YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

V.I.P.S01E05.1080p.CM.mp4

945.17 MB N/A video/mp4 45 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Disappearance of Cari Farver
5.5

ဒီဇာတ်လမ်းဟာ လူပျောက်ဆုံးမှု မှုခင်းဖြစ်ရပ်မှန်(၂၀၁၂ မှ ၂၀၁၇) ကို အ‌ခြေခံ ‌ရိုက်ကူးထားကာ ပါ၀င်သော အဓိကဇာတ်‌‌​​ကောင်လေးဦးအနက်သုံးဦးမှာ ဖြစ်ရပ်မှန်မှနာမည်ရင်းများဖြစ်တယ် ဇာတ်လမ်း အကျဉ်းက​တော့ ​ကာရီ ပျောက်ဆုံးပြီး ဒေ့နဲ့ သူ့ ရည်းစားဟောင်း လစ်ဇ်ဟာ ကာရီဆီမှ ခြိမ်းခြောက် နှောက်ယှက်သော မက်ဆေ့များ တောက်လျှောက်လက်ခံရရှိ​လေတယ် ရဲ​တွေ ကာရီပျောက်ဆုံးမှုကို လိုက်လံစုံစမ်းရင်း ဘာကို ​ဘယ်လို တွေ့ရှိသလဲ ဆိုတာကို​တော့ ကိုယ်တိုင်ပဲ ကြည့်လိုက်ကြပါ​တော့ File size…(1.4 GB)/(630 GB)/(360 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:28:00 Genre...Drama, Thriller, TV Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Kuaile de H

Drama
5.5 2022 85 mins
The Disappearance of Cari Farver
Shiv Shastri Balboa

Shriv Shastri Balboa(2023) IMDb 6.8/10 Comedy/Drama မင်းသားကြီး Arnupam Kherရဲ့ အသစ်ထွက်ရှိထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ Jugal Hansraj၊ Nargis Fakhri စတဲ့နာမည်ကြီးသရုပ်ဆောင်တွေလည်း ပါဝင်ထားပါတယ်။ အငြိမ်းစားယူထားတဲ့ ‌လက်ဝှေ့ပညာရှင်ကြီး ရှာစတီဟာ ရော့ကီရုပ်ရှင်ရဲ့အမာခံပရိသတ်တစ်ဦးဖြစ်ပါတယ်။ သူရဲ့အောင်မြင်မှုတွေဟာ ရော့ကီရုပ်ရှင်ကြောင့် ဖြစ်တည်လာတာလို့ပြောရရင်လည်း မမှားပါဘူး။ ရှာစတီဟာ ကျန်ရှိနေတဲ့သူ့ရဲ့ဘဝကို တစ်ဦးတည်းသောသားလေးရှိတဲ့ အမေရိကန်မှာ နေထိုင်ရင်း ကုန်ဆုံးဖို့အတွက် ခရီးစတင်ခဲ့ပါတယ်။ အိန္ဒိယနဲ့ အမေရိကန်ဟာ ဓလေ့တွေ နေထိုင်ပုံတွေ အကုန်ကွဲပြားနေတဲ့ နိုင်ငံနှစ်ခုဖြစ်တဲ့အတွက် နေသားကျဖို့ဆိုတာ မလွယ်ကူခဲ့ပါဘူး။ မိသားစုရှိရာကိုပြောင်းလာခဲ့ပေမယ့်လည်း အိမ်ကြီးထဲမှာ ခွေးလေးတစ်ကောင်နဲ့သာ အဖော်ပြုနေထိုင်ရင်း အချိန်ကုန်ဆုံးနေရပါတယ်။ အမေရိကန်မှာ နေထိုင်နေရတဲ့ သူ့ရဲ့ဘဝဟာ ဘယ်လိုအခက်အခဲတွေကြုံရဦးမလဲ။ ဘယ်လိုစိတ်ဝင်စားစရာဇာတ်လမ်းတွေဖြစ်လာဦးမလဲဆိုတာကို ဟာသလေးလည်းနှောရင်း ကြည့်ရှုကြရမယ့် မိသားစုဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size…2.3GB / 1GB Quality…1080p WEB DL /720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moon~Voldemort~Zwe ~Cherry~BpL

Drama • Romance
0 2023 129 mins
Shiv Shastri Balboa
They Live in the Grey
5

ပရလောကဘက်ကို မြင်နေရတဲ့ ကလယ်ရီဆိုတဲ့ အမျိုးသမီးဟာ လူတွေမယုံကြမှာစိုးလို့ သူ့အစွမ်းကို ဘယ်သူ့ကိုမှ အသိမခံဘဲ မျိုသိပ်နေရတဲ့သူပေါ့။ သူ့အလုပ်က အိမ်တွင်းအကြမ်းဖက်မှုခံနေရတဲ့ ကလေးတွေရှိရင် အဲဒီကလေးတွေဘက်ကနေပြီး မိဘတွေကို ပြန်တရားစွဲတဲ့အလုပ်မျိုးပေါ့။ ကလေးသူငယ်ကာကွယ်ရေးလို့ဆိုရမယ်။ တစ်နေ့ကျ သူကလေးတစ်ယောက်ကိုစစ်တော့ ကလေးက သူ့မိဘတွေ အနိုင်ကျင့်တာခံနေရတာမဟုတ်ဘဲ သဘာဝလွန်ဖြစ်ရပ်တစ်ခုဖြစ်‌နေမှန်း သိလိုက်ရတယ်။ သရဲတစ်ကောင်က ကလေးကို အန္တရာယ်ပေးနေတာ‌ပေါ့။ ဒီတော့ သူက ကလေးမိဘဘက်ကနေပြီး အမှုကို ဆိုင်းငံ့ထားသလို သရဲကို ရှင်းဖို့လည်း အကြောင်းဖန်လာတယ်။ ဒီလိုမျိုးကူညီချင်တဲ့သူပေမဲ့လည်း သူကိုယ်တိုင်လည်း သူ့ကလေးကို သူ့အမှားကြောင့်နဲ့ ဆုံးရှုံးထားတာမကြာသေးသလို၊ သူ့ကလေးကိုလည်း သူမြင်နေရသလို ဝမ်းနည်းစိတ်နဲ့ စိတ်ကျရောဂါခံစားနေရတဲ့သူပါ။ သူကိုယ်တိုင်ရဲ့ အခက်အခဲတွေကြားက ဒီသရဲတွေ အနိုင်ကျင့်ခံနေရတဲ့ကလေးကို ကူညီပေးနိုင်မလား... သရဲကားပေမဲ့ IMDb 5/10 အထိရထားတဲ့ ကားကောင်းတစ်ကားဖြစ်ပြီး ဇာတ်လမ်းအချိုးအကွေ့တွေမှာ ပရိသတ်ကို စိတ်ဝင်စားစေမိမယ့် ရုပ်ရှင်ပါပဲ။ အရမ်းကြီးကြောက်ဖို့ကောင်းမနေဘဲ ဇာတ်လမ်းဇာတ်ကွက် အဓိကပြတဲ့သရဲကားမို့ အသည်းငယ်တတ်လို့ အမြဲကျော်တတ်ကြသူတို့ ကျော်ကြည့်ဖို့ မလိုမယ့် ကြောက်ဖို့မကောင်းတဲ့ စိတ်ပညာ သရဲ ကလေးသူငယ်ပညာပေး ရောသမွှေမဆိုးတဲ့ကားလေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.10GB, 460MB Quality - 1080p, 720p IMDb Rating - 5/10 Format - mp4 Duration - 2H 3Min Genre - Horror, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Action • Adventure • Fantasy
5 2022 124 mins
They Live in the Grey
Coyote's Deadly Action

