YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Unique Lady E08 CM.mp4

299.76 MB N/A video/mp4 25 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Open City
6.8

တို့မမကြီး Son Ye Jin ကြမ်းခဲ့ရမ်းခဲ့တဲ့ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် သားတစ်ယောက်အမေမမရဲ့ ခါးပိုက်နှိုက်ဂိုဏ်းခေါင်းဆောင်အဖြစ် သရုပ်ဆောင်ထားတာပါ ဂျပန်ရောကိုရီးယားမှာရော ခါးပိုက်နှိုက်ကို တွင်တွင်ကျယ်ကျယ်လုပ်နေတဲ့ ဘဲ့ဂျန်မီ အမေခါးပိုက်နှိုက် ကိုယ်လည်း ငယ်ငယ်ထဲက အမေနဲ့အတူခါးပိုက်နှိုက်ပဲလုပ်စားလာခဲ့ရင်း ရဲတွေအလိုရှိတဲ့လူတစ်ယောက်ဖြစ်လာခဲ့ပါတယ် အိုဆာကာမှာ ပြသနာတက်ခဲ့လို့ရှောင်ပြေးလာရာက ကိုရီးယားရောက်တဲ့အခါ ဂိုဏ်းပေါင်းစုံကြားဘာတွေကြုံတွေ့ရမလဲ? ဘယ်လိုလွတ်မြောက်အောင်လုပ်မလဲ? အရမ်းတော်တဲ့စစ်ဆေးရေးမှူးရဲသားတစ်ယောက်ပေမဲ့ ခါးပိုက်နှိုက်မှုတွေဆိုရင် လုံးဝကို မလိုက်တဲ့ ဂျိုဒယ်ယောင်း သူကရောဘာကြောင့် ခါးပိုက်နှိုက်အမှုတွေမလိုက်တာလဲ? အတိတ်မှာရော ဘယ်လိုတွေဖြစ်ခဲ့လို့လဲ? ဘဲ့ဂျန်မီနဲ့ဂျိုဒယ်ယောင်းက ဘယ်လိုဖြစ်ရပ်တွေဖြစ်ခဲ့တာလဲ? ကဲ ဇာတ်လမ်းလေးကိုကြည့်ရင်း အားပေးကြပါဦး အညွှန်း နဲ့ ဘာသာပြန်ကတော့ Kong Hou ပဲ ဖြစ်ပါတယ်။ Genre..... Action, Crime Quality…. 1080p | 720p | 480p File size… 2.3GB | 1.1GB | 524MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ..... KongHou Encoder ..... Aaron

Drama • Mystery
6.8 2008 112 mins
Open City
Moss
6.9

နာမည်ကြီး Webtoon ကိုအခြေခံရိုက်ကူးထားပြီး အချိန်ကြာမြင့်ပေမယ့် ဇာတ်သိမ်းထိဆွဲခေါ်သွားမယ့် ဇာတ်လမ်းမျိုးကိုတင်ဆက်ပေးချင်ပါတယ် ဆိုးလ်မြို့ကြီးမှာနေရတာ ပျင်းရိနေတဲ့ ရူဟေးဂုဆီကို ရွာမှာဇာတ်မြှုပ်နေတဲ့ဖခင်သေဆုံးသွားကြောင်းဖုန်းဝင်လာခဲ့ပါတယ် ဒီလိုနဲ့ဖခင်ဈာပနပွဲဆီသွားခဲ့ပေမယ့် ရွာကလူတွေဟာ တစ်ခုခုကိုဖုံးကွယ်ထားကြောင်း ရှေ့နေဟောင်းရူဟေးဂုက တန်းသိခဲ့ပါတယ် မြို့ကလူစိမ်းဖြစ်လို့ရွာမှာလက်မခံချင်ကြတာမှန်းသူနားလည်ပေမယ့် ဖခင်အကြောင်းတွေကိုပါလျှို့ဝှက်ထားကြတဲ့ ဒီရွာကို သူသံသယဝင်လာတော့ ဆိုးလ်ကိုမပြန်တော့ဘဲ ရွာမှာပဲခေတ္တအခြေချလိုကြောင်းပြောပြလိုက်တဲ့အခါ ရွာကလူတွေဆက်ဆံပုံက ပိုပြီးဆိုးရွားလာခဲ့တယ် ထူးဆန်းတာက ရွာရဲ့ ရွာသူကြီးဆိုတဲ့လူကို အကုန်လုံးက နတ်ဘုရားလိုကိုးကွယ်နေကြတာပါပဲ ဒီရွာရဲ့ဖုံးကွယ်ထားတာတွေကိုတစ်စတစ်စစုံစမ်းသိရှိလာချိန်မှာတော့ ရူဟေးဂုတစ်ယောက်ဘာဆက်ဖြစ်မလဲ ရွာသူကြီးကရော ဘယ်သူလဲ.. ရူဟေးဂုဖခင်သေဆုံးမှုကရော သွေးရိုးသားရိုးဖြစ်နိုင်ပါ့မလားဆိုတာတော့ ဆက်လက်ကြည့်ရှူလိုက်ကြပါရှင် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Yunni ပါ ) File Size__(2.5GB) / (1.1GB) Quality__WEB-DL_1080p, 720p IMDb Rating__6.7/10 Format__mp4 Duration__02:45:00 Type__Crime, Drama, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Yunni Encoded by Naing Aung Latt

