YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Traffic [2016] (MM Sub).mp4

807.6 MB 720p video/mp4 460 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Lionel Messi: Destiny
7

Lionel Messi: Destiny (2023) ဒီ Documentary ကို BBC UK က ရိုက်ကူးတင်ဆက်ခဲ့တာ ဖြစ်ပြီး ၂၀၂၂ ဒီဇင်ဘာမှာကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်း ဗိုလ်စွဲခဲ့တဲ့အ​ကြောင်း Footage​ တွေ Interview​ တွေအစုံနဲ့ တင်ဆက်ထားတာပဲ ဖြစ်ပါတယ်။ ​ဘောလုံးပရိသတ်​တွေအားလုံး သိပြီးသားဖြစ်တဲ့အတိုင်း အာဂျင်တိုင်းသား​တွေဟာ အဖွင့်ပွဲစဉ်မှာ အုပ်စုတွင်းအင်အားအနည်းဆုံးလို့ ​ပြောရမယ့် ​ဆော်ဒီအာ​ရေဗျကို ၂-၁ ရလဒ်နဲ့ အ​ရေးနိမ့်ပြီး အုပ်စုကထွက်ရမယ့် အ​နေအထားက​နေ လက်ကျန်ပွဲ​တွေဖြစ်တဲဲ့ မက္ကဆီကိုနဲ့ ပိုလန်ကို အနိုင်ကန်ပြီး ရှုံးထွက်အဆင့်မှာ ဩဇီ၊ ကွာတားမှာ နယ်သာလန်၊ ဆီမီးမှာ ခရို​အေးရှားနဲ့ ဗိုလ်လုပွဲမှာ လက်ရှိချန်ပီယံ ပြင်သစ်တို့ကို အနိုင်ယူ​ကျော်ဖြတ်ကာ သူတို့ရဲ့ ၃ကြိမ်​မြောက် ကမ္ဘာ့ဖလားကို ရယူသွားခဲ့တာပါ။ ဒီပွဲမှာ လူတိုင်းစောင့်ကြည့် ထုတ်ခဲ့တဲ့မေးခွန်းက ကမ္ဘာ့အ​​ကောင်းဆုံးကစားသမား The Greatest of All Time လို့ သတ်မှတ်ထားကြတဲ့ အာဂျင်တီးနားအသင်း​ခေါင်း​ဆောင် လီယွန်နယ်မက်ဆီတစ်​ယောက် သူရဲ့ပထမဆုံးကမ္ဘာ့ဖလားကို ရယူသွားနိုင်မလားဆိုတဲ့မေးခွန်းပါ။ ၂၀၂၂ပြိုင်ပွဲဟာ လီယိုရဲ့ ၅ကြိမ်​မြောက်ကမ္ဘာ့ဖလားဖြစ်သလို ​နောက်ဆုံးပြိုင်ပွဲလည်းဖြစ်သွားနိုင်တဲ့အ​ခြေအ​နေမှာ ​​ပေါ်တူဂီအသင်းရဲ့ခေတ်ပြိုင်ကြယ်ပွင့် စီ​ရော်နယ်ဒိုနဲ့ ဘယ်သူကပိုသာလဲ ဘယ်သူက GOAT အစစ်လဲဆိုတဲ့ အားပြိုင်မှု​တွေရှိ​သလို အာဂျင်တီးနားဂန္ထဝင်ကြီး ဒီ​ယေဂိုမာရာဒိုနာ စွမ်း​​ဆောင်ခဲ့သလိုမျိုး ကမ္ဘာ့ဖလားကိုအရယူ​ပြီး အာဂျင်တိုင်း​တွေရဲ့ ဂန္ထဝင်အစစ်ဖြစ်​နိုင်မလား ​​စောင့်ကြည့်ခဲ့သူ​တွေလည်း ဒုနဲ့​ဒေးပါပဲ။ ဒါ​ပေမဲ့ လီယိုက ဒီဖိအား​နဲ့ သံသယ​တွေကို အ​ကောင်းဆုံး​ကျော်ဖြတ်ပြီး အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလားရ​ရှိအောင် ဦး​ဆောင်ခဲ့သလို အ​ကောင်းဆုံးဆုဖြစ်တဲ့ ရွှေ​ဘောလုံးဆုကိုပါ အရ​ယူသွားခဲ့ပါတယ်။ ဒီဒိုကူမှာ လီယိုရဲ့ဦး​​ဆောင်မှု​တွေ အာဂျင်တိုင်းအသင်းသား​တွေရဲ့ ပေးဆပ်ကစားမှု​တွေကို မြင်​တွေ့ရမှာဖြစ်သလို ပြိုင်ပွဲတ​လျှောက် အ​ကောင်းဆုံး Highlight​ တွေကိုပါ ပရိသတ်​တွေအ​နေနဲ့ ပြန်လည်ခံစားနိုင်မှာပါ။ ဘာသာပြန်သူအ​နေနဲ့က​ နာမည်ကြီးပွဲတင်ဆက်သူ Peter Drury ရဲ့ "Messi has shaken hands with paradise" အစချီတဲ့ Iconic Monologue​​s ကို ပြန်ခံစားချင်​ပေမယ့် BBC ရဲ့ Docu ဖြစ်​နေတဲ့အတွက် BBC ပွဲတင်ဆက်သူ​တွေရဲ့​ကြေညာသံနဲ့ပဲ ကျေနပ်လိုက်ရပါတယ်။ တကယ်လို့ သင်ဟာ လီယွန်နယ်မက်ဆီရဲ့ ပရိသတ်ဖြစ်တယ်ဆိုရင်၊ ကမ္ဘာ့ဖလား​အောင်မြင်မှုဟာ နိုင်ငံတိုင်း၊ လူတိုင်းလိုချင်တပ်မက်​ရတဲ့ အ​ကြောင်းရင်းကိုသိချင်ရင် BBC ရဲ့ ဒီ Documentary က သင်တို့အတွက်ပါပဲ။ (ဒီမှတ်တမ်းရုပ်ရှင်နဲ့အညွှန်းကို X မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.75GB, 690MB Quality - 1080p, 720p TMDb Rating - 7/10 Format - mp4 Duration - 1H Genre - Documentary, Sport Subtitle - Myanmar Subtitle (Hardsub) Translated by X Encoded by Y

