YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Trial.by.Fire.2023.S01E04.720p(CM).mp4

544.98 MB 720p video/mp4 96 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Ancestral
6.4

ဒီတစ်ခါမိတ်ဆက်ပေးသွားမယ့် ဇာတ်ကားလေးကတော့ The Ancestral ဆိုတဲ့ သဲထိတ်ရင်ဖို ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Horror ဇာတ်လမ်းလေးဆိုပေမဲ့ ယန်းတို့မိသားစုဝင်တွေကြားက ချစ်ခြင်းမေတ္တာတွေကို အများကြီး ဖော်ပြထားတဲ့ drama ဆန်ဆန်ကားလေးပါ။ ဇာတ်လမ်းအညွှန်းကတော့ ... အိပ်ရင် ဘီလူးစီးတဲ့ ရောဂါကို ခံစားနေရတဲ့ယန်း၊ ယန်းဆိုတာကတော့ ဗီယက်နမ်လူမျိုး မိသားစုလေးတစ်ခုက သမီးလေးပါ။ သူခံစားနေရတဲ့ ဝေဒနာနဲ့ပတ်သက်ပြီး အဖြေရှာဖို့ သူတို့တစ်မိသားစုလုံးက ရှေးဟောင်းအိမ်ကြီးတစ်ခုကို ပြောင်းလာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ယန်းတစ်ယောက်တည်းမဟုတ်တော့ဘဲ အဲ့ဒီ မိသားစုက သမီးငယ်လေးနှစ်ယောက်လုံး ဘယ်သူမှ မမြင်ရတာတွေကို မြင်လာရပါတယ်။ ဒီကိစ္စကိုဖြေရှင်းဖို့ အဖေဖြစ်သူက စိတ်ကျန်းမာရေး အထူးကု နဲ့ ကြိုးစား ကုသပေးပေမဲ့ ကိစ္စတွေက ထင်ထားတာထက်ပိုပြီး နက်နဲနေတဲ့ အခါ ... ဘာတွေဆက်ဖြစ်မလဲ ရုပ်ရှင်ထဲ ကြည့်ရှုရင်း အဖြေရှာလိုက်ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Eric ပါ။) File Size : 1.7GB, 731MB & 350MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL & 480p Format : mp4 Duration : 1hr & 41mins Genre : Horror Translated by Eric Encoded by Kinnov

6.4 2022 101 mins
The Ancestral
The Legion
6.1

ပဉ္စမမြောက် ရောမဧကရာဇ် နီရိုကလောဒီးယပ်စ်ဆီဆာ အုပ်ချုပ်နေတဲ့ကာလ အေဒီ၆၂မှာ ရောမအင်ပါယာနယ်နမိတ်ထဲကို ပါသီယမ်တွေ ကျူးကျော်ဝင်ရောက်လာပါတယ်။ ဒီအတွက် နီရိုဧကရာဇ်က တပ်နှစ်တပ်ကိုစေလွှတ်ခဲ့ပါတယ်။ ဗိုလ်ချုပ်ပေးတဒ်စ်ဦးဆောင်တဲ့ တပ်မကြီးဟာ အာမေးနီးယားရဲ့နှင်းတောင်တွေအလယ်မှာ တပ်စခန်းချတယ်။ ဗိုလ်ချုပ်ကူဘူလိုရဲ့ တပ်ကတော့ နီရိုဧကရာဇ်ရဲ့အမိန့်အရ ဆီးရီးယားဘက်မှာ အစောင့်တပ်အနေနဲ့နေပြီး ဗိုလ်ချုပ်ပေးတဒ်စ် စစ်ကူတောင်းချိန်ကို စောင့်စားနေရတယ်။ ဒီအချိန်မှာ ဗိုလ်ချုပ်ပေးဒ်စ်တို့တပ်စခန်းက နှင်းတောင်တွေအလယ်မှာ ပါသီယမ်တွေရဲ့ ဝိုင်းရံထားခံရပြီး ရိက္ခာလမ်းကြောင်းတွေလည်း ဖြတ်တောက်ခံထားရတယ်။ ဗိုလ်ချုပ်ကူဘူလိုဆီ စစ်ကူတောင်းဖို့ သတင်းပို့သမားတွေ စေလွှတ်ခဲ့ပေမယ့်လည်း လမ်းမှာ ပါသီယမ်သတ်ဖြတ်တာခံရပြီး စစ်ကူတောင်းဖို့ သတင်းစကားမပေးပို့နိုင်ဘူး ဖြစ်ပါတယ်။ ပြင်းထန်တဲ့ဆောင်းရာသီလည်း ရောက်တော့မယ့်အချိန်၊ ရိက္ခာလည်း ပြတ်တောက်တော့မယ်အချိန်မှာ တပ်တစ်ခုလုံးက စစ်သည်ပေါင်းထောင်ချီရဲ့အသက်တွေ၊ ဒီတပ်တစ်ခုလုံးရဲ့ကံကြမ္မာဟာ နော်ရန်နို ဆိုတဲ့ တပ်သားလေးတစ်ယောက်ရဲ့လက်ထဲကျရောက်သွားပါတယ်။ နော်ရန်နိုဟာ စစ်ကူတောင်းခံမယ့် သတင်းစကားကို အာမေးနီးယားကနေ ဆီးရီးယားက ဗိုလ်ချုပ်ကူဘူလိုဆီ ပေးပို့ရမှာဖြစ်ပါတယ်။ ပါသီယမ်တပ်သားတွေကလည်း အသည်းအသန်လိုက်သတ်နေပြီး နှင်းတောင်အထပ်ထပ်၊ တောထဲအထပ်ထပ်၊တောင်အထပ်ထပ် ခက်ခဲကြမ်းတမ်းတဲ့ ဒီခရီးလမ်းမှာ နော်ရန်နိုဟာ ဘယ်လိုကြိုးစားသွားမလဲ၊ဘယ်လိုအခက်အခဲတွေ တွေ့ဦးမလဲ၊ သူ့ရဲ့တာဝန်ကို ကျေပွန်အောင်အမှုထမ်းနိုင်ပါ့မလား။ ဆက်လက်ကြည့်ရှုကြပါဦး။

