YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

UP65 (2023) S01 EP 04.720p(CM).mp4

206.63 MB N/A video/mp4 32 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Blue Velvet
7.6

‘Blue Velvet’ ဆိုတာ တကယ်တော့ တစ်ခေတ်တစ်ခါက အရမ်းကိုနာမည်ကြီးခဲ့တဲ့ Bobby Vintonရဲ့ သီချင်းတစ်ပုဒ်ပါ။ ဒါရိုက်တာအတွက် ဒီရုပ်ရှင်ရေးဖို့ စိတ်ကူးရချိန်တုန်းက ခံစားရတဲ့ mood တစ်ခုဖြစ်တဲ့အပြင် ရုပ်ရှင်ထဲမှာပါ ဒီသီချင်းကို အဓိက နေရာက ထည့်သုံးထားတာမို့ ရုပ်ရှင်နာမည်ဖြစ်လာခဲ့တာပါ။ Surrealism နဲ့ neo-noir film တို့ရဲ့ ဘိုးအေကြီး David Lynch ရဲ့ လက်ရာတစ်ခုဖြစ်ပြီး ၁၉၈၆ ရဲ့ အကောင်းဆုံးရုပ်ရှင်လို့ ဝေဖန်ရေး ဆရာတွေက သတ်မှတ်ခဲ့ကြပါတယ်။ လင့်ချ်ဘိုးတော်နဲ့ ပတ်သတ်ရင် အဝေးပြေးလမ်းမကြီးပေါ် အခြေခံထားတဲ့ ရုပ်ရှင်ကိုတောင် “Straight Story” လား “Lost Highway” လားဆိုတာမျိုး အရသာက သိသိသာသာကွဲမှာမို့ ဒီကားဟာတော့ ဒုတိယတစ်မျိုးထဲကလို့ ကြိုပြောထားချင်ပါတယ်။ Mulholland Drive ကြိုက်တဲ့သူတွေ အတွက်လည်း အံကိုက်ပါပဲ။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ဖခင်ဖြစ်သူ ရုတ်တရက် လေဖြတ်သွားလို့ နယ်မြို့လေးကို ပြန်လာတဲ့ ကောလိပ်ကျောင်းသားလေး တစ်ယာက် နားရွက်ပြတ်တစ်ဖက်ကို ကောက်ရပြီးနောက်ပိုင်း သူ့ရဲ့ စူးစမ်း လိုစိတ်ကြောင့် လျှို့ဝှက်နက်နဲမှုတွေထဲ တစ်စတစ်စကျွံဝင်သွားရင်း သူ မမြင်ယောင်ကြည့်ဖူးတဲ့ ကမ္ဘာတစ်ခုစီ ဦးတည်သွားမိသွားတဲ့အကြောင်းပါ…။ တကယ်တမ်းတွေးကြည့်ရင်တော့ 'Blue Velvet' ဆိုတာ ဖရိုဖရဲဖြစ်နေတဲ့ လောကကြီးပါပဲ။ အပြစ်ကင်းသလိုလို အေးချမ်းနေတဲ့ အမေရိကန် မြို့ငယ်လေးရဲ့ အမှောင်ခြမ်းဥပစာပေါ့။ ဒီကားမှာ ယစ်မူးစေတဲ့ ပြင်းပြင်း ထန်ထန် လိင်ပိုင်းဆိုင်ရာတိမ်းညွှတ်မှုကို ပေါ်ပေါ်တင်တင် သရုပ်ဖော်သွားပြီး အမှတ်သင်္ကေတ (Symbolism) တွေလည်း အများကြီး သုံးထားပါတယ်။ Blue Velvet ဟာ အမေရိကန် surrealism ရုပ်ရှင်တွေရဲ့ အကောင်းဆုံး သာဓကအနေနဲ့ရော ၈၀ပြည့်နှစ်တွေရဲ့ ကောင်းဆုံး ရုပ်ရှင်တစ်ခုအနေနဲ့ရော သတ်မှတ်ခံထားရပေမယ့်လည်း တစ်ချိန်တည်းမှာ တစ်ချို့သော အမေရိကန် ဝေဖန်ရေးဆရာတွေကတော့ လိင်ကိစ္စနဲ့ အကြမ်းဖက်မှုတွေကို ခပ်စိပ်စိပ် ချဉ်းကပ်ထားတာမို့ အနုပညာလက်ရာအဖြစ်ကနေ ယုတ်လျော့သွားတယ်လို့ ဆိုကြပြန်ပါတယ်။ ဘယ်လောက်ရယ်ရလဲဆို တစ်ချို့ဆို ညစ်ညမ်းကား လို့တောင် သမုတ်ခဲ့ကြပါသေးတယ် တဲ့။ ကြိုက်/မကြိုက်ကတော့ ကိုယ်တိုင်ပဲ ဆုံးဖြတ်ရမယ့်အရာမို့ ဒေါင်းကြည့်လိုက်ကြပါဦးနော့်.. ဒီထဲမှာ သီချင်း ကောင်းတွေလည်း မြိုင်မြိုင်ဆိုင်ဆိုင်ပါသမို့ လုံးဝတန်မယ်ဆိုတာတော့ လုံးဝ အာမခံပါတယ်။ File size…1.63GB / 678MB Quality…Blu-Ray 1080P 5.1CH  / 720p Format…mp4 Duration….2h Genre ..... Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Z

Action • Animation • Science Fiction
7.6 1986 120 mins
Blue Velvet
Resident Evil: Death Island
8.6

