YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Under the Gun (2024) E02 WEB-DL 720p [CM].mp4

133.88 MB 720p video/mp4 155 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Master Gardener
6.2

Master Gardener (2022) ~ IMDb - 6.3/10, Rotten Tomatoes - 70% ~ "God's Lonely Man" ဘုရားသခင်ရဲ့အထီးကျန်လူ တနည်းအားဖြင့် သင်းကွဲလူ ဆိုတာကို ဒါရိုက်တာကြီး Martin Scorsese ရဲ့ Taxi Driver ထဲမှာလည်းကြားဖူးခဲ့မှာပါ။ လူ့အဖွဲ့အစည်းနဲ့သိပ်မရော မအပ်စပ်ဘဲ တစ်ယောက်တည်း နေ့စဉ်ဓူဝ ကိုယ့်အတွေးနဲ့ကိုယ်ချာချာလည်ရင်း သင်းကွဲတစ်ယောက်လိုအထီးကျန်နေတဲ့ ဇာတ်‌ကောင်မျိုးတွေပေါ့။ အဲဒီလိုဇာတ်ကောင်တွေက တစ်နေ့မှာ လှုပ်နှိုးခံလိုက်ရတဲ့အချိန် ပရိသတ်တွေကို " ဒီကောင်ဘာတွေလုပ်မလဲမသိဘူး" ဆိုတဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်တာက ဒီလိုရုပ်ရှင်ဇာတ်ကားတွေရဲ့ အရသာတစ်ခုပါပဲ။ ဒီရုပ်ရှင်က ဇာတ်ကောင်ကလည်း အဲဒီလို သာမန်ဥယျာဉ်မှူး။ လတ်တလောမှာတော့ သာမန်ဥယျာဉ်မှူးပေါ့။ သူ့မှာလည်း အတိတ်ကစိတ်ဒဏ်ရာတွေ၊ အိပ်မက်ဆိုးတွေ၊ နောင်တတွေကျန်နေပေမဲ့ သာမန်ဥယျာဉ်မှူးတစ်ယောက်လို ဂရေ့စ်ဝုဒ်ဆိုတဲ့ ဥယျာဉ်ကြီးထဲမှာ ‌ဘဝကိုဖြတ်သန်းနေတာမျိုးပါ။ ဒါပေမဲ့ တစ်နေ့မှာ ဂရေ့စ်ဝုဒ်ပိုင်ရှင် နော်မာရဲ့ မြေးတူမ မာယာ ဆိုတဲ့ ကောင်မလေးတစ်ယောက် အလုပ်သင်အနေနဲ့ရောက်လာပြီး ပြဿနာတွေပါခေါ်လာခဲ့ချိန်မှာတော့ " ဒီကောင်ဘာတွေလုပ်မလဲမသိဘူး" ဆိုတာလေးဖြစ်ဖို့ အ‌ကြောင်းခံလေးတွေပေါ်လာပါတော့တယ်။ ဒီရုပ်ရှင်မှာသဘောကျမိတာတစ်ခုက ပန်းအကြောင်းတွေပါ။ သူ့ရဲ့ ဂျာနယ်မှာထည့်ရေးသမျှ ပန်းအကြောင်းတွေနားထောင်ရင်း ကိုယ်တိုင်ပါ ထပြီး ပန်းတွေစိုက်ပစ်ချင်စိတ်တောင်ပေါက်လာနိုင်ပါတယ်။ ဂျိုဝယ်အက်ဂျာတန်လို ဘဲကြီးက ပန်းလှလှလေးတွေစိုက်နေတာမြင်ရတာကလည်း တစ်မျိုးလေးကြည့်ကောင်းနေတာပေါ့လေ။ "God's Lonely Man" ဆိုလို့ ဒါရိုက်တာဘယ်သူလဲ ပြေးကြည့်စရာမလိုပါဘူး။ အဲဒီလို ရုပ်ရှင်မျိုးတွေကို အသည်းခိုက်တဲ့ Taxi Driver ဇာတ်ညွှန်းရေးခဲ့တဲ့သူ Paul Schrader ကိုယ်တိုင်ဖြစ်နေလို့ပါ။ Paul Schrader က ဇာတ်ညွှန်းတင်မက ဒါရိုက်တာလည်းကောင်းကောင်းကြီးလုပ်နိုင်တယ်ဆိုတာကို Mishima, Blue collar နဲ့ First Reformed ကားတွေမှာ မြင်ခဲ့ရပြီးပါပြီ။ အင်တာဗျူးတစ်ခုမှာ သူနောက်ဆုံးရိုက်ထားတဲ့ ရုပ်ရှင်သုံးခုဖြစ်တဲ့ First Reformed (2017), Card Counter (2021) နဲ့ အခု Master Gardener ရုပ်ရှင်တွေက ဇာတ်လမ်းချင်းမတူပေမဲ့ စိတ်ပိုင်းဆိုင်ရာကျောရိုးချင်း ဆက်နွယ်နေတဲ့ Trilogy တစ်ခုလို့ ပြောခဲ့ဖူးပါတယ်။ ဥပမာ ကားရယ် လေယာဉ်ရယ် ရထားရယ် နဲ့ ခရီးသွားသလိုပေါ့။ ခရီးသွားနေတယ်ဆိုတဲ့ သဘောတရားချင်းတူတယ် ဒါပေမဲ့ သွားပုံချင်းမတူတာမျိုး။ အဲဒီသဘောတရားအတွက် ကား၊ လေယာဉ်၊ ရထား သုံးမျိုးလုံး စီးကြည့်စရာမလိုပေမဲ့ အချိန်ရရင်တော့ ၃ ကား စလုံးကို မြည်းကြည့်စေချင်ပါတယ်။ ဒီရုပ်ရှင်ဟာ ဗယ်လာဒိုလစ်ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးရုပ်ရှင်ဆုအတွက် ဆန်ခါတင်ဝင်ခဲ့တဲ့အပြင် Alien Franchise ထဲက မင်းသမီးကြီး ဆစ်ဂေါနီးဝီဗာကလည်း ဒီရုပ်ရှင်နဲ့ ပေါ်တူဂီရုပ်ရှင်ဆု CinEuphoria ရဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကိုရခဲ့ပြီး ဂျိုဝယ်အက်ဂျာတန်ကလည်း အမျိုးသားဇာတ်ဆောင်ဆုအတွက် ဆန်ခါတင်ဝင်ခဲ့ပါသေးတယ်။ ပန်းကလေးတွေအကြောင်းရုပ်ရှင်တွေကြည့်တိုင်း ကြည်အေးရဲ့ မောင်ကိုကိုနှင့်မြနန္ဒာ စာအုပ်ထဲက "ကမ္ဘာပေါ်မှာ လူနည်းနည်းနဲ့ ပန်းတွေအများကြီးရှိရင် သိပ်ကောင်းမှာပဲ" ဆိုတာလေးကိုပဲ အမှတ်ရနေမိပါတယ်။ ပန်းကလေးတွေရဲ့အလှနဲ့ ရုပ်ရှင်ရဲ့ အလှအပနှောထားတာလေးကတော့ ဒီရုပ်ရှင်ရဲ့ မျက်စိပသာဒအဖြစ်ရဆုံး အချက်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.3GB, 540MB Quality - 1080p, 720p IMDb Rating - 6.3/10 Format - mp4 Duration - 1H 51Min Genre - Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Action • Crime • Thriller
6.2 2023 111 mins
Master Gardener
My Mighty Princess
6.8