CM ကနေဒီတစ်ခါတင်ဆက်ပေးချင်တဲ့ရုပ်ရှင်လေးကတော့ တရုတ်ပြည်မကြီးမှာ တချိန်တခါက ဖြစ်ပွားခဲ့တဲ့ဂျပန်စစ်အကြောင်းကိုအခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ပုဒ်ကို တင်ဆက်ပေးပါရစေ။ ဇာတ်လမ်းကတော့ (၁၉၄၃) ခုနှစ်ဂျပန်နဲ့တရုတ်စစ်ဖြစ်နေတာကို ဇာတ်အိမ်တည်ထားပြီးတော့လက်နက်ထုတ်ရမှာအရေးပါအရာရောက်တဲ့ အဖြိုက်နက်သတ္တုတစ်မျိုးကကွန်မြူနစ်ပါတီအဖွဲ့ဝင် ဝမ်ဟွာဦးဆောင် ဖွက်ထားပြီးချန်းလန်ကွန်မန်ဒိုတပ်ဖွဲ့ကနေလိုက်လံကာကွယ်ပေးနေတာပေါ့။ ဂျပန်ဘက်ကလည်းအဲ့အဖြိုက်နက်ဖွက်ထားတဲ့နေရာကို သိရဖို့အတွက်ဝမ်ဟွာကိုဖမ်းဆီးကာ မေးမြန်းဖော်ထုတ်ခဲ့ပေမဲ့ ဘာအဖြေမှမရခဲ့ပဲဝမ်ဟွာကတော့ အသက်စတေးသွားခဲ့ရပါတယ်။ ဒီလိုနဲ့ဝမ်ဟွာဖွဲ့စည်းထားတဲ့ တပ်ဖွဲ့သစ် (၄) တည်နေရာနဲ့အဆက်သွယ်လုပ်ဖို့ရန်အတွက် ချန်းလန်ကွန်မန်ဒိုအဖွဲ့နဲ့ အိုးယန်ပင်း, လုယန်တို့က ပူးပေါင်းရှာဖွေကြတဲ့အခါမှာတော့ဘယ်လိုတွေဆက်ဖြစ်လာကြမလဲ။ ရူပ်ထွေးလှတဲ့ နိုင်ငံရေးအခြေအနေကြားမှာ ဘယ်လိုတွေပတ်သက်ဆက်နွယ်နေကြမလဲ။ သူတို့ရှာနေတဲ့ အဖြိုက်နက်တည်နေရာကိုကော ရှာတွေ့ကြမှာလား။အစရှိတဲ့ စိတ်လှုပ်ရှားစရာ ဇာတ်လမ်းကွက်တွေနဲ့ မေးခွန်းတွေကိုဒီဇာတ်လမ်းလေးထဲမှာ ကြည့်ရှုရမှာပဲဖြစ်ပါတယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , War Runtime : 1h 32 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK

Adventure • Comedy • Family • Fantasy
0 2023 92 mins
Coyote's Deadly Action
Hex
5.9

ကောင်းကင်ပေါ်ကို လေယာဉ်နဲ့အမြင့်ကြီးသွားပြီးတော့ Skydiving (လေထီးခုန်ခြင်း)ကိုလုပ်ဖူးတဲ့သူတွေရှိပါသလား။ အဲ့လိုလုပ်ချင်တဲ့အိပ်မက်ရှိတဲ့လူတွေလဲရှိမှာပါပဲ။ ဒီကားထဲမှာတော့လေထီးခုန်တဲ့ အဖွဲ့တစ်ဖွဲ့နဲ့သူတို့အဖွဲ့ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်ဆိုးတွေကို ရိုက်ကူးထားတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ဆယ်ရာဆိုတဲ့ ကောင်မလေးတစ်ယောက်ကလေထီးခုန်တဲ့ကွင်းမှာ တစ်ယောက်တည်း လေထီးခုန်လေ့ရှိတဲ့ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ ရုပ်လေးကလဲချော စကေးကလဲကောင်းတော့ အဲ့ဒီကွင်းကငါးယောက်ရှိတဲ့ အဖွဲ့တစ်ဖွဲ့က သူတို့အဖွဲ့ထဲဝင်ဖို့အတွက်သူ့ကိုသိမ်းသွင်းပါတော့တယ်။ ဒီလိုနဲ့နောက်ဆုံးတော့လဲဆယ်ရာတစ်ယောက်အဲ့ဒီအဖွဲ့ထဲကိုရောက်သွားခဲ့ပါတယ်။ ဆယ်ရာအဖွဲ့ထဲရောက်ပြီး သိပ်မကြာခင်ပဲသူတို့အဖွဲ့ထဲကတစ်ယောက်က ဟက်ဇ်ဆိုတဲ့အဖွဲ့လိုက်လေထီးခုန်နည်းတစ်ခုကို လုပ်ဖို့အတွက်အကြံပေးပါ တော့တယ်။အဲ့ဒီလေထီးခုန်နည်းကအရမ်းအန္တရာယ်များလို့မလုပ်သင့်ဘူးလို့ ပြောကြပေမဲ့ သူတို့အဖွဲ့ကတော့ရအောင်ကိုလုပ်ပါတော့တယ်။ ဒီလိုနဲ့ပထမဆုံး လုပ်ခဲ့တဲ့နေ့မှာတော့အလွဲလေးတွေ ဖြစ်ခဲ့ပေမဲ့နောက်နေ့ပြန်ခုန်ကြည့်တဲ့အခါမှာ အောင်မြင်သွားခဲ့ပါတယ်။အဲ့ဒီမှာတင် သူတို့ဘဝရဲ့အိပ်မက်ဆိုးတွေကစတင်ခဲ့ပြီး အဖွဲ့ထဲကလူတွေနည်းအမျိုးမျိုးနဲ့တစ်ယောက်ချင်းစီသေကုန်ကြပါတော့တယ်။ ဒီလိုနဲ့ဆယ်ရာတို့လဲ အဲ့လိုဖြစ်နေရတာဘာလို့လဲဆိုတာကိုအစွမ်းကုန်အဖြေ ထုတ်ဖို့ကြိုးစားကြရင်းနဲ့ သူတို့ဘဝရဲ့အကြီးမားဆုံးအိပ်မက်ဆိုးကြီးကနေ နိုးထနိုင်ပါ့မလားဆိုတာကိုကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.43GB / 584MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 28m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Comedy • Drama
5.9 2022 88 mins
Hex
Wicked City
6.7

