YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Tribes.of.Europa.S01E05.720p{CM}.mp4

199.49 MB N/A video/mp4 666 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Brothers of the Wind
7.2

လင်းယုန်ငှက်တွေဟာ စူးရှတဲ့ အမြင်အာရုံရှိပြီး အမဲလိုက်ရာနေရာမှာလည်း အံ့ဩဖွယ်ကောင်းအောင် ထူးချွန်တဲ့ ငှက်တွေဖြစ်ပါတယ်။ ဖမ်းချင်တဲ့ သားကောင်ကိုတွေ့ရင် လေပေါ်ကနေ အောက်ကိုထိုးဆင်းပြီးမှ မြေကိုမထိပဲ သားကောင်ကို ချီသွားနိုင်တဲ့ ပုံစံဟာ လင်းယုန်ငှက်တွေရဲ့ နာမည်ကြီး အမဲလိုက်ပုံလို့ပဲ ပြောရပါလိမ့်မယ်။ ဒီဇာတ်ကားကလည်း အဲ့လို အံ့ဩဖို့ကောင်းတဲ့ လင်းယုန်တစ်ကောင်ရဲ့ ဇာတ်လမ်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ လူးကပ်စ်ဟာ ထူးခြားတဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ သူက ကြင်နာတတ်တဲ့စိတ် အပြည့်ရှိတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီး တစ်ယောက်တည်း အေးအေးဆေးဆေးလည်း နေတတ်သူပါ။ ဒီလိုထူးခြားတဲ့ ကောင်လေးတစ်ယောက်မှာ အတိတ်ဖြစ်ရပ်ဆိုးတွေလည်း ရှိနေပါတယ်။ လူးကပ်စ်ဟာ ဒီဖြစ်ရပ်ကြောင့် စိတ်ဒဏ်ရာရနေပြီး သူ့ရဲ့ဖခင်ဖြစ်သူနဲ့လည်း ပြေလည်တဲ့ ဆက်ဆံရေး မရှိပါဘူး။ တစ်နေ့တော့ လူးကပ်စ်တစ်ယောက် လျှောက်သွားရင်းနဲ့ တောင်ပေါ်တစ်နေရာက ပြုတ်ကျနေတဲ့ လင်းယုန်ငှက်ပေါက်စလေး တစ်ကောင်ကို တွေ့ခဲ့ပါတယ်။ လူးကပ်စ်က ကြင်နာတတ်သူပီပီ ငှက်ကလေးကို မွေးစားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ လူးကပ်စ်နဲ့ ငှက်ကလေး သူငယ်ချင်းတွေဖြစ်လာတာကို ကြည်နူးစရာ မြင်တွေ့ရမယ့်ဇာတ်ကားလေးပါ။ ငှက်ကလေးမှာလည်း သူ့ရဲ့ကိုယ်ပိုင် ဘဝဇာတ်လမ်းတစ်ခု ရှိနေတဲ့အခါမှာ လူးကပ်စ်တို့ သူငယ်ချင်းနှစ်ယောက် ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ရမလဲ ကြည့်ရှုရမှာပါ။ အယ့်လ်ပ်စ် တောင်တန်းကြီးတွေရဲ့ ရှုခင်းလှလှတွေကို ကြည့်ချင်တဲ့ သူတွေအတွက်ရော လူနဲ့တိရစ္ဆာန်ကြားက သံယောဇဉ်ကို ပုံဖော်ထားတဲ့ ဇာတ်လမ်းမျိူး ကြိုက်သူတွေအတွက်ပါ ကြည့်သင့်တဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…  2.2GB / 1GB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 38m Genre .....  Drama , Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Spencer Potato

Crime • Drama • TV Movie • Thriller
7.2 2015 98 mins
Brothers of the Wind
Mary Is Happy, Mary Is Happy
7.4

