိလိုက်ရပါတယ်။ ဘေးလွတ်ရာမှာဆင်းနေကြပေမယ့် ကင်းခြေများအကောင်ရေ ထောင်ချီဝိုင်းလာတဲ့အခါမှာတော့ ရထားပေါ်ပြန်တက်နေရုံကလွဲရွေးချယ်စရာမရှိခဲ့ပါဘူး။ ရထားဟာ ဝန်မမျှဖြစ်ပြီး မြေပြိုနေတဲ့တွင်းနက်ကြီးထဲကို ထိုးကျသွားပါလေရော။ အဲ့ဒီတွင်းထဲမှာလည်း ကင်းခြေများအကောင်ရေအမြောက်အများရှိနေတဲ့အခါ ခြေဦးတည့်ရာကိုပြေးရပါတော့တယ်။ ဘယ်နေရာကိုရောက်မှန်းမသိရောက်ကုန်ရင်း ကယ်ဆယ်ရေးအဖွဲဲ့တွေကရော သူတိူ့ကိုရှာတွေ့ပြီး ကယ်တင်နိုင်ပါ့မလား။ သူတို့အနေနဲ့ရော ကင်းခြေများဝင်္ကပါကနေလွတ်အောင်ပြေးနိုင်ပါ့မလား။ ဘေးအန္တရာယ်ကြုံတဲ့အခါတွေ့ရမယ့်လူ့ သဘောသဘာဝ ကို မြင်တွေ့ရမယ့်အ​ပြင် ကင်းခြေများနဲ့လူတွေရဲ့အားပြိုင်ပွဲကို စိတ်လှုပ်ရှားစွာကြည့်ရှူရမှာပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Adventure Runtime : 1h 9min Subtitle : Myanmar Subtitle ( Hardsub ) Translated By CM Team Encoded by LK

Action • Adventure • Science Fiction
4 2022
The Labyrinth
No Retreat, No Surrender
6.2

ဒီကားက Old School ကရာတေးကားလေးပါ နာမည်ကြီးမင်းသားကြီးJean-Claude Van Damme လဲပါဝင်ပါတယ် ဇာတ်လမ်းကတော့ ဇာတ်လိုက်က Jason Stillwell လို့ခေါ်တဲ့ Bruce Lee ရူးရူးနေတဲ့ကောင်လေးပါ. Jason တို့ သားအဖနှစ်ယောက်ဟာ LA မှာကရာတေးသင်တန်းဖွင့်ထားရာ တစ်နေ့လူဆိုးအဖွဲ့အစည်းက သူတို့ရဲ့သင်တန်းကိုလာသိမ်းတော့ Seattle ဘက်ကိုရှောင်နေပါတယ် Jason က Seattle မှာ ကရာတေးသင်တန်းကျောင်းတစ်ခုကိုဝင်Joinရမှာ သင်တန်းBully တစ်ချို့နဲ့တွေ့ရတာ အပြင်းအထန်ကြိုးစားပြီးပိုသန်မာလာပါတယ် ထို့နောက် LA မှာသူတို့သင်တန်းကျောင်းကိုသိမ်းသွားတဲ့လူဆိုးဂိုဏ်းနဲ့ဘယ်လိုရင်ဆိုင်မလဲဆိုတာ ကြည့်ရှုခံစားရမှာပါ 1984 က karate kid လိုမျိုး old school martial art ကားလေးတွေကြိုက်ရင်ဒီကားကိုလဲသဘောကျမှာပါ Fight Choreography တွေလဲတော်တော်ကောင်းပါတယ် ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Son Gohan ပါ ) File Size__(1.9GB) / (1.5GB) Quality__Bluray_1080p, 720p IMDb Rating__5.6/10 Format__mp4 Duration__01:39:00 Type__Action, Comedy, Crime Subtitle__Myanmar Subtitle (Hardsub) Translated by Son Gohan Encoded by Naing Aung Latt

Crime • Mystery • Thriller
6.2 1986 85 mins
No Retreat, No Surrender
[18+]Expensive Candy
4

