YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Trap House (2025) 720p WEB-DL [RMC].mp4

1.26 GB N/A video/mp4 38 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Rufus
6

Rufus (2012) နယ်မြို့လေးတစ်မြို့ကို ရူဖက်စ်ဆိုတဲ့ကောင်လေးတစ်ယောက် အဘွားကြီးတစ်ယောက်နဲ့အတူရောက်လာပါတယ်။ နောက်တော့ အဘွားကြီးဟာ ဒီထပ်ဝေးဝေးမသွားနိုင်တော့ဘူးပြောပြီး ကားရှေ့တက်ပြီး အသေခံသွားပါတော့တယ်။ ထူးခြားတာက ဒီအဘွားရဲ့အသက်ဟာ ၁၀၇နှစ်ရှိနေပြီဖြစ်ပြီး ကောင်လေးကတော့ အဲ့ထက်အသက်ပိုရှည်ပါတယ်။ ဆိုတော့ ကောင်လေးကဘာလဲပေါ့? ဘာသတ္တဝါလဲ?သွေးစုပ်ဖုတ်ကောင်လိုပဲ အသွေးအသားကြိုက်တဲ့ အမူအကျင့်၊ မအိုတဲ့ခန္ဓာကိုယ် ရှိနေပေမယ့် နေရောင်ထဲလည်းသွားနိုင်နေပါတယ်။ ဒီ‌တော့ မြို့တစ်မြို့ကို အသိမရှိ၊ အဖော်မရှိနဲ့ ရောက်လာတော့ မြို့ကရဲမှူးကသာခေါ်ထားရတာပေါ့။ သူရောက်လာပြီးနောက်မှာ မြို့ငယ်လေးထဲ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဒီ Horror, Drama ကားလေးထဲမှာ ဆက်ပြီး ကြည့်ရှုလိုက်ရအောင်နော်။ Horror ဆိုပေမယ့်လည်း အထိတ်တလန့်ပုံစံမျိုးမဟုတ်ဘဲ လူငယ်အချစ်၊ မိသားစုအချစ်ကို ပိုရိုက်ကူးပြထားတာမျိုးတွေ့ရမှာပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။) File Size          : 1.3GB, 464MB, 272MB Quality            :1080p WEBRip AAC 5.1CH, 720p WEBRip, 480p Format            : mp4 Duration         : 1hr 49mins Genre              : Drama, Horror Translated by Themes Encoded by Kinnov

Horror
6 2012 109 mins
Rufus
Bloody Summer Camp
4

1986 ခုနှစ်ဝန်းကျင်၊ Trustfall ဆိုတဲ့နွေအပန်းဖြေစခန်းတစ်ခုမှာဖြစ်ပျက်ခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်ဆိုပါတော့။ အပန်းဖြေစခန်းပိုင်ရှင်တွေနဲ့ဝန်ထမ်းတွေက အသစ်ရောက်လာမယ့်နွေရာသီအတွက် ပြင်ကြဆင်ကြ လူအသစ်ခန့်ကြပေါ့။ လူအသစ်လေးတွေနဲ့စခန်းအတွက်ပြင်ကြဆင်ကြရင်း ကံဆိုးမိုးမှောင်တစ်ခုကျရောက်လာခဲ့ပါတယ်။ ဝန်ထမ်းတွေတစ်ယောက်ပြီးတစ်ယောက်ပျောက်နေတဲ့ကိစ္စပါပဲ။ ဟိုးအရင်အပန်းဖြေစခန်းရဲ့ကြောက်စရာဒဏ္ဍာရီဇာတ်လမ်းနဲ့ ဒီဝန်ထမ်းတွေပျောက်နေတဲ့ကိစ္စက ပတ်သက်မှုများရှိနေမလား။ လူတွေပျောက်နေတဲ့ကိစ္စကဘယ်လိုအဖြေပေါ်လာမှာလဲ။ အဖြေကရောရှာလို့တွေ့နိုင်ပါ့မလား စတာတွေကိုကြည့်ရမယ့် Horror ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် ။ File Size__(2.2GB) / (1.1GB) Quality__1080p, 720p IMDb Rating__5/10 Format__mp4 Duration__02:02:00 Type__Horror Subtitle__Myanmar Subtitle (Hardsub) Translated by Encoded by Naing Aung Latt

