YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Tomorrow With You (2017).EP16.END.WEB-DL.720P(CM).mp4

428.42 MB 720p video/mp4 190 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ottu
5.6

မင်းသမီးချောလေး Eesha Rebba က အစွမ်းကုန်လှပေးထားတဲ့ ဒီဇာတ်ကားမှာဆိုရင်တော့ အရင်ကကားတွေနဲ့သိပ်မတူပါဘူး မစ်ရှင်တော့မစ်ရှင်ပေမဲ့ မှတ်ဉာဏ်ပြန်ရအောင်လုပ်ပေးရမဲ့မစ်ရှင်ပါ ကီချူးနဲ့ ကလျာနီဆိုတာကစုံတွဲပါ နိုင်ငံရပ်ခြားမှာအခြေချချင်ပေမဲ့ ပိုက်ဆံကမရှိဘူးပေါ့ ဒီလိုနဲ့ပိုက်ဆံရှာဖို့အလုပ်ပေါ်လာပါတယ် ကီချူးဦးလေးရဲ့အဆက်နဲ့ ကီချူးကိုအဖွဲ့တစ်ဖွဲ့ကငှားတာပါ သူကလူတွေနဲ့ဆက်ဆံရာမှာ တကယ်တော်တဲ့လူတစ်ယောက်ဆိုတော့ သူနဲ့ဖော်ရွေမှုကိုသုံးပြီး အတိတ်ပြန်ဖော်ချင်ကြတယ်ပေါ့ သူမှတ်ဉာဏ်ပြန်ဖော်ပေးရမဲ့လူကတော့ တစ်ချိန်တုန်းက ရွှေမှောင်ခိုဂိုဏ်းခေါင်းဆောင်ရဲ့ ညာလက်ရုံးတစ်ယောက်ပါ အက်ဆီးဒင့်ဖြစ်ပြီးအတိတ်မေ့သွားတော့ ရွှေ‌တွေရှိတဲ့နေရာပါမေ့သွားပါတယ် အဲဒီရွှေတွေကလည်းကုဋေ၃၀လောက်တန်တော့ ဒီရွှေတွေကိုရချင်တဲ့လူတစ်သိုက်၊ မှတ်ဉာဏ်ပြန်ရအောင်လုပ်ပေးရမဲ့ ကီချူးတို့နဲ့ အတိတ်မေ့နေတဲ့ဒေးဗစ်တို့ရဲ့ အရှုပ်တော်ပုံတွေကိုကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ် Rating အနေနဲ့လည်း 5.9ထိရထားတဲ့ကားကောင်းဆိုတော့ လက်မလွှတ်သင့်ပါဘူးရှင် File size…1.7GB / 800MB Quality…1080p WEB DL /720p Format…mp4 Duration….2h 6m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Yunni~NyeinAye

Drama • Horror • Mystery
5.6 2022 105 mins
Ottu
Pusoy
6

အသစ်ထွက်လာတဲ့ ဖိလစ်ပိုင် Action,Erotic,Gambling ဇာတ်ကားသစ်ကို တင်ဆက်လိုက်ပါတယ်။ ပိုပွိုင်းက နာမည်ကြီးလောင်းကစားဝိုင်းတစ်ခုမှာသက်တော်စောင့်လုပ်ပါတယ်။ အိမ်ထောင်ကျပြီးပေမယ့် မိဘနဲ့အတူနေပြီးတော့ တာဝန်ကျေချင်တဲ့သားလိမ်မာ၊ တစ်ဖက်တော့ ကြုံတဲ့လူနဲ့ကြုံသလိုဝုန်းတတ်တဲ့လူရှုပ်ကလေးတစ်ယောက်ပါ။ တစ်နေ့တော့ သူတို့အဖွဲ့ဟာ လောင်းကစားဝိုင်းမှာဖဲလိမ်ရိုက်တဲ့ပြဿနာကနေ သူတို့သတ်လိုက်မိတဲ့လူက အကောင်ကြီးကြီးပုဂ္ဂိုလ်တစ်ယောက်ရဲ့သားဖြစ်နေတာကို သိလိုက်ရတဲ့နောက်တော့ မီးခိုးကြွက်လျှောက်ပြသနာတွေလိုက်ဖို့ဖြစ်လာပါတယ်။ အဲ့ဒီပြဿနာတွေဆီကနေ ငွေနဲ့ရုန်းဖို့အရာရှိတစ်ယောက်ကိုအကူအညီတောင်းမိတော့ ဟိုက ဆယ်သန်းတောင်းပါတယ်။ ညှိရင်းနှိုင်းရင်း ၅ သန်းနဲ့ဈေးတည့်သွားပေမယ့် ငွေရှာဖို့ပေးထားတဲ့အချိန်က နည်းလွန်းတော့ အဲ့ဒီငွေကို ဖြစ်တဲ့နည်းနဲ့ရှာဖို့ကြိုးစားရင်း သူတို့အဖွဲ့ကြားမှာ စည်းလုံးမှုပြိုကွဲစပြုလာသလို သူတို့နောက်ကွယ်က မိသားစု ပြဿနာတွေကလဲ တစ်ဖြည်းဖြည်း ဇာတ်ရှိန်မြင့်လာပါတော့တယ်။ Putahe (2022) ထဲက အလှမယ်မမကြီးရဲ့ အသစ်ထွက်ရှိထားတဲ့ ပူပူနွေးနွေးကားသစ်ပါ။ မင်းသားကတော့ထုံးစံအတိုင်းမြင်ဖူးနေကျ Vince Rillon ပါပဲ။ သူနဲ့အတူ Angeli Khang (Eva, Taya) နဲ့အတူ Jela Cuenca (Taya, Island of Desire) တို့လဲပါဝင်ဇာတ်ပို့ထားပါသေးတယ်။ BDSM ကစလို့ nylon တို့ gag တို့ကနေ Pegging လုပ်တာအထိပါဝင်တဲ့အတွက်တစ်ချို့အသည်းငယ်တတ်သူတွေ သတိထားကြည့်စေချင်ပါတယ်။အသက် ၁၈ နှစ်မပြည့်သူများ မကြည့်သင့်ပါ။ File Size : (1.7 GB) & (700 MB) Quality : WEB-DL 1080p & 720p Running Time : 01:56:00 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by Alias Encoded by RGB

Science Fiction • Thriller
6 2022 116 mins
Pusoy
Big Daddy
6.5

၁၉၉၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ နာမည်ကြီး မင်းသား Adam Sandler ရဲ့ ဟာသဒရာမာ ဇာတ်ကားတစ်ကားပါ။ Adam Sandler ရဲ့ ထုံးစံအတိုင်း ဟာသတွေအများကြီးပါသလို ဒရာမာကိုလည်း ခပ်ပါးပါးလေး ထည့် ထားပါတယ်။ Adam Sandler လျှမ်းလျှမ်းတောက်ခဲ့တဲ့ အချိန်တွေကို ပြန်လည်အမှတ်ရရင်း ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှု့နိုင်အောင် CM ပရိသတ် ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဆန်နီဟာ ဥပဒေနဲ့ ဘွဲ့ရထားတဲ့ သူတစ်ယောက်ဖြစ်ပေမယ့် ရှေ့နေ အလုပ် ကိုမလုပ်ဘဲ လမ်းကြေးကောက်တဲ့ ဂိတ်မှာ အလုပ်လုပ်နေတဲ့သူပါ။ ဘဝကို အလေးအနက်မထားဘဲ ခပ်ပေါ့ပေါ့ပဲ ဖြတ်သန်းနေတာမို့ ရည်းစားဖြစ်သူ ဗနက်ဆာက သိပ်ပြီး မကြိုက်လှပါဘူး။ ဗနက်ဆာဟာလည်း ဆန်နီနဲ့ လမ်းခွဲဖို့ ပြောခဲ့လိုက်ပါတယ်။ ဆန်နီဟာ ဖခင်ဖြစ်စေချင်တဲ့ ရှေ့နေ အလုပ်ကိုမလုပ်တဲ့ အတွက် ဖခင်ဖြစ်သူနဲ့လည်း အဆင်မပြေပါဘူး။ ဒီလိုမျိုး ဘဝကို ဖြတ်သန်းနေတဲ့ ဆန်နီ့ဘဝထဲကို ဂျူလီယန်ဆိုတဲ့ ကောင်လေးတစ်ယောက်ရောက်လာခဲ့ပါတယ်။ တကယ်တော့ ဂျူလီယန်ဟာ ဆန်နီ့အခန်းဖော်ဖြစ်တဲ့ ကယ်ဗင်ရဲ့ ရှိလို့ရှိမှန်းမသိရဘဲ ရုတ်တရက်ပေါ်လာတဲ့ သားတစ်ယောက်ပါ။ ထိုအချိန် ကယ်ဗင်ဟာ တရုတ်ပြည်ကို သွားနေတာမို့ ဆန်နီလည်း ဗနက်ဆာများ စိတ်ပြန်လည်လာမလားဆိုပြီး ဂျူလီယန့်ကို မွေးစားဖို့လုပ်ပါတော့တယ်။  ကိုယ့်ကိုယ်ကိုယ်ကလွဲပြီး ဘယ်သူ့ကိုမှ တာဝန်မယူတတ်၊ ဘဝကို ပေါ့ပေါ့တန်တန် ဖြတ်သန်းနေတဲ့ ဆန်နီ ကလေးတစ်ယောက်နဲ့ ဘယ်လိုတွေ ဖြတ်သန်းရမလဲ၊ ဘယ်လို ပေါက်တတ်ကရတွေ လုပ်မလဲဆိုတာကို ဇာတ်လမ်းထဲမှာ ဆက်လက်ရှု့စားလိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size..........(2.17 GB) / (740 MB) / (423 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 33Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama Translator.......Leonard Lin Encoder..........SWM