Crime • Mystery
6.1 2020 96 mins
The Legion
Beautiful Beings
7.5

Beautiful Beings (2022) ~ IMDb – 7.5/10, Rotten Tomatoes – 82% ~ 2022 က ထွက်ရှိထားတဲ့ အိုက်စ်လန်း Drama ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ IMDb – 7.5/10 နဲ့ ခရမ်းချဉ်သီးကတော့ 82% ရရှိထားပါတယ်။ ဒီဇာတ်လမ်းလေးကို ဆယ်ကျော်သက်ကောင်လေး လေးယောက်အပေါ်မှာဇာတ်အိမ်တည်ထားတာပါ။ ရက်စက်ကြမ်းကြုတ်ပြီး သူငယ်ချင်းအပေါ်ကလွဲရင် ဘယ်သူ့အပေါ်မှ မကောင်းတဲ့ကွန်နီဆိုတဲ့တစ်ယောက်ရယ်၊ ဟာသလုပ်တတ်တဲ့လူရွင်တော် ဆက်ဂီဆိုတဲ့ကောင်လေးရယ်၊ အိပ်မက်တွေထဲကနေမြင်ပြီး အဖြစ်အပျက်တွေကို အာရုံခံနိုင်တဲ့အက်ဒီဆိုတဲ့ကောင်လေးတစ်ယောက်ရယ် သူတို့သုံးယောက်က သူငယ်ချင်းတွေပါ။ ‌အက်ဒီက ကျောင်းမှာအနိုင်ကျင့်ခံဖြစ်တဲ့ ဘယ်လ်လီ‌ဆိုတဲ့ကောင်လေးကို အဖွဲ့ထဲခေါ်သွင်းလိုက်ရာကနေ ဒီဇာတ်လမ်းလေးစတင်ပါတော့တယ်။ ဒီဇာတ်လမ်းထဲမှာ ဆယ်ကျော်သက်ဘ၀နဲ့လူကြီးဘ၀ အကူးအပြောင်းကာလမှာ‌ ကြုံတွေ့ရတဲ့ကိစ္စတွေအပြင် ရက်စက်ကြမ်းကြုတ်တဲ့ဘ၀ထဲမှာမှ ဘယ်လိုလှပတဲ့အရာတွေပေါက်ဖွားလာလဲဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 970MB Quality – 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 2H 3Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

7.5 2022 123 mins
Beautiful Beings
The Grifters
6.9

The Grifters (1990) ~ IMDb – 6.9/10, Rotten Tomatoes – 91% ~ National Board of Review of Motion Pictures ရဲ့ ၁၉၉၀ ခုနှစ်အတွက် အကောင်းဆုံး ရှပ်ရှင် ၁၀ ကားထဲက တစ်ခုအဖြစ်သတ်မှတ်ခံရတဲ့ရုပ်ရှင်ပါ။ သိတဲ့အတိုင်း ၁၉၉၀ ဆိုတာ ကားကောင်းတွေထွက်ခဲ့တဲ့နှစ်ဆိုတော့ အကောင်းဆုံး ၁၀ ကားထဲပါတယ်ဆိုတာ တော်ရုံတော့မဟုတ်ပါဘူး။ အော်စကာဆု ၄ ခု ဆန်ကာတင်ဝင်ခဲ့တဲ့အပြင် ဒါရိုက်တာ၊ သရုပ်‌ဆောင်နဲ့ ဇာတ်လမ်းအပိုင်းတွေမှာ တခြားဆုကြီးတွေလည်း ရခဲ့တယ်။ ဒီရုပ်ရှင်ကို Crime ဝတ္ထု‌နယ်ပယ်မှာ ဩဇာရှိတယ်လို့ပြောလို့ရတဲ့ Jim Thompson ရဲ့ The Grifters ဝတ္ထုကို မှီငြမ်းထားတယ်။ ၁၉၉၀ မှာ Jim Thompson ရဲ့ ဝတ္ထု ၂ ခုကို မှီငြမ်းရိုက်ခဲ့တဲ့ ရုပ်ရှင် ၂ ကားထွက်ခဲ့တယ်။ “The Grifters” နဲ့ “After Dark, My Sweet” တို့ပေါ့။ ဒီဝတ္ထုကအရှိန်အဝါရှိတဲ့ ဝတ္ထုဆိုတော့ အရှိန်အဝါရှိတဲ့လူနဲ့ရိုက်မှတော်ကာကျမပေါ့။ အဲဒါကြောင့် အစက ဒီရုပ်ရှင်ကို ထုတ်လုပ်တဲ့ Studio Cineplex Odeon Films က Martin Scorsese ကို ဒါရိုက်တာလုပ်စေချင်ခဲ့တယ်။ ဒါပေမဲ့ မာတင်က Stephen Frears ကို ရိုက်ကူးဖို့ပြောပြီး သူကတော့ ပရိုဂျူဆာနေရာမှာပဲနေခဲ့တယ်။ Frears ကလည်း