YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Ultimate Weapon Alice.2022.EP1.WEB-DL.720P(CM).mp4

208.8 MB N/A video/mp4 964 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Butch Cassidy and the Wild Bunch
8

အသစ်စက်စက်ထွက်ထားတဲ့ Butch Cassidy and the wild bunchဟာဆိုရင်ဖြင့် အရင် cowboy ခေတ်မှာဇာတ်လမ်းတည်ထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ကြည့်နေရင်းတန်းလန်းနဲ့တင်ပဲမသိရင် အရင်ခေတ်က ရိုက်ခဲ့တဲ့ ကားလို့တောင်ထင်ရလောက်အောင် ကောင်းလှတဲ့ကားဖြစ်ပါတယ်။ ဇာတ်လမ်းအသွားလေးကတော့ Butch Cassidy ဆိုတဲ့ လူလေးဟာ သူ့ရဲ့မိဘအိမ်ကိုအကြွေးလာသိမ်းမယ်ဆိုတာကို ကြားခဲ့ရပြီးတဲ့နောက်ပိုင်းမှာ ဘဏ်ကိုသူ့သူငယ်ချင်းနဲ့ဓားပြတိုက်ခဲ့တယ်။ နောက် ၅နှစ်လောက်ကြာတဲ့အခါမှာတော့ သူဟာနာမည်ကြီး ဓားပြတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ သူဓားပြတိုက်လိုက်တဲ့ ရထားက လက်မှတ်ဖြတ်တဲ့လူကိုရုတ်တရက်သတ်မိသွားရာကနေပြီးတော့ Pinkertons လို့ခေါ်တဲ့ အဖွဲ့က စုံထောက်တွေက သူ့ကိုလိုက်လံရှာဖွေရာကနေ ဘယ်လိုတွေဖြစ်သွားလဲဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ Butch Cassidyနေရာကိုတော့Ross Jirgl ကသရုပ်ဆောင်ထားတာဖြစ်ပြီးတော့ Charles Siringoနေရာမှာတော့ Jeffrey Combsက ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ် သင်ဟာ Actionကားတွေကိုကြိုက်နှစ်သက်တဲ့လူဆိုရင်တော့ဒီကားဟာကြည့်သင့်တဲ့ကားတစ်ကားပဲဖြစ်ပါတယ် File size…(802 MB)/(500 Mb) Quality….Webrip 720p / 480p Format…mp4 Duration….01:46:00 Genre...Western Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phyo Phill

Comedy
8 2023 106 mins
Butch Cassidy and the Wild Bunch
Fanfan
6.4

" ပြင်သစ်ကားတွေရဲ့ထုံးစံအတိုင်း မိသားစုနဲ့အတူ ကြည့်ရှူလို့ အဆင်မပြေနိုင်ပါခင်ဗျာ " ~ IMDb - 6.7/10, Rotten Tomatoes - 85% ~ ဒီရုပ်ရှင်ဟာ ပြင်သစ်ရုပ်ရှင်ကားဟောင်း၊ ကားကောင်းလေးတွေထဲမှာတော့ ရှေ့ဆုံးက ဦးဆောင်ခဲ့တဲ့ကားတစ်ကားပါပဲ။ အဓိကကတော့ ၂၀ ရာစုနှစ်ပြင်သစ်ရုပ်ရှင်ကားတွေကို ချုပ်ကိုင်ခဲ့တဲ့၊ ဂျိမ်းစ်ဘွန်းရုပ်ရှင်တွေမှာတောင် ပါဝင်ခဲ့တဲ့၊ ရုပ်ရှင်ဇာတ်လမ်းမကောင်းရင် ဘယ်တော့မှရိုက်လေ့ရိုက်ထမရှိတဲ့ ပြင်သစ်မင်းသမီး‌ချော Sophie Marceau ကြောင့်လို့လည်း ဆိုရမှာပဲဖြစ်ပါတယ်။ အ‌ဆိုပါပြင်သစ်မင်သမီးကြီးရဲ့ရိုက်ကူးခဲ့သမျှ ရုပ်ရှင်ကားတိုင်းဟာ ဇာတ်လမ်းဇာတ်ကွက်အလွန်ကောင်းလှသလို IMDb - 6.2/10 အထက်မှာပဲ အမြဲနေရာယူထားတာလည်းဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားလေးကတော့ တဖန်ပြန်လည် ‌ခေတ်ထနေတယ်လို့သိရပြီး ခေတ်ပြန်ထချင်ရလောက်အောင်ကို ဒီဖက်ခေတ်မှာလည်း ကြည့်လို့ကောင်းနေတဲ့ Romance ကားတစ်ကားဖြစ်လို့နေပါတယ်။ တစ်ခါတလေတော့ အချစ်ဆိုတာ ဘယ်လိုမျိူးလဲတောင် နားလည်ဖို့အလွန်ခက်ခဲလှပါတယ်။ ဒီရုပ်ရှင်ကားကို Comedy လို့ပါ အမျိုးအစားတပ်ထားပေမဲ့ ကျွန်တော်အနေနဲ့တော့ Comedy ဆန်တာတစ်ခုမှမ‌တွေ့ရဘဲ ဇာတ်ကောင်စရိုက်နိုင်လှတဲ့ သရုပ်ဆောင်တွေရဲ့ ဇာတ်ကောင်စရိုက်အားပြိုင်မှုတွေကြားမှာ အဆုံးထိကို မျောသွားရတဲ့ကားလေးပါ။ ဒီကားလေးကို ကြည့်ပြီးတဲ့အခါမှာတော့ ဖန်ဖန်ကို မုန်းသွားမလား၊ လောရက်ကိုပဲ သနားသွားမလား၊ အလက်ဇန်းဒါးလိုဇာတ်ကောင်မျိုးကိုပဲ ထရိုက်ချင်မလားကတော့ ခုရုပ်ရှင်ကားလေးထဲမှာ ရှုစားပေးလှည့်ပါဦး ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို San Thu Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 760MB Quality - 720p, 480p IMDb Rating - 6.7/10 Format - mp4 Duration - 1H 25Min Genre - Comedy, Romance Subtitle - Myanmar Subtitle (Hardsub) Translated by San Thu Aung Encoded by Y

