YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Twilight E19 1080p WEB-DL CM.mp4

708.51 MB 1080p video/mp4 25 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
DodgeBall: A True Underdog Story
6.3

Peter La Fleur ဆိုတာ ရည်မှန်းချက်မည်မည်ရရ မရှိဘဲ ဘဝကို အေးဆေးဖြတ်သန်းနေတဲ့ လူတစ်ယောက်ပါ။ Average Joe’s ဆိုတဲ့ ရပ်ကွက်အားကစားရုံအသေးလေးတစ်ရုံ ပိုင်ပါတယ်။ သူ့ gym မှာ ကစားနေကျ ဖောက်သည် တစ်သိုက်ရှိပေမဲ့ ပိုက်ဆံမရတာတော့(၁၃)လရှိပါပြီ။ တစ်နေ့မှာတော့ အေးဆေးနေတဲ့ ပီတာ့ဘဝထဲကို သတင်းဆိုးကြီး ဝင်ရောက်လာပါ‌တော့တယ်။ ရက်(၃၀)အတွင်း $50,000 မဆပ်နိုင်ရင် gym ကို ဘဏ်က သိမ်းပါတော့မယ်။ သူတို့ Gym ဘေးက ဒိတ်ဒိတ်ကြဲနာမည်ကြီးနေတဲ့ Globo Gym က ကားပါကင်လုပ်ဖို့ ဝယ်မှာပါ။ Average Joe’s ဆိုတာ ပီတာတို့ဘော်ဒါတစ်သိုက်အတွက်တော့ အားကစားလုပ်ဖို့ သက်သက်မဟုတ်ပါဘူး။ ဘဝအပန်းပြေစေတဲ့ ခိုနားရာလေးဖြစ်ပါတယ် ။ သူတို့အားလုံးအတွက် အရေးကြီးလို့ အဆုံးရှုံးမခံနိုင်ကြပါဘူး။ ဒီတော့ ပီတာနဲ့ ဘော်ဒါတစ်သိုက် ရက်(၃၀)အတွက် $50,000 ရှာဖို့ နည်းမျိုးစုံစဉ်းစားကြရပါပြီ။ ပေါက်ကရတွေ စဉ်းစားကြရင်း Dodgeball Championships ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ပြိုင်ဖို့သာ ဆုံးဖြတ်လိုက်ပေမဲ့ ဘယ်သူမှ ကောင်းကောင်း မကစားတတ်ကြပါဘူး။ Average Joe’s Gym ကို ကာကွယ်ဖို့ ဘာမဆိုလုပ်နိုင်တယ်ဆိုတဲ့ ပီတာတို့ ဘော်ဒါတစ်သိုက် ပြိုင်ပွဲမှာ ဝင်ပြိုင်ရင်း ဘယ်လိုတွေ လွဲကြဦးမလဲ အခက်အခဲတွေကို ဖြတ်ကျော်ပြီး သူတို့ မြတ်နိုးရတဲ့ နေရာလေးကို ကာကွယ်နိုင်ပါ့မလားဆိုတာကို ခံစားကြည့်လိုက်ကြပါဦးနော် File size…(1.6 GB)/(1.3 GB)/(700 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:32:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phu Myat Thwe

Drama
6.3 2004 92 mins
DodgeBall: A True Underdog Story
Glasshouse
6.5

ဖန်လုံအိမ်အာနိသင် Glass house effectဆိုတာကို ၈တန်း ၉သန်းသိပ္ပံမှာထဲက ကြားဖူးကြမှာပါ ဒီသိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းမှာတော့ အနာဂတ်လွန်ကာလတစ်ခုမှာ ကမ္ဘာကြီးမှာကပ်ရောဂါတစ်ခုဆိုက်ကပ်ခဲ့ပါတယ် အဲ့ဒါကတော့ တခါမှစိတ်‌တောင်မကူးဖူးတဲ့ ကပ်ရောဂါတစ်ခုပါပဲ အဲ့ဒါကတော့ရှူရှိုက်လိုက်တာနဲမှတ်ဉာဏ်တွေကိုပျက်စီးပြန့်ကျဲသွားစေတဲ့ The Shredလို့‌ ခေါ်တဲ့အဆိပ်တမျိုးပါ အဆိပ်က လေထုတစ်ခုလုံးမှာ ပြန့်နှံ့နေတာကြောင့် ကမ္ဘာလူအဖွဲ့အစည်းတစ်ခုလုံး ပြိုလဲသွားပါတော့တယ် အဲ့ဒီလိုကပ်ဘေးဆိုက်နေချိန်မှာ အဆိပ်ကလက်ကနေ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ကျေးလက်နေမိသားစုလေးတစ်စုရှိပါတယ် ဒီမိသားစုက ကိုယ်ပိုင်စိုက်ပျိုးရေးလုပ်ကာ လေမဝင်အောင် သူတို့တည်ဆောက်ထားတဲ့ဖန်လုံအိမ်ကြီးမျိုးထဲမှာနေကြပါတယ်သူတို့ရဲ့စခန်းထဲကိုဘယ်သူ့ကိုမှလည်းအဝင်မခံပါဘူး ဒါပေမဲ့ငယ်ငယ်တုန်းက သူတို့အိမ်ကနေထွက်သွားတဲ့ လူကာဆိုတဲ့အကိုကြီးကို အမေကြီးနဲ့မောင်နှမတွေကမျှော်နေခဲ့ပါတယ် တနေ့မှာစခန်းနားမှာဒဏ်ရာရလူတစ်ယောက်ကို ဘီး‌‌ ကကယ်တင်ခဲ့ပါတယ် သူတို့‌မမှတ်မိနိုင်တော့တဲ့ သူတို့ထင်မိသလို သူတို့ရဲ့တစ်ချိန်ကထွက်သွားတဲ့အကိုကြီးက တကယ်ပဲအဲ့ဒီလူဖြစ်နေမလား အဲ့ဒီလူရဲ့သရုပ်မှန်ကရော ဘယ်သူလဲ မောင်နှမမေတ္တာ ၅၂၈ နဲ့ အချစ် ၁၅၀၀တို့ရောထွေးမိပုံကို ဖော်ပြထားတာကြောင့် ကြည့်ရှုသင့်တဲ့Dramaကားကောင်းပါ ဒါပေမဲ့ Incest 18+sceneတွေပါတာကြောင့် မိသားစုနဲ့တော့မကြည့်ရှုဖို့အကြံပေးပါရစေ File size…(1.24GB)/(661MB)/(331MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:37:00 Genre..Drama / Sci-Fic / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...Kevin

