YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Trickster.2023.720p.mp4

1 GB 720p video/mp4 69 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Buddy Games: Spring Awakening
6.4

Buddy Games: Spring Awakening (2023) ဒီဇာတ်ကားကတော့ ၂၀၁၉ ခုနှစ်ကထွက်ရှိထားတဲ့ Buddy Games ဆိုတဲ့ ဇာတ်ကားလေးရဲ့ အဆက်ပဲဖြစ်ပါတယ်။ ဒီ ဇာတ်ကားထဲမှာဆိုရင်တော့ Supernatural ထဲက ဒင်းန်ဝင်ချက်စတာကြီး Jensen Ackles အပြင်ကို Once Upon A Time ရဲ့ စနိုးဝှိုက်မင်းသမီးနဲ့ မိုက်ကယ်ဘေးရဲ့ Transformers ဇာတ်ကား တွေထဲပါ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားကြီး ဂျော့ဒူဟာမယ်လည်းပါတဲ့အပြင် တခြားနာမည်ကြီး မင်းသား မင်းသမီးတွေ ရောကျော်ပါဝင်ထားလို့ ကြည့်လို့ကောင်းမှာကတော့ သေချာပါတယ်။ ပထမကားလိုပဲ ငယ်ပေါင်းချစ်သူငယ်ချင်း ခြောက်ယောက်ကို အခြေခံပြီးရိုက်ထားတဲ့ဟာသဇာတ်လမ်းလေးဖြစ်ပါတယ်။ ဇာတ်ဆောင်သူငယ်ချင်းခြောက်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ဒယ်ဖီသေသွားပြီးနောက်ပိုင်း ဒယ်ဖီ့ကို ဂုဏ်ပြုပေးဖို့အတွက် ဒယ်ဖီ့ရဲ့ ပြာအိုးကို ဘယ်နေရာသွားကြဲမလဲဆိုတာကို ဆုံးဖြတ်ရာကနေစတင်ခဲ့ပါတယ်။ နွေရာသီအားလပ်ရက်မှာ ကျန်နေခဲ့တဲ့ သူငယ်ချင်းတစ်သိုက်က ဒယ်ဖီ့ရဲ့ အသုဘအခမ်းအနားမှာ ဘယ်လိုသောင်းကျန်းခဲ့၊ ပြာအိုးကို နေရာချဖို့ကိစ္စကို ဆုံးဖြတ်ရင်းနဲ့ ဘယ်လို ထူးဆန်းတဲ့နေရာတွေ လူတွေနဲ့တွေ့ပြီး ဘယ်လိုစွန့်စားခန်းတွေနဲ့ ရင်ဆိုင်ခဲ့ရလဲဆိုတာကို သိရဖို့အတွက် ဒီဇာတ်ကားလေးထဲမှာ ဆက်ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.6GB, 750MB Quality - 1080p, 720p Format - mp4 Duration - 1H 31Min Genre - Comedy Subtitle - Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Horror • Mystery • Thriller
6.4 2023 95 mins
Buddy Games: Spring Awakening
Detective Dee and the Mystery of the Phantom Flame
6.6

