YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Typhoon Family (2025) E03 720p WEB-DL [RMC].mp4

620.7 MB N/A video/mp4 14 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Exit Row
2

သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကို သဘောကျတတ်တဲ့ Thriller ပရိသတ်ကြီးအတွက် (၂၀၂၃) ထွက် The Exist Row ဆိုတဲ့ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းရဲ့အဓိကဇာတ်ဆောင် ဆာရှာဒေ့ဒ်က ခင်ပွန်းသည်ရယ် သားတစ်ယောက်ရယ်နဲ့အတူ သာယာတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး စီးပွားရေးလောကမှာလည်း အောင်မြင်တဲ့ ကြော်ငြာလုပ်ငန်းရှင်တစ်ယောက် ဖြစ်ပါတယ်။ ကလင့်ထ်မိုင်ရာကတော့ နာမည်ကြီးအိမ်ခြံမြေအကျိုးတော်ဆောင်တစ်ယောက်ဖြစ်ပြီး ဘဝကိုအေးအေးဆေးဆေး တစ်ယောက်တည်းဖြတ်သန်းနေသူဖြစ်ပါတယ်။ သီးခြားစီဖြစ်တည်နေတဲ့ သူတို့နှစ်ယောက်ရဲ့ကမ္ဘာနှစ်ခုဟာ လေယာဉ်ခရီးစဥ်တစ်ခုမှာ ဝင်ရောက်တိုက်မိခဲ့ပြီး ကလင့်ထ်က ဆာရှာ့ကို ရူးရူးမူးမူးစွဲလမ်းသွားခဲ့ပါတယ်။ ဆာရှာကတော့ အဆင်မချောခဲ့တဲ့ ဒီလေယာဉ်ခရီးစဉ်အပြီးမှာ စိတ်ဒဏ်ရာရသွားခဲ့ပြီး စိတ်ဖိစီးမှုလျော့ကျဆေးတွေ သောက်ရတဲ့အပြင် သူ့နောက်ကိုလူတစ်ယောက်က လိုက်နေပါတယ်ဆိုတဲ့ ခြောက်ခြားစရာစကားတွေကိုလည်း ပြောလာခဲ့ပါတယ်။ အိမ်ထောင်ရေးအဆင်မပြေမှုတွေလည်း ဖြစ်လာခဲ့ပြီး အရာရာအဆင်ပြေနေခဲ့တဲ့သူ့ဘဝလေးက ကမောက်ကမဖြစ်လာပါတော့တယ်။ ဆာရှာကြုံနေရတဲ့ ခြောက်ခြားစရာဖြစ်ရပ်တွေက ကလင့်ထ်ရဲ့စွဲလမ်းမှုနဲ့ ဘယ်လိုသက်ဆိုင်နေမလဲ။ ဆာရှာကပဲ စိတ်ကယောင်ခြောက်ချားဖြစ်နေခဲ့တာလား။ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုခံစားပေးပါဦးခင်ဗျာ။

Comedy • Drama • Sci-Fi & Fantasy
2 2023 91 mins
The Exit Row
Maaveeran
6.8

Maaveeran (2023) IMDb-7.5/10 ခဏခဏတောင်းဆိုနေကြတဲ့ Maaveeranဆိုတဲ့ ကြီးမြတ်သောသူရဲကောင်းဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါပြီ။ အက်ရှင်မင်းသားချော ရှီဗက်ကာသီကီရန် အဓိကနေရာကပါဝင်ထားပြီး တွဲဖက်သရုပ်ဆောင် ဟာသမင်းသားကြီး ယိုဂီဘာဘူနဲ့အတူ တောင်ပိုင်းစတား မင်းသားကြီးဗီဂျေးစည်သူပတီကနေ နောက်ခံစကားပြောတဲ့သူအနေနဲ့ ပါဝင်ထားပါတယ်။ ဇာတ်လိုက်က ဆပ်တရာ။ဆပ်တရာက မထင်မရှားကာတွန်းဆရာ။ဘယ်လောက်ထိမထင်ရှားလဲဆို သတင်းစာတစောင်မှာ ရှဲဒိုးရေးပေးရတာ။(ရှဲဒိုးဆိုတာ သူကသာရေးရတာ နာမည်ခံထားတာကတယောက်။) နောက်ပြီး ငကြောက်။"ရန်လိုလာရင် အရှုံးပေးနှလုံးအေးစေ၏"ဆိုတဲ့စကားကို လက်ကိုင်ထားပြီး ဘာနေနေ "နေပါစေ ထားလိုက်ပါ ပြီးသွားမှာပဲ"ဆိုပြီးနေတဲ့သူ။ နိုင်ငံရေးသမားတွေရဲ့ အမြတ်ထုတ်နိုင်ငံရေးကစားတဲ့လှည့်ကွက်တွေကြောင့်နဲ့ ဘိုးစဉ်ဘောင်ဆက်နေလာတဲ့ အိမ်လေးတွေကိုစွန့်ထားခဲ့ရပြီး သူတို့ချပေးတဲ့တိုက်ခန်းမှာသွားနေကြရတယ်။ လက်နဲ့ထိရင်ကြွေဆိုတဲ့အတိုင်း သံတချောင်းရိုက်ရုံနဲ့ နံရံပြိုကျပြီး ဘေးအခန်းနဲ့တသားတည်းဖြစ်မဲ့တိုက်ခန်းမှာနေကြရင်း တနေ့မှာတော့....။ ဇာတ်လိုက်ကျော်ငကြောက်ကြီး ခေါင်းမှာဒဏ်ရာရပြီး သူတို့ရဲ့ကံကြမ္မာတွေဘယ်လိုအလှည့်အပြောင်းဖြစ်သွားမလည်းဆိုတာ ဇာတ်ကွက်ဇာတ်လမ်းခပ်ဆန်းဆန်းနဲ့ရှုစားကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~YH~Zwe~Cherry~Moon~BpLတို့ပဲဖြစ်ပါတယ်) File size…2.8GB / 1.25GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~YH~Zwe~Cherry~Moon~BpL