Documentary • Horror
6.5 2021 94 mins
Glasshouse
Batman: The Killing Joke
6.6

ဒီလောကကြီးထဲမှာ လူရယ်လို့ဖြစ်လာခဲ့ပြီဆိုရင် လောကဓံရဲ့ရိုက်ချက်တွေကံတရားရဲ့ ကစားကွက်တွေ ချစ်ရသူတွေကို ဆုံးရှုံးခဲ့ရတဲ့ခံစားမှုရဲ့ ဒဏ်တွေကို တစ်ခုမဟုတ်တစ်ခုကတော့ အလူးအလဲခံစားကြဖူးကြမှာပါပဲ ဒီလို နာကျင်မှုတွေ ထိုးနှက်ချက်တွေကြားမှာ လူသားတစ်ယောက်အနေနဲ့ ကြံ့ကြံ့ခံ ရပ်တည်နေနိုင်ပါ့မလား ဒါမှမဟုတ်အရှုံးပေး လက်မြှောက်လိုက်မလား...? ဒါမှမဟုတ် အရာအားလုံးကို နာကျည်းမုန်းတီးသွားမလား…? ဒီဇာတ်ကားထဲမှာတော့ Batman ရဲ့ အဓိကရန်သူတော် Villain ကြီး Joker ဟာ သူဖြတ်သန်းခဲ့ရတဲ့ လောကဓံရဲ့ ရိုက်ချက်တွေ သူ့အပေါ် ပြင်းထန်ခဲ့တဲ့ အခါမှာ သူ့ရဲ့ကျရှုံးမှုတွေ နာကျင်မှုတွေ ကနေ အရာအားလုံးကို နာကျည်း မုန်းတီးသွားခဲ့ပြီး ရူးသွပ်စွာ ရက်စက်တတ်တဲ့ သူတစ်ယောက်အဖြစ်ကို အသွင်ပြောင်းသွားခဲ့ပါတယ် နောက်ပြီး Joker ဟာ သူ့လိုပဲ လူတိုင်းဟာ စိတ်ဒါဏ်ရာ ပြင်းပြင်းထန်ထန် ရသွားခဲ့ ရင် ရူးသွပ်သွားမှာပဲဆိုတဲ့ အချက်ကို သက်သေပြဖို့အတွက် ဘယ်လို ဘယ်ပုံတွေ ရက်စက် အကွက်ချ လုပ်ပြမလဲဆိုတာကတော့ ဒီဇာတ်ကားရဲ့အဓိက ဇာတ်အိမ်ပဲဖြစ်ပါတယ် မြင်ရခဲတဲ့ Jokerရဲ့နောက်ကြောင်းရာဇဝင်ကို ဒီကားထဲ မှာမြင်တွေ့ရမှာဖြစ်ပြီး Batman နဲ့ Joker ရဲ့ကြားထဲက relationship ကို လေးလေးနက်နက်ပုံဖော်ပြထားပါတယ် 1988 ခုနှစ်ကထွက်ရှိခဲ့တဲ့The Killing Joke comicကိုအခြေခံပြီးရိုက်ကူး ထားတဲ့ဒီဇာတ်ကား ဟာ အချိန်ကန့်သတ်ပြသပေမယ့်လဲ ပြသခဲ့တဲ့ နှစ်ရက်အတွင်းမှ3.8သန်းအထိဝင်ငွေရရှိခဲ့ပြီး Box-Office ရဲ့ တတိယနေရာမှာ ခေတ္တရပ်တည်နိုင်ခဲ့ပါတယ် IMDb rating အနေနဲ့ 6.4/10ရရှိထားလို့ ဇာတ်ကားကောင်းတစ်ကားအနေနဲ့ညွှန်းပေးပါရစေ ဇာတ်ကားကို အသေအချာ ဘာသာပြန်ပေးထားပြီး (အထူးသဖြင့် Joker ရဲ့ ဒဿန ဆန်ဆန်ဒိုင်ယာလော့ခ် တွေ) အညွှန်းရေးပေးသူကတော့ ကိုHan Htoo Zaw ပဲ ဖြစ်ပါတယ်။ ********************** File Size : 575 MB Quality : Blu-Ray 720p Running Time : 1h 16min Format : Mp4 Genre : Animation, Action, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Han Htoo Zaw Encoded by Kaung Myat Thu

Action & Adventure • Drama • Sci-Fi & Fantasy
6.6 2016 76 mins
Batman: The Killing Joke
Chip ‘n Dale: Rescue Rangers
7.3