(အသက်မပြည့်သေးသူများ လုံး၀ မကြည့်သင့်ပါ) IMDb 6.7/10 1987ထွက်တာဆိုတော့ မင်မင်တို့တောင်မမွေးသေးဘူးဗျ ဒါပေမယ့် old but gold ထဲမှာပါတဲ့ကားတွန်းပါ သိသလောက်တော့ Novel ခြောက်အုပ်ထွက်တဲ့ထဲက ပထမဆုံးအုပ်ကို anime movieထုတ်တာလို့ပြောတာပဲ တခုတော့ရှိတယ် မုဒိန်းကျင့်တဲ့အခန်းတို့ ဘုတဲ့အခန်းတို့မဟားဒယားများပါတယ် ပြီးတော့ Hentaiမဖြစ်ရုံတမယ် တကယ်ကိုကွက်ကွက်ကွင်းကွင်းပြတာတွေပါလို့ မိသားစုနဲ့ယောင်လို့တောင်မကြည့်မိပါစေနဲ့ နားရင်းအုပ်ခံရပါလိမ့်မယ် ငယ်ရွယ်သူများ တကယ်ကိုကြည့်ဖို့မသင့်ပါ ဇာတ်လမ်းအကျဥ်း ကမ္ဘာနှင့် မိစ္ဆာကမ္ဘာကြား စစ်ပွဲကို တားဆီးရန် ငြိမ်းချမ်းရေးသ​ဘောတူညီမှုယူထားတာဟာ နှစ်​ပေါင်းရာနှင့်ချီ၍ အသက်ဝင်ခဲ့ပြီး သ​ဘောတူညီမှုကို သက်တမ်းတိုးရန် သတ်မှတ်ထားသော်လည်း မကောင်းသော အင်အားစုများက ​ အနှောက်အယှက်​တွေ ​ပေးလာခဲ့ပါတယ်။ မိစ္ဆာအကိုက်ခံရသော လူသား Taki Renzaburo (Greg Snegoff) နှင့် Sexy demon Makie (Alexandra Kenworthy) တို့ဟာ ငြိမ်းချမ်း​ရေးကိုပျက်ပြား​စေတဲ့အ​ဖျက်အ​မှောင့်​တွေနဲ့ပတ်သတ်လာချိန်မှာ​တော့.....

Thriller
6.7 1987 82 mins
Wicked City
Tinker Bell and the Legend of the NeverBeast
7.1

Tinker Bell and the Legend of the NeverBeast (2014) ===================================== IMDb Rating – 7.1/10 အတောင်ပံတစ်စုံနဲ့နတ်သမီးလေးတွေအများစုနေတဲ့နေရာလေးတစ်ခု သူတို့ဗိမ္မန် မှာ ဘုရင်မတစ်ပါးအုပ်ချုပ်တယ်။ ကာကွယ်ရေးအဖွဲ့တစ်ခု ရှိသလို ကန့်သတ်စည်းမျဉ်းစည်းကမ်းမြောက်များစွာလည်းရှိတယ်။ အထူးသဖြင့်နတ်သူငယ်တွေကိုရန်ပြုမဲ့တိရစ္ဆာန်တွေကိုကြိုတင်ကာ ကွယ်ခြင်းအနေနဲ့ သူတို့နေတဲ့အနားကိုအကပ်တောင်မခံတာပါပဲ။ ဒါက လည်း ရှေးရိုးအစဉ်အဆက်လက်ဆင့်ကမ်းရေးသားခဲ့တဲ့ မူတွေ အကြောင်း အရာတွေကြောင့် လုပ်နေရတာပါပဲ။ ဒီထဲမှာတမူကွဲထွက်လာတာက FAWNလို့ခေါ်တဲ့နတ်သမီးလေးတစ်ပါးပါပဲ။ ရက်စက်တယ်လို့သတ်မှတ် ထားတဲ့အကောင် ကြီးတွေမှာလည်း သူတို့လိုနှလုံးသားရှိလေတော့ သိမ် မွေ့နူးညံခြင်းတွေရှိမှာပဲလို့သူခံစားနေရတယ်။ အဲ့ဒါကြောင့် ရှေးအစဉ် အလာသတ်မှတ်ချက်တွေကို ဆန့်ကျင်ပြီး ရက်စက် ပါတယ်ဆိုတဲ့အကောင်တွေကိုလက်ပွန်းတနီးနေကြည့်တယ်။ အဲ့ဒါကြောင့် ကာကွယ်ရေးအဖွဲ့တွေရဲ့အမြင်စောင်းမှုခံရသလို ဘုရင်မ သတိထားမိစရာ လည်းဖြစ်လာတယ်။ ဒါပေမဲ့သူလက်မလျှော့ခဲ့ပါဘူး တစ်နေ့တော့ အလွန် တရာကြီးမားတဲ့ ခြေ၄ချောင်းနဲ့အကောင်ကြီးကို ဂူတစ်ဂူမှာတွေ့ခဲ့တယ်။ အဲ့ဒီအကောင်ကြီးရဲ့အခက်အခဲ ကိုဖြေရှင်းပေးတော့ သံယောဇဉ်တွေတွယ် မိကြတယ်ပေါ့။ ဒါပေမဲ့ အဲ့ဒီအကောင်ကြီးဟာ ရှေးကရေးခဲ့တဲ့စာတွေအရ အန္တရယ်အရှိဆုံး အကောင်ကြီးဖြစ်နေတဲ့အပြင် သဘာဝလွန်ဖြစ်ရပ်တွေနဲ့ သူတို့နတ်ဘုံလေးကိုဖျက်ဆီးမဲ့သူဖြစ်နေတယ်ဆိုပါတယ်။ ကာကွယ်ရေးအဖွဲ့ တွေရယ် FAWNလို့ခေါ်တဲ့နတ်သမီးလေးရယ် ခြေ၄ချောင်းပါကြောက်စရာ အကောင်ကြီးရယ် ဆက်ဖြစ်မဲ့အကြောင်းအရာတွေက တကယ့်ကို စိတ်ဝင် စားစရာပါ ဒီကားက ANNIMATIONကားဆိုပေမဲ့ ကလေးတွေအတွက်ရော လူကြီးတွေအတွက်ရောပါ ဆင်ခြင်စရာတွေပေးတဲ့ဇတ်ကားလေးပါ။ ရှေးရိုး စွဲအယူအဆတွေကို တစ်ဖက်ပိတ်အမြင်တွေနဲ့ဆုံးဖြတ်တာတွေရယ်၊ ဖြူစင် တဲ့နှလုံးသားစေရာအတိုင်းလုပ်ခဲ့တာတွေ၊ စူးစမ်းဆင် ခြင်စိတ်လေးတွေရဲ့ ကောင်းကျိုးအဖြစ် Messageပေးတဲ့ဇာတ်ကားလေးပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Phyo Pyae မှရေးသားပေးပြီး၊ ဘာသာပြန်ရေး သားပေးသူကတော့ Hnin Wut Yi Myaing ဖြစ်ပါတယ်) File Size……….(1.49 GB) / (674 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 16Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Adventure, Family Translator…….Hnin Wut Yi Myaing Encoder……….SWM

