YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

V.H.S Halloween (2025) 1080p HEVC WEB-DL [RMC].mp4

2.43 GB N/A video/mp4 3 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Samsara
7.4

ကားနာမည်ကိုက သံသရာဆိုတော့ သိတော့သိသာပါတယ်။ ဗုဒ္ဓဘာသာကို အခြေတည်ထားတဲ့ ရုပ်ရှင်။ အတိအကျဆို တိဘက်ဗုဒ္ဓဘာသာကို အခြေတည်ထားတဲ့ ရုပ်ရှင်။ အဓိကဇာတ်လိုက်က တိဘက်က ကိုယ်တော်တစ်ပါး။ ထူးတာက ဇာတ်ကတော့ ဒီကိုယ်တော်ကိုပဲ တည်ထားပေမဲ့ အဲဒီကိုယ်တော်ကို သိဒ္ဓတ္ထမင်းသားရဲ့ ပုံစံငယ်လိုလိုသဘောမျိုးနဲ့ပြသွားတယ်။ ပုံစံငယ်လို့ပြောရတာလည်း သိပ်တော့မဟုတ်သေးဘူး။ ပြောရရင် သိဒ္ဓတ္ထမင်းသားနဲ့ ခပ်ဆင်ဆင်အဖြစ်မျိုးတွေ ဒီကိုယ်တော်ဘဝထဲ သွတ်သွင်းပြီး ပြသွားတယ်ပေါ့။ ဒီတစ်ကားလုံးရဲ့ Main Plot ဟာလည်း ဒီကိုယ်တော်ရဲ့ သံသရာကလွတ်မြောက်ရာရှာခြင်းခေါ်မလား၊ ဉာဏ်အလင်းရှာခြင်းခေါ်မလား၊ အာသဝက္ခယဉာဏ်ကို ရှာတယ်ခေါ်မလား၊ အဲဒီအရာကို ရှာတဲ့ အကြောင်းအရာပဲ။ " ရေတစ်ပေါက်ကို ဘယ်တော့မှ မခန်းခြောက်အောင် ဘယ်လိုလုပ်ရမလဲ " ဟိမဝန္တာတောင်တန်းတစ်နေရာက ကောင်းကင်ကျယ်ကြီးထဲ ငှက်တစ်ကောင်ပျံနေတယ်။ ငှက်ဟာ သူ့ခြေသည်းတွေကြား ကျောက်ခဲတစ်ခဲကို သုတ်ထားတယ်။ တစ်နေရာအရောက်မှာ ငှက်ဟာ လေပေါ် ခဏတန့်ရင်း ကျောက်ခဲကို ပစ်ချလိုက်တယ်။ အဲဒီကျောက်ခဲဟာ ဆိတ်ရဲ့ ခေါင်းပေါ်တည့်တည့်ကျပြီး ဆိတ်သေသွားတယ်။ ဒါ ဇာတ်လမ်းရဲ့အစပဲ။ ဒီနောက် ဘုန်းကြီးတစ်ဖွဲ့ဟာ ဂူပိတ် ကမ္မဋ္ဌာန်းထိုင်နေတဲ့ ကိုယ်တော်တစ်ပါးကို သွားပင့်ကြတယ်။ ကိုယ်တော်ဟာ အဲဒီဂူထဲ သုံးနှစ်တာလုံး ကမ္မဋ္ဌာန်းထိုင်ပြီးခဲ့ပြီ။ ကိုယ်တော်ကိုပင့်ပြီး လားမားကျောင်းတော်ကို ပြန်ခေါ်လာကြတယ်။ သိပ်မကြာလိုက်ပါဘူး။ ကိုယ်တော်ဟာ ရွာတစ်ရွာက ကောက်ရိတ်သိမ်းပွဲကိုသွားဖို့ အကြောင်းဖန်လာပြီ။ ရေစက်လို့ပဲဆိုဆို ဝဋ်ကျွေးလို့ပဲဆိုဆို ကိုယ်တော်ဟာ မိန်းမလှလေးတစ်ယောက်နဲ့ ဆုံဖို့ အကြောင်းဖန်လာခဲ့ပြီ။ အဲဒီညမှာ ကိုယ်တော်ဟာ မိန်းမလှလေးရဲ့ အထိအတွေ့ကို အိပ်မက်မက်တယ်။ ဒီလိုနဲ့ ကျောင်းကို ပြန်လာခဲ့ပေမဲ့ ကိုယ်တော့်စိတ်ထဲ ဒီအိပ်မက်က တွယ်ငြိနေတုန်းပဲ။ ဒီလိုနဲ့ ကိုယ်တော်ဟာ သူ့ဆရာကို ဗုဒ္ဓဟာ သက်တော် ၂၉မှ တောထွက်ခဲ့တဲ့အကြောင်း၊ လောကီကို စွန့်လွှတ်ဖို့ လောကီမှာ အရင်ကျင်လည်ဖူးရမယ်ထင်ကြောင်း ပြောလာတယ်။ ဒီမှာ သူ့ဆရာက သူ့ကို လောကီဘောင်ထဲ သွားဖို့ ခွင့်ပြုလိုက်တယ်။ သူ့အိပ်မက်ဟာ အိပ်မက်မဟုတ်ကြောင်းလည်း ပြောပြလိုက်တယ်။ ဒီလိုနဲ့ ကိုယ်တော်ဟာ လူဝတ်လဲပြီး မိန်းမလှလေးရှိတဲ့ ရွာဆီ ထွက်ခွာလာခဲ့တယ်။ ဒီကနေမှ ဘုန်းကြီးလူထွက် လောကီဘောင်မှာ ကြုံရတဲ့ တဏှာတွေ၊ လောဘတွေ၊ ဒေါသတွေအကြောင်းကို ဆက်ပြတယ်။ ဒီလိုပြတဲ့နေရာမှာ လိင်ဆက်ဆံခန်း ၃ ၄ခန်း သုံးထားသလို သုံးထားသမျှ အခန်းတွေကလည်း တော်တော်လေး ကွက်ကွက်ကွင်းကွင်းဖြစ်တယ်။ ထူးတာက သုဇာတာပဲ။ ဃနာနို့ဆွမ်းကပ်ခဲ့တဲ့ သုဇာတာကို ဗုဒ္ဓဝင်ကို တီးမိခေါက်မိရှိရုံနဲ့တင် မသိသူမရှိပါဘူး။ ဒီမှာကျ သုဇာတာဆိုတဲ့ အမည်ကို သူရင်းငှားကုလားမလေးကို ပေးထားတယ်။ အဲဒီကုလားမလေးနဲ့ သူနဲ့ဖောက်ပြန်ခဲ့ခြင်းကလည်း သူ့ဉာဏ်အလင်းပွင့်မှုအတွက် အခရာကျတဲ့ တစ်ချက်လို့ပြောလို့ရတယ်။ သူ့ဆီကနေမှ မောဟ စဖြစ်လာတယ်ပြောလို့ ရလောက်တယ်။ တစ်ညမှာ သိဒ္ဓတ္ထမင်းသားက ယသောဓရာနဲ့ ရာဟုလာကို စကားတစ်ခွန်းမှမဆိုဘဲ ချန်ရစ်ခဲ့သလို သူလည်း ထိုနည်းလည်းကောင်းပဲ ထွက်ခွာလာခဲ့တယ်။ သံသရာကြီးတစ်ပတ်လည်ရင်း စမှတ်ကို ပြန်ရောက်သွားခဲ့တယ်။ သူဘုန်းကြီးပြန်ဖြစ်သွားပြီး တစ်နေ့ကျ သူ့မိန်းမရောက်လာတယ်။ သူစပြောတဲ့စကားက " ယသောဓရာ " တဲ့။ " ရှင် အဲဒီနာမည်ကို ကြားဖူးလား " တဲ့။ " သိဒ္ဓတ္ထမင်းသား ဂေါတမ သကျမုနိ ဗုဒ္ဓ လူတိုင်း အဲဒီအမည်နာမတွေကို သိကြတယ်။ ဒါပေမဲ့ ယသောဓရာကရော " ဆိုပြီး သူနဲ့အဖြစ်တူနေတဲ့ ယသောဓရာရဲ့ ခံစားချက် ဘယ်လိုနေမယ်ဆိုတာကို ဘုန်းကြီးကိုပြောပြတယ်။ ဒီအခန်းက ဒီရုပ်ရှင်ကို သာမန်ဗုဒ္ဓဘာသာအကြောင်း ရိုက်ပြထားတဲ့ ကားတွေနဲ့ အဓိကကွဲပြားစေတဲ့ အချက်ဖြစ်လိမ့်မယ်။ ဘယ်သူမှ တလေးတနက်မတွေးဖြစ်လောက်တဲ့ ယသောဓရာရဲ့ခံစားချက်ကို ကိုယ်တော့်ကို ပြောပြခဲ့တယ်။ ဒါပေမဲ့လည်း သူ့မိန်းမလည်း ယသောဓရာလိုပဲ သူ့တာဝန်သူကျေခဲ့တယ်။ ကိုယ်တော်ယူကြုံးမရဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ ငိုကြွေးချင်းအဆုံးမှာ သူအဖြေကိုတွေ့သွားတယ်။ " ရေတစ်ပေါက်ကို ဘယ်တော့မှ မခန်းခြောက်အောင် ဘယ်လိုလုပ်ရမလဲ " " ပင်လယ်ထဲ ပစ်ချလိုက်ရမယ် " ဟိမဝန္တာတောင်တန်းတစ်နေရာက ကောင်းကင်ကျယ်ကြီးထဲ ငှက်တစ်ကောင်ပျံနေတယ်။ ငှက်ကို ကိုယ်တော်မော့ကြည့်လိုက်တယ်... (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.23GB, 1.01GB Quality - 1080p, 720p IMDb Rating - 7.7/10 Format - mp4 Duration - 2H 18Min Genre - Adventure, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Drama
7.4 2002 138 mins
Samsara
Hidden
6.9