Chip ‘n Dale: Rescue Rangers (2022) ~ IMDb – 7.3/10, Rotten Tomatoes – 79% ~ Chip ‘n Dale ဟာ လက်ရှိမှာ ကြည့်ပြီးတဲ့ လူတိုင်းနီးပါး အားရတဲ့ Fun တော်တော်ဖြစ်တဲ့ ရုပ်ရှင်ဖြစ်ပြီး နိုင်ငံတကာရုပ်ရှင်ဖန်တွေက Rating – 5/5 , 10/10 တွေ ပေးထားကြပါတယ်။ Chip ‘n Dale: Rescue Rangers ဆိုတဲ့ ဟိုတုန်းက နာမည်ကျော် Dinsey ကာတွန်းဇာတ်လမ်းတွဲထဲက ရှဉ့်ငရှုပ်နှစ်ကောင်ကို အဓိကထားပြီး တခြား ၉၀ပြည့်နှစ်က ကာတွန်းဇာတ်ကောင်တွေအများကိုလည်း cameo ထည့်ထားသလို လက်ရှိ ရုပ်ရှင်တွေကိုလည်း ဖောင်းထုထားတဲ့ တော်တော့်ကို ကြည့်ပျော်တဲ့ ရုပ်ရှင်ပါပဲ။ Nostalgia ဖြစ်စရာတွေလည်း အပြည့်ပါပဲ။ ဒစ္စနေးကားပေမဲ့ Cameo တွေဟာ ဒစ္စနေးက ကာတွန်းဇာတ်ကောင်တွေချည်းမဟုတ်ဘဲ ဝါနာဘရားသား, Comedy Central, ပါရာမောင့်နဲ့ တခြားကုမ္ပဏီပေါင်းများစွာက ဇာတ်ကောင်များစွာကို ယူသုံးထားပါတယ်။ ဒီဇာတ်ကောင်တွေအတွက် လိုင်စင်ယူရမှာနဲ့တင် တော်တော်မလွယ်ပါဘူး။ တော်တော်ကို အားသွန်ခွန်စိုက်လုပ်ပြီး စိတ်ကြိုက်ထည့်ထားကြပုံပါပဲ။ ဘာတွေ ဘယ်လိုပါပါတယ်‌ပြောရင် အေဖိုး၅မျက်နှာစာလောက်ကုန်မှာမို့ မပြောတော့ပါဘူး။ ဟိုးတုန်းက ကာတွန်းကားတွေကို နည်းနည်းပါးပါး သံယောဇဉ်ရှိရင်တောင် စိတ်ထဲ အကြိုက်တွေ့မိမယ့် ရုပ်ရှင်ပါပဲ။ ဆိုခဲ့သလို ဒီလောက်နေရာတကာက Cameo တွေအများကြီးထည့်ထားတာကိုလည်း ဗရုတ်သုတ်ခထည့်ထားတာမဟုတ်ဘဲ အဲဒီကာတွန်းတွေရဲ့ ကမ္ဘာကြီးကို ဇာတ်အိမ်တည်ထားတာပါ။ ဟာသပေါင်းများစွာနဲ့ တော်တော်လည်းရယ်ရလို့ အားလုံးအကြိုက်တွေ့နေကြတဲ့ ရုပ်ရှင်ပါပဲ။ ရှဉ့်၂ကောင်မှာ တစ်ကောင်ကို မူလအတိုင်းထားပြီး တစ်ကောင်ကို CGI သုံး 3D ဆွဲထားလို့ ခေတ်ဟောင်းအရသာရော ခေတ်သစ်အရသာရော ပေါင်းစပ်ရရှိစေမှာပါ။ အိုင်ဒီယာကောင်းတယ် ဆိုရမှာပါပဲ။ လူတွေလည်းခပ်ပါးပါးပါပါတယ်။ ရိတ်တင်လည်းကောင်းနေသလို တစ်ချို့ကလည်း ဒီနှစ်ရဲ့အကြိုက်ဆုံးရုပ်ရှင်လို့ဆိုတဲ့အထိ အမွှန်းတင်နေကြပါတယ်။ ပုဂ္ဂလိကအမြင်အရတော့ ဇာတ်သိမ်း နည်းနည်းတက်သုတ်ရိုက်ဖြစ်နေတာကလွဲ တော်တော်ရယ်ရပြီး အတော်ကြည့်ကောင်းတဲ့ ရုပ်ရှင်တစ်ကားပေါ့။ Size – 1.51GB, 853MB Quality – 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 37Min Genre – Animation, Adventure, Comedy Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung, 666 Encoded by Y

Family • Fantasy • Music
7.3 2022
Chip ‘n Dale: Rescue Rangers
Ribbon
6.3

Ribbon (2021) Screenwriter နဲ့ Directorဖြစ်တဲ့ “Non” ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ပြီး ရိုက်ကူးထားတဲ့ 2021ထွက် ဇာတ်ကားကောင်းတစ်ကားပါ။ ဂျပန်နိုင်ငံမှာ အနုပညာကျောင်းသားတွေက ဘွဲ့နှင်းသဘင်ရဲ့ ပြပွဲအခမ်းအနားအတွက် ပန်းချီတွေကို တစ်နှစ်ခန့်ကြိုတင်ပြင်ဆင်ရပါတယ်။ မြန်မာကလူတွေ ဘွဲ့ယူမဲ့နေ့အတွက် အားခဲထားကြသလို ပန်းချီကျောင်းသားတွေကလည်း ပြပွဲနေ့အတွက် ကြိုပြင်ဆင်ပြီး ရင်ခုန်ကြရတာပါ။ ဒါပေမဲ့ ကိုဗစ်တွေ အရှိန်နဲ့ပြန့်နှံ့နေတဲ့၂၀၂၀မှာ ကျောင်းတွေရုတ်တရက်ပိတ်ချလိုက်ဖို့ ဖြစ်လာတဲ့အခါ ဘွဲ့နှင်းသဘင်လည်းဖျက်သိမ်းလိုက်ရပါတယ်။ ပြပြွအခမ်းအနားလည်းမရှိမရှိတော့ပါဘူး။ ကျောင်းသားတွေလည်း ကိုယ့်ပန်းချီကားကို အိမ်ပြန်ယူတဲ့သူကယူ၊ဖြဲပစ်တဲ့သူကဖြဲပစ်နဲ့ ဖြစ်ကုန်ကြပါတယ်။ “အိဆွတ်က”ဆိုတဲ့ အနုပညာကျောင်းသူလည်း ကျွန်မတို့လိုပါပဲ။ ကိုဗစ်ကာလမှာ စာလည်းမသင်ရဘဲ အချိန်တွေပိုနေပေမဲ့ ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိဖြစ်နေတာပါ။ ဒီလိုမျိုူ လမ်းပျောက်နေတုန်းမှာ အမေက လာလည်ရင်းနဲ့ သူ့ပန်းချီကားကိုအမှိုက်ထင်ပြီး လွှင့်ပစ်လိုက်ပါတယ်။ သူ့မိဘနဲ့ ညီမလေးကလည်း ကိုဗစ်ကိုအကြောက်လွန်နေတာကိုတွေ့ရပြီး သူငယ်ချင်းဖြစ်သူကပါ စိတ်ဓာတ်ကျတဲ့ပုံဖြစ်လာတဲ့အခါ ရောဂါတွေ၊စိတ်ဖိစီးမှုတွေနဲ့ ကိုယ့်ဖြစ်တည်မှုကို ခဏတာပျောက်ရှသွားတဲ့သူမက ဒီကာလကို ဘယ်လိုဖြတ်သန်းမလဲဆိုတာကို ရိုက်ကူးထားတဲ့ရုပ်ရှင်ကား ဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Ingyin San ပါ ) File Size__(1.6GB) / (700MB) Quality__1080p, 720p IMDb Rating__6.3/10 Format__mp4 Duration__01:56:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

