YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Twist of Fate S01E32 720p CM.mp4

213.92 MB N/A video/mp4 53 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Vacation Home Nightmare
3.2

ဒန်နီအယ်နဲ့ သူမရဲ့သူငယ်ချင်းနှစ်ယောက်က ကွာရှင်းပြတ်စဲခြင်းကိုအောင်ပွဲခံဖို့ အပန်းဖြေအိမ်ကို ရောက်လာခဲ့ကြတယ်။ တကယ်တော့ သူတို့ဌားရမ်းခဲ့တဲ့အပန်းဖြေအိမ်က အပြင်ပန်းကကြည့်ရင်အေးချမ်းသလောက် တကယ်တမ်းမှာလုံးဝအန္တရာယ်မကင်းပါဘူး။ ဇနီးပစ်ခံရတဲ့အတိတ်တစ်ခုကနေရုန်းမထွက်နိုင်တဲ့လူသတ်သမားရဲ့ ပိုင်နက်ဖြစ်နေတာပေါ့။ အိမ်ထောင်ရေးပြိုကွဲသွားတဲ့ အမျိုးသမီးအချို့က စိတ်သစ်လူသစ်ဖြစ်အောင် ထိုအပန်းဖြေအိမ်ကို လာရောက်အနားယူလေ့ရှိကြတယ်။ လူသတ်သမားကလည်း သူ့ဇနီးဟောင်းအပေါ်မှာထားတဲ့ အငြိုးတွေကို အပန်းဖြေအိမ်ကိုလာကြတဲ့အမျိုးသမီးတွေအပေါ်ပုံချပြီး ပစ်မှတ်ထားသတ်ပစ်လေ့ရှိတယ်။ ဒီလိုနဲ့ ဒန်နီအယ်ရဲ့အလှည့်ရောက်လာခဲ့တယ်။ Vacation Home Nightmare ဇာတ်ကားထဲမှာ သာမန် သူလိုကိုယ်လိုလူတွေကြားထဲက လူတစ်ယောက်က လူသတ်သမားဖြစ်နေတာကိုပဲ realityဆန်ဆန် ရိုက်ပြထားပါတယ်။ မမျှော်လင့်ထားတဲ့သေခြင်းတရားနဲ့ နေ့မြင်ညပျောက်တတ်တဲ့သဘောတွေ တော်တော်လေးပါပါတယ်။ Horrorဆန်ပြီးကြောက်ဖို့ကောင်းတဲ့ကားမျိုးမဟုတ်ပဲ realityဆန်တဲ့ဇာတ်ကားတစ်ကားမျိုးပါပဲ။ ဒန်နီအယ်ကလည်း ထိုလူသတ်သမားရဲ့ပစ်မှတ်ဖြစ်လာတဲ့အခါ သူမဆီကျရောက်လာတဲ့ ကပ်ဆိုးကို ကျော်လွှားနိုင်သွားမလား။ ဒါမှမဟုတ် လူသတ်သမားရဲ့သားကောင်တွေထဲကတစ်ယောက်ပဲဖြစ်သွားမလားဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုလို့ရပါပြီ။ File size…(1.31GB)  / (724MB) / (391MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:45:00 Genre...Drama / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra

Action • Drama
3.2 2023 88 mins
Vacation Home Nightmare
The Grandson
7.6

~ IMDb rating - 7/10 ~ ဒီကားကတော့ အရမ်းချစ်ကြတဲ့ မြေးအဘိုးနှစ်ယောက်အကြောင်းကို အခြေခံပြီးရိုက်ထားတဲ့ ဟန်ဂေရီရုပ်ရှင်ဖြစ်ပြီး ခေါင်းဆောင်မင်းသားအဖြစ် ဟန်ဂေရီသရုပ်ဆောင် Gergely Blahó ကပါဝင်ထားပါတယ်။ ~ ဇာတ်လမ်းအကျဥ်း ~ အဘိုးအဘွားတွေဆိုတာ မြေးတွေကို အရမ်းအကဲပို အလိုလိုက်ကြတယ်မဟုတ်လား။ ရူဒီဆိုတဲ့လူငယ်လေးက သာမန်ကုမ္ပဏီဝန်ထမ်းလေးတစ်ယောက်ဆိုပေမဲ့ သူ့အဘိုးကတော့ သူ့ကိုအရမ်းချစ်ပါတယ်။ တစ်နေ့မှာတော့ ရူဒီ့အဘိုးခမျာ မြေးအပေါ်စိုးရိမ်တတ်တဲ့စိတ်ကို အမြတ်ထုတ်ခံလိုက်ရတယ်။ ရူဒီမတော်တဆမှုဖြစ်ထားလို့ ငွေအသည်းအသန်လိုတယ်ဆိုပြီး လူလိမ်တစ်ယောက်က ရူဒီ့အဘိုးဆီ ရဲယောင်ဆောင်ဖုန်းဆက်ပြီး ငွေလိမ်တောင်းခဲ့တယ်။ ရူဒီ့အဘိုးလည်း မြေးဇောနဲ့ ငွေတွေအကုန်ပါသွားတယ်။ ရူဒီ့အဘိုးလို ပင်စင်စားသက်ကြီးရွယ်အိုတွေကို ပစ်မှတ်ထားပြီး ငွေလိမ်ယူတဲ့ ဂိုဏ်းတစ်ဂိုဏ်းရှိနေပါတယ်။ အိမ်အတွက် ပတ်ဝန်းကျင်အတွက် အစကတည်းက လူပိုလို့ခံစားနေရတဲ့ အဘိုးအဘွားတွေမှာ ဒီဖြစ်ရပ်က သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာကို အများကြီးသက်ရောက်စေပြီး ရူဒီ့အဘိုးလည်း အိပ်ရာထဲလဲပါတော့တယ်။ လူလိမ်​တွေက ပိရိပြီး ရဲတွေဆီကလည်း ဘာအကူအညီမှမရတာကြောင့် ရူဒီကိုယ်တိုင် ဒီအမှုကိုစုံစမ်းပြီး တရားခံကိုဖော်ထုတ်မှာကို အက်ရှင်အလန်းကြီးတွေနဲ့ ကြည့်ရှုကြရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.95GB, 960MB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 1H 55Min Genre - Action, Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Y