ဒီကားကတော့ သည်းထိတ်ရင်ဖို post-apocalypse ရုပ်ရှင်တွေကိုမှ ကြည့်ချင်တယ်ဆိုတဲ့ သူတွေအတွက် ကြည့်ကို ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကင်းစ်ဗီးမြို့မှာနေတဲ့ သာမာန်မိသားစုလေးဖြစ်တဲ့ ရေးလ်၊ ကလာရာနဲ့ သူတို့ရဲ့သမီးလေး ဇိုဝီတို့ဟာ သူတို့ရဲ့မြို့ငယ်လေးမှာ ဗိုင်းရပ်စ်ကူးစက်တဲ့ ဖြစ်ရပ်ဆိုးကြီးဖြစ်ခဲ့အပြီးနောက်မှာ "ဘရီသာ" ဆိုတဲ့အမျိုးအမည်မသိ သတ္တဝါတွေဆီကနေ ပုန်းနေဖို့အတွက် မြေအောက်ဗုံးခိုကျင်းထဲမှာပဲ နေနေခဲ့ကြရတာ ရက်ပေါင်း 301 ရက်ရှိနေခဲ့ပါပြီ။ ဒီအချိန်မှာသူတို့ရဲ့ ရိက္ခာတွေကိုလာခိုးတဲ့ ကြွက်တ‌စ်ကောင်ကို အကြောင်း ပြုပြီးသူတို့ရဲ့ကံကြမ္မာကိုပြောင်းလဲသွားစေမဲ့ဖြစ်ရပ်ကြီးတခုဖြစ်သွားခဲ့ပြီး ဘရီသာ" တွေကို သူတို့ရဲ့နေရာကိုဖော်ပြလိုက်မိသလိုဖြစ်သွားခဲ့ပါတယ်။ ဒီတော့ "ဘရီသာ" ဆိုတဲ့ အမျိုးအမည်မသိသတ္တဝါတွေကပဲ သူတို့ကိုရှာတွေ့ သွားမလား၊ "ဘရီသာ" တွေကရော ဘာသတ္တဝါတွေလဲ၊ ဗိုင်းရပ်စ်ကရော ဘယ်လိုကူးစက်တာလဲ၊ သူတို့မိသားစုကရောလွတ်မြောက်သွားမှာလား ဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမဲ့ post-apocalypse ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်ခင်ဗျ။ File size…1.16GB / 394MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 24m Genre ..... Horror , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tmmt