Comedy • Crime • Drama
6.4 1993 89 mins
Fanfan
Suicide for Beginners
4.4

ကိုယ့်ကိုယ်ကို သေကြောင်းကြံရတော့မယ်ဆိုရင် ဘယ်လိုနည်းလမ်းက အကောင်းဆုံးဖြစ်မလဲ.. ဆေးတွေသောက်မလား.. ကြိုးဆွဲချမလား.. ဒါမှမဟုတ် ဘဝမှာမရှိမဖြစ်လိုအပ်တယ်ဆိုတဲ့အရာတစ်ခုခုကို သတ်ပစ်လိုက်ရင်း ကိုယ့်ဘဝပါ အတူလိုက်သေမလား.. ဒီဇာတ်ကားမှာတော့ အပေါ်ကပြောထားတဲ့ သတ်သေဖို့နည်းလမ်းတွေကို အလွဲအမျိုးမျိုးနဲ့ ကြိုးစားခဲ့တဲ့ ဇာတ်ကောင် Garrettကို တွေ့ရမှာပါ။ တစ်ဖက်သတ်ချစ်ရတဲ့ မီယာရဲ့ လျစ်လျူရှုမှုတွေကို suicideနည်းလမ်းနဲ့ ဖြေရှင်းဖို့ကြိုးစားရင်း မထင်မှတ်ဘဲ ထွက်ပေါက်မရှိအောင် ရှုပ်ထွေးလာတဲ့ ဇာတ်ရဲ့ အရှိန်ကောင်းတဲ့ အနိမ့်အမြင့်တွေကို တွေ့ရမှာလည်း ဖြစ်ပါတယ်။ ဇာတ်ကောင်ဖောင်းပွခြင်းမရှိဘဲ ရှိပြီးသား ဇာတ်ကောင်အနည်းငယ်နဲ့ Garrettတို့ကြားက ပြဿနာတွေ၊ twists and turnsတွေကို ရင်တမမနဲ့ ကြည့်ရမှာပါ.. Comedy, Horrorအမျိုးအစားဖြစ်တာကြောင့် စိတ်လှုပ်ရှားစရာ၊ ထိန်လန့်စရာ ဇာတ်ကြောင်းကို လေးပင်ဖျင်းတွဲမနေအောင် ဟာသမြောက်တဲ့ dialogueတွေ၊ ဇာတ်ကောင်တွေရဲ့ ဟန်ပန်တွေနဲ့ ထိန်းသွားတာဖြစ်ပါတယ်..။ ဒါကြောင့် pure horror မကြည့်ရဲသူတွေအတွက် အဆင်ပြေတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ Age ratingမပေးရသေးတာကြောင့် ကလေးငယ်များကို ပြသမယ်ဆိုရင်တော့ အုပ်ထိန်းသူများက အရင်သုံးသပ်စေလိုပါတယ်..။ ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Khu ပါ ) File Size__(1.7GB) / (800MB) Quality__WebDL_1080p, 720p IMDb Rating__5.6/10 Format__mp4 Duration__01:34:00 Type__Comedy, Horror Subtitle__Myanmar Subtitle (Hardsub) Translated by Khu Encoded by Naing Aung Latt

