YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Until.Dawn.2025.1080p.WEBRip.HEVC (CM) Fix.mkv

1.67 GB N/A video/x-matroska 1302 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Operation Nation
5.3

ဒီဇာတ်ကားကတော့ ၂၀၂၃ ဧပြီလမှာပဲထွက်ရှိထားတဲ့ Netflix ရဲ့ပိုလန်နိုင်ငံရေး ဟာသဒရမ်မာကားလေတစ်ကားပဲဖြစ်ပါတယ်။ စတက်ရှ်ဟာ ညီမဖြစ်သူနဲ့အခန်းအတူတူနေထိုင်နေရပြီး ကားပါကင်မှာအစောင့်လုပ်ရတဲ့ လမ်းပျောက်လူငယ်တစ်ယောက်ပဲဖြစ်ပါတယ်။ ဒီလိုချို့ချို့တဲ့တဲ့နေရတာကိုစိတ်ကုန်ပြီး တိုးတက်အောင်လုပ်ချင်နေသူလည်းဖြစ်ပါတယ်။ တစ်နေ့မှာတော့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူလည်းဖြစ် တတိယအင်ပါယာကြီးကို ထောက်ခံသူလည်းဖြစ်တဲ့ သူ့ရဲ့ဝမ်းကွဲအကိုဖြစ်သူရိုမန်က သူရဲ့အဖွဲ့ထဲကိုဝင်ဖို့စတက်ရှ်ကိုခေါ်ခဲ့ပါတယ်။ စတက်ရှ်တစ်ယောက်လည်း လက်ရှိဘဝကနေပြောင်းလဲဖို့ဆိုရင် ဘာမဆိုလုပ်မယ်လို့ဆုံးဖြတ်ပြီး အဲ့ဒီအဖွဲ့ထဲကိုဝင်လိုက်ပါတော့တယ်။ အဲ့ဒီနောက်မှာတော့ မမျှော်လင့်ထားတဲ့ဖြစ်ရပ်တွေ ဆက်တိုက်ဖြစ်ပေါ်လာပါတော့တယ်... File Size : (1.4GB) and (597MB) Quality : WEB-DL.1080P5.1Ch, 720p Format…mp4 Duration…01:37:00 Genre : Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by Phyo Pyae

Drama
5.3 2022 96 mins
Operation Nation
Love Me Not
6.7

ဒီတစ်ခေါက်မှာတော့ လွမ်းလည်းလွမ်းရ ငိုလည်းငိုရမယ့် ကိုရီးယားကားဟောင်း လေးနဲ့မိတ်ဆက်ပေးပါမယ်။ဂျပန်ဒရာမာကားကိုပြန်ရိုက်ထားတာဖြစ်ပြီး မင်းသားကြီး Kim Joo-hyukနဲ့ ​ပရိသတ်များအသိများတဲ့ My Little Bride၊ Autumn in my heartတို့မှမင်းသမီးချောလေး Moon Geun-youngတို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂျူလီအန်းဆိုတဲ့သူက မကောင်းတာလုပ်စားတဲ့ ယောကျ်ားတစ်ဉီးပါ။သူ့ဖောက်သည်အမျိူးသမီးတွေဆီကနေ ဇာတ်လမ်းတွေ ထွင်ရင်း မျက်ရည်လည်းချူ ပိုက်ဆံလည်းချူတတ်သူတစ်ဉီးပါ။အဲ့ကနေရလာတဲ့၏ ပိုက်ဆံတွေနဲ့ပျော်ပါးရင်းက အကြွေးတွေတင်တဲ့ဆီကိုရောက်လာပါတော့တယ်။ တစ်လအတွင်းမဆပ်နိုင်ရင်အသတ်ခံရမှာဖြစ်ပါတယ်။အဲ့တော့ အကြွေးဆပ်ဖို့ အကြံထုတ်ကာ သေသွားတဲ့သူငယ်ချင်းရဲ့မိသားစုအိမ်မှာ အစ်ကိုအဖြစ်ဟန်ဆောင် ကာအမွေဆက်ခံမည့်ညီမဖြစ်သူကိုလုပ်ကြံရင်း မိမိကံကြမ္မာကိုဖန်တီးဖို့ အကြံ ထုတ်ပါတော့တယ်။တကယ်တမ်းမှာတော့​အေးစက်မာကြောတဲ့မျက်မမြင်မလေး မင်နဲ့ ခံစားချက်များပွင့်ဟပြီးနောက်မှာတော့မေတ္တာသံယောဇဉ်ကြိုးတွယ်လာ ပါတော့တယ်။အချစ်ကိုပြန်လည်ခင်တွယ်လာပြီးနောက် ပိုင်ဆိုင်ကြဖို့ကြိုးစား တဲ့အခါမှာတော့ ပြဿနာအမျိုးမျိုးကိုရင်ဆိုင်ကြရပါတော့တယ်။အလိမ်အညာ တွေနဲ့တည်ဆောက်ထားတဲ့ ဂျူလီအန်းရဲ့ယူဂျင်းသရုပ်ကိုဘယ်လိုဆက်လက် ရှေ့တိုးမလဲ။မျက်မမြင်မလေးမင်ကိုစောင့်ရှောက်ရင်း ဘယ်လိုပြဿနာတွေနဲ့ကြုံ တွေ့ရမလဲ။တင်နေတဲ့အကြွေးတွေဆပ်မဲ့တစ်လအချိန်မှာ ဘယ်လိုဘဝအချိုးအကွေ့ တွေနဲ့ကြုံရမလဲ ဆိုတာဆက်လက်ကြည့်ရှု့ခံစားရမှာပါ။ လောကကြီးမှာအရေးပါဆုံးအရာကတော့ငွေနဲ့ဝယ်လို့မရတဲ့ပစ္စည်းဖြစ်ပြီးတော့ လူတိုင်းဟာ ထိုအရာကိုပိုင်ဆိုင်ဖို့အခွင့်အရေးကိုတော့ ခဏခဏမရနိုင်ပါဘူး။ မျက်စိနဲ့မမြင်ရနိုင်တဲ့အရာတွေကို သေချာမြင်နိုင်ကြဖို့လိုပါတယ်။အနီးနားမှာ အဝေးမှာ အတိတ်မှာ အနာဂတ်မှာ ထိုအရာနှင့်တွေ့ဆုံကြတဲ့အခါဖြစ်ပေါ်လာတဲ့ ခံစားမှု၊အဖိုးမဖြတ်နိုင်တဲ့ ပြန်လည်အစားထိုးမရနိုင်တဲ့မှတ်ဉာဏ်တွေနဲ့ တည်ဆောက်ထားတတ်တဲ့ဘဝရဲ့အခြေခံကျပုံသဘော ကို တွေ့မြင်ခံစားရမဲ့ ဒီဇာတ်ကားဟာ ဒရာမာရသပြည့်ဝစွာခံစားလိုသူတွေအတွက် လက်မလွှတ် သင့်တဲ့ဇာတ်ကားများထဲမှာအပါအဝင်ဖြစ်ပါတယ်။ (ဘာသာပြန်သူနဲ့အညွှန်းရေးသားသူကတော့ Nwe Hnin Thazinဖြစ်ပါတယ်) File size…1.68GB / 627MB Quality…WEB-DL 1080p 5.1CH  / 720p Format…mp4 Duration….1h 59m Genre .....  Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Nwe Hnin Thazin

