YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Trolley Ep9 720p(CM).mp4

281.26 MB N/A video/mp4 316 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Belle
7.2

Belle (2013) ~ IMDb - 7.3/10, RT - 85%, Meta - 64% ~ အင်္ဂလန်ရဲ့ Period Movies တွေထဲမှာ ထိပ်တန်းစာရင်းဝင်ဖြစ်တဲ့ Belle ရုပ်ရှင်ဟာ လက်တွေ့အပြင်ဘဝက ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ဆိုလဲ မမှားပါဘူး။ ဇာတ်ကားထဲမှာပါတဲ့ ပန်းချီကားထဲက မိန်းကလေးဟာ တကယ့်အပြင်ဘဝက ဒိုင်ဒိုဘဲလ်ရဲ့ ပုံအစစ်ဖြစ်ပါတယ်။ လူဖြူ လူမည်း အဆင့်အတန်း ခွဲခြားတဲ့ကာလထဲမှာ လူဖြူဖခင်နဲ့ လူမည်းကျွန် မိခင်ကနေ ပေါက်ဖွားလာတဲ့ ကပြားလေး ဒိုင်ဒိုဘဲလ်ကို လူဖြူဖခင်ကခေါ်ပြီး သူ့ဦးရီးတော် တရားသူကြီးချုပ်အိမ်မှာ အုပ်ထိန်းမှုကို ခံယူစေခဲ့တယ်။ လူမည်းဖြစ်နေပေမဲ့လဲ သူ့အဖေရဲ့မျိုးရိုးကြောင့် ဦးရီးတော်ရဲ့ အိမ်တော်က အဆင့်အတန်းမခွဲခြားဘဲ တန်းတူနေရာပေးတာ ခံခဲ့ရတဲ့ ဘဲလ်ဟာ လူမည်းကျွန်တွေ ဘယ်လို နှိမ့်ချခံရလဲဆိုတာ ထဲထဲဝင်ဝင် မသိခဲ့ဘူး။ ဇုန်းဆိုတဲ့ ကျွန်တွေကုန်ကူးတဲ့ သင်္ဘောဟာ ကျွန်တွေကို ရေထဲပစ်ချ စတေးပြီးတော့ အသက်အာမခံ လျော်ကြေးတောင်းတဲ့အမှုကို ဦးရီးတော် တရားသူကြီးချုပ်က ကိုင်တွယ်ရတယ်။ ကျွန်တွေအပေါ် ဇုန်းသင်္ဘောရဲ့ ရက်စက်ယုတ်မာမှုတွေကို သိလိုက်ရတဲ့ ဘဲလ်ဟာ တရားမျှတမှု ပေါ်ပေါက်ရေးအတွက် တက်ကြွလှုပ်ရှားသူ လူငယ်လေး ဒဗီးနီးယားကို ကူညီပေးရင်း ချစ်မိသွားပါတယ်။ ဒါပေမဲ့ မျိုးရိုးအဆင့်အတန်းမြင့်တဲ့သူနဲ့ပဲ လက်ထပ်စေချင်တဲ့ မိသားစုကြောင့် ဘဲလ်ဟာ လူဖြူ မျိုးရိုးနိမ့်လေး ဒဗီးနီးယားအပေါ် ချစ်စိတ်တွေဖုံးကွယ်ထားရတယ်။ ဒါ့အပြင် လူမည်းကျွန်တွေ တရားမျှတမှုရရှိရေးအတွက် ဦးရီးတော်အရင်းနဲ့လဲ ရင်ဆိုင်ဆန့်ကျင်နေရတယ်။ ဒီလို Conflict တွေကြားထဲမှာ ဘဲလ်တစ်ယောက် ဘာကို ဘယ်လို ရွေးချယ်သွားမလဲ... သူချစ်ရတဲ့သူအပြင် လူမည်းတွေအတွက်လည်း သူလိုချင်တဲ့ တရားမျှတမှုကိုရော ရရှိနိုင်ပါ့မလား... ဆိုတာ ဇာတ်လမ်းထဲမှာ ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ကြပါဦး... (ဒီဇာတ်ကားနဲ့အညွှန်းကို Hnyun Yadanar Myintmo Htun မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1GB, 450MB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 1H 40Min Genre - Biography, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Hnyun Yadanar Myintmo Htun Encoded by Y