အိမ်နီးချင်း ထိုင်းရုပ်ရှင်တွေကတော့ Minimalist style နဲ့ ကမ္ဘာပတ်နှင့်နေပါပြီ။ ဒါရိုက်တာ Nawapol လို့ကြားရင် သိတဲ့သူက သိနိုင်ကြပေမယ့် သာမန်ရုပ်ရှင်ချစ်ပရိတ်သတ်အဖို့တော့ သူ့ကိုမသိတောင် သူ့ကားတစ်ချို့ကို ရင်းနှီးပြီးသားဖြစ်မှာပါ။ ၂၀၁၉တုန်းက မြန်မာပြည်မှာ ရုံတင်သွားတဲ့ Happy Old Year လို၊ တစ်ချိန်က လူငယ်အတော်များများကြိုက်ခဲ့ကြတဲ့ Heart Attack လို၊ မနှစ်တုန်းက ထွက်ခဲ့ပြီး လူကြိုက်များခဲ့တဲ့ Fast and Feel Love တို့လိုကားတွေကိုတော့ ရင်းနှီးကြမှာပါ။ အခု ဒီကားကတော့ သူ့ရဲ့ အစောပိုင်းလက်ရာတစ်ခုပါ။ ဆု ၆ဆု နဲ့ စကာတင် ၁၁ခု ဆိုတာလောက်ကို စာရင်းထဲ ထည့်ပြောမနေချင်ရင်တောင် ရုပ်ရှင်ရဲ့ World Premiere လို့ခေါ်တဲ့ ပထမဆုံး စ,ပြတာကို ဗင်းနစ်ရုပ်ရှင်ပွဲတော် (Venice Film Festival) မှာ ပြခွင့်ရခဲ့တာဖြစ်ပြီး Asia Premiere ကိုတော့ ဘူဆန်ရုပ်ရှင်ပွဲတော်မှာ ပြသခွင့်ရခဲ့တာဖြစ်လို့ အထင်ကြီးစရာကောင်းနေပါပြီ။ အမွှန်းတင်တာတွေ အသာရပ်ပြီး ဇာတ်ကားအကြောင်းဘက် လှည့်ရမယ်ဆိုရင်တော့... အထက်တန်းနောက်ဆုံးနှစ်ဝက် ကျောင်းသူလေးတစ်ယောက်ရဲ့ ရင်ခုန်စိတ်လှုပ်ရှားမှု၊ မေတ္တာသက်ဝင်မှု၊ ခင်မင်တွယ်တာမှု စတာတွေနဲ့ မထင်မှတ်ထားတဲ့ဆုံးရှုံးမှုတစ်ခုနောက်ပိုင်း နေ့စဉ်ဘဝရဲ့ အပြောင်းအလဲ၊ လက်ခံပြီးရှေ့ဆက်ဖို့ ကြိုးစားရဦးမယ့် အနာဂတ်၊ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ရဲ့ စိတ်ဓါတ် အတက်/အကျတွေကို လိုက်ပါခံစားရမယ့် Coming of Age Comedy Drama တစ်ခုပဲဖြစ်ပါတယ်။ ဒီနေရာမှာ Comedy ကတော့ Dark Comedy ဘက်ကိုသွားပါတယ်။ အပြင်မှာတကယ်ရှိတဲ့ မယ်ရီလွန်နီဆိုတဲ့ တွစ်တာအကောင့်ပိုင်ရှင်ကောင်မလးရဲ့ တွစ်တာပို့စ် (Tweets) အခုပေါင်း ၄၁၀ ပေါ်မှာ အခြေခံပြီး ဖြစ်လာတဲ့ရုပ်ရှင်ပါ။ ဆိုရှယ်မီဒီယာဆိုတာ လူတစ်ချို့အတွက် ထွက်ပေါက်ပါ။ ဒီလိုမျိုး တစ်စုံတစ်ယောက်အတွက် ဖြစ်ခဲ့တဲ့ထွက်ပေါက်ဟာ ဒါရိုက်တာအတွက်တော့ လိုက်လျှောက်ရာ လမ်းကြောင်းဖြစ်ခဲ့ပုံပါပဲ။ ကြည့်ရှုသူတချို့လည်း ထပ်တူခံစားမိကြမှာပါ။ တစ်ခုရှိတာကတော့ ဒီကားက လူတိုင်းအတွက်တော့ မဟုတ်လောက်ဘူးဆိုတာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ... အပြင်က မယ်ရီတစ်ယောက်လည်း ပျော်ရွှင်နိုင်ဖို့ ဆုတောင်းမိပါရဲ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 890MB Quality - 1080p, 720p IMDb Rating - 7.1/10 Format - mp4 Duration - 2H 7Min Genre - Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Comedy • Romance
7.4 2013 127 mins
Mary Is Happy, Mary Is Happy
A Cappella
6.2

A cappella 2016 ၁၉၆၉ခုနှစ် ဂျပန်နိုင်ငံအခြေအနေတွေကို ဇာတ်အိမ်တည်ရိုက်ကူးထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ ဂျပန်နိုင်ငံအဝှမ်း တော်လှန်ရေးဆင်နွှဲနေပြီး စစ်ဆန့်ကျင်ရေးဆန္ဒပြမှုဆက်တိုက်ဖြစ်ပွားနေတဲ့အချိန်ဖြစ်ပါတယ်။ ကျိုကို ဆိုတဲ့အထက်တန်းကျောင်းသူလေးက ကျောင်းယူနီဖောင်းပုံစံပြောင်းလဲရေးအတွက် ဆန့်ကျင်ရေးကော်မတီဖွဲ့ပြီး လှုပ်ရှားနေတဲ့ကျောင်းသူတစ်ယောက်ဖြစ်ပါတယ်။ ဆန္ဒပြပွဲတွေမှာပါဝင်ရင်း A cappellaဆိုတဲ့ ကဖီးဆိုင်လေးမှာ ဝါတရုဆိုတဲ့ ကောလိပ်ကျောင်းသားနဲ့တွေ့ဆုံခဲ့ပါတယ်။ ဝါတရုရဲ့သူငယ်ချင်း ယုနိုဆုကဲနဲ့ သူ့ရည်းစား အန်မာတို့လည်းရှိနေပြီး ဝါသနာတူရာတွေပြောကြရင်း ခင်မင်သွားခဲ့ကြပါတယ်။ အဲဒီနောက်တော့ ကျိုကိုနဲ့ ဝါတရုလည်း ချစ်သူတွေဖြစ်သွားခဲ့ကြပါတယ်။ ဖြစ်ရပ်စုံတဲ့ကာလအတွင်းမှာ ချစ်ခဲ့ကြတဲ့သူတို့က အစပိုင်းမှာ သာမန်အတွဲတွေလိုပဲ နေထိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့နှစ်ယောက်ကြားကဆက်ဆံရေးက တီးလုံးသံစဉ်မပါတဲ့ သီဆိုမှုတွေလိုဖြစ်နေခဲ့တဲ့အခါမှာတော့ သူချစ်တဲ့သူရဲ့အရှိတရားကိုလက်ခံမပေးနိုင်ဘဲ ဆွဲခေါ်ထားဖို့ကြိုးစားခဲ့တဲ့ကောင်မလေးတစ်ယောက်အကြောင်းကို ကြည့်ရှုရမဲ့ရုပ်ရှင်ပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) File Size__(2GB) / (800MB) Quality__1080p, 720p IMDb Rating__6.2/10 Format__mp4 Duration__02:00:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Lattv

