YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Velma.S01E06.720p.CM.mp4

175.59 MB N/A video/mp4 161 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Spellbound
6

Spellbound(2023) ***************** ဒီရုပ်ရှင်‌လေးက 2011ခုနှစ်ကထွက်ရှိခဲ့တဲ့ "Spellbound"ဆိုတဲ့ korea movieလေးကို Philippine moiveအဖြစ်ကပြန်လည်အသက်သွင်းထားတာပါ။ ဇာတ်ကြောင်းလေးကတော့ သရဲတွေကိုမြင်ရတဲ့ကောင်မလေးနဲ့ သူ့ရဲ့ မျက်လှည့်ပညာရှင်သူဌေးဖြစ်သူတို့ကြားက အချစ်ဇာတ်လမ်းလေးပါပဲ။ မင်းသမီးငယ်စဥ်အခါက အက်စီးဒင့်တစ်ခုကြောင့် သေမလိုဖြစ်ခဲ့ပြီး သရဲတွေကိုမြင်လာရသူပါ။ ထုံးစံအတိုင်း သရဲတွေကလာနှောင့်ယှက်ကြ အကူအညီလာတောင်းကြမို့ မင်းသမီးဟာ လူတွေနဲ့တစ်သီးတစ်သန့်နေရင်း ဘဝကိုတစ်ယောက်တည်းဖြတ်သန်းနေခဲ့ရပါတယ်။ ဒီလိုဘဝလေးနဲ့ ရှင်သန်နေရတာကို မင်းသားဖြစ်သူကသိရှိသွားတဲ့အခါမှာတော့.....။ ပျော်စရာ၊ ကြောက်စရာ၊ ကြည်နူးစရာအစုံကို ရင်ခုန်ခုန်ကြည့်ရှုရမယ့် ဇာတ်ကားလေးပါပဲ။ File Size :(1.3GB) &(626MB) Quality : WEB-DL 1080P,720p Format…mp4 Duration…01:47:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

Comedy
6 2023 107 mins
Spellbound
Tales of Nobody
5

အတိတ်နဲ့လက်ရှိကြားက လက်ရှိကြားကစည်းကို ဖြတ်ကျော်သွားခဲ့တဲ့ မိန်းကလေးအီဆွန်း မိခင်ရဲ့အကြိမ်ကြိမ်နောက်အိမ်ထောင်ပြုမှုတွေကြားကနေ ခြောက်ယောက်မြောက်ဖခင်ပါ ရရှိလာခဲ့တဲ့ အီဆွန်းကတော့ မိခင်ပျောက်ဆုံးသွားပြီးတဲ့နောက် ဘဝကြီးကို ရေစုန်မြောရင်း နေထိုင်လာခဲ့သူပါ။ သူ့မိခင်နဲ့မတူအောင် မိခင်ကောင်း ဇနီးကောင်းတစ်ယောက်ဖြစ်ရမယ်လို့ ရည်မှန်းချက်ထားခဲ့ပြီး သူ့ရဲ့ဘဝကြီးကို အဘက်ဘက်ကနေ ပြောင်းလဲခဲ့ပေမဲ့ သူထင်ထားသလိုဖြစ်မလာခဲ့ပါဘူး။ ဒီလိုနဲ့ တစ်ခဏတာပျော်ပါးတတ်တဲ့ အချစ်နဲ့ပဲ တွေ့ဆုံရဖန်များလာတဲ့ အီဆွန်းဟာ နောက်ဆုံးမှာ သူ့ရဲ့ဘဝကြီးကို အဆုံးသတ်လိုက်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါပေမဲ့ ကံကြမ္မာရဲ့အခွင့်အရေးပေးမှုကြောင့် အီဆွန်းတစ်ယောက် အတိတ်နဲ့လက်ရှိကြားကစည်းကို ဖြတ်ကျော်ပြီး သူ့ရဲ့ဘဝကြီးကို ပြန်လည်ကြည့်ရှုသုံးသပ်ခွင့် ရသွားခဲ့တဲ့အခါမှာတော့...ဘာတွေ ဆက်ဖြစ်လာမလဲ။ သူဟာတကယ်ပဲ ဘဝကြီးကို အရှုံးပေးလိုက်တော့မှာလား... ဒါမှမဟုတ် ဘယ်လိုအပြောင်းအလဲတွေများ ဆက်ဖြစ်လာဦးမလဲဆိုတာ အေးအေးငြိမ်ငြိမ်လေးနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားပါပဲ။ Casts တွေအနေနဲ့ကတော့ Rollacosta ထဲကမင်းသမီး Jeong Ga-Eun နဲ့ မင်သား Kwak Pil Je တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe Thet Winn ပဲ ဖြစ်ပါတယ်။ Genre..... Fantasy, Romance Quality…. 1080p | 720p | 480p File size… 1.7GB | 693MB | 335MB Format… mp4 Duration…. 1h 39min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hmwe Thet Winn Encoder ..... Augustn past relationships... Will her love be rewarded?