Drama
7.2 2013 105 mins
Belle
Northeast Love Brother 2: Endless Love

တုန်းပေရဲ့ ၉၀ခုနှစ်ကို နောက်ခံထားထားတဲ့ ခရီးသည်တင်ကားမောင်းတဲ့ ကောင်လေးနဲ့ ဘဲလေးအကမယ်လေး တို့ကြားက အချစ်ဇာတ်လမ်းလေးကို ရိုက်ကူးထားတဲ့ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် တစ်ရက် ခရီးသည်တင်ကားမောင်းတဲ့ ကောင်လေး ရွှီထျယ်ရဲ့ ကားပေါ်မှာ လူပေါင်းစုံစီးကြတဲ့ အထဲမှာမှ ဘဲလေးအကမယ်လေး ချန်လိရှားက ပေါ်လွင်လို့နေပါတယ် ဒါကို ကလိမ်ကချေ တစ်ယောက်က ထိကပါးရိကပါး လုပ်လာတဲ့ အချိန်မှာ ရွှီထျယ်တစ်ယောက် ဝင်ကူညီပေးရင်းနဲ့ ချန်လိရှားနဲ့ စသိခဲ့ပါတယ် ဝင်ကူညီပေးရင်း ခိုက်ရန်ဖြစ်ပွားပြီးတော့ ကလိမ်ကချေကောင်က ကားမှန်ကို ခွဲသွားခဲ့ပါတယ် အဲ့တော့ ရွှီထျယ်တစ်ယောက် ယွမ်1000 လျော်ရဖို့ဖြစ်လာပါတယ် သူ့အပေါင်းသင်းတွေနဲ့ ယွမ်1000 ရဖို့ နည်းလမ်းပေါင်းစုံ စဉ်းစားရင်း ချန်လိရှားရဲ့ အလုပ်ကတ်နဲ့ ကတ်ဆတ်လေးကို သူ့ဆီပြန်ပေးဖို့ကနေ တစ်ဆင့် အကြံထုတ်ရင်း သွားရှာခဲ့ပါတယ် စိတ်ရင်းကောင်းတဲ့ ရွှီထျယ်တစ်ယောက် ချန်လိရှားဆီကနေ ဘယ်လိုမှ အမြတ်မထုတ်နိုင်ခဲ့ဘဲ နှစ်ယောက်သား သံယောဇဉ် ငြိတွယ်ခဲ့ကြပါတယ် ကားမောင်းသမားနဲ့ ဘဲလေးအကမယ်က ဘယ်လိုမှ မလိုက်ဖက်သလိုပဲ ချန်လိရှားရဲ့အမေက သဘောမတူပါဘူး....... ပြဿနာတွေကနေ အစချီတဲ့ အချစ်ဇာတ်လမ်းလေးက အခက်ခဲတွေနဲ့ ကြုံလာရတဲ့ အချိန်မှာ ဘာတွေ ဆက်ဖြစ်လာမှာလဲ ရွှီထျယ်ရဲ့ အပေါင်းသင်းတွေကရော ဘယ်လောက်ထိ ကူညီထောက်ပံ့ပေးခဲ့မှာလဲဆိုတာကိုတော့ ဒီဇာတ်လမ်းလေးမှာ ကြည့်ရှုလို့ရပါတယ်နော်........ [ Reviewed Kyawt ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Comedy , Romance Runtime : 1h 49 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Crime • Drama • TV Movie • Thriller
null 2023
Northeast Love Brother 2: Endless Love
The Mummy: Tomb of the Dragon Emperor
5.5

ဂျက်လီနဲ့မီရှဲယိုတို့ အားဖြည့်ပါဝင်ထားပြီး ရှေ့က Mummy နှစ်ကားရဲ့အဆက်အနေနဲ့ထွက်ရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့... လွန်ခဲ့တဲ့ နှစ် ၂၀၀၀ ဝန်းကျင်ခန့်က တရုတ်နိုင်ငံက ရက်စက်ကြမ်းကြုတ်တဲ့ ဟန်ဘုရင်ဟာ တိုင်းပြည်ကိုစုစည်းပြီး နဂါးဧကရာဇ်အဖြစ် တစ်ကမ္ဘာလုံးကိုသိမ်းပိုက်ဖို့ ပြင်ဆင်ခဲ့ပါတယ်...ဒါပေမယ့်မှော်ဆရာမတစ်ဦးရဲ့ကျိန်စာမိပြီး သူနဲ့သူ့တပ်တစ်ခုလုံးဟာ ရွံ့ရုပ်တုတွေအဖြစ် ပြောင်းသွားခဲ့ပြီး မအောင်မြင်တဲ့အိမ်မက်တစ်ခုဟာ မြေကြီးအောက်မှာ ပျောက်ကွယ်သွားရပါတော့တယ်။ ဒါပေမယ့် Mummy တို့ရဲ့ဇာတ်လိုက်ကျော် အိုကော်နယ်တစ်ယောက်က ဒီအိမ်မက်ဆိုးကြီးကို မမျှော်လင့်ဘဲ ထုံးစံအတိုင်း မြေကြီးပေါ်ကိုဆွဲတင်လာမိပါတော့တယ်...ဒီတစ်ခါတော့ သူတစ်ယောက်ထဲတင်မဟုတ်တော့ဘဲ သူ့ထက်ဆိုးတဲ့ သားတော်မောင် အဲ့လက်စ်ရောပါပါတယ်။ ဟန်ဘုရင်တစ်ယောက် မြေကြီးပေါ်ကို ဘယ်လိုအသက်ဝင်ပြီး ထိုးထွက်လာမလဲ....သူ့ရဲ့မအောင်မြင်ခဲ့တဲ့အိမ်မက်ကို တစ်ဖန်ပြန်လည်အသက်သွင်းဦးမလားဆိုတာ.....။ File size…(3.8 GB) /(1.3 GB) Quality….BluRay Regrade DS4K HEVC/720p Format…mkv/mp4 Duration….01:51:47 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Min Thet Oo

Adventure • Animation • Comedy • Family
5.5 2008 112 mins
The Mummy: Tomb of the Dragon Emperor
Ivy + Bean: The Ghost That Had to Go
6.9

Ivy + Bean (2022) နက်ဖလစ်က ကလေးတွေကို ပြဖို့ တားဂတ်ထားပြီး ထုတ်ထားတဲ့ရုပ်ရှင်ပါ။ ၆နှစ်ကလေးတွေကစပြီး အရွယ်မရွေးကြည့်လို့ရပါတယ်။ ၄ ၅နှစ်လည်း ရတော့ရတယ် ဆိုပါတယ။ ဇာတ်ကလည်း Ivyနဲ့ Beanဆိုတဲ့ ကလေး၂ကောင် ကျောင်းမှာ တိုင်ပတ်ကြတဲ့အကြောင်းပါ။ စာသင်ခန်းထဲက ကလေးတွေရဲ့ အခြေအနေနဲ့ စူးစမ်းချင်စိတ် သိချင်စိတ်အပြည့်နဲ့ လက်ကမျဉ်းထကြတဲ့ ကလေးတွေ ဘာတွေကြုံလာနိုင်လဲ ပြထားတဲ့ ပညာပေးရုပ်ရှင်လေးပါ ။ ivy နဲ့ beanနဲ့ရဲ့ ဖရန့်ရှစ်ကို ကလေးတွေကြည့်မိပြီး အတုယူနိုင်အောင်လည်း ပြပေးထားပုံပါပဲ။ ကလေးတွေကြည့်ဖို့ ရိုက်ထားတဲ့ကားပေမဲ့ ခေတ်နဲ့အညီ ကလေးတွေရဲ့ လွတ်လပ်ခွင့်ကို ပိုအသားပေး ရိုက်ကူးထားပါတယ်။ File Size__(600MB) Quality__720p IMDb Rating__5.7/10 Format__mp4 Duration__01:00:00 Type__Comedy, Family Subtitle__Myanmar Subtitle (Hardsub) Translated by --- Encoded by Naing Aung Latt