Drama
6.9 2010 162 mins
Moss
Baking All the Way
5

ချီကာဂိုမြို့က မုန့်လုပ်စားဖိုမှူး Julia ဟာ သူရဲ့ ဟင်းချက်နည်း စာအုပ်အသစ်ထဲမှာ ထည့်ဖို့ အကောင်းဆုံး Gingerbread ခရစ္ စမတ်ကွတ်ကီးကို နည်းလမ်းမျိုးစုံသုံးပြီး ရှာနေခဲ့တာကြာပါပြီ။ သူလက်လှမ်းမီသမျှနေရာတွေက ကွတ်ကီးတွေကို လိုက်မြည်း ကြည့်တာကစပြီး သူ့ဆီပို့ပေးတဲ့အထဲက အကောင်းဆုံးကွတ်ကီး ကို သူ့စာအုပ်အသစ်မှာ ထည့်သွင်းဖော်ပြမဲ့အကြောင်း တစ်နိုင်ငံ လုံးကမုန့်တိုက်တွေဆီ သတင်းလွှင့်တာထိအဆုံးပေါ့။ တစ်နေ့မှာတော့ Hampton Grove ဆိုတဲ့ နယ်မြို့လေးတစ်မြို့က မုန့်တိုက်တစ်တိုက်ကနေ ပို့လိုက်တဲ့ကွတ်ကီးတွေက Julia လိုချင်တဲ့ အရသာနဲ့ကွက်တိကျတဲ့ အကောင်းဆုံးကွတ်ကီးတွေဖြစ်နေပါတော့ တယ်။ အဲဒါနဲ့ သူတို့ကွတ်ကီးတွေကို သူ့စာအုပ်မှာထည့်ဖော်ပြဖို့ ရွေးလိုက်ပြီဖြစ်တဲ့အကြောင်းကြားဖို့ အဲဒီဆိုင်ကို ဝမ်းသာအားရနဲ့ လူကိုယ်တိုင်သွားပါတော့တယ်။ ဒါပေမဲ့ ဆိုင်ရှင်နဲ့တွေ့တော့ သူတို့ ဆိုင်ကနေ ဘာကွတ်ကီးမှ Julia ဆီ မပို့လိုက်ကြောင်း၊ ကွတ်ကီး လုပ်နည်းကိုလည်း လူအများသိအောင်ချပြဖို့ အစီအစဥ်မရှိဘူးဆိုတဲ့ အကြောင်းပဲ Julia ခဗျာကြားလိုက်ရပါတော့တယ်။ ဒါပေမဲ့ Julia ဟာ လက်မလျော့ဘဲ နောက်တစ်ခေါက်ပြန်ဖျောင်းဖျဖို့ အဲဆိုင်ကိုပြန်သွားတဲ့အခါမှာ ဆိုင်ရဲ့ရောင်းအားအခြေအနေသိပ်မကောင်း တဲ့အကြောင်း သိလိုက်ရပါတယ်။ ရောင်းအားကို ၅၀ ရာခိုင်နှုန်းတိုးလာ အောင် သူလုပ်ပေးနိုင်ခဲ့ရင် ကွတ်ကီးလုပ်နည်းကို စာအုပ်ထဲထည့်ခွင့် ပေးမယ်လို့ ဆိုင်ရှင်နဲ့ အပေးအယူလုပ်လိုက်တဲ့အခါမှာ ဘာတွေဆက် ဖြစ်မလဲဆိုတာ . . . ခရစ္စမတ်ကာလ နောက်ခံထားထားတဲ့ Baking all the way ဆိုတဲ့ ဒီဇာတ်ကားထဲမှာဆက်လက်ကြည့်ရှုနိုင်ပါပြီ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Myat Noe Cho ဖြစ်ပါတယ်) File Size..........(1.5 GB) / (550 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 25Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Romance Translator.......Myat Noe Cho Encoder..........SWM