Mighty Princess - အားကြီးတဲ့မင်းသမီးလေး..... မင်းသမီး Shin Min Ah ကိုဆိုရင်တော့မသိသူမရှိသလောက်ပဲဖြစ်ကြမျာပေါ့နော်။ ဒီတစ်ခါကားလေးကတော့ မင်းသမီးရှင်မင်းအာငယ်စဥ်ကရိုက်ကူးခဲ့တဲ့ Action Fantasy ကားကောင်းလေးပဲဖြစ်ပါတယ်။ ဂန်ဆိုဟီးဟာ သာမန်ထက်ပိုပြီး အားမတန်တဆကြီးနေတဲ့အတွက် လူတွေရဲ့အမြင်မှာ နုနယ်ငယ်ရွယ်တဲ့မိန်းကလေးတစ်ယောက်လို့ မထင်ချင်စရာဖြစ်နေပါတယ်။ ကိုယ့်ဘက်ကကြိတ်ကြိုက်ရတဲ့ ကောင်လေးတစ်ယောက်ရှိလာချိန်မှာတော့ ဆိုဟီးတစ်ယောက် သူ့ကိုသာမန်ထက်ပိုပြီး အားကြီးနေစေတဲ့ မိသားစုအမွေအနှစ်ကို စွန့်ပစ်ဖို့ဖြစ်လာပါတော့တယ်။ ကိုယ်ခံပညာကိုဆက်မကျင့်တော့တဲ့ဆိုဟီးအတွက် ဘယ်လိုအခက်အခဲတွေကြုံလာမှာလဲ?... ..သဘောကျရတဲ့ crush လေးနဲ့ရောအဆင်ပြေသွားမှာလား...? ဆိုဟီးကို ကိုယ်ခံပညာပြန်လေ့လာအောင်ဆွယ်ဖို့ ရုတ်တရက်ရောက်ချလာတဲ့ ငယ်သူငယ်ချင်းလေးကရော ဘယ်လိုလျှို့ဝျက်ချက်တွေရှိနေမှာလဲ? ကိုယ်ခံပညာတွေရဲ့နောက်ကွယ်မှာ ဘယ်လိုနက်နဲတဲ့ဇာတ်ကြောင်းတွေရှိနေသေးဦးမလဲ ဆိုတာကိုစိတ်ဝင်တစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဒီကားလေးမှာ recommend ပေးချင်တာလေးတွေကတော့ ဇာတ်ဝင်တေးလေးတွေ နောက်ခံတီးလုံးလေးတွေအရမ်းကောင်းတဲ့အပြင် ဇာတ်အိမ်လေးက တမူထူးခြားနေတာလေးပါပဲ။ တရုတ်ကိုယ်ခံပညာကို ကျောရိုးခံထားတဲ့ ဇာတ်ကြောင်းမို့လို့ Kdrama fan တွေရေ တရုတ်ရာဇဝင်ကားကြိုက်တဲ့လူတွေရော မလွတ်တမ်းကြည့်သင့်တဲ့ကားလေးပဲဖြစ်ပါတယ်။ File Size : (2.2GB) (1.02 GB) and (417MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…02:02:00 Genre : Action ,Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Wut Yi Encoded by Phyo Pyae

Comedy • Family • Fantasy • Romance
6.8 2008 122 mins
My Mighty Princess
Key to Love
5.5

Key to Love (2023) =============== ကျွန်တော်တို့ဟာ ဘဝရဲ့တစ်ကွေ့ကွေ့မှာချစ်ခြင်းမေတ္တာနဲ့ တွေ့ဆုံ ကြဖူးမှာပါ။ ဒီရုပ်ရှင်ဟာလည်း အချစ်အကြောင်းဖော်ကြူးရိုက်ကူး ထားတယ်ဆိုပါတော့ဗျာ။ ဒီဇာတ်ကားမှာ မင်းသားဖြစ်သူ ဂျော့်ရှ်က အဖိုးဆုံးပြီး အမွေတွေရတော့ မြို့ကြီးကနေ သူရဲ့ချက်မြုပ်ဇာတိ နယ်မြို့လေးကို ပြန်လာရတယ်။ ဇာတ်လိုက်မင်းသမီးလေးက အမွေ ရထားတဲ့စာအုပ်ဆိုင်လေးကိုဦးစီးပြီး နယ်မြို့လေးမှာပဲငြိမ်းချမ်းစွာ နေထိုင်နေတယ်ပေါ့။ မင်းသားနဲ့မင်းသမီး အမှတ်မထင်တွေ့ဆုံခဲ့ပြီး သူတို့ရဲ့တွေ့ဆုံမှုက အစမကောင်းခဲ့ဘူး။ နောက်မှ သေချာတွေ့ဖြစ်ကြပြီး တစ်ယောက်ကို တစ်ယောက်ချစ်ခင်စုံမက်သွားကြတယ်။ ဒါပေမဲ့ ဘဝဆိုတာ အဲဒီ လောက်လည်း ဘယ်လွယ်ကူမလဲဗျာ။ ဂျော့ရှ်အဖိုးဆီကနေ ငွေတွေ ခွာယူနေတဲ့ ဗီလိန်ရှေ့နေကြီးနဲ့ သူ့သမီးကလည်းမင်းသားနဲ့မင်းသမီးရဲ့ ချစ်ခြင်းကို အမျိုးမျိုးဝင်နှောက်ကြသေးတာပေါ့။ အဆုံးမှာတော့ မထင် မှတ်ထားတဲ့အလှည့်အပြောင်းတွေဖြစ်ပြီး ဘယ်လိုဇာတ်သိမ်းသွားမလဲ ဆိုတာတော့ ကိုယ်တိုင်ပဲ ဆက်လက်ကြည့်ရှုခံစားကြည့်ကြပါ။ ခရင့်ချ် ဖြစ်တဲ့ အချစ်ဇာတ်လမ်းတွေ ကြိုက်တဲ့သူတွေဆိုရင်တော့ ဒီရုပ်ရှင် လက်မလွှတ်တန်းကြည့်သင့်ပါတယ်လို့အကြံပေးပါရစေခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်) File Size……….(1.46 GB) / (958 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 48Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Romance Translator…….Thetti Tun Encoder……….SWM