Animation
6.2 2016 132 mins
A Cappella
Look Into the Fire
4.9

Look Into the Fire (2022) =================== စိတ်ရဲ့ရှုပ်ထွေးနက်နဲမှုလောက် ဘယ်အရာကမှ ရှုပ်ထွေးမယ် မထင်ပါဘူး။ စိတ္တဇဆန်ဆန် သို့လောသို့လော ဇာတ်လမ်းမျိုးကိုမှ ကြည့်ချင်သူတွေအတွက် စိတ်အာရုံရဲ့နက်နဲရှုပ်ထွေးမှုကို ခပ်ပါးပါး ရိုက်ကူးပြထားတဲ့ psychological thriller ဆန်ဆန် ရုပ်ရှင်တစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကို ဦးနှောက်အာရုံကြောစိတ်ပညာဆိုင်ရာ ကျောင်းသား တစ်စုက သူတို့တင်ရမယ့် စာတမ်းတစ်ခုအတွက် လက်တွေ့စမ်းသပ် မှုတွေ ပြုလုပ်တာနဲ့ အစပျိုးထားပါတယ်။ တစ်ရက်မှာ အဒမ်၊ ဆမန် သာ၊ ဂျယ်ရီနဲ့ ဆက်သ်တို့အဖွဲ့ဟာ လက်တွေ့စမ်းသပ်မှုလုပ်ဖို့ volunteer ရှာမရတာကြောင့် အဒမ်ကိုယ်တိုင် အစမ်းသပ်ခံရာက ဇာတ်လမ်းစ ပါတော့တယ်။ အဲဒီလိုစမ်းသပ်ကြရင်းနဲ့ အဒမ်တစ်ယောက် သူ့ရဲ့အတိတ်က ကြောက် စရာအမှန်တရားကို သိလာရတဲ့အခါ….။ ကြည့်ရင်းကြည့်ရင်းနဲ့ ဇာတ်ရှိန် တက်တက်လာပြီး နောက်ဆုံးမှာ ဘယ်လိုမှ မထင်မှတ်တဲ့ အလှည့်အ ပြောင်းတစ်ခုက ကြည့်တဲ့သူတိုင်းကို သို့လော‌သို့လောနဲ့ တကယ်အံ့ဩ သွားစေမှာ သေချာပါတယ်။ အဲဒီတော့ အတူတူကြည့်ရင်း အတွေးများ လိုက်ကြရအောင်နော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(1.67 GB) / (535 MB) / (348 MB) Quality…………WEB-RIP 1080p / 720p / 480P Duration………1Hr 45Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….C’mon Encoder……….SWM

4.9 2022
Look Into the Fire
Amy’s F**k It List
5.1

Amy’s F**k It List (2023) လူ့ဘဝကြီးမှာ မသေခင်လုပ်ချင်တဲ့အရာတွေကို bucket list လုပ်တယ်ဆိုပြီး ကြားဖူးမှာပေါ့ ဘဝမှာ ကားဝယ်နိုင်ရမယ် ဟိုသွားနိုင်ရမယ် ဒီသွားနိုင်ရမယ် ဘာညာပေါ့ ခုဇာတ်ကားလေးထဲမှာလဲ အေမီဆိုတဲ့ကောင်မလေးက ရုတ်တရက်ကြီး ကင်ဆာရှိနေလို့ တစ်ပတ်လောက်ပဲ ခံတော့မယ်ဆိုတာသိလိုက်ရပါတယ် အဲ့အချိန်မှာ သူက bucket list ရဲ့ next level အနေနဲ့ F**ket list ဆိုပြီး ရှိသမျှသူ့ဘဝမှာ မကျေနပ်ခဲ့သမျှတွေကို လက်ခလယ်ထောင်ပြပါတော့တယ် ဇာတ်လမ်းလေးက ဘတ်ဂရောင်းမြူးဇစ်လေးနဲ့အတူ ခပ်မြူးမြူးလေးကြည့်ရှုရမဲ့အပြင် ဇာတ်ဆောင်မင်းသမီးနဲ့အတူ မိမိရဲ့မကျေနပ်ချက်တွေ လောကကြီးကို အရွဲ့တိုက်လိုက်ရသလိုခံစားရမှာပါ ဘဝရဲ့မွန်းကျပ်မှုတွေဖြေဖျောက်ချင်နေတဲ့သူတွေအတွက် အကူအညီဖြစ်ရအောင် ဒီဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ရပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။ Genre….. Comedy Quality…. 720p File size… 594MB Format… mp4 Duration…. 1h 18min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Sai Thurein Lynn Encoder ….. August