Resident Evil: Death Island (2023) Genre – Animation, Action, Adventure IMDB – 6.2/10 Playstation ရဲ့ နာမည်ကျော်ဂိမ်းဖြစ်တဲ့ Resident Evil ရဲ့ Animation ရုပ်ရှင် ၅ ကားမြောက် အသစ်ထွက်လာခဲ့ပါပြီ (Degeneration, Damnation, Vendetta ရယ် Infinite Darkness ကတော့ စီးရီး ဖြစ်သွားတာပေါ့)။ ဒီ Animation ရုပ်ရှင် အတွဲလိုက်က Paul WS Anderson ရိုက်ပြီး Milla Jovovich သရုပ်ဆောင်တဲ့လူကားနဲ့ Universe အတူတူ မဟုတ်ပါဘူး၊ ဂိမ်းထဲက Universe နဲ့တော့ အတူတူ အခြေခံထားတာ ဖြစ်ပါတယ်။ နောက်ပြီး ဒီကားထဲမှာ နာမည်ကြီး RE ဇာတ်ကောင်တွေဖြစ်တဲ့ လီယွန်၊ ကလဲလ်၊ ခရစ်စ်၊ ဂျေးလ်နဲ့ ရေဘက်ကာတို့ ပါဝင်ထားတာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကျွန်တော်တို့ ဇာတ်လိုက်ကျော်ကြီး လီယွန်တစ်ယောက် သိပ္ပံပညာရှင် ဒေါက်တာအန်တီနီယိုတေလာ ပြန်ပေးဆွဲခံရမှုတွထူးခြားတဲ့အမျိုးသမီးတစ်ယောက်နဲ့ ပတ်သက်ပြီး အမှုလိုက်နေခဲ့ပါတယ်။ တစ်ဖက်မှာလည်း ကလဲလ်တစ်ယောက် ထူးခြားတဲ့သောင်တင်ဝေလငါးကို စုံစမ်းရာကနေ ထူးဆန်းတဲ့ကိုက်ရာကြီးတစ်ခုကို တွေ့ရှိထားပါတယ်။ နောက်ပြီး ခရစ်စ်တို့ ဂျေးလ်တို့ကလည်း ဆန်ဖရစ္စကိုမြို့မှာ ထူးခြားတဲ့ ကူးစက်မှုတွေကို ခြေရာခံရင်း အရင်ဗိုင်းရပ်စ်နဲ့ မတူဘဲ ကွဲပြားထူးခြားနေတာကို သိရပါတယ်။ ဒီအရာတွေအားလုံးက ရေဘက်ကာရဲ့ ဓာတ်ခွဲခန်း စမ်းသပ်မှုကြောင့် အဖြေတစ်ခု သိလိုက်ရပြီး ဆက်စပ်မှုရှိနေကြတာပဲ ဖြစ်ပါတယ်။ အဲဒါကတော့ ဆန်ဖရစ္စကိုနားက အယ်ကာထရက်ဇ်ဆိုတဲ့ ကျွန်းကြီး ဖြစ်နေပြီး ဒီကျွန်းပေါ်မှာ ဘာတွေဖြစ်ပျက်နေသလဲ သိရဖို့ ဇာတ်လိုက်ကျော်တသိုက် သွားရောက်စုံစမ်းတဲ့အခါမှာတော့….. ခြောက်ခြားမှုအသစ်တစ်ခုက သူတို့ကို စောင့်ကြိုနေပါတော့တယ်။ ဒီကားကိုတော့ အရှေ့က Infinite Darkness ရိုက်ခဲ့တဲ့ ဒါရိုက်တာ Eiichiro Hasumi ပဲ ပြန်လည်ရိုက်ကူးပေးတာဖြစ်ပါတယ်။ ဒီကားမှာလည်း လူစုံတက်စုံနဲ့ ဗိုင်းရပ်စ်အသစ်ကို ရင်ဆိုင်ကြမှာ Animation အလန်းတွေနဲ့ ကြည့်ရှု ခံစားလိုက်ကြပါဦး။ အညွှန်းကိုတော့ Thura Aung က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Thura Aung, Kasashi, Elizabeth တို့ပဲ ဖြစ်ကြပါတယ်။