Horror • Mystery
5 2022 90 mins
Baking All the Way
Ilo Ilo
7

~ IMDb - 7.3/10, RT - 100%, Meta - 85% ~ အီလိုအီလို (Ilo Ilo) ဆိုတာကတော့ ဖိလစ်ပိုင်နိုင်ငံက မြို့လေးတစ်မြို့ရဲ့ နာမည်ပါ။ ပြောရရင် ဒီဇာတ်ကားထဲက စင်္ကာပူမှာ အလုပ်လာလုပ်တဲ့ ဖိလစ်ပိုင်အိမ်အကူအမျိုးသမီးရဲ့ ဇာတိကို ခေါင်းစဉ်တင်ထားတာပါ။ ဒါပေမဲ့ ဒီရုပ်ရှင်ရဲ့ တရုတ်မန်ဒရင်းလိုပေးထားတဲ့ နာမည်ကတော့ “ဖေဖေ၊ မေမေ အိမ်မှာမရှိ” (Father, Mother Not At Home) တဲ့။ ဒီလောက်ဆို မှန်းမိလောက်မှာပါ။ ၁၉၉၇ ခုနှစ်တုန်းက အာရှစီးပွားရေးအကျပ်အတည်းဖြစ်တော့ စင်္ကာပူနိုင်ငံလည်း ကာလတိုတစ်ခုလောက် အတော်လေး ထိခိုက်ခဲ့ပါတယ်။ အလုပ်လက်မဲ့တွေဖြစ်ကြ၊ လူတွေ သတ်သေကြ၊ ရရာကောက်ရိုးလေးတွေ မျှော်လင့်ချက်အမှတ်နဲ့ လှမ်းဆွဲကြနဲ့ စင်္ကာပူနိုင်ငံသားတွေ အပူမီးဝေခဲ့ကြပါတယ်။ ဒီထဲမှာမှ မိသားစုတစ်စုအကြောင်းပေါ့။ ထပ်ပြောရရင် အဲ့ဒီ့မိသားစုထဲက ဂျစ်ကပ်ကပ် ခပ်ဆိုးဆိုးကလေးလေးနဲ့ သူတို့အိမ်မှာ အလုပ်လာလုပ်တဲ့ ဖိလစ်ပိုင်အိမ်အကူအမျိုးသမီးကြားထဲက ချည်နှောင်မှုလေးတစ်ခုအကြောင်းပါ။ တခြား အိမ်အကူတွေလိုပါပဲ ထရေဆာဟာလည်း ပိုက်ဆံရှာဖို့အတွက် ဇာတ်အိမ်တည်ထားတဲ့ အလယ်အလတ်တန်းစားမိသားစုလေးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ဖို့ ဖိလစ်ပိုင်ကနေ စင်္ကာပူကိုရောက်လာခဲ့ပါတယ်။ ကြီးကောင်ဝင်စ ခပ်ဆိုးဆိုးကလေး၊ ကိုယ်ဝန်ရင့်မာနဲ့တောင် အလုပ်မနားနိုင်သေးတဲ့ အမေဖြစ်သူ၊ စီးပွားရေးကျဆင်းမှုရဲ့ သားကောင်ဖြစ်သွားရတဲ့ အဖေဖြစ်သူနဲ့ မိသားစုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်မှန်းမသိဖြစ်လာတဲ့ ထရေဆာပေါ့...။ စီးပွားပျက်ခေတ်ထဲက မရေရာတဲ့ အခြေအနေတွေက သူတို့အပေါ်ရော နောက်ထပ်ဘယ်လိုအပြောင်းအလဲတွေဖြစ်စေဦးမှာလဲ... တကယ်တော့ အများကြီးတွေးဖို့မလိုအောင်ကို ဒီကားက ရိုးပါတယ်။ ရိုးဆို လူ့ဘဝဆိုတာကိုက သေချာတွေးကြည့်ရင် ရိုးစင်းတာကိုး။ ဒီဇာတ်ကားရဲ့ ဒါရိုက်တာ Anthony Chen က သူ့ကလေးဘဝတုန်းက ကြုံခဲ့တဲ့ ဖိလစ်ပိုင်အိမ်အကူ ယာယာနဲ့ အမှတ်တရတွေကို အခြေခံပြီး ပြန်ရိုက်ခဲ့တဲ့ သူ့ရဲ့ ပထမဆုံးရုပ်ရှင်ကားကြီးလည်းဖြစ်ပါတယ်။ Ilo Ilo ဟာ စင်္ကာပူရုပ်ရှင်ကို အဆင့်တစ်ခုရောက်အောင်လုပ်ပေးလိုက်နိုင်ခဲ့တဲ့ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ဆုရဖူးတဲ့ စင်္ကာပူနိုင်ငံရဲ့ ပထမဆုံးရုပ်ရှင်ဖြစ်ပါတယ်။ ကိန်းစ်ရဲ့ Caméra d'Or အပါအဝင် ဆုပေါင်း ၃၄ ဆု ဆွတ်ခူးထားပြီး Rotten Tomato လည်း 100% အပြည့်ပါ။ ပထမဆုံးလက်ရာနဲ့တင် အောင်မြင်မှုတွေ တသီကြီးဆွတ်ခူးခဲ့တဲ့ အန်သိုနီချန်ရဲ့ ရုပ်ရှင်ဟာ လူစရိုက်သဘာဝကို စစ်စစ်မှန်မှန်ထုတ်ပြသွားတာမို့ လူတိုင်းရဲ့ နှလုံးသားနဲ့ ဆက်သွယ်နိုင်မှာပါ။ စိတ်ဝင်စားကြမယ်ဆိုရင်တော့ အန်သိုနီချန်ရဲ့ လူငယ်ဘဝကို ပြန်ရိုက်တဲ့ Wet Season ဆိုတဲ့ကားလေးလည်း CM မှာ တင်ပြီးသားရှိပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.85GB, 770MB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 1H 39Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Animation
7 2013 99 mins
Ilo Ilo
Fish Tank
7.3

Fish Tank (2009) ================ ဆယ်ကျော်သက်အရွယ်ကို လူတိုင်းဖြတ်ကျော်ခဲ့ကြဖူးမှာပါ။ ဆယ်ကျော်သက်အရွယ်ဆိုတာ အမှားအများဆုံးအရွယ် နဲ့ အများဆုံးသင်ယူတဲ့အရွယ်လို့ပြောရရင် မှားမယ်လို့တော့မထင်ပါဘူး။ ကလေးစိတ်နဲ့လူကြီးစိတ် အကူးအပြောင်းမှာ သစ်ရွက်လှုပ်ရင်တောင် ရင်ခုန်ခဲ့ကြတတ်ပြီးတော့ အဲဒီအရွယ်မှာ ရူးရူးမူးမူးဖြစ်ခဲ့သမျှတွေဟာ အသက်ကြီးလာလို့ ပြန်တွေးမိတိုင်း ရယ်စရာအမှတ်တရအနေနဲ့ ဝိုးတဝါးပဲ ကျန်ရှိနေတတ်ပါတယ်။ ဆယ်ကျော်သက်ညီငယ်ညီမငယ်တို့ကို မှာချင်တာက ဘာတွေပဲကြုံလာကြုံလာ အရေးအကြီးဆုံးက စိတ်ကိုအလိုမလိုက်ပဲ အဖြစ်သင့်ဆုံးလမ်းကို သေချာစဉ်းစားပြီးတော့မှ လျှောက်ကြရင် နောင်တချိန်ပြန်လှည့်ကြည့်တိုင်းမှာ အရာအားလုံးက အဓိပ္ပါယ်ပြည့်၀နေမှာပါပဲ။ ဇာတ်ကားအကြောင်းပြောရရင် မီယာဆိုတဲ့ ဆယ်ကျော်သက်လေးတစ်ယောက်ဟာ အဖေမရှိတော့တာကြောင့် သူ့အမေရယ် ညီမလေးရယ်နဲ့အတူ နေထိုင်ပါတယ်။ မီယာဟာ ကျောင်းမှာလည်း အင်မတန်ဆိုးတာကြောင့် ကျောင်းထုတ်ခံလိုက်ရပြီးတော့ လေလွင့်နေခဲ့ပေမယ့် သူဟာ အကဝါသနာပါတာကြောင့် တိုက်ခန်းလေးတစ်ခန်းမှာ အကသွားကျင့်နေလေ့ရှိပါတယ်။ တစ်နေ့မှာတော့ သူ့အမေက ရည်းစားအသစ် ကော်နာ ကို အိမ်ခေါ်လာတဲ့အခါမှာ မီယာရဲ့စိတ်က စတင်ပြီး တစ်စုံတစ်ရာဖြစ်လာပါတော့တယ်။ ကော်နာဟာ သူတို့မိသားစုကိုဂရုစိုက်ပြီး မီယာရဲ့ဝါသနာပါရာကိုလည်း ဆက်လျှောက်ဖို့ တွန်းအားပေးခဲ့ပါတယ်။ ဒီလိုနဲ့ သားအမိနှစ်ယောက်လုံး ကော်နာရဲ့ ဂရုစိုက်မှုတွေကြား မြှောပါသွားခဲ့ပြီး ဘာတွေဘယ်လိုဖြစ်မလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ရှုခံစားကြည့်လိုက်ပါ။ ဒီဇာတ်ကားဟာ IMDb(7.3) အထိရရှိထားပြီး တစ်ကားလုံးကို တစိမ့်စိမ့်နဲ့ အချိန်ကုန်မှန်းမသိအောင် ဆွဲခေါ်သွားတဲ့ ဇာတ်ကားတစ်ကားဖြစ်တာကြောင့် လက်မလွှတ်တမ်းကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားလို့ ညွှန်းလိုက်ပါရစေခင်ဗျာ။