Detective Dee and the Mystery of the Phantom Flame (2010) IMDb Rating (6.6) / Rotten Tomatoes (80%) စုံထောက် ဒီး ... တရုတ်ပြည် ဂန္ဓာလရာဇ်ရဲ့ ကျော်ကြားတဲ့ အမှုလိုက်၊ အကြံပေး သက်‌တော်ရှည် အမတ်ကြီး။ အမည်ရင်းက ဒီးလျန်ကျယ် ပါ။ တရုတ်အမည်ကို မြန်မာလိုဖလှယ်တာဖြစ်လို့ မူကွဲတွေ၊ ခြားနားချက်တွေရှိပါတယ်။ အဲဒါတွေထဲကမှ မြန်မာနား၊ မြန်မာပါးစပ်နဲ့ အာထိလျှာထိရှိလှတဲ့ ဒီး ကို ကျွန်တော်အကြိုက်ဆုံးပါပဲ။ မင်းမှုထမ်းမျိုးရိုးကနေဆင်းသက်ပြီး စာပေလေ့လာရေးအားကောင်းတဲ့၊ ဉာဏ်ပညာကြီးမားတဲ့ ယောက်ျားကောင်းတစ်ယောက်ပါ။ ခက်ခဲနက်နဲတဲ့အမှုတွေကို အမှုစစ်တစ်ယောက်အနေနဲ့ စုံစမ်းဖော်ထုတ်နိုင်သူ၊ တရားမမှုတွေကို မှန်ကန်စွာအဖြေထုတ် ဆုံးဖြတ်နိုင်တဲ့ တရားသူကြီး၊ ဘုရင်လုပ် အုပ်ချုပ်သူတွေအဆက်ဆက် အကြံပေးနိုင်တဲ့ သက်တော်ရှည်အမတ်၊ သမိုင်းမှာ ကျော်ကြားထိုက်သူပါပဲ။ တိုင်းပြည်အတွက် သူထမ်းခဲ့တဲ့အကျိုးကျေးဇူးတွေများလွန်းလို့ ဂန္ဓာလရာဇ်ရဲ့ ဂန္ဓဝင်အမတ်ကြီး ပေါင်ကျင်းထျန်း နဲ့ထပ်တူ ဂုဏ်ပြုရသူကြီးပါ။ ကိုယ်ကျိုးမဖက် အမှန်တရားသက်သက်အတွက်နဲ့ သက်ဦးဆံပိုင်ဧကရာဇ်ဘုရင်တွေကို အလိုမလိုက်၊ မှန်ရာကိုလျှောက်တင်ရဲ၊ လုပ်ရဲကြတဲ့နေရာမှာ ပန်းအတူဝင်ကြတဲ့ ပြိုင်မြင်းနှစ်ကောင်လိုပါပဲ။ တိမ်တောင်သဖွယ် မင်းရေးကျယ်တဲ့ ဇာတ်ရှုပ်လောက ထီးနန်းထက်က သပွတ်အူကိစ္စတွေမှာ ဒီး ရဲ့ လိမ္မာပါးနပ်မှု၊ မျက်စိတစ်ဆုံးကြည့်တတ်မှု၊ တိုင်းပြည်အရေးကို ရှေ့တန်းတင်တတ်မှုတွေကြောင့် တိုင်းပြည်သမိုင်း မရိုင်းခဲ့တာတွေရှိပါတယ်။ ဧကရာဇ်မင်းသုံးဆက်တိုင်တိုင် အမှုထမ်းခဲ့ပြီး တန်ဖိုးရှိလှတဲ့ သက်တော်ရှည်အမတ်ကြီးပေါ့။ ဧကရာဇ်မင်း ရွတ်ကျုံးလက်ထက်မှာ ဘုရင်မင်းမြတ်ကိုယ်တော်တိုင်က ဒီး ကို အဆင့်မြင့်လက်နက်တစ်ခုဖြစ်တဲ့ ကျိုင်းတစ်ခု နှင်းအပ်ခဲ့ပါတယ်။ ဒီး ရဲ့ ဝိသေသတစ်ခုဖြစ်လာခဲ့ပြီး နဂါးနိုင်ဓားလို့လည်း ခေါ်ကြပါသေးတယ်။ ဒါပေမဲ့ ဧကရာဇ် ရွတ်ကျုံး ကို အရာချပြီး တရုတ်သမိုင်းရဲ့ ပထမဆုံးနဲ့ နောက်ဆုံး အမျိုးသမီးဧကရာဇ်ဖြစ်လာမယ့် ဝူ နန်းတက်လာပါတယ်။ ဒီဇာတ်လမ်းဟာ အဲဒီအချိန်မှာ ဖြစ်ပျက်ခဲ့တာပါ။ ပလ္လင်ပေါ် မိန်းမရောက်နေတာ မကြိုက်တဲ့ ဆွေမျိုးတော်တွေ၊ မူးမတ်တွေ တထွေးကြီးကို သွေးချောင်းစီးသတ်ဖြတ်ခဲ့လို့ ဒီး က ဧကရာဇ် ဝူ ကို အာဏာဖီဆန် ပုန်ကန်ခဲ့ပါသေးတယ်။ ဒါက ဇာတ်လမ်းထဲမှာ ဖြစ်ပျက်တာကို ပြောတာပါ။ ပုန်ကန်သူအဖြစ် အရုဏ်တက် လည်ဖြတ်အပြစ်ဒဏ်ကို မခံရတာတော့ တွေးစရာရှိပါတယ်။ အကျဉ်းထောင်မှာ ၈ နှစ်ပဲ နေခဲ့ရပါသတဲ့။ စုံထောက် ဒီး နဲ့ ဆန်းကြယ် တစ္ဆေမီးတောက်အမှုဇာတ်ကားက ဧကရာဇ် ဝူ နန်းသိမ်းပွဲတက်ကာနီးအချိန်ကို အခြေတည်ထားပါတယ်။ ၂၀၁၀ ခုနှစ်ကထွက်ရှိခဲ့ပြီး Andy Lau က ဒီး အဖြစ်သရုပ်ဆောင်တဲ့ တစ်ကားတည်းသောဇာတ်ကားမလို့ လူသိများပြီး အကြိုက်တွေ့ကြတဲ့ရုပ်ရှင်ပါ။ မကြည့်ဖူးတဲ့သူ ရှားလိမ့်မယ်လို့ထင်ပါတယ်။ ဧကရာဇ် ဝူ ဟာ ပထမဆုံး အမျိုးသမီးဧကရာဇ်ဖြစ်လို့ ပြည်သူထောက်ခံမှုရအောင် နန်းတွင်းထဲက ကွမ်ရင်မယ်တော်ရုပ်တုတွေရဲ့မျက်နှာမှာ သူ့မျက်နှာပုံစံတူတွေ ထုလုပ်ခဲ့ပါတယ်။ နန်းတော်ထဲမှာလည်း ကြီးမားလှတဲ့ ကွမ်ရင်မယ်တော် မတ်တပ်ရုပ်ပွားတော်ကို သူနဲ့မျက်နှာတူ ထုလုပ်ပြီး သူဟာ ကွမ်ရင်မယ်တော်ဝင်စားသူအဖြစ် သတင်းဖြန့်ခဲ့ပါတယ်။ ရုပ်ပွားတော် တည်ထားနေတဲ့ကာလမှာပဲ ရုပ်ပွားတော်တည်ဆောက်ရေး စစ်ဆေးရေးမှူး အဆင့်လေး ရာထူးရှိ အရာရှိမင်းတစ်ယောက် နေရောင်အောက်မှာ အလိုလိုမီးထလောင်ပြီး သေသွားတဲ့အခန်းနဲ့ ဇာတ်လမ်းစပါတယ်။ လူတစ်ယောက်ကိုယ်တွင်းကနေ အစပျိုးလောင်မြိုက်သေရတဲ့အမှုဖြစ်လို့ ဖြေရှင်းနိုင်မယ့် အမှုစစ်တစ်ယောက် လိုလာပါပြီ။ ပုန်ကန်သူအဖြစ် အကျဉ်းကျနေတဲ့ စုံထောက် ဒီး ကို ဧကရာဇ် ဝူ မဖြစ်မနေပြန်ခေါ်ပြီး ရာထူးပြန်ပေးခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ နောက်ထပ် အဆင့်‌သုံး ရာထူးရှိ စစ်ဆေးရေးမှူးတစ်ယောက် အမှုဖော်ထုတ်နေဆဲ အရင်အရာရှိမင်းလို မီးလောင်သေရပြန်တာကြောင့်ပါ။ စုံထောက် ဒီး က စုံစမ်းရေးမှူးတာဝန်ယူပြီး များမကြာခင်မှာ အဆိပ်တစ်မျိုးမိလို့ အဲဒီအဆိပ်က နေရောင်အောက်မှာ မီးလောင်စေတယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဧကရာဇ် ဝူ နန်းတက်မယ့်အခမ်းအနားမတိုင်မီ ပြီးစီးအောင် တည်ဆောက်နေတဲ့ ကွမ်ရင်မယ်တော် ရုပ်ပွားတော်ကြီးရယ်၊ ဧကရာဇ် ဝူ နန်းတက်မှာကို အသည်းအသန် တားမြစ်လိုကြတဲ့ သဘောထားမညီသူတွေရယ်၊ ထီးနန်းကို သွေးချောင်းစီးပလ္လင်အထိ အရသိမ်းမယ့် ဧကရာဇ် ဝူ ရယ်၊ နက်နဲလှတဲ့အမှုကို အမှုမှန်ပေါ်အောင် အသက်အန္တရာယ်ကြားက စုံစမ်းရတဲ့ စုံထောက် ဒီး ရယ်တို့ရဲ့ အရှုပ်တော်ပုံကို အရသာရှိရှိ မြည်းစမ်းနိုင်တဲ့ဇာတ်ကားပါပဲ။ သမိုင်းအရတော့ ဒီး ဟာ ဧကရာဇ် ဝူ လက်ထက်မှာ စစ်တပ်အကြံပေးတပ်မှူးပါဖြစ်ခဲ့ပြီး ခီတန် တွေနဲ့တိုက်ပွဲမှာ အစွမ်းပြနိုင်ခဲ့ပါတယ်။ နောက်ဆုံး ဝူ လက်ထက်မှာ သေဆုံးတဲ့အထိ သက်တော်ရှည်အမတ်ကြီးအဖြစ် တာဝန်ထမ်းသွားပါတယ်တဲ့။ ဒီး ဇာတ်ကားတွေ အရေအတွက်တစ်ခုထိရှိပေမဲ့ Andy Lau သရုပ်ဆောင်တဲ့ဒီဇာတ်ကားက လူကြိုက်အများဆုံးပါ။ စုံထောက်ဒီးရဲ့ ငယ်ဘဝအကြောင်းရိုက်ကူးထားတဲ့ မင်းသား Mark Chao  ဒီးအဖြစ် သရုပ်ဆောင်ထားတဲ့ Young Detective Dee: Rise of the Sea Dragon (2013) နဲ့ Detective Dee: The Four Heavenly Kings (2018) ဇာတ်ကားများကိုလည်း ဆက်လက်ကြည့်ရှုလို့ရပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်တင်ဆက်ထားသူကတော့ Arr Khun Winchester ဖြစ်ပါတယ်။) File size…(3.1 GB)/(1.2 GB) Quality….BluRay 1080p HEVC/ 720p Format…mkv/mp4 Duration….02:03:40 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Arr Khun Winchester