Horror • Thriller
6.8 2023 166 mins
Maaveeran
The Good Liar
6.7

လူလိမ်အဘိုးကြီးတစ်ယောက်ဖြစ်တဲ့ Roy Courtney က သူ့ရဲ့နောက်ဆုံးပစ်မှတ်အနေနဲ့ သန်းချီချမ်းသာတဲ့ ပူပူနွေးနွေးမုဆိုးမ Betty McLeish ဆီကို ချဉ်းကပ်လာခဲ့ပါတယ်။ အရမ်းပီရိတဲ့ လူလိမ်အဘိုးကြီးက အဘွားကြီးဆီက သန်းချီတဲ့ ပိုက်ဆံတွေကို ဘယ်လိုနည်းတွေနဲ့ လိမ်လည်ယူမလဲ။ အဘိုးကြီးရဲ့ အတိတ်ကပြစ်မှုတွေက ဘယ်လိုတွေ လာအနှောင့်အယှက်ဖြစ်နေမလဲ။ နောက်ဆုံးမှာ သန်းချီတဲ့ပိုက်ဆံတွေကို အဘွားကြီးဆီက လိမ်လို့ရသွားမလားဆိုတာ ရင်ခုန်စွာနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ မထင်ထားတဲ့လှည့်ကွက်ပေါင်းများစွာပါတဲ့အတွက် အညွှန်းအရှည်ကြီးရေးရင် spoiler ဖြစ်မှာစိုးလို့ တိုတိုနဲ့ လိုရင်းပဲ ညွှန်းလိုက်ပါတယ်။ File Size : ( 1 GB , 330 MB ) Quality : BluRay 720p Running Time : 1 hr 49min Format : Mp4 Genre : Crime , Drama , Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Ye Man Aung Encoded by Moe Myint Lwin

Action & Adventure • Drama
6.7 2019 109 mins
The Good Liar
Another Way
7

Another Way(2015) အညွှန်း ************************ ” အဆုံးစီရင်ခြင်းက အဖြေလား ” ….. ပင်ပန်းလာတဲ့အခါ ကိုယ်လွတ်ရုန်းထွက်သွားခြင်းက အဖြေလား? ဘဝမှာအခက်အခဲတွေရှိလာတဲ့အခါ လူတစ်ယောက်နဲ့တစ်ယောက် ဆုံးဖြတ်ချက်တွေမတူညီကြပုံ နဲ့ လူ့သဘာဝ ၊ လူ့စရိုက်တွေကိုချပြထားတဲ့ Life style drama အမျိုးအစားဖြစ်ပါတယ်။ Main lead တွေအနေနဲ့တော့ Actor Kim Jae Wook , Actress Seo Ye Ji တို့ပဲဖြစ်ပါတယ်။ အချိန်ပိုင်းအကမယ်ကောင်မလေးတစ်ယောက်နဲ့ ယာဥ်ထိန်းရဲကောင်လေးတစ်ယောက်.. . Suicide site တစ်ခုကနေ သိကျွမ်းခဲ့ရာကနေ အပြင်မှာအတူတူအဆုံးစီရင်ဖို့ ချိန်းဆိုထားတဲ့အတိုင်း ကျွန်းလေးတစ်ခုမှာ အတူဆုံဖို့ဖြစ်လာခဲ့တယ်။ စိတ်ခံစားချက်တစ်ခုတည်း အကြံတစ်ခုတည်းရှိနေကြတဲ့ သူစိမ်းနှစ်ယောက် လောကကြီးကိုမနှုတ်ဆက်ခင်မှာ နောက်ဆုံးအနေနဲ့ စိတ်လွတ်လက်လွတ်နေလိုက်ကြဖို့ ဆုံးဖြတ်လိုက်ကြတဲ့အခါ…. File Size : (999MB) and (361 MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:30:00 Genre : Drama , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Wut Yi Encoded by Phyo Pyae

Action • Science Fiction
7 2015
Another Way
Happy Ending
7.1

Happy Ending (2022) အချစ်ရဲ့ဆုံဆည်းခြင်း ပုံစံအမျိုးမျိုးရှိပေမယ့် အဆုံးသတ်ကျ အမြဲတစေ Happy Endingsဖြစ်နေနိုင်မလား ဒီအချစ်ဟာသဇာတ်လမ်းလေးမှာတော့ စာရေးဆရာဒီရုန်နဲ့ ဘူဝါတို့တွေ့ဆုံမှုကို အခြေခံထားပြီး ” မျက်နှာချင်းဆိုင်တိုက်ခန်းကတစုံတယောက်” ဆိုတဲ့ ကျင်နဲ့ဒုမ်တို့ရဲ့ဇာတ်လမ်း “ဘေးချင်းကပ်အိမ်ကတစုံတယောက်”ဆိုတဲ့ တာနဲ့ချာယိန်တို့ရဲ့ဇာတ်လမ်း ” မုန်းနေတဲ့တစုံတယောက် ” ဆိုတဲ့ အော့ဝ်နဲ့ အနာဂတ်ကလျှို့ဝှက်ကောင်မလေး “လျို့ဝှက်ပိုးပန်းချက်အချို့” ဆိုတဲ့ စီရာနဲ့ကျာတို့ရဲ့ ဇာတ်လမ်း စတဲ့ အတွဲ၅တွဲရဲ့မတူညီ​ေသာဆုံဆည်းခြင်းတွေကို အဓိပ္ပါယ်ဖွင့်ထားတဲ့ Jaifu stoyဆိုတဲ့အချစ်ဟာသဇာတ်လမ်းတွဲမှာ ဇာတ်လမ်းအဆုံးသတ်ရဲ့ဖြစ်စဥ်ကို ဟာသမျိုးစုံနဲ့ကြည့်ရမှာပဲဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Lei Wutyi Tun ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Romance Quality…. 1080p | 720p | 480p File size… 1GB | 628MB | 349MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Lei Wutyi Tun Encoder ….. August

