YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Tribes.of.Europa.S01E03.720p{CM}.mp4

322.51 MB N/A video/mp4 429 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Hunted
6.2

ဒီကားကတော့ မင်းသားကြီး Tommy Lee Jones နဲ့ Benecio del Toro တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ကားဖြစ်ပါတယ်။ ခြေရာခံကျွမ်းကျင် ဆရာကြီး Bonham(Tommy Lee Jones) ဟာ FBI နဲ့ ပေါင်းပြီး သူ့ရဲ့ အတော်ဆုံး တပည့် ဖြစ်သူ ကို လိုက်လံ ဖမ်းဆီးရမယ့် စိတ်လှုပ်ရှားစရာ Action/Thriller genre ပါ။ The Exorcist တို့ Cruising တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကြီး William Friedkin ရိုက်ကူးထားတဲ့ ကားကောင်းတစ်ကားပဲ ဖြစ်တာကြောင့် ကားဟောင်းထဲကမှ အက်ရှင်ကားကောင်းကောင်းကို ကြည့်ချင်တယ်ဆိုရင်တော့ ဒီကားက ကြည့်သင့်တဲ့ ရုပ်ရှင်ကောင်းတစ်ကားပါ။ ရှုပ်ရှုပ်ထွေးထွေးဇာတ်လမ်း မဟုတ်ဘဲ ကြည့်ရင်းနဲ့မှ စိတ်လှုပ်ရှားရမယ့် ကားဖြစ်တာမို့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ဖို့ တိုက်တွန်းချင်ပါတယ်။ ( ဘာသာပြန်နဲ့ အညွှန်းကတော့ Khay Mar ပဲ ဖြစ်ပါတယ်) File size…1.74GB / 778MB Quality…Blu-Ray1080p / 720p Format…mp4 Duration….1h 34m Genre ..... Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Khay Mar

Drama
6.2 2003 94 mins
The Hunted
Camellia Sisters 5 - Living Like Royalty
5.5

ဒီဇာတ်ကားလေးကတော့ မတည့်အတူနေညီမ ၃ယောက်အကြောင်း ရိုက်ကူးထားတဲ့ ဟာသဆန်ဆန်ဗီယက်နမ်ရုပ်ရှင်လေးပါ ကမဲလီးယားပန်းဥယျာဥ်အိမ်ရာမှာ နေထိုင်ကြတဲ့ လိုင်မိသားစုက မိန်းမတွေက ဥယျာဥ်ထဲမှာ ကမဲလီးယားပန်းအနီပွင့်မှသာ လက်ထပ်နိုင်မယ်ဆိုတဲ့ စည်းမျဥ်းတစ်ခုရှိလေတယ်၊ အစ်မကြီးအမိရာဖြစ်တဲ့ "ဟာ" လည်း အပျိုကြီးဖြစ်သလို အစ်မလတ် "ဟုန်" နဲ့ အငယ်ဆုံး "လင့်" ပါ အပျိုကြီးတွေ ဖြစ်ကြတာပေါ့ ဒါပေမဲ့ လက်တွေ့မှာတော့ အဲ့စည်းမျဥ်းဟာ နောက်ကွယ်က လျှို့ဝှက်ချက်‌တွေကို ဖုံးဖိထားဖို့ အပေါ်ယံမျက်နှာဖုံးဆိုတာကို သိလိုက်ရတဲ့အခါ.... အတွင်းရေးပြဿနာကိုယ်စီရှိကြတဲ့ ညီအစ်မ ၃ယောက်အကြောင်းကို ဟာသနှောရိုက်ကူးပြသထားလို့ အပျင်းလည်းပြေသလို မိန်းမတွေက အချစ်ရေးဘဝမှာ အရှုံးဘက်ကသာ ဖြစ်တယ်ဆိုတာကိုလည်း ခံစားထိမိအောင် ရိုက်ပြထားလို့ ကြည့်သင့်တဲ့ကားလေးတစ်ကားပဲ ဖြစ်ပါတယ်နော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Jinzel ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 1.6GB | 948MB | 418MB Format… mp4 Duration…. 1h 55min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Jinzel Encoder ..... August

Horror
5.5 2021 115 mins
Camellia Sisters 5 - Living Like Royalty

အဂတ်တီဟာ ငြီးငွေ့ဖွယ်အလုပ်တွေပဲ နိစ္စဒူဝလုပ်နေရတဲ့ ရုံးဝန်ထမ်းအမျိုးသမီးတစ်ယောက်ဖြစ်ပြီး လက်တွေ့ကမ္ဘာထဲကလွတ်မြောက်အောင် စိတ်ကူးယဉ်မှုတွေနဲ့သာ သာယာဖို့ကြိုးစားနေသူပါ။ ဒါကြောင့် လက်တွေ့ဘဝတွင် သူ့ရည်းစားဖြစ်သူမက်ရဲ့အပြုအစုနဲ့ မတင်းတိမ်၊အသာယာနိုင် အာသာမပြေဖြစ်နေရှာပါတယ်။ ဒါကြောင့် မက်ဟာ အဂတ်တီရဲ့လိင်စိတ်သာယာမှုကို တားဆီးနေတဲ့အတားအဆီးကို ဖယ်ရှားနိုင်မဲ့နည်းလမ်းကိုရှာဖွေပြီး အားထုတ်ဖို့ကြိုးစားတာကိုရိုက်ကူးထားတဲ့ စပိန်Adult flimတစ်ခုပဲဖြစ်ပါတယ်...21+ အဆင့်မို့ ကြည့်ရှူတဲ့အခါမှာ ဘေးဘီဝဲယာလေး သတိထားစေလိုပါတယ်... File Size : (641 MB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…01:12:00 Genre : Drama , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by XXX Encoded by  YYY