Action • Thriller
6.6 2010 123 mins
Detective Dee and the Mystery of the Phantom Flame
The Last Stand
6

The Last Stand (2013) ================ အားလုံးရဲ့အချစ်တော် အက်ရှင်မင်းသားကြီး အာနိုးရဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ကိုးရီးယားဒါရိုက်တာ Kim Jee Woon က သူ့ရဲ့ပထမဆုံး အမေရိကန်ရုပ်ရှင်ပွဲဦးထွက်အနေနဲ့ ရိုက်ကူးခဲ့တာပါ။ ပြီးတော့ မင်းသားကြီးအာနိုးကလည်း Terminator3 ဇာတ်ကားပြီး နောက်ပိုင်း ပထမဆုံးအဓိကဇာတ်ဆောင်နေရာက ပြန်လည်ပါ၀င်လာတာဖြစ်ပါတယ်။ အာနိုးဟာ တစ်ချိန်က အယ်လ်အေပီဒီရဲ့ မူးယစ်ရဲတပ်ဖွဲ့မှာ ပါ၀င်ခဲ့သူဖြစ်ပြီး ၅နှစ်ကြာပြီးတဲ့နောက်မှာတော့ ဆွန်မာတန်ဆိုတဲ့ နယ်စပ်မြို့လေးရဲ့ နယ်ထိန်းအဖြစ် အေးအေးချမ်းချမ်းဖြတ်သန်းနေတာဖြစ်ပါတယ်။ ဒါပေမယ့် ဒုစရိုက်သမားကြီး ဂါဘရီယယ်ကောတက်စ်က အက်ဖ်ဘီအိုင်လက်ထဲကနေ ထွက်ပြေးလာခဲ့ပြီး သူ့ရဲ့အဖွဲ့သားတွေနဲ့အတူ ဆွန်မာတန်ဆီလာနေတာ သိလိုက်ရပါတယ်။ ဒီလိုနဲ့ အာနိုးလည်း အေးချမ်းနေလို့မရတော့ဘဲ ဒုစရိုက်သမားကြီးကောတက်စ်ကိုတားဆီးနိုင်ဖို့ ကြိုးစားရပါတော့တယ်။ လက်နက်အပြည့်အစုံနဲ့ လူအင်အားများတဲ့ ကောတက်စ်တို့အဖွဲ့ကို နယ်ထိန်းရဲလူနည်းစုလေးက ဘယ်လိုတွေတားဆီးသွားမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်တာကြောင့် အက်ရှင်ကားချစ်သူတွေကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…  1.8 GB /  925 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 50m Genre .....  Action , Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jaka

Comedy • Romance
6 2013 107 mins
The Last Stand
(18+) Paupahan
3

နီကိုဆိုတဲ့လူငယ်လေးဟာ မြို့တော်ကြီးမှာ မော်ဒယ်တစ်ယောက်ဖြစ်ဖို့ကြိုးစားရင်း အိပ်မက်တွေနဲ့အလှမ်းဝေးနေဆဲဖြစ်ပါတယ်။ အဝေးရောက်ချစ်သူရဲ့ကူညီထောက်ပံ့မှုနဲ့အဓိကနေထိုင်နေရပြီး ဘော်ဒါဆောင်တစ်ခုမှာ အခန်းငှားခဲ့မိပါတယ်။ အဆောင်ပိုင်ရှင်က ငယ်ရွယ်လှပတဲ့ အန်နလင်းဆိုတဲ့ မိန်းမငယ်လေးဖြစ်ပြီး ထူးခြားနက်နဲတဲ့အသိရခက်တဲ့ စရိုက်မျိုးပိုင်ရှင်တစ်ယောက်ပါ။ ဒါပေမဲ့လည်း အန်နလင်းဟာ သူ့ကိုအထူးအရေးပေးသလို ရေလာမြောင်းပေးလဲလုပ်ပါတယ်။ နဂိုကတည်းက တွေ့ရာဆွဲစားတတ်တဲ့ ပွေပွေရှုပ်ရှုပ်နီကိုတစ်ယောက်ဟာ အန်နလင်းကို မျှော်လင့်ချက်တွေပေးမိခြင်းအားဖြင့် အမှားကြီးတစ်ခုကို မထင်မှတ်ပဲကျူးလွန်မိပါတော့တယ်။ အဲ့ဒီလိုအခြေအနေမျိုးမှာမှတိုင်းတစ်ပါးက သူ့ချစ်သူ ကတ်သရင်း ပြန်ရောက်လာတဲ့အခါမှာတော့... အန်နလင်းအဖြစ် Lovely Ladies Dormitory စီးရီးထဲမှာ ပျော်ပျော်နေတတ်တဲ့ ချစ်စရာမိန်းမငယ်လေး အယ်လ်မာဇာတ်ရုပ်နဲ့ လူသိများခဲ့တဲ့ Tiffany Grey ကပွဲဦးထွက်ခေါင်းဆောင်ပါဝင်ထားပြီး အားလုံးရင်းနှီးပြီးသား မမ Rob Guinto နဲ့တကွ မင်းသမီးငယ်လေးတွေ အများကြီးဇာတ်ပို့ထားပေးပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.75GB, 770MB Quality - 1080p, 720p IMDb Rating - 6/10 Format - mp4 Duration - 1H 32Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Comedy • Drama • Romance
3 2023 92 mins
(18+) Paupahan
Romancham
8