Action • Adventure • Comedy • Family • Fantasy
4 2021 125 mins
Bloody Summer Camp
Copenhagen Does Not Exist aka København findes ikke
Making Family
7

Making Family (2016) ************************ 2000 ပြည့်နှစ်တွေက နာမည်ကျော် ရုပ်ရှင်မင်းသမီး ဂင်ဟာနူး ခေါင်းဆောင်ပါဝင်ထားတဲ့ တရုတ်-ကိုရီးယား မိသားစုဇာတ်လမ်း‌လေး။ ကိုယ့်ရဲ့တစ်ဦးတည်းသော မိသားစုဝင်ဖြစ်တဲ့ ယောက်ျားဖြစ်သူ သေဆုံးသွားတဲ့အချိန်မှာ မှတ်တမ်းရုပ်ရှင် ပရိုဂျူဆာ ဂန်မီယွန်းဟာ အမည်မသိ သုတ်ပိုးအလှူရှင်တစ်ဦးထံမှ သုတ်ပိုးနဲ့ ဖန်ပြွန်သန္ဓေသားကို မွေးဖွားခဲ့တယ်။ ဒီလိုနဲ့ သူမရဲ့ မိသားစုကမ္ဘာလေးဟာ ဉာဏ်ပြေးတဲ့ သူမသားလေး ဂိုထယ်ဘုံးကြောင့် အနည်းငယ်ပြန်လည် နွေးထွေးလာခဲ့တော့တယ်။ ဒါပေမဲ့ သူမ မထင်ခဲ့တာက ထယ်ဘုံးလေးဟာ အရွယ်လေးမဆိုစလောက် ရောက်လာတဲ့အချိန်မှာ ဖခင်အရင်းကို ရှာတော့တာကိုပဲ။ အရွယ်နဲ့မလိုက်အောင် ဉာဏ်ကောင်းသူဖြစ်တဲ့အလျောက် ထယ်ဘုံးဟာ ရေခြားမြေခြားက ဖခင်အစစ်ကို ရအောင်ရှာဖွေနိုင်ခဲ့ပြီး ထိုသူနဲ့ ပြန်လည်ပေါင်းစည်းဖို့ ကြိုးစားတဲ့အချိန်မှာ… ဘာသာစကားမတူပေမဲ့ မိသားစုဆိုတာ နေရာတိုင်းမှာ တန်ဖိုးရှိကြောင်း ရင်နင့်ကြည်နူးဖွယ်ကောင်းအောင် ဖော်ကျူးထားတဲ့အပြင် ကိုရီးယားနဲ့ တရုတ် မင်းသား၊ မင်းသမီးတွေရဲ့ အင်အားကိုလည်း ပြသထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဒါ့အပြင် လူကြီးသရုပ်ဆောင်တွေသာမက ကလေးသရုပ်ဆောင် ထယ်ဘုံး‌လေးရဲ့ သရုပ်ဆောင်ချက်တွေကြောင့် ကြည့်ရသူတွေ ခံစားချက်မျိုးစုံကို ခံစားရစေမယ်လို့ အာမခံတာမို့ ပေါ့ပါးမှုရော၊ လေးနက်မှုရော တစ်ပြိုင်တည်းခံစားချင်တဲ့ ပရိသတ်တွေ အထူးကြည့်သင့်ကြောင်း အကြံပြုလိုက်ပါတယ်။ (ဇာတ်လမ်းအကျဉ်းကို Esth မှ ရေးသားပေးထားပါတယ်။) File size…2.21GB / 960MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 40m Genre ….. Comedy, Romance, Drama, Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Esth