Thriller
null 2014
[21+]Diet of Sex
Eastern Promises
7.4

Crime, Thriller ဇာတ်ကားတွေကို ကြည့်ရတာ နှစ်သက်တဲ့ ရုပ်ရှင်ပရိသတ်တွေအတွက် Eastern Promises ဆိုတဲ့ ဇာတ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားနာမည် Eastern Promises ထဲက promises (ကတိစကားများ) ဆိုတဲ့ စကားလုံးအတိုင်းပဲ ဒီဇာတ်ကားထဲမှာဆိုရင် လိမ်လည်လှည့်ဖျားတဲ့ ကတိတွေက လူတစ်ယောက်ရဲ့ ဘဝကို ဘယ်လောက်ထိ စုတ်ပြတ်သွားစေနိုင်လဲဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင် ရုရှားသူတစ်ယောက်ဟာ ပိုကောင်းတဲ့ဘဝကို ပိုင်ဆိုင်နိုင်ဖို့အတွက် နိုင်ငံခြားပြန် သူငယ်ချင်းရဲ့ "အလုပ်ကောင်းကောင်းရမှာ"ဆိုတဲ့ စကားကိုယုံစားပြီး လန်ဒန်ကို လိုက်လာခဲ့ပါတယ်။ တစ်နေ့မှာတော့ သူဟာ လန်ဒန်ဆေးရုံမှာ ကလေးမွေးရင်းနဲ့ သေဆုံးသွားခဲ့ရတယ်။ သူ ကလေးမွေးတာကို တာဝန်ယူပေးတဲ့ သားဖွားဆရာမက မထင်မှတ်ဘဲ ဒိုင်ယာရီစာအုပ်တစ်အုပ်ကို တွေ့သွားခဲ့ပါတယ်။ ရုရှားဘာသာစကားနဲ့ ရေးထားတဲ့ ဒိုင်ယာရီစာအုပ်ပါ။ သေဆုံးသွားသူ အမျိုးသမီးရဲ့ မိသားစု ဝင်တွေကို ဆက်သွယ်ဖို့အတွက် ဒိုင်ယာရီစာအုပ်ကို ဘာသာပြန်ဖို့ လူလိုက်ရှာပါတော့တယ်။ သားဖွားဆရာမ မထင်မှတ်ထားတာကတော့ သေဆုံးသူအမျိုးသမီးဟာ သွေးရိုးသားရိုး သေဆုံးခဲ့တာမျိုးမဟုတ်ဘဲ နောက်ကွယ်မှာ လူဆိုးဂိုဏ်းတစ်ဂိုဏ်းနဲ့ ပတ်သက်မိနေခဲ့တာပါ။ အဲဒီလူဆိုးဂိုဏ်းဟာ နာမည်ကြီး လူဆိုးဂိုဏ်းဖြစ်ပြီးတော့ ပြည့်တန်ဆာ လုပ်ငန်းနဲ့ လူကုန်ကူးတာတွေကို ဆောင်ရွက်နေတဲ့ဂိုဏ်းပါ။ အစိုးရဘက်က အသည်းသန် လိုက်ဖမ်းနေတဲ့ဂိုဏ်းဆိုလည်း မမှားပါဘူး။ သေဆုံးသူအမျိုးသမီးဟာ အဲဒီဂိုဏ်းနဲ့ ဘယ်လိုပတ်သက်မိခဲ့တာလဲ၊ သားဖွားဆရာမအနေနဲ့ကရော အဖြစ်မှန်ကို ဖော်ထုတ်သွားနိုင်မလား၊ ဘယ်လိုအန္တရာယ်တွေ ကြုံတွေ့ရမလဲဆိုတာကိုတော့ Eastern Promises ဇာတ်ကားထဲမှာ ကြည့်ရှုလိုက်ကြပါ။ File size…1.20GB / 485MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 41m Genre ..... Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Elizabeth Khant

Comedy • Drama • Romance
7.4 2007 101 mins
Eastern Promises
The Last Boy Scout
6.8

ကျွန်တော်တို့ရဲ့ Die Hard မင်းသားကြီး ဘရုစ်ဝီလီရဲ့ 90 ခုနှစ်က ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်.ဂျိုးဟယ်လမ်ဘက်ခ်ဟာ အကောင်ကြီးကြီး တစ်ပွေနဲ့ ပြဿနာဖြစ်ပြီးလျို့ဝှက်စုံစမ်းရေးအဖွဲ့ကနေ ရာထူးချခံခဲ့ရပြီး အလွတ်စုံထောက် လုပ်နေခဲ့သူ ဖြစ်ပါတယ်. တစ်ရက် အိမ်ပြန်လာချိန်မှာတော့.သူ့အချစ်ဆုံးသူငယ်ချင်းက သူ့မိန်းမ နဲ့ တကူကူးနေတာကို မိသွားခဲ့ပြီးသူ့အတွက် ကမ္ဘာကြီးပျက်သလို ခံစားနေရပေမယ့်. ပြောထွက်ခဲ့တဲ့ စကားလုံးတွေကဟာသဆန်နေခဲ့သလို သူ့သူငယ်ချင်း မိုက်အပေါ် လက်သီးတစ်ချက်နဲ့သာ တုံ့ပြန်ခဲ့သော်လည်းကံကြမ္မာက မျက်နှာသာမပေးခဲ့လို့ မိုက်တစ်ယောက် ကားဗုံးကွဲပြီး သေသွားခဲ့ပါတယ်သွားလေသူ မိုက် ရဲ့စောင့်ကြည့်ရေးအလုပ်ကို လကပြောင်းလွှဲယူခဲ့ကာသူ စောင့်ကြည့်ပေးနေတဲ့ မိန်းကလေး ကိုရီပါ အသတ်ခံရတဲ့အချိန်မှာတော့ဒီကိစ္စက သာမန်ကိစ္စမဟုတ်ဘဲ နောက်ကွယ်က အာဏာရှိတဲ့အဖွဲ့အစည်းတစ်ခုရဲ့လက်ချက်မှန်းသဘောပေါက် သွားခဲ့ပါတယ် ကိုရီသေဆုံးမှုကို သူ့ရဲ့ရည်းစား ဘောလုံးကစားသမားဟောင်း ဂျင်မီဒစ်ဇ် နဲ့ပူးပေါင်းပြီး ထောက်လှမ်းဖော်ထုတ်ပုံများကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်. File size…2.5GB / 824.2MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 45m Genre ..... Action , Crime , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Sai Sumali