IMDb 8.1 ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့သရဲခေါ်ဘုတ်ပြားကတစ်ဆင့် ဝိညာဥ်ဆင့်ခေါ်ခဲ့မိတဲ့သူငယ်ချင်း၇ယောက်... ငယ်စဉ်ကလေးဘဝကတုန်းက သရဲခေါ်နည်းပေါင်းစုံကစားဖူးကြမှာပါ ဘောပင်နဲ့ခေါ်တာ ဘုတ်ပြားပေါ် ဖယောင်းတိုင်တို့၊ဖန်ခွက်တို့နဲ့ခေါ်တာမျိုးတို့ပေါ့ ဒီဇာတ်ကားထဲမှာလည်း စစချင်းမှာ ကိုမာကြောင့်ဆေးရုံမှာလှဲနေရတဲ့ ဂျီဘင်ဆိုသူရှိပါတယ် သူဘာကြောင့်ဒီလိုဖြစ်ခဲ့ရလဲမမှတ်မိဘူးပေါ့ နောက်ကြောင်းပြန်ရရင်တော့ သရဲခေါ်ဘုတ်ပြားကနေစမှာပါ တစ်အိမ်တည်းမှာအတူစုနေကြတဲ့သူငယ်ချင်း၇ယောက်ရှိပါတယ် ငှားရမ်းခကို အတူတူစုခံပြီး ညနေဘက်တိုင်း ဘော်လီဘောကစားကြတဲ့ပျော်ပျော်နေတတ်တဲ့သူငယ်ချင်းတစ်သိုက် ... သူတို့ထဲကတစ်ယောက်က ကစားနည်းပျင်းလာလို့ဆိုပြီး သရဲခေါ်ကစားနည်းဆော့ခဲ့ရာမှ ကမောက်ကမဖြစ်ကြရမဲ့သူတို့ဘဝတွေ... ဇာတ်လမ်းကြည့်ရင်းနဲ့ကိုဖြစ်ရပ်မှန်ဆိုတဲ့အသိကြောင့်အသည်းတစ်ယားယားဖြစ်နေမှာပါပဲရှင် File size…2.21GB / 889MB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Khin Khin ~BpL~ Yunni

Comedy • Mystery
8 2023 132 mins
Romancham
Raze
5.2

Saw နဲ့ခပ်ဆင်ဆင်ဖြစ်တဲ့ ဒီဇာတ်ကားမှာတော့ မိန်းကလေးတွေကိုပဲ မြေအောက်အချုပ်ခန်းထဲဖမ်းထားပြီး အချင်းချင်း လက်ဗလာနဲ့မသေမချင်း ချခိုင်းတယ်။ အကြောင်းကတော့ အဲ့လိုသတ်ပွဲမျိုးကိုမှကြိုက်တဲ့ လူချမ်းသာ တွေကြောင့် အဖွဲ့အစည်းထောင်ပြီး အဲ့လိုသတ်ပွဲတွေကိုစီစဉ်ပေးတာကြောင့်ပါ။ တစ်ယောက်နဲ့တစ်ယောက်တောင်မသိကြပဲ အပြန်အလှန်သတ်ကြတာကို သွေးသံရဲရဲပါတဲ့ အခန်းတွေနဲ့ကြည့်ရမှာမို့ action ကြိုက်တဲ့သူတွေအတွက်တော့ ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားပါပဲ။ (ဘာသာပြန်နဲ့အညွှန်းကတော့ Kasashi ဖြစ်ပါတယ် ) File size…1.31GB / 538MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 32m Genre ..... Action , Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kasashi

Action • Crime • Thriller
5.2 2013 92 mins
Raze

IMDb - 8.5/10 ကျွန်တော်တို့ရဲ့လက်ရှိဘဝမှာ ပျော်စရာတွေဝမ်းနည်းစရာတွေနဲ့လူတိုင်းကြုံကြရပါတယ်... ပျော်စရာတွေရှိရင်ပျော်လိုက်ကြပြီး ဝမ်းနည်းစရာတွေ​ကြုံလာရင်ရော ပျော်ရွှင်မှုလိုမျိုးလက်ခံ​​ပေးနိုင်ကြဦးမှာလား စိတ်ဓာတ်တွေကျဆင်းသွားကြမလား... ကိုယ်ရတဲ့ဘဝတစ်ခုမှာ ပတ်ဝန်းကျင်အသိုင်းအဝိုင်းတစ်ခုကြောင့် ကိုယ်မပျော်နိုင်ဘူးဆိုရင်တောင် ကိုယ့်ရဲ့ဖြစ်တည်မှုကို လက်လျော့ပြီးပြောင်းလဲမယ့်အစား ရင်ဆိုင်အနိုင်ယူလိုက်တာအကောင်းဆုံးပါပဲ ဟုတ်ကဲ့...ဒီဇာတ်ကားလေးကတော့ မျှော်လင့်ချက်တွေပျောက်ဆုံးပြီးဘဝကိုရေစုန်မျှောနေတဲ့အန်တိုနီဆိုတဲ့ကောင်လေးတစ်ယောက်နဲ့.... မိန်းကလေးဖြစ်နေရတဲ့သူ့ဘဝကို မကျေမနပ်ဖြစ်နေရတဲ့ ယောကျ်ားလျာမလေး ဆာရာတို့အကြောင်းပေါ့... တစ်နေ့သူတို့နှစ်​ယောက်ခရီးတစ်ခုမှာဆုံမိကြပြီး ခင်မင်ရင်းနီးခဲ့ကြပါတယ်.. ဒီလိုနဲ့တစ်ယောက်အကြောင်းတစ်ယောက်နားလည်လာကြပြီး ယောက်ျားလေးအဖြစ်ခွဲစိတ်ပြောင်းလဲချင်နေတဲ့ဆာရာကို အန်တိုနီကဘယ်လိုတွေကူညီပေးမှာလဲ... ဘာကြောင့်များဆာရာကရော ခွဲစိတ်ပြောင်းလဲချင်ရတာလဲ... ဆိုတာကို သူတို့နှစ်ယောက်က ဇာတ်ကားအဆုံးထိတွဲဖက်ခေါ်ဆောင်သွားပေးမှာမို့ ငြိမ့်ငြိမ့်လေးနဲ့ အေးအေးလူလူ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်နော်... File size…1080p True Web Dl  / 720p Quality…2GB / 1GB Format…mp4 Duration….1h 48m Subtitle….Myanmar Subtilte (Hard Sub) Encoder….YK Translated by Taylor & Thet Ko