7 2016
Making Family
Panda Plan Xiong mao ji hua
5.6

Panda Plan (2024) IMDb Rating (5.6) မင်းသားကြီး ဂျက်ကီချန်းရဲ့ နောက်ဆုံးထွက် အက်ရှင် ဟာသကား အသစ်ပါ။ ဒီရုပ်ရှင်ထဲမှာတော့ ဂျက်ကီချန်းဟာ အပြင်ကအတိုင်း ရုပ်ရှင်မင်းသား ဂျက်ကီချန်းအဖြစ်ပဲ ပါဝင်ထားပါတယ်။ ကမ္ဘာကျော်မင်းသားဖြစ်တာကြောင့် နိုရာတိရစ္ဆာန်ရုံက ကမ္ဘာကျော် ပန်ဒါလေးကို မွေးစားဖို့ဆိုပြီး ဖိတ်ခေါ်ခံရတာကနေ စပါတယ်။ အဲဒီ နိုရာတိရစ္ဆာန်ရုံမှာ ပွဲတက်နေတုန်း ဒီပန်ဒါလေးကိုပဲ အမေရိကန် သန်း ၁၀၀ ရဖို့ လာဖမ်းတဲ့ ကြေးစားလူမိုက်တွေ ရောက်လာပါတယ်။ ဂျက်ကီချန်းရယ် သူ့လက်ထောက်ဒေးဗစ်ရယ် ပန်ဒါထိန်းလေး ရှောင်ကျူးရယ် ပန်ဒါလေးကို ကယ်ဖို့ ဘယ်လိုတွေ စွန့်စားခန်းဖွင့်ကြမလဲဆိုတာ ဟာသတွေအက်ရှင်တွေနဲ့ ကြည့်ရမှာပဲဖြစ်ပါတယ်။ ဒီတစ်ခါလည်း ဟိုးအရင်ကလိုပဲ ဖျော်ဖြေရေးကားဖြစ်လို့ အတည်ပေါက်လေးနက်တာတွေတော့ မြင်ရမှာမဟုတ်ပေမဲ့ ဂျက်ကီချန်းပါလို့ပဲ ကြည့်လို့ကောင်းနေဦးမှာပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. Anderson ဖြစ်ပါတယ်။) File size…(6 GB) / (1.9 GB) / (1.1 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Adventure, Comedy Duration….01:39:16 Subtitle….Myanmar Subtitle (Hardsub) Encoder….LK, Benjamin Translated by Mr. Anderson

Family • Comedy • Science Fiction
5.6 2024 99 mins
Panda Plan Xiong mao ji hua
Fire
6.7

Fire (2025) “ကာစီ” အသစ်ထွက်ရှိတဲ့ တမီးလ်စကားပြော မှုခင်းဇာတ်လမ်းလေးကို တင်ဆက်လိုက်ပါတယ် ကာယကုထုံးဆရာဝန် ကာစီက အသိမိတ်ဆွေကြားမှာ ဖော်ရွေကူညီတတ်တဲ့လူအဖြစ် သိကြပြီး လူနာတွေအတွက်လည်း မေတ္တာရှင်တစ်ယောက်ပါ မီနာခ်ရှီဆိုတဲ့ လူနာတစ်ယောက်နဲ့ သူ့မိသားစုကိုလည်း အစစအရာရာ ကူညီခဲ့တာကြောင့် ဘုရားလိုကြည်ညိုခံရတဲ့အထိပါပဲ ဒီလောက် သဘောကောင်းတဲ့လူက ထူးဆန်းစွာပျောက်ဆုံးသွားခဲ့တဲ့ အခါမှာ အမှုစုံစမ်းရေးရဲတွေအတွက် အစရှာထုတ်ဖို့ခက်တဲ့ ပဟေဠိတစ်ပုဒ် ဖြစ်လာပါတော့တယ် ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေမလဲဆိုတာကို အများကြီးပြောမနေတော့ဘဲ ပရိသတ်တို့ကပဲ အားပေးလိုက်ကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ Yunni ~ Zwe Yan ~ Cym တို့ပဲ ဖြစ်ပါတယ်

