YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Under The Light 2023 1080p WEB-DL CM.mp4

2.1 GB N/A video/mp4 290 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Pacto de Fuga
7.5

~ IMDb - 7/10, Rotten Tomatoes - 89% ~ ၂၀၂၀ခုနှစ်ရဲ့ နှစ်ဆန်းပိုင်းမှာထွက်ရှိခဲ့ပြီး ချီလီနိုင်ငံမှာ ရိုက်ကူးပြသခဲ့တဲ့ စပိန်စကားပြော ရုပ်ရှင်ကားဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကို မိတ်မဆက်ခင်မှာ ဇာတ်အိမ်တည်ရာ ချီလီနိုင်ငံရဲ့ နောက်ခံသမိုင်းကို နည်းနည်းပြောမှ ဖြစ်ပါလိမ့်မယ်။ ၁၉၇၃ ခုနှစ်၊ တောင်အမေရိကတိုက်၊ ချီလီနိုင်ငံမှာ ပြည်သူတွေက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ လက်ဝဲယိမ်းဆိုရှယ်လစ်အစိုးရကို ဗိုလ်ချုပ်ကြီး ဩဂတ်စတို ပီနိုရှေး ဆိုသူက ဖြုတ်ချပြီး စစ်အာဏာသိမ်းလိုက်ပါတယ်။ မှတ်တမ်းတွေအရတော့ အဲဒီအာဏာသိမ်းမှုကို အမေရိကန်အစိုးရက ကျောထောက်နောက်ခံပြုပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကာလတုန်းကတော့ အမေရိကန်ဟာ ကွန်မြူနစ်ဝါဒမပြန့်ပွားရင်ပြီးစတမ်းဆိုတဲ့ သဘောထားနဲ့ လက်ဝဲယိမ်းသူမှန်သမျှ ဖြုတ်ချဖို့အားပေးနေခဲ့တဲ့ စစ်အေးကာလ ဖြစ်ပါတယ်။ လက်ဝဲသမားတွေမဟုတ်ရင်ပြီးရော။ မင်းတို့ဘာသာ စစ်ဖိနပ်နဲ့ ဘယ်သူ့တက်နင်းနင်းပေါ့လေ။ ပီနိုရှေးစစ်အစိုးရဟာ ၁၉၇၃ ကနေ ၁၉၉၀ အထိ အုပ်ချုပ်သွားခဲ့တယ်လို့ သိရပါတယ်။ ပီနိုရှေးဟာ အာဏာရှင်တို့ရဲ့ textbook အတိုင်း သဘောထားကွဲလွဲသူမှန်သမျှကို ကျကျနန နှိပ်ကွပ်ပါတယ်။ စစ်ထောက်လှမ်းရေးဆိုတဲ့ လက်စောင်းထက်လှတဲ့ အဖွဲ့အားကိုးနဲ့ပေါ့။ သူက သူ့အစိုးရမူဝါဒကို National Reconstruction ဆိုတဲ့ စကားလုံးနဲ့ သရုပ်ဖော်ပါတယ်။ "နိုင်ငံတော် ပြန်လည်တည်ဆောက်ရေး" ပေါ့လေ။ မခံမရပ်နိုင်တဲ့ တော်လှန်ရေးသမားလေးတွေက သူ့ကို လုပ်ကြံဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာဘဲ မအောင်မြင်လိုက်ပါဘူး။ သူ့ကိုလုပ်ကြံရာမှာ မအောင်မြင်ဘဲ အဖမ်းခံလိုက်ကြရတဲ့ တော်လှန်ရေးတပ်ဦးအဖွဲ့က တရားခံတွေကို ထောင်တစ်ခုထဲမှာ သာမန်အကျဉ်းသားတွေနဲ့မရောဘဲ သီးခြားအဆောင်တွေနဲ့ ချုပ်နှောင်ထားပါတယ်။ အဲဒီအကျဉ်းသားအများစုကို စစ်ခုံရုံးက သေဒဏ်ပေးပြီးသားပါ။ တရားဥပဒေစိုးမိုးတယ်ဆိုတဲ့ ဟန်ပြသဘောနဲ့ နိုင်ငံတော်တရားရုံးချုပ်ဆိုတဲ့ အရပ်ဘက်တရားရုံးက စစ်ဆေးနေဆဲဖြစ်ပေမယ့် သေဒဏ်ကျမယ်ဆိုတာ အကျဉ်းသားတွေက သိပြီးသားပါ။ အဲဒီအချိန်မှာပဲ ဒီဇာတ်လမ်း စတင်ပေါက်ဖွားလာခဲ့တာ ဖြစ်ပါတယ်။ ဘယ်တော့မှအရှုံးမပေးလိုတဲ့ နိုင်ငံရေးအကျဉ်းသားတစ်စုဟာ အဲဒီထောင်ကနေ ဥမင်လိုဏ်ခေါင်းတူးပြီး ‌ထွက်ပြေးကြဖို့ စစ်ဆင်ရေးတစ်ခုလိုသတ်မှတ်ပြီး အကောင်အထည်ဖော်ကြပါတော့တယ်။ သူတို့နေကြရတဲ့အကျဉ်းခန်းကနေ ထောင်အပြင်ရောက်တဲ့အထိ မီတာ ၆၀ (ပေ ၂၀၀နီးပါး) ရှိတဲ့ လိုဏ်ခေါင်းကို ဘယ်လိုဖောက်ကြမှာလဲ။ ဘာနဲ့ဖောက်မှာလဲ။ ဘယ်လောက်ကြာမှာလဲ။ လိုဏ်ခေါင်းတူးရင်းထွက်လာတဲ့ မြေစာတွေကို ဘယ်သူမှမမြင်အောင် ဘယ်နားမှာ သွားပစ်ကြရမှာလဲ။ စိတ်မထင်ရင်မထင်သလို ဝုန်းဒိုင်းကြဲအောင် တလာစီ (ရှာဖွေစစ်ဆေးရေးဝင်) တတ်ကြတဲ့ ထောင်မှူးနဲ့အစောင့်တွေ မမြင်အောင် လိုဏ်ခေါင်းဝင်ပေါက်ကို ဘယ်လိုဖုံးကြဝှက်ကြရမှာလဲ။ တွေးကြည့်ရတာနဲ့တင် မောချင်စရာကြီးပါ။ အဲဒါ သူတို့ဖြတ်ကျော်ရမယ့်အခက်အခဲတွေထဲက အမြည်းသဘောလောက်ပဲ ရှိပါသေးတယ်။ ထောင်အာဏာပိုင်တွေက မွေးထားတဲ့ ဒလန်တွေမရိပ်မိအောင် ကြိုးစားနေရတာလည်း တမှောင့် ပေါ့။ လိုဏ်ခေါင်းပေါက်သွားလို့ ထောင်အပြင်ရောက်ပါပြီတဲ့။ သူတို့ ဘယ်ကိုဆက်ပြေးကြမှာလဲ။ ဘယ်လောက်ကြာအောင် ပြေးနိုင်မှာလဲ။ ဒီဇာတ်ကားဟာ Hollywood က ထုတ်လုပ်တဲ့ကား မဟုတ်လို့ The Shawshank Redemption တို့ Escape from Alcatraz တို့လို မပေါက်ခဲ့ပေမယ့် အဲဒီကားတွေလိုပဲ ကြည့်ရတာ ရင်တထိတ်ထိတ်နဲ့ဖြစ်ရမယ့် thriller အရသာအပြင် ရဲဘော်ရဲဘက်တွေရဲ့ ညီအစ်ကိုဆက်ဆံရေးမျိုး၊ အင်ဂျင်နီယာပညာရပ်လို ကိုယ်တတ်ထားတဲ့ပညာကို လက်တွေ့ဘဝအတွက် အကျိုးရှိရှိအသုံးချသွားပုံကို တင်ပြတဲ့ ပညာပေးပြကွက်တွေ၊ ကိုယ်ကျိုးအတ္တနဲ့ တော်လှန်ရေး ဘယ်အရာကို ဦးစားပေးမလဲဆိုတဲ့မေးခွန်းမျိုးတွေ အများကြီး တွေ့ရနိုင်ပါတယ်လေ။ ဒီတော့ ဒီကားက အဲဒီလို ရသမျိုးစုံကိုပါ ပေးစွမ်းနိုင်မယ့် ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါကြောင်း ညွှန်းဆိုချင်ပါတယ် ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Thaman Myint မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2GB, 1.1GB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 2H 15Min Genre - Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Thaman Myint Encoded by Y