Drama • History
7.6 2022 115 mins
The Grandson
Moss
6.9

နာမည်ကြီး Webtoon ကိုအခြေခံရိုက်ကူးထားပြီး အချိန်ကြာမြင့်ပေမယ့် ဇာတ်သိမ်းထိဆွဲခေါ်သွားမယ့် ဇာတ်လမ်းမျိုးကိုတင်ဆက်ပေးချင်ပါတယ် ဆိုးလ်မြို့ကြီးမှာနေရတာ ပျင်းရိနေတဲ့ ရူဟေးဂုဆီကို ရွာမှာဇာတ်မြှုပ်နေတဲ့ဖခင်သေဆုံးသွားကြောင်းဖုန်းဝင်လာခဲ့ပါတယ် ဒီလိုနဲ့ဖခင်ဈာပနပွဲဆီသွားခဲ့ပေမယ့် ရွာကလူတွေဟာ တစ်ခုခုကိုဖုံးကွယ်ထားကြောင်း ရှေ့နေဟောင်းရူဟေးဂုက တန်းသိခဲ့ပါတယ် မြို့ကလူစိမ်းဖြစ်လို့ရွာမှာလက်မခံချင်ကြတာမှန်းသူနားလည်ပေမယ့် ဖခင်အကြောင်းတွေကိုပါလျှို့ဝှက်ထားကြတဲ့ ဒီရွာကို သူသံသယဝင်လာတော့ ဆိုးလ်ကိုမပြန်တော့ဘဲ ရွာမှာပဲခေတ္တအခြေချလိုကြောင်းပြောပြလိုက်တဲ့အခါ ရွာကလူတွေဆက်ဆံပုံက ပိုပြီးဆိုးရွားလာခဲ့တယ် ထူးဆန်းတာက ရွာရဲ့ ရွာသူကြီးဆိုတဲ့လူကို အကုန်လုံးက နတ်ဘုရားလိုကိုးကွယ်နေကြတာပါပဲ ဒီရွာရဲ့ဖုံးကွယ်ထားတာတွေကိုတစ်စတစ်စစုံစမ်းသိရှိလာချိန်မှာတော့ ရူဟေးဂုတစ်ယောက်ဘာဆက်ဖြစ်မလဲ ရွာသူကြီးကရော ဘယ်သူလဲ.. ရူဟေးဂုဖခင်သေဆုံးမှုကရော သွေးရိုးသားရိုးဖြစ်နိုင်ပါ့မလားဆိုတာတော့ ဆက်လက်ကြည့်ရှူလိုက်ကြပါရှင် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Yunni ပါ ) File Size__(2.5GB) / (1.1GB) Quality__WEB-DL_1080p, 720p IMDb Rating__6.7/10 Format__mp4 Duration__02:45:00 Type__Crime, Drama, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Yunni Encoded by Naing Aung Latt