Family • Music • Comedy • Adventure • Animation
7.1 2014
Tinker Bell and the Legend of the NeverBeast
Once Upon a Studio

ကျွန်တော်တို့ရဲ့ ငယ်ဘဝကို တစ်ဖက်တစ်လှမ်းကနေ ပြည့်စုံအောင် ဖန်တီးပေးခဲ့တဲ့ Disney Studioက နှစ် ၁၀၀ ပြည့်မြောက်ခဲ့ပါပြီ။ Disneyက သူတို့ရဲ့ နှစ်၁၀၀ပြည့် အထိမ်းမှတ်အတွက် အောက်တိုဘာ ၁၆ရက်နေ့က Disney+ နဲ့ Hulu မှာ ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုအတိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အဆိုပါ ဗီဒီယိုမှာ Disney ရဲ့ Charactersတွေ အကုန်လုံးကို တစ်စုတစ်စည်းတည်း မြင်တွေ့ရမှာပါ။ Disney ကို ကြည့်ဖူးတဲ့လူတိုင်းအတွက် ယခုဗီဒီယိုအတိုလေးက သင့်ရဲ့ တစ်နေ့တာကို ပြည့်စုံစေမှာပါ။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(159 MB)/(89 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:09:00 Genre…Family, Animation, Fantasy, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

0 2023
Once Upon a Studio
Pusher II

Pusher 1 အပြီး ၈ နှစ်အကြာမှ ဆက်ထုတ်ခဲ့တဲ့ Pusher 2 လာပါပြီ။ IMDb မှာလည်း Pusher 1 နည်းတူ 7.3 ရရှိထားပါတယ်။ ဒီကားက ပထမကားထက်ပိုကောင်းလာပါတယ်။ Pusher 1 မှာ အရံဇာတ်ကောင်အနေနဲ့ပဲပါ၀င်ခဲ့ရတဲ့ Mads Mikkelsen ရဲ့ တိုနီဇာတ်ကောင်ဟာ Pusher 2 မှာတော့ အဓိကဇာတ်ကောင်ဖြစ်လာခဲ့ပါပြီ။ တိုနီတစ်ယောက် ထောင်ကပြန်လွတ်လာခဲ့ပြီ ဒါပေမဲ့ သူပြန်လာခဲ့တဲ့ကမ္ဘာကြီးကတော့ သူ့အပေါ် ခက်ထန်ကြမ်းတမ်းနေဆဲပဲ။ မိသားစု၀င်၊ အသိမိတ်‌ဆွေ နဲ့ ရည်းစားတို့ဟာလည်း အရင်အတိုင်းပဲ ထူးမခြားနား။ ယုံကြည်လို့မရဘူး။ ဇာတ်လမ်းအစမှာ တိုနီဟာ ထောင်ကနေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာပြီး သူ့ဘ၀ကိုအစကနေပြန်စဖို့ရာမျှော်လင့်ချက်နဲ့ အဖေဖြစ်‌သူဆီရောက်ချလာပါတယ်။ အဖေ နဲ့ ဦးလေးဖြစ်သူတို့ကလည်း ကားလုပ်ငန်းကိုဗန်းပြပြီး မှောင်ခိုလုပ်ငန်းလုပ်ကိုင်တဲ့ ရာဇ၀တ်သားအကြီးစားတွေပဲ။ အဖေဆီအလုပ်၀င်ရင်း အဖေ့ဆီကအလေးပေးမှုကို ငတ်မွတ်တောင်းတနေတဲ့တိုနီရဲ့ ဘ၀ထဲကို ကိုကင်းစွဲနေတဲ့ ရှားလက်လို့အမည်ရတဲ့ တစ်ချိန်ကပတ်သက်ခဲ့ဖူးတဲ့ ပြည့်တန်ဆာမတစ်ဦးပါ ထပ်မံရောက်ချလာပြန်ပါတယ်။ ရှားလက်က လင်ကောင်မပေါ်ဘဲမွေးထားတဲ့ သူ့ရဲ့ကလေးကို ‌တိုနီနဲ့သူနဲ့ရထားတဲ့ ကလေးပါလို့စွပ်စွဲပြီး နဂိုကတည်းကတောင် ဒစ်လည်နေတဲ့ ဆေးသမားတိုနီရဲ့ဘ၀ကြီးကို ချောက်ထဲပြန်ကျအောင်ထပ်ပြီးဆွဲချပါတော့တယ်။ ဒီရုပ်ရှင်ထဲမှာ တိုနီနဲ့ပတ်သက်တဲ့ ဇာတ်ကောင်အသစ်တွေအများပါ၀င်လာပြီး ပထမရုပ်ရှင်မှာပါ၀င်ခဲ့တဲ့ ဖရန့်ခ်ကတော့ ပြန်လည်ပါ၀င်ခြင်းမရှိတော့သလို စားသောက်ဆိုင်ပိုင်ရှင် မူးယစ်ရာဇာ မီလိုလည်း မိနစ်အနည်းငယ်ပဲပြန်လည်ပါ၀င်လာခဲ့ပါတယ်။ Pusher 2 ရဲ့ Genre က Action, Crime, Drama ဖြစ်သွားပြီး Pusher 1 မှာအရန်အနေနဲ့ပဲထည့်သွင်းခဲ့တဲ့ တိုနီကာရိုက်တာရဲ့အကြောင်းကို ဒီရုပ်ရှင်မှာ ဒရာမာပါရောပြီး အကျယ်တ၀င့်ရိုက်ပြထားပါတယ်။ အထူးသဖြင့် တိုနီကို သူရဲဘောကြောင်တဲ့ငကြောက်လို့မြင်ခဲ့ကြပေမဲ့ တကယ်တမ်းကျ တိုနီရဲ့စရိုက်သဘာ၀ဟာ ဒီထက်နက်နဲနေတာကို မထင်မှတ်ထားတဲ့အရာတွေနဲ့အတူ ဒီရုပ်ရှင်မှာမြင်တွေ့လာရမှာပါ။ Pusher 1 ထက်အများကြီးပိုကောင်းလာတာမို့ ပထမကားကိုကြိုက်ခဲ့ရင် ဒီကားကိုလည်းအကြိုက်တွေ့မှာအသေချာပါပဲ။ ယုတ်မာရိုင်းစိုင်းတဲ့အသုံးအနှုန်းတွေအပြင် ဟိုအခန်းဒီအခန်းတွေပါ ပါ၀င်တာကိုတော့ သတိချပ်စေလိုပါတယ်။ File size…(2.9 GB)/(1.7 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre…Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2004
Pusher II
Fruitcake
6.9