5.1 2023 78 mins
Amy’s F**k It List
Between Calmness and Passion
6.6

Reisei to jônetsu no aida (2001) Between Calmness and Passion ~ IMDb – 6.6/10, MyDramaList – 7.3/10 ~ ဟောင်ကောင်ရုပ်ရှင် Lost and Found ထဲက ညှို့ဓာတ်အပြည့်နဲ့ မင်းသမီး Kelly Chan ပါလို့ကတစ်ကြောင်း၊ စကားလုံးမပါတဲ့ နောက်ခံတေးဂီတသံသက်သက်နဲ့ ဒီရုပ်ရှင်ထဲက အဓိကဇာတ်ဆောင်နှစ်ယောက် လူအုပ်ကြားထဲ တွေ့ကြတာကို ရိုက်ပြထားတဲ့ ဇာတ်၀င်ခန်းကိုကြည့်မိပြီး တော်တော်သဘောကျသွားက တစ်‌ကြောင်း၊ ဒီရုပ်ရှင်ကို ကြည့်ဖြစ်ခဲ့တယ်။ ဟောင်‌‌ကောင်မင်းသမီး ကယ်လီချန်းပါထားပေမဲ့ တကယ်က ဒီရုပ်ရှင်က ဂျပန်ကား။ ဂျပန်မှာ ဘတ်ဆဲလ်လားဖြစ်ခဲ့တဲ့ စာအုပ်ကို ပြန်ရိုက်ထားတာ။ ဒါပေမဲ့ ဇာတ်အိမ်ကတော့ အဓိကအားဖြင့် အီတလီက ဖလောရန့်မှာ တည်ထားတယ်။ အီတလီအငွေ့အသက် အီတလီမြင်ကွင်းတွေကို နောက်ခံထားထားတဲ့ ရုပ်ရှင်လို့ ပြောရမယ်။ နောက် မင်းသားရဲ့ အလုပ် Art Restoration ခေါ် ပျက်စီးသွားတဲ့အနုပညာလက်ရာတွေကို ပြန်အဖတ်ဆည်မွမ်းမံပေးရတဲ့အလုပ်။ ဖလောရန့်က အဲဒီပညာရဲ့ အချက်အချာမြို့လို့ ရုပ်ရှင်ထဲပြောထားတယ်။ တစ်မြို့လုံး အဲဒီအလုပ်ပဲလုပ်ကြတယ်ပေါ့။ ဒီလိုအလုပ်ကို စိတ်နှစ်လုပ်နေတဲ့ မင်းသားကို ကြည့်ရတာလည်း တော်တော်ကြည့်ကောင်းနေတယ်။ မင်းသားနဲ့ ကယ်လီချန်းက ကောလိပ်မှာကတည်းက ချစ်ခဲ့ကြတဲ့လူတွေ။ အကြောင်းကြောင်းနဲ့ဝေးသွားခဲ့ပြီး အီတလီမှာ သူတို့ပြန်တွေ့ကြတဲ့အခါမှာလည်း ဆိုင်သူကိုယ်စီရှိနှင့်ပြီးနေပြီ။ ပြီးတော့ သူတို့ကြားက အဖုအထစ်တွေကလည်း မပျက်ပြယ်သေးဘူး။ ဒီတော့ သံယောဇဉ်လက်ကျန်နဲ့ တွေ့ချင်ကြလို့ ပြန်တွေ့ဖြစ်ကြပေမဲ့ အလိုက်မသိခဲ့တဲ့ အခြေအနေတွေကို မကျော်လွှားနိုင်ခဲ့ကြဘူး။ ဒီလိုနဲ့ အစကတည်းက ဝေးပြီးသားဘ၀‌တွေ အဝေးကြီးကို ထပ်ဝေးလွင့်ခဲ့ကြတယ်။ ဇာတ်က အဲဒီအခြေအနေကမှ ရိုးရှင်းလှပတဲ့စကားလုံးတွေပါတဲ့ နှုတ်ဆက်စာလို့ ပြောရမယ့် စာလေးတစ်စောင်နဲ့ သူတို့အတိတ်ကို ပြန်လှစ်ဟပြသွားတယ်။ ကြင်နာတာတွေကို ပြန်ပြောင်းအောက်မေ့မိတဲ့အခါ နာကျင်တာတွေရဲ့ ပိုထင်ရှားလာခြင်းတွေအကြောင်းပေါ့။ ဒီဇာတ်ဟာ လှပတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်သက်သက်ပါပဲ။ ဂီတတွေ အနုပညာတွေနဲ့ အနုပညာမြို့ကြီးတစ်မြို့မှာ အခြေတည်ထားတဲ့ ဒီအချစ်ဇာတ်လမ်းဟာ တည်ဆောက်ပုံလှပသလို ဟောင်ကောင် ကလပ်စစ်အရသာလည်း ပေးနိုင်တယ်။ ဂျပန်ကားပေမဲ့ ဇာတ်ရဲ့အရသာကတော့ ဂျပန်ကားဆိုတာထက် ဝေါင်ကာဝေးကားကလိုလို အရသာလေးတော့ သန်းနေတယ်။ ဇာတ်ကြောင်းပြန်ပြောင်းပြောပြခြင်းတွေကလည်း ဒီအရသာပိုသန်းစေခဲ့တယ်။ ဒီရုပ်ရှင်ဟာ ဟောင်ကောင်ရိုမန့်တွေ ကြိုက်တဲ့လူတွေအတွက်တော့ အရသာသိပ်တွေ့မယ့် လွမ်းတတ်ရင် မျက်ရည်ဝေစေမယ့် ရုပ်ရှင်တစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.25GB, 920MB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 2H 5Min Genre – Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.6 2001 125 mins
Between Calmness and Passion
Retreat to You
6.3