Drama • Sci-Fi & Fantasy
7 2023 59 mins
Lionel Messi: Destiny
The Bricks
1

ဒီဇာတ်လမ်းရဲ့အစကို ထောင်ထဲရောက်နေတဲ့မူးယစ်ရာဇာတစ်ယောက် ထောင်ထဲမှာ အာဏာပါဝါပြနေပုံနဲ့ဖွင့်ထားပါတယ်။ မူးယစ်ရာဇာဟာ ထောင်အပြင်ကသူ့သားရယ် ပါတနာညီအကိုသုံးယောက်ရယ်နဲ့ချိတ်ဆက်ပြီး ဟူစတန်မြို့ရဲ့အမှောင်ဘက်ခြမ်း မူးယစ်ဂိုဏ်းလောကကိုချုပ်ကိုင်ထားသူတွေထဲကတစ်ယောက်ပါ။ ဟူစတန်မြို့ မူးယစ်ဆေးလောကမှာ ဂိုဏ်းပေါင်းစုံရှိတဲ့အထဲ အဲဒီဂိုဏ်းဟာ အဆိုးဆုံးအ​ကြမ်းကြုတ်ဆုံးဖြစ်ပြီး ငွေကြေးအင်အား လူအင်အားတောင့်တင်းတဲ့အပြင် ဂိုဏ်းကိုဦးစီးနေတဲ့ ညီအစ်ကိုသုံးယောက်ရဲ့ပါးနပ်မှု သိုသိုဝှက်ဝှက်အလုပ်လုပ်တတ်မှုတို့ကြောင့် ရဲတပ်ဖွဲ့အနေနဲ့သက်သေခိုင်ခိုင်မာမာရှာလို့မရဘဲ ဖမ်းဆီးလို့မရနိုင်ဖြစ်နေပါတယ်။ ဒီအတွက်ရဲတပ်ဖွဲ့ဟာ အဲဒီဂိုဏ်းရဲ့မ​​ကောင်းတဲ့လုပ်ရပ်တွေကိုဖော်ထုတ်နိုင်ဖို့ စုံထောက်တစ်ယောက်ကို သူလျှိုအနေနဲ့လွှတ်ပြီး မူးယစ်ဂိုဏ်းထဲဝင်ဖို့ကြိုးစားစေပါတယ်။ အဲဒီစုံထောက်ဟာ မူးယစ်ဂိုဏ်းထဲကိုဝင်ခွင့်ရပြီး ရဲတပ်ဖွဲရဲ့ဆန္ဒအတိုင်း မူးယစ်ဂိုဏ်းကိုဖြိုခွဲသွားနိုင်မလား ဒါမှမဟုတ် ပါးနပ်တဲ့ညီအစ်ကိုသုံးယောက်လက်အောက်မှာပဲ ကျဆုံးသွားမလား... မူးယစ်ရာဇာရဲ့သားကကော ဘယ်လိုပါဝင်ပတ်သက်နေလဲ... စုံထောက်ကိုနောက်ကွယ်ကအကူအညီပေးနေတဲ့ရဲတပ်ဖွဲ့ကရော ရိုးသားရဲ့လား... စတဲ့ သို့လောသို့လောပေါင်းများစွာနဲ့အတူ ဇာတ်လမ်းအစကနေ အဆုံးအထိ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Paing Hein Kyaw မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.75GB, 725MB Quality - 1080p, 720p Format - mp4 Duration - 1H 33Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Paing Hein Kyaw Encoded by Y

Comedy • Drama • Romance
1 2022 92 mins
The Bricks
V/H/S/99
6

အင်တာနက် နဲ့ Youtube တွေမှာတွေ့နေကြ ဖြစ်ရပ်မှန်ပုံစံမျိုး ဝိဉာဉ်သရဲဇာတ်လမ်း ၅ ပုဒ်ကို ကင်မရာနဲ့ မှတ်တမ်းတင်ထားတဲ့ Horror ကားကောင်းတစ်ကားဖြစ်ပါတယ်... ထူးခြားချက်တာကတော့ တစ်ကားလုံးကို Vlog လုပ်နေတဲ့  POV ပုံစံမျိုး ရိုက်ကူးထားတာဖြစ်ပြီး တကယ် ဖြစ်ရပ်မှန်ကိုရိုက်ထားသလိုမျိုး ကြည့်ရတာအတော်လေး သွေးပျက်ဖို့ကောင်းပါတယ်... ကြောက်တတ်တဲ့ သူတွေ တစ်ယောက်ထဲမကြည့်ကြဖို့ ကြိုသတိပေးပါရစေ... ဇာတ်လမ်းက ၅ ပုဒ်ပါမှာဖြစ်တဲ့အတွက် ဇာတ်ညွှန်းကတော့ ဘယ်လိုလဲ ပြောလို့မရပါဘူး ၅ ပုဒ်ရဲ့ ခေါင်းစဉ်ကို အကြမ်းဖျင်းပြောရရင်.... ၁. မကျွတ်လွတ်သေးတဲ့ တီးဝိုင်းအဖွဲ့ ၂. ဂူတီလီ ဒဏ္ဍာရီ ၃. သေမင်းကစားပွဲ ၄. ဘေးအိမ်က မက်ဒူဆာ ၅, ငရဲသို့ အလည်တစ်ခေါက်...တို့ဖြစ်ပါတယ် ကိုယ်တိုင်ပဲ ကြည့်ရှုခံစားကြည့်ပါ။ (အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်) File size…(2.34GB) / (1.24GB) / (719MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:45:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thiha Yan Naing

Action • Adventure • Comedy
6 2022 109 mins
V/H/S/99
Viraata Parvam
5.4

ဒီတစ်ခါမှာလည်း IMDB မှာ Rating 9 အထိရရှိထားပြီး နာမည်ကျော်သရုပ်ဆောင်နှစ်ဦးပါဝင်ထားတဲ့ ရုံတင်ဇာတ်ကားတခုကို တင်ဆက်ပေးလိုက်ပါပြီ... ဒီရုပ်ရှင်ရဲ့အဓိက ဇာတ်‌ဆောင်နှစ်ဦးကတော့ ဗဟူဗလီဇာတ်ကားမှာနာမည်ရလာပြီး Kaadanရုပ်ရှင်ကားနဲ့ ပရိတ်သက်ရဲ့အားပေးမှုကို ထပ်မံရရှိထားတဲ့ မင်းသားrana daggubati နဲ့ မိတ်ကပ်မပါပဲ သဘာဝဆန်ဆန်လှပတဲ့ မင်းသမီးsai pallaviတို့ပဲဖြစ်ပါတယ်.... ဇာတ်လမ်းအကျဉ်း ============== ၁၉၇၃ ခုနှစ်ကိုအခြေခံထားပြီး ဓနရှင်တွေနဲ့ အခြေခံလူတန်းစားတိုက်ပွဲကြားမှာ မွေးဖွားလာခဲ့တဲ့ မိန်းကလေးတစ်ယောက်။ မိခင်ဖြစ်သူဆီက ခေါင်းမာမှုနဲ့ ဖခင်ဖြစ်သူဆီက စာပေကဗျာတွေဖတ်ရှုမှုကိုအမွေရထားပြီး မှန်တယ်ထင်ရင် နောက်မဆုတ်တတ်သူတစ်ယောက်ပေါ့ ၊ တစ်နေ့ သူငယ်ချင်း အစ်ကိုဆီက စာအုပ်တစ်အုပ်ကိုဖတ်မိရင်း လူတန်းစားအားလုံး သာတူညီမျှ ရှိဖို့အတွက် ခေါင်းထဲဝင်ရောက်လာသလို စာအုပ်ရေးသူကိုပါစွဲလမ်းသွားရာမှစပြီး ထင်မှတ်မထားတဲ့အရှုပ်တော်ပုံတွေထဲ ဘယ်လိုဝင်ရောက်ပတ်သက်မိမှာလဲဆိုတာကိုတော့ ရုပ်ရှင်ထဲမှာ စီးမျောခံစားလိုက်ကြပါဦး။ အညွှန်း Lwin Htoo Aung File size…(2.6 GB)/ (1.29GB) Quality… WEB-DL 1080p HEVC/720p Format...mkv/mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni & Lwin Htoo Aung & Guu Guu & Honeyey