Action • Comedy • Romance
null 2022
Mike
Snake Eyes
6.1

အံစာတုံး နှစ်တုံးကစားရတဲ့ဂိမ်းတွေမှာ ဂဏန်းအနည်းဆုံး ဖြစ်တဲ့ တစ် နှစ်ကြိမ်ကျရင်တော့ မြွေမျက်လုံးနှစ်လုံးနဲ့ဆုံရသလိုပဲ ကံအဆိုးဆုံးဖြစ်လို့ Snake Eyes ဆိုပြီး တင်စားခေါ်ကြပါသတဲ့။ ဒီဇာတ်ကားမှာ တော့ မင်းသားကြီး Nicolas Cageက အကျင့်ပျက်ချစား၊ငွေညစ်၊ဖောက်ပြန် အကုန်လုပ်တဲ့ ကံဆိုးသူ ရဲသား ရစ်ချက် ဆန်တိုရိုအဖြစ်သရုပ်ဆောင်ထားပါတယ်။ ဖြစ်စဉ်က ရစ်ဟာသူလုပ်နေကျအတိုင်း လောင်းကစားလုပ်ဖို့၊ ရာထူးတောင်းဖို့ သူငယ်ချင်းဖြစ်သူရဲ့အကြီးအကဲဆီမျက်နှာလို မျက်နှာရလုပ်မယ်ဆိုပြီး ဟဲဗီးဝိတ်ချန်ပီယံပွဲကို သွားတာက စတာပါပဲ။ ဖြစ်ချင်တော့ သူ လောင်းတဲ့ဘက်ကလည်း အနိုင်သေချာပါရက်နဲ့ ရှုံး၊ အပူအကပ်မယ့် အကြီးအကဲကလည်း ပွဲခင်းထဲမှာပဲလုပ်ကြံခံလိုက်ရပါတယ်။ အဲ့ဒီနောက်မှာတော့ ................... အံစာတုံး နှစ်တုံးကစားရတဲ့ဂိမ်းတွေမှာ ဂဏန်းအနည်းဆုံး ဖြစ်တဲ့ တစ် နှစ်ကြိမ်ကျရင်တော့ မြွေမျက်လုံးနှစ်လုံးနဲ့ဆုံရသလိုပဲ ကံအဆိုးဆုံးဖြစ်လို့ Snake Eyes ဆိုပြီး တင်စားခေါ်ကြပါသတဲ့။ ဒီဇာတ်ကားမှာ တော့ မင်းသားကြီး Nicolas Cageက အကျင့်ပျက်ချစား၊ငွေညစ်၊ဖောက်ပြန် အကုန်လုပ်တဲ့ ကံဆိုးသူ ရဲသား ရစ်ချက် ဆန်တိုရိုအဖြစ်သရုပ်ဆောင်ထားပါတယ်။ ဖြစ်စဉ်က ရစ်ဟာသူလုပ်နေကျအတိုင်း လောင်းကစားလုပ်ဖို့၊ ရာထူးတောင်းဖို့ သူငယ်ချင်းဖြစ်သူရဲ့အကြီးအကဲဆီမျက်နှာလို မျက်နှာရလုပ်မယ်ဆိုပြီး ဟဲဗီးဝိတ်ချန်ပီယံပွဲကို သွားတာက စတာပါပဲ။ ဖြစ်ချင်တော့ သူ လောင်းတဲ့ဘက်ကလည်း အနိုင်သေချာပါရက်နဲ့ ရှုံး၊ အပူအကပ်မယ့် အကြီးအကဲကလည်း ပွဲခင်းထဲမှာပဲလုပ်ကြံခံလိုက်ရပါတယ်။ အဲ့ဒီနောက်မှာတော့ ................... File Size : (2.3GB)(838 MB) and (284MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:38:00 Genre : Crime, Mystery , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae File Size : (2.3GB)(838 MB) and (284MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:38:00 Genre : Crime, Mystery , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

Drama
6.1 1998 98 mins
Snake Eyes
Beautiful Pain
7

Beautiful Pain (2016) မိဘရယ်လို့ ဖြစ်လာပြီဆိုရင် သားသမီးတွေကို အဖိုးတန်တဲ့ ပြီးပြည့်စုံတဲ့လူအဖြစ်ပဲ မွေးဖွားလာစေချင်ကြမှာပါ။ ဒါပေမဲ့ ကံတရားကတော့ လူတိုင်းကို ကိုယ်ထင်မှတ်သလို မျက်နှာသာပေးတတ်သူတော့ မဟုတ်ပါဘူး။ ရာဇ်လန်ဟာ ဇနီးဖြစ်သူအလီနာ သားဖြစ်သူဒန်နီရယ်နဲ့အတူ အေးချမ်းတဲ့မိသားစုငယ်လေးတစ်ခုကို ပိုင်ဆိုင်ထားသူပါ။ ဒါပေမဲ့ သားဖြစ်သူဒန်နီရယ်ရဲ့ တစ်နေ့တခြား ပုံမှန်မဟုတ်တဲ့အပြုအမူတွေကြောင့် ရာဇ်လန်ရော အလီနာပါ ရင်ပူနေရပါပြီ။ ရာဇ်လန်ကတော့ ယောက်ျားသားပီပီ အဖြစ်အပျက်တွေကို မသိကျိုးကျွန်လုပ်နေပေမဲ့ အလီနာကတော့ သားဖြစ်သူရဲ့အခြေအနေကို ရိပ်စားမိပြီး ရတက်မအေးဖြစ်နေတာပေါ့။ အလီနာတစ်ယောက် ခင်ပွန်းဖြစ်သူမသိအောင် ကွာလာလမ်ပူမှာရှိတဲ့ ညီမဖြစ်သူရဲ့အကူအညီနဲ့ ကလေးအထူးကုနဲ့ပြကြည့်တဲ့အခါမှာ ဒန်နီရယ်တစ်ယောက် အော်တစ်ဇင်ဖြစ်နေကြောင်း သိသွားရတဲ့အခါမှာတော့… သားဖြစ်သူကို မျှော်မှန်းချက်ကြီးမားခဲ့တဲ့အဖေပီပီ ရာဇ်လန်တစ်ယောက် ဒန်နီရယ်ရဲ့အခြေအနေကို အကြောက်အကန် ငြင်းဆန်နေရရင်းနဲ့ ရုတ်တရက် အလီနာဆုံးသွားတဲ့အခါ သူတို့ဘယ်လိုရှေ့ဆက်ကြမလဲ။ ဘယ်အရာကရော ရာဇ်လန်ကို အခြေအနေတွေကို လက်ခံသွားစေတာလဲ။ မသန်စွမ်းဖြစ်နေတဲ့သားဖြစ်သူရဲ့ အနာဂတ်ခရီးမှာ အဆင်ပြေစေဖို့ ဖခင်တစ်ယောက်အနေနဲ့ သူဘယ်လိုကြိုးစားသွားမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတာဖြစ်တဲ့အတွက် ကြည့်ရှုသူတွေအတွက် လက်တွေ့ဘဝနဲ့ဆက်စပ်တဲ့ အတွေးအမြင်တစ်ခုရသွားစေမှာ အသေအချာပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre….. Drama, Family Quality…. 1080p | 720p | 480p File size… 1.25gB | 660MB | 326MB Format… mp4 Duration…. 1h 54min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. August