ဒီနှစ်(၂၀၂၃)ထဲမှာပဲ ရုပ်ရှင်နယ်ပယ်မှာ သူ့ရဲ့အားထုတ်မှုအတွက် သူရဲကောင်းဘွဲ့ရခဲ့တယ်။ Grifters ဆိုတာ ဖိုးတွမ်တိပေါ့။ ဖိုးတွမ်တိမှာတောင် ၂ မျိုးရှိတယ်။ Long-con ခေါ်တဲ့ အချီကြီးသမားနဲ့ Short-con ခေါ်တဲ့ တစ်ပွဲတိုးသမား။ အချီကြီးသမားတွေက ပိပိရိရိ ‌အသေးစိတ်အစီအစဉ်ဆွဲပြီး ငွေပမာဏအများကြီးကိုလိမ်တယ်။ တစ်ပွဲတိုးသမားတွေကတော့ ဖဲလိမ်သလို၊ အံစာတုံးလိမ်သလို၊ လက်လှည့်ပြကွက်မျိုးတွေနဲ့ တစ်ပွဲတိုးစာလောက်ပဲလိမ်တယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဒီလန်က တစ်ပွဲတိုးသမား၊ သူ့ချစ်သူ မိုင်ရာကတော့ အချီကြီးသမားပေါ့။ ဒီလိုနဲ့တစ်နေ့မှာ ဒီလန်ဆီကို မတွေ့တာကြာတဲ့ သူ့အမေ လီလီ ရောက်လာတယ်။ လီလီက ဝါရင့်ဖိုးတွမ်တိသမားလို့ပြောလို့ရတယ်။ လတ်တလောကတော့ လူမိုက်ဂိုဏ်းတစ်ခုမှာ မြင်းပွဲဒိုင်လုပ်နေတယ်။ အဲဒီလိုနဲ့ သူတို့ ၃ ယောက် ပြန်ဆုံပြီး အရင်းအနှီးကြီးတဲ့ ရှုပ်ထွေးမှုတွေထဲ ခြေရှုပ်မိကြတဲ့အချိန်မှာ အချင်းချင်း လိမ်လည်လှည့်ဖျားရင်း ပြန်လမ်းမရှိတဲ့ လမ်းတွေကို နင်းခဲ့မိကြတယ်။ ဒီရုပ်ရှင်မှာ အဓိကအနေနဲ့ တစ်ပွဲတိုးသမား ဒီလန် (John Cusack)၊ အရာရာကို မြှူပြီးဖြေရှင်းတတ်တဲ့ မိုင်ရာ (Anette Benning) နဲ့ ဒီလန်ရဲ့ အမေဖြစ်တဲ့ ဝါရင့်ဖိုးတွမ်တိ လီလီ (Anjelica Houston) တို့ပါဝင်ထားတယ်။ ဇာတ်ကောင်က ၃ ယောက်ဆိုပေမဲ့ ဇာတ်ကောင်တည်ဆောက်ပုံတွေက စိတ်ဝင်စားဖို့ကောင်းတယ်။ လူ ၃ ယောက် စိတ် ၃ မျိုး။ လီလီက ဒီလန်ကို ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ သူ့အသက် ၁၄ နှစ်ပဲရှိသေးတယ်။ အဲဒီတော့ သူတို့သားအမိက ကစားဖော်တွေလိုဖြစ်နေတယ်။ သူတို့ဆက်ဆံရေးကလည်း တော်တော်ကိုထူးဆန်းတယ်။ မိုင်ရာက တစ်ချိန်ကတော့ အချီကြီးလုပ်တဲ့ဆရာကြီး ကိုးလ်ဆိုတဲ့လူနဲ့ လက်တွဲလုပ်ခဲ့ပြီး အဲဒီလိုအချီကြီးမျိုးကိုသိပ်လုပ်ချင်နေတယ်။ အဲဒီအတွက် ဒီလန်နဲ့ပေါင်းပြီးလုပ်ချင်တယ်တကဲကဲဖြစ်နေတာပေါ့။ လီလီကတော့ မိုင်ရာကို သိပ်သဘောမကျဘူး။ သူကိုယ်တိုင်ကော သူ့သားကိုပါ ဒီ ဒုစရိုက်လောကထဲက ထွက်စေချင်တယ်။ ဒါပေမဲ့ ထင်သလောက်မလွယ်ပါဘူး။ ဒုစရိုက်လောကဆိုတာ အလျော်အစားကြီးပါတယ်။ ဒီရုပ်ရှင်မှာ ဘယ်သူက လူဆိုးလဲပြောဖို့ခက်လိမ့်မယ်။ ၃ ယောက်လုံးက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဉာဏ်နီဉာဏ်နက်များကြတယ်။ နောက်ဆုံးကျန်ခဲ့မယ့်မေးခွန်းက… “ဘယ်သူက ဘယ်သူ့ကို လိမ်နေတာလဲ…” (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 870MB Quality – 1080p, 720p IMDb Rating – 6.9/10 Format – mp4 Duration – 1H 50Min Genre – Crime, Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

