YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Us.2019.1080p.BluRay.x264.TrueHD 5.1 HEVC {CM}{.mp4

2.58 GB N/A video/mp4 290 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Monster of The Deep
6

အခုတစ်ခေါက် CM က သတ္တဝါကြီးတွေနဲ့ စွန့်စားရေးကားတွေကို ကြိုက်တဲ့ ပရိသတ်တွေအတွက် Deep Sea Walleye ဆိုတဲ့ သိပ္ပံကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်းကတော့- သင်္ဘောတစ်စင်းမှ သင်္ဘောသားက ဖန်ပြွန်လေးတစ်ခုကိုကောက်ရခဲ့ပါတယ်။ ဖန်ပြွန်ထဲမှာ ရေဘဝဲလေးတစ်ကောင်ပါနေပါတယ်။ ထိုဖန်ပြွန်ထဲက ရေဘဝဲကို ဖက်တီးဆိုသူက စားပြမယ်ဆိုပြီး မီးဖိုချောင်ထဲမှာ လူတွေ စုနေကြသတဲ့။ တစ်ဖက်မှာ ထိုသင်္ဘောပေါ်က သိန်း ၃၀၀ တန် စိန်ကြီးကို ဓားပြတိုက်ဖို ကျန်းယန်နဲ့ ချွေးလီတိုအဖွဲက သင်္ဘောတစ်စင်းဖြင့် ချဉ်းကပ်လာပါတယ်။ ဖန်ပြွန်ထဲက ရေဘဝဲလေးက ဘယ်လို သတ္တဝါကြီး အဖြစ်ပြောင်းလဲသွားပြီး လူတွေကို ဘယ်လို ဒုက္ခပေးမလဲ...... ကျန်းယန်တိုကရော ထို သတ္တဝါကြီးလက်ထဲကနေ အသက်ရှင်နိုင်ပါမလား...... ဆိုတာကို ရုပ်ရှင်လေးနဲ့အတူ သည်းထိတ်ရင်ဖို လိုက်ပါခံစားကြည့်ရှူလိုက်ပါနော်။ [ Reviewed By Moon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Science Fiction , Thriller Runtime : 1h 18 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

TV Movie • Thriller
6 2023 78 mins
Monster of The Deep
Camellia Sisters 5 - Living Like Royalty
5.5

ဒီဇာတ်ကားလေးကတော့ မတည့်အတူနေညီမ ၃ယောက်အကြောင်း ရိုက်ကူးထားတဲ့ ဟာသဆန်ဆန်ဗီယက်နမ်ရုပ်ရှင်လေးပါ ကမဲလီးယားပန်းဥယျာဥ်အိမ်ရာမှာ နေထိုင်ကြတဲ့ လိုင်မိသားစုက မိန်းမတွေက ဥယျာဥ်ထဲမှာ ကမဲလီးယားပန်းအနီပွင့်မှသာ လက်ထပ်နိုင်မယ်ဆိုတဲ့ စည်းမျဥ်းတစ်ခုရှိလေတယ်၊ အစ်မကြီးအမိရာဖြစ်တဲ့ "ဟာ" လည်း အပျိုကြီးဖြစ်သလို အစ်မလတ် "ဟုန်" နဲ့ အငယ်ဆုံး "လင့်" ပါ အပျိုကြီးတွေ ဖြစ်ကြတာပေါ့ ဒါပေမဲ့ လက်တွေ့မှာတော့ အဲ့စည်းမျဥ်းဟာ နောက်ကွယ်က လျှို့ဝှက်ချက်‌တွေကို ဖုံးဖိထားဖို့ အပေါ်ယံမျက်နှာဖုံးဆိုတာကို သိလိုက်ရတဲ့အခါ.... အတွင်းရေးပြဿနာကိုယ်စီရှိကြတဲ့ ညီအစ်မ ၃ယောက်အကြောင်းကို ဟာသနှောရိုက်ကူးပြသထားလို့ အပျင်းလည်းပြေသလို မိန်းမတွေက အချစ်ရေးဘဝမှာ အရှုံးဘက်ကသာ ဖြစ်တယ်ဆိုတာကိုလည်း ခံစားထိမိအောင် ရိုက်ပြထားလို့ ကြည့်သင့်တဲ့ကားလေးတစ်ကားပဲ ဖြစ်ပါတယ်နော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Jinzel ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 1.6GB | 948MB | 418MB Format… mp4 Duration…. 1h 55min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Jinzel Encoder ..... August

Horror
5.5 2021 115 mins
Camellia Sisters 5 - Living Like Royalty
The Fate of Swordsman
5.5

ဒီတစ်ခါ CMက တင်ဆက်ပေးလိုက်တဲ့ ဇာတ်ကားလေးကတော့ The Fate Of SwordsManဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ် ထန်မင်း‌ဆက်ခေတ် လီမျိုးနွယ်စုဆို မင်းဧကရာဇ်အဖြစ် စိုးမိုးနေတဲ့အချိန်ကိုရိုက်ပြထားတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ် မင်းကြီးမှာ အငယ်ဆုံးသားတော် ချုံမောက်လို့ခေါ်တဲ့ မင်းသားလေးတစ်ပါးရှိပါတယ် ချုံမောက်ကငယ်စဉ်အခါထဲက နန်းတော်ထဲအနေပဲ မြို့တော်ပြင်ပမှာရှိတဲ့ ချွမ်ယန်နန်းတော်ဆောင်မှာနေပါတယ် တစ်နေ့မှာ မင်းကြီးနေမကောင်းဖြစ်တော့ သူ့သားငယ်ကိုတွေ့ချင်ပါတယ်ဆိုပြီး ချုံမောက်ကိုမြို့တော်ပြန်ခေါ်ရာမှ လမ်းခရီးတစ်ဝက်မှာ လုပ်ကြံမှုတွေနဲ့ကြုံခဲ့ရပါတယ် ဒီဇာတ်ကားမှာတော့ ကျွန်တော်တို့ရဲ့ မင်းသား ရှဲ့ယွင်လျိုကတော့ ချွမ်ယန်ဂိုဏ်းရဲ့ အကြီးဆုံးတပည့်ပေါ့ သူက ချုံမောက်ကိုနန်းတော်ဆီသို့ပြန်လိုက်ပို့ရင်း အိမ်ရှေ့စံမင်းသားနဲ့ မင်းသမီးကို အမှတ်မထင်ကယ်တင်ခဲ့မိရာမှ တော်ဝင်မျိုးနွယ်စုရဲ့ နန်းလုနေတဲ့ရန်ပွဲထဲကိုအမှတ်မထင်ဝင်ရောက်မိခဲ့တယ် နောက်ဆုံးမှာ ရှဲ့ယွင်လျိုနဲ့ တော်ဝင်မျိုးနွယ်စုတို့ ဘယ်လိုဆက်ပတ်သက်ကြမလဲဆိုတာတော့ ဇာတ်လမ်းလေးကိုကြည့်ရှုရင်းစောင့်ကြည့်လိုက်ရအောင် Quality : WEB-DL 1080p , 480p Format : mp4 Genres : Adventure , Thriller Runtime : 1h 2min Subtitle : Myanmar Subtitle ( Hardsub ) Translated by Xing Er Encoded by LK