5.4 2022 150 mins
Viraata Parvam
Resolution
6.3

(၂၀၁၂) လောက်ကထွက်ထားတဲ့ Resolution လို့ခေါ်တဲ့ Horror/ Thriller ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအကျဉ်းကတော့ ခရစ်ဟာဝေးလံခေါင်သီတဲ့အရပ်က တဲအိမ်လေးတစ်လုံးမှာနေထိုင်တဲ့ အားတိုင်းဆေးကွဲပြီးရမ်းကားနေတဲ့ ဆေးသမားတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူ့ရဲ့အထက်တန်းတုန်းကသူငယ်ချင်း မိုက်ခ်ဟာ သူငယ်ချင်းကိုဒီဘဝကကယ်တင်ဖို့ရည်ရွယ်ချက်နဲ့ ခရစ်ဆီရောက်လာပါတော့တယ်။ ခရစ်ကို ပြည်လည်ထူထောင်ရေးစင်တာကိုပို့ဖို့ အနုနည်းနဲ့ပြောမရတာကြောင့် အကြမ်းနည်းသုံးပြီး ခရစ်သဘောတူလာမဲ့အချိန်ထိ လက်ထိပ်ခတ်ဖမ်းဆီးထားပါတော့တယ်။ ဒါပေမဲ့ သူတို့ဉာဏ်မမီတဲ့ ထူးဆန်းတဲ့ကိစ္စတွေ တစ်ခုပြီးတစ်ခုဖြစ်လာတဲ့အခါမှာတော့ သူတို့ရဲ့ဘဝတွေလည်း ဇောက်ထိုးမိုးမျှော်ဖြစ်ကုန်ပါတော့တယ်။ ဒီဇာတ်ကားမှာ Setting ကိုလည်း အဟောင်းအနွမ်းတွေနဲ့ပြည့်နှက်နေတဲ့ ဒေသခံတွေကလည်းဖော်ရွေမှုမရှိတဲ့ ထူးဆန်းတယ်ဆိုတဲ့ခံစားချက်ကို အပြည့်အဝရစေတဲ့ တောခေါင်ခေါင်နေရာတစ်ခုမှာ ရွေးချယ်ရိုက်ကူးထားတာမို့ Horror ကား vibe အပြည့်အဝရစေမှာပါ။ Horror ဆိုပေမဲ့လည်း Jump scare တွေနဲ့ပြည့်နေတဲ့ သရဲကားလိုပုံစံမျိုးမဟုတ်ဘဲ တထိတ်ထိတ်နဲ့ဇာတ်လမ်းကို ဖြည်းဖြည်းချင်းပဲဆွဲခေါ်သွားတာမို့ Mystery/Thriller လို့ပြောရင် ပိုမှန်ပါလိမ့်မယ်။ ကားဟောင်းတစ်ကားဖြစ်ပေမဲ့ IMDB rating 6.3 ထိရရှိထားတာမို့ Horror ကားတစ်ကားအတွက်တော့ တော်တော်လေးမြင့်တဲ့ rating ကို ရရှိထားတယ်လို့ ပြောလို့ရပါတယ်။ ဒါ့အပြင် ဇာတ်‌ဆောင်မင်းသမီးမပါဘဲ မင်းသားနှစ်ယောက်နဲ့တင် ဇာတ်ကားကိုဆွဲခေါ်သွားပြီး rating ကောင်းကောင်းရယူထားတာမို့ ဘယ်လိုဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဘယ်လိုတွေကြည့်လို့ကောင်းတဲ့ဇာတ်ကားတစ်ကားဖြစ်မလဲဆိုတာ ကြည့်ရှုဝေဖန်ပေးကြပါဦးနော်။