ရီနာတို ခေါ် တိုတိုဟာ သမိုင်းဆရာတစ်ယောက်ဖြစ်ပြီး အသက်သုံးဆယ်ကျော်တဲ့အထိ အချစ်အကြောင်းသိဖို့‌နေနေသာသာ လူပျိုရည်တောင်မပျက်သေးတဲ့ ရိုးရိုးအေးအေးသမားလေးပါ။ အရွယ်ရောက်ပြီး အမြီးမပေါက်နိုင်တဲ့သားဖြစ်သူအတွက် စိတ်ပူနေတဲ့မိခင်ဖြစ်သူက တစ်နေ့တော့ မုန့်ဖိုးပေးပြီး ကောင်မလေးတစ်ယောက်နဲ့မုန့်ထွက်စားခိုင်းပါတယ်။ ကျောင်းမှာကျောင်းသားတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေက စနောက်ကြသလို မိခင်ကပါ ဒီကိစ္စမှာပါလာတော့ စိတ်လေနေတဲ့ တိုတိုဟာ ခြေဦးတည့်ရာလျှောက်သွားရင်း သူ့အမေပေးတဲ့မုန့်ဖိုးနဲ့ ဝယ်စားဖြစ်ခဲ့ပါတယ်။ မုန့်တော့မဟုတ်ပါဘူး။ ကန်ဒီဆိုတဲ့ ဈေးကြီးကြီး ဇိမ်မယ်လေးတစ်ယောက်ကိုပါ။ တစ်ခါမှ မိန်းမအတွေ့အကြုံမရှိဖူးတဲ့အပြင် သူ့ရဲ့ပထမဆုံးအတွေ့အကြုံကလဲ အရမ်းလှ အရမ်းတောင့်ပြီး ဒီကိစ္စမှာ အရမ်းကျွမ်းကျင်တဲ့ပညာသည်တစ်ယောက်ဖြစ်နေတဲ့အလျောက် တိုတိုတစ်ယောက် အရူးအမဲသားကျွေးမိသလိုဖြစ်တော့တာပါပဲ။ ဒီလိုနဲ့ တစ်လလုံးလုပ်မှ ၇၀၀၀ ကျော်ရတဲ့ကျောင်းဆရာလေးဟာ တစ်ရှော့ကို ခုနှစ်ရာတန်တဲ့ကန်ဒီကို အခွင့်အရေးရရင်ရသလိုတွေ့ဖို့ နည်းမျိုးစုံနဲ့ကြိုးစားပါတော့တယ်။ တစ်သက်လုံး မက်စရာလို့မထင်ခဲ့ရတဲ့ငွေကို သူဟာ နည်းလမ်းပေါင်းစုံနဲ့ရှာပါတယ်။ သူ့ရဲ့ အန္တိမရည်မှန်းချက်က ကန်ဒီကိုတွေ့ရဖို့ပါပဲ။ ဒါပေမယ့်လည်း ကန်ဒီဟာ ဘဝနာခဲ့တဲ့အလျောက် ရည်မှန်းချက်ကြီးတဲ့သူ၊ ဆင်းရဲတွင်းကလွတ်ဖို့ ဘာမဆိုလုပ်ဖို့ အသင့်ရှိတဲ့သူတစ်ယောက်ဖြစ်နေတဲ့အတွက် တိုတိုရဲ့အပိုင်လိုချင်တဲ့ဆန္ဒလေး ပြည့်ဝလာမလား၊ သူကြိုးစားသမျှတွေအရာထင်လာမလားဆိုတာတွေကို ဇာတ်ကားထဲမှာဆက်ပြီးအဖြေရှာကြစေချင်ပါတယ်။ အဲဒီအဖြေကိုရသွားတဲ့အချိန်မှာ မေးခွန်းများစွာနဲ့တွေးစရာတွေကျန်ခဲ့မှာ အသေအချာပါပဲ။ ထွေလာစထွက်တဲ့ ပထမ ၂၄ နာရီအတွင်းမှာပဲ ကြည့်ရှုသူ ၁.၈ မီလျံရရှိခဲ့သလို ရုံတင်တင်ချင်းမှာလည်း နံပါတ်တစ်ဖြစ်သွားခဲ့ပြီး ဝေဖန်သူတွေဆီကလည်း ချီးကျူးမှုအများစုရရှိခဲ့တဲ့ဇာတ်ကားတစ်ကားပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 840MB Quality - 1080p, 720p IMDb Rating - 7.2/10 Format - mp4 Duration - 1H 44Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Drama • Thriller
4 2022 104 mins
[18+]Expensive Candy
Klondike
7