Comedy • Romance • TV Movie
6.9 2015 83 mins
Hidden
Clash of the Titans
5.9

မြွေခေါင်းတွေနဲ့မယ်ဒူဆာကို အကြည့်ချင်းဆုံမိတာနဲ့ ကျောက်ရုပ်ဖြစ်သွားတတ်တဲ့ ဒဏ္ဍာရီကို ကြားဖူးရင် ဒီဇာတ်ကားကို အတော်များများသိကြမှာပါ... ဒီရုပ်ရှင်ကားကို မင်းသားမင်းသမီး A list တွေနဲ့ရိုက်ကူးထားပါတယ်...Avator မင်းသား Sam Worthington ,Taken မင်းသားကြီး Liam Neeson,ဟယ်ရီပေါ်တာရဲ့ဗိုဒီမော့ Ralph Fiennes,Hansel and Gretel မင်းသမီး Gemma Arterton တို့အပြင် ဇာတ်ရံပေါင်းများစွာပါဝင်ပါတယ်။ ဇာတ်လမ်းကတော့...သိကြတဲ့အတိုင်းပါပဲ...ဂရိဒဏ္ဍာရီလာ နတ်ဘုရားတွေအကြောင်းရိုက်ကူးထားခြင်းဖြစ်ပါတယ်။ လူသားတွေကိုဖန်ဆင်းထားတဲ့ နတ်ဘုရားတွေ...တန်ခိုးပါဝါအာဏာတွေတပ်မက်ရင်း လူသားတွေလိုစိတ်ဆိုးပြီး...နေရာလု ရန်ဖြစ်ကြပါတော့တယ်...ဒီပြသနာက လူ့ပြည်ထိ ရိုက်ခတ်လာတဲ့အခါမှာတော့...လူတစ်ပိုင်း နတ်ဘုရားတစ်ပိုင်း ပါးစီးရပ်စ်နဲ့...ဘာတန်ခိုးမှမရှိတဲ့လူသားတို့ အခက်အခဲတွေကို လူသားဆန်ဆန် ရင်ဆိုင်ဖြေရှင်းကြတဲ့အကြောင်းပါ။ Clash of the Titans ကိုကြည့်ထားမှ သူ့ရဲ့အဆက် Wrath of The Titans(2012) ကို ဆက်ကြည့်ကြပါ။ File size…(3.1 GB) and (1 GB) Quality….BluRay 1080p & 720p Format…mp4 Duration….01:46:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung

Drama • Romance • Thriller
5.9 2010 106 mins
Clash of the Titans
The Policeman's Lineage
6.6

အရမ်းကိုနူးညံ့ပြီး ချစ်တတ်တဲ့ပန်းချီဆရာ ချွဲအွန်းကို ခဏလောက်မေ့ထားလိုက်ပါ တရားမျှတပြီး ရဲတာဝန်ကိုကျေချင်တဲ့ ချွဲမင်ဂျယ်လာပါပြီ ပြစ်မှုကျူးလွန်သူတွေကို ဖမ်းပုံဖမ်းနည်းမတူတဲ့ ရဲနှစ်ယောက် စည်းမျဉ်းကိုလိုက်နာပြီး တာဝန်ကိုထမ်းဆောင်သွားမယ်ဆိုတဲ့ ချွဲမင်ဂျယ်နဲ့ တရားခံကိုဖမ်းရဖို့ ဖြတ်လမ်းကနေ ကိုယ်တိုင်ပြစ်မှုတွေလုပ်နေတဲ့ ဘတ်ဂန်ယွန်းတို့ တစ်ဖွဲ့တည်းဖြစ်သွားချိန်မှာ.. အမှုလိုက်တဲ့နေရာမှာ ဆန့်ကျင်ဘက်နည်းလမ်းကို အသုံးပြုတဲ့နှစ်ယောက်ဟာ အသည်းအသန်လိုက်နေတဲ့ မူးယစ်ဖြန့်ဖြူးသူ နာယောင်းဘင်ကို မိနိုင်မလား၊ ဘတ်ဂန်ယွန်းနောက်ကြောင်းကို စုံစမ်းဖို့အဖွဲ့ထဲဝင်လာတဲ့ နည်းလမ်းမှန်မှန်နဲ့ အမှုလိုက်တတ်တဲ့ ချွဲမင်ဂျယ်ကရော တကယ့်နည်းလမ်းမှန်ကို သိသွားမလားဆိုတာကို ကြည့်ရှုပေးကြပါဦးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Thuu Thuu ပဲ ဖြစ်ပါတယ်။ Genre.....Crime, Drama Quality….WEB-DL 1080p and 720p and 360p File size…1.6GB and 862MB and 278MB Format…mp4 Duration….1h 59min Subtitle….Myanmar Subtitle (Hardsub) Translator ..... Thuu Thuu Encoder ..... August

Horror • Thriller
6.6 2022 120 mins
The Policeman's Lineage
Laxmii
5.1

၂၀၂၀ ကိုဗစ်ကာလမှာ ဇာတ်ကားတွေ ရှားပါးတဲ့အထဲ မင်းသားကြီး အရှေးကတော့ Remakeတစ်ခုဖြစ်တဲ့ Laxmiiက ထွက်လာခဲ့ပါတယ်။ အားလုံးလည်း မင်းသားကြီးကို လွမ်းနေမယ်ဆိုတာ သေချာပါတယ်။ ဇာတ်လမ်းအကြောင်းအရာကတော့ အရင် တာတေကြီးလို့ အများသိတဲ့ Kanchanaနဲ့ မကွာတော့ ထွေထွေထူးထူး ပြောပြနေစရာ မလိုဘူး ထင်ပါတယ်။ အရင်ကားဟောင်းကို မကြည့်ဖူးသူတွေအတွက် ပြောပေးရမယ်ဆိုရင် တစ္ဆေမကြောက်တတ်တဲ့ လူတစ်ယောက်ကို အဖြစ်ဆိုးနဲ့သေဆုံးခဲ့ရတဲ့ လူတစ်ယောက်က ဝင်းပူးတာပါ။ အဖြစ်ဆိုးအတွက် သူ့ရဲ့ တုန်ပြန်မှု၊ သူ့ဘဝနောက်ကြောင်းတွေ၊ သူရဲ့ ကြင်နာသနားတတ်မှုတွေက ကြည့်ရှုသူတိုင်းကို သနားကရုဏာသက်စေမှာပါ။ ဒီတော့ တခြားခန္ဓာကိုယ်တစ်ခုမှာ ဝင်ပူးပြီး သူ ဘာလုပ်မယ် ဆုံးဖြတ်ခဲ့သလဲ ဘယ်လိုတွေ ကြံစည်လာဦးမလဲ ဆိုတာကို ဟာသနှောပြီး ကြည့်ရှုရမှာပါ။ ဇာလမ်းအညွှန်းနဲ့ဘာသာပြန်သူက Myint Thu နဲ့ Nyi Koeတို့ပဲ ြဖစ်ပါတယ်.... File Size :(1.28GB) and (494MB) Quality : WEB-DL 720p Format…mp4 Duration…02:21:00 Genre : Action,Comedy,Horror Subtitle : Myanmar Subtitle (Hard Sub) Translated by Myint Thu & Nyi Koe Encoded by Phyo Pyae