Drama • Horror • Thriller
6.9 2022 62 mins
Ivy + Bean: The Ghost That Had to Go
Machine Gun Kelly's Life In Pink
7.6

Machine Gun Kelly’s Life in Pink (2022) Genre – Documentary, Music IMDB – 6.3/10 Hip-hop တွေကို နားထောင်တဲ့လူဆို Machine Gun Kelly aka MGK ဆို သိကြမယ်နဲ့ တူပါတယ်။ ဒါမှမဟုတ်လည်း ဆရာကြီး Eminem နဲ့ ကွိုင်ကြလို့ တစ်ယောက်သီချင်းတစ်ပုဒ်စီနဲ့ အပြန်အလှန် ဖြုတ်ကျတာကိုလည်း ကြားဖူးကြမယ်ထင်ပါတယ်။ အဲဒီထက် ပြောရမယ်ဆို ခုလက်ရှိတွဲနေတာက ပုရိသတို့ အသည်းစွဲ နာမည်ကျော် မင်းသမီး Megan Fox ပဲ ဖြစ်တယ်ဗျာ။ Hip hop ဆိုလို့ ခုကျ Rapper ပဲ လုပ်နေတယ်မထင်ပါနဲ့ ဒီဆရာလေးက Hip-hop တွေ ဆိုလာရင်းကနေ ၂၀၂၀ လောက်ကျတော့ ချောတောငေါ့ပြီး Pop Punk တွေ Rock တွေဖက် ဝုန်းဒိုင်းပြီးပြောင်းသွားပြီး အခုတော့ Rapper တစ်ယောက်ကနေ Rock Star ဖြစ်နေပါပြီ။ ဒီ မှတ်တမ်းရုပ်ရှင်တွေထဲမှာတော့ အစုံအလင်ပါပါတယ် သူ ဘာလို့ လိုင်းပြောင်းသွားရတယ်တို့၊ လူတွေက သူ့ဆို အရမ်းမုန်းကြတဲ့အကြောင်း ဥပမာဆို UFC ဖိုက်တာကြီး Conor McGregor က ပွဲထဲ လှမ်းထိုးဖို့ လုပ်တာတို့၊ နာမည်ကျော် Metal အဖွဲ့ Slipknot က Vocal သမား Corey Taylor နဲ့ ညှိကြတာတို့ (ပြဿနာနဲ့ ပွဲတော့ အတော်ရှာတဲ့ကောင်ပါ)။ ပြီးတော့ သူ့ အယ်ဘမ်တွေကို နံပါတ် ၁ ဖြစ်အောင် ကြိုးစားကြတာ Blink-182 က ဒရမ်မာကြီး Travis Baker တို့ ဘယ်လိုတွေ ပံ့ပိုးပေးတာမျိုး သမီးတစ်ယောက်ကိုလည်း နာမည်မကြီးခင်ကတည်းက ရထားပြီး ဖခင်အဖြစ်လည်း နေထိုင်ရပုံတွေ ဘာညာနဲ့ အစုံ ပြထားတာပေါ့လေ။ ဆိုတော့ ဂီတမှတ်တမ်း ရုပ်ရှင်တွေ ထုံးစံအတိုင်း အနိမ့်အမြင့် အတက်အကျ အခက်အခဲ အောင်မြင်မှုတွေ သီချင်း ဖန်တီးကြတာတွေ ပြင်ပ နေထိုင်မှု ဘဝက ပျော်စရာ ဝမ်းနည်းစရာ စသဖြင့် အနုပညာရှင်ဆိုပေမဲ့ လူသားပါဆိုတာမျိုး အမြင်တွေကို ချပြထားတဲ့ ဂီတ မှတ်တမ်းရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ် File size…2.8GB / 1.2GB Quality…1080p WEB DL / 720p Format…mp4 Duration….1h 41mins Subtitle….Myanmar Subtilte(Hard Sub) Encoder….YK Translated by ThuRa Aung

Horror
7.6 2022 102 mins
Machine Gun Kelly's Life In Pink
Under the Tuscan Sun
6.8

