YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Uppu Puli Kaaram S01E28 1080p(CM).mp4

608.26 MB N/A video/mp4 9 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Angels & Demons
My True Friends The Begining
1

ထိုင်း Action, Drama အသစ်လေး လာပါပြီ။ လူငယ်သဘာဝကို ပေါ့ပေါ့ပါးပါးရိုက်ကူးပြသထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပြီး ဖြစ်ရပ်မှန်တစ်ခုကို အခြေခံရိုက်ကူးထားတာပါ။ ဒီဇာတ်လမ်းလေးမှာတော့ ရဲဘော်ရဲဘက်လို သူငယ်ချင်းကောင်းတွေက ဘဝအတွက် ဘယ်လောက်အရေးပါလဲ? သူတို့ကြောင့် ကိုယ့်ဘဝမှာ ဘယ်လိုအပြောင်းအလဲတွေဖြစ်သွားမလဲဆိုတာ ရိုက်ကူးပြသထားပါတယ်။ ဇာတ်လမ်းအကျဉ်း ... မိဘနှစ်ပါး သေဆုံးသွားတဲ့နောက်မှာ အဘိုးအဘွားရဲ့ အုပ်ထိန်းမှုနဲ့ ညီငယ်တွေကို စောင့်ရှောက်နေတဲ့ ဂန်း ... ကျောင်းမှာ ညီဖြစ်သူ ဂိုင်းကို အနိုင်ကျင့်တဲ့သူတွေနဲ့ အမြဲရန်ဖြစ်လေ့ရှိတဲ့ ဂန်း ... ခဏခဏရန်ဖြစ်တဲ့အဆုံးမှာ ကျောင်းထုတ်ခံရပြီး အစိုးရအထက်တန်းကျောင်းကို စာသင်နှစ်ဝက်မှာ ကျောင်းပြောင်းခဲ့ရတယ်။ ကျောင်းပြောင်းလာတဲ့ ပတ်ဝန်းကျင်အသစ်မှာလည်း ထုံးစံအတိုင်း သူ့မှာသူငယ်ချင်းမရှိပြန်ဘူး။ သူငယ်ချင်း မလိုအပ်ဘူးလို့ အမြဲပြောတတ်တဲ့ ထောင့်မကျိုးတဲ့ဂန်းကို အပေါင်းအသင်းလုပ်ချင်တဲ့သူ နည်းတယ်။ ဒါပေမယ့် ပင့်ဆိုတဲ့ အတန်းခေါင်းဆောင်ကောင်မလေးက နောက်ဆုံးမှာ သူငယ်ချင်းဖြစ်လာခဲ့တယ်။ ဂန်းကိုဆို အမြဲကြည့်မရဖြစ်နေတဲ့ အတန်းထဲက ဂါနဲ့ သူ့သူငယ်ချင်းတွေက ရောက်ရာအရပ်မှာ ရန်စတတ်တယ်။ ဒါပေမယ့် မထင်မှတ်ထားတဲ့အခြေအနေမှာ ဂန်းကို ကြည့်မရတဲ့သူတွေက ဂန်းနဲ့ရင်းနှီးသွားကြတယ်။ ဂန်းတစ်ယောက် သူငယ်ချင်းတွေရလာတဲ့နောက် သူငယ်ချင်းတွေနဲ့အတူ ဘယ်လိုဆိုးမလဲ? ရန်သူများတဲ့ဂန်းနဲ့ သူတို့သူငယ်ချင်းတစ်စု ဘယ်လိုတွေဆက်ဖြစ်မှာလဲ? သူတို့ရဲ့ သူငယ်ချင်းဘဝစတင်မှုလေးကို ဒီဇာတ်လမ်းလေးမှာ ဆက်ပြီး ကြည့်ရှုလိုက်ကြပါဦး။ (ဇာတ်လမ်းအညွှန်းကိုတော့ Hay Thar Oo က ရေးပေးထားတာပါ။) File Size : 2.1GB, 1GB, 473MB Quality : 1080p WEB-DL, 720p WEB-DL & 480p Format : mp4 Duration : 1hr & 40mins Genre : Action, Drama Translated by Hay Thar Oo & Shoon Encoded by Kinnov