Drama
6.9 2010 162 mins
Moss

IMDb Rating - 7.0/10 ဒီဇာတ်ကားကို စ​ရေးမယ့်အချိန် ပိုစတာကိုမြင်​တော့ နည်းနည်း​လေး အင်တင်တင်ဖြစ်သွားမိတာ အမှန်ပါ။ ဒီဇိုင်းကာလာ အ​နေအထားက ဒီဘက်​ခေတ်ထွက် ​​ပေါ​ပေါပဲပဲစတိုင် ဖြစ်​နေတာမဟုတ်လား။ ဒီလိုနဲ့ Google​ ​ပြေး​ခေါက်၊ စာ​လေးဘာ​လေး​ပြေးရှာ​တော့ တို့များဖန်​တွေ အ​​ပေးများတယ်ဆိုတဲ့ IMDbက 7၊ Review ဆရာကြီးများ ရှိ​နေတဲ့ ခရမ်းချဉ်သီးပုပ်က67%ဆို​တော့ နည်းနည်းစိတ်ဝင်စားသွားမိတယ်။ နယ်သာလန်ကားဆို​တော့ မြင်​တွေ့​နေကျ အ​နောက်တိုင်းရုပ်ရှင်တွေ၊ အ​တွေ့နည်းတယ်ဆိုတဲ့ ပြင်သစ် တူရကီစသဖြင့်ထက် ရှား​တဲ့အပြင် ဆု၂ဆုနဲ့ nomi ၄ခုထိ စာရင်းဝင်ထား​တော့ သူများဂျင်းမထည့်ခင် ကိုယ်အရင်အထည့်ခံရမှာလန့်ရင်း ​စ​ရေးတယ်​​ပေါ့။ ဇာတ်လမ်းက ၁၇ရာစုနှစ်ကို အ​ခြေခံထားပြီး နယ်သာလန်​​ရေတပ်ရဲ့ ဗိုလ်ချုပ်ဖြစ်တဲ့ မီခယ်ဒီရိုက်တာကို အသား​ပေးရိုက်ကူးထားတာပါ။ ပ​ဒေသရာဇ်​​တွေကြီးစိုး​နေ​​သေးတဲ့ အချိန်မျိုးမှာ ရီပတ်ဘလစ်စနစ် စတင်အ​ကောင်အထည်​ပေါ်​​နေပြီဖြစ်တဲ့ နယ်သာလန်​ပြည်ကြောင့်ပဲ ဒီဇာတ်ကားထဲက အရှုပ်ထုတ်​တွေ စဖြစ်ခဲ့တယ်လို့ ဆိုရမှာပါပဲ။ သက်ဦးဆံပိုင်စနစ်ဘက်က မင်းမျိုးမင်းနွယ် ​​Prince of Orangeနဲ့ ပါတီနိုင်ငံ​ရေးစနစ်ဘက်က ရီပတ်ဘလစ်ကန်​တွေ ပွတ်တိုက်လာမှုရဲ့ အကျိုးဆက်အဖြစ် ပြည်တွင်းစစ်မီးက ​တောက်လုဆဲဆဲ ဖြစ်သလို တစ်ဖက်မှာလည်း ​ဟော်လန်ရဲ့ ​ရေ​ကြောင်းကုန်သွယ်​ရေးလုပ်ငန်းနဲ့ လွတ်လပ်တဲ့ ရီပတ်ဘလစ်စနစ်ကို မျက်မုန်းကျိုး​နေတဲ့ အင်္ဂလိပ်နဲ့ ပြင်သစ်​တွေက ​ရေ​ကြောင်းထိုးစစ်​တွေနဲ့ ကျူး​ကျော်​နေတာ​ကြောင့် ပြည်ပရန်ကိုလည်း တပြိုင်တည်းရင်ဆိုင်​​နေရတယ်လို့ ​ပြောရမှာပါ။ ဒီအချိန်မှာ ပြည်တွင်း​ရေးကို ဝန်ကြီးချုပ် ယိုဟန်ဒီဗစ်က ထိန်းကာ ပြည်ပရန်ကို​တော့ ​ရေ​ကြောင်းတိုက်ပွဲများစွာ ဆင်နွှဲခဲ့ဖူး ​နိုင်ခဲ့ဖူးတဲ့ မီခယ်ဒီရိုက်တာကို ​ရေတပ်ဗိုလ်ချုပ်အဖြစ်ခန့်အပ်ပြီး ကာကွယ်ခိုင်း ခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာ ဒီရိုက်တာရဲ့ စစ်​သေနင်္ကဗျူဟာ​တွေ၊ သင်္ဘောတိုက်ပွဲအမိုက်စားကြီး​တွေ ကြည့်ရှုရမှာဖြစ်သလို တစ်ဖက် ပြည်တွင်း​ရေးမှာ ရီပတ်ဘလစ်ဝန်ကြီးချုပ်နဲ့ အောရိန့်မင်းသားတို့ရဲ့ အာဏာအားပြိုင်မှု​​တွေကိုလည်း မြင်​တွေ့ရမှာဖြစ်ပါတယ်။ ဒတ်ချ် ဇာတ်ကားဆို​ပေမယ့် ဇာတ်လမ်းအသွားအလာက ခပ်သွက်သွက်နဲ့ တမျိုးကြည့်​ကောင်းပါတယ်။​ ​သင်္ဘောတိုက်ပွဲ​​တွေလည်း ခဏခဏ ဖြစ်​နေတာ​ကြောင့် ပြည်တွင်းပြည်ပ အ​ရေး၂ခုက Non-stopဇာတ် ပုံစံ ဇာတ်ရှိန်က ​တောက်​လျောက်တက်​​​နေတာပါ။ ပ​ဒေသရာဇ်​ခေတ်ပုံစံလည်း ဖြစ်ရမယ်၊ နိုင်ငံ​ရေးအားပြိုင်မှု​တွေကို စိတ်ဝင်စားတယ်။ ​ရေ​တိုက်ပွဲ​တွေကိုလည်း သ​ဘောကျတယ်ဆိုရင် ဒီဇာတ်ကားက ရထားတဲ့ rating​တွေနဲ့ သူ့အိုးနဲ့သူဆန် တန်တယ်လို့ ​ပြောနိုင်ပါတယ်။ ကြာချိန်ကလည်း ၂နာရီခွဲနီးပါးရှိပြီး ဇာတ်အိမ်က ခိုင်လို့ အကြိုက်​တွေ့တဲ့သူ​တွေ ရှိမယ့်ဇာတ်ကားပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ JimX ဖြစ်ပါတယ်) File Size..........(2.9 GB) / (1.48 GB) / (926 MB) Quality............BluRay 1080p / 720p / 480p Duration.........2Hrs 31mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Biography, Drama Translator.......JimX Encoder..........SWM

Action • Drama • War
null 2022
The Admiral
Blood: The Last Vampire
5.7

ဒီကားလေးကတော့ Japanese Animation ဇာတ်ကား Blood: The Last Vampire ကို အခြေခံ ပြီးရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပါ အားလုံးသိကြတဲ့ ကိုရီးယားမင်းသမီးချော Jun Ji-hyun လည်း ပါ၀င်ထားပါတယ် ဆာယာဆိုတဲ့ ကောင်မ‌လေးကတော့ ငယ်ငယ်တည်းက မိဘမဲ့ဖြစ်ပြီး ခတိုဆိုတဲ့ ဆာမူရိုင်းဂျပန်အဘိုးကြီး တစ်ယောက်က ‌မွေးစားထားတာပေါ့ သူ့ အဖေကိုသတ်ခဲ့တဲ့ အိုနီဂန်ဆိုတဲ့ မကောင်းဆိုး၀ါး ကို ပြန်ကလဲ့စားချေဖို့ ကိုယ်ခံပညာကို သင်ခဲ့တယ် ဆာယာက လူတ၀က် မကောင်းဆိုး၀ါးတစ်၀က်နဲ့ မွေးလာတာ‌ကြောင့် နှစ်၄၀၀ကြာတဲ့အထိ အသက်ကြီး မသွားခဲ့ဘူး သွေးစုပ်ကောင်တွေ ကို ပြည်သူလူထု မသိစေဘဲ နှိမ်နှင်းနေတဲ့ အမေရိကန် အဖွဲ့အစည်းတစ်ခုကို ဆာယာ၀င်‌ယောက်လာခဲ့တယ် သူ့ အဖေကို သတ်တဲ့ မကောင်းဆိုး၀ါးကို ရှာရင်း သူကိုယ်တိုင် မကောင်းဆိုး၀ါးနီးနီး ဖြစ်လာတဲ့အခါ... ဓားရှည်တစ်ချောင်းနောက်ပစ်ပြီး ကြမ်းတမ်းပေမယ့် လှပနေတဲ့ မင်းသမီး Jun Ji-hyun ပါတာနဲ့ တင် ကြည့်ဖို့တန်နေတာမို့ လက်မလွှတ်တမ်း ကြည့်လိုက်ကြရအောင်ဗျာ ( အညွှန်းရေးသားထားသူကတော့ Zero ပါ ) File Size__(1.6GB) / (760MB) Quality__1080p, 720p IMDb Rating__5.3/10 Format__mp4 Duration__01:35:00 Type__Action, Adventure, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by Shwe Yil Linn Encoded by Naing Aung Latt