Drama • Thriller
7.5 2020 138 mins
Pacto de Fuga
Onoda: 10,000 Nights in the Jungle
7.1

IMDb - 7.3/10 Rotten Tomatoes - 100% 4 Wins and 19 Nominations ၂၀၁၄ဇန်နဝါရီမှာ The Gurdianသတင်းစာမှာ " ဆယ်စုနှစ်သုံးခုကြာအညံ့မခံခဲ့သော ဂျပန်စစ်သား ဟိရိုး အိုနိုဒ သေဆုံးခြင်း" ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတစ်ပုဒ်ပါခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာ အိုနိုဒအကြောင်းကို ပြင်သစ်ဒါရိုက်တာ Arthur Harariက ရိုက်ထားတဲ့ ဘိုင်အိုဂရပ်ဖီရုပ်ရှင်ပါ။ အနောက်ဥရောပမှာ အစပြုခဲ့တဲ့ ဒုတိယကမ္ဘာစစ်ဟာ ၁၉၄၁ခုနှစ် ဒီဇင်ဘာ ၇ မှာ ဂျပန်က ပုလဲဆိပ်ကမ်းကို စစ်မကြေညာဘဲ ဗုံးကြဲရာကစလို့ အရှေ့တိုင်းကိုကူးစက်ခဲ့ပါတယ်။ ပစိဖိတ်သမုဒ္ဒရာတစ်ခုလုံးလည်း ဂျပန်နဲ့ အင်္ဂလိပ်တို့ရဲ့ စစ်တလင်းဖြစ်ခဲ့ပါတယ်။ စစ်ရေးအတွက်ကြိုပြင်ထားခဲ့တဲ့ ဂျပန်တွေဟာ အသာစီးရပြီး ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းတွေကို သိမ်းနိုင်ခဲ့ပါတယ်။ ၁၉၄၂နှစ်ဝက်လောက်မှာ ဖိလစ်ပိုင်ကျွန်းစုတွေကို ဂျပန်က သိမ်းထားနိုင်ခဲ့ပါပြီ။ ဒုတိယကမ္ဘာစစ်ပြီးခါနီး ဂျပန်အရေးစနိမ့်လာတဲ့ ၁၉၄၅နှစ်ဦးလောက်မှာ လက်ဖတင်နင်အိုနိုဒဟာ ဖိလစ်ပိုင်က ကျွန်းတွေကို အမေရိကန်လက်ထဲမကျအောင် ကာကွယ်ဖို့ ရောက်လာခဲ့တယ်။ မလာခင်မှာ သူစစ်ရေးလျှို့ဝှက်သင်တန်းတစ်ခုတက်ခဲ့ပြီး အဲဒီသင်တန်းက အိုနိုဒတို့ကို အတတ်နိုင်ဆုံးရှင်ကျန်နေနိုင်အောင်နေပြီး ဆက်တိုက်နေဖို့ကို အဓိကထားသင်ပေးခဲ့တယ်။ ဖိလစ်ပိုင်ကို ရောက်ရောက်ချင်းကတည်းက အကြီးအကျယ်အရေးနိမ့်ပေမဲ့ အိုနိုဒတို့ဟာ ဖိလစ်ပိုင်တောထဲမှာနေရင်း ပင်မတပ် အင်အားပြန်စုစည်းနိုင်ပြီး လာတိုက်မယ့်အချိန်ကို စောင့်နေခဲ့ကြတယ်။ "အိုနိုဒ"တို့လို့ ဆိုပေမဲ့ တကယ်တမ်း လေးယောက်ပဲကျန်တာပါ။ မသေစာ စားရင်း အားမလျှော့ဘဲ စောင့်နေကြသူတွေပါပဲ။ သို့ပေမဲ့ အဲဒီနှစ်ဩဂုတ်လအစမှာ နာဂစခိနဲ့ ဟိရိုရှိမတို့ အနုမြူဗုံးကြဲခံရပြီးနောက် တိုကျိုကနေ ဖိလစ်ပိုင်က ဂျပန်တပ်တွေကို အညံ့ခံလိုက်ဖို့ အမိန့်ပေးပြီးခဲ့ပါပြီ။ ဒါကို အိုနိုဒါတို့က မသိခဲ့ပါဘူး။ တောထဲမှာပဲ ဆက်ကြံ့ကြံ့ခံနေနေခဲ့ကြတယ်။ ဒီရုပ်ရှင်ဟာ ၁၉၄၅မှာ ဂျပန်စစ်ရှုံးခဲ့ပေမဲ့ စစ်ရှုံးတာကိုမသိဘဲ စစ်ဖြစ်နေသေးတယ်ထင်ပြီး ဖိလစ်ပိုင်ကတောထဲမှာ ၁၉၇၄အထိ ၂၉နှစ်လုံး ဂျပန်ပြန်အသာစီးရမယ့်အချိန်ကိုစောင့်ရင်း ကုန်လွန်ခဲ့တဲ့ လက်ဖတင်နင်အိုနိုဒ ဖိလစ်ပိုင်ကို စစသွားကတည်းကနေ နောက်၂၉နှစ်အကြာ ဂျပန်ကို သူပြနလာတဲ့အထိ သူဖြတ်သန်းခဲ့ရတဲ့ဘဝအကြောင်းရိုက်ပြထားပါ။ အိုနိုဒဟာ သူ့အမိမြေကို ချစ်တဲ့စိတ်နဲ့ မျှော်လင့်ရင်း ရက်ပေါင်းတစ်သောင်းလုံး ဖိလစ်ပိုင်တောထဲမှာနေရင်း အသက်ဆက်ခဲ့ပါတယ်။ ၁၉၇၄မှာမှ အညံ့ခံခဲ့ပြီး ၂၀၁၄ဇန်န၀ါရီမှာသေဆုံးခဲ့ပါတယ်။ လက်ဖတင်နင် ဟိရိုးအိုနိုဒ အညံ့ခံလိုက်တဲ့အချိန်မှာမှပဲ ဂျပန်စစ်ရှုံးပြီး စစ်ကြီးပြီးသွားခဲ့သလို ခံစားခဲ့ရတယ်လို့ တစ်ချို့ကဆိုကြပါတယ်။ Onoda: 10,000 Nights in the Jungle ကို ကိန်းရုပ်ရှင်ပွဲတော်မှာ စပြခဲ့ပြီး ယူကေက ရုပ်ရှင်ရုံတွေမှာတော့ ဒီနှစ်ဧပြီလမှရုံတင်မှာပါ။ ခရမ်းချဉ်သီး တစ်ရာအပြည့်ရထားပြီး တငွေ့ငွေ့နဲ့တဖြည်းဖြည်းချင်း အရသာရှိစေမယ့် ရုပ်ရှင်မျိုုးလို့ ဝေဖန်ရေးသမားအချို့ကဆိုပါတယ်။ Ref - Wikipedia and The Guardian အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre.....Drama, Adventure, War Quality….WEB-DL 1080p and 720p and 480P File size…2.36GB and 1.19GB and 334MB Format…mp4 Duration….2h 53min Subtitle….Myanmar Subtitle (Hardsub) Translator ..... WiRa Aung Encoder ..... August