Klondike (2022) ============= IMDb Rating – 7.0/10 Rotten Tomatoes ? ~ 96 % 39 Wins & 18 Nominations Rating တွေလည်းကောင်းသလို ဆုတွေလည်း တနင့်တပိုး ရထားတဲ့ ယူကရိန်း ဇာတ်ကားပါ။ ၂၀၁၄ ခုနှစ် ဇူလိုင်လ (၁၄) ရက်နေ့မှာ အမ်စတာဒမ်ကနေ မလေးရှားနိုင်ငံ ကွာလာလမ်ပူကို ပျံသန်းလာတဲ့ ခရီးသည်တင် လေယာဉ် MH 17 ဟာ ယူကရိန်းနိုင်ငံ အရှေ့ပိုင်း၊ ယူကရိန်း- ရုရှားနယ်စပ်ဒေသမှာ ပျက်ကျခဲ့ပါတယ်။ ခရီးသည်​ (၂၈၃) ယောက်နဲ့ လေယာဉ်ဝန်ထမ်း (၁၅) ယောက်လုံးသေဆုံးခဲ့တဲ့ အဆိုပါဖြစ်ရပ်ဟာ ရုရှားတွေ အားပေးအားမြှောက်ပြုထားတဲ့ ယူကရိန်းခွဲထွက်ရေးသမားတွေရဲ့ လက်ချက်လို့ အတည်ပြုနိုင် ခဲ့ပါတယ်။ ဒီဇာတ်လမ်းက အဲဒီအချိန်ကာလ အဲဒီဒေသမှာ ခွဲထွက်ရေး သမားတွေရဲ့ဒဏ်ကို အလူးအလဲခံခဲ့ရတဲ့ မိသားစုတစ်စုအကြောင်း ရိုက်ကူးထားတာပါ။ တိုလစ်နဲ့ အီရီခါတို့ ဇနီးမောင်နှံဟာ ယူကရိန်း-ရုရှားနယ်စပ်က ဒွန်နတ်စ်ရွာမှာ နေထိုင်ကြသူတွေပါ။ အီရီခါက ကိုယ်ဝန်အရင့် အမာကြီးနဲ့ဖြစ်ပြီးတော့ အိမ်ကနေ ဘယ်ကိုမှ မသွားဆိုပြီး ခေါင်း မာနေတာကြောင့် သူတို့မိသားစု ရွာမှာပဲ ဆက်နေကြရင်း ခွဲထွက် ရေးသမားတွေရဲ့ရက်စက်မှုတွေ၊ အနိုင်ကျင့်ဗိုလ်ကျမှုတွေနဲ့ ရင် ဆိုင်ကြရပုံကို ရင်တနင့်နင့်နဲ့ ရှုစားကြရမှာပါ။ စစ်ပွဲရဲ့အနိဌာရုံတွေ၊ ခွဲထွက်ရေးသမားတွေရဲ့ လူမဆန်မှုတွေကို ပီပီပြင်ပြင်ကြီး ရိုက်ပြထားတာကြောင့် ရုပ်ရှင်ကားတစ်ကားကို ကြည့်နေရတာနဲ့မတူဘဲ ဖြစ်ရပ်မှန်တစ်ခုကို ထိုင်ကြည့်နေရသ လိုမျိုး ခံစားကြရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Roman Nox ဖြစ်ပါတယ်) File Size……….(1.3 GB) / (430 MB) / (300 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 40Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, War Translator…….Roman Nox Encoder……….SWM

7 2022 100 mins
Klondike
The PA and the Manhattan Prince
5.5

The PA and the Manhattan Prince (2023) ============================== လူစီ ဝုဒ်ဆိုတာကတော့ နယူးယော့ခ်မြို့ကြီးမှာ သွက်သွက်လက်လက်နဲ့ ဘယ်ပြဿနာမဆို အဆင်သင့် ဖြေရှင်းပေးနိုင်တဲ့အပြင် ကိုယ့်အကျိုးထက် တပါးသူရဲ့ အကျိုးကိုပဲ ရှေ့တန်းတင်တတ်တဲ့ ကိုယ်ရေးလက်ထောက်(PA) ကောင်မလေး တစ်ယောက်ပါ။ တစ်နေ့မှာတော့ တော်၀င်မင်းသား တစ် ယောက် ဖြစ်တဲ့ ရူးပတ်ရဲ့ ကြင်ယာတော် ရွေးချယ်ဖို့အတွက် မျက်နှာဖုံး၀တ် ကပွဲတစ်ခုကို စီစဉ်ပေးဖို့ ဖြစ်လာခဲ့ပါတော့တယ်။ လူစီတစ်ယောက် ဒီပွဲကို အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ ဖြစ်မြောက်သွား အောင် စီစဉ်ပေးနိုင်ပါ့မလား။ ဆွဲဆောင်မှုရှိသလောက် PAတိုင်းကို အမြဲတမ်း တစ်ပတ်ရိုက် သူ့ကို အမြဲ စမ်းသပ်ဖို့ပဲ စဉ်းစားနေတဲ့ မင်းသား ရူးပတ်တို့အ ကြားမှာရော ဘယ်လိုမျိုး‌တွေဆက်ဖြစ်လာမလဲ။ ခေတ်သစ် စင်ဒရဲလား ဇာတ် လမ်းလေးတစ်ခုလိုမျိုး သူတို့နှစ်‌ယောက်ရဲ့ ဇာတ်လမ်းလေးကရော ပြီးဆုံးသွား နိုင်ပါ့မလားဆိုတာကို CM ပရိတ်သတ်ကြီးကကြည့်ရှုခံစားပေးကြပါဦးခင်ဗျ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Brackman ဖြစ်ပါတယ်) File Size……….(1.71 GB) / (583 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 28Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Romance Translator…….Brackman Encoder……….SWM