ဘဝမှာအဆိုးဆုံးသော နေ့ရက်တွေကိုဖြတ်သန်းနေရပါသလား။ အဆိုးဝါးဆုံးသောအရာတွေကို ကြုံတွေ့နေရပါသလား။ဆော်ပစ် ဘဲပစ်ခံရပြီး ဘဝထဲကအရေးအပါဆုံးသောလူတွေကိုဆုံးရှုံးနေရပါသလား။ အဲ့လိုတွေဖြစ်နေပေမဲ့လဲ စိတ်ဓာတ်လုံးဝမကျသွားပါနဲ့။ ဘဝမှာကိုယ့်အတွက် ကောင်းမွန်တဲ့အရာတွေက အံ့သြစရာအဖြစ်ကိုယ့်ဆီရောက်ရှိလာနိုင်သလို ကိုယ့်ရဲ့ဆုတောင်းတွေကလဲ တစ်ချိန်ချိန်မှာပြည့်ဝလာနိုင်လို့ပဲဖြစ်ပါတယ်။ ဒီကားလေးထဲမှာလဲ အဲ့ဒီလိုမျိုးကံဆိုးမသွားရာ မိုးလိုက်လို့ရွာနေတဲ့ အရမ်းကံ ဆိုးပြီးတော့ ဘဝကြီးကိုအရှုံးပေးချင်နေတဲ့ ကောင်မလေးတစ်ယောက်ကိုတွေ့ မြင်ရမှာပဲဖြစ်ပါတယ်။ သူကတော့စာရေးဆရာမဖရန်ဆက်ဖြစ်ပြီးတော့ သိပ်မကြာ သေးခင်ကပဲ သူကိုယ်တိုင်ပြုစုပျိုးထောင်ပေးခဲ့တဲ့ သူ့ရဲ့ယောက်ျားဖြစ်သူ စာရေးဆရာ ပေါက်စကနာမည်ကြီးသွားတဲ့အခါမှာ ဖောက်ပြန်ပြီးတော့သူ့ကိုပစ်သွားတဲ့အပြင် လျော်ကြေးငွေပေးရင်ပေး မပေးရင်အိမ်ပေးဆိုလို့အိမ်ကိုပေးခဲ့ရသူပဲဖြစ်ပါတယ်။ ဒီလိုနဲ့ဖရန်ဆက်တစ်ယောက်လဲကွာရှင်းပြီး နောက်ပိုင်း စိတ်ဓာတ်တွေကျနေတုန်း သူငယ်ချင်းတွေရဲ့ကောင်းမှုနဲ့ အီတလီကိုခရီးသွားဖြစ်ခဲ့ပါတော့တယ်။အဲ့ဒီမှာ ရောင်းရန်ဆိုတဲ့ အိမ်လေးတစ်လုံးကိုတွေ့ခဲ့ပြီး ဘာမှတွေးမနေတော့ပဲ တခြားနိုင်ငံက အိမ်တစ်လုံးကိုဝယ်ဖြစ်ခဲ့ပါတော့တယ်။ဒီလိုနဲ့အဲ့ဒီအိမ်လေးမှာနေထိုင်နေရင်း သူ့ရဲ့ဘဝကိုအသစ်ကနေပြန်စတင်ပါတော့တယ်။ဒါပေမယ့်လဲ လေပြေတွေမလာခင် တိုက်ခတ်နေတဲ့ မုန်တိုင်းတွေကိုဖရန်ဆက်တစ်ယောက်ထပ်ကြုံတွေ့ခဲ့ရပြီးတဲ့နောက်မှာ တော့သူ့ဘဝရဲ့ဆုတောင်းတွေဘယ်လိုပြည့်ဝသွားမလဲ ပျော်စရာဘဝကိုရောဘယ်လိုကြုံ တွေ့ရမလဲ ဆိုတာကို စိတ်ခွန်အားတက်စရာအနေနဲ့ ဒရာမာတွေအများကြီးချိုးပြီး ရယ်လိုက်ငိုလိုက်နဲ့ ကြည့်ရှုရမဲ့ကားလေးပဲဖြစ်ပါတယ်။ File size…3.90GB / 1.39GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 53m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Comedy • Drama
6.8 2003 113 mins
Under the Tuscan Sun
Coriolanus
6.1