Comedy • Family • Romance
5 2023 99 mins
Tales of Nobody
Angel Heart
4.8

- နာကျင်လွန်းတဲ့အတိတ်ဒဏ်ရာတွေက အချစ်ကိုပုံဖော်တဲ့အခါ အနှောင့်အယှက်တစ်ခုဖြစ်နေခဲ့သလား - ကိုယ့်ရဲ့အတိတ်ဒဏ်ရာတွေနဲ့ မင်းကိုထိုးသွင်းလိုက်တဲ့အခါ ထပ်တူညီတဲ့ နာကျင်မှုဖြစ်သွားစေနိုင်မလား - ကိုယ့်ရဲ့အချစ်တွေက မင်းရဲ့ရမ္မက်နဲ့ထိပ်တိုက်တွေ့တဲ့အခါ စိတ်ရှိတိုင်းမချစ်ရဘဲ အားနာနေမိမလား - ကိုယ့်အဖြစ်ကိုကြည့်ပြီး မင်းကတော့ ပြောရှာပါတယ် “ကျွန်မကို လျော့ချစ်ပါ”တဲ့လား... မြောင်ဝေကတော့ ဦးလေးနဲ့အတူတူ မူးယစ်ဆေးအရောင်းအဝယ်လုပ်ရင်း ဦးလေးကိုယ်စား ထောင်နှစ်နှစ်ကျသွားခဲ့ရပါတယ်။ ဆေးမှုနဲ့ဆိုတော့ ထောင်ထဲမှာ အေးအေးဆေးဆေးမနေရဘဲ အမြဲလိုလိုနှိပ်စက်ခံခဲ့ရပြီး သူ့အချစ်ဆုံးသူငယ်ချင်းက သူ့လက်ထဲမှာသေဆုံးသွားတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ အဲ့ဒီထိုးနှက်ချက်တွေကြောင့် ထောင်ကပြန်ထွက်လာပေမယ့် သူမပျော်တော့ပါဘူး။ အဲ့ဒီအချိန် ငယ်ချစ်ဦးဝင်ဒီနဲ့ပြန်တွေ့ရတဲ့အခါ.... အချစ်နဲ့ဝေဒနာကို သက်သာစေနိုင်မလား ဒါမှမဟုတ် အချစ်ကြောင့်ပဲ ဝေဒနာပိုတိုးလာမလားဆိုတာကို ကွက်ကွက်ကွင်းကွင်း ရိုက်ပြထားတာမို့ ၁၈ ယောက်စုကြည့်လိုက်ပါတော့နော်.... File size…2.5GB / 1.01GB Quality…1080p / 720p Format…mp4 Duration….1h 40m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Dark V

Comedy • Drama • Music • Romance
4.8 1995 100 mins
Angel Heart
Warhorse One
7.3

အာဖဂန်နစ္စတန်စစ်ပွဲကိုဇာတ်အိမ်တည်ရိုက်ကူးထားတဲ့ war & action movie အမျိုးအစားဖြစ်ပြီး ဇာတ်လမ်းအစမှာတော့ စစ်ဖြစ်နေတဲ့အချိန် နိုင်ငံတွင်းမှာပိတ်မိနေတဲ့အမေရိကန်နိုင်ငံသားတွေကို ကယ်တင်ဖို့စစ်ဆင်ရေးတစ်ခုပေါ်ပေါက်လာခဲ့ပါတယ် အဲဒီထဲမှာ Warhorse တပ်ဖွဲ့ကရဟတ်ယာဉ်ပျက်ကျရာကနေတပ်ဖွဲ့မှူးတစ်ယောက်ပဲအသက်ရှင်ကျန်တော့တဲ့အခြေအနေကိုရောက်သွားခဲ့ပြီး သူ့တစ်ယောက်ထဲရန်သူ့နယ်မြေမှာသွားလာရင်း တာဝန်ပေးထားတဲ့အမေရိကန်နိုင်ငံသားတွေကို‌ကယ်ထုတ်လာနိုင်ပါ့မလား၊ ရန်သူပတ်လည်ဝိုင်းနေတဲ့နေရာကနေသူတို့ဘယ်လိုလွတ်မြောက်အောင်တိုက်ထွက်ကြမလဲဆိုတာကိုစောင့်ကြည့်ရမှာပါ အာဖဂန်နစ္စတန်အကြောင်းရိုက်ထားတဲ့စစ်ကားတွေထဲမှာ ဒီနှစ်မှထွက်ထားတဲ့နောက်ဆုံးပေါ်ဇာတ်ကားတစ်ကားဖြစ်လို့မလွတ်တမ်း‌ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားဆိုလည်းမမှားပါဘူး။

Thriller
7.3 2023 120 mins
Warhorse One
All the Bright Places
7.7

နုနုရွရွ ရိုမန်းတစ် ဇာတ်လမ်းလေးတွေကို ကြည့်ရှုချင်တဲ့သူတွေအတွက် ၂၀၂၀ ထွက် All the Bright Places ဆိုတဲ့ ဇာတ်ကားလေးတင်ဆက်ပေးချင်ပါတယ် IMDb – 6.5/10 နဲ့ Rotten tomatoes – 75% ရရှိထားပြီးတော့ Elle Fanning နဲ့ Justice Smith တို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းလေးရဲ့အစကတော့ ဖင့်ချ်ဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဟာ တစ်မနက်မှာ တံတားပေါ်ပြေးနေတုန်း တံတားဘောင်ပေါ်မှာ မတ်တပ်ရပ်ပြီး တံတားအောက်ကို ငုံ့ကြည့်နေတဲ့ ကောင်မလေးတစ်ယောက်ကို တွေ့ခဲ့ပါတယ် … ကောင်မလေးက သူတို့အတန်းထဲက ဗိုင််အိုလက် ဆိုတဲ့ကောင်မလေးပေါ့ … ဖင့်ချ်ဟာ ဗိုင်အိုလက် တံတားအောက် ခုန်ချမယ်အထင်ကြောင့်လားမသိ … အာရုံလွှဲဖို့ သူပါ တံတားဘောင်ပေါ် တက်လာခဲ့တယ်… သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ အစမှာ ယဉ်သကို ဆိုသလို ဗိုင်အိုလက်က ဖင့်ချ်ကို မောင်းထုတ်လိုက်ပါတယ် … တစ်ခါတစ်ရံမှာ အဖြုရောင်က တကယ်ပဲဖြူသလား အမည်းရောင်က တကယ်ပဲမည်းသလား … ပျော်ပျော်နေတတ်တဲ့ သူရဲ့ နောက်ကွယ်မှာ ဘယ်လိုအမှောင်ဖက်ခြမ်းတွေရှိသလဲ … အမှောင်ထဲကလူတစ်ယောက်ဟာ အလင်းတစ်ခုဖြစ်လာနိုင်သလား ဒါတွေဟာ ကျွန်တော်တို့ ကြိုမမြင်နိုင်တဲ့အရာတွေပါပဲ … ရိုးရှင်းသော်လည်း မြင်ရခက််တဲ့ အလင်းရောင်တွေကို ဟောဒီ all the bright places ဆိုတဲ့ ဇာတ်ကားထဲမှာ ကြည့်ရှုကြရအောင်လားရွှေပွဲလာ ပရိသတ်ကြီးရေ…. File Size : (1.80 GB) and (850 MB) Quality : NF WEB-DL (1080p 5.1 and 720p) Running Time : 1hr 47min Format : Mp4 Genre : Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.NF.WEBRip.DDP5.1.Atmos.x264-NTG Translated by Zuel Khant Thwin Encoded by Thanhtike Zaw