Action
4.4 2022 94 mins
Suicide for Beginners
Merry Little Batman
6.4

Merry Little Batman (2023) ~ IMDb – 6.4/10, Rotten Tomatoes – 94% ~ ခရစ္စမတ်အန်နီမေးရှင်း တစ်ကားလုံးအပြည့်ကောင်းကောင်းတန်းတန်းကားလည်း မကြည့်ရတာကြာပြီ… ဘတ်မန်းအန်နီမေးရှင်းကိုလည်း မြင်နေကျပုံစံမဟုတ်ဘဲ ပုံစံအသစ်နဲ့မြင်ချင်တယ်ဆိုရင်ကြည့်ရမယ့် ဘတ်မန်းအန်နီမေးရှင်းကားအသစ်ပါပဲ။ ဒီကားကိုတော့ ထူးထူးခြားခြား ဝါနာဘရားသားက မထုတ်ဘဲ Metro-Goldwyn-Mayer ကနေ ထုတ်ထားပါတယ်။ ပြောရရင် ဝါနာဘရားသားက ထုတ်တာမဟုတ်တဲ့ ပထမဆုံး ဒီစီအန်နီမေးရှင်းကားပါပဲ။ ဘတ်မန်းရဲ့နာမည်ကျော်ဗီလိန်တွေ အကုန်ပါသလို ခရစ္စမတ်အရသာလည်း အပြည့်အဝရတာမို့ သိပ်မလိုတော့တဲ့ ခရစ္စမတ်ကို စောင့်မျှော်ရင်း ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ ပြောရရင် ဒီရုပ်ရှင်ဟာ ခင်ဗျားငယ်ငယ်က ပုတက်တို့ ကစ်ဇုန်တို့ရဲ့ ခရစ္စမတ်အထူးထုတ်တွေမှာ ဖတ်ရတဲ့ ကာတွန်းတွေရဲ့အရသာကို ပေးနိုင်ပါတယ်။ ဇာတ်ကတော့ ထူးထူးခြားခြားပဲ။ ဂေါ်သမ်မြို့မှာ ဘာမှုခင်းမှမရှိတော့တဲ့ ကာလမှာတည်ထားတယ်။ ဂေါ်သမ်ဟာ ကမ္ဘာ့ဘေးအကင်းဆုံးမြို့တော်အဖြစ်ပါ မဲပေးခံခဲ့ရတဲ့ကာလပေါ့။ ဘတ်မန်းကလည်း သူ့သား ဒေမီယန်ဝိန်းလေးကို ဖူးဖူးမှုတ်မတက် အိမ်မှာ ဂရုစိုက်နေပြီး ရဲမင်းကြီးဂေါ်ဒွန်လည်း ဘတ်ဆစ်ဂနယ်ကို မဖွင့်ဖြစ်တာ နှစ်ပေါင်းတော်တော်ကြာနေပြီဖြစ်တဲ့ကာလပေါ့။ ဘာလို့ ဒီလိုဖြစ်သွားသလဲဆို ဘတ်မန်းဟာ သူ့သားကို သိပ်ချစ်လေတော့ သူ့သားကြီးပြင်းလာတဲ့အခါ သူ့မြို့က စိတ်ချရတဲ့မြို့ဖြစ်စေချင်လို့ အကုန်လုံးကို အိုဗာတိုင်ဆင်းပြီး ရှင်းထုတ်ပစ်ခဲ့တာပါပဲ။ အောင်မြင်ခဲ့ပါတယ်။ ဘတ်မန်းလည်း အလုပ်မရှိတာ ၈နှစ်လောက်ရှိပါတော့မယ်။ ဒေမီယန်ဝိန်းလေးကတော့ စူပါဟီးရိုးအရမ်းဖြစ်ချင်လွန်းလို့ ကျားကုတ်ကျားခဲ လေ့ကျင့်ပြီး ပြဿနာတွေပတ်ရှာနေခဲ့တယ်။ ဘတ်မန်းကလည်း သူ့သားကို ပိုစိတ်မချဖြစ်လာခဲ့တယ်။ ဒီလိုနဲ့ ခရစ္စမတ်အကြိုနေ့မှာ ဘတ်မန်းကို စူပါဗီလိန်တစ်ကောင်က ဂေါ်သမ်ကနေ မျှားခေါ်ထုတ်ပြီး ခရစ္စမတ်ကို ခိုးဖို့လုပ်တယ်။ ဂေါ်သမ်မြို့ကြီးမှာ ကျန်ခဲ့တဲ့ ဒေမီယန်က သူ့အဖေအစား ခရစ္စမတ်ကို ခိုးတော့မယ့် စူပါဗီလိန်တွေကို တားနိုင်မလား ကြည့်ကြရမှာပေါ့။ ဒီအန်နီမေးရှင်းကို နှစ်ပေါင်းများစွာကြာပြီးမှ မှုခင်းတွေပြန်ဖြစ်လာလို့ ထိတ်လန့်နေတဲ့ ဂေါ်သမ်မြို့သားတွေနဲ့ စူပါဟီးရိုးဖြစ်ချင်နေတဲ့ ဒေမီယန်နဲ့ စူပါဗီလိန်တွေကြားက အုတ်အော်သောင်းနင်းအဖြစ်တွေကို ဟာသနှောပြီး တင်ဆက်ထားတယ်။ နောက် ခရစ္စမတ်ရဲ့ အရသာကိုရောပေါ့။ ခရစ္စမတ်အတွက် ကျိန်းသေကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ ဘတ်မန်းအဖြစ် Luke Wilson တို့၊ အဲဖရက်အဖြစ် James Cromwell တို့လို နာမည်ရှိ သရုပ်ဆောင်တွေက အသံသရုပ်ဆောင်ပေးထားပြီး ထွက်ခဲ့တဲ့ ဘတ်မန်းကားတွေကိုလည်း Tribute ထားပါတယ်။ တော်တော်လေး ဖောင်းထုခံခဲ့ရတဲ့ ဂျော့ကလူးနီရဲ့ Batman & Robin ကိုတော့ ခဏခဏ Tribute ထားတာကိုလည်း မြင်နိုင်ပါတယ်။ သိသလောက်ဆို ဒါပထမဆုံး Christmas Theme သုံးထားတဲ့ တစ်ကားတည်းအပြီး ဒီစီအန်နီမေးရှင်းကားလည်းဟုတ်သလို Christmas Theme သုံးထားတဲ့ ပထမဆုံးဘတ်မန်းကားလည်း ဟုတ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 885MB Quality – 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 1H 32Min Genre – Animation, Comedy, Family Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