Action • Comedy • Family • Science Fiction
6.7 2025 132 mins
Fire
Muay Thai Warrior Yamada: Samurai of Ayothaya
5.8

Muay Thai Warrior (2010) Yamada: Samurai of Ayothaya ထိုင်းနိုင်ငံ အယုဒ္ဓယပြည်ခေတ်က တကယ်ရှိခဲ့တဲ့ ဂျပန်နိုင်ငံသား မွေ့ထိုင်းသူရဲကောင်းတယောက်အကြောင်းကို ရိုက်ကူးထားတာပါ။ ယာမာဒါဟာ ထိုင်းနိုင်ငံကို ဂျပန်စစ်တပ်နဲ့အတူရောက်လာတဲ့ စစ်သားတစ်ယောက်ဖြစ်ပြီး ဘယ်သူမှသိလို့မရတဲ့လျှို့ဝှက်ချက်တစ်ခုကို သိရှိသွားပြီးနောက်မှာ အသက်အန္တရာယ်ကို ရန်ရှာခံရကာ သေလုနီးပါးဖြစ်ခဲ့ရပါတယ်။ သူ့ကို ရွာသားတစ်စုက ကယ်တင်‌ပေးလို့ အသက်ချမ်းသာရာရခဲ့တာကြောင့် ယာမာဒါဟာ သူ့အသက်ကို အယုဒ္ဓယပြည်အတွက် ပေးဆပ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ယာမာဒါဟာ ထိုင်းဘုရင်နဲ့ ထိုင်းနိုင်ငံကို အမှန်တကယ်ကာကွယ်ပေးခဲ့တာကြောင့် ‌မြို့စားမင်း နယ်စားမင်းဖြစ်တဲ့အထိ ရာထူးချီးမြင့်ခံခဲ့ရကြောင်း ရာဇဝင်မှတ်တမ်းများမှာ ဆိုထားပါတယ်။ အသံကို Thai Audio နဲ့ ပြန်လည်တင်ဆက်လိုက်ပါပြီ။

Comedy • Drama
5.8 2010 100 mins
Muay Thai Warrior Yamada: Samurai of Ayothaya
But I’m a Cheerleader

ဒီကားလေးကတော့ ပေါ့ပေါ့ပါးပါး ကြည့်ရမယ် လူငယ်အချစ်ဟာသကားလေးပါ။ မီဂန် (Natasha Lyonne) ဟာ ကိုယ့်ကိုယ်ကို သာမန်အမေရိကန်လူငယ်တစ်ယောက်လို့ပဲ ခံယူထားသူပါ။ ကျောင်းမှာ စာတော်တဲ့အပြင် ပန်းပွားအကအသင်းရဲ့အဖွဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ ကြိုက်လှတယ်မဟုတ်ပေမယ့် ရည်းစားလည်း ရှိပါတယ်။ ဒါပေမယ့် မိဘတွေက သူ့ကို ‌ဂေး‌ေနတယ်ထင်တာကြောင့် True Direction ဆိုတဲ့ ပြုပြင်ရေးကျောင်းကိုပို့လိုက်ပါတော့တယ်။ အဲ့ကျောင်းမှာ မီဂန်တွေ့ရတာကတော့ ပုန်ကန်ချင်တဲ့ ဂျစ်ကန်ကန်ဆယ်ကျော်သက်ကောင်မလေး ဂရမ် (Clea DuVall) ပါပဲ။ သူ့ကိုယ်သူ အဖြောင့်လို့ ယုံကြည်ထားပေမယ့် တဖြည်းဖြည်းနဲ့ သူ့စိတ်တွေ ထွေပြားလာတဲ့အခါ မီဂန်တစ်ယောက် ကိုယ်ကိုယ်ကိုရှာတွေ့သွားမလား သူက တကယ်ဂေးနေတာရော ဟုတ်ရဲ့လား ဆိုတာ…. တချို့အသုံးအနှုန်းတွေကြောင့် ၁၈ နှစ်အောက်လူငယ်တွေ မကြည့်စေချင်ပါဘူး။ File size… (2 GB) / (1 GB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Pwint Oo San