Action • Comedy • Crime • Thriller
7.1 2021 167 mins
Onoda: 10,000 Nights in the Jungle
Saunkan Saunkne
5.8

IMDb 6.4 ရရှိထားပြီး တစ်ချိန်လုံးထိုင်ရယ်နေရမယ့် Romance/Comedy ကားလေးလာပါပြီ လက်ထပ်ပြီးတာနှစ်ကြာနေပေမယ့် ကလေးမရတဲ့လင်မယားနှစ်ယောက်..ကလေးရဖို့ ဆရာဝန်တွေပယောဂဆရာတွေဆီ စုံနေအောင်ပတ်ပြပေမယ့် အကုန်လက်လျော့နေတဲ့အနေအထားမှာ ယောက္ခမဖြစ်သူကချွေးမကို ကိစ္စတစ်ခုတိုင်ပင်လာပါတယ် တခြားတော့မဟုတ်ပါဘူး သူ့သားမျိုးဆက်ပြတ်သွားမှာစိုးတာကြောင့် နောက်အိမ်ထောင်ထပ်ပြုခိုင်းဖို့ပါ မျိုးဆက်ကြောင့်ရော သူကိုယ်တိုင်ကြောင့်ပါ ကလေးမရဖြစ်နေတဲ့ချွေးမလုပ်သူက မတတ်သာတဲ့အဆုံးသဘောတူလိုက်ပြီး တစ်ရွာဝင်တစ်ရွာထွက် ဒုတိယမိန်းမကို သူကိုယ်တိုင်လိုက်ရှာပါတော့တယ် မယားငယ်ကို မယားကြီးကိုယ်တိုင်ကလိုက်ရှာနေရတဲ့ အဖြစ်ဟာတွေးကြည့်ရုံနဲ့တင် ဂွကျနေမှာပါ ဒီမှာလည်းအလွဲအလွဲအမှားမှားတွေနဲ့ နောက်ဆုံး အပြင်လူထက် အတွင်းလူကပိုစိတ်ချရတယ်ဆိုပြီး ညီမဖြစ်သူကိုသွားတွေးမိတဲ့အခါ... ဘာတွေဆက်ဖြစ်လာမလဲ ညီမဖြစ်သူကရော သူတို့အကြံကိုသဘောတူပါ့မလား တစ်လင်တစ်မယားစနစ်မဟုတ်ဘဲ တစ်လင်နှစ်မယားစနစ်နဲ့ ဗရုတ်ကျစရာမိသားစုကြောင့် ၂နာရီခွဲကြာချိန်လေးမှာ ရယ်မောနိုင်စေရန်တင်ဆက်ပေးလိုက်ရပါတယ်ရှင် File size…2.3GB / 1.09GB Quality…1080p WEB DL AAC5.1CH / 720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Poe & Yunni & OeliuJ & Honeyey