Action • Thriller
5.5 2017 62 mins
The Fate of Swordsman
Boston Strangler
6.7

Boston Strangler 2023 ( ဘော်စတွန် လည်ပင်းညှစ်လူသတ်သမား ) IMDb - 6.5/10, RT - 63% Pirates of the Caribbeanရုပ်ရှင်တွေ၊ Star War Episode 1နဲ့ IV၊ The Imitation Game၊ Begin Againနဲ့ Jack Ryanတို့လို ရုပ်ရှင်ကားကောင်းတွေပါ ပါဝင်သရုပ်ဆောင်ထားဖူးတဲ့ ဝါရင့်မင်းသမီးKeira Knightleyနဲ့အတူ Avenger infinity war, Avenger end gameနဲ့ Animated series What ifတို့မှာ ပါဝင်သရုပ်ဆောင်ထားဖူးတဲ့ Carrie Coonတို့က ဇာတ်လမ်းကို ဦးဆောင်ပြီး ဇာတ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့ 1960ခုနှစ်အစပိုင်း 1962ခုနှစ်က ဖြစ်ရပ်မှန်ကွင်းဆက်လူသတ်မှုအပေါ် အခြေခံထားပါတယ်။ လိုရက်တာမက်လောက်လင်က Record Americaသတင်းဌာနက သာမည သတင်းထောက်မလေးပါ၊ သူက မှုခင်းအမှုတွေကို လုပ်ဆောင်ချင်တာဖြစ်ပြီးတော့ စိတ်ကူးနဲ့လက်တွေ့အကောင်ထည်မဖော်နိုင်သေးသူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ လိုရက်တာတစ်ယောက် ကွင်းဆက်လူသတ်မှု ဖြစ်နိုင်တဲ့ အမျိုးသမီးတွေကို လည်ပင်းညှစ်ပြီး လိုက်လံသတ်ဖြတ်နေတဲ့အမှုတစ်ခုကို လမ်းစဖော်လိုက်မိပါတယ်။ သူဒီအမှုကိုစုံစမ်းရင်း စုံစမ်းရင်းနဲ့ အမှုဟာ ဘယ်လိုဖြစ်သွားမလဲ၊ ဒီမိန်းမတွေကို လိုက်သတ်နေတဲ့လူကဘယ်သူလဲ၊ ဘာလို့ လည်ပင်းညှစ်ပြီးပဲသတ်ရတာလဲ၊ လူသတ်မှုတွေရဲ့နောက်ကွယ်မှာ ဘယ်လိုလူတွေရှိနေကြလဲဆိုတာကို ဒီကားထဲမှာ စုံထောက်တစ်ယောက်လို သတင်းထောက်သလောက်လိုPOVနဲ့ကြည့်ရှု့သွားရမှာဖြစ်ပါတယ်။ Disney+ထုတ်ထာမို့လို့ ဇာတ်လမ်းက တစ်ဝက်လောက်မှာ နည်းနည်းလေးအီသလိုဖြစ်ပင်မယ့် အမှုအတွက် လမ်းစခင်းနေတာမို့လို့ နောက်ဆုံးကြမှ အော် အဲလိုလား ဆိုပြီး ဖြစ်မယ့်ရုပ်ရှင်မျိုးပါ။ လူသတ်ကားတွေကြိုက်တဲ့Tasteမျိုးလည်းရှိတယ် စုံထောက်ပုံစံ သတင်းထောက်တွေအလုပ်လုပ်တဲ့ပုံစံမျိုးလည်းကြိုက်တတ်တဲ့tasteရှိတယ်လို့ ဒီကားက အင်မတန်မှ ကြည့်လို့ကောင်းမယ့် " ဖြစ်ရပ်မှန်ပေါ် အခြေခံရိုက်ကူးထားတဲ့ရုပ်ရှင် " တစ်ကားဖြစ်ပါကြောင်း သုံးသပ်ရင်း နိဂုံးချုပ်အိပ်ပါတယ်။ File size…(1 GB)/(600 MB )/(260 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:51:00 Genre...Crime, Thriller, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

Action • Romance • Thriller
6.7 2023 112 mins
Boston Strangler
Cold War
7.5

Cold Warကိုကြည့်ပြီးနောက် တွေးမိတာက ကျောင်းသင်ရိုးက မြန်မာကဗျာတွေရဲ့ အ‌ရေးပါပုံကိုပါပဲ။ Cold Warဟာ ဂီတသမားတစ်ယောက်က ဂီတတင်ဆက်မှုတစ်ခုလုပ်ဖို့ လူစုတဲ့အကြောင်းကနေ အစပြုထားတယ်။ သူ့တင်ဆက်ချင်တဲ့ဂီတက နည်းနည်းတော့ထူးခြားတယ်။ ကျေးတောနေလူတန်စား‌တွေရဲ့ ဂီတ။ ကျွန‌်တော်တို့ မြန်မာကဗျာမှာသင်ရတဲ့ တောင်တွင်းရှင်ငြိမ်းမယ်ရဲ့ အိုင်ချင်းတွေလိုကဗျာတွေကို ဆိုကြတဲ့ဂီတမျိုးပဲ။ ကောက်စိုက်သမဂီတပဲဆိုရမယ်။ ဒီဂီတလေးတွေက ဒီကားရဲ့အသက်ပဲထင်တယ်။ Cold Warဟာ ဒီတစ်မူထူးတဲ့ဂီတ‌တွေကြောင့်ပဲ တခြားMusical Dramaတွေထက်ထူးနေတယ်။ ဒီဂီတကဗျာတွေရဲ့ အရေးပါပုံကိုခံစားမိတော့ ကျွန်တော် ကျောင်းသင်ရိုးကကဗျာတွေ အရေးပါတာတွေးမိတယ်။ ကိုယ့်ဘာသာဆို သိချင်မှသိမယ်ကိုး။ မူရင်းပိုလန်ဘာသာကနေ အင်္ဂလိပ်လိုပြန်ထားတာကိုမှ ဗမာလိုပြန်ရေးတာမို့ Lost in Translation အများကြီးရှိနိုင‌်ပေမယ့် ဒီထဲက သီချင်းတွေကို ကျေးလက်ကဗျာ အငွေ့အသက်ရအောင်ပဲ ပြန်ထားပေးပါတယ်။ Cold Warရဲ့တစ်ချို့ အခန်းတွေဟာ သိပ်လှတယ်။ ကျွန်တော်အကြိုက်ဆုံးအခန်းက ကျေးလက်ဂီတတွေကို နိုင်ငံရေးစည်းရုံး‌ရေးသီချင်းဖြစ်အောင် မလွဲရှောင်သာလို့ သုံးပေးလိုက်ရပေမယ့် အဲ့ဒီဂီတတင်ဆက်မှုရဲ့ အောင်မြင်မှုအတွက် အားလုံးလက်ခုပ်တီးနေချိန်မှာ လက်ခုပ်မတီးနိုင်တဲ့ ဂီတတင်ဆက်မှုရဲ့ ပဲ့ကိုင်ရှင် နှစ်ယောက်နဲ့ သူတို့ရဲ့ မသက်မသာမျက်နှာတွေပါပဲ။ ရုပ်ရှင်နာမည်ကတော့ ဇာတ်အိမ်ကို ပိုလန်ရဲ့စစ်အေးတိုက်ပွဲ ကာလအတွင်းတည်ထား တာမို့ Cold Warလို့ပေးထားပေမယ့်။ စစ်နဲ့ ပက်သက်တာ ဘာမှမပါပါဘူး။ သမိုင်းအစစ်တွေတော့ ယူသုံးထားတယ်။ Cold Warဟာ 2018ထွက်ဆိုပေမယ့် ဒါရိုက်တာက သူ့အနုပညာရည်ကို လက်စွမ်းပြချင်တော့ အဖြူအမဲနဲ့ရိုက်ထားတယ်။ အဲ့ဒီနှစ်က ရုပ်ရှင်ဓာတ်ပုံ ပညာနဲ့ အော်စကာဆန်ခါတင်ဝင်ခဲ့သေးပေမယ့် Romaရသွားတယ်။ သူအသားပေးဖော်ပြသွားတဲ့ ကျေးလက်ဂီတတွေရဲ့ ခံစားမှုမျိုးကိုပဲ Cold War က ကျွန်တော်တို့ကိုပြန်ပေးတယ်။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ပဲဖြစ်ပါတယ်။) Quality –  1080p, 720p BluRay 5.1CH Duration - 1hr 30min Subtitle – Myanmar Hardsub Format – Mp4 Genre : Drama, History, Music Source : 1080p.BluRay Translator – WiRa Aung Encoder – SWM