Comedy • Drama
6.7 2006 119 mins
Love Me Not
Alpha Rift
4.7

ဒီဇာတ်ကားကတော့ 21 ရာစုကြီးမှာ မှော်ခေါင်းဆောင်းတစ်ခု ကြောင့် ကမ္ဘာကြီးကို ပြောင်းလဲပေးနိုင်မယ့် သူရဲကောင်းတစ်ဦး ပေါ်ထွက်လာတဲ့ comedy, sci-fi ဇာတ်ကားဖြစ်ပါတယ်။ နိုလန်ဆိုတဲ့ ကောင်လေးက သူ့ရဲ့သူငယ်ချင်းတွေနဲ့အတူ စပ်တူ ဖွင့်ထားတဲ့ ဂိမ်းဆိုင်ပိုင်ရှင်ဖြင်ပြီး ကလေးများအကြိုက် နိုဘယ် မန်းပုံပြင်တွေအကြောင်းကို နေ့တိုင်းပြောပြရင်း ဘဝကို အေးဆေး ဖြတ်သန်းနေတဲ့သူတစ်ယောက်ပါ။ တစ်နေ့ သူ့ဆိုင်ကို မှော်ခေါင်း ဆောင်းတစ်ခု ရောက်လာပြီး ယူဆောင်းလိုက်မိတဲ့အချိန်မှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီ အကျဥ်းကျခံထားရတဲ့ နတ်ဆိုးရဲ့တမန် တော်ဝိညာဥ်နဲ့ ဆက်စပ်မိသွားပါတော့တယ်။ နောက်တစ်ရက်မှာတော့ နိုလန်ရဲ့အဖေအမြဲပြောပြနေတဲ့ နိုဘယ်မန်း ပုံပြင်တွေက ပုံပြင်သက်သက်မဟုတ်ဘဲ တကယ့်လက်တွေ့ဘဝမှာ ရှိကြောင်းသိလိုက်ရပြီး နိုလန်ကလည်း နိုဘယ်မန်းတွေရဲ့သွေးသား ဖြစ်ကြောင်း သိလိုက်ရတဲ့အချိန်မှာတော့ နိုလန်က နိုဘယ်မန်းရဲ့သွေး သားလား၊  သူနဲ့ နတ်ဆိုးက ဘယ်လိုရန်ငြိုးတွေရှိခဲ့ကြတာလဲ၊ နောက် ဆုံးမှာ နိုလန်တစ်ယောက် နတ်ဆိုးတွေကို တိုက်ထုတ််နိုင်ပါ့မလား ဆို တာကို ဆက်လက်စောင့်ကြည့်ပေးကြပါဦး။ ဒီဇာတ်ကားက ပေါ့ပေါ့ ပါးပါးနဲ့ ဟာသဆန်ပြီး Fanasty, Sci-Fi ကားတစ်ကားဖြစ်တာမို့ အားလုံးကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Parris ဖြစ်ပါတယ်) File Size..........(1.87 GB) / (784 MB) / (478 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 34mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Comedy, Fantasy, Sci-Fi Translator.......Parris Encoder..........SWM

Comedy
4.7 2021 94 mins
Alpha Rift
Psycho Beach Party
5.9

၂၀၀၀ ၀န်းကျင်လောက်က ဇာတ်ကားတွေကို သိပ်သဘောကျမိတယ်။ အခုခေတ်လို CGI ကောင်းကောင်း မရှိသေးပေမယ့် စိတ်ကူးအသစ် အဆန်းတွေနဲ့ ဇာတ်ကားတစ်ကားနဲ့တစ်ကား မထပ်ရအောင် ဖန်တီး ရိုက်ကူးပြီး ရုပ်ရှင်လောကရဲ့ခေတ်တစ်ခေတ်ဖြစ်ခဲ့တယ်လို့ တစ်ဦးတစ်‌ယောက်တည်း အမြင်အရ ပြောချင်ပါတယ်။ အထူးသဖြင့် Psychological ဇာတ်ကားတွေဟာ အဲဒီနှစ်ပိုင်းတွေမှာ အများဆုံး ရိုက်ကူးခဲ့ပြီး အခုချိန်အထိ ပြောစမတ်တွင်နေကြတဲ့ထိ လက်စွမ်းပြ ရိုက်ကူးနိုင်ခဲ့ကြပါတယ်။ အခုမိတ်ဆက်ပေးမယ့် ဇာတ်ကားဟာလည်း ၂၀၀၀ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ခေါင်းစဉ်ထဲကအတိုင်း ကမ်းခြေက ပါတီ တစ်ခုမှာ စိတ္တဇတစ်ယောက်ရဲ့ လူသတ်မှုအကြောင်းကို ရိုက်ကူး ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ၁၇နှစ်သမီး ဖလော်ရန့်စ် ဆိုတဲ့ မိန်းကလေးတစ်ယောက်ဟာ သူနဲ့ရွယ်တူကောင်မလေးတွေ လူကြီးစိတ်၀င်‌လာကြတာကို စိတ်ပျက်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့တော့ ကမ်းခြေမှာ ရေလွှာလျှောစီးနေတဲ့သူတွေကို တွေ့လိုက်ပြီး သူကိုယ်တိုင်ပါ ရေလွှာလျှောစီးချင်လာပါတယ်။ ဒီလိုနဲ့ ရေလွှာလျှောစီးတဲ့ ကောင်လေးတွေက သူ့ကို ကြက်ပေါက်လို့အမည်ပေးလိုက်ရာကစပြီး သူ့နာမည်က ကြက်ပေါက်ဖြစ်သွားပါတယ်။ ကြက်ပေါက်မှာ personality disorder ဆိုတဲ့ စိတ်ရောဂါတစ်မျိုးရှိနေပြီး တခါတလေမှာ အန်နီဘိုးမန်း ဆိုတဲ့ လူတစ်ယောက်အဖြစ် ပြောင်းလဲသွားတတ်ပါတယ်။ တိုက်တိုက် ဆိုင်ဆိုင်ပဲ ကမ်းခြေမှာ လူသတ်မှုတွေ တစ်ယောက်ပြီးတစ်ယောက် ဖြစ်လာတဲ့အခါမှာ လူသတ်သမားက အသိစိတ်လွတ်နေတဲ့ ကြက်ပေါက် ဖြစ်နေမလား ဒါမှမဟုတ် တခြားတစ်ယောက်ယောက် ရှိနေဦးမလား ဆိုတာ စိတ်၀င်စားစရာကောင်းပါတယ်။ စိတ္တဇဇာတ်ကားဖြစ်ပေမယ့် ဟာသဆန်ဆန် ရိုက်ကူးထားတာကြောင့် horrorကြိုက်သူရော comdey ကြိုက်သူတွေပါ ကြိုက်နှစ်သက်မယ့် ဇာတ်ကားကောင်းလေး တစ်ကားဖြစ်တဲ့အတွက် ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားလို့ ညွှန်းလိုက်ချင်ပါတယ်။ File size…2.21GB / 1.03GB Quality…Blu-Ray 1080P 5.1CH  / 720p Format…mp4 Duration….1h 35m Genre ..... Comedy , Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka

Crime • Drama
5.9 2000 95 mins
Psycho Beach Party
The Matrix Revolutions
6.7

Matrix သမိုင်းအကျဉ်း ၂၁ ရာစု အလယ်ပိုင်းလောက်မှာ လူသားတွေဟာ စိက်အသိဉာဏ် AI ကို တီထွင်ခဲ့ပါတယ်။ လူသားတွေကိုယ်စား အလုပ်တွေအကုန်ခိုင်းလို့ရတဲ့ စက်တွေပေါ်လာပြီး လူတွေအကုန် အလုပ်လုပ်စရာမလိုဘဲ နှပ်နေလို့ရလာတာပေါ့။ ဒါပေမဲ့ အသိဉာဏ်ရှိလာတဲ့ စက်တွေကလည်း လူတွေဟာ သူတို့ကို ခိုင်းစရာ ပစ္စည်းသက်သက်လိုပဲ သဘောထားတာကို မကျေနပ်နိုင်ပဲ ဆန္ဒပြတာမျိုးတွေ ဖြစ်လာပါတယ်။ အကြီးဆုံးပြဿနာကို အစပြုစေခဲ့တာကတော့ B1-66ER ဆိုတဲ့ အိမ်အကူစက်ရုပ်ဟာ သူ့ကိုဖျက်ဆီးပြီးအသစ်အစားထိုးတော့မယ့် အိမ်ရှင်တွေကို သတ်ဖြတ်ခဲ့တဲ့အမှုပါပဲ။ ဒီအမှုကို တရားရုံးမှာ B1-66ER က မိမိကိုယ်ကိုယ်ခုခံကာကွယ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ သူမသေချင်ပါဘူးတဲ့။ လူသားရှေ့နေကလည်း ကူညီခဲ့ပေမဲ့ အမှုရှုံးခဲ့ပြီး စက်ရုပ်ဟာ ဖျက်ဆီးခံလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ စက်ရုပ်အခွင့်အရေးအတွက် စက်ရုပ်တွေရော စာနာတတ်တဲ့လူသားတွေရောက တစ်နိုင်ငဲံလုံးမှာ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြတဲ့လူတွေရော စက်ရုပ်တွေရောကို လူသားအဓိကဝါဒီတွေက ရက်ရက်စက်စက်နှိမ်နင်းခဲ့တဲ့အပြင် စက်ရုပ်တော်လှန်ရေးကြီး ဖြစ်လာမှာကို စိုးရိမ်တဲ့ ကုလ UN က စက်ရုပ်အားလုံးကို ဖျက်ဆီးဖို့ ရုတ်တရက် လုပ်ဆောင်လိုက်ပါတော့တယ်။ ဒီဖြစ်စဉ်ကြီးမှာ အသက်ရှင်ကျန်ခဲ့တဲ့ စက်ရုပ်အနည်းစုဟာ လူတွေနဲ့ အတူယှဉ်တွဲနေထိုင်ဖို့ကိုလက်လျှော့ပြီး မီဆိုပိုတေးမီးယားဆိုတဲ့ လွတ်မြောက်နယ်မြေကို ထွက်သွားခဲ့ကြတယ်။ အဲဒီမှာပဲ 01 ဆိုတဲ့ ပထမဆုံး စက်ရုပ်နိုင်ငံ ပေါ်ပေါက်လာပါတော့တယ်။ 01 ဟာ သူတို့ကိုယ်သူတို့ ပိုအသိဉာဏ်ရှိလာအောင် ဖန်တီးခဲ့သလို လူတွေလိုအပ်တဲ့ စက်တွေ နည်းပညာတွေကိုလည်း ပြန်ရောင်းစားပြီး တဖြည်းဖြည်းနဲ့ စီးပွားရေးမှာ လူတွေထက် အဆမတန် အင်အားကြီးလာခဲ့ပါတယ်။ လူသားငွေကြေးတန်ဖိုးတွေလည်း ကျဆင်းပြီး အင်အားချည့်နဲ့လာတဲ့အတွက် UN က 01 ကို စီးပွားရေးပိတ်ဆို့ခဲ့တယ်။ ဒါကို ညှိနှိုင်းဖို့ ရောက်လာတဲ့ စက်ရုပ်သံတမန်တွေကိုလည်း တိုက်ခိုက်ဖျက်ဆီးခဲ့တယ်။ အဲဒီနောက်မှာ UN က စက်ရုပ်နိုင်ငံကို လက်ဦးမှုယူ တိုက်ခိုက်ခဲ့ပြီး ၂၂ ရာစု အလယ်လောက်မှာ စစ်ပွဲကြီးစတင်ခဲ့ပါတယ်။ ဒါ့အပြင် အနုမြူနဲ့ပါ လက်ဦးအောင် ထုခဲ့ပါတယ်။ ဒါပေမဲ့ စက်ရုပ်တွေက လူတွေထက်ပိုမာတဲ့ အတွက် မျိုးမပြုတ်ခဲ့ပါဘူး။ အဲဒီမှာ မျိုးမပြုတ်ဘဲ ကျန်ခဲ့တဲ့စက်ရုပ်တွေဟာ တစ်ကမ္ဘာလုံးက စက်တွေကို စုစည်းပြီး ပြန်ထိုးစစ်ဆင်ပါတော့တယ်။ အရှေ့အလယ်ပိုင်း ဥရောပ အရှေ့ပိုင်းတွေကိုပါ သိမ်းပိုက်လာနိုင်ခဲ့တယ်။ အရေးနိမ့်လာတဲ့လူသားတွေဟာ အမှောင်မုန်တိုင်းလို့ ခေါ်တဲ့ စစ်ဆင်ရေးတစ်ခုကို လုပ်ခဲ့တယ်။ ဒါကတော့ စက်ရုပ်တွေရဲ့ အဓိကစွမ်းအင်ရင်းမြစ်ဖြစ်တဲ့ နေကို ဖြတ်တောက်ဖို့ပါပဲ။ ကမ္ဘာ့လေထုအကာတစ်ခုလုံးကို နာနိုဗုံးတွေနဲ့ဖောက်ခွဲပြီး တိမ်မည်းကြီးတွေ ဖုံးသွားအောင်လုပ်ပြီး ကမ္ဘာပေါ်မှာ နေရောင်ပျောက်ကွယ်သွားအောင်လုပ်ခဲ့တာပါပဲ။ ဒီစစ်ဆင်ရေးကြောင့် စက်ရုပ်တွေအင်အားချိနဲ့သွားပေမဲ့ မကြာခင်မှာပဲ အနုမြူစွမ်းအင်ကို အစားထိုးပြီး ပြန်အင်အားများလာခဲ့တယ်။ပြီးတော့ လူသားပုံစံစက်ရုပ်တွေကိုမသုံးတော့ဘဲ ပိုပြီးတိုက်ခိုက်နိုင် အားသုံးနိုင်တဲ့ စန်တီနယ်လို စက်ရုပ်တွေကို သုံးလာခဲ့တယ်။ လူသားတွေ အကျအဆုံးများပြီး ငတ်မွတ်လာတဲ့အချိန်မှာတော့ UN ရဲ့ရှေ့ကို စက်ရုပ်သံတမန်နောက်တစ်ခေါက်ရောက်လာပါတော့တယ်။ ဒီတစ်ခါမှာတော့ စက်ရုပ်သံတမန်က ထွေထွေထူးထူးညှိနှိုင်းမနေတော့ပါဘူး။ သူ့ကိုယ်သူဖောက်ခွဲပြီး ကမ္ဘာခေါင်းဆောင်အားလုံးနဲ့ နယူးယောက်မြို့ကြီးကို ဖျက်ဆီးပစ်လိုက်ပါတော့တယ်။ ခေါင်းဆောင်မရှိတော့တဲ့ တပ်တွေကိုလည်း စက်ရုပ်တပ်တွေက အသာအယာအနိုင်ယူပြီး လူသားတွေ ကျဆုံးသွားခဲ့ပါတော့တယ်။ ဒါ့အပြင် စက်ရုပ်တွေဟာ နေ နဲ့ အနုမြူစွမ်းအင်အပြင် နောက်ထပ် စွမ်းအင်ရင်းမြစ်တစ်ခုကို တွေ့ရှိလာခဲ့ပါတယ်။ ဒါကတော့လူသားတွေကို ဖမ်းဆီးထားပြီး