6.4 2023
Merry Little Batman
The Persian Version

ဒီတစ်ခေါက်မှာတော့ IMDB 6.5/10 ရရှိထားတဲ့ Romance/Comedy ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပါရှန်း(အီရန်)-အမေရိကန်မလေးဖြစ်သူ လေလာက ငယ်ငယ်ကတည်းက မိခင်နဲ့ ဖခင်ရဲ့ နိုင်ငံနှစ်နိုင်ငံကြား ဗျာများခဲ့ရသူပါ။ အစ်ကိုတွေ မောင်တွေ ကိုးယောက်တောင်ရှိတဲ့ မိသားစုထဲမှာ တစ်ဦးတည်းသော သမီးမိန်းကလေးဖြစ်သူ သူမကို သူ့အမေ ရှီယင်က အများကြီးမျှော်လင့်ထားခဲ့ပေမဲ့ တကယ်တမ်း အရွယ်ရောက်လာတဲ့အခါမှာတော့ လေလာက lesbian တစ်ယောက်ဖြစ်ခဲ့ပြီး အယ်လီနာဆိုတဲ့ မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်လိုက်ပါတော့တယ်။ သူမအပေါ် အမျှော်လင့်ကြီးမျှော်လင့်ခဲ့တဲ့ အမေဖြစ်သူရဲ့ မျှော်လင့်ချက်တွေ ရေစုန်မျောခဲ့ရပြီး သူမတို့ကြားမှာလည်း ပဋိပက္ခတွေ များစွာဖြစ်ခဲ့တာပေါ့လေ။ ဒီလိုနဲ့ “အမေ့ကိုနားလည်ချင်ရင် အမေ့အကြောင်း စာရေးကြည့်ပါလား”ဆိုတဲ့ အဘွားဖြစ်သူ မာမာဂျွန်ရဲ့ အားပေးချက်ကြောင့် သူ့အမေရဲ့အကြောင်းကို သူသိသလောက် ရေးဖို့ကြိုးစားခဲ့ရာမှာတော့ သူ အရင်ကမသိခဲ့တဲ့ သူ့အမေနဲ့ အဖေရဲ့ အတိတ်က ဖြစ်ရပ်တစ်ခုကို သိလိုက်ရပါတော့တယ်။ “နာကျင်မှုကို မထိတွေ့ဘူးဆိုရင် နာကျင်မှုက ထိတွေ့မှာကိုလည်း မခံစားရဘူး”တဲ့။ တကယ်နာကျင်ရတဲ့အရာကို မေ့ထားဖို့၊ မနာကျင်သယောာင် ဟန်ဆောင်နေတတ်ကြတဲ့လူတွေက နာကျင်မှုကို တကယ်ရောမေ့ဖျောက်ထားနိုင်တာလား။ သူမ မသိခဲ့တဲ့အတိတ်ကဖြစ်ရပ်က သူမအမေရဲ့ဘဝကို ဘယ်လောက်တောင် ပြောင်းလဲစေခဲ့တာလဲ။ ပညာရေးဆုံးခန်းမတိုင်ခဲ့ပေမဲ့ ထက်မြက်တဲ့ သူ့အမေက သူတို့မိသားစုအတွက် ဘယ်လိုဖြစ်တည်မှုမျိုးလဲ။ အဆင်မပြေမှုတွေရဲ့ကြားထဲ မထင်မှတ်တဲ့ညတစ်ညမှာ မိန်းမလိုဝတ်တဲ့ယောက်ျားတစ်ယောက်နဲ့ အတူနေမိရာက ကိုယ်ဝန်ရသွားခဲ့တဲ့ လေလာတစ်ယောက်ရော သူ့အမေနဲ့ဘယ်လိုတွေဆက်ဖြေရှင်းကြမလဲ။ lesbian ဖြစ်တဲ့ လေလာကရော ဒီကိုယ်ဝန်ကိုရော မွေးဖြစ်ပါ့မလား။ သူ့အမေနဲ့ လေလာရော ပြေလည်မှုရနိုင်ပါ့မလား ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre…Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

0 2023
The Persian Version
Misty Creed
5.8

ဒီဇာတ်ကားမှာ Conjuring Curse ရဲ့ပုံစံအတိုင်းပဲ လျှို့ဝှက်ဆန်းကြယ်ပုံဆက်ပြီးသွားထားပါတယ်။ ထူးဆန်းသတ္တဝါကိုနှင်ဖို့ ရွာသားတွေက မြူနတ်ကို မျက်ကန်းမိန်းကလေးနဲ့ လက်ထပ်ပူဇော်ဓလေ့တစ်ခုရှိခဲ့တယ်။ ဝူရှဲ၊ ကျန်းချီလင်နဲ့ ဝတုတ်တို့က မြူတွေဆိုင်းနေတဲ့တောင်တစ်ခုမှာ ထူးဆန်းသတ္တဝါကဒုက္ခပေးနေတယ်ဆိုပြီး အကူအညီတောင်းလာတဲ့အတွက် မြူနှင်းတောင်ကိုရောက်လာခဲ့ကြတယ်။ တောင်ပေါ်ရောက်စမှာပဲ မြူတွေထဲမှာမျက်စိလည်ပြီးလမ်းပျောက်ကြတော့တာပဲ။ မြူနှင်းတွေကြားမှာဘယ်လို အန္တရာယ်တွေက စောင့်နေမလဲ …… ထူးဆန်းသတ္တဝါရဲ့နောက်ကွယ်မှာဘယ်လိုလျှို့ဝှက်ချက်တွေရှိနေမလဲ……