Comedy • Drama
8.6 2023 91 mins
Resident Evil: Death Island
Ginger & Rosa
6.2

Ginger & Rosa (2012) ~ IMDb – 6.2/10, Rotten Tomatoes – 78% ~ ဆယ်ကျော်သက်လူငယ်ဘဝဆိုတာ လူကြီးတွေရဲ့ ပုံဖျက်စကားတွေနဲ့ ပြောင်စရာလိုလို လှောင်စရာလိုလိုဖြစ်နေတယ်လို့ ပြောရမလား။ သစ်ရွက်လှုပ်ရင် ရယ်တဲ့အရွယ်တဲ့။ ဒါပေမဲ့ သူ့ရင်ထဲမှာ သူ့အတွေးထဲမှာ သစ်ရွက်လေးတွေလှုပ်သွားတာထက် အဆအများကြီးပိုတဲ့အရာတွေ ရှိနေတယ်လေ။ မြီးကောင်ပေါက်မအရွယ်တဲ့။ လူပျိုပေါက်တဲ့။ ဒါပေမဲ့ သူတို့ရင်ထဲက အတွေး၊ ခံစားချက်နဲ့ သောက‌တွေက ဆန့်ကျင်ဘက်လိင်အတွက်ချည်းပဲ မဟုတ်ဘူးပေါ့လေ။ ဒီလူငယ်တွေကပဲ ကမ္ဘာကို ကိုင်လှုပ်မယ့် လူကြီးတွေ ဖြစ်လာခဲ့တာပဲမဟုတ်လား။ သူတို့တွေရဲ့ စိတ်ခွန်အားနဲ့ စွမ်းဆောင်နိုင်ရည်တွေက အကန့်အသတ်မဲ့ပဲဗျ။ ကောင်းရင်လည်း ကမ္ဘာ့ရတနာတွေ ဖြစ်လာသလို ဆိုးပြီဆိုလည်း ကမ္ဘာကို မြေလှန်ပစ်မယ်တကဲကဲ လုပ်ကြပြန်ရော။ ဟုတ်တာမဟုတ်တာတော့ အသာထား။ ဆယ့်သုံးနှစ်သမီးလေးတစ်ယောက်က နျူကလီယားစစ်ပွဲကြီးကို ရပ်တန့်ပစ်နိုင်ဖို့ အစွမ်းကုန်ကြိုးစားနေလေရဲ့။ သူ့ရဲ့ ဖွားဖက်တော် သူငယ်ချင်းမလေးတစ်ယောက်ကလည်း သူ့ကိုယ်ပိုင်တည်ထောင်မယ့် အချစ်ကမ္ဘာကို အားလုံးနဲ့ဆန့်ကျင်ပြီး ထုဆစ်ဆဲပဲလေ။ တစ်အူထုံဆင်း ညီအစ်မအရင်းတွေထက်တောင် သာနိုင်တဲ့အချစ်မျိုးနဲ့ ချစ်ခဲ့ကြသူနှစ်ယောက်… ဂျင်းဂျာ နဲ့ ရိုဆာ။ မိဘချင်းက မိတ်ဟောင်းဆွေဟောင်းကြီးတွေ။ ဒီ နုနုငယ်ငယ်ကလေးမနှစ်ယောက်က အရွယ်နဲ့မတန်တဲ့ လုပ်ဆောင်ချက်ကြီးတွေကို လူငယ်ပီပီ မှားမှားယွင်းယွင်း လဲလဲကွဲကွဲ လုပ်နေကြပုံတွေ ကြည့်ရှုရမှာပေါ့။ ဟောဒီဗြိတိန်ဇာတ်ကားလေးက ပြည်တွင်းရုပ်ရှင်ဆုတွေ၊ သရုပ်ဆောင်ဆုတွေ၊ ပညာရှင်ဆုတွေ ဆွတ်ခူးခဲ့ပါတယ်။ ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုတွေ ရရှိထားပြီး အထူးသဖြင့် လူငယ်သရုပ်ဆောင်တွေကို ချီးကျူးထားပါတယ်။ Maleficent ဇာတ်ကားထဲက မင်းသမီးလေး အော်ရိုရာ ကို မှတ်မိမယ်ဆိုရင်ဖြင့် ဟောဒီအမေရိကန်မင်းသမီးလေး Elle Fanning ရဲ့ အနောက်ဆန်တဲ့အလှနဲ့ မှော်ဆန်ဆန်သရုပ်ဆောင်မှုကို ဂျင်းဂျာ ဆိုတဲ့ကောင်မလေးအဖြစ် မြင်ရဖို့ရှိပါတယ်။ Alice Englert ဆိုတဲ့ ဩစတေးလျမင်းသမီးချောလေးရဲ့ အရှေ့ဆန်တဲ့အလှနဲ့ ပြေပြစ်တဲ့သရုပ်ဆောင်မှုကိုလည်း ရိုဆာ ဆိုတဲ့ အချစ်သူရဲကောင်းမလေးအဖြစ် ကြည့်ရှုရပါမယ်။ ဒုတိယကမ္ဘာစစ်အပြီး ဆိုဗီယက်ပြည်ထောင်စုနဲ့ ကျန်တဲ့မဟာမိတ်နိုင်ငံတွေအချင်းချင်း ရန်စောင်နေကြသဗျ။ နျူဒုံးကျည်တွေကိုယ်စီနဲ့ အစွယ်တပြပြလုပ်နေကြတော့ နျူကပ်ဘေးကြောင့် ကမ္ဘာပျက်တော့မလိုလိုကာလပေါ့ဗျာ။ အဆင်မပြေတဲ့ အိမ်ထောင်ရေးကိုယ်စီက မွေးဖွားလာတဲ့ကောင်မလေးနှစ်ယောက်ရဲ့ ကိုယ်စီပြဿနာတွေက ကမ္ဘာ့အရေးထက် ပိုကြီးတယ်လို့ သူတို့တွေထင်မှတ်ထားကြသလားမသိ။ အဖေ ကို အဖေလို့ ခေါ်ခွင့်မရတဲ့ ကောင်မလေးဂျင်းဂျာ ရယ်၊ အဖေခေါ်စရာကို မရှိတော့တဲ့ကောင်မလေး ရိုဆာ ရယ်၊ အချစ်ဆုံးသူငယ်ချင်းကို အချစ်ဆုံးသူပေးလိုက်ရတဲ့ ဂျင်းဂျာ၊ သူငယ်ချင်းအပေါ်ကို အဆုံးအထိ သစ္စာမဲ့ စာနာတရားမဲ့ခဲ့တဲ့ ရိုဆာ တို့ရဲ့ ဇာတ်ရှုပ်တွေကို လူကြီးမင်းတို့ကိုယ်တိုင်ပဲ ကြည့်လိုက်ပါတော့လေ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 730MB Quality – 1080p, 720p IMDb Rating – 6.2/10 Format – mp4 Duration – 1H 30Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Action • Crime • Thriller
6.2 2012
Ginger & Rosa
Fireworks
7.2

Fireworks (2023) အကယ်၍ တစ်စုံတစ်ယောက်ဟာ သတ်သေဖို့လုပ်ရာကနေ ဒုတိယအကြိမ် အခွင့်အရေးရခဲ့မယ်ဆိုရင် သူတို့စိတ်ပြောင်းနိုင်သလား။ ဒီ Fireworksဆိုတဲ့ဇာတ်ကားလေးကလည် းဒီမေးခွန်းကိုမေးထားတာပါ။ ဂျပန်ရုပ်ရှင် 3ft Ball And Soul (2017) ကို မှီငြမ်းရိုက်ကူးထားတဲ့အင်ဒိုဇာတ်ကားလေးပါ။ သာမန်ဆိုရင်တော့ ပထမပိုင်းလောက်မှာ ဇာတ်အေးပေမယ့် စနောက်ကိုစောင့်ကြည့်ရကျိုးနပ်ပါတယ်။ ညစ်ညမ်းတာတွေ ၊အကြမ်းဖက်တာတွေ မပါလို့ မိသားစုနှင့်ကြည့်ဖို့ သင့်လျော်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ တစ်ခါမှမတွေ့ဖူးတဲ့ လူလေးယောက် ဆိုကှယ်မီဒီယာမှာတွေ့ပြီး ဘဝနဲ့ကိုယ်ရေးကိုယ်တာပြဿနာတွေကို မျှော်လင့်ချက်မဲ့ပြီး မဖြေရှင်းနိုင်လို့ သတ်သေကြပါတယ်။ ဒါပေမဲ့ အစီအစဉ်က ထင်ထားသလို မဖြစ်တဲ့အခါမှာတော့ ဘာဖြစ်မလဲဆိုတာ ဘာလုပ်ကြမလဲဆိုတာ… ပရိသတ်ကြီးစောင့်မျှော်ကြည့်ရှုခံစားလိုက်ပါဦးခင်ဗျာ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Pyae Phyo Min ပဲ ဖြစ်ပါတယ်။ Genre….. Drama, Sci-fi, Thriller Quality…. 1080p | 720p File size… 984MB | 497MB Format… mp4 Duration…. 1h 44min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Pyae Phyo Min Encoder ….. Aaron