Drama • Sci-Fi & Fantasy
7.5 2018 88 mins
Cold War
Star Trek Beyond
6.8

ကနဦးစွာ ကျွန်တော်ပွင့်ပွင့်လင်းလင်း ဝန်ခံပါရစေ။ Director Justin Lin တစ်ယောက် ဒီဇာတ်ကားကို ရိုက်မယ်လို့ကြားသိလိုက်ရတဲ့အချိန်မှာ ကျွန်တော်အလွန်စိတ်ပျက်မိခဲ့တယ်။ Fast and Furious ကောင်က ကိုယ်တွေကြိုက်တဲ့ Star Trek ကိုဖျက်ဆီးပစ်လိုက်မယ်ဆိုတဲ့ စိုးရိမ်စိတ်နဲ့ပေါ့။ အခုလိုပြောလိုက်လို့စာဖတ်သူတို့ဘာမှ စိတ်မပူပါနဲ့။ တစ်ကယ်တော့ ဒီဇာတ်ကားဟာ တစ်ကယ်ကို ကောင်းမွန်တဲ့ Star Trek ဇာတ်ကားကောင်းတစ်ကားအဖြစ် ယခုဆို ရပ်တည်နိုင်ခဲ့ပြီလေ။ -------------------------------------------------------------------------------- ကျွန်တော်တို့လွန်ခဲ့တဲ့ 3 နှစ်ခန့်လောက်ကို ပြန်သွားကြည့်ရအောင်ဗျာ။ Star Trek into Darkness က တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဝင်ငွေ $467 Million နဲ့အောင်ပွဲခံနေတဲ့အချိန်ပေါ့။ တစ်ချို့ကတော့ သူတို့သဘောကျတဲ့ Khan ဇာတ်ကောင်ကို သရုပ်ဖော်တာ မကြိုက်လို့ဆိုပြီး အညံ့ဆုံး Star Trek ရုပ်ရှင်တို့ဘာတို့နဲ့အော်ဟစ်နေကြတဲ့သူတွေလည်း ရှိတဲ့အချိန်ပေ့ါဗျာ။ ဒီအချိန်မှာပဲ ထိုဇာတ်ကားတွေရဲ့Director ဖြစ်သူ J.J. Abrams တစ်ယောက်က တတိယမြောက် Star Trek reboot ရုပ်ရှင်ကို မရိုက်ကူးတော့ဘူးဆိုပြီး ထို Project က ထွက်သွားတော့တယ်။ (သေချာတဲ့အကြောင်းပြချက်ကတော့ The Force Awaken ကြောင့်ပေါ့။) 2014 လောက်မှာထင်တယ်။ အစကတော့ အရင်ဇာတ်ကား 2 ကားကို ဇာတ်ညွှန်းရေးခဲ့တဲ့ Roberto Orci က တတိယမြောက်ဇာတ်ကားအတွက် ကိုယ်တိုင်ဇာတ်ညွှန်းရေးကာ Director အဖြစ် ပထမဆုံး ရိုက်ကူးမယ်လို့ကြားလိုက်ရတယ်။ နည်းနည်းတော့လန့်တာပေါ့။ တစ်ခါမှ Director မလုပ်ဖူးတဲ့ ဇာတ်ညွှန်းရေးဆရာတစ်ယောက်က Star Trek လို ဇာတ်ကားကြီးကို ကိုင်မယ်ဆိုတော့။ ဒါပေမဲ့ ထိုနှစ် May လ လောက်က စလိုက်တဲ့ထိုသတင်းဟာ December လောက်မှာ ပျက်သုန်းသွားခဲ့တယ်။ ထုံးစံအတိုင်း “Creative Differences” ဆိုတဲ့ အမည်တစ်ခုနဲ့ပဲ Roberto Orci နဲ့Paramount တို့လမ်းခွဲခဲ့ကြတယ်။ ဒီတော့ Roberto Orci ကလည်း သူနဲ့အတူ သူရေးတဲ့ ဇာတ်ညွှန်းကို တစ်ပါတည်း ယူဆောင်သွားတယ်။ ဒီမှာတင် အခက်တွေ့တော့တာပဲ။ 2015 ထဲဝင်လာပြီ။ 2016 ဟာ Star Trek ရဲ့နှစ် 50 ပြည့်နှစ်မို့အထိမ်းအမှတ်တစ်ခုဖြစ်အောင် 2016 မှာ ထိုရုပ်ရှင် ထွက်ကို ထွက်မှ ဖြစ်တော့မှာ။ သူတို့မှာ ကျန်တဲ့အချိန်က 1 နှစ်ပဲ ရှိတော့တယ်။ ဒီအချိန်ထိ အဖြေဟာ မသဲကွဲသေးဘူး။ ရုပ်ရှင်အဖွဲ့သားတွေကတောင် ထိုဇာတ်ကား မရိုက်ဖြစ်တော့ပါဘူး ထင်ပြီး တစ်ခြားဇာတ်ကားတွေ ရိုက်ကူးသွားကြတော့တယ်။ သိပ်တော့ မကြာလိုက်ဘူး။ 2015 August လောက်မှာဖြစ်မယ်။ ဒီ Project ကို ပြန်လည် အသက်သွင်းဖို့စတင်ကြိုးပမ်းခဲ့တာ Scotty အဖြစ် သရုပ်ဆောင်တဲ့ Simon Pegg ပဲ။ သူ့ရဲ့စိတ်ကူးတွေထဲမှာ ယခု တတိယမြောက် ဇာတ်ကားအတွက် ဇာတ်လမ်းတွေရှိနေခဲ့တယ်။ ဒီလိုနဲ့ပဲ Simon Pegg နဲ့Doug Jung ဆိုတဲ့သူတစ်ယောက်နဲ့ယခုဇာတ်ကားအတွက် ဇာတ်ညွှန်းတွေ စတင်ရေးသားလာတော့တယ်။ သူတို့တွေကို Paramount က Roberto Orci ရဲ့ဇာတ်ညွှန်းကို မပြသခဲ့ဘူး။ ယခုထိလည်း ထိုဇာတ်ညွှန်းထဲက ဇာတ်လမ်းဟာ ဘယ်လိုလည်းဆိုတာ ဘယ်သူမှ မသိခဲ့ဘူး။ (Paramount နဲ့Roberto Orci တို့ကလွဲရင်ပေ့ါ။) အဲ့ဒီ့နောက်တော့ သူတို့အတွက် Paramount က Director တစ်ယောက် ခေါ်လာခဲ့တယ်။ ဒီအချိန်မှာပဲ သူတို့အားလုံး အံ့သြသင့်ကြရတော့တယ်။ Paramount ခေါ်လာတဲ့သူက တစ်ခြားမဟုတ်။ Fast and Furious ဇာတ်ကားတွေနဲ့နာမည်ကြီးလာခဲ့တဲ့ Justin Lin လေ။ Justin Lin က Fast and Furious ဇာတ်ကားတွေကို တတိယမြောက် Tokyo Drift ကနေ ဆဌမမြောက် ဇာတ်ကား Fast and Furious 6 အထိ ရိုက်ကူးခဲ့တဲ့သူ။ ဒါကို ပရိသတ်တွေကြားရတော့ internet မှာ ပြန့်သွားတဲ့ Comments တွေက “R.I.P Star Trek.” တဲ့။ ရယ်တော့ ရယ်ရတယ်။ ကျွန်တော်လည်း အပါအဝင်လေ။ -------------------------------------------------------------------------------- ဒီနေရာမှာ ကျွန်တော် Justin Lin အကြောင်းအနည်းငယ် ပြောချင်ပါတယ်။ သူဟာ အမှန်တော့ Indie ရုပ်ရှင်တွေနဲ့စခဲ့တဲ့သူ။ သူခေါ်တာကတော့ “Credit card movies” တွေတဲ့။ သူ့စရိတ်နဲ့သူကိုယ်တိုင် အကုန်အကျခံကာ ရိုက်ခဲ့ရတဲ့ ရုပ်ရှင်တွေလေ။ “Shopping for Fangs” တို့”Better Luck Tomorrow” တို့တွေပေ့ါ။ သူဟာ Fast and Furious တွေကို စရိုက်တော့ လူတွေက ဒီ indie ကောင်က FF ကားတွေကို ဘာလို့လာရိုက်တာလဲပေါ့။ ခုလည်း ဒီလိုပဲ။ ဒီ FF ကား ကောင်က Star Trek ကို ဘာလာ လုပ်တာလဲပေါ့။ အမှန်တော့ ရှင်းပါတယ်။ Justin Lin က Star Trek အကြောင်းကို ကားတွေအကြောင်းထက် ပိုသိတဲ့သူပါ။ သူဟာ လွန်ခဲ့တဲ့ 35 နှစ်လောက်ကတည်းက Star Trek နဲ့ရင်းနှီးခဲ့တဲ့သူ။ သူတို့မိသားစုက Taiwan ကနေ California ကို ပြောင်းလာတော့ သူက 8 နှစ်သားပဲ ရှိသေးတယ်။ Fish and Chips ဆိုင်လေးဖွင့်တယ်။ သူရဲ့ကျောင်းက သူငယ်ချင်းတွေက Star Wars ဖြစ်နေချိန်မှာ သူဟာ Star Trek