Drama • Sci-Fi & Fantasy
7.7 2020 108 mins
All the Bright Places
Paterson
7.1

Patersonဇာတ်ကားဟာ အချစ် ကဗျာစာပေ နဲ့ မျှော်လင့်ချက်အိမ်မက် တွေအကြောင်း အသားပေးရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်တယ်။ Patersonမြို့ရဲ့အလှအပကိုကဗျာဆန်ဆန် ခံစားပြထားသလို Paterson အမည်ရှိဇာတ်ကောင်က နေ့စဉ်ကြုံတွေ့ရသမျှကိုလည်း ကဗျာ ဆန်ဆန်တွေးပြီးခံစားပြထားပါတယ်။ ကဗျာခံစားတတ်သူတို့ရဲ့နူးညံ့တဲ့စိတ်သဘောထားနဲ့ တခြားသာမန်လူတွေရဲ့နေ့စဉ်ဘဝအပေါ်မှာတုန့်ပြန်မှုစိတ်သဘောထားကို ယှဉ်ပြီးပြထားတယ်။ ရိုးရှင်းတဲ့ဘဝပုံစံနဲ့ ဇနီးမောင်နှံနှစ်ဉီးရဲ့အပြန်အလှန်ချစ်ခင်ဖေးမမှုတွေကို ဇာတ်လမ်းထဲမှာကြည်နူး ဖွယ်တွေ့နိုင်တယ်။ မျှော်လင့်ချက်တွေဟာ လက်တွေ့လုပ်ရင်ဖြစ်လာကြောင်းကို ပညာပေးဆန်ဆန် ပြထားပါတယ်။ အဆိုးတွေကြုံလာသည့်တိုင်အောင် အေးဆေးတည်ငြိမ်စွာတုံ့ပြန်တတ်တဲ့ ကဗျာဆရာတစ်ဉီးရဲ့လှပတဲ့နှလုံးသားကိုမြင်တွေ့ရမှာပါ။ မင်းသားကြီးAdam Driverအဓိကသရုပ်ဆောင်ထားပြီး ကဗျာဆရာRon Padgettရဲ့ကဗျာတွေကိုအသုံးပြုထားတဲ့ စိတ်နှလုံးအေးချမ်းမှုရသ ကိုပေးစွမ်းနိုင်တဲ့ စွဲမက်စရာဇာတ်ကားကောင်းလေးပါ။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Mya Phyo Nandar ပဲဖြစ်ပါတယ်။) Quality –  1080p, 720p BluRay Duration - 1hr 49min Subtitle – Myanmar Hardsub Format – Mp4 Genre : Drama, Romance Source : 1080p. BluRay Translator – Mya Phyo Nandar Encoder – SWM

Drama
7.1 2016 118 mins
Paterson
Across the Line: The Exodus of Charlie Wright
5.2

Across the Line: The Exodus of Charlie Wright (2010) ====================================== ချာလီရိုက်စ်ဟာ အမေရိကန်ပြည်ထောင်စုကနေ ဒေါ်လာ ၁၀ ဘီလီယံကျော် လိမ်လည်ခဲ့သူပါ။ အက်ဖ်အိုင်က လိုက်ဖမ်းပေမယ့် မမိခဲ့ပါဘူး။ ဒီလိုနဲ့ ချာလီ လည်း ခြေရာဖျောက်ပြီး မက္ကဆီကို နိုင်ငံထဲက တီဟွာနာဆိုတဲ့ မြို့မှာ ပုန်းနေ ခဲ့ပါတယ်။ တကယ်တမ်းမှာ ချာလီက လူတစ်ယောက်ကို လိုက်ရှာနေခဲ့တာပါ။ ဒါပေမယ့် မက္ကဆီကိုက ဂိုဏ်းတစ်ဂိုဏ်းက သူ့ဆီကနေ ပိုက်ဆံကိုလိုချင်လို့ လိုက်ဖမ်းပါတော့တယ်။ ချာလီလိမ်သွားခဲ့တဲ့သူတွေထဲက ရုရှားမာဖီးယား ဂိုဏ်းခေါင်းဆောင်ဟာလည်း ကြေးစားတွေ လွှတ်ပြီး ချာလီ့ကို ဖမ်းခေါ်ခိုင်း ပါတယ်။ ဒီလိုနဲ့ ချာလီတစ်ယောက် ဒေသခံဂိုဏ်း၊ အက်ဖ်ဘီအိုင်နဲ့ ကြေးစား တွေ လက်ထဲကနေ လွတ်အောင် ပြေးဖို့ ဖြစ်လာပါတော့တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size……….(1.87 GB) / (777 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 34Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Crime, Drama, Thriller Translator…….Leonard Lin Encoder……….SWM