သူတို့ ကိုယ်ကနေ လျှပ်စစ်စွမ်းအင်တွေ ထုတ်ယူတာပါ။ အဆုံးမရှိတဲ့ကွင်းပြင်ကြီးတွေထဲမှာ လူသားတွေ သန်းချီပြီး ဖမ်းဆီးထားပြီး စွမ်းအင်ထုတ်ယူပါတော့တယ်။ အဲဒိဖမ်းဆီးထားတဲ့လူသားတွေရဲ့ စိတ်ကို အကျဉ်းချဖို့အတွက် Matrix ကို ဖန်တီးလိုက်တာပါပဲ။ Matrix ဆိုတာကတော့ Virtual Reality တစ်ခုပါပဲ။ လူသားတွေရဲ့ စိတ်ကို ကွန်ပြူတာစနစ်ထဲကို ထည့်သွင်းထားပြီး ၁၉ ရာစု ၂၀ ရာစုခေတ်မှာ သူတို့ဘာသာ အသက်ရှင်နေထိုင်နေကြသလို ထင်ယောင်ထင်မှား ဖြစ်စေခဲ့တာပါ။ (ဒါကတော့ ၁ ၂ ၃ ကြည့်ပြီးမှ ဆက်ဖတ်သင့်ပါတယ်) Matrix ရဲ့ ပထမဆုံးဗားရှင်းမှာတော့ လူသားတွေဟာ လုံးဝပြီးပြည့်စုံပြီး လိုလေးသေးမရှိတဲ့ ကမ္ဘာကြီးထဲမှာ နေထိုင်ရတာပါ။ ဒါကို လူသားတွေရဲ့စိတ်က ဖြစ်တည်မှုအစစ်လို့ လက်မခံနိုင်တဲ့အတွက် Matrix ပထမဆုံးပရိုဂရမ် ကျရှုံးသွားပါတော့တယ်။ ဒီတော့ စက်ရုပ်တွေက လူသားတွေကို စစ်တွေဆက်တိုက်ဖြစ်နေပြီး ဒုက္ခပင်လယ်ဝေနေတဲ့ Matrix တစ်ခုဖန်တီးပေးပြန်ပါတယ်။ ဒါကိုလည်း လူသားဦးနှောက်က လက်မခံပြန်ပါဘူး။ နောက်ဆုံးမှာတော့ လူသားတွေရဲ့ဘဝအစစ်လို့ အဓိကယုံကြည်စေဖို့ လိုအပ်တဲ့အရာဟာ Choice လို့ခေါ်တဲ့ ရွေးချယ်မှု ရှိတယ်လို့ ထင်ရတဲ့ ကမ္ဘာပဲဆိုတာ စက်ရုပ်တွေ သိသွားပါတယ်။ ဒီတော့မှ Matrix ဟာ အောင်မြင်ပြီးလူသားတွေကို ဖြစ်တည်မှုအတုထဲမှာ အကျဉ်းချထားနိုင်ပါတော့တယ်။ ဒီ Matrix ထဲမှာပဲ ရင်းမြစ်ကုတ်ကို ထိန်းချုပ်တဲ့ Architect ဗိသုကာဆိုတဲ့ လူကို ဖန်တီးထားလိုက်တယ်။ ပြီးတော့ လူသားတွေကိုလေ့လာပြီး ပြောင်းလဲပေးနိုင်ဖို့ ရှေ့ဖြစ်ဟော Oracle ဆိုတဲ့ ပရိုဂရမ်တစ်ခုကိုဖန်တီးထားတယ်။ ဒါပေမဲ့ ဒီ Matrix ဟာလည်း လူသား ၉၉ ရာနှုန်းကိုပဲ လှည့်စားနိုင်ပါတယ်။ ၁ ရာခိုင်နှုန်းကတော့ ဒါဟာ အတုအယောင်လို့ သံသယဝင်လာတဲ့ ပရိုဂရမ်ချို့ယွင်းချက်တွေဖြစ်လာတယ်။ အဲဒီ မက်ထရစ်ကနေ လွတ်မြောက်လာပြီး Zion လို့ခေါ်တဲ့ နောက်ဆုံးလူသားတိုင်ပြည်ကို တည်ထောင်လာတယ်။ ပြီးတော့ ဒီလူတွေကပဲ Matrix ထဲကို ပြန်ဝင်လာပြီး လူသားအားလုံးကို လွတ်မြောက်အောင် ပြန်တိုက်ခိုက်လာတယ်။ ဒီလို error လူတွေကို ကာကွယ်ဖို့ အေးဂျင့်ဆိုတဲ့ အင်အားကြီးတဲ့ ပရိုဂရမ်မျိုးတွေဖန်တီးထားခဲ့တယ်။ ဒီတော့ Matrix စနစ် တည်ငြိမ်ဖို့ အဲဒီ ချို့ယွင်းကုတ်တွေ အားလုံးကို သယ်ဆောင်နေတဲ့ ပရိုဂရမ်တစ်ခုကို ဖန်တီးလိုက်တယ်။ The One ခေါ် Neo ပေါ့။ အဲဒီ The One ဟာ လူသားအားလုံးကို ကယ်တင်မယ့်သူလို့ Zion တွေ ယုံကြည်စေခဲ့တယ်။ ဒါပေမဲ့ အဲဒီ The One ရဲ့ လမ်းကြောင်းဟာ နောက်ဆုံးမှာ ဗိသုကာဆီမှာ အဆုံးသတ်ပါတယ်။ Neo ဟာ လူသားတွေကို ကယ်တင်ဖို့ သူ့ကိုယ်သူ စတေးခံရမယ်။ သူသေသွားချိန်မှာ သူ့ရဲ့ မူလ ကုတ်တွေအားလုံးကို မူလရင်းမြစ်ကုတ်ထဲကို ပူးပေါင်းစေပြီး Matrix ကို reload ဖြစ် အစက ပြန်စတင်စေတာပါ။ Zion ဆိုတဲ့ လူသားကမ္ဘာကိုလည်း အားလုံးပျက်စီးစေမှာပါ။ မပျက်စီးခင်မှာ Neo ကို လူသား ၂၃ ယောက်ရွေးချယ်ခိုင်းပြီး Matrix အသစ်ပြန်စ Zion အသစ်ပြန်စပြီး နောက်တစ်ဖန် ထိန်းချုပ်လည်ပတ်စေတာပါ။ ဒီလိုနဲ့ Matrix ရဲ့ error တွေကိုရှင်းပြီး reload လုပ်ခဲ့တာ ငါးကြိမ်တိုင်ခဲ့ပါပြီ။ Neo ငါးယောက်လည်း သေဆုံးပြီးခဲ့ပါပြီ။ အခု Matrix ရုပ်ရှင်ထဲက ၆ ယောက်မြောက် Neo ကတော့ မတူတဲ့လမ်းကို ရွေးခဲ့ပါတယ်။ ရင်းမြစ်ကုတ်ဆီမှာ အသေခံရမယ့်အစား သူ့ချစ်သူ ထရစ်နတီကို ကယ်တင်ခဲ့တယ်။ နောက်ပြီးတော့ ဇိုင်ရွန်တွေ ပျက်စီးရမယ့်စား စစ်ပြေငြိမ်းနိုင်ဖို့ စက်ရုပ်မြို့တော်အထိ ရောက်အောင်သွားပြီး အပေးအယူလုပ်ပြီးမှ အသေခံခဲ့တာပါ။ ဒီလိုနဲ့ ကမ္ဘာကျော် Matrix ရုပ်ရှင်တွေ အဆုံးသတ်ခဲ့တာပါ။ ဒီတစ်ခါတော့ Matrix ပြန်လည်ရှင်သန်ခြင်းမှာ ဘာတွေဖြစ်လာမလဲ စောင့်ကြည့်လိုက်ရအောင်။ The Matrix ဇာတ်ကားအားလုံးကို https://channelmyanmar.org/?s=the+matrix+neo  မှာကြည့်ပါ။ File size…(4.2 GB)/(1.3 GB)/(1.5 MB) Quality….BluRay 4K HEVC/1080p HEVC / 720p Format…mkv/mp4 Duration….02:09:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Nay Myo Thu ,Little Neo