Crime • Drama • Mystery
5.1 2020 141 mins
Laxmii
Thoroughbreds
6.4

ဒီကားလေးကတော့ ၂၀၁၇ခုနှစ်ထွက် Drama/Thiller ဇာတ်ကားလေးဖြစ်ပါတယ်။ Rating 7.2 အထိရရှိထားတဲ့ဇာတ်ကားဖြစ်ပြီး Thiller ဆိုတဲ့အတိုင်းလူတစ်ကာကရင်ထိတ်အောင်ရိုက်ပြနေတဲ့ခေတ်မှာ အရမ်းရင်ထိတ်အောင်ရိုက်ပြထားတာ မဟုတ်ဘဲဇာတ်ကွက်အလှည့်အပြောင်း၊ မြုပ်ကွက်တွေနဲ့ တင်ဆက်ထားတဲ့ဇာတ်ကားလေးဖြစ်ပြီး တင်ဆက်ပုံကွဲထွက်လာမှုနဲ့အတူ ဝေဖန်မှုကောင်းကောင်းရထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ငယ်ငယ်ကရင်းရင်းနှီးနှီးမရှိခဲ့တဲ့ သူငယ်ချင်းနှစ်ယောက်၊ ပြဿနာကိုယ်စီနဲ့အတူတူတွဲလာမိကြပါတယ်။ အထက်တန်းလွှာကဆင်းသက်ပေါက်ဖွားလာသူတွေအဖြစ်သရုပ်ဖော်ထားပြီး၊ အဓိကဇာတ်ကောင်နှစ်ခုရဲ့သရုပ်ကို သေချာသရုပ်ဆောင်ပြထားပါတယ်။ ဘာကိုစိတ်ခံစားချက်မရှိဘဲ ထုံပေပေမျက်နှာပေးမျိုးနဲ့ ကြည့်ရင်းကျောချမ်းလာစေတဲ့ အမန်ဒါ၊ ပထွေးရဲ့ဆိုးဝါးတဲ့အမူအကျင့်တွေကြောင့် စိတ်သောကရောက်နေရပြီး အမြဲအပူရုပ်ကိုဟန်လုပ်ပြနေရတဲ့ လီလီ။ သူတို့နှစ်ယောက်ရဲ့ပြဿနာကိုယ်စီဟာ ဘာတွေလဲ။ ဆယ်ကျော်သက်မိန်းကလေး၂ယောက် ဘယ်လိုဖြေရှင်းကြမှာလဲ။ သူတို့ဘဝဟာဘယ်လိုဖြစ်နေလို့လဲဆိုတာတွေကို Dialogue တွေအများကြီးမထည့်ပဲ သရုပ်ဆောင်တင်ဆက်သွားတာကို စိတ်ဝင်စားဖွယ်တွေ့ရမှာပါ။ ဇာတ်ရှိန်အေးအေးနဲ့စိတ်ဝင်တစားအေးဆေးကြည့်ချင်တဲ့သူတွေအတွက် ဇာတ်ကားကောင်းပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်း နှင့် ဘာသာပြန်သူကတော့ ကိုသူရပါ) File Size : (750 MB) and (320 MB) Quality : WEB-DL 720p Running Time : 1hr 32min Format : Mp4 Genre : Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.DD5.1.H264-CMRG Translated by Thura Zarni Aung Encoded by Thanhtike Zaw

Comedy • Drama
6.4 2018 92 mins
Thoroughbreds
Deep in the Forest

DEEP IN THE FOREST (2021) ရုပ်ရှင်အကြောင်းမပြောခင် IMDb Ratingအကြောင်း အရင်စချင်ပါတယ်။ ဘာလို့ဆို ဒီရုပ်ရှင်ဟာ ဇာတ်လမ်းဇာတ်ကွက် သိပ်ကောင်းတဲ့ ရုပ်ရှင်မို့ပါပဲ။ IMDb Ratingတွေဟာ တော်တော်မယုံရတဲ့ထဲပါပါတယ်။ ဥပမာ ထိပ်ဆုံးကားတွေထဲ ထပ်ခါတလဲလဲရိုက်နေတဲ့ လင်းနို့လူသားကားကို မူးနောက်နေအောင်ရိုက်တတ်တဲ့ လူက ရိုက်ထားတဲ့ကားလည်း ပါပါတယ်။ အခန်းလေးထဲတင် စကားများပြီး ပြီးသွားတဲ့ အဖြူအမဲကားလည်းပါပါတယ်။ အဲဒီထက်ပိုဆိုးတာကတော့ ဘာဇာတ်အိမ်မှရေရေရာရာမရှိတဲ့ ရိုက်တာတောင် လက်မငြိမ်တဲ့ တရုတ်ကားတွေ ၊ ကြာခိုတာကို နစ်နာရီလောက်ရိုက်ပြသွားတဲ့ တရုတ်ကားတွေ ၊ မိသားစုတစ်ခုထဲက မထူးမဆန်းဟာတွေကို ရိုက်ပြပြီး ပြီးသွားတဲ့ ဂျပန်ကားတွေက rating 8တွေအထိနေရတာပါပဲ ။ Ratingအတိုင်း ယုံရတာ mcuရုပ်ရှင်တွေနဲ့ ကုလားကားတွေလောက်ပဲရှိပါတယ်။ rating များပြီး တကယ်လည်းကောင်းတဲ့ကားတွေပါပဲ။ ဒီတော့ပြောချင်တာက ဒီရုပ်ရှင်ရဲ့ ratingကို မယုံကြပါနဲ့။ ဒီရုပ်ရှင်ရဲ့ ဇာတ်အိမ်ဟာ အင်မတန်ဆန်းပြားတဲ့ ဇာတ်အိမ်ပါပဲ။ ဒီမိုကရေစီနဲ့ နာမည်ကြီးတဲ့ အမေရိကန်ကြီး ဖက်ဆစ်ဆန်သွားတဲ့အကြောင်းပေါ့။ ကားစစမှာ အမေရိကန်အစိုးရက ဂျာမန်တွေသုံးတဲ့နည်းသုံးပြီး အစိုးရကိုဆန့်ကျင်တဲ့သူတွေကို ဖြိုခွင်းဖို့လုပ်တယ်။ ကိုယ့်လွှတ်တော်အဆောက်အဦးကို ကိုယ့်ဘာသာဗုံးခွဲပြီး အစိုးရကိုဆန့်ကျင်တဲ့လူတွေလုပ်ပါတယ်ဆိုပြီး လိုက်ဖမ်းတာပေါ့။ ဒီလိုနဲ့ အစိုးရကို ဆန့်ကျင်တဲ့လူတွေက တောခိုသွားတယ်။ ကားနာမည်ကိုက တောကြီးမျက်မည်းတဲ့လေ။ တောကြီးမျက်မည်းကနေ မတရားတဲ့ အစိုးရကိုဆန့်ကျင်တဲ့သူတွေရဲ့ အဖြစ်သနစ်ကို ရိုက်ပြထားပါတယ်။ ထူးတာက ဒီကားက အမေရိကန်ရဲ့မရှိသေးတဲ့ ဒုတိယအကြိမ်မြောက် ပြည်တွင်းစစ်ကာလမှာ ဇာတ်အိမ်တည်ထားတာပါ။ ဒီလိုဆန်းဆန်းပြားပြား အိုင်ဒီယာနဲ့ရိုက်ပြီး တောတွင်းက လူ့သဘောမနောတွေကို သေချာပုံဖော်ထားတဲ့ ရုပ်ရှင်ကိုကျ rating နည်းနေပြီး အပေါ်က ဘာမှန်းမသိတဲ့ကားတွေမှာကျ များနေတဲ့ ratingကိုမယုံကြည်ဘဲ ခေတ်ကာလအခြေအနေကိုလည်း ထပ်ဟပ်မှုရှိတဲ့ တကယ့်ကားကောင်းကို လက်လွတ်မခံဘဲကြည့်ကြစေချင်ပါတယ်။ File Size__(1.5GB) / (750MB) Quality__1080p, 720p IMDb Rating__4.1/10 Format__mp4 Duration__01:10:00 Type__Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Michael The Archangel Encoded by Dean Winchester