Drama • Thriller
6.3 2013 93 mins
Resolution
Ready Player One
7.6

ဟောလိဝုဒ်ရုပ်ရှင်လောကမှာ ရုပ်ရှင်တစ်ကားရိုက်တိုင်း အမြင်သစ်တစ်မျိုးနဲ့တင်ဆက်တတ်တဲ့ စတီဗင်စပီးဘတ်က ၂၀၁၈ မှာတော့ 80s, 90s born တွေအတွက်အမှတ်တရဖြစ်သွားစေမယ့် ကားတစ်ကားကို ချပြသွားခဲ့ပါတယ်။ ဒီ Ready Player One ရုပ်ရှင်ဟာ Ernest Cline ရဲ့ Ready Player One ဆိုတဲ့ဝတ္ထုကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီး ဒီရုပ်ရှင်ဟာ ယနေ့ခေတ်မှာ လူသုံးများလာတဲ့ VR စနစ်နဲ့1980 ကနေ 2000 ခုနှစ်ကြားမှာ ရေပန်းကျော်ကြားခဲ့တဲ့ ရုပ်ရှင်၊ ကာတွန်း၊ စာအုပ်၊ ဂိမ်း၊ သီချင်းတို့ကိုအချိုးကျကျ ပေါင်းစပ်ပြသနိုင်ခဲ့တဲ့အတွက် ဝေဖန်ရေးဆရာတွေချီးကျူးထားတဲ့ ရုံတင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ၂၀၄၅ ခုနှစ်အရောက်မှာ ကမ္ဘာပေါ်က လူတွေဟာ လက်တွေ့ဘဝက ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းဖို့မကြိုးစားတော့ပဲ ထွက်ပေါက်အဖြစ် လွတ်မြောက်ဖို့နေရာတစ်ခုအဖြစ် အိုအေစစ်လို့ခေါ်တဲ့ Visual Worldထဲမှာပဲ အိပ်ချိန်၊ စားချိန်နဲ့ သန့်စင်ခန်းသွားချိန်တွေကလွဲလို့ ကျန်တဲ့အချိန်တွေကို ကုန်ဆုံးကြပါတော့တယ်။ ဒီ အိုအေစစ်ကြီးကို ဖန်တီးခဲ့သူကတော့ ဂျိမ်းစ်ဟာလီဒေးဖြစ်ပြီး သူမသေဆုံးခင် အိုအေစစ်ထဲမှာ အီစတာဥလို့ခေါ်တဲ့ပစ္စည်းတစ်ခုကိုထားခဲ့ပါတယ်။ အဲ့ဒီဥကို ရှာဖွေတွေ့ရှိသူဟာ ဟာလီဒေးရဲ့ ပိုင်ဆိုင်မှုတွေအားလုံးနဲ့ အိုအေစစ်ကိုထိန်းချုပ်ခွင့်ပါ ရရှိမှာဖြစ်တဲ့အတွက် အိုအေစစ်ထဲက လူအားလုံးက အဲ့ဒီဥကို အသည်းအသန်လိုက်ရှာကြပါတော့တယ်။ အဲ့ဒီလိုလိုက်ရှာနေကြတဲ့သူတွေထဲမှာ Ready Player One ရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ ဝိတ်ဝက်စ်လဲ ပါဝင်သလိုIOI ဆိုတဲ့ ကုမ္ပဏီကြီးကလဲ အဲ့ဥနောက်ကိုသဲသဲမဲမဲလိုက်နေတာပါ။ ဥကို ရဖို့အတွက် သော့ ၃ ချောင်းအရင်ရှာရမှာဖြစ်ပြီးသဲလွန်စတွေကို ဘယ်လိုအဖြေဖော်ကြမလဲ၊ ဘယ်သူ အဲ့ဥကိုရသွားမလဲ၊ ဟာလီဒေးရဲ့ အစီအစဉ်ကရော ဘယ်လိုလဲဆိုတာတော့ ပရိသတ်တွေအနေနဲ့ ဖိုင်ဆိုဒ်အကြီးကိုသာဒေါင်းပြီး အလှပဆုံး CGI တွေနဲ့ အမြူးကြွဆုံး 80s Rock သီချင်းတွေပါဝင်တဲ့ ဒီရုပ်ရှင်ကို ဇိမ်နဲ့ခံစားကြည့်ရှူလိုက်ကြပါ။ ဒီရုပ်ရှင်ထဲမှာ 80s, 90s ခေတ်က ရုပ်ရှင်တွေ ဂိမ်းတွေ သီချင်းတွေကို ကိုးကားထားတာတွေ မရေတွက်နိုင်အောင်ပါဝင်ပါတယ်။ ဇာတ်ကောင်တွေရဲ့ ဒိုင်ယာလော့တွေကအစ ဒီကိုးကားချက်တွေမပါရင် မပြီးဘူးလို့တောင် ပြောလို့ရလောက်တဲ့အထိပါပဲ။ ဖြစ်နိုင်ရင် ဒီရုပ်ရှင်ကို နှစ်ခေါက်တော့အနည်းဆုံးကြည့်စေချင်ပါတယ်။ ပထမတစ်ခေါက် ဇာတ်လမ်းကိုခံစားပြီးကြည့်ပါ။ ဟောင်းပေမယ့်ကောင်းနေဆဲ သီချင်းတွေကို ခံစားကြည့်ပါ။ ဒုတိယတစ်ခေါက်မှာ သူတို့ရဲ့ကိုးကားချက်တွေကိုခံစားကြည့်ပါ။ ကိုးကားချက်တွေကို ရှာဖွေရလွယ်အောင် ဘာသာပြန်ကတည်းက ကွင်းစကွင်းပိတ်နဲ့ ရှင်းချက်တွေထည့်ပေးထားပြီးရုပ်ရှင်၊ ဂိမ်း နာမည်တွေကို English လိုသာ တမင်ချန်ထားပေးခဲ့ပါတယ်။ အားလုံးပဲ ဒီရုပ်ရှင်ကို ၂ ခါမြောက်ကြည့်ပြီးရင် Google ဂုဏော အနေန္ဒောနိုင်ကြပါစေ။ တစ်ခုတော့ပြောပါရစေ။ Ready Player One ရုပ်ရှင်ဟာ ဖျော်ဖြေရေးဇာတ်ကားသက်သက်မဟုတ်ပါဘူး။ သိပ်မကြာတော့တဲ့အနာဂတ်မှာ ကျွန်တော်တို့ကိုယ်တိုင်ကြုံတွေ့ရနိုင်တဲ့ နည်းပညာလွှမ်းမိုးမှုပြဿနာတွေကို ကြိုပြီး သတိထားကြဖို့အတွက်၊ ကာကွယ်နိုင်ဖို့အတွက်၊ Pop Culture တွေကိုလဲ ထိန်းသိမ်းနိုင်ဖို့အတွက်ရည်ရွယ်ပြီး တင်ဆက်ထားတဲ့ ဇာတ်ကားတစ်ကားပါ။ လူကြီးတွေအနေနဲ့ ဒီရုပ်ရှင်ကိုကြည့်ပြီး ဂျိမ်းစ်ဟာလီဒေးကို နှစ်သက်ကြမှာဖြစ်သလို လူငယ်တွေကလဲရဲ ၅ ဖော်ကို သဘောကျသွားကြမှာသေချာပါတယ်။ ပြီးတော့ အမျိုးသမီးချောများ မမေ့ပါနဲ့၊ ဒီရုပ်ရှင်မှာ မိုရီဆာကီဝင်း (အဝင်း) ပါပါတယ်ခင်ဗျ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုအာကာပါ) File Size : (6.9 GB) / (2.3 GB) / (1.2 GB) Quality : Blu-Ray 4K HEVC /1080p / 720p Running Time : 2hr 20min Format : mkv/mp4 Genre : Action, Adventure, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by Arkar Phyo Encoded by Thanhtike Zaw,Nyeinsaeya Aung