Drama
7.1 2022
Happy Ending
Jules
7.1

Jules (2023) ~ IMDb – 7.1/10, Rotten Tomatoes – 83% ~ ဂြိုဟ်သားတစ်ကောင် အဘိုးကြီးတစ်ယောက်ရဲ့ အိမ်နောက်ဖေးကို ပန်းကန်ပြားပျံ ပျက်ကျပြီးရောက်လာတယ်။ အဘိုးကြီးက တစ်ယောက်တည်းနေရတာဖြစ်ပြီး သူ့အိမ်ထဲ ပန်းကန်ပြားပျံပျက်ကျပြီး ဂြိုဟ်သားရောက်နေတယ်ဆိုတာလည်း သူတို့မြို့လေးက ဘယ်သူမှ မယုံပါဘူး။ အဘိုးကြီးကလည်း အသက်ရလာတော့ မှတ်ဉာဏ်လည်း ယိုယွင်းလာပြီး သူ့သမီးကတောင် စိတ်ပူနေရတာမို့ ပိုမယုံကြတာပါ။ ဒါပေမဲ့ သူ့ရဲ့ အသိ အဘွားကြီးတစ်ယောက်က အိမ်လာရင်း ဂြိုဟ်သားနဲ့မတော်တဆ တွေ့သွားတယ်။ နောက်ထပ် အဘွားကြီးတစ်ယောက်လည်း ထပ်တွေ့သွားရင်း သူတို့သုံးယောက်ပေါင်းပြီး ဂြိုဟ်သားကို ပြန်ပို့နိုင်ဖို့ ကူညီကြတဲ့အကြောင်းပါ။ ဟာသ၊ ဒရာမာ၊ Sci-Fi အမျိုးအစားဖြစ်ပြီး ဖျော်ဖြေရေးအတွက် သင့်တော်တဲ့ ရုပ်ရှင်တစ်ခုပါ။ ဇာတ်သိမ်းကတော့ မချင့်မရဲဖြစ်စရာပါပဲ။ ကိုယ်သာဆို ဒီလိုမလုပ်ဘူးဆိုပြီး တွေးမိစရာမျိုးပေါ့။ ဒီရုပ်ရှင်ဟာ Little Miss Sunshine ရဲ့ ပရိုဂျူဆာ Marc Turtletaub ရိုက်ကူးထားခဲ့တာပါ။ ခေါင်းဆောင်မင်းသားအဖြစ် အိုင်ရွန်းမန်းထဲက လူဆိုးအဖြစ်၊ မဟတ္တမဂန္ဓီအဖြစ် လူသိများကြတဲ့ မင်းသားကြီး Ben Kingsley ပါဝင်ထားပါတယ်။ ဒီရုပ်ရှင်ထဲက ဂြိုဟ်သားဟာ စကားမပြောပါဘူး။ နားပဲထောင်ပါတယ်။ သူ့ကိုဗဟိုပြုရင်းနဲ့ အဘိုးကြီးအဘွားကြီးသုံးယောက်ဟာ ကိုယ့်ကိုယ်ကိုယ် ပိုနားလည်လာတယ်၊ အချင်းချင်းလည်း ပိုရင်းနှီးလာကြတယ်။ တစ်ခါတလေမှာ နားထောင်ပေးနေသူသက်သက်အဖြစ်ပဲ လုပ်ပေးနေရုံနဲ့ လူတွေရဲ့ဘဝကို အဓိပ္ပါယ်ရှိသွားစေနိုင်တယ်ဆိုတာမျိုးကို ပြလိုက်သလိုပါပဲ။ အထူးသဖြင့် သားတွေသမီးတွေနဲ့ မတွေ့ရတော့တဲ့ အဘိုးကြီးအဘွားကြီးတွေရဲ့ဘဝမှာ နားထောင်ပေးတဲ့သူတစ်ယောက်ဟာ အရာရာပါပဲ။ သက်ကြီးရွယ်အိုတွေစကားကို ထိုင်နားထောင်ဖို့ စိတ်မရှည်မိတဲ့သူတွေတောင် ဒီရုပ်ရှင်ကြောင့် အမြင်ပြောင်းသွားနိုင်ပါတယ်။ ခံစားကြည့်လိုက်ပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 810MB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 27Min Genre – Comedy, Drama, Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

Horror • Mystery • Thriller
7.1 2023 87 mins
Jules
The Exorcist: Believer
6.7

The Exorcist: Believer(2023) ************************* ဇာတ်လမ်းအကျဉ်း ဆယ်ကျော်သက်ကျောင်းသူလေးနှစ်ယောက်ဟာ တောအုပ်ထဲမှာ ဝိညာဉ်ခေါ်တမ်းကစားဖို့ ထွက်လာခဲ့ပါတယ်။ အဒီကနေ ပြန်မလာဘဲ ပျောက်ဆုံးနေပြီးမှ ၃ ရက်အကြာမှာ ပြန်ပေါ်လာခဲ့ပါတယ်။ ပြန်လာချိန်မှာ သူတို့တွေ ပျောက်နေတာ ၃ နာရီလောက်ပဲ ကြာသေးတယ်လို့ ထင်နေပြီး ဘာတွေဖြစ်ခဲ့လဲ သေချာမမှတ်မိတော့ပါဘူး။ သူတို့ကို ဆေးရုံ တင်ပြီး မျိုးစုံဆေးစစ်ပေးပေမဲ့ အားလုံးကောင်းနေတာကြောင့် ဆေးရုံဆင်းပေးလိုက်ပေမဲ့ ကိုယ့်အိမ်ကို ပြန်ရောက်တဲ့အချိန်မှာ စိတ်နဲ့လူနဲ့မကပ်၊ အတက်ရောဂါတွေဖြစ်၊ အကြမ်းပတမ်းတွေလုပ်လာတာကြောင့် မိသားစုနှစ်ခု ပူးပေါင်းပြီး သူတို့ကို ကုပေးဖို့ အဖြေရှာကြတဲ့အခါ…. ဒီရုပ်ရှင်ဟာ နာမည်ကျော် ဟော်ရာ ရုပ်ရှင်တွဲတွေဖြစ်တဲ့ Exorcist ရုပ်ရှင်တွေထဲမှာပါဝင်ပါတယ်။ သရဲရုပ်ရှင်လောကမှာ နာမည်ကြီးရုပ်ရှင်တွေကအစ ဖောဖောသီသီသုံးနေတဲ့ အပနှင်ခြင်းကို ကမ္ဘာကျော်အောင် မိတ်ဆက်ပေးခဲ့တာဟာ The Exorcist 1973 ပါပဲ။ အဲဒီရုပ်ရှင်ရဲ့ ထူးခြားချက်ကတော့ ဇာတ်ကောင်တွေဟာ မိစ္ဆာပူးခံရတယ်ဆိုတာကို လွယ်လွယ်ယုံမသွားပါဘူး။ ဆရာဝန်တွေ၊ နားလည်သူတွေနဲ့ မျိုးစုံအဖြေရှာပြီးမှ ဘာမှအဖြေရှာလို့မရတော့တဲ့အချိန်မှာမှ ဘုန်းတော်ကြီးကိုအကူအညီတောင်းရတဲ့အဆင့်ရောက်လာတာပါ။ လက်တွေ့နဲ့အရမ်းနီးစပ်ပြီး ကြောက်ဖို့အကောင်းဆုံး ရုပ်ရှင်တွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ ကြည့်ချင်ရင်တော့ ချန်နယ်မြန်မာမှာ တင်ပေးထားပါတယ်။ အပနှင်ရုပ်ရှင် စုစုပေါင်း ၇ ကားအထိ ကြေညာထားပြီး အခုတင်ထားတဲ့ရုပ်ရှင်ကတော့ ၆ ကားမြောက်ဖြစ်ပါတယ်။ ချန်နယ်မြန်မာမှာ မတင်ရသေးတဲ့ ရုပ်ရှင်တွေလည်း တင်ပေးသွားမှာပါ။ The Exorcist (1973) Exorcist II: The Heretic (1977) The Exorcist III (1990) Exorcist: The Beginning (2004) Dominion: Prequel to the Exorcist (2005) The Exorcist: Believer (2023) The Exorcist: Deceiver (2025) တို့ပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ မူလရုပ်ရှင်အပြီး နှစ် ၅၀ အကြာ အချိန်ကို အခြေခံထားတာဖြစ်ပြီး မူရင်းရုပ်ရှင်ထဲက သားအမိနှစ်ယောက်လည်း လူကြီးပုံတွေနဲ့ ပြန်ပါဝင်ထားပါတယ်။ ၁၉၇၃ တုန်းက နတ်ဆိုးအပူးခံရသူအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Linda Blair ကပဲ ဒီကားထဲက ကလေးမလေးတွေကို သရုပ်ဆောင်အကြံပေးအဖြစ် ကူညီထားပါသေးတယ်။ Imdb 8.1 ထိရောက်တဲ့ ဟော်ရာရုပ်ရှင်ဆိုတာ လက်ချိုးရေလို့ရပေမဲ့ Exorcist 1973 ကတော့ ရခဲ့ပါတယ်။ အဲဒီရုပ်ရှင်ရဲ့ ဒါရီုက်တာကြီးကတော့ ဆက်ပြီးမရိုက်စေချင်တာမို့ ဒီကားနဲ့ လုံးဝမပတ်သတ်ခဲ့သလို ၂၀၂၃ ၈ လပိုင်းမှာ ကွယ်လွန်သွားခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိရုပ်ရှင်ကိုတော့ Halloween Kills (2021), Halloween (2018) ရဲ့ ပရိုဂျူဆာ David Gordon Green ကရိုက်ကူးခဲ့တာပါ။ နာမည်ကျော် Halloween (1978) ရဲ့ အဆက်တွေကို ရိုက်ကူးခဲ့ပေမဲ့ Imdb 6 နဲ့ 5 သာ ရရှိခဲ့တာမို့ Exorcist ဖခင်ကြီးတွေက သဘောမကျတာလည်းဖြစ်မှာပါ။ ဒါပေမဲ့ ဂန္ဓဝင်ကားကြီးတွေရဲ့ လောင်းရိပ်ကိုထည့်မတွက်ဘဲ ရိုးရိုးရှင်းရှင်း ကြည့်လိုက်ရင်တော့ ဖျော်ဖြေမှုပေးတဲ့ ဟော်ရာရုပ်ရှင်အဆင့်အနေနဲ့တော့ သတ်မှတ်လို့ရပါတယ်။ ဟုတ်မဟုတ်တော့ ကိုယ်တိုင်ကြည့်ပြီး ဆုံးဖြတ်လိုက်ကြပါဦး။ File size… 3.3GB,1.7G B & 622MB Quality… WEB-DL4K,1080P,720p Format…mp4 Duration….1hr 51min Genre ….. Horror Translated by Mr.Anderson Encoded by Phyo Pyae