Crime • Drama
5.2 2010
Across the Line: The Exodus of Charlie Wright
The Hitcher
5.6

The Hitcher (2007) ============== ဒီဇာတ်ကားကတော့ The Hitcher 1986 ကို Remake ပြန်လုပ်ထား တာပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ကောလိပ်ကျောင်းသားစုံတွဲဖြစ်တဲ့ ဂျင်မ်နဲ့ဂရေစ့်တို့ဟာ Spring Break အတွက် သူငယ်ချင်းတွေနဲ့ဆုံဖို့ နယူးမက္ကဆီကိုကနေကားဖြတ်မောင်းလာကြပါတယ်။လမ်းမှာမိုးသည်း သည်းကြား ကားကြုံတားတဲ့လူတစ်ယောက်ကိုတွေ့ပေမယ့် ဂရေစ့်ရဲ့ ကန့်ကွက်မှုကြောင့်မတင်ဖြစ်ခဲ့ပါဘူး။ ဒါပေမယ့်လည်း ဂတ်စ်ဆိုင်တစ်ခုမှာ ပြန်ဆုံချိန်မှာတော့ ဂျင်မ်ကအားနာပြီး အနီးဆုံးမြို့ကိုပို့ပေးဖို့ခေါ်လာခဲ့ပါတယ်။ ဂရေစ့်စိုးရိမ်ခဲ့တဲ့အတိုင်း အဲ့ဒီ လူက သူတို့ကို မိုးအဆုံးမြေအဆုံးဒုက္ခပေးတော့မှာပါပဲ။ Game of Thrones ထဲမှာ စတာ့ခ်တို့ရဲ့ဖခင်ကြီး Ned Stark အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Sean Bean ကြီးက ဒီဇာတ်ကားမှာရွံမုန်းစရာစိတ္တဇလူသတ်ကောင်အဖြစ်ထူးထူးခြားခြား ပါဝင်ထားပါတယ်။ Sophia bush ကလည်းတအားလှပါတယ်။ ဇာတ်လမ်း လည်းမိုက်ပြီး ပထမကားတွေထက် သွေးထွက်သံယိုပိုများပြီးကြမ်းတမ်းပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(1.55 GB) / (594 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 24Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Crime, Thriller Translator…….Alias Encoder……….SWM

5.6 2007
The Hitcher
Betty’s Bad Luck In Love
6.2

Betty’s Bad Luck In Love (2024) ======================== IMDb Rating – 6.2/10 ဒီကားလေးကတော့ ကနေဒါယီယန် မင်းသမီးမမ နှစ်ယောက်ဖြစ်တဲ့ American Pie ထဲက မမ Meghan Heffern နဲ့ Laci J Mailey တို့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပြီး Laci တဖြစ်လဲ Betty တစ်ယောက်ရဲ့ အချစ်ရေးမှာ ကျွန်းခံနေတဲ့အကြောင်း လေးကိုရိုက်ကူးထားတာပါ။ အချစ်ရေးမှာ ကျွန်းခံတယ်ဆိုပေမဲ့ စော်မရဘဲမရ နိုင်တာမျိုးမဟုတ်ပဲ တွဲသမျှဘဲနဲ့ မမြဲပဲ ပိုပြီးနီးစပ်လိုက်မယ်ကြံလိုက်တိုင်း တစ်ခုမဟုတ် တစ်ခု အန္တရာယ်ကြုံရပါတော့တယ်။ တစ်ယောက်လည်းမဟုတ် နှစ် ယောက်လည်းမဟုတ်ဆိုတော့ ကြာလာတော့ ဘက်တီတစ်ယောက် trauma တွေပါဝင်လာတဲ့အထိပါပဲ။ ဘက်တီရဲ့ အကွဲအပြဲအချစ်လမ်း ကြောင်းကို ဘက်တီတစ်ယောက်ပြန်လည်တည့်မတ်နိုင်ပါ့မလား ဘယ် လိုတွေအလွဲလွဲအချော်ချော်ဖြစ်ဦးမလဲဆိုတာကိုတော့ ဆက်လက်ကြည့် ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်) File Size……….(1.36 GB) / (571 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 24Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Romance Translator…….Thetti Tun Encoder……….SWM