ဖြစ်ခဲ့တဲ့သူ။ ဘာလို့လဲဆိုတော့ သူဟာ ထိုအချိန်က ရုပ်ရှင်ရုံတွေမှာ ရုပ်ရှင်သွားကြည့်ဖို့လောက်ထိ ပိုက်ဆံမရှိခဲ့ဘူးလေ။ အဲ့ဒီ့တော့ ညဘက်တွေမှာ အလကားပြတဲ့ Star Trek ရုပ်သံဇာတ်လမ်းတွဲတွေကိုပဲ ကြည့်ခဲ့ရပြီး ထိုအချိန်ကတည်းက Star Trek fan တစ်ယောက် ဖြစ်လာခဲ့တော့တာပဲ။ Star Trek Beyond ဇာတ်ကားကို စဖွင့်တော့ ထုံးစံအတိုင်း Captain Kirk က တစ်ခြားဂြိုလ်တစ်ခုပေါ်မှာ ထိုဂြိုလ်က အကြီးအကဲတွေကို လက်ဆောင်သွားပေးနေတာ။ အဆင်မပြေဖြစ်ပြီး သူပြန်ပြေးလာတဲ့အချိန်မှာတော့ သူပေးမဲ့ လက်ဆောင်ဆိုတဲ့ အရာလေးဟာ သူနဲ့ပြန်ပါလာခဲ့တယ်။ ဒီတစ်ခါ ခရီးစဉ်ကြီးက 5 နှစ်သက်တမ်း။ အချိန်က 3 နှစ်ခန့်တောင် ကျော်လာပြီ။ USS Enterprise က သူတို့နားခိုလေ့ရှိတဲ့ နေရာတစ်ခုဖြစ်တဲ့ Yorktown ကို ရောက်တဲ့အခါ Captain Krik နဲ့Spock တို့မှာကိုယ်ပိုင် အနာဂတ်အတွက် စီစဉ်ချမှတ်ထားပြီးသား ဆုံးဖြတ်ချက်ကိုယ်စီရှိကြတယ်။ ဒါပေမဲ့ တစ်ယောက်ကို တစ်ယောက် ဖွင့်ပြောပြဖို့တော့ အခွင့်အလမ်း မသာခဲ့ဘူး။ Vice Admiral အဖြစ်ရာထူးတိုးဖို့Captain Kirk တစ်ယောက် အထက်ကို လျှောက်ထားပြီးလေ။ Spock တစ်ယောက်ကတော့ Uhura နဲ့လမ်းခွဲပြီးခါစ အချိန်ဖြစ်သလို Ambassador Spock တစ်ယောက်လည်း သေဆုံးသွားပြီလို့ဝမ်းနည်းဖွယ်ရာ သတင်းကို ကြားသိခါစအချိန်လည်း ဖြစ်နေပြန်တယ်။ ထိုဝန်းကျင်တစ်ဝိုက်နားမှာ ရှိတဲ့ Nebula တစ်ခုကနေ ရောက်လာတဲ့ Kalara အမျိုးသမီးတစ်ဦးရဲ တောင်းဆိုချက်အရ ရပ်တန့်နေတဲ့သူမတို့ယာဉ်ကြီးက အဖွဲ့ဝင်တွေကို သွားကယ်ပေးဖို့ပဲ။ ဒီလိုနဲ့Captain Kirk ဦးဆောင်တဲ့ သူတို့အဖွဲ့ကြီး ထိုသူတွေကို ကယ်တင်ဖို့ထွက်ခွာလာတော့တာပေါ့။ ဒါပေမဲ့ ထိုနေရာအရောက်မှာပဲ အလွန်တရာများပြားလှတဲ့ ယာဉ်ငယ်တွေရဲ့ခြောင်းမြောင်းတိုက်ခိုက်ခြင်းကို ရုတ်တရက် ခံလိုက်ရကာ သူတို့ရဲ့USS Enterprise ယာဉ်ကြီးတစ်ခုလုံး ပျက်ဆီးတဲ့ အနေအထားထိ ရောက်ရှိခဲ့ကာ Sulu နဲ့Uhura တို့ အပါအဝင် USS Enterprise အဖွဲ့ဝင်အများစု အဖမ်းခံရတော့တယ်။ Captain Kirk နဲ့Chekov တို့ကတစ်နေရာ၊ Scotty က တစ်နေရာ၊ Bones နဲ့Spock တို့ကတစ်နေရာစီ ကွဲသွားကြကာ ထိုအနီးက ဂြိုလ်တစ်ခုအပေါ်မှာ သောင်တင်ကြရတော့တယ်။ သူတို့ကို တိုက်ခိုက်တဲ့ သူနာမည်က Krall တဲ့။ Krall ဟာ ဘာကြောင့် သူတို့ကို တိုက်ခိုက်တာလဲ။ Krall ရဲ့အကြံအစည်ဟာ ဘာလဲ။ Star Trek Beyond ရဲ့ဇာတ်လမ်းဟာ ခုမှ စတင်လာပါတော့တယ်။ ------------------------------------------------------------------------------- လူတိုင်းသိကြတဲ့အတိုင်း Justin Lin က Director လုပ်ပြီး Chris Pine, Zachary Quinto, Karl Urban, Zoe Saldana, Simon Pegg, John Cho, Anton Yelchin တို့ပြန်လည်ပါဝင်ကြပြီး သရုပ်ဆောင်အသစ်တွေအနေနဲ့ကတော့ Kingsmen ဇာတ်ကားနဲ့နာမည်ကျော်ခဲ့တဲ့ Sophia Boutella နဲ့Krall အဖြစ် Idris Elba တို့ကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒီဇာတ်ကားရဲ့အဓိက ပြဿနာဟာ ကျွန်တော့်စိတ်ထင် ဇာတ်ညွှန်းပဲလို့ထင်တယ်။ ဘာကြောင့်လဲဆိုတော့ တစ်ကားလုံးဟာ ကျွန်တော်တို့မြင်ပြီးသားတွေ သိပြီးသားတွေကို ပုံစံတစ်မျိုးနဲ့မြင်တွေ့ရတယ်လို့ပဲ မြင်ခဲ့ရတယ်။ ဇာတ်လမ်း စတင်ပုံ၊ ဇာတ်အသွားအလာ၊ ဖွဲ့စည်းတည်ဆောက်ထားပုံနဲ့ဇာတ်သိမ်းပုံတို့ဟာ Star Trek into Darkness နဲ့အလွန်ဆင်တူလွန်းတယ်လို့ထင်ရမိတယ်။ ထို့အပြင် ဒီဇာတ်ကားကို သေသေချာချာကြည့်မိရင် တွေ့ရမဲ့ အရာတစ်ခုက ဇာတ်ညွှန်းဟာ ဇာတ်ဝင်ခန်းတွေကို အသေးစိပ်ရေးဖွဲ့ထားတယ်လို့ပဲ။ ဒါကြောင့်လည်း ဇာတ်ဝင်ခန်းတွေဟာ အလွန်ပေါ်လွင်ပြီး ဇာတ်ကောင်တွေဟာ မှေးမှိန်နေခဲ့တာပဲ။ အရင်ဇာတ်ကားတွေမှာ Captain Kirk သည် အလွန်ခေါင်းမာသောသူ၊ သတ္တိရှိသောသူ၊ Odd တွေကို ကျော်ဖြတ်နိုင်ခဲ့သူတစ်ယောက်ဟု သရုပ်ဖော်ခဲ့ပေမဲ့ ယခုဇာတ်ကားတွင် ထိုစရိုက်ကို အရင်ကားတွေလောက် မပေါ်လွင်ခဲ့ဘူးလို့ထင်ရတယ်။ သို့သော် သူ့ရဲ့ရဲဝင့်တဲ့ စွန့်စားခန်းတွေတော့ ပါဝင်နေသေးပါတယ်။ အဓိကက Scotty ပဲ။ အရင်ဇာတ်ကားလောက် ရယ်စရာ နည်းတယ်လို့ထင်ရတယ်။ Spock နဲ့Bones ကတော့ ထုံးစံအတိုင်းပဲ။ ပြောရမယ်ဆိုရင် တစ်ကားလုံးမှာ သူတို့နှစ်ယောက်ရဲ့အခန်းတွေကို အကြိုက်ဆုံးပဲ။ သူတို့ရဲ့Conversation တွေကလည်း ပိုစိတ်ဝင်စားဖို့ကောင်းတယ်။ စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတာ ဆန့်ကျင်ဘက် စရိုက်ရှိတဲ့ သူနှစ်ယောက်ရဲ့နှစ်ယောက်တည်းရှိတဲ့အခါ ပြောဖြစ်တဲ့ စကားတွေပဲ။ Sulu ရဲ့ဇာတ်ဝင်ခန်းတွေမှာတော့ အကြိုက်ဆုံးအခန်းတစ်ခုကတော့ Trailer တွေထဲမှာပါတဲ့အတိုင်း Captain Kirk က မင်း ဒီယာဉ်ကို တစ်ကယ်မောင်းနိုင်ပါတယ်နော် လို့မေးတော့ Captain, မင်းက ငါ့ကို နောက်နေတာလားဆိုပြီး သူမောင်းနှင်နိုင်တယ်ဆိုတာကို ကျွမ်းကျင်စွာ မောင်းပြသွားတဲ့အခန်းပဲ။ (ဘယ်ဇာတ်ဝင်ခန်းလဲဆိုတာ Spoiler ရှောင်ချင်လို့ကြည့်တဲ့အခါ သိပါလိမ့်မယ်။) ဝမ်းနည်းဖို့အကောင်းဆုံးတစ်ခုကတော့ Anton Yelchin ရဲ့Chekov ကို ကျွန်တော်တို့တွေ နောက်ဆုံးအကြိမ်အဖြစ် တွေ့ခဲ့ရတာပဲ။ ကျွန်တော်တို့တွေ တစ်သက်လုံး