Horror • Thriller
5.7 2009 91 mins
Blood: The Last Vampire
Deewangee
6.4

မင်းသားကြီးအဂျေးနဲ့အရှေးခန်နာ...မင်းသမီး Urmila Matondkar တို့ပါဝင်ထားတဲ့ ဒီဇာတ်ကားက IMDb Rating(6.5) ရရှိထားတဲ့ Crime,Mystery အမျိုးအစား စိတ်ဝင်စားစရာ ဇာတ်ကားကောင်းလေးပါ။ "အချစ်" ခေတ်အဆက်ဆက်က ဒီစကားလုံးလေးနှစ်လုံးကို ကဗျာတွေ စာတွေ ပေတွေနဲ့ ဖော်ကျူးခဲ့ကြတယ်... ခံစားချက်ထောင်ချီကနေ ပေါက်ဖွားလာတဲ့ ဒီစကားလုံးလေးက လူသားကို လုံးဝ ရူးသွပ်သွားအောင် လုပ်နိုင်ခဲ့တယ်.. ပြောကြတယ်မလား အချစ်အတွက်ဆို အသက်လည်းပေးနိုင်သလို သေလည်းသေရဲတယ်ပေါ့ ဒါဟာ တကယ်အချစ်ကိုရူးသွပ်ကြတဲ့ လူတွေမှာ ပေါက်ဖွားလာတဲ့ ခံစားချက်လေးပါ... ဒီလိုအချစ်မျိုးတွေ တကယ်ရှိခဲ့ကောင်း ရှိခဲ့ပါလိမ့်မယ် ရှိလည်း ရှိနိုင်ပါတယ်... ဒီလိုစွဲလန်းရူးသွပ်စိတ်ကို ဖေါ်ပြထားတဲ့ ဒီကားလေးမှာ ငယ်ငယ်လေးကတည်းက တိတ်တခိုးချစ်စိတ်တွေနဲ့ ဖုံးကွယ်ထားခဲ့ရတဲ့ ခံစားချက်တွေကို ရင်မှာမျိုသိပ်ရင်း ဆရ်ဂမ်ဆိုတဲ့ကောင်မလေးကို တရန်းဆိုတဲ့ကောင်လေးဟာ ရင်မှာကျိတ်ပိုးငြိတွယ်နေခဲ့တယ်... မိဘတွေက ရင်းနှီးသိကျွမ်းကြလို့ သူတို့နှစ်ယောက်ကို ငယ်ငယ်လေးကတည်းက သဘောတူထားခဲ့ကြတယ်.. လောကဓံကြောင့် တရန်းရဲ့မိဘတွေ ငယ်ငယ်လေးကတည်းက ဆုံးပါးသွားခဲ့ကြပြီး ချစ်ရသူနဲ့ငယ်ငယ်လေးကတည်းက ကွေကွင်းသွားခဲ့ရပါတယ်.. ပြန်ဆုံမိတဲ့အခိုက်အတန့် သိပ်မကြာခင်မှာပဲ လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်...ရဲတွေဟာ တရန်းကို လက်ပူးလက်ကြပ်မိလို့ လူသတ်တရားခံလို့ မှတ်ယူထားခဲ့ကြတယ်... ဆရ်ဂမ်ဟာ တရန်းကလူသတ်သမားမဖြစ်နိုင်ဘူးဆိုတာကို ယုံကြည်တဲ့အတွက် နာမည်ကျော်ရှေ့နေလေး ရာဂျ်ကို အမှုလိုက်ပေးဖို့ အကူအညီတောင်းခဲ့ပါတယ်... တရန်းကလည်း သူ လူမသတ်ပါဘူးလို့ ငြင်းတယ်... ရှေ့နေရာဂျ်ကလည်း ဆရ်ဂမ်ကို သဘောကျနေတော့ ဒီအမှုကိုလိုက်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်... ဒီလိုနဲ့ တရန်းဟာ တကယ်ပဲ လူသတ်သမားဖြစ်နေမလား... တကယ့်လူသတ်သမားက ဘယ်သူဖြစ်နေမလဲဆိုတာကို လှည့်ကွက်တွေများစွာနဲ့ ကြည့်ရှုအားပေးရမှာဖြစ်ပါတယ်... လောကမှာ အချစ်အတွက်ဆို ဘာမဆိုလုပ်ပေးနိုင်တဲ့ လူစားမျိုးကို ရလိုက်တာဟာ ကံကောင်းခြင်းလို့ မှတ်ယူနိုင်ပါတယ်... ဒါပေမဲ့ အချစ်ရဲ့စွဲလမ်းရူးသွပ်စိတ်မှာလည်း ဘေးထွက်ဆိုးကျိုးဆိုတာ ရှိတတ်တာကို ဒီဇာတ်ကားက အမိအရရိုက်ကူးထားပေးလို့ စိတ်လှုပ်ရှားစွာ ကြည့်ရှုနိုင်ကြပါတယ်လို့ ညွှန်းပေးလိုက်ပါတယ်။ File size…(3 GB) / (1.3 GB) Quality….WEB-DL 1080p /720p Format…mp4 Duration….02:37:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Taylor