Drama • Thriller
1 2022 100 mins
My True Friends The Begining
Milea
6

ဆိုင်ကယ်ဂိုဏ်းအဖွဲ့ထဲမှာပျော်နေပြီး အချိန်ဖြုန်းတတ်တဲ့ ဒီလန်တစ်ယောက် ကျောင်းသူသစ် မီလယ်ရာအာဒမ်ဟူစိန် (ခေါ်) လီယာ ကိုချစ်မိသွားလို့ ပုံစံမျိုးစုံနဲ့ ကောင်မလေးစိတ်ဝင်စားအောင်လုပ်ရင်း နောက်ဆုံးတော့ချစ် သူတွေဖြစ်သွားကြပါတယ် ထစ်ခနဲနေရန်ပွဲတွေနဲ့စီနေတတ်တဲ့ ဆိုင်ကယ်အဖွဲ့ကို လီယာဟာ တကယ်သဘောမကျပါပေမယ့် ချစ်စရာကောင်းတဲ့ စကားလုံးလေးတွေနဲ့ နွေးထွေးတဲ့ဒီလန်ကိုတော့ တကယ်မြတ်နိုးခဲ့ပါတယ် လီယာက ဒီလန့်ကို ဆိုင်ကယ်အဖွဲ့နဲ့ မပတ်သတ်စေချင်လို့ သတိပေးတဲ့အနေနဲ့ လမ်းခွဲမယ်လို့ တမင်ခြိမ်းခြောက်လိုက်ရာက အထက်တန်းကျောင်းပြီးလို့ အရွယ်ရောက်ဘွဲ့ရတဲ့အထိခွဲခွာလိုက်ရပြီး မထင်မှတ်ဘဲတစ်နေ့ ပြန်ဆုံတွေ့ကြတဲ့အခါမှာတော့……. ဒီဇာတ်ကားလေးကို ရှေ့မှာ Dilan 1990 (2018) နဲ့ Dilan 1991 (2019) ဆိုပြီး မတူညီတဲ့ ဇာတ်လမ်းအပိုင်းအစလေးတွေ ထွက်ရှိပြီး ပရိသတ်တွေ အကြိုက်တွေ့နေတဲ့ Indo အချစ်ဇာတ်ကားလေးပါ။ တစ်ယောက်ကိုတစ်ယောက်ချစ်ပေမယ့် ကောင်းမွန်တဲ့အမှတ်တရတွေကို သိမ်းဆည်းပြီး တစ်နေ့ပြီးတစ်နေ့ကုန်ဆုံးနေရတဲ့ဖီလင်ကို သိတဲ့လူတိုင်း၊ အထက်တန်းကျောင်းတုန်းက မေ့မရနိုင်တဲ့ အမှတ်တရတွေရှိတဲ့လူတိုင်း ကြိုက်နှစ်သက်မယ့် ဇာတ်ကားမျိုးလေးဖြစ်ကြောင်းအာမခံပါတယ်… File Size - 1.4 GB / 422.7MB Quality - web-dl 1080p Subtitle -  burmese (hardsub) Translator - Htoo Htoo Ka Joe Encoder - Thit San Khant ဆိုင်ကယ်ဂိုဏ်းအဖွဲ့ထဲမှာပျော်နေပြီး အချိန်ဖြုန်းတတ်တဲ့ ဒီလန်တစ်ယောက် ကျောင်းသူသစ် မီလယ်ရာအာဒမ်ဟူစိန် (ခေါ်) လီယာ ကိုချစ်မိသွားလို့ ပုံစံမျိုးစုံနဲ့ ကောင်မလေးစိတ်ဝင်စားအောင်လုပ်ရင်း နောက်ဆုံးတော့ချစ် သူတွေဖြစ်သွားကြပါတယ် ထစ်ခနဲနေရန်ပွဲတွေနဲ့စီနေတတ်တဲ့ ဆိုင်ကယ်အဖွဲ့ကို လီယာဟာ တကယ်သဘောမကျပါပေမယ့် ချစ်စရာကောင်းတဲ့ စကားလုံးလေးတွေနဲ့ နွေးထွေးတဲ့ဒီလန်ကိုတော့ တကယ်မြတ်နိုးခဲ့ပါတယ် လီယာက ဒီလန့်ကို ဆိုင်ကယ်အဖွဲ့နဲ့ မပတ်သတ်စေချင်လို့ သတိပေးတဲ့အနေနဲ့ လမ်းခွဲမယ်လို့ တမင်ခြိမ်းခြောက်လိုက်ရာက အထက်တန်းကျောင်းပြီးလို့ အရွယ်ရောက်ဘွဲ့ရတဲ့အထိခွဲခွာလိုက်ရပြီး မထင်မှတ်ဘဲတစ်နေ့ ပြန်ဆုံတွေ့ကြတဲ့အခါမှာတော့……. ဒီဇာတ်ကားလေးကို ရှေ့မှာ Dilan 1990 (2018) နဲ့ Dilan 1991 (2019) ဆိုပြီး မတူညီတဲ့ ဇာတ်လမ်းအပိုင်းအစလေးတွေ ထွက်ရှိပြီး ပရိသတ်တွေ အကြိုက်တွေ့နေတဲ့ Indo အချစ်ဇာတ်ကားလေးပါ။ တစ်ယောက်ကိုတစ်ယောက်ချစ်ပေမယ့် ကောင်းမွန်တဲ့အမှတ်တရတွေကို သိမ်းဆည်းပြီး တစ်နေ့ပြီးတစ်နေ့ကုန်ဆုံးနေရတဲ့ဖီလင်ကို သိတဲ့လူတိုင်း၊ အထက်တန်းကျောင်းတုန်းက မေ့မရနိုင်တဲ့ အမှတ်တရတွေရှိတဲ့လူတိုင်း ကြိုက်နှစ်သက်မယ့် ဇာတ်ကားမျိုးလေးဖြစ်ကြောင်းအာမခံပါတယ်… File Size - 1.4 GB / 422.7MB Quality - web-dl 1080p Subtitle -  burmese (hardsub) Translator - Htoo Htoo Ka Joe Encoder - Thit San Khant