ငယ်ချစ်ဦးကို သတိရ​နေတဲ့သူ​တွေရှိကြလား ရှန် နဲ့ အပ်က်ဘီ ဆိုတဲ့ ငယ်သူငယ်ချင်းနှစ်​ယောက် အထက်တန်း​ကျောင်းပြီးကတည်းက ၁၇ နှစ်လုံးလုံး အဆက်အသွယ်မလုပ်ဘဲ​နေခဲ့ကြတဲ့ သူငယ်ချင်း နှစ်​ယောက် ……. နွေရာသီအပန်း​ဖြေစခန်းမှာ ကံတရား​ကြောင့်ပြန်ဆုံကြတဲ့အခါ သူတို့ နှစ်​ယောက်ကြားက လွန်ခဲ့တဲ့ ၁၇နှစ်က အထင်လွဲခဲ့ရတဲ့ ပြဿနာတွေ နားလည်မှုလွဲခဲ့တာ​တွေ ဘယ်လို ​ဖြေရှင်းကြမလဲ……. နွေရာသီအပန်း​ဖြေစခန်းမှာ သဘာဝတရားကြီးနဲ့ ထိ​တွေ့ရင်း သူတို့နှစ်​ယောက်ကြားက ရင်ခုံမှု​တွေ တလွဲဖြစ်တဲ့ ပြသနာ​လေး​တွေကို ကြည့်ရှု့ရမဲ့ ဇာတ်ကား​ကောင်း တခုပါ…….. File size…(1.6 GB)/(920 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre… Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Dar Dar

Music • Animation • Drama
6.3 2023
Retreat to You
Let Me Eat Your Pancreas
7.4

Let Me Eat Your Pancreas (2017) IMDb – 7.1/10 My Drama List – 8.2 “ငါတို့ရွေးချယ်ခဲ့တဲ့ဆုံးဖြတ်ချက်တွေက ငါတို့နှစ်ယောက်ကို ဆုံစေခဲ့တာပဲ” အတန်းထဲမှာ တစ်ယောက်တည်း သီးသန့်နေတတ်တဲ့ ရှင်းဂဟာရုကိတစ်ယောက် ဆေးရုံမှာ အူအတက်ခွဲရင်း အတန်းထဲမှာ နာမည်အကြီးဆုံးဖြစ်တဲ့ ရာမာအူချီဆာကူရာရဲ့ ဒိုင်ယာရီစာအုပ်ကို မတော်တဆဖတ်မိပြီး ဆာကူရာ့ရဲ့ လျှို့ဝှက်ချက်သိသွားပါတယ်။ ဆာကူရာက ရှင်းဂတစ်ယောက် သူ့လျှို့ဝှက်ချက်ကိုအသုံးချပြီး အာရုံအစိုက်ခံရအောင်လုပ်မယ်လို့ ထင်ထားခဲ့ပေမယ့် တကယ်တမ်း ရှင်းဂကဘာမှမလုပ်လို့ စိတ်ဝင်စားပြီး ရင်းရင်းနှီးနှီးနေဖို့လုပ်လာပါတယ်။ တကယ်တော့ ဆာကူရာက ပန်ကရိယရောဂါနဲ့ တစ်နှစ်အတွင်း သေရတော့မယ့်လူပါ၊ အဲဒါကို မိဘကလွဲပြီး ဘယ်သူမှမသိပေမယ့် ရှင်းဂသိသွားပြီး အဲဒါကိုအသုံးမချတဲ့အတွက် သူ့ရဲ့လက်ကျန်အချိန်တွေကို ရှင်းဂနဲ့အတူ ပျော်ပျော်ဖြတ်သန်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တစ်နှစ်အတွင်း ဘာတွေကြုံရမလဲ ရှင်းဂတစ်ယောက်ကရော ပြောင်းလဲလာမလား… Let Me Eat Your Pancreas ဇာတ်လမ်းကို 2014 ခုနှစ်မှာ manga အနေနဲ့ထွက်ရှိခဲ့ပြီး 2017 ခုနှစ်မှာ live-action ရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားကို 2018 ခုနှစ်မှာ animeအဖြစ် ထပ်မံအသက်သွင်းခဲ့ပါတယ်။ မင်းသား Takumi Kitamura မင်းသမီး Minami Hamabe တို့ သရုပ်ဆောင်ထားပြီး လူကြိုက်များခဲ့တဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ် File size… 1.3 GB / 600 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 55m Genre ….. Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Benni