5.8 2023
Misty Creed
Vengeance
6.5

Vengeance (2009) ~ IMDb – 6.5/10, Rotten Tomatoes – 68% ~ Directed by “Johnnie To” ဂျွန်နီတိုဟာ အတော်ဆုံး ဟောင်ကောင်အက်ရှင်ဒါရိုက်တာတွေထဲပါပေမဲ့ သူ့တင်ပြပုံက ကျန်တဲ့အတော်ဆုံးတွေနဲ့ မတူအောင်ကွဲပြားနေသလို ဂိုဏ်းတွေကြားက ပြဿနာတွေကို ရက်ရက်စက်စက် လှလှပပ ပြနိုင်တဲ့ ဒါရိုက်တာပါပဲ။ ပုဂ္ဂလိကအမြင်အရတော့ ဟောင်ကောင် Crime Action လိုင်းမှာ သူ့ထက်သာတဲ့လူရှိတယ်လို့ မမြင်မိဘူး။ သူ့အရသာမျိုးရိုက်နိုင်တဲ့ ဒါရိုက်တာကိုလည်း မမြင်ဖူးဘူး။ ယုတ်စွအဆုံး လက်ရှိခေတ်ထနေတဲ့ K Industry မှာတောင် Infernal Affairs ကို မူရင်းထက် လူကြည့်ပျော်အောင် ခဏခဏဆိုသလို ရိုက်ပြနေကြပေမဲ့ ဂျွန်နီတိုလိုတစ်ကားလောက်ရိုက်ပြနိုင်တဲ့လူမရှိဘူး။ အဲဒီကားတွေထဲမှာ Vengeance ကတော့ ထူးထူးခြားခြားပါပဲ။ ဂျွန်နီတိုက ဒီကားမှာ သူသုံးနေကျလူတွေဖြစ်တဲ့ Anthony Wong, Gordon Lam, Lam Suet နဲ့ Simon Yam တို့ကိုထည့်သုံးထားပေမဲ့ အဓိကဇာတ်ကောင်ကတော့ ပြင်သစ်လူမျိုး အဆိုတော်သရုပ်ဆောင် Johnny Hallyday ဖြစ်နေတယ်။ သူ့သမီးနဲ့သမက်ရော မြေးနှစ်ယောက်လုံးကိုရော တရုတ်လူသတ်သမားတွေက သတ်သွားလို့ မကာအိုကို လာပြီး သတ်တဲ့တရားခံကိုရှာပြီး လက်စားချေဖို့ အန်သိုနီဝေါင်တို့ အုပ်ကို သူပိုင်သမျှအကုန်ပေးပြီး ငှားလိုက်တဲ့ အဘိုးကြီးတစ်ယောက်ရဲ့ လက်စားချေတဲ့ဇာတ်ပေါ့။ နာမည်နဲ့တော့ ကွက်တိပါပဲ။ ဒီကားက ဂျွန်နီတိုရဲ့ အကောင်းဆုံး ၇ကားစာရင်းလောက်တော့ ဝင်လိမ့်မယ်။ အန်သိုနီဝေါင်ပါခဲ့ဖူးတဲ့ Exiled က အရသာမျိုးခပ်ဆင်ဆင်ပဲထပ်ရတယ်။ အဲဒီကလိုပဲ အသတ်အဖြတ်တွေကြားက ကကျိုးကကြောင်အဖြစ်တွေလည်း ပါတယ်။ ကကျိုးကကြောင်ဆိုတာက ဒီဂိုဏ်းစတားတွေက အဘိုးကြီးမိသားစုကို သတ်သွားတဲ့ အုပ်ကို လိုက်သတ်တယ်။ ၂ဖက်စလုံးထိခိုက်ပြီး ပြန်လာရတယ်။ သူတို့နားနေတုန်း သူတို့ဘော့စ်က သူတို့ဆီဖုန်းဆက်ပြီး သူ့လူတွေကို လူတစ်အုပ်က တိုက်နေကြောင်းအထိနာနေကြောင်းပြောပြီး သွားကူခိုင်းတယ်။ နောက်ဆုံးပြောသွားတာက တရုတ်လေးကောင်နဲ့ နိုင်ငံခြားသားတစ်ကောင်ပါတဲ့အုပ်တဲ့။ သူတို့ကိုပဲပြောနေတာ။ ဒီတော့ သူတို့က နေရာမေးပြီး သွားသတ်ပစ်လိုက်ရော။ စားတော့စားတယ်။ ဒါပေမဲ့ ဒီလိုကကျိုးကကြောင်တွေက ဂျွန်နီတို့ ဂိုဏ်းစတားကားတွေမှာ ကျွန်တော်တို့မြင်နေကျပဲ။ နောက် ဂိုဏ်းစတားတွေရဲ့ သတ္တိတွေ သစ္စာတွေလည်းပါတယ်။ ပြင်သစ်အဘိုးကြီးက ခေါင်းမှာကျည်ဝင်နေတော့ သူအပ်ထားတဲ့အလုပ်ကို သူမေ့နေတာတောင် သူတို့လက်ခံထားတဲ့အလုပ်အတွက် သူတို့သေနိုင်မှန်းသိပေမဲ့ ရဲရဲကြီး အသေခံသွားတဲ့ ဂိုဏ်းစတားတွေအကြောင်းပေါ့။ ဂျွန်နီတိုရဲ့ ထုံးစံအတိုင်း ပုံမှန်အက်ရှင် ဒါရိုက်တာတွေပြနေကျမဟုတ်တဲ့ ဇာတ်ကွန့်တွေ ကကျိုးကကြောင်အဖြစ်တွေနဲ့ ကြည့်ရမယ့် ဂိုဏ်းစတားအက်ရှင်ကားပဲ။ ဂျွန်နီတို့ရုပ်ရှင်တွေကို ကြိုက်ရင်တော့ Vengeance (2009) ကတော့ လုံးဝလက်လွတ်ခံလို့မဖြစ်တဲ့ ရုပ်ရှင်ပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 985MB Quality – 1080p, 720p IMDb Rating – 6.5/10 Format – mp4 Duration – 1H 48Min Genre – Action, Crime, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Crime • Mystery
6.5 2009 108 mins
Vengeance
[18+] The Margin
5.2