7 2016
Beautiful Pain
96
8.9

96 (2018) ” ငါတို့ ဘယ်ရထားမှာ လွဲခဲ့သလဲ တစ်ခါလွဲရင် နှစ်ပေါင်းဘယ်လောက် ကြာတတ်လဲ ။ ခင်ခင်ပျိုရေ ….. ငါ စောင့်ခဲ့တယ် ။ ။ #အောင်ချိမ့် အချစ်ဆိုတာလည်း အချိန်ကို စောင့်တတ်တာမျိုး မဟုတ်ပါဘူး။ ဖူးစာဆိုတာဟာလည်း ဦးရာလူပါပဲ။ လွဲရမဲ့ ကံကြမ္မာတွေဟာ လွဲကို လွဲကြရတာပါပဲ။ မဆုံဆည်းဖြစ်ခဲ့တဲ့ ကံကြမ္မာက တစ်ပတ်လည်လို့ မဖြစ်မနေ ပြန်လည် ဆုံဆည်းရမယ် ဆိုပါစို့။ အဲဒီအချိန်တွေကို တန်ဖိုးရှိအောင် အသုံးချရမှာပေါ့။ ဖြူစင်လွန်းတဲ့အချစ်တွေက ပိုင်ရှင်အတွက် တန်ဖိုး ရှိပေမဲ့ လက်ခံသူထားတဲ့တန်ဖိုးပေါ် မူတည်ပြီး တန်ဖိုးတွေက ပြောင်းလဲလို့ နေပါတယ်။ အထက်တန်းကျောင်းသားဘဝကတည်းက အခြေတည်ခဲ့တဲ့အချစ်တစ်ခုဟာ အကြောင်းအမျိုးမျိုးကြောင့် အလွဲလွဲ အချော်ချော်တွေ ဖြစ်ခဲ့ရပြီး ကံကြမ္မာ မျက်နှာသာမပေးလို့ အနီးဆုံးမှာ ရှိနေပေမဲ့ အဝေးကြီး ဝေးခဲ့ရတဲ့အဖြစ်တွေ …. “ငါတို့တွေ ပြန်တွေ့ရတဲ့အချိန် ငါ့မှာလည်း အကြွေးတွေနဲ့ နင့်မှာလည်း ကလေးတွေနဲ့” ဆိုတဲ့ စကားဟာ ကြားရရင် ဟာသစွက်သလို ဆိုပေမဲ့ ခံလိုက်ရတဲ့ကောင်ကတော့ ရင်အနင့်ကြီး နင့်ရသပေါ့။ အချစ်ဦးကို အိမ်ထောင်သည်အဖြစ် ပြန်တွေ့ရတဲ့အခိုက်အတန့် တစ်ညလုံး မအိပ်ဘဲ ကိုယ် မျိုသိပ်ခဲ့ရတဲ့ အချစ်တွေကို ရင်ဖွင့်ခွင့် ရခဲ့တဲ့လူတစ်ယောက်ရဲ့ အရိုးသားဆုံး အဖြူစင်ဆုံး ဝန်ခံချက်တွေကြောင့် ဒီဇာတ်ကားကို ကြည့်တဲ့ သူတွေလည်း နင့်နေ‌အောင် ခံစားကြရမှာပါပဲ။ ၉၆ ဆိုတဲ့ ၁၉၉၆ ခုနှစ်က အထက်တန်းကျောင်းသားလေး နဲ့ ကျောင်းသူလေးရဲ့ နှစ် ၃၀ ကြာမှ ဖြေရှင်းခွင့် မရခဲ့တဲ့ အကြောင်းတွေကို ဖြေရှင်းခွင့် ရခဲ့တဲ့အခါမှာ အရာရာဟာ နောက်ကျသွားခဲ့ပြီ ဆိုပေမဲ့ မပြောဖြစ်ခဲ့တဲ့ စကားတွေကို ပြောခွင့်ရတဲ့ တစ်ညတာက အင်မတန် တန်ဖိုးရှိလှပါတယ်။ တစ်ညလုံးလုံး မအိပ်ဘဲ စကားပြောဖြစ်လောက်အောင်အထိ အတူတူ ရှိနေချိန်တွေက တန်ဖိုး ရှိနေခဲ့တဲ့ ဇာတ်လမ်းလေး။ အချစ်ဦး နဲ့ လွဲခဲ့တဲ့လူတွေ ဒီဇာတ်လမ်းကို ကြည့်ပြီး မငိုရဘူးဆိုရင် ကြိုက်သလို ပြောပါ။ အင်္ဂလိပ်မှာ 500 Days of Summer ကိုရီးယားမှာ On your wedding day တရုတ်မှာ My Love ထိုင်းမှာ One Day ဆိုရင် …. ဒီတောင်ပိုင်းကား 96 ကလည်း အဲဒီအနွယ်ဝင်ပဲ ဖြစ်ပါလိမ့်မယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ August ပဲ ဖြစ်ပါတယ်။ Genre….. Romance, Drama Quality…. 1080p | 720p File size… 2.13GB | 1GB Format… mp4 Duration…. 2h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ….. August Encoder ….. Aaron