Animation • Drama • Romance
7.3 2009 123 mins
Fish Tank
Kids vs. Aliens
5.3

Kids Vs Aliens (2022) IMDb 5.6 ရထားတဲ့ Horror, Sci-Fi အမျိုးအစားဖြစ်ပြီးတော့ ဇာတ်ကားနာမည်အတိုင်း ကလေးတွေနဲ့ ဂြိုလ်သားတွေ တိုက်ခိုက်ကြတဲ့ကားပါ။ Sam နဲ့ Gary တို့မောင်နှမက နပန်းသတ်တာတို့ တိုက်ခိုက်ရတာတို့ကို ကြိုက်တဲ့သူတွေပါ။ သူတို့မြို့က ပြဿနာရှာတတ်တဲ့ ဆယ်ကျော်သက်အဖွဲ့နဲ့လည်း မတည့်ကြပါဘူး။ ဒါပေမယ့် ဆယ်ကျော်သက်အဖွဲ့ထဲက အဖွဲ့ခေါင်းဆောင် Billy က Sam တို့မိဘတွေခရီးသွားတဲ့အချိန် သူတို့အိမ်မှာ ပါတီလုပ်ခွင့်ရအောင်လို့ Sam ကို ချစ်ချင်ယောင်ဆောင်ပြီး ချဉ်းကပ်လာပါတယ်။ Sam က Billy ကိုကြွေသွားပြီး အိမ်မှာ ပါတီလုပ်ခွင့်ပေးလိုက်ပေမယ့် Gary ကတော့ သူ့အစ်မနဲ့သူ့ကြားဝင်လို့ဆိုပြီး ပြန်လက်စားချေဖို့ ချောင်းနေပါတယ်။ သူတို့အိမ်မှာ ပါတီလုပ်တဲ့ညမှာပဲ Billy ရဲ့ သရုပ်မှန်တွေ ပေါ်လာပြီး ပြဿနာတွေ ဖြစ်နေတဲ့အချိန်မှာ ဂြိုလ်သားတွေက ပါတီကိုရောက်လာပြီး လူတွေကိုတိုက်ခိုက်ပါတော့တယ်။ Billy ကြောင့် အဆင်မပြေဖြစ်ခဲ့ကြတဲ့ Sam နဲ့ Gary တို့မောင်နှမနှစ်ယောက်ရယ် Gary ရဲ့သူငယ်ချင်းတွေရယ် ဂြိုလ်သားတွေကို ဘယ်လိုရင်ဆိုင်တိုက်ခိုက်ကြမလဲဆိုတာ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတွယ်။ Genre….. Horror, Sci-fi Quality…. 1080p | 720p | 480p File size… 4GB, | 1.1GB | 516MB Format… mp4 Duration…. 1h 15min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Moh Moh Encoder ….. Aaron

Action • Crime
5.3 2022
Kids vs. Aliens
Song of the South
6.1

‘Dat Rung Phuong Nam'(Song of the South)ဟာ ဗီယက်နမ် စစ်ပွဲနောက်ခံဝတ္ထုဖြစ်ပြီး ရသမျိုးစုံပေးစွမ်းနိုင်လို့ နာမည်ကျော်ခဲ့ပါတယ်။ 1997ခုနှစ်မှာ ဒီဝတ္ထုကို တီဗီစီးရီးတစ်ခုရိုက်ကူးခဲ့ပြီး အတော်လည်း လူကြိုက်များရေပန်းစားခဲ့ပါတယ်။ အခုလည်း 2023 adaptionအဖြစ် နောက်တစ်ကြိမ် ရုပ်ရှင် ပိတ်ကားထက်ကို နောက်တစ်ကြိမ်ထွက်ပေါ်လာပြန်ပါပြီ…။ ဇာတ်အိမ်ပိုင်းမှာဆိုရင် အချစ်၊အမုန်း၊မေတ္တာ၊ဂရုဏာ ဘာမှ အပြစ်ပြောစရာမရှိအောင် ရသပေးစွမ်းနိုင်စွမ်းရှိတဲ့အပြင် ဗီယက်နမ်ရဲ့ ရှုခင်းလှလှတွေ၊ ရိုးရာဓလေ့တွေကို စစ်ပွဲနောက်ခံထားပြီး လှလှရိုက်ကူးပြသွားပါတယ်။ ကိုလိုနီခေတ်က ဗီယက်နမ်ရဲ့သူပုန်စစ်ပွဲကာလလှုပ်ရှားမှုတွေ၊ မိသားစုတွေ ကွဲကွာရပုံတွေ၊ လှပလွန်းတဲ့ တိုင်းပြည်ရဲ့ ရှုခင်းအလှအပတွေ၊ ဒီတိုင်းပြည်အတွက် ပေးဆပ်ကြပုံတွေကို သေချာမြင်တွေ့ရမှာမို့ တစ်ကားတည်းကြည့်ရတာ တိုတယ်လို့တောင်ခံစားရသွားနိုင်ပါတယ်။ ဇာတ်လမ်းအကြောင်းကို အနည်းငယ်ပြောပြရရင် အန်ဆိုတဲ့ ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက်ရဲ့ဖခင်ဟာ တော်လှန်ရေးခေါင်းဆောင်တစ်ဦးဖြစ်ပြီး နယ်ချဲ့တွေကို ‌ တောခိုကာပုန်ကန်နေသူပါ…။ ဒီအကြောင်းကို အစိုးရအရာရှိတွေသိသွားတော့ အန်နဲ့မိခင်ဖြစ်သူဟာ လက်ရှိမြို့ကအိမ်မှာ မနေနိုင်တော့ဘဲ ဖခင်ရှိရာနေရာကို ထွက်ပြေး လာခဲ့ပါတော့တယ်။ သို့ပေမယ့် လမ်းတစ်ဝက်မှာ အဓိကရုဏ်းတွေဖြစ်တော့ အန်ရဲ့မိခင်ဟာ တိုက်ပွဲတွေကြားကမြေစာပင်အဖြစ် ကျည်ထိပြီး အသက်ပျောက်ခဲ့ရရှာပါတယ်။ ဒီလိုနဲ့ အန်လေးတစ်ယောက်တည်း ဖခင်ဆီကို ဘယ်လိုခရီးဆက်မလဲ၊ လမ်းတစ်လျှောက်မှာ ဘယ်လို ကံကြမ္မာအလှည့်အပြောင်းတွေက စောင့်ကြိုနေမလဲဆိုတာတွေကို ဇာတ်လမ်းလေးထဲမှာပဲ တစိမ့်စိမ့်စီးမျှော ခံစားကြည့်လိုက်ပါတော့ဗျာ…။ File size…2.18 GB / 1.09 GB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 50m Genre ….. Drama , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