Chekov ရဲ့ခပ်ဝဲဝဲ စကားပြောသံရယ်၊ ခပ်ပြူးပြူးနဲ့အပြစ်ကင်းတဲ့ မျက်လုံးတွေရယ်ကို ဘယ်တေ့ာမှ မေ့နိုင်မှာ မဟုတ်ဘူးပဲ။ Anton Yelchin သည်ပြီးခဲ့သည့်လက Car Accident နဲ့ဆုံးပါးသွားခဲ့ပြီဖြစ်သည်။ သူ့ရဲ့ဇာတ်ကောင်ကို နောက် Star Trek ဇာတ်ကားတွေမှာ တစ်ခြားမင်းသားနဲ့အစားထိုး သရုပ်မဆောင်ခိုင်းတော့ဘူး လို့ Paramount က တရားဝင်ကြော်ငြာခဲ့ပါတယ်။ ဒါမှလည်း ကျွန်တော်တို့တွေ သူ့ကိုအမြဲအမှတ်ရနေပြီး သတိရနေမှာ ဖြစ်ပါတယ်။ တစ်ကားလုံးကို ခြုံပြောရမယ်ဆိုရင် Actions တွေ၊ Actions တွေ အရမ်းများလွန်းတယ်။ တစ်ကားလုံးကို ဇာတ်လမ်းထက် Actions တွေက များလွန်းတော့ တစ်ခါတစ်ခါ အာရုံကိုမနည်းပြန်ဖမ်းရတယ်။ သို့သော် Star Trek ရဲ့ပုံပန်းထဲကတော့ ထွက်မသွားခဲ့ပါဘူး။ Star Trek ရဲ့ဇာတ်ကားတစ်ကားဆိုတဲ့အတိုင်း Star Trek ခံစားချက်ကိုတော့ ရနေပါသေးတယ်။ ဒါဟာ Justin Lin ကို ချီးကျူးရမှာ ဖြစ်တယ်။ သူ ကျွမ်းကျင်တဲ့ Action ခန်းတွေကို ပရိသတ်သဘောကျအောင် ထည့်နိုင်ခဲ့သလို Star Trek theme ထဲကနေလည်း ထွက်မသွားစေရအောင် စွမ်းဆောင်နိုင်ခဲ့တာပဲ။ Justin Lin ကို သရုပ်ဆောင်တွေရဲ့ပြောချက်အရဆိုရင် ပို၍ စဉ်းစားတွေးခေါ်တတ်တဲ့ Director တဲ့။ ဒီလို ပြောကြလို့J.J. Abrams ကို စဉ်းစားဉာဏ်မရှိဘူးလို့ဆိုလိုတာမဟုတ်ဘူး။ J.J. Abrams က ရိုက်ကွင်းမှာ လူတိုင်းကို အားတက်အောင် အမြဲပြုလုပ်လေ့ရှိပြီး Justin Lin ကတော့ စကားနည်းကာ ပိုမိုအသေးစိပ်ဆန်တယ်ဆိုတဲ့ သဘောပါပဲ။ -------------------------------------------------------------------------------- Fear of death ဆိုတာကို စာဖတ်သူအနေနဲ့မည်ကဲ့သို့မြင်ပါသလဲ။ သက်ရှိလူသားတိုင်းလိုလိုဟာ မိမိရဲ့သေခြင်းတရားကို ကြောက်လန့်မိကြမှာအမှန်ပါပဲ။ ကြောက်လန့်တယ်ဆိုပေမဲ့လည်း တစ်နေ့နေ့ကျရင် မိမိဆီကို မရောက်လာမှာမှ မဟုတ်တာ။ တစ်နေ့နေ့ကျရင်တော့ ကျိန်းသေရောက်ရှိလာမှာပဲလေ။ ဒီနေရာမှာ Spock က “Fear of death is illogical.” ဆိုပြီး သေခြင်းတရားကို ငြီးတွားရေရွတ်လိုက်တယ်။ သူပြောတာတော့ဟုတ်တာပဲလေ။ လူတိုင်းဟာ တစ်နေ့နေ့ကျရင် သေကြရမှာပဲ။ မဖြစ်မနေ ရင်ဆိုင်ရမဲ့ အရာကို ဘာကြောင့် ကိုယ်က ကြောက်စိတ်ဝင်နေရတာလဲ။ ကြောက်စိတ်ဝင်နေတော့လည်း ထိုသေချင်းတရားက မိမိဆီ ရောက်မလာမှမ မဟုတ်တာ။ သိသိကြီးနဲ့ဘာကြောင့် ကြောက်နေကြတာလဲပေါ့။ ဒီတော့ Bones က ပြန်ပြောလိုက်တယ်။ “Fear of death is what keeps us alive.” တဲ့။ ဒါဆို သူပြောတာရော မှားလားဆိုတော့ မမှားဘူး။ သင်ယနေ့အထိ အသက်ရှင်နေတာ မသေချင်တဲ့စိတ်ကို ရှင်သန်အောင် ကြောက်စိတ်က နှိုးဆော်ပေးနေခြင်းကြောင့်ပဲ။ ဒါကြောင့်ပြောတာ။ Spock နဲ့Bones ဟာ ကျွန်တော်အကြိုက်ဆုံး Star Trek ဇာတ်ကောင်တွေပဲ။ သူတို့နှစ်ယောက်ရဲ့ဆန့်ကျင်ဘက်စကားတွေဟာ နှစ်ယောက်စလုံးမှန်တဲ့အတွက် အလွန်ကို နားထောင်လို့ကောင်းတယ်။ ဒါဆို စာဖတ်သူရော။ မည်သူ့စကားက မှန်တယ်လို့ထင်သလဲ။ မိမိဘာသာ စဉ်းစားကြည့်ပြီး အဖြေရှာကြပေါ့။ Star Trek နဲ့ပတ်သက်ပြီး လေ့လာချက်အရ Star Trek ဇာတ်လမ်းတွဲတွေ စထွက်တဲ့အချိန်တုန်းက ပြောချင်တဲ့ Messages တွေက လူမျိုးရေးခွဲခြားခြင်းတွေနဲ့လိင်ပိုင်းဆိုင်ရာ ဖိုမ ခွဲခြားခြင်းတွေကို တွန်းလှန်ပစ်ဖို့ပဲ။ ပြီးတော့ ငြိမ်းချမ်းရေးကို လိုလားခြင်းကို တင်ပြထားပြီး ဇာတ်လမ်းရဲ့ဖွဲ့စည်းထားပုံဟာ Democary ထက် Socialism ကို ပိုမိုရောက်တယ်လို့မြင်မိတယ်။ ဒါပေမဲ့ သေချာစွာ တွေးကြည့်လာရင်တော့ Individulisim လို့ပြောရင် ပိုမိုမှန်ကန်ပါလိမ့်မယ်။ အကယ်၍ ကျွန်တော်တို့ကမ္ဘာပေါ်ကလူသားတွေဟာ မိမိတစ်ကမ္ဘာထဲမှာ ရှိတဲ့တစ်ခြားလူမျိုးခြားတွေနဲ့တောင် စစ်ဖြစ်နေပြီး ခွဲခြားနေရင် တစ်ခြားဂြိုလ်က သက်ရှိလူသားတွေနဲ့ (တစ်ခြားကမ္ဘာများတွင် အသိဉာဏ်ရှိ သက်ရှိများရှိလျှင်) မည်ကဲ့သို့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီး ဖော်ဆောင်နိုင်မှာလဲဆိုတဲ့ မေးခွန်းရဲ့အဖြေကို Star Trek ဟာ ဖြေကြားလာခဲ့တာ ယခုဆိုရင် နှစ် 50 တောင် ပြည့်ခဲ့ပြီပေါ့။ ကျွန်တော်တို့ကမ္ဘာကျဉ်းကျဉ်းလေးထဲမှာ ဘာကြောင့် တစ်ယောက်ကိုတစ်ယောက် မုန်းတီးစိတ်တွေနဲ့တိုက်ခိုက်နေကြတာလဲ။ ဘာကြောင့် ဖိုမ ဆိုပြီး နေရာတိုင်းမှာ ခွဲခြားနေကြရတာလဲ။ ဘာကြောင့် ကိုယ်အရေပြားပေါ်က အသားအရောင်ကို ကြည့်ပြီး ခွဲခြားပြောဆို ဆက်ဆံနေကြတာလဲ။ အကယ်၍ အကယ်၍ ပေါ့။ တစ်ခြားကမ္ဘာက လူသားတွေကို စတင်တွေ့ရှိလာတဲ့တစ်နေ့ကျွန်တော်တို့ကမ္ဘာက လူသားတွေ ထိုစရိုက်တွေကို ဘယ်လိုပြောင်းလဲကြတော့မှာလဲ။ ကြည့်ကြတာပေါ့ဗျာ ….. “In Loving Memory of Leonard Nimyo” “For Anton” IMDb Rating: 7.6/ 10 Rotten Tomatoes Rating: 83% ~WH~ (ရုပ်ရှင်အညွှန်းကို Movies-we watch,we feel. ၏ Facebook Page https://www.facebook.com/movieswwwf/posts/618178778356266:0 မှကူးယူဖော်ပြပါသည်။) File size…(838 MB) Quality…Blu-Ray Rip 720p Format…mp4 Duration….02:02:21 Subtitle….Myanmar Subtitle (Hardsub) Translator....Lotus Black Encoder….Nyeinsaeya Aung