Fruitcake 2024 (သီးစုံကိတ်) Genre – Comedy, Romance ပေါ့ပေါ့ပါးပါးနဲ့ စိတ်ကြည်နူးဖွယ် မနီလာမြို့က လူငယ်လေးတွေရဲ့ ရယ်စရာမောစရာလေးများ အချစ်အကြောင်းလေးများကို ရိုက်ကူးထားတဲ့ ဖိလစ်ပိုင်ရုပ်ရှင်လေး ဖြစ်ပါတယ်။ ကျောင်းမတက်ပဲ ဂိမ်းပဲ အမြဲတမ်းဆော့နေပြီး ဆိုးသွမ်းတဲ့ ညီငယ်နဲ့ နာမကျန်းဖြစ်နေတဲ့ ဖခင်ကို ရရာအလုပ်လုပ်ပြီး ဦးဆောင်နေတဲ့ အစ်ကိုကြီးတစ်ယောက်ရဲ့ ဖြတ်သန်းရပုံ။ ဆွေမျိုးရှိတဲ့ မြို့ကိုလာပြီး ရည်းစားဟောင်းဖြစ်သူနဲ့ ပြန်ပေါင်းထုပ်ချင်နေတဲ့ ရွာသားကောင်လေးရဲ့ အလွဲအချော်များ ။ ရေကူးအဖွဲ့ထဲမှ သူငယ်ချင်းနှစ်ယောက်ရဲ့ ဘော်ဒါမကျ ဘာမကျကနေ ဘယ်လိုဆက်ဖြစ်လာမလဲ မသိရတဲ့ ဇာတ်လမ်းလေး။ မားမားဘွိုင်းလေးတစ်ယောက် ကျောင်းမှာ အနိုင်ကျင့်ခံရပြီး ဘယ်လို ပြဿနာတက်မလဲ မသိရတဲ့ ဇာတ်လမ်းလေး စသဖြင့် တခြားဇာတ်ကောင် ဇာတ်လမ်းလေး စုံလင်စွာနဲ့ မနီလာမြို့ အခြေပြု ပုံဖော်ထားတဲ့အတွက် ကြည့်ရှုအားပေးဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Team ဖြစ်ပါတယ်)

Animation • Fantasy • Drama
6.9 2024 97 mins
Fruitcake
A Place Called Silence
6.1

CM ချစ်ပရိသတ်တို့အတွက် ဇာတ်ကားကောင်းလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… လူဆိုတာ တစ်ချိန်မှာ ကျောက်တုံးလို မာကျောလာနိုင်တယ်… အမှန်တရားက တူတစ်ချောင်းလိုပဲ… ကျောက်တုံးကိုတောင် ချေမွနိုင်တဲ့ တူတစ်ချောင်းပေါ့… ဒါပေမယ့် အမှန်တရားဆိုတဲ့ တူ ကို ကျောက်တုံးတွေအများကြီးက ဖုံးအုပ်လိုက်ရင်တော့… ကျောက်တုံးတစ်တုံးက စတေးပြီး တူတစ်ချောင်းရဲ့ အင်အားကို ပြန်ဖော်ထုတ်ဖို့ လိုအပ်သွားပြီပေါ့… ဟုတ်ပါတယ်… ဒီဇာတ်ကားလေးက မိန်းကလေးကျောင်းမှာ ဖြစ်ပျက်တဲ့ ကျောင်းသားချင်း အနိုင်ကျင့်မှုအကြောင်းကို အခြေခံ ရိုက်ကူးထားတာပါ… ဒီမိန်းကလေးကျောင်းရဲ့ ထူးခြားချက်ကတော့ သာမန်ကလေးတွေသာမကဘဲ အထူးဂရုစိုက်ဖို့လိုတဲ့ ကလေးတွေပါ တက်တဲ့ကျောင်းလေးပေါ့… ဒါကြောင့်လည်း အထူးဂရုစိုက်ဖို့ လိုတဲ့ ကလေးတွေ အနိုင်ကျင့်ခံရတဲ့ ကိစ္စဖြစ်ခဲ့တာပေါ့… ဒါပေမယ့် တကယ် ရဲတွေ လိုက်ခဲ့တာကတော့ ဒီအမှုမဟုတ်ဘဲ.. ကျောင်းသူပျောက်သွားတဲ့ အမှုကိုပါ… ဘာကြောင့်မှန်းမသိ ကျောင်းသူ ၃ ယောက် ပျောက်သွားတာကို လူပျောက်တိုင်ရာကနေ အမှုစစ်ဆေးဖို့အထိ ဖြစ်လာခဲ့တာပါ… တိုက်တိုက်ဆိုင်ဆိုင် မျက်မြင်သက်သေထဲမှာ မွေးရာပါ စကားမပြောနိုင်တဲ့ကျောင်းသူလေးပါနေခဲ့တယ်… နောက်ဆုံး ဒီကလေးမလေးပါ ပျောက်သွားခဲ့တာပါ… ကဲ ရဲတွေ ပျောက်ဆုံးနေတဲ့ ကျောင်းသူတွေကို ပြန်ရှာတွေ့နိုင်မှာလား… တခြား ဘာအမှုတွေနဲ့ပါ ချိတ်ဆက်နေဦးမှာလဲ… နောက်ပြီး ဒီကျောင်းကြီးရဲ့ လျို့ဝှက်ချက်ကရော ဘာရှိနေမှာလဲ…