5.5 2023 90 mins
Key to Love
Strange Wilderness
5.2

Strange Wilderness (2008) ==================== ဒီတစ်ခါတော့ ကျွန်တော်တို့ ၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဟာသ ကားလေးကို ပြန်ကြည့်လိုက်ရအောင်ဗျာ။ သူ့ရဲ့ဟာသတွေက အညှီအနှောက်တွေမပါဘဲ တွေးတွေးပြီးရယ်ရမဲ့ ပြက်လုံးလေး တွေ သုံးထားတယ်။ ပြီးတော့ တောရိုင်းတိရစ္ဆာန်လေးတွေအ ကြောင်းလည်း ပါသေးတာမို့ ကလေးရော လူကြီးပါမကျန် ကြည့် ရှုလို့ရမဲ့ ဇာတ်လမ်းတစ်ခုပါပဲ။ ဇာတ်လမ်းအညွှန်း – ပီတာကတော့ တောရိုင်းတိရစ္ဆာန်တွေရဲ့ သဘာဝတွေကို ရိုက်ကူး တင်ဆက်ပေးနေတဲ့ Strange Wilderness ဆိုတဲ့ တီဗွီအစီအစဉ်က အစီအစဉ်တင်ဆက်သူတစ်ယောက်ပါ။ သူ့ရဲ့ဖခင် တင်ဆက်စဉ်က တော့ အစီအစဉ်က အရမ်းကိုအောင်မြင်ခဲ့ပြီး ရွှေခေတ်ဖြစ်ခဲ့တယ် လို့တောင် ဆိုလို့ရပါတယ်။ ဖခင်ဆုံးပါးသွားပြီး သူ့လက်ထက်မှာတော့ ပေါချာချာ plot တွေကြောင့် ကြည့်ရှုနှုန်းတွေလည်း ကျလာခဲ့ပါပြီ။ ကြည့်ရှုနှုန်းကျဆို သူ့အဖွဲ့သားတွေကိုလည်း ကြည့်ဦးလေ။ ၂၄ နာရီလုံး ဆေးကွဲနေတဲ့ကောင်ရယ်၊ အရက်နဲ့ မျက်နှာသစ်တဲ့ကောင်ရယ်၊ အသံ ဖမ်းပါဆို စကားချည်းဝင်ပြောနေတဲ့ကောင်ရယ်၊ တလွဲ plot တွေချည်း ရေးပေးတဲ့ ဇာတ်ညွှန်းရေးဆရာရယ် ဒီလို ဇော်တွေချည်း စုနေမှတော့ တွေးသာကြည့်ကြပါတော့။ ဒီလိုနဲ့ ဂယောက်ဂယက်တွေဖြစ်နေတဲ့ ပီတာတို့အဖွဲ့ကို ထုတ်လုပ်သူက အစီအစဉ်ဖျက်သိမ်းတော့မဲ့အကြောင်း ခေါ်ပြောလာတဲ့အချိန်မှာတော့ ဆက်ပြီးတင်ဆက်ခွင့်ရဖို့ တောတွင်းစွန့်စားခန်းတစ်ခု ထွက်ကြရပါတော့ တယ်။ သူတို့ တင်ဆက်မဲ့ အစီအစဉ်က လူဝံကိုရှာဖွေခြင်း တဲ့။ ကဲ ရှုစား လိုက်ကြပါဦးဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size……….(2.07 GB) / (766 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 27Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Adventure, Comedy Translator……May Thet Khine Soe Encoder……….Zin Phyo Aung

5.2 2008 87 mins
Strange Wilderness
The Tunnel
5.8

ဒီတစ်ခါတင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့ Imdb 5.8ရရှိထားတဲ့ The Tunnelဆိုတဲ့ Horror, Thriller ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ Natasha Warnerဟာ Sydneyမြို့မှာနေတဲ့ သတင်းထောက်တစ်ယောက်ပါ။ တစ်နေ့မှာ အစိုးရဟာ Sydneyမြို့ရဲ့ မြေအောက်ဥမင်တွေအတွက် စီမံကိန်းတွေဆွဲပြီး လုပ်ဆောင်ချက်တွေကြေငြာပြီးမှ အမျိုးအမည်မသိအကြောင်းတစ်ခုခုကြောင့် ထိုအစီအစဉ်တွေအားလုံးကို ချက်ခြင်းဖျက်သိမ်းခဲ့ပါတယ်။ အစိုးရဟာ ဘာကြောင့်အဲဒီလိုလုပ်ခဲ့လဲဆိုတာကို Natashaဟာ အရမ်းသိချင်တဲ့အတွက် သူမရဲ့ အဖွဲ့နဲ့အတူတူ မြေအောက်ဥမင်တွေထဲကို အရဲစွန့်သွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဘာအကြောင်းကြောင့် အစိုးရဟာ ထိုအစီအစဉ်တွေဖျက်သိမ်းခဲ့သလဲ၊ Natashaတို့ရော မြေအောက်ဥမင်တွေထဲမှာ ဘာတွေနဲ့တွေ့ရမလဲဆိုတာကို ထိတ်လန့်ဖွယ်ရာရိုက်ကူးထားတဲ့ ကားကောင်းတစ်ကားဖြစ်သောကြောင့် Horror, Thriller fanတွေ လက်မလွှတ်တမ်းကြည့်သင့်‌ကြောင်းပြောလိုက်ရပါတယ်ခင်ဗျာ Translated by Yurnero File size…(1.6 GB)/(877 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre… Horror, Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Yurnero