Action • Drama • Thriller
5.8 2022 150 mins
Saunkan Saunkne
The Tomorrow War
7.6

မင်းသား ခရစ်ပရက် ရဲ့ သိပ္ပံ အက်ရှင် ရုပ်ရှင်အသစ်ထွက်ပါပြီ။ နာမည်အတိုင်းပဲ အနာဂတ်ရဲ့ စစ်ပွဲတစ်ခုအကြောင်းပါ။ နောက်လာမယ့် နှစ် ၃၀ မှာ ကမ္ဘာကြီးကို ဂြိုလ်သားတွေ ဝင်တိုက်ပြီး လူတွေအားလုံး သေကုန်မယ့်အကြောင်း အနာဂတ်ကနေ ဆက်သွယ်ပြီး သတိပေးလာပါတယ်။ ဒါကြောင့် လက်ရှိခေတ်ရဲ့ တစ်ကမ္ဘာလုံးက လူတွေကို အနာဂတ်ကို ဆက်တိုက်စစ်ကူပို့ပေးပေမယ့် ရှုံးမြဲ ရှုံးနေတုန်းပါပဲ။ ဒီတော့ အင်အားချင်း ရင်ဆိုင်နေရုံနဲ့ မပြီးဘဲ ဂြိုလ်သားအားလုံးကို လက်စတုံးဖို့ နည်းလမ်းကိုရှာဖွေရင်းနဲ့အနာဂတ်စစ်ပွဲကို ဖြစ်မလာအောင် တားနိုင်မယ့် နည်းလမ်းကိုပါ တွေ့လာတဲ့အခါ.. အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ဖြစ်ပါတယ်။ File size… 2.5 GB and 1.4 GB Quality….WEB-DL 1080p and 720p Format…mp4 Duration….2h 20min Subtitle….Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder .....August

Action & Adventure • Drama • Mystery • Sci-Fi & Fantasy
7.6 2021 138 mins
The Tomorrow War
Death Count
5

Death Count ( 2022) Saw ပရိသတ်တွေ ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်အသစ်ပါပဲ။ Saw franchiseမှာ Mark Hoffmanအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Costas Mandylorကလည်း ဒီ Sawဆန်ဆန်ကားမှာ ကစားပွဲလုပ်တဲ့လူအဖြစ် သရုပ်ဆောင်ထားပါတယ်။ ဒီထဲမှာလည်း Sawဆန်ဆန် အပြစ်လုပ်ထားတဲ့လူတွေကိုဖမ်းပြီး ကိုယ့်ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် ထိခိုက်အောင် တစ်ခုခုမလုပ်ရင် သတ်ပစ်တဲ့ Warden ခေါ် ထောင်စောင့်အဖြစ် ပြောင်ပြောင်မြောက်မြောက် သရုပ်ဆောင်ထားပါတယ်။ Sawလိုကားမျိုးကြည့်ချင်တာဖြစ်ဖြစ် Sawအလွမ်းပြေ ကြည့်ချင်တာဖြစ်ဖြစ် ကြည့်ကို ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ Sawလိုကားမျိုးတွေ ကြည့်ရဲတဲ့သူပဲ ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ Sawလောက်နီးနီး ကြမ်းတဲ့ သတ်ခန်းဖြတ်ခန်းတွေကို ဆက်တိုက်ကိုပြနေတာမို့ ကြောက်တတ်ရင်တော့ မကြည့်ကြစေချင်ပါဘူး။ Survival Horrorတွေ Slasherကားတွေ ကြိုက်ပြီး Sawပရိသတ်လည်း ဟုတ်တယ်ဆိုရင်တော့ ကြည့်ကောင်းမယ့် ရုပ်ရှင်အသစ်ပါပဲ။ ဒီလိုကားမျိုးတွေက ထွက်ခဲလှတာမို့ ရှားရှားပါးပါးကြည့်ရမှာလည်း ဖြစ်တဲ့အပြင် Sawထဲက Actorကပါ ပါတာမို့ Sawအရသာနဲ့ ခပ်ဆင်ဆင်လည်း ရကြမှာပါ။ File Size__(1.9GB) / (900MB) Quality__WEB-DL_1080p, 720p IMDb Rating__5/10 Format__mp4 Duration__01:21:00 Type__Horror , Thriller Subtitle__Myanmar Subtitle (Hardsub) Translated by — Encoded by Naing Aung Latt