War/Drama အမျိုးအစား IMDB 6.1/10, RT 92 % ရရှိထားတဲ့ ဒီဇာတ်ကားမှာ Ralph Fiennes (Harry Potter ထဲက နှာခေါင်းမပါတဲ့ Lord Voldemort, The Menu ထဲက Chef Slowik,The Grand Budapest Hotel ထဲက M. Gustave) က ဒါရိုက်တာအဖြစ်ရိုက်ကူးကာ ကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင်ထားပြီး Gerard Butler (300 ဘုရင်, Plane လေယာဉ်မှူး, London Has Fallen/ Olympus Has Fallen စတဲ့ ဘာ Fallen ညာ Fallen တွေထဲက အေးဂျင့် Mike Banning) က အပြိုင်ပါဝင် သရုပ်ဆောင်ထားပါတယ်။ ရှိတ်စပီးယားရဲ့ နာမည်တူမူရင်းပြဇာတ်ကို ဆီလျော်အောင် ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး မူရင်းပြဇာတ်ထဲကအတိုင်း ရှေးအသုံးအနှုန်းစကားလုံးတွေကို အသုံးပြုထားတာကြောင့် လူအများအတွက် အဆင်မပြေဘဲ နားလည်ရခက်ခဲတယ်ဆိုတဲ့ မှတ်ချက်တွေရရှိခဲ့သလို သရုပ်ဆောင်တွေက ဇာတ်ကောင်စရိုက်ကို ပီပြင်အောင် သရုပ်ဖော်နိုင်ပြီး သက်ဝင်ခံစားနိုင်ခဲ့တယ်ဆိုတဲ့ ချီးကျူးစကားအများအပြားကိုလည်း ရရှိခဲ့တာပါ။ ပါဝင်တဲ့သရုပ်ဆောင်တွေဟာ အကောင်းဆုံးသရုပ်ဆောင်ဆု အပါအဝင် စုစုပေါင်း ဆု ၁၀ ဆုရရှိခဲ့ပြီး ဇကာတင်ဆုတွေလည်းဝင်ခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ (ရှိတ်စပီးယားရဲ့ထုံးစံအတိုင်း စာသားတွေက အရမ်းရှုပ်ပြီး နားလည်ရခက်တာမို့ ကြိုးစားပြီး ဘာသာပြန်တင်ဆက်ပေးထားပေမဲ့ အဆင်မပြေမှုတစ်စုံတစ်ရာရှိခဲ့ပါက ဘာသာပြန်သူရဲ့ လိုအပ်ချက်သာဖြစ်တာမို့ သည်းခံပြီးနားလည်ပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်ရှင်) ဇာတ်လမ်းအကျဉ်းကတော့ ရောမမြို့ရဲ့ဗိုလ်ချုပ်ကြီး မားရှက်စ်က စစ်တိုက်ရာမှာ သူမတူအောင် ထူးချွန်ကာ ရဲစွမ်းသတ္တိနဲ့ ပြည့်စုံသူဖြစ်ပြီး ဗော့စ်ကီးစ်မြို့က သူ့ရဲ့ရန်သူတော်ကြီးဖြစ်တဲ့ အော်ဖီးဒီးယပ်စ်နဲ့လည်း ကြုံရင်ကြုံသလို နိုင်သူဦးစတမ်း တိုက်ခိုက်လေ့ရှိကြပါတယ်။ တစ်နေ့မှာတော့ ကိုရိုင်ရိုလိစ်မှာ နှစ်ဖက်စစ်တပ် တွေ့ဆုံတိုက်ခိုက်ကြရင်း ရန်သူတွေကို ရွပ်ရွပ်ချွံချွံတိုက်ခိုက်နိုင်ခဲ့လို့ မားရှက်စ်က”ကော်ရီယိုလေးနက်စ်”ဆိုတဲ့ ဘွဲ့ထူးကို ရရှိခဲ့ပြီး ကောင်စစ်ဝန်အဖြစ် လျာထားခံခဲ့ရပါတယ်။ ကောင်စစ်ဝန်အဖြစ် အဆုံးသတ်ရွေးကောက်ခံရဖို့ဆိုရင် ပြည်သူလူထုရဲ့ ထောက်ခံမှုလိုအပ်တာမို့ ထောက်ခံမှုရဖို့ ကြိုးစားခဲ့ရာမှာ နှုတ်ချိုလျှိုတစ်ပါးမဟုတ်ဘဲ မာနကြီးသလို ဘွင်းဘွင်းပြောတတ်တဲ့ မားရှက်စ်တစ်ယောက် ပြည်သူနဲ့ ထိပ်တိုက်တွေ့ရာကနေ ကြမ်းကျွံရင်နှုတ်လို့ရသေး စကားကျွံရင်နှုတ်လို့မရဆိုသလို ဖြစ်ခဲ့ရပြီး အပြောမတတ်တဲ့လူကြမ်းကြီး မားရှက်စ်ကို ပြည်သူလူထုက ဝိုင်းဝန်းကန့်ကွက်ကာ နယ်နှင်ဒဏ်ပေးဖို့ တောင်းဆိုကြပါတော့တယ်။ အသက်နဲ့ရင်းပြီး သူ့မြို့ကိုကာကွယ်ခဲ့ပေမဲ့ မမျှော်လင့်ထားတဲ့ရလာဒ်ကို ရရှိခဲ့တာမို့ ရောမကို အမုန်းကြီးမုန်းသွားတဲ့ မားရှက်စ်က သူ့ရဲ့ရန်သူတော် အော်ဖီးဒီးယပ်စ်ဆီသွားပြီး ခိုလှုံဖို့ကြိုးစားရင်းနဲ့ ရောမကိုလက်တုံ့ပြန်ဖို့ ကြိုးစားပါတော့တယ်။ သူနဲ့နှစ်ရှည်လများ ပြိုင်ဘက်ဖြစ်ခဲ့သူမို့ သူ့ရဲ့တောင်းဆိုမှုကို အော်ဖီးဒီးယပ်စ်တစ်ယောက် ယုံကြည်လက်ခံနိုင်ပါ့မလား.. သူကရော အော်ဖီးဒီးယပ်စ်နဲ့ပေါင်းပြီး သူ့ရည်ရွယ်ချက်အတိုင်း ရောမမြို့ကို သိမ်းပိုက်တိုက်ခိုက်နိုင်မှာလား.. ဒါမှမဟုတ် အော်ဖီးဒီးယပ်စ်နဲ့ ထိပ်တိုက်ရင်ဆိုင်ရပြီး အနိုင်အရှုံး အသက်လုဆုံးဖြတ်ရမလား (300 ဘုရင်နဲ့ ဗိုဒါမော့ဒ် ပြိုင် ဘယ်သူနိုင်မလဲ).. ဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ကတော့ Emily ပါ) File size…(1.9 GB)/(961 MB) Quality….Webrip 1080p / 720p Format…mp4 Duration….02:03:00 Genre…Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

History • Drama • Romance
6.1 2011
Coriolanus
Kandasamys: The Baby
6

Kandasamys The Baby (2023) “ကန်ဒါဆာမီတို့ရဲ့ အရှုပ်တော်ပုံ” CM ပရိသတ်ကြီးအတွက် Netflix မှာ အသစ်ထွက်ရှိထားတဲ့ ဟာသကားတစ်ကား တင်ပေးလိုက်ပါတယ် IMDb 6 လည်းရထားတာမို့ နောင်တမရစေရပါဘူးနော် ကန်ဒါဆာမီ franchise ဆိုပြီးအရှေ့မှာလည်း “Trippin’ with Kandasamys”, “Keeping up with Kandasamys” နဲ့ “Kandasamys : The Wedding” ဆိုပြီး ထွက်ထားတဲ့နောက်မှာ အခု ကလေးလေးတစ်ယောက် ထပ်ပါလာတဲ့ ဇာတ်ကားသစ်ပါ ပရီရှန်နဲ့ ဂျိုဒီတို့ ဇနီးမောင်နှံက ကိုယ်ဝန်လစေ့ခါနီးမို့ မာရီရှက်စ်ဆိုတဲ့ နေရာလေးမှာ အေးဆေး လာနေကြရင်း ကလေးမွေးတော့မှာကို သိတဲ့ နှစ်ဖက် ကန်ဒါဆာမီ မိသားစု ဘိုးဘိုးဘွားဘွား ဦးလေး ဒေါ်ဒေါ်တို့က အုပ်လိုက်လူစုပြီး ရောက်လာကြပါတယ် တစ်ဖွဲ့လုံးမှာ တစ်ဖက်နဲ့တစ်ဖက် အစေးမကပ်တာလေးတွေ ရှိပေမယ့် မွေးတော့မယ့် မြေးမလေး (သို့) မြေးထီးလေးကို တွေ့ချင်ဇော နဲ့ ရောက်ချလာတာဖြစ်ပါတယ် စိတ်မနှံ့ပဲ ဘုပြောပြောတဲ့ အဘွားကြီးတစ်ယောက်လည်း ပါပါသေးတယ် စိတ်မနှံ့ဆိုလို့ သူသုံးတဲ့ အင်္ဂလိပ်ဗန်းစကား အသုံးအနှုန်းကတော့ ရှိတ်စပီးယားတောင် ထိုင်ငိုသွားလောက်တယ်ဗျ အဲဒီကနေ အထည်ကြီးဂွကျကျ ကန်ဒါဆာမီ မိသားစု ဘယ်လိုတွေ ပြဿနာတွေ တက်ကြမလဲဆိုတာကို အားလပ်ချိန်လေး အပန်းပြေ ကြည့်ရှုခံစားပေးကြပါဦး အိန္ဒိယကားဆိုပေမယ့် ဒီကားက အသက် ၈၀ အရွယ် အဘွားကြီးကအစ အီးလိုပဲ slang တွေ အထိ ထိုင်မှုတ်နေတာကြောင့် အီးစကေး တက်ချင်တဲ့သူတွေလည်း ပညာယူစရာရှိကြောင်းပါ (ဤကား စကားချပ်) အညွှန်းနဲ့ ဘာသာပြန်ကတော့ BpL ~ V ~ KKKZ ~ ToMo ~ Dee တို့ပဲဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