Action • Adventure
6 2020 99 mins
Milea
The Monkey King: The Legend Begins
6.8

The Monkey King ဇာတ်ကားတွေအများကြီးထွက်နေပြီဆိုပြီးရိုးနေပြီဆိုတဲ့ CM ပရိတ်သတ်တွေအတွက် ဒီရှည်လျားတဲ့ဇာတ်ဝတ္ထုကြီးရဲ့ မျောက်ဘုရင် ဘယ်လိုဖြစ်ပေါ်လာကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ The Monkey King: The Legend Beginsဆိုပြီး ယနေ့မှာတော့တင်ဆက်ပြသပေးလိုက်ပြီ အားလုံးသိပြီသားအတိုင်း မျောက်ဘုရင် စွန်းဝူခုန်းက ကောင်းကင်ဘုံမှာပြဿနာရှာလို့ ရူလိုင်မြတ်စွာဘုရားက သူ့ကိုလက်ငါးချောင်းတောင်အောက်မှာအပြစ်ဒဏ်ပေးတဲ့အနေနဲ့ တရားကျင့်ကြံခိုင်းထားခဲ့ပါတယ် ဒီဇာတ်ကားလေးမှာ အားယိဆိုတဲ့ ကလေးမလေးတစ်ယောက် မျောက်ဘုရင် စွန်းဝူခုန်းကို ကောင်းကင်ဘုံ နတ်ပြည်ထံခေါ်သွားပေးဖို့ လိုက်ရှာပါတယ် ဒီလိုနဲ့ပဲ ဝူခုန်းနဲ့တွေ့ပြီးနောက်ပိုင်း သူ့မိဘတွေအသတ်ခံလိုက်ရကြောင်းကို ကောင်းကင်ဘုံမှာရှိတဲ့ နတ်အရာရှိတွေကိုတိုင်ကြားချင်လို့ ကောင်းကင်ဘုံကိုခေါ်သွားပေးပါလို့ အားယိကတောင်းဆိုပါတယ် ဝူခုန်းနောက် တကောက်ကောက်ရှုပ်တဲ့ကလေးမက ဝူခုန်းဒုက္ခတွေကြုံလာရင် သူအရင်ဆုံးထွက်ကာကွယ်ပေး ဝူခုန်းကိုပျော်ရွှင်အောင်ထား‌ပေးနဲ့ သူငယ်ချင်းတွေဖြစ်လာရော နောက်ဆုံးမှာ အားယိကို ကောင်းကင်ဘုံခေါ်သွားဖို့ ဝူခုန်းကတိပေးခဲ့လိုက်ပါတယ် ကံမကောင်းစွာနဲ့ ဝူခုန်းရဲ့ ရန်ဘက် နဂါးမင်းသားက ဝူခုန်းကိုလက်စားချေချင်တဲ့စိတ်နဲ့ အားယိကိုဖမ်းကာ လက်စားချေမှုတွေစတင်လှုပ်ရှားခဲ့ပါတယ် အားယိကိုသွားကယ်ရင်းဖြစ်လာမဲ့အကြောင်းအရာလေးတွေကိုတော့ ဆက်ပြီးပြောပြသွားမှာမဟုတ်တဲ့အတွက် :') ဇာတ်ကားလေးကိုပဲကြည့်ရှုလိုက်ရအောင် .. Quality : WEB-DL 1080p ,  480p Format : mp4 Genres : Action , Fantasy , Drama Runtime : 1h 20min Subtitle : Myanmar Subtitle ( Hardsub ) Translated By Xing Er Encoded by LK