Comedy • Mystery
8.9 2018 159 mins
96
Minxiong Haunted House
5.5

Minxiong Haunted House (2023) ================= He Sheng Xin ဆိုတဲ့ အမျိုးသမီးတစ်ယောက် သူ့သမီးပျောက်လို့လိုက်ရှာရာကနေ He မိသားစုရဲ့ လျှို့ဝှက်ချက်တွေနဲ့ ဆန်းကြယ်မှုတွေကို တွေ့ကြုံရပါတော့တယ်။ အတိတ်က သေဆုံးသွားခဲ့တဲ့ သူ့အစ်မရဲ့ဝိဉာဥ်က သူ့ဆီကိုပြန်ရောက်လာပြီး ခြောက်လှန့်တဲ့အခါမှာတော့ Sheng Xin ဘယ်လိုကြိုးစားပြီး သူ့သမီးကိုကယ်တင်မလဲ၊ ဘယ်လိုလှည့်ကွက်တွေနဲ့ အမှန်တရားက သူထင်ထားသလိုရောဟုတ်ပါ့မလားဆိုတာကို ကျောချမ်းစွာကြည့်ရှုရမယ့် Taiwanese Horror ကားကောင်း တစ်ပုဒ်ပဲဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ ) File size_(1.3GB)/(600MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:16:00 Genre_Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thwal Htoo Zin

5.5 2023 79 mins
Minxiong Haunted House
Ancika
6.9

Ancika: Dia yang Bersamaku 1995 ( 2024 ) ဒီအင်ဒိုနီးရှားအချစ်ကားက ၁၉၉၅မှာ ဆန္ဒပြပွဲတွေဖြစ်တဲ့အချိန်မှာ ဇာတ်အိမ်တည်ထားတယ်။ အထက်တန်းကျောင်းသူလေးနဲ့ တက္ကသိုလ်ကျောင်းသား ငပေငရေကောင်လေးနဲ့ရဲ့ အချစ်ဇာတ်လမ်းကို ခေတ်ဟောင်းစတိုင်လေးနဲ့ ဆွတ်ပျံ့ကြည်နူးဖွယ်ကြည့်ရမယ့် ရုပ်ရှင်ဆိုလည်း မမှားဘူး။ ဘတ်ဆဲလ်လားစာအုပ်ကို ပြန်ရိုက်ထားတယ်။ ကောင်လေးက မော်တော်ဆိုင်ကယ်ဂိုဏ်းခေါ် လမ်းသရဲဂိုဏ်းက အဖွဲ့ဟောင်း။ ကောင်မလေးက စာကြမ်းပိုးမလေး။ ကောင်မလေးအစ်ကိုနဲ့ ကောင်လေးက ရင်းနှီးတော့ ကောင်မလေးအိမ်ကို လာရာကနေ ကောင်လေးက ကောင်မလေးကို ကြိုက်သွားတယ်။ ကောင်လေးက ဆိုးတဲ့မိုက်တဲ့နေရာမှာ နာမည်ကျော်သလို ရုပ်ချောချမ်းသာတော့ တစ်မြို့လုံးက ကောင်မလေးတွေကြား နာမည်ကြီးတာမို့ သူ့ရည်းစားဟောင်းကို သူမမေ့သေးတဲ့အကြောင်း တစ်မြို့လုံးကသိတယ်။ ကောင်မလေးကလည်း သိတယ်။ ဒီတော့ လိမ္မာတဲ့ကောင်မလေးက ဆိုးတဲ့ကောင်လေးကို ပြန်မကြိုက်ဘူး။ သူ့ကိုရန်စလာတဲ့ကောင်လေးတွေကိုပါ ကောင်လေးက တီးတီးပစ်တော့ မိုက်တဲ့ကောင်လေးကို လိမ္မာတဲ့ကောင်မလေးက နားလည်မှုထပ်လွဲပြီး ပြန်မကြိုက်ဘူး။ ပြန်မကြိုက်ဘူးတွေထပ်နေပေမဲ့ ဣတ္ထိဝင်္ကံ နဒီဝင်္ကံဆိုတဲ့အတိုင်း အသိရခက်တဲ့ မိန်းမတို့သဘောအတိုင်း မကြိုက်ဘူးက ကြိုက်တယ်ဖြစ်နေတာကို ကြည်ကြည်နူးနူးလေး ကြည့်ရမယ့်ရုပ်ရှင်ပါပဲ။ အိုဗာတွေလည်းမပါသလို ဇာတ်ကလည်း ဘတ်ဆဲလ်လားဝတ္တုဆိုတော့ ကြည့်ကောင်းရှု့ကောင်းတဲ့ ဇာတ်လမ်းလေးပါပဲ။ မင်းသားတော့ မပြောတတ်ပေမဲ့ မင်းသမီးလေးကတော့ ချစ်စရာလေးမို့ မင်းသမီးငန်းရင်းသက်သက်ကြည့်တောင် ကြည့်ကောင်းနေတဲ့ကားပါပဲ။ ဒါပေမဲ့ ဇာတ်က ရိုမန့်တစ်ကားတစ်ကား ရှိသင့်တဲ့အချိုးအကွေ့တွေ အကုန်ရှိပြီးကြည့်ကောင်းနေတော့ ရိုမန့်တစ်ကားကြိုက်တဲ့လူတွေတော့ သဘောကျကြပါလိမ့်မယ်။ အရမ်းအဆန်းကြီးတော့မဟုတ်ပေမဲ့ ကျွန်တော်တို့ ဟိုးအရင်တုန်းက ကြိုက်ခဲ့ဖူးလောက်မယ့် ရိုမန့်တစ်ရုပ်ရှင်တွေရဲ့ ပါဝင်ပစ္စည်းတွေ တော်တော်စုံတာမို့ သူများအတွဲရိုတာကို ထိုင်ကြည့်လို့ကောင်းတဲ့ဇာတ်ဆိုလည်း မမှားပါဘူး။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File size_(1.5GB)/(850MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:35:00 Genre_Drama, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W