6 2023 93 mins
Kandasamys: The Baby
The Ipcress File
7.2

The Ipcress File (1965) ~ IMDb – 7.2/10, Rotten Tomatoes – 97% ~ ဗြိတိသျှရုပ်ရှင်အစည်းအရုံးရဲ့ ၂၀ရာစုအတွင်း အကောင်းဆုံးဗြိတိသျှရုပ်ရှင် ၁၀၀ မှာ နံပါတ် ၅၉ ချိတ်ခဲ့တဲ့ ရုပ်ရှင်ပါ။ ဒီရုပ်ရှင်ကိုတော့ Len Deighton ရဲ့ ၁၉၆၂ ခုနှစ်ထုတ် The Ipcress File စာအုပ်အပေါ် အခြေခံရိုက်ကူးထားပါတယ်။ စာအုပ်အပေါ်အခြေခံကြတာက မထူးဆန်းပေမဲ့ ဒီစာအုပ်ကျတော့ စပိုင်ဝတ္ထုလောကကို အတော်ရိုက်ခတ်ခဲ့တဲ့စာအုပ်ဖြစ်နေတယ်။ သူ့ခေတ် သူ့အခါအရ စစ်အေးတိုက်ပွဲကာလဖြစ်တဲ့အတွက် စပိုင်ဇာတ်လမ်းတွေခေတ်စားခဲ့တယ်။ အဲဒီစာအုပ်တွေထဲကမှ ဒီစာအုပ်ဟာ လက်တွေ့ဘဝနဲ့ ဆက်နွယ်မှုရှိပြီး တကယ့် စပိုင်တွေက ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို ပီပီပြင်ပြင် ဖော်ပြခဲ့တာကြောင့် အတော်ကိုကျော်ကြားခဲ့တာမျိုး‌ပေါ့။ ဒီစာအုပ်က Len Deighton ကို ကမ္ဘာကျော်စာရေးဆရာတစ်ယောက်ဖြစ်စေခဲ့သလို ရုပ်ရှင်အနေနဲ့ ပြန်ရိုက်တဲ့အချိန်မှာလည်း Sir Michael Caine ကို ကမ္ဘာကျော်မင်းသားဖြစ်စေခဲ့တယ်။ Sequel အနေနဲ့ Funeral in Berlin (1966) နဲ့ Billion Dollar Brain (1967) တို့ထွက်ခဲ့တယ်။ ဇာတ်လမ်းကတော့ အေးအေး ကောင်းကောင်းကြီးပဲ။ မုန့်တစ်ခုကို စားနေတုန်း ဗိုက်ပြည့်အောင်သာစားနေပေမဲ့ ကုန်ခါနီးကျမှ ပိုပိုပြီး အရသာရှိလာနေသလိုပေါ့။ ဇာတ်လမ်းကတော့ စပိုင်ကားထုံးစံ သိပ္ပံပညာရှင်တယောက် ပြန်ပေးဆွဲခံလိုက်ရတာကနေ စတယ်။ အဲဒီအချိန်မှာ ထောက်လှမ်းရေးရဲ့ မှတ်တမ်းတွေအရ သိပ္ပံပညာရှင်တွေ အကြောင်းမဲ့ ပျောက်သွားတာ ဒီတယောက်နဲ့ဆိုရင် ၁၇ ယောက်ရှိနေပြီ။ ပြန်ရောက်လာကြတဲ့အခါမှာလည်း သိပ္ပံပညာအလုပ်တွေကိုဆက်မလုပ်ကြတော့ဘူး။ အဲဒီတော့ ဒီလို “ဦးနှောက်ခမ်းခြောက်မှု” ကိစ္စကို အဖြေရှာဖို့အတွက် သူလျှိုတန်ပြန်ရေးဌာနရဲ့ တာဝန်ဖြစ်လာတယ်။ အထူးသဖြင့် ပါလ်မာပေါ့။ ဒီထဲမှာ Michael Caine က ပါလ်မာ ဆိုတဲ့ ဇာတ်ကောင်နဲ့ လုံးဝတထပ်တည်းကျသွားတယ်။ ခွဲခြားမရနိုင်အောင်ကိုဖြစ်သွားတာ‌မျိုး။ ပါလ်မာဆိုတာက စပိုင်တယောက်ပဲ။ ဂျိမ်းစဘွန်းတို့ ဘာတို့လို “ရုပ်ရှင်ထဲမှာပဲရှိတာပါကွာ” လို့ ထင်ရတဲ့ စပိုင်အလန်းစားမျိုးမဟုတ်ဘူး။ သူက ကမ္ဘာစစ်ကာလတုန်းက မှောင်ခိုတွေလုပ်လို့ စစ်ထောင်လည်းကျခဲ့ဖူးတယ်။ ထောင်ကျရင်း ဗိုလ်မှူးကြီးရော့စ်က သူ့အရည်အချင်းကို သိတာကြောင့် အာမခံနဲ့ ထုတ်ပေးပြီး ထောက်လှမ်းရေးမှာ ခိုင်းနေတာပေါ့။ ဖွန်ကြောင်ရတာလည်း အတော်ဝါသနာထုံတယ်။ သူက ဂျိမ်းစဘွန်းလို အားတိုင်း ဖိုက်တင်တွေပလေးပြတဲ့ ဖိုက်တာလည်းမဟုတ်ဘူး။ ရှားလော့ဟုမ်းလို အမှုသီးသန့်လိုက်တဲ့ စုံထောက်လည်းမဟုတ်ဘူး။ သူက စပိုင်။ လက်တွေ့ဘဝက စပိုင်တွေနဲ့ အနီးစပ်ဆုံး ရိုက်ကူးထားတယ်။ အဲဒီလိုနဲ့ ဒီအမှုကို သူတို့လိုက်ကြတယ်။ လူကိုပါ တင်ရောင်းနိုင်တဲ့ မှောင်ခိုဈေးကွက်မျိုးရှိတဲ့လူက ငှက်ခါး ဆိုတဲ့ ဘဲကြီးပဲရှိတယ်။ အဲဒီတော့ သူ့ကို လိုက်ကြလေသတည်းပေါ့။ ဒါပေမဲ့ အမှုက ထင်သလောက်မရိုးရှင်းဘူး။ နောက်ကွယ်က သိပ္ပံစမ်းသပ်ချက်တွေ၊ သစ္စာဖောက်မှုတွေနဲ့ သပွတ်အူလိုရှုပ်နေတယ်။ အဲဒီအရာတွေထဲက Ipcress ဆိုတာကတော့ ဘယ်လိုအဓိပ္ပာယ်ရှိမလဲ… ဘာရည်ရွယ်ချက်နဲ့လုပ်ကြသလဲ… အဲဒီဇာတ်ရှုပ်ကြီးကို ဘယ်လို‌ဖြည်မလဲ… ကြည့်ရမှာပါ။ ဇာတ်လမ်းကလည်း ၂ နာရီနီးပါးဆိုတော့ အတော်ပေရှည်တဲ့ထဲပါပါတယ်။ ဒါပေမဲ့ ကြည့်ရကျိုးနပ်ပါလိမ့်မယ်။ ရုပ်ရှင်နဲ့ ပေရှည်နေပြီးတာတောင် အားမရလို့ ‌၂၀၂၂ တုန်းက စီးရီးအနေနဲ့ ထပ်ရိုက်ထားပါသေးတယ်။ အဲလ်ဖရက်ဒ်ကြီးရဲ့ ငယ်ဘဝကိုတွေ့ရမယ့်အပြင် စိတ်ဝင်စားဖို့လည်း အတော်ကောင်းတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 890MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 49Min Genre – Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