7.2 2023
Fireworks
Obsessed

ဒီဇာတ်ကားလေးကတော့ ထူးထူးခြားခြား နာမည်ကျော်အဆိုတော် ဘီယွန်ဆေး ပါဝင်သရုပ်ဆောင်ထားပြီး ဘီယွန်ဆေးနှင့် လီဆာဖိုက်ရမယ့် ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဒဲရက်ချားစ်ဟာ ကုမ္မဏီကြီးတစ်ခုမှာ ရာထူးလစာ ကောင်းကောင်းနှင့် အလုပ်လုပ်ကိုင်နေပြီး ရှာရွန်ဆိုတဲ့ဇနီးသည်ချောချောလေးနှင့်အတူ ကိုင်ဆိုတဲ့သားလေးတစ်ယောက် ပိုင်ဆိုင်ထားပြီး စိတ်သဘောထားကောင်းတဲ့အတွက် သွားလေရာမျက်နှာပန်းပွင့်ပြီး အဘက်ဘက်က ပြည့်စုံသူတစ်ဦးပါ။ ဒီလိုသာယာနေတဲ့သူ့ဘဝကို မုန်တိုင်းစတင်ဝင်ရောက်တိုက်ခတ်လာတာကတော့ လီဆာဆိုတဲ့အမျိုးသမီးတစ်ယောက် အစမ်းခန့်ဝန်ထမ်းအနေနဲ့ သူတို့ကုမ္ပဏီကို ဝင်ရောက်လာတဲ့အချိန်ပါပဲ။ ဒဲရက်က လီဆာကို သဘောရိုးနဲ့ ပြောဆိုဆက်ဆံလိုက်ပေမယ့် လီဆာတစ်ယောက်ကတော့ တစ်ယောက်တည်းရူး စိတ်ကူးတွေယဉ်ပြီး ဒဲရက်ကို မရမကပိုင်ဆိုင်အောင် ကြိုးစားလာပါတော့တယ်။ ဘာမှမဖြစ်လောက်ပါဘူး ပြီးသွားမှာပါလို့ ဒဲရက်တစ်ယောက်ထင်ထားခဲ့ပေမယ့် လီဆာက လက်မလျှော့ဘဲ မထင်ထားတာတွေလုပ်လာတဲ့အခါ ဒဲရက်တစ်ယောက် ဘယ်လိုဒုက္ခလှလှတွေ့မလဲ သူနှင့်သူမိသားစု ဒီဒုက္ခကနေရော ရုန်းထွက်မလဲဆိုတာ ရင်တမမ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.8 GB)/(884 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre…Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo

0 2009
Obsessed
The Horseman
6.5

ကြမ်းကြမ်းရမ်းရမ်း R-rated movieတွေကို မျှော်လင့်နေကြတဲ့ CMပရိသတ်တို့အတွက် IMDb 6.5ရထားတဲ့ Revenge drama လေးဖြစ်တဲ့ The Horsemanဆိုတဲ့ရုပ်ရှင်‌လေးကို တင်ဆက် ပေးချင်ပါတယ်။ ဒီကားလေးထဲမှာတော့ ဆေးလွန်ပြီးဆုံးသွားတဲ့ သမီးတစ်ယောက်ရဲ့အဖေဖြစ်သူက သမီးဖြစ်သူသေဆုံးရခြင်း အကြောင်းအရင်းကို စုံစမ်းပြီးတော့ လက်စားချေမှာဖြစ်ပါတယ်။ ခရစ်စတီယန်ဟာ သမီးကိုသိပ်ချစ်တဲ့သူတစ်ယောက်၊ မမျှော်လင့်ဘဲ ရလာခဲ့တဲ့ကလေးဆိုပေမဲ့ အသက်နဲ့ထပ်တူချစ်ရတဲ့သမီးလေးဆိုရင်လည်း မမှားပါဘူး။ ဒီလိုနဲ့ ခရစ်စတီယန်ရဲ့အသဲနှလုံးကို ဆွဲထုတ်မယ့် သတင်းတစ်ခု ရောက်လာပါတော့တယ်။ ဒါကတော့ စက်မှုဇုန်ကလမ်းကြား တစ်ခုမှာ သမီးဖြစ်သူသေဆုံးနေတာကိုတွေ့ရှိရကြောင်း ရဲဘက်က အကြောင်းကြားလာတာပါ။ သေဆုံးရတဲ့အကြောင်းအရင်းက ဘိန်းဖြူအသုံးလွန်ပြီး အန်ဖတ်ဆို့ပြီး အသက်ရှူကြပ်တာဆိုတာရယ်၊ လူတစ်‌ယောက်က အခပေးဖုန်းကနေ ဆေးရုံကားခေါ်ပေးတယ်ဆိုတာကလွဲလို့ တခြားဘာမှမသိရ ဘာသက်သေမှ လည်းမရှိတော့ ခရစ်စတီယန်တစ်ယောက် အရူးမီးဝိုင်းပေါ့။ ဒီလိုနဲ့ တစ်နေ့မှာ သမီးဖြစ်သူရဲ့sex tapeကို သူ့ဆီကိုပို့လာတဲ့အခါမှာတော့ ညစ်ညမ်းကားရိုက်ကူးရေးကနေ အစဆွဲထုတ်ပြီး သမီးဖြစ်သူသေဆုံးမှုနဲ့ ပတ်သက်နေသူမှန်သမျှကို မိုက်မိုက်ကန်းကန်းနဲ့ ဘယ်လိုလက်စားချေမလဲဆိုတာ ရှုစားကြပါဦး။ File size…2.28 GB/ 1.15 GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 36m Genre ….. Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TD