Comedy • Drama • Romance
6.8 1991 105 mins
The Last Boy Scout
Fist Fight
6.1

၁၉၈၇ တုန်းကထွက်ရှိခဲ့တဲ့ Three O’Clock High ဆိုတဲ့ လူငယ်ဟာသဇာတ်ကားကို မှီ ငြမ်းပြီး ဆန်းသစ်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အန်ဒီကန့်ဘဲလ်ဟာ အနေ အေးတဲ့ အထက်တန်းကျောင်း အင်္ဂလိပ်ဆရာတစ်ယောက်ဖြစ် ပြီး စီနီယာလုပ်ဖော်ကိုင်ဖက်တွေ ရဲ့ နောက်ပြောင်ကျီစယ်မှုတွေ၊ ဒုက္ခပေးမှုတွေကြားမှာ လိုက် လျောညီထွေဖြစ်အောင် ကြိုးစား နေထိုင်သူ တစ်ယောက်ဖြစ်ပါ တယ်။ အန်ဒီ အဲဒီလိုနေနေတဲ့ ကြားက တစ်ရက်မှာတော့ အခြေ အနေတွေက အဆိုးဘက်ကို ရောက်သွား ခဲ့ပါတယ်။ ဘာ ကြောင့်လဲဆိုရင် အန်ဒီကြောက် ရတဲ့ခပ်ဆိုးဆိုးဆရာတစ်ယောက် ကို အလုပ်ပြုတ်အောင် လုပ်မိသ လိုဖြစ်ခဲ့လို့ပဲဖြစ်ပါတယ်။ အဲဒီ ခပ်ဆိုးဆိုးပုဂ္ဂိုလ် ရွန်စထရစ်လန်း ဟာ ရှေးရိုးဆန်တဲ့ အလေ့အထ တွေကိုစွန့်လွှတ်ဖို့အတွက် အန်ဒီ ကိုကျောင်းပြီးချိန်မှာ မကျေပွဲဆင် နွှဲဖို့ စိန်ခေါ်ခဲ့ပါတယ်။ ဆရာနှစ်ယောက်ရဲ့ တိုက်ပွဲ ဟာ ကျောင်းသားတွေကြားမှာ ရော အွန်လိုင်းမှာပါ ပျံ့နှံ့သွားခဲ့ ပြီး လူစိတ်ဝင်စားစရာအကြောင်း အရာတစ်ခုဖြစ်ခဲ့ပါတော့တယ်။ နဂိုကတည်းက ကြောက်လည်း ကြောက်တတ်၊ အေးလည်းအေး တဲ့ အန်ဒီအဖို့ ဒီလိုစိန်ခေါ်မှုကြီး က အရမ်းထိတ်လန့်စရာတစ်ခု လည်းဖြစ်ပါတယ်။ အဲဒါနဲ့ အန်ဒီ ဟာ ဘယ်လိုတုံ့ပြန်တိုက်ခိုက်ရ မယ်ဆိုတာကို အခြားဆရာ၊ဆရာ မတွေဆီက အကြံတောင်းပြီး တိုက်ခိုက်ဖို့ ပြင်ဆင်ခဲ့ပါတော့ တယ်။ ဒီကြားထဲမှာလည်း ရွန်စထ ရစ်လန်းရဲ့ ပြဿနာရှာမှုတွေ ကြောင့် အန်ဒီဒုက္ခရောက်ခဲ့ပြီး နောက်ဆုံးစိန်ခေါ်တဲ့နေ့မှာ ထိပ် တိုက်ရင်ဆိုင်မှာလား။ ဘာတွေ ဆက်ဖြစ်ကြမလဲ ဆိုတာတော့ ရယ်ရင်းမောရင်း ကိုယ်တိုင်သာ ဆက်ကြည့်လိုက်တော့နော်။ ရုပ် ရှင်ဝေဖန်သူတွေကတော့ စကား လုံးကြမ်းကြမ်းတွေသုံးထားလို့၊ ဆရာတွေက ဆယ်ကျော်သက် တွေလို ပြုမူလို့စသဖြင့် ဝေဖန် ထားမှုတွေတော့ ရှိထားပါတယ်။ ဒီဇာတ်ကားမှာ အန်ဒီကန့် ဘဲလ်အဖြစ် ချာလီဒေး၊ ရွန်စထ ရစ်လန်းအဖြစ် အိုက်စ်ကျူဘ်၊ မစ္စမိုနက်အဖြစ် ခရစ္စတီးနား ဟန် ဒရစ်စတဲ့ သရုပ်ဆောင်တွေပါဝင် ထားကြပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ (http://www.7daydaily.com) မှကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်သူကတော့ Khin Pyae Sone Kyaw ပဲဖြစ်ပါတယ်) File Size : (680 MB) and (350 MB) Quality : Bluray 720p Running Time : 1hr 31minutes Format : Mp4 Genre : Comedy  Translated By Khin Pyae Sone Kyaw Encode By Thanhtike Zaw

Crime • Drama • Mystery
6.1 2017 91 mins
Fist Fight
Great Yarmouth – Provisional Figures
6.9

Great Yarmouth: Provisional Figures (2022) =============================== IMDb Rating – 6.9/10 ဒီဇာတ်ကားလေးကတော့ ၂၀၂၂ ခုနှစ်ကထွက်ခဲ့ပြီး ဒါရိုက်တာ Marco Martins ရိုက်ကူးခဲ့တဲ့ဇာတ်ကာင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ Brexit အရေးမတိုင်ခင် ၂၀၁၉ ခုနှစ် အောက်တိုဘာမှာ UK ရဲ့ Norfolk စီရင်စု Great Yarmouth မြို့ထဲကို ပေါ်တူဂီရွှေ့ပြောင်းအလုပ်သမားတွေအများကြီး၀င်လာ ကြပါတယ်။ အဲဒီအလုပ်သမားတွေက ကြက်ဆင်စက်ရုံတွေမှာ အလုပ်ရှာကြပါတယ်။ ပေါ်တူဂီအလုပ်သမားတွေရဲ့ ဆရာမကြီးဖြစ်တဲ့ Tânia ကတော့အရင် ကအဲဒီ ကြက်ဆင်မွေးမြူထုတ်လုပ်တဲ့စက်ရုံတွေမှာအလုပ်လုပ်ခဲ့ဖူးသူ ဖြစ်ပြီး ဟိုတယ်ပိုင်ရှင် အင်္ဂလိပ်လူမျိုးကိုလက်ထပ်ထားသူပါ။ သူ(မ)က ဗြိတိန်နိုင်ငံသားဖြစ်ဖို့နဲ့ သူ(မ)ယောက်ျားရဲ့ ပျက်စီးစုတ်ပြတ်နေတဲ့ ဟိုတယ်‌ တွေကိုလည်း ပြန်လည်မွမ်းမံပြီး senior citizens home ‌တည်ဆောက်ဖို့ အိမ်မက်ရှိသူပါ။ ဒီဇာတ်ကားလေးမှာဆိုရင် ပေါ်တူဂီအလုပ်သမားတွေရဲ့ဘ၀တွေ၊ သူတို့လုပ် နေရတဲ့ စိတ်ပျက်စရာအလုပ်တွေနဲ့ လူတွေရဲ့စိတ်ဓာတ်ယုတ်ညံ့ပုံတွေကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Kat ဖြစ်ပါတယ်) File Size……….(1.84 GB) / (678 MB) / (448 MB) Quality…………WEB-DL 1080p / 720p / 480p Duration………1Hr 53Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Theo Kat Encoder……….SWM

Family • Fantasy
6.9 2022
Great Yarmouth – Provisional Figures
The Forbidden Kingdom
6.5