Thriller • Mystery • Crime • Drama
5.5 2023 90 mins
The PA and the Manhattan Prince
Once Within a Time

လောကကြီးမှာ လုပ်ခဲ့ရတာတွေ မလုပ်ခဲ့ရတာတွေကို “ဖြစ်ခဲ့ရင်” “မဖြစ်ခဲ့ရင်”ဆိုတဲ့ အတွေးတွေ လူတိုင်းမှာအနဲနဲ့အများတော့ ရှိတတ်ကြစမြဲပါပဲ…… အာဒံ နဲ့ ဧဝ သာ ပန်းသီးကို မစားခဲ့ရင် ပထမကမ္ဘာစစ် ဒုတိယကမ္ဘာစစ်ကြီးသာ မဖြစ်ခဲ့ရင် ဂျပန်ကို အမေရိကန်ကသာ အနုမြူဗုံးမကျဲချခဲ့ရင် ဂျူးတွေကို ဟစ်တလာက အစုလိုက်အပြုံလိုက်သာမသတ်ခဲ့ရင်ဆိုတာကနေစပြီး……သူနဲ့ အစကတည်းကသာတွေ့ခွင့်ရခဲ့ရင် သူ့ကိုသာ မယူခဲ့ရင် သူသာငါ့ကိုမထားသွားခဲ့ရင် ဆိုတဲ့အထိ အနဲနဲ့အများတော့ရှိတတ်ကြစမြဲပါပဲ…….. ဒီရုပ်ရှင်လေးကတော့ ကမ္ဘာကြီးတစ်ခုရဲ့ အစကရယ် နောင်တရစရာ အမှတ်တရတွေနဲ့ ပျက်သုဉ်းသွားတဲ့ အဆုံးရယ် နောက်ထပ်အစပြုလာမဲ့ ကမ္ဘာကြီးရယ်ကို သရုပ်ဖော်ရိုက်ပြထားတာပါပဲ…… ဇာတ်လမ်းအတွင်းမှာလည်း လက်ရှိ ကျွန်တော်တို့ကြုံတွေနေရတဲ့ အခက်အခဲတွေ ပြဿနာတွေကို မီးမောင်းထိုးပြထားပြီး ရိုးသားအပြစ်ကင်းစင်တဲ့ကလေးငယ်လေးတွေရဲ့ မျှော်လင့်ချက်ကို ပေါ်လွင်အောင် ရိုက်ပြထားတဲ့ကားမို့…… စကားမပြောပေမဲ့ စိတ်ထဲစွဲနေစေမဲ့ မက်ဆေ့ချ်လေးတော့ကျန်ခဲ့မှာပါလို့ပဲ ညွှန်းဆိုလိုက်ပါရစေ……. File size…(2.6 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….00:54:00 Genre…Fantasy, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ninja