6.5 1999 93 mins
Big Daddy
(500) Days of Summer
7.3

ဇာတ်လမ်းကိုတော့    Movies-we watch,we feel. Facebook Page မှ Ko Waihin Htoon ရဲ့ ခံစားမှုဆောင်းပါးနဲ့ မိတ်ဆက်ပေးပါရစေ။ --------------------------------------------------------- (500) Days of Summer အား တကျော့ပြန် ခံစားကြည့်ခြင်း (review မဟုတ်ပါ။ ဇာတ်ကားကို ကြည့်၍ ခံစားချက်များကို ရေးသားထားခြင်းပင်ဖြစ်ပါသည်။) အချစ်နဲ့ပတ်သက်ရင် ခံစားတတ်သူတိုင်း အချစ်ကို ခံစားတတ်ကြတယ်။ ဒါပေမဲ့ ခံစားချက် မရှိတဲ့ မည်သူရှိလဲ? မည်သူမှ မရှိပါ။ လူတိုင်းဟာ ခံစားချက်တွေရှိတဲ့ သူတွေပါပဲ။ ဒါဆိုရင် လူတိုင်းဟာ အချစ်ကို ခံစားဖူးကြမှာပေ့ါ။ အမှန်ပါပဲ။ လူ့ဘဝရဲ့တစ်ချိုးတစ်ကွေ့မှာတော့ အချစ်ဆိုတဲ့ အရာနဲ့ဆက်နွယ်ခဲ့ဖူးကြတဲ့ သူတွေပါပဲ။ ဒါဆိုရင် အချစ်ဆိုတာဘာလဲ? မည်သူမှတော့ တိကျတဲ့ အဖြေကို မပေးစွမ်းနိုင်ခဲ့ပြန်ဘူး။ ကိုယ်ပိုင်ခံစားချက်တွေနဲ့ကိုယ်ပိုင်အတွေ့အကြုံတွေကပဲ လူသားအသီးသီးကို သက်ဆိုင်တဲ့ စာသားတွေ စကားလုံးတွေနဲ့အချစ်ဆိုတဲ့ အရာကို အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြတယ်။ ရုပ်ဆိုးတဲ့လူတစ်ယောက်ကို ချစ်ခဲ့တဲ့ လူဆိုရင် အချစ်မှာ မျက်စိမပါဘူး။ ရင်ကွဲခံရဖူးတဲ့ လူတွေဆိုရင် အချစ်ဟာ အဆိပ်ပဲ။ အချစ်မှာ ကံကောင်းတဲ့ သူတွေဆိုရင်တော့ အချစ်ဟာ လောကနဲ့ လူသားတွေအတွက် ပျော်ရွှင်မှုပေးနိုင်သောအရာ။ အချစ်ကို လိုအပ်နေတဲ့ အထီးကျန်သမားတွေကတော့ အချစ်ဆိုတာ လူသားတွေအတွက် မရှိမဖြစ် လိုအပ်သော အရာ။ သစ္စာဖောက်ချင်တဲ့ လူသားတွေကတော့ အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးလို့ဆို... စသည်ဖြင့်ပေ့ါ အချစ်ဋီကာကို အမျိုးစုံ အဓိပ္ပာယ်ပြန်ကြတယ်။ ကျွန်တော် Romantic Comedy ဆိုတဲ့ ရုပ်ရှင်အမျိုးအစားနဲ့Sport ဆိုတဲ့ ရုပ်ရှင်အမျိုးအစားကို တတ်နိုင်သလောက် ရှောင်ပါတယ်။ စိတ်ကူးယဉ်ဆန်တဲ့ အချစ်ရုပ်ရှင်တွေဟာ လက်တွေ့လောကနဲ့သွေဖွယ်နေတတ်လေ့ရှိပါတယ်။ ကျွန်တော် အမျိုးသမီးထုကို စော်ကားခြင်း မဟုတ်ပါ။ ဒါပေမဲ့ အချစ်နဲ့ပတ်သက်ရင် အမြဲတမ်း ပို၍ စိတ်ကူးယဉ်လေ့ ရှိတတ် ကြ တဲ့ လူသားတွေ ဖြစ်သည့်အားလျော်စွာ သူမတို့ရဲ့ အကြိုက် အချစ်ကားတွေသည် သူမတို့ဘက်မှနေ၍ အမြဲ ရိုက်ကူးတင်ပြလေ့ရှိသည်။ ဒါကို ကျွန်တော် မနှစ်သက်။ ထို့ကြောင့် မည်သည့် အချစ်ကားမျိုးမဆို ကျွန်တော် မကြည့်။ နောက်ဆုံး ကုန်ကုန်ပြောရ မယ် ဆိုရင် မနှစ်က လူကြိုက်အရမ်းများသွားခဲ့တဲ့ The Faults in our Stars ကို ကျွန်တော် အခုထိ မကြည့်ရသေး။ ကြည့်ဖို့လည်း စိတ်ကူးမရှိသေး။ ကျွန်ေ်တာ့် ဘဝမှာ အချစ်ရုပ်ရှင်နဲ့ပက်သက်ပြီး တစ်ကားတည်းကိုပဲ အရမ်းနှစ်သက်ခဲ့တယ်။ ထိုတစ်ကားတည်းကိုပဲ အကြိမ်ရေ 20 ထက်မနည်း ကြည့်ခဲ့ဖူးတယ်။ ယခုအချိန်ထိလည်း ကြည့်နေတုန်းပဲ။ ကြည့်တိုင်းလည်း တစ်ခါမှ ရိုးအီသွားတယ်ဆိုတာ မရှိခဲ့ပြန်ဘူး။ ပိုတိုးပြီးတောင် ကြိုက်လာပြန်ပါသေးတယ်။ အခုလို အချစ်ကားတွေ မကြည့်တတ်တဲ့ ကျွန်တော်ကို မည်သည့် အချစ်ကား ယခုလို ဖြစ်စေခဲ့သလဲဆိုတော့ ရုပ်ရှင်နာမည်က ကျွန်တော်နဲ့ခင်တဲ့သူတိုင်း သိကြတဲ့ (500) Days of Summer။ (500) Days of Summer ဆိုတဲ့ ရုပ်ရှင်ကားဟာ ပရိသတ်တော်တော်များများ သိပြီးသားဖြစ်တဲ့ 2009 ခုနှစ်ရဲ့Sleeper Hit Movie ဖြစ်လာတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ ကျွန်တော်တို့လို အသည်းကွဲခဲ့ဖူးတဲ့ ယောင်္ကျားလေးတွေအတွက်တော့ ဒီဇာတ်ကားလေးဟာ ခံစားချက်တွေ တိုက်ဆိုင်နိူင်ပြီး ခံစားမှုအပြည့်ကို ပေးနိူင်ပါတယ်။ ကျွန်တောိ ဒီဇာတ်ကားကိုကြည့်ပြီး မငိုခဲ့ပါဘူး။ ဒါပေမဲ့ တော်တော်ခံစားခဲ့ရပါတယ်။ ခံစားချက်မျိုးစုံ နဲ့ခံစားခဲ့ရတာကြောင့် ဘာကြောင့် ခံစားခဲ့ရတာလဲ ဆိုတာတောင် မသိခဲ့ရပါဘူး။ ဘာကြောင့် ကျွန်တော် ထိုရုပ်ရှင်ကို အရမ်းနှစ်သက်ရပါသလဲ? ကျွန်တော် စောစောက ပြောခဲ့သလိုပဲ။ အချစ်ကားတွေသည် အမျိုးသမီးတွေအကြိုက်ဖြစ်အောင် အမျိုးသမီးတွေရဲ့အမြင်တွေဘက်ကပဲ ရိုက်ပြခဲ့ကြသည်။ ကျွန်တော်တို့လို အမျိူးသားတွေ ဘက်ကကြတော့ ဘာကြောင့် မတင်ပြခဲ့ကြတာလည်း။ ဒါမေးခွန်းကို တော်လှန်ခဲ့တဲ့ သာမာန်အချစ်ကားတွေရဲ့ရေးစီးကြောင်းကို တော်လှန်ခဲ့တဲ့ တစ်ကားတည်းသော ကျွန်တော်ကြည့်ဖူးသော အချစ်ရုပ်ရှင်သည် (500) Days of Summer ပင်ဖြစ်သည်။ ထိုအချက်သည် ထိုရုပ်ရှင်ကို နှစ်သက်မိတဲ့ ပထမဆုံးသော အချက်ပင်ဖြစ်သည်။ မိန်းကလေးတွေသည် အချစ်ကို စိတ်ကူးပိုယဉ်တတ်ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ယောင်္ကျားလေးတွေက အချစ်ကို ပိုခံစားတတ်ကြပါတယ်။ ထိုရုပ်ရှင်ထဲက