Comedy • Drama
5 2022 82 mins
Death Count
Going by the Book
7.4

Going by the Book (2007) ************************* အကောင်းဆုံးထဲမပါပေမယ့် ၂ မိနစ်ခြားတစ်ခါ ရယ်ပြီး တစ်ကြိမ်ကို ၅၈ စက္ကန့် လောက်ရယ်ရစေမယ် ဒီကားကြည့်နေရင်း စင်ကာပူကိုကျော်မည်နှင့် ထူးဆန်းသော မြေအောက်မြို့တော်ကြီး ဇာတ် လမ်းလိုခွီကနဲ ခွီကနဲ ဖြစ်သွားစေမယ့် ကားပါ။ “- လက်ဝှေ့ချန်ပီယံနဲ့ ဝူရှုးချန်ပီယံ ဖိုက်ရင် ဘယ်သူနိုင်မလဲ “ ဒီကားကို ၂၀၀၇ ခုနှစ် အောက်တိုဘာမှစပြသခဲ့ပြီး တစ်ကားလုံးကို ၁၀၂ မိနစ်ကြာမြင့်ပါတယ်။ IMDb Rating 7.4 ၊ AsianWiKi 93 ရရှိထားပါတယ်။ CJ Entertatinment ကထုတ်လုပ်ထားပြီး ကိုရီးယား ဘာသာစကားပြောရုပ်ရှင်ဖြစ်ပါတယ်။ Box office မှာ ကန်ဒေါ်လာ ၁၄ သန်းကျော်ရရှိခဲ့ပါတယ်။ ဒီကားစတင်ပြသတဲ့ အပတ်မှာ ဝင်ငွေအကောင်းဆုံး ကားအဖြစ်ရပ်တည်ခဲ့ပါတယ်။ ဒီကားမှာ ဆုတွေရထားတာတော့မတွေ့ရှိပါဘူး။ ဒီဇာတ်လမ်း ရဲ့ script က တော်တော်လေးကောင်းပါတယ်။ script ကောင်းလို့ ကြည့်ရတာ ပိုပြီးအရသာရှိသွားတာပါ။ sex အသားပေးဟာသ ၊ လူငယ်တွေဘဲနားလည်နိုင်တဲ့ ဟာသ၊ စူပါဟီးရိုးတွေ ကို သောက်တစ်လွဲပြန်ရိုက်ထားတဲ့ ဟာသ အချစ်ဟာသ ဒီလိုဟာသတွေနဲ့ မဟုတ်ဘဲ မိသားစုလိုက် လူကြီးတွေနဲ့ ပါကြည့်လို့ရတဲ့ ဟာသကားမျိုးပါ။ ရိုင်းတဲ့ ဟာသမပါဘူးလို့ ပြောချင်တာပါ။ နောက်တစ်ခုက ရိုင်းမှရယ်ရတာမဟုတ်ဘူးဆိုတဲ့ sex comedy တော်လှန်ရေးထဲမှာဒီ ဟာသကားလဲ ပါပါတယ်။ Hangover ဇာတ်လမ်းတွေ နဲ့ ကျောရိုးခြင်းတူပါတယ် ဟာသဇာတ်ကွက်ကို ဇာတ်လမ်းသွားတဲ့ ထဲမှာဘဲ လုပ်ပြသွားပြီး ထိထိမိမိရယ်ရပါတယ်။ Hangover တို့ American Pie တို့ ပြီးရင် ကြည့်သင့်တယ်လိုထင်ပါတယ်။ ကြောင်တောင်တောင်စရိုက်တစ်ယောက်တစ်မျိုးစီနဲ့ဇာတ်ဆောင်တွေအပြင် ဒါပြီးရင်ဘာလုပ်မလဲဆိုတဲ့ ခံစားမှုနဲ့ပါဝင်ထားတဲ့ ဇာတ်ဆောင်တွေ ရဲ့ အသက်ဝင်မှုတေကြောင့် ဆွဲဆောင်မှုလေးတစ်မျိုးရှိနေပါတယ်။ မင်းသားက က အဓိကပါဘဲ ဒီဇာတ်ကားတစ်ခုလုံးမှာ သူ့နေရာက ဇာတ်လမ်းထဲမှာ အခရာဖြစ်နေပြီး သူ့ ဇာတ်ကောင်ကလဲ စာအုပ်ကြီး (ဝါ) ဂေါက်သီး ဖြစ်နေပါတယ်။ တစ်ကားလုံးမှာသူရယ်တာ တစ်နေရာမှမတွေ့ ပါဘူး။ကြည့်တဲ့သူပဲရယ်သွားရပါတယ်။ ဒီလို ဂေါက်သီး ပုံနဲ့ ဇာတ်ကောင်ကြောင့် ဟာသက ပိုပြီးထိမီသွားပါတယ်။ ဒီကားက ဟာသ ဆိုပေမယ့် လူ့အဖွဲ့အစည်းထဲက နားခါးတဲ့ အမှန်တရားကို သိအောင် ထုတ်ပြပေးပြီး လူ့အဖွဲ့အစည်းထဲက ဖရိုဖရဲဖြစ်နေတဲ့ နေရာတွေကို သရောပြီး ထောက်ပြထားပါသေးတယ်။ မှန်တာပြောရင် ရွှာပြင်ထုတ်ခံရဆိုတဲ့အတိုင်း ကိုယ်မှန်ကြီး ဖြစ်လွန်းနေတာကလဲ ၂၁ ရာစု အပြစ်ကြီး ဆိုတာကို မင်းသားဇာတ်ကောင်နေရာကနေ ထောက်ပြထားပါတယ်။ ဒီဇာတ်ကားမှာအကောင်းဆုံး က ဇာတ်ညွှန်းလို့ထင်ပါတယ်။ ဟာသဇာတ်ကွက်တွေကို လုပ်ထားတာ တမင်ဟာက ဇာတ်ကွက်ဖန်တီးထားတာမဟုတ်ဘဲ ဇာတ်လမ်းအတိုင်းဘဲ လုပ်ပြသွားပါတယ်။ ပြောချင်တာကအနှစ်သာရရှိတဲ့ဟာသဖြစ်တယ်ဆိုတာပါ။ တစ်ချို့ အနောက်တိုင်း ဟာသတွေ ကတော်တော် ကြည့်လို့ကောင်းပေမယ့် ဟာသဖြစ်အောင် မဖြစ်နိုင်တဲ့ ဇာတ်ကွက်ကြီး တွေ ကောင်းကင်ပေါ် သေနတ်ထောင်ပစ်လိုက်ရင် စန်တာ ကလော့ဘိုးဘိုးကြီး ထိပြီး ပြုတ်ကျလာတို့ လို over ဆန်တဲ့ ဟာကွက်တွေ မဟုတ်ဘဲ သူဘာများ ထပ်လုပ်ဦးမှာပါလိမ့် ဆိုပြီး မြင့်မြတ်အကယ်ဒမီ အထိမ်းအမှတ် ဆော်လေး သူ့ပိုင့်လယ်ကွက်လေးကို Live လွှင့်ဂုဏ်ပြုတာကိုကြည့်သလို ဇာတ်ရှိန်က ကြာလေမြင့်လာလေပါဘဲ။ ဒါပေမယ့် နောက် ဆုံးမှာသူ့လိုတော့ ဂျင်းမထည့်ပါဘူး။ နောက်ဆုံးအထိဟာသ ဇာတ်ကွက်ကို ထည့်ထားပါတယ်။ ဒီဇာတ်လမ်း က လက်ရှိလောက(အစိုးရဌာန)မှာဖြစ်နေတဲ့ အထက်လူကြီး နဲ့အောက်ပိုင်းက လူတွေ ကြားက ဆက်ဆံရေးတွေ အထက်ပိုင်းရောက်ရင် အချိုးပြောင်းပြီး ဖော်ရှိုးမုန့် တို့ ရှီုရှောင် အချိုရည်တို့ကို သိပ်ကြိုက်ပြီး ဒီကအခေါ်ဝေါ်အရဆို ကွီးတို့ ဘဘတို့ လို ကိုယ်တော်ကြီး ကိုယ်တော်လေးတွေ ရဲ့ မကောင်းကွက်ကို ဦးတည်ဖော်ပြထားတာပါ။ ဒါတွေဟာသအနေနဲ့ ရိုက်ထားပြီးကို နားရင်းကို လက်ဖျားနဲ့ အုပ်သလိုခပ်ပါးပါးလေးပုတ်ထားပါတယ်။ ပင်ပန်းလာသမျှ ကို ဇာတ်လမ်းနဲ့ ရောပြီ ရယ်ချပလိုက်ရင် စိတ်လဲပေါ့ပါး သွားပါတယ်။ ပြီးတော့ဇာတ်ကားတွေ ကိုကြည့်ရင် ညဘက် ကြည့်တာ ဇာတ်လမ်းကို ပိုခံစားမိစေပြီး ဇာတ်လမ်းက ပိုစိတ်ဝင်စားစရာ ကောင်းနေမှာပါ။