Horror
0 1999
But I’m a Cheerleader
Bogieville
4

Bogieville (2024) ဟန်နဲ့ဂျိုဒီဆိုတဲ့ အတွဲတစ်တွဲက ‌ခြေဦးတည့်ရာ ထွက်လာကြရင်းနဲ့ လမ်းမှာ တစ်ခုခုကို တိုက်မိသွားတာကြောင့် လူတိုက်မိတယ်ထင်ပြီး လိုက်ရှာကြရင်း နောက်တွဲယာဉ်တွေစုပြီးနေကြတဲ့ လူသူမရှိခြောက်ကပ်နေတဲ့နေရာကို ရောက်သွားကြတယ်။ စွန့်ပစ်ထားတဲ့ ကားအိမ်တွေနဲ့ အသက်ကင်းမဲ့နေတဲ့နေရာမှာ သူတို့လျှောက်သွားကြရင်း ခရော့ဖော့ဒ်ဆိုတဲ့ အဘိုးကြီးတစ်ယောက်နဲ့တွေ့ခဲ့ပြီး သူက ဟန်တို့ကို ဒီနေရာကိုထိန်းသိမ်းပေးဖို့ အလုပ်ကမ်းလှမ်းခဲ့ပါတယ်။ ခြေဦးတည့်ရာသွားနေကြတဲ့ ဟန်တို့ကလည်း ခရီးပန်းလာတာရော ပင်ပန်းနေတာရောနဲ့ လက်ခံလိုက်ကြပါတယ်။ အဘိုးကြီးက သူတို့ကိုနေဖို့လိုက်ပြဖို့ ဒီနေရာမှာ ညတွေအပြင်မထွက်ဖို့နဲ့ အပြင်က လူတွေလာရင် မဖွင့်ပေးဖို့ စည်းကမ်းတွေပြောတော့ သံသယဖြစ်လာတဲ့ဟန်က မေးခွန်းတွေမေးတော့ ဒီနေရာကို သူ့ယောက်ဖမက်ဒီဆန်က ပိုင်တာလို့ အဘိုးကြီးက ပြောပြခဲ့ပါတယ်။ ဟန်က သိချင်ဇောနဲ့ ဆက်မေးခွန်းထုတ်တော့ ဒီနေရာမှာက နေရောင်ကိုကြောက်ပြီး လူသွေးစုပ်ပြီးဆက်ရှင်သန်နေရကာ အမှောင်တွေထဲမှာ ပုန်းကွယ်နေကြတဲ့ အကောင်တွေ နေထိုင်ကြတဲ့ အကြောင်း ပြောပြခဲ့ပါတယ်။ ဖြစ်ချင်တော့ ဒီနေရာရဲ့ ပိုင်ရှင်မက်ဒီဆန်ကပါ အဲဒီအကောင်မျိုးဖြစ်နေခဲ့ပြီး ဟန်တို့ကို သွားခွင့်မပေးတော့တဲ့အခါ အဲဒီနေရာကနေ ဟန်တို့ ဘယ်လိုထွက်ပြေးကြမလဲဆိုတာကိုတော့ ကိုယ်တိုင်ကြည့်လိုက်ကြပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Serenity ဖြစ်ပါတယ်။) File size… (1.4 GB) / (790 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror Duration…. 01:49:51 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Serenity