6.7 2023 111 mins
The Exorcist: Believer
Straightheads Closure
5.5

ဒီဇာတ်ကားရဲ့ နောက်ထပ်နာမည်ကတော့ Closure ပါ။ ဇာတ်ကားကတော့ ၁ နာရီ ၁၅ မိနစ်တည်းမို့ ရှည်ရှည်ဝေးဝေးပြောစရာမရှိပါဘူး။ အဲလစ်ဆိုတဲ့ ၂၃ နှစ်အရွယ် ကောင်မလေးတစ်ယောက်က သူ့တိုက်ခန်းမှာ ကင်မရာလာတပ်ပေးတဲ့ အဒမ်ဆိုတဲ့ ကောင်လေးနဲ့ကြိုက်ပြီး ပါတီအတူတူသွားပြီးအပြန်မှာ လူတစ်စုက ကောင်လေးကိုရိုက်ပြီး ကောင်မလေးကို မုဒိမ်းဝိုင်းကျင့်သွားကြတယ်။ တစ်ရက်မှာ အဲလစ်က ကားမောင်းအပြန် သူ့ကိုမုဒိမ်းကျင့်သွားတဲ့အထဲက တစ်ယောက်ကိုတွေ့မိပြီး လက်စားပြန်ချေဖို့ နှစ်ယောက်သား အစီအစဉ်ဆွဲပြီး ပြန်သတ်ဖို့လုပ်ကြတဲ့ ဇာတ်ကားပါ။ “ဇာတ်အိမ်ကတော့ ထွေထွေထူးထူးမရှိသလို မြန်မြန်ဖြစ် မြန်မြန်ပြီးသွားတဲ့ ဇာတ်ကားမျိုးပါ။ ” File size… 1.9 GB / 736 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 20m Genre ….. Crime/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi

5.5 2007 88 mins
Straightheads Closure
Kade Dade Diyan Kade Pote Diyan
6

ဒီဇာတ်ကားကတော့ IMDbမှာ rating 6.1 အထိ ရရှိထားတဲ့ ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဂိုဂဲနဲ့ ကာမာလ်ဟာ တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ကြပြီးတော့ လက်ထပ်ချင်နေကြတဲ့ ချစ်သူတွေပဲဖြစ်ကြပါတယ်၊ ဒါပေမဲ့လည်း ကာမာလ်ရဲ့ အဘွားကတော့ သူတို့နှစ်ယောက်လက်ထပ်မှာကို သဘောမတူချင်ဘူးတဲ့။ အဲဒီတော့ ဂိုဂဲက ကာမာလ်ရဲ့ အဘွားဖြစ်သူ သေသွားပါစေဆိုပြီးတော့ ဆုတောင်းလိုက်တာ အဘွားက တကယ်ပဲ သေသွားပါတော့တယ်။ သူ့ဆုတောင်း တကယ်ပြည့်သွားတဲ့အချိန်မှာ ဂိုဂဲက လန့်သွားတာပေါ့။ အဲဒီလိုနဲ့ သူလည်း သူတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲအတွက် အဆင်ပြေပြီလို့ ထင်ခဲ့ပေမဲ့ အဘွားရဲ့ ဝိညာဥ်ကို ပြန်တွေ့လိုက်ရတော့ သူ့ကို မြင်နေရပါတယ်ဆိုတဲ့အကြောင်းကို တခြားသူတွေကို သက်သေပြဖို့ လုပ်ပါလေရော။ ဒါပေမဲ့လည်း သူကလွဲပြီး တခြားဘယ်သူမှမမြင်ရတော့ ဒုက္ခရောက်နေတော့တာပေါ့။ အဲဒီလိုနဲ့ တစ်ရက်ကျတော့ ဂိုဂဲကို ဘုရားကျောင်းက ဘုန်းကြီးကနေ သူ့အဘိုးဝိညာဥ်ကို ခေါ်ပြီး အကူအညီတောင်းခိုင်းဖို့ အကြံပေးတော့ အကြံအတိုင်း လုပ်ဖြစ်လိုက်ရော။ ဒါပေမဲ့ ဖြစ်ချင်တော့ အဘိုးရဲ့ ဝိညာဥ်ကို မြင်ရတာက ကာမာလ်တစ်ယောက်ပဲ ဖြစ်နေတယ်တဲ့။ ဒီလိုအရှုပ်တွေ၊ အမှားတွေကြားကနေ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာကြောင့် သူတို့နှစ်ယောက်ကြားက အရာရာအားလုံး အဆင်ပြေသွားနိုင်မလားဆိုတာကို ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်… အညွှန်းနဲ့ ဘာသာပြန်ကတော့ Cyrah ပဲ ဖြစ်ပါတယ်