Tom ဆိုသော လူငယ်လေးရဲ့ ဇာတ်ကောင်ကို ကျွန်တော်ကြည့်နေရင်း ကျွန်တော့်ကိုယ် ကျွန်တော် ပြန်မြင်ယောင်လာမိတယ်။ ကျွန်တော့်ဘဝရဲ့အဖြစ်အပျက်တစ်ခုကို ကျွန်တော်ပြန်မြင်ယောင် လာမိတယ်။ ကျွန်တော် Summer ဆိုသော မိန်းကလေးတစ်ယောက်နှင့် ဘဝတွင် တွေ့ဆုံခဲ့ဖူးပါတယ်။ ဒါဆိုရင် ခံစားချက်ခြင်း တူညီတယ်ဆိုသော ခေါင်းစဉ်နဲ့ဒီရုပ်ရှင်နှစ်သက်မိတဲ့ ဒုတိယ အချက်ပင်ဖြစ်ပါတယ်။ တတိယ အချက်ကို ပြောကြည့်ရအောင်။ ဒီကားသည် သာမာန်ရုပ်ရှင်တွေလို တင်ဆက်ထားခြင်းမဟုတ်။ 99% သော အချစ်ကားတိုင်းသည် Timeline ကို Linear Style ဖြင့် တင်ပြလေ့ရှိသည်။ ဘာကြောင့်လဲ? တင်ပြရတာ လွယ်ကူတာကိုး။ ဒါပေမဲ့ (500) Days of Summer ကတော့ ဇာတ်ကြောင်းပြောပြချက်ကို Non-Linear Storytelling Style ဖြင့် တင်ပြထားတယ်။ ဒီအချက်က ပေါ့ပျက်ပျက်ကြည့်ရင် ရုပ်ရှင်ကို ရှုပ်ထွေးသွားစေပေမဲ့ သေသေချာချာ စိတ်ဝင်စားစွာ ကြည့်ပါက ရုပ်ရှင် ဇာတ်ကြောင်းကို ပိုမိုလွယ်ကူစွာ နားလည်စေခဲ့တယ်။ ဇာတ်ညွှန်းသည် အလွန်ကို Smart ဖြစ်လွန်းသော ဇာတ်ညွှန်း။ ကျွန်တော် အကြိုက်ဆုံး ဇာတ်ညွှန်း။ ဘာကြောင့် non-linear နဲ့တင်ပြခဲ့သလဲလို့ဆိုရင် အတိတ်နဲ့ပစ္စပ္ပန် ကို ယှဉ်ပြချင်တဲ့ သဘော။ ဟိုး တစ်ချိန်က ဒီလို ဖြစ်ခဲ့ပေမဲ့ ယခုအခါ ထိုကဲ့သို့သော မဟုတ်။ ပြောင်းလဲတတ်တဲ့ လူသားတွေရဲ့ဖြစ်စဉ်တွေကို မြင်သာစေခဲ့တယ်။ ထို့အပြင် ထို Timeline နှစ်ခု အမြဲ ယှဉ်ပြချက်များသည် Tom ရဲ့ခံစားချက်တွေကို ကျွန်တော်တို့ပို၍ မြင်သာစေခဲ့တယ်။ ဒါက တတိယ အချက်။ နောက်တစ်ချက်က ဇာတ်ကောင်များ။ ဇာတ်ရံများကို ကျွန်တော် မပြောလို။ ဒါပေမဲ့ Tom နဲ့Summer တို့အကြောင်းကို တော့ ကျွန်တော် ပြောချင်ပါတယ်။ ပြောရမယ်ဆိုရင် ဇာတ်လမ်းကို ပြောင်းလဲပစ်စေခဲ့တဲ့ Character Developments တွေ တွေ့ခဲ့ရတယ်။ ဒီအချက်တွေကပဲ ရုပ်ရှင်ရဲ့ပင်မပဲဖြစ်တယ်။ Summer သည် အချစ်ကို မယုံကြည်ခဲ့သူ။ အချစ်ဆိုတာ လက်တွေ့လောကတွင် မရှိ။ စိတ်ကူးယဉ် Fantasy သက်သက်ပဲဟု ငယ်ရွယ်စဉ်က အိမ်ထောင်ရေး အဆင်မပြေဖြစ်ခဲ့သော သူမရဲ့မိဘနှစ်ပါးကို ကြည့်ပြီး အချစ်ကိုထိုကဲ့သို့သတ်မှတ်ခဲ့သူ။ Tom ကတော့ သူမနှင့် ဆန့်ကျင်ဘက်။ ငယ်ရွယ်စဉ် ကလေးဘဝတုန်းက British Pop Songs တွေနဲ့ရုပ်ရှင်တွေကို ကြည့်ပြီး အချစ်စစ်ဆိုသော အရာကို ယုံကြည်သူတစ်ဦး။ ဒါပေမဲ့ လောကမှာ သိတဲ့အတိုင်း အရာအားလုံးဟာ ပြောင်းလဲတတ်တဲ့ သဘောသဘာဝရှိသည့် အားလျော်စွာ သူတို့နှစ်ယောက်ရဲ့ဇာတ်ကောင်စရိုက် ပြောင်းလဲမှုသည် ဇာတ်လမ်းကို ပို၍ အားသာစေခဲ့ပြန်သည်။ Summer ကို ကျွန်တော် မမုန်း။ သူမသည် လက်တွေ့ဆန်သော မိန်းကလေးတစ်ဦး။ သူမသည် အေးစက်သော နှလုံးသား ပိုင်ရှင် မိန်းကလေးတစ်ဦးဖြစ်ခဲ့ပေမဲ့ သူမသည် Tom ကို ဘယ်တုန်းကမှ လိမ်လည်လှည့်ဖြားခဲ့သောသူ မဟုတ်ခဲ့။ ရိုးသားသော သူတစ်ယောက် ဖြစ်ခဲ့သည်။ Tom ကိုလည်း ကျွန်တော်မမုန်း။ သူသည် ကျွန်တော့်ရဲ့ဆင်တူ Fictional Character တစ်ဦး။ ဒါသည် စတုတ္ထအချက်။ ပဉ္စမအချက်ကို ပြောရမည်ဆိုရင် ဇာတ်လမ်းမှာ သူတို့ပြောသွားကြတဲ့ စကားတွေ။ အပြင်လောက နဲ့အရမ်းကို စက်နွယ်နေသော အကြောင်းအရာ ဖြစ်ရပ်မှန်တွေကို လှပ၍ ထိမိသော စကားလုံးများဖြင့် တန်ဆာဆင်ကာ ပြောဆိုသွားခဲ့ကြသည်။ ထိုစကားလုံးတွေနှင့်ပဲ ကျွန်တော်ရယ်မောခဲ့ရသည်။ ထိုစကားလုံးတွေနဲ့ပဲ ကျွန်တော် တစ်ကိုယ်တည်း သဘောတူ၍ ခေါင်းတွေ ငြိမ့်ခဲ့ရသည်။ ထို့အပြင် ထိုစကားလုံးတွေနဲ့ပဲ တစ်ကိုယ်တည်း ငိုကြွေးခဲ့ရသည်။ ဥပမာ... "Some people are meant to fall in love with each other, but not meant to be together." ဆိုတဲ့ စာသားလေးသည် ရင်ကို ခွဲကာ နှလုံးသားကို ဆောက်နဲ့ထွင်းခံရသလို့အောင့်သက်သက်ဖြစ်သေခဲ့တယ်။ "I need to know that you're not gonna wake up in the morning and feel differently." ဒါကိုလည်း စဉ်းစားကြည့်မယ်ဆိုရင် သူ့ကို အချစ်စစ်နဲ့မချစ်ဘူးဆိုတာကို သိတဲ့ Tom က သိသိရက်နဲ့မသေချာတတ်တဲ့ အနာဂတ်နဲ့ပြောင်းလဲတတ်တဲ့ လူသားတွေရဲ့စရိုက်ကို သိသောကြောင့် သေချာအောင် မေးခဲ့တဲ့ အမေးလေး တစ်ခု။ "Either she's an evil, emotionless, miserable human being, or she's a robot." မည်မျှလောက် အသည်းကွဲကာ နာကျည်းနေသလဲဆိုတဲ့ ခံစားချက်တွေ။ "Do you ever do this, you think back on all the times you've had with someone and you just replay it in your head over and over again and you look for those first signs of trouble?" ဒီစကားလေးကတော့ Relationship တစ်ခုမှ ရှိနေတဲ့ ယောင်္ကျားလေးတိုင်းရဲ့ စဉ်ဆက်မပြတ် မေးမြန်းနေတဲ့ မေးခွန်းလေးတစ်ခု။ မိမိနဲ့ပတ်သက်ပြီး တစ်ဘက်လူရဲ့ပြောင်းလဲလာတဲ့ ဆက်ဆံမှုတွေကို ကြုံတွေ့လာရတဲ့ အခါ ကျွန်တော်တို့တွေ အမြဲ ထိုကဲ့သို့လုပ်လေ့ရှိတတ်ကြပါတယ်။ " Just because she likes the same bizzaro crap you do doesn't mean she's your soul mate." ဒီစကားကို Tom ရဲ့ half younger sister က Tom ကို အမှန်တရားကို မြင်စေတဲ့ ရုတ်တရက် ပြောလိုက်တဲ့ စကား။ အရမ်းမှန်တယ်။ ကျွန်တော်တို့တွေ ငယ်စဉ်က " ဟာ.. ဒီကောင်မလေးနဲ့ငါနဲ့အရာအားလုံးနီးပါး အကြိုက်ချင်းတူတယ်။ ငါတို့တွေ တစ်နေ့မှာ ရည်းစားဖြစ်ကြလိမ့်မယ်ဆိုပြီး ကိုယ့်ရဲ့Crush နဲ့ ကိုယ် အကြိုက်ချင်းတူရင် တွေးမိတဲ့ စိတ်ကူးလေးတွေပါ။ တစ်ကယ်တော့ ထိုအရာဟာ ဟာသပျက်လုံးတစ်ခုသာသာပါပဲ။ "I don't want to get over her. I want to get her back." Tom ရဲ့ မျှော်လင့်ချက်နဲ့ရှင်သန်ပုံကို သူ့ရဲ့စကားတွေကနေပြီး ကျွန်တော်တို့ဝိုင်းခံစားပေးခဲ့ကြတယ်။ တစ်ခါတစ်ရံ ကျွန်တော်တို့ချစ်သူတွေနဲ့ပြတ်စဲသွားပြီးကြတဲ့အခါ ယောင်္ကျားလေး အများစုဟာ ထို မိန်းကလေးတွေကို တော်ရုံနဲ့မမေ့နိုင်ကြပါဘူး။ ဝေးကွာသွားမှ ပို၍ တမ်းတလာတတ် ကြ ပါတယ်။ ဒါကြောင့် ထိုမိန်းကလေးတွေကို ပြန်လည် ရရှိအောင် ကြိုးစားတတ်ကြပြန်ပါတယ်။ "Look, I know you think she was the one, but I don't. Now, I think you're just remembering the good stuff. Next time you look back, I, uh, I really think you should look again." ဒီစကားလေးကိုလည်း ထိုကလေးမလေးက Tom ကို အားပေးတဲ့ စကားပြောခဲ့တာပါပဲ။ ကျွန်တော် အကြိုက်ဆုံးစကားတွေမှာ ဒီစကားလေး ပါဝင်နေတယ်။ တစ်ခါတစ်ရံ ကျွန်တော်တို့မိမိကို ထားသွားတဲ့ ချစ်သူတွေကို တမ်းတနေမိတဲ့အခါ သူတို့ရဲ့ကောင်းကွက်တွေကိုပဲ ရွေးပြီးစဉ်းစားမိနေလို့ ကျွန်တော်တို့လူသားတွေ ခံစားနေ အသည်းကွဲနေရတာပါ။ တစ်ကယ်လို့သာ ဖြစ်ရပ်တွေ အကုန်လုံးသာ ကျွန်တော်တို့ပြန်မြင်ယောင် စဉ်းစားခြင်းဟာ ထိုထားသွားတဲ့ လူတွေကို မေ့ပျောက်နိုင်ဆုံး ဖြေဆေးတစ်ခုပါပဲ။ "Robin is better than the girl of my dreams. She's real." ဒီစကားသည် မှန်သလားဆိုရင် အရမ်းမှန်တယ်။ မိမိစိတ်ကူးထဲက ဖြစ်ချင်တဲ့ မိန်းကလေးတွေထက် မိမိနဲ့ယခုချစ်သူဖြစ်နေတဲ့ မိန်းကလေးက ပို၍ သာပါတယ်။ ဟုတ်တယ်လေ။ သူမက စိတ်ကူးထဲက မဟုတ်ပဲ ပြင်ပလောကမှာ ရှိနေသည့်အတွက်။ တွေးကြည့်လေ နားလည်လာစေပဲ။ "I love us." ဒီစာသားလေးက မိမိကိုယ်ကို ချစ်ခြင်းလည်း မဟုတ်။ မိမိရဲ့ကောင်မလေးကိုချစ်ခြင်းလည်း မဟုတ်။ မိမိတို့နှစ်ဦးအတူတကွ ရှိနေခြင်း မိမိတို့နှစ်ယောက်ရဲ့အချစ်ကို ချစ်မြတ်နိုးခြင်းဆိုတာကို အရိုးရှင်းဆုံးနဲ့အလှပဆုံး အဓိပ္ပာယ် ဖွင့်ဆိုခဲ့တယ်။ "So, what if I'd gone to the movies? What if I had gone somewhere else for lunch? What if I'd gotten there 10 minutes later? It was - it was meant to be. And... I just kept thinking... Tom was right." အချစ်ဆိုတာ ဖူးစာဆိုတာ ရှိတယ်ဆိုတဲ့ စကားကို ပြောကြားသွားခဲ့တဲ့ Summer ရဲ့ပြောင်းလဲသွားခဲ့တဲ့ အမြင်ကို သူမ ပြောကြားသွားခဲ့တဲ့ စကားလေးတစ်ခွန်း။ " Most days of the year are unremarkable. They begin, and they end, with no lasting memories made in between. Most days have no impact on the course of a life. May 23rd was a Wednesday." "Tom walked to her apartment, intoxicated by the promise of the evening. He believed that this time his expectations would align with reality..." "There's only two kinds of people in the world. There's women, and there's men. Summer Finn was a woman." "If Tom had learned anything... it was that you can't ascribe great cosmic significance to a simple earthly event. Coincidence, that's all anything ever is, nothing more than coincidence... Tom had finally learned, there are no miracles. There's no such thing as fate, nothing is meant to be. He knew, he was sure of it now." ဒါတွေက Narrator ဆိုသော ဇာတ်ကြောင်းပြောသူရဲ့စာသားတွေ။ အရမ်းလှပြီး အရမ်းလည်း ကြိုက်တဲ့ စာသားတွေ။ "People change, feelings change, it doesn't mean that the love once shared wasn't true and real. It simply means that sometimes, when people grow, they grow apart." ခံစားတတ်သူတွေအတွက် မျက်ရည်လွယ်စေတဲ့ စာသားလေးတစ်ခု။ ဒီရုပ်ရှင်ဟာ အရမ်းကို သဘာဝကျပြီး