ဟောလိဝုဒ်က အာရှအက်ရှင်ဖိုက်တင်ခန်း | The Forbidden Kingdom (2008) Bruce Lee မရှိတော့တဲ့နောက်ပိုင်းမှာ တရုတ်အက်ရှင်လောကမှာ ဟောလိဝုဒ်ကိုတက်သွားနိုင်တဲ့ သရုပ်ဆောင်တွေက တော်တော်လေးကျသွားတယ်လို့ပြောရမယ်။ ဂျက်ကီချန်း၊ ဂျက်လီ၊ ဒွန်နီယန်း၊ မီရှဲယို တို့အပြင် ဒန်နီရယ်ဝူတို့လည်း ဟောလိဝုဒ်အထိတက်လာနိုင်တယ်ပြောရမှာပဲ။ သိုင်းရုပ်ရှင်တွေကြိုက်တဲ့ပရိသတ်တိုင်းရဲ့အိပ်မက်တစ်ခုက နာမည်ကြီးတဲ့ အက်ရှင်မင်းသားတွေ ဘတစ်ပြန်ကျားတစ်ပြန်၊ သူသေကိုယ်သေအကြိတ်အနယ်ထိုးကြကြိတ်ကြတာကို အရသာရှိရှိကြည့်ရှုချင်ကြတာပါပဲ။ တရုတ်ရုပ်ရှင်လောကမှာတော့ ကျန်းရိမုံကြီးက Hero မှာ လျန်ကျီးဝေ၊ ဂျက်လီ၊ ဒွန်နီယန်းတို့ကိုဆုံပေးပြီး ဖိုက်တင်ချခိုင်းသလို တခြားတခြားတရုတ်အက်ရှင်တွေမှာလည်း နာမည်ကြီးတဲ့ခေါင်းကြီးပိုင်းမင်းသားတွေကို ခဏခဏသူသေကိုယ်သေဖိုက်ခိုင်းတာတွေရှိခဲ့တယ်။ နာမည်ကျော် Journey to the West ဝတ္ထုကို တရုတ်ကရော၊ ဟောလိဝုဒ်ကပါ ဗားရှင်းပေါင်းစုံနဲ့ ရိုက်ကူးဖန်တီးခဲ့သလို မျိုးစုံသောရသတွေနဲ့ ဖန်တီးမှုတွေကို ပရိသတ်တွေကြည့်ရှုခဲ့ရတယ်။ အထူးသဖြင့် Disney ရဲ့ American Born Chinese ဆိုတာကတော့ Journey to the west ကိုမှ post-journey ကို ကောင်းကောင်းပြသနိုင်ခဲ့တဲ့ series တစ်ခုလို့ပြောရမယ်။ တရုတ်ဗားရှင်းတွေထဲမှာ ဝူခုန်းကို ရှုထောင့်ပေါင်းစုံကနေပြခဲ့သလို Stephen Chow ကြီးရဲ့ Journey to the West ဗားရှင်းကလည်း ပုံမှန်မြင်နေကျဝူခုန်းတွေကနေကွဲထွက်ပြီး ကြည့်လို့ကောင်းခဲ့တာပါပဲ။ ဒါပေမယ့် ဟောလိဝုဒ်ရဲ့ဝူခုန်းဗားရှင်းသစ်တစ်ခုကတော့ တော်တော်သဘောကျဖို့ကောင်းတယ်လို့ပြောရမယ်။ ဘာလို့ဆို ဝူခုန်းကို ဟောလိဝုဒ်ရဲ့ဆန်းသစ်မှုပုံစံနဲ့ ဇာတ်လမ်းတည်ဆောက်ထားတဲ့အပြင် ဟောင်ကောင်အက်ရှင်သရုပ်ဆောင်ရဲ့ထိပ်သီးနှစ်ယောက်ကိုပါထည့်သုံးထားပြီး ဆွဲဆောင်ထားနိုင်ခဲ့လို့ပါပဲ။ ဘယ်ရုပ်ရှင်ကိုပြောတာလဲဆိုတော့ ၂၀၀၈ က ထွက်ခဲ့တဲ့ The Forbidden Kingdom ကို ပြောတာပါ။ Jackie Chan ကိုရော၊ Jet Li ကိုပါ ထည့်သုံးထားပြီး သူတို့နှစ်ယောက်ရဲ့ဖိုက်တင်ခန်းကို ကောင်းကောင်းကြီးပြထားလို့ပါပဲ။ ၂၀၀၃ က ထွက်ခဲ့တဲ့ Shanghai Knights က Jackie Chan နဲ့ Donnie Yen ရဲ့ ဖိုက်တင်ခန်းအပြီးမှာ တကယ့်ထိပ်သီးအက်ရှင်မင်းသားကြီးနှစ်ယောက် အသေအကြေတိုက်ကြခိုက်ကြတာကို အားရပါးရကြည့်ခွင့်ရလိုက်တာပါ။ The Forbidden Kingdom ရဲ့ ဝူခုန်းဗားရှင်းက ထန်စမ်း၊ ပါကျဲ၊ ဝူကျင့်တို့မပါပါဘူး။ ဝူခုန်းတစ်ယောက်တည်းနဲ့ ဇာတ်လမ်းကိုစခဲ့တာပါ။ ထုံးစံအတိုင်း ဝူခုန်းကကောင်းကင်ဘုံနဲ့ပြဿနာဖြစ်တယ်။ ဒါပေမယ့် ကောင်းကင်ဘုံရဲ့ဘုရင် ကျောက်စိမ်းဧကရာဇ်က ဝူခုန်းကိုဒီတိုင်းလွှတ်ထားပေးဖို့ပဲလုပ်လိုက်တယ်။ ကျောက်စိမ်းဧကရာဇ်က နှစ်ငါးရာတရားထိုင်သွားတဲ့အချိန်မှာ သူ့လက်ထောက် ကျောက်စိမ်းစစ်သူကြီးကို အရိုက်အရာခဏလွှဲပေးခဲ့တယ်။ အဲအချိန်မှာ ဝူခုန်းကို ကျောက်စိမ်းစစ်သူကြီးက by 1 စိန်ခေါ်တယ်။ ဝူခုန်းရှုံးပြီးကျောက်တုံးဖြစ်သွားတယ်။ အဲဒီအချိန်မှာ ဝူခုန်းရဲ့တုတ်က လူ့ပြည်ကိုရောက်လာပြီး တိမ်မြုပ်ပျောက်ကွယ်နေတယ်ဆိုပါစို့။……….. ဂျက်ကီချန်းနဲ့ ဂျက်လီတို့ဖိုက်ကြတဲ့အခန်းက တော်တော်လေးရက်စက်သလို ကြည့်ရတာလဲရင်ခုန်ဖို့ကောင်းတယ်။ ဂျက်ကီချန်းရဲ့သိုင်းကွက်တွေက အလှုပ်သဘောနဲ့ထိလိုက်တာနဲ့သေကွက်သေကွင်းကိုတိုက်ခိုက်နိုင်သလို ဂျက်လီကလည်း အရင်ကရုပ်ရှင်တွေလိုပဲ အမာခံတိုက်ခိုက်မှုနဲ့ရန်သူကိုအနိုင်ယူနိုင်တယ်။ သဘောအကျမိဆုံးအချက်က ဘယ်သူကဘယ်သူ့ကိုနိုင်သွားတယ်ဆိုတာမျိုးမပြပဲ နှစ်ဖက်စလုံး သရေပြသွားတဲ့အချက်ပါပဲ။ ပြောရရင် ဒါကလည်း လေးစားမှုတစ်ရပ်ပေါ့။ ထိုက်ကျိချွမ်ပုံစံမျိုးတွေလည်းသုံးသွားသလို ဓားခုတ်ကောင်၊ ကျား စတဲ့ မျိုးစုံသောကွန်ဖူးဟန်တွေအပြင် နာမည်ကျော်အရက်မူးသိုင်းတွေကိုလည်း ချပြခဲ့တာပါ။ ဘုရားကျောင်းတစ်ခုနောက်ခံထားပြီး အာရှအက်ရှင်မင်းသားနှစ်ယောက်ရဲ့ သူသေကိုယ်သေဖိုက်တင်ခန်းကို ဟောလိဝုဒ် shot တွေနဲ့ ကြည့်ခွင့်ရတာ တော်တော်အရသာရှိခဲ့တာပါ။ The Forbidden Kingdom ကို ပြောရရင် Liu Yifei, Li Bingbing နဲ့ Collin Chou ကိုပါ ထည့်ပြောရမှာပါ။ Collin Chou ကလည်း တော်ရုံသောက်ပေါမင်းသားမှမဟုတ်တာ။ ဒီဘဲကလည်း The Forbidden Kingdom မှာ ဇာတ်ကိုကောင်းကောင်းကြီး carry နိုင်ခဲ့တယ်။ သရုပ်ဆောင်ချက်တွေကလည်း ဗီလိန်တစ်ယောက်ရဲ့ဟန်ပန်ကိုပီပြင်စေခဲ့တယ်။ The Forbidden Kingdom ရဲ့ ဇာတ်လမ်းတည်ဆောက်ပုံကလည်း mystery သမားတွေအတွက်၊ conspiracy သီအိုရီတွေထုတ်ရတာကိုကြိုက်တဲ့လူတွေအတွက် ပုစ္ဆာအများကြီးပေးနိုင်တယ်။ ဥပမာ Jason ကြုံခဲ့ရတာ တကယ်ဖြစ်ခဲ့တာလား၊ အိပ်မက်တစ်ခုလား။ ဝူခုန်းရဲ့လက်နက်က portal တစ်ခုကိုဖွင့်ပေးနိုင်ခဲ့လား။……….. အနှစ်ချုပ်ရရင်တော့ အရှေ့တိုင်းရိုးရာပုံပြင်တစ်ပုဒ်ကို ဥရောပဒဏ္ဍာရီတွေနဲ့ရောသုံးပြီး အင်္ဂလိပ်ဘာသာစကားနဲ့ ရိုက်ကူးထားတဲ့ ဒီဟောလိဝုဒ်ရုပ်ရှင်က အာရှအက်ရှင်မင်းသားတွေရဲ့ဖိုက်တင်ခန်းကတော့ စာတင်လောက်စရာကောင်းအောင်ခမ်းနားတာပါပဲ။ Sub-Zero ရေးသည်။ ( ရုပ်ရှင်အညွှန်းကို Myanmar Varient Entertainment မှကူးယူဖော်ပြပါသည်။)