5.8 2011
The Tunnel
Aporia
5.3

Aporia (2023) ဆိုဖီဟာ ခင်ပွန်းဖြစ်သူ မယ်လ်ကို ယာဉ်တိုက်မှုဖြစ်စဉ်အတွင်း ဆုံးရှုံးထားရပြီးနောက်ပိုင်းမှာ သမီးလေး ရိုင်လီနဲ့ သူဟာ ဦးတည်ရာမဲ့ စိတ်လေလွင့်နေခဲ့ကြပါတယ်။ အမေနဲ့ သမီး အစေးမကပ် နေ့ရက်တွေကို ဖြစ်သလို ဖြတ်သန်းနေကြရင်းက မယ့်လ် သူငယ်ချင်း ဂျဘီးယားက ဆိုဖီိ့ကို သူနဲ့ မယ်လ် တီထွင်ထားတဲ့ အချိန်သွားခရီးစက်ကို ပြသပါတော့တယ်။ အချိန်သွားခရီးစက်ဆိုတာထက် ဒီစက်ဟာ အတိတ်က လူတွေကို သတ်ပစ်နိုင်တဲ့စက်ပေါ့… ဆိုဖီဟာ ချက်ချင်းဆိုသလို ဒီစက်ကိုအသုံးပြုပြီး မယ့်လ်ကို ပြန်ခေါ်ခဲ့ပါတယ်…. ဒါပေမယ့် အကြောင်းကြောင့် အကျိုး… အရာရာတိုင်းဟာ ဆက်စပ်မှုတွေ ရှိနေစမြဲပါ… ဒီစက်ကို အသုံးပြုလိုက်တဲ့အတွက်ကြောင့် ဘာတွေ ဖြစ်လာသလဲ… မယ်လ်တစ်ယောက်ပဲ ပြန်လာတာလား…. ဒီလူတစ်ယောက်ကနေ ဘာတွေ ဆင့်ပွားဖြစ်လာခဲ့သလဲ… မယ်လ်ကရော ဆိုဖီသိတဲ့ မယ်လဲပဲလားဆိုတာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်… Timelineeနဲ့ ပက်သက်တဲ့ ဇာတ်လမ်းတွေကို ကြည့်ရှုရတာ ကြိုက်နှစ်သက်တယ်ဆိုရင် ဒိကားကို ကြည့်ရှုဖို့ လုံးဝ recommend ပေးပါတယ်ခင်ဗျ အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။ Genre….. Drama, Sci-fi Quality…. 1080p | 720p File size…1.6GB | 849MB Format… mp4 Duration…. 1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Tun Aung Kyaw Encoder ….. Aaron

Drama • Crime • Mystery • Thriller
5.3 2023
Aporia
Tebus

Tebus (2023) အန်နဟာ မီဒီယာတွေပေါ်မှာတော့ အရာရာပြည့်စုံပြီး ဆိုးသွမ်းနေတဲ့ ဆူချီလက်၀တ်ရတနာရဲ့ ဆက်ခံသူသူ‌ဌေးသမီးတစ်ဦးပေါ့။ ဒါပေမယ့်အဖေအရင်း ဆုံးပြီးတဲ့နောက်မှာ မပျော်မရွှင်နေနေရတဲ့အန်နရဲ့အဖြစ်ကို ဘယ်သူမှမသိကြပါဘူး။ အန်န့အဖေရဲ့ သူငယ်ချင်းလည်းဖြစ် လုပ်ဖော်ကိုင်ဖက်လည်းဖြစ်တဲ့ ဘာကာက အန်န့အဖေဆုံးပြီးတဲ့နောက် ဆူချီလုပ်ငန်းကို ဦးစီးလိုက်ပြီး အန်န့အမေနဲ့လက်ထပ်ကာ အန်နရဲ့အဖေအသစ်ဖြစ်လာပါတော့တယ်။ သူက ဂရုစိုက်တဲ့အဖေအဖြစ် ကြင်နာတတ်တဲ့ခင်ပွန်းကောင်းအဖြစ်နေနေပေမယ့် ထက်မြတ်တဲ့အန်နကသာ အဲ့မျက်နှာဖုံးအောက်မှာဘာရှိလဲ သိနေခဲ့ပါတယ်။ အန်န့အမေဟာလည်း ဘာကာရဲ့အယုံသွင်းခြင်းခံထားရတာမို့ အန်နပြောတာတွေလည်းနားမထောင်ပေးတော့ပါဘူး။ ဆူချီလက်၀တ်ရတနာဆိုင်တစ်ခုရဲ့ အရည်အချင်းရှိတဲ့လုံခြုံရေး၀န်ထမ်း ဂျိုဟန်ဟာ အကြောင်းကြောင်းကြောင့် အန်နရဲ့ကိုယ်ရံတော်တစ်ယောက်ဖြစ်လာပါတယ်။ ဂျိုဟန်ရဲ့ ညီလေးက နှလုံးမှာစက်တပ်ထားရပြီး နှလုံးအစားထိုးမခွဲစိတ်ရရင် နှစ်ပတ်အတွင်းသေဆုံးတော့မှာဖြစ်ပါတယ်။ ညီလေးအတွက် ဘယ်လိုအခွင့်အရေးမျိုးကိုမဆို အရယူမယ့် ဂျိုဟန် နဲ့ ပထွေးကို ရင်ဆိုင်တိုက်ခိုက်ရမယ့် အန်နတို့ နောက်ဆုံးမှာ ဘယ်လိုအဆုံးသတ်ကြမလဲဆိုတာကို စိတ်လှုပ်ရှားစရာအက်ရှင်ဇာတ်၀င်ခန်းတွေနဲ့ အတူ ဂျိုဟန်ရဲ့ညီလေးအပေါ်မေတ္တာကို ကြည်နူးဖွယ်ကောင်းစွာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ Genre….. Action Quality…. 1080p | 720p File size… 1.9GB | 902MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Jane Encoder ….. Aaron