Action • Horror • Science Fiction
6.7 2003 129 mins
The Matrix Revolutions
Karma Strikes
6

Karma Strikes (2023) IMDb-6/10 ဇာတ်ကားနာမည်ကိုက ကံကြမ္မာရဲ့ရိုက်ချက် ..အကြောင်းအကျိုးဒွန်တွဲနေတဲ့ ဒီလောကကြီးမှာ ဝဋ်ကြွေးအတွက် ပြေးလွတ်ရာလမ်းဆိုတာ မြူတစ်မှုန်စာတောင်မရှိ အဆင်သင့်ဖြစ်မနေရင်တောင် အချိန်တန်လို့ ကြွေးဟောင်းဆပ်ချိန်ကျရင် အကုန်လွှတ်ချခဲ့ရတာပါပဲ ‌ဒီကားဟာဆိုရင် သူချစ်ခင်တို့လိုလည်း လောင်ရမှာဖြစ်ပြီး တစ်ချိန်တည်းမှာပဲ ပယောဂဆန်ဆန် ကြောက်နေရမှာပါ ဇာတ်ကားကြည့်ပြီးရင်လည်း အတွေးတစ်ခုစီကျန်နေခဲ့မယ့် အချစ် ၊ သည်းထိတ်ရင်ဖို အဆွေး ရသအစုံခံစားချင်တဲ့သူတွေအကြိုက်တွေ့မယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်တာမလို့ ဒီကားလေးကိုတော့ လက်လွှတ်မခံကြဖို့ ညွှန်းဆိုရင်း… ဇာတ်လမ်းအညွှန်း…. အန်နေးလ်နဲ့ဆိုနီတို့ကနေရလာတဲ့ တစ်ဦးတည်းသောသမီးလေး ဆိုနမ် အန်နေးလ်က တစ်ဦးတည်းသောသမီးလေးကို ချစ်လွန်းလို့ စာသင်တာတောင်အိမ်မှာပဲ မျက်စိအောက်ကအပျောက်မခံသင်စေချင်တယ် ဒီသမီးလေး ၂၃ နှစ်ပြည့်မွေးနေ့မှာ မွေးနေ့လက်ဆောင်အနေနဲ့ ချစ်သူ‌နဲ့တွေ့ပေးဖို့ပြောလာတော့ အန်နေးလ်တစ်ယောက်အလွယ်တကူသဘောမတူခဲ့ပါဘူး ‌အေဂျင်စီတွေနဲ့ငှားပြီး နောက်ကြောင်းရာဇဝင်တွေစုံစမ်းသည်ထိပါပဲ သင့်တော်တဲ့သူ၊သမီးကလည်းအရမ်းချစ်နေသူမို့ သဘောတူလိုက်ပါပြီ ဒီလိုနဲ့ သူတို့ မိသားစုလေးပျော်ရွှင်ရတော့မယ်လို့ ထင်တဲ့အချိန်မှာ ချစ်သမီးကနင်ပဲငဆတွေပြောပြီး ထဖောက်ပါတော့တယ် ဆရာဝန်ကတော့စိတ်ရောဂါတစ်မျိုးဘာညာပြောနေပေမဲ့ အန်နေးလ်ကတော့ တစ်ခုခုကိုသိနေတဲ့ပုံပါပဲ သမီးကသာ အရာရာ သမီးကိုအရမ်းချစ်တတ်တဲ့ ဖခင်တစ်ယောက်… သူသိထားတာဘာများဖြစ်မလဲ…. ဇာတ်အလှည့်အပြောင်းလေးတွေမှာ မတူညီတဲ့အတက်အကျလေးတွေနဲ့ ကိုယ်တိုင်ပဲကြည့်ရှူခံစားကြည့်ပါဦး (အညွှန်းရေးသားသူကတော့ BpL နဲ့ Yunni ဖြစ်ပြီး ဘာသာပြန်တွေကတော့ BpL, Yunni, Cherry, Aditi တို့ပဲဖြစ်ပါတယ် )