Comedy
6.2 2024 84 mins
Betty’s Bad Luck In Love
Jaws
8.1

စတီဗင်စပီးဘာ့ဂ်ဟာ ရုပ်ရှင်ရိုက်ဖို့ မွေးလာတဲ့သူပါပဲ။ သူ့ပထမဆုံးရုပ်ရှင် The Sugarland Express (1974)တို့ ခု ဒုတိယရုပ်ရှင်ဂျောတို့လိုစစဦးချင်းကားတွေကနေစလို့ နောက်ဆုံး အခု The Fabelmansအထိ ကားတိုင်း မှတ်ကျောက်ထင်ကျန်အောင် လုပ်နိုင်တဲ့ ဒါရိုက်တာဆိုလည်းဟုတ်တယ်။ သူရိုက်ခဲ့သမျှကားတွေကလည်း တစ်ကားနဲ့တစ်ကား ပုံစံ Genre တော်တော်ကွဲထွက်ပေမဲ့ ဘာပဲရိုက်ရိုက် မှော်ဝင်အောင်ရိုက်နိုင်တာက စပီးဘာ့ဂ်ရဲ့ ထူးခြားချက်လို့ ပြောရမယ်။ Jawsတို့ The Lost World: Jurassic Parkတို့လို အကောင်ကားတွေ အင်ဒီယာနာဂျုန်းကားတွေလို စွန့်စားခန်းကားတွေ လင်ကွန်းတို့ ကာလာပါပယ်တို့လို The Postတို့ Schindler’s Listတို့ လို ဘိုင်အိုဂရပ်ဖီကားတွေ The Terminalလို ရိုမန့်သိပ်ဆန်တဲ့ကားတွေ A.I. Artificial Intelligence , E.T. the Extra-Terrestrial , war of the worlds, Close Encounters of the Third Kindတို့လို သိပ္ပံကားတွေ Catch Me If You Canတို့ Saving The Private Ryan တို့လို ကားတွေအထိ တစ်ကားမှမကောင်းမရှိရအောင် ရိုက်ပြနိုင်ခဲ့တယ်။ ကျွန်တော့်ပုဂ္ဂလိက အမြင်အရတော့ Jawsတို့ အင်ဒီယာနာတို့လိုကားတွေက စပီးဘာ့ဂ်ရဲ့ တင်ပြပုံမှော်ဆန်နေတာကြောင့်သာမဟုတ်ရင် ကျွန်တော်တို့မြင်နေကျ ခပ်ပေါပေါငါးမန်းကားတွေ ခပ်ပေါပေါရှေးဟောင်းသုတေသနစွန့်စားခန်းကားတွေ ဖြစ်သွားမှာပဲ။ စပီးဘာ့ဂ်ရဲ့ မှော်ဆန်မှုနဲ့ပေါင်းလိုက်မှသာ ဒီရုပ်ရှင်တွေဟာ ဂန္တဝင်ကားတွေဖြစ်လာခဲ့တာပဲ။ ဂျိမ်းစ်မန်ဂိုးဒ်လို အထင်ကရ ဒါရိုက်တာတစ်ယောက်ရိုက်တာတောင် အဲဒီလိုဆန်သွားတဲ့ အင်ဒီယာနာနဲ့ တစ်ကလွဲ နောက်ပိုင်းကားအကုန် သာမန်ငါးမန်းကားဖြစ်သွားတဲ့ Jawsကိုကြည့်ရင်ပဲ ဒီအချက်က မြင်သာတယ်။ Jawsမှာဆိုလည်း ငါးမန်းကားသက်သက်ပေမဲ့ စပီးဘာ့ဂ်ပေါင်းစပ်ထားတဲ့ Elementတွေဟာ Jawsကို သာမန်ငါးမန်းကားတစ်ကားထက်ပိုစေခဲ့တယ်။ နောက်သူက ပရိုဒတ်ရှင်းကုမ္ပဏီ Amblin Entertainmentကိုလည်း ထောင်ထားသေးတယ်။ အဲဒီကနေလည်း Back to the Futureတို့ Cape Fearတို့လို ရုပ်ရှင်တွေ သူရိုက်ခဲ့တဲ့ ရုပ်ရှင်တွေရဲ့ အဆက်ကို ဆက်ရိုက်ကြတာတွေကို ထုတ်ခဲ့တယ်။ သူ့ဘာသာအနေနဲ့လည်း ရုပ်ရှင်တွေအများကြီး ပရိုဂျူဆာလုပ်ခဲ့တယ်။ စပီးဘာ့ခ်ရဲ့ ရုပ်ရှင်ပိုးကို ဆွပေးခဲ့တဲ့ ရုပ်ရှင်တွေက Godzilla, King of the Monsters (1956)တို့ ကူရိုဆာဝါရုပ်ရှင်တွေတို့ Captains Courageous (1937), Pinocchio (1940)တို့ Lawrence of Arabia (1962)တို့ဆိုတော့ သူရွေးချယ်ထားတဲ့ ရုပ်ရှင်တွေက စုံလင်ဆန်းပြားနေတာလည်း မဆန်းဘူး။ အဲဒီကားတွေနဲ့ခပ်ဆင်ဆင်ကားတွေအကုန် သူရိုက်ပြခဲ့ပြီးပြီ။ Jawsကို ရိုက်တော့ စပီးဘာ့ဂ်က မူရင်းစာအုပ်က အခန်းတွေအများကြီးကို ဖြုတ်ချပြီး ကျောရိုးကိုပဲ အဓိကထားရိုက်ခဲ့တယ်။ ဇာတ်ညွှန်းကိုလည်း မူလက အပ်ထားတဲ့ ဇာတ်ညွှန်းသမားဟာကို အချိတ်အဆက်မမိဘူးလို့ခံစားရတာကြောင့် နောက်တစ်ယောက်ကိုပါ ထပ်အပ်ခဲ့တယ်။ သူငယ်ချင်းတစ်ယောက်ပြောဖူးသလို