Family • Adventure • Comedy
4 2024 108 mins
Bogieville
A Gilded Game
6.1

အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် ဟောင်ကောင်မင်းသားကြီး Andy Lau ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ ရုပ်ရှင်အသစ်ကို ဘာသာပြန်တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ အစုရှယ်ယာ၊ စတော့ဈေးကွက်၊ ရင်းနှီးမြှုပ်နှံရေးစတာတွေဟာ ချမ်းသာသူတွေရဲ့ ကစားပွဲတစ်ခုပါ။ ရင်းနှီးမြှုပ်နှံရေးလောကမှာ ဆရာကြီးဖြစ်တဲ့ ကျန်းထောသယ်ဟာ အတော်ဆုံး”နိမိတ်ဖတ်သူ”လို့ နာမည်တွင်တဲ့အထိ သူခန့်မှန်းပေးသမျှ ရင်းနှီးမြှုပ်နှံသူအားလုံး အကျိုးအမြတ်များစွာရခဲ့ပါတယ်။ အခုမှ ဘွဲ့ရခါစ စီးပွားရေးပညာထူးချွန်ကျောင်းသား ကောင်းဟန်ဟာ ကျန်းထောသယ်ရဲ့ လက်အောက်မှာ အလုပ်လုပ်ခဲ့ရပြီး ဆရာတင်နိုင်ခဲ့ပါတယ်။ အဆင့်မြင့်ကာစတန်မာတွေ ဘီလီယံနဲ့ချီတဲ့ အရောင်းအဝယ်တွေကို မျက်မြင်ကိုင်တွယ် တွေ့ကြုံခွင့်ရခဲ့ပါတယ်။ ရုတ်တရက်အတွင်း ရှယ်ယာဈေးကွက်က တိုးတက်ခေတ်စားလာတဲ့အချိန်မှာ ရှယ်ယာဈေးတက်တာ ဈေးကျတာရဲ့ နောက်ကွယ်မှာ ရင်းနှီးမြှုပ်နှံဖို့ အခွင့်အရေးတွေလား ဒါမှမဟုတ် အရင်းရှင်တွေရဲ့ ကစားကွင်းလား…… အဲဒီအထဲမှာ နစ်မြုပ်နေတဲ့ ရှယ်ယာကစားသူတွေကရော ညတွင်းချင်း ချမ်းသာသွားလိမ့်မလား ဒါမှမဟုတ်…… ရင်းနှီးမြှုပ်နှံရေးဈေးကွက်ဟာ လောင်းကစားတစ်ခုလို ဖြစ်လာတဲ့အခါမှာ ဒီကစားပွဲရဲ့ စည်းကမ်းချက်တွေကို ဘယ်သူက သတ်မှတ်နိုင်မလဲ……

6.1 2025
A Gilded Game
Narivetta
5.9

Narivetta (2025) “အမှန်တရားဘက်တော်သား” မလေယာလမ် အက်ရှင်ဇာတ်လမ်း အသစ်လေးကို မဆလာပရိသတ်တိုအတွက် တင်ဆက်ပေးပါရစေ ၂၀၀၃ ခုနှစ်က ဖြစ်ရပ်မှန်တစ်ခုပေါ် အခြေခံကာ ကီရယ်လာပြည်နယ်ရဲ့ မျိုးနွယ်စုရွာလေးမှာတည်ထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကိုပြောရရင်တော့ ပီတာက ဝေးလံခေါင်ဖျားဒေသတစ်ခုကို သွားရောက်တာဝန်ထမ်းဆောင်ရတဲ့ ရဲသားပါ ဒီလိုနဲ့ မျိုးနွယ်စုတိုင်းရင်းသားတွေရဲ့ ဒုက္ခတွေ၊ သူတိုမတရားသဖြင့် ဖိနှိပ်ခံရတာတွေကို မြင်လာရတဲ့အခါ ရဲအရာရှိတစ်ယောက်အနေနဲ့ သူဘာကိုရွေးချယ်သွားမလဲ အက်ရှင်ခန်းတွေနဲ့ ဒရာမာစုံလင်စွာပါဝင်တဲ့ ဒီကားလေးထဲမှာ ခံစားကြည့်ရှုကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Horror • Thriller
5.9 2025
Narivetta