(18+) The Margin (La marge) (1976) IMDb – 5.2/10 “အပြာရုပ်ရှင်ဒါရိုက်တာဖြစ်ခဲ့ရတဲ့ ပါရမီရှင်ကြီး”လို့တောင် သမုတ်ခြင်းခံရတဲ့ ဒါရိုက်တာကြီး Walerian Borowczykရဲ့ လက်ရာကောင်းတွေထဲက တစ်ကားပေါ့။ သူ့ခေတ်သူ့အခါမှာ ပြောင်မြောက်တဲ့ရိုက်ချက်တွေနဲ့ ထိထိမိမိတင်ပြတတ်သူမို့ ဒီဘက်ခေတ်အနုပညာရှင်တွေထိတောင် သူ့ကိုစံထားပြီး အတုယူရတယ်လို့ ဆိုကြပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ချစ်စရာကောင်းတဲ့သားလေးနဲ့ ဇနီးချောလေးရယ်ကိုပိုင်ဆိုင်ထားတဲ့ ဆီဂီစ်မွန်တစ်ယောက် ပါရီမြို့ကြီးဆီကို အလုပ်ကိစ္စနဲ့သွားဖို့ဖြစ်လာပါတယ်။ အမြဲတမ်းစိတ်တူကိုယ်တူဖြစ်တဲ့ ဇနီးဖြစ်သူကို အတူခေါ်သွားချင်ပေမဲ့ သားလေးကိုပစ်ထားပြီး မလိုက်ချင်တာကြောင့် ဆီဂီစ်မွန်တစ်ယောက်တည်း ထွက်လာခဲ့ရပါတယ်။ ပါရီမြို့ကြီးက ညည့်ငှက်လေးတွေဆွဲဆောင်သမျှ ငြင်းပယ်ရင်း ဇနီးဖြစ်သူနဲ့တူတဲ့ အမျိုးသမီးလေးကို တွေ့တဲ့အခါမှာတော့ မရှောင်တိမ်းနိုင်တော့ဘဲ စွဲလန်းမိပါတော့တယ်။ ဒီမှာပဲ အိမ်မှာကျန်ခဲ့တဲ့သားမိနှစ်ယောက်ဆီက သတင်းဆိုးတစ်ခုကို ကြားလိုက်ရတဲ့အခါမှာတော့…။ (aungmo3han အညွှန်းရေး ဘာသာပြန်ထားပါတယ်) Genre….. Drama Quality…. 1080p | 720p File size… 1.9GB | 878MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3han Encoder ….. Aaron

5.2 1976
[18+] The Margin
Miss Peregrine’s Home For Peculiar Children
6.7

2016 စက်တင်ဘာမှာ ရုံတင်သွားတဲ့ ကားကောင်းတစ်ကားကို ဘာသာပြန်ပြီး တင်ပေးထားပါတယ်။ စာရေးဆရာ Ransom Riggs ရဲ့ Bestseller စာအုပ်ကို ပြန်လည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ Harry Potter, Percy Jackson နဲ့ Narnia တို့လို Fantasy တွေ Adventure တွေကို ချစ်သူတွေအတွက်တော့ နောက်ထပ်လှပတဲ့ ကမ္ဘာသစ်တစ်ခုကို တွေ့မြင်ရဦးမှာပါပဲ။ IMDb 6.7 ရထားပါတယ်။ ဇာတ်လမ်းအကျဉ်းမှာတော့ ဂျိတ်ခ်ဆိုတဲ့ လူငယ်လေးကို အဖိုးဖြစ်သူဟာ ငယ်စဉ်ကတည်းက ဆန်းကြယ်တဲ့ အစွမ်းရှိတဲ့ကလေးတွေနဲ့ သူတို့ကို စောင့်ရှောက်သူ ကျောင်းအုပ်ဆရာမကြီး Peregrineအကြောင်းကို ပြောပြလေ့ရှိပေမယ့် ပုံပြင်တွေအဖြစ်သာမှတ်ယူခဲ့ပါတယ်။ တစ်နေ့မှာတော့ အဖိုးဖြစ်သူဟာ ထူးဆန်းတဲ့သေဆုံးမှုနဲ့သေဆုံးသွားပြီး ဂျိတ်ခ်ဟာ အဖိုးဆီကိုလာတဲ့ ပို့စ်ကဒ်လေးမှတဆင့် ဝေလနယ်ရဲ့ ကျွန်းပေါ်က ကလေးထိန်းအိမ်လေးကို သွားရှာမိတဲ့အခါ…လူတွေမသိတဲ့ အချိန်ကာလတွေ..အစွမ်းတွေ..ရန်သူတွေကြားမှာ သူနဲ့သူ့အဖိုးဟာ ဘယ်လိုအစွမ်းရှိတဲ့လူတွေလဲဆိုတာ သိလာပါတော့တယ်။ File size…(2.5 GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:07:00 Genre… Adventure, Drama, Family Subtitle….Myanmar Subtitle (Hardsub) Encoded & Translated by Mr. Anderson

Adventure • Action • Science Fiction
6.7 2016
Miss Peregrine’s Home For Peculiar Children
The Apartment L’appartement
7.5