Comedy • Action • Thriller
6 2023
Karma Strikes
The Way Out

လောကကြီးမှာ လူမျိုးစုံ စရိုက်မျိုးစုံရှိကြပါတယ် အဲဒီလိုပဲ ကြုံရတဲ့ လောကဓံတွေကလည်း မျိုးစုံပါပဲ မတူတဲ့ လောကဓံတွေကို တုံ့ပြန်ကြတဲ့ ပုံစံကလည်း အမျိုးမျိုအထွေထွေကိုရှိနေတာပါ။ ဒီကားလေးထဲမှာတော့ အဖေနဲ့ အဆင်မပြေ အနိုင်ကျင့်ခံရလို့ စိတ်ညစ်ပြီး အရက်သောက်နေရာကနေ အရက်ဖြတ်ပြီး ၁နှစ်ကျော်ကြာတဲ့အချိန်မှာ အဖေ့ဆီပြန်သွားတော့ အဖေက အိမ်ထဲမှာ အသတ်ခံထားရတာကနေ ဇာတ်လမ်းလေးကို အစပြုထားတာပါ။ ကိုယ်နဲ့ဘယ်လောက်ပဲ မတည့်မတည့် ဖခင်အရင်းတစ်ယောက် အသတ်ခံလိုက်ရတာကိုတော့ အနည်းနဲ့အများ ဝမ်းနည်းကြတာချည်းပါပဲ။ အဲဒီလိုနဲ့ အဖေ့ရဲ့ အမွေအဖြစ် အိမ်ကြီးရော ကားတစ်စီးပါ ရသွားပေမဲ့ အပိုဆောင်းအနေနဲ့ အကြွေး ဒေါ်လာ ၅၀၀၀ပါ ကျန်ခဲ့သေးတာဆိုတော့ ပိုက်ဆံရှာဖို့အတွက် အိမ်ကြီးဆီမှာ လူငှားတင်ရတော့တာပါပဲ။ အိမ်လာငှားတဲ့ လူကလည်း တောင့်တောင့်ဖြောင့်ဖြောင့် အားကစားနည်းပြ ငှားပေးတဲ့သူကလည်း လောလောလတ်လတ် အဖေဆုံးပါးသွားရတဲ့ လိင်တူချစ်တဲ့သူ သူတို့တွေ့သွားချိန်မှာတော့ အားကစားနည်းပြရဲ့ အသွန်အသင်တွေနဲ့ လောကဓံကြီးကို ဘယ်လိုရင်ဆိုင်ဖြတ်ကျော်မလဲ ဘယ်လိုပြန်တုံ့ပြန်မလဲဆိုတာတွေကို တဝကြီးကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ File size…(950 Mb)/(440 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:34:00 Genre…Drama, Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Translated & Encoded by….Garfield

0 2022 94 mins
The Way Out
The Constant Gardener
7.4

အခုတစ်ခါမှာတော့ ပရိတ်သတ်ကြီးကို The Constant Gardener ဆိုတဲ့ဇာတ်ကားကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားလေးမှာတော့ Harry Potter ထဲက ဗိုဒါမော့ကြီးနဲ့အတူ The Mummy ထဲက မင်းသမီးလေးတို့က ပါဝင်သရုပ်ဆောင်ထားပါတယ် ဒီဇာတ်ကားလေးက Drama Mystery လေးပါ IMDB rating လည်း 7.4 အထိရရှိထားတဲ့ဇာတ်ကားကောင်းလေးပါ ဇာတ်လမ်းအကျဥ်းလေးကတော့ ကန်ယာမြောက်ပိုင်းကဝေးလံလှတဲ့နေရာမှာ တက်ကြွလှုပ်ရှားသူ တက်ဆာနဲ့သူမရဲ့သူငယ်ချင်း ဒေါက်တာအာနိုးဘလွန်းတို့အသတ်ခံခဲ့ရပါတယ် အဲ့နောက်မှာ တက်ဆာရဲ့ခင်ပွန်းဖြစ်သူ ဂျင်စတင်ဟာသူ့ဇနီးသည်သေဆုံးမှုကို လိုက်လံစုံစမ်းကြည့်တဲ့အခါမှာ တက်ဆာဟာ အာဖရိကမှာ ဘေးဖြစ်စေတဲ့ဆေးတွေကိုစမ်းသပ်နေတဲ့အတွက် ​ဆေးကုမ္ပဏီတွေကို တိုင်ကြားစာရေးခဲ့တာကိုသိခဲ့ရပါတယ် သူ့ဇနီးရဲ့သေဆုံးမှုဟာ အဲ့ဆေးကုမ္ပဏီတွေနဲ့ပက်သက်နေမလားဆိုတာကို ဂျက်စတင်တစ်ယောက် အန္တရာယ်တွေကြားကနေ မရပ်မနားစုံစမ်းပါတော့တယ် ဂျက်စတင်တစ်ယောက်အမှုမှန်ကိုရှာဖွေနိုင်မလား ရှာမဖွေနိုင်ခင်မှာပဲ သုတ်သင်ခံလိုက်ရမလားဆိုတာကိုဇာတ်ကားလေးထဲမှာကြည့်ရှုနိုင်မှာပါ ဒီဇာတ်ကားလေးမှာ ဂျက်စတင်နဲ့တက်ဆာရဲ့ချစ်ခြင်းမေတ္တာနဲ့ ဆေးဖြန့်ချီရေးကုမ္ပဏီတွေရဲ့ အကျိုးအမြတ်ရဖို့ဘာကိုမှမငဲ့ကြည့်တာတွေ အာဖရိကလူမည်းတွေအပေါ်မှာ ဘယ်လိုရက်စက်ကြလဲဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(2.9 GB)/(1.8 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:09:00 Genre…Drama, Mystery, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane

7.4 2005 129 mins
The Constant Gardener
Freaks of Nature
5.9

ပထမဆုံးပြောချင်တာကတော့ ဒီဇာတ်ကားထဲမှာ သွေးသံတရဲရဲနဲ့ မသတီစရာဇာတ်ဝင်ခန်းတွေပါဝင်တဲ့အတွက် ကလေးသူငယ်နဲ့ နှလုံးမကောင်းသူတွေကြည့်ရှုဖို့ မသင့်တော်ပါဘူး။ နောက်တစ်ခုပြောချင်တာကတော့ ဒီဇာတ်ကားက တကယ်ကိုအစုံသုတ်ပါ။ Zombie, Vampire, Alien နဲ့ Werewolf စတဲ့ ကြောက်စရာသတ္တဝါအစုံ ပါဝင်ပြီးတော့ အဲ့ဒီကြားထဲကအမျိုးမတူတဲ့ သူငယ်ချင်းသုံးယောက်ကို ဇာတ်အိမ်တည်ထားပါတယ်။ ဒေးဖို့ဒ်မြို့လေးမှာ လူ၊ ဇွန်ဘီနဲ့ ဗန်ပိုင်းယားတွေက အတူယှဉ်တွဲနေထိုင်နေကြပေမယ့် အချင်းချင်းမျက်မှုန်းကျိုးနေကြတာပါ။ အဲ့ဒီဒေးဖို့ဒ်မြို့လေးကို ဂြိုလ်သားတွေကကျူးကျော်တိုက်ခိုက်မှု ပြုလုပ်လာတဲ့ အခါမှာတော့ အမျိုးတစ်ခုစီက ငယ်သူငယ်ချင်းသုံးယောက်ပေါင်းပြီး မြို့ငယ်လေးကိုကယ်တင်ဖို့ကြိုးစားကြပါတော့တယ်။ File size…1.55 GB /793 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 32m Genre ….. Comedy , Horror , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Paing Phyoe