Horror • Thriller • Drama
6.5 2008
The Forbidden Kingdom
[18+] Lan Kwai Fong

Lan Kwai Fong (2011) Lan Kwai Fong ဆိုတာ ဟောင်ကောင်ရဲ့ ကလပ်တွေ၊ ဘားတွေ၊ စားသောက်ဆိုင်တွေစသဖြင့် နာမည်အကြီးဆုံး nightlife hot spots တစ်ခုဖြစ်ပါတယ်။ အဲ့ဒီဝန်းကျင်တစ်လျှောက်မှာ ကျင်လည်ကျက်စားနေကြတဲ့သူတွေကလည်း လူပေါင်းစုံ အလွှာပေါင်းစုံ ဘဝပေါင်းစုံပါပဲ။ ဘီလျံနာသူဌေးကြီးတွေကနေ ညငှက်မလေးတွေအထိ နိစ္စဒူ၀ ဖြတ်သန်းနေတဲ့နေရာတစ်ခုမှာ ဇာတ်လမ်းတွေပေါင်းစုံရှိကြမှာလည်းအမှန်ပါပဲ။ Lan Kwai Fone Triology ဟာ အဲ့ဒီဘဝတွေအပေါ်မှာပဲအခြေခံပါတယ်။ ဇာတ်လမ်းနဲ့ထပ်တူကျအောင် တကယ့်ကိုငယ်ရွယ်တဲ့ သရုပ်ဆောင်တွေကိုပဲ ရွေးချယ်ထားတာဖြစ်တဲ့အတွက် ဟောင်ကောင်ရဲ့နာမည်ကြီး nightlife ဒေသတစ်ခုအကြောင်းကိုဘေးက ထိုင်ကြည့်နေသလို ကွက်ကွက်ကွင်းကွင်းမြင်ရမယ့်၊ ဘဝစုံ အလွှာစုံရဲ့ဇာတ်လမ်းအဖုံဖုံကိုလည်း မြည်းစမ်းထိတွေ့ရမယ့် ဇာတ်ကားဖြစ်ပါတယ်။ Lan Kwai Fong ဇာတ်ကား ၃ ကားရှိပြီး အားလုံးကို ဒီမှာ https://channelmyanmar.to/?s=lan+kwai+fong ကြည့်ပါ။