The Apartment (1996) L’appartement IMDb Rating (7.3) / Rotten Tomatoes (86%) မမ Monica Bellucci နဲ့ Irreversible (2002) မှာအတွဲညီခဲ့တဲ့ မင်းသား Vincent Cassel တို့ရဲ့ ပထမအကြိမ်ဆုံတွေ့ထားတဲ့ ပြင်သစ်ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့…. မက်စ်ဟာ ပြင်သစ်သား တစ်ဦးဖြစ်ပြီး အနည်းငယ်ပွေရှုပ်တတ်တဲ့ စရိုက်ရှိပေမယ့် အခုချိန်မှာတော့ စေ့စပ်ထားပြီးပါပြီ။ တစ်နေ့ အလုပ်ကိစ္စနဲ့ တိုကျိုကိုသွားမယ့်လမ်းမှာ တစ်ချိန်က အချစ်ဆုံး အချစ်ဟောင်း တစ်ဦးဖြစ်ခဲ့တဲ့ လီဆာလို့ ထင်ရတဲ့ အမျိုးသမီး တစ်ယောက်ကို အတွေ့မှာတော့ သူဟာ အားလုံးကိုမေ့လျော့ပြီး အဲ့ဒီအမျိုးသမီးကို နောက်ယောင်ခံလိုက်ပါတော့တယ်။ အဲ့ဒီအမျိုးသမီး ရဲ့ တိုက်ခန်းမှာ ပုန်းအောင်းနေပြီး သူရောက်အလာထွက်တွေ့ချိန်မှာတော့ အဲ့ဒီအမျိုးသမီးဟာ လီဆာ မဟုတ်ပဲ ရုပ်ချင်း ခပ်ဆင်ဆင်တူတဲ့ အဲလက်စ် ဆိုတဲ့ တစ်ခြားမိန်းကလေးတစ်ယောက်ဖြစ်နေတာကို သိလိုက်ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ အချစ်နယ်ကျွံမိခဲ့ကြတယ်။ တကယ်တမ်း သူတို့မသိသေးတာက အဲလက်စ်ဟာ မက်စ်ရဲ့ အချစ်ဆုံး သူငယ်ချင်း လူဆီယန်ရဲ့ ရည်းစားဖြစ်နေတာကိုပါ။ နောက်ထပ်တစ်ခုကတော့ မက်စ်ရဲ့ တကယ်တမ်း အချစ်ဦး လီဆာဟာ မပတ်သက်သင့်တဲ့ အိမ်ထောင်သည် တစ်ဦးကို သွားပတ်သက်မိခဲ့ပြီး အဲ့ဒီလူရဲ့ လိုက်လံနှောင့်ယှက်မှုတွေကြောင့် ခြေရာဖျောက်ပုန်းအောင်းနေရပါတယ်။ သူတို့လေးယောက်ကြားက ပတ်သက်ဆက်နွယ်မှုတွေဟာ ဘာတွေလဲ။ ဘယ်သူက ဘယ်သူ့ကိုလှည့်စား ပြီး ဘယ်သူက ဘယ်သူ့ကို ဖောက်ပြားခဲ့တာလဲ? ဇာတ်ကြောင်း အနည်းငယ်ရှုပ်ထွေးသလိုရှိပေမယ့် ခေတ်ဆန်တဲ့ တင်ပြပုံ ရိုက်ချက်တွေကြောင့် ဝေဖန်ရေးဆရာ အများစုရဲ့ ချီးကျူးမှုတွေကို ရရှိခဲ့ပြီး ၁၉၉၈ ဗြိတိန်အကယ်ဒမီဆုပေးပွဲမှာ အကောင်းဆုံးနိုင်ငံခြားဘာသာစကားပြော ရုပ်ရှင်ဆုရရှိခဲ့ပါတယ်။ (အဖော်အချွတ်ခန်းတချို့ပါတာမလို့ မိသားစုနဲ့ကြည့်ဖို့တော့မပြေလောက်တဲ့ဇာတ်ကားပါ။)

7.5 1996 116 mins
The Apartment L’appartement
Pretty Woman
7.1

Pretty Woman (1990) Review | ပြည့်တန်ဆာနဲ့ ဘီလီယံနာကြားက ရိုမီယို ဂျူးလိယက်ဇာတ်လမ်း ပိုက်ဆံသာရှိရင် လူတွေရဲ့အတွေးအမြင်တွေကို လှည့်စားပစ်နိုင်တယ် – ပြည့်တန်ဆာတစ်ယောက်တောင် ပိုက်ဆံရှိရင် လူတိုင်းကို ဘာမှမပြောနိုင်အောင် လုပ်လို့ရတယ်။ ကျွန်တော် ဒီရုပ်ရှင်ကို Facebook page တစ်ခုက အပိုင်းအတိုလေးတစ်ခု ကြည့်မိရင်း စိတ်ဝင်စားသွားပြီး အစအဆုံးရှာကြည့်ဖြစ်ခဲ့တယ်။ ပထမဆုံးပြောချင်တာကတော့ ကြည့်ရတာတော်တော်လေးတန်တယ်။ ကိုယ်တွေးရင် တွေးသလောက် အဓိပ္ပါယ်ရှိတဲ့ရုပ်ရှင်တစ်ခုပါ။ ဇာတ်လမ်းအမြည်းပြောရရင် ဥစ္စာပေါရုပ်ချော ဘီလီယံနာတစ်ယောက်က Edward က ပြည့်တန်ဆာမလေး Vivian နဲ့ ခင်သွားပြီး၊ ဒေါ်လာ ၃၀၀၀ နဲ့ တစ်ပတ်တိတိသူနဲ့ အချိန်ဖြုန်းပေးဖို့ကမ်းလှမ်းတယ်။ Edward က professional ဆန်တဲ့သူတစ်ယောက်ဖြစ်ပြီး Vivian ကို သေချာလေးဂရုစိုက်တယ်။ ကြာလာတော့ သူတို့နှစ်ယောက်ကြားက မေတ္တာဓာတ်က အချစ်အသွင်သို့ ပြောင်းလဲလာခဲ့ပါတယ်။ ဇာတ်လမ်းထဲမှာ သဘောကျဖို့ကောင်းတာက လူတွေရဲ့ ဆက်ဆံပုံတွေပါ။ Vivian ပြည့်တန်ဆာလိုဝတ်စားပြီး shopping ထွက်တဲ့အခါ ဘယ်သူမှသူ့ကို ဝယ်နိုင်တယ်လို့မထင်ကြဘူး။ နောက်ရက် Edward က သူကိုယ်တိုင်လိုက်ဝယ်ပေးပြီး သူပြောခဲ့တဲ့စကားတစ်ခုက “ဆိုင်တွေက customers တွေကို ဘယ်တော့မှ ကောင်းကောင်းမဆက်ဆံဘူး၊ သူတို့ ကောင်းကောင်းဆက်ဆံတာ credit card ပဲရှိတယ်။” ကျွန်တော်ကတော့ ကြည့်ရတာ သဘောကျမိတယ်။ 90s vibe ကိုလည်း ကောင်းကောင်းကြီးခံစားရသလို၊ old money အသိုင်းအဝိုင်းကိုလည်း သေချာမြင်ခဲ့ရတယ်။ Romance/Comedy genre ထဲက တကယ်ကိုကြည့်သင့်တဲ့ ရုပ်ရှင်တစ်ခုပါ။ AnemoiVerse Rating: 4/5 Author: Anemoi (ရုပ်ရှင်အညွှန်းကို AnemoiVerse FB Page မှ ကူးယူဖော်ပြပါသည်။) မင်းသမီး Julia Roberts နဲ့ မင်းသားကြီး Richard Gere တို့ရဲ့ နာမည်ကျော် ရိုမန့်ဒရမ်မာရုပ်ရှင်ကားလေးဖြစ်ပြီး IMDb Rating (7.1) ထိ ရရှိထားပါတယ်။