Crime • Drama
6.3 2021 115 mins
Ribbon
Brooklyn’s Finest
6.7

IMDb – 6.7/10 ရဲလုပ်သက်လည်းရင့်ပြီး လူဂွစာကြီးလည်းဖြစ်တဲ့ အက်ဒီ ဒူဂန် (Richard Gere) ဟာ အငြိမ်းစားယူဖို့အတွက် ကြိုးစားနေတဲ့သူပါ။ ဒီလိုနဲ့ အငြိမ်းစားယူဖို့တစ်ပတ်အလိုမှာ ဌာနကလုပ်တဲ့ ပရိုဂရမ်အသစ်မှာပါဝင်ဖို့ ဝာာဝန်ပေးခံလိုက်ရပြီး ရဲတပ်သားအသစ်လေးကို လေ့ကျင့်ပေးတဲ့အနေနဲ့ သူနဲ့အတူခေါ်ပြီး လှည့်ကင်းထွက်ရပါတော့တယ်။ ကလဲရန့်စ် (Don Cheadle)ကတော့ စားပွဲခုံမှာအလုပ်လုပ်ရတဲ့ရာထူးအဆင့်အထိတိုးရဖို့ ရည်ရွယ်ချက်နဲ့ တန်ဂို ဆိုတဲ့ နာမည်ဝှက်ကိုသုံးပြီး မူးယစ်ဆေးဝါးဂိုဏ်းတစ်ခုမှာ အသွင်ယူနေတဲ့ ရဲတစ်ယောက်ပါ။ ဒီလိုအသွင်ယူမှုကြောင့် သူ့ရဲ့ အိမ်ထောင်ရေးကလည်း ပျက်ပြားသွားခဲ့ပြီး သူကိုယ်တိုင်ကလည်း ထောင်ထဲမှာ အသွင်ယူနေတုန်းက သူ့ရဲ့အသက်ကို ကယ်တင်ပေးခဲ့ဖူးတဲ့ မူးယစ်ရာဇာ ဂိုဏ်းခေါင်းဆောင် ကတ်ဇ် ကို မိတ်ဆွေရင်းချာတစ်ယောက်အဖြစ်မှတ်ယူထားသူပါ။ တစ်နေ့မှာတော့ သူ့ရဲ့ မိတ်ဆွေကြီး ကတ်ဇ်ကို ‌ထောင်ထဲပြန်ထည့်ဖို့အတွက် အထက်လူကြီးတွေက တာဝန်ပေးလာခဲ့ပါတော့တယ်။ ဆဲလ် (Ethan Hawke) ကတော့ မူးယစ်ရဲတပ်ဖွဲ့က တစ်ယောက်ဖြစ်ပြီး သူလက်ရှိ‌ နေထိုင်နေတဲ့အိမ်က မှိုပြဿနာတက်နေတာကြောင့် သူ့မိန်းမရဲ့ကိုယ်ဝန်ကိုထိခိုက်လာတဲ့အတွက်‌ကြောင့် သူ့မိသားစုနေထိုင်ဖို့အတွက် အိမ်အသစ်ဝယ်ဖို့ပိုက်ဆံစုနေတဲ့သူပါ။ သာမာန်ရဲဝန်ထမ်းလစာကနည်းတဲ့အပြင်ငွေချေရမဲ့ရက်ကတဖြည်းဖြည်းနီးကပ်လာတဲ့အတွက် အိမ်ကိုရောင်းမဲ့သူကလည်း ‌တချိန်လုံးဖုန်းဆက်ပြီး မေးနေတာကြောင့် မူးယစ်ဆေးဝါးဂိုဏ်းတွေကိုဝင်စီးတဲ့အချိန်မှာ ရှိနေတဲ့ပိုက်ဆံတွေကို ဘတ်ဖို့ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ ဌာနလည်းမတူ၊ တစ်ယောက်ကိုတစ်ယောက်လည်းမသိကြပဲ၊ ဘာဆိုဘာမှချိတ်ဆက်မှုမရှိကြတဲ့ ဘရွတ်ကလင်းကရဲသုံးယောက် သူတို့ရဲ့ကိုယ်ပိုင်ပြဿနာတွေကိုဖြေရှင်းကြရင်း ဘယ်လိုအခက်အခဲတွေကိုကြုံတွေ့ရင်ဆိုင်ပြီး ဖြေရှင်းကြရမလဲ၊ ဆဲလ်ကရော သူလိုတဲ့ပိုက်ဆံကိုရှာနိုင်သွားမလား၊ ကလဲရန့်စ်ကရော သူ့လိုချင်တဲ့ရာထူးကိုယူမလား၊ သူ့ရဲ့မိတ်ဆွေကြီးကိုကယ်နိုင်မလား၊ ဒူဂန်ကရော သူ့ဘဝရဲ့ အငြိမ်းစားယူချိန်လေးမှာ ဘာတွေလုပ်သွားနိုင်မလဲ၊ ခုနှစ်ရက် ဆိုတဲ့ တစ်ပတ်တာကာလအတွင်းမှာ သူတို့သုံး‌ယောက်ဘယ်လိုတွေကြုံတွေကြရမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ အမေရိကန်က ရဲတွေကြုံတွေ့ကြရတဲ့ပြဿနာတွေ၊ လစာနည်းပါးတာတွေ၊ အမေရိကန်အပြင် ကမ္ဘာပေါ်မှာ ယနေ့တိုင်ဖြစ်နေတဲ့ လူမျိုးရေးခွဲခြားမှုတွေ၊ လာဘ်စားမှုတွေ၊ ရာဇဝတ်မှုတွေ၊ မူးယစ်ဆေးဝါးဂိုဏ်းတွေကြားကပြဿနာတွေနဲ့ လူတွေရဲ့စိတ်အကြောင်းကို ရသစုံစုံလင်လင်နဲ့ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ MCU က War Machine သရုပ်ဆောင် မင်းသားကြီး Don Cheadle လည်းပါဝင်သရုပ်ဆောင်ထားတာမလို့ ကြည့်ရှုအားပေးလိုက်ကြပါဦးဗျ။ File size…1.72GB / 636.8MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 12m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tmmt