6.5 2008
The Horseman
The Yin-Yang Master: Dream of Eternity
6.3

External Love ထဲက မင်းသား ရဲ့ဟွာ နဲ့ Ash of Love ဇာတ်ကားထဲက မင်းသား ရွှီဖုန်း တို့ကို အများစုတော့ မှတ်မိမယ်ထင်ပါတယ် ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့ Mark Chao(ရဲ့ဟွာ) နဲ့ Deung Lun(ရွှီဖုန်း) တို့အပြင် အခြား နာမည်ကျော် မင်းသား မင်းသမီးတွေနဲ့ ပူးပေါင်းရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအကြောင်းအရာကတော့…. ပေါ်ရာ ဟာ သူ့ရဲ့ မိခင်ကို မိစ္ဆာက သတ်သွားတာကြောင့်မလို့ မိစ္ဆာတွေကို အရမ်း မုန်းတီးနေပြီး တစ်လောကလုံးက မိစ္ဆာတွေကို သတ်ပစ်ဖို့ ဆုံးဖြတ်ချက်ချထားသူတစ်ယောက်ဖြစ်ပါတယ် ချင်မင်ကတော့ ယန် ယင် ဆရာတစ်ဆူပါ သူ့ရဲ့အမေဟာ မြေခွေးမိစ္ဆာတစ်ယောက်ဖြစ်တဲ့အတွက် မိစ္ဆာတွေအပေါ်စာနာစိတ်ရှိသူတစ်ယောက်လည်း ဖြစ်ပါတယ် တစ်နေ့ မြွေမိစ္ဆာ ပြန်လည် ထွက်ပေါ်လာတဲ့အခါမှာ ချင်မင် အနေနဲ့ ဆန်းကျယ်လှတဲ့ လူသတ်မှုတွေကို ဖြေရှင်းရင်း တော်ဝင်မိသားစုက ပါဝင်ပတ်သတ်နေတာကို သိလိုက်ရပါတယ် ဒီလိုရှုပ်ထွေးလှတဲ့ အခြေအနေကို ဆန့်ကျင်ဖက် စိတ်သဘောရှိတဲ့ ချင်မင်နဲ့ ပေါ်ရာ ဘယ်လိုတွေ ပူးပေါင်းဖြေရှင်းကာကွယ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုရမှာပါ

6.3 2021 132 mins
The Yin-Yang Master: Dream of Eternity
The Isle
5.7

ဒီကားလေးကတော့ စိတ်ဝင်စားစရာ horror ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ၁၈၄၆ခုနှစ်က ဒဏ္ဍာရီဆန်ဆန်အဖြစ်အပျက်လေးကိုပုံဖော်ရိုက်ကူးထားတာပါ။ ကုန်သည်သင်္ဘောတစ်စီးမှောက်ရာက ရှင်သန်လွတ်မြောက်သူကုန်သည်သုံးယောက်ဟာ လှေတစ်စီးနဲ့ ပင်လယ်ထဲမျှောနေရင်းမြူတွေဆိုင်းနေတဲ့ကျွန်းစုလေးပေါ်ရောက်သွားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ ထူးခြားချက်ကတော့ ကျွန်းပေါ်မှာလူသားလေးယောက်ပဲရှိတယ်။ တံငါသည်ဟောင်းတစ်ယောက်၊ လယ်သမားတစ်ယောက် သူ့ရဲ့တူမနဲ့စိတ်မမှန်သူအမျိုးသမီးတစ်ယောက်ပါ။ ကျိန်စာမိထားသလိုထူးဆန်းမှုတွေဆက်တိုက်ဖြစ်လာတဲ့အခါ သူတို့မသိခဲ့တဲ့ဒီကျွန်းရဲ့သမိုင်းကြောင်းက ဘာတွေဖြစ်မလဲသူတို့ဒီကျွန်းပေါ်ကလွတ်မြောက်နိုင်မလားဆိုတာကတော့ ဆက်လက်ကြည့်ရှုလိုက်ပါ…. အညွှန်းနဲ့ ဘာသာပြန်ကတော့ Noe ပါ File size… 1.3 GB / 597 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 36m Genre ….. Fantasy/Mystery/Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Noe