Comedy • TV Movie
6.4 2002 156 mins
Deewangee
Unlocked
6.2

အက်ရှင်ကားကြိုက်သူတွေအတွက်၂၀၁၇စက်တင်ဘာလဆန်းထွက်ပဲဖြစ်တဲ့အသစ်စက်စက်အက်ရှင်ကားလေးတစ်ကားတင်ပေးလိုက်ပါတယ်။ IMDb rating-6.1ရထားတဲ့အက်ရှင်ကားလေးဆိုတော့မဆိုးဘူးလို့ပြောရမှာပါပဲ။ လူပေါင်းများစွာအသက်ဆုံးရှုံးလိုက်ရတဲ့ပြင်သစ်နိုင်ငံပါရီမြို့အကြမ်းဖက်မှုဖြစ်စဉ်ရဲ့နောက်ကွယ်ကကြိုးကိုင်သူကိုမဖော်နိုင်တဲ့နောက်စုံထောက်အဲလစ်တစ်ယောက်လန်ဒန်ကိုပြောင်းရွေ့တာဝန်ပေးခြင်းခံလိုက်ရပါတော့တယ်။ ဒါပေမယ့်လည်းသိပ်မကြာခင်မှာပဲနောက်ထပ်အကြမ်းဖက်တိုက်ခိုက်မယ့်သတင်းသဲလွန်စကိုစီအိုင်အေကရရှိပြီးနောက်မှာတော့ သူ့ကိုအထက်ကပြန်ခေါ်ယူလိုက်ပါတယ်။ နောက်ထပ်အကြမ်းဖက်မယ့်ဖြစ်စဉ်ကိုစုံစမ်းရင်းပဲသူ့ကိုကူညီနေတဲ့စစ်သားဟောင်းတစ်ယာက်နဲ့ကသီကလင်ဖြစ်နေပုံကိုလည်းရသစုံအောင်ရိုက်ပြထားပါသေးတယ်။ ကဲ အဲလစ်တစ်ယောက်အဲဒီအကြမ်းဖက်မှုကိုဖော်ထုတ်နိုင်မလား။ကြိုတင်တားဆီးနိုင်မလား။ ဒီတခါဘယ်မှာဖြစ်မှာလဲ။ စစ်သားဟောင်းကြီးနဲ့အတူအဲလစ်တစ်ယောက်လူတွေအသက်ကိုကယ်နိုင်ပါ့မလားဆိုတာတော့ဇာတ်ကားလေးကိုရှုစားလိုက်ပါဦးဗျာ။ (ဘာသာပြန်သူကတော့နေခြည်ပါ) File Size : (750 MB) and (280 MB) Quality : 720p Bluray Running Time : 1hr 38min Format : Mp4 Genre :Action, Drama, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Nay Chi Encode by Thanhtike Zaw

Comedy
6.2 2017 98 mins
Unlocked
Ca$h
5.9

Ca$h(2010) =========== ဒီဇတ်ကားကတော့ 2010 ခုနှစ်မှာ ထွက်ရှိထားတဲ့ အ‌‌မေရိကန် crime-thriller အမျိုးအစား ဇတ်ကားတစ်ခု ဖြစ်ပါတယ်။ နံမည်ကြီးဇတ်ကား များဖြစ်တဲ့ The Lord of the Rings တွင် ပါဝင်သရုပ်ဆောင်ထားသော မင်းသားကြီး Sean Bean ၊Marvel ရဲ့ဇတ်ကားများတွင် မိုးကြိုးနတ်ဘုရား Thor အဖြစ်သရုပ်ဆောင်ထားသော ကမ္ဘာကျော်မင်းသားChris Hemsworth နှင့် မင်းသမီး Victoria Profeta တို့က အဓိက ပါဝင် သရုပ်ဆောင်ထားတာကြောင့် ကြည့်မကောင်း မှာတော့ စိုးရိမ်စရာမလိုပါဘူးနော။ ဇတ်လမ်းလေးကတော့ Sam (Chris Hemsworth) နှင့် Leslie (Victoria Profeta) တို့က ပိုက်ဆံ အပြည့်ပါတဲ့ လက်ဆွဲအိတ်ကို ကောက်ရခဲ့ပြီး သူ့တို့ ရဲ့ ဘဝကြီး ပြောင်းလဲသွားတော့မယ်လို့ ထင်နေကြပါတယ်။ အဲ့ဒီအချိန်မှာ လက်ဆွဲအိတ်ရဲ့ ပိုင်ရှင်ဆိုသူ Pyke Kubic ( Sean Bean ) တစ်ယောက်ရောက်လာပြီး သူ့ရဲ့ ပိုက်ဆံတွေကို ပြန်လာတောင်းပါတော့တယ်။ ပိုက်ဆံတစ်ချို့ကို သုံးပြီးသွားတဲ့ Sam တို့ လင်မယားနှစ်ယောက် နဲ့ လက်ဆွဲအိတ်ပိုင်ရှင်တို့ ဘယ်လိုနှစ်ပါးသွားကြမလဲ။ သူတို့ရဲ့ ပိုက်ဆံတွေကို ပြန်ရအောင်ဘယ်လိုလုပ် ကြမှာလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဒီဇတ်ကားက crime-thriller အမျိုးအစားလို့ဆိုပေမဲ့ thriller မကြိုက်တဲ့သူတွေတောင် ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမဲ့ ဇတ်ကားမျိုးဖြစ်ပါတယ်။ File size…2.13GB / 942MB / 630MB Quality…Blu-Ray 1080p / 720p / 480p Format…mp4 Duration….1h 48m Genre …..Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Winter Bear

Action • Adventure • Drama • History • Thriller
5.9 2010 108 mins
Ca$h
Ben & Lacy
5.1