6.7 2009 133 mins
Brooklyn’s Finest
Here Alone
5.6

အခု တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ဇွန်ဘီ horror / thriller ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားအစမှာတော့ Covid 19တွေဖြစ်တုန်းကလိုမျိုး ကူးစက်ရောဂါပြန့်နှံ့ နေပုံနဲ့အစချီထားပါတယ်။ ဒီကားထဲကဗိုင်းရပ်စ်ကတော့ ကိုဗစ်ထက်ပို အကြောင်းဆိုးတယ်ပေါ့လေ။ ကူးခံရရင် ဇွန်ဘီတွေဖြစ်ကုန််တာကိုး။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ဆောင် အန်း ဟာ ရောဂါနဲ့ဇွန်ဘီတွေကိုရှောင်ဖို့ တောထဲမှာ တစ်ယောက်တည်းနေထိုင်ပါတယ်။ တစ်နေ့ အိုလီဗီယာဆိုတဲ့ ကောင်မလေးရယ် အဲ့ကောင်မလေးရဲ့ ပထွေး ခရစ်တို့ နှစ်ယောက်နဲ့ အန်းတို့ အမှတ်မထင်ဆုံဖြစ်သွားကြပါတယ်။ ဒဏ်ရာရနေတဲ့ ခရစ်ကို ကူညီပေးရင်း သူတို့ရင်းနှီးသွားကြပါတယ်။ ခရစ်တို့က အန်းကို သူတို့နဲ့အတူ မြောက်ဘက်ကို လိုက်ခဲ့ဖို့ခေါ်တဲ့အခါ အန်းကငြင်းခဲ့ပါတယ်။ အန်းက ဘာကြောင့် အဲ့တောထဲမှာပဲ အခြေချနေထိုင်နေတာလဲဆိုတဲ့အကြောင်းကို flashback လေးတွေရောထည့်ပြီး ရိုက်ကူးထားတာပါ။ဒီဇာတ်ကားက မြင်ဖူးတွေ့ဖူးနေကျ ဇွန်ဘီကားတွေနဲ့မတူပဲ အေးအေးငြိမ့်ငြိမ့်လေးနဲ့ ဇာတ်လမ်းကိုဆွဲခေါ်သွားတာမျိုးပါ။ Survivalဆိုတာထက် ခံစားမှုကို အသားပေးတဲ့ဇာတ်ကားမျိုးဖြစ်တာမို့ ထူးခြားတဲ့ ဇွန်ဘီကားပါပဲ။ အခုလိုမိုးအေးအေးရာသီဥတုနဲ့ဆို ကြည့်ရတာပိုပြီးအရသာရှိစေမှာဖြစ်ပါတယ်။ File size…1.14GB / 556MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 38m Genre ….. Drama , Horror , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

5.6 2016 97 mins
Here Alone
Kitty The Killer
5.2

Kitty the killer (2023) ထိုင်းရုပ်ရှင်တွေထဲကမှ ဒီတစ်ခါမှာတော့ စိတ်ဝင်စားစရာ ထိုင်းအက်ရှင်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါမယ်။ 2023 မှာထွက်ရှိလာတဲ့ ဒီဇာတ်ကားက မြင်နေကျ ထိုင်းရုပ်ရှင်ကားတွေမတူတဲ့ ဇာတ်အိမ်နဲ့ ကောင်းမွန်တဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေ ပါရှိတာမို့ အက်ရှင်ဇာတ်လမ်းကောင်းကြိုက်သူတွေအဖို့ ‌ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ။ လျှို့ဝှက်အေဂျင်စီတွေကနေ အမျိုးသမီးငယ်တွေကို အထူးလေ့ကျင့်ပေးပြီး “ကစ်တီ” လို့ အမည်ဝှက်ပေးထားခဲ့ကြပါတယ်။ “ကစ်တီ” တွေကို ထိန်းချုပ်တဲ့သူကိုတော့ “အုပ်ထိန်းသူ” လို့ ခေါ်ကြပြီး၊ သူတို့က အေဂျင်စီတွေနဲ့ တိုက်ရိုက် အဆက်အသွယ်ရှိတဲ့ သူတွေပါပဲ။ တစ်နေ့မှာ ရှားပါးပစ္စည်းဟောင်းတွေထဲကနေ ဆန်းကြယ်တဲ့ကျောက်တစ်မျိုး ပေါ်လာခဲ့ပြီး အေဂျင်စီတိုင်းက ထိုအရာကို အရယူဖို့ ကြိုးစားလာကြတဲ့အခါ…. ဒီအရှုပ်ထဲ ဘုမသိဘမသိပါသွားသူ မောင်ချာလီကရော သေနတ်တကားကားကြား ဘယ်လို ရှင်သန်အောင် ကြိုးစားရမလဲ။ “ကစ်တီ” တွေနဲ့ အေဂျင်စီတွေကြား၊ “အုပ်ထိန်းသူ” တွေကြားက ချုပ်နှောင်ထားတဲ့ကြိုးတွေအကြောင်းကိုပါ ဇာတ်ကားတစ်ခုလုံး စိတ်လှုပ်ရှားဖွယ်အပြည့် ကြည့်ရှုရမှာပါပဲ။ အညွှန်းကိုတော့ Su Myat က ရေးထားပေးပြီတော့ ဘာသာြပန်ထားတာကတော့ Su Myat & Thae Thae ပဲ ဖြစ်ပါတယ်။ Genre….. Action, Comedy Quality…. 1080p | 720p File size…1.2GB | 589MB Format… mp4 Duration….2h Subtitle…. Myanmar Subtitle (Hardsub) Translator ….. Su Myat & Thae Thae Encoder ….. Aaron