Horror • Mystery • Thriller
0 2022 77 mins
Deep in the Forest
Carmen

Carmen ဆိုတဲ့ဇာတ်ကားလေးကတော့ 2022 မှာထွက်ရှိထားတဲ့ကားလေးဖြစ်ပြီး musical/romance အမျိုးအစားဖြစ်ပါတယ်။Carmen “ကာမန်” ဆိုတဲ့နာမည်လေးက “ကဗျာ” လို့အဓိပ္ပါယ်ရပါတယ်တဲ့။ကာမန်ဆိုတဲ့အမျိုးသမီးငယ်လေးဟာ လွှတ်လပ်မှုကိုရှာဖွေဖို့ မက်စီကိုကနေလော့အိန်ဂျယ်လစ်ကိုခရီးဆက်ရင်း လမ်းမှာအမှတ်မထင်လူငယ်လေးတစ်ယောက်နဲ့ဆုံတွေ့မိပါတယ်။ သူတို့နှစ်ယောက်အတူတူ အချင်းချင်းရိုင်းပင်းကူညီပြီး လော့အိန်ဂျယ်လစ်ကိုခရီးဆက်ကြရင်း ဘယ်လိုအခက်အခဲမျိုးတွေကိုကြုံတွေ့ရမလဲဆိုတာ ကြည့်ရှုကြရမှာဖြစ်ပါတယ်။ File size…(1.4 GB)/(869 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:57:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Lycoris

Romance • Comedy • Fantasy
0 2023
Carmen
Suspect Zero

FBI အေးဂျင့် Thomas Mackelway က အာရုံထဲကနေ လူတွေဘာလုပ်နေလဲဆိုတာကိုမြင်နိုင်စွမ်းရှိနေပြီး သူ့စိတ်ထဲမှာ လူသတ်သမားတယောက်ဘာတွေလုပ်နေလဲဆိုတာတွေကိုမြင်နေရပါတယ်၊ တဖက်မှာ O’Ryan ဆိုသူကလည်း တခြားကွင်းဆက်လူသတ်မားတယောက်ရဲ့အာရုံတွေကိုရနေပြီး သူ့အနေနဲ့ ဥပဒေပြင်ပလုပ်ရပ်တွေနဲ့ ဒီလူသတ်သမားတွေကိုအပြစ်ပေးရမယ်လို့ယူဆနေသူပါ၊ ဒီလိုနဲ့ O’Ryan တယောက်က ဒီလူသတ်သမားအကြောင်းကို Thomas Mackelway ကိုဖက်စစ်တွေပို့ပြီး နစ်နာသူတွေရဲ့ပျောက်ဆုံးတဲ့နေရာတွေအကြောင်းကိုသတင်းတွေပို့ပါတော့တယ်၊ဒါ့အပြင် O’Ryan ကမကောင်းတဲ့လူတွေကိုသတ်ပြီးအမှုဆင် ကွင်းဆက်လူသတ်သမားနောက်သွားမယ့်နေရာကို Thomas Mackelway ကိုသဲလွန်စတွေပေးပါတော့တယ်၊ တကယ်တော့ O’Ryan ကလည်း FBI အေးဂျင့်ဟောင်းတယောက်ပါပဲ FBI ကသူတို့ကိုဒီလိုတွေမြင်နိုင်စွမ်းရှိအောင်လေ့ကျင့်ပေးထားတာပါ၊ O’Ryan တယောက်အနားယူပြီးတာတောင် ဒါတွေကိုစွမ်းလမ်းနေခဲ့တာပါ၊ O’Ryan ရဲ့လုပ်ရကကောမှန်နေတာလား၊ Thomas Mackelway တယောက်ကကော O’Ryan ရဲ့လုပ်ရပ်တွေကိုမျက်ကွယ်ပြုပြီး ကွင်းဆက်လူသတ်သမားကိုဖမ်းဆီးသွားမှာလား၊ O’Ryan Thomas Mackelway နဲ့ ကွင်းဆက်လူသတ်သမားတို့ရဲ့တွေ့ဆုံမှာကော ဘာတွေဖြစ်သွားမှာလဲဆိုတာကို ဒီဇာတ်ကားမှာဟောင့်ကြည့်သွားရမှာပါ File size…(2.8 GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre… Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Kyaw