0 2023
Once Within a Time
American Heist
5.5

ဒီဇာတ်လမ်းလေးကတော့ ဘဏ်ဓါးပြတိုက်ကြတဲ့ ညီအစ်ကိုနှစ်ယောက်အကြောင်းဇာတ်လမ်းလေးပါ…။ သရုပ်ဆောင်ထားတဲ့ မင်းသားတွေကတော့ အထူး မိတ်ဆက်ပေးစရာမလိုတဲ့ မင်းသားတွေပါပဲ Jumber မင်းသား၊ Star Warsထဲကအန်နာကင်စကိုင်းဝေါ့ကာအဖြစ် သရုပ်ဆောင်တဲ့ Hayden Christensen လူဆိုးဇာတ်ရုပ်ဆို ပီပြင်တဲ့ မင်းသားAdrien Brody… နောက်ပြီး F&Fထဲက မင်းသမီးချော Jordana Brewsterကိုလည်း မြင်တွေ့ရဦးမှာပါ…။ ဇာတ်လမ်းအကျဥ်းကိုပြောပြရရင်… ဂျိမ်းမှာ ဒုစရိုက်မှုဆိုရင် အမြဲပျော်မွေ့တတ်တဲ့ ဖရန်ကီဆိုတဲ့ အစ်ကိုတစ်ယောက်ရှိပါတယ်…။ လူငယ်ဘဝမှာ ရဲတစ်ယောက်ကို သေနတ်နဲ့ပစ်သတ်ခဲ့တာကြောင့် ထောင် ၁၀နှစ်ကျခဲ့တဲ့ဖရန်ကီဟာ ထောင်ကထွက်လာပြန် တော့လည်း မမှတ်သေးဘဲ သူခိုးဂျပိုးတွေနဲ့ထပ်ပေါင်းပြန်တယ်….။ ဒီလိုလူပေါင်းမှားတတ်တဲ့ ဖရန်ကီဟာ ဘယ်လောက်ပဲဆိုးသွမ်း အသုံးမကျနေပါစေ… ညီဖြစ်သူ ဂျိမ်းကိုတော့ အတော်ဂရုစိုက် တတ်သူပါ…။ ဒီတစ်ခါလည်း ဖရန်ကီဘဏ်ဖောက်ဖို့ကြံပြန်ပါပြီ…။ ဂျိမ်းက နောက်ကနေလိုက်ထိန်းရပြန်ပြီပေါ့…။ သူတို့ရဲ့ အစီအစဥ်ကြီးက တကယ်ပဲအလုပ်ဖြစ်ပါ့မလား…။ ဂျိမ်းကရော အစ်ကိုဖြစ်သူရဲ့ ဘဏ်ဖောက်မယ့်အကြံထဲ ဘယ်လိုပါသွားမလဲ…ဘဏ်ဖောက်မှုအောင်မြင်ပါ့မလားစတဲ့ Crime Actionတွေအပြင် ညီအစ်ကိုကြား ကြီးမားလွန်းလှတဲ့ မေတ္တာတရားကိုပါ ခံစားရမယ့် Drama ကားလေးဖြစ်ပါတယ်…။ File size…1.64GB / 764MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 34m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Action • Adventure • Crime • Drama • Thriller
5.5 2014
American Heist
The Shamrock Spitfire

ဒုတိယကမ္ဘာစစ်အတွင်းက ဗြိတိသျှတော်ဝင်လေတပ်မှာ အသက် ၂၁ နှစ်နဲ့ အသက်အငယ်ဆုံး ဒုတိယဗိုလ်မှူးကြီးအဖြစ် သမိုင်းဝင်ခဲ့တဲ့ တိုက်လေယာဉ်မှူး အိုင်ယာလန်နိုင်ငံသားလေး ဘရက်ဒန်ရဲ့ဖြစ်ရပ်မှန်ကို ရိုက်ကူးတင်ဆက်ထားတဲ့ ဒီဇာတ်ကားက ဆုပေါင်း ၅၂ ဆုနဲ့ nomination ၇ ဆုဝင်ထားတာပါ။ ဇာတ်လမ်းနာမည်က Shamrock ဆိုတာက အိုင်ယာလန်နိုင်ငံသားတွေရဲ့ သင်္ကေတ အရွက်၃ရွက်ပါ ရှန်မ်ရော့ခ်သစ်ရွက်လေးကို ညွှန်းဆိုတာဖြစ်ပြီး Spitfire ဆိုတာကတော့ ဒုတိယကမ္ဘာစစ်အတွင်း နာမည်ကျော်ခဲ့တဲ့ ဗြိတိန်တိုက်လေယာဉ်ဖြစ်ပါတယ်။ လေယာဉ်ရဲ့ အင်ဂျင်က မြင်းကောင်ရေအား ၁၀၄၀ အားရှိပြီး Rolls Royce မာလင်အင်ဂျင်ဖြစ်ကာ တစ်နာရီကို အမြင့်ဆုံး ၃၇၄ မိုင်နဲ့ ပေ ၃၇၀၀၀ လောက်အထိကို ပျံသန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဖေက အိုင်ယာလန်ဖြစ်ပြီး အမေ အင်္ဂလိပ်လူမျိုးက မွေးဖွားလာတဲ့ ဘရက်ဒန် ဖီနူကန်လေးက ငယ်စဉ်ကတည်းက ပျံသန်းလိုစိတ်ပြင်းပြသူလေးပါ။ အသက်အရွယ်ရောက်လာတော့ တော်ဝင်လေတပ်ရဲ့ လူသစ်ခေါ်စာကိုတွေ့ပြီး အိပ်မက်တွေကိုအကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့ရာမှာ အခက်အခဲအတားဆီးတွေကြားက တပ်စုခေါင်းဆောင်၊ တပ်စုခေါင်းဆောင်ကနေ ဒုတိယဗိုလ်မှူးကြီးအဆင့်အထိ ရောက်ရှိအောင် ဘယ်လိုတက်လှမ်းခဲ့ရသလဲ၊ ဘယ်လိုအခက်အခဲ အတားအဆီးတွေဖြတ်ကျော်ခဲ့ရလဲဆိုတဲ့ အိုင်ယာလန်နိုင်ငံသား Spitfire လေယာဉ်မှူးလေးရဲ့ ဘဝ အနိမ့်အမြင့် အတက်အကျတွေကို ရှုစားကြည့်လိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ။) File size…(1.1 GB)/(547 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre…War , Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