အရမ်းကို မှန်လွန်းတဲ့ ရုပ်ရှင်တစ်ခု။ "I just woke up one day, and I knew. What I was never sure of with you." ဒီစကားလေးက Summer က Tom ကို နောက်ဆုံးတွေ့ကြတဲ့ အချိန်မှာ သူမကိုယ်တိုင်လည်း အဖြစ်မှန်ကို နားလည်သွားစေခဲ့တဲ့ စကား။ Tom ကိုလည်း အမှန်တရားကို သိသွားစေခဲ့တဲ့ စကား။ သူမဘာကို ပြောတယ်ဆိုတာ ကြည့်ဖူးသူတိုင်းသိကြပါတယ်။ ဒီအခန်းလေးမှာ သူမ ဒီစကားကို ပြောထွက်သွားတဲ့ အချိန်မှာ မျက်နှာတစ်ဘက်ကို လွှဲပြီး မျက်လုံးအိမ်မှ မျက်ရည်တွေ ဝဲသွားတဲ့ Tom လိုပဲ ကျွန်တော်လည်း မျက်ရည်တွေ ဝဲခဲ့ရပါတယ်။ ပြောင်းလဲသွားခဲ့သော Summer သည် နောက်ဆုံးဇာတ်သိမ်းအထိ Tom အပေါ်ခံစားချက်ကို မပြောင်းလဲသွားခဲ့ပေ။ ဆဌမ အချက်ကိုပြောရမယ်ဆိုရင် Expectation နဲ့Reality ကို ယှဉ်ပြသွားတဲ့ scene လေး။ အရမ်းကို ထိမိပြီး အရမ်းကို ယုတ္တိဆန်ပြီး အလွန် ခံစားစေတဲ့ scene လေး။ ရုပ်ရှင်သမိုင်းမှာ ဘယ်တော့မှ မေ့ပျောက်မရတဲ့ scene လေးတစ်ခု။ လူတိုင်းဟာ အရာတစ်ခု လုပ်တော့မယ်ဆိုရင် မျှော်လင့်ချက်ကလေးတွေ ရှိတတ်ကြပါတယ်။ ရည်မှန်းချက်မဟုတ်ပါဘူး။ ရည်မှန်းချက်က အလုပ်တစ်ခုကို မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့အရာ။ ဒါပေမဲ့ နေ့စဉ်ကြုံတွေ့နေရတဲ့ ကိစ္စလေးတွေမှာတော့ ကျွန်တော်တို့လူသားတွေက မျှော်လင့်ချက်ကလေးတွေနဲ့ရှင်သန်တတ်ကြတယ်။ ဒါကို ဒီရုပ်ရှင်က ပြသသွားခဲ့တယ်။ ဒါပေမဲ့ မျှော်လင့်ချက်ကလေးတွေတိုင်းဟာ လက်တွေ့ဘဝတွေမှာ တစ်ခါတစ်ရံ ကွဲပြားသွားတတ်ကြတယ်ဆိုတာ ဒီကားမှာ ပြထားတဲ့ scene လေးက အရမ်းကို ဝမ်းနည်းစရာ ကောင်းလှပါတယ်။ သတ္တမ နှစ်သက်မိတဲ့ အချက်ကတော့ နောက်ခံ Soundtracks တွေ။ တစ်ကားလုံးကို Soundtracks ကောင်းကောင်းတွေနဲ့တင်ဆက်ထားတဲ့ ရုပ်ရှင်တွေကို မှတ်မိသလောက် ပြောရမယ်ဆိုရင် ဒီ (500) Days of Summer ရယ် The Boat that Rocked aka. Pirate Radio ရယ် Forrest Gump လောက်ရယ်ပဲ မှတ်မိတယ်။ Soundtracks တွေကို အရမ်းကြိုက်လို့Soundtracks အခွေကို ဝယ်ပြီး နားထောင်လာတယ်။ The Smiths, Regina Spektor, The Temper Trap, Simon & Garfunkel နဲ Carla Bruni တို့ဟာ ကျွန်တော့်ရဲ့Favorite အဆိုတော်တွေ စာရင်းထဲကို ဝင်မှန်းမသိ ဝင်ရောက်လာမိကြတယ်။ ထို့အပြင် The Graduate ရုပ်ရှင်ကို မကြည့်ရသေးတဲ့ ကျွန်တော့်ကို ထိုရုပ်ရှင်နဲ့မိတ်ဆက်ပေးကာ မဖြစ်မနေ ရှာကြည့်စေခဲ့တဲ့ အထိပါ။ အဠမအချက် နှစ်သက်မိတဲ့ အချက်ကတော့ Locations ရွေးချယ်တဲ့ သူတွေပဲ တော်တာလား? Cinematographer ကပဲ တော်တာလား? Director ကပဲ တော်တာလားတော့ မသိပါ။ Downtown Los Angles ကို လှအောင် ရိုက်ကူးနိုင်ခဲ့ကြပြန်ပါသေးတယ်။ အခန်းတိုင်း အခန်းတိုင်းသည် လှပသေသပ်ကာ စကားလုံးများဖြင့် မဖော်ပြနိုင်လောက်အောင် အမြင်ဆန်းသစ်နေလွန်းသည်။ နဝမ အချက်ကတော့ ဒီရုပ်ရှင်ကို ထပ်ခါထပ်ခါ သေသေချာချာ ကြည့်လာရင် သတိထားမိမှာကတော့ scenes တော်တော်များများမှာ Director သုံးထားသော အရောင်သည် အပြာရောင်များလွန်းသည်။ Wardrobe တွေမှာ ပိုများပါတယ်။ ပြချင်တာကတော့ ထိုအရောင်က Summer ရဲ့မျက်လုံးအရောင် အပြာရောင်ကို ဆက်စပ်စေနေတာဖြစ်ပြီး သဘောကတော့ Tom ရဲ့သူမအပေါ်ထားရှိတဲ့ ခံစားချက်တွေကို ကြည့်ရှုသူ ပရိသတ်တွေ နားလည်စေချင်တဲ့သဘောပါ။ Tom ရဲ့နေရာမှာ ဝင်ပြီး မသိမသာ ခံစားလာစေတဲ့ သဘောပါပဲ။ နောက်ဆုံး ဒသမ အချက်ကတော့ ဒီဇာတ်ကားသည် အချစ်ဇာတ်လမ်းတစ်ခုမဟုတ်ပါဘူး။ အချစ် အကြောင်း ဇာတ်လမ်းတစ်ခုပဲဖြစ်တယ်ဆိုတဲ့ "This is not a love story, this is a story about love." ဆိုတဲ့ ရုပ်ရှင် Poster မှာဖော်ပြထားတဲ့ စာတန်းကလေးကိုပဲ။ လေးလေးနက်နက်တွေးတော ကြည့်ရင် ဘာကို ဆိုလိုချင်သလဲဆိုတာ နားလည်လာပါလိမ့်မယ်။ Director Marc Webb ရဲ့ပထမဆုံး Director အဖြစ်ပွဲဦးထွက် ဇာတ်ကားလေးဖြစ်ပြီး ကျွန် တော့်အမြင်မှာ ထို Director ရော မင်းသား Joseph Gordon-Levitt ရော မင်းသမီးဖြစ်သူ Zooey Deschanel တို့ရဲ့အကောင်းဆုံးဇာတ်ကားလေး ပဲဖြစ်ပါတယ်။ Rotten Tomatoes မှာလည်း 86% တောင် ရရှိခဲ့ပါတယ်။ ထိုအချက်တွေကြောင့် (500) Days of Summer သည် ကျွန်တော့်ရဲ့Personally အရ အနှစ်သက်ဆုံး Romantic Comedy ဇာတ်ကားလေးတစ်ကားဖြစ်လာပါတော့တယ်။ ~WH~ (ရုပ်ရှင်အညွှန်းကို  Movies-we watch,we feel. Facebook Page မှ ကူးယူဖော်ပြပါသည်။) File size…(4.3GB)/(1.6 GB)/(500 MB) Quality….WEB-DL 4K HEVC/BluRay 1080p/720p Format…mkv/mp4 Duration….01:35:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Ko Ye