0 2023
Tebus
A Walk in the Woods
6.4

ခုတစ်ခါမှာတော့ စိတ်ရှုပ်စရာ လူမှုဘဝကနေ စွန့်ထွက်ပြီး အက်ပလန်ချန်တောင်ပေါ် ခြေဆန့်ကြသူနှစ်ဦးရဲ့ ဟာသဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ် 2015 က ထွက်ရှိခဲ့ပြီး Robert Redford ၊ Nick Nolte ၊ Emma Thompson တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ စာကောင်းသာ ရေးတတ်ပေမဲ့ စကားအပြောအဆို မတတ်လှတဲ့ စာရေးဆရာတစ်ယောက် တစ်ရက်မှာတော့ သူ့ပတ်ဝန်းကျင်ကို ငြီးငွေ့ပြီး သဘာဝသို့ တစ်ကိုယ်တော် ခြေဆန့်ဖို့ပြင်ပါတယ် ဒါပေမဲ့ မိန်းမက ခွင့်မပြုတော့ နီးစပ်ရာ အဖော်လိုက်စပ်ရာကငယ်စဉ်က တွဲဖက်ကျော် ကတ်ဇ် ဆိုသူတစ်ဦးသာ သူ့နောက်လိုက်ဖို့ ပေါ်လာပါတယ် ငယ်စဉ်က ကတောက်ကဆတွေရှိခဲ့ပေမဲ့ နှစ် ၄၀ ကြာပြီးမှ ဖြစ်ခဲ့သမျှကို ပြည်ဖုံးကား ကာချပြီး အက်ပလန်ချန်ခရီးစဉ်ကို အတူစတင်ကြပါတော့တယ်။ အတွင်းသိသူငယ်ချင်း နှစ်ဦးသား ငယ်ကျိုးငယ်နာဖော်ရင်း လမ်းတစ်လျှောက်မှာ အခက်အခဲ‌ပေါင်းစုံကျော်ဖြတ်ရင်းက မိတ်ဆွေစစ်နဲ့ ဘဝရဲ့အရေးကြီးတဲ့အရာတွေကို ဘယ်လိုပြန်ရှာဖွေနိုင်မလဲဆိုတာကို ဇာတ်လမ်းလေးကိုကြည့်ပြီး ဝေဖန်ခံစားလိုက်ပါ။ File size… 2.3 GB / 742 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 43m Genre ….. Comedy/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Nwe Hnin Thazin

6.4 2015
A Walk in the Woods
22 Bullets
6.6

ဒီရုပ်ရှင်ကတော့ တကယ့်လက်တွေ့ဘဝမှာရှိခဲ့တဲ့ ကျည်ဆံ၂၂တောင့်ထိသော်လည်း အသက်မပျောက်ခဲ့သူ ပြင်သစ်မာဖီးယားဂိုဏ်းခေါင်းဆောင်တစ်ယောက်အကြောင်းကို အခြေပြုပြီးရိုက်ကူးထားတာပါ…။ လက်တွေ့ဘဝမှာဆိုရင် “Jacky Imbert”၊ ရုပ်ရှင်ထဲမှာဆိုရင်တော့ “ချာလီမာတီ”ဆိုသူဟာ ပြင်သစ်ပြည်၊ မာစီလီမြို့မှာ အုပ်စိုးနေတဲ့ ဂိုဏ်းခေါင်းဆောင်တစ်ယောက်ပါ။ တစ်နေ့သူဟာ ကားပါကင်တစ်ခုမှာ ကားရပ်ရင်း ရန်သူတွေရဲ့ ပစ်ခတ်လုပ်ကြံတာခံရပါတယ်။ ခန္ဓာကိုယ်ထဲကို ကျည်ဆံ ၂၂တောင့်ဝင်သွားပေမယ့် ကံကောင်းချင်တော့ အသက်မသေခဲ့ပါဘူး…။ ဒီလိုနဲ့ ဆေးရုံကနေ ဆင်းလာပြီးနောက် သူ့ကိုလုပ်ကြံတဲ့သူတွေဟာ ဘယ်သူတွေမှန်းသိအောင်ရှာကာ တစ်ယောက်ချင်းစီလက်စားချေဖို့ကြံပါတော့တယ်။ မင်းသားကြီး Jean Renoက အဓိကသရုပ်ဆောင်အဖြစ် ပီပီပြင်ပြင်သရုပ်ဆောင်ထားပြီ ရာဇဝတ်ကားတွေ၊ လက်စားချေကားတွေမှကြည့်ချင်သူတွေ အကြိုက်တွေ့မယ့် ကားလေးတစ်ကားလည်းဖြစ်ပါတယ်…။ File size…2.17GB / 1.03GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 57m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Thriller • Horror
6.6 2010
22 Bullets
Do the Right Thing
8

IMDb 8/10, RT 92% ရရှိထားတဲ့ Comedy/Drama ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Cannes ရုပ်ရှင်ပွဲတော်က ဆုအပါအဝင် ဆုပေါင်း ၂၁ ဆုနဲ့ အော်စကာမှာလည်း nomination ဝင်ခဲ့တဲ့ ဒီ ဇာတ်ကားထဲမှာ ဒါရိုက်တာဖြစ်သူ Spike Lee က မူကီအဖြစ် ကိုယ်တိုင်ပါဝင်ထားတဲ့အပြင် ဆုံးပါးသွားပြီဖြစ်တဲ့ မင်းသားကြီး Danny Aiello ကလည်း ပါဝင်သရုပ်ဆောင်ထားတာပါ။ ဘရွတ်ကလင်းက လူမည်းအများစု နေထိုင်တဲ့ ရပ်ကွက်လေးတစ်ခုမှာ အမေရိကန်-အီတလီ လူဖြူဖြစ်သူ ဆယ်လ်က သားနှစ်ယောက်နဲ့အတူ ပီဇာဆိုင်လေးဖွင့်ထားပါတယ်။ သူတို့လူမျိုးတူတွေရှိတဲ့ရပ်ကွက်မှာ သွားဖွင့်လို့ရပေမဲ့ တခြားပီဇာဆိုင်တွေ ရှိနှင့်နေပြီးတာမို့ လူမည်းတွေရှိတဲ့ ရပ်ကွက်ထဲ ဖွင့်ထားခဲ့တာဖြစ်ပြီး ခေတ်အဆက်ဆက်က လူမည်းတွေကပဲ သူ့ဆိုင်ကို အားပေးလာခဲ့ကြတာပါ။ သူ့ဆိုင်မှာ သူ့သားနှစ်ယောက်အပြင် မူကီဆိုတဲ့ လူမည်းကောင်လေးကိုလည်း ပီဇာ‌တွေ လိုက်ပို့ဖို့ ခန့်ထားပါသေးတယ်။ မူက ကတော့ သူ့သားအကြီးကောင်နဲ့ သိပ်မတည့်လှဘဲ အငယ်ကောင်နဲ့ပဲ တပူးတတွဲတွဲရှိသူဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ သူတို့ရဲ့ပီဇာဆိုင်မှာ စားနေကျ မူကီ့ရဲ့သူငယ်ချင်းဖြစ်သူက ခါတိုင်းလိုပဲ ပီဇာလာစားရာက နံရံမှာချိတ်ထားတဲ့ ပုံတွေကိုကြည့်ပြီး ဘာလို့ သူတို့ လူမျိုး (လူမည်း)တွေရဲ့ပုံကျ မချိတ်ဘဲ လူဖြူပုံတွေချည်း ချိတ်ထားတာလဲလို့ အစချီပြီး ပြောရာကနေ နှစ်ဖက် အချေအတင်ဖြစ်ခဲ့ပါတော့တယ်။ လူဖြူ၊ လူမည်းလို့ ဆိုလိုက်ရင်ကို အစကတည်းက လူမျိုးရေးခွဲခြားမှုနဲ့ အငြိုးအတေးတွေက ဒွန်တွဲပါတတ်တာမို့ နှစ်ကာလကြာ အတူယှဉ်တွဲနေထိုင်ခဲ့တဲ့ သူတို့ရဲ့ဆက်ဆံရေးမှာ ဘယ်လိုတွေ သက်ရောက်မှုဖြစ်ပေါ်လာနိုင်မလဲဆိုတာနဲ့ အဲဒီပဋိပက္ခတွေကို ဖြေရှင်းနိုင်မလားဆိုတာကိုတော့.. ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ။) File size…(2.8 GB)/(1.6 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:00:00 Genre… Comedy,Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily

8 1989 120 mins
Do the Right Thing
Blue Giant
7.9

BLUE GIANT (2023) ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ၂၀၂၃ က ထွက်ရှိထားပြီး imdb 7.9 ရရှိထားတဲ့ Anime ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ “ကမ္ဘာ့နံပါတ်စ် ဂျက်ဇ်ပညာရှင်ဖြစ်လာဖို့” ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တိုကျိုမြို့ဆီ ရောက်လာခဲ့တဲ့ ကောင်လေး။ Dai ဆိုတဲ့ အထက်တန်းကျောင်းသားလေးက ဂျက်ဇ်ကို စိတ်ဝင်စားတည်းက မိုးရွာရွာ နေပူပူ saxophone ကိုပဲ မနားမနေ လေ့ကျင့်ပါတော့တယ်။ ဒီလိုနဲ့ တိုကျိုကို ရောက်လာပြီးနောက်မှာ အရည်အချင်းရှိတဲ့ စန္ဒရားတီးသမား Yukinori, သူငယ်ချင်း Shanji တို့နဲ့အတူ ဂျက်ဇ်တီးဝိုင်းကို တည်ထောင်ခဲ့ပြန်ပါတယ်။ ၃ ယောက်သား တိုကျိုမြို့က စားသောက်ဆိုင်တွေမှာ ဖျော်ဖြေရင်း စစ်မှန်တဲ့ဂျက်ဇ်ကို ဖန်တီးဖို့ဆိုတဲ့ ခံယူချက်၊ ကမ္ဘာ့နံပါတ်တစ်ဖြစ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်မယ့်ပုံကို ကြည့်ရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Myat ဖြစ်ပါတယ်) Genre….. Animation, Drama, Music Quality…. 1080p WEB-DL | 720p WEB-DL File size… 1.28GB | 737MB Format… mp4 Duration…. 2h Subtitle…. Myanmar Subtitle (Hardsub) Translator ….. Su Myat Encoder ….. Aaron

7.9 2023
Blue Giant
Winner
6.2

Winner (2024) IMDb Rating (6.2) ဇာတ်ကားက အမေရိကန်လေတပ်ရဲ့ ဘာသာပြန်နဲ့ စကားပြန် ရီရယ်လတီ *ဝင်နာ* (Reality Winner) ရဲ့ ဖြစ်ရပ်မှန်အကြောင်းအရာကို အခြေခံထားတဲ့ ဇာတ်ကားပါ။ *ဝင်နာ* က အမေရိကန် လေတပ်တပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး၊ အမေရိကန်အစိုးရအတွက် စာချုပ်ချုပ်ဆိုထားတဲ့ဝန်ထမ်းအဖြစ် လုပ်ကိုင်နေစဉ်မှာ ရုရှားနိုင်ငံက ၂၀၁၆ အမေရိကန်ရွေးကောက်ပွဲတွေကို ဝင်ရောက်စွက်ဖက်ဖို့ ကြိုးပမ်းမှုရှိကြောင်းကို ဖော်ထုတ်ထားတဲ့ လျှို့ဝှက်အစီရင်ခံစာတစ်စောင် ရှိကြောင်းကို တွေ့ရှိခဲ့ပါတယ်။ အမေရိကားက မဲပေးတဲ့အွန်လိုင်းစနစ်နဲ့ စက်ပစ္စည်းတွေကို ရုရှားက ဟက်ခ်လုပ်ဖို့ ကြိုးပမ်းခဲ့တာပါ။ ဒါပေမဲ့ မဲအရေအတွက် ဘယ်လောက်များများ ရုရှားက ပြောင်းလဲပစ်နိုင်သလဲဆိုတဲ့အပေါ်မှာတော့ သက်သေမပြနိုင်ခဲ့ပါဘူး။ အမျိုးသားလုံခြုံရေးဆိုင်ရာ ဒီလို လျှို့ဝှက်ချက်ကြီးကြီးမားမားကို ထိန်းသိမ်းထားဖို့ စည်းကမ်းတွေ ကျမ်းသစ္စာ‌တွေရှိနေပေမဲ့ *ဝင်နာ* က ပြည်သူတွေအနေနဲ့ အမှန်တရားကို သိနိုင်ခွင့်ရှိရမယ်ဆိုတဲ့ စိတ်ကူးနဲ့အတူ အဲဒီစာရွက်စာတမ်းကို မီဒီယာတွေဆီ ဖော်ကောင်လုပ်လိုက်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ဒီလုပ်ရပ်ဟာ သူ့အတွက် အန္တရာယ်ကျရောက်စေတဲ့ အရာတစ်ခုဖြစ်လာပါတယ်။ FBI အဖွဲ့ဟာ ပေါက်ကြားသွားတဲ့ အချက်အလက်တွေဟာ *ဝင်နာ* ရဲ့ လက်ချက်ဖြစ်ကြောင်း ဖော်ထုတ်နိုင်ပြီး မြန်ဆန်စွာ ဖမ်းဆီးရမိခဲ့ပါတယ်။ သူ့ရဲ့ ကြိုးစားမှုတွေကို အစိုးရက အက်စပွန့်နေ့ခ်ျအက်ဥပဒေ (အသံလွှင့်မှုဆိုင်ရာဥပဒေ) နဲ့ ပြစ်မှုစွဲတင်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ Reality Winner အဖြစ် Emillia Jones က သရုပ်‌ဆောင်ထားပါတယ်။ Kathryn Newton ကလည်း Reality ရဲ့ အစ်မအဖြစ် လုပ်ခွင့်ရသလောက် ဇာတ်ကွက်လေးတွေမှာ တာဝန်ကျေခဲ့ပါတယ်။ ဇာတ်ကားအဆုံးမှာ ဖြစ်ရပ်မှန်ထဲက လူအစစ်တွေရဲ့ ဓာတ်ပုံများပါ ထည့်ပေးထားလို့ ဗဟုသုတ ရစရာပါ။ ဒီတော့ ဒီမိုကရေစီဘိုးအေကြီးဖြစ်တဲ့ အမေရိကားမှာတောင် အစိုးရက သူမပြောချင်တဲ့အရာကို လျှာရှည်ပြီး ဖော်ကောင်လုပ်တဲ့သူကို ဘယ်လိုများ အငြိုးတကြီး လက်စားချေလိုက်သလဲဆိုတာကို သံဝေဂရစရာ ကြည့်ရှုရမှာဖြစ်ကြောင်းပါဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Arr Khun Winchester ပဲဖြစ်ပါတယ်) File size…(2.1 GB) / (880 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:44:32 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Arr Khun Winchester