6.1 2023
Song of the South
Dark Night of the Scarecrow 2

1981 ခုနှစ်က ထွက်ရှိထားတဲ့ Dark Night Of The Scarecrowရဲ့ ဒုတိယမြောက် ဇာတ်ကားဖြစ်တဲ့ Dark Night Of The Scarecrow 2 ကို တင်ဆက်ပေးချင်ပါတယ်။ Single mom ဖြစ်သူ ခရစ်ရိုင်မာဟာ သူရဲ့သားလေးဖြစ်သူ ဂျရမီနဲ့အတူ အခြေချနေထိုင်ဖို့ စတက်ဘယ်ဖီးလ်ကောင်တီကို ပြောင်းလာပါတော့တယ်။ သူတို့ပြောင်းလာတဲ့အချိန်မှာ ၉၀ခုနှစ်တုန်းကလို တုန်လှုပ်ခြောက်ခြားဖွယ် လူသတ်မှုတွေ ပြန်လည်ဖြစ်ပွားလာပါတယ်။ အဆိုပါ လူသတ်မှုတွေနဲ့ ခရစ်ရိုင်မာတို့ သားအမိနဲ့ ဘယ်လိုပတ်သက်နေမလဲ …. ဂျရမီလေးကရော ဘယ်လိုအခန်းကဏ္ဍာကနေ ပါဝင်နေမှာလဲ ….မစ္စစ် ရိုင်မာကရော သူရဲ့သားလေးကို ဘယ်လိုကယ်တင်မလဲ …. အစရှိတာတွေကို ကြည့်ရှု့ရမှာဖြစ်ပါတယ်။ Horror ကြိုက်တတ်တဲ့ ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ရုပ်ရှင်ကား တစ်ခုဖြစ်ကြောင်းပြောရင်း နိဂုံးချုပ်အပ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.5 GB)/(820 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min Khant Kyi Win

0 2022
Dark Night of the Scarecrow 2
Miami Bici
6.1

Miami Bici 2020 အညွှန်း ရိုမေးနီးယား Dumb and Dumber ပုံစံဟာသကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ 2020 ရိုမေးနီးယားရဲ့ အပေါက်ဆုံးဟာသကားဖြစ်ပြီး ၃ပတ်ဆက်တိုက် လူကြည့်အများဆုံးဖြစ်ခဲ့တာပါ။ Box office မှာလည်း ဒေါ်လာ ၂သန်းခွဲအထိ ပြန်ရခဲ့တာဖြစ်လို့ တော်တော်လေးမိုက်တယ်ပြောရမှာပါ။ ဘီလာနဲ့ ပီစီယူတို့ နှစ်ယောက်က ငယ်ငယ်လေးကတည်းက ဘော်ဒါအရင်း ညီအစ်ကိုအရင်းတွေနေခဲ့ကြတာပါ။ သူတို့အဖေ အမေတွေရဲ့ ရှုပ်ဇာတ်တွေနဲ့ နှစ်ယောက်သား တူတူနေခဲ့ကြပြီး မစို့မပို့ဝင်ငွေလေးနဲ့ ရုန်းကန်နေကြရပါတယ်။ တစ်ရက်ကျတော့ လူကြီးတစ်ယောက်အကူအညီနဲ့ ဟိုမှာ အလုပ်ရှိတယ်ဆိုပြီး သူတို့တွေ မိုင်ယာမီကို လေယာဉ်ပျံကြီးစီးပြီး ရောက်လာကြ‌ပါတော့တယ်။ တောသားမြို့ရောက်လိုမျိုး ရောက်လာကြပြီး ဘယ်လိုရွာလည်ကြမလဲ၊ အင်္ဂလိပ်စာမတောက်တခေါက်နဲ့ ဘယ်လိုတွေ တိုင်ပတ်မလဲ၊ သူတို့ကိုခေါ်တဲ့ ဘော့စ်ကရော လူကောင်းဖြစ်ပါ့မလား အမျိုးစုံကြိုးခုန်ပြီး ကြည့်ရှုလိုက်ရအောင်နော်။ (နှုတ်ကြမ်းသောစကားများ၊ အမြင်မတော်သောအပြုအမူများ အများအပြားပါဝင်သောကြောင့် မိသားစုနဲ့တူတူ မကြည့်ရှုသင့်ပါကြောင်း) အညွှန်း နဲ့ ဘာသာပြန်ကတော့ Kaung Set ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Crime Quality…. 1080p | 720p File size… 1.9GB | 1.1GB Format… mp4 Duration…. 1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Kaung Set Encoder ….. Aaron