7.2 1965
The Ipcress File
Nightlife
5.7

Nightlife (2020) ============= နိုက်အောက်ဆိုတာနဲ့ ညဘက်ကြီးအပြင်ထွက်မယ် သောက်မယ် စားမယ် ပျော်မယ် ကကြမယ်။ နောက်တစ်နေ့မနက်ကို နေဖင်ထိုး အထိအိပ်ကြမယ်မလား ။ အဲ့ဒီလိုပျော်ဖို့ကောင်းဖို့ များသောအား ဖြင့် သောကြာ၊ စနေပိတ်ရက်တွေပဲ သောင်းကျန်းကြတာလေ။ ဒါပေမဲ့ ရန်ဇို နဲ့ မီကို သူငယ်ချင်းနှစ်ယောက်ကတော့ ညတိုင်းလိုလို နိုက်အောက်ကြတဲ့သူတွေပါ။ ပျော်လည်းနိုက်အောက် မပျော်လည်း နိုက်အောက်…အကြောင်းက သူတို့နှစ်ယောက်လုံးက ဘားဆရာတွေ ဖြစ်နေတာကိုး။ ဒါပေမဲ့ သာမာန်ရုံးသမားတွေရဲ့အလုပ်ချိန်နဲ့မတူတော့ အချစ်ရေးနဲ့လူမှုဆက်ဆံရေးမှာလည်း အဆင်မပြေဘူးပေါ့။ ဒါကိုအသိဝင်သွားတဲ့ မီကိုက ဘားဆရာလုပ်နေရတဲ့နိုက်အောက်ဘဝ ကြီးကနေ ပြောင်းလဲဖို့အတွက် ရန်ဇိုကိုစည်းရုံးပါတော့တယ်။ ခြူးတစ် ပြားမှမရှိတဲ့ ဘားဆရာကြီးနှစ်ယောက်ကနေ ဘဝကြီးပြောင်းဖို့အတွက် ပိုက်ဆံရှာဖို့လုပ်ရာကနေ ဘာလင်ရဲ့လူဆိုးဂိုဏ်းနှစ်ဂိုဏ်းကြားညှပ်ပါသွား တော့တယ်။ ဒီဇာတ်လမ်းမှာ သူငယ်ချင်းနှစ်ယောက် အလွဲတွေဘယ်လိုလုပ်မလဲ၊ ပြသာနာတွေဘယ်လိုရှာမလဲ၊ အချစ်ရေးတွေရော အဆင်ပြေသွားမလား ဆိုတာ ပေါ့ပေါ့ပါးပါးလေးကြည့်ရဦးမှာမို့ ဇာတ်လမ်းထဲမှာပဲ အဖြေရှာ လိုက်ကြပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size……….(2 GB) / (1 GB) Quality…………BLU-RAY 1080p / 720p Duration………1Hr 51Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Romance Translator…….Jo Jo Va Encoder……….SWM