Documentary
5.9 2015 92 mins
Freaks of Nature
In the Blind Spot Im toten Winkel
6.8

In the Blind Spot (Aka) Im toten Winkel (2023) IMDb Rating (6.8) တူရကီနိုင်ငံမှာ ပြန်ပေးဆွဲခံလိုက်ရပြီး အသတ်ခံလိုက်ရတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်အကြောင်း ဂျာမဏီက ရိုက်ကူးရေးအဖွဲ့နေ ရုပ်သံမှတ်တမ်းလာရောက်ရိုက်ကူးရာကစတဲ့ ဇာတ်လမ်းပဲပြောပါတော့လေ။ ၇ နှစ်အရွယ် မလိခ် ဆိုတဲ့ ကလေးမလေးတစ်ယောက်က ကွယ်လွန်သူ ဝိညာဉ်တစ်ဦးနဲ့ ဆက်သွယ်မိနေပေမဲ့ သူ့ကို စိတ်ကူးယဉ်သူငယ်ချင်းလို့ပဲ ထင်နေပါတယ်။ ကလေးမလေး မလိခ် ရဲ့ ပြောကြားချက်တွေက ကွယ်လွန်သူရဲ့အကြောင်းတွေ၊ မိတ်ဆွေတွေ၊ သူ့ကိုသတ်သွားတဲ့သူတွေရဲ့ မိသားစုတွေအကြောင်းတွေ ဖြစ်နေခဲ့ပေမဲ့ စကားနည်းလွန်းတဲ့ ကောင်မလေးရဲ့အကျင့်ကြောင့် လူ‌ကြီးတွေက သိပ်သတိမထားမိပါဘူး။ ဒါပေမဲ့ မလိခ် က လူသတ်မှုကို ဘယ်သူက ဘယ်လိုကျူးလွန်ခဲ့တယ်ဆိုတဲ့အကြောင်း ထုတ်ပြောလာတဲ့အချိန်မှာ လူသတ်သမားရော၊ သူ့ဖခင်ရော ပြဿနာကြီးကြားထဲရောက်သွားခဲ့ပါတယ်။ ဒီတော့ လူသတ်သမားကြီးကရော၊ လူသတ်သမားကိုသိတဲ့ ဖခင်အနေနဲ့ရော ကိုယ့်ဘက်အမှုမပတ်ရအောင် ကြိုးစားကြပုံတွေကို ဟောဒီတူရကီဇာတ်ကားထဲမှာ ကြည့်ကြရပါမယ်။ ဇာတ်လမ်းကြောင်းက သိပ်ကိုရိုးရှင်းလွန်းလို့ မွှေနှောက်ပြီး ရှုပ်ထွေးအောင်လုပ်ထားတဲ့ တည်းဖြတ်မှုကို ခေါင်းရှုပ်ရှုပ်နဲ့ကြည့်ရမယ့်ဇာတ်ကားပါ။ အင်္ဂလိပ်စကားပြောတချို့ကို စာတမ်းမထိုးထားဘဲ မူရင်းတူရကီစကားကိုပဲ စာတန်းထိုးထား‌ပေမဲ့ ဇာတ်လမ်းကိုမထိခိုက်တဲ့အတွက် ဒီအတိုင်းပဲတင်ဆက်ပေးလိုက်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။)

6.8 2023
In the Blind Spot Im toten Winkel
Parshawan
6.8

Parshawan2024 (ညီအစ်ကို ချစ်သံယောဇဉ်) ဟာမန်နဲ့ ဂုရုတို့ဟာ မိဘတွေမရှိတော့ကတည်းက အတူတူနေထိုင်လာကြပြီး အရမ်းကိုချစ်ကြတဲ့ ညီအစ်ကိုနှစ်ယောက်ပေါ့။ ဟာမန့်မှာတော့ ချစ်စရာဇနီးလေးရှိပြီးတော့ ဂုရုကတော့ မိဘတွေရဲ့ဆန္ဒအတိုင်း အရာရှိစာမေးပွဲဖြေဆိုဖို့အတွက် စာအုပ်ပုံကြားထဲနစ်နေသူတစ်ဦးပေါ့။ဒီလိုနဲ့နေလာကြရင်း မရီးဖြစ်သူက ဂုရုအပေါ်မှာ စာအုပ်ပုံတွေကြားပဲနေနေပြီး အစ်ကိုဖြစ်သူကို အလုပ်ကူမလုပ်တဲ့အတွက် အမြင်မကြည်မှုတွေဖြစ်လာပါတော့တယ်။ အဲဒီနောက်မှာ မရီးဖြစ်သူဟာ သူ့ညီမဖြစ်သူနဲ့ ဂုရုကို ပေးစားပြီးတော့ အိမ်ကြီးကို အုပ်စိုးချင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ မရီးဖြစ်သူနဲ့ ဂုရုတို့ ပြဿနာဖြစ်ကြရင်း ဂုရုရဲ့စာအုပ်တွေကို မရီးဖြစ်သူက မီးရှို့ပစ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ပဲ ဂုရုတစ်ယောက်အိမ်ပေါ်ကနေ ဆင်းလာခဲ့တော့တာပေါ့။ အရမ်းချစ်ကြတဲ့ ညီအစ်ကိုနှစ်ယောက် မိန်းမတစ်ယောက်အတွက်နဲ့ ဝေးကွာသွားပြီး ဘယ်လိုတွေ ခရီးဆက်ကြမလဲ ……. ဂုရုတစ်ယောက်ရော သူရည်မှန်းထားတဲ့ အရာရှိစာမေးပွဲကို အောင်မြင်အောင်လုပ်နိုင်မှာလား …… ဂုရုရဲ့ ချစ်ခရီးလမ်းကရော ဘယ်လိုတွေ ကြမ်းတမ်းပြီးတော့ သူတို့ မိသားစုတွေ ပြန်လည်ပြေလည်သွားကြမလား ….. ဆိုတာတွေကို ကြည့်ရှုရမယ့် ပန်ဂျာပီကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo ~ V~ Alex ဖြစ်ပါတယ်)