Action • Thriller
6.8 2022 90 mins
The Monkey King: The Legend Begins
Bhoothakaalam
6.4

မကြာသေးခင်ကမှထွက်ရှိထားတဲ့ အိန္ဒိယတောင်ပိုင်း ရုပ်ရှင်ကားကြီးတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကိုပြောရရင် Psychoနဲ့ Horror ပေါင်းစပ်ထားတဲ့ စိတ္တဇသရဲကားမျိုးပါပဲ။ အသည်းငယ်တတ်ရင်တော့ နေ့ခင်းဘက်လင်းလင်းရှင်းရှင်းရှိတုန်းမှာကြည့်စေချင်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ စိတ်ကျရောဂါခံစားနေရတဲ့သားအမိနှစ်ယောက်ဟာ မိသားစုဝင်တစ်ယောက်သေဆုံးသွားပြီးနောက် ပုံမှန်မဟုတ်တဲ့ဖြစ်ရပ်တွေကိုကြုံလာရပါတယ်။ ရုပ်ရှင်အစအဆုံးမှာလည်း သာမန်အိန္ဒိယသရဲကားတွေလိုပုံစံခွက်ထဲကအတိုင်းမဟုတ်ပဲ စိတ္တဇထိတ်လန့်သည်းဖိုပုံစံမျိုးရော သရဲခြောက်တာရောပေါင်းပြီး ကြက်သီးထစရာဖြစ်အောင်ဖန်တီးထားပါတယ်။ ဇာတ်လမ်းအစမှာ သားအမိနှစ်ယောက်ရဲ့ဆက်ဆံရေးကိုအရင်ဆုံးအသားပေးဖော်ပြထားပြီးတော့ သူတို့ရဲ့ မိသားစုဝင်တစ် ယောက်ဆုံးရှုံးသွားရတဲ့အခါ စိတ်ကျဝေဒနာကိုစတင်ခံစားလာရတာကနေ ဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လမ်းတစ်လျှောက်မှာလည်းလူတွေမခန့်မှန်းနိုင်တဲ့ အလှည့်အပြောင်းတွေကိုမြင်ရမှာမို့ Spoiler မဖြစ်အောင် အများကြီးပြောမပြတော့ပါဘူး။ ဇာတ်ကားရဲ့အစပိုင်းမှာ သရဲခြောက်တဲ့အခန်းတွေကိုအများကြီးမြင်ရမှာမဟုတ်ပေမယ့် ဒီ Psycho သားအမိနှစ်ယောက်နဲ့တင်ကိုကျောချမ်းနေရမှာတော့ အာမခံပါတယ်။ အမှန်တကယ်ကတော့ ဒီဇာတ်ကားတစ်လျှောက်လုံးမှာ ပဟေဠိတွေ၊မြှုပ်ကွက်တွေ၊မထင်မှတ်ထားတဲ့အလှည့်အပြောင်းတွေ မထင်ရင်မထင်သလိုပြနေတာကြောင့် သရဲကားလို့ကြိုမသိထားရင်တောင် ကြည့်ရတာပိုအရသာရှိမယ့်ကားမျိုးပါ။ ဒီတော့သရဲကားပရိသတ်မှမဟုတ်ပဲ ဇာတ်အိမ်ခိုင်ခိုင်၊ ဒိုင်ယာလော့ကောင်းကောင်းနဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကို ကြိုက်တတ်ရင်တော့ လက်လွှတ်မခံသင့်တဲ့ဇာတ်ကားကောင်းတစ်ကားလို့ပဲညွှန်းလိုက်ပါရစေ။ File size…1.05Gb  / 500MB Quality…1080p True WEB DL AAC 2.0CH Format…mp4 Duration….1h 45mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni & Haruko & Yate