Drama
6 2024 147 mins
Kade Dade Diyan Kade Pote Diyan
Hiroshima Mon Amour
7.8

Hiroshima Mon Amour (1959) ~ IMDb – 7.8/10, Rotten Tomatoes – 96% ~ Alain Resnais ရဲ့ Hiroshima Mon Amour ဟာ Breathless (1960) တို့၊ The 400 Blows (1959) တို့လိုပဲ ပြင်သစ်နယူးဝေ့ရဲ့ အခရာကျတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ ဒီကားဟာ စစကတော့ အက်တမ်ဗုံးအကြောင်း ဒိုကူမန်ထရီအတိုအဖြစ်ရိုက်ဖို့လုပ်ရာကနေ စတယ်။ Alain Resnais က Night and Fog ဆိုတဲ့ နာမည်နဲ့ နာဇီအကျဉ်းစခန်းတွေအကြောင်း ရိုက်ဖူးတော့ ဒီလိုပုံစံမျိုးထပ်မဖြစ်ချင်တော့ ဘယ်လိုပုံစံနဲ့ရိုက်ပြရမလဲ တော်တော်ခေါင်းစားခဲ့တယ်။ ဒီ့နောက်တော့ ဒီလိုပုံစံဖြစ်လာတယ်ပေါ့။ ဒါပေမဲ့ သူဝန်ခံထားတာကတော့ ဒီကားနဲ့ ‌အော်စကာဆန်ခါတင်ဝင်ခဲ့တဲ့ ဇာတ်ညွှန်းရေးဆရာမ Marguerite Duras သာ မပါခဲ့ရင် သူတော်တော်ခေါင်းစားနေရမှာတဲ့။ Marguerite Duras ကို‌တော့ The Lover နဲ့ သိကြလိမ့်မယ်။ ပြောရရင် Hiroshima Mon Amour (1959) ဟာ အက်တမ်ဗုံးဒဏ်ခံခဲ့ရတဲ့ ဟိရိုရှိမမြို့အကြောင်း တင်ဆက်ရမယ့် ရုပ်ရှင်ဖြစ်ရမှာပေမဲ့ Resnais ကတော့ ဟိရိုရှိမရဲ့ဝေဒနာကို ပြင်သစ်ရဲ့ဝေဒနာနဲ့ လူနှစ်ယောက်ရဲ့ဝေဒနာနဲ့ တွဲဖက်ပုံဖော်သွားခဲ့တယ်။ သူစစဖွင့်ခဲ့သလိုပဲ ဟိရိုရှိမအကြောင်းကို ပြင်သစ်သူကနားမလည်နိုင်ဘူးဆိုသလိုပဲ သူကိုယ်တိုင်လည်း မဖြစ်မနေ ဒါကိုရိုက်ရပေမဲ့ ဟိရိုရှိမရဲ့ ‌ဝေဒနာကို သူအပြည့်အဝနားမလည်နိုင်တာ ကောင်းကောင်းသိခဲ့ပုံပါပဲ။ ဒီတော့ သူက ဝေဒနာကို ဝေဒနာချင်းထပ်တူပြုပုံဖော်သွားခဲ့တယ်။ ခြေထောက်ပြတ်တဲ့လူရဲ့ဝေဒနာကို ကျွန်တော်တို့အပြည့်တော့ နားမလည်နိုင်ပေမဲ့ ကျွန်တော်တို့သာ လက်သန်းပြတ်ဖူးရင်တော့ နည်းနည်းတော့နှိုင်းယှဉ်သိနိုင်မယ်။ ဒါပေမဲ့ အပြည့်အဝသိနိုင်တာတော့မဟုတ်ဘူးပေါ့။ Resnais ကတော့ ခြေထောက်ပြတ်တဲ့လူလိုဖြစ်နေခဲ့တဲ့ ဟိရိုရှိမရဲ့ဝေဒနာကို လက်သန်းပြတ်ဖူးတဲ့ သူတို့ဝေဒနာနဲ့ တတ်နိုင်သလောက်အထိ တွဲဖက်တင်ဆက်ပြသွားခဲ့တယ်။ ဒါဟာ ဟိရိုရှိမအကြောင်းပေမဲ့ ဒါဟာ Resnais နဲ့ Duras တို့ရဲ့ ပုဂ္ဂိုလ်ရေးလည်း ဟုတ်နေပါတယ်။ ကျွန်တော်တို့လည်း ကျွန်တော်တို့ဝေဒနာနဲ့ နားလည်နိုင်သလောက် ခံစားရမှာပါပဲ။ အချစ်နဲ့ရူးသွပ်ခြင်းဟာ ပက်ပင်းတိုးရမှ နားလည်နိုင်တဲ့အရာတွေပဲတဲ့။ ဒါပေမဲ့လည်း အဲဒီအရာတွေ မရှိတော့တဲ့အခါကျရင်လည်း အဲဒီအရာတွေကို နားမလည်နိုင်တော့ပြန်ဘူး။ လူ့မှတ်ဉာဏ်ရဲ့ မေ့လွယ်ပျောက်လွယ်တတ်ခြင်းတွေပေါ့။ ဝေဒနာတွေဟာ မေ့ပျောက်တတ်ပါသလား။ မမေ့ပျောက်ရင်တောင် လူတွေက အသားကျသွားတတ်တာတော့သေချာတယ်။ အချစ်နဲ့ပက်ပင်းမတိုးရတဲ့အချိန်တွေမှာ ချစ်ဖူးတဲ့ခံစားချက်တွေက ပျောက်ပျက်တတ်သွားတတ်တယ်။ အချစ်နဲ့ပက်ပင်းတိုးမှပဲ ချစ်ဖူးတဲ့ခံစားချက်ကို ကျွန်တော်တို့ ပြန်သတိရတတ်တယ်တဲ့။ ဝေဒနာလည်း ဒီလိုပါပဲ။ မှုန်ရီဝေဝါးသောစိတ်များဟာ ဘယ်တော့မှ ရှင်းရှင်းလင်းလင်းမရှိနိုင်ဘူး။ ဒါကိုပဲ ကျွန်တော်တို့ဗီဇတစ်ခုလို့ လက်ခံလိုက်ကြတာပေါ့။ ဇာတ်လမ်းရဲ့အဆုံးသတ်မှာ အမျိုးသမီးက အမျိုးသားကို မေ့သွားခဲ့တယ်။ သူ့နာမည်ကို ဟိရိုရှိမလို့ပဲ မှတ်မိခဲ့တယ်။ အမျိုးသားကလည်း အမျိုးသမီးဝေဒနာတွေတည်နေတဲ့ မြို့ကလေးနာမည်ကိုပဲ အမျိုးသမီးနာမည်အဖြစ် သတ်မှတ်ခဲ့တယ်။ လူတစ်ယောက်ရဲ့နာမည်ကိုမေ့သွားတဲ့အခါမှာ အရာအားလုံး မေ့သွားတော့တာပဲတဲ့။ မှန်ချင်မှလည်းမှန်ပါမယ်။ ဝေဒနာသက်သက်ကို ခံစားမိနေတတ်တဲ့ နေ့ရက်တချို့တို့လိုပေါ့။ ဟိရိုရှိမမြို့ရဲ့ ပြတိုက်ထဲမှာ လိမ်ကောက်ကွေးညွတ်သွားတဲ့ သတ္တုတွေရှိတယ်တဲ့။ မာကျောလှတဲ့ သတ္တုတွေကိုတောင် အဖတ်ဆည်မရဖြစ်သွားစေခဲ့တဲ့ ပြင်းအားနောက်မှာ လူသားကတော့ ရှင်သန်နိုင်ခဲ့တယ်။ ဒါပေမဲ့ ပုံပျက်ပန်းပျက်ပါပဲ။ ကမ္ဘာမှာ ပုံပျက်ပန်းပျက်နဲ့ ရှင်သန်နေရတဲ့ နှလုံးသားတွေသိပ်များတယ် ဟိရိုရှိမရယ်…။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.4GB, 996MB Quality – BluRay 1080p, 720p IMDb Rating – 7.8/10 Format – mp4 Duration – 1H 30Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.8 1959
Hiroshima Mon Amour
Vishesham
8.5