Action • Comedy • Crime
7.6 2018 140 mins
Ready Player One
Wedding Dress

Wedding Dress (2022) ဂျိုအန်က မင်္ဂလာဝတ်စုံတွေရောင်းတဲ့ဆိုင်က ဒီဇိုင်နာလက်ထောက်တစ်ယောက်ပါ။ သူ့မှာ ကာလာလို့ခေါ်တဲ့ သမီးငယ်လေးတစ်ယောက်ရှိပြီး ယောက်ျားကဆုံးပါးသွားပြီဖြစ်တဲ့ တစ်ကိုယ်ရည်မိခင်တစ်ယောက်ပါ။ သူ့ယောက်ျားက သူတို့မင်္ဂလာနှစ်ပတ်လည် ၁၀နှစ်မြောက်ကျရင် Wedding Dress လေးရစေရမယ်လို့ ကတိပေးခဲ့တာကြောင့် ဒီအိပ်မက်လေးကိုလည်း ဆက်ပြီးဖက်တွယ်ထားဆဲပါ။ သူ့မှာဒီဇိုင်းလုပ်လက်စ မင်္ဂလာဝတ်စုံဂါဝန်လေးလည်းရှိနေပါတယ်။ အမေတစ်ခု သမီးတစ်ခုဘဝမို့ စားဝတ်နေရေးအတွက် အလုပ်အမြဲလုပ်နေရပါတယ်။ ဒါပေမဲ့ သမီးလေးကို အရမ်းချစ်ပြီး သမီးအတွက် လိုလေးသေးမရှိ ထားချင်တဲ့ အရာရာမြှုပ်နှံထားတဲ့မိခင်မျိုးပါ။ ဒီလိုကြိုးစားနေတဲ့ ဂျိုအန်တစ်ယောက်ကို ကံကြမ္မာက မျက်နှာသာမပေးခဲ့ပါဘူး။ အကြောင်းကတော့ ဂျိုအန်မှာ ကင်ဆာရှိနေပြီဖြစ်လို့ပါပဲ။ သူက ကင်ဆာဆေးတွေသွင်းပြီးလူမမာအဖြစ်နဲ့ ထွက်ခွာမသွားချင်တာကြောင့် ဆေးမကုဘဲနေဖို့ဆုံးဖြတ်ထားပါတယ်။ ဒါ့ကြောင့် သူမသွားရခင်မှာ သမီးလေးအပေါ် သူလစ်ဟင်းခဲ့တဲ့မိခင်တာဝန်တွေကိုလုပ်ဖို့ အလုပ်ကနေခွင့်ယူပြီး ဟင်းချက်ပေးတာကစလို့ သမီး‌‌လေး သူငယ်ချင်းတွေပိုရအောင် မောင်နှမဝမ်းကွဲတွေနဲ့တည့်အောင် ဘဲလေးအကမယ်ပြိုင်ပွဲဝင်ဖြစ်အောင် ကြိုးစားပါတော့တယ်။ မိခင်မေတ္တာနဲ့ သားအမိသံယောဇဉ်ပေါ်လွင်ပြီး ကြည့်ရှုသူတွေကို နွေးထွေးမှုနဲ့ ဝမ်းနည်းမှုတွေတပြိုင်တည်းဖြစ်စေတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါပဲ။ စိတ်ခံစားလွယ်တဲ့သူတွေအတွက်ကတော့ တော်တော်လေးမျက်ရည်ကျရမယ့် ရုပ်ရှင်ပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Ingyin San မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.2GB, 554MB Quality – 1080p, 720p Format – mp4 Duration – 1H 47Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Y

Comedy • Drama
0 2022
Wedding Dress
The Legend of Muay Thai: 9 Satra
7.3

“မွေထိုင်းဒဏ္ဍာရီ:လက်နက်ကိုးပါး” မွေထိုင်းတိုက်ကွက်တွေ မြင်တွေ့ရဦးမယ့် ထိုင်းanimation ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါဦးမယ်။ ဇာတ်လမ်းအကျဥ်းကိုပြောပြရရင် ရာမသန်နာခွန်တိုင်းပြည်ကြီးကို ဒေဝယက္ခဦးဆောင်တဲ့ ယက္ခမျိုးနွယ်က သိမ်းပိုက်လိုက်ပြီးနောက်မှာ ဇာတ်အိမ်တည်ထားပါတယ်။ ဒေဝယက္ခဟာ တန်ခိုးခွန်အားအလွန်အင်မတန်ကြီးတဲ့အတွက် သာမန်လူသားတွေအနေနဲ့ မလွန်ဆန်နိုင်တာမလို့ ရာမသန်နာခွန်တပ်တော်ဟာ စစ်ရှုံးခဲ့ရပြီး ပြည်သူပြည်သားများလည်း ဒုက္ခအတိရောက်ခဲ့ရပါတယ်။ ဒီအခြေအနေမျိုးမှာ ‌ဒေဝယက္ခကိုတော်လှန်နိုင်မယ့် ဟောကိန်းတစ်ခုလည်းမွေးဖွားလာခဲ့ပါတယ်။ ဒါကတော့ နက္ခတ်ကောင်းတို့စုစည်းချိန်မှာ မွေးဖွားမယ့်ကလေးဟာ… မွေထိုင်းပညာနဲ့ လက်နက်တော်ကိုးပါးကိုအသုံးပြုပြီး ဒေဝယက္ခကိုကျရှုံးအောင် တော်လှန်မယ်ဆိုတာပါပဲ။ ဒီဟောကိန်းအမှန်တကယ်မဖြစ်လာဖို့အတွက် ဒေဝယက္ခဟာ မွေထိုင်းကျောင်းတော်တိုင်းကိုဖျက်ဆီးပြီး၊ နက္ခတ်ကောင်းတို့ စုစည်းချိန်မှာ မွေးတဲ့ကလေးတိုင်းကို ‌ဖမ်းဆီးကာထောင်သွင်း အကျဥ်းချထားပါတယ်။ ပြီးတော့ မှော်ဝင်လက်နက်တော်ကိုလည်းရှာဖွေကာ ဖျက်ဆီးဖို့ကြံပါတော့တယ်…။ သို့ပေမဲ့ ရာမသန်နာခွန်ပြည့်ရဲ့ တော်ဝင်စစ်သူကြီးပန်ဟာ မှော်ဝင်လက်နက်တော်နဲ့ ကလေးငယ်တစ်ယောက်ကို ခေါ်ဆောင်ကာ အဝေးတစ်နေရာကို တိမ်းရှောင်သွားခဲ့ပါတယ်။ ဒါကတော့ ဒဏ္ဍာရီလေးရဲ့ နိဒါန်းပဲဖြစ်ပါတယ် ဒီလိုနဲ့နှစ်ပေါင်းများစွာအကြာမှာ ဒေဝယက္ခကို စိန်ခေါ်မယ့် မွေထိုင်းပညာရှင်လေးက ဘယ်သူများဖြစ်မလဲ.. လက်နက်တော်ကိုးပါးကိုအသုံးချပြီး ဘယ်လိုအနိုင်ယူ တော်လှန်သွားမလဲဆိုတာတော့ ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ။ File size…2.04GB / 1.03GB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 42m Genre ….. Animation , Action , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

7.3 2018
The Legend of Muay Thai: 9 Satra
My Paper Dolls (aka) Le mie ragazze di carta