0 2024
The Shamrock Spitfire
Willow Creek

1999 နာမည်ကျော် The Blair Witch Project တို့လိုပုံစံ found footage horror ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒါပေမယ့် ဒီဇာတ်ကားမှာအခြေခံတာကတော့ တစ္ဆေသရဲတွေ စုန်းတွေမဟုတ်ပဲ နှင်းလူဖြစ်ပါတယ်။ နှင်းလူကိုမှ သူ့ကိုတွေ့ရများတယ်ဆိုတဲ့ဒေသတွေ၊ ဒေသခံတွေရဲ့အတွေ့အကြုံတွေ၊ နှင်းလူကျွမ်းကျင်သူတွေကိုပါ ထည့်သွင်းဖန်တီးထားတာဖြစ်ပါတယ်။Blair Witch Project လိုပဲလူနည်းနည်းစရိတ်ကျဉ်းကျဉ်းနဲ့ဖန်တီးထားတာဖြစ်ပေမယ့် ပရိသတ်တွေ ဝေဖန်ရေးဆရာတွေရဲ့အားပေးမှုတွေကြောင့်ပေါက်ခဲ့တဲ့ဇာတ်ကားတစ်ကားပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ နှင်းလူအကြောင်း မှတ်တမ်းတင်ရုပ်ရှင်ရိုက်ချင်တဲ့စုံတွဲတစ်တွဲ နှင်းလူရှိတယ်ဆိုတဲ့တောနက်ကြီးထဲကိုဝင်ရောက်ကြရာကနေ အန္တရာယ်နဲ့ရင်ဆိုင်ရပုံအကြောင်းဖြစ်ပါတယ်။ဒီလိုဇာတ်ကားတွေကြိုက်ရင်ကြည့်ထားသင့်တဲ့ကားပါပဲ။ File size…(1.1 GB) Quality….720p Format…mp4 Duration….01:49:00 Genre… Adventure, Horror, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias

0 2013
Willow Creek
The Canterville Ghost
6.1

ကန်တာဗေးလ်ချေ့စ်ဆိုတဲ့ အင်္ဂလန်က အိမ်တော်ဟောင်းကြီးမှာ နှစ်ပေါင်း ၃၀၀ ကျော်ကြာတဲ့အထိ မကျွတ်မလွတ်နိုင်ဘဲ လာနေသမျှလူတိုင်းကို ခြောက်လှန့်နေတဲ့ ယခင်အိမ်ပိုင်ရှင်ရဲ့ ဝိညာဉ် ဆရာဆိုင်မွန် ဆိုတဲ့ သရဲတစ်ကောင်ရှိပါတယ်… နှစ်တွေတော်တော်ကြာသည့်တိုင်အောင် သူ့အစွမ်းအစနဲ့ ခြောက်လှန့်လို့ရနေပြီး ခေတ်အဆက်ဆက်က အိမ်ပိုင်ရှင်တွေ အကုန် အိမ်ပြောင်းပြေးရင်ပြေး မပြေးရင် ရူးသွားကြတဲ့အထိ ရာဇဝင်ရှိခဲ့ပါတယ်… ဒါပေမဲ့ တစ်နေ့ အိမ်ကြီးကိုဝယ်ယူပြီး ပြောင်းရွှေ့လာတဲ့ အမေရိကန်မိသားစုတစ်စုကို ခြောက်လှန့်ဖို့ကြိုးစားတဲ့ အခါမှာတော့ ဘယ်လိုမှအလုပ်မဖြစ်ဘဲ သရဲကိုမကြောက် ကြတဲ့အပြင် သရဲကပါ ပြန်ကြောက်နေရလို့ ဘယ်လိုခြောက်ရင် ကြောက်မလဲဆိုတာ သရဲခေါင်းခြောက်ရတဲ့ အထိပါပဲ… အမေရိကန်မိသားစုက ဘာကြောင့်ဒီသရဲကို မကြောက်ကြတာလဲ… ဒီသရဲကရော ဘာလို့ နှစ်ပေါင်း ၃၀၀ ကျော်ကြာတဲ့အထိ ဒီအိမ်ကြီးမှာ စွဲကပ်ပြီး လာနေသမျှသူတိုင်းကို ခြောက်လှန့် မောင်းထုတ်နေရတာလဲ… နောက်ဆုံးမှာ အမေရိကန်မိသားစုကပဲ အိမ်ပြောင်းပြေးရမလား… သရဲကပဲ လက်မှိုင်ချသွားရမလားဆိုတာကို ဇာတ်ကားလေးဆုံးတဲ့ အထိ ကြည့်ပြီး အဖြေရှာကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်…. File size…1.95GB / 895MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 29m Genre ….. Animation , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chothet_mlmt