Vishesham 2024 ကိုလူပျိုရဲ့အချစ်ခရီး IMDb – 8.6/10 လူတစ်ယောက်အတွက် ပထမဆုံးအကြိမ်ဆိုတာ အတော်လေးအရေးကြီးပါတယ်။ ဒီပထမဆုံးအကြိမ်ကနေရလိုက်တာက သူ့အတွက် အဖိုးမဖြတ်နိုင်တဲ့ ယုံကြည်မှုဆိုတဲ့အရာပါပဲ။ ဒါပေမဲ့ ရှီဂျူကတော့ ဒီယုံကြည်မှုဆိုတဲ့အညွန့်လေး ရိုက်ချိုးခံလိုက်ရတဲ့သူပေါ့။ လူရိုးကြီးရှီဂျူက သိပ်ချစ်တတ်တဲ့သူတစ်ယောက်ဆိုပေမဲ့ သူ့ကိုမင်္ဂလာဆောင်ပေးမယ့်အချိန်မှာ သတို့သမီးလေးက ကိုထိပ်ပြောင်ကြီးမြင်ပြီး ထွက်ပြေးသွားတာမလို့ အသည်းလည်းကွဲ အရှက်လည်းကွဲပြီး လယ်စိုက်ပြီး တစ်ကိုယ်တည်းပဲနေတော့တာပေါ့။ ဒါကို မကြည့်ရက်လေတော့ အမေနဲ့ အစ်ကိုဖြစ်သူအပါအဝင် တစ်ဆွေတစ်မျိုးလုံးက ရှီဂျူကို အိမ်ထောင်ထပ်ပြုဖို့ ဇွတ်တိုက်တွန်းတာမလို့ ရှီဂျူလည်း မရေမရာနဲ့ပဲ ထပ်ပြီးစမ်းကြည့်ဖို့ လက်ခံလိုက်ပါတော့တယ်။ နှလုံးလှတဲ့ ကိုလူရိုးဆို‌ပေမဲ့ အသက်ကကြီး ထိပ်ကပြောင် ဗိုက်ကပူနေတဲ့ အဘိုးအိုပေါက်စရုပ်နဲ့ရှီဂျူကို မိန်းကလေးတိုင်းက ငြင်းနေတော့ အိမ်ထောင်ပြုဖို့ လက်လျှော့မယ့်ဆဲဆဲ ကျားမလေးလို ရဲရဲတောက် ရဲမေမလေးနဲ့ဆုံဖို့ ဖြစ်လာချိန်မှာတော့…. (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်)