Adventure • Action • Comedy • Western
6.1 2020
Miami Bici
Dr. Lamb
5.9

Dr.Lamb (1992) ဟောင်ကောင် Noir ကားကိုမှ Horror theme နဲ့ ကြည့်ချင်သူများအတွက် ဟောင်ကောင်ရုပ်ရှင်မင်းသား Danny Lee ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး စုံထောက်လီအနေနဲ့ပါ သရုပ်ဆောင်ထားတဲ့ ၁၉၉၂ ခုနှစ်ထွက် ဟောင်ကောင်ရုပ်ရှင်တစ်ကားကို တင်ဆက်ပေးပါရစေ။ ဒီရုပ်ရှင်ဟာ ၁၉၈၂ ခုနှစ်က ဟောင်ကောင်မှာဖြစ်ခဲ့တဲ့ တကယ့်ကွင်းဆက်လူသ-တ်မှုကြီးကို အခြေခံပြီး ရိုက်ထားတာဖြစ်ပါတယ်။ တက္ကစီကားသမားအသွင်နဲ့ မိန်းကလေးတွေကို ကားပေါ်တင်၊ ရက်ရက်စက်စက် သ-တ်ဖြတ်၊ မုဒိ-မ်းကျင့်၊ အပိုင်းပိုင်း ခု-တ်ထ-စ်ပြီး ဓာတ်ပုံတွေရိုက်ယူထားကာ ဆန်အိတ်ထဲထည့်ပြီး လွှတ်ပစ်တဲ့ လင်းကော်ယွီဆိုတဲ့ ကွင်းဆက်လူသ-တ်သမားအကြောင်းကို ဟောင်ကောင်ရုပ်ရှင်တွေရဲ့ အငွေ့အသက်တွေနဲ့အတူ ဖန်တီးရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ လင်းကော်ယွီရဲ့ စိတ်အခြေအနေနဲ့ ယုံကြည်မှုတွေ၊ သူဘာလို့ သ-တ်ရတယ်၊ ဘယ်လိုမျိုး သ-တ်ပါတယ်ဆိုတဲ့အကြောင်း ဖြောင့်ချက်ပေးတာကို မင်းသား Simon Yam သရုပ်ဆောင်ပြထားပုံက တော်တော်ပီပြင်လွန်းလှပါတယ်။ ဘယ်လိုပီပြင်လဲဆိုတာ သိချင်ရင်တော့ လင်းကော်ယွီရဲ့ဘဝဇာတ်ကြောင်းကို စုံထောက်လီနဲ့အတူ လိုက်ပါစီးမျောကြည့်လိုက်ပါလို့ပဲ ပြောချင်ပါတော့တယ်။ ဟောင်ကောင် Horror ရုပ်ရှင်လောကမှာတောင် Category 3 သတ်မှတ်ထားရတဲ့အထိ ဆိုးဝါးလှတဲ့ ဇာတ်ကားဖြစ်တဲ့အပြင် အဖော်အချွတ်ခန်းတွေလည်း တော်တော့် တော်တော်ကို ပါဝင်တဲ့အတွက် ၁၈ နှစ်အထက်မှမဟုတ်ရင် မကြည့်ဖို့ ကြိုတင်သတိပေးပါရစေ။ ဒီကားကို ကြည့်ပြီးရင်တော့ မိန်းကလေးတွေ ညဘက် တစ်ယောက်တည်း တက္ကစီမစီးကြဖို့နဲ့ စီးမယ်ဆိုလည်း မိသားစုတွေ မိတ်ဆွေတွေကို သေချာအကြောင်းကြားပြီးမှ စီးဖို့ တစ်ခါတည်းမှာလိုက်ပါရစေနော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Egg ပဲ ဖြစ်ပါတယ်။ Genre….. Crime, Horror, Thriller Quality…. 1080p | 720p File size… 5.5GB | 1.4GB Format… mp4 Duration….. 1h 29min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Egg Encoder ….. Aaron

Action • Drama • Fantasy • Mystery • Science Fiction
5.9 1992
Dr. Lamb
Indian
8.1

Indian 1996 (အင်ဒီးယန်း) IMDb 8.1/10 ဒီဇာတ်ကားလေးဟာ ၁၉၉၆ ခုနှစ်ဝန်းကျင်တုန်းက အိန္ဒိယပြည်ရဲ့ အစိုးရဝန်ထမ်းတွေ အကျင့်ပျက်ခြစားမှုကို မီးမောင်းထိုးပြထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းလေးကတော့ အသက် ၇၀ အရွယ်ရှိတဲ့အဘိုးတစ်ယောက်ဟာ အကျင့်ပျက်ခြစားနေတဲ့ အစိုးရဝန်ထမ်းတွေကို တွန်းလှန်လာရာကနေ ဇာတ်လမ်းလေးကိုအစပျိုးထားတာပဲဖြစ်ပါတယ်။ ဒီလိုနဲ့သူယှဉ်ပြိုင်လာရာကနေ သုံးယောက်မြောက်ကျော်လာပြီးတဲ့အခါမှာတော့ သူ့ရဲ့သားဖြစ်သူဟာလည်း ခြစားနေတဲ့သူတွေထဲကတစ်ယောက်ဆိုတာ သူသိလာရတဲ့အခါ သားနဲ့အဖေကြား ပြဿနာတွေနဲ့ရင်ဆိုင်လာရပါတော့တယ်။ သူစက်ဆုတ်ရွံရှာနေတဲ့အကျင့်ပျက်ခြစားမှုနဲ့ ချစ်ရတဲ့သားဖြစ်သူတို့ကြား လွန်ဆွဲလာရတဲ့အခါ သူဘာကိုရွေးချယ်ရမလဲဗျာများလာရပါတော့တယ်။ ဒီလိုနဲ့ပဲသူမုန်းတီးနေတဲ့အရာကို ဆက်တွန်းလှန်သွားနိုင်မလား သားဖြစ်သူရဲ့အကျိုးကိုငဲ့ပြီး နောက်ဆုတ်သွားရမလားဆိုတာကို အချစ်၊ အမုန်း၊ နာကြည်းမှုတွေနဲ့စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ဆက်ထားတာဖြစ်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