Drama • Thriller
6.1 2023
The Canterville Ghost
The New Guy

Imdb rating – 5.8/10 ဒီကားလေးကတော့ အမေရိကန် ကျောင်းသားဟာသကားလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဒစ်ဇ်က အထက်တန်းကျောင်းသားတစ်ဦးဖြစ်ပြီး အတန်းထဲမှာ အနိုင်ကျင့်ခံအရှုံးသမားတစ်ယောက်ပါ။ ဒါပေမဲ့ စီနီယာနှစ်မှာတော့ အဲဒါကိုပြောင်းလဲဖို့အတွက်ကြိုးစားရင်း မတော်တဆမှုဖြစ်ပြီး လူရယ်စရာဖြစ်သွားပါတယ်။ စိတ်ညစ်ညစ်နဲ့ ချာ့ခ်ျဂီတအဖွဲ့ထဲ၀င်ကြွယ်လိုက်တာ တစ်ညဂျေးအောင်းလိုက်ရပြီး လူသာဆိုတဲ့ဘဲကြီးဆီအရှုံးသမားကနေ လူကြမ်းကြီးဖြစ်ဖို့ နည်းစနာယူပညာသင်ပါတော့တယ်။ ကျောင်းလည်းပြောင်းလိုက်ပြီးတော့ နာမည်ပါပြောင်း သင်လာသမျှပညာတွေထုတ်သုံးပြီး ဒစ်ဇ်တစ်ယောက် သူဖြစ်ချင်သလို လူကြမ်းကြီးဖြစ်အောင် ကြိုးစားတဲ့အကြောင်း ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်မှာပါ။ plotက အကောင်းကြီးမဟုတ်ပေမဲ့ ခွီပဲခွီချင်တယ်ဆိုတဲ့ ကြည့်ရှုသူတွေအတွက် ရွေးချယ်ဖို့အဆင်ပြေတဲ့ကားလေးဖြစ်တာကြောင့် တင်ဆက်ပေးလိုက်ပါတယ်။ File size…(2.2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Soe Thiri Nwe

0 2002
The New Guy
Cold Eyes

Cold Eyes (2013) **************** ဇာတ်ကားအစကနေအဆုံးအထိဇာတ်ရှိန်ကောင်းကောင်းနဲ့ခေါ်သွားမယ့်ကားကိုကြည့်ချင်ပါသလား… ဒီကားကိုကြည့်လိုက်ပါ လုံးဝအာမခံပါတယ်။ IMDB rating 7.1ရထားတဲ့ကားလေးပါ။ အဓိကပါဝင်ထားသူတွေကတော့ ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးသရုပ်ဆောင် woo sung jung… မင်းသမီးချောလေးကတော့ Hyo Joo Han နဲ့ ဝါရင့်သရုပ်ဆောင် Kyung gu Sol တို့ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ————– ဇာတ်လမ်းအစမှာ ဘဏ်ကိုဓားပြတိုက်တဲ့အခန်းက တဖြည်းဖြည်းဇာတ်ရှိန်မြှင့်အောင်ခေါ်သွားမှာပါ… ဘဏ်ကိုဓားပြတိုက်ထဲမှာပါတဲ့သူတစ်ယောက်ကို ကင်မရာကတွေ့လိုက်ပြီး မှုခင်းစုံစမ်းစစ်ဆေးရေးက.. ခေါင်းဆောင်ဝမ်နဲ့ သူ့လူတွေကမြို့ထဲမှာရက်တော်တော်ကြာအောင်လိုက်ရှာပြီး တရားခံတွေ့သွားတယ်။ တွေ့သွားတော့တရားခံရဲ့တိုက်ခန်းမှာ ကင်မရာတွေတပ်၊ စောင့်ကြည့်ပြီးတရားခံအားလုံးရဲ့ခေါင်းဆောင်ကို.. အမိဖမ်းဖို့လိုက်စုံးစမ်းပါတော့တယ်။ ခေါင်းဆောင်ဝမ်တို့က ထောက်လှမ်းရေးသာလုပ်ရတဲ့အတွက်… ရန်သူခေါင်းဆောင်ကိုတွေ့ပေမယ်ဖမ်းလို့မရဘူးပေါ့။ ရန်သူဘက်ကလည်းတိကျစေ့စပ်လှပါတယ်။ တစ်ဖက်က ဦးဆောင်သူက နောက်ဆုံးအလုပ်ကိုလက်ခံပြီး..ကိုရီးယားကနေထွက်ပြေးတော့မဲ့အချိန်.. ကံမကောင်းအကြောင်းမလှဘဲ သူ့အလုပ်ပေါက်ကြားပြီးနောက်ဆုံးမှာဖမ်းမိသွားပါတော့တယ်။ ရန်သူဘက်ကဗျူဟာတွေနဲ့ ရဲဘက်ထောက်လှမ်းရေးဗျူဟာတွေကို ကြည့်ရှုခံရမယ့်ကားကောင်းလေးမို့… အက်ရှင်ကြိုက် ပရိသတ်တွေအတွက် ဒီဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုတင်မျိုးလွင်ပါ) File siz : 2.11GB / 950MB Quality : 1080p / 720p Genre : Action, Crime, Thriller Duration : 2hr Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded By Heather Oo