ရုပ်ရှင်မှာ အဓိကက တစ် ဇာတ်ညွှန်း နှစ်ဇာတ်ညွှန်း သုံးဇာတ်ညွှန်းပဲ ဆိုသလိုပေါ့။ တကယ်တမ်း Jawsကို ရုပ်ရှင်ရိုက်တော့လည်း အခက်အခဲအများကြီး ကြုံခဲ့ရတယ်။ စပီးဘာ့ဂ်ရဲ့ တိုင်အပတ်ခဲ့ဆုံးတွေထဲက တစ်ကားလို့ပြောရမယ်။ ဒါပေမဲ့ ထွက်လာတဲ့အချိန်မှာတော့ အောင်မြင်ခဲ့တယ်။ သိရသလောက်ဆို ရုံထဲကနေ ပရိသတ်တစ်ယောက် ထွက်ပြေးသွားတော့ စပီးဘာ့ဂ်က သူ့ကားဘွန်းပြီလို့ထင်ခဲ့သတဲ့။ ဒါပေမဲ့ ဟိုလူက အန်ပြီး ပြန်လာပြီး ကားပြီးတဲ့အထိ ဆက်ကြည့်မှပဲ သူစိတ်အေးသွားရသတဲ့။ တကယ်လည်း နည်းနည်းလန့်ဖို့ကောင်းတဲ့ အခန်းတွေပါသလို နောက်ခံတီးလုံးက ဂျွန်ဝီလီယမ်လက်စွမ်းပြထားတာဆိုတော့ Jumpscareခန်းတွေမှာ သူ့တီးလုံးနဲ့ တော်တော်လေးအသက်ဝင်နေတယ်။ ငါးမန်းကားဆိုပေမဲ့ သူတို့၂ယောက်လက်စွမ်းကြောင့် ဟော်ရာကားလိုလို အရသာပါရနေတယ်။ Thriller အငွေ့အသက်လည်း အပြည့်ရပါတယ်။ ဒီလိုအသက်ဝင်နေတာကြောင့်ပဲ Jawsဟာ တော်တော်လေး အောင်မြင်ခဲ့သလို Blockbuster ဆိုတဲ့ စကားလုံးဟာ Jawsမှာ ပိုတွင်ကျယ်လာတယ်လို့ပြောကြတယ်။ ဒါတော့မသေချာဘူး။ ဒါပေမဲ့လည်း Jawsဟာ အောင်မြင်ရုံတင်မဟုတ်ဘဲ culture တစ်ခုကိုပါ တည်ဆောက်နိုင်ခဲ့တယ်။ ဇာတ်ကြောင်းကိုတော့ ပြောပြဖို့မလိုလောက်ပါဘူး။ ဒါပေမဲ့လည်း စပီးဘာ့ဂ်က ငါးမန်းကားတစ်ကားကို ငါးမန်းကားတစ်ကားထက် ပိုတဲ့ ပုံစံနဲ့တင်ပြသွားခဲ့တယ်။ ငါးမန်းစစပေါ်လာချင်းမှာ သူတို့ စီးပွားရေးထိခိုက်မှာစိုးလို့ ဖုံးထားခဲ့ကြတဲ့ မြို့မျက်နှာဖုံးတွေတို့ , တာဝန်နဲ့အထက်လူကြီးတွေကြားတိုင်ပတ်နေခဲ့တဲ့ရဲမှူးတို့ , ဆုကြေးရချင်လို့ ဘူမသိကိုးမသိ အုပ်လိုက် ငါးမန်းပတ်ဖမ်းကြတဲလူတွေတို့, ငါးမန်းတွေနဲ့ပတ်သက်ပြီး ထရော်မာရှိခဲ့လို့ ငါးမန်းအကြောင်းလေ့လာနေတဲ့ သူတို့ , နောက် ကမ္ဘာစစ်က စစ်သားဟောင်း ငါးမန်းဖမ်းသမားတို့တွေလို စိတ်ဝင်စားစရာကောင်းတဲ့ ကာရိုက်တာတွေထည့်သွင်းထားတယ်။ ဒီကာရိုက်တာတွေကြောင့်ပဲ ဒီဇာတ်ဟာ သာမန်ငါးမန်းဇာတ်ထက်ပိုခဲ့တယ်။ ဂေါ်ဇီလာပရိသတ်ဖြစ်ဖူးလို့လားတော့မသိပါဘူး။ စပီးဘာ့ခ်က ငါးမန်းဖမ်းသမားကြီးပြောတဲ့ ဇာတ်လမ်းမှာ ငါးမန်းတွေရယ် နာဂါဆာကီနဲ့ ဟီးရိုးရှီးမားကို ကျဲမယ့်ဗုံးကို သွားပို့ပေးရတာရယ်ကို ချိတ်ဆက်ပြောသွားခဲ့တယ်။ ဒီအခန်းမှာ ဒီအနုမြူဗုံးရဲ့ပျက်စီးခြင်းအငွေ့အသက်ကို ခံစားမိအောင် စပီးဘာ့ဂ်ကလုပ်နိုင်ခဲ့တယ်။ ဇာတ်လမ်းကျောရိုးကြည့်ရင် မြင်နေကျဖြစ်နေရင်တောင်မှပဲ စပီးဘာ့ဂ်ဟာ ဒီလိုအရသာတစ်မျိုးပေးနိုင်တဲ့ Subplotsတွေ သူ့ရဲ့မှော်ဝင် Elementsတွေကိုသုံးပြီး အမြဲမှော်ဆန်အောင်လုပ်နိုင်ခဲ့တယ်။ Jaws ( 1975 )ဟာလည်း စပီးဘာ့ဂ် ဟိုးကတည်းက မှော်အောင်ခဲ့တဲ့ကားပါပဲ။ စပီးဘာ့ဂ်ဟာ ရုပ်ရှင်ကိုချစ်တဲ့ ရုပ်ရှင်ကိုချစ်တဲ့စိတ်နဲ့ရိုက်တဲ့ ရုပ်ရှင်ကို အားလုံးချစ်စေချင်တဲ့ သူတစ်ယောက်လို့ပြောရင် လွန်မယ်မထင်ဘူး။ File size… 3.2 GB / 1.3 GB Quality… BluRay Remastered 1080p / 720p Format… mp4 Duration…. 2h 4m Genre ….. Adventure/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by WiRa Aung