-ကျွန်တော်တို့ချစ်တဲ့လူတွေက ဘာလို့ ကျွန်တော်တို့အနားကနေ အမြဲထွက်သွားကြတာလဲ- ဒီဇာတ်လမ်းက တီဘာရီယိုဘိုတာချင်ဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်အကြောင်းကို ဇာတ်လမ်း တည်ထားတာပဲ ဖြစ်ပါတယ်။ အလယ်တန်းအောင်ပြီးနောက် ရွာကနေ မြို့ပေါ်ကို မိသားစုနဲ့အတူတက်လာတဲ့ တီဘာရီယိုတစ်ယောက် အိမ်အနီးက ရုပ်ရှင်ရုံပိုင်ရှင်ရဲ့သားနဲ့ သူငယ်ချင်းဖြစ်ကာ ညစ်ညမ်းရုပ်ရှင်ဆိုတာကို ပထမဆုံးကြည့်ဖူးသွားပြီး ကြည့်မိလိုက်တဲ့ ညစ်ညမ်းရုပ်ရှင်ထဲက မင်းသမီးကိုမှ စွဲလမ်းသွားမိပါတော့တယ်။ အဲ့ဒီစွဲလမ်းစိတ်ကို “အချစ်”လို့မှားယွင်းပြီး ခေါင်းစဉ်တွေတပ် …. သူ့ကို ကြိုက်လို့ ကောင်မလေးဘက်က စကားတွေလိုက်ပြောတာကိုတောင် သတိမထားမိလောက်အောင်၊ ကျောင်းမှာ အမှတ်တွေကျလောက်အောင် ညစ်ညမ်းရုပ်ရှင်ထဲကမင်းသမီးကို စွဲလမ်း ….. အဲ့လိုတွေဖြစ်နေရာကနေ “ကျွန်တော်တို့ ချစ်တဲ့လူတွေက ဘာလို့ ကျွန်တော်တို့အနားကနေ အမြဲထွက်သွားကြတာလဲ” ဆိုတဲ့မေးခွန်းကို ထုတ်မေးလာရတဲ့အထိ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ရဲ့ ဘဝမှာ ကြုံတွေ့ရတဲ့ ဘဝအချိုးအကွေ့လေးတွေကိုရိုက်ပြထားတာ ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်ကို Nostalgic ဖြစ်စေတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(1.3 GB)/(777 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Nway Oo K Zaw

0 2023
My Paper Dolls (aka) Le mie ragazze di carta
Romantic Island
6.2

Romantic Island (2008) ကိုရီးယားဇာတ်ကားဟောင်းတွေ ပြန်လည်တင်ဆက်ပေးနေကျမှာ ဒီတစ်ခါမှာတော့ Romance, comedy အမျိုးအစား ဇာတ်ကားလေးနဲ့ ပြန်ရောက်လို့ လာပါပြီ။ ကိုရီးယားဇာတ်လမ်းပရိသတ်တွေနဲ့ မစိမ်းတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားတာမို့ မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ရိုးရီုးရှင်းရှင်းပါပဲ။ ဖူးစာလူးလာ ဒူးကာလို့မရဘဲ အချိန်ကျရင် ကိုယ့်ကိုချစ်ပေးမယ့်သူ တွေ့မယ်ဆိုသလိုပါ အိမ်ပြေးမလေး ချွဲဆူဂျင်းနဲ နာမည်ကြီးအဆိုတော် ယူဂါယောင်းတို့ ကိုယ်စီ ငြီးငွေ့စရာဘဝကနေ ရုန်းထွက်ဖို့ ဖိလစ်ပိုင်ကို အပန်းဖြေခရီး ထွက်လာခဲ့ကြရာက ကိုယ်စီ ရေစက်ကို ရှာတွေ့ခဲ့ကြပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ ဦးနှောက်အကြိတ်ကင်ဆာရှိနေတာမို့ ငါတော့ အကျိုးရှိရှိသေမယ်ဟဲ့ဆိုပြီး အာမခံကြေးရဖို့ လုပ်နေတဲ့ Joong Shik လည်း ကျွန်းပေါ်ကို ရောက်နေပြန်ပါသေးတယ်။ Joong Shik တစ်ယောက် သူ့ကိုသတ်ပေးဖို့ ကိုယ်တိုင်ကြေးစားလူသတ်သမား ငှားခဲ့ပြီး၊ ကြေးစားက လုပ်ကြံရမယ့်သူ အမှတ်မှားသွားတဲ့အခါမှာတော့… မတူညီတဲ့ နောက်ခံရှိတဲ့ အတွဲသုံးတွဲရဲ့ ရိုမန်တစ်ကျွန်းပေါ်က ကိုယ်စီဇာတ်လမ်းကို Romance, comedy အမျိုးအစားဖြစ်တာမို့ ရိုမန့်ငြိမ်ငြိမ်လေးကို ဟာသလေးတွေနဲ့ တွဲမြင်ရမှာပဲ ဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်ကတော့ Su Myat ပဲ ဖြစ်ပါတယ် Genre….. Comedy, Romance Quality…. 1080p WEB-DL | 720p WEB-DL File size… 2.7GB | 1.2GB Format… mp4 Duration….1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Su Myat Encoder ….. Aaron