8.5 2024
Vishesham
With a Friend Like Harry…

IMDb 7.1/10 Rotten Tomato 96% ဒီဇာတ်ကားကတော့ ပြင်သစ်ဇာတ်ကား ဖြစ်ပါတယ် ။လျို့ဝှက်သည်းဖိုဇတ်လမ်း တွေကြိုက်တယ်ဆိုရင်တော့ အတော်ပါပဲ ပြင်သစ်ရုပ်ရှင်တွေကလည်းလျှော့တွက် မရတဲ့ အထဲပါပါတယ်။ တစ်ချို့ဇာတ်ကား တွေဆို ကမ္ဘာကျော်တဲ့အပြင် အတွဲလိုက် လက်မလည်အောင်ရိုက်နေရတဲ့ကားတွေ လည်းတွေ့ဖူးပါတယ်။ ဒီဇတ်ကားထဲမှာ ပြင်သစ်ပြည်က တောင် တန်းတွေနဲ့ ကျေးလက်အပန်းဖြေအိမ် လေးကသဘောကျစရာပါပဲ။ကလောမြို့ ကိုတောင်အမှတ်ရမိပါသေးတယ်။ ပြင်သစ်ခေတ်ဟောင်း တေးဂီတနဲ့သီချင်း ကိုလည်း ဇာတ်နဲ့လိုက်ဖက်အောင်သုံး ပေးထားပါတယ်။ ဒါရိုက်တာက Dominik Moll ပါ။ ဇတ်လမ်းအကျဥ်း မီရှယ်ပတ်ဖ်က ဇနီးသည်ကလယ်ရာ သမီးသုံးယောက်တို့နဲ့အတူ သူတို့ဝယ် ထားတဲ့ပြင်သစ်ပြည်တောင်ပေါ်ကျေး လက်က အပန်းဖြေအိမ်မှာ အားလပ် ရက်အပန်းဖြေဖို့တက်လာကြပါတယ်။ ကားကအဲယားကွန်းမပါပူတော့ကလေး အကြီးကဂျီကျတဲ့အပြင်အငယ်ဆုံးက လည်း တစ်ကျီကျီငိုလာပါတယ်။ လမ်းမှာခဏနားတဲ့အချိန် သန့်စင်ခန်း ထဲမှာမီရှယ်ကကျောင်းတုန်းကအတန်း ဖော် ဟာရီနဲ့ဆုံပါတယ်။ ဟာရီကမှတ်မိပေမဲ့ မီရှယ်ကမမှတ်မိ ပါဘူး။ ခရီးဆက်ထွက်မယ်လုပ်တော့ စကားစပ်မိကြပြီး ဟာရီနဲ့သူ့ရည်းစား ပလမ်းတို့ ဆွစ်စလန်သွားမယ့် ခရီးစဥ် ကိုခဏဆိုင်းငံ့ပြီး မီရှယ်တို့အိမ်ကိုလိုက် လည်မယ် ဖြစ်သွားပါတယ်။ အိမ်မှာညစာစားတော့ ဟာရီက ကျောင်း မဂ္ဂဇင်းမှာ မီရှယ်ရေးခဲ့တဲ့ကဗျာကိုအလွတ် ရွတ်ပြပါတယ်။အဖွင့်အခန်းလောက်ပဲ ရေးရသေးတဲ့ ဝတ္ထုကိုလည်းဆက်ရေးဖို့ တိုက်တွန်းပါတယ်။ ဟာရီက မီရှယ် စာဆက်မရေးတာကိုနှမြောနေပါတယ်။ မီရှယ်မှာ ကလေးသုံးယောက် ဝေယျာဝစ္စ အိမ်ပတ်လည် နဲ့အိမ်ကိုလိုအပ်တွေလုပ် ရ အဖေနဲ့အမေကိုဖုန်းဆက်ရနဲ့မအား ဖြစ်နေပါတယ်။ကလယ်ရာစျေးဝယ်သွား ရင်း ကားပျက်ပါတယ်။ဟာရီနဲ့မီရှယ် ရောက်လာပြီးကလယ်ရာနဲ့မီရှယ်စကား များကြပြန်ပါတယ်။ ကလယ်ရာစျေးဝယ် ပြီးတဲ့အခါ ဟာရီကလာကြိုပေးပါတယ်။ လမ်းမှာကလယ်ရာတို့မိသားစုဘဝကို မေးမြန်းအကြံပေးရင်းဟာရီကစိတ်ကူး ပေါက်ပြီးစျေးကြီးတဲ့ ဖိုးဝှီးကားတစ်စီးကို မီရှယ်တို့အတွက်ဝင်ဝယ်ပေးလိုက်ပါတယ်။မီရှယ်တို့ကလက်မခံချင်ပါဘူး။ဒါပေမဲ့ မီရှယ့်မိဘတွေကိုဟာရီဝယ်ပေးတဲ့ကားနဲ့သွားခေါ်ရဖို့ဖြစ်လာပါတယ်။ မီရှယ့်အဖေက ဟာရီ့ကိုမှတ်မိပါတယ်။ ဖိုးဝှီးကားအကြောင်းကို မီရှယ့်အဖေက တုတ်ထိုးအိုးပေါက်ပြောလို့ ဟာရီမျက် နှာပျက်ပြီးချက်ချင်းထသွားပါတယ်။ မီရှယ့်မိဘတွေကလည်း မီရှယ့်အိမ်မှာ မအိပ်ပဲဟိုတယ်မှာအိပ်သလို ဟာရီတို့ အတွဲကလည်းဟိုတယ်မှာသွားအိပ်ပါ တယ်။ အဲဒီညမှာပဲ မီရှယ်တို့အတွက်ထိတ်လန့် တုန်လှုပ်စရာကိစ္စတွေဖြစ်လာပါတော့ တယ်။ထိတ်လန့်တုန်လှုပ်စရာတွေရဲ့ နောက်ခံအကြောင်းရင်းက ဘာတွေဖြစ် မလဲ။သူတို့တွေဘာတွေဆက်ကြုံရမလဲ ဆိုတာတော့ ဖန်သားပြင်ပေါ်မှာဆက် ကြည့်နိုင်ပါတယ်။ ဇတ်ကားရဲ့ရသအချို့ မိသားစုတွေမှာအခက်အခဲတွေရှိတယ် ကိုယ့်ရဲ့တိုးတက်မှုတွေကိုပိတ်ပင်နေ တယ်ထင်ရတောင် ပန်းကလေးတွေ ပွင့်လန်းလာတာကိုကြည်ကြည်နူးနူး ထိုင်ကြည့်ရသလိုပဲဆိုတာ ဒီဇတ်ကား မှာပြထားပါတယ်။ မိဘနဲ့သားသမီးကြားကသံယောဇဥ်နဲ့ စေတနာတွေ ချွေးမနဲ့ယောက္ခထီး ယောက္ခမကြားကဆက်ဆံရေးတွေတွေ့ ရပါမယ်။ သားသမီးတစ်ချို့ရဲ့ မိဘတွေအပေါ် သဘောထားကလည်း ကြောက်စရာပါ လားတွေးမိပါလိမ့်မယ်။ သည်းထိပ်ရင်ဖိုကားတစ်ခုထက်ပိုတဲ့ ဇာတ်ကားတစ်ကားလို့ညွှန်းပါရစေ။ File size…(2 GB)/(938 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Comedy, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Khin Sakar Khin

Horror • Thriller
0 2000
With a Friend Like Harry…
Dark Paradise Tume paradiis
5.9

Dark Paradise (2024) IMDb Rating (5.9) ကာမန်ဆိုတဲ့ကောင်မလေးတစ်ယောက်ရှိတယ်။ သူ့အဖေကရှိတုန်းက သူ့ဘဝက သူ့အဖေထောက်ပံ့တဲ့ငွေနဲ့ မတောင့်မတ မကြောင့်မကြပါဘဲ။ ဇာတ်လမ်းကတော့ သူ့အဖေ အသုဘမှာစထားတယ်။ သူ့အဖေက သူထင်ခဲ့သလို လူချမ်းသာမဟုတ်ဘဲ အကြွေးတွေဝိုင်းနေတဲ့လူဆိုတာလည်း သူ့အဖေ အသုဘကျမှ သူသိလိုက်ရတယ်။ သူ့အဖေချန်ခဲ့တဲ့အမွေတွေကိုလည်း အကြွေးတွေဆပ်ဖို့ သူ့အမေနဲ့သူ့ပထွေးက သိမ်းချင်နေတယ်။ ဒီတော့ ကာမန်ဟာ သူ့ဘဝကြီးထဲ သူစရောက်လာတယ်။ ဆေးလည်းစွဲနေတဲ့ ကာမန်ဟာ သူ့ဘဝကြီးကို ဘယ်လိုတည်ဆောက်မလဲ။ ဆောက်နိုင်ပါ့မလား။ သူ့အဆိုးတွေကရော ဘယ်အထိဆိုးမလဲ ကြည့်ရမယ့် ရုပ်ရှင်ပါပဲ။ လိင်ဆက်ဆံခန်းတွေ တော်တော်ပါတာမို့ မိသားစုနဲ့တော့ ကြည့်လို့အဆင်မပြေပါဘူး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1.4 GB) / (620 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama Duration….01:49:44 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Drama • Music • Crime
5.9 2024 108 mins
Dark Paradise Tume paradiis
Nightmare
6.5