6.9 2024
Ancika
The Girl with the Needle
7.5

ဒီတစ်ခါမှာတော့ 97 ကြိမ်မြောက် အော်စကာဆုပေးပွဲရဲ့ Best International Feature Film ဆုအတွက် ဆန်ခါတင် စာရင်း ဝင်ထားတဲ့ ရုပ်ရှင်ကားကောင်းလေးကို တင်ဆက် ပေးလိုက်ချင်ပါတယ်။ 82ကြိမ်မြောက် Golden Globes Awards ပွဲမှာလည်း ဆန်ခါတင်စာရင်းဝင်ခဲ့ပါသေးတယ်။ ဒီရုပ်ရှင်ဟာ ၁၉၁၅-၁၉၂၀ခုနှစ်အတွင်း ဒိန်းမက်နိုင်ငံမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ ခြောက်ခြားတုန်လှုပ်ဖွယ် မှုခင်း တစ်ခုကို ကျောရိုးယူပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ***************** ကာရိုလင်းဆိုတဲ့အမျိုးသမီးဟာ သာမန်လက်လုပ်လက်စား အထည်ချုပ်စက်ရုံက ဝန်ထမ်းအမျိုးသမီးတစ်ဦးပါ။ သူ့ယောက်ျားက စစ်ပွဲကာလမှာ စစ်မှုထမ်းသွားရာကနေ စာမလာသတင်းမကြားတာ ၁နှစ်ကျော်ရှိပြီမလို့ တိုက်ပွဲထဲ ကျသွားပြီသာထင်မှတ်ပြီး ယာဟန်ဆိုတဲ့လူကုံထံတစ်ဦးနဲ့ ချစ်ကြိုက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ ကာရိုလင်းမှာ ယာဟန်နဲ့ရတဲ့ကိုယ်ဝန်ရှိလာခဲ့ပြီး ယာဟန်နဲ့အတူလက်ထပ်ကာ ဘဝသစ်တည်ထောင်ဖို့ စိတ်ကူးခဲ့ပေမဲ့ ကာရိုလင်းတစ်ယောက် ကံမကောင်းခဲ့ရှာပါဘူး။ လူကုံထံအသိုင်းအဝိုင်းက ယာဟန်ဟာ ကာရိုလင်းကိုတာဝန်မယူဘဲ စွန့်ပစ်လိုက်တော့ ကာရိုလင်းဟာ သူနဲ့ရတဲ့ကိုယ်ဝန်ကို ဖျက်ချဖို့ကြိုးစားခဲ့ပါတယ်။ ကိုယ်ဝန်ဖျက်ချ‌တာမအောင်မြင်ခဲ့ပေမဲ့ ဒါမာဆိုတဲ့အမျိုးသမီးဟာ သူ့ကိုလာကူညီပေးခဲ့ပြီး ကလေးမွေးရင် သူ့ကိုလာရှာဖို့မှာသွားခဲ့ပါတယ်။ ဒါမာဟာ မိခင်တွေစွန့်ပစ်ချင်တဲ့ကလေးတွေကို အခကြေးငွေယူပြီး မွေးစားမိဘ‌တွေဆီပို့ပေးတယ်လို့ ပြောခဲ့တာကြောင့် ကာရိုလင်းဟာ ကလေးမီးဖွားပြီးတဲ့အခါ ဒါမာဆီကို ကလေးသွားပေးပါတော့တယ်။ အဲဒီကနေစလို့ ဇာတ်လမ်းရဲ့ tempoလည်း တဖြည်းဖြည်းတက်လာပြီး အပေါ်မှာပြောခဲ့တဲ့ တုန်လှုပ်ဖွယ် မှုခင်းဟာလည်း ဖြည်းဖြည်းချင်း ရုပ်လုံးပေါ်လာပါတော့တယ်။ ဒါ့အပြင် Black and white color နဲ့ တင်ဆက်ထားတာကြောင့် ရုပ်ရှင်ကနေတစ်ဆင့် ပေးချင်တဲ့ ရသကို ကောင်းကောင်းကြီး ခံစားရမှာပါ။ ဘာကြောင့် အော်စကာ ဆန်ခါတင်ဝင်ထားတဲ့ ရုပ်ရှင်ဖြစ်နေတာလဲဆိုတာကိုတော့ ကိုယ်တိုင် ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size… (7.07GB) / (2.04GB) / (953MB) Quality… WEB-DL 4K HEVC 1080p / 720p Format…mkv / mp4 Duration….2h 3m Genre ….. Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

Adventure • Animation • Comedy • Family • Fantasy • Music
7.5 2024 123 mins
The Girl with the Needle
You Call It Passion
6.2

You Call It Passion (2015) ************************* IMDb… 6.2 ဒီတစ်ခေါက်တင်ဆက်ပေးသွားမှာကတော့ လက်ရှိထုတ်လွှင့်နေဆဲဖြစ်တဲ့ Our Unwritten Seoul ထဲက မင်းသမီးလေး Park Bo-young နဲ့ Partners For Justice ထဲက မင်းသားကြီး Jung Jae-young တို့ရဲ့ Comedy,Romance ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း ဘယ်ကုမ္ပဏီမှာ အလုပ်ဝင်လျှောက်လျှောက် ဘယ်တော့မှမအောင်တဲ့ ရာဟီး (Park Bo-young) တစ်ယောက် ကံကောင်းထောက်မစွာနဲ့ အားကစားသတင်းကုမ္ပဏီဖြစ်တဲ့ ဒုံမြောင်ရဲ့ဖျော်ဖြေရေးဌာနမှာ အလုပ်သင် သတင်းထောက်အဖြစ်လုပ်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ဒါပေမဲ့ စိတ်မကောင်းစရာကတော့ သူမ အလုပ်ဝင်ရမယ့်ဌာနရဲ့ ခေါင်းဆောင်သတင်းထောက်က အင်မတန်လက်ပေါက်ကပ်ပြီး ဇီဇာကြောင်တဲ့သူဖြစ်နေတယ်ဆိုတာပါ။ ဒီလိုနဲ့ ရာဟီးတစ်ယောက် အဆဲမပါဘဲ စကားပြောလို့မပြီးသူ ခေါင်းဆောင် ဟာဂျယ်ဂွမ် (Jung Jae-young) ရဲ့ လက်အောက်မှာ ဘယ်လိုအလွဲတွေလုပ်ပြီး အဆူခံအ​ဆဲခံရမလဲ.. သတင်းထောက်အဖြစ် ဘယ်လိုအဖြစ်အပျက်တွေနဲ့တွေ့ပြီး ရင်ဆိုင်ဖြေရှင်းသွားမလဲ.. ပါးစပ်ကြမ်းသော်လည်း စိတ်ထားကောင်းတဲ့ခေါင်းဆောင်ဆီက ပညာတွေသင်ယူရင်း စစ်မှန်တဲ့သတင်းထောက်အဖြစ် ဘယ်လိုပြောင်းလဲလာမလဲဆိုတာကို ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုရမဲ့ကားလေး ဖြစ်တာကြောင့် ညွှန်းဆိုတင်ဆက်ပေးလိုက်ပါတယ်ရှင်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Hsu Pyae ပဲ ဖြစ်ပါတယ်။) File Size : 1.61GB/ 740MB Quality : BluRay 1080p 5.1CH/ 720p Format…mp4 Duration…01:43:49 Genre : Comedy, Romance, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Hsu Pyae Encoded by Tiff

Comedy • Thriller • Crime • Drama • Horror
6.2 2015 106 mins
You Call It Passion