8.1 1975 124 mins
Jaws
My Paper Dolls (aka) Le mie ragazze di carta

-ကျွန်တော်တို့ချစ်တဲ့လူတွေက ဘာလို့ ကျွန်တော်တို့အနားကနေ အမြဲထွက်သွားကြတာလဲ- ဒီဇာတ်လမ်းက တီဘာရီယိုဘိုတာချင်ဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်အကြောင်းကို ဇာတ်လမ်း တည်ထားတာပဲ ဖြစ်ပါတယ်။ အလယ်တန်းအောင်ပြီးနောက် ရွာကနေ မြို့ပေါ်ကို မိသားစုနဲ့အတူတက်လာတဲ့ တီဘာရီယိုတစ်ယောက် အိမ်အနီးက ရုပ်ရှင်ရုံပိုင်ရှင်ရဲ့သားနဲ့ သူငယ်ချင်းဖြစ်ကာ ညစ်ညမ်းရုပ်ရှင်ဆိုတာကို ပထမဆုံးကြည့်ဖူးသွားပြီး ကြည့်မိလိုက်တဲ့ ညစ်ညမ်းရုပ်ရှင်ထဲက မင်းသမီးကိုမှ စွဲလမ်းသွားမိပါတော့တယ်။ အဲ့ဒီစွဲလမ်းစိတ်ကို “အချစ်”လို့မှားယွင်းပြီး ခေါင်းစဉ်တွေတပ် …. သူ့ကို ကြိုက်လို့ ကောင်မလေးဘက်က စကားတွေလိုက်ပြောတာကိုတောင် သတိမထားမိလောက်အောင်၊ ကျောင်းမှာ အမှတ်တွေကျလောက်အောင် ညစ်ညမ်းရုပ်ရှင်ထဲကမင်းသမီးကို စွဲလမ်း ….. အဲ့လိုတွေဖြစ်နေရာကနေ “ကျွန်တော်တို့ ချစ်တဲ့လူတွေက ဘာလို့ ကျွန်တော်တို့အနားကနေ အမြဲထွက်သွားကြတာလဲ” ဆိုတဲ့မေးခွန်းကို ထုတ်မေးလာရတဲ့အထိ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ရဲ့ ဘဝမှာ ကြုံတွေ့ရတဲ့ ဘဝအချိုးအကွေ့လေးတွေကိုရိုက်ပြထားတာ ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်ကို Nostalgic ဖြစ်စေတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(1.3 GB)/(777 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Nway Oo K Zaw

0 2023
My Paper Dolls (aka) Le mie ragazze di carta
Aap Mujhe Achche Lagne Lage

Aap Mujhe Achche Lagne Lage 2002 မင်းနဲ့မှချစ်တတ်ပြီပေါ့ အဟောင်းပေမဲ့ရွှေဆိုပြီး 2000 ခုနှစ်များဆီက အချစ်ဇာတ်လမ်းလေးတွေကို သဘောကျသူတို့အတွက် မင်းသားကြီး Hrithik Roshan ရဲ့အချစ် အမုန်း ရင်သပ်ရှုမောစရာလေးတွေအပြင် အက်ရှင်ပါ ပါဝင်တဲ့ဇာတ်လမ်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဆက်ပနာဟာ မြေအောက်လောကခေါင်းဆောင်ကြီးရဲ့ သမီးချောလေးပါ။ အများအမြင်မှာတော့ အဖေနဲ့အစ်ကိုရယ် အစ်ကို့မိန်းမရယ်ရဲ့ စောင့်ရှောက်မှုအောက်မှာ အပူအပင်ကင်းစွာကြီးပြင်းလာရတဲ့ မင်းသမီးလေးပေါ့။ ဒါပေမဲ့သူ့ဘဝဟာ စာသင်ရင်လည်းအိမ်မှာခေါ်သင်ရ၊ အပြင်ထွက်လည်ပတ်ခွင့်လည်းမရှိတဲ့အပြင် သူ့အဖေတို့ရဲ့ ကလဲ့စားချေသတ်ဖျက်မှုတွေကို မြင်နေကြားနေရတဲ့ လှောင်အိမ်ထဲက မင်းသမီးလေး ဖြစ်လို့နေပါတယ်။ သူ့ယောက်မဖြစ်သူကို သူဒီဘဝမှာနေမပျော်ကြောင်း၊ ဘယ်လောက်ကြာအောင် နေရမယ်မသိကြောင်းပြောရင် မကြာခင် သူ့ကိုကယ်တင်မယ့် မင်းသားလေးရောက်လာမှာမို့ စိတ်ရှည်ပါဆိုပြီးပဲ နှစ်သိမ့်ခံနေရပါတယ်။ သူ့ရဲ့မွန်းကြပ်မှုကနေ ထွက်ပြေးဖို့တစ်နေ့ သူ့ငယ်သူငယ်ချင်းရဲ့ မင်္ဂလာဆောင်ကို ခိုးထွက်လာခဲ့လေရဲ့။ ဖြစ်ချင်တော့ သူ့အဖေရဲ့ရန်သူတော်တွေဆီက လိုက်လံတိုက်ခိုက်ခံရပါတော့တယ်။ အဲဒီအချိန်မှာ ကောလိပ်ကျောင်းသားလေး ရိုဟစ်က တွေ့ပြီးကယ်တင်လိုက်ရာကစ သူတို့တွေ့ဆုံခဲ့ပါတယ်။ နောက်တစ်နေ့သတင်းစာမှာ ဆက်ပနာအကြောင်းပါလာမှ ရိုဟစ်ဟာ သူဘယ်သူဆိုတာသိပြီး တွေ့ဖို့နည်းလမ်းရှာပါတော့တယ်။ ဆက်ပနာကတော့ အဲဒီနေ့အဖြစ်အပျက်ပြီးတည်းက အိမ်ထဲကခြေတစ်လှမ်းတောင်မထွက်ဖို့ အမိန့်ပေး ပိတ်လှောင်ခံထားရတာပါ။ အဲဒီအပြင်သူ့အဖေက သူ့သမီးကို အိမ်ထောင်ပြုပေးပြီး အဝေးပို့ဖို့ပါ စီစဉ်နေပါတော့တယ်။ ဒီလိုနဲ့ ရိုဟစ်က နည်းလမ်းစဉ်းစားပြီး သူတို့အိမ်မှာ လုပ်တဲ့ဆုတောင်းပွဲမှာ ဒရမ်သမားလေးအနေနဲ့လိုက်ပါသွားလေရဲ့။ ရိုဟစ်အနေနဲ့ သူမြင်မြင်ချင်းချစ်မိသွားတဲ့ မင်းသမီးလေးနဲ့ ရှေ့ဆက်နိုင်ပါ့လား၊ သူ့အဖေတွေ အစ်ကိုတွေနဲ့ ဘယ်လိုဖြေရှင်းကိုင်တွယ်မလဲ၊ ဆက်ပနာကရော လှောင်အိမ်စံမင်းသမီးလေးဘဝက လွတ်မြောက်ဖို့ ဘယ်လိုကြိုးပမ်းအားထုတ်မလဲဆိုတာ ကြည့်ရှုအဖြေထုတ်ပေးကြပါဦး။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။