0 2004
Suspect Zero
Rakshana
7.8

Rakshana 2024 (ချိုချဉ်ကောင်လေးရဲ့ ကလဲ့စား) IMDb – 8.1/10 ကီရန်ဆိုတဲ့ကောင်မလေးနဲ့ ပရီယာဆိုတဲ့ကောင်မလေးဟာ အချစ်ရဆုံးသူငယ်ချင်းတွေပေါ့။ ကီရန်ဟာ ရဲအရာရှိစာမေးပွဲအောင်ပြီးတော့ တာဝန်ကျမှာကို စောင့်နေတဲ့အချိန်မှာ ပရီယာဟာ တိုက်ပေါ်ကနေ ပြုတ်ကျ သေဆုံးသွားခဲ့ရပါတယ်။ ကီရန်ဟာ သူ့သူငယ်ချင်းသေဆုံးမှုကို သွေးရိုးသားရိုးမဟုတ်ဘဲ လူသတ်မှုလို့ ကောက်ချက်ချခဲ့ပါတယ်။ အကြောင်းကတော့ သူ့သူငယ်ချင်းရဲ့ အလောင်းနားကို ပြုံးပြုံးကြီးကြည့်နေတဲ့ ချိုချဉ်စုပ်နေတဲ့ ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရလို့ပါပဲ။ ဒီလိုနဲ့ သူ့အချစ်ဆုံးသူငယ်ချင်းရဲ့ အမှုနောက်ကိုလိုက်ရင်း သူတာဝန်ကျတဲ့အချိန်မှာ ဒီလို အလားတူအမှုတွေနဲ့ ကြုံလာရတဲ့အချိန်မှာတော့ …….. ပရီယာရဲ့ သေဆုံးမှုနောက်ကွယ်ကအကြောင်းကို ကီရန်တစ်ယောက်ဖြေရှင်းနိုင်သွားမှာလား ….. ချိုချဉ်စုပ်နေတဲ့ ကောင်လေးကရော ဒီလူသတ်မှုနဲ့ ဘယ်လိုတွေ ဆက်စပ်နေလဲ …… ကီရန်တစ်ယောက် အမှုတွေကို ဘယ်လိုဖော်ထုတ် အဖြေရှာသွားမလဲဆိုတာတွေကို ကြည့်ရှုရမယ့် မှုခင်းဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

7.8 2024 139 mins
Rakshana
Raaj Kahani
6.1

Raaj Kahani (2023) ( ရာ့ဂျ်ရဲ့ဇာတ်လမ်း ) တယ်လဂူရုပ်ရှင်တစ်ခုဖြစ်ပြီး ဒါရိုက်တာ Raj Karthiken က ရိုက်ကူးထားတာပါ။ ဒီရုပ်ရှင်မှာ Raj Karthiken, Chandrika Awasthi, Saha Sonia, Priya Paul တို့လို သရုပ်ဆောင်များ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်ကားအညွှန်းကတော့ ရာ့ဂျ်ဟာ ရုပ်ရှင်ဇာတ်ညွှန်းရေးသူဖြစ်ပြီး သူ့ရဲ့ဇာတ်လမ်းကို ရိုက်ခွင့်ရဖို့အတွက် ဒါရိုက်တာဆီမှာ ဇာတ်လမ်းကိုပုံဖော်ပြောပြတာကနေစပါတယ်။ ဇာတ်လမ်းရဲ့နာမည်က သူ့အမေနာမည်ဖြစ်ပြီး သူကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့ ဖြစ်ရပ်မှန်လို့လည်း ပြောပါတယ်။ ဇာတ်ညွှန်းထဲမှာ ကောလိပ်ကျောင်းတစ်ခုကို အခြေတည်ထားပြီး ကျောင်းသားတွေရဲ့ဘ၀နဲ့ အပျော်အပါးလိုက်စားတာ ၊ ရည်းစားကိစ္စဘာညာတွေကို ပုံဖော်ထားပါတယ်။ အစပိုင်းမှာတော့ နည်းနည်း ပေါတောတောနိုင်ပေမဲ့ နောက်ပိုင်းမှာ ဇာတ်လမ်းဇာတ်အိမ်ဘယ်လိုပြောင်းလဲသွားမလဲဆိုတာနဲ့ ဘာကြောင့် သူ့အမေရဲ့နာမည်ပေးရတယ်ဆိုတာကိုတော့ ကျွန်တော်တို့ရဲ့တင်ဆက်မှုနဲ့အတူ လိုက်ပါကြည့်ရှုပေးပါဦးဗျာ ( ဘာသာပြန်နဲ့အညွှန်းက CM Bollywood Team မှဖြစ်ပါတယ် )

Drama • History
6.1 2023
Raaj Kahani
Death Wish 3
5.8

ဒီဇာတ်ကားမှာတော့ ပေါလ်ကာဆင်တစ်ယောက် နယူးယောက်မြို့ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ နယူးယောက်မြို့အရှေ့ပိုင်းက သူငယ်ချင်းဖြစ်သူ ချာလီဆီကို အလည်အပတ် ပြန်လာတဲ့အချိန်မှာတော့ ဓားခုတ်ရာလက်ဝင်လျှိုမိတဲ့ အဖြစ်နဲ့ ကြုံခဲ့ရပါတယ်။ ပေါလ်ရောက်လာချိန်မှာ ချာလီကို လမ်းသရဲတွေ ရိုက်နှက်ပြီး ထားခဲ့တဲ့အချိန်ဖြစ်နေပါတယ်။ ပေါလ်လက်ထဲမှာ ချာလီသေဆုံးသွားခဲ့ပြီး ရဲတပ်ဖွဲ့ရောက်ရှိလာချိန်မှာတော့ ပေါလ်ကို လူသတ်သမားလို့ ယူဆပြီး ဖမ်းဆီးသွားခဲ့ပါတော့တယ်.။ ရဲစခန်းအရောက်မှာတော့ ရဲမှူးဖြစ်တဲ့ ရစ်ချတ်ရှရိုက်ကာက နယူးယောက်မြို့မှာ လွန်ခဲ့တဲ့ ၁၀ နှစ်က ကျော်ကြားခဲ့တဲ့ မစ္စတာ “ဗစ်ဂျီလန်တီ” ဖြစ်နေမှန်း မှတ်မိသွားခဲ့ပါတယ်။ ရှရိုက်ကာက ပေါလ်ကို ထောင်ထဲမှာအရိုးမဆွေးချင်ရင် သူ့လက်အောက်မှာ လုပ်ကိုင်ဖို့ အခွင့်အရေးတစ်ခု ကမ်းလှမ်းခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ရဲတွေကို ရှောင်တိမ်းကာ လုယက်သူတွေကို နှိမ်နင်းခဲ့တဲ့ “ဗစ်ဂျီလန်တီ” က ဒီတစ်ခေါက်မှာတော့ ရဲလက်အောက်ကနေ လျှို့ဝှက်အမှုထမ်းရသူ ဖြစ်လာခဲ့ပါတယ်။ ဒီနောက်မှာတော့ ပေါလ်ဟာ သေဆုံးသူ ချာလီရဲ့တိုက်ခန်းဆီကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ အဆိုပါဧရိယာမှာ ကြီးစိုးနေတဲ့ လမ်းသရဲဂိုဏ်းကြောင့် ပေါလ်နေတဲ့ အဆောက်အဦမှာ နေထိုင်သူ သက်ကြီးရွယ်အိုတွေဟာ ကျီးလန့်စာစား နေထိုင်နေရပါတယ်။ ပေါလ်အနေနဲ့ သူ့ရဲ့လမ်းစဉ်အတိုင်း လမ်းသရဲဂိုဏ်းကို လုံးပါးပါးအောင် နှိမ်နင်းရင်းနဲ့ပဲ ထိုအသိုက်အဝန်းက လူကောင်းသူကောင်းတွေရဲ့ စောင့်ရှောက်သူတမန်တော် အဖြစ်ကို တဖြည်းဖြည်း ရောက်ရှိလာခဲ့ပါတယ်။ ပေါလ်ရဲ့အကြောင်းကို တစတစလူသိများလာတဲ့အခါ သူ့ရဲ့ဒုစရိုက်နယ်မြေမှာ အပြစ်မဲ့သူတွေကို လက်ခုပ်ထဲကရေလို ကျင့်သုံးလာခဲ့တဲ့ ဂိုဏ်းခေါင်းဆောင် မန်နီဖရိတ်ကာနဲ့ ထိပ်တိုက်တွေ့ချိန်မှာတော့ ပေါလ်ဆီကို ကံကြမ္မာဆိုးတွေက ဖိတ်စာမကမ်းဘဲ ရောက်ရှိလာပါတော့တယ် File Size : 1.8 GB, 986 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 30min Format : Mp4 Genre : Action, Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by : Sai Sumali Encode by : Thit San Khant