Action & Adventure • Animation • Crime • Drama • Sci-Fi & Fantasy
6.8 2016 122 mins
Star Trek Beyond
You Can’t Escape Me
5.6

တက်သစ်ပန်းချီဆရာမတစ်ဦးဖြစ်သူ အယ်ရင်ကာဗာနဲ့ ရှေ့နေတစ်ဦးဖြစ်သူ ဂျဲရက်ကာဗာတို့ဟာ အိမ်ထောင်ကျခါစလင်မယားတွေပါ။ ဂျဲရက်ဟာ တရားသူကြီးမျိုးရိုးထဲက ဆွေးကြီးမျိုးကြီးတစ်ယောက်ဖြစ်ပေမယ့် အယ်ရင်ကတော့ မိဘနှစ်ပါးလုံးဆုံးပါးသွားပြီဖြစ်ပြီး ကိုယ့်ဒူးကိုယ်ချွန်ဖို့ကြိုးစားနေရတဲ့ ပန်းချီဆရာမတစ်ယောက်ပါ။ ဂျဲရက်ဟာ မိန်းမဖြစ်သူအပေါ်ကိုအရမ်းချုပ်ချယ်ပြီး အချိန်ပြည့် သူ့စိတ်တိုင်းကျ သူထားလိုရာမှာထားလို့ရမဲ့ အရုပ်တစ်ခုအဖြစ် လွှမ်းမိုးချုပ်ကိုင်ချင်သူတစ်ယောက်ပါ။ အိမ်ထောင်ကျပြီးနောက်ပိုင်း ယောင်္ကျားဖြစ်သူရဲ့ မနာလို၀န်တိုမှုကြီးမားပုံတွေ၊ အဆိပ်အတောက်ဆန်တဲ့ အပြောအဆို အပြုအမူတွေ၊ အိမ်တွင်းအကြမ်းဖက်မှုတွေကို အယ်ရင်တစ်ယောက် တွေ့ကြုံခံစားလိုက်ရတဲ့အခါမှာတော့ သူ့သူငယ်ချင်းရဲ့အကူအညီနဲ့ ပေါ့လန်းမြို့ကိုပြောင်းပြေးဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ပေါ့လန်းမြို့မှာ အခြေချပြီး ၅လအကြာမှာတောင် အယ်ရင်တစ်ယောက် မလုံခြုံသေးတာကို သိလိုက်ရတဲ့နောက်မှာတော့ သူခံစားနေရတဲ့စိတ်ဒဏ်ရာတွေ၊ ခြိမ်းခြောက်မှုတွေကနေ ဘယ်လိုရုန်းထွက်ဖို့ကြိုးစားမလဲ၊ ဂျဲရက်သူ့မျက်စိရှေ့ကိုပြန်ရောက်လာခဲ့ရင် ပြန်ရင်ဆိုင်ဖို့ရာသူဘယ်လိုကြိုးစားမလဲ၊ ဂျဲရက်ရဲ့လက်ထဲကနေရော သူလွတ်မြောက်နိုင်ပါ့မလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ Format…mp4 Duration….01:30:00 Genre…TV Movie, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