7.4 2017 115 mins
Let Me Eat Your Pancreas
Forest Killer (aka) LesnĂ­ vrah

ချက်ပ် ရီပါးပလစ် နိုင်ငံက တောအုပ်ကြီးထဲမှာ ဖြစ်ခဲ့တဲ့ လူသတ်မှု ၃ ခု တကယ့်ဖြစ်ရပ်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ချက်ပ်စကားပြော ဇာတ်ကားတကားဖြစ်ပါတယ် လူသတ်သမားရဲ့ လုပ်ရှားမှုတွေ သူ့အပြုအမူ ကို တွေ့မြင်ရမှာမို့ Murder mystery ကြိုက်တဲ့သူတွေအတွက် စိတ်ဝင်တစားကြည့်ရှုရမယ့်ဇာတ်ကားပါ File size…(1.1 GB)/(600 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:18:00 Genre… True Crime, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Dar Dar

Drama • Thriller
0 2024
Forest Killer (aka) LesnĂ­ vrah
Lampir
6.2

Lampir (2024) IMDb Rating (6.2) အင်ဒိုနီးရှားဟော်ရာကားတွေ တော်တော်ကြမ်းတာ အားလုံးသိကြမှာပါ။ ဒီနှစ်အသစ်ထွက်တဲ့ အင်ဒိုနီးရှား သဘာဝလွန်ဟော်ရာကားကလည်း ဒီစံချိန်ကို မဖျက်ဆီးခဲ့ဘူးလို့ ပြောရပါမယ်။ သူတို့ရိုးရာက တစ္ဆေတွေကိုသုံးပြီး စိတ်ဝင်စားစရာကောင်းအောင် ရိုက်ပြနိုင်ခဲ့တဲ့ အင်ဒိုနီးရှားပြာ ဒီတစ်ခါဟာ လမ်ပြာဆိုတဲ့ သူတို့ရိုးရာက သရဲတစ်ကောင်ကိုသုံးပြီး ခပ်လန်းလန်း သရဲကားတစ်ကားထပ်ရိုက်ပြလိုက်ပြန်ပါပြီ။ ဇာတ်ကတော့ ၁၉၀၀ပြည့်နှစ်ဝန်းကျင်လောက်က စံအိမ်ကြီးတစ်ခုမှာစတယ်။ အင်မတန်ကုံလုံကြွယ်ဝတဲ့ ဒီအိမ်ကြီးရဲ့အရှင်ရဲ့ အိမ်သူကလည်း အိမ်ကြီးနဲ့လိုက်ဖက်အောင် သိပ်လှတဲ့အမျိုးသမီးပေါ့။ ဒီအမျိုးသမီးကို သူ့ယောက်ျားနဲ့ လူတစ်အုပ်က မီးရှို့ပြီးသတ်ဖို့လုပ်ကြတယ်။ မီးရှို့လိုက်တဲ့အချိန်မှာ အိမ်ကြီးရှင်သိလိုက်ရတာက ဒီအမျိုးသမီးဟာ သူ့မိန်းမမဟုတ်တော့ဘဲ သူ့မိန်းမကိုယ်ထဲဝင်နေတဲ့ လမ်ပြာဆိုတဲ့ နတ်ဆိုးတစ်ကောင်ဖြစ်နေတယ်ဆိုတာပါပဲ။ ဒါပေမဲ့ သူတို့ဒီနတ်ဆိုးကို မနှိမ်နှင်းခဲ့ပါဘူး။ ဒီနောက် ဒီဘက်ခေတ်က သိပ်လှတဲ့ မိန်းကလေးတစ်ယောက်ရဲ့ မင်္ဂလာပွဲမှာ ဒီဇာတ်ကို ပြန်စထားတယ်။ ဘာတွေဆက်ဖြစ်မလဲက အားလုံးအတွက် သိသာသလိုလို မသိသာသလိုလိုပဲမဟုတ်လား။ ဒါပေမဲ့လည်း အဆုံးထိစိတ်ဝင်စားစရာကောင်းတုန်းပါပဲ။ ဒါကိုကလည်း အင်ဒိုသရဲဟော်ရာကားတွေရဲ့အထာပါပဲ။ ကြည့်ကောင်းကြမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1 GB) / (510 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Thriller Duration….01:37:25 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by W