Action • Crime • Drama
7.3 2009 95 mins
(500) Days of Summer
Kid Cannabis
6.4

Kid Cannabis (2014) ~ IMDb – 6.4/10, Rotten Tomatoes – 71% ~ လောကမှာ ပိုက်ဆံတွေဒလဟောဝင်ဖို့ အကောင်းဆုံး စီးပွားရေးကဘာဖြစ်မလဲ…? သေချာပါတယ်… မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားတာကလွဲပြီး တခြားမရှိနိုင်ပါဘူး။ အမေရိကန်နိုင်ငံက ဆယ်ကျော်သက်ကောင်လေး၂ယောက်ဟာ သူတို့ရဲ့ အိပ်မက်တွေအမှန်တကယ်ဖြစ်ပေါ်လာဖို့ ဆေးခြောက်တွေရောင်းရင်း ချမ်းသာလာတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို Kid Cannabis ဆိုတဲ့ ရုပ်ရှင်ကားမှာကြည့်ရပါမယ်။ ဖြစ်ရပ်မှန်အပေါ်အခြေခံထားတဲ့ ဒီရုပ်ရှင်ကားလေးမှာ ဆယ်ကျော်သက်ကလေးတွေဟာ သူတို့ဘဝချမ်းသာလာဖို့ ကနေဒါနိုင်ငံက ဆေးခြောက်တွေကို အမေရိကန်နိုင်ငံထဲ ခိုးသွင်းခဲ့ကြတယ်။ ကလေးတွေဆိုတော့ အားလုံး ကိုယ်ထူကိုယ်ထပါပဲ။ Cartel တွေလို အဆင့်မြင့်မြင့် မှောင်ခိုသွင်းကြတာမဟုတ်ဘဲ ကနေဒါ အောက်လမ်းကတဆင့် ခိုးကူးပြီးသွင်းကြရတာပေါ့။ အစပိုင်းမှာအဆင်ပြေသလို၊ အိပ်မက်တွေအကောင်အထည်ပေါ်လာသလိုဖြစ်ပေမယ့် လောကရဲ့ ဒုတိယဘုရားသခင်ဖြစ်တဲ့ ပိုက်ဆံပေါင်းမြောက်များစွာနဲ့ ထိတွေ့လာပြီးနောက်ပိုင်းမှာ သူငယ်ချင်းတွေကြားက အချင်းပွားမှုတွေ အဝေမတည့်တာတွေ မနာလိုသူရဲ့ တိုက်ခိုက်မှုတွေ စတင်ထိတွေ့လာခဲ့ရပါတယ်။ အဓိကဇာတ်ဆောင်ကောင်လေး နိတ်တစ်ယောက် ဘယ်လိုနည်းလမ်း ဘယ်လိုလှည့်ကွက်တွေနဲ့ မှောင်ခိုလုပ်မလဲ လောကဓံတရားတွေကို သူကြံ့ကြံ့ခံနိုင်မလားဆိုတာ စိတ်ဝင်စားဖွယ် မြင်တွေ့ရမှာပါ။ ဗဟုသုတအနေနဲ့ဖြစ်စေ ငွေကြေးတွေဒလဟောဝင်တာ ဘယ်လိုမျိုးလဲ လေ့လာဆန်းစစ်ချင်လို့ပဲဖြစ်စေ ဒီ Kid Cannabis ကားလေးဟာ အပျင်းပြေကြည့်ရှုဖို့အဆင်ပြေတဲ့အကြောင်း ညွှန်းဆိုလိုက်ပါရစေ…။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.5GB, 1.3GB, 602MB Quality – 1080p, 720p, 480p IMDb Rating – 6.4/10 Format – mp4 Duration – 1H 50Min Genre – Biography, Comedy, Crime Subtitle – Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Chuck

Drama • Music • Romance • War
6.4 2014 110 mins
Kid Cannabis
Ice Cream Man
4.7

ရေခဲမုန့်အရမ်းကြိုက်တဲ့ကောင်လေးက ငယ်ငယ်က သူဝယ်စားနေကျရေခဲမုန့်သည်ကြီး သူ့ရှေ့မှာအသတ်ခံလိုက်ရတာကိုမြင်ပြီး Traumaရသွားတယ်..။ အဲဒီနောက် သူကြီးလာတော့ ကိုယ်တိုင်ရေခဲမုန့်သည်ဖြစ်လာတယ်။ ကလေးတွေအရမ်းကြိုက်ကြတဲ့ ရေခဲမုန့်ပေါ့။ ဒါပေမဲ့ ရေခဲမုန့်ထဲမှာ ဘာတွေထည့်ထားလဲဆိုတာကိုသိရင်တော့ စားချင်ကြတော့မှာမဟုတ်ပါဘူး။ ကလေးပျောက်မှုတွေ လူသတ်မှုတွေက ရေခဲမုန့်သည်ရဲ့လက်ချက်ဆိုတာကို ဂျွန်နီ၊ ဟယ်သာ၊ တူနာတို့ကလွဲရင် တစ်ရပ်ကွက်လုံးမသိကြသလို ကလေးတွေက ခဏခဏတိုင်ကြားပေမဲ့ သက်သေလည်းမရှိတော့ ရဲတွေလည်း ဘာမှလုပ်လို့မရပါဘူး။ ဒီတော့ ဂျွန်နီတို့ဖွဲ့ထားတဲ့ ဒုံးပျံအဖွဲ့သားတွေကရော ရေခဲမုန့်သည်ကို အနိုင်ယူနိုင်ပါ့မလား၊ စိတ္တဇလူသတ်သမားရေခဲမုန့်သည်ကရော ဘယ်လိုဇာတ်သိမ်းသွားမလဲဆိုတာကို Ice Cream Manဇာတ်ကားထဲမှာ ကြည့်ရှုအဖြေရှာလို့ရပါပြီ။ လူသားပေါက်စီလို ခပ်ဆင်ဆင်ကားမျိုးမို့ အသည်းငယ်သူတွေ မကြည့်သင့်ပါဘူး။ File size…(1.7GB)/(832.51MB)/(536.77MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:26:00 Genre…Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by….Su Eaindra

4.7 1995 84 mins
Ice Cream Man
The Hunter
6.7

Rotten tomatoes – 72% IMDb – 6.7 မာတင်ဟာ မုဆိုးတစ်ယောက်ဖြစ်ပြီး ကုမ္ပဏီကြီးတွေကလိုချင်တဲ့ အကောင်ကိုမှရွေးပြီး အမဲလိုက်ပေးတဲ့ကြေးစားတစ်ယောက်ပါ။ တစ်နေ့မှာတော့ သစ်ရွက်နီ လို့ခေါ်တဲ့ စက်ဖက်ဆိုင်ရာ ဇီဝနည်းပညာကုမ္ပဏီတစ်ခုက အလုပ်ကမ်းလှမ်းလာ‌တာကြောင့် တက်စမေးနီးယန်း ဒေသကိုသွားခဲ့ပါတယ်။ သစ်ရွက်နီလိုချင်နေတာကတော့ မျိုးသုဉ်းသွားခဲ့ပြီလို့ ယူဆထားကြတဲ့ တက်စမေးနီးယန်း ကျားရဲ့ ဒီအန်အေပါပဲ။ ဒီလိုနဲ့ မာတင်တစ်ယောက် တက်စမေးနီးယန်း တောင်တန်းတွေပေါ်မှာမှာ ရှိဖို့တောင်မှအာမခံချက်မရှိတဲ့ ကျားကို သုတေသနပညာရှင်ဟန်ဆောင်ပြီးလိုက်ရှာရင်း ဒေသခံတွေနဲ့ရင်းနှီးလာခဲ့ပါတော့တယ်။ ဒီလိုနဲ့ သစ်ရွက်နီ ကုမ္ပဏီက တက်စမေးနီး ကျားရဲ့ ဒီအန်အေကို လိုချင်တဲ့အကြောင်းပြချက်နဲ့ ဒေသခံတွေသေဆုံးမှုတစ်ချို့ကို မာတင်သိသွားခဲ့တဲ့အချိန်မှာတော့ မာတင်တစ်ယောက် ဘယ်လိုမျိုးအန္တရာယ်တွေနဲ့ရင်ဆိုင်လာရမလဲဆိုတာကို ဆင်လက်ကြည့်ရှုလိုက်ကြပါဦး။ မာတင်ရဲ့နေရာမှာသရုပ်ဆောင်ထားတာကတော့မင်းသားကြီး Willem Dafoe ဖြစ်ပြီး တောတွင်းအမဲလိုက်ရုပ်ရှင်တွေကို သဘောကျတဲ့သူတွေအတွက် ကြည့်လို့ကောင်းမဲ့ ကားတစ်ကားပါပဲဗျ။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:42:00 Genre…Drama, Thriller, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMMT

6.7 2011
The Hunter
Jackpot

Jackpot 2013 “လောင်းကြေး” အိန္ဒိယရဲ့ loving standardအမြင့်ဆုံးနေရာလည်းဖြစ် သာယာလှပတဲ့ကမ်းခြေတွေရှိတဲ့ အပန်းဖြေမြို့ ဂိုအာ အပန်းဖြေတဲ့နေရာဆိုတဲ့အတိုင်းပဲ ဂိုအာဟာ သာယာပြီးစည်ကားသလို ကာစီနိုဝိုင်းတွေလည်း အတော်များတဲ့နေရာဆိုလည်း မမှားပါဘူး။ ဆိုတော့ ဖဲသမားတွေကျက်စားရာနေရာ လူချမ်းသာတွေ ငွေလာဖြုန်းတဲ့နေရာတစ်ခုဖြစ်သလို ဉာဏ်တိမ်ရင်တိမ်သလို ကလိမ်တွေကြားမှာ ငွေအထုပ်လိုက်ပျောက်သွားနိုင်တဲ့နေရာတစ်ဖြစ်လည်း ဘဝကိုလောင်းကြေးထပ်ရင်း ဖဲချပ်လှန်ရာကနေ ကံကြမ္မာပါ ကျွမ်းထိုးမှောက်ခုံဖြစ်စေမယ့်နေရာတစ်ခုပေါ့။ ခြုံငုံပြောရရင် ဖဲနိုင်ဖို့ဆိုတာ ကံလည်းလိုသလို ဉာဏ်လည်းအတော်လိုတဲ့အရာတစ်ခုဖြစ်နေတော့ ဉာဏ်အားသန်သူတွေရဲ့ ဉာဏ်နီဉာဏ်နက် ဉာဏ်ရောင်စုံတွေကြားမှာ မနပ်တဲ့သူကတော့ ခံရတာလည်း ဒုနဲ့ဒေးပါပဲ။ အခုဒီကားလေးထဲမှာလည်း ပိုကာဂုရုတစ်သိုက်က ပိုကာပြိုင်ပွဲမှာဝင်ပြိုင်ဖို့ ကြိုးစားရင်း ကလိမ်ဉာဏ်မျိုးစုံနဲ့ ဂျက်ပေါ့ကိုပေါ်တင်အလစ်သုတ်မလဲဆိုတာ ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ ToMo ~ Yunni ~ Alexတို့ပဲ ဖြစ်ပါတယ်)

Comedy • Romance
0 2013 132 mins
Jackpot
War Horse
7.3

War Horse (2011) **************** အခုတင်ပေးမှာကတော့ လူနဲ့တိရစ္ဆာန်အကြား ချစ်ခြင်းမေတ္တာ၊ မိသားစုချစ်ခြင်းမေတ္တာ၊ စစ်၏သဘောတရား စတဲ့ ခံစားမှုရသမျိုးစုံပါဝင်တဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်…ဇာတ်ကားနာမည်ကတော့ အပေါ်ကအတိုင်း War Horse ပါ။ စစ်မြင်းတစ်ကောင်အကြောင်းပေါ့… Jurassic Park, Jaws စတဲ့ တိရစ္ဆာန်ဦးစားပေးဇာတ်ကားတွေ၊ Saving Private Ryan၊ Schindler’s List၊ စတဲ့ စစ်ပွဲဦးစားပေးဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ နာမည်ကြီး ဒါရိုက်တာ Steven Spielberg က ရိုက်ကူးထားတာဖြစ်ပါတယ်… စာရေးဆရာကြီး Michael Morpurgo ရဲ့ နာမည်ကျော် War Horse စာအုပ်ကို မှီငြမ်းရိုက်ကူးထားတာဖြစ်ပြီး ပထမကမ္ဘာစစ်အတွင်း နိုင်ငံအသီးသီးက အသုံးပြုခဲ့တဲ့ မြင်းပေါင်း ရှစ်သန်းကျော်ရဲ့ သနားစရာဘဝကို တစ်ကောင်တည်းနဲ့ ကိုယ်စားပြု ရိုက်ကူးထားတာဖြစ်ပါတယ်… ပြီးတော့ Loki မင်းသား Tom Hiddleston နဲ့ Sherlock Holmes မင်းသား Benedict Cumberbatch တို့ကလည်း အားဖြည့်ကူညီထားပါတယ်…. ဇာတ်လမ်းအညွှန်း ————- ပထမကမ္ဘာစစ်မစမီ အင်္ဂလန်ပြည်မှာ လယ်ထွန်ဖို့အတွက် မြင်းတွေကို အသုံးပြုခဲ့တာပါ… ဈေးတွေမှာ မြင်းတွေကို လေလံဆွဲရောင်းချရာကနေ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ Joey ဆိုတဲ့မြင်းလေးကို Ted Narracott ဆိုတဲ့လူက ဝယ်ယူခဲ့ရာက စတာပါ…လယ်ထွန်တတ်တဲ့ မြင်းဝယ်ရမယ့်အစား စစ်မြင်းလေးကို ဈေးကြီးပေး ဝယ်ချလာတဲ့ Ted တို့ မိသားစုမှာ ပြဿနာမျိုးစုံတက်တော့တာပါပဲ… Ted ရဲ့သားဖြစ်သူ Albertက မြင်းလေးကိုကောင်းကောင်းမွန်မွန်သင်ကြားပေးပြီး ပြဿနာအချို့ကို ကျော်လွှားနိုင်ခဲ့ပေမဲ့ အခြေအနေအမျိုးမျိုးကြောင့် ဒီမြင်းလေးကို စစ်တပ်ကို ရောင်းချခဲ့ရပါတယ်…ဒီလိုနဲ့ ပထမကမ္ဘာစစ်မှာ မြင်းလေးကို အသုံးပြုဖို့ဖြစ်လာခဲ့ပြီး သူ့ကိုအရမ်းချစ်တဲ့ Albert ကတော့ မြင်းလေးနဲ့ ဝေးဖို့ဖြစ်လာခဲ့ရာကနေ သူ့ရဲ့မြင်းလေးနဲ့ ပြန်တွေ့ဖို့ ကြိုးစားခဲ့ပုံတွေကို ရိုက်ကူးထားတာပါ… စစ်ပွဲအတွင်း မြင်းတွေကို အမျိုးမျိုးအသုံးချပုံတွေ၊ စစ်သားတွေရဲ့ ခက်ထန်မှုတွေ၊ တစ်ချိန်တည်းမှာပဲ စစ်သားတွေရဲ့ ချစ်စဖွယ်အပြုအမူတွေ၊ စစ်ပွဲတွင်းအဖြစ်အပျက်တွေကိုတခမ်းတနား ကြည့်ရမယ့် ဇာတ်ကားကောင်းလေးဖြစ်တာမို့ Channel Myanmar ပရိသတ်ကြီးလည်း အကြိုက်တွေ့မယ်လို့ မျှော်လင့်ပါတယ်… စစ်ကားလည်းဖြစ်တဲ့အပြင် ဒါရိုက်တာ Steven Spielberg ရဲ့ လက်ရာဆိုတော့ ထွေထွေထူးထူးညွှန်းစရာမလိုလောက်ဘူးထင်ပါတယ်… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်…. File Size : 3.05GB / 1.55GB Quality : WEB-DL 1080p 5.1 CH, 720p Duration : 02:26:00 Genres : Drama, History, War Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Heather Oo