Thriller • Drama • Crime
7.4 2007 102 mins
Going by the Book
The Christmas Venue
5.8

စိတ်ပင်ပန်းနေလို့ အပန်းဖြေချင်တဲ့သူတွေအတွက် ခရစ္စမတ် အချစ်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ကိတ်တစ်ယောက် ခရစ္စမတ်နီးမှ ဘဲပစ်ခံလိုက်ရတာကနေ စတင်ထားပါတယ် ဘဲပစ်ခံလိုက်ရတဲ့ ကိတ်ဟာ စိတ်ပြေလက်ပျောက် အဖေ့ရဲ့ တည်းခိုခန်းလေးဆီ ပြန်သွားတဲ့အခါ သူ့အဖေကလည်း ပြင်ဆင်စရိတ်မတတ်နိုင်တော့တဲ့အတွက် တည်းခိုခန်းလေးကို ရောင်းဖို့ကြံနေတာနဲ့ တိုးပါတော့တယ် တစ်ပူပေါ် နှစ်ဘူဆင့်နေတဲ့ ကိတ်ဟာ မင်္ဂလာပွဲစီစဉ်သူ သူငယ်ချင်းဆီကနေ သူ့အဖေရဲ့တည်းခိုခန်းမှာ မင်္ဂလာပွဲ ကျင်းပပြီး နေရာငှားခနဲ့ တည်းခိုခန်းကို ပြန် ပြင်ဆင်မယ်လို့တွေးကာ သူ့ရဲ့‌ကျောင်းနေဖက် ဒရူးနဲ့ စလုပ်ပါတော့တယ် ပေါ့ပေါ့ပါးပါးနဲ့ မပျင်းရဘဲ စိတ်ဝင်စားစရာကောင်းသလို ကြည်နူးစရာလေးတွေနဲ့ ဟာသတွေလည်း ပါဝင်တာကြောင့် စိတ်အပန်းပြေစေမှာပါ… File size…(1.5 GB)/(770 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Family, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban

5.8 2023
The Christmas Venue
The Search for Secret Santa
5.7

“လျှို့ဝှက်ဆန်တာရှာပုံတော်” ခရစ်စမတ်အားလပ်ရက်မှာ အလွတ်တန်းသတင်းထောက်မလေးဆိုဖီယာက တိုက်ခန်းတစ်ခန်းမှာငှါးနေဖြစ်ခဲ့ပါတယ်၊တနေ့ဆိုဖီယာဟာ ပစ္စည်းတွေကို စတိုခန်းထဲသွားထားရင်း အဲ့မှာ မဖောက်ရသေးတဲ့ခရစ်စမတ်လက်ဆောင်လေးကိုတွေ့လိုက်ရပါတယ်။ အက်ဘီဂေးလ်အတွက်လျှို့ဝှက်ဆန်တာကပေးထားတာလေးပါ။ ဒါပေမဲ့လက်ဆောင်ကနှစ်ပေါင်းအတော်ကြာထိပိုင်ရှင်ဆီလည်းမရောက်သေးတော့သတင်းထောက်ပြီပြီစူးစမ်းရင်းဆောင်းပါးလေးပါရေးဖြစ်ပါတော့တယ်၊လက်ဆောင်ထဲမှာဘာတွေပါလဲ၊ လျို့ဝှက်ဆန်တာကဘယ်သူလဲ၊အက်ဘီဂေးလ်ဆိုတာဘယ်သူလဲ၊ ဘာလို့လက်ဆောင်ကဒီအတိုင်းရှိနေရသေးတာလဲစသဖြင့်မေးခွန်းတွေကိုအဖြေရှာသွားမှာဖြစ်ပါတယ်။ ရှာပုံတော်ခရီးစဉ်ကိုပါဝင်အားဖြည့်ပေးတာတော့ရှေးဟောင်းပစ္စည်းတွေကိုစိတ်ဝင်စားတဲ့ဂျက်ဆင်ဖြစ်ပြီး နှစ်ဦးသားအဖြေရှာရင်းနှလုံးသားရေးရာအဆင့်တွေဘယ်လိုတက်သွားမလဲဆိုတာ ခရစ်စမတ်အငွေ့အသက်နဲ့ ရိုမန့်စ်ဆန်ဆန်ကြည့်ရမှာပါ။ File size…(1.6 GB)/(850 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre…Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia

5.7 2022
The Search for Secret Santa
Singapore Saloon
6.6

Singapore Saloon (2024) .(စင်္ကာပူဆံသဆိုင်) imdb 7.1/10 ဘုရားသခင်ရဲ့ အလုပ်အကိုင်က ဘာလဲသိလား ကြိုးစားပြီးအောင်မြင်လာတဲ့သူတွေကို ရွေးချယ်ပြီး သူတို့ကိုနှိပ်စက်ဖို့ပဲတဲ့….. ပရိသတ်တွေရော အဲ့လိုခံစားချက်မျိုးရှိဖူးကြလား ကိုယ့်ဝါသနာ ကိုယ့်အလုပ်တစ်ခုကို ကြိုးစားပမ်းစား စိတ်ပါလက်ပါလုပ်နေချိန်မှာ အဘက်ဘက်ကပြသနာတက်နေတာမျိူးပေါ့ ဒီတမီလ်ဇာတ်ကားလေးထဲမှာ ကာသီရ်ဆိုတဲ့ကောင်လေးက သူတို့ရွာက အဘိုးကြီး ချာချာရဲ့ စင်္ကာပူဆလွန်းဆိုတဲ့ ဆံသဆိုင်လေးကို အရမ်းသဘောကျလို့ သူအရွယ်ရောက်လာတဲ့အခါမှာ ဆံသဆရာတစ်ယောက်အဖြစ် အလုပ်လုပ်ဖို့အတွက် အရာအားလုံးကိုစွန့်လွှတ်ခဲ့ပြီး သူ့ရဲ့အိပ်မက်ဆံသဆိုင်ကြီး စင်္ကာပူဆလွန်းကို မြို့ပေါ်မှာသွားဖွင့်တဲ့အချိန်မှာ ပြဿနာပေါင်းစုံတက် အတိုက်အခိုက်မျိုးစုံတွေ သတ်သေချင်လောက်အောင် စိတ်ဓာတ်ကျဆင်းမှုတွေကြားထဲမှာ အဲ့လိုလောကဓံတွေကို ဘယ်လိုရင်ဆိုင်တွန်းလှန်ခဲ့လဲဆိုတာ ရိုးရိုးလေးပဲ တင်ဆက်ပြထားပါတယ် ဒီဇာတ်ကားလေးကို တစ်ခုသဘောကျမိတဲ့အချက်က ဒီထဲမှာ ရိုက်ကူးပြထားတဲ့ မင်းသားရဲ့ ကလေးဘဝကြီးပြင်းလာပုံ ဇာတ်ဝင်ခန်းတွေမှာ ငယ်ငယ်က ကျောင်းပိတ်ရက်သွားလည်ဖူးတဲ့ ဆံပင်ညှပ်ဆိုင်တွေ လက်ဖက်ရည်ဆိုင်တွေ ကိုယ့်မိဘတွေပြီးရင် အခင်ဆုံးဖြစ်ခဲ့တဲ့ ရပ်ကွက်ထဲက သဘောကောင်းတဲ့ ဦးလေးကြီးတွေကို ပြန်မြင်ယောင်မိမှာ ဖြစ်ပြီး တချို့နေရာလေးတွေမှာ ကိုယ့်အဖြစ်နဲ့ယှဉ်တွေးမိပြီး ပြုံးစိစိလေးဖြစ်ရင်းနဲ့ ဇာတ်လမ်းလေးကို ခံစားကြည့်ရှုနိုင်မှာဖြစ်လို့ ဒီလိုဒရာမာကားကောင်းတွေ ကြိုက်နှစ်သက်တဲ့ ကိုယ့်ငယ်ဘဝကို ခဏလောက်ပဲဖြစ်ဖြစ် စိတ်ကူးလေးပြန်ယဉ်ချင်တဲ့ ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ (CM Bollywood Team) ကပဲ ဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

6.6 2024
Singapore Saloon
The Immortal
6.7

The Immortal (2018) ================== IMDb – 6.7/10 ဒီတစ်ခါမိတ်ဆက်​ပေးမှာ​က​တော့ 2018 မှာထွက်ရှိထားပြီး ဒါရိုက်တာ Victor Vu ရိုက်ကူးထားတဲ့ The Immortal ဆိုတဲ့ ဗီယက်နမ် သည်းထိတ်ရင်ဖိုကား​လေးပဲဖြစ်ပါတယ် ဒီရုပ်ရှင်ဟာ ထွက်ကတည်းကကြည့်ရှုသူတိုင်း Good review ​ပေးတာကို ခံ​နေရတဲ့ horror ကား​လေးပဲဖြစ်ပါတယ် ဇာတ်လမ်းအညွှန်း ဟုမ်တစ်​ယောက် ချစ်သူ လင်းဆိုတဲ့​ကောင်မ​လေးနဲ့ ဘဝ​ရှေ့​ရေးကိုတိုင်ပင်​နေရင်းတစ်​နေ့ အ​ဖေဖြစ်သူရဲ့အ​မွေ​တွေကို မ​ပေးချင်တဲ့ အကိုခမ်းရဲ့ လုပ်ကြံတာကို ခံရပြီး ​အောက်လမ်းဆရာတစ်​ယောက်ရဲ့ ကယ်တင်ခြင်းကိုခံရပြီး အသက်ရှင်​​နေခဲ့ပါတယ် အကိုအ​ပေါ် လက်စား​ချေချင်တာနဲ့ ဘဝမှာတစ်ခါသာ သုံးလို့ရတဲ့ ​သေခြင်းဂါထာနဲ့ သတ်ပစ်ခဲ့ပါတယ် ​​နောက်ပိုင်း ဂါထာနဲ့သတ်ရတာကိုဝါသနာထုံသွားပြီး ​သေခြင်းဂါထာစည်းမျဥ်းကို ချိုး​ဖောက်ပြီး ဂါထာနဲ့ လူ​တွေသတ်​နေရင်း ​အောက်လမ်းပညာရဲ့ဆိုးကျိုး​တွေကိုခံစားလာရပါတယ် ဒီထိ​ရောက်လာပြီးမှ မ​သေချင်​သေးတဲ့ ဟုမ်တစ်​​​ယောက် ​အောက်လမ်းဆရာကို မ​သေခြင်းတရားဂါထာနဲ့ မ​သေမျိုးဖြစ်​အောင် ​လုပ်​​ပေးဖို့​တောင်းဆိုခဲ့ပါတယ် ဂါထာအစွမ်းကြီး​လေ ​ပေးဆပ်ရတာများ​လေဖြစ်တာ​ကြောင့် ဟုမ်ရဲ့တန်ဖိုးအရှိဆုံးအရာ​တွေ ဘဝက​နေ ​ပျောက်ကွယ်သွားပါတယ် မ​သေမျိုးဖြစ်လာပြီး​တော့ ဟုမ်တစ်​ယောက် သူရဲ့ ဘဝမှာ ​ပျော်ရွှင်နိုင်​သေးလား မ​သေမျိုးဖြစ်ရတာရဲ့ ဒုက္ခ​တွေ ဆိုးကျိုး​တွေက​ရောဘာ​တွေလဲ ဘဝမှာထာဝရအသက်ရှင်​နေတာက​ရော ဆုလာဘ်လား ပြစ်ဒဏ်လား ဒီမ​သေခြင်းကျိန်စာက​နေလွတ်​မြောက်​အောင် သူဘယ်လို​တွေ​လုပ်​ဆောင်ရလဲ အခက်အခဲ​တွေဘယ်လို ​ကျော်ဖြတ်ရလဲဆိုတာ​တွေကို တစ်ကားလုံး ကြည့်ရှုသူကိုအပါ​ခေါ်သွားနိုင်​လောက်တဲ့အထိ ရိုက်ပြထားတဲ့ သည်းထိတ်ရင်ဖိုကား​ကောင်း​လေးပဲဖြစ်ပါတယ် ( ဘာသာပြန်ပြီး အညွှန်းရေးသာထားသူကတော့ DB ပါ ) File size_(2.2GB)/(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:00:00 Genre_Fantasy, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by DB