Drama • Romance
5.6 2023
You Can’t Escape Me
Upgraded
6.1

လူကြီးဆန်တဲ့အလှနဲ့ မောင်လေးတွေကိုဖမ်းစားထားတဲ့မမ Camila Mendes ရဲ့အချစ်ဇာတ်ကားအသစ်ထွက်ရှိလာပါပြီ။ ဒီအချစ်ဇာတ်ကားလေးရဲ့ နာမည်ကတော့ Upgraded ဖြစ်ပြီး IMDb Rating 6.1 အထိရရှိထားပါတယ်။ အန်နာဆိုတဲ့ ကောင်မလေးတစ်ယောက်က ပိုက်ဆံဆိုရင် ရေသည် မိန်းမထက်တောင် ပိုမွဲပြီး အစ်မရဲ့အိမ်မှာ ကပ်နေနေရတဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ နေ့စဉ်ရက်ဆက် သူ့ကိုအိမ်မှာမနေစေချင်တဲ့ မလိုလားအပ်တဲ့ စကားတွေကိုကြားနေရပြီး တစ်နေ့မှာ သူအရမ်းဝါသနာပါတဲ့ ပန်းချီပြခန်းလေး တစ်ခုဖွင့်နိုင်ဖို့ရည်မှန်းချက်ရှိနေသူဖြစ်ပါတယ်။ အဲ့ဒီ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့အတွက် ပန်းချီကားတွေကို လေလံတင်ပေးတဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ် လုပ်နေပြီး အလုပ်သင်ဘ၀မှာ သူ့ရဲ့အရည်အချင်းတစ်ခုကို သူဌေးရှေ့မှာပြနိုင်ခဲ့တဲ့အတွက် လန်ဒန်မှာသူဌေးရဲ့ လက်ထောက် အနေနဲ့ လိုက်ပြီးအလုပ်လုပ်ရဖို့ အကြောင်းဖန်လာပါတော့တယ်။ အဲ့ဒီလန်ဒန်ကို သွားတဲ့လေယာဉ်ပေါ်မှာ ဝီလီယမ်ဆိုတဲ့ ကောင်လေး တစ်ယောက်နဲ့ တွေ့ခဲ့ပြီး အမှတ်မထင်သူ့ကိုယ်သူ သူ့ကုမ္ပဏီရဲ့ ဒါရိုက်တာလို့ ပြောလိုက်မိပြီး အဲ့ဒီဇာတ်အတိုင်းဆက်က နေလိုက်ပါတော့တယ်။ဒီလိုနဲ့မှ အဲ့ဒီအလိမ်အညာတွေက တဖြည်းဖြည်းနဲ့ ပိုကြီးလာခဲ့ပြီးနောက်ဆုံးမှာတော့ လောကဓံရဲ့ ရိုက်ချက်ကို ဘယ်လိုပြန်ခံစားရမယ်ဆိုတာတွေ ဝီလီယမ်နဲ့ အန်နာကြားမှာရော အဲ့ဒီအလိမ်အညာကနေ အချစ်ဇာတ်လမ်းလေး တစ်ခုပေါ်ပေါက်လာမလားဆိုတာတွေကို ကြည့်ရှုရမဲ့ဒရာမာ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.55GB / 683MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 44m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Drama • Romance • Comedy
6.1 2024 105 mins
Upgraded
Dark Night of the Scarecrow
6.7

Dark Knight တို့ Scarecrow တို့မြင်လို့ ဆရာဘတ်တို့ ဇာတ်ကားထင်သွားရင်တော့ မဟုတ်ပါဘူးခင်ဗျာ ဒီဇာတ်ကားကတော့ 1981 ခုနစ်က ရိုက်ကူးထားတဲ့ Horror ကား‌တစ်ကားဖြစ်ပါတယ် ဘတ်ဘာဆိုတဲ့ကောင်လေးဟာ အရွယ်ရောက်နေပေမဲ့ စိတ်က ကလေးစိတ်ပဲရှိနေသူတစ်ဦးဖြစ်ပါတယ်။ မြို့နေလူကြီးတစ်ချို့ကတော့ ဘတ်ဘာကို ကျပ်မပြည့်တဲ့ကောင်ဆိုပြီး တစ်ခုခုဖြစ်တိုင်း ဘတ်ဘာကိုပဲ အပြစ်ဖို့နှိပ်စက်လေ့ရှိပါတယ်။ ဘတ်ဘာဟာ သူနဲ့ ကလေးတွေကို ရွယ်တူလိုပဲ မြင်တဲ့အတွက် ကလေးတွေနဲ့ပဲ ပေါင်းပါတယ်။ တစ်ရက်မှာတော့ ဘတ်ဘာနဲ့ အတူဆော့နေကျ ကောင်မလေးတစ်ယောက် မတော်တဆဖြစ်တာကို မြို့ထဲမှာတော့ ကျပ်မပြည့်တဲ့ ဘတ်ဘာဟာ ကောင်မလေးကို သတ်လိုက်တယ်လို့ သတင်းထွက်သွားပါတော့တယ်။ အစကတည်းက တစ်ခုခုဖြစ်ရင် ဘတ်ဘာကိုပဲ မဲနေတဲ့ မြို့ခံလူ လေးယောက်ဟာ ဘာမှစုံစမ်းမနေဘဲ ဘတ်ဘာကို လိုက်ရှာကြရင်း စာခြောက်ရုပ်ထဲမှာပုန်းနေတဲ့ ဘတ်ဘာကို ရက်ရက်စက်စက် ပစ်သတ်လိုက်ကြပါတော့တယ်။ အဲဒီနောက် သက်သေမလုံလောက်တာကြောင့် အမှုကနေလည်း လွတ်သွားပါသေးတယ်။ အမှုကလွတ်သွားတဲ့ သူတို့လေးယောက်ဟာ ဘတ်ဘာ ဝင်ပုန်းသွားတဲ့ စာခြောက်ရုပ်ကို နောက်တစ်ကြိမ်ထပ်တွေ့ရပြီးနောက် ကံကြမ္မာဆိုးတွေလည်း စတင်ဝင်ရောက်လာပါတော့တယ် File size…(1 GB) Quality….Blu-Ray 720p Format…mp4 Duration….01:36:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban

6.7 1981 97 mins
Dark Night of the Scarecrow
Eivom Theater on Garosu Street
5.5

Eivom Theater on Garosu Street (2024) ************************************** 2024ခုနှစ်မှာ ပြသခဲ့တဲ့ Eivom Theater on Garosu Street (ဂါရိုဆူလမ်းမ​ပေါ်က အီဘုံးရုပ်ရှင်ရုံ) ဒီဇာတ်ကား​လေးက​တော့ ​ပေါ့​ပေါ့ပါးပါးနဲ့ အပန်း​ဖြေကြည့်ရှုနိုင်မယ့် ဇာတ်လမ်း​ကောင်း​လေးတစ်ခုဖြစ်ပါတယ်။ ဂါရိုဆူလမ်းမ​​ပေါ်က အီဘုံးရုပ်ရှင်မှာ စု​ဝေးကြတဲ့ ရုပ်ရှင်​လောကသားများ၊ လွန်ခဲ့တဲ့ ၃နှစ်ကရိုက်ကူးခဲ့တဲ့ရုပ်ရှင်ကို ပြပွဲလုပ်ဖို့အတွက် အီဘုံးရုပ်ရှင်ရုံကို ဦးတည်ပြီးလာ​နေတဲ့ ဒါရိုက်တာအီ၊ ရုပ်ရှင်ထုတ်လုပ်သူဖြစ်​ပေမဲ့ လတ်တ​လော အရင်းအနှီး မ,တည်ဖို့ အခက်ကြုံ​တွေ့​နေရတဲ့ ထုတ်လုပ်​ရေးစီအီးအိုဂင်၊ ဒါရိုက်တာအီရဲ့ ရုပ်ရှင်မှာ ပါဝင်ခဲ့ပြီး လတ်တ​လော နာမည်ရ​နေတဲ့ သရုပ်​ဆောင်ယွန်းအီနှင့် တခြားမျက်နှာသစ်သရုပ်​ဆောင်များ၊ ဒါရိုက်တာအီရဲ့ ဘီအဆင့်ရုပ်ရှင်ကို ​ဝေဖန်ထိုးနှက်ဖို့​ရောက်လာတဲ့ movie review youtuber ပရိုဂင်၊ အ​ကြောင်းပြချက်တစ်ခုစီရှိ​နေတဲ့ ဒီလူအုပ်ကြီးဟာ ရုပ်ရှင်ပြပွဲအတွက် အီဘုံးရုပ်ရှင်ရုံကို ​ရောက်ရှိလာတဲ့အခါ… သရုပ်​ဆောင်​တွေရဲ့ အခက်အခဲ၊ သရုပ်​ဆောင်​လောကရဲ့ အရှုပ်အ​ထွေး၊ ရုပ်ရှင်နဲ့ ပတ်သတ်တဲ့ အ​တွေးအ​ခေါ်၊ ဇာတ်ကားတစ်ခုအတွက် မြှုပ်နှံရတဲ့ ကြိုးစားအားထုတ်မှု​တွေအ​ကြောင်းကို အချိန်တိုအတွင်း ​ဖော်ပြသွားပြီးတော့ ဒါရိုက်တာနဲ့ ထုတ်လုပ်သူ၊ သရုပ်​ဆောင်နဲ့ ဒါရိုက်တာ၊ ဒါရိုက်တာနဲ့ Youtuberကြားထဲက အထင်အမြင်လွဲမှားမှုတွေကို ​ဖြေရှင်းပြီး အချင်းချင်းပြန်လည်သင့်မြတ်သွားတာကို ရှူ​ထောင့်မျိုးရုံက​နေ ပုံ​ဖော်ရိုက်ကူးထားတဲ့ ဇာတ်လမ်း​ကောင်းတစ်ခုဖြစ်ပါတယ် File size…1.36 GB / 496 MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 39m Genre …..Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Stary Encoded by AHtet

Drama • Crime • Mystery
5.5 2024 96 mins
Eivom Theater on Garosu Street
Seesaw

Seesaw (2025) “နိမ့်ချည်မြင့်ချည်” အသစ်ထွက်ရှိလာတဲ့ တမီးလ်စကားပြော အိန္ဒိ သည်းထိတ်ရင်ဖိုမှုခင်းရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ ခွင့်ရက်ရှည်ယူထားတဲ့ အင်စပက်တာမူလီဂန်ကို ရဲမင်းကြီးက ခွင့်မပြည့်ခင်မှာ တာဝန်ပြန်ထမ်းဆောင်ဖို့ ခေါ်ခဲ့တယ်။ ရဲမင်းကြီးမိတ်ဆွေတစ်ယောက်ရဲ့ တူတော်မောင်အိမ်မှာ ထူးဆန်းတဲ့လူသေမှုဖြစ်သွားတဲ့အတွက် စုံစမ်းဖော်ထုတ်ဖို့အတွက်ပေါ့။ ဘာသက်သေအထောက်အထားမှလည်း မတွေ့ရဘဲ သေဆုံးနေခဲ့တာပါ။ သေဆုံးသူက အိမ်အကူဖြစ်ပြီးရဲမင်းကြီးမိတ်ဆွေရဲ့ တူတောင်မောင်လင်မယားကလည်း ပျောက်ချင်းမလှ ပျောက်နေလေရဲ့။ အမှုကို စုံစမ်းရင်း ညောင်မြစ်တူး၊ ပုတ်သင်ဥပေါ်ဆိုသလို တစတစနဲ့ မထင်မှတ်ထားတဲ့ကိစ္စတွေပါ ပေါ်ပေါက်လာတဲ့အခါမှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)

Action • Comedy • Thriller
0 2025
Seesaw
American Girl
7.8

American Girl (2024) IMDb Rating (7.8) ပထွေးဖြစ်သူနဲ့ရန်ဖြစ်ပြီး အိမ်ကနေထွက်လာတဲ့ ကောင်မလေးတစ်ယောက်အကြောင်းကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ဆစ်နေ ဆိုတဲ့ကောင်မလေးက ပထွေးဖြစ်သူနဲ့ စကားများပြီး အိမ်ကနေ ထွက်ပြေးလာခဲ့ပြီး အတ္တလန္တာဆိုတဲ့ မြို့ကြီးကို ရောက်လာခဲ့ပါတယ်.. အတ္တလန္တာမြို့မှာနေတဲ့ အဖေဖြစ်သူကိုရှာရင်း သူလုပ်ချင်တဲ့အလုပ်တစ်ခုကို လုပ်ရင်း ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းမယ်လို့ တွေးခဲ့တဲ့သူမ.. အတ္တလန္တာလမ်းမထက် အန္တရာယ်များတဲ့လောကကြီးအလယ်မှာ ကောင်မလေးငယ်ငယ်လေးတစ်ယောက်အတွက် ဘယ်လိုတွေ ကြိုးစားရုန်းကန်ပြီး ရှင်သန်ဖို့ ကြိုးစားခဲ့ရလဲဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size… (2.5 GB) / (1.1 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:40:46 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Su Mon

Thriller • Drama
7.8 2024 99 mins
American Girl