6.2 2024 97 mins
Lampir
Smile 2
7.2

Smile 2 (2024) IMDb Rating (7.2) / Rotten Tomatoes (85%) ၂၀၂၂ ခုနှစ်တုန်းက နာမည်ကြီးခဲ့တဲ့ ကြောက်စရာသရဲကား Smile ရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းထွက်လာပါပြီ။ ဒါရိုက်တာကလည်း Smile 1 ရဲ့ ဒါရိုက်တာ Parker Finn ပါပဲ။ ဒီဇာတ်ကားရဲ့ အဓိက သရုပ်ဆောင်အဖြစ် Naomi Scott က ပါဝင်ထားပါတယ်။ ၂၀၂၂ ကားရဲ့အဆက်ပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့… ပထမရုပ်ရှင်ထဲမှာ အသက်ရှင်ကျန်ခဲ့တဲ့ ဂျိုးလ်က ကျိန်စာကို အဆုံးသတ်ဖို့ ကြိုးစားရင်း နောက်တစ်ယောက်ဆီကို ကူးသွားတာကနေ စထားတာပါ။ ဒီရုပ်ရှင်ထဲမှာတော့ ဒီကျိန်စာကိုအဆိုးဆုံးရင်ဆိုင်ရမှာက နာမည်ကြီးပေါ့အဆိုတာ စကိုင်းရိုင်လီဆိုတဲ့ ဇာတ်ကောင်ပါပဲ။ သူက ကားအက်ဆီးဒန့်ဖြစ်ထားပြီး တစ်နှစ်လောက် ဆေးတွေ အရက်တွေ ဖြတ်ပြီး လိမ္မာလာပြီမို့ ဖျော်ဖြေပွဲပြန်လုပ်ဖို့ စီစဉ်နေတဲ့သူပါ။ ဖျော်ဖြေပွဲနီးလာလေလေ ကျိန်စာကြောင့် ကြောက်စရာတွေ ဆက်တိုက်တွေ့လာလေလေဖြစ်ပြီး လွတ်မြောက်ဖို့ ဘယ်လိုရုန်းကန်ရမလဲဆိုတာ ကြည့်ရမှာပါ။ ထုံးစံအတိုင်း ကျောချမ်းစရာ ကြောက်စရာတွေနဲ့ ကြည့်ရမှာပါ။ အသည်းငယ်သူတွေ မျက်နှာအုပ်ပြီး လက်ချောင်းကြားထဲက ကြည့်တာတို့ စောင်နဲ့ကွယ်ကြည့်တာတို့လုပ်ဖို့တော့လိုပါလိမ့်မယ်။

Mystery • Drama
7.2 2024 127 mins
Smile 2
Romeo and Isabella

ဒီကားလေးကတော့ လူမှုအဖွဲ့အစည်းနဲ့ အတိတ်က ထိခိုက်မှုတွေကြား လူနှစ်ယောက်ရဲ့ ချစ်ခြင်းဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဇာတ်အိမ်မှာ အီဇဘယ်လာ က ရည်းစားဟောင်း ဒဲရက်နဲ့ ပြတ်သွားပြီး မအိပ်နိုင်မစားနိုင် ဖြစ်နေသူပါ။ တစ်နေ့မှာ အခြားမြို့က သူငယ်ချင်းဟောင်း ဝဒ်နီရဲ့ နာရေးကိုသွားဖို့အတွက် မီရှယ်ဆိုတဲ့ သူငယ်ချင်းတစ်ယောက်က ဖုန်းခေါ်လာခဲ့ပါတယ်။ အီဇဘယ်လာလဲ စိတ်ပြေလက်ပျောက်ဆိုပြီး လိုက်လာခဲ့ရာမှာ မြို့ထဲကအသစ်ဖွင့်တဲ့ ကလပ်ကိုသွားရင်းနဲ့ ရိုမီယိုဆိုတဲ့ ဆေးရောင်းတဲ့ကောင်လေးနဲ့ တွေ့ကြတဲ့အခါမှာတော့ ရိုမီယို့ကို ဆေးရောင်းတဲ့အလုပ်ကနေ ဘယ်လိုကယ်ထုတ်သွားမလဲဆိုတာနဲ့ ရန်​ညိုးရှိသူတွေရဲ့လက်က ဘယ်လိုလွတ်မြောက်အောင် ကြိုးစားရမလဲဆိုတာ………. File size…(1.5 GB)/(846 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Romance, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Karmt