5.2 2023
Kitty The Killer
Suffragette
6.9

ဒီတစ်ခါမှာတော့ အမျိုးသမီးတွေမဲပေးခွင့်ရရေးအတွက် လှုပ်ရှားမှုတွေအကြောင်းရိုက်ကူးထားတဲ့ Suffragette ဆိုတဲ့ကားလေးကိုတင်ဆက်ပေးချင်ပါတယ် အရင်ဆုံးအနေနဲ့ ဒီဇာတ်ကားလေးထဲမှာ ပါဝင်တဲ့သရုပ်ဆောင်တွေက Alice in Wonderland live action ကားတွေနဲ့ Harry Potter ထဲမှာ သရုပ်ဆောင်ထားတဲ့ ဝါရင့်သရုပ်ဆောင် မင်းသမီးကြီး Helena Bohman Carter နဲ့ The Great Gatsby ထဲက မင်းသမီး Carey Mulligan တို့လို ဒိတ်ဒိတ်ကြဲသရုပ်တွေပါဝင်ထားပါတယ် နောက်ပြီး The Iron lady ရဲ့စာရေးသူ Abi Morgan ရေးသားတဲ့ဝတ္ထုကိုအခြေခံရိုက်ကူးထားတာပါ ဇာတ်လမ်းအကျဥ်းကတော့ ဗြိတိန်မှာ 1912 ကာလတွေတုန်းက အမျိုးသမီးတွေကို မဲပေးခွင့်ပေးဖို့အတွက် ဆန္ဒပြတောင်းဆိုနေကြတဲ့အချိန်ပါ မော့ဒ်ဝက်ထ်စ်ဆိုတဲ့ သာမန်ခဝါသည်အမျိုးသမီးလေးဟာ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ဗွိုင်းအိုလက်ဆိုတဲ့အမျိုးသမီးနဲ့ စကားဆုံမိကြရာကနေ အမှတ်မထင်ပဲ အမျိုးသမီးတွေ တန်းတူအခွင့်အရေးရရှိရေးတက်ကြွလှုပ်ရှားမှုတွေမှာ ပါဝင်မိပါတော့တယ် အဲဒီလိုပါဝင်မိရင်း အဖမ်းခံ အကျဥ်းချခံရတဲ့အခါ ပတ်ဝန်းကျင်ရဲ့ လှောင်ပြောင်ကဲ့ရဲ့ခံရတဲ့အပြင် ယောက်ျားကိုယ်တိုင်ကပါ အိမ်ကနှင်ထုတ်ပြီး သားလေးနဲ့တွေ့ခွင့်မပေးတော့ပါ အဲ့ခေတ်က ဥပဒေအရ သားသမီးကို ဖခင်ကပဲ ပိုင်ဆိုင်ပါတယ် အဲ့ဒါကြောင့် ​မော့ဒ်တစ်ယောက် ထိုဥပဒေကို ပြင်ရမယ် အမျိုးသမီးတွေလည်း အမျိုးသားတွေနဲ့တန်းတူအခွင့်အရေးရှိရမယ်ဆိုပြီး တက်ကြွလှုပ်ရှားမှုတွေမှာ ထဲထဲဝင်ဝင်ပါဝင်ပါတော့တယ် သူမနဲ့အတူ ဗွိုင်းအိုလက် မစ္စစ်အယ်လင် အမ်မလီ မစ္စစ်ပန်ဟာ့စ် စတဲ့အမျိုးသမီးတွေနဲ့အတူ စစ်ဆင်ရေးတွေကိုဆောင်ရွက်ပါတော့တယ် ဒီဇာတ်ကားလေးဟာ မော့ဒ်ကိုအဓိကဇာတ်ကောင်အနေနဲ့ရိုက်ကူးထားတယ်ဆိုပေမဲ့ ဒီဇာတ်ကားထဲမှာပါတဲ့ အမ်မလီ ဆိုတဲ့ အမျိုးသမီးဟာ အပြင်မှာတကယ်ရှိခဲ့တဲ့ ”Emily Wilding Davison” ဆိုတဲ့ တက်ကြွလှုပ်ရှားသူအမျိုးသမီးကို အခြေခံထားတာပါ။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre…Drama, Histroy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane

6.9 2015 106 mins
Suffragette
The Forest of Wool and Steel
6.2

The Forest of Wool and Steel (2018) ~ IMDb – 6.2/10, MyDramaList – 7.6/10 ~ ဟော့ကိုင်းဒိုး (Hokkaido) မှာရှိတဲ့ နယ်မြို့လေးတစ်မြို့က အထက်တန်းကျောင်းသားလေးတစ်ယောက်က အထက်တန်းကျောင်းအောင်ပြီးရင် ဒီအတိုင်းလေးပဲ ဘဝကို ဆက်ရှင်သန်မယ်လို့တွေးနေတဲ့အခိုက် သူ့ကျောင်းက တစ်ခုသောစန္ဒရားကို ပြင်(အသံညှိ) ပေးဖို့ လာခဲ့တဲ့ စန္ဒရားအသံညှိဆရာ (Piano Tuner) တစ်ယောက်ကို လိုက်ပြပေးရတယ်။ အဲဒီဆရာအသံညှိပြီး တီးခတ်လိုက်တဲ့ စန္ဒရားသံစဉ်ကို ကြားသွားတဲ့ ကျောင်းသားလေးက ရုတ်တရက် သာယာငြိမ့်ညောင်းတဲ့တောအုပ်ထဲ ရောက်ရှိသွားသလို ခံစားရပြီး စန္ဒရားအသံညှိဆရာဖြစ်ချင်တဲ့ဆန္ဒ တဖွားဖွားဖြစ်လာလို့ ကျောင်းပြီးတာနဲ့ တိုကျိုမှာ စန္ဒရားအသံညှိကျောင်းကို ၂ နှစ်သွားတက်ခဲ့တယ်။ ၂ နှစ်တက်ပြီး သူ့ဇာတိမြို့မှာပဲ သူဆုံခဲ့တဲ့စန္ဒရားအသံညှိဆရာရဲ့ အဲတိုတူရိယာပစ္စည်းဆိုင် (Eto Musical Instrument Shop) မှာပဲ စန္ဒရားအသံညှိဆရာအဖြစ် ဝင်လုပ်ခဲ့တယ်။ အဲဒီမှာဝင်လုပ်ရင်း စီနီယာစန္ဒရားအသံညှိဆရာတွေ၊ စန္ဒရားပိုင်ရှင်တွေ၊ စန္ဒရားတီးခတ်သူတွေနဲ့ စန္ဒရားမျိုးစုံကို ကြုံတွေ့ရပါတော့တယ်။ ဒီဇာတ်ကားဟာ အမျိုးသမီးစာရေးဆရာ Natsu Miyashita က ၂၀၁၆ ခုနှစ်မှာရေးသားထုတ်ဝေခဲ့ပြီး ထိုနှစ်မှာကျင်းပခဲ့တဲ့ the 13th Japan Booksellers ဆုကိုရသွားခဲ့တဲ့ “Hitsuji to Hagane no Mori (The Forest of Wool and Steel)” ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ Live-Action သရုပ်ဆောင်တွေထဲက နာမည်ကြီးမင်းသားတစ်လက်ဖြစ်တဲ့ Kento Yamazaki ကို ဒီဇာတ်ကားထဲမှာ စန္ဒရားအသံညှိဆရာတစ်ယောက်အဖြစ် တစ်မူထူးခြားစွာမြင်ရမှာဖြစ်ပါတယ်။ နောက်ပြီး ၂၀၂၄ ခုနှစ်ထဲ Netflix ကနေထွက်ရှိလာမယ့် City Hunter ဇာတ်ကားထဲက Ryohei Suzuki လည်း စီနီယာစန္ဒရားအသံညှိဆရာအဖြစ်ပါဝင်ထားသလို Tomokazu Miura, Ken Mitsuishi တို့လို ဝါရင့်မင်းသားကြီးတွေလည်းအားဖြည့်ထားပြီး Mone နဲ့ Moka တို့ Kamishiraishi ညီအစ်မလည်း ပါဝင်ထားပါသေးတယ်။ Kamishiraishi ညီအစ်မထဲက ညီမဖြစ်သူ Moka က 42nd Japan Academy Awards ပွဲမှာ တက်သစ်စသရုပ်ဆောင်ဆုကို ဒီဇာတ်ကားနဲ့ ဆွတ်ခူးသွားခဲ့ပါတယ်။ စန္ဒရားတီးတာမဟုတ်ဘဲ စန္ဒရားတစ်ခုမှာ ဘာတွေပါလဲ၊ ဘယ်လိုပုံစံနဲ့အလုပ်လုပ်လဲ၊ စန္ဒရားအသံညှိဆရာတစ်ယောက်ရဲ့ သိသင့်သိထိုက်တဲ့ နည်းပညာတွေကဘာလဲ၊ စန္ဒရားတစ်ခုကို ဘယ်လိုပြုပြင်ထိန်းသိမ်းရမလဲ၊ စန္ဒရားကိုအပြင် စန္ဒရားတီးခတ်သူရဲ့စိတ်ဆန္ဒအတိုင်း အဆင်ပြေအောင် ဘယ်လိုဆောင်ရွက်ပေးရမလဲ၊ စန္ဒရားအသံညှိဆရာတစ်ယောက်အနေနဲ့ ဘာကိုရည်မှန်းချက်ထားရမလဲဆိုတာတွေကို စိတ်ဝင်စားရင်တော့ ၂ နာရီနီးပါးကြာမယ့် The Forest of Wool and Steel ထဲမှာ စန္ဒရားသံစဉ်တွေနဲ့ အဲဒီသံစဉ်တွေကြောင့် ပေါ်လာတဲ့ စိတ်ကူးပုံရိပ်တွေကို နားထောင်ခံစားကြည့်ရှုလိုက်ကြပါခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို AK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.45GB, 1.05GB Quality – 1080p, 720p IMDb Rating – 6.2/10 Format – mp4 Duration – 2H 14Min Genre – Drama, Music Subtitle – Myanmar Subtitle (Hardsub) Translated by AK Encoded by Y

6.2 2018
The Forest of Wool and Steel
Marinette

CM ပရိတ်သတ်ကြီးတို့ကို ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ပြင်သစ်အမျိုးသမီးဘောလုံးသမား မာရီနက်ပီရွှန်အကြောင်းရိုက်ကူးထားတဲ့ အတ္ထုပ္ပတ္တိရုပ်ရှင်ဖြစ်ပါတယ်။ မာရီနက်ဟာ ယူအက်စ်မှာ ပရော်ဖက်ရှင်နယ်အဆင့်စာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့ ပထမဆုံးပြင်သစ်အမျိုးသမီးဘောလုံးသမားဖြစ်ပါတယ်။ ဒါ့အပြင် LGBTQတစ်ယောက်ဖြစ်ပြီးတော့ တရားဝင်လက်ထပ်ယူထားတဲ့ဇနီးနဲ့ သားလေးတစ်ယောက်ရှိပါတယ်။ သူ့ရဲ့ဘောလုံးသမားဘဝအစပိုင်းက လွယ်ကူခဲ့တာတော့မဟုတ်ပါဘူး။ သူ့ရဲ့ငယ်ဘဝဟာ အရက်သမားအဖေရဲ့အိမ်တွင်းအကြမ်းဖက်မှုတွေကြောင့် အတော်စိတ်ညစ်စရာကောင်းခဲ့တာပါ။ ကံကောင်းတာကတော့ သူ့အမေက သူ့အိပ်မက်ကိုအားပေးပေးခဲ့ပါတယ်။ ကျောင်းပွဲတွေမှာ ယောက်ျားလေးအသင်းထဲဝင်ကစားခဲ့ရာကနေ Saint-Memmie Olympique အမျိုးသမီးဘောလုံးအသင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။ အဲ့ကနေ သူ့ရဲ့ဘောလုံးအားကစားသမားဘဝအစပြုခဲ့တယ်လို့ဆိုရမှာပါပဲ။ သူ့ခေတ်သူ့အခါတုန်းက ပြင်သစ်ဟာ အမျိုးသမီးဘောလုံးအားကစားကို သိပ်အရေးမထားပေးခဲ့ပါဘူး။ မာရီနက်ဟာ ၂၀၀၇ခုနှစ်မှာ ဘောလုံးအားကစားလောကကနေ အနားယူသွားခဲ့ပါတယ်။ သူ့ကို အာဂပြင်သစ်အမျိုးသမီးဘောလုံးသမားအဖြစ် သတ်မှတ်ထားကြဆဲပါပဲ။ ပြင်သစ်အမျိုးသမီးဘောလုံးသမားတွေအကြောင်း သေချာရိုက်ပြထားတာဖြစ်လို့ ကြည့်ရှုခံစားလိုက်ကြပါဦး။ File size…(1.6 GB)/(960 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…History, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ngwe Zin