Crime • Drama • Thriller
7.3 2011 146 mins
War Horse
The Little Mermaid
5

အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးရဲ့နာမည်ကတော့ Little Mermaid ဖြစ်ပြီး သင်တို့ထင်ကြတဲ့အတိုင်း Disney ကထုတ်တဲ့ ရေသူမလေးမဟုတ်ပါဘူး။ ဒီကားထဲကရေသူမလေးကမင်းသမီးမဟုတ်ဘဲ ဗီလိန်ရေသူမဖြစ်ပါတယ်။ နာမည်ကြီးမင်းသားမင်းသမီးတွေနဲ့ရိုက်ကူးထားတာတော့ မဟုတ်ပေမဲ့ ကြည့်လို့ကောင်းတယ် စိတ်ဝင်စားစရာ ကောင်းတယ်ဆိုတဲ့ထဲမှာတော့ ပါဝင်ပါတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ် နည်းနည်းစိတ်ဝင်စားသွားပြီဆိုရင်တော့ Review လေးကိုဖတ်ကြည့်ဖို့ညွှန်းပေးလိုက်ချင်ပါတယ်။ အဲရစ်ဆိုတဲ့တက္ကသိုလ်ပါမောက္ခတစ်ယောက်က ရှေးဟောင်း နေရာတစ်ခုမှာ တူးဖော်သုတေသနပြုနေရင်းနဲ့ ရှေးခေတ်က အဆောက်အဦးပုံစံတွေကိုတွေ့ခဲ့တဲ့အတွက် စိတ်အား ထက်သန်စွာနဲ့ ဆက်လက်တူးဖော်နေခဲ့ပါတော့တယ်။ ဒါပေမယ့် အဲ့ဒီမြေပိုင်ရှင်က ခဏခဏပြဿနာလာရှာနေတဲ့ အတွက် သူငယ်ချင်းဖြစ်သူဖာဒီနဲ့ပေါင်းပြီး လာဘ်ထိုးရ ပေါင်းလည်းမနည်းတော့ပါဘူး။ဒီလိုနဲ့တစ်နေ့မှာအော်ရိုရာဆိုတဲ့ ကောင်မလေးချောချောလေးတစ်ယောက်နဲ့ အဲရစ်တို့တွေ့ဆုံ ခဲ့ပြီး သံယောဇဉ်တွေတွယ်လာခဲ့ကြပါတော့တယ်။ ဖြစ်ချင်တော့ အဲရစ်ရဲ့တူးဖော်မှုသုတေသနကြီး ရှယ်အောင်မြင် ပြီဆိုမှ မြေပိုင်ရှင်ကညစ်ပြီး ဆက်တူးဖော်ခွင့်မပေးတော့ ကြောင်းကို အော်ရိုရာဆီရင်ဖွင့်လိုက်ရာမှာတော့ သူဌေးမကြီး ဖြစ်တဲ့အော်ရိုရာက အဲ့ဒီမြေကိုဝယ်ချလိုက်ပြီး အဲရစ်ကို အေးဆေးသုတေသနလုပ်ခွင့်အမ်းခဲ့ပါတော့တယ်။ မကြာခင်မှာသူ့သူငယ်ချင်းဖာဒီလည်းရောက်လာပြီး အဲရစ်နဲ့ အော်ရိုရာတို့ကြားက ဆက်ဆံရေးကိုမသင်္ကာဖြစ်တာက တစ်ကြောင်း သူတို့တွေ့ရှိတဲ့သုတေသနတွေကလည်း ထူးဆန်း နေတာကတစ်ကြောင်းကြောင့် သံသယတွေဖြစ်လာခဲ့ရင်းမှ အော်ရိုရာက ရေသူမဆိုတာကို ဘယ်လိုရှာဖွေတွေ့ရှိသွားကြမလဲ သုတေသနကရော ဘာတွေဆက်ဖြစ်သွားကြမလဲဆိုတာတွေကို စိတ်ဝင်စားစရာရှုစားရမှာပဲဖြစ်ပါတယ်။ File size… (1.42 GB) / (842 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 29m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Drama
5 2024 89 mins
The Little Mermaid
Parasite in Love
6

Parasite in Love (2021) *********************** IMDb….. 6.0 ဒီတစ်ခါမှာတော့ Nana Komatsu နဲ့ Kento Hayashi တို့ ပါဝင်ထားတဲ့ Parasite in Love ဆိုတဲ့ ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ခိုဆကနဲ့ ဆာနာဂီတို့ ချစ်သူနှစ်ဦးမှာ ခိုဆက ကတော့ အသန့်ကြိုက်တဲ့ရောဂါကို ခံစားနေရကာ ပိုးသတ်မထားတဲ့ အရာဝတ္ထုတွေကို ထိတွေ့မိလိုက်တိုင်း သူ့ဆီကို ရောဂါတွေ ကူးစက်လာပြီလို့ ထင်နေတဲ့ စိတ်ရောဂါကို ခံစားနေရသူ ဖြစ်ပြီး ဆာနာဂီကတော့ လူတွေကြည့်တာကို မခံနိုင်ဘဲ မျက်လုံးတွေကို ကြောက်တဲ့ စိတ်ရောဂါကို ခံစားနေရတဲ့သူပဲဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက် အခုလိုမျိုး စိတ်ရောဂါတွေဖြစ်နေတာဟာ သူတို့ရဲ့ ခေါင်းထဲမှာ ကပ်ပါးကောင်တစ်မျိုး ရှိနေလို့ပါပဲ။ အဲဒီကပ်ပါးကောင်ကြောင့်ပဲ ဖြစ်ပေါ်လာတဲ့ သူတို့ရဲ့ အချစ်စိတ်တွေဟာလည်း ခံစားချက် အစစ်အမှန် မဟုတ်ပြန်ပါဘူး။ ကပ်ပါးကောင်ကို ခွဲစိတ်ဖယ်ရှားပြီးတော့ ကုသလို့ ရပေမဲ့ အဲဒီလို ကုသလိုက်ရင်လည်း အချစ်စိတ်တွေ အကုန် ကွယ်ပျောက်သွားရမှာဖြစ်သလို မကုသဘူးဆိုရင်လည်း ကပ်ပါးကောင်ကြောင့် သေဆုံးရမယ်ဆိုတာပါပဲ။ ဒီတော့ သူတို့ ချစ်သူနှစ်ယောက် ဘယ်အရာကို ဦးစားပေးပြီး ဘယ်လမ်းကို ရွေးချယ်သွားကြမလဲဆိုတာကို ကြည့်ရှုလိုက်ကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Okka ပဲ ဖြစ်ပါတယ်။) File Size : 1.18GB/ 550MB Quality : Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration…01:39:55 Genre : Romance, Youth, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Okka Encoded by Tiff

Drama
6 2021 100 mins
Parasite in Love
Journey to You
6.7

ဒီဇာတ်ကားလေးကတော့ ၂၀၂၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ Romance ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဒါရိုက်တာ Terry Ingram က ရိုက်ကူးထားပြီးတော့ Erin Cahill, Erik Valdez, Isabelle Brès, Pep Tosar နဲ့ Solal Bellaiche တို့က အဓိက ဇာတ်ဆောင်တွေအဖြစ် ပါဝင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင် အလုပ်မှာ ရာထူးတိုး မရသွားလို့ စိတ်ဓာတ်ကျနေတဲ့ Monica ဟာ စိတ်ပြေ လက်ပျောက်ဖြစ်သွားဖို့အတွက် စပိန်နိုင်ငံက Camino de Santiago ဘာသာရေးလမ်းလျှောက်ခရီးစဉ်ကို သွားပါတယ်။ အဲဒီမှာ ခရီးသွားဖော်ခရီးသွားဖက် Luis နဲ့ တွေ့သွားပြီးတော့ သူတို့နှစ်ယောက် ခရီးစဉ်တစ်လျှောက် အမှတ်တရတွေဖန်တီးရင်း အချင်းချင်းရင်းနှီးသွားပြီး ချစ်ကြိုက်သွားကြပုံကို ကြည်ရှုကြရမှာပါ။ ဒီဇာတ်ကားလေးက အချစ်ဇာတ်လမ်းသက်သက်တင် မဟုတ်ဘဲ ဘဝရဲ့ပျော်ရွှင်မှု၊ ဘဝရဲ့ရည်ရွယ်ချက်နဲ့ ကိုယ့်နှလုံးသားနောက်ကိုလိုက်ဖို့အတွက် လိုအပ်တဲ့ သတ္တိကို ဘာသာရေးနဲ့ရှာဖွေကြပုံကို ကြည်နူးဖွယ် ရိုက်ကူးထားပါတယ်။ ဇာတ်လမ်း setting ချထားတဲ့နေရာက အရမ်းလှ ပြီးတော့ ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းတဲ့ အချစ် ဇာတ်ကားလေးဖြစ်ပါတယ်။ File size… (1.55 GB) / (757 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 24m Genre …..Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

6.7 2025 84 mins
Journey to You