6.9 1990
The Grifters
After the Storm
5.4

After the Storm (2019) ဒီရုပ်ရှင်လေးထဲမှာတော့ သူတစ်ပါးကိုကူညီတတ်တဲ့ ကျောင်းဆရာမလေးနဲ့ တစ်နယ်တည်းသားချင်း နယ်ခံလက်သမားလေးတို့ကြားက အချစ်ဇာတ်လမ်းလေးတစ်ပုဒ်နဲ့အတူ ကျေးလက်ရဲ့ အငွေ့အသက်၊ သာယာလှပမှုတို့ကိုပါ ပူးတွဲခံစားရမှာပဲဖြစ်ပါတယ်။ တစ်နေ့မှာ ကျေးလက်ဒေသလေးတစ်ခုဟာ သူတို့ရဲ့သမိုင်းမှာ အပြင်းထန်ဆုံးဖြစ်လာခဲ့တဲ့ လေမုန်တိုင်းတစ်ခုနဲ့ကြုံတွေ့ခဲ့ရပြီး များပြားလှစွာသော အပျက်အစီးတွေကြားရောက်ခဲ့ရပါတယ်။ သေသူ‌ကသေ၊ ထိခိုက်ဒဏ်ရာရသူကရ၊ အိမ်ပြိုသူကပြိုနဲ့ အတော်လေးကိုကမောက်ကမဖြစ်နေတဲ့ အချိန်ကာလတစ်ခုဖြစ်နေခဲ့တယ်။ မုန်တိုင်းရဲ့ဒဏ်ကို အကြီးအကျယ်ခံလိုက်ရတဲ့သူတွေထဲမှာ လော်ရန်ဆိုတဲ့ကျောင်းဆရာမလေးတစ်ယောက်လည်း အပါအဝင်ဖြစ်တယ်။ လော်ရန်ဟာ ချောင်လည်တဲ့စီးပွားရေးသမားတစ်ဦးဖြစ်တဲ့ ဒန်နဲ့စေ့စပ်ထားတဲ့မိန်းကလေးတစ်ယောက်ဖြစ်တယ်။ မုန်တိုင်းကျတဲ့အချိန်မှာ ဒန်ဟာ ဩစတေးလျကို အလုပ်ကိစ္စနဲ့ရောက်နေပြီး လော်ရန်ကတော့ ကိုယ့်အိမ်ကိုယ့်ရာရဲ့ တင်းကုပ်ထဲမှာရှိနေခဲ့တယ်။ မနက်မိုးလင်းထွက်အကြည့်မှာတော့ သူ‌တို့မိသားစုလက်ဆင့်ကမ်းခဲ့ကြတဲ့ သူ့ရဲ့အိမ်လေးဟာ ရာသီဥတုရဲ့ဆိုးရွားတဲ့ရိုက်ချက်မှာ အထိနာခဲ့တာကို တွေ့လိုက်ရပါတော့တယ်။ လော်ရန်ဟာ စိတ်ဓာတ်မကျပဲ နွေရာသီအားလပ်ချိန်လည်းဖြစ်တာကြောင့် သူ့အိမ်ကို သူကိုယ်တိုင်ပြန်ဆောက်မယ်လို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်မှာ အဝေးရောက်သူတို့သားလောင်းရဲ့ သူ့နည်းသူ့ဟန်နဲ့ သူကောင်းမယ်ထင်သလို လော်ရန့်ကို ကူညီပေးလိုက်တာဟာ သူတို့ကြားကအချင်းချင်းနားလည်မှုနဲ့ ဆက်ဆံရေးအခြေအနေကို အလင်းပွင့်စေခဲ့တယ်။ တစ်ဖက်မှာတော့ လော်ရန်နဲ့ အတိတ်မှာဇယားလေးတွေရှိခဲ့ကြဖူးတဲ့ တစ်နယ်တည်းသား မောင်ကော်လင်းဟာ စိတ်ပါလက်ပါ ထဲထဲဝင်ဝင် ရပ်ကွက်‌ဒေသပြန်လည်ထူထောင်ရေး၊ ရှာဖွေကယ်ဆယ်ရှင်းလင်းရေးတို့မှာ အားတက်သရော ပါဝင်လှုပ်ရှားနေခဲ့တာဖြစ်တယ်။ လော်ရန် သူ့မိသားစုအိမ်ကိုပြန်ဆောက်တဲ့ကိစ္စမှာလည်း လော်ရန့်စိတ်သဘောကို သူနားလည်ပြီး သူကိုယ်တိုင် လူအင်အားဖြည့်ပေးမယ်လို့ စပြီး အကြိမ်ကြိ‌မ်ကမ်းလှမ်းခဲ့တယ်။ အချိန်ကြာလာတာနဲ့အမျှ ပြန်လည်ရင်းနှီးလာကြပြီး အရင်ကကျန်သေးတဲ့မီးပွားစလေးတွေ တောက်လောင်လာခဲ့တယ်။ ဆိုတော့ လော်ရန်တစ်‌ယောက် နောက်ဆုံးမှာ ဘယ်သူ့ကိုရွေးမှာလဲ၊ ဘယ်လိုဆုံးဖြတ်ချက်ချမလဲဆိုတာကတော့ အားလုံးအတူ လိုက်ပါကြည့်ရှုလိုက်ကြရအောင်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Jina မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.6GB, 722MB Quality – 1080p, 720p IMDb Rating – 5.4/10 Format – mp4 Duration – 1H 31Min Genre – Romance Subtitle – Myanmar Subtitle (Hardsub) Translated by Jina Encoded by Y

5.4 2019
After the Storm
Swan Song

IMDb – 7.6/10 Swan Lakeဆိုတာ ရုရှားဂီတစာဆိုကြီး Pyotr Ilyich Tchaikovskyရဲ့ ဘဲလေးပြဇာတ်တစ်ပုဒ်ပေါ့။ ဘဲလေးအကမှာတော့ ထင်ရှားတဲ့ပြဇာတ်တွေထဲက တစ်ခုအဖြစ် အမျိုးမျိုးဖျော်ဖြေကပြကြတာပေါ့။ ဒီရုပ်ရှင်ကတော့ ကနေဒါရဲ့ နာမည်အကျော်ကြားဆုံး ဘဲလေးအကမယ်ဟောင်း Karen Kainတာဝန်ယူဦးစီးပြီး အဓိကဘဲလေးမယ်အဖြစ် ရုရှား-လစ်သူယေးနီးယားဘဲလေးမယ် Jurgita Droninaကပြခဲ့တဲ့ ကမ္ဘာ့အဆင့်ဖျော်ဖြေတဲ့ပွဲရဲ့ Swan Lakeပြဇာတ်မှာ နောက်ကွယ်က ဖြစ်ရပ်တွေကိုရိုက်ကူးပုံဖော်ထားတဲ့ မှတ်တမ်းရုပ်ရှင်တစ်ပုဒ်ပါပဲ။ ကမ္ဘာ့အဆင့်ပွဲတစ်ခုဖြစ်တဲ့အတွက် သူတို့တွေ ခက်ခက်ခဲခဲကြိုးစားကြပုံတွေ၊ အဲဒီခေတ်အနေအထားမှာ ဘဲလေးအကမယ်တွေကြားက လူမျိုးရေးခွဲခြားမှုနဲ့ အဆင်မပြေမှုတွေ၊ တစ်မူထူးခြားစွာတင်ဆက်ပြချင်တဲ့အတွက် ဘဲလေးအကအစဉ်အလာတွေကနေ ဖောက်ထွက်ဖို့ကြိုးစားကြပုံတွေကို ခံစားကြည့်ရှုကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(2.2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre… Drama, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane

0 2024
Swan Song
Harlot’s Prayer Tuhan, Izinkan Aku Berdosa
7.4

Harlot’s Prayer (2024) Original title: Tuhan, Izinkan Aku Berdosa IMDB Rating (7.4) ထိ ရရှိထားပြီး ဒါရိုက်တာ Hanung Bramantyo က ရိုက်ကူးတင်ဆက်ထားပါတယ်။ ကီရန်ဟာ ဘာသာတရားကိုင်းရှိုင်းတဲ့ ကျောင်းသူလေးတစ်ယောက်ဖြစ်တယ်။ ဒါပေမဲ့ သူမရဲ့ဘာသာရေးအပေါ်အလေးအနက်ထားမှုကပဲ သူမဘဝကို တစ်ဆစ်ချိုးပြောင်းလဲစေခဲ့ပါတယ်။ ဘာသာရေးအရေခြုံပြီး နောက်ကွယ်မှာ မကောင်းမှုတွေကိုလုပ်နေတဲ့ ကြောင်သူတော်တွေကိုမြင်ပြီးနောက် ကီရန်တစ်ယောက် သူတို့ရဲ့မကောင်းသတင်းတွေကို‌ လူအများရှေ့မှာဖွင့်ချဖို့အတွက် ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။ ဒါပေမဲ့ ရွေးချယ်လိုက်တဲ့လမ်းက အရမ်းခက်ခဲကြမ်းတမ်းပြီး ကီရန့်အတွက် အသက်အန္တရာယ်ပါရှိလာပါတော့တယ်။ ရဲရင့်တဲ့ကီရန်လေး အများနဲ့တစ်ယောက်ဘယ်လိုရင်ဆိုင်မလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရမဲ့ အင်ဒိုနီးရှားဘာသာရေးကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khant Sett Naing ဖြစ်ပါတယ်။) File size…(1.7 GB) / (780 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Thriller Duration….01:53:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Khant Sett Naing