6.7 2018
The Immortal
Against the Ropes

*”Against the Ropes”* ဇာတ်ကားသည် 2004 ခုနှစ်မှာထွက်ရှိခဲ့တဲ့ အားကစားဒရမ်မာ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ် ဂျက်ကီကယ်လန်ဆိုတဲ့ အားကစားမှာ စိတ်အားထက်သန်လှတဲ့ အမျိုးသမီးတစ်ဦးရဲ့ လက်ဝှေ့လောကထဲကိုတိုးဝင်ပုံကို ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ အမျိုးသမီးများကို အလေးထားမှုမရှိတဲ့လက်ဝှေ့လောကမှာ အမျိုးသားများနဲ့ရင်ဘောင်တန်ပြီး တန်းတူယှဉ်ပြိုင်ရင်း အလုပ်ကိုကြိုးစားရုန်းကန်သွားပုံကို စိတ်ဝင်စားဖွယ်ဖော်ပြထားတာပါ။ လက်ဝှေ့လောကမှာ နာမည်မရှိသေးတဲ့ လက်ဝှေ့သမားတစ်ယောက်ကို နာမည်ကျော်တစ်ဦးဖြစ်တဲ့အထိ လေ့ကျင့်သင်ကြားပေးပြီး စိန်ခေါ်မှုများ အခက်အခဲများနှင့်အောင်မြင်မှုကို ထင်ဟပ်ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတကား ဖြစ်ပါတယ်။ File size…(2.2 GB)/(1.8 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre… Romance, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khin Sanda

0 2004
Against the Ropes
Summer Solstice

လိင်ပြောင်းခွဲစိတ်ထားတဲ့ လီယိုဆိုတဲ့ကောင်လေးနဲ့ သူ့ရဲ့သူငယ်ချင်း အဖြောင့်မလေး အယ်လန်နောတို့ဟာ မတွေ့ဖြစ် မဆုံဖြစ်တာကြာပြီဖြစ်တဲ့အတွက် နွေရာသီအားလပ်ရက်ခရီးစဉ်တစ်ခုကို အတူတူထွက်လာခဲ့ကြပါတော့တယ်။ ဒီခရီးစဉ်တစ်လျှောက်မှာပဲ သူတို့ရဲ့ လျှို့ဝှက်ချက်ဟောင်းတွေ ပေါ်ထွက်လာကြပြီး ရင်ဆိုင်မှုအသစ်တွေ တွေ့ကြုံရကာ သူတို့ရင်ထဲက ခံစားချက်တွေ ပေါ်ထွက်လာကြပြီး ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရှုရမယ့် LGBT ဟာသဒရာမာကားလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ဖြစ်ပါတယ်) File size…(1.5 GB)/(760 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:21:00 Genre… Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sakura

0 2024
Summer Solstice
The Brave Little Toaster
7.2

ဒီဇာတ်လမ်းက ၁၉၈၇နှစ်ကထွက်ရှိခဲ့တဲ့ Animationကားဖြစ်ပြီး ဇာတ်လမ်းပုံစံထူးခြားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ် ဒီဇာတ်လမ်းက ပေါင်မုန့်မီးကင်စက်၊ရေဒီယို၊ဖုန်စုပ်စက်၊ မီးအိမ်နဲ့ စောင်ကလေးတစ်ထည်တို့ကို အခြေခံထားတာဖြစ်ပါတယ်။ သခင်ဖြစ်သူ ငယ်ငယ်ကတည်းက အတူတူရှိလာတဲ့ အဲဒီအိမ်သုံးပစ္စည်းတွေဟာ သခင်မရှိတော့တဲ့အချိန် တစ်နေ့ သခင်ပြန်လာနိုးနဲ့ အိမ်ဟောင်းလေးမှာပဲစောင့်မျှော်နေခဲ့ကြတာပါ။ ဒါပေမဲ့ အဲဒီအိမ်ဟောင်းလေးအရောင်းစာရင်းတင်ခံလိုက်ရပြီး သခင်ပြန်မလာနိုင်တာသေချာသွားတဲ့နောက် သူတို့ကိုယ်တိုင် သခင်နောက်ကိုလိုက်ကြဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။ အဲဒီလိုနဲ့ပဲအသက်ဝင်နေတဲ့ အိမ်သုံးပစ္စည်းကလေးတွေရဲ့ နယ်အိမ်ကလေးကနေ မြို့ပြကြီးဆီသွားတဲ့ ခရီးကြမ်းမှာ ဘယ်လိုအခက်အခဲမျိုးတွေ စွန့်စားမှု‌တွေနဲ့ ကြုံတွေ့ရမလဲဆိုတာကြည့်ရှုရမှာ ဖြစ်ပါတယ်။ File size… 2.65 GB / 1.36 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 30m Genre ….. Animation / Adventure / Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Thaung Htike Zaw

7.2 1987 90 mins
The Brave Little Toaster
Your Friends & Neighbors

ဒီဇာတ်လမ်း လေးက တော့ 2000 ခုနှစ် ရှေ့ပိုင်းက ထွက်ခဲ့တဲ့ ဇာတ်ကား လေး တစ်ကား ဖြစ်ပါတယ် supporting actor ဆု နှစ်ခုနဲ့ Nomination (4) ခု ရရှိထားတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ် ဇာတ်ကား အကျဉ်းလေးကတော့ အိမ်ထောင်ကျပြီး မပျော်ရွင်ရတဲ့ သူငယ်ချင်း အတွဲရယ် အိမ်ထောင်မကျပဲ မပျော်ရွှင်ရတဲ့ သူငယ်ချင်း နှစ်ယောက် အတွဲရယ် ဘယ်လို အဆင် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မပြေမှုတွေကို ကြုံတွေ့ပြီးတော့ နောက်ဆုံးမှာ ကော အဆင်ပြေသွားပါ့မလား ဆိုတာ ဇာတ်လမ်းထဲမှာ ကြည့်ရှု့လိုက်ပါခင်ဗျ (ရိုင်းစိုင်းသော အသုံးအနှုန်း များ ပါရှိပါသဖြင့် 18+ အထက်များသာ ကြည့်ရှု့သင့်ကြောင်း အကြံပြုလိုပါတယ် ခင်ဗျာ) File size…(1.3 GB)/(709 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Ko Dee

Romance • Drama
0 1998
Your Friends & Neighbors