6.1 2024
A Place Called Silence
Dinosaur
6.4

Dinosaur (2000) IMDb Rating (6.4) / Rotten Tomatoes (65%) ဆုတွေအများကြီးရထားတဲ့ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ နာမည်ကြီး live-action အင်နီးမေးရှင်း ဇတ်ကားကောင်းတစ်ခု.. ကမ္ဘာပေါ်မှာ ဒိုင်နိုဆောတွေဟာ လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၂၄၅ နှစ်ကပေါ်လာခဲ့ပြီးလွန်ခဲ့တဲ့ နှစ် ၆၆သန်းမှာမျိုးတုန်းပြီးပျောက်ကွယ်သွားခဲ့ပါတယ်။ ဒိုနိုဆောဆိုတဲ့နာမည်ဟာ ဂရိဘာသာစကားကနေဆင်းသက်လာပြီးကြောက်စရာကောင်းတဲ့ အိမ်မြှောင်ကြီးလို့အဓိပ္ပါယ်ရပါတယ် ။ ဒိုင်နိုဆောတိုင်းကတော့ ကြောက်စရာကောင်းနေတာမဟုတ်ပါဘူး။ ရုပ်ကြွင်းတွေကနေဖော်ထုတ်ချက်အရ ဒိုင်နိုဆောတွေဟာတစ်ကယ်ရှိခဲ့တဲ့သတ္တဝါတွေဖြစ်ပြီး မျိုးစိပ် ၇၀၀ နဲ့ အမည်အတိအကျပေးနိုင်တာ မျိုးစိပ် ၃၀၀ ရှိပါတယ်။ လီးမာကောင်လေးတွေကတော့ မျောက်နဲ့တူပေမယ့် မျောက်မဟုတ်ပါဘူး ။သူ့ကို လူ မျောက် မျောက်ဝံတွေနဲ့အတူ ပရိုင်းမိတ်အုပ်စုထဲပဲထည့်ထားပါတယ် လီးမာတွေကဒိုင်နိုဆောတွေမျိုးမတုန်းခင် လွန်ခဲ့တဲ့နှစ် ၆၅ကနေ၇၅သန်းအတွင်းပေါ်လာခဲ့တယ်လို့ဆိုကြပါတယ်။ ဇတ်လမ်းအကျဥ်း လွန်ခဲ့နှစ်ပေါင်း၆၅သန်းခန့်ကလီးမာသတ္တဝါလင်မယား”ယာ”နဲ့“ပလီယို”ကတစ်နေ့မှာဒိုင်နိုဆောဥတစ်လုံးကိုတွေ့လို့ လွှင့်ပစ်မယ်လုပ်တုန်း မလွှင့်ပစ်နိုင်ပဲ ဥထဲကနေဒိုနိုဆောလေးပေါက်လာတဲ့အခါ သူတို့ရဲ့မွေးစားသားလေး “အလက်ဒါ” ဖြစ်လာပါတယ် ။ အလက်ဒါလေးကအသီးအရွက်စား ဂျက်ကာဆောရပ်စ် အမျိုးအစားဒိုင်နိုဆောလေးပါ။သူက iguanodonမျိုးထဲပါပါတယ်။ ပလီယိုတို့မှာ“ဇင်နီ”ဆိုတဲ့သားတစ်ယောက်နဲ့ “ဆူရီ” ဆိုတဲ့သမီးလေးတစ်ယောက်ရှိပါတယ်။အလက်ဒါလေးအရွယ်ရောက်လာပါတယ်။လီးမားလေးတွေနဲ့ဆော့ကစားပျော်ရွှင်နေပါတယ် ။တစ်ခါမှတော့ တစ်ခြားဒိုင်နိုဆောတွေကိုသူမတွေ့ဖူးသေးပါဘူး။ ဇင်နီလေးကလည်းကြင်ဖက်ရှာဖို့ကြိုးစားပေမယ့် မရရှာပါဘူး။ အဲဒီနေ့မှာပဲကောင်းကင်က ဥက္ကာခဲတွေ မီးလုံးတွေကျလာပြီးတစ်တောလုံးပျက်စီးမီးလောင်တော့” ယာ”တို့ မိသားစုလေးယောက်နဲ့ အလက်ဒါတို့အသက်လုထွက်ပြေးရပါတယ်။ ထွက်ပြေးရင်းနောက်ကနေစားဖို့လိုက်လာတဲ့ကာနိုတောရပ်စ်အသားစားဒိုင်နိုဆောတွေလက်ကနေလွတ်အောင်အသက်လုပြေးရပြန်ပါတယ်။ သိပ်မကြာခင်မှာပဲ တစ်ခြားဒိုင်နိုဆောအုပ်နဲ့သွားတွေ့ပါတယ် ။ သူတို့က ဥဥပြီးအသိုက်လုပ်မယ့် နေရာကိုသွားနေကြတာပါ။ နောက်ကျကျန်ရစ်တဲ့သက်ကြီးဒိုင်နိုဆောတွေကို အလက်ဒါကစောင့်ခေါ်ပေးပါတယ် ။ သူတို့ကအမှီမလိုက်နိုင်လို့စောင့်ခေါ်ပေးဖို့ အုပ်စုခေါင်းဆောင်“ခရွန်”ကိုပြောတဲ့အခါခရွန်ကလက်မခံပါဘူး ။ အလက်ဒါက ခရွန့်ရဲ့ ညီမ” နီးရာ” နဲ့စတွေ့ပါတယ်။ အသားစားကာနိုတောရစ်ပ်တွေက နောက်ကဆက်လိုက်လာပါတယ်။ အလက်ဒါတို့အုပ်စုဘာတွေကြုံရမလဲခရွန်တို့အုပ်စုဘာတွေဖြစ်ကြမလဲ ဥဥပြီးအသိုက်လုပ်မယ့်နေရာကဘယ်လိုမျိုးလဲ ရောက်ရောရောက်ကြပါ့မလားဆိုတာကတော့ဖန်သားပြင်ပေါ်ဆက်ကြည့်ကြပါ။ ဇတ်ကားမှာ သဘောကျမိတဲ့အချက်တွေဒီကားမှာတေးဂီတပိုင်းကိုကြိုက်ပါတယ်။ ဥက္ကာပျံဥက္ကာခဲတွေကျပြီးတစ်တောလုံးမီးလောင်လို့ကျန်တဲ့သူတွေအကုန်သေဆုံးကုန်တာကို ဝမ်းပမ်းတနည်းငေးကြည့်နေကြတဲ့အခန်းမှာသုံးထားတဲ့ဂီတကတကယ်ကို ဝမ်းနည်းစရာကောင်းပါတယ်။ ဇတ်ကားသမိုင်းကိုရှာကြည့်တော့ ဒီဇတ်ကားရဲ့ တေးဂီတကဆုတွေရထားပါတယ်။ နောက်ခံ အသံသရုပ်ဆောင်တွေကလည်းတစ်အားကောင်းပါတယ်။ သဘာဝကျသလိုဆွဲဆောင်မှုရှိပြီးဇတ်ကောင်တွေကအသက်ဝင်လာပါတယ်။ အလက်ဒါအဖြစ်သရုပ်ဆောင်တဲ့Daniel Bernard Sweeney ရဲ့အသံချိုချိုလေးက သဘောကျစရာကောင်းပါတယ်။ ဇတ်သိမ်းမှာပလီယိုပြောတဲ့စကားလေးတွေကလည်းတကယ်ကိုနှစ်သက်စရာကောင်းပါတယ်။ ဟုတ်ပါတယ် ဒီရုပ်ရှင်လေးကြောင့်ပဲပရိသတ်တွေက “သူတို့ရဲ့အဲဒီမှာရှိခဲ့တဲ့ချိန်တွေကိုနည်းနည်းလေးဖြစ်ဖြစ်နောင်မှာအမှတ်ရနေကြမှာပါ” ကွန်ပြူတာနဲ့ ဇတ်ကောင်တွေကိုဖန်တီးထားပေမယ့်နောက်ခံကတော့ရိုက်ကွင်းအစစ်တွေကိုသုံးထားပြီးဗင်နီဇွဲလားနိုင်ငံ အမျိုသားဥယျဥ်နဲ့အိန်ဂျယ်ရေတံခွန်ကိုတွေ့ရမှာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားပြည်နယ်ထဲကနေရာတွေ ဖလော်ရီဒါပြည်နယ်ထဲကနေရာတွေ ဟာဝိုင်ယီကျွန်းစုထဲကကျွန်းနှစ်ကျွန်းသြစတေးလျနိုင်ငံနေရာတစ်ချို့ ဆမ်မိုအာကမ်းခြေနဲ့ဂျော်ဒန်နိုင်ငံရိုက်ကွင်းတွေပါပါတယ်။ ဒါကြောင့်မို့ ရူခင်းရူကွက်တွေကတကယ်ကို သဘာဝကျလှပနေတာပါ။ ဒါရိုက်တာက Eric Leighton နဲ့RalphZondag ဖြစ်ပါတယ်။ တကယ်ကိုကောင်းပါတယ် ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ဖြစ်ပါတယ်။) File size…(1.6 GB) / (930 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Adventure, Animation, Drama, Family Duration….01:22:57 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Khin Sakar Khin