5.7 2018 96 mins
The Isle
Dinner with Friends
6.1

၁၉၉၈ ခုနှစ်က ပြဇာတ်ရေးဆရာ Donald Margulies ရဲ့ ပူလစ်ဇာဆုရပြဇာတ်ကို မှီငြိမ်း ရိုက်ကူးထားတာဖြစ်ပါတယ်။ အိမ်ထောင်သက်တမ်းလည်း ကြာပြီဖြစ်သလို သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတာလည်း ကြာပြီဖြစ်တဲ့ အိမ်ထောင်သည်စုံတွဲ (၂) တွဲဖြစ်တဲ့ ဂေ့ဘ် နဲ့ ကယ်ရန်၊ တွမ် နဲ့ဘက် ဟာ ကလေး (၂) ယောက်စီရပြီးချိန်အထိ အစားအသောက်ဝေဖန်ရေးဆောင်းပါးရှင် ဂေ့ဘ် နဲ့ ကယ်ရန် တို့ရဲ့ လက်ရာကို မြည်းစမ်းကြရင်း ဂေ့ဘ်တို့အိမ်မှာ ညစာပါတီကျင်းပကြတဲ့ အလေ့အထကို နှစ်များစွာကြာအောင် ထိန်းသိမ်းခဲ့ပါတယ်။ တစ်ညမှာ ဘက် နဲ့ ကလေး (၂) ယောက်ပဲ ဂေ့ဘ်တို့ရဲ့ ညစာစားပွဲကို ရောက်လာနိုင်ခဲ့ပါတယ်။ တွမ်တစ်ယောက် ဒီစီကို သွားနေရတယ်လို့ ဘက်ကပြောပြီး ညစာကို ထုံးစံအတိုင်း အတူတူစားပြီးတဲ့နောက် ဂေ့ဘ်နဲ့ ကယ်ရန်ကလည်း သူတို့ရဲ့ ခရီးစဉ်အကြောင်းကို ရွှန်းရွှန်းဝေအောင် ပြောနေကြပါတယ်။ ဘဝကို ပျော်ရွှင်စွာဖြတ်သန်းပြီး စိတ်တူကိုယ်တူပြောဆိုနေကြတဲ့ ဂေ့ဘ် တို့ (၂) ယောက်ကိုကြည့်ပြီး ဘက်က မခံစားနိုင်တော့ဘဲ ရင်ဖွင့်လာခဲ့ပါတော့တယ်။ တွမ်က သူ့ကို ထားခဲ့တော့မှာဖြစ်တဲ့အကြောင်း၊ နန်စီဆိုတဲ့လေယာဉ်မယ်နဲ့ တွေ့နေပြီဆိုတဲ့အကြောင်း သူ့ကို ရင်ဖွင့်ခဲ့တာတွေ၊ သူတို့ ကွာရှင်းတော့မယ်ဆိုတဲ့အကြောင်းတွေကို ပြောရင်းနဲ့ ငိုချလာခဲ့ပါတော့တယ်။ အားရပါးရ ရင်ဖွင့်ခဲ့ပြီးနောက်မှာတော့ ဘက်က ကလေး (၂) ယောက်နဲ့အတူ အိမ်ကို ပြန်လာခဲ့ပါတယ်။ ထိုအချိန်မှာ ဒီစီကို သွားနေပြီဖြစ်တဲ့ တွမ်ကလည်း ရောက်ချလာခဲ့ပြီး လေယာဉ်ခရီးစဉ် ဖျက်သိမ်းလို့ ပြန်လာခဲ့တာဖြစ်ကြောင်း ဘက်ကို ပြောပြကာ ညစာစားပွဲအကြောင်းကို မေးမြန်းခဲ့ပါတယ်။ နည်းမျိုးစုံအစ်အောက် မေးမြန်းပြီးနောက်မှာ တွမ်က ဂေ့ဘ်တို့ကို ရင်ဖွင့်ခဲ့ပြီလားလို့ စွပ်စွဲမေးမြန်းခဲ့ပါတယ် သူတို့ (၂) ယောက်လုံးဆုံမှ ကွာရှင်းမယ့်အကြောင်း ဂေ့ဘ်နဲ့ကယ်ရန်တို့ကို မျက်နှာချင်းဆိုင်ပြောဖို့ သဘောတူထားတာ ဖြစ်တဲ့အကြောင်း တစ်ယောက်တစ်ခွန်း ပြောကြရင်း ရန်ဖြစ်ခဲ့ကြပါတယ်။ လုံးလားထွေးလားအခြေအနေကနေ ပွေ့ဟယ်ဖက်ဟယ် နဲ့ ချစ်ပွဲဝင်ခဲ့ကြပြန်ပါတယ်။ ဂေ့ဘ်နဲ့ ကယ်ရန်တို့ကလည်း ဘက်စကားကိုပဲ မယုံသင့်ကြောင်း၊ တွမ်ရဲ့စကားကိုလည်း နားထောင်သင့်ကြောင်း ဂေ့ဘ်က တစ်ဖက်၊ ကယ်ရန်ကလည်းမိသားစုအပေါ် သစ္စာဖောက်သွားတဲ့ တွမ့်ကို ခွင့်မလွှတ်သင့်ကြောင်း ငြင်းခုန်နေချိန်မှာပဲ တွမ်က ပေါက်ချလာခဲ့ပါတော့တယ်။ ကယ်ရန်က တွမ်ကို မတွေ့ချင်ပေမယ့် ဂေ့ဘ်က မေတ္တာရပ်ခံခဲ့တာကြောင့် ဧည့်ခံစကားပြောခဲ့ပေမယ့် သဘောထားချင်း မတိုက်ဆိုင်ကြဘဲ စိတ်ဆိုးပြီး အိပ်ရာဝင်သွားပါတော့တယ်။ တွမ်က ဂေ့ဘ်တစ်ယောက်တည်းကိုပဲ ဘက်က သူ့ကို မထိတွေ့တော့တဲ့အကြောင်း၊ သူ စမ်းသပ်မှုတစ်ခု လုပ်အပြီးမှာတော့ ဘက်က သူ့ကို တစ်ပတ်တိတိ မထိတွေ့ဘဲနေနိုင်ကြောင်း သိပြီးတဲ့အခါမှာ ကြေကွဲရပုံတွေကို ရှင်းပြရင်း သူနဲ့ စိတ်သဘောထားချင်းတူတဲ့ နန်စီကို တွေ့ခဲ့တာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ အိမ်ထောင်ရေးတစ်ခုမှာ နှစ်ဦးနှစ်ဖက် ဘယ်သူမှားတယ်မှန်တယ်ဆိုတာကို လက်ညှိုးထိုး ငြင်းခုန်နေကြမလား၊ တစ်ယောက်အမှားကို တစ်ယောက်ခွင့်လွှတ်ပြီး ရှေ့ဆက်ကြမလား၊ အိမ်ထောင်ရေးဆိုတာကလည်း အချစ်တွေနဲ့ လက်ထပ်ခဲ့ကြပေမယ့် နှစ်များစွာကြာတော့မှ အပြစ်တွေမြင်လာခဲ့ပြီး ကိုယ်က မနက်ခင်းတိုင်းကို သူစိမ်းတစ်ယောက်ဘေးကနေ နိုးထနေရပါလားဆိုတဲ့ အသိဝင်လာတတ်ကြပါတယ်။ အိုမင်းတဲ့အထိ ပေါင်းသင်းခဲ့ကြတဲ့သူတွေကရော တစ်ယောက်ကိုတစ်ယောက် ဘယ်နှစ်ကြိမ်အထိ ခွင့်လွှတ်ခဲ့ကြပြီးပြီလဲ။ ခွင့်မလွှတ်နိုင်လို့ ကိုယ့်ရဲ့အစစ်အမှန်လက်တွဲဖော်ကို ရှာဖွေတဲ့သူတွေကိုရော အပြစ်ဆိုရမှာလား။ အတွေးပေါင်းများစွာ ပေးနိုင်တဲ့ဇာတ်လမ်းတစ်ပုဒ်လို့ ဆိုရပါလိမ့်မယ်။ File Size : 2 GB, 997 MB Quality : WEB-DL 1080p / 720p Running Time : 1hr 34min Format : Mp4 Genre : Comedy, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by : Sai Sumali Encode by : Thit San Khant