Romance • Thriller
6.4 2022 105 mins
Bhoothakaalam
Shot Caller
6.9

ဒီဇာတ်လမ်းလေးက ဒုစရိုက်ဂိုဏ်းသားတွေရဲ့ ထောင်ထဲမှာ ဘယ်လိုခြယ်လှယ် နေတယ်ဆိုတာကို ပုံဖော်ထားတဲ့ Action ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းလေးက လူတိုင်းက အားကျလောက်ရအောင် စီးပွားရေးလည်းအောင်မြင် မိသားစုပျော်ပျော်ရွှင်ရွှင်ရှိနေတဲ့ ဂျေကော့ လို့ခေါ်တဲ့လူတစ်ယောက် တစ်နေ့မှာတော့ ကံဆိုးပြီး ကားမတော်တဆဖြစ်ပြီး ကားပေါ်ပါတဲ့သူ့သူငယ်ချင်းသေသွားသလို တစ်ဖက်လူလည်း အပြင်းအထန် ထိခိုက်မိတဲ့အတွက် ထောင်ကျသွားပါတယ် ။ အကုသိုလ်ကံဆိုးမှုတွေဟာ အဖော်အပေါင်းနဲ့လာတတ်တဲ့ဆိုတဲ့အတိုင်းပဲ ထောင်ကျသွားမှ ပိုပြီးတာ့ ကံဆိုးမိုးမှောင်ကျသွားပါတော့တယ်။ ထောင်ထဲမှာ ဒုစရိုက်သမားတွေရဲ့ ဖိနှိပ်ကွပ်ကဲမှုကို ခုခံဖို့ကြိုးစားရင်းနဲ့ သူကိုယ်တိုင်လည်း မဖြစ်ချင်ဘဲနဲ့ တဖြည်းဖြည်း လူဆိုးဂိုဏ်းဝင်တစ်ယောက်ဖြစ်လာပါတယ်။ ထောင်ကအထွက် သူ့ကိုလက်နက် မှောင်ခိုတစ်ခု ကွပ်ကဲဖို့ သူ့မိသားစုအသက်အန္တရာယ်ခြိမ်းခြောက်ပြီး စေခိုင်းခံလိုက်ရပါတယ်။ ဂျေကော့တစ်ယောက် ဘယ်လိုနည်းလမ်းတွေ ရှာကြံပြီး သူ့မိသားစုလည်း ဘေးအန္တရာယ်မရောက်အောင် လက်နက်မှောင်ခိုမှုကို လည်းဖော်ထုတ်ပြီး ရာဇဝင်လူဆိုးတွေကို ပညာသားပါပါ ဘယ်လိုရင်ဆိုင်သွားလဲဆိုတာ စောင့်ကြည့်လိုက်ပါ ။ အိမ်ထောင်ဦးစီး ဖခင်တစ်ယောက် ဒုက္ခအခက်အခဲတွေကို ကြံကြံခံရင်ဆိုင်ရင်း မိသားစုအတွက် ဘယ်လိုကာကွယ်သွားတယ်ဆိုတာကို စောင့်ကြည့်လိုက်ပါ။ (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်က Little Twinlay ပါ) Quality : Bluray 720p Running Time : 2hr 01minutes Format : Mp4 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hardsub) Translated By Little Twinlay Encode By Thanhtike Zaw

Action & Adventure • Animation • Sci-Fi & Fantasy
6.9 2017 121 mins
Shot Caller
KKN, Curse Of The Dancing Village
6.2

KKN, Curse of the Dancing Village (2022) Synopsis IMDB – 6.2/10 ညဆိုတာ အာဘွားတောင်းဖို့ မဟုတ်ပါဘူး စောင်ခြုံပြီး သရဲကားကြည့်ဖို့ပါ :’P ဒီတစ်ခါမှာတော့ အရှေ့တောင်အာရှရဲ့ နာမည်ကြီး horror film တွေထွက်နေကျဖြစ်တဲ့ အင်ဒိုနီးရှား horror film တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားလေးကတော့ အင်ဒိုနီးရှားနိုင်ငံ နယ်စွန်နယ်ဖျား တောအုပ်လေးထဲက ရွာလေးတစ်ရွာကို ဘွဲ့ကြိုကျောင်းသားကျောင်းသူ ခြောက်ယောက် ကျောင်းပြင်ပ လှုပ်ရှားမှုတွေ လုပ်ဖို့လာကြရင်း တားမြစ်ချက်တွေကို ချိုးဖောက်မိရာက ပရလောကနဲ့ ပတ်သက်မိပြီး အမျိုးစုံကြိုးခုန်ကြပုံကို ရိုက်ပြထားတာပါ။ အနောက်တိုင်း သရဲကားတွေနဲ့ မတူဘဲ တစိမ့်စိမ့် တွေးပြီးကြောက်ရမယ့် ထူးထူးခြားခြား အရှေ့တောင်အာရှ အငွေ့အသက်လေး ရနေမယ့် ကားလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ အာယူ၊ နော်၊ ဝဒီယ၊ ဘီမာ၊ ဝယုနဲ့ အန်တွန်တို့ ကျောင်းနေဖက် သူငယ်ချင်းခြောက်ယောက်ဟာ ဘွဲ့အတွက် ကျောင်းပြင်ပ လှုပ်ရှားမှုလုပ်ဖို့ တောအုပ်ထဲက ရွာလေးကို ရောက်လာကြပါတယ်။ အဲဒီရွာလေးမှာ ထူးထူးခြားခြား တားမြစ်ထားတာကတော့ ရွာနဲ့ တောအုပ်ကို ခြားထားတဲ့ နတ်ကွန်းကို ကျော်ပြီး တောအုပ်ထဲ မသွားမိဖို့ပါပဲ။ အဲဒီ တားမြစ်ချက်ကို ချိုးဖောက်မိရာကနေ သူငယ်ချင်းခြောက်ယောက် ဘယ်လို ထိတ်လန့်ခြောက်ခြားဖွယ်ရာတွေနဲ့ ကြုံရမလဲ၊ ရှေးရိုးရာကို လျစ်လျူရှုပြီး နာနာဘာဝကို သွားပလေးရင် ဘာဖြစ်တတ်လဲဆိုတာကို ဒီကားလေးမှာ စောင့်ကြည့်လိုက်ပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leo ပဲ ဖြစ်ပါတယ်။ Genre….. Horror, Mystery Quality…. 1080p | 720p | 480p File size… 2.05GB | 913MB | 487MB Format… mp4 Duration…. 2h 10min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leo Encoder ….. August