7.1 1990
Pretty Woman
Swakaryam Sambhavabahulam
7.4

Swakaryam Sambhavabahulam (2024) “တွေ့ဆုံကြုံကွဲ” IMDb 9.3/10 မလေယာလမ်းဒါရိုက်တာကြီး Naseer Badarudeenရဲ့လက်ရာ ဇာတ်လမ်းတစ်ပုဒ်ကိုခံစားကြည့်ရအောင်ဗျာ။ ရာဗီဆိုတာ သမီးနှစ်ယောက်ဖခင်။ သားသမီးတွေရယ် ဇနီးဖြစ်သူရယ်နဲ့ ပျော်ရွှင်တဲ့မိသားစုလေးကိုဦးဆောင်နေတဲ့ သမီးဖြစ်သူတွေကို မကောင်းတဲ့ပတ်ဝန်းကျင်ကနေ ကင်းနေအောင်ထားချင်တဲ့ အဖေတစ်ယောက်။ သူ့အလုပ်က စိတ်ကျန်းမာရေးဆေးရုံမှာ အကူလုပ်သားအဖြစ်။ သမီးကြီး သမီးငယ်ရဲ့ အရေးကိစ္စတွေကို အလေးပေးပြီးဂရုစိုက်တတ်တဲ့ဖခင်တစ်ယောက်ဆီ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေ လောကဓံရိုက်ချက်တွေ ကြုံလာရတဲ့အခါမှာတော့…။ မတူညီတဲ့ဇာတ်ကောင်တွေကို တစ်ကွက်ချင်းရိုက်ပြပြီး ပေါင်းစပ်ပြတတ်တဲ့ မလေယာလမ်းဇာတ်လမ်းကောင်းတွေထဲက တစ်ပုဒ်မို့ ခံစားကြည့်ရှုကြပါဦးစို့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

7.4 2024
Swakaryam Sambhavabahulam
A Boy Called Sailboat
6.7

A Boy Called Sailboat (2018) ************************** IMDb…6.7….Rotten…85% ဆေးလ်ဘုတ်တို့မိသားစုဟာ နေထိုင်မှုပုံစံအရ မပြည့်စုံဘူးလို့ပြောရမယ်…နေတာကလည်း မြို့ပြင်မှာဖြစ်ပြီး အိမ်လေးလဲမပြိုအောင် ဒေါက်တိုင်တစ်တိုင်ကိုတစ်ဖက်ကထောက် တစ်ဖက်က ကြိုးနဲ့ ကျားကန်ထားရလေရဲ့…. ဆေးလ်ဘုတ်ဆိုတာ အသက်(၇)နှစ်ခန့်အရွယ် ကောင်လေးတစ်ယောက်ပါ…သူ့အဖေနဲ့ အမေဟာ သူ့ကိုသိပ်ချစ်ကြတယ်….မိသားစုဝင်(၃)ဦးပေါ့… ဒီကားက အဓိကဇာတ်ဆောင်ဟာ ဆေးလ်ဘုတ်ဆိုတဲ့ကောင်လေးပါ….သူရဲ့နောက်ခံစကားပြောသံလေးနဲ့ တစ်ကားလုံးကို ပြီးဆုံးစေတယ်…သူ့ကြည့်ရတာ သူ့ရဲ့အဘွားကိုအတော်ချစ်တဲ့ပုံပဲ… ဘာလို့လဲဆိုတော့ အကြောင်းအရာတိုင်းဟာ သူ့အဘွားရဲ့ သွန်သင်မှုတွေကနေ မြစ်ဖျားခံလာလို့ပါပဲ… ဥပမာ…”ကျွန်တော့်အဘွားက ပြောတယ်…မြေးလေး ရှာဖွေမှု မလုပ်တဲ့အချိန်မျိုးမှာမှ အရးအကြီးဆုံးအရာကို တွေ့တတ်တယ်တဲ့… တချို့အရာတွေဖြစ်လာတာက တခြားသောအရာတွေ ဆက်စပ်ဖြစ်လာနိုင်ဖို့ပါတဲ့…” ဒီကောင်လေးဟာ အဘွားရဲ့ ပြောဆိုမှုတွေနဲ့ လောကကြီးကို သုံးသပ်နေဟန်ပါပဲ.. ကျွန်တော်တို့ဟာ ဆေးလ်ဘုတ်ရဲ့နောက်ခံစကားပြောသံနဲ့ အတွေးတွေနောက်ကို လိုက်ရင်း တချို့သောအကြောင်းအရာလေးတွေကို ဖမ်းဆုပ်မိနေလိမ့်မယ်.. ဒီကားက တချို့သောသူတွေအတွက် ဘာကြီးမှန်းမသိဘူးဆိုပြီးဖြစ်သွားပါလိမ့်မယ်.. ဒါပေမယ့် တချို့သောသူတွေအတွက် ရိုးစင်းပြီးနက်နဲတဲ့ ကဗျာတစ်ပုဒ်နဲ့တူပါလိမ့်မယ်… ခံစားကြည့်လိုက်ပါဦးလို့ပဲပြောပါရစေ….. File Size : 2.15 GB, 889 MB Quality : BluRay 1080p, 720p Format…mp4 Duration…01:32:00 Genre : Comedy, Drama, Family Subtitle : Myanmar Subtitle (Hard Sub) Translated by Little Neo Encoded by AHtet

Action • Crime • Science Fiction • Thriller
6.7 2018 92 mins
A Boy Called Sailboat