7.4 2024
Harlot’s Prayer Tuhan, Izinkan Aku Berdosa
The Guardian
7

The Guardian(2006) IMDb…7.0 ကယ်ဆယ်ရေး ရေကူးသမားသမိုင်းတစ်လျောက်မှာ ထင်ရှားတဲ့ ဘန် ရန်ဒဲလ် ဟာ ကယ်ဆယ်ရေးအလုပ်ကိုအလွန်ခုံမင်ပြီး ရာထူးတိုးမယူဘဲ ပင်လယ်မှာ စွန့်စားရတာကိုပဲ အထူးနှစ်သက်သူတစ်ယောက်ပါ… လှိုင်းတံပိုးကြားမှာ သေမင်းနဲ့လက်တစ်ကမ်းအလိုရောက်နေတဲ့ ဒုက္ခသည်ကိုကယ်ရတာလည်းမလွယ်လှပါဘူး… ပုံမှန်စိတ်ပျောက်ဆုံးနေတတ်တဲ့အပြင် သဘာဝဘေးအန္တရယ်ကလည်း မျှော်လင့်မထားတဲ့နည်းမျိုးစုံကြုံတွေ့နိုင်တာကြောင့် ဘန် တို့အဖွဲ့အတွက် အတော်ခက်ခဲတဲ့အလုပ်ပါပဲ…သူဟာဒီကယ်ရေးအလုပ်ကို အချိန်ပေးလွန်းလို့ ချစ်ဇနီးနဲ့တောင်ကွာရှင်း၇တဲ့အနေအထားရောက်ခဲ့ပါတယ်.. တစ်နေတော့ ညဘက် သဘေ်ာတစ်စီးဒုက္ခရောက်တာကို အရေးပေါ်ကယ်ဆယ်ဖို့အကြောင်းဖန်လာတယ်… ဒီကယ်ဆယ်ရေးလုပ်တဲ့အချိန်မှာ ဒုက္ခသယ်တစ်ယောက်ကိုမကယ်နိုင်တဲ့အပြင် ရဟတ်ယာဉ်နဲ့ သူကလွဲလို့ကျန်တဲ့သူတွေ အသက်ဆုံးရှုံးသွားတယ်… ဒီဖြစ်ရပ်ဆိုးပြီးတဲ့နောက်မှာတော့ ဘန်အတွက်အပြောင်းအလဲတွေအများကြီးဖြစ်ပါတော့တယ်… ဒီဇာတ်ကားဟာ မင်းသားကြီး Kevin Costner ဉီးဆောင်ထားပြီး Ashton Kutcher နဲ့ အခြားနာမည်ကြီးသရုပ်ဆောင် များစွာပါဝင်ထားပါတယ်…ဆုကြီးတစ်ဆုရရှိခဲ့သလို အခြားဆု(၄)ဆုအတွက်လည်းဆန်ကာတင်စာရင်းဝင်ခဲ့တယ်… အစမှ အဆုံးထိ တော်တော်ကြီးကိုကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းတစ်ခုပါ..ခံစားကြည့်ကြပါဉီး… ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Thar Htet ပဲဖြစ်ပါတယ်… File Size : 5.17GB / 1.85GB Quality : Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…02:20:00 Genre : Action, Adventure, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thar Htet Encoded by Tiff

Romance • Drama
7 2006 139 mins
The Guardian
Gabriel’s Rapture: Part II
5.8

Gabriel’s Rapture: Part II (2022) ********************************* နာမည်ကျော်စာရေးဆရာ Sylvain Reynard ရဲ့ Best Selling Novels Series တွေကို ပြန်ရိုက်ကူးထားတာဖြစ်ပြီး Gabriel’s Infernoဆိုပြီး (၃)ကားရှေ့မှာ ထွက်ရှိပြီးဖြစ်ပါတယ်…. Gabriel’s Rapture ဆိုပြီးနောက်ထပ် ၃ကားထွက်လာပြီး အခုက ကတော့ Part 2 ဖြစ်ပါတယ်.. ရှေ့ (၄)ကားလည်းတင်ထားပြီးသားဖြစ်ပါတယ်… ဇာတ်ကောင်တွေဖြစ်တဲ့ ဂေဘရီရယ်နဲ့ ဂျူလီယာကိုတော့ အားလုံးရင်းနှီးပြီးသားဖြစ်မယ်လို့ထင်ပါတယ်။ ဒီအပိုင်းမှာတော့ ဂျူလီယာတစ်ယောက် ဟားဗတ်ကို ဝင်ခွင့်ရသွားပေမဲ့ မမျှော်လင့်ထားတဲ့ တိုင်စာတစ်ခုကြောင့် အကုန်ပျက်စီးမလိုဖြစ်နေတာကို သူတို့အတူ ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ထုံးစံအတိုင်း စောင်ကိုက်ပြီး ကြည့်ရှူခံစားကြရမှာပါ။ မင်းသားနဲ့ မင်းသမီးရဲ့ chemistry မိချက်ကတော့ အင်မတန်အားရစရာပါပဲ… File Size : 1.82GB/ 600MB Quality : WEB-DL 1080p/ WEB-DL 720p Format…mp4 Duration…01:43:00 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Tiff