Romance • Drama
0 2002 166 mins
Aap Mujhe Achche Lagne Lage
The Last Song
6

The Last Song (2010) IMDb Rating (6.0) Miley Cyrus နဲ့ Liam Hemsworth တို့ရဲ့ 2010 တုန်းက ထွက်ခဲ့တဲ့ “The Last Song” ဆိုတဲ့ romantic drama ကားလေးကို မှတ်မိကြဦးမယ်ထင်ပါတယ်နော်…. ဒီဝတ္ထုကိုတော့ “The Notebook” ,” A,Walk To Remember” တို့လို နာမည်ကြီးဝတ္ထုတွေရေးတဲ့ စာရေးဆရာ Nicholas Sparks ကရေးသားခဲ့တာပါတယ်။ သူ့ရဲ့ စာအုပ်ကို ရုပ်ရှင်အဖြစ်ပြန်လည်အသက်သွင်းရာမှာ ပါဝင်ခဲ့ကြတဲ့ Miley ကော Liam ကောဟာ အပြင်ဘဝမှာပါ နှစ်ပေါင်း 10 နှစ်ကျော်ကြာ ဖြတ်သန်းခဲ့တဲ့ ချစ်သူသက်တမ်းတလျှောက် အနိမ့်အမြင့်အခြေအနေတွေ ဖြတ်ကျော်ခဲ့ပြီး သူတို့ရဲ့ ခိုင်မာတဲ့အချစ်တွေနဲ့ ဘဝခရီးလမ်းကိုစိုက်ထူပြီး ရွှေလက်တွဲခဲ့ကြပါတယ်။ ဒါကြောင့် စာရေးဆရာက သူတို့ကို ကြည့်ရတာ ပျော်ရွှင်ကြည်နူးစရာကောင်းတာမို့ “ဒါဟာ ငါ့ကို အလွန်ပဲ ပျော်ရွှင်ကြည်နူးစေပါတယ်” ဆိုပြီး tweet ခဲ့ပါတယ်။ “The Last Song” ရဲ့ OST တစ်ပုဒ်ဖြစ်ခဲ့တဲ့ “When I Look At You” ဟာလည်း အခုထိကို မရိုးသွားနိုင်တဲ့ အချစ်သီချင်းကောင်းဖြစ်ပြီး ပေါက်သီချင်းလည်း ဖြစ်ပါတယ်။ ?????? အားကျလိုက်တာ…. ကျွန်တော် တော့ ?….။ ဒီရုပ်ရှင်လေးထဲမှာ Liam ကိုအရမ်းချစ်တဲ့မိုင်လီတစ်ယောက် ဘယ်လိုအသက်ပါပါသရုပ်ဆောင်သွားမလဲဆိုတာ…….။ (ရုပ်ရှင်အညွှန်းကို MAJOR M Fb Page မှ ကူးယူဖော်ပြပါသည်။)

6 2010 107 mins
The Last Song
Exploring the Clear Water River : Rebirth
5.7

CM ရဲ့ ပရိသတ်တွေအတွက် အပန်းဖြေဟာသရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- မင်ကော်ခေတ်မှာ ဖြစ်ပါတယ်။ အမြဲပေါ့ပျက်ပျက်နေပြီး ခက်ခဲတဲ့ ကိစ္စမှန်သမျှကို မနက်ဖြန်ကို အချိန်ဆွဲပြီး ရှောင်ပုန်းနေတတ်တဲ့ ထုံရှောင်လျို့ဟာ မနက်ဖြန်ကို မရောက်နိုင်တဲ့ ကံကြမ္မာနဲ့ ကြုံတွေ့ရပါတယ်။ အဲဒီနေ့မှာပဲ သူ့ရဲ့ချစ်ရသူတာ့လျန်က ဒုဗိုလ်မှူးကောင်းနဲ့ လက်ထပ်ရမှာဖြစ်ပြီး တာ့လျန်က မြစ်ထဲခုန်ချပြီး သူ့ကိုယ်သူသတ်သေသွားလို့ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့မှာ ဒီကံကြမ္မာကို ပြောင်းလဲဖို့ အခွင့်အရေး ရခဲ့ပါတယ်။ အဲဒါကတော့ မနက်ဖြန်ကို မရောက်ဘဲ အဲဒီနေ့ကိုပဲ ထပ်ခါထပ်ခါ ပြန်ရောက်သွားလို့ဖြစ်ပါတယ်။ ချစ်သူကို ကယ်တင်ဖို့ ထုံရှောင်လျို့က ဘယ်လိုအခက်အခဲတွေကို ကျော်ဖြတ်ရမလဲ ဆိုတာကို ဟာသနှောပြီး ကြည့်ရှုရမှာ ဖြစ်ပါတယ်။

Action
5.7 2025
Exploring the Clear Water River : Rebirth