6.2 2022
KKN, Curse Of The Dancing Village
Dig Two Graves
5.7

လောကကြီးထဲက ထွက်ခွာသွားခဲ့ရတဲ့ ကိုယ်ချစ်ရတဲ့ သူတစ်ယောက်ကို ပြန်ခေါ်ခွင့်ရှိမယ်ဆိုရင် ပရိသတ်ကြီးတို့ရော ပြန်ခေါ်ကြမှာလား။ ဒါပေမယ့် လှည့်ကွက်တစ်ခုတော့ရှိနေပါတယ်။ အဲ့ဒါကတော့ ကိုယ်ပြန်ခေါ်ချင်တဲ့သူနေရာမှာ အသက်ရှင်နေတဲ့ တခြားတစ်ယောက်နဲ့အစားထိုး ပေးရမှာပါပဲ။ဒီလိုမျိုးမှော်ပညာတွေ အောက်လမ်း ပညာတွေကိုထည့်သွင်းရိုက်ကူးထားတဲ့ 2014 ခုနှစ် တုန်းက ထွက်ရှိခဲ့တဲ့ Dig Two Graves ဆိုတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။ IMDb Rating 5.7 ရရှိထားပြီး Horror ကို ပေါ့ပေါ့ပါးပါးကြည့်ရှုချင်သူတွေအတွက် အဆင်ပြေစေမဲ့ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့အစမှာ ဂျိတ်နဲ့ရှောင်ဆိုတဲ့ မောင်နှမ နှစ်ယောက်ကို တွေ့ရမှာဖြစ်ပြီး ကလေးတွေဆိုတော့ စူးစူးစမ်းစမ်းပေါက်ပေါက်ရှာရှာလုပ်တတ်ကြ သူတွေဖြစ်ပါတယ်။အခုလည်း ချောက်ကမ်းပါးတစ်ခုက နေရေထဲ အတူတူခုန်ဆင်းဖို့လုပ်နေကြပေမဲ့ တကယ်တမ်းခုန်ချသွားတဲ့အခါမှာတော့ ရှောင် တစ်ယောက်ပဲခုန်ချခဲ့ပြီး ကြောက်တတ်တဲ့ဂျိတ်ကတော့ ကျန်နေခဲ့ပါတော့တယ်။ဒါပေမယ့် ရှောင်ကရေထဲ ခုန်ဆင်းသွားပြီးပြန်ပေါ်မလာတဲ့အခါမှာတော့ သူချစ်ရတဲ့အစ်ကိုကို ဆုံးရှုံးလိုက်ရပြီဆိုတာကို ဂျိတ်သိခဲ့ရပါတော့တယ်။ဒီလိုနဲ့ရှောင်ဆုံးပါးပြီး ကတည်းက ဂျိတ်တစ်ယောက်မအိပ်နိုင်မစားနိုင် တမှိုင်မှိုင်ဖြစ်နေခဲ့ပါတော့တယ်။သိပ်မကြာခင်မှာတော့ သူတစ်ယောက်တည်း ကျောင်းကနေအိမ်ကိုပြန်တဲ့ လမ်းမှာ လူသုံးယောက်နဲ့တွေ့ခဲ့ပြီး အဲ့ဒီလူတွေထဲက ခေါင်းဆောင်က အထက်မှာ ပြောထားခဲ့တဲ့အတိုင်း သူ့အစ်ကိုကိုပြန်ခေါ်ပေးမယ်ဆိုပြီး ကမ်းလှမ်းခဲ့ ပါတော့တယ်။ဒါပေမယ့် အဲ့ဒီကမ်းလှမ်းမှုရဲ့ နောက်ကွယ်မှာ မရိုးသားမှုတွေရှိနေပြီး ဂျိတ်ရဲ့အဖိုးဖြစ်တဲ့ရဲမှူးရဲ့ မကောင်းခဲ့တဲ့ အတိတ်တွေကလည်းတစ်ထောင့် တစ်နေရာမှာပါဝင်နေတဲ့အခါမှာတော့ ဘယ်လို စိတ်ဝင်စားစရာတွေကိုမြင်တွေ့ရမလဲဆိုတာတွေကို သည်းထိပ်ရင်ဖို ဒရာမာဆန်ဆန်ကြည့်ရှုရမဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…1.17GB / 507MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 25m Genre ….. Horror , Drama , Mysery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.7 2014
Dig Two Graves
YUM Investigation
6