6.2 2024 103 mins
Winner
Street Fighter: The Legend of Chun-Li
3.7

Street Fighter The Legend of Chun-Li (2009) Street Fighter ဂိမ်းကို ရုပ်ရှင်တွေ၊ Animation Movie တွေအဖြစ် များစွာအသက်သွင်းခဲ့တဲ့ ဇာတ်ကားတွေထဲမှာမှ ဒီဇာတ်ကားက ပရိသတ်အချစ်တော် ချွန်းလီရဲ့ဒဏ္ဍာရီကို တင်ဆက်ထားတာဖြစ်ပါတယ်။ ချွန်းလီဖခင်ရဲ့အိပ်မက်ကတော့ သူ့သမီးလေးကို စန္ဒရားပညာရှင်တစ်ယောက်အဖြစ် ကြီးပြင်းအောင်မြင်စေချင်ခဲ့တာပဲဖြစ်ပါတယ်။ အောင်မြင်တဲ့စီးပွားရေးသမားတစ်ယောက်ဖြစ်တဲ့ ဖခင်ဖြစ်သူရဲ့ အလုပ်အကိုင်ကို ဂဃနဏမသိခဲ့ရဘဲ အိမ်ခဏခဏရွှေ့ပြောင်းနေရတာကိုပဲ ငယ်ရွယ်စဉ်ဘဝမှာ အမှတ်ရနေခဲ့ပါတယ်။ တစ်ရက်မှာတော့ ချွန်းလီရဲ့ဖခင်ကို ရှာဒါလောင်း ဒုစရိုက်အဖွဲ့အစည်းကြီးရဲ့ခေါင်းဆောင် ဘိုင်ဆန်က အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ဖခင်ကို ဖမ်းဆီးသွားရတဲ့ ရည်ရွယ်ချက်ကို မသိရှိခဲ့ရဘဲ မိခင်နဲ့အတူ ကြီးပြင်းခဲ့ရပြီး သူ့အဖေဖြစ်စေချင်တဲ့ စန္ဒရားပညာရှင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ရောဂါသည်မိခင်ဖြစ်သူကို ပြုစုရင်း ဘဝကို စန္ဒရားပညာရှင်အဖြစ် ဖြတ်သန်းနေတဲ့ ချွန်းလီရဲ့ဘဝထဲကို ရှေးဟောင်းတရုတ်စာတွေ ရေးသားထားတဲ့ ထူးခြားတဲ့စာလိပ်တစ်ခု ရောက်လာခဲ့ပါတယ်။ မိခင်ဖြစ်သူ ဆုံးပါးပြီးနောက် ဘဝရည်မှန်းချက်တွေ ပျောက်ဆုံးနေတဲ့ချွန်းလီအတွက် အဆိုပါစာလိပ်ရဲ့ ပဟေဠိကို စူးစမ်းရှာဖွေဖို့ ဖြစ်လာခဲ့ပါတယ်။ အဆိုပါစာလိပ်ကို ကုဒ်ဖော်ပေးမယ့် တရုတ်အမျိုးသမီးကြီးတစ်ဦးနဲ့ တွေ့ခဲ့ပြီးတော့ သူ့ရဲ့ကံကြမ္မာအရ ဘန်ကောက်ကိုသွားပြီး ပင့်ကူအိမ်အဖွဲ့ရဲ့ခေါင်းဆောင် ဂန်ကို ရှာဖွေဖို့ သူ့ကို စေလွှတ်ခဲ့ပါတယ်။ သူ့ရဲ့ဘဝဟောင်းကို စွန့်ခွာပြီး ဘန်ကောက်မှာ ရရာခိုကပ်စားသောက်ရင်းနဲ့ပဲ ဂန်ဆိုတဲ့သူကို နေဝင်နေထွက် ရှာဖွေနေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဘန်ကောက်လမ်းသရဲတွေနဲ့ ခိုက်ရန်ဖြစ်ပွားပြီး သတိမေ့နေခဲ့တဲ့ ချွန်းလီကို လူတစ်ယောက်က ကယ်ဆယ်သွားခဲ့ပါတယ်။ အဆိုပါသူဟာ ချွန်းလီအရမ်းတွေ့ချင်နေသူဖြစ်တဲ့ ပင့်ကူအိမ်အဖွဲ့ရဲ့ခေါင်းဆောင် ဂန် ဖြစ်နေပြီး သူ့အဖေ ဘယ်မှာရှိတယ်ဆိုတာကို သိကြောင်း ပြောပြခဲ့ပါတယ်။ သူ့အဖေကို ချက်ချင်းကယ်ဆယ်ချင်နေတဲ့ ချွန်းလီကို သူရင်ဆိုင်ရမယ့် ရှာဒါလောင်းအဖွဲ့အစည်းအကြောင်းကို ခရေစေ့တွင်းကျ ရှင်းပြခဲ့ပါတယ်။ ဖခင်နဲ့အတူ ဝူရှူးသိုင်းပညာကို သင်ကြားဖူးခဲ့တဲ့ ချွန်းလီဟာ ဂန့်ရဲ့တပည့်အဖြစ် ခံယူပြီး ဘိုင်ဆန်ကို ရင်ဆိုင်နိုင်တဲ့ အထိ လေ့ကျင့်ခဲ့ရပါတယ်။ သာမန်စန္ဒရားပညာရှင်လေးဘဝကနေ ကျော်ကြားတဲ့ Street Fighter ချွန်းလီ အဖြစ်သို့ ကူးပြောင်းလာပုံများကို ပရိသတ်ကြီးအနေနဲ့ ရှုစားရမှာဖြစ်ပါတယ်။ File size… 2 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 36m Genre ….. Action/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Sai Sumali