Thriller
8.1 1996 185 mins
Indian
Suck Seed
7.4

Suck Seed (2011) IMDB: 7.4 / Rotten Tomatoes: 82% ယခုတစ်ခါမှာတော့ ကျောင်းသားအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ Music အချစ်ဟာသဇာတ်ကားလေးဖြစ်တဲ့အတိုင်းပဲ အဆိုတော်မင်းသားတွေဖြစ်တဲ့ Jirayu La-ongmanee နဲ့ Pachara Chirathivatတို့က ပါဝင်ထားပါတယ်။ ငယ်ငယ်လေးတည်းက တိတ်တခိုးလေးချစ်ခဲ့ရတဲ့ ကောင်မလေးအန်ဟာ ဘန်ကောက်ကို ပြောင်းရွှေ့သွားတဲ့အတွက် ထပ်ပြီးမတွေ့နိုင်တော့ဘူးဆိုတဲ့အတွေးနဲ့ မြိုသိပ်ထားရင်း နေလာခဲ့တဲ့ ပက်ဒ်။ ပက်ဒ်ရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ကွန်ဟာ သူဖြစ်ချင်တာ သူလုပ်ချင်တာကိုပဲ လုပ်ပြီးတော့ စိတ်အပြောင်းအလဲမြန်တတ်သူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒီလိုနဲ့ ပက်ဒ်တို့တွေ အထက်တန်းကိုရောက်လာတဲ့အချိန်မှာတော့ အန်ဟာ သူတို့ကျောင်းကို ပြန်လည်ရောက်ရှိလာပါတော့တယ်။ မမျှော်လင့်ထားတဲ့ကိစ္စကတော့ ကွန်ဟာ အန့်ကို ကြွေသွားပြီးတော့ လိုက်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါမှာ ပက်ဒ်တစ်ယောက် သူငယ်ချင်းကို ချစ်တဲ့သူပီပီ သူ့ရဲ့အချစ်တွေကို မြိုသိပ်ထားခဲ့ပါတော့တယ်။ အန်ဟာ ဂီတကို ရူးသွပ်တဲ့သူတစ်ယောက်ပီပီ သီချင်းဆိုပြိုင်ပွဲကို ဝင်ပြိုင်ဖို့လုပ်ရင်း အန့်ကိုလိုက်ဖို့ကြိုးစားနေတဲ့ ကွန်ဟာလည်း ဂီတဘက်ကို စိတ်ရောက်သွားပြီးတော့ သူငယ်ချင်းဖြစ်တဲ့ ပက်ဒ်နဲ့အက်တို့ကို ဆွဲခေါ်ရင်း အဆိုပြိုင်ပွဲပြိုင်ဖို့ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ပက်ဒ်,ကွန်နဲ့ အက်တို့ အဆိုပြိုင်ပွဲကို ဘယ်လိုတွေ ယှဉ်ပြိုင်သွားမလဲ ….. အန်ရယ် ပက်ဒ်နဲ့ ကွန်တို့ရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးကရော ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာကို ကြည့်ရှုရမယ့် အချစ်ဟာသဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ File size…(3.9 GB) / (1.5 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….02:10:55 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Char Ou