5.8 2022 102 mins
Gabriel’s Rapture: Part II
Book of Shadows: Blair Witch 2
4

Book of Shadows: Blair Witch 2 (2000) ဒီရုပ်ရှင်မှာက ပရိသတ်ကိုအတွေးစတွေ ချန်ထားခဲ့မှာဖြစ်ပါတယ် ။ဒါကတော့ ဂျက်ဖ်တို့လူစုကြုံရတာကအစုလိုက်အပြုံလိုက် အရူးထတာလားဒါမှမဟုတ်သဘာလွန်ဖြစ်ရပ်လားဆိုတာပါပဲ။ ဒီဇတ်ကားကလည်း ငွေကြေးအရအောင်မြင်တဲ့ဇတ်ကားဖြစ်ခဲ့ပါတယ်။ဒါရိုက်တာကတော့ မှတ်တမ်းတင်ရုပ်ရှင်တွေရိုက်လေ့ရှိတဲ့ Joe Berlingerဖြစ်ပါတယ်။ အခုတိုးတက်ပြီးယဥ်ကျေးပါတယ်ပါတယ်ဆိုတဲ့ဥပရောတိုက်သားတွေကစုန်းအတတ်နဲ့ပြုစားပါတယ်လို့စွပ်စွဲပြီး၁၄၀၀ခုနှစ်ကနေ၁၇၇၅ထိ လူ၃၀၀၀၀ကနေ ၆၀၀၀၀ကို သတ်ခဲ့တယ်ဆိုရင်အံသြသွားကြမယ်ထင်ပါတယ်။ ရောမအင်ပါယာ ဂျာမဏီ ပြင်သစ် အင်္ဂလန် ဆွစ်ဇာလန် စကော့တလန် ဆွီဒင် အင်္ဂလိပ်ကိုလိုနီဖြစ်တဲ့အမေရိကနဲ့မက္ကဆီကိုတို့မှာစုန်းတွေကိုလိုက်ရှာပြီးသတ်ဖြတ်တာတွေလုပ်ခဲ့ကြပါတယ်။ အကျော်ကြားဆုံးစွပ်စွဲသတ်ခံရတဲ့သူကတော့ ပြင်သစ်အာဇာနည် “ဂျုံး”ပါ။ စုန်းအယူအဆကတော့နတ်ဆိုးနဲ့ဆက်နွယ်ပြီးလူတွေကို ကျိန်စာတိုက်ပြီးမကောင်းတာတွေဖြစ်စေတယ်ဆိုပါတယ်။ စုန်းအယူအဆကအာဖရိကနဲ့မြန်မာမှာလည်းရှိပါတယ်။အနောက်တိုင်းနဲ့တော့ကွဲပြားပါတယ်။ ၁၉၉၉ မှာထွက်တဲ့ Blair Witch Project ရုပ်ရှင်က ထိတ်လန့်သည်းဖို ရုပ်ရှင်ဖန်တွေကြားတော်တော်ကိုပေါက်ခဲ့တဲ့ရုပ်ရှင်ဖြစ်ပါတယ်။ တော်တော်ကိုကြောက်စရာကောင်းတဲ့ရုပ်ရှင်လို့ဆိုကြပါတယ် ။ငွေကြေးအရလည်းအောင်မြင်ခဲ့ပါတယ် ။ ရုပ်ရှင်ရိုက်တဲ့အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်”ဘာ့ခ်ကစ်ဗေး”မြို့လည်း ကျော်ကြားသွားပြီးခရီးသည်တွေကြိတ်ကြိတ်တိုးလာကြလို့အမှတ်တရပစ္စည်းတွေလည်းရောင်းကောင်းသွားပါတယ်။ “ဘလဲယားစုန်းမစီမံချက်”ဇတ်ကားကဖြစ်ရပ်မှန်မဟုတ်ပေမယ့်ရုပ်ရှင်ထဲကစုန်းမလို့စွပ်စွဲခံရပြီး ၁၇၈၅ခုနှစ်မှာရွာကနှင်ထုတ်ခံရ နှင်းတောထဲမှာသေအောင်ပစ်ထားခံရတဲ့ကယ်လီကက်ထ်ဝါ့ဒ်အကြောင်းကတော့ အမေရိကန်တောင်ပိုင်းရဲ့“ဘဲလ်စုန်းမခြောက်လှန့်ခြင်း”(Bell WitchHaunting)ဒဏ္ဍာရီကိုအခြေခံထားတယ်လို့ဆိုပါတယ်။ Book of Shadows: Blair Witch 2ကတော့“ဘလဲယားစုန်းမစီမံချက်”ရုပ်ရှင်ကိုအခြေခံပြီးရိုက်ထားတာပါ။ ဇတ်လမ်းအကျဥ်း ဘလဲယားစုန်းမစီမံချက်ဇတ်ကားဝက်ဝက်ကွဲအောင်မြင်ပြီး ဘာ့ခ်ကစ်ဗေးမြို့လေးက ကမ္ဘာလှည့်ခရီးသည်တွေ ခရီးသွားတွေရုပ်ရှင်ပရိသတ်တွေနဲ့စည်ကားနေတဲ့အချိန်မှာ မြို့ခံ ဂျက်ဖ်ပက်တာဆန်က ရုပ်ရှင်ရဲ့ကျော်ကြားမှုကို စီးပွါးရေးအရအမြတ်ထုတ်ပြီး၁၉၉၉နိုဝင်ဘာလမှာခရီးစဥ်တစ်ခုကိုစတင်လိုက်ပါတယ် ။ သူ့ရဲ့ခရီးစဥ်မှာပါတဲ့သူတွေကရုပ်ရှင်နဲ့ပါတ်သက်ပြီးအစုလိုက်အပြုံလိုက်စွဲလမ်းမှုဖြစ်တာနဲ့လျို့ဝှက်ဆန်းကြယ်တာကိုသုတေသနပြုနေတဲ့ဘွဲ့လွန်ကျောင်သားစတီဖင်ပတ်ကားနဲ့ ကိုယ်ဝန်ရှိနေတဲ့သူ့ ရည်းစား ထရစ်စတန်ရိုင်လာ၊ ခေတ်သစ်ဝှစ်ကာမှော်ဘာသာရေးလိုက်စားတဲ့အဲရစ်ကာဂီယာဆန်နဲ့ဂို့သ်လိုဝတ်စားနေထိုင်တဲ့ကင်မ်ဒိုင်းမွန်းတို့ပါဝင်ပါတယ်။ သူတို့တွေကခရီးစထွက်တဲ့ညမှာပဲရပ်စတင်ပါးလ်ရဲ့အိမ်အပျက်အစီးမှာ (ရပ်စတင်ပါးလ်က ဘလဲယားစုန်းမစီမံချက်ရုပ်ရှင်ထဲကလူသတ်သမားပါ) စခန်းချကြပါတယ်။ ဂျက်ဖ်က သဘာဝလွန်ဖြစ်ရပ်တွေကိုမှတ်တမ်းတင်ရအောင်ဆိုပြီး ကင်မရာတွေကိုဆင်ထားပါတယ်။ အဲဒီအချိန်မှာပဲလူငါးယောက်ပါတဲ့ခရီးသွားအုပ်စုကရောက်လာပြီးသူတို့လည်းဒီနေရာမှာစခန်းချမယ်ပြောလာတဲ့အတွက်ခေါင်းတလားကျောက်တုံးဘက်မှာစိတ်ဝင်စားစရာတွေ့တယ်ပြောပြီးစတီဖင်တို့ပဲလက်ရှိနေရာမှာစခန်းချမယ်ပြောလိုက်ပါတယ်။ အဲဒီခရီးသည်အုပ်စုထွက်သွားပြီးတဲ့နောက် ဂျက်ဖ်တို့အုပ်စုကအရက်သောက် ဆေးခြောက်ချပြီးတစ်ညလုံးမအိပ်ပဲနေမယ်ဆိုပြီးကဲနေကြပါတယ်။ မနက်ရောက်တော့ အားလုံးအိပ်ပျော်သွားမိတာသိရပြီး စတီဖင်တို့ရဲ့ သုတေသနမှတ်တမ်းတွေရောဂျက်ဖ်ရဲ့ကင်မရာတွေပါဖျက်ဆီးခံရပါတယ်။ဂျက်ဖ်ရဲ့တိတ်ခွေတွေပဲကျန်ခဲ့ပါတယ်။ သူတို့တွေမနေ့ညက အဖြစ်အပျက်ကိုမမှတ်မိကြပါဘူး။အခြားခရီးသွားအုပ်စုနဲ့တွေ့ခဲ့တာပဲနောက်ဆုံးမှတ်မိကြပါတယ်။ထရစ်စတန်ကရုတ်တရက်ကိုယ်ဝန်ပျက်ကျပြီးဆေးရုံကိုပြေးရပါတယ်။ ဆေးရုံကဆင်းလာတော့ ဂျက်ဖ်ရဲ့အိမ် တစ်ဖြစ်လဲသစ်တောထဲကစက်ရုံဟောင်းတစ်ခုကိုသွားကြပါတယ်။ အဲဒီမှာသူတို့ကမနေ့ညကဘာဖြစ်ခဲ့သလဲသိရအောင်ဗွီဒီယိုတိတ်တွေကိုပြန်ကြည့်ရင်းသူတို့ထဲကတစ်ယောက်ကိုမသင်္ကာဖြစ်လာပါတယ်။ ထရစ်စတန်ကလည်းထူးထူးဆန်းဆန်းတွေပြောလာပြီး စျေးဝယ်ထွက်သွားတဲ့ကင်မ်ကရပ်စတင်ပါးသတ်လိုက်တဲ့တစ္ဆေကလေးတွေကိုရှောင်လိုက်လို့ကားရှေ့ဘန်ပါပျက်သွားတယ်ပြောသလိုစတီဖင်ကလည်းဒီမြို့ကနေထွက်သွားဖို့လုပ်လာပါတယ်။ မြို့ကရဲအရာရှိက ခေါင်းတလားကျောက်တုံးမှာ ခရီးသွားငါးယောက်ကို ဘလဲယားစုန်းမစီမံချက်ကားထဲကအတိုင်းသတ်ထားတာတွေ့ပြီးဂျက်ဖ်ရဲ့တိတ်ခွေကိုအခင်းဖြစ်တဲ့နေရာမှာတွေ့တာကြောင့် သူတို့ငါးယောက်ကိုဘယ်မှထွက်မသွားဖို့ဖုန်းဆက်ပြောလာတဲ့အခါမှာတော့..ဘာဆက်ဖြစ်သလဲဖန်သားပြင်ပေါ်မှာဆက်ကြည့်ကြပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ဖြစ်ပါတယ်။) File size…(1.8 GB) / (1.1 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Horror, Mystery, Thriller Duration….01:30:40 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Khin Sakar Khin