0 2011
[18+] Lan Kwai Fong
All of Us Strangers
8

All of Us Strangers (2023) ~ IMDb – 8/10, RT – 96%, Meta – 90% ~ ဂျပန်စာရေးဆရာ Taichi Yamada ရဲ့ ၁၉၈၇မှာထွက်ခဲ့တဲ့ Strangers ဆိုတဲ့ စာအုပ်ကို ပြန်ရိုက်ထားတာပါ။ ရိုက်တဲ့ ဒါရိုက်တာ Andrew Haigh က ရိုက်သမျှကားတိုင်း မှတ်ချက်တွေကောင်းသလို LGBTQ+ ကားတွေပဲ အရိုက်များတဲ့ ဒါရိုက်တာပါ။ Sherlock စီးရီးထဲ မိုရီယာတီအနေနဲ့ လူသိများခဲ့တဲ့ Andrew Scott နဲ့ Normal People နဲ့ လူသိများသလို Aftersun နဲ့ မနှစ်က အော်စကာဆန်ခါတင်ဝင်ပြီး နာမည်လည်း တော်တော်ရလာတဲ့အပြင် ဒီနှစ်လည်း ဒီကားမတိုင်ခင် Foe ထွက်ထားသေးတဲ့ Paul Mescal တို့ အဓိကသရုပ်ဆောင်ထားတယ်။ ဒီရုပ်ရှင်က Queer ကားဆိုပေမဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးထက် အင်ဒရူးစကော့ရဲ့ဇာတ်ကောင် အဒမ်ရဲ့ ထရော်မာကိုပဲ အဓိကထားတင်ဆက်ထားတယ်။ မကြည့်ခင်ကတော့ ဂေးရိုမန့်ကားသက်သက်ထင်ခဲ့ပေမဲ့ အထင်နဲ့အမြင် တက်တက်စင်အောင်လွဲတယ် ပြောရမှာပဲ။ ရွှေကမ္ဘာလုံးမှာတော့ အင်ဒရူးစကော့က သရုပ်ဆောင်ဆု ဆန်ခါတင်ဝင်ခဲ့ပေမဲ့ အော်စကာတော့ ဆန်ခါတင် တစ်ခုမှမဝင်ခဲ့ဘူး။ ဒါပေမဲ့လည်း တချို့ကတော့ လီယိုတို့ ဘယ်ရီတို့ထက် အင်ဒရူးစကော့ ဆန်ခါတင်မဝင်တာက အော်စကာရဲ့ Biggest Snub လို့ ပြောကြတယ်။ အဒမ်နဲ့ ဟယ်ရီဆိုတဲ့ Queer နှစ်ယောက်က လူသူသိပ်မနေသေးတဲ့ နေရာတစ်ခုမှာ အခြေချကြရင်း သူတို့ချင်း ချစ်မိသွားကြတယ်။ သူတို့ရဲ့ အချစ်ဇာတ်ကို အဖြစ်လောက်သာထည့်ထားပြီး အဒမ်ရဲ့မိဘတွေအိမ်ကို အဒမ်သွားတဲ့အကြောင်းတွေ… သူ့ Homosexual ဖြစ်တည်မှုကို သူ့ကိုယ်သူနဲ့ သူ့မိဘတွေ သူ့ဘေးကလူတွေ လက်ခံခြင်း မခံခြင်းအကြောင်းတွေဆီကို ဦးတည်ထားတယ်။ တစ်ခုရှိတာက ဒီကားက ရိုမန့်သက်သက်မဟုတ်ဘဲ Fantasy ပါပါတော့ အရှိတရားကနေ ကင်းလွတ်နေတဲ့ Fantasy ဆန်ဆန်အရာတွေကိုလည်း မြင်ရလိမ့်မယ်။ ဒါပေမဲ့ ဒီကားရဲ့ Genre ကို Fantasy Romance လို့တော့ လက်ခံဖို့ခက်တယ်။ All of Us Strangers ဟာ လူတစ်ယောက်ရဲ့ ထရော်မာတွေအကြောင်းကို သရုပ်ဆောင်‌ကောင်းကောင်း ဇာတ်လမ်းကောင်းကောင်းနဲ့ တင်ဆက်ထားတဲ့‌ ရုပ်ရှင်ပါပဲ။ မဆန်းတော့တဲ့ဇာတ်ကို ဆန်းတဲ့တင်ဆက်ပုံနဲ့ တင်ဆက်ထားတယ်လို့ ပြောရပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.25GB, 585MB Quality – 1080p, 720p IMDb Rating – 8/10 Format – mp4 Duration – 1H 45Min Genre – Drama, Fantasy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

8 2023
All of Us Strangers
The Prince, The Witch, and The Mermaid
5.5

The Prince, The Witch, and The Mermaid (2002) အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးဆိုတဲ့ ရာဇဝင်ထဲကချစ်ရှုံးသမားဆို ကျွန်တော် ပထမဆုံးပြေးမြင်မိတာ ရာမဇာတ်ထဲက ဒဿဂီရိ ဒုတိယလိုက်တာကတော့ ပဒကုသလဇာတ်တော်ထဲက ဘီလူးမပေါ့။ ရာမ သီတာ ဒဿကတော့ လူတိုင်းကြားဖူး ရုပ်ရှင်တွေကြည့်ဖူးမှာဖြစ်လို့ စီအမ်ပရိသတ်‌တို့အတွက် သိပ်မရင်းနှီးလောက်မယ့် ပဒကုသလဇာတ်နဲ့ ခပ်ဆင်ဆင်တူတဲ့ ကြမ်းတမ်းတဲ့ဘီလူးမှာလည်း ချစ်တတ်တဲ့နူးနူးညံ့ညံ့နှလုံးသားနဲ့ပါဆိုတဲ့ ထိုင်းကားအ‌ဟောင်းလေးကို တင်ဆက်ပေးလိုက်ပါပြီ။ နက်ရှိုင်းတဲ့ပင်လယ်ပြင်ကြီးရဲ့ ဝေးလံတဲ့ကျွန်းတစ်ကျွန်းပေါ်က ကျောက်ဂူကြီးထဲမှာ ဘီလူးမတစ်ကောင် နေထိုင်ပါတယ်။ ဘီလူးမဟာ အတော်လေးဆိုးသွမ်းတာကြောင့် တခြားရေနေသတ္တဝါတွေအပြင် ဒီရေပိုင်နက်တစ်ဝိုက်မှာ ကျက်စားတဲ့ ရေသူမတွေပါ ကြောက်ကြရတဲ့သူပေါ့။ ဒါပေမဲ့ လူသူမမြင်ကွယ်ရာအရပ်မှာ နေရတဲ့ဘီလူးမဟာလည်း တစ်ကိုယ်တည်းအထီးကျန်နေသူပေါ့။ ဒီလိုနဲ့တစ်နေ့ ရက်တနာတိုင်းရဲ့မင်းသား အာဖိုင်မာနီရဲ့ ညှို့ငင်နိုင်စွမ်းအပြည့်နဲ့ပုလွေသံကိုကြားလို့လာအကြည့်မှာ ချောမောတဲ့မင်းသားကို တပ်မက်သွားတဲ့ဘီလူးမဟာ အာဖိုင်မာနီကိုပြန်ပေးဆွဲလို့ လူယောင်ဖန်ဆင်းပြီးတော့ အကြင်လင်မယားအဖြစ်ပေါင်းသင်းနေထိုင်လိုက်တာ သားလေးတစ်ယောက်ရတဲ့အထိပါပဲ။ ဒါပေမဲ့ လူသားပီပီ လူသားတွေနဲ့ပဲနေချင်တဲ့ အာဖိုင်မာနီတို့သားအဖက အမြဲထွက်ပြေးဖို့ကြံစည်နေပေမယ့် မအောင်မြင်တာကြောင့် ရေသူမတွေရဲ့အကူအညီနဲ့ ဘီလူးမလက်ကလွတ်အောင်ကြံတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ရှုစားကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre….. Fantasy, Romance, Action Quality…. 1080p | 720p File size… 2.1GB | 1.1GB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. Aaron