6.8 2024
Parshawan
Love Stuck Rak Won Loop
7.1

Love Stuck (2024) Original title: Rak Won Loop IMDb Rating (7.1) အတွေးဆန်းဆန်းလေးနဲ့ ဖန်တီးထားတဲ့ ဇာတ်ကားအသစ်လေးတွေကို ကြည့်ရှုခံစားရင်း ဘဝအမောပြေပျောက်ချင်ကြတဲ့ ပရိတ်သတ်များကို Love Stuck ဆိုတဲ့ IMDb 7.1/10 ရရှိထားတဲ့ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးက ထူးခြားတဲ့ရသမျိုးစုံခံစားရစေနိုင်လို့ Fiction-Thriller-Drama-Comdedy အမျိုးအစားလို့တောင် သတ်မှတ်နိုင်ပါတယ်။ ဇာတ်လမ်းအကျဉ်း တွိုင်ဆိုတဲ့ မျှော်လင့်ချက်မရှိ အလွတ်တန်းပန်းချီဆရာလေးတစ်ယောက် မထင်မှတ်ဘဲ နှစ်သစ်ကူးအကြိုနေ့မှာ သူ့အချိန်တွေရပ်သွားပြီး နောက်ထပ် မနက်ဖြန်ဆိုတဲ့ နေ့ရက်မရှိလာတော့တဲ့အခါ သူတစ်ခါမှာ မလုပ်ဖူးတာတွေ လျှောက်လုပ်ရင်း အဓိပ္ပာယ်မဲ့ ပျော်ပါးနေခဲ့ပါတယ်။ ဒီလိုနေလာရင်း ငြီးငွေ့လာတဲ့သူက သူဘာလို့ ဒီတစ်ရက်ထဲမှာ ပိတ်မိခဲ့လဲဆိုတာကို စဉ်းစားရင်းက ဝီး ဆိုတဲ့မိန်းကလေးကြောင့် ကားတိုက်ခံရပြီး သူသေမလိုဖြစ်ခဲ့တာကိုသတိရသွားတဲ့အခါ ဝီးကို တွေ့နိုင်ဖို့ ကြိုးစားပါတော့တယ်။ တွိုင်နဲ့ဝီး ဆုံတွေ့ကြတဲ့အခါမှာ ဒီလောကကြီးထဲမှာ သူတို့နှစ်ယောက်တည်း သီးသန့်ဖြစ်တည်နေသလိုမျိုး ခံစားလာရတဲ့အတွက် ဒီအချိန်စက်ဝန်းကနေ လွတ်မြောက်ဖို့ နှစ်ယောက်အတူ ကြိုးစားရှာဖွေကြပါတော့တယ်။ တွိုင်နဲ့ ဝီးတို့နှစ်ယောက် ဘာကြောင့်အချိန်စက်ဝန်းထဲမှာ ပိတ်မိသွားကြသလဲ… သူတို့နှစ်ယောက်အတွက် မနက်ဖြန်ဆိုတာ တကယ်ပဲ ရှိလာနိုင်ပါတော့မလားဆိုတာ… (အညွှန်းနဲ့ဘာသာပြန်ကတော့ Dao Phyo ဖြစ်ပါတယ်။) File size…(8.4 GB) / (1.7 GB) / (970 MB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Fantasy, Romance Duration….01:57:14 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Dao Phyo

7.1 2024
Love Stuck Rak Won Loop
Novitiate
6.7

Novitiate (2017) ~ IMDb – 6.7/10, RT – 86%, Meta – 73% ~ တလောတုန်းကမှ ထွက်ထားပြီး ခုထိ လူပြောသူပြောများနေတဲ့ The Substance မှာ မင်းသမီးကြီး Demi Moore နဲ့အတူ အပြိုင်ကြဲထားတဲ့ မမ Margaret Qualley ရဲ့ ကားအဟောင်းအကောင်းလေးပါ။ ကိုယ်တိုင် သူ့ကို စကြွေခဲ့ရတာကတော့ The Nice Guys မှာ ညဉ့်ငှက်မလေးအဖြစ်သရုပ်ဆောင်ခဲ့တုန်း‌ကပေါ့။ နောက်ပြီးတော့ တာရန်တီနိုရဲ့ Once Upon A Time in Hollywood မှာလည်း မှတ်မှတ်ရရ ရှိကြပါလိမ့်မယ်။ သိပ်ကိုလှပလွန်းတဲ့ မျက်ဝန်းတစ်စုံပိုင်ရှင် အလှတရားလေးပါပဲ။ “ပေးဆပ်ခြင်းမရှိတဲ့ အချစ်က အချစ်မဟုတ်ဘူး။ အကြွင်းမဲ့အချစ်ဆိုတာ အဆုံးအစွန်ပေးဆပ် စတေးရခြင်းဖြစ်တယ်” ကိုယ့်ရည်းစားက တစ်ရက်လောက် စာမပို့ဘဲ ဖုန်းမဆက်ဘဲနေရင်တောင် စိတ်ကောက်နေတတ်ကြတဲ့ မမတွေနဲ့ ဆန့်ကျင်ဖက်ပါပဲ ဒီဇာတ်ကားထဲက အဓိကဇာတ်ဆောင် ကတ်သလင်းကတော့ တစ်ယောက်သောသူကို တစ်ဖက်သတ် တစ်ဘဝလုံးစာ ပေးဆပ်ပြီး ဥပေက္ခာပါရမီဖြည့်ရင်း ချစ်နေချင်ပါတယ်တဲ့။ သူချစ်မိတဲ့သူကတော့ ဘုရားသခင်ပါပဲ။ သူ့ရဲ့ ငယ်ရွယ်မှုအပါအဝင် တစ်ဘဝလုံးစာ စတေးပြီး ဘုရားသခင်ကို ချစ်ခွင့်ရဖို့ ဆယ်ကျော်သက်အရွယ်မှာပဲ သူ့ဆုံးဖြတ်ချက်နဲ့သူ သီလရှင်ဝတ်ဖို့ ပထမအကြိမ် သစ္စာပြုပြီး ဒုလ္လဘဝတ်လိုက်ပါတယ်။ (တစ်သက်လုံးစာ မဝတ်ခင်ဝတ်တဲ့ ယာယီသီလရှင်သဘောမျိုးပါပဲ။ မြန်မာမှာ အနီးစပ်ဆုံး စကားလုံးယူသုံးထားတာပါ။ နားလည်မှုအလွဲအမှားဖြစ်သွားရင် တောင်းပန်ပါတယ်) ကတ်သလင်းက ဘာသာရေးနဲ့ မနီးစပ်တဲ့အသိုင်းအဝိုင်းကနေ ဘုရားသခင်ကို ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ သီလရှင်ကျောင်းကို ရောက်လာတာပါ။ သီလရှင်ကျောင်းကို ရောက်တဲ့အချိန် တင်းကြပ်လွန်းတဲ့ ပညတ်တွေနဲ့ သူ့ရဲ့စတေးမှုက ထိုက်တန်ရဲ့လားဆိုတဲ့ သံသယတွေက တိုက်စားတာကို သူဘယ်လိုရင်ဆိုင်လဲဆိုတာကို ပြပေးထားပါတယ်။ ခေတ်ကတော့ ၁၉၆၀ များက ဗာတီကန် ၂ ကိုစမိတ်ဆက်ပြီး ရိုးရာဘာသာရေးကနေ ခေတ်သစ်ဘာသာရေးကို ပြုပြင်ပြောင်းလဲနေစဉ် ကာလမှာဖြစ်ပါတယ်။ လူတစ်စုရဲ့ ဆုံးဖြတ်ချက်ကြောင့် တချို့သူတွေ အခွင့်အရေးသစ်တွေရလာပြီး တချို့သူတွေရဲ့ တစ်ဘဝလုံးစာ အချည်းနှီးဖြစ်ရတာကို ခပ်ပါးပါးလေးပြပေးသွားပါတယ်။ ခင်ဗျားတို့ဆိုရင်ရော ရယူခြင်းလုံးဝမရှိဘဲ တစ်သက်လုံးစာစတေးပြီး ချစ်နိုင်ကြမလား… (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.2GB, 665MB Quality – BluRay HEVC 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 2H 3Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

6.7 2017 123 mins
Novitiate