4 2000 90 mins
Book of Shadows: Blair Witch 2
Fast X Fast and Furious 10
6.3

Fast and Furious ရုပ်ရှင်ကားတွေအကုန်လုံးကို 4K DD.5.1 Quality နဲ့ Extended Version တွေချည်း တင်ဆက်လိုက်ပါတယ်… ဒီမှာ https://www.channelmyanmar.to/category/special-package/fast-and-furious/ ကြည့်ပါ။ +++++++++++++++++++ Fast X (2023) IMDb Rating (5.7) / Rotten Tomatoes (57%) Fast and Furious ဖရန်ချိုက်ရဲ့ ရုပ်ရှင်အသစ် အဗန်ဂျာ အဲလေ Fast X လာပါပြီ။ ဒီရုပ်ရှင်ဟာ ဇာတ်သိမ်းပိုင်း ရုပ်ရှင် ၃ ကားထဲက ပထမကားလို့ ဆိုထားပါတယ်။ ဒါရိုက်တာကတော့ Hulk, Now You See Me, Transporter တို့လို ကားကြီးတွေကို ရိုက်ခဲ့တဲ့ Louis Leterrier ပါပဲ။ သရုပ်ဆောင်တွေအနေနဲ့တော့ ဗန်ဒီဇယ်၊ ဂျွန်စီနာ တို့အပြင် တိုကျိုဒရစ်ထဲက မင်းသား Sung Kang ကပါ Han အဖြစ် ပြန်ပြီးပါဝင်ထားပါသေးတယ်။ အခြားမထင်ထားတဲ့သူတွေလည်း ဧည့်သည်အနေနဲ့ ပါလာပါသေးတယ်။ ဗန်ဒီဇယ်နဲ့ မင်းသားကြီး The Rock တို့ ခွာပြဲထားကြတာလည်း ပြန်အဆင်ပြေသွားပြီမို့ နောက်အပိုင်းတွေမှာ The Rock လည်း ပါဝင်လာတော့မယ်ထင်ပါတယ်။ ပထမကားထဲကမူရင်းဇာတ်ကောင်အနေနဲ့တော့ Vin Diesel, Michelle Rodriguez နဲ့ Jordana Brewster တို့ပဲ ကျန်ပါတော့တယ်။ ဇာတ်လမ်းကတော့ ထုံးစံအတိုင်းအက်ရှင်အသားပေးပါပဲ။ ဒွန်တို့ရဲ့ မိသားစုကြီးကို ကလဲ့စားချေဖို့ လိုက်လာတဲ့ လူဆိုးတစ်ယောက်နဲ့ရင်ဆိုင်ရတာပါပဲ။ ဒွန်တို့ ရှင်းပစ်ခဲ့တဲ့ ဘိန်းရာဇာ ရေးယက်စ်ရဲ့သား ဒန်တေဟာ ဒွန့်ကို မသတ်ခင် ဒွန်ရဲ့မိသားစုနဲ့အရာရာကို ဖျက်ဆီးဖို့ အကွက်ချစီစဉ်ပြီး တစ်ဆင့်ပြီးတစ်ဆင့် ထောင်ချောက်ဆင်ခဲ့တာပါ။ အဲဒီထောင်ချောက်တွေကို ထုံးစံအတိုင်းမိသားစုအားနဲ့ ဘယ်လိုကျော်လွှားပြီး ရင်ဆိုင်မလဲဆိုတာ ကြည့်ရမှာပါ။ မိသားစုဆိုတာ မသိမှာစိုးလို့ ဇာတ်ကားထဲမှာ ၅၆ ကြိမ် ပြောသွားခဲ့ပါတယ်။ File Size : (8.5 GB) /(3.1 GB) / (1.5 GB) Quality : WEB-DL 4K HEVC/ 1080p HEVC/ 720p Running Time : 2hr 21 min Format : Mkv/Mp4 Genre :Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Mr.Anderson Encoded by Phyo Pyae/Thit San Khant/Ka Naung

6.3 2023 142 mins
Fast X Fast and Furious 10
Desert Lone Hero
5.8

ဒီတစ်ခေါက်မှာတော့.. အရင်မင်းဆက်ပေးတဲ့ ဒုက္ခ ရွှမ်လင်ကျောက်စိမ်းပြား (ကျောက်စိမ်းပြားအမွှာ) ဇာတ်ရှုပ်ကို အခြေခံပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားလေး ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်… ဟုတ်ပါတယ်… အရင်မင်းဆက်မှာ နောင်တစ်ချိန် တိုင်းပြည်လိုအပ်ရင် ပြည်သူတွေဒုက္ခရောက်ရင် ဖွင့်ပြီး ယူသုံးဖို့ ရတနာသိုက်ကို တည်ဆောက်ထားပြီး… ယန္တရားတွေဖန်တီးခဲ့တာပါပဲ… ဒီလိုနဲ့ ခေတ်တွေ မင်းဆက်တွေပြောင်းလဲလာတော့.. တိုင်းပြည်မှာ ဒုက္ခသည်တွေလည်း များလာပြီး နန်းတွင်းမှာလည်း မိန်းမစိုးတို့က ဦးဆောင်ဖို့ အုပ်စုဖွဲ့လာသလို… နယ်ခြားတိုင်းတစ်ပါးအဖွဲ့တွေလည်း အခွင့်အရေးယူပြီး ထီးနန်းလုဖို့ကြိုးစားနေတာပေါ့… တစ်ချိန်တည်းမှာလည်း ဒီရတနာသိုက်ကို လောဘဇောတက်ပြီး လုဖို့ကြိုးစားနေတဲ့ သိုင်းလောကသားတွေရှိနေပြန်တာပေါ့… ကဲ ဘယ်လိုတွေရှုပ်ပြီးတော့ ဘယ်လောက်တောင် လုယက်ကြမယ်ဆိုတာနဲ့… တကယ်ရတနာသိုက်ရှိပြီး ဒီလောက်တောင် သွေးချောင်းစီးတဲ့အထိ ဖြစ်သင့်လို့လားဆိုတာတော့…

Drama • Romance • History
5.8 2025
Desert Lone Hero
The Descent: Part 2
5.8

The Descent: Part 2 (2009) IMDb Rating (5.8) နာမည်ကြီးခဲ့တဲ့ The Descent (2005) ရဲ့အဆက်အနေနဲ့ထွက်ရှိလာတဲ့ဇာတ်ကားပါ။ ဇာတ်လမ်းကတော့… အမျိုးသမီး ၆ ဦး ပျောက်ဆုံးနေတာကို အပြန်လေယာဉ်လက်မှတ်ကနေတစ်ဆင့် သိရှိသွားကြပြီး ရဲတွေ နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ အလုပ်များကြရပါတော့တယ် သူတို့ရှာဖွေကြတဲ့နေရာက ဘိုရာမ်လှိုဏ်ဂူ…အစအနပင် မတွေ့… အမျိုးသမီး ၆ ဦးထဲမှ ၁ ဦးသာ ထွက်ပြေးလွတ်မြောက်လာပါတယ် သူ့ကိုတွေ့တဲ့နေရာက ဘိုရာမ်လှိုဏ်ဂူနဲ့ လားလားမှမဆိုင်… သွေးပျက်ချောက်ချားနေတဲ့ အမျိုးသမီးကို ဘာမှလည်း မေးလို့မရ… ဒီလိုနဲ့ သူမကိုတွေ့ရှိခဲ့တဲ့နေရာအနားက လှိုဏ်ဂူကို ရဲနှစ်ဦး နဲ့ ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့တို့ ပူးပေါင်းပြီး ဝင်ရောက်ရှာဖွေကြရာမှာတော့… Jump Scare အကွက်တွေ ဖောဖောသီသီ သုံးထားတာကြောင့် သည်းထိတ်ရင်ဖိုဇာတ်ကားကြိုက်ပရိသတ်တွေ ကျေနပ်ကြပါလိမ့်မယ် (သွေးထွက်သံယိုပြကွက်တွေ အများအပြားပါဝင်တာကြောင့်နှလုံးမခိုင်သူများ မကြည့်ရှုသင့်ပါ။)

Comedy • Drama
5.8 2009 94 mins
The Descent: Part 2