5.5 2002
The Prince, The Witch, and The Mermaid
Hindi Medium
8

Hindi Medium (2017) IMDb Rating (7.8 )/ Rotten Tomatoes (83%) “မိဘတိုင်းက သူတို့ သားသမီးတွေကို ကိုယ်ရည်ကိုယ်သွေး တောက်ပြောင် စေချင်တယ်။” “အထူးသဖြင့် သူတို့ထက်ပိုသာစေချင်ကြတယ်။” ***************************************** Bollywood မှာ ဒိတ်ဒိတ်ကြဲ မင်းသားတွေ အများကြီး ရှိတဲ့ ကြားကနေ Irrfan Khan က မတူကွဲပြားတဲ့ပုံစံနဲ့ နာမည်ကြီးအောင်မြင်တဲ့မင်းသားတစ်လက်ပါပဲ။ Bollywood တင်မက Hollywood ထိအောင်မြင်တဲ့ မင်းသားတစ်ယောက်။ အထူးသဖြင့် The Lunchbox (2013) မှာလည်း ပရိတ်သတ် အကြိုက်တွေ့ခဲ့ပါတယ်။ ဒီရုပ်ရှင်ကားမှာလဲ လိုက်ဖက်တဲ့ဇာတ်ကောင်အဖြစ် မြင်တွေ့ကြရမှာပါ။ Hindi Medium ဆိုတော့ မြန်မာလိုဆိုရင် ဟန္ဒီလူလတ်တန်းစားပေါ့ ဟုတ်ပါတယ် ကိုယ်တိုင် ပညာရေးမှာ မထူးချွန်ခဲ့တော့ ကိုယ်တွေလို သမီးလေးကို ပညာရေးမှာ မထူးချွန်မှာ စိုးရိမ်လွန်နေတဲ့ ရာဂျ် ဘတ်တရာ နှင့် မီတား ဘတ်တရာ တို့ဟာ သူတို့ သမီး ပညာရေး အတွက် ဘက်ပေါင်းစုံကြိုးစားခဲ့ပါတယ်။ ဒေလီမြို့ရဲ့ ထိပ်တန်းကျောင်းတွေမှာ ကျောင်းအပ်ခွင့်ရဖို့ နေရပ်ကနေ လူ့အထက်တန်းစားတွေကြားထဲကို ပြောင်းရွှေ့နေထိုင်ကြတယ်။ လူလတ်တန်းစား နဲ့ အထက်တန်းစား ကြားက ကွာဟမှုကို အံဝင်ခွင်ကျအောင် ကလေးပညာရေးအတွက် အမျိုးမျိုးကြိုးစားခဲ့ကြတယ်။ ကိုယ်တိုင်ပညာအရည်အချင်းနည်းပါးတော့ ကလေးအတွက် ကျောင်းတွေမှာ ကျောင်းအပ်ခွင့် မရခဲ့ပါဘူး။ ဒီတော့ ကျောင်းတိုင်းမှာ ဆင်းရဲသားတွေ အတွက် ကြိုတင်ချန်ထားတဲ့ RTE စနစ်နဲ့ ကျောင်းအပ်ခွင့်ရဖို့ ထပ်ကြိုးစားပါတော့တယ်။ လူကုံတန်တွေကြားထဲမှာ အသားမကျတဲ့ ရာဂျ်တို့ဟာ လူ့ဆင်းရဲ ရပ်ကွက်မှာ ဆင်းရဲသားပုံစံ ဟန်ဆောင်ပြီးနေခဲ့ပါတယ်။ အခြေခံ လူတန်းစား နှင့် လူလတ်တန်းစား လူလတ်တန်းစား နှင့် အထက်တန်းစားကြားက ကွာဟမှုတွေကို ဒီဇာတ်လမ်းမှာ ဒါရိုက်တာက သေသေချာချာ ရိုက်ပြထားပါတယ်။ ဇာတ်ဝင်ခန်း တစ်ခန်းချင်းစီကို စကားလုံးနဲ့ ထည့်မပြောသွားပဲ လက်တွေ့ပြသွားတာတွေက ပီပြင်လှတယ်။ ရိုးရိုးရှင်းရှင်းလေးနဲ့ ဟာသ နှင့် ဒရာမာကို ကောင်းကောင်းကြီး တင်ဆက်ထားပါတယ်။ ဇာတ်လမ်းက ကောင်းလွန်းလို့ ထပ်မညွှန်းချင်တော့ပါဘူး လက်အလွတ်မခံပဲ ကြည့်လိုက်ပါတော့။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Zaw Htoo မှ တင်ဆက်ထားပါတယ်။)

Adventure • Thriller • Horror
8 2017
Hindi Medium
A Room of My Own
6.2

ဒီဇာတ်ကားလေးကတော့ ကိုဗစ်ကာလက ဇာတ်လမ်းတစ်ပိုဒ်ဖြစ်ပါတယ် တီနာဆိုတဲ့ကောင်မလေးတစ်ယောက်က သူ့ချစ်သူနဲ့အနေဝေးနေတော့တစ်ယောက်ထဲ မြို့ကိုတက်လာကာ အခန်းငှားနေထိုင်ခဲ့ပါတယ် အခန်းကလည်း နှစ်ယောက်အခုနေရတာဖြစ်တာကြောင့် အဆင်မပြေတာဘာညာတွေဖြစ်ခဲ့ပါတယ် တီနာချစ်သူကကောင်လေးကလည်း အမြဲအလုပ်များနေတဲ့သူကပါ သူမတော့ သူနဲ့အတူတတ်နိုင်သမျှအတူနေချင်တာပေါ့ သို့ပေမဲ့ကောင်လေးကလည်း အလုပ်များနေတယ်လို့ပဲအကြောင်းချက်တွေပဲပေးနေပါတယ် တနေ့တော့သူကောင်လေးပြန်ရောက်လာတော့ သူတို့အတူနေဖို့အဆင်မပြေခဲ့ပါဘူး အဲ့တော့အခန်းကိုပဲပြန်လာရင်းနဲ့ သူ့အခန်းဖော် မက်ဂီနဲ့အတူပြန်နေရင်း သံယောဇဥ်တွေ တဖြည်းဖြည်းညှိတွယ်လာပါတယ် ဒီဇာတ်ကားလေးက lesbianဇာတ်ကားပုံစံပေါက်ပေမဲ့ တီနာဆိုတဲ့ကောင်မလေးအကြောင်းကို ရိုက်ပြထားတာဖြစ်ပါတယ် ဒါမဲ့ဇာတ်လမ်းကအဲ့လောက်မရိုးရှင်းပါဘူး တီနာ့နောက်ကြောင်းကဘာလဲ သူ့ချစ်သူနဲ့အတူနေဖို့ဘာလို့အဆင်မပြေရတာလဲ လူ့ဘဝအကြောင်းကိုသေချာရိုက်ပြထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ် File size…(1.3 GB)/(630 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:47:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Phoo Myat Thwe