CM ကနေ ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ခေတ်သစ်အပနှင်တဲ့ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကို ပြောပြရမယ်ဆိုရင် ရှောင်ထိုက်လန်ဆိုတဲ့ အသက်၃၀ အရွယ် လူငယ်တစ်ယောက်က မျှော်လင့်ချက်မဲ့ပြီး ဦးတည်ချက်ပျောက်ကာ အလုပ်တော့ပုံမှန်သွားနေခဲ့သူတစ်ဦးပါ တစ်နေ့ ထောင်းပေါင်ကနေ ဓါးတစ်လက်ကို မှာလိုက်မိရာကနေ ဇာတ်လမ်းစလာခဲ့ပါတယ် သူမှာလိုက်တဲ့ဓါးထဲမှာ ဝိညာဉ်ရှိနေပြီး ဓါးက သူ့ကို စကားပြောပြီး စေခိုင်းပါတော့တယ် အဲ့လိုနဲ့ သူ့ရဲ့နေ့စဉ်ဘဝကိုပါ ဝင်ပါလာတော့ အလုပ်ကနေ ထုတ်ခံလိုက်ရတော့တာပေါ့ အဲ့ကနေမှ အားလျန် ရှီကျီ ပက်ထရစ် စတဲ့ သဘာဝလွန် အရည်ချင်းတွေပိုင်ဆိုင်ထားတဲ့ လူငယ်၃ဦးနဲ့ ဖွဲ့စည်းထားတဲ့ ယင်မျက်လုံးစပိုင်အဖွဲ့ထဲကို ဝင်ရောက်မိသွားပါတော့တယ် တစ်နေ့ ဖျင်အန်းအဆောက်ဦးကိုဖျက်သိမ်းဖို့ အိမ်ခြံမြေကုမ္ပဏီတစ်ခုက ပယောဂဆရာ တစ်ဦးကို ငှားပြီး ဆန့်ကျင်သူခေါင်းဆောင်ကို အဆုံးစီရင်သွားအောင် လုပ်ခဲ့ပါတယ် အဲ့အဆောက်ဦးမှာ နေထိုင်ကြတဲ့ ကောင်မလေး ၂ယောက်က သူတို့အဖွဲ့ကို ငှားခဲ့ပြီး သူတို့ရဲ့ သရဲနှင်တဲ့လုပ်ငန်းကို စတင်ပါတော့တယ် ဒီအမှုက သူတို့ထင်ထားသလောက် မရိုးရှင်းဘဲ စုန့်ခေတ်ထဲက သရဲပျိုးထောင်တဲ့ပညာတွေပါ ဆက်နွယ်လာပါတော့တယ် သူတို့သိလိုက်ရတဲ့ သဲလွန်စ တစ်ခုကတော့ ဆန့်ကျင်သူအဖွဲ့ထဲမှာ သူလျှိုရှိနေတာပါပဲ ကဲ အဲ့တော့ သူတို့‌၄ယောက် ဘယ်လိုမျိုး အတွင်းသူလျှိုကို ဖော်ထုတ်မှာလဲ အဲ့သူကရော သူတို့ထင်သလောက်ရိုးရှင်းနေမှာလားဆိုတာကို ခုဘာသာပြန်တင်ဆက်ပေးလိုက်တဲ့ ကားလေးမှာ ကြည့်ရှုလို့ရပါတယ်နော်