Action • Science Fiction • Adventure • Comedy • Family
3.7 1900 97 mins
Street Fighter: The Legend of Chun-Li
Dying Young
6.6

Dying Young (1991) IMDB : 6.6 Genre : Romance / Drama 90’s Romance ရုပ်ရှင်လို့ပြောလိုက်ရင် Julia Roberts ကို ပြေးမြင်မိကြမှာသေချာပါတယ်။ Notting Hill နဲ့ Pretty Woman လိုမျိုး Romance ရုပ်ရှင်တွေနဲ့ လူသိများတဲ့ Julia Roberts ဟာ Dying Young ရုပ်ရှင်မှာလည်း အသက်က ၂၄ ပဲရှိသေးတာကြောင့် ငယ်မူသွေးကြွပြီး အလှကြီးလှနေတာကို မြင်ရမှာပါ။ ဒါပေမဲ့ ဒီကားက အလှအပဦးစားပေးတဲ့ကားမဟုတ်ပြန်ဘူး။ ဒီကားက ဝမ်းနည်းဖို့ကောင်းသလို၊ ကြည်နူးဖို့လည်းကောင်းတယ်။ စိတ်တိုစရာကောင်းသလို၊ ပျော်ဖို့လည်းကောင်းနေပြန်တယ်။ ပြန်တွေးကြည့်လိုက်ရင် ဒီလိုမျိုးခံစားချက်က တစ်ယောက်ယောက်ကို ချစ်မိမှဖြစ်တဲ့ခံစားချက်မျိုးပါ။ ဒီရုပ်ရှင်က ကြည့်တဲ့လူကို အဲလိုမျိုးခံစားချက်ပေးပါလိမ့်မယ်။ ဒီကားပြန်နေတုန်း ကောင်မလေးနဲ့ရန်ဖြစ်ထားတော့ “အရမ်းကောင်းတယ်၊ မျက်တောင်တုတောင်ကျွတ်တယ်” ဖြစ်သွားခဲ့ပါသေးတယ်ခင်ဗျာ။ ဇာတ်ညွှန်း ဟေလာရီအိုနီးလ်ဟာ လတ်တလောမှ ကောင်လေးရဲ့ဖောက်ပြန်ခြင်းကိုခံခဲ့ရတဲ့လူဖြစ်ပါတယ်။ အိမ်မှာကပ်နေတော့ အမေကလည်း မျက်နှာသာသိပ်မပေးပါဘူး။ ဒီလိုနဲ့ လမ်းမှာတွေ့တဲ့ လက်ကမ်းကြေညာတစ်ခုမှာ အလုပ်လျှောက်ဖို့ ဂက်ဒက်စ်မိသားစုအိမ်ကိုသွားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ရှာနေတာက နာ့စ်၊ ဟေလာရီက နာ့စ်မဟုတ်ဘူး။ ဒီလိုနဲ့ ဟေလာရီကို အလုပ်မခန့်ဘူးပြောပေမဲ့ သူ့ကိုပြန်လာခေါ်ကာ အောက်ထပ်မှာတွေ့ချင်တဲ့လူတစ်ယောက်ရှိပါသတဲ့။ ထိုသူကတော့ ဗစ်တာ ဖြစ်ပြီး သွေးကင်ဆာဖြစ်တာ ၁၀ နှစ်ရှိပါပြီ။ နာ့စ်ကလည်း သူ့အတွက်ငှားတာဖြစ်တာမလို့ သူကိုယ်တိုင်ပဲ ဟေလာရီကိုပဲရွေးခဲ့ပါတယ်။ ဘာလို့ရွေးလဲသိကြမှာပါ နာ့စ်လည်းမဟုတ်ပါပဲနဲ့။ ဘာလို့လဲဆိုတော့ ဟေလာရီကလှတယ် နောက်တစ်ခုက အလုပ်လာလျှောက်တဲ့ထဲ အတိုဆုံးစကပ်ကိုဝတ်ထားတာကြောင့်ပါ။ နာ့စ်ကိစ္စတွေသိစရာမလိုဘူး၊ ဗစ်တာကိုပြုစုရုံပဲဆိုတော့ တစ်ပတ်ဒေါ်လာ ၄၀၀၊ ပိုက်ဆံအလွယ်ရတယ်ဆိုပြီး လက်ခံခဲ့ပေမဲ့ ကီမိုကုထုံးနဲ့ ကုသနေတဲ့ ဗစ်တာဟာ တစ်ခါလုပ်ပြီးတိုင်း Reaction တွေက ကြောက်ဖို့ကောင်းလောက်အောင်ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ဟေလာရီဟာ ဗစ်တာကို သနားသွားခဲ့ပြီး ဇာတ်လမ်းလေး ဘယ်လိုဆက်ဖြစ်မယ် ကြည့်လိုက်ကြပါခင်ဗျာ။ File size… 2 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 51m Genre ….. Romance/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Lucifer Maximoff

TV Movie
6.6 1991 111 mins
Dying Young