5.7 2020 111 mins
Nightlife
Karen

Karen (2021) Genre – Crime, Drama, Thriller မာလစ်နဲ့ အီမာနီတို့ လင်မယားဟာ မြို့နဲ့သိပ်မဝေးတဲ့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုကို ဘဝသစ်တစ်ခု စတင်ဖို့ ပြောင်းရွှေ့လာကြတဲ့ လူမည်း လင်မယားစုံတွဲလေးပါ။ ဒါပေမဲ့ သူတို့ရောက်လာတာတော့ လူဖြူတွေ ရှိကြတဲ့ မှုခင်းအင်မတန် နည်းပါးတဲ့ ရပ်ကွက်လေးတစ်ခုပေါ့။ ဒီလိုနဲ့ စနေတဲ့အချိန် ဘေးချင်းကပ်ရပ်က ကလေးနှစ်ယောက်အမေ ရပ်ကွက်ဥက္ကဌလိုမျိုး ကယ်ရန်ဆိုတာနဲ့ စပြီး တွေ့ခဲ့ကြတယ်။ သူတို့ ပြောင်းလာပြီး ကယ်ရန်ဆိုတဲ့ အမျိုးသမီးက ကင်မရာတွေတပ်တယ် အမူအရာတွေလည်း စတင် ပြောင်းလဲလာတာပေါ့။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ကယ်ရန်ဆိုတဲ့ အမျိုးသမီးရဲ့ နောက်ကွယ်က စစ်မှန်တဲ့ ရည်မှန်းချက်တွေ သိလာရတဲ့အချိန်မှာ မာလစ်တို့ လင်မယား ဘယ်လိုတွေဆက်ဖြစ်ကြမလဲ….။ File size… 1.7 GB / 732 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 29m Genre ….. Crime/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

0 2021
Karen
Cypher

သာမန်ကျေးလက်ဘဝလေးကို စိတ်ကုန်နေတဲ့ မော်ဂန်ဆူလီဗန်ဆိုတဲ့ လူတစ်ယောက်က အန္တရာယ်သိပ်များတဲ့ ကော်ပိုရိတ်ထောက်လှမ်းရေးအလုပ်တစ်ခုကို လုပ်ဖို့ အကြောင်းဖန်လာတဲ့အခါ ဒီဂီခေါ့အတွက် ထောက်လှမ်းရေးစပိုင်လုပ်ရင်း ပြိုင်ဘက််အဖွဲ့အစည်းက ရီတာဖိုစတာဆိုတဲ့ ကောင်မလေးနဲ့ တွေ့သွားတဲ့အခါမှာ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ် မော်ဂန်ဆူလီဗန်အဖြစ် သရုပ်ဆောင်ထားတဲ့ ဂျရမီနော်သန်ဟာ Sitges ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးသရုပ်ဆောင်ဆုကို ဒီကားနဲ့ ရရှိထားပါတယ် ဒီကားဟာ မထင်မှတ်ထားတဲ့ ဇာတ်လမ်းမြုပ်ကွက်တွေကြောင့် ဝေဖန်မှုတွေ အများကြီးရထားတဲ့ ဇာတ်ကားတစ်ကားလဲ ဖြစ်တာမို့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ File size…(2 GB)/(915 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre… Thriller, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Su Mon

Crime • Comedy
0 2002
Cypher
Liar, Liar, Love is on Fire
5.8

ချစ်စရာကောင်းတဲ့ Influencerမလေးတစ်ယောက်ရဲ့ ပေါ့ပေါ့ပါးပါးဟာသအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ရှောင်လိနဲ့ဟောက်ကျားတို့ဟာ အများအမြင်မှာတော့အရမ်းကိုချစ်ကြတဲ့ အားကျရတဲ့ချစ်သူစုံတွဲဖြစ်ပြီးတော့ တကယ်တန်းမှာတော့ သူတို့ကဝင်ငွေရဖို့အတွက် ဟန်ဆောင်ပြီးVlogတွေရိုက်နေကြတာပဲဖြစ်ပါတယ်။ Followersတွေတဖြည်းဖြည်းနဲ့ကျလာတော့ သူတို့ရဲ့ဝင်ငွေထိခိုက်လာတော့ ရှောင်လိက အကြံကုန်ဂဠုန်ဆားချက် သူတို့ရဲ့မင်္ဂလာဆောင်ကို Liveလွှင့်မယ်ဆိုပြီးတော့ စီစဉ်လိုက်ပါတယ်။ ဒါပေမယ့် ဟောက်ကျားက ဘယ်လိုမှသဘောမတူပါဘူး။ ဟောက်ကျားသဘောတူလာအောင် အမျိုးမျိုးလှည့်ပြောရင်း ရှောင်လိကသစ္စာကျိန်ဆိုမိရာကနေပြီးတော့ လုံးဝလိမ်ပြောလို့မထွက်နိုင်တဲ့သူတစ်ယောက်ဖြစ်သွားပါတယ်။ ဘယ်လိုမှလက်မခံနိုင်တဲ့ဟောက်ကျားက ဇာတိမြို့လေးကိုပြန်သွားခဲ့တော့။ အရင်က Viewer တိုးဖို့အရေးဘာမဆိုလုပ်ပြီး အလိမ်အညာတွေကို လှည့်ပတ်ပြောတတ်တဲ့ ရှောင်လိတစ်ယောက် ဟောက်ကျားရဲ့ဇာတိကို လိုက်သွားပြီးတော့ လိမ်မပြောပဲ ဟောက်ကျားကလက်ထပ်ဖို့ သဘောတူအောင်ဘယ်လိုလုပ်မလဲဆိုတာကိုကြည့်ရမယ့် ဟာသကားလေးပဲဖြစ်ပါတယ်။

Drama • Comedy
5.8 2025
Liar, Liar, Love is on Fire