Ben & Lacy (2023) ============== ရိုးရှင်းလှပတဲ့ လူငယ်‌တွေရဲ့အချစ်နဲ့ဘ၀အကြောင်းကို ရိုးရိုးလေးနဲ့‌ ဆန်းအောင် ရိုက်ကူးထားတဲ့ Rom-com ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းဇာတ်ကွက် မထူးခြားပေမဲ့ တင်ဆက်သွားပုံလေးက ဆန်းနေတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ – ဘန်ဆို‌တဲ့ ကောင်လေးဟာ အထက်တန်းအောင်ထားပြီး ကော်ဖီဆိုင် မှာ အလုပ်၀င်လုပ်ရင်း ဘ၀ကိုကြောင်းနေသူပေါ့။ အပေါင်းအသင်း မရှိတဲ့ သူ့အတွက် လက်ဆောင်ရတဲ့ကင်မရာတစ်လုံးက အဖော်ပါပဲ။ သူလုပ်သမျှကို အကြောင်းရင်းမရှိဘဲ ဗီဒီယိုတွေ ရိုက်ကူးရတာ စွဲလမ်း နေသူပါ။ တစ်နေ့တော့ အထက်တန်းမှာကျောင်းနေဖက် ဖြစ်ခဲ့တဲ့ လေစီဆိုတဲ့ မိန်းမချောလေးနဲ့ ပြန်‌ဆုံပါတယ်။ လေစီကတော့ ပိုက်‌ဆံချမ်းသာတဲ့ အဖေရှိပြီး တက္ကသိုလ်တက်နိုင်ပေမဲ့ ကိုယ့်ရည်ရွယ်ချက်ကို ရှာဖွေနေ သူပါ။ အဲဒီလိုနဲ့ ဘန်နဲ့လေစီဟာ လူငယ်တို့သဘာ၀အတိုင်း ရင်းနှီးရာက ရည်းစားတွေဖြစ်သွားကြလေသတည်းပေါ့။ အခြေခံမတူတဲ့ သူတို့နှစ် ဦးရဲ့သမီးရည်းစားအရေးဟာ ဘယ်လိုဖြစ်လာမလဲ၊ ကိုယ်စီရည်မှန်းချက် တွေကို ဘယ်လိုရှာကြမလဲဆိုတာကို သူတို့ရဲ့ ကင်မရာရိုက်ကွက်တွေ ကနေတဆင့် တွေ့မြင်ကြရမှာပါ။ ရှေ့မှာပြောခဲ့တဲ့အတိုင်းပါပဲ… ဇာတ်လမ်းကရိုးရှင်းပေမဲ့ ကင်မရာရိုက် ကွက်တွေကတဆင့် သူတို့ရဲ့ချစ်ခြင်း၊ လူငယ်တို့ရဲ့ဘ၀တွေကို ဖြည်းဖြည်း ချင်း နစ်၀င်စီးမျောရင်း ကြည့်ရမှာမျိုးဖြစ်ပါတယ်။ လူငယ်တွေရဲ့စကား ပြောဟန်အတိုင်း ခပ်သောသောခပ်မြူးမြူး အရွှန်းဖောက်တာတွေလည်း ပါတာမို့ ပိုကြည့်ကောင်းပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(2.3 GB) / (766 MB) Quality…………WEB-RIP 1080p / 720p Duration………1Hr 54Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Romance Translator…….C’mon Encoder……….SWM

5.1 2023
Ben & Lacy
Primbon
5.3

Primbon (2023) ထုံးတမ်းထလေ့ အယူအဆတွေ ဘေးလူတွေရဲ့ ပြောစကားကို နားမထောင်မယုံကြည်တတ်တဲ့ မိသားစုလေး သဘာဝလွန် ဘေးအန္တရာယ်တွေကြုံတွေ့လာတဲ့အခါ ဘာတွေဆက်ဖြစ်ပြီး ဘယ်လိုတွေကြုံတွေ့ရမလဲဆိုတာ သည်းထိတ်ရင်ဖို ကြည့်ရှုရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ ရာနာ တစ်ယောက်သူ့အမေအတွက် မွေးနေ့လက်ဆောင်လုပ်ပေးဖို့ တောစပ်ထဲကိုထွက်သွားရာမှ ပျောက်ဆုံးသွားခဲ့ပါတယ်။ တစ်ပတ်အကြာ အားလုံးက သေပြီလို့မှတ်ယူထားတဲ့ ရာနာတစ်ယောက် အိမ်ကိုပြန်ရောက်လာတဲ့အခါ ဘာတွေဆက်ဖြစ်ပြီး မိသားစုအတွင်း ဘယ်လိုပြဿနာတွေဖြစ်လာမလဲ။ ဘယ်လိုတွေ ဖြေရှင်းပြီး ဘယ်လိုတွေ ဆက်ဖြစ်လာမလဲ ဆိုာကို သည်းထိတ်ရင်ဖိုနဲ့ ကြောက်လန့်စွာကြည့်ရှုရမယ့် မိသားစု သရဲရုပ်ရှင်‌လေးဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Robin ပဲဖြစ်ပါတယ် Genre….. Drama, Horror Quality…. 1080p | 720p File size… 874MB | 476MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Robin Encoder ….. Aaron