6.1 2001 94 mins
Dinner with Friends
Deaner ’89
5.6

ဒီဇာတ်ကားလေးကတော့ ၁၉၈၀ ခုနှစ်တွေက မက်တယ်ဂီတရဲ့ အရသာကို ကောင်းကောင်းကြီး ပေးသွားနိုင်တဲ့ ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း +++++++++ ဒီးနာ မူးဒရော့ချ်ဆိုတဲ့ ကောင်လေးက ကျောင်းမှာ ဟော်ကီကစားတာ အရမ်း တော်တဲ့ ကောင်လေးတစ်ယောက်။ သူ့မှာ ဂျန်ဆိုတဲ့ ညီမလေး တစ်ယောက်လည်းရှိတယ်။ တစ်ရက်မှာ သူ့ဆီကို ထူးဆန်းတဲ့ သေတ္တာကြီး တစ်လုံး ရောက်လာတယ်။ အဲဒီ သေတ္တာက မက်တယ် ဂီတကို အရူးအမူး ကြိုက်သူကြီး သူ့အဖေအရင်းရဲ့ သေတ္တာ။ သူ့အဖေအရင်းက ဆုံးသွားပြီ။ အဲဒီကစပြီး သူတို့က မွေးစားသားနဲ့ သမီးတွေဆိုတာ သူတို့ သိသွားကြပြီးတော့ သူတို့က ဘယ်သူတွေလဲဆိုတာ သိဖို့အတွက် ရှာဖွေကြရင်း တစ်ရက်မှာ ဒေါ့ကန်ဆိုတဲ့ မက်တယ်အဖွဲ့ကို သွားကြည့်ဖို့အတွက် ဒီးမူးဒရော့ချ်က ဆုံးဖြတ်ချက်ချလိုက်တယ်။ ဒါနဲ့ သူက အောင်မြင်တဲ့ ဟော်ကီကစားသမား ဘဝ အခွင့်အလမ်းတွေ အားလုံးကို လွှတ်ချခဲ့ပြီးတော့ သူ့ကိုယ်သူ ရှာဖွေဖို့ အတွက် ခရီးထွက်ခဲ့ပါတော့တယ်။ အဲဒီ ခရီးမှာ သူ ဘာတွေ ကြုံရမလဲ .. သူ့ဘဝ ဘယ်လိုပြောင်းလဲသွားခဲ့တာလဲဆိုတာကတော့ ဇာတ်ကားထဲမှာ အူနှိပ်အောင် ရယ်မောရင်း ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ပြီးတော့ ဒီဇာတ်ကားရဲ့ ပေးချင်တဲ့ မက်ဆေ့ကလည်း အရမ်းကောင်းတာမို့ ကြည့်ကို ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပါလို့ ပြောရင်း … ( အညွှန်းနဲ့ ဘာသာပြန် BZW ဖြစ်ပါတယ်) File size… (1.30GB) / (746MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre ….. Action , Comedy , Music Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW

Comedy • Horror • Science Fiction
5.6 2024 90 mins
Deaner ’89
Soil Without Land
Dark Nuns
6.5

Dark Nuns 2025 ********************* သဘာဝလွန် ဇာတ်လမ်း အမျိုးအစားကိုမှ “Global Hit”အဖြစ် စံချိန်တင်ခဲ့ပြီး၊ ကိုရီးယား နိုင်ငံရဲ့ ထိပ်တန်း သရုပ်ဆောင်တွေ ဖြစ်တဲ့ Song Hye Kyo, Jeon Yeo Been, Lee Jin Wookတို့နဲ့ Moon Woo Jinတို့ ပါဝင်ထားတဲ့ Dark Nuns ဇာတ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ကလေးငယ်တွေဆီမှာ လိုက်လံ ပူးကပ်တတ်တဲ့ နတ်ဆိုးကြောင့် ကျောင်းသားလေး ဟီးဂျွန် (Moon Woo Jin)ဟာ ဓားစာခံ ဖြစ်နေရပြီး ဒီဖြစ်ရပ် အပေါ်မှာ မတူညီတဲ့ အမြင်‌တွေ ရှိနေကြတာကတော့ သီလရှင် ယူနီယာ (Song Hye Kyo)နဲ့ ဖာသာပေါလ် (Lee Jin Wook)ပါပဲ။ ဟီးဂျွန်ရဲ့ ခန္ဓာကိုယ်ထဲက နတ်ဆိုးကို ရှင်းထုတ်နိုင်ဖို့ အတွက် သီလရှင် ယူနီယာက အပနှင်ပွဲ ပြုလုပ်ချင်ပေမဲ့ ဖာသာပေါလ်ကတော့ ဆေးပညာကိုသာ အားထားရမှာ ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုနေခဲ့ပါတယ်။ ဝိညာဉ်တွေရဲ့ တီးတိုးစကားသံကိုပါ ကြားနိုင်စွမ်း ရှိတဲ့ သီလရှင် ယူနီယာတစ်ယောက် ယူဆချက် မတူတဲ့ ဒီလို အခြေအနေတွေ ကြားကနေ ဟီးဂျွန်ကို ကယ်တင်ဖို့ အတွက် ဘယ်လိုအရာတွေနဲ့ ရင်ဆိုင်ရမလဲ ဆိုတာကိုတော.. ဇာတ်လမ်းထဲမှာပဲ ဆက်လက်ရှုစားပေးကြပါဦး။ (ဇာတ်လမ်းအညွှန်းကိုတော့ Treasure Htet မှ ‌ရေးသားထားပါတယ်။) File Size : 1.12GB/ 790MB Quality : WEB_DL 1080p HEVC/ 720p Format…mp4 Duration…01:55:00 Genre : Thriller, Mystery, Horror, Supernatural Subtitle : Myanmar Subtitle (Hard Sub) Translated by Treasure Htet, Miri, Tiff & Hnin Wai Oo Encoded by Tiff

Drama • Comedy • Romance
6.5 2025 115 mins
Dark Nuns
Rumah Teteh: Story of Helena

RumahTeteh Story of Helena (2025)”ထူးဆန်းတဲ့အဆောင်” ============================================= အသစ်ထွက်ထားတဲ့ အင်ဒိုဟော်ရာရုပ်ရှင်တစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာ ယူကျုပေါ်မှာ ကြည့်ရှုသူ နှစ်သန်းကျော်ခဲ့တဲ့ ဗွီဒီယိုတစ်ခုကို ဇာတ်ညွှန်းပြန်ရေးကာ ရိုက်ကူးထားတာဖြစ်ပြီး ဖြစ်ရပ်မှန်ကို အခြေခံထားတယ်လို့ဆိုပါတယ်။ နန်ဒိုနဲ့ တခြားသူငယ်ချင်းသုံးယောက်က အဆောင်တစ်ခုမှာ အတူနေကြတဲ့ တက္ကသိုလ်ကျောင်းသားတွေပါ။ သူတို့အဆောင်မှာ သူတို့ လေးယောက်တည်းနေတာဖြစ်ပြီး တစ်ခါတလေ လူတူနှစ်ယောက် မြင်ရတာမျိုး၊ ဂါဝန်ဝတ်ထားတဲ့အမျိုးသမီးတစ်ယောက်ကို မြင်ရတာမျိုးလို ထူးဆန်းတာတွေ ကြုံတွေ့ရတတ်ပါတယ်။ အဲဒီလို ထူးဆန်းတဲ့အဆောင်မှာနေရင်း သူတို့ထဲကတစ်ယောက်က ထူးဆန်းတဲ့မိန်းကလေးတစ်ယောက်နဲ့ ဆုံတွေ့ပြီးတဲ့နောက်မှာတော့ ထူးဆန်းတာတွေ ဆက်တိုက်ထပ်မံကြုံတွေ့ရပုံကို စိတ်ခြောက်ခြားဖွယ်ရာ မြင်တွေ့ကြရမှာပါ…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Team ပါ။)