Action
6.4 2000 82 mins
Dinosaur
Red Blood Rescue
5.9

ဒီတစ်ခါတော့ မြန်မာနိုင်ငံမကဘူး တစ်ကမ္ဘာလုံး ကြုံတွေ့နေရတဲ့ ကပ်ဆိုးထဲက တစ်ခုဖြစ်တဲ့ မှောင်ခို ကလေးရောင်းဝယ်ရေးနဲ့ တရားမဝင် ကိုယ်တွင်း ကလီစာ ထုတ်ရောင်းဝယ်ရေးလုပ်ငန်းရဲ့ အမှောင်တစ်ခြမ်းကို ပုံဖော်ရိုက်ကူးထားတဲ့ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီကားထဲမှာ သမီးလေးကို မျက်စိရှေ့မှာ လုယူခံလိုက်ရတဲ့ ကျန်းလီတစ်ယောက်က အပိုမပါတဲ့ အသက်တစ်ချောင်းနဲ့ လောင်းကြေးထပ်ပြီးတော့ သူ့သမီးကို ရအောင်ကယ်ဖို့ ကြိုးစားနေတဲ့ အခိုက်အတန့်ကို ရိုက်ကူးပုံဖော်ထားတာပါ… ကျန်းလီဟာ တစ်ဦးတည်း တခြားဒေသအထိကို သွားပြီး သဲလွန်စရခဲ့ပေမယ့် သူ့သမီးရှောင်ရှောင်အစား ရှောင်ကျန်းဆိုတဲ့ သူ့သမီးလေး ဂါဝန်ဝတ်ထားတဲ့ ကလေးလေးကိုပဲ တွေ့ခဲ့တယ်… နောက်တော့ ရှောင်ကျန်းလေးကို ကယ်တင်ပေးခဲ့ရာကနေ ဒီမြွေနီဆိုတဲ့ ဒုစရိုက်ဂိုဏ်းရဲ့ လမ်းစကို သိမြင်ခဲ့တာပေါ့… ဒီမြွေနီဂိုဏ်းခေါင်းဆောင်ဆိုတာလည်း ခေသူမဟုတ်တဲ့ ဒေသခံ ခရိုနီတစ်ယောက်လည်းဖြစ်… ဒေသခံ ရဲစခန်းမှူးကြီးနဲ့တောင် ပုခုံးဖက်ပေါင်းနိုင်တဲ့အထိ ပေါက်ရောက်သူကဖြစ်နေပြန်ရော… ဒီတော့ ကျန်းလီတစ်ယောက် သူ့သမီးလေးကို ရှာတွေ့ပြီး ကယ်တင်နိုင်မှာလား… မြွေနီဂိုဏ်းရဲ့ အမှောင်လောကရော လူတွေရှေ့မှာ ပေါ်ထွက်လာပါ့မလား… ရှောင်ကျန်းလေးကရော ဘာတွေဆက်ဖြစ်မှာလဲ… ဇာတ်ကားလေးကို ကြည့်ပြီး အိမ်မှာ ကလေးတွေရှိရင်လည်း ရန်သူမျိုး ၅ ပါးမကတဲ့ ခေတ်ပျက်ကြီးထဲမှာ ကိုယ့်အဖိုးတန်ရတနာလေးတွေကို တန်ဖိုးထားဖို့ မေတ္တာရှေ့ထား သတိပေးလိုက်ပါတယ်နော်…

Animation • Comedy • Mystery • Family • Fantasy • Adventure • Horror
5.9 2025
Red Blood Rescue
The Teacher Who Promised the Sea
7.4