Family • Fantasy • Comedy • Adventure • Science Fiction
5.8 1985 90 mins
Death Wish 3
The Woman in Black
6.4

The Woman in Black (2012) IMDb Rating (6.4) / Rotten Tomatoes (66 %) ဟယ်ရီပေါ်တာမင်းသား Daniel Radcliffe ဦးဆောင်ပါဝင်ထားတဲ့ ဂေါ့သစ်ဟော်ရာဇာတ်ကားပါ။ ဇာတ်လမ်းကတော့… အာသာက လန်ဒန်အခြေစိုက်ရှေ့နေတစ်ဦးဖြစ်ပြီး လွန်ခဲ့တဲ့လေးနှစ်တုန်းက သူ့ဇနီးသည်ကိုမီးတွင်းထဲမှာဆုံးရှုံးခဲ့ရပါတယ်။ အခုချိန်မှာတော့ သားဖြစ်သူကိုအဖော်ပြုနေထိုင်ပေမယ့် အာသာအတွက် သူ့ဇနီးဟာ အနားမှာရှိနေသေးပြီး သူ့ကိုဆက်သွယ်ဖို့ကြိုးစားနေတယ်လို့ခံစားမိတုန်းပါပဲ။ တစ်နေ့တော့ သူအလုပ်လုပ်တဲ့ ဥပဒေအဖွဲ့ရဲ့တာဝန်ပေးချက်နဲ့ဝေးလံတဲ့နယ်မြို့လေးတစ်မြို့မှာ ဆုံးပါးသွားတဲ့ အဘွားကြီးတစ်ယောက်ရဲ့စာရွက်စာတမ်းတွေကိုသွားရောက်သိမ်းဆည်းရဖို့ဖြစ်လာခဲ့ပါတယ်။ အာသာရောက်သွားချိန်မှာ တည်းခိုဖို့နေရာအခက်အခဲနဲ့တွေ့ရသလို၊ သူနဲ့ဆက်သွယ်ဖို့ချိတ်ဆက်ပေးထားတဲ့ မြို့ခံလူကလည်း ဖိုင်တစ်ခုလက်ထဲထိုးပေးပြီး မှီရာရထားနဲ့ချက်ချင်းပြန်ဖို့ပြောပါတယ်။ ဒါပေမယ့်လည်း သူ့အဖွဲ့ကပေးထားတဲ့ တာဝန်ကို ကျေအောင်မလုပ်နိုင်ရင် အလုပ်ကိုထိခိုက်ဖို့ရှိတဲ့အတွက် ခေါင်းမာမာနဲ့ အဲ့ဒီအိမ်ကြီးဆီကိုသွားဖို့ဖြစ်လာပါတော့တယ်။ အိမ်ကြီးကလူသူမနီးတဲ့ အစွန်အဖျားတောအုပ်တစ်ခုမှာရှိပြီး အိမ်ကြီးနဲ့ပင်မနယ်မြေကို တာရိုးလမ်းတစ်ခုနဲ့ဆက်သွယ်ထားပါတယ်။ အဲ့ဒီတာရိုးလမ်းဟာ ဒီရေတက်ချိန်ဆိုရင် ရေလွှမ်းနေတဲ့အတွက် အသွားအလာလုပ်လို့မရပါဘူး။ အခုသူကြုံတွေ့နေရတဲ့ အဆင်မပြေမှုတွေဟာ အစပိုင်းသာရှိသေးပြီး ဒီထက်ပိုပြီး ခြောက်ခြားစရာတွေ၊အန္တရာယ်တွေနဲ့ ပဟေဠိတွေကအိမ်ကြီးထဲမှာ သူ့ကိုစောင့်ကြိုနေမယ်ဆိုတာ အာသာ မသိခဲ့ပါဘူး။ ဒီရုပ်ရှင်ကားက အောင်မြင်ခဲ့တဲ့ နာမည်ကျော်၀တ္ထု The Woman in Black ကိုပဲအခြေခံဖန်တီးထားတာဖြစ်ပြီး ဝေဖန်ရေးဆရာတွေရော ပရိသတ်တွေပါ အကြိုက်တွေ့ခဲ့တဲ့ ဇာတ်ကားပါ။ ဇာတ်လမ်းဇာတ်အိမ်ရော ခြောက်လှန့်တဲ့အခန်းတွေပါ အတော်မိုက်ပါတယ်။ အဆက်အနေနဲ့ The Woman in Black 2: Angel of Death (2014) ဆိုတဲ့ကား ဆက်ထွက်ခဲ့ပြီး CM မှာ တပြိုင်တည်းတင်ပေးထားပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Alias မှ တင်ဆက်ထားပါတယ်။)