Drama • History
5.3 2023
Primbon
Robin Hood
7.5

Production budger ဒေါ်လာ ၅ သန်းနဲ့ ရိုက်ကူးခဲ့ပြီး Box-office မှာ ဒေါ်လာ ၃၃ သန်းထိ အောင်မြင်မှု ရရှိခဲ့တဲ့ Disney animated musical adventure comedy film လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ရော်ဘင်ဟုဒ်ဆိုတာ ကလေးအစ ခွေးအဆုံး မသိတဲ့လူ မရှိ၊ လေးအတတ်မှာ တစ်ဖက်ကမ်းခတ်အောင် ထူးချွန်တဲ့ လေးသမားတစ်ယောက်ပါ။ မြန်မာဒဏ္ဍာရီလာ သူခိုးကြီးငတက်ပြားနဲ့လည်း သူက ခပ်ဆင်ဆင် ရှိပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ရော်ဘင်ဟုဒ်ဟာလည်း ဆင်းရဲသားတွေကို ပြန်ကူညီဖို့ သူဌေးတွေဆီကနေ ပြန်ခိုးသူတစ်ယောက်ပါပဲ။ ရော်ဘင်ဟုဒ်အကြောင်း ဇာတ်လမ်းပုံပြင်တွေကတော့ ဒုနဲ့ဒေးပါပဲ။ တစ်ခုနဲ့တစ်ခုလည်း ကွဲပြားကြပါတယ်။ ဒီဇာတ်လမ်းထဲက ရော်ဘင်ဟုဒ်ကတော့ နော့တင်ဟမ်ဆိုတဲ့ အရပ်ဒေသက မြေခွေးတစ်ကောင်ပါ။ တောဘုရင်ခြင်္သေ့မင်းကတော့ ဒီဇာတ်လမ်းမှာလည်း ရစ်ချက်ဆိုတဲ့ ဘုရင်ကြီးတစ်ပါးပါပဲ။ ပြဿနာက ဒီဘုရင် စစ်ထွက်တိုက်နေတုန်းမှာ ထီးနန်းကို အချောင်လိုချင်တဲ့ သူ့ရဲ့ ညီဖြစ်သူ မင်းသားဂျွန်က အာဏာသိမ်းလိုက်ပါတယ်။ အာဏာရှင်တို့ရဲ့ ထုံးစံအတိုင်း ဘယ်သူသေသေ ငတေမာပြီးရော အချိုးတွေ စချိုးပါတော့တယ်။ နော့တင်ဟမ်က တိုင်းသူပြည်သားတွေကို အခွန်တွေ မတော်မတရားကောက်ပါတော့တယ်။ ဒါပေမဲ့ တစ်ခုရှိတာက သူအုပ်ချုပ်မင်းလုပ်ချင်နေတဲ့ တိုင်းပြည်မှာ ‌ ရော်ဘင်ဟုဒ်ဆိုသူက ရှိနေပါတယ်။ ဒီတော့ မတရားတဲ့ ဘုရင်နဲ့ တရားမျှတမှုကို လိုလားတဲ့ ရော်ဘင်ဟုဒ်တို့ရဲ့ အားပြိုင်မှုတွေကို ဒီဇာတ်လမ်းမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကာတွန်းကားဆိုပေမဲ့လည်း နယ်နယ်ရရတော့ မဟုတ်လှပေပါဘူး၊ အိမ်မှာ မိသားစုနဲ့လည်း အတူကြည့်နိုင်သလို ဖေဖေမေမေများလည်း ကိုယ့်ရဲ့ သားသမီးကို entertainment တစ်ခုနဲ့ life learning တစ်ခုကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ Disney ရဲ့ထုံးစံအတိုင်း ဘယ်ကားမဆို ဘဝသင်ခန်းစာ ပေးတဲ့ မက်ဆေ့တစ်ခုတော့ အနည်းဆုံးပါတတ်တာမလို့ ကြည့်ရကျိုးနပ်မဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ကြောင်း ပြောလိုက်ပါရစေ။ File size… 2.5 GB / 1.1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 23m Genre ….. Comedy/Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Act Molemy

7.5 1973 83 mins
Robin Hood
A Hard Day
7.2

A Hard Day (2014) ******************* ကိုရီးယားရုပ်ရှင်လောကရဲ့ ကြွေလွင့်သွားရတဲ့ ကြယ်ပွင့်တစ်ပွင့်ဖြစ်တဲ့ မင်းသားကြီး Lee Sun-Kyun ရဲ့ Crime ,Action ,Thriller ,Police အမျိုးအစား ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း ************* အမေဖြစ်သူရဲ့ ဈာပနကို သွားနေတဲ့လမ်းမှာ စုံထောက်ဂိုဂွန်းဆူ(Lee Sun-Kyun)တစ်ယောက် ဘယ်ကပေါ်လာမှန်းမသိတဲ့ လူကို ကားနဲ့တိုက်မိသွားပါတယ်။ တိုက်မိသွားတဲ့လူဟာ လမ်းပေါ်မှာတင် ပွဲချင်းပြီးသေသွားတော့ စုံထောက်ဂိုဟာ အရမ်းလန့်သွားပြီး ကြံရာမရတဲ့အဆုံး အဲဒီအလောင်းကို ကားနောက်ဖုံးထဲ တင်ခေါ်ခဲ့ရာကနေ စုံထောက်ဂိုဂွန်းဆူရဲ့ ခက်ခဲသော နေ့တစ်နေ့ (A Hard Day) စတင်ပါတော့တယ်…..။ ဇာတ်လမ်းအစ ၄မိနစ်ကတည်းက တက်လာခဲ့တဲ့ ဇာတ်ရှိန်က ဇာတ်လမ်းပြီးတဲ့အထိကို တစ်ချက်မှ ကျမသွားဘဲ မင်းသားကြီးရဲ့ ပီပြင်လှတဲ့သရုပ်ဆောင်ချက်တွေနဲ့အတူ နစ်မြောခံစားသွားရမဲ့ အချိန်ပေးရကျိုးနပ်တဲ့ဇာတ်ကားကောင်းတစ်ခုဖြစ်တာကြောင့် CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်။ (အညွှန်းကို Yati Naing မှ ရေးသားထားပါတယ်) File size…1.82GB / 766MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 51 min. Genre ….. Action, Thriller, Mystery, Crime Subtitle….Myanmar Subtitle (Hard Sub) Translated by Yati Naing Encoded by AHtet

