"မိန်းကလေးဆိုတာ မီးသတ်သမားလုပ်လို့ မရဘူးလေ"
"အဲ့ဒါက စည်းမျဥ်းနဲ့ မညီဘူး"
အဲ့စကားလေးတွေက အဖေတစ်ယောက်က မီးသတ်သမားသိပ်ဖြစ်ချင်တဲ့ သူ့သမီးကို ပြောလိုက်တဲ့ စကားပါ။
ဘယ်လိုပဲ ကျားမတန်းတူအခွင့်အရေးလို့ ပြောနေကြပါစေ
လူတွေရဲ့ စိတ်ထဲမှာ အမျိုးသမီးတွေဆိုရင် အားနည်းတယ်လို့ မြင်နေကြသလို
အလုပ်ခွင်မှာလည်း တန်းတူအခွင့်အရေး ရတာနည်းပါတယ်။
ဒီ ကာတွန်းကားလေးကတော့ မိန်းကလေးတွေလည်း
မီးသတ်သမားလို သက်စွန့်စံဖျား အလုပ်တွေမှာ ရဲဝံ့စွာ လုပ်နိုင်ကြောင်း မီးမောင်းထိုး ရိုက်ကူးပြထားပါတယ်။
ဇာတ်လမ်းအကျဥ်းလေးကတော့
ဖခင်ဖြစ်သူ မီးသတ်သမားဟောင်းကို အားကျတဲ့ သမီးလေးက
ငယ်ငယ်ကတည်းက ဖခင်လို မီးသတ်သမားကြီးလုပ်ပြီး လူတွေရဲ့ အသက်ကို ကယ်တင်ချင်သူပါ။
ဒါပေမယ့် မိန်းကလေးဖြစ်နေခဲ့တော့ သူ့အိပ်မက်တွေကို ဘေးချိတ်ထားခဲ့ရပါတယ်။
ဒါပေမယ့် တစ်ရက်မှာတော့ မြို့တော်မှာ ထူးဆန်းတဲ့ မီးလောင်မှုတွေ ဆက်တိုက်ဖြစ်လာပြီး
မီးသတ်သမားတွေ တစ်ယောက်ပြီးတစ်ယောက် ပျောက်ခြင်းမလှ ပျောက်ဆုံးကုန်တဲ့အခါ......
မင်းသမီးနဲ့ သူ့အဖေတို့ ဘာတွေဆက်ဖြစ်ကြမလဲ.....
အိပ်မက်တွေက တကယ်ပဲခက်ခဲသလား....
အိပ်မက်တွေ အကောင်အထည်ပေါ်လာနိုင်မလား.....ဆိုတာ
ဇာတ်ကားလေးမှာပဲ ဆက်လက် ကြည့်ရှုအားပေးလိုက်ရအောင်.......။
၁၉၈၂ ခုနှစ်မှာမှ နယူးယောက်မြို့ရဲ့ ပထမဆုံးအမျိုးသမီး မီးသတ်သမားရှိလာတဲ့ အကြောင်းကို
ဂုဏ်ပြုရိုက်ကူးထားတဲ့ ကားလေးဆိုလည်း မမှားပါဘူး။
ကလေးတွေပဲဖြစ်ဖြစ် မိဘတွေပဲဖြစ်ဖြစ် ကြည့်သင့်တဲ့ ပညာပေးကာတွန်းကားလေးဖြစ်လို့
လက်လွတ်မခံဘဲ အားပေးကြပါဦးလို့ တိုက်တွန်းပါရစေ။
ဇာတ်လမ်းအညွှန်းကို Richard Wai ကရေးပေးထားပြီး
ဘာသာပြန်ပေးထားတာကတော့ Richard Wai, Thuu Thuu, Milkeux, Khaing Khin တို့ပဲ ဖြစ်ပါတယ်။
Genre.....Adventure, Animation, Comedy
Quality….WEB-DL 1080p and 720p
File size…1.6GB, 806MB and 276MB
Format…mp4
Duration….1h 32min
Subtitle….Myanmar Subtitle (Hardsub)
Translator ..... Richard Wai, Thuu Thuu, Milkeux, Khaing Khin
Encoder ..... August
Animation • Comedy • Family
7.4
2022
92 mins