Nightmare (2000) ********************* Channel Myanmar ပရိသတ်ကြီးတို့အတွက် 2000 ခုနှစ်က Horror Movie ကားကောင်းလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ (သွေးထွက်သံယိုဇာတ်ဝင်ခန်းတွေ ပါဝင်တာကြောင့် အသက်မပြည့်သေးသောသူများ ကြည့်ရှုရန်မသင့်တော်ပါ) Cast တွေအနေနဲ့ကတော့ Secret Garden, Empress Ki စတဲ့ကားတွေထဲက မင်းသမီး Ha Ji-Won ၊ Money Heist ထဲမှာ ပါမောက္ခအဖြစ် ပါဝင်ခဲ့တဲ့ Yoo Ji-Tae ၊ The Uncanny Counter, Alchemy Of Souls မှ မင်းသားကြီး Yu Jun-Sang တို့အပြင် Kim Gyu-Ri ၊ Choi Jung-Yoon ၊ Jung Joon တို့က အဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း *************** စိတ်ပညာမေဂျာယူထားတဲ့ ဟယ်ဂျင်းက တက္ကသိုလ်စာမေးပွဲအတွက် ပြင်ဆင်နေတုန်းမှာပဲ တစ်နေ့မှာတော့ အဆက်အသွယ်ပြတ်နေခဲ့တဲ့ သူငယ်ချင်းဖြစ်သူ ဆွန်းအယ် ပြန်ရောက်လာတာကြောင့် ဝမ်းသာနေခဲ့ပြီး ဆွန်းအယ်ရဲ့ တစ်ခုခုကို ကြောက်ရွံ့နေသလိုမျိုး ပြောင်းလဲသွားတဲ့ပုံစံကိုလည်းအတော့်ကို အံ့အားသင့်မိနေပါတော့တယ်။ ဒါ့အပြင် ဆွန်းအယ်ဆီက ကြားလိုက်ရတဲ့ သေသွားပြီဖြစ်တဲ့ “ဂယောင်းအာက ငါ့နောက်လိုက်နေတယ်” ဆိုတဲ့ စကားကြောင့်ပဲ တက္ကသိုလ် ကလပ်ဖွဲ့တုန်းက အဖွဲ့ဝင်သူငယ်ချင်းတွေဖြစ်ခဲ့ကြတဲ့ မီယောင်း , ဂျောင်အု, ဆယ်ဟွန်း, ဟျွန်းဂျွန်း တို့နဲ့ ပြန်လည်ဆုံတွေ့ဖြစ်ခဲ့ပြီးနောက် သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံရလာတဲ့ အခါမှာတော့…. သတ်သေသွားတဲ့ ဂယောင်းအာက တကယ်ပဲ လိုက်သတ်နေတာဖြစ်မလား…. ဂယောင်းအာကရော ဘာကြောင့် သတ်သေသွားတာဖြစ်မလဲ…. သူတို့တစ်ယောက်ချင်းစီမှာရော မသိနိုင်တဲ့ ဘယ်လို လျှို့ဝှက်ချက်တွေရှိနေမလဲ …. နောက်ဆုံးမှာ အသက်ရှင်ကျန်ရစ်နိုင်တဲ့လူရော ရှိပါ့မလား…ဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာဖြစ်တဲ့ ဇာတ်ကားကောင်းလေးဖြစ်လို့ Channel Myanmar မှ ကွာလတီအမိုက်စားနဲ့ တင်ဆက်ပေးလိုက်ရပါတယ် (ဇာတ်လမ်းအညွှန်းကို Su Sandiက ရေးသားထားပါတယ်) File Size – 2.11 GB/ 807 MB Quality – WEB-Rip 1080p/ 720p Duration – 1h 37m Format – mp4 Genre – Horror,Thriller Subtitle – Myanmar Subtitle (Hard Sub) Translated by Su Sandi Encoded by Treasure Htet

Action • Thriller
6.5 2000 97 mins
Nightmare
Saving My Hubby
6.5

Saving My Hubby (2002) *************************** ကေဒရမ်မာပရိတ်သတ်ကြီးတို့အတွက် ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ရမဲ့ တစ်ခေတ်တစ်ခါက ဟာသ ဇာတ်ကားဟောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားမှာတော့ ဇာတ်လိုက်အဖြစ် မင်းသမီးကြီး Bae Doo-Naရဲ့ ငယ်ရွယ်စဥ်အခါက မသေးလှတဲ့သရုပ်ဆောင်စွမ်းရည်တွေကို တစ်ဝကြီးရူစားကြရမှာဖြစ်ပြီး ဟာသဇာတ်လမ်းတွဲကြိုက်သူများ လက်မလွှတ်သင့်တဲ့ဇာတ်ကားလေးလည်းဖြစ်ပါတယ်နော် ‌တစ်ချိန်က နိုင်ငံကျော် ဘော်လီဘောအားကစားမယ် ဂျောင်ဂွန်ဆွန်းဟာ အခုအချိန်မှာတော့ အားကစားလောကမှ အနားယူပြီး ခင်ပွန်းနဲ့ သမီးလေးတစ်ယောက်ဖြင့် သာမာန်အိမ်ထောင်သည်ဘဝကိုဖြတ်သန်းနေပါတယ်။ ခင်ပွန်း ဟန်ဂျွန်းထယ်ရဲ့ ပထမဆုံးအလုပ်တက်ရက်မှာပဲ ယောက္ခမဖြစ်သူများက နယ်မှတက်လာမည်ဟုသတင်းရသောကြောင့် ပြင်ဆင်ရင်းမှ အလုပ်သွားတက်တဲ့ယောကျ်ားကို အကြွေးဖြင့် အသက်ခြိမ်း‌ခြောက်သည့်ဖုန်းဝင်လာပါတော့တယ်။ အားကစားသမားဟောင်း ဂွန်ဆွန်းဟာ သမီးကိုတစ်ဖက်ကုန်းပိုးရင်းနဲ့ ဘယ်ဆီရောက်မှန်းမသိတဲ့ ခင်ပွန်းကို လိုက်ရှာရင်းက အလွဲပေါင်းများစွာဖြင့် မထင်မှတ်ဘဲ ရန်ဘက်ဂိုဏ်းနှစ်ဂိုဏ်းကြားထဲ ရောက်သွားသောအခါ.. အိမ်ထောင်ရှင်မတစ်ယောက်ရဲ့ တစ်ညတာစွန့်စားခန်းများကို အက်ရှင်နဲ့ဟာသလေးများရောနှောပြီး ရင်တထိတ်ထတ်ကြည့်ရူခံစားကြရမှာဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Khin Niက ရေးသားထားပါတယ်) File Size – 1.74 GB/ 690 MB Quality – WEB-DL 1080p/ 720p Duration – 1h 33m Format – mp4 Genre – Comedy,Drama Subtitle – Myanmar Subtitle (Hard Sub) Translated by – Khin Ni Encoded by – Treasure Htet

6.5 2002 91 mins
Saving My Hubby