6 2023
YUM Investigation
Moro

ဒီဇာတ်ကားလေးကတော့ မိခင်တစ်ယောက်ရဲ့သားသမီးတွေအပေါ်ထားတဲ့ မိဘမေတ္တာ၊ စိုးရိမ်ပူပန်မှုတွေကိုအခြေခံပြီး နိုင်ငံရေးမတည်ငြိမ်မှုအကျိုးဆက်ကြောင့် မိခင်တစ်ယောက်သောကပွေရဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ဖိလစ်ပိုင်ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ် ဒီဇာတ်ကားမှာ ညီအစ်ကိုနှစ်ယောက်အနက် ညီဖြစ်သူ အက်ဒဲလ်က လောင်းကစားခုံမင်သူဖြစ်ပြီး အစ်ကိုဖြစ်သူ ဂျက်ဆင်းက ရိုးသားကြိုးစားသူဖြစ်ပါတယ်။ မုဆိုးမမိခင်ကြီးက အိပ်မက်တွေ မကောင်းတာကြောင့် သားငယ် အက်ဒဲလ်ကို ခေါ်ကာ သားကြီးဂျက်ဆင်းဆီကို သွားပြီး ညီအစ်ကိုတွေ ပြန်ပြေလည်ဖို့ လုပ်ခဲ့ပါတယ်။ ညီအစ်ကိုချင်းမပြေလည်ခဲ့ရတဲ့အကြောင်းကလည်း မိဘပိုင်မြေတွေကို ညီလုပ်သူကပေါင်နှံခဲ့တာကြောင့်ဖြစ်ပါတယ်။ မြေပြန်ရွေးနိုင်ဖို့အတွက် အစ်ကိုဖြစ်သူက မိသားစုလိုက် အလုပ်ကြိုးစားနေကြရပါတယ်။ သူတို့ညီအစ်ကိုတွေဟာ မိခင်ကြီးရဲ့အိပ်မက်နိမိတ်ဆိုးတွေ တကယ်ဖြစ်မလာဖို့အတွက် ကန်ဒူလီဆိုတဲ့ ရိုးရာဓလေ့အရ လှူဒါန်းပွဲလုပ်ခဲ့ကြပါတယ်။ ဒီအချိန်မှာပဲ စစ်တပ်က သူတို့မြို့တွေဆီကို လာရောက်တိုက်ခိုက်ကြတဲ့အခါ ညီအစ်ကိုချင်း ပြန်ပြေလည်အောင် လုပ်နိုင်ကြပါ့မလား… ဒီစစ်ပွဲကနေ သူတို့မိသားစု ဘေးကင်းစွာနဲ့ နေနိုင်ကြပါမလား… အညွှန်း နဲ့ ဘာသာပြန်ကတော့ Dao Phyo ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 1.7GB | 880MB Format… mp4 Duration…. 1h 20min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Dao Phyo Encoder ….. Aaron

0 2023
Moro
Psycho Therapy: The Shallow Tale of a Writer Who Decided to Write about a Serial Killer
6.3

Psycho Therapy: The Shallow Tale of a Writer Who Decided to Write about a Serial Killer (2025) IMDb Rating (6.3) / Rotten Tomatoes (81%) ဒီဇာတ်လမ်းလေးကတော့ Comedy ဆန်ပေမဲ့ စိတ်ဝင်စားဖိုလဲကောင်းပါတယ်။ ဇာတ်လမ်းအစမှာ အိမ်ထောင်ရေးအဆင်မပြေနေတဲ့ စာရေးဆရာလူရိုးလေး Keane ကိုတွေ့ရမှာပါ။ အိမ်ထောင်ကွဲလုနီးနီးဖြစ်နေတဲ့ Keane ဟာ မထင်မှတ်ထားပဲ ကွင်းဆက်လူသတ်သမားတစ်ယောက်နဲ့တွေ့ဆုံပြီး သူ့အကြောင်းစာရေးဖိုဆုံးဖြတ်လိုက်တဲ့အခါ.. လူသတ်သမားကို အိမ်ထောင်ရေးအတိုင်ပင်ခံအဖြစ် ဟန်ဆောင်ခိုင်းပြီး သူ့အိမ်ထောင်ရေးကိုပြုပြင်ဖိုကြိုးစားရင်း လူသတ်သမားအကြောင်း ဝတ္တုရေးဖိုကြိုးစားတာကို အလွဲလေးတချိုနဲ့ Comedy ဆန်ဆန် Thriller ဆန်ဆန်လေးကြည့်ရမဲ့ ထူးခြားတဲ့ဇာတ်ကားလေးတစ်ခုဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Satt ဖြစ်ပါတယ်။) File size… (1.1 GB) / (560 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy, Drama Duration…. 01:43:43 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Satt

Drama • Comedy
6.3 2025 102 mins
Psycho Therapy: The Shallow Tale of a Writer Who Decided to Write about a Serial Killer