Comedy • Horror
7.2 2014 111 mins
A Hard Day
Sonic the Hedgehog 3
7.2

Sonic the Hedgehog 3 (2024) IMDb Rating (7.2) / Rotten Tomatoes (88%) ပထမကားအောင်မြင်ပြီးတော့ ဒုတိယကား တတိယကားတွေမှာ ညံ့သွားတတ်တဲ့ ရုပ်ရှင်တွဲတွေထဲမှာ Sonic 3 မပါခဲ့ပါဘူး။ Sonic ကတော့ တစ်ကားပြီးတစ်ကားကောင်းနေတုန်းပါပဲ။ IMDb 7.2 ရထားပြီး အရင် ဆိုးနစ် ၂ ကားရဲ့ ဒါရိုက်တာ Jeff Fowler ကပဲ ရိုက်ကူးထားတာပါ။ ဗီလိန်ရိုဘော့နစ် နေရာမှာ ဂျင်ကာရေးကြီးပဲ သရုပ်ဆောင်ထားပါတယ်။ အသစ်ပေါ်လာတဲ့ ပါဝါဖြူကောင်အသစ် ရှဲဒိုးနေရာမှာတော့ အားလုံးရဲ့အချစ်တော် မင်းသားကြီး ကီရာနူးရိဗ် သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ နက်ကယ် နေရာမှာလဲ အိုင်းဒရစ်အယ်ဘာ ပါပဲ။ ဆိုးနစ်နေရာမှာတော့ ထုံးစံအတိုင်း Ben Schwartz ပါ။ ဇာတ်လမ်းအကျဉ်း ဆိုးနစ်၊ နက်ကယ်၊ တေးစ်တို့ဟာ တွမ်တို့အတွဲနဲ့အတူ မိသားစုလိုက် နားနားနေ‌နေ အပန်းဖြေနေတုန်းမှာ ဂန်းအဖွဲ့ကနေ အကူအညီတောင်းလာပါတယ်။ ဒီတစ်ခါ သူတို့ရင်ဆိုင်ရမှာကတော့ သူတို့လိုပဲ စွမ်းအားရှိဖြူကောင် တစ်ကောင်ဖြစ်နေပြီး သူတို့သုံးယောက်လုံးပေါင်းတာတောင် မနိုင်လောက်အောင်စွမ်းတဲ့ ရှဲဒိုးပဲဖြစ်ပါတယ်။ အဲဒီအတွက် သူတို့ ရိုဘော့နစ်ရဲ့ အကူအညီလိုလာတာကြောင့် မလွှဲမရှောင်သာ ပူးပေါင်းလိုက်ရပါတယ်။ ဆိုးနစ်အဖွဲ့နဲ့ ရိုဘော့နစ်တို့ ရင်ဆိုင်ရမဲ့ ရှဲဒိုးနဲ့အတူ ကြံရာပါကတော့ ရိုဘော့နစ်ရဲ့ မိသားစုဝင်တစ်ယောက်ဖြစ်နေပြီး အဖွဲ့နှစ်ဖွဲ့ဟာ ကမ္ဘာကြီးရဲ့ ကြိုက်တဲ့နေရာကို ဖျက်ဆီးနိုင်တဲ့လက်နက်တစ်ခုကို အပြိုင်လုပ်ဖို့ ဖြစ်လာပါတယ်။ ဒီဇာတ်လမ်းကိုမှ ထုံးစံအတိုင်း ဟာသတွေ အက်ရှင်တွေနဲ့ ကြည့်ရမှာပါ။ အရင် ဆိုးနစ် ၂ ကားလုံးကိုလည်း ချန်နယ်မြန်မာမှာ ကြည့်ရှုနိုင်ပါပြီ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. Anderson ဖြစ်ပါတယ်။) File size…(6.6 GB) / (2.8 GB) / (1.3 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Action,Comedy,Family,Science Fiction Duration….01:50:48 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung,Double K Translated by Mr. Anderson

Action • Adventure • Drama • History
7.2 2024 110 mins
Sonic the Hedgehog 3
Ice Bar
6.6

Ice Bar (2006) ******************* F4 ဇာတ်လမ်းတွဲထဲက ဂျန်ဒီ မောင်လေး Park Ji Binနဲ့အတူ၊ Descendants of The Sunထဲက Jin Gooနဲ့ Record of Youth ဇာတ်လမ်းထဲမှ Shin Ae Raတို့ ပါဝင်ထားတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ… Ice Bar ဆိုတဲ့ ကိုရီးယားဇာတ်ကားလေးကတော့ မိသားစုတွေကြား သူငယ်ချင်းတွေကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ မတည့်အတူနေ ဆက်ဆံရေးလေးတွေအကြောင်းကို warm ဖြစ်ဖြစ် ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် ၁၉၆၉ ခုနှစ်တုန်းက တောင်ကိုရီးယားနိုင်ငံရဲ့ ဆင်ခြေဖုံးဒေသတစ်ခုမှာ ယောင်းရယ်ဆိုတဲ့ ၁၀နှစ်အရွယ် ကောင်လေးက မှောင်ခိုအလှကုန်တွေ ခိုးရောင်းနဲ့ မိခင်ဖြစ်သူနဲ့ပဲ နှစ်ယောက်သားခက်ခက်ခဲခဲ စားသောက်နေထိုင်နေကြတယ် အဖေ မရှိတဲ့သူဆိုပြီး မြို့ထဲက ကလေးတွေကြားမှာ လှောင်ပြောင်ခံရလေ့ရှိတဲ့ ယောင်းရယ်က တစ်ရက်မှာတော့ ဆုံးသွားပြီလို့ ထင်နေခဲ့တဲ့ အဖေဖြစ်သူဟာ ဆိုးလ်မြို့မှာ အသက်ရှင်လျက် ရှိနေသေးတယ်ဆိုတဲ့ အမှန်တရားကို သိရှိလိုက်ရတယ် ယောင်းရယ်က ဆိုးလ်မြို့ကိုတက်ပြီး အဖေကိုရှာဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ ဈေးကြီးလှတဲ့ ရထားလက်မှတ်ဖိုးကြောင့် အဟန့်အတားဖြစ်နေခဲ့တယ် ဇွဲမလျှော့တဲ့ ယောင်းရယ် တစ်ယောက် ကျောင်းပိတ်ရက်ရှည်မှာ ရထားလက်မှတ်ဖိုးရှာဖို့ အမေ မသိအောင် လမ်းမှာပတ်ပြီး ရေခဲချောင်းခိုးရောင်းရာကနေ သားအမိနှစ်ယောက်ကြားမှာ ဘယ်လိုတွေဆက်ဖြစ်သွားမလဲ… ဖခင်ဖြစ်သူကရော တကယ်ပဲဆိုးလ်မှာ ရှိနေမှာလား… ၁၀နှစ်အရွယ် ကောင်လေးတစ်ယောက် ဘယ်လိုအခက်အခဲတွေ ကျော်ဖြတ်သွားမလဲဆိုတာ ဟာသလေးတွေနှောပြီး ရိုက်ကူးပြထားတာဖြစ်လို့ စိတ်အပန်းဖြေဖို့ ကြည့်ရှုလိုက်ကြပါဦးနော် (ဇာတ်လမ်းအညွှန်းကို Vanessa မှ ရေးသားထားပါတယ်) File Size – 1.9 GB/ 692 MB Quality – WEB-DL 1080p/ 720p Duration – 1h 35m Format – mp4 Genre – Comedy, Drama Subtitle – Myanmar Subtitle (Hard Sub) Translated by – Vanessa Encoded by – Treasure Htet

Drama • Comedy • Romance
6.6 2006 95 mins
Ice Bar