Science Fiction • Thriller
0 2025 86 mins
Rumah Teteh: Story of Helena
Everyone Is Going to Die
4

Everyone Is Going to Die (2025) ဒီ သဲထိပ်ရင်ဖို စိတ္တဇဇာတ်လမ်းလေးကတော့ ၂၀၂၄ ကထွက်ရှိထားတဲ့ R-rated ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း Only စတော့ရှယ်ယာစျေးကွက်တွေမှာ ရောင်းဝယ်လုပ်တဲ့အပြင် ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့နေရာမှာအောင်မြင်ပြီး သူ့ရဲ့ဒစ်ဂျစ်တယ်ထုတ်ကုန်တစ်ခုကိုရောင်းချနိုင်ခဲ့တဲ့ ဒန်နီယယ်ဆိုတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးဟာ အလုပ်ကိုပဲစိတ်နှစ်ပြီး တစ်စိုက်မတ်မတ်လုပ်ခဲ့တဲ့အတွက် ဆုံးရှုံးခဲ့ရတဲ့မိသားစုဘဝကို ပြန်ပြီးဖာထေးဖို့ သမီးဖြစ်သူနဲ့ ပြန်ပြီးမိတ်ဖွဲ့ဖို့ကြိုးစားခဲ့ပါတယ်။ သမီးဖြစ်သူရဲ့ မွေးနေ့မှာ သူဟာ သမီးလေးပျော်သွားအောင်ဆိုပြီး စျေးကြီးတဲ့ smart watch တစ်ခုကိုဝယ်ပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း အဖေဖြစ်သူက ငွေကြေးချမ်းသာပေမယ့် ခြေရှုပ်တတ်တာကိုသိတဲ့ သမီးလေးက ငွေကြေးဓနကနေရလာတဲ့လက်ဆောင်ကို ငြင်းခဲ့ပါတယ်။ ဒီလိုနဲ့ သမီးနဲ့အဖေနှစ်ယောက်စကားများကြရင်း ရုတ်ချည်းဆိုသလို မျက်နှာဖုံးသူနှစ်ယောက် သူတို့ခြံထဲရောက်လာပြီး ခြိမ်းခြောက်သယောင်ယောင်နဲ့ သူတို့ကို အကြပ်ကိုင်ကြပါတယ်။ ဖြစ်ချင်တော့ စိတ္တဇလူသတ်သမားနှစ်ယောက်ဟာ ဘာအကြောင်းမှမရှိဘဲ ဒန်နီယယ့်သမီး အီမိုဂန်ကို အကြပ်ကိုင်ပြီး စခြိမ်းခြောက်လာပါတော့တယ်။ ဒါပေမဲ့ တကယ်တမ်းကျနောက်ကွယ်မှာ ဒန်နီယယ်က ဘာအမှားလုပ်ထားလို့လဲ ဘယ်လိုလူတွေက သူ့ကိုသတ်ချင်လောက်တဲ့အထိဖြစ်ရလောက်အောင် ပတ်သက်ဆက်နွယ်မှုရှိနေလဲဆိုတာကို ဒီဇာတ်ကားထဲမှာ ရင်တထိပ်ထိပ်နဲ့ရှုစားရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size… (950 MB) / (520 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Thriller Duration…. 01:22:57 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Mark

Family • Animation • Adventure • Comedy
4 2025 82 mins
Everyone Is Going to Die
The Jungle Book
7.6

၁၉၆၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ Disney ရဲ့ ကာတွန်းရုပ်ရှင် “The Jungle Book” ဟာ Rudyard Kipling ရဲ့ နာမည်ကျော် ဝတ္ထုကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ကလေးဘဝရဲ့ အမှတ်တရတွေကို ပြန်လည် ဆန်းစစ်စေနိုင်တဲ့၊ နှစ်ပေါင်းများစွာ ကြာသည်အထိ လူကြိုက်များနေဆဲ ကာတွန်းကားတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းက တောထဲမှာ ဝံပုလွေတွေ မွေးစားထားတဲ့ မိုဂ္ဂလီဆိုတဲ့ ကလေးလေးအကြောင်းပါ။ မိုဂ္ဂလီဟာ တောထဲမှာ တိရစ္ဆာန်သူငယ်ချင်းတွေနဲ့ ပျော်ရွှင်စွာ နေထိုင်ရင်း ကြီးပြင်းလာပါတယ်။ ဒါပေမဲ့ ကြောက်မက်ဖွယ် ကျားကြီး ရှဲရားခန်း (Shere Khan) က မိုဂ္ဂလီကို ဖမ်းဆီးဖို့ ကြိုးစားတဲ့အခါ မိုဂ္ဂလီဟာ လူ့လောကကို ပြန်သွားဖို့ ဆုံးဖြတ်ရပါတော့တယ်။ လမ်းခရီးမှာ သူ့ရဲ့ သူငယ်ချင်းဝက်ဝံကြီး ဘာလူ (Baloo) နဲ့ ကျားသစ်ကြီး ဘက်ဂီရား (Bagheera) တို့က ကူညီပေးကြပါတယ်။ ဒီဇာတ်လမ်းလေးက အူတက်အောင်ရယ်ရတဲ့အလွဲလေးတွေပါတဲ့အတွက် မိသားစု ကလေးတွေနဲ့ အတူတူကြည့်ရှုရင်း ပျော်ရွှင်စရာလေးတွေဖန်တီးနိုင်တဲ့ ဇာတ်ကားလေးတစ်ကားပါ။ File size… 1.79 GB / 855 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 18m Genre ….. Comedy/Animation / Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Myat Min Soe

7.6 1967 78 mins
The Jungle Book