6.2 2022
A Room of My Own
Karnika

Karnika 2024 ကာနီကာ တက်ကြွတဲ့အမ်မူဆိုတဲ့ စာရေးဆရာမလေးဟာ တစ်နေ့မှာ အကြောင်းအရင်းမသိရဘဲ စကားနည်းပြီး အခန်းအောင်းနေတတ်တဲ့ မိန်းကလေးဖြစ်သွားပါတယ်။ အဲဒီလိုငြိမ်သွားတဲ့ အမ်မူတစ်ယောက် ပြန်ပြီးတော့ တက်ကြွလာအောင်လုပ်လိုက်တာကတော့ သူ့အိပ်မက်ထဲမှာ ထပ်တလဲလဲပေါ်လာတဲ့ ကာနီကာဆိုတဲ့မိန်းကလေး အဲဒီအိပ်မက်ကို ထပ်တလဲလဲမက်နေတဲ့ အမ်မူတစ်‌ယောက် ကာနီကာနဲ့ ပူဗာရှီစံအိမ်ကြီးရဲ့ ဇာတ်လမ်းကို ဝတ္ထုရေးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ ဇာတ်သိမ်းရေးပြီးချိန်မှာ ဇာတ်လမ်းရဲ့ဇာတ်သိမ်းကို ဘဝင်မကျတဲ့အတွက် ပူဗာရှီစံအိမ်ကို ကိုယ်တိုင်သွားမယ်ဆိုပြီး အမ်မူတစ်‌‌ယောက်တည်း စံအိမ်ကြီးဆီ ခရီးထွက်လာခဲ့ပါတော့တယ် ပူဗာရှီစံအိမ်ဆိုတာကလည်း ပုံမှန်မဟုတ်တဲ့သေဆုံးခြင်းနဲ့ လူသေမှုနှစ်ခုဖြစ်ထားတဲ့ ပဟေဠိတွေနဲ့စံအိမ်ဆိုတော့ အမ်မူအဖေရော သူ့သူငယ်ချင်းတွေပါ စိုးရိမ်နေကြပေမဲ့ အမ်မူကတော့ ဘေးကင်းကင်းနဲ့ပြန်ရောက်လာတော့ စိတ်သက်သာရာရသွားကြပါတယ်။ ဒါပေမဲ့ ပူဗာရှီစံအိမ်ကပြန်လာပြီး နောက်တစ်ရက်ညမှာပဲ အမ်မူတစ်ယောက် သေလုမျောပါး တိုက်ခိုက်ခံလိုက်ရချိန်မှာတော့…. ပူဗာရှီစံအိမ်ကြီးမှာ ဘာလျှို့ဝှက်ချက်တွေရှိနေမလဲ။ ကာနီကာကရော ဒီစံအိမ်ကြီးမှာ ဘာတွေဖြစ်ခဲ့လဲ။ ဒီဇာတ်လမ်းကိုရေးသားတဲ့အမ်မူကရော ဘာတွေဆက်စပ်နေလို့ ဒီလိုတိုက်ခိုက်ခံရတာလဲဆို အတူရှုစားလိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ KKKZ ~ Zwe ~ Ma Htoo ~ Yunni တို့ပဲဖြစ်ပါတယ်)

Animation • Adventure • Comedy • Fantasy
0 2024 137 mins
Karnika
An American Tail
6.9

An American Tail 1986 1986 မှာထွက်ရှိခဲ့ပြီး IMDB 6.9 ရထားတဲ့ Animation ကားကောင်းလေးတစ်ကောင်းကို တင်ဆက်ပေးလိုက်ပါတယ်။ ဒါရိုက်တာကတော့ Don Bluthဖြစ်ပြီး CMကာတွန်းချစ်သူတွေကြား လူသိများတဲ့ Land before Time ရဲ့ဒါရိုက်တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် Disney ရဲ့နာမည်ကျော် Animation ဖြစ်တဲ့ Winnie the Pooh,Robin Hood တို့လို့ကားတွေကို ရိုက်ကူးခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ နှစ် ၅၀ ၊၁၉၈၆ လောက်က ဒေါ်လာ ၅သန်းအကုန်ကျခံရိုက်ကူးခဲ့ကာ ဒေါ်လာ ၈၅ သန်းပြန်ရပြီး Box Office မှာ အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဝေဖန်ရေးဆရာတွေရဲ့ One of the Best Animation of All Time လို့ ချီးကျူးမှုတွေပါရရှိထားတာဖြစ်ပါတယ်။ ဒါဆို ဒီကားဟာ ကလေးကြိုက်တင်မဟုတ်ပဲ လူကြီးတွေပါ ကြည့်ရှုသင့်တဲ့ Animation ကားကောင်းတစ်ကား ဆိုတာ သိသာနေပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့ မောက်စကီဝဇ်ဆိုတဲ့ကြွက်မိသားစုဟာ ရုရှားမှာ ကော့ဆက်တွေရဲ့ တိုက်ခိုက်လုယက်မှုတွေကြောင့် အမေရိကကို ရွှေ့ပြောင်း‌အ‌ခြေချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် လမ်းမှာ သားဖြစ်သူ ဖိုက်ဗယ်ဟာ ရေထဲမတော်တဆပြုတ်ကျသွားပြီး မိသားစုနဲ့ကွဲကွာသွားပါတယ်။ ဗိုက်ဗယ်ဟာ အမေရိကမှာ ပျောက်ဆုံးသွားတဲ့ သူ့မိသားစုကို ရှာပုံတော် ဖွင့်တာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းက ရိုးရှင်းပေမယ့် ဘာလို့ဒီလောက်အောင်မြင်ခဲ့ရလဲဆိုရင် ဇာတ်လမ်းရဲ့ ညွှန်းဆိုချင်တဲ့ ပိုကြီးမားတဲ့ရည်ရွယ်ချက်ရှိနေလို့ပါပဲ။ ရုရှားက မောက်စကီဝဇ်မိသားစုဆိုတာ ဥရောပမှာ ခွဲခြားဆက်ဆံမှုတွေခံခဲ့ရတဲ့ ဂျူးလူမျိုးတွေကို ကိုယ်စားပြုပြီး ကြောင်တွေကတော့ ဂျူးမုန်းတီးရေးသမားတွေဖြစ်ပါတယ်။ ဂျူးတွေရဲ့ ခွဲခြားဆက်ဆံခံရမှု၊ခါးသီးဖွယ်ခံစားချက် နဲ့ ပိုကောင်းတဲ့ဘဝသစ်အတွက် စွန့်စားခဲ့ရပုံတွေအပြင် American Dream Consept ကို လည်းဒီကားမှာတစ်စွန်းတစ တွေ့မြင်ရမှာဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်ကတော့ Swan Yee Myo Thant ဖြစ်ပါတယ်။ File size… 1.38 GB / 725 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 20m Genre ….. Family / Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Swan Yee Myo Thant

Comedy • Romance
6.9 1986 80 mins
An American Tail