The Teacher Who Promised the Sea (2024) IMDb Rating (7.4) / Rotten Tomatoes (100%) တစ်ခါတလေကျ ရုပ်ရှင်မှာ ပြဿနာတစ်ခုရှိတယ်။ အဲဒီပြဿနာကို တန်ဖိုးဖြတ်ပုံ စံနှုန်းမတူညီခြင်းလို့ ခေါင်းစဉ်တပ်လည်းရတယ်။ ခံစားပုံခံစားနည်းခြင်းမတူလို့ ခံစားချက်ကွဲသွားတယ်ပြောလည်းရတယ်။ ဥပမာဆို ကျွန်တော်က ကျွန်တော်နေတဲ့ မြို့ကလေးကို ရည်းစားစာပေးတဲ့အနေနဲ့ ကျွန်တော်က ဇာတ်လမ်းတစ်ပုဒ် ရိုက်လိုက်တယ်ထား။ ကျွန်တော်ကတော့ ဇာတ်ကောင်ကို အဓိကမထားဘဲ ဒီမြို့ကလေးရဲ့ သမိုင်းကြောင်းနဲ့ ဒီမြို့ကလေးနဲ့ ဒီမြို့သားတွေရဲ့နှလုံးသားနဲ့ကြားက ကွင်းဆက်လိုဖြစ်နေတဲ့ နေရာတွေကို အဓိကရိုက်ပြလိုက်မှာပဲ။ ဒီအခါ ဒီမြို့ရဲ့သမိုင်းကို သိကြတဲ့လူတွေအတွက်တော့ ဒီနေရာတွေကို ပြတာက ထိခတ်ချင် ထိခတ်မယ်။ မသိတဲ့လူတွေအတွက်တော့ ဘာတွေလာပြနေတာလဲဆိုပြီး နည်းနည်းဝေးသွားလိမ့်မယ်။ ဘာကြီးလဲလို့ ပြောစရာဖြစ်ချင်ဖြစ်သွားလိမ့်မယ်။ တစ်ခါတလေကျ ရုပ်ရှင်မှာ အဲဒီလိုပြဿနာမျိုး ရှိတယ်။ စကားလုံးနဲ့မဟုတ်တဲ့အတွက် ယူသလိုပဲရတဲ့ ပမာဏက ပိုမြင့်မားသွားတတ်တယ်။ ဒီရုပ်ရှင်ကလည်း အဲဒီလိုပြဿနာရှိတဲ့ ရုပ်ရှင်မျိုးပဲ။ ဒုတိယကမ္ဘာစစ်မတိုင်ခင်က ဖြစ်ခဲ့တဲ့ စပိန်ပြည်တွင်းစစ်ကာလထဲ အသတ်ခံရသူတွေ တွေ့ကရာနေရာမှာ အမြုပ်ခံလိုက်ရတဲ့သူတွေ ထောင်ပေါင်းများစွာ ရှိခဲ့တယ်။ ၁၉၃၀နှောင်းကတည်းက ဖြစ်ခဲ့တဲ့ ကိစ္စတွေပေမဲ့ အခုထက်ထိ ဒီသုဿန်မြေတွေကို သူတို့က တူးနေကြတုန်းပဲ။ အတိတ်ကို ပြန်ဖော်နေကြတုန်းပဲ။ အဲဒီအကြောင်းတွေကို ရိုက်ပြထားတဲ့ စပိန်ရုပ်ရှင်တွေဆိုတာလည်း ဒါပထမဆုံးတော့ မဟုတ်ဘူး။ ဒါကို အစိမ်းသက်သက်တွေ လက်ထဲ သွားထည့်ပေးလိုက်ရင်တော့ ဒီရုပ်ရှင်က ဘာကြီးလဲလို့ ပြောစရာတော့ ရှိပေမဲ့ သူ့တန်ဖိုးစံနှုန်းနဲ့ သူတော့သွားတာပါပဲ။ ဒီရုပ်ရှင်ဟာ အတိတ်အကြောင်းပါပဲ။ အမေ့ဖျောက်ခံရတဲ့ သမိုင်းတစ်ခုကို မမေ့ချင်သူတွေအကြောင်းပါပဲ။ မလှတဲ့အတိတ် မလှတဲ့သမိုင်းကိုပေါ့။ သမိုင်းဆိုတာ လှတာပဲဖြစ်ဖြစ် မလှတာပဲဖြစ်ဖြစ် သယ်ဆောင်သွားဖို့လိုတာပါပဲ။ အတိတ်တွေဆိုတာ ဘယ်တော့မှ ဖယ်ရှားပစ်လို့မရတဲ့ လှေကားထစ်တွေလို ကျွန်တော်တို့ရဲ့လမ်းအစတွေ ဖြစ်ခဲ့တယ်။ နိုင်ငံရေးမှာပဲဖြစ်ဖြစ် အနုပညာမှာပဲဖြစ်ဖြစ် ဘဝမှာပဲဖြစ်ဖြစ် အတိတ်သမိုင်းဟာ အမြဲတမ်းလက်ရှိတွေ ဖြစ်တည်လာခြင်းရဲ့ အကြောင်းရင်းအဖြစ် ရှိနေလိမ့်မယ်။ သူတို့အတိတ်ကို သူတို့မမေ့ကြတဲ့ ရုပ်ရှင်တွေကို ကျွန်တော် သဘောကျပါတယ်။ ဒီရုပ်ရှင်ကိုလည်း သဘောကျတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(2.3 GB) / (1 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,History Duration….01:46:45 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by WiRa Aung

Action • Drama • Crime
7.4 2024 105 mins
The Teacher Who Promised the Sea
Aap Jaisa Koi
6.3

Aap Jaisa Koi (2025) “အသက်လေးဆယ် ရင်ခုန်သံ” 3 Idiots ထဲက မသိသူမရှိတဲ့ မင်းသားကြီး R. Madhavan ပါဝင်ထားတဲ့ romantic/ comedy နက်ဖလစ်ရုပ်ရှင်အသစ်လေးကို တင်ဆက်လိုက်ပါတယ် ဇာတ်လမ်းအကျဉ်းအနည်းငယ်ပြောရရင်တော့ ရှရီးဟာ လူပျိုစစ်စစ်ကြီးတစ်ယောက်ပါ ငယ်ငယ်က မိန်းကလေးတစ်ယောက် ငြင်းတာခံရလိုက်ရတဲ့အပြင် ကျိန်စာပါတိုက်ခံလိုက်ရတာကြောင့်လားမသိ ၄၂ နှစ်အရွယ်ထိကို လူပျိုရည်မပျက်နိုင်ဘဲရှိပါတယ် အလုပ်အကိုင်ကလည်း ကျောင်းဆရာ၊ ဆရာကိုမှ သက္ကတဘာသာစကားကို သင်တဲ့ဆရာဖြစ်နေတော့ ဘယ်မိန်းကလေးမှ သူ့ကို စိတ်မဝင်စားကြဘူးပေါ့ တစ်ရက်တော့ သူနဲ့ စရိုက်လက္ခဏာချင်း လုံးဝဆန့်ကျင်ဘက်ဖြစ်နေသူ မိန်းကလေးတစ်ယောက်ကို တွယ်ငြိမိမှပဲ သူတိုစုံတွဲဟာဆိုရင် လူ့အဖွဲအစည်းရဲ့ သတ်မှတ်ချက်တွေ၊ ကန့်ကွက်မှုတွေကို ဘယ်လိုကျော်လွှားလို အချစ်ရေးအဆင်ပြေအောင် ကြိုးစားကြမလဲဆိုတာ ပရိသတ်တိုပဲ ဆက်လက်ကြည့်ရှုလိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Comedy • Drama • Romance
6.3 2025 115 mins
Aap Jaisa Koi