Drama
0 2024
Romeo and Isabella
Final Destination 3
5.8

Final Destination 3 (2006) ************************** IMDb…..5.8 Horror ကားကြိုက်နှစ်သက်သူတို့အဖို့ ကြည့်ဖူးသမျှထဲမယ် သူတို့ရဲ့ နှလုံးသည်းအူကို လှုပ်ရမ်းနိုင်တဲ့ ဇာတ်ကားများကို ပြောပါဆိုရင် Final Destination တွေကို ပြောကြမှာသေချာသလောက်ပါပဲ…. ယခု နောက်ပိုင်းထွက်တဲ့ horror ကား တော်တော်များများမှာ အထူးသဖြင့် Jump scare မျိုး ဝုန်းကနဲ ဒိုင်းခနဲ ခြောက်လှန့်တတ်တဲ့ ကားမျိုးတွေကို horror ကား ကြိုက်နှစ်သက်သူသူတို့အဖို့ ကြာလာတော့ အနည်းငယ်ရိုးအီလာသလိုပါပဲ……. Final Destination လို horror မျိုးကျတော့လည်း တကယ့်ကို သွေးပျက်ထိတ်လန့်စရာဖြစ်တဲ့အပြင် ကျောထဲစိမ့်နေအောင် ကြောက်နေရတာမျိုး… မင်း horror ဘယ်လောက် crazy ဖြစ်လဲဆိုတာကို Final Destination (1 to 5) ကို စဆုံးကြည့်ဖြစ်လားဆိုတာမျိုးနဲ့ ဆုံးဖြတ်ရလောက်အောင် သွေးပျက်ထိတ်လန့်စရာပါပဲ… ယခုလည်း New Line Cinema က Final Destination Reboot ကို စတင်လုပ်ဆောင်နေပြီလို့သိရပါတယ်။ ဒီတော့ စဆုံးလေးကို ပြန်လည် ခံစားချင်သူများအတွက် အရည်အသွေးစုံလင်စွာဖြင့် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်….. (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ War Dog/ Baby Chit ပဲဖြစ်ပါတယ်) File Size : 6.15GB / 2.97GB/ 1.10GB Quality : 4K/ Blu-Ray 1080p 5.1 CH/720p Format…mp4 Duration…01:30:00 Genre : Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by War Dog, Baby Chit Encoded by Aaron, Tiff

Comedy • Crime
5.8 2006 92 mins
Final Destination 3
Oshi no Ko -The Final Act-
6.7

Oshi no Ko -The Final Act- (2024) ******************************** ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ Mystery. Drama. Supernatural အမျိုးအစား စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဂျပန်ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း **************** ဒေါက်တာဂိုရိုဟာ အလုပ်သင်ဆရာဝန်အနေနဲ့ ဆေးရုံမှာအလုပ်နေသူဖြစ်ပါတယ်။ အဲဒီဆေးရုံမှာ အအိဆိုတဲ့ အိုင်ဒေါကို အရမ်းသဘောကျနေတဲ့ ရောဂါဝေဒနာ ပြင်းထန်စွာ ခံစားနေရတဲ့လူနာ ဆာရီနာနဲ့ ရင်းနှီးကျွမ်းဝင်နေသူပါ။ ဆာရီနာ ဆုံးပါးသွားပြီးနောက်မှာ သူလည်း သားဖွားမီးယပ်ဆောင်မှာ အမြဲတမ်းဒေါက်တာ တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဆာရီနာရဲ့နောက်ဆုံးဆန္ဒကို အကောင်အထည်ဖော်ပေးဖို့ အတွက် ဒေါက်တာဂိုရို ဟာလည်း အအိရဲ့ ပရိသတ်ဖြစ်သွားပါတော့တယ်။ တစ်နေ့ သူ့ဆီကို အအိက ရုပ်ဖျက်ပြီး အမြွှာကိုယ်ဝန်ဆောင်အနေနဲ့ ရောက်လာခဲ့ရာ သူကလည်း ကလေးတွေကို ကျန်းမာစွာ မွေးဖွားပေးပါ့မယ်လို့ ကတိပေးလိုက်ပါတယ်။ လျှို့ဝှက်ချက်များစွာနဲ့ အိုင်ဒေါ အအိ မီးဖွားခါနီးအချိန်မှာ ဆေးရုံထိ နောက်ယောင်ခံ လိုက်လာသူရှိနေမှန်း ဒေါက်တာဂိုရိုသိသွားချိန် ထိုလူနောက်ကို လိုက်သွားရင်း သေဆုံးသွားခဲ့ပါတယ်။ သူ သေဆုံးတာကို မသိလိုက်ခင်လေးမှာပဲ ထူးဆန်းစွာနဲ့ သူဟာ အအိရဲ့ အမြွှာကလေးထဲက တစ်ယောက်ဖြစ်နေတာကို ဂိုရိုသိသွားခဲ့ပါတယ်။ ကလေးမွေးထားတာကို လျှို့ဝှက်ထားတဲ့တစ်ကိုယ်တော်မိခင် အိုင်ဒေါ အအိဟာ သူ့မျက်စိရှေ့မှာတင် အသက်ခံလိုက်ရတဲ့အခါ မိခင်ဖြစ်သူ အိုင်ဒေါရဲ့ သေဆုံးမှုကို အကွာ (ဒေါက်တာဂိုရို)က ဘယ်လိုတွေ ဖော်ထုတ်သွားမလဲဆိုတာ… (အညွှန်းကို DaoPhyo မှ ရေးသားထားပါတယ်) File size…1.8GB / 947MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2h 09m Genre ….. Fantasy, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by DaoPhyo & Char Ou Encoded by AHtet

6.7 2024 129 mins
Oshi no Ko -The Final Act-