6.4 2012 95 mins
The Woman in Black
A Christmas in New Hope

‌Influencer တစ်ယောက်ဖြစ်တဲ့ ဗစ်တိုးရီးယားက ဒေါင်းရောဂါခံစားနေရသူသမီးလေးကို ပြုစုစောင့်ရှောက်နေရတဲ့ single mom တစ်ယောက်ဖြစ်ပါတယ်… ခရစ်စမတ်မတိုင်ခင် အိမ်ကိုပြန်လည်ပြုပြင်ဖို့အတွက် Home to Heart ပြိုင်ပွဲလေးကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်…. ပြိုင်ပွဲကြောင့် သူ့ရဲ့အိမ်နီးချင်း ဂယ်ဗင်ဂါဒင်နာနဲ့ ပိုမိုရင်းနှီးလာရင်း သံယောဇဉ်တွေ တွယ်နေချိန်မှာ သူမရဲ့ခင်ပွန်းဟောင်း ဘတ်ဒီ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်….. “သူ့မှာ ဖေဖေရှိပါစေ”ဆိုတဲ့ သူ့သမီးလေးရဲ့ ခရစ်စမတ်ဆုတောင်းကို ဖြည့်စည်းပေးချင်တဲ့ ဗစ်တိုးရီးယားက သမီးလေးရဲ့ဖေဖေနဲ့ ပြန်လည်ပေါင်းစည်းသွားမှာလား? ဒါမှမဟုတ် သူမရဲ့အချစ်ကို ဦးစားပေးရွေးချယ်သွားမှာလား? ပျော်ရွှင်စရာခရစ်စမတ်ပုံရိပ်လေးတွေနဲ့ ဖန်တီးထားတဲ့ ကြည်နူးစရာရုပ်ရှင်ကားလေး ဖြစ်တာကြောင့် စိတ်အပန်းဖြေချင်သူတွေအတွက် ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…(1.7 GB)/(888 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Romance, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Sumon

0 2024
A Christmas in New Hope
Shrew’s Nest

Shrew’s Nest (2014) ********************** IMDb….6.7 cm ပရိသတ်ကြီးကို ၁၉၅၀ ဝန်းကျင် ခေတ် မက်ဒရစ်မြို့ကို နောက်ခံထားတဲ့ စပိန်ဘာသာစကားပြော Horror Thriller ဇာတ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ လူတွေဟာ ရှင်သန်ဖြတ်သန်းရတဲ့ ဘဝအခြေအနေတွေ မတူညီတာနဲ့အမျှ စိတ်ခံစားချက် အသီးသီးဟာလည်း မတူညီကြပါဘူး။ ချစ်ခြင်းမေတ္တာဟာ လှပတယ်ဆိုပေမဲ့ အစွန်းရောက်သွားပြီးတော့ စိတ္တဇအခြေအနေအဖြစ် ကူးပြောင်းသွားတဲ့အခါမှာတော့ ကြောက်ဖို့ကောင်းတဲ့ အရာတွေကို မရည်ရွယ်ဘဲ လုပ်မိလျက်သား ဖြစ်တတ်တဲ့သဘောရှိပါတယ်။ ဒီဇာတ်ကားဟာ လူတွေ ဂရုမမူမိတတ်ကြတဲ့ စိတ်ရောဂါအခြေနေ ကွဲပြားပုံတွေနဲ့ ဒါကိုလျစ်လျူရှုထားတဲ့အခါမှာ ဘယ်လိုဆိုးဝါးရဲ့အရာတွေ ဖြစ်နိုင်သလဲဆိုတာကိုဇောင်းပေး ရိုက်ကူးထားတာပါ။ တင်ဆက်ပုံကောင်းမွန်ပြီး ပါဝင်သရုပ်ဆောင်သူတွေ သရုပ်ဆောင် ကောင်းကြသလို ရုပ်ရှင်ပွဲတော်တွေမှာ ဆန်ကာတင်ချိတ်ရုံတင်မက ဒါရိုက်တာဆု၊ ဇာတ်ကားဆုနဲ့ အကောင်းဆုံး သရုပ်ဆောင်ဆုတွေကိုပါ ဆွတ်ခူးထားနိုင်တဲ့ ဇာတ်ကားကောင်း တစ်ကားပါ။ ကြည့်ရှုနေရင်းနဲ့ ကိုယ်တိုင် လိုက်ပါစီးမျောရင်း မွန်းကြပ်လာတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်တဲ့ ဇာတ်ကားဆိုလည်း မမှားပါဘူး။ ဒီဇာတ်ကားမှာ အဓိက သရုပ်ဆောင်ဖြစ်တဲ့ မွန်ဆေးဆိုတဲ့ အမျိုးသမီးဟာ ငယ်စဉ်ကတည်းက မိခင်သေဆုံးပြီးချိန် ကျန်တဲ့ ဖခင်ဖြစ်သူက စိတ္တဇရောဂါဖြစ်ပြီး အနိုင်ကျင့်မှု ခံခဲ့ရပါတယ်။ ငယ်ရွယ်စဉ်မှာ စိတ်ပိုင်းဆိုင်ရာတင်မက ရုပ်ပိုင်းဆိုင်ရာမှာ အနိုင်ကျင့်ခံခဲ့ရတဲ့ သူမဟာ အိမ်အပြင်မထွက်ရဲတဲ့ agoraphobia ရောဂါကိုပါ ခံစားခဲ့ရပါတယ်။ သူမအတွက် ပြင်ပလောကနဲ့ အဆက်အသွယ်ဟာ သူမရဲ့ ညီမလေးပါ။ ဒီညီမလေးကိုလည်း မွန်ဆေးဟာ ငယ်စဉ်ကတည်းက ထိန်းချုပ်ပြီး တားဆီးပိတ်ပင်လေ့ရှိပါတယ်။ ဒီလိုနဲ့ နေထိုင်လာရင်း တစ်နေ့မှာ အပေါ်ထပ် တိုက်ခန်းမှာ နေထိုင်တဲ့ ကာလို့စ်ဆိူတဲ့ အမျိုးသားတစ်ယောက် လှေကားမှာ ချော်လဲပြီးတော့ သူမတို့ တိုက်ခန်းကို အကူအညီတောင်း ရောက်လာချိန်မှာတော့…..။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Aoi ပဲဖြစ်ပါတယ်…) File Size : 1.27GB/ 520MB Quality : Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…01:32:00 Genre : Horror, Thriller, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Aoi Encoded by Tiff

0 2014 91 mins
Shrew’s Nest