6.2 2008
Romantic Island
Black Myth: Wukong
9.3

Black Myth : Wukong short animation video …………………………………………………………………. အခုရက်ပိုင်းအတွင်း အသစ်ထွက်လာတဲ့ ဝူခုန်းဂိမ်းဟာ အတော်ကိုဟော့နေပါတယ်။ ဂိမ်းရုပ်ထွက်ကောင်းမွန်တာကြောင့် လူကြိုက်များတာလည်းပါသလို ဆော့လို့လည်းကောင်းပြီး ဇာတ်လမ်းကလည်း ဆန်းသစ်ထားတာမလို့ လူအများစိတ်ဝင်စားမှုကိုရနေတာပါ။ အခုတင်ဆက်ပေးတဲ့ ဇာတ်လမ်းတိုကာတွန်းအပိုင်းလေးတွေကတော့ ရှင်းရှင်းပြောရရင် ဂိမ်းဆော့နေရင်း တခန်းပြီးတခါပြသတဲ့ဇာတ်လမ်းတိုလေးတွေပါ။ ဂိမ်းကိုကိုယ်တိုင်ဆော့ချင်တယ်။ spoilမမိချင်ရင်တော့ မကြည့်တာက ပိုကောင်းပါမယ်။ ဒါပေမဲ့ ဒီအပိုင်းတိုလေးတွေဟာ ဂိမ်းဇာတ်လမ်းနဲ့တိုက်ရိုက်ဆက်စပ်နေတာထက်စာရင် မိစ္ဆာတစ်ကောင်ချင်းစီရဲ့ဇာတ်လမ်းတိုလေး‌တွေဗျ။ animation style ကလည်း တပိုင်းကိုတပုံစံနဲ့ပါ။ တပိုင်းမှာဆိုရင် stop motionပုံစံတောင်ပါပါသေးတယ်။ ဂိမ်းဆော့ဖြစ်မှာမဟုတ်ဘူးဆိုတဲ့လူများကတော့ ကိုယ်တိုင်ပဲဆက်ကြည့်လိုက်ပါ။ အပိုင်း၆ပိုင်းရှိတဲ့ထဲမှာ အပိုင်း၃ဇာတ်လမ်းက တော်တော်ကိုမိုက်ပါတယ်။ ကျန်တဲ့အပိုင်းတွေမှာလည်း ဝူခုန်းတို့ကျမ်းစာပင့်ခရီးမှာ ပထမဆုံးရင်ဆိုင်ခဲ့တဲ့ ထန်ဆန်းကိုယ်တော်ရဲ့ရွှေသင်္ကန်းကိုခိုးသွားတဲ့ ဝက်ဝံမိစ္ဆာနံဘုန်းကြီး၊ မြေခွေးမိစ္ဆာမလေးနဲ့စာသင်သားတို့ အချစ်ဇာတ်လမ်း၊ မြစ်စောင့်နတ်မိစ္ဆာဇာတ်လမ်း၊ ကျူးပါ့ကျဲရဲ့အချစ်ဇာတ်လမ်းနဲ့ စီးရီးမှာမပါခဲ့တဲ့ သူ့မိန်းမ ပင့်ကူမိစ္ဆာမတို့အကြောင်း၊ နွားသိုးမိစ္ဆာ(မြဝတီဗားရှင်းမှာတော့ ကျွဲမိစ္ဆာလို့ဘာသာပြန်သွားခဲ့တာလိုပဲ)နဲ့ဝူခုန်းကြားက ဆက်ဆံရေးတို့ပါပါတယ်။ နောက်ဆုံးအပိုင်းပိုကတော့ ဂိမ်းနဲ့သွားဆက်နေတော့ ဂိမ်းဆော့မှပဲ သိမှာပါ။ ဂိမ်းမဆော့ဖြစ်လည်းသိအောင် အောက်မှာ နည်းနည်းspoilပေးပါမယ်။ Spoiler alert ဂိမ်းအစမှာတော့ ဝူခုန်းတို့အဖွဲ့ ကျမ်းစာပင့်ပြီးနောက် ဝူခုန်းကိုဗုဒ္ဓက အောင်နိုင်ခြင်းဗုဒ္ဓဘွဲ့ချီးမြှင့်ပေမဲ့ ဝူခုန်းက ဗုဒ္ဓတို့နဲ့အတူမနေပဲ သူ့ရဲ့နောက်လိုက်မျောက်တွေရှိရာ ပန်းပေါင်းစုံရေတံခွန်ကိုပြန်သွားပါတယ်။ ဗုဒ္ဓတစ်ပါးအနေနဲ့မနေတဲ့ဝူခုန်းကိုကြောက်တာကြောင့် နတ်တွေဟာ မျောက်တွေဆီရောက်လာပြီး တိုက်ခိုက်သတ်ဖြတ်ပါတော့တယ်။ အဲ့ဒါနဲ့ဝူခုန်းလည်း နတ်ပြည်ကိုနောက်တခါပြန်တက်ကာ နတ်တွေကိုတီးဖို့လုပ်သော်လည်း ခေါင်းစွပ်ကွင်းက တိုက်ပွဲအတွင်းနှောက်ယှက်တာကြောင့် မျက်လုံးသုံးလုံး အာလိန်ရှန်းနတ်ရဲ့ သတ်ဖြတ်တာကိုခံလိုက်ရာကနေ Black Myth : Wukongဆိုတဲ့ ဇာတ်လမ်းအစပြုပါတော့တယ်။ IGN 8/10 Metacritic 81% Steam 10/10 File size… 667 MB / 348 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 30 m Genre ….. Action/Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Dr.Nyan

9.3 2024
Black Myth: Wukong
Barikowa aka Crazy Scary

Barikowa 1 ယခုတစ်ခါ တင်ဆက်ပေးမှာကတော့ သရဲကားအကြိုက်ပရိသတ်ကြီးအတွက် ဂျပန်Horror ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ Barikowa ဆိုတဲ့သရဲကားလေးဟာ ၁,၂,၃ ၃ကားထွက်ရှိထားတာဖြစ်ပြီးတော့ အခုတင်ဆက်ပေးမှာကတော့ နံပါတ်၁ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ ဇာတ်လမ်းတစ်ပုဒ်တည်းမဟုတ်ဘဲ ဇာတ်လမ်းတွေအများကြီးကို ပေါင်းပြီးတော့ ဇာတ်ကားတစ်ခုအနေနဲ့ ဖန်တီးတင်ဆက်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းလေးတွေကလည်း တစ်ပုဒ်ဆိုတစ်ပုဒ် ကြည့်ရှုလို့ကောင်းတဲ့အပြင် သရဲတွေရဲ့ SFX မိတ်ကပ်တွေဟာလည်း အရမ်းကို ပီပြင်တဲ့အတွက် သရဲကားကြိုက်တဲ့သူတွေအတွက်တော့ ရှယ်ပါပဲ (အညွှန်းနဲ့ဘာသာပြန်ကတော့ ToMo ဖြစ်ပါတယ်)