0 2013 119 mins
Cold Eyes
Yuddhakaanda Chapter 2
7.2

Yuddhakaanda Chapter 2 (2025)”ပါလတိုက်ပွဲ” ===================================== ရှေ့နေကားတွေ ထွက်လေ့မရှိတဲ့ ကန်နာဒါရုပ်ရှင်လောက၊ ဆန်ဒယ်ဝုဒ်ကနေ အသစ်ထွက်လာတဲ့ ပထမဆုံးလို့ပြောလို့ရမယ့် တရားရေးဒရာမာရုပ်ရှင်တစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ရုပ်ရှင်နာမည်မှာ Chapter 2 လို့ပါပေမဲ့ ဒီရုပ်ရှင်ဟာ နောက်ဆက်တွဲဇာတ်လမ်းတစ်ခုမဟုတ်ဘဲ အော်ရီဂျင်နယ်ရုပ်ရှင်ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အိန္ဒိယ ရှေ့နေကားတွေဟာ သမ္ဘာရင့်နေတဲ့ ဇာတ်လိုက်ရှေ့နေကြီးတွေ တရားရုံးမှာ ဆရာကျကျ အမှုဆိုင်တာတွေကို ပြတတ်ကြပေမဲ့ ဒီရုပ်ရှင်ကတော့ ဘွဲ့ရခါစရှေ့နေပေါက်စတစ်ယောက်ကို အဓိကဇာတ်ကောင်နေရာထား ရိုက်ကူးထားတာပါ။ ဇာတ်လမ်းကတော့ ငယ်ငယ်ကတည်းက မိဘမဲ့ဘဝနဲ့ စားသောက်ဆိုင်မှာအလုပ်လုပ်ခဲ့ရပြီး ခက်ခက်ခဲရှေ့နေဖြစ်လာခဲ့တဲ့ ဘာရတ်။ အရည်အချင်းရှိပေမဲ့ အတွေ့အကြုံမရှိလို့ ဘယ်ရှေ့နေအဖွဲ့ကမှ လက်မခံတဲ့အတွက် ဘာရတ်တစ်ယောက် ရှေ့နေတွေကို ခေါင်းပုံဖြတ်တတ်တဲ့ အသေးစားဥပဒေကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်ပြီး နေရာရဖို့ကြိုးစားရင်း သူ လေးစားအားကျရတဲ့ ဂန္ထဝင်ရှေ့နေကြီးတစ်ယောက်နဲ့ မထင်မှတ်ဘဲ ထိပ်တိုက်အမှုဆိုင်ရပုံကို စိတ်ဝင်စားစရာကောင်းအောင် ရိုက်ကူးပုံဖော်ထားတာပါ။ ရှေ့နေကားဆိုပေမဲ့ မြင်ရခဲတဲ့ဇာတ်လမ်းမျိုးဖြစ်ပြီး ဆက်တိုက်ကြည့်မိအောင်ဆွဲခေါ်သွားမယ့် ရုပ်ရှင်ကောင်းတစ်ခုဖြစ်လို့ ပရိသတ်တွေအတွက် CM Bollywood Team ကနေ ညွှန်းဆို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်…။

7.2 2025 146 mins
Yuddhakaanda Chapter 2