0 2023
Marinette
City Hunter
6.5

၂၀၂၄ ဧပြီလ ၂၅ ရက်မှာအသစ်ထွက်ရှိထားတဲ့ Netflix ရဲ့ ဂျပန်ရုပ်ရှင် City Hunter ဟာ Tsukasa Hojo ရဲ့နာမည်ကျော် Manga စီးရီး City Hunter ကိုအခြေခံပြီး ဒါရိုက်တာ Yuichi Satoh က ရိုက်ကူးပေးထားတဲ့ Live-action ရု ပ်ရှင်ကားတစ်ခုပဲဖြစ်ပါတယ်။ ကမၻာတစ်ဝန်းမှာ City Hunter Manga ရဲ့ပရိသတ်ပေါင်းများစွာရှိနေပြီး ၁၉၈၀ ပြည့်နှစ်မှာ ကာတွန်းကားရိုက်ကူးခဲ့ဖူးသလို ၁၉၉၃ ခုနှစ်မှာလည်း ဂျက်ကီချန်းက City Hunter နာမည်နဲ့ပဲ ရုပ်ရှင်တစ်ကားရိုက်ကူးခဲ့ပါသေးတယ်။ အသစ်ထွက်ရှိလာတဲ့ ဂျပန်ရုပ်ရှင် City Hunter မှာတော့ Ryohei Suzuki ၊ Misato Morita နဲ့ Masanobu Ando တို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း *************** တိုကျိုမြို့ရဲ့လမ်းမတွေပေါ်မှာ ထူးဆန်းတဲ့ဖြစ်ရပ်တွေကိုမြင်တွေ့နေရပြီး စူပါစွမ်းအင်တွေရှိနေတဲ့လူတချို့က တခြားလူတွေကိုလိုက်လံ တိုက်ခိုက်နေခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေထဲကတစ်ခုကြောင့် တွဲဖက်နဲ့သူငယ်ချင်းဖြစ်သူ မာကီမူရာကိုဆုံးရှုံးလိုက်ရတဲ့ အလွတ်တမ်းစုံထောက်ယိုဆာအီဘာက ဒီဖြစ်ရပ်တွေဟာ ဆေးတစ်ခုကြောင့်လား၊ ဗိုင်းရပ်စ်တစ်ခုကြောင့် လားဆိုတာ လိုက်လံဖော်ထုတ်ရပါတော့တယ်။ သေဆုံးသွားတဲ့ မာကီမူရာရဲ့ညီမကာအိုရီကလည်း အစ်ကိုအတွက်လက်စားချေချင် စိတ်တွေပြင်းထန်နေတာကြောင့် အမှုစုံစမ်းဖော်ထုတ်ရာမှာ ယိုဆာအီဘာရဲ့တွဲဖက်ဖြစ်လိုမှန်းမသိဖြစ်လာခဲ့ပါတယ်။ ဝါရင့်စုံထောက်ယိုဆာအီဘာနဲ့ အတွေ့အကြုံမရှိတဲ့ကာအိုရီတို့ နှစ်ယောက်ပေါင်းမိသွားချိန်မှာတော့ လွဲချော်မှုတွေနဲ့အက်ရှင် ဇာတ်ဝင်ခန်းတွေကို ဟာသရောနှောတင်ဆက်ပြသထားတာ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ File size…2 GB / 946 MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 42m Genre ….. Action , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Romance • Drama
6.5 2024
City Hunter
The Naughty List of Mr. Scrooge
5

ကောလိပ်မှာကတည်းက ထူးထူးဆန်းဆန်းလက်ဆောင် လဲတမ်းဆော့ကြတဲ့ တက်ဘီတို့သူငယ်ချင်းတစ်သိုက်ဟာ ကျောင်းပြီးသွားပြီးတော့ ဆယ်စုနှစ်တစ်ခုနီးပါးကြာမှ သူငယ်ချင်းတစ်သိုက်ပြန်ဆုံပြီး ငယ်ဘဝကအတိုင်းအချိန် ကုန်ကြဖို့စီစဉ်ကြပါတယ်။ တွေ့ဆုံပွဲမှာ ကောလိပ်မှာတုန်းကအတိုင်း လျှို့ဝှက်လက်ဆောင် တွေလဲကြတဲ့အခါမှာ မထင်မှတ်ထားတဲ့လက်ဆောင်တွေ ရလာကြပြီး ဘယ်လိုမျိုးအဖြစ်အပျက်တွေကြုံရမလဲဆိုတာကို ကြည့်ရမယ့် Thriller ကားကောင်းလေးတစ်ကားဖြစ်လို့ လက်မလွှတ်တမ်းကြည့်ကြဖို့တိုက်တွန်းလိုက်ပါရစေဗျာ…. File size… (837MB) / (425MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg

Drama
5 2024 89 mins
The Naughty List of Mr. Scrooge
Dan Hawk Psychic Detective
4.7

Dan Hawk Psychic Detective (2024) ၂၀၂၄ ခုနှစ်ကမှ ထွက်ရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး Crime/Thriller မှုခင်း သည်းထိတ်ရင်ဖို ဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်။ ဒါရိုက်တာ Ben Shockley ရိုက်ကူးထားတာဖြစ်ပြီး ဗြိတိသျှစကားပြော ဇာတ်ကားတစ်ကားပါ။ ဇာတ်လမ်းအကျဥ်းကတော့ Dan Hawk ဟာ ရဲဝန်ထမ်းအဖြစ်ကနေ အနားယူပြီး စာရေးဆရာတစ်ဦးအဖြစ် အသက်မွေးနေပါတယ်။ အဲဒီအချိန်မှာ သူ့ရဲ့စာအုပ်စီးရီးဖြစ်တဲ့ Pumpkin Head ဝတ္ထုတွေထဲက ဇာတ်ကောင်အတိုင်း ဖရုံသီးကြီးခေါင်းစွပ်ထားတဲ့ serial killer တစ်ဦး ပေါ်ပေါက်လာချိန်မှာတော့ Dan Hawk တစ်ယောက် တရားခံဘယ်သူလဲဆိုတာကို ဖော်ထုတ်ဖို့ ကြိုးစားရပါတော့တယ်။ ဗြိတိသျှစကားပြောဇာတ်လမ်းဖြစ်ပြီး ဘတ်ဂျက်ဇာတ်ကား တစ်ခုဖြစ်တဲ့ ဒီဇာတ်လမ်းလေးက ကြာချိန်တိုပြီး ဇာတ်အိမ်ရိုးရှင်းတဲ့အတွက် အပျင်းပြေ ကြည့်ရှုလို့ကောင်းမဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Wilfenheim ဖြစ်ပါတယ်။) File size…(630 MB) / (350 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Thriller Duration….01:09:26 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Wilfenheim

Action • Crime
4.7 2024 68 mins
Dan Hawk Psychic Detective