7.4 2011
Suck Seed
The Tale of Zatoichi
7.6

The Tale of Zatoichi (1962) IMDb Rating (7.6) / Rotten Tomatoes (100%) Zatoichi (ဇာတိုအိချိ)ဟာ 1948 မှာ စာရေးဆရာနဲ့သမိုင်းပညာရှင် Kan Shimozawaရေးခဲ့တဲ့ The Tale of Zatoichiဆိုတဲ့ အက်ဆေးကို အခြေခံပြီးရိုက်ကူးထားတာပါ။ Zatoichiရုပ်ရှင်တွေဟာ ဂျပန်ရဲ့ အကြာဆုံး အရှည်ဆုံး franchise ဖြစ်ပြီး ပထမဆုံးထွက်ခဲ့တဲ့ The Tale of Zatoichi (1962 )ကနေ 1989အတွင်းမှာ ရုပ်ရှင်၂၆ကားထွက်ခဲ့ပါတယ်။ Original film seriesလို့ သတ်မှတ်ထားကြတယ်။ အဲဒီ၂၆ကားလုံးမှာ သရုပ်ဆောင် Shintaro Katsuကပဲ သရုပ်ဆောင်ထားတယ်။ 1974 ကနေ 1979အတွင်းမှာ အပိုင်းတစ်ရာရှိတဲ့စီးရီးတစ်တွဲထွက်ခဲ့တယ်။ နောက်Remakeကားတွေလည်း ထွက်ခဲ့တယ်။ ဂိမ်းတွေလည်း ထွက်ခဲ့တယ်။ သူ့ကိုမှီးပြီး ပြန်တည်ဆောက်ကြတဲ့ ကာရိုက်တာတွေလည်း ရှိခဲ့တယ်။ One Pieceထဲက Fujitoraဆိုလည်း ဇာတိုအိချိကိုပဲ Tributeထားတာပါပဲ။ ထွက်ခဲ့တဲ့ မူရင်း၂၆ကားထဲလည်း နာမည်ကြီးသိုင်းသမားဓားသမားရုပ်ရှင်တွေနဲ့ Crossoverလုပ်ထားတဲ့ ကားတွေလည်းရှိခဲ့တယ်။ ရှောဘရားသားရဲ့နာမည်ကျော် လက်တစ်ဖက်ပြတ်သိုင်းသမားနဲ့ Zatoichi and the One-Armed Swordsman (1971), ကူရိုဆာဝါရဲ့ ယိုဂျင်ဘိုနဲ့ Zatoichi Meets Yojimbo (1970) တို့ပေါ့။ အခုတော့ ဒစ်ဂျစ်တယ်အနေနဲ့ ပထမဆုံး The Tale of Zatoichi (1962 )ကစလို့ Zatoichi (1989 )အထိ ၂၆ကားလုံး အလွယ်တကူ ကြည့်လို့ရနေပါပြီ။ ဇာတ်ကောင်ရဲ့ ရင်းမြစ်ကတော့ ကြီးကျယ်မြင့်မြတ်တဲ့ဆီက မလာဘူး။ မျက်မမြင်အနှိပ်သည်ဘဝကနေ အနှိမ်ခံရလွန်းလို့ လူလေးစားခံချင်လို့ လေ့ကျင့်ရင်း ဓားရေး အရမ်းမြန်သွားတဲ့ မျက်မမြင်ကြီးတစ်ယောက်ဆိုတဲ့ ဘဝကနေလာတယ်။ သူ့အသက်မွေးဝမ်းကျောင်းအတွက် လုပ်နေရသမျှကလည်း မဖြူစင်မမြင့်မြတ်ဘူး။ လောင်းကစားတို့ လူမိုက်တွေက လူမိုက်ပြန်ငှားတာခံရတာတို့ပေါ့။ ပြောရရင် သူက ယာကူဇာတစ်ယောက်ပဲ။ ယာကူဇာတွေကို ဒီခေတ်ကာလ ရုပ်ရှင်တွေမှာတော့ သူ့အရှိတရားအတိုင်း အောက်တန်းစားသာသာသာ သရုပ်ဖော်ထားတာတွေ့ရတယ်။ ကူရိုဆာဝါရဲ့ Druken Angelထဲမှာရောပါပဲ။ ကူရိုဆာဝါကားထဲရော ဒီထဲရော နည်းနည်းတော့ကောင်းနေသေးတဲ့ သိက္ခာကိုအလေးထားတဲ့ ယာကူဇာဆိုလို့ အဓိကဇာတ်ကောင်တွေကိုပဲ ပြထားတယ်။ အိချိဟာ ယာကူဇာလုပ်နေပေမဲ့ ယာကူဇာဆိုတာ မကောင်းတဲ့ဂုဏ်ပုဒ်မှန်းသိတဲ့ ယာကူဇာပါပဲ။ အိချိဟာ ယာကူဇာပေမဲ့ သိက္ခာရှိတဲ့တိုက်ခိုက်ရေးသမားတွေကိုလည်း သူလေးစားသလို မကောင်းတဲ့လောကမှာကျင်လည်ရင်း မကောင်းခြင်းရဲ့အစွန်းတစ်ဘက်ကို မရောက်သွားအောင် နေခဲ့တဲ့ ယာကူဇာပါပဲ။ ဇာတိုအိချိဟာ ကြီးကျယ်မြင့်မြတ်တဲ့ဆီက မလာပေမဲ့ နိမ့်ကျယုတ်ညံ့ခြင်းဘက်ဆီလည်း မသွားချင်တဲ့လူပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Wira Aung ဖြစ်ပါတယ်။) File size…(1.8 GB) / (920 MB) Quality….Blu-Ray 1080p / 720p Format…. mp4 Genre….Action,Adventure,Drama Duration….01:36:36 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by Wira Aung

Romance • TV Movie
7.6 1962 96 mins
The Tale of Zatoichi
The Devil and the Daylong Brothers

ဖအေတူ ၊ မအေကွဲ Daylong ညီအစ်ကိုသုံးယောက်ဟာ သူတို့မမွေးခင်ကတည်းက သူတို့ဝိညာဉ်တွေကို နတ်ဆိုးဆီမှာ ရောင်းစားခဲ့တဲ့ အဖေဖြစ်သူကြောင့် ကျိန်စာနဲ့အတူ ယှဉ်တွဲမွေးဖွားလာခဲ့ပါတယ်။ အမေရိကန်တောင်ပိုင်း ကျေးလက်ဒေသကို ဇာတ်အိမ်တည်ထားတဲ့ ဒီဇာတ်လမ်းဟာ အရွယ်ရောက်လာတဲ့ Daylong ညီအစ်ကိုတွေ သူတို့အဖေ သူတို့ဆီက ခိုးယူသွားတဲ့အရာကို ပြန်ယူဖို့နဲ့ လက်စားချေဖို့အတွက် အဖေရှာပုံတော်ခရီးဖွင့်တဲ့ Musical Horror ရုပ်ရှင်ဇာတ်လမ်းပါ။ သူတို့ရဲ့ ခရီးလမ်းတစ်လျှောက်မှာ အသက်ဘေးအန္တရာယ်တွေအပြင် အပြစ်ရှိစိတ်တွေ ၊ ဒေါသတွေနဲ့ လုံးထွေးသတ်ပုတ်ခဲ့ရပြီး သူတို့ရဲ့ ဝိညာဉ်တွေက တန်ဖိုးရှိရဲ့လားလို့လည်း သူတို့ကိုယ်သူတို့ အကြိမ်ကြိမ် မေးခွန်းပြန်ထုတ်ခဲ့ရပါတယ်။ Cast တွေအနေနဲ့ Daylong ညီအစ်ကိုသုံးယောက်အဖြစ် Brendan Andolsek Bradley , Jordon Bolden , Nican Robinson တို့အပြင် The substance ဇာတ်ကားနဲ့ နာမည်ကြီးထားတဲ့ မင်းသမီး Margaret Qualley ရဲ့ ညီမ Rainey Qualley တို့က ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ကိုယ်က အမေရိကန်တောင်ပိုင်း ဓလေ့ထုံးစံတွေ ရောနှောထားတဲ့ Musical Storytelling ဆန်ဆန် သဘာဝလွန် Horror ရုပ်ရှင်တွေကို ကြိုက်နှစ်သက်တယ်ဆိုရင် ဒီရုပ်ရှင်က ကြည့်သင့်တဲ့ ရုပ်ရှင်ကောင်းတစ်ခုပါပဲ။ File size…(1.1 GB) Quality….Webrip 720p Format…mp4/ mkv Duration….01:48:00 Genre…Action, Fantasy, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by OliveLyu

0 2025
The Devil and the Daylong Brothers