Drama • Action • Thriller
0 2023
Barikowa aka Crazy Scary
Grave Torture
7.1

အခုတင်ဆက်ပေးမဲ့ Horror ဇာတ်ကားလေးကတော့ တွေ့မြင်နေကျ Horror ကားတွေနဲ့မတူဘဲ တစ်မူကွဲထွက်နေတဲ့ အင်ဒိုနီးရှားဇာတ်ကား လေးပဲဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ Siksa Kubur (Grave Torture) ဖြစ်ပြီး IMDb Rating 7.1 အထိ ထိုက်ထိုက်တန်တန် ရရှိထားပါတယ်။ အစ္စလာမ်တွေမှာအရင်တုန်းက ဇာတ်ကားနာမည်အတိုင်းအုတ်ဂူ နှိပ်စက်ခြင်းဆိုတဲ့ အယူအဆတစ်ခုရှိခဲ့ပြီး လက်ရှိယုံကြည်နေတဲ့ ဘာသာဝင်တွေလည်း ရှိပါသေးတယ်။ အုတ်ဂူနှိပ်စက်ခြင်းကဘာလဲလို့ဆိုရင်တော့ အသက်ရှင်စဉ်မှာအပြစ်တွေ အများကြီးလုပ်ခဲ့တဲ့ အပြစ်သားတစ်ယောက်က သေဆုံးသွားရင် မင်းဘာဘုရားကိုကိုးကွယ်လဲလို့မေးတဲ့အခါ ယုံကြည်ခြင်းမရှိလို့ အလ္လာလို့မဖြေနိုင်တဲ့အခါ ကြီးမားတဲ့နှိပ်စက်ခြင်းတွေကိုအုတ်ဂူထဲမှာတင် ခံစားရတယ်ဆိုတဲ့ အယူအဆဖြစ်ပါတယ်။ အဲ့ဒီအယူအဆအပေါ်မှာအခြေခံပြီး ဒီဇာတ်ကားကိုရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဆီတာနဲ့အာဒေးလ်ဆိုတဲ့ မောင်နှမ ၂ ယောက်က မိဘဖြစ်သူတွေနဲ့ မုန့်ဖုတ်ဆိုင်လေးဖွင့်ပြီး ပျော်ပျော်ရွှင်ရွှင်နေနေကြတဲ့ မိသားစုဖြစ်ပါတယ်။ စီးပွားရေးတွေ ကျဆင်းနေပေမဲ့ ပျော်ပျော်နေတတ်တဲ့ မိသားစုလေး အပေါ်မှာ တစ်နေ့မှာတော့ကြမ္မာငင်လာခဲ့ပါတော့တယ်။အဲ့ဒါကတော့ အထက်မှာပြောခဲ့တဲ့ အုတ်ဂူနှိပ်စက်ခြင်းကိုယုံကြည်ပြီး ကြောက်ရွံ့နေတဲ့ လူတစ်ယောက်ရဲ့အသေခံဗုံးခွဲမှုကြောင့် သူတို့ရဲ့မိဘနှစ်ပါးဆုံးပါးသွားခဲ့ ရတာပဲဖြစ်ပါတယ်။ဒီလိုနဲ့ဆီတာနဲ့အာဒေးလ်လည်း မိဘမဲ့တွေဖြစ်လာကြပြီး အစ္စလာမ်ဘော်ဒါကျောင်းတစ်ခုမှာ နေခဲ့ရပါတော့တယ်။ဒါပေမယ့် ဆီတာ့ စိတ်ထဲမှာတော့ အဲ့ဒီအုတ်ဂူနှိပ်စက်ခြင်းဆိုတာကြီးကိုမုန်းတီးနေခဲ့ပြီး တကယ်မရှိကြောင်းသက်သေပြဖို့ ကြိုးစားရင်းနဲ့ အသက်ကြီးလာတဲ့ အခါမှာတော့ အဲ့ဒီအရာကြီးတကယ်မရှိဘူးဆိုတာကိုသက်သေပြနိုင်ပါ့ မလားဆိုတာကို စိတ်ဝင်စားစရာကောင်းစွာနဲ့ကြည့်ရှုရမဲ့ ကြည့်သင့်တဲ့ Horror ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…1.62GB / 782MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 57m Genre ….. Drama , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

7.1 2024
Grave Torture
‘Tis the Season to Be Irish
6.5

ခရစ်စမတ်ကာလနီးကပ်လာချိန်မှာ ခရစ်စမတ်ရုပ်ရှင် အေးအေးလေးနဲ့ chill ကြရအောင်လားခင်ဗျာ။ ရိုစ့်ဟာ အိမ်အဟောင်းတွေကို ဝယ်ပြီး ပြန်ပြုပြင်ကာ ရောင်းချပြီး တစ်နေရာဆီကနေ တစ်နေရာကို လှည့်လည် သွားလာနေတဲ့ ခြေသလုံးအိမ်တိုင်တစ်ယောက်ပါ။ တစ်နေ့မှာတော့ သူ့အမေ ငယ်ငယ်က သွားလည်ခဲ့တဲ့ အိုင်ယာလန်က ဒွန်ကလဲဒေသက အိမ်လေးတစ်အိမ်ကို ဝယ်ဖို့ဖြစ်လာခဲ့တယ်။ အဲဒီလိုနဲ့ပဲ ရိုစ့်တစ်ယောက် အိုင်ယာလန်ကိုရောက်ခဲ့ပြီး ဒွန်ကလဲက အိမ်ခြံမြေအေးဂျင့် ရှောင် နဲ့ တွေ့ဆုံပါတော့တယ်။ ဒီဇာတ်ကားလေးကတော့ တစ်ကားလုံး ရိုးရိုးအေးအေးလေးပဲ သွားထားပြီးတော့ အိုင်ယာလန် နဲ့ အိုင်းရစ်လူမျိုးတွေရဲ့ ယဉ်ကျေးမှုတွေ၊ ရိုးရာအစဉ်အလာတွေနဲ့ သဘာဝရှုခင်း အလှအပတွေကို ခံစားရင်းကြည့်ရှုကြရမှာပါ။ ခြေသလုံးအိမ်တိုင်သမား ရို့စ် နဲ့ ဒွန်ကလဲမှာ ကော်လိုကပ်နေတဲ့ ရှောင်တို့ရဲ့ ဇာတ်လမ်းလေး ဘယ်လိုဖြစ်သွားမလဲဆိုတာကို စောင့်ကြည့်ရင်း မိသားစုနဲ့အတူလည်း ကြည့်ရှုလို့ရတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ File size… (1.49GB) / (774MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 25m Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

6.5 2024 84 mins
‘Tis the Season to Be Irish
Like Girls
5

ဒီဇာတ်ကားလေးကတော့ ဟာသကားကိုမှ အေးအေးဆေးဆေး ဒရာမာခန်းလေးတွေနဲ့ ကြည့်ရမယ့် ကားမျိုးပါ။ ဇာတ်လမ်းအကျဉ်း ************* ဆီဗီယာ .. ဆယ်လာနဲ့ ရိုဇာနာဆိုတဲ့ သူငယ်ချင်းသုံးယောက်ဟာ အရမ်းချစ်ကြတဲ့ သူငယ်ချင်း သုံးယောက်ဖြစ်ပါတယ်။ ဆီဗီယာရဲ့ ယောက်ျားဖြစ်သူက ဖောက်ပြန်နေတာကို သိသွားပြီးတဲ့ နောက်မှာ သူတို့ သူငယ်ချင်းသုံးယောက်ဟာ ဘဝရဲ့ အသစ်အဆန်း အတွေ့အကြုံတွေကို ရှာဖွေကြရင်းနဲ့ သူတို့ အချင်းချင်းကြားမှာ ရှိတဲ့ သူငယ်ချင်း သံယောဇဉ်ကို အသားပေးထားတာကို ဒီကားထဲမှာ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားက ခက်ခဲတဲ့အချိန်တွေမှာ တစ်ယောက်အနား တစ်ယောက် ရှိနေပေးတတ်ပြီး စည်းလုံးတဲ့ သူငယ်ချင်းသုံးယောက် အကြောင်းကို ဟာသဆန်ဆန် ရိုက်ကူးထားတဲ့ကားလို့ ပြောလို့ ရမယ် ထင်ပါတယ်။ ( ဘာသာပြန်နဲ့ အညွှန်းကတော့ BZW ပဲ ဖြစ်ပါတယ်။ ) File size… (1.58GB) / (839MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 37m Genre